← Chapters

အခန်း (၇၈၁-၇၈၅)

Vol. 32 Ch. 781-785

အခန်း (၇၈၁-၇၈၅)

Vol. 32 Ch. 781-785

အပိုင်း(၇၈၁) သေခြင်းရှင်ခြင်း စင်မြင့်

သေခြင်းရှင်ခြင်း စင်မြင့်သည် သဲမြို့တော်၏ ကျော်ကြားသော နေရာတစ်ခု ဖြစ်၏။ နတ်ဆိုးကုန်းမြေမှ ပညာရှင်များသည် တိုက်ခိုက်ရေးသမားများကို ပျိုးထောင်လျှင် ပျိုးထောင်၊ မဟုတ်လျှင် ဖမ်းဆီးရမိသော ကျွန်များကို သေခြင်းရှင်ခြင်း စင်မြင့်တွင် တိုက်ခိုက်ခိုင်းကြ၏။

တိုက်ပွဲတွင် မည်သည့် စဉ်းမျဉ်း ဥပဒေမှ မရှိချေ။ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေသရွေ့ သေခြင်းရှင်ခြင်း စင်မြင့်အတွင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ပေ၏။

ရက်စက်ပြီး သွေးဆာသော နတ်ဆိုးမျိုးနွယ်စုဝင်များ အဖို့ ဤနေရာသည် တကယ့်ကို ဆွဲဆောင်ဖွယ် ကောင်းလှပေ၏။ သွေးသံတရဲရဲ တိုက်ပွဲများကို ဆင်နွှဲနိုင်သလို အလောင်းအစားလည်း လုပ်နိုင်ရာ သေခြင်းရှင်ခြင်းစင်မြင့်သည် နတ်ဆိုးကုန်းမြေအတွင်း အတော့်ကိုမှ ကျော်ကြားပေ၏။ ထိုအကြောင်းကြောင့်ပဲ သဲမြို့တော်သည် သဘာဝအရင်းအမြစ် ရှားပါးသော်ငြား အတော့်ကိုမှ ကြွယ်ဝချမ်းသာနေခြင်း ဖြစ်၏။

နတ်ဆိုးဗိုလ်ချုပ်လေးယောက်ထဲတွင် ရွှယ့်လီသည် အချမ်းသာဆုံးပင်။

ယုမိုသည် သေခြင်းရှင်ခြင်းစင်မြင့်အကြောင်း ရှင်းပြပြီးနောက် အခန်းထဲမှ ထွက်သွားလေ၏။

တစ်ညလုံး ဘာမှ လုပ်စရာမရှိလေရာ သူ့ကိုယ်သူ အကောင်းမွန်ဆုံး အခြေအနေတွင် ရှိနေအောင်သာ ပြင်ဆင်ထားလိုက်၏။

နောက်တစ်နေ့ နေ့လည်သို့ ရောက်သော် ရန်ကိုင်ဆီသို့ ယုမို ပြန်ရောက်လာခဲ့၏။

နန်းတော်ထဲမှ ထွက်လာပြီးနောက် ယုမိုသည် ရန်ကိုင်အား သဲမြို့တော်ထဲရှိ စက်ဝိုင်းပုံစံ တိုက်ပွဲကွင်း ဆီသို့ ခေါ်သွားလေ၏။

သေခြင်းရှင်ခြင်းစင်မြင့်သည် ကွင်းအလယ်တွင် ရှိနေခဲ့ပြီး ၎င်းကို အရံအတား အမျိုးမျိုး အထပ်ထပ် ဝန်းရံထားခဲ့၏။ စင်မြင့်၏ ဘေးပတ်လည်တွင်မူ မြောက်မြားလှစွာသော ထိုင်ခုံများ ရှိနေခဲ့၏။ ယခု အချိန်၌ ထိုထိုင်ခုံအားလုံးသည် ပွဲကြည့်ရန်၊ အလောင်းအစားလုပ်ရန် လာကြသော နတ်ဆိုးများဖြင့် ပြည့်နေခဲ့လေပြီ။

လက်ရှိအချိန်တွင် တိုက်ပွဲစင်မြင့်ပေါ်၌ နတ်ဆိုး နှစ်ယောက် တိုက်ခိုက်နေခဲ့၏။

နှစ်ယောက်စလုံး၏ ကျင့်ကြံခြင်းအဆင့်သည် အရမ်းကြီး မမြင့်လှ။ သို့သော် တိုက်ပွဲသည်ကား အတော်လေးကို ပြင်းထန်ကြမ်းတမ်းလှပေ၏။ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များသည် သွေးသံတရဲရဲ ဒဏ်ရာဒဏ်ချက် များစွာတို့ဖြင့် ပြည့်နေခဲ့ပြီး လက်နက်များ၊ သိုင်းပညာရပ်များကို သုံး၍ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် တိုက်ခိုက်နေခဲ့ကြ၏။

တိုက်ပွဲပြီးသွားသည့် အချိန်၌ လူအုပ်ကြီးတစ်ခုလုံး မတ်တပ်ရပ်ကာ အော်ဟစ် ချီးမြောက်လိုက်ကြ၏။

ရန်ကိုင်သည် အဖြစ်အပျက်တစ်ခုလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ စောင့်ကြည့်နေခဲ့၏။

ယုမိုက ရန်ကိုင်ဘက် လှည့်၍ လှောင်ပြုံးပြုံးလျက် ပြောလိုက်၏ “မင်းအလှည့်ရောက်လာရင် မင်းနဲ့ ကျင့်ကြံခြင်း အဆင့်တူတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ရလိမ့်မယ်။ ဒါပေမယ့် မင်နဲ့မတူတာက သူက သူ့ခွန်အား အပြည့်အဝကို အသုံးပြုနိုင်တယ်။ မင်းကတော့ မင်းခွန်အားရဲ့ တစ်ဝက်လောက်ကိုပဲ အသုံးပြုနိုင်မှာ။ ဒါကြောင့် သေချာဂရုစိုက်ဦး။ မင်းသေတာရှင်တာကို ငါဂရုမစိုက်ပေမယ့် ငါတို့အတွက် ငွေကောင်းကောင်း ရှာပေးနိုင်မယ့်လို့ သခင်မက မျှော်လင့်ထားတော့ သူ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့”

“ကျုပ်သိတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်သို့ ထိုနေရာသို့ ရောက်သည့် အချိန်တွင် သူ့အား အမြင့်တစ်နေရာထက်မှ စိုက်ကြည့်နေသော အေးစက်စက် အကြည့်တစ်စုံကို ရန်ကိုင် ခံစားမိလိုက်၏။ မော့ကြည့်လိုက်ရာ ထိုနေရာတွင် ထိုင်နေသော ရွှယ့်လီနှင့် သူမဘေးတွင် ရပ်နေသော အန်လင်းအာကို တွေ့လိုက်ရ၏။

အကြည့်ချင်းဆုံးသွားသည့်အခိုက် အန်လင်းအာသည် ရန်ကိုင်အား လှမ်းခေါ်ရန် လုပ်လိုက်သော်ငြား ရွှယ့်လီ၏ ခက်ထန်သည့် အကြည့်ကြောင့် အန်လင်အားသည် ဘာမှ ထပ်မပြောရဲတော့ပေ။ အန်လင်းအာအား မဆင်မခြင် မလှုပ်ရှားရန် ရန်ကိုင်က ခေါင်းခါရမ်း၍ အချက်ပြလိုက်၏။

သေခြင်းရှင်ခြင်းစင်မြင့်သို့ ရောက်သည်နှင့် ယုမိုသည် ရန်ကိုင်အား အလင်းမှိန်သော မြေအောက်လိုဏ်ခေါင်း တစ်ခုဆီ ခေါ်သွားခဲ့၏။

လိုဏ်ခေါင်းအဆုံးပိုင်းသို့ ရောက်သည့်အခါ သေခြင်းရှင်ခြင်းစင်မြင်ဆီသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ရွှယ့်လီ၏ လက်အောက်ငယ်သားများသည် ထိုနေရာတွင် ရပ်စောင့်နေကြပြီး ယုမိုရောက်လာသည်ကို မြင်သည့်အခါ လေးလေးစားစား နှုတ်ဆက်ခဲ့ကြ၏။

“ဆာယုမို၊ ဒီတစ်ကြိမ်တိုက်မယ့်လူက ဒီလူသား ကောင်လေးလား” အသားဝါဝါနှင့် လူကြီးတစ်ယောက်က မေးလိုက်ရာ ယုမိုက အသာအယာ ခေါင်းညိတ်ပြ၍ “ဟုတ်တယ်။ ကြေညာပြီးသွားပြီ။ လောင်ကြေးလည်း ပြင်ပေးပြီးသွားပြီ”

မျက်နှာဝါလူကြီးသည် ရန်ကိုင်ကို ကြည့်၍ ကြိတ်ရယ်လိုက်ရင်း “ကောင်လေး၊ သတိကြီးကြီး ထားနော်။ မင်းပြိုင်ဘက်ကို လွယ်လွယ် သွားမတွက်နဲ့။ အဲ့ကောင်က သုံးကြိမ်တောင် နိုင်ထားတာ။ သူနဲ့ အဆင့်တူ ကျင့်ကြံသူတွေ သူနဲ့ချတာ အမွှေးတိုင်တစ်ချောင်း စာတောင် မခံဘူး။ ဟဲဟဲ၊ အရမ်းကြီး ဆိုးဆိုးရွားရွား မသေစေနဲ့ပေါ့ကွာ”

“အဲ့ကောင် အမွှေးတိုင်တစ်ချောင်းစာ ခံမခံ နောက်မှပြောကြတာပေါ့” ရန်ကိုင်က တုန်လှုပ်ခြင်း အရှင်းကင်းသည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။

“ဟို…” မျက်နှာဝါလူအိုကြီး တဒင်္ဂတာ အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား ပြန်၍ လှောင်ပြောင် သရော်လိုက်လေ၏ “ဒီကောင်စုတ်လေးက ဘယ်က ရောက်လာတာလဲ။ ငါ့ရှေ့မှာတောင် လာပြီး မောက်မာရဲတယ်၊ ဟတ်။ အမွှေးတိုင်းတစ်ချောင်းစာ အတွင်း အဲ့ကောင်ကို မင်းဘယ်လိုသတ်မလဲ မင်းအဖိုး ကောင်းကောင်း ကြည့်ရသေးတာပေါ့”

ယုမိုသညလည်း ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် ကြည့်၍ နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင် အရှက်မရှိ ကြွားဝါနေခြင်း ဖြစ်သည်ဟုသာ သူထင်နေခြင်း ဖြစ်၏။ ရန်ကိုင်၏ ခွန်အားကို သူကိုယ်တိုင် စမ်းသပ် ပြီးသွားသော်ငြား တိုက်ပွဲအတွင်း ရန်ကိုင်သည် သူ့ခွန်အား တစ်ဝက်ကိုသာ အသုံးပြုနိုင်မည် ဖြစ်ပြီး တစ်ဖက်လူသည် သူ့ခွန်အား အပြည့်အဝကို ထုတ်သုံးနိုင်မည် ဖြစ်သည်။ အသက်ရှင်မရှင်ပင် မသေချာလေရာ အမွှေးတိုင်း တစ်ချောင်စာအတွင်း သူ့ပြိုင်ဘက်ကို သတ်ပြမည်ဟု ပြောခြင်းသည် လေကြီးနေခြင်းသာ ဖြစ်သည်ဟု ယုမို ထင်ပေ၏။

ရန်ကိုင်က ဘာမှ ထပ်မပြောတော့ဘဲ တိတ်တိတ်လေးသာ စောင့်နေလိုက်၏။

သေခြင်းရှင်ခြင်း စင်မြင့်ထက်ရှိ တိုက်ပွဲတွင် တစ်ယောက်သည် တစ်စစီ ဖြစ်သွားခဲ့ပြီး အခြား တစ်ယောက်သည် ဒုက္ခိတ ဖြစ်သွားခဲ့၏။ တိုက်ပွဲ ပြီးသည်နှင့် လူအချို့ထွက်လာပြီး စင်မြင့်အား ချက်ချင်း သန့်ရှင်းရေး လုပ်သွားကြ၏။ အနိုင်ရသွားသော လူသည် ဒုက္ခိတ ဖြစ်သွားပြီ ဖြစ်လေရာ နည်းနည်းပါးပါး ဆွေးနွေးပြီးနောက် သေခြင်းရှင်ခြင်းစင်မြင့်၏ ကြီးကြပ်ကွပ်ကဲသူများသည် ထိုလူအား တိုက်ရိုက် သတ်ဖြတ်လိုက်လေ၏။

တိုက်ပွဲပြီးသွားသော် ယုမိုက ရန်ကိုင်ဘက် လှည့်၍ “မင်းအလှည့်ရောက်ပြီ။ သခင်မပြောခဲ့တာကို မမေ့နဲ့နော်”

ရန်ကိုင်သည် ရုပ်တည်တည်ဖြင့်သာ ယုမိုပေးသော မျက်နှာဖုံးကိုယူ၍ စင်မြင့်ဆီသို့ လျှောက်သွားလေ၏။ လမ်း၏ အခြားတစ်ဖက်ဆီမှ အပေါ်ပိုင်းဗလာနှင့် လူတစ်ယောက် လျှောက်လာခဲ့၏။ အမြောင်းမြောင်း ထနေသော ပေါက်ကွဲတော့မယောင် ထင်ရသည့် ကြွက်သားကြီးများနှင့် ထိုလူအိုကြီးထက် ခေါင်းတစ်လုံးစာ ပိုပုသော ရန်ကိုင်နှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက ရန်ကိုင်သည် အနည်းငယ် ပိန်လှီသေးကျုံ့နေဟန် ရ၏။

တိုက်ပွဲကွင်းသို့ ချဉ်းကပ်လာသည်နှင့် ထိုလူဆီမှ ရန်ကိုင် တစ်ကိုယ်လုံးအား အရှိန်အဝါသက်သက်ဖြင့် တစ်စစီ စုတ်ဖြဲပစ်လို့သော သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။

သို့သော် ရန်ကိုင်သည် နှစ်တစ်သောင်း ကျောက်တောင်ကြီး တစ်တောင်ပမာ တုတ်တုတ်မျှ မလှုပ်။ သတ်ဖြတ်လိုစိတ်သည် လေပြေလေညင်း တစ်ခုပမာ သူ့အား ဖြတ်သန်းသွားခဲ့၏။

ရန်ကိုင် တိုက်ပွဲစင်မြင့်ပေါ် တက်လာသည်ကို မြင်သည်နှင့် ရွှယ့်လီဘေးတွင် ရပ်နေသော အန်လင်းအာသည် သူမ၏ လက်ကလေးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။

ခဏအကြာ၌ ရန်ကိုင်နှင့် ထိုလူကြီးတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆယ်မီတာအကွာတွင် ရပ်တန့်လိုက်ကြ၏။

တစ်ဖက်လူသည် ရန်ကိုင်ကဲ့သို့ပင် ကံဆိုးပြီး အဖမ်းခံလိုက်ရသည့် လူသားတစ်ယောက် ဖြစ်သည့် ပုံပင်။ ယုမို ပြောစကားအရ သေခြင်းရှင်ခြင်းစင်မြင့် ပေါ်သို့ ရောက်လာသည့် ကျင့်ကြံသူအများစုသည် ရန်ကိုင်ကဲ့သို့သော အကျဉ်းသားများ ဖြစ်ကြသည်။ ဆက်လက် အသက်ရှင်သန်နိုင်ရန် အလို့ငှာ ဤနေရာ၌ တိုက်ခိုက်ကြရ၏။ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှုအတွက် သေခြင်းရှင်ခြင်းစင်မြင့် တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန်အတွက် ကြွယ်ဝ ချမ်းသာသော နတ်ဆိုးမျိုးနွယ်စုဝင်များ လက်အောက်သို့ ခိုဝင်သူများလည်း ရှိသေးသလို အချို့သော အားကောင်းသည့် ပညာရှင်များ၏ အထူးပြုစု ပျိုးထောင်လေ့ကျင့်ပေးခြင်း ခံရသော သူများလည်း ရှိသေးပေ၏။

သေခြင်းရှင်ခြင်းစင်မြင့်သို့ မည်သည့် အကြောင်းကြောင့် ဝင်ရောက်ခဲ့သည့် ဖြစ်ပါက၊ အဆုံးတွင် ပစ်မှတ်တစ်ခုသာ ရှိ၏။ ၎င်းသည်ကား ရန်သူကို သတ်ဖြတ်ရန်ပင်။

“ကောင်လေး၊ မျက်နှာဖုံးနောက်မှာ ပုန်းနေတာ မင်းမျက်နှာကို မပြရဲလို့လား။ ဟတ်၊ ဒူးထောက်ပြီး သုံးကြိမ် ဦးညွှတ်မယ်ဆိုရင် မင်းအဖိုးငါက မင်းကို မနာကျင်ဘဲ သေရအောင်လုပ်ပေးမယ်” တုတ်ခိုင် သန်မာသော လူကြီးက အော်ဟစ်လိုက်၏။

ထိုလူကြီး၏ အော်သံသည် ရန်ကိုင်အား ခြောက်လှန့်ရန်သာ မဟုတ်၊ သူ့အော်သံထဲ စိတ်စွမ်းအင် တိုက်ခိုက်မှုတစ်ခုပင် ပါဝင်နေခဲ့၏။ ရန်ကိုင် အသိစိတ် ပင်လယ်၏ အတားအဆီးသာ အားနည်းပါက ထိုစိတ်စွမ်းအင် တိုက်ခိုက်မှု၏ လွှမ်းမိုးခြင်းခံရပြီး တိုက်ခိုက်လိုစိတ် ပျောက်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်လာခဲ့လျှင် သူ့တိုက်ပွဲဝင်စွမ်းအားလည်း သိသိသာသာကို လျော့ကျသွားမည် ဖြစ်ကာ တစ်ဖက်လူ၏ တစ်ဖက်သတ် စီးနင်းတိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။

သို့သော် ထိုကဲ့သို့သော အဆင့်နိမ့် လှည်ကွက်မျိုးသည် ရန်ကိုင်အပေါ် မလုပ်မဖြစ်ပေ။ ထိုလူကြီး၏ တိုက်ခိုက်မှုကြောင့် ရန်ကိုင်၏ အရှိန်အဝါ အနည်းငယ်မျှပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်မသွားခဲ့ဘဲ ထိုလူအိုကြီးကိုသာ ထူးမခြားနားဟန်ဖြင့် ပြန်၍ စိုက်ကြည့်နေခဲ့၏။

ယုမို၏ ကျေးဇူးကြောင့် ရန်ကိုင်၏ အစစ်အမှန်ချီ လှည့်ပတ်နှုန်းသည် သိသိသာသာကို လျော့ခဲ့ရပြီး အလိုအလျောက် တုန့်ပြန်မှုသည်လည်း အတော့်ကိုမှ နှေးကွေးလေးလံသွားခဲ့ရ၏။ ထိုစည်းများကြောင့် သူ့ခွန်အား အပြည့်အဝကို ထုတ်မသုံးနိုင်ချေ။

သို့သော်လည်း ရန်ကိုင်အတွက် ထိုလေကျယ်သည့် လူအိုကြီးကို အနိုင်ယူရန် အရမ်းကြီး မခက်ခဲလှပေ။

“ကောင်လေး၊ မင်းနားပင်းနေလား” လူအိုကြီးက နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်၏။

သူအော်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စူးရှလှသော သတ်ဖြတ်လိုစိတ် တစ်ခုသည် ဘယ်ဘက်မှ သူ့ဆီသို့ ချဉ်းကပ်လာခဲ့လေ၏။ ထိုလူကြီး၏ မျက်ဝန်းများ အေးစက်သွားခဲ့ပြီး သရော်ပြုံးပြုံးလိုက်ကာ ရန်ကိုင်၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် မကြိုးစားခဲ့ပေ။

ဘုတ်…

ခပ်အုတ်အုတ် မြည်သံနှင့်အတူ ရန်ကိုင်၏ လက်သီးချက် ထိုလူ၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားခဲ့၏။ သို့သော် ထိုးခံလိုက်ရသည့်သူသည် နေရာတွင်သာ အကောင်းအတိုင်း ရှိနေပြီး တိုက်ခိုက်လိုက်သည့် ရန်ကိုင်မှာမူ တန်ပြန်အားကြောင့် သူ့လက်သီးများ နာကျင်သွားခဲ့ရ၏။

ထိုလူသည် အတော်လေးကို ခွန်အားကြီးလှ၏။ ထို့ကြောင့် သေခြင်းရှင်ခြင်းစင်မြင့် တိုက်ပွဲကို သုံးကြိမ်ဆက် အနိုင်ရထားသည်မှာ မထူးဆန်းတော့ပေ။

ပထမအကြိမ် တိုက်ခိုက်မှုသည် လူသန်ကြီးအပေါ် အကျိုးသက်ရောက်မှုမရှိခဲ့။ သူတိုက်ပြီးသည်နှင့် ပြန်မဆုတ်ရသေးခင်မှာပင် လူသန်ကြီးက ရုတ်တရက် လှုပ်ရှားလိုက်၏။ မည်သည့်အချိန်ကမှန်းမသိ လူသန်ကြီးသည် လက်ကိုမြှောက်၍ အစစ်အမှန်ချီကို စုစည်းကာ ရန်ကိုင်အား ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

သူ့လက် ကျလာသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော အစစ်အမှန်ချီတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး လက်ဓါးသွားအသွင်ပြောင်းကာ ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေ၏။

တိုက်ခိုက်မှုသည် ရောက်ရှိသေခြင်း မရှိသော်ငြား သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံးသည် ဖိအားကြောင့် ကျွံ့ဝင်သွားခဲ့၏။

သူ့လက်ကို အချိန်မှီ ပြန်မရုတ်နိုင်သဖြင့် လူသန်ကြီး၏ လက်ဓါးသည် ရန်ကိုင် လက်မောင်း တည့်တည့်ဆီသို့ တိုက်ရိုက်ကျဆင်းသွားခဲ့၏။

ခရက်ဆိုသော မြည်သံနှင့်အတူ ရန်ကိုင် လက်မောင်း ကျိုးသွားခဲ့ပြီး တွဲလောင်းကျသွားခဲ့၏။ ထိုအချိန်မှပဲ ရန်ကိုင်လည်း နောက်ပြန်ဆုတ်လိုက်နိုင်ပြီး သူ့ပြိုင်ဘက် ဆီမှ အကွာအဝေးတစ်ခုသို့ ချက်ချင်း ဆုတ်သွားလိုက်၏။

ပွဲကြည့်စင်ပေါ်မှ ထိတ်လန့်တကြား‌ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့၏။

ပွဲမစဉ်က ရန်ကိုင်၏ တည်ငြိမ်သော အမူအရာ ကြောင့် တိုက်ပွဲသည် စိတ်ဝင်စားစရာ ကောင်းမည်ဟု ထင်ခဲ့၏။ သို့သော် သူ့လက် အလွယ်တကူ ကျိုးသွားသည်ကို မြင်ပြီးနောက် အကုန်လုံး စိတ်ပျက်သွားခဲ့ကြ၏။

“အာ…”

အန်လင်းအာလည်း စိုးရိမ်တကြီးဖြင့် အလန့်တကြား အော်ဟစ်မိလိုက်၏။

ရွယ့်လီအကြည့် ထက်ရှသွားခဲ့ပြီး အောက်ဘက်တွင် ရှိနေသော ရန်ကိုင်ကို ကြည့်ကာ ယဲ့ယဲ့လေး ပြုံးလိုက်၏။

လူသန်ကြီးသည် ရန်ကိုင်အား နားချိန်ပင်မပေးဘဲ တရစပ် ဆက်လက် တိုက်ခိုက်လိုက်၏။ သူ့ခန္ဓာကိုယ်မှ သွေးဆာပြီး ရက်စက်သည့် အရှိန်အဝါတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့လက်ဝါးထက် အေးစက်စက် အလင်းရောင်တို့ စုဝေးလာခဲ့၏။

ချက်ချင်းဆိုသလို လူသန်ကြီး၏ လက်ဝါးထဲ သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေသော လက်ဆေးဇလုံ အရွယ်အစားရှိသည့် အနက်ရောင် လျှပ်စီးလုံး နှစ်လုံး ထွက်ပေါ်လာခဲ့လေ၏။

ပြီးသည်နှင့် သူ့လက်ဝါး နှစ်ဖက်စလုံးအား ရန်ကိုင်ဆီသို့ တစ်ပြိုင်တည်း ရိုက်ချလိုက်၏။

လူသန်ကြီသည် ရန်ကိုင်အား တစ်ချက်တည်းဖြင့် အသေသတ်ချင်နေသည့်ပုံပင်။

ထိုတိုက်ခိုက်မှုကို ရန်ကိုင် မည်သို့မှ ခုခံနိုင်စွမ်း မရှိချေ။ ထို့ပြင် ဘယ်နှင့်ညာ နှစ်ဖက်စလုံး တိုးဝင်လာနေသော လျှပ်စီးလုံးနှစ်လုံး၏ ဖိအားကြောင့် ရှောင်ရှားခြင်းလည်း မပြုနိုင်ခဲ့။ မျက်တောင်တစ်ခတ် အတွင်း မရေမတွက်နိုင်သော လက်ဝါးချက်များ၏ ထိမှန်ခြင်း ခံလိုက်ရပြီး သူ့တစ်ကိုယ်လုံး သွေးသံတရဲရဲ ဖြစ်သွားခဲ့၏။

ပွဲ့ကြည့်စင်ပေါ်မှ အော်ဟစ်သံများသည်လည်း ပိုပို၍ ကျယ်လောင်လာခဲ့၏။

ပွဲကြည့်ပရိတ်သတ် ကြည့်ချင်နေသည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် သွေးသံတရဲရဲ တိုက်ပွဲဖြစ်ပြီး တစ်ဖက်သတ် သတ်ဖြတ်ပွဲ မဟုတ်ချေ။

ရန်ကိုင်၏ စွမ်းဆောင်ရည်သည် တကယ့်ကို ဆဲချင်စရာ ကောင်းလှ၏။ ရန်ကိုင်ဘက်မှ လောင်းကြေး ထပ်ခဲ့သော နတ်ဆိုးမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား အဆက်မပြတ် ကျိန်ဆဲနေခဲ့ကြ၏။

ရွှယ့်လီပင် မျက်မှောင် ကြုံ့မိလိုက်ပြီး သူမ၏ အမူအရာသည် အေးစက်သထက် အေးစက်လာခဲ့၏။

ရန်ကိုင် ထင်သရ‌လောက် အဖြစ်မရှိဟု သူမ ရုတ်တရက် ခံစားလာရ၏။ ယုမို၏ ဖိအားကို ခုခံနိုင်ခဲ့ခြင်းမှာ မတော်တဆသာ ဖြစ်လောက်၏။ မဟုတ်လျှင် အဆင့်တူ ကျင့်ကြံသူတစ်ယောက်အား မည်သည့် အတွက်ကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်ရမည်နည်း။

ဤနည်းအတိုင်းသာ ဆက်သွားမည် ဆိုပါက အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင် သေရပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း(၇၈၂) လေ့ကျင့်ခြင်း

တိုက်ပွဲချိန် ကြာလာသည်နှင့်အမျှ ရန်ကိုင်သည် ပိုပို၍ အောက်စည်းသို့ ရောက်လာခဲ့ရ၏။ သူ့ပြိုင်ဘက်ကမူ ပိုပို၍ ကြမ်းတမ်းလာခဲ့၏။

လူသန်ကြီးသည် ရန်ကိုင်အား ရက်ရက်စက်စက် ထိုးချလိုက်၏။ သူ့မေးရိုးကို ထိမှန်သွားသည့် အားပြင်းလှသည့် လက်သီးချက်ကြောင့် ရန်ကိုင်သည် လေထဲသို့ လွင့်ပျံထွက်သွားခဲ့လေ၏။ မြေကြီးပေါ်သို့ ပြန်ရောက်သည်နှင့် ချက်ချင်း အမှောက်သိပ်ခံလိုက်ရ၏။

စင်မြင့်တစ်ခုလုံး ဖုန်ထသွားခဲ့ရာ အထဲတွင် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို မည်သူမှ မတွေ့ရတော့ချေ။ ထို့အပြင် စင်မြင့်ပတ်လည်တွင် ကာရံထားသည့် အမျိုးမျိုးသော အရံအတားများကြောင့် သေခြင်းရှင်ခြင်း စင်မြင့် အတွင်းပိုင်းတွင် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို သူတော်စင်အဆင့် ပညာရှင်များပင် မသိနိုင်ချေ။ တိုက်ပွဲပြီးသွားပြီ ဟူသော အချက်ကိုသာ အားလုံး သိကြ၏။

ပျင်းစရာကောင်းလိုက်တာ လူပေါင်းများစွာ ထိုကဲ့သို့ တွေးမိလိုက်ကြ၏။

သို့သော် မည်သူမှ အထွန့်မတက် မညည်းတွား ရသေးခင်မှာပင် စင်မြင့်ပေါ်မှ သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာခဲ့ရာ အတွင်းပိုင်း တစ်ခုလုံးကို ဖုံးလွှမ်းနေသော ဖုန်များအားလုံး ရှင်းလင်သွားခဲ့ရ၏။

စင်မြင့်ပေါ်ရှိ လက်ရှိအခြေအနေကို မြင်ပြီးနောက် အကုန်လုံး အလန့်တကြား ထအော်မိလိုက်ကြ၏။

သေမတတ် ရိုက်နှက်ခံရပြီး မြေကြီးပေါ်သို့ လဲကျသွားသင့်သော ရန်ကိုင်သည် ယခုအချိန်၌ ကျိုးနေသော သူ့လက်ဖြင့် သူ့ပြိုင်ဘက်အား စင်မြင့်ပေါ် အမှောက်သိပ်ဖိချထားခဲ့၏။

ထိုလက်သည် လူသန်ကြီး၏ လည်ဂုတ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ လူသန်ကြီး မည်သို့ပင် ရုန်းကန်ပါစေ မလွတ်မြောက်နိုင် ဖြစ်နေခဲ့၏။

ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို မည်သူမှ မတွေ့ခဲ့ရ။ ဖုန်ရှင်းသွားပြီးနောက် သူတို့ မြင်လိုက်ရသော မြင်ကွင်းသည် အမှန်တကယ် အံ့အားသင့်စရာ ကောင်းနေခဲ့သည် ဆိုသည်ကိုသာ အားလုံးသိကြ၏။

နောက်ဆုံးအခိုက်အတန့်၌ ရှုံးတော့မည့်သူသည် အခြားတစ်ယောက်သို့ ပြောင်းလဲသွားသည့်ပမာ အသည်းအသန် ရုန်းကန်တိုက်ခိုက်ပြီး အနိုင်ရသွားသော ပြိုင်ပွဲမျိုး သူတို့မြင်တွေ့ခဲ့ဖူး၏။ သို့သော် ယခုလောက် ထူးဆန်း ရှုပ်ထွေးလှသော ပြိုင်ပွဲမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

စင်မြင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး ရန်ကိုင် ဝတ်ဆင်ထားသော မျက်နှာဖုံးမှ အေးစက်စက် အလင်းတို့ကို ထုတ်လွှတ်နေသယောင်ယောင်။

လေမိုးကြိုးချီဓါတ်တို့ ရန်ကိုင် လက်ဝါးထက်မှ ထွက်ပေါ်လာခဲ့ပြီး လူသန်ကြီး၏ ကိုယ်ထဲ တိုးဝင်သွားခဲ့၏။

ဘုန်း…

ချက်ချင်းဆိုသလို လူသန်ကြီးတစ်ကိုယ်လုံး အရိုးပင်မကျန် တစ်စစီ ပေါက်ကွဲထွက်သွားလေ၏။

အမြင့်တစ်နေရာတွင် ထိုင်နေသည့် ရွှယ့်လီ၏ မျက်လုံးထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ ရန်ကိုင်သည် ထိုကဲ့သို့သော ထူဆန်းပြီး အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်မျိုး ထုတ်ပြနိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ချေ။

“သူဘယ်လောက်အထိ အားကောင်းလဲ” ရွှယ့်လီက အန်လင်းအာကို တိုးတိုးလေး မေးလိုက်၏။

“ကျွန်မရှင့်ကို ပြောမှာမဟုတ်ဘူး” အန်လင်းအာက ထပ်တလဲလဲ ခေါင်းခါရမ်းလိုက်၏။

“ငါ့ကို မပြောဘူးလား” ရွှယ့်လီသည် ဒေါသ မထွက်သွားသည့်အပြင် ရွှတ်နောက်နောက် အပြုံး ပြုံးလျက် “နင်မပြောရင် ငါ့ဘာသာ သိအောင် လုပ်မှာပေါ့”

ထို့နောက် ထွက်ပေါက်ဆီ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း လျှောက်သွားနေသည့် ရန်ကိုင်အား လှမ်းကြည့်လိုက်၏။

ပွဲ့ကြည့်စင်တစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ဆူညံသံတို့ ဝုန်းကနဲ ထွက်ပေါ်လာခဲ့၏။ လူအများစုသည် တိုက်ပွဲရလဒ်နှင့် ပက်သက်ပြီး ကျယ်ကျယ်လောင်လောင် စောဒက တက်နေခဲ့ကြ၏။

မည်းမှောင်နေသော ဆင်ခြေလျှော နေရာသို့ ရန်ကိုင် ပြန်ရောက်လာသည့်အခါ ယုမိုသည် အေးစက်စက် အကြည့်ဖြင့် ရန်ကိုင်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်လိုက်၏။

မျက်နှာဝါဝါနှင့် လူအိုကြီးကမူ နေရာတွင်သာ ကြောင်အမ်းအမ်းဖြင့် ရပ်နေလျက် ရန်ကိုင်အား မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်နေခဲ့၏။

အမွှေးတိုင်တစ်ချောင်းစာ မရှိတတ်ခင် အချိန်အတွင်း၌ ထိုမောက်မာသော လူငယ်လေးသည် သူ့ပြိုင်ဘက်အား အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့၏။

“ဒီအနေလောက်ဆို လုံလောက်ပြီလား” ရန်ကိုင်က မျက်နှာဖုံးကိုချွတ်၍ ယုမိုဆီ လှမ်းကြည့်လိုက်၏။

ယုမို ပါးစပ်မဲ့ရွဲ့သွားခဲ့ပြီး ယဲ့ယဲ့လေး ခေါင်းညိတ် ပြလိုက်၏။

တိုက်ပွဲသည် ခက်ခဲခဲ့ရုံမက အတော်လေးကိုပင် ယုတ္တိဆန်လှကာ ပြစ်ချက်ကင်းလှပေ၏။ ယုမိသည်ပင် ရန်ကိုင် သေပြီဟု တွေးနေခြင်း ဖြစ်၏။

ဒီကောင့် သတ္တိက မသေးဘူးပဲ။ ဒီလောက် အတိုက်ခိုက်ခံရပြီး သေသွားမှာကို နည်းနည်းလေးတောင် စိတ်မပူဘူးလား မသိဘူး

သူ့ကြွက်သားများကို တင်းကြပ်လိုက်ပြီး ခရက်ဆိုသော အသံနှင့်အတူ ကျိုးနေသော လကက်ို ပြန်ဆက်လိုက်၏။

“နောက်တစ်ကြိမ်ကျ မသေမျိုးဒုတိယအဆင့် တစ်ယောက်နဲ့ စီစဉ်ပေး။ အဲ့လိုမှပဲ ငွေမြန်မြန်ရှာပြီး ဒီကနေ ထွက်သွားနိုင်မှာ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်၏။

ရန်ကိုင် စကားကြောင့် ယုမိုသည် ရန်ကိုင်အား အတော်လေး အမြင်မကြည် ဖြစ်သွားခဲ့ရ၏။

တိုက်ပွဲပြီးနောက် ယုမိုသည် ရန်ကိုင်အား ပြန်နားခိုင်းလိုက်၏။

တိုက်ပွဲပြီးသွားသည့်နောက် ရန်ကိုအား‌ ကောင်းကောင်း ပြုစုကျွေးမွေးတော့လေ၏။ သူ့ဆီ စားကောင်းသောက်ဖွယ်များစွာ ပို့ပေးလာရုံမက အန်လင်အားကိုလည်း ရန်ကိုင်နှင့် တစ်ကြိမ်တွေ့ခွင့် ပေ းခဲ့၏။

နှစ်ယောက်သား အချိန်အတော်ကြာအောင် စကား ပြောနေပြီးနောက် အန်လင်းအာ ပြန်ထွက်သွားခဲ့၏။

သုံးရက်ကြာပြီးနောက် ရန်ကိုင်၏ ဒုတိယတိုက်ပွဲ စတင်ခဲ့၏။

ယခင်တိုက်ပွဲကြောင့် သူပြန်လာသည့်အချိန်၌ ရန်ကိုင်သည် လူတော်တော်များများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

ယခုတစ်ကြိမ်၌ သူ့ပြိုင်ဘက်သည် မသေမျိုး ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေခဲ့၏။

ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ပြီးနောက် ရန်ကိုင်သည် သူ့ပြိုင်ဘက်အား ရှုံးနိမ့်နေရာမှ ပြန်လည် အနိုင်ယူ နိုင်ခဲ့ရာ ပွဲကြည့်နေသူ နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး အလန့်တကြား ထအော်ကြလေ၏။

ကိုယ့်ထက်အဆင့်တစ်ဆင့် ပိုမြင့်သော ကျင့်ကြံသူ တစ်ယောက်ကို အနိုင်ယူခြင်းသည် လူတိုင်း လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ အထူးသဖြင့် မသေမျိုးအဆင့်သို့ ရောက်ပြီးသည့် အချိန်မှစ၍ ဖြစ်၏။ မသေမျိုးအဆင့်မှ စ၍ အဆင့်သေးတစ်ဆင့်နှင့် တစ်ဆင့် ကွားခြားချက်သည် အရမ်းကိုမှ ကြီးမားသွား၏။

ထိုကြောင့် ယေဘုယျအားဖြင့် မသေမျိုးဒုတိယ အဆင့် ကျင့်ကြံသူတစ်ယောက်သည် မသေမျိုး ပထမအဆင့် ပညာရှင်တစ်ယောက်ကို အလွယ်တကူ အသေသတ်နိုင်ပေ၏။ သို့သော်လည်း အများယုံကြည် လက်ခံထားသည့် ထိုသဘောတရားကို ရန်ကိုင်က နင်းခြေပြသွားခဲ့၏။

ယခင်အကြိမ်ကကဲ့သို့ပင် ယုမိုသည် ရန်ကိုင်၏ အစစ်အမှန်ချီအား စည်းခတ်ထားခဲ့၏။ ထို့ကြောင့် ရန်ကိုင်သည် သူ့ခွန်အား အပြည့်ကို မထုတ်သုံး နိုင်ခဲ့ချေ။ သို့သော် သူ့ပြိုင်သည် မသေမျိုးပထမအဆင့် ပညာရှင် တစ်ယောက် မဟုတ်တော့ဘဲ မသေမျိုး ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်နေခဲ့ရာ ထိုပြိုင်ဘက်ကို အနိုင်ရရန်အတွက် ရန်ကိုင် အနေဖြင့် အသည်းအသန် ကြိုးစား တိုက်ခိုက်ခဲ့ရ၏။

ထိုသေခြင်းရှင်ခြင်း တိုက်ပွဲကြောင့် ရန်ကိုင်သည် သူနားမလည်နိုင်ခဲ့သော အရာများစွားကို နားလည် ဖမ်းဆုပ်နိုင်ခဲ့၏။ ထိုကဲ့သို့ အသည်းအသန် တိုက်ခိုက် ရသည့် တိုက်ပွဲမျိုးသည် သူ့အား အမှန်တကယ့်ကို အကျိုးရှိစေ၏။

ထို့အတွက်ကြောင့် ရန်ကိုင်သည် သူသေကိုယ်သေ တိုက်ပွဲများ တိုက်ခိုက်ရခြင်းသည် မုန်းတီးခြင်း မရှိတော့ဘဲ ပိုပို၍ပင် နှစ်သက်လာခဲ့၏။

ထိုတိုက်ပွဲမျာသည် သူ့ကိုယ်သူ သန်မာအောင် လုပ်ရန်အတွက် ရှားပါလှသော အခွင့်အရေးတစ်ခု ဖြစ်ပေ၏။

ကျင့်ကြံသူ တစ်ယောက် သန်မာချင်လျှင် ထိုင်၍ လေ့ကျင့်နေရုံဖြင့် မရ။ အစစ်အမှန် တိုက်ပွဲများကိုလည်း တိုက်ခိုက်ရသေး၏။ ထိုနည်းဖြင့်သာ မိမိ ဖမ်းဆုပ်မိထားသော နည်းစနစ်များ၊ သဘောတရားများကို ကျွမ်းကျွမ်းကျင်ကျင် သဘောပေါက် နားလည်လာပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင်သည် ယုမိုအား ပိုပိုသော အားကောင်းသည့် ရန်သူများနှင့် ပွဲစီစဉ်ခိုင်းခဲ့၏။

ရန်ကိုင်၏ တောင့်ဆိုချက်ကြောင့် ယုမိုလည်း အတော့်ကို ကြောင်အသွားခဲ့ရ၏။ ထိုကောင် ခေါင်းထိသွားသလားဟုပင် သူတွေးမိခဲ့သေး၏။ သေခြင်းရှင်ခြင်း စင်မြင့်တွေ မကြာခဏ တိုက်ခိုက်ပါရစေဟု တောင်းဆိုသော ရန်ကိုင်ကဲ့သို့ အကျဉ်းသားမျိုး သူတစ်ခါမှ မတွေ့ခဲ့ဖူးချေ။

ရွှယ့်လီကမူ ရန်ကိုင် တောင်ဆိုသည့်အခါတိုင်း သူ့အတွက် ပွဲစီစဉ်ပေးခဲ့၏။

ရန်ကိုင့် ပြိုင်ဘက်များသည် တစ်စထက် တစ်စ သန်မလာခဲ့ရာ ရန်ကိုင်သည် တိုက်ပွဲတိုင်းအား ခက်ခက် ကြိုးစားတိုက်ခိုက်ခဲ့ရ၏။ သို့သော် မည်မျှပင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရပါစေ ရန်ကိုင်သည် အောင်ပွဲကို ဆက်တိုက် ရယူထားနိုင်ခဲ့၏။

နောက်သုံးလအတွင်း ရန်ကိုင်သည် စုစုပေါင်း တိုက်ပွဲ (၁၄)ပွဲ တိုက်ခိုက်ခဲ့၏။ သူပြိုင်ဘက်အားလုံးသည် မသေမျိုး ဒုတိယအဆင့်များ ဖြစ်ကြပြီး အချို့သည် လူသားနှင့် မွန်းစတား မျိုးနွယ်စုမှ ဖြစ်ကြကာ အချို့သည် နတ်ဆိုးမျိုးနွယ်စုမှ ဖြစ်ကြပေ၏။ သို့သော် မည်သည့် မျိုးနွယ်စုကပင် ဖြစ်ပါစေ အကုန်လုံး ရန်ကိုင်လက်ထဲ ရှုံးနိမ့်ခဲ့ရ၏။

ထိုသေခြင်းရှင်ခြင်း တိုက်ပွဲများကြောင့် ရန်ကိုင်သည် သူ့ခွန်အားကို ပိုပို၍ နားလည်လာရုံမက သေဆုံးသွားသော သူ့ပြိုင်ဘက်များ၏ စိတ်စွမ်းအင်များကို စုပ်ယူခြင်းဖြင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ်လည်း ပိုပို၍ ထိုထွင်းသိမြင် နားလည်လာခဲ့၏။

သူ့ခွန်အား တိုးတက်လာနှုန်းသည် အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။

သုံးလလောက် မရပ်မနား တိုက်ခိုက်လာပြီးနောက် ရန်ကိုင်သည် သေခြင်းရှင်ခြင်းစင်မြင့်၏ ကျော်ကြားသော ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။ ယခုအချိန်၌ သဲမြို့တော်ထဲတွင် ရန်ကိုင်ကို မသိသူ မရှိတော့ချေ။ မသေမျိုး ပထမအဆင့်သာ ရှိသေးသော ရွှယ့်လီ၏ မျက်နှာဖုံးတပ် လက်အောက်ငယ်သားသည် မသေမျိုး ဒုတိယအဆင့် ပညာရှင်များကို သတ်ဖြတ်ခဲ့၏။

ရန်ကိုင်၏ နိုင်ပွဲများကြောင့် သူ့ကြေးသည်လည်း အမျိုးမျိုး ပြောင်းလဲခဲ့ရ၏။ သို့သော်လည်း လူပေါင်း များစွာသည် အားတက်သရောဖြင့် သူ့ဘက်မှ လောင်းကြေး ထပ်နေဆဲပင်။

ထိုအလောင်အစားများကြောင့် ရွှယ့်လီသည် ငွေကြေး ဆုံးရှုံးမှု မဖြစ်ခဲ့။ သို့သော် ရန်ကိုင်၏ ကြောက်မခန်းလိလိ တိုးတက်မှုကြောင့် သူမစိတ်ထဲ သံသယ ဝင်လာမိ၏။

တစ်နေ့… ရွှယ့်လီနန်းတော်သို့ ဆတ်သားတစ်ယောက် ရောက်လာခဲ့၏။ ရွှယ့်လီနှင့် တွေ့ဆံဆွေးနွေးစကား ပြောပြီးနောက် ထိုဆတ်သားသည် ကျေကျေနပ်နပ် ပြုံးလျက် ပြန်ထွက်သွားခဲ့၏။

တစ်နာရီလောက် ကြာပြီးနောက် ရွှယ့်လီ ရန်ကိုင်ကို ဆင့်ခေါ်လိုက်၏။

ခန်းမထဲတွင် ရွှယ့်လီသည် သူမ၏ ကုတင်ထက် အာယားမှောက် လဲလျောင်းနေခဲ့၏။ စွံကားကား တင်နှစ်လုံးသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် အထက်သို့ မို့တက်တနေခဲ့ပြီး မို့မို့စွင့်စွင့် အရင်အစုံမှာ သူမ၏ ခန္ဓာကိုယ်ဖက် ဖိချထားခြင်း ခံနေခဲ့ရ၏။ မေးလေးကို လက်ပေါ်တင်လျက် လဲလျောင်းနေသည့် သူမပုံစံသည် အမှန်တကယ်ကို စွဲမက်ဖွယ် ကောင်းလွန်းလှပေသည်။

အန်လင်းအာသည် ဘေးနားမှနေ၍ သူမ၏ ပခုံးသားများကို နှိပ်နယ်ပေးနေခဲ့၏။

ယုမိုသည် ရန်ကိုင်အား ခန်းဆီသို့ ခေါ်လာပြီးနောက် လေးလေးစားစား ဦးညွှတ်ပြီးသော် ရွှယ့်လီအား တစ်ချက်ပင် ထပ်မကြည့်ဝံ့တော့ဘဲ ချက်ချင်း ဘေးသို့ ဆုတ်နေလိုက်၏။

ရန်ကိုင်မူ သူ့အကြည့်အား ဖုံးကွယ်ရန် နည်းနည်းမျှ မကြိုးစားဘဲ ရွှယ့်လီ၏ ခန္ဓာကိုယ်အား အားရပါးရ စိုက်ကြည့်နေခဲ့၏။

ရွှယ့်လီသည် အဆိပ်ပြင်းသည် မြွေးပွေးတစ်ကောင် ဖြစ်သော်ငြား ရင့်ကျက်သော အလှတရားနှင့် ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည့် မိန်းမဆိုလည်း မမှား။ ထိုကဲ့သို့ မိန်းမျိုးသည် ယောကျာ်သားတိုင်းကို ဖြာယောင်း မြူစွယ်နိုင်စွမ်းရှိပေ၏။

သို့သော် ရွှယ့်လီကဲ့သို့သော မိန်းမတစ်ယောက်၏ နှလုံးသားကို မည်သည့် ယောကျာ်းသားကမှ လှုပ်ရှားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမစိတ်ကို လှုပ်ရှားအောင် လုပ်နိုင်သည့် အရာဆို၍ ခွန်အား၊ အားလုံး၏ အထက်တွင် ရပ်တည်နိုင်အောင် လုပ်ပေးနိုင်သော ခွန်အားသာ ရှိပေ၏။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရွှယ့်လီက ပြောလာခဲ့၏ “ကျိုးချုန်က ငါ့ဆီ ဆတ်သားတစ်ယောက် ပို့လိုက်တယ်”

“အန်” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “ကျုပ်နဲ့ ဆက်စပ်နေတာလား”

“ဟုတ်တယ်။ ကျိုးချုန်က နင့်ကို သတ်ချင်နေတဲ့ပုံပဲ”

“အဲ့တော့ ခင်ဗျား ဘယ်လို ပြန်ပြောလိုက်လဲ” ရန်ကိုင်က ရွှယ့်လီအား အေးစက်စက်ဖြင့် ပြန်စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုသည့် လေသံဖြင့် “ကျုပ်ကို ရှောင်းစားဖို့ သဘောတူလိုက်တယ်လို့တော့ လာမပြောနဲ့နော်”

“ဒီဘုရင်က အဲ့လိုတွေးခဲ့ပါသေးတယ်။ ဒါပေမယ့် ငြင်းလိုက်တယ်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူက ကျိုးချုန် မို့လို့ပဲ” ရွှယ့်လီက လှောင်ပြုံးပြုံးလျက် “သူတစ်ခုခု လိုချင်ရင် သူမရအောင် ငါက ဝင်နှောက်ယှတ်မှာ။ ဒါပေမယ့် သူ့ပေးတဲ့ ကမ်းလှမ်းချက်က အရမ်းကို စိတ်ဝင်စားစရာ ကောင်းတော့ ငါ့ဘက်ကလည်း သဘောတူလိုက်မိတယ်”

ရန်ကိုင်သည် ဘာမှမပြောဘဲ ရွှယ့်လီ ရှင်းပြ လာမည်ကိုသာ စောင့်နေလိုက်၏။

“မနက်ဖြန်ကျရင် သေခြင်းရှင်ခြင်းစင်မြင့် တိုက်ပွဲမှာ ကျိုးချုန် လွှတ်လိုက်တဲ့လူနဲ့ နင်တိုက်ရလိမ့်မယ်။ အဲ့တိုက်ပွဲကို နိုင်မယ်ဆိုရင် ငါ့ဆီကနေ ထွက်သွားလို့ရပြီ။ ရှုံးရင်တော့ ဘာမှမရမယ့်အပြင် နင့်အသက်ကိုလည်း ပေးရလိမ့်မယ်” ရွှယ့်လီက ပြောလိုက်၏။

ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ကျိတ်ရယ်လိုက်ကာ “ကျိုးချုန် ပို့မယ်လူက အားမနည်းဘူးမလား”

ရွှယ့်လီက ရန်ကိုင်အား ကြည့်၍ ခေါင်းညိတ်ကာ “မသေမျိုးတတိယအဆင့်ပဲ”

ထိုစကားကို ကြားသည်နှင့် အနားတွင် ကျောက်ရုပ်ထုကြီး တစ်ခုပမာ ရပ်နေသော ယုမို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

“ဒီတော့ ခင်ဗျားတို့နှစ်ယောက်က အတူပူးပေါင်းပြီး ကျုပ်ကို မသေသေအာင် လုပ်နေတာပဲ” ရန်ကိုင်သည် ကြောက်ရွံ့တုန်လှုပ်သွားသည့် အရိပ်အယောင် နည်းနည်းမှ မပြဘဲ လှောင်ပြုံးသာပြုံးလိုက်၏။

“သူနင့်ကို သေစေချင်တာ မှန်တယ်။ ဒါပေမယ့် ငါက နင့်ဘယ်အတိုင်းအတာအထိ အားကောင်းလဲ ဆိုတာကို သိချင်တာ” ရွှယ့်လီ၏ မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး “နင့်ခွန်အား အကုန်ကို ထုတ်မသုံး သေးဘူး ဆိုတာကို ဒီဘုရင်မ မသိဘူး ထင်နေတာလား”

ရန်ကိုင်က ပခုံးသာတွန့်ပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။

“မနက်ဖြန်ကျရင် နင့်ဘယ်လိုလုပ်ပြမလဲ ငါစောင့်ကြည့်နေမယ်။ ငါ့ကို စိတ်မပျက်စေနဲ့နော်”

“စောင့်သာကြည့်နေလိုက်”

ရွှယ့်လီက လှောင်ပြုံးပြုံးလျက် ယုမိုဘက်လှည့်၍ ပြောလိုက်၏ “သူ့စည်းတွေ အကုန်လုံးကို ဖြေပေးလိုက်။ ကျိုးချုန်ရဲ့ လက်ကိုင်တုန် လက်ကနေ သူလွတ်မလွတ် ငါကြည့်ချင်သေးတယ်”

ယုမိုလည်း ရွှယ့်လီပြောသည့်အတိုင်း ရန်ကိုင်ပေါ်ရှိ စည်းအားလုံးကို ဖြေပေးလိုက်၏။

“ကျုပ်မှာ မေးစရာရှိသေးတယ်။ မနက်ဖြန် တိုက်ပွဲကို နိုင်ခဲ့ရင် ကျုပ်သွားလို့ ရပြီဆိုပေမယ့် အန်လင်းအာကကော”

ရွှယ့်လီသည် သွားပေါ်အောင် ပြုံး၍ ရန်ကိုင်အား ကြည့်ကာ “နင်တစ်ယောက်ပဲ ရမှာပေါ့… ဒါပေမယ့် ငါနင့်ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ နင်နိုင်ရင် နင်တို့ နှစ်ယောက်စလုံးကို သွားခွင့်ပေးမယ်”

“ခင်ဗျားဘာသာ ခင်းဗျား ပြောတာနော်” ရန်ကိုင်က ရယ်မောလိုက်ပြီး “နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်ရဲ့ ကတိစကားက ယုံရလောက်ပါတယ်၊ ဟုတ်တယ်မလား”

ရွှယ့်လီသည် မျက်လုံးကိုသာ ပိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၃) သတ်ဖြတ်လိုစိတ်

မရေမတွက်နိုင်အောင် ကြွေလွင့်သွားခဲ့ရသော အသက်များကြောင့် ဤနေရာတစ်ခုလုံး သွေးရောင် လွှမ်းနေခဲ့လေပြီ။ နေရာသည်ကား သေခြင်းရှင်ခြင်း စင်မြင့်ပင် ဖြစ်လေ၏။

သတင်းရထားသည့် နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင် များသည် ပွဲကြည့်စင်တွင် ရောက်ရှိနေခဲ့လေပြီ။ တိုက်ပွဲ အနည်းငယ် ပြီးဆုံးသွားပြီးနောက် မျက်နှာဖုံး တပ်ထားသည့် လူသားတစ်ယောက် မြေအောက်ခန်း ဆင်ခြေလျှောဆီမှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာခဲ့၏။

ချက်ချင်းဆိုသလို ပွဲကြည့်စင်တစ်ခုလုံး ကျွတ်ကျွတ် ညံ့သွားခဲ့လေ၏။

ရန်ကိုင်၏ တိုက်ပွဲများသည် အလွန့်ကိုမှ သည်းထိတ်ရင်ဖိုဖွယ် ကောင်းလှသဖြင့် သူသည် သဲမြို့တော်တွင် အရမ်းကိုမှ ကျော်ကြားပေ၏။

ယနေ့တိုက်ပွဲသည် ရန်ကိုင်၏ နောက်ဆုံးတိုက်ပွဲ ဖြစ်ပေ၏။

ကောလဟာလအများအရ သူ၏ ပြိုင်ဘက်သည် ယခင်နှင့်မတူဘဲ မသေမျိုး တတိယအဆင့် ဖြစ်ပေ၏။

သေခြင်းရှင်ခြင်းစင်မြင့်၏ တိုက်ပွဲသမိုင်းကြောင်း တစ်လျှောက် ထိုကဲ့သို့ ခွန်အားကွာခြားချက် ကြီးမားလွန်းသည့် တိုက်ပွဲမျိုး တစ်ကြိမ်တစ်ခါမှ မရှိဖူးခဲ့ချေ။ အဆင့်နှစ်ဆင့်ပင် ကွာခြားနေသည့်အတွက် ဘာမှမသိသည့် လူများ၏ အမြင်၌ တိုက်ပွဲသည် တစ်ဖက်သတ် ဖြစ်နေခဲ့လေပြီ။

သို့သော် ရန်ကိုင်၏ တိုက်ပွဲအဆက်ဆက်ကို မြင်တွေ့ခဲ့သူများကမူ ရန်ကိုင်သည် နောက်တစ်ကြိမ် အဆန်းတကြယ် ဖြစ်ရပ်ကို ဖန်တီးပြလေဦးမလားဟု မျှော်လင့်နေခဲ့ကြ၏။

မျိုးနွယ်စုနှစ်ခုကြားရှိ အမုန်းတရားသည် ယခုနေရာတွင် သက်ရောက်မှုမရှိတော့ချေ။ အဘယ်ကြောင့် ဆိုသော် ရန်ကိုင်သည် သေခြင်းရှင်ခြင်း စင်မြင့်၏ ပုံမှန်ဧည့်သည့်များကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်စွမ်း ရှိသောကြောင့်ပင် ဖြစ်လေ၏။

“ပွဲဒါဇင်ကျော်နိုင်ပြီး ပွဲတိုင်း မသေရုံတမယ့် ဖြစ်ခဲ့တဲ့ကောင်က အဲ့ကောင်လေးလား” စင်မြင့်ပေါ်ရှိ သိပ်ငှက်ကဲ့သို့သော စူးရှသော အကြည့်အား ပိုင်ဆိုင် ထားသည့် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်က သူ့ဘေးနားရှိ လူအား မေးလိုက်၏။

“ဟုတ်ပါတယ်၊ စီနီယာဖုန်းပေါင်။ သူက တကယ်ကို တော်တာ။ ကျုပ်တို့ နတ်ဆိုးမျိုးနွယ်စုက လက်ရွေးစင် ဂျူနီယာတွေတောင် သူ့လောက် တော်တာမဟုတ်ဘူး” သူ့ဘေးရှိလူက ချက်ချင်း ပြန်ဖြေလိုက်၏။

“ဟန့်၊ သူ့ဘာသာ ဘယ်လောက်တော်တော် ဒီနေ့က သူ့ရဲ့ နောက်ဆုံးနေ့ပဲ” ဖုန်းပေါင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။

“စီနီယာပြောတာ လုံးဝကို မှန်တယ်။ … တကယ်တော့ သူ့ပြိုက်ဘက်က အရင်ကောင်တွေနဲ့ တူတာမှ မဟုတ်တာ” ထိုလူက ထပ်တလဲလဲ ခေါင်းညိတ်လိုက်ပြီး လေသံကိုနှိမ့်၍ စိုးရိမ်နေသည့် လေသံဖြင့် “ဒါပေမယ့် စီနီယာ၊ ကျုပ်တို့သာ စီနီယာ ရွှယ့်လီ လေ့ကျင့်ပေးထားတဲ့ ချန်ပီယံကို သတ်လိုက်လို့ စီနီယာရွှယ့်လီသာ ကျုပ်တို့ကို အပြစ်တင်လာရင်…”

“သူအဲ့လိုလုပ်မှာ မဟုတ်ဘူး” ဖုန်းပေါင်က ပြတ်ပြတ်သားသား ခေါင်းခါရမ်းလိုက်ပြီး “ဒီတိုက်ပွဲကို ဆာကျိုးချုန်ရဲ့ တောင်းဆိုချက်ကြောင့် လုပ်ခဲ့တာ။ မနေ့တုန်းက ရွှယ့်လီနဲ့ ငါကိုယ်တိုင် သွားဆွေးနွေးပြီးပြီ။ ဒီနေ့ရလဒ်က ဘယ်လိုဖြစ်ဖြစ် သူဝင်ရှုပ်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ထိုလူကြီး စိတ်ရှုပ်သွားခဲ့၏။ ဗိုလ်ချုပ်ကျိုးချုန် ကဲ့သို့သော လူတစ်ယောက်သည် ထိုလူသားကို မည်သည့် အတွက်ကြောင့် ထိုမျှ သတ်ချင်နေမှန်း သူတကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့၏။

ကျိုးချုန်၏ သားဖြစ်သော ကျိုးချဲကို ရန်ကိုင် ကယ်တင်ခဲ့မှန်း လူနည်းနည်းလေးသာ သိပေ၏။ ဖုန်းပေါင်ကို ထိုကိစ္စအား တစ်ခါတည်း အပြတ်ရှင်းခဲ့ရန် ကျိုးချုန်က စေလွှတ်ခဲ့ခြင်း ဖြစ်၏။ သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်မပြောရန် တားမြစ်ထား၏။ ထို့ကြောင့် သူ့ခေါ်လာသည့် လက်အောက် ငယ်သားပင် ထိုအကြောင်းကို မသိပါချေ။

ရွှယ့်လီသည် ကျိုးချုန်နှင့် မိတ်ဆွေမဟုတ်သော်ငြား၊ ထိုအကြောင်းကို သတင်းဖြန့်၍ ကျိုးချုန်အား အရှက်ရအောင် လုပ်မည့် လူမျိုးမဟုတ်ပေ။ ရင်ဆိုင်စရာ ရှိလျှင် ထိပ်တိုက်သာ ရင်ဆိုင်ပေလိမ့်မည်။

“စီနီယာ၊ ယုမို လာနေတယ်” ထိုလူက ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။

ဖုန်းပေါင် မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး သူတို့ဆီ ပျံသန်းလာနေသော ယုမိုအား လှမ်းကြည့်လိုက်၏။ ခဏကြာပြီးနောက် ယုမိုသည် သူ့နားဆင်းလိုက်ပြီး ထိုင်ချလိုက်၏။

နှစ်ယောက်စလုံးသည် အချင်းချင်း မတည့်ကြသည့် နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်၏ သူတော်စင်အဆင့် လက်ပါးစေများ ဖြစ်ကြရာ သူတို့အချင်းချင်းလည်း မတည့်ကြချေ။

အကြည့်ချင်း ဆုံးသွားသည်နှင့် နှစ်ဦးသားကြား လေဟာနယ်တစ်ခုလုံး မီးပွင့်သွားသည့်အလား…

“ယုမို၊ မင်းကို မတွေ့ရတာ တော်တော်လေး ကြာပြီပဲကွ” ဖုန်းပေါင်က အေးစက်စက် မျက်နှာထားနှင့် နှုတ်ဆက်လိုက်၏။

ယုမိုက ဖွဖွလေး ပြန်ပြုံးပြလိုက်ပြီး ပြောလိုက်၏ “ဖုန်းပေါင်၊ မင်းကို ဒီလောက်အကြာကြီး မတွေ့ရတာတောင် မင်းမျက်နှာထားနဲ့ တကယ်ကို အသားမကျနိုင်သေးဘူးကွာ။ မင်းရဲ့ အဲ့မှုန်ကုတ်ကုတ် ရုပ်ကြီးကို မြင်လိုက်တိုင်း ထထရိုက်ချင်လာတယ်”

“ငါလည်း အတူတူပဲ” ဖုန်းပေါင်က ပြန်၍ ခနဲ့လိုက်၏။ အချိန်မရွေး ထတိုက်ခိုက်တော့မည့်အလား အစစ်အမှန်ချီကို သူ့လက်ထဲ ဖြည်းဖြည်းချင်း စုစည်းလိုက်၏။

ယုမိုက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ဆက်ပြောလိုက်၏ “ငါဒီကို တိုက်ခိုက်ဖို့ လာခဲ့တာ မဟုတ်ဘူး။ မင်းကို မေးစရာလေး ရှိလို့ လာခဲ့တာ”

“ဘာမေးချင်တာလဲ”

“မင်းကြည့်ရတာ ဒီနေ့တိုက်ပွဲကို တော်တော်လေး ယုံကြည်ချက် ရှိနေတဲ့ပုံပဲနော်”

“ဟန့်၊ ဒီလောက် သိသာနေတာကိုများ လာပြောနေသေးတယ်”

“ငါတို့သဲမြို့တော်ရဲ့ သေခြင်းရှင်ခြင်းစင်မြင့်က လောင်းကစားကို အားပေးတယ်။ အဲ့လောက်တောင် ယုံကြည်ချက်ရှိနေမှတော့ ဘာလို့ အလောင်းအစား မလုပ်တာလဲ။ အဲ့နည်းနဲ့ဆိုရင် တိုက်ပွဲပြီးတာနဲ့ အပိုထပ်ဆောင်း အကျိုးအမြတ်တွေ ရသွားနိုင်တယ်နော်”

“ငါ့ကို လာသတိပေးနေစရာမလိုဘူး” ဖုန်းပေါင်က မဲ့တဲ့တဲ့ရုပ်ဖြင့် “သလင်းကျောက် (၂၀၀၀၀၀)ကို လောင်ကြေးထပ်ပြီးသွားပြီ”

ယုမို အံ့အားသင့်သွားခဲ့ပြီး “ဖုန်းပေါင်ဆိုတဲ့ အတိုင်ပါပဲလား။ ရဲချက်ပဲ။ မင်းကြည့်ရတာ ငါတို့ သဲမြို့တော်ကို အရည်ညစ်ထုတ်ချင်နေတဲ့ပုံပဲ”

“အဲ့လောက်လေးတောင် မနိုင်ဘူးလား” ဖုန်းပေါင်က အထင်အမြင် သေးသေးဖြင့် ပြုံးလိုက်ပြီး “မတတ်နိုင်ရင် ငါအခုပဲ သွားပြန်ထုတ်လိုက်မယ်။ ယုမိဆိုတဲ့ မင်းသာ အားလုံးရှေ့မှာ ငါ့ကို ဦးညွှတ်ပြီး တောင်းပန်ရင်ပေါ့”

“နောက်နေတာလား။ ငါတို့သဲမြို့တော်က အလောင်းအစားဝိုင်း ဖွင့်ထားမှတော့ လောင်းကြေး ဘယ်လောက်ပဲကြီးကြီး ငါတို့ ကိုင်တွယ်နိုင်လို့ပဲပေါ့။ တကယ်တော့ ဒီလို အခွင့်အရေးမျိုးက ရခဲတာဆိုတော့ တကယ့် ငွေအစစ်ကို မလောင်းချင်ဘူးလားလို့ ငါမင်းကို မေးချင်တာ” ယုမိုက ဖုန်းပေါင်အား စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

ဖုန်းပေါင် မျက်လုံးမှေးစဉ်းလိုက်ပြီး ပြန်မေးလိုက်၏ “တကယ့် ငွေအစစ်လား”

“ဟုတ်တယ်။ မင်းပိုင်တာမှန်သမျှ လောင်းရင်ကော ဘယ်လိုလဲ။ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် မင်းမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိပါတယ်။ ဟုတ်တယ် မလား”

ဖုန်းပေါင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ယုမိုအား သင်္ကားမကင်း အမူအရာဖြင့် စိုက်ကြည့်လိုက်ရာ အေးစက်စက် လေသံဖြင့် မေးလိုက်၏ “မင်းပုံစံ ကြည့်ရတာ အဲ့လူသားကောင်းလေးကို တော်တော်‌လေး ယုံကြည်ချက် ရှိနေတဲ့ပုံပဲနော်”

“မင်းထင်ချင်သလိုထင်၊ သူနိုင်နိုင်တာလည်း ဖြစ်နိုင်သလို ရှုုံးနိမ့်သွားတာလည်း ဖြစ်နိုင်တာပဲ။ မင်းလောင်းတာ မလောင်းတာကတော့ မင်းသွေးရဲလား မရဲဘူးလားဆိုတဲ့ အပေါ်မှာပဲ မူတည်တာပေါ့”

ဖုန်းပေါင်းသည် ယုမိုအား စူးစိုက်ကြည့်လိုက်၏။ သူနှင့် အမြဲမျက်နှာကြော မတည့်သော ထိုကောင်သည် သူ့အား ရန်စနေမှန်း ဖုန်းပေါင်သိသော်ငြား အောက်ကျ မခံနိုင်လေရာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ငါ့ပစ္စည်းအားလုံးကို လောင်းကြေး ထပ်ရတာပေါ့”

ပြောပြီးသည်နှင့် တလက်လက် တောက်ပနေသော သံကွင်းကိုယ်ကြပ်ကာတစ်ခု၊ လှံရှည်တစ်ချောင်းနှင့် မည်းနက်နေသော ဆေးဘားဓါးတစ်ချောင်းကို ထုတ်ပြလိုက်၏။

ထိုလက်နက်သုံးခုစလုံးသည် သူတော်စင်အဆင့် ဖြစ်သည့် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြပေ၏။ ဖုန်းပေါင်း တန်ဖိုးအထားဆုံး၊ ခဏခဏ အသုံးပြုသော လက်နက်များဆိုလျှင်လည်း မမှားချေ။ သူသာ ထိုလက်နက်များကို အလောင်းအစားတွင် ရှံးနိမ့်လိုက်ပါက သူ့တိုက်ပွဲစွမ်းရည်သည် သိသိသာသာကို နိမ့်ကျ သွားရပေလိမ့်မည်။

သူတော်စင်အဆင့် လက်နက်များကို ပေးပြီးနောက် ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်ကို ဖြုတ်ပေးလိုက်ကာ ဆက်ပြောလိုက်၏ “လုပ်မှတော့ အဆုံးထိလုပ်ရမှာပေါ့၊ မဟုတ်ဘူးလား”

ယုမို မျက်ဝန်းများ တောက်ပသွားခဲ့ပြီး မည်သည့် အပိုစကားမှ မပြောတော့ဘဲ ပြုံး၍သာ လှည့်ထွက်သွားလေ၏။

ဖုန်းပေါင်းသည် ယုမိုအား တားဆီးရန် မကြိုးစားခဲ့သလို မေးခွန်းထုတ်ရန်လည်း မကြိုးစားခဲ့ပေ။ သူတို့နှစ်ယောက်သည် ဂျင်းနှင့်မိတ်သလင် ဆိုသော်ငြား စကားချင်း သဘောတူညီမှု ရပြီးသွားခဲ့လေပြီ။

ခဏအကြာတွင် ရွှယ့်လီဆီသို့ ယုမို ပြန်ရောက်လာခဲ့၏။

“အားလုံး ပြင်ဆင်ပြီးသွားပြီလား” ရွှယ့်လီက သေခြင်းရှင်ခြင်းစင်အမြင့် အလယ်တွင် ရပ်နေသော ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏။

“ပြင်ပြီးပါပြီ။ ဖုန်းပေါင်က သူ့ပိုင်ဆိုင်တာ အားလုံးကို လောင်းကြေးထပ်လိုက်တယ်” ယုမိုက ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီးနောက် ရုတ်တရက် မျက်မှောင် ကြုံ့လိုက်ကာ “အဲ့ကောင်လေး နိုင်မယ်လို့ သခင်မ တကယ် ယုံကြည်နေတာလား။ ရိုးရိုးသားသား ပြောရရင် သူ့အရင်စွမ်းဆောင်ရည်က တကယ်ကို အံ့အားသင့်စရာ ကောင်းပေမယ့် အခုတိုက်ပွဲကို သူနိုင်လိမ့်မယ်လို့တော့ ကျုပ်မထင်ဘူး။ ဒီတစ်ကြိမ် တိုက်ပွဲမှာ သူသေသွားနိုင်ချေ တော်တော်လေး မြင့်တယ်။ သူသေတာက ကိစ္စကြီး မဟုတ်ပေမယ့် ဖုန်းပေါင်က ဒီလောက် ငွေအများကြီး လောင်ကြေးထပ်ထားတော့ အဲ့ကောင်လေးသာ သေသွားတာနဲ့ ကျုပ်တို့ သဲမြို့တော် အရှုံးကြီးရှုံးရမှာနော်”

“ငါလည်းမသိဘူး” ရွှယ့်လီက ခေါင်းခါရမ်း၍ ပြန်ပြောလိုက်၏။

ယုမို ချက်ချင်းဆို မှင်သက်သွားခဲ့ရလေ၏။

နတ်ဆိုးဗိုလ်ချုပ်လေးယောက်ထဲမှ တစ်ယောက် ဖြစ်သည်နှင့်အညီ ဤလောကကြီးတွင် ရွှယ့်လီနှင့် ရင်ဘောင်တန်းနိုင်သည့် လူအနည်းငယ်သာ ရှိ၏။ ထို့ပြင် ရွှယ့်လီသည် အခြားလူများထက် ပို၍ မြင်တတ်သော လူတစ်ဦး ဖြစ်၏။ သို့သော် ယခုအချိန်၌ လက်ရှိ အခြေအနေနှင့် ပက်သက်ပြီး သူမလည်း ဝေခွဲမရ ဖြစ်နေခဲ့လေပြီ။

“ငါလည်း အလောင်းအစား လုပ်နေတာပဲ။ ဘယ်ဘက်ကပဲ ကြည့်ကြည့် ဒီကောင်လေးက သေလူ ဖြစ်နေပြီ ဆိုပေမယ့်…”

ပြောနေရင်း ရွှယ့်လီသည် ထိုနေရာ၌ တစ်ချိန်လုံး တိတ်ဆိတ်စွာ ရပ်နေသော အန်လင်းအာဆီ လှမ်းကြည့်လိုက်ကာ “အစကတည်းကနေ အခုအချိန်အထိ အဲ့မိန်းကလေး နည်းနည်းလေးတောင် စိုရိမ်တဲ့ အမူအရာ မပြခဲ့ဘူး”

ယုမိုလည်း အန်လင်းအာဆီ လှမ်းကြည့်မိလိုက်၏။ ရန်ကိုင်သည် အရမ်းကို အားကောင်းသော ပြိုင်ဘက် တစ်ယောက်နှင့် ရင်ဆိုင်ရတော့မည်မှန်း ထိုမိန်းကလေး သိနေသော်ငြား သူမသည် တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့၏။

အန်လင်းအာ၏ အပြုအမူရ တစ်ခုခုကို ရွှယ့်လီ နားလည်သွားခဲ့၏။

“အဲ့ကောင်လေး ဘယ်လောက်အထိ အားကောင်းလဲလို့ ငါသူ့ကို မေးခဲ့တာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် အမြဲတမ်း ဘူးခါငြင်းနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကပဲ ငါ့ကို ပိုပြီးသိချင်စေတာ” ရွှယ့်လီက အန်လင်းအာ၏ မျက်နှာလေးကို ပွတ်သပ်လိုက်ရာ အန်လင်းအာ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့၏။

“ငါ့ကို ပြောစမ်းပါဦး။ အခုလို အားကောင်းတဲ့ ရန်သူမျိုးနဲ့ သူတိုက်ခိုက်ခဲ့ဖူးလား” ရွှယ့်လီက လေးနက်တည်ကြည်သည့် လေသံဖြင့် ရုတ်တရက် ကောက်မေးလိုက်၏။

အန်လင်းအာ၏ မျက်ဝန်လေးများ ရီဝေသွားခဲ့၏။ သို့သော် ချက်ချင်းဆိုသလို ပြန်လည်ကြည်လင်လာခဲ့ပြီး ရုန်းကန်နေသည့် အမူအရာတို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့၏။ သူတော်စင်မနန်၏ လိုက်လံ သတ်ဖြတ်ခြင်း ခံရသည့်မြင်ကွင်း၊ နေမင်းကလန်သား များနှင့် ရင်ဆိုင်ရသည့် မြင်ကွင်းတို့ သူမစိတ်ထဲ အစီစီအရီရီ ထွက်ပေါ်လာခဲ့၏။

ထိုသို့ဆိုလျှင်ပင် အန်လင်းအာသည် အနာသာ ခံ၍ တစ်ခွန်းပင် ထုတ်မပြောခဲ့ချေ။

ရွှယ့်လီက သက်ပြင်းချလိုက်ပြီး “သူ့စိတ်စွမ်းအားက အရမ်းအားကောင်းလွန်းတယ်။ ကြည့်ရတာ အရမ်း အားကောင်းတဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတဲ့ပုံပဲ”

“ဒါပေမယ့် အဲ့ကောင်လေးက အခုလို ရန်သူမျိုးနဲ့ တိုက်ခိုက်ဖူးပြီး အသက်ရှင်သန်နိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းကို သူ့ပုံစံ ကြည့်ရုံနဲ့တင် သိနေပြီ။ မဟုတ်ရင် သူလည်း ဒီလောက်အထိ အေးအေးသက်သာ ဖြစ်နေမှာ မဟုတ်ဘူး”

“ဟုတ်တယ်” ရွှယ့်လီက ခေါင်းညိတ်လိုက်ပြီး “ဒီတစ်ကြိမ် သူမသေခဲ့ရင် မကြာခင်မှာပဲ တုန်းရွှမ် လောကကြီး တစ်ခုလုံးရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမှာ။ အဲ့အချိန်ကျ နတ်ဆိုးဗိုလ်ချုပ်ကြီး ထက်အောင် ပိုအားကောင်းတဲ့ ပြိုင်ဘက်ကင်း တည်ရှိမှု တစ်ခု ဖြစ်လာမှာ”

ယုမို၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး “သခင်မက သူ့ကို အရမ်းအမြင့်ကြီး တွေးနေတာပဲ”

“သူ့မှာ အလားအလာရှိတယ်” ထိုကဲ့သို့ ပြောလိုက်သည့် အခိုက် ရွှယ့်လီ၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားခဲ့၏။

“သူလို့လူတစ်ယောက် ငါတို့ကလန်ရဲ့ အဖွဲ့သား ဖြစ်မနေတာဆိုးတာပဲ။ သူသာ နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဆိုရင် ကောင်းကောင်း လေ့ကျင့်ပေးလို့ ရမှာ” ယုမိုသည် ရွှယ့်လီ၏ နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်လာခဲ့ရာ သူမ ဘာတွေးနေမှန်း သူကောင်းကောင်း သိပေ၏။

သို့သော်လည်း ထိုကောင်းလေ၏ ကံကြမ္မာကို ယနေ့တွင်ပင် သတ်မှတ်ပြီးသွားခဲ့လေပြီ။ အဘယ်ကြောင့် ဆိုသော် ယနေ့တိုက်ပွဲကို နိုင်သွားခဲ့လျှင် ရွှယ့်လီသည် သူ့အား သတ်ရန် စီစဉ်ထားသောကြောင့်ပင် ဖြစ်၏။

သူ့ပြိုင်ဘက် ပေါ်လာမည်ကို စောင့်ဆိုင်းနေသည့် ရန်ကိုင်ကို ကြည့်ရင်း ယုမို သနားမိသွားခဲ့၏။

အချိန်အတော်ကြာအောင် စောင့်နေပြီး နောက်ဆုံး၌ ရန်ကိုင်ပြိုင်ဘက် ထွက်ပေါ်လာခဲ့၏။ ထိုလူသည် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သော်ငြား သူ့အရှိန်သည် အရမ်းကိုမှ မြန်ဆန်ပေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူသည် ရန်ကိုင်ရှေ့သို့ ရောက်နေခဲ့လေပြီ။

သာမန်ဆိုင်များတွင် တွေ့နိုင်သည့် ရိုးရှင်သော အနက်ရောင် အဝတ်အစားကို ဝတ်ထားခဲ့၏။ ထို့လူဆီမှ မြင့်မြတ်ပြီး အေးစက်စက် အရှိန်အဝါတို့ ဖြာထွက်နေဟန် ထင်ရပြီး သူ့အကြည့်များသည်လည်း အရမ်းကိုမှ နက်နဲလှပေ၏။

ထို့ပြင် ထိုလူ၏ နတ်ဆိုးချီသည် အရမ်းကိုမှ သန့်စင်လှပေရာ သူသည် သာမန်မသေမျိုး တတိယ အဆင့် ပညာရှင်တစ်ယောက် အများကြီး ပိုသန်မာကြောင်း မြင်တွေ့နိုင်ပေ၏။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး အနည်းငယ် စိတ်ညစ်သွားခဲ့၏။

တစ်ချကြည့်ရုံဖြင့်လျှင် သူ့ပြိုင်ဘက်သည် အနိုင်ယူရ လွယ်ကူမည့် ပြိုင်ဘက်မဟုတ်မှန်း ရန်ကိုင် တန်းသိလိုက်၏။

သူ့တွင် ဝိဥာဉ်အင်းဆက်များ ရှိနေသဖြင့် သူတော်စင် အဆင့်အောက် မည်သည့် ပညာရှင်ကိုမှ မကြောက်သော်ငြား သူသည် ပညာရှင်များစွာ၏ အကြည့်အောက်၌ တစ်ယောက်ချင်း ယှဉ်တိုက်နေခြင်း ဖြစ်၏။ နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်များစွာ၏ အကြည့်အောက်၌ ဝိဥာဉ်ဝါးမြိုအင်းဆက်များကို မထုတ်ဖော်သင့်လေရာ သူ့ပြိုင်ဘက်အား သူ့ကိုယ်ပိုင် ခွန်အားဖြင့် အနိုင်ယူရန်သာ ရှိတော့ပေ၏။

ထို့အပြင် ရန်ကိုင်သည် ဤလအတောအတွင်း သူမည်မျှ သန်မလာသလဲ ဆိုသည်ကို အတော်လေး သိချင်နေမိ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၄) တိရှောင်

ရန်ကိုင်က သူ့ပြိုင်ဘက်အား လေ့လာနေသလို သူပြိုင်ဘက်သည်လည်း သူ့အား လေ့လာနေခဲ့၏။

ထိုလူသည် ရန်ကိုင်၏ မျက်နှာအား မမြင်နိုင်သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်ကို ခံစားမိ၏။ တစ်ဖက်လူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ရန် နည်းနည်းမျှပင် မကြိုးစားခဲ့ပေ။ အဆင့်နှစ်ဆင့် ပိုမြင့်သော ရန်သူနှင့် ရင်ဆိုင်နေရသော်ငြား မျက်နှာဖုံးတပ် လူငယ်လေး၏ မျက်လုံးထဲ ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းမျှ မတွေ့ရဘဲ တိုက်ခိုက်လိုစိတ်တို့ကိုသာ မြင်တွေ့နေရ၏။

မျက်နှာဖုံးတပ်လူငယ်လေးသည် သာမန်ပြိုင်ဘက် တစ်ယောက် မဟုတ်မှန်း ထိုလူတန်းသိလိုက်၏။

ကျင့်ကြံခြင်းအဆင့် လွန်စွာကိုမှ ကွာခြား နေသော်ငြား တစ်ဖက်လူသည် ထိုမျှ တိုက်ခိုက်လိုစိတ် ပြင်းထန်နေသည်ကို ထောက်ရှူကြည့်လျှင် ထိုလူသည် မောက်မာလွန်းလှသော လူဖြစ်လျှင်ဖြစ် မဖြစ်လျှင် သူ၏ ကိုယ်ပိုင် အစွမ်းအစပေါ် ယုံကြည်ချက် ရှိသောကြောင့်သာ ဖြစ်ရပေမည်။

သေခြင်းရှင်ခြင်းစင်မြင့်ထက်တွင် (၁၂)ပွဲဆက် အနိုင်ယူထားသော လူတစ်ယောက်ကို သွားအထင်သေး၍ မရချေ။ တစ်ဖက်လူသာ အရည်အချင်း မရှိပါက စင်ပေါ်တွင် ယနေ့ထိတိုင် ရပ်နေနိုင်လိမ့်မည် မဟုတ်။ သို့သော် တစ်ဖက်လူသည် (၁၂)ပွဲဆက် ရှုံးပွဲမရှိ အနိုင်ရထားသောသူ ဖြစ်သော်လည်း သူ့ထက် အဆင့် နှစ်ဆင့်ပိုမြင့်သော မသေမျိုးတတိယအဆင့်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မဆိုလိုပေ။

တဖြည်းဖြည်း စိတ်ဝင်စားဖွယ် ကောင်းလာသလို ထိုလူ ရုတ်တရက် ခံစားမိလိုက်၏။

ရန်ကိုင် ပြိုင်ဘက် ထွက်ပေါ်လာသည်နှင့် ပွဲကြည့်စင် တစ်ခုလုံး အားပေးသံတို့ဖြင့် ညံသွားခဲ့၏။ များစွာသော နတ်ဆိုးမျိုးနွယ်စုဝင်တို့သည် ရန်ကိုင် ပြိုင်ဘက်အား လက်ညိုး တထိုးထိုးဖြင့် အော်ဟစ်ဆွေးနွေးနေကြ၏။

“အဲ့လူက ဆာကျိုးချုန်ရဲ့ လက်အောက်ငယ်သား တိရှောင်မဟုတ်ဘူးလား”

“သူပဲ။ ချင်းလောင်မြို့ကို သွားတုန်းက ငါသူ့ကို မြင်ခဲ့ဖူးတယ်။ တကယ် တိရှောင်ပဲ”

“သူဘာလို့ ဒီမှာ ပေါ်လာတာလဲ”

“သူ ဆာကျိုးချုန်ရဲ့ သူတော်စင်အဆင့်အောက် အားအကောင်းဆုံး တိုက်ခိုက်ရေးသမားလို့တောင် ပြောလို့ရတယ်။ ပြီးတော့ သူက သူတော်စင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာတဲ့”

“အဲ့လူသားရဲ့ ပြိုင်ဘက်က တိရှောင် ဖြစ်နေမှတော့ ပွဲရလဒ်က ရှင်းနေပြီပေါ့” တိရှောင်အား သာမန် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်အဖြစ် သွားယူဆ၍ မရချေ။ ဆာကျိုးချုန်၏ သူတော်စင်အဆင့်အောက် အားအကောင်းဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်နှင့်အညီ သူသည် သူတော်စင်အဆင့် ပညာရှင်များကိုပင် အချိန်တစ်ခဏကာ ယှဉ်တိုက်နိုင်သည်ဟု ပြောကြ၏။

“ဟုတ်တယ်၊ တကယ် သနားစရာပဲ။ ဒီနေ့ပြီးရင် အဲ့မျက်နှာဖုံးတပ်လူသားကို သေခြင်းရှင်ခြင်းစင်မြင့် ပေါ်မှာ နောက်တစ်ကြိမ် ထပ်မြင်ရတော့မှာ မဟုတ်ဘူး”

“သူ့လို လူသားတစ်ယောက် သေတာ၊ မသေတာကို ဘယ်သူက ဂရုစိုက်နေမှာ မို့လို့လဲ။ တိရှောင် အဲ့ကောင်ကို မြန်မြန် သတ်ပါစေလို့တောင် ငါဆုတောင်းနေတာ။ ဒီကောင် မောက်မာနေတာ တော်တော်လေး ကြာနေပြီ။ ငါတို့ နတ်ဆိုးမျိုးနွယ်စုထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိတော့ဘူးလို့ ထင်နေတာလား မသိဘူး”

“ဟုတ်တယ်။ ဟုတ်တယ်။ သူ့တိုက်ပွဲတွေ ကြည့်ရတာကို နှစ်သက်ပေမယ့် တကယ်တော့ သူက လူသားတစ်ယောက် ဖြစ်နေတုန်းပဲလေ”

ပွဲကြည့်စင်မှ တီးတိုသံများကို ရန်ကိုင် ကြားလိုက်ရာ မျက်မှောင်မကြုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ ယနေ့ သူ့ပြိုင်ဘက်သည် နတ်ဆိုးမျိုးနွယ်စုထဲ ဤမျှ ကျော်ကြား နေလိမ့်မည်ဟု ရန်ကိုင် မထင်ထာမှတ်ထားခဲ့ချေ။

သူနှင့် ရင်ဆိုင်ရန် ထိုကောင်ကို ပို့လိုက်ပုံထာက်လျှင် ကျိုးချုန် ရန်ကိုင်အား မည်မျှ သတ်ချင်နေသလဲ မြင်တွေ့နိုင်ပေ၏။

တိရှောင်က ရုတ်တရက် သွားပေါ်အောင် ပြုံးလိုက်ပြီး “ရှောင်ရင်ရေ၊ ငါတို့က မျိုးနွယ်စုချင်း မတူပေမယ့် မင်းက မင်းထက်အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို ပွတ်ကာသီကာလေး တောက်လျှောက် အနိုင်ရခဲ့တယ်လို့ ငါသတင်းတွေ ကြားထားတယ်။ ငါလည်း မင်းကို တော်တော်လေး လေးစားမိတယ်။ ဖြစ်နိုင်ရင် မင်းနဲ့ မိတ်ဆွေတောင် ဖွဲ့ချင်တာ။ ဒါပေမယ့် ဆာကျိုးချုန်က မင်းကိုသတ်ဖို့ ငါ့ကို အမိန်ပေးထားတာ ဆိုတော့ ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”

ရန်ကိုင် မျက်မှောင်သာ ကြုံ့လိုက်ပါပြီး ဘာမှ ပြန်မပြောခဲ့ချေ။

“အဲ့လိုဆိုမှတော့… စကြတာပေါ့” တိရှောင်က လက်သီးဆုပ်၍ ပြောလိုက်ပြီးပြီးချင်း နေရာမှ တစ္ဆေတစ်ကောင်ပမာ ပျောက်ကွယ်သွားခဲ့၏။

ရန်ကိုင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။

ရပ်နေရာမှ အလျင်စလို နောက်ပြန်ဆုတ်လိုက်ပြီး မီတာဒါဇင်ကျော်လောက် ဆုတ်ပြီးသွားသည်နှင့် အစစ်အမှန်ချီကို စုစည်း၍ ကြမ်းပြင်တည့်တည့်ကို ထိုးချလိုက်၏။

ဘုန်း…

သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ကြမ်းပြင်နှင့် ရန်ကိုင်လက်သီးချက် ထိမိသွားရာမှာ ထွက်ပေါ်လာသော အားလှိုင်းများသည် စင်မြင့်၏ အရံအတားကိုပင် သွားရောက် ရိုက်ခတ်ခဲ့၏။

မီတာပေါင်းများစွာ နက်သော ကျင်းကြီးတစ်ကျင်း စင်မြင့်ကြမ်းပြင်ထက် ထွက်ပေါ်လာခဲ့၏။

ထိုတွင်းပေါက်ထဲမှ အေးစက်စက် အလင်းတန်း တစ်ခုသည် လေဟာနယ်ကို ထိုးခွင်းအာ အတားအဆီး အလုံစံကို ချိုးဖျတ်ကာ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့၏။

စွက်…

သွေးပန်းတို့ ဖြာဝေထွက်သွားခဲ့ပြီး ရန်ကိုင် သွေးတစ်ပွက် အန်လိုက်ရကာ ဒယိုင်းဒယိုင်ဖြင့် နောက်သို့ ဆုတ်လိုက်ရ၏။

သူ့ရင်ဘတ်တွင် သွေးတစိမ့်စိမ့် စီးကျနေသော တောကြက်မောက်သီးအရွယ် ဒဏ်ရာတစ်ချက် ရှိနေခဲ့၏။

တိရှောင်၏ ကြောက်မက်ဖွယ် ခွန်အားကြောင့် ပွဲကြည့်စင်မှု စိတ်လှုပ်ရှားတကြီး အော်ဟစ်သံတို့ နားမခံသာအောင် ထွက်ပေါ်လာခဲ့လေ၏။

အားလုံး ဖြစ်ပျက်သွားသည်မှာ အရမ်းကိုမှ မြန်ဆန်လွန်းလှ၏။ တိရှောင်သည် ပညာရပ်တစ်ခုကို သုံး၍ အားလုံးမျက်ရှေ့၌ပင် မြေကြီးထဲသို့ ငုပ်လျှိုးသွားခဲ့၏။ ထို့နောက် လျှပ်စီးတမျှ မြန်ဆန်သော တိုက်ခိုက်မှုဖြင့် ရန်ကိုင်၏ အကာအရံကို ချိုးဖျက်၍ တစ်ဖက်လူ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့၏။

သေခြင်းရှင်ခြင်းစင်မြင့်ထက်တွင် ရန်ကိုင် တိုက်ခိုက်လာသည်မှာ တိုက်ပွဲပေါင်း (၁၀)ပွဲကျော် သွားခဲ့လေပြီ။ တိုက်ပွဲတိုင်းအား ဒဏ်ရပရပွရခဲ့ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးမှ အနိုင်ရခဲ့သော်လည်း ဤမျှ အသက်အန္တာယ်များသည့် အခိုက်အတန်မျိုး တစ်ခါမှ မကြုံတွေ့ခဲ့ရပေ။

တိုက်ပွဲသည် စရုံလေးသား ရှိသေးသာ်လည်း တစ်ဖက်လူကြောင့် သူဒဏ်ရာရသွားခဲ့လေပြီ။

ထို့ပြင် ရလိုက်သည့် ဒဏ်ရာသည် ပေါ့သေးသေး ဒဏ်ရာမဟုတ်။ ရန်ကိုင်မျက်နှာ အနည်းငယ် ဖြူလျော်နေခဲ့ပြီး အသက်ကို အမောတကော ရှူနေခဲ့ရကာ ခဏလောက် နေမှသာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်နိုင်၏။

တိရှောင်သည် နေရာမှ တစ်လက်မှပင် မရွေ့လိုက်သည့်အလား အပြုံးယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်အား စိုက်ကြည့်နေခဲ့၏။ သို့သော် သေချာ အနီးကပ်ကြည့်မည် ဆိုပါက တိရှောင် မဆိုသလောက် ကလေး မျက်မှောင်ကြုံ့နေသည်ကို မြင်တွေ့နိုင်ပေ၏။

ထိုတိုက်ခိုက်မှုဖြင့် ရန်ကိုင်ကို တစ်ခါတည်း အသေသတ်နိုင်မည်ဟု တိရှောင်ထင်နေခဲ့ခြင်းပင်။ အနည်းဆုံး မသေလျှင်ပင် ပြန်တိုက်နိုင်စွမ်း မဲ့သွားလောက်သည် အထိတော့ ဖြစ်သင့်၏။ သို့သော် အထင်နှင့်ရလဒ် နှမ်းထွက်မကိုက်ခဲ့ ဖြစ်ခဲ့ရ၏။ သူ့တိုက်ခိုက်မှုသည် ထိုလူသား ကောင်းလေအား အသေမသတ်နိုင်သည့် အပြင် ဒဏ်ရာနည်းနည်းလေး ရအောင်သာ လုပ်နိုင်ခဲ့၏။

ဒီကောင်က ထူးတော့ ထူးဆန်းသား။ လူသား ဖြစ်ပြီး သူ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် မာနေရတာလဲ မသိဘူး။ ပြီးတော့ ငါတိုက်ခိုက်လိုက်မှု အများစုကိုလည်း ချေဖျက်သွားသေးတယ် တိရှောင် တွေးလိုက်၏။

“ကြမ်းလိုက်တာ” တိရှောင်က စိတ်ထဲရှိသည့်အတိုင်း ချီးကျူးလိုက်၏ “လူသားမျိုးနွယ်ထဲမှာ မင်းလို လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး”

“မင်းလည်း မဆိုပါဘူး”

“ထပ်စမ်းကြည်တာပေါ့” တိရှောင်က နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်အား အားပြန်ဖြည့်ချိန်ပင် မပေးတော့ဘဲ လေပွေပေါင်းများစွာကို ဆင့်ခေါ်လိုက်၏။ ရုတ်တရက် များစွာသော လေပွေတို့ တိရှောင်ပတ်လည် ထွက်ပေါ်လာခဲ့ရာ သေခြင်းရှင်ခြင်း စင်မြင့်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေ၏။

ကြမ်းပြင် အက်ကွဲသွားရာမှ ထွက်ပေါ်လာသော ကျောက်စကျောက်နများသည် လေပွေထဲ လွင့်ပါသွားရာ ထိုလေပွေများသည် ယခင်ကထက်ပင် ပို၍ အန္တရာယ် များလာခဲ့လေ၏။

ထို့နောက် အရမ်းကိုမှ သိပ်သည်းလွန်းလှသော နတ်ဆိုးချီတို့ တိရှောင်ခန္ဓာကိုယ် ပေါက်ကွဲလာခဲ့ပြီး လေပွေများနှင့် ရောနှောသွားသဖြင့် လေပွေတစ်ခုလုံး အနက်ရောင်ဖြစ်သွားခဲ့၏။

မည်သည့် အချိန်ကတည်းကမှန်းမသိ အနက်ရောင် တိမ်စိုင်တိမ်လိပ်တို့သည့် သေခြင်းရှင်ခြင်းစင်မြင့်ထက် ရောက်ရှိနေခဲ့၏။

မရေမတွက်နိုင်သော လေဓါးသွားများ လေပွေ အပြင်ဘက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ပြီး မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ထိတွေ့သမျှ အရာအာလုံးကို အလွယ်တကူ ပိုင်းဖြတ်သွားခဲ့လေ၏။

ဝှီး… ဝှီး… ရွှစ်… ရွှစ်…

ချက်ချင်းဆိုသလို ထိုဓါးသွားများအားလုံး ရန်ကိုင်အား လွှမ်းခြုံသွားခဲ့ရာ ရန်ကိုင်လည်း ပြေးပေါက် ပိတ်သွားခဲ့ရလေ၏။

မာန်သွင်းအော်ဟစ်လိုက်ရာ သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်တစ်ခုလုံး ရုတ်ချည်း ပြိုကျသွားခဲ့၏။ ထို့နောက် ယန်အရည်စက်တစ်ကို ထုတ်ယူ၍ ဒိုင်းသဖွယ် ဖန်တီးကာ သူ့ခေါင်းကာ ကာထားလိုက်၏။

ခဏအကြာ၌ လေဓါးသွားများ ရန်ကိုင်အား အဘက်ဘက်မှ တရစပ် တိုက်ခိုက်လာခဲ့ရာ အစစ်အမှန် ယန်ချီဖြင့် ဖန်တီးထားသော ဒိုင်းသည်လည်း တဖြည်းဖြည်း ပျက်ယွင်းစ ပြုလာခဲ့၏။ ယခုအချိန်တွင် ရန်ကိုင်သည် မုန်းတိုင်းပယ်လယ်ထဲ ရောက်နေသော အချိန်မရွေး မြုပ်တော့မည့် လှေငယ်လေးတစ်စင်နှင့်ပင် တူနေသေး၏။ သို့သော် ရန်ကိုင်သည် လေဓါးသွား မည်မျှင်ပင် များပြားစေကာမူ ရန်ကိုင်သည် လေဒဏ် မိုးဒဏ်ကို ကြံ့ကြံ့ခံလာသော ကျောက်စိုင်တုံးကြီး တစ်ခုပမာ မားမားမတ်မတ် ရပ်နေနိုင်ဆဲ။

ထိုအခြင်းအရာကို ကြည့်ရင်း ပွဲကြည်စင်ထက်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်များ အလန့်တကြား ထအော် ကုန်ကြလေ၏။

ရန်ကိုင်သည် မသေမျိုး ပထမအဆင့်လေးသာ ဖြစ်သော်လည်း မသေမျိုး တတိယအဆင့် ဖြစ်သော တိရှောင်၏ တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့၏။ ထို့အပြင် ခုခံရာ၌ မည်သည့် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်မှ မရခဲ့သဖြင့် ပွဲကြည့်ပရိတ်သတ် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရလေ၏။

တိရှောင်သည် သာမန်နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက် မဟုတ်ချေ။ သူသည် နတ်ဆိုးဗိုလ်ချုပ် ကျိုးချုန်၏ အယုံကြည်ရဆုံးသော နောက်လိုက် များထဲမှ တစ်ယောက်ဖြစ်ပြီး နတ်ဆိုးကုန်းမြေအတွင်း သူတော်စင် အဆင့်အောက် နံပါတ်တစ်ပညာရှင်ဟုပင် အများက သတ်မှတ်ထားသူ ဖြစ်သည်။

တိရှောင်လက်ထဲ သေခဲ့သော ပညာရှင် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှပေ၏။ ထို့အပြင် တိရှောင်သည် ကျိုးချုန်၏ အနာဂတ် လက်ရွေးစင် တစ်ယောက်အဖြစ် မြေတောင်မြှောက် ပြုစုပျိုးထောင်ခြင်း ခံရသူလည်း ဖြစ်၏။ ထို့ကြောင့် တိရှောင်အား သာမန် မသေမျိုးတတိယအဆင့် ပညာရှင် တစ်ယောက်နှင့် သွားယှဉ်၍ မရချေ။

ပွဲကြည့်စင်မှပဲ တိရှောင် ထုတ်လွှတ်လိုက်သည့် စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နတ်ဆိုးမျိုးနွယ်စုဝင်များ ခံစားမိ၏။ သို့သော် ထိုစွမ်းအားသည် ရန်ကိုင် အလျင်စလို ဖန်တီးလိုက်သည့် အကာအရံကို မချိုးဖျက်နိုင် ဖြစ်ခဲ့လေသည်။

“သခင်မ၊ ဒီကောင့် အလားအလာက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ” ယုမိုက အော်ပြောလိုက်၏ “ဒါဆိုရင် သူတိုက်ခဲ့တဲ့ ပြိုင်ပွဲ(၁၂)ပွဲ စလုံးမှာ သူ့ခွန်အားကို လျှိုထားခဲ့တာပေါ့”

ရွှယ့်လီ၏ မျက်လုံး လှလှလေးများ အေးစက်သွားခဲ့ပြီး “အစစ်အမှန်ချီသက်သက်နဲ့တင် အဲ့တိုက်ခိုက်မှုကို ခုခံထားနိုင်တယ် ဆိုတော့ သူ့အစစ်အမှန်ချီရဲ့ သန်စင်သိပ်သည်းမှုက တိရှောင်အောက် မကျဘူးပဲ။ ကောင်းတယ်။ အရမ်းကောင်းတယ်”

ထိုတိုက်ပွဲကို အထူးအာရုံစိုက်ကြည့်နေသည့် ရွှယ့်လီနားမှ ကြည့်နေသူများလည်း သူတို့၏ အံ့အားသင့်မှုကို မဖုံးကွယ်၊ မကွယ်နိုင် ဖြစ်နေခဲ့၏။

အန်လင်အား တစ်ယောက်သည်သာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ရွှယ့်လီသည် ရန်ကိုင်ကို ချီးကျူးလိုက်သော်လည်း သူမ၏ လေသံထဲ အေးစက်မှုတို့ ကိန်းအောင်နေသည်ကို အန်လင်းအာ အသေအချာ သတိပြုမိ၏။

ရန်ကိုင် ပို၍ ထူးချွန်လေ ရွှယ့်လီသည် ရန်ကိုင်အား ပို၍ သတ်ချင်လေပင်။

သို့သော် ရန်ကိုင်သည်သာ တိရှောင်အား ရှုံးနိမ့်လိုက်ပါက သူသေရပေလိမ့်မည်။

ရန်ကိုင်သည် လမ်းစ နှစ်ခုရှိနေသော်လည်း နှစ်ခုစလုံးသည် ငရဲသို့သွားသည့် လမ်းများ ဖြစ်နေခဲ့၏။ သူမ ဘာဆက်လုပ်၍ လုပ်ရမှန်းမသိတော့။ သူမ၏ အတွေးအားလုံး ယောက်ယတ်ခတ်နေခဲ့လေ၏။

“စိတ်ဝင်စားစရာပဲ” သူ့တိုက်ခိုက်မှုအား ဆက်လက် ခုခံနေသည့် ရန်ကိုင်ကို ကြည့်ရင်း တိရှောင်က ရေရွတ်လိုက်၏။

လူသားတစ်ယောက်ကို သွားသတ်ရမည်ဟု သိလိုက်ရစဉ်က တာဝန်သည် အရမ်းကိုမှ လွယ်လှသည်ဟု ထင်ကာ စိတ်ပါဝင်စားခြင်း မရှိခဲ့ချေ။ သဲမြို့တော်သို့ ရောက်၍ ရန်ကိုင်၏ အောင်မြင်မှုများ အကြောင်း ကြားသိလိုက်ရပြီးသည့် အချိန်မှာသာ ထိုကဲ့သို့သော လူတစ်ယောက်နှင့် တိုက်ခိုက်ထိုက်သည်ဟု တိရှောင်တွေးခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း တိုက်ခိုက်ထိုက်သည်ဟုသာ တွေးခဲ့ခြင်း ဖြစ်ပြီး ရန်ကိုင်အား မျက်လုံးထဲ မထည့်ချေ။

သို့သော် ယခုအချိန်၌ သူ့ခေါင်းထဲရှိ ထိုအတွေး အားလုံး ပျောက်ကွယ်သွားခဲ့ရလေပြီ။ ရန်ကိုင်သည် သူနှင့် လက်ယှဉ်တူ ယှဉ်တိုက်နိုင်မှန်း သိလိုက်ရသော် တိရှောင် လုံးဝကို စိတ်လှုပ်ရှားလာခဲ့ရ၏။

တိရှောင်သည် တိုက်ခိုက်ခြင်းကို နှစ်သက်သည့် လူစားမျိုးဖြစ်ပြီး သွေးလွှမ်းတိုက်ပွဲများအား အမြဲတစေ တိုက်ခိုက်နေချင်သူ ဖြစ်သည်။ ထို့အပြင် သူ၏ အကြီးမားဆုံး ဝါသနားသည်ကား သူ့ခွန်အားအောက်၌ သူ့ပြိုင်ဘက် အသည်းအသန် ရုန်းကန်ပြီး ရှုံးနိမ့်သွားသည်ကို တစိမ့်စိမ့် ကြည့်ရခြင်းပင်။

ယခု တိရှောင်သည် ရန်ကိုင်အား အစစ်အမှန် ပြိုင်ဘက်တစ်ယောက်အဖြစ် စတင် သဘောထားလာ ခဲ့လေပြီ။

သူ့ကိုယ်မှ ထွက်ပေါ်နေသော နတ်ဆိုးချီတို့သည် ချက်ချင်းဆိုသလို ပို၍ တိုးများလာခဲ့၏။ သူ့ပတ်လည်တွင် ရှိနေသော လေပွေများသည် အနက်ရောင်နဂါးများ ပမာ အတူတကွ ပေါင်းစပ်သွားခဲ့ကြပြီး ဧရာမလေပွေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားကာ သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံးကို ဝါးမြိုသွားခဲ့၏။

လေပွေ၏ အဖျက်စွမ်းအားကြောင့် စင်မြင့်ကို ကာရံထားသည့် အရံအတားများ၏ မျက်နှာပြင်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့၏။

သို့သော် အရံအတားများသည် ရွှယ့်လီကိုယ်တိုင် စီမံတည်ဆောက်ထားခြင်း ဖြစ်လေရာ တိရှောင်၏ ခွန်အားဖြင့် မည်သို့မှ ဖျက်စီးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပွဲကြည့်ပရိတ်သများသည် တိုက်ပွဲ အပေါ်တွင်သာ အပြည့်အဝ စိတ်နှစ်ထားခဲ့ကြ၏။

ယခုအချိန်၌ ရန်ကိုင် တစ်ကိုယ်လုံးအား လေးဓါးသွား၊ လေပွေများဖြင့် ဖုံးလွှမ်းနေခဲ့လေပြီ။

လေဓါးသွားများသည် အစီအတန်း ပွင့်ရီနေသော ကြာပန်းလေးများ ကျဆင်းလာသည့်ပမာ ကြောက်မက်ဖွယ် အရေအတွက်ဖြင့် ရန်ကိုင်ကိုယ်အား အပိုင်းပိုင်းအစစ ခုတ်ပိုင်းပစ်ရန် ကြိုးစားနေခဲ့၏။

ပြေးပေါက်မရှိသလို ထိုလေဓါးများအား ရှောင်ရှားရန်လည်း မဖြစ်နိုင်ချေ။

ရန်ကိုင် စိုးရိမ်လာခဲ့၏။

ခရက်…

တိုက်ခိုက်မှုများကို ဆက်လက် မတောင့်ခံ နိုင်တောသည့် အဆုံး အစစ်အမှန်ယန်ချီဖြင့် ဖန်တီးထားသော ဒိုင်းကာ တစ်စစီ ပြိုကွဲ ပျက်စီးသွားခဲ့ရလေ၏။

အရံအတား မရှိတော့သဖြင့် မရေမတွက်နိုင်သော လေဓါးသွားများ၏ ပိုင်းဖြတ်ခြင်း ခံရကာ တစ်ခဏအတွင်း သူ့တစ်ကိုယ်လုံး မရေမတွက်နိုင်သော ဖြတ်ရှရာများဖြင့် ပြည့်သွားခဲ့၏။

တိရှောင်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ရင်း ရန်ကိုင်အား သေလူတစ်ယောက်ပမာ စိုက်ကြည့်နေခဲ့၏။

သို့သော် ဆက်ဖြစ်လာသည့် အရာကောင့် တိရှောင် မျက်နှာထက်ရှိ အပြုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရ၏။

သေသွားခဲ့သင့်သော ရန်ကိုင်သည် သေသွားခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်း ပြန်မတ်လိုက်၏။ ထို့နောက် မိစ္ဆာပြုံးပြုံးလျက် တိယောင်အား စိုက်ကြည့်ရင်း ငရဲကိုးထပ်မှ ထွက်ပေါ်လာသော သွေးပျက် ချောက်ချားစရာ ကောင်းသည့် အသံကြီးဖြင့် အော်ဟစ်ရယ်မောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၅) အစစ်အမှန်သေခြင်းရှင်ခြင်းတိုက်ပွဲကြီး

လှောင်ပြုံးပြုံးလျက် ရန်ကိုင်သည် စုတ်ပြဲနေသော သူ့အင်္ကျီကို ချွတ်ပစ်လိုက်၏။ ထို့နောက် အပေါ်ပိုင်း ဗလာနှင့် ရန်ကိုင်သည် မဟာကျောက်တောင်ကြီး တစ်တောင်ပမာ လေဓါးသွားများကြား မလှုပ်မယှတ် ရပ်နေခဲ့၏။

“ရှောင်းရင်း၊ မင်းခွန်အားက ဒီလောက်ပဲလား”

ရန်ကိုင် စကားကြောင့် ပွဲကြည့်စဉ်တစ်ခုလုံး ကျွတ်ကျွတ်ညံတက်သွား၏။

နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး လုံးဝကို ထိတ်လန့် အံ့အားသင့်နေခဲ့ကြရလေပြီ။

ယခုတစ်ကြိမ်တွင် တိရှောင်ကိုယ်တိုင် လှုပ်ရှားလာပြီ ဖြစ်သဖြင့် မျက်နှာဖုံးစွပ်လူသား မာလကီးယား ဂျောင်းရတော့မည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူတို့ အထင်နှင့် တကယ့်ရလဒ်သည် တက်တက်စင်အောင် လွဲမှားနေခဲ့လေရာ အကုန်လုံး အံ့အားမသင့်ဘဲ နေမည်လော။

လေဓါးသွားများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်း ခံနေရသည့်တိုင် ရန်ကိုင်သည် အပေါ်ယံ ဖြတ်ရာ၊ ရှရာ စသော ဒဏ်ရာများသာ ရခဲ့၏။ ရန်ကိုင်၏ အားကောင်းလှသော ခန္ဓာကိုယ်ကို ကြည့်ရင်း နတ်ဆိုးမျိုးနွယ်စုဝင်များ ကြက်သေသေနေခဲ့ကြ၏။

ရန်ကိုင်၏ ရန်စမှုကြောင့် တိယောင် မျက်နှာ သံပုရာသီးကိုက်လိုက်ရသည့်ပမာ မဲ့ရွဲ့သွားခဲ့ပြီး မှုန်ကုတ်ကုတ် ပြုံးလျက် “မိုးကောင်းကင် ဘယ်လောက် မြင့်လဲ မသိသေးတဲ့ကောင်ပဲ။ မင်းဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ငါကြည့်ချင်သေးတယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းနေသော လေပွေကြီးသည် အတွင်းဘက်သို့ တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့၏။

လေပွေကျုံ့လာသည်နှင့် ရန်ကိုင် ရသော ဒဏ်ရာအရေအတွက်သည်လည်း တဖြည်းဖြည်း များလာခဲ့၏။

ဒေါသထွက်နေသော နဂါးနက်တစ်ကောင်ပမာ ၎င်းသည် ရန်ကိုင်အား ခုတ်ပိုင်းတိုက်ခိုက်နေခဲ့သည်။

“အစစ်အမှန်ချီကို ပုံသွင်းတာလောက်တော့ ငါလည်း လုပ်တတ်တာပေါ့” ပြောပြီးသည်နှင့် နဂါဟိန်းသံနှင့်အတူ ဧရာမနဂါးကြီးတစ်ကောင် ရန်ကိုင်ဦးခေါင်းထက် ထွက်ပေါ်လာခဲ့၏။

တလက်လက် တောပ်နေသော ရွှေရောင် အလင်းတန်းများသည် အနက်ရောင် လေများကို ဖြတ်ပိုင်း၍ လောကတစ်ခွင် အလင်း ဆောင်ယူခဲ့လေပြီ။

ခန္ဓာကိုယ် အပြည့်အဝ ဖြစ်တည်သွားသည်နှင့် တစ်ပြိုင်နက် ရွှေရောင်နဂါးသည် အနက်ရောင် လေပွေတစ်ဖြစ်လဲ အနက်ရောင်နဂါးဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းသွားလိုက်၏။

ရွှေရောင်နှင့် အနက်ရောင်ရောယှတ်နေသော မုန်တိုင်းဝဲကတော့ကြောင့် သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေပြီ။

ရွှေရောင်နဂါးကို သူ့ကျောထက်တွင် ရှိနေသော တက်တူးမှတစ်ဆင့် ရန်ကိုင် ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။ ယခင်က မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားချိန် ၌သာ နဂါးကို ဆင့်ခေါ်နိုင်သော်လည်း ရေခဲဂိုဏ်းသို့ ရောက်ပြီး စုယန်နှင့် ဝိဥာဉ်ချင်းပေါင်းစပ်ပြီးသည့် အချိန်မှစ၍ ပုံမှန်အခြေအနေမျိုး၌ပင် ထိုနဂါးကို ရန်ကိုင် ဆင့်ခေါ်လာနိုင်၏။ ထို့အပြင် ရွှေရောင်နဂါးသည် ရန်ကိုင်၏ ဝိဥာဉ်နှင့် ဆက်စပ်နေခြင်း ဖြစ်သည့်အတွက် ရန်ကိုင်သည် ၎င်းအား စိတ်ရှိတိုင်း ထိန်းချုပ်နိုင်ပေ၏။

နဂါးနှစ်ကောင် တိုက်ခိုက်နေသော မြင်ကွင်းသည် လွန်စွာကိုမှ ရင်သက်ရှုမောဖွယ် ကောင်းလှပေ၏။

အားလုံးသည် သေခြင်းရှင်ခြင်းစင်မြင့်ထက်ရှိ နဂါးနှစ်ကောင် တိုက်ခိုက်နေသော မြင်ကွင်းအား မျက်တောင် မခတ်တမ်း စိတ်ဝင်စားမှုအပြည့်ဖြင့် စူးစိုက်ကြည့်နေခဲ့ကြ၏။

အုန်း… ဘုန်း… အုန်း… ဘုန်း…

မီးတောင်များ ပေါက်ကွဲနေသည့်ပမာ နားပင်မတတ် ပေါက်ကွဲသံများနှင့်အတူ နဂါးနှစ်ကောင်လုံးထွေး သတ်ပုတ်နေခဲ့ကြ၏။ အချိန်ကြာလာသော် ရွှေရောင် နဂါးသည် အထက်စီးသို့ ရောက်လာပြီး အနက်ရောင်နဂါး၏ အရောင်အဝါသည် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့ရ၏။

အစစ်အမှန်ယန်ချီသည် နတ်ဆိုးချီ၏ ထာဝရ အိမ်မက်ဆိုးပင် ဖြစ်လေရာ ရွှေရောင်နဂါးမှ ဖြာထွက်နေသော အရှိန်အဝါသည် ရှိနေသူ နတ်ဆိုးမျိုးနွယ်စုဝင်တိုင်းကို စိတ်မသက်မသာ ဖြစ်စေ၏။

ရုတ်တရက် အော်ဟစ်သံနှစ်သံနှင့်အတူ စင့်မြင်ပေါ်တွင် ရပ်နေသော လူနှစ်ယောက် စတင် တိုက်ခိုက်လိုက်ကြ၏။ အားလုံး၏အာရုံသည် နဂါးနှစ်ကောင် တိုက်ပွဲသို့ ရောက်နေစဉ် ရန်ကိုင်နှင့် တိရှောင်ကြားမှ တိုက်ပွဲသည် နောက်တစ်ကြိမ် ထပ်မံ စတင်ခဲ့လေပြီ။

သေခြင်းရှင်ခြင်းစင်မြင့် တစ်ခုလုံး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့၏။ ရန်ကိုင်နှင့် တိရှောင်တို့ လူချင်း ပြန်ခွဲလိုက်ပြီးနောက် ရန်ကိုင်က သူ့ရင်ဘတ်အား လက်ဖြင့် သုတ်ချလိုက်၏။

ယခုအချိန်တွင် ရန်ကိုင် တစ်ကိုယ်လုံး အရမ်းကိုမှ နာကျင်နေခဲ့ရ၏။ တိရှောင်နှင့် အသက်ရှူကြိမ် အနည်းငယ်စာသာ တိုက်ခိုက်ခဲ့သော်လည်း သူ့တစ်ကိုယ်လုံးအား ထောင်ပေါင်းများစွာသော တိုက်ခိုက်မှုများက ထိုးဖောက်သွားသလို ခံစားနေခဲ့ရ၏။ လက်ရှိတွင် သူ့ရင်ဘတ်နှင့် လက်မောင်း နှစ်ဖက်စလုံး မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေခဲ့လေပြီ။

ကျိုးချုန် တိရှောင်ကို တန်ဖိုးထားသည်မှာလည်း အဆန်းမဟုတ်တော့။ မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်နှင့်အညီ တိရှောင်သည် သာမန်ထက် ထူးကဲသော တိုက်ပွဲအသိစိတ်နှင့် အတွေ့အကြုံကို ပိုင်ဆိုင်ထား၏။

ရန်ကိုင် တစ်ကိုယ်လုံး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော်လည်း တိယောင်သည်၏ လက်ရှိ အခြေအနေသည်လည်း ရန်ကိုင်အောက် မလျော့ချေ။

တိရှောင်၏ ပခုံးတစ်ဖျက် ဆုတ်ဖြဲထားခြင်း ခံရကာ အသားဖတ်ကြီးတစ်ဖတ် ပျောက်နေခဲ့၏။ သွေးစိမ်း ရှင်ရှင်တို့ သူ့ပခုံးမှ တရဟော စီးကျနေခဲ့ပြီး သူ့မျက်နှာသည်လည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့၏။

ယခုအချိန်၌ သေခြင်းရှင်ခြင်းစင်မြင့်တစ်ခုလုံး သွေရောင်ရဲနေခဲ့လေပြ။ ပြိုင်ဘက်နှစ်ယောက်သည် အမောတကော အသက်ရှူရင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့၏။ လက်ရှိအချိန်၌ နှစ်ယောက်စလုံး၏ စိတ်ထဲ အခြား မည်သည့် အတွေးမှ ရှိမနေခဲ့။ သူတို့ရှေ့တွင် ရပ်နေသော ပြိုင်ဘက်ကိုသာ အမဲဖျက်လိုစိတ်တို့ ကြီးစိုးနေခဲ့၏။

ရန်ကိုင် ဝမ်းဗိုက်မှ စီးကျနေသော သွေဂများကို မြင်လိုက်သည့်အခိုက် ပျင်းရိပျင်းတွဲဖြင့် ထိုင်ခုံပေါ်တွင် တစ်ချိန်လုံး ထိုင်နေသော ရွှယ့်လီ… ရုတ်တရက် ထခုန်လိုက်၏။ သူမ၏ မျက်ခမ်းလေးများ တဆတ်ဆတ် တုန်ရင်နေခဲ့ပြီး မယုံကြည်နိုင်မှု အပြည့်ဖြင့် ရန်ကိုင် ဝမ်းဗိုက်နေရာကို စိုက်ကြည့်နေခဲ့၏။

“သခင်မ…” သူ့သခင်မ၏ ထူးဆန်းသော အပြုအမူကြောင့် ယုမိုလည်း ခေါင်းရှုပ်သွားခဲ့၏။

ရွှယ်လီ မျက်ခုံးကြောတို့ ပူးကပ်မကပ် တွန့်ကွေးသွားခဲ့ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူ၍ ထိုင်ခုံပေါ် ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်၏။

ရွှယ့်လီ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်သွားမှန်း ယုမို နားမလည်နိုင် ဖြစ်နေခဲ့၏။ ရန်ကိုင် ပြဿခဲ့သည့် စွမ်းဆောင်ရည်သည် အားလုံး၏ အထင်အမြင်ကို အပြတ်အသတ် ကျော်လွန်နေသာ်ငြား ရွှယ့်လီအနေဖြင့် ထိုကဲ့သို့ လွန်လွန်ကဲကဲ ပြုမူစရာ မလိုချေ။

သခင်မ ဘာကို ရှာတွေ့လိုက်တာလဲ စဉ်းစား ကြည့်လိုက်သော်လည်း အဖြေရှာမရသဖြင့် တိုက်ပွဲကိုသာ ပြန်အာရုံစိုက်လိုက်၏။

သတ်ဖြတ်လိုစိတ်တို့သည် လှိုင်းလုံးများပမာ ဖြာထွက်နေလေရာ စင်ပေါ်တွင် ရှိနေသူများပင် ထိုသိပ်သည်းလှသော သတ်ဖြတ်လိုစိတ်ကို ခံစားမိ၏။

ယခုအချိန်တွင် တိရှောင်နှင့် ရန်ကိုင်သည် လက်ရည် ညီနေလေရာ နောက်ဆုံးရလဒ်အား မည်သူမျှ ကြိုတင် မခန့်မှန်းနိုင် ဖြစ်နေခဲ့လေပြီ။

တိရှောင်ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနက်ရောင် နတ်ဆိုးချီများသည် သူ့ကိုယ်ပတ်လည်၌ နက်မှောင်သော စွမ်းအင်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်လေ၏။

တစ်ဖက်တွင်မူ ရန်ကိုင်သည် နေအသေးစားလေး တစ်စင်းပမာ အစစ်အမှန်ယန်ချီများကို အဆက်မပြတ် ထုတ်လွှတ်လျက် တိရှောင်၏ နတ်ဆိုးချီ တိုက်ခိုက်မှု များကို တားဆီးပိတ်ဆို့နေခဲ့၏။ နှစ်ဖက်စလုံးသည် တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နိုင်ရန် ပိုင်ဆိုင်ရာ၊ ကျွမ်းကျင်ရာ ပညာရပ်မျိုးစုံကို အိတ်သွန်ဖာမှောက် အသုံးပြုတိုက်ခိုက်နေခဲ့ကြ၏။

တိုက်ခိုက်သံများကြောင့် နားပင်းမတတ် ကျယ်လှောင်လှသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့၏။

ကြောက်မခန်းလိလိ ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်လိုစိတ်သည် သတ်ဖြတ်ရန်သာ သိတော့သာ ရန်ကိုင်ဆီမှ ပေါက်ကွဲထွက်လာခဲ့၏။ ကောင်းကင်ယံ ထိတိုင် ထိုးတက်သွားခဲ့ပြီး အရာအားလုံးကို မေ့လျော့သွားခဲ့ကာ သူ့ရှေတွင် ရှိနေသော ရန်သူအား သတ်ဖြတ်ရန်သာ သိတော့၏။

အစစ်အမှန်ချီတို့ ရူးလောက်ဖွယ် ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့ပြီး တစ်ဖက်လူ၏ နတ်ဆိုးချီကို ရုတ်ချည်း ဖိနှိပ်ပစ်လိုက်၏။

တိရှောင် အမူအရာ ပျက်ယွင်းသွားခဲ့ပြီး နည်းနည်းမျှပင် တွေဝေမနေဘဲ ရန်ကိုင်ဆီသို့ ပြေးသွားကာ သူ့ခေါင်းကို ရိုက်ချလိုက်၏။

လက်ဝါးချက်မှ ထွက်ပေါ်လာသော အားကြောင့် ကြမ်းပြင်တစ်ပြင်လုံး ကျိုးကြေသွားခဲ့၏။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရန်ကိုင်သည် တိရှောင်၏ တိုက်ခိုက်မှုကို သူ့လက်ဝါးချက်ဖြင့် တန်ပြန် တိုက်ခိုက်လိုက်နိုင်၏။

ဘာကိုမှ စဉ်းစားမနေတော့ဘဲ သေခြင်းရှင်ခြင်း စင်မြင့်ထက်ရှိ တိုက်ခိုက်ရေးသမားနျစ်ယောက်သည် သူတို့၏ ခွန်အားအကုန်အစင်ကို ထုတ်သုံးကာ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

တိရှောင်၏ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အဆင့်သေး နှစ်ဆင့် ပိုမြင့်နေသော်ငြား သူ့နတ်ဆိုးချီသည် ရန်ကိုင့် အစစ်အမှန်ယန်ချီ၏ ဖိနှိပ်ခြင်း ခံနေရရာ သူ့ခွန်အား စုစုပေါင်း၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်သုံးနိုင်လေရာ တိယောင်မှာ အတော့်ကိုမှ စိတ်ချဉ်ပေါက်နေခဲ့၏။

တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဘေးပတ်လည်ရှိ မိုးမြေစွမ်းအင်သည်လည်း ပရမ်းပတာ ဖြစ်လာခဲ့လေ၏။

ပရမ်းပတာ ဖြစ်လာသော မိုးမြေစွမ်းအင်များကြောင့် ပွဲကြည့်ပရိတ်သတ်များသည် ရန်ကိုင်နှင့် တိရှောင်၏ ဝေဝါးဝါး ပုံရိပ်ကိုသာ မြင်နိုင်တော့ရာ လက်ရှိ အခြေအနေအမှန်ကို မသုံးသပ်၊ မဆုံးဖြတ်နိုင် ဖြစ်နေခဲ့လေ၏။

ဤသည်ကား အစစ်အမှန် သေခြင်းရှင်ခြင်း တိုက်ပွဲကြီးပင် ဖြစ်လေသည်။

ဒဏ်ရာများမှ စီးကျလာသော သွေးများသည် ကျိုးကြေနေသော ကြမ်းပြင်အက်ကြောင်းများပေါ် အဆက်မပြတ် ဖိတ်ဖြာကျနေခဲ့သလို နားပင်မတတ် ပေါက်ကွဲသံတို့သည်လည်း အဆက်မပြတ် မြည်ဟည်း နေခဲ့၏။ အရာအားလုံးကို မေ့လျော့ပြီး စိတ်ရှိတိုင်း ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေကြသော ရန်ကိုင်နှင့် တိရှောင်ကို ကြည့်ရင်း ပွဲကြည့်ပရိတ်သတ်တို့ ပို၍ ရင်ခုန်စိတ်လှုပ်ရှားလာခဲ့ကြ၏။

တိရှောင်သည် နတ်ဆိုးမျိုးနွယ်စု၏ အမျိုးမျိုးသော သိုင်းပညာရပ်များကို အသုံးပြုနေနိုင်သော်ငြား ရန်ကိုင်သည် တိရှောင်၏ ခံစစ်ကို ချိုးဖောက်ရန် အစစ်အမှန် ယန်အရည်စက်ကိုသာ အားကိုးနေခဲ့ရ၏။

မည်သူမှ မသိလိုက်ခင်မှာပင် စင်မြင့်တစ်ခုလုံး ပျက်စီးသွားခဲ့လေပြီ။

သေခြင်းရှင်ခြင်းစင်မြင့် ပျက်စီးရလောက်သည်အထိ ပြင်းထန်သော တိုက်ပွဲမျိုး သမိုင်းကြောင်းတစ်လျှောက် မရှိဖူးခဲ့။ ထိုပြင်းထန်လှသော တိုက်ပွဲကိုကြည့်ရင်း နတ်ဆိုးမျိုးနွယ်စုဝင်များ သွေးများပင် ဆူပွက်လာခဲ့ကြ၏။

သူအထင်သေး နှိမ့်ချခဲ့ပြီး အလွယ်တကူ အနိုင်ရမည်ဟု ထင်ခဲ့သော လူသားကောင်လေးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ရာ တိုက်ပွဲချိန် ကြာမြင့်လာသည်နှင့် တိရှောင် ပိုပို၍ ထိတ်လန့် လာခဲ့ရ၏။

သူ၏ အသေသတ်တိုက်ကွက်များသည် ရန်ကိုင် ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များပမာ ရွာကျ နေသော်လည်း တစ်ဖက်အား သေလောက်သည့် ဒဏ်ရာရသွားအောင် မစွမ်းနိုင်ခဲ့၏။ သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်သည် သူတိုက်ခိုက်ခဲ့ဖူးသော လူသားများ၏ ခန္ဓာကိုယ်နှင့် မတူဘဲ သံမဏိတုံးကြီးနှင့် တိုက်ခိုက်နေရသလို တိရှောင် ခံစားနေခဲ့ရ၏။

သို့‌သော် တိရှောင်ကို အထိတ်လန့်စေဆုံးသော အရာသည်ကား ရန်ကိုင်၏ အကြမ်းခံနိုင်စွမ်းပင်။

သူ့တိုက်ခိုက်မှုတိုင်းထဲ ခွန်အား အကုန်အစင်ကို ထုတ်သုံး၍ တိုက်ခိုက်ခြင်း ဖြစ်လေရာ တိုက်ပွဲ ရှည်ကြာလာသည်နှင့် တိရှောင်လည်း မောပန်း သက်လုံကျလာခဲ့၏။

သို့သော် ထိုလူသားကောင်လေးသည် တိုက်ပွဲချိန် ကြာလာသည်နှင့် သူ့တိုက်ခိုက်နိုင်စွမ်း လျော့ကျသွားခြင်း မရှိသည့်အပြင် ပိုပို၍ပင် ကြမ်းတမ်းလာနေခဲ့၏။

ထို့အပြင် ရန်ကိုင် ဒဏ်ရာရသွားလေ သူ့တိုက်ခိုက်မှုများသည် ပို၍ ရက်စက်ကြမ်းတမ်း လာလေပင်။ နာကျင်မှုသည် သူ့အတွက် အားဆေး တစ်ခွက်ပေလား… တိရှောင် မသဲကွဲတော့။

သို့သော် ခဏအကြာ၌ သူ့အား အမှန်တကယ် ထိတ်လန့်စေသော အရာတစ်ခုကို တိရှောင် မြင်တွေ့လိုက်ရ၏။

ရန်ကိုင် ကိုယ်ထက်ရှိ ဒဏ်ရာများသည် သာမန် မျက်စိဖြင့်ပင် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည် သက်သာကောင်းမွန်း လာနေခဲ့၏။ ခဏအကြာတွင် လေဓါးသွားများကြောင့် ရထားသော ဒဏ်ရာဒဏ်ချက်များ အားလုံး ပျောက်ကင်းသွားခဲ့လေပြီ။

ဒီကောင်မှာ အလိုလို ကောင်းမွန်နိုင်စွမ်း ရှိနေတာလား

ရန်ကိုင် ဆေးသောက်လိုက်သည်ကို တိရှောင် မမြင်။ ထို့အပြင် တိုက်ပွဲတွင် တဒင်္ဂလောက် အာရုံ လစ်ဟင်းသွားသည်နှင့် အသက်ပျောက်သွားနိုင်ရာ ထိုကဲ့သို့ လုပ်ချိန်မရှိ။

ပထမဆုံးအကြိမ်ဖြစ် ထိုကဲ့သို့ ထူးဆန်းသော လူတစ်ယောက်ကို တိရှောင် တွေ့ခဲ့လေပြီ။ ထိုသူသည် ကောင်းချီးပေးသားတော် ဆိုသူများနှင့် ယှဉ်ပြိုင်နိုင်ရုံမက ထိုလူများထက် အပြတ်အသတ်ပင် သာလွန်နေသေး၏။

ထိုတွေ့ရှိမှုကြောင့် တိရှောင်၏ မာန ထိခိုက်သွားခဲ့ရာ ပို၍ စိတ်ချဉ်ပေါက်သွားခဲ့ရ၏။

သူသည် နတ်ဆိုးမျိုးနွယ်စုဝင်များအကြား လက်ရွေးစင် တစ်ယောက်ဖြစ်၏။ အသက်(၈၀)၌ပင် မသေမျိုး တတိယအဆင့်သို့ ရောက်ခဲ့ပြီး အသက် (၁၀၀) မပြည့်ခင် သူတော်စင်အဆင့်သို့ ဝင်ရောက်ရန် မျှော်မှန်းထားသူလည်း ဖြစ်၏။

အသက်(၁၀၀)အရွယ် သူတော်စင်တစ်ယောက် ဆိုသည်မှု တုန်းရွှမ်လောကကြီးတွင်ပင် အရမ်းကိုမှ ရှားပါလှ၏။

တုန်းရွှမ်လောကကြီးရှိ မဟာအင်အားစုများသည် ၎င်းတို့၏ လက်ရွေးစင်တပည့်များကို အသက်ငယ်ငယ်နှင့် မသေမျိုးအဆင့်သို့ ရောက်အောင် ပြုစုပျိုးထောင် ပေးနိုင်ကြ၏။ သို့သော် ထိုအဆင့်သို့ ရောက်သွားသည်နှင့် ထိုလက်ရွေးစင်တပည့်များ၏ တိုးတက်နှုန်း သိသိသာသာ ကျဆင်းသွားခဲ့ပြီး အသက်(၁၀၀)ကျော်မှသာ သူတော်စင်များ ဖြစ်လာနိုင်ကြတော့လေ၏။

သို့သော် သူဆိုသော တိရှောင်သည် အသက်(၁၀၀) မတိုင်ခိုင် သူတော်စင်အဆင့်သို့ ရောက်နိုင်သော အလားအလာကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ကျိုးချုန်သည် သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားပြီး ကောင်းပေ့လှပေ့ဆိုသော အရင်းအမြစ်များ သုံးစွဲ၍ သူ့အား ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအချက်နှင့် ပက်သက်ပြီး တိရှောင် အမြဲ ဂုဏ်ယူဝံ့ကြွားခဲ့၏။ တစ်နေ့ကျ နတ်ဆိုးဗိုလ်ချုပ်ကြီး အောက် အားအကောင်းဆုံးသော ပညာရှင်၊ သို့ နတ်ဆိုးဗိုလ်ချုပ်ထက်ပင် ပိုမိုအားကောင်းသော ပညာရှင် တစ်ယောက် ဖြစ်လာနိုင်မည်ဟု ရည်မှန်းထားသူ ဖြစ်သည်။

သို့သော်လည်း ယခုတိုက်ပွဲကြောင့် သူ့မာနတို့ အစိတ်စိတ် ကျိုးကြေပျက်စီးသွားခဲ့ရလေပြီ။ ကျိုးချဲ ပြောသည်သာ အမှန်ဆိုပါက ထိုလူသားကောင်လေး၏ အသက်သည် ယခုမှ (၂၅)၊ (၂၆)နှစ်သာ ရှိပေဦးမည်။

သူကြိုးစား ကျင့်ကြံလာခဲ့ရသမျှ အားလုံး အချည်းပေပဲလား။

All Chapters