← Chapters

အခန်း (၇၈၆-၇၉၀)

Vol. 32 Ch. 786-790

အခန်း (၇၈၆-၇၉၀)

Vol. 32 Ch. 786-790

အပိုင်း (၇၈၆) နောက်ဆုံးရလဒ်

ပညာရှင်များ တိုက်ခိုက်ကြသည့်အခါ ထိုတိုက်ပွဲသည် သိုင်းပညာရပ်များကြားမှ တိုက်ပွဲတစ်ခုသာ ဖြစ်ရုံမက မည်သူက စိတ်စွမ်းအား ပိုအားကောင်းသလဲ ပြိုင်သည့် ပွဲတစ်ပွဲလည်း ဖြစ်၏။

တိရှောင် စိတ်ဂနာမငြိမ် ဖြစ်လာသည်နှင့် တိုက်ပွဲ၏ မျှခြေ ကျိုးပျက်သွားခဲ့ပြီး ရန်ကိုင်က အထက်စီးသို့ ချက်ချင်း ရောက်ရှိသွားခဲ့၏။

တိရှောင် အောက်စည်းသို့ ရောက်သွားမှန်းကို ပွဲကြည့်ပရိတ်သတ်များလည်း မြင်တွေ့လိုက်ကြ၏။ ယခင်က သေခြင်းရှင်ခြင်းစင်မြင့်ကို ဖုံးလွှမ်းနေသော ရွှေရောင်နှင့် အနက်ရောင် အရှိန်အဝါသည် မျှခြေ အခြေအနေတွင် ရှိနေခဲ့သော်လည်း တိရှောင် ပိုင်ဆိုင်သည့် နတ်ဆိုးချီသည် ရုတ်တရက် အားပျော့သွားခဲ့ပြီး ရွှေရောင် အရှိန်အဝါတို့က တိုက်ပွဲကွင်းပြင်ထက် တလက်လက် ထွန်းလင်း တောက်ပလာခဲ့၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အကုန်လုံး ဖင်ဂနာမငြိမ်နိုင်တော့ချေ။

“မဖြစ်နိုင်ဘူး။ ဒီကောင်က တိရှောင်ကိုတောင် အနိုင်ယူနိုင်တာလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တိရှောင်က မသေမျိုး တတိယအဆင့်လေ။ သူ့ထက် နှစ်ဆင့်တောင် ပိုမြင့်နေတာကို”

“တိရှောင်သာ ရှုံးသွားရင်တော့ ငါတို့ နတ်ဆိုးမျိုးနွယ်စု မျက်နှာပျက်ပြီပဲ”

“ဒီ… ဒီကောင်က လူရော ဟုတ်သေးရဲ့လား။ မသေမျိုးပထမအဆင့်တည်းနဲ့ မသေမျိုး တတိယအဆင့်ကို အနိုင်ယူနိုင်နေမှတော့ သူသာ သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင်… ဟူး… မတွေးရဲစရာပဲ”

ကျိုးချုန် လွှတ်လိုက်သည့် ဖုန်းပေါင်ပင်လျှင် မျက်နှာ ချီးမှန်ထားသည့် ရုပ်ဖြင့် မျက်မှောင်ကျုံ့လျက် တိုက်ပွဲအား စူးစိုက်ကြည့်နေခဲ့၏။

ရွှယ့်လီသည်လည်း ခါးလေးကိုကိုင်း၊ သေခြင်းရှင်းခြင်း စင်မြင့်အတွင်းပိုင်းထဲသို့ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ကာ တိုက်ပွဲအခြေအနေကို အသေအချာ စစ်ဆေးနေခဲ့၏။

သူမလုပ်နေသည်ကို မည်သူမှ မသိချေ။ အရံအတားကို တည်ဆောက်ခဲ့သူသည် သူမကိုယ်တိုင် ဖြစ်နေသည့်အတွက် အရံအတားအကြာင်းကို သူမ အသိဆုံးပင်။ အရံအတားကို တည်ဆောက်ခဲ့ခြင်း၏ ရည်ရွယ်ချက်သည် လောင်းကစားသမားများ ပြိုင်ပွဲအား နှောင့်ယှတ်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ အားကောင်းသော ကောင်းကင်စိတ်အာရုံ ပိုင်ဆိုင်ထားသည့် ထိပ်တန်းအဆင့် ပညာရှင်များပင် စင်မြင့်အတွင်းရှိ အသေးစိတ်အခြေအနေကို မသိနိုင်ချေ။

တိုက်ပွဲသည် ဤကဲ့သို့ ပြောင်းလဲသွားမည်ဟု သူမလည်း မထင်ထားခဲ့ပေ။ အန်လင်းအာ၏ အပြုအမူအရ သဲလွန်စအချို့ ဖမ်းဆုပ်နိုင်ခဲ့လျှင်ပင် ရန်ကိုင် နိုင်လိမ့်မည်ဟု ရွှယ့်လီ အတပ်မပြောရဲခဲ့ပေ။ တကယ်တော့ တိရှောင်သည် ရန်ကိုင်ထက် အဆင့်သေး နှစ်ဆင့်ပင် ပိုမြင့်ကာ သူတော်စင်အဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည် မဟုတ်ပေလော။

တိုက်ပွဲသည် သူမ မျှော်လင့်ထားသည်ထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေခဲ့၏။

တိုက်ပွဲကို ကြည့်နေစဉ်အတွင်း ရွှယ့်လီ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်တို့ နေရာ၌ နားမလည်နိုင်သည့် အရိပ်အယောင်တို့က အစားထိုး ဝင်ရောက်လာခဲ့၏။

မိုးချိန်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ တစ်ချိန်ကုန် လုံးထွေးနေကြသော ရွှေရောင်နှင့် အနက်ရောင်စွမ်းအင်တို့ ရုတ်ချည်း ခွဲထွက်သွားခဲ့ကြပြီး ပုံရိပ်နှစ်ခုသည်လည်း အသီးသီး နောက်ပြန်ဆုတ်လိုက် ကြကာ တစ်ယောက်နှင့်တစ်ယောက် မီတာဒါဇင်ကျော် အကွာအဝေး၌ ရပ်တန့်လိုက်ကြ၏။

ဖုန်အလိပ်လိပ် ထနေခဲ့ပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးသည်လည်း အပျက်အစီးပုံကြီး ဖြစ်နေခဲ့၏။ ပွဲကြည့်စင်မြင့် တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး အကုန်လုံးသည် အသင့်ပင် မရှုဝံ့တော့ဘဲ မည်သူက နောက်ဆုံးအောင်နိုင်သူ ဖြစ်မည်ဆိုသည်ကို ရင်တဒိတ်ဒိတ်နှင့် စောင့်မျှော်နေခဲ့ကြ၏။

ဖုန်များ တဖြည်းဖြည်း ရှင်းလင်းသွားသည့်အခါ ပြိုင်ပွဲဝင်နှစ်ယောက်ကို အားလုံး မြင်တွေ့လိုက်ရ၏။

သို့သော် မြင်လိုက်သည့် မြင်ကွင်းကြောင့် အကုန်လုံး သက်ပြင်းရှိုက်လိုက်မိကြ၏။

တိရှောင်တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပြီး အကောင်းအတိုင်း ရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆို၍ မရှိတော့လုနီးပါးပင်။ အရေပြားတစ်ပြင်လုံး မီကျွမ်းထားခံရပြီး လက်ဝါးရာ၊ လက်သီးရာ… စသည်တို့ကို သူ့ကိုယ်အနှံ့ မြင်တွေ့နေခဲ့ရ၏။

ကျိုးချုန်၏ လက်ရွေးစင် လက်အောက်ငယ်သားသည် အားအင်ကုန်ခမ်း မောပန်းနေသည့် ပုံပင်။ အမောတကော အသက်ရှူနေသည့် သူ့ပုံစံကို ကြည့်ရုံဖြင့်လျှင် သူမည်မျှ မောပန်းနေကြောင်း အကုန်းလုံး နားလည်လိုက်၏။

ရန်ကိုင်သည်လည်း သွေးသံတရဲရဲ ဖြစ်နေခဲ့၏။ သူ့ရထားသော ဒဏ်ရာအရေအတွက်သည် တိရှောင် ရထားသည့် ဒဏ်ရာအောက် မလျော့ချေ။

ခြားနားချက်သည်ကား သူတို့ အကြည့်များပင်။ ယခင်က ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့သော တိရှောင်၏ မျက်လုံးများသည် ယခုအချိန်၌ မျှော်လင့်ချက်ကင်းမဲ့မှု၊ စိတ်ဓါတ်ကျမှုတို့ဖြင့် ပြည့်နေခဲ့လေပြီ။ သို့သော် ရန်ကိုင်မူကား ဒေါင်ဒေါင်မြည်နေတုန်းပင်။

တိရှောင် ရှုံးနိမ့်သွားခဲ့လေပြီ။

မျက်လုံးသာ ကန်မနေသရွေ့ တိရှောင် ရှုံးသွားပြီမှန်း သိနိုင်၏။

“ငါမင်းကို အထင်သေးမိခဲ့တာပဲ… မင်းဒီလောက် အားကောင်းလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး” ပြောနေရင်း သွေးတစ်ပွက်အန်လိုက်ရာ သွေးထဲ အသားစတို့ ကပ်ပါလာခဲ့၏။

“ငါ့ကို အထင်လာသေးတဲ့လူအားလုံး အဲ့တန်ဖိုးကို ပြန်ပေးဆပ်ရမှာပဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တိရှောင်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။

ရန်ကိုင် တိရှောင်ကို သတ်တော့ပေမည်။

တိရှောင် အသတ်ခံရတော့မည်ကို မြင်သည်နှင့် စင်မြင့်ထက် ငေးကြောင်ကြောင်ဖြင့် ထိုင်နေသော ဖုန်းပေါင် ချက်ချင်း ထရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏ “ကောင်စုတ်လေး၊ မင်းလုပ်ရဲလား”

အော်ဟစ်ပြီးသည်နှင့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သေခြင်းရှင်ခြင်းစင်မြင့်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားလေ၏။

တိရှောင်သည် ဆာကျိုးချုန် မျှော်လင့်ထားသည့် အတိုင်း ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့သော်လည်း သူသည် ကျိုးချုန်၏ လက်ရွေးစင် စစ်သည်တော်များထဲမှ အတော်ဆုံး တစ်ယောက် ဖြစ်နေတုန်းပင်။ ထို့ကြောင့် ရန်ကိုင်အား တိရှောင်ကို သတ်ခွင့်ပေး၍ မဖြစ်ချေ။

တိရှောင် အသတ်ခံရမည်ကို ဤအတိုင်း ထိုင်မကြည့်နိုင်ချေ။ ယခုလက်ရှိ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်၍ တိရှောင်ကိုကယ်ရင်း ရန်ကိုင်ကိုပါ တစ်ခါတည်း ရှင်းပစ်ရပေမည်။

“ယုမို” တစ်ချိန်တည်းတွင် ရွှယ့်လီ ရုတ်တရက် အော်ဟစ်လိုက်၏။

ရွှယ့်လီ အော်သံကို ကြားသည်နှင့် ယုမိုလည်း ပြေးထွက်သွား၏။

ခဏအကြာ၌ ယုမိုသည် ဖန်ပေါင်းရှေ့တွင် လမ်းပိတ်ရပ်လိုက်၏။

“ဖယ်ပေးစမ်း” ဒေါသတကြီး အော်ဟစ်ရင်း ဖန်ပေါင်သည် ယုမိုဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ဤသို့ဖြင့် သူတော်စင်အဆင့်ပညာရှင် နှစ်ယောက်ကြား တိုက်ပွဲတစ်ပွဲ စတင်လာခဲ့၏။

နတ်ဆိုးမျိုးနွယ်စုဝင် ပွဲကြည့်ပရိတ်သတ် အားလုံးသည် ထိုတိုက်ပွဲကြောင့် ကြက်သေသေသွားခဲ့ရ၏။ မသေမျိုး အဆင့် ပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲကောင်း တစ်ပွဲကို ကြည့်ပြီးရုံတင်ရှိသေး သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်ကြားမှ တိုက်ပွဲကို ထပ်မံ မြင်တွေ့ရပြန်လေပြီ။

“ယုမို၊ ဒါဘာသဘောလဲ” ဖုန်းပေါင်သည် ယုမိုမှု၏ တားဆီမှုမှ ထွက်မသွားနိုင်သဖြင့် ချက်ချင်း မေးလိုက်၏ “တိရှောင်ဘယ်သူလဲ မင်းသိတယ်နော်။ သူသာ ဒီမှာ သေသွားတာနဲ့ ဆာကျိုးချုန်ရဲ့ ဒေါသနဲ့ ရင်ဆိုင်ရမှာနော်”

“သောက်ရူး။ မင်းရဲ့ ကျိုးချုန် ဒေါသထွက်ထွက်၊ မထွက်ထွက် ငါနဲ့ဘာဆိုင်လို့လဲ” ယုမိုက လှောင်ပြောင်လိုက်၏ “ဒါက သဲမြို့တော်၊ ငါတို့ သခင်မ ပိုင်တဲ့နေရာပဲ။ ဒီလောက် အခြေခံကျတဲ့ အချက်လေးကိုတောင် မင်းမေ့သွားတာလား”

“ဆားကျိုးချုန်နဲ့ ရွှယ့်လီ စစ်ဖြစ်အောင် မင်းတွန်းအားပေးနေတာလား”

“အဲ့လို တစ်ဖက်သတ်ကြီး လာမပြောနဲ့လေကွာ။ သေခြင်းရှင်ခြင်းရှင်စင်မြင့်မှာ စည်းမျဉ်းတွေ ရှိထားပြီးသား။ စင်ပေါ်ကို လူနှစ်ယောက် တက်သွားပြီးရင် တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာရမယ်။ အဲ့စည်းမျဉ်းကို ချိုးဖျက်လို့ မရဘူး”

“မင်း…” ဖုန်းပေါင်သည် အံတင်းတင်းကြိတ်ရင်း ယုမိုနှင့် ဆက်လက်တိုက်ခိုက်လိုက်၏။ တိုက်ခိုက်နေရင်း သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ရှိ အခြေအနေကိုလည်း အာရုံစိုက်ထားသေး၏။ ရန်ကိုင်သည် တိရှောင်ရှေ့သို့ ရောက်လာခဲ့ပြီး အစစ်အမှန်ယန်ချီကို လက်ချောင်းထိပ်၌ စုစည်းကာ ပျော့ခွေနုံးချိနေသော တိရှောင်အား ညွှန်လိုက်၏။

တိရှောင်မှာ လုံးဝကို အားအင်ကုန်ခမ်း ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်လေရာ ခုခံဖို့အား အသာထား၊ မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။ ယခုအချိန်၌ တိရှောင်သည် ကူကယ်ရာမဲ့စွာဖြင့်သာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေခဲ့၏။

တိရှောင်အသတ်ခံရတော့မည်ကို မြင်သည်နှင့် ဖုန်းပေါင်က အလျင်စလို လှမ်းအော်ပြောလိုက်၏ “ကောင်စုတ်လေး၊ သူ့ကို သတ်ရဲသတ်ကြည့်၊ သတ်လိုက်တာနဲ့ မင်းလည်း သေပြီသာမှတ်”

သူ့ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် ရန်ကိုင် လက်ချောင်းထိပ်ရှိ အစစ်အမှန်ချီသည် ထက်ရှသော ဓါးသွားတစ်ချောင်း အသွင်ပြောင်းကာ တိရှောင်၏ ရင်ဘတ်အား ဖောက်ဝင်သွားခဲ့၏။

တိရှောင်တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး သွေးစိမ်းရှင်ရှင်တို့ သူ့ရင်ဘတ်မှ ရေတံခွန်သဖွယ် ပန်းထွက်လာခဲ့ကာ မျက်လုံးအပြူးသားဖြင့် ကြမ်းပြင် ပေါ်သို့ လဲပြိုကျသွားလေ၏။

“အဲ့ကောင်…”

“သူတိရှောင်ကို တကယ်သတ်လိုက်တယ်”

“စိတ်ဝင်စားစရာပဲ။ သခင်မရွှယ့်လီတောင် သူ့ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး”

“သခင်မရွှယ့်လီသာ သူ့ကို မကာကွယ်ပေးရင် ကျိန်းသေ သူသေရလိမ့်မယ်”

တိရှောင်သေသွားသည်ကို မြင်သော် ဖုန်းပေါင်နှင့် ယုမိုတို့ နှစ်ယောက်စလုံး တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြ၏။ ဖုန်းပေါင်း မျက်နှာတစ်ခုလုံး ပြိုတော့မည့် မိုးပမာ မည်းမှောင်သွားခဲ့ပြီး ရန်ကိုင်အား မုန်းမုန်းတီးတီး စိုက်ကြည့်လိုက်၏။

ယုမိုသည်လည်း ရန်ကိုင်၏ ရဲတင်းမှုကြောင့် ထိတ်လန့်သွားခဲ့ရ၏။ ဖုန်းပေါင်းနှင့် တိုက်ခိုက်ရန် မလိုအပ်တော့လေရာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ရွှယ့်လီဘေးသို့သာ ပြန်သွားလိုက်လေ၏။

တိရှောင်ဘေးတွင် ရန်ကိုင်သည် မလှုပ်မယှတ် အမူအရာ ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေခဲ့၏။

သုတ်သင်ခြင်းမျက်လုံးဆီမှ စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး သေဆုံးသွားသော တိရှောင်၏ ဝိဥာဉ်စွမ်းအင်များကို စုပ်ယူလိုက်၏။

ဘေးပတ်ဝန်းကျင်၏ အရှိန်အဝါနှင့် အခြေအနေသည် တဖြည်းဖြည်း ထူးဆန်းလာခဲ့ပြီး ရန်ကိုင့် အရှိန်အဝါ သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေ၏။

ဖုန်းပေါင် မျက်လုံးထဲရှိ ဒေါသ၊ အမုန်းတရားတို့ နေရာ၌ ထိတ်လန့်မှု၊ မနာလိုမှုတို့က ရုတ်တရက် အစားထိုး ဝင်ရောက်လာခဲ့၏။

“သခင်မ…” ယုမို အလန့်တကြား အော်ခေါ်လိုက်၏။ သူသည်လည်း မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်အား အသေအချာ စိုက်ကြည့်နေခဲ့၏။

ရန်ကိုင်ဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို အာရုံခံမိသည်နှင့် ရွှယ့်လီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ရပြန်လေသည်။

“သခင်မ၊ ဖြစ်နိုင်တာက…” ပြောနေစဉ် ယုမို၏အသံ တုန်တုန်ရီရီ ဖြစ်နေခဲ့၏။

“ဟုတ်တယ်။ သူအဆင့်ချိုးဖျက်တော့မှာ…” ရွှယ့်လီ၏ မျက်ဝန်းလှလှလေးများ ထူးထူးခြားခြား တောက်ပသွားခဲ့၏။ သေခြင်းရှင်ခြင်း တိုက်ပွဲများကို လအနည်းငယ်ကြာအောင် တိုက်ခိုက်ပြီးနောက် အကြောင်းအရာများစွာကို နားလည်နိုင်ခဲ့၏။ ယနေ့ တိုက်ပွဲပြီးနောက် သိရှိနားလည်လာခဲ့သမျှ အသိသညာ၊ ထိုးထွင်းသိမြင်မှုအားလုံး ပေါင်းစပ်ကာ ရုတ်တရက် ဥာဏ်အလင်းပွင့်သွားခဲ့၏။

“မယုံနိုင်စရာပဲ” ယုမိုက အံ့ဩတကြီး အော်ပြောလိုက်၏ “ဒီမှာပဲ အဆင့်ချိုးဖျက် ချင်နေတာလား။ ဒီကောင် စိတ်ကြီးဝင်လွန်း မနေဘူးလား”

တိရှောင်သည် ယခုလေးတင် ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ တိရှောင် အသတ်ခံလိုက်ရသဖြင့် ဖုန်းပေါင် ရန်ကိုင်အား သတ်ချင်နေသည်မှာ လက်ကို ယားနေခဲ့လေပြီ။ ထို့ပြင် ပွဲ့ကြည့်စင်ပေါ်ရှိ နတ်ဆိုးမျိုးနွယ်စုဝင် များစွာသည်လည်း ရန်ကိုင်အား သတ်မည် တကဲကဲ လုပ်နေ၏။ ထိုကဲ့သို့သော အခြေအနေမျိုး၌ပင် နောက်တစ်ဆင့်သို့ ချိုးဖျက်တက်ရန် ကြိုးစားနေသော ရန်ကိုင်ကို မည်ကဲ့သို့ ဖော်ပြရမည်နည်း… ရူးမိုက်ခြင်းပေလား၊ မောက်မာ လွန်းခြင်းပေလား။

အခြေအနေကိုသာ ကောင်းကောင်း မကိုယ်တွယ်နိုင်လျှင် ဤနေရာတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကာ ဒေါသထွက်နေသော လူအုပ်ကြီးသည် ရန်ကိုင်ဆီ တစ်ဟုန်ထိုး ပြေးဝင်ကြပေလိမ့်မည်။

“သခင်မ‌၊ ကျုပ်တို့ ဒီအတိုင်း ထိုင်ကြည့်နေမှာလား” ယုမိုက ရွှယ့်လီဘက်လှည့်၍ မေးလိုက်၏။

ရွှယ့်လီသာ ဝင်မပါပါက ယနေ့ ရန်ကိုင် ကျိန်းသေ သေရပေလိမ့်မည်။ မည်သည့် နတ်ဆိုးမျိုးနွယ်စုဝင်ကမှ ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသော လူသား တစ်ယောက်ကို အသက်ဆက်ရှင်သန်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် သူတို့အတွက် စိတ်လှုပ်ရှားမှု များစွာကို ယူဆောင်လာပေးခဲ့သော်လည်း လက်ရှိ အခြေအနေသည် ယခင်နှင့် မတူတော့ချေ။

ဤနေရာတွင် ရှိနေသူအားလုံး ထိုကောင်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိကြ၏။

“ဘာလို့ ခွင့်ပြုရမှာလဲ။ ငါကကော ဘာလို့ ဒီအတိုင်း ထိုင်ကြည့်နေရာမှာလဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ သူအဆင့်ချိုးဖျက်လို့ မပြီးသေးခင် စင်မြင့်ထဲ ဝင်တဲ့ လူအားလုံး ချွင်းချက်မရှိ အသတ်ခံရမယ်လို့”

“အာ…” ရွှယ့်လီ၏ အမိန့်ကြောင့် ယုမို မှင်သက်သွားခဲ့ရ၏။

ယခင်ကမူ ရွှယ့်လီသည် ရန်ကိုင်အား မည်သို့ပင် ဖြစ်စေ မရရအောင် သတ်မည်ဟု ယတိပြတ် ဆုံးဖြတ်ချက် ချထားခြင်း ဖြစ်၏။ ရန်ကိုင် ဤတိုက်ပွဲကို နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သူ့အား သတ်မည်ဟု ဆုံးဖြတ်ထားပြီး သားပင်။ ထို့ကြောင့် ရွှယ့်လီက ထိုကဲ့သို့ အမိန့် ထုတ်ပြလိုက်သည့်အခါ ယုမို ကြောင်သွားခဲ့ရခြင်း ဖြစ်၏။

သူတို့သာ ထိုလူသားကောင်လေးကို သတ်ချင်သည် ဆိုပါက ကိုယ်တိုင်လှုပ်ရှားစရာ မလိုပေ။ ဖုန်းပေါင်းနှင့် ကျန်နတ်ဆိုးမျိုးနွယ်စုဝင်များသည် သူတို့အစား ပျော်ပျော်ကြီး ရန်ကိုင်ကို သတ်ပေးပေလိမ့်မည်။

အစောပိုင်းက ဖုန်းပေါင်းအား ယုမို တားဆီးခဲ့ရခြင်းသည် သေခြင်းရှင်ခြင်းစင်မြင့်၏ စည်းမျဉ်းကို ထိန်းသိမ်းလိုသောကြောင့် ဖြစ်၏။

ကောင်စုတ်လေး၏ စွမ်းဆောင်ရည်ကများ အရမ်းကိုမှ ကြောက်မက်ဖွယ်ကောင်းလွန်းသွားသဖြင့် ရွှယ့်လီက မသတ်ရက်တော့သည်များလေလား။ တွေးသာ တွေးလိုက်သော်ငြား ရေရာသော အဖြေမရခဲ့။

သို့သော်လည်း ရွှယ့်လီက အမိန့်ပေးလိုက်ပြီ ဖြစ်သဖြင့် ပြောသည့်အတိုင်း လုပ်ရန်သာ ရှိတော့၏။ ထို့နောက် ယုမိုသည် ရွှယ့်လီ၏ အမိန့်ကို ထုတ်ပြန် ကြေညာလိုက်၏။

ချက်ချင်းဆိုသလို သေခြင်းရှင်ခြင်းစင်မြင့် ပြင်ပမှ အားကောင်းသော နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင် များစွာ ထွက်ပေါ်လာခဲ့ပြီး ကျိုးပျက်နေသော စင်မြင့်အား ပိတ်ကာဆီးထားလိုက်လေ၏။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်လီသည် ရန်ကိုင်အား ကာကွယ်ပေးလိုမှန်း အားလုံး သိလိုက်၏။ ထို့ကြောင့် ရန်ကိုင်အား သတ်ဖြတ်မည့် အတွေးကို စွန့်လွှတ်၍ ပွဲကြည့်စင်ပေါ်မှသာ အော်ဟစ် နေကြတော့လေ၏။

ရန်ကိုင်ကမူ ထိုအခြင်းအရာ အားလုံးကို သတိမပြုမိသည့်အလား သေခြင်းရှင်ခြင်းစင်မြင့်ထက် မလှုပ်မယှတ် ရပ်နေခဲ့၏။

သို့သော် အမှန်တွင်မူ ရန်ကိုင်သည် သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေခဲ့၏။ ထို့ကြောင့် ရွှယ့်လီ၏ အပြုအမူသည် သူ့အား စိတ်ရှုပ်သွားစေခဲ့၏။ သို့သော် ထိုမိန်းမသည် သူ့အား ချက်ချင်း မသတ်ချင်သေးလေရာ ရန်ကိုင်လည်း အောင်အောင်မြင်မြင် အဆင့်ချိုးဖျက်နိုင်ဖို့ကိုသာ အာရုံစိုက်ထားလိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၇)

ပွဲကြည့်စင်ထက်တွင် မရေမတွက်နိုင်သော နတ်ဆိုး မျိုးနွယ်စုဝင်များသည် အဆက်မပြတ် အော်ဟစ် ကျိန်ဆဲနေကြသော်ငြား မည်သူမှ မဆင်မခြင် မလှုပ်ရှားကြ။

စင်မြင့်ထက်၌… ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များ ပရမ်းပတာ ဖြစ်နေခဲ့လေပြီ။

အချိန်အတိုင်းအတာ တစ်ခု ကြာသွားပြီးနောက် ဘေးပတ်ပတ်လည် မြေပြင်တစ်ခွင်အား အက်ကွဲသွား စေသော စွမ်းအင်တို့ ရန်ကိုင် ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာခဲ့လေ၏။

သူ့နားတစ်ဝိုက်ရှိ မိုးမြေစွမ်းအင် အားလုံးသည် ဧရာမ ဝဲကတော့ကြီးတစ်ခု စုပ်ယူခြင်း ခံလိုက်ရသည့်အလား အရူးအမူး လှည့်ပတ်နေခဲ့ကြရာ သေခြင်းရှင်ခြင်း စင်မြင့်ထက်ရှိ အရံအတားများပင် မတည်မငြိမ် ဖြစ်လာခဲ့လေ၏။

“ကြောက်ဖို့ကောင်းလိုက်တဲ့ မိုးမြေစွမ်းအင်” ယုမို၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်၏။

ရွှယ့်လီသည်လည်း အံ့အားသင့်နေခဲ့၏။ သူမ၏ မျက်ဝန်းထဲ ထူးထူးဆန်းဆန်း အလင်းတစ်ချက် လက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏ “ဒီလောက် အားကောင်းတဲ့ အဆင့်တက်စွမ်းအင်တွေကို ကြုံခဲ့ရပြီးမှ ဒီလောက် မောက်မာနေတာလည်း မဆန်းတော့ပါဘူး။ သူ့ဟာကြီးက မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက် ရင်ဆိုင်ရတာနဲ့နှင့် တူနေသေးတယ်။ တိရှောင်ကို သတ်နိုင်တာလည်း အထူးအဆန်း မဟုတ်တော့ပါဘူးလေ”

ထိုမြင်ကွင်းကို ကြည့်ရင်း ပွဲကြည့်စင်ပေါ်ရှိ နတ်ဆိုးမျိုးနွယ်စုဝင်အားလုံး၏ အမူအရာများသည် ဆေးခါးကြီး စားထားရသည့်ပမာ ရှုံ့မဲ့နေခဲ့၏။ စင်မြင့်ပေါ်တွင် ရပ်နေသောသူသည် တိရှောင်သာ ဆိုပါက အကုန်လုံး ဝမ်းသာတကြီး အော်ဟစ်အားပေးနေမည် ဖြစ်သော်လည်း တကယ် ရပ်နေသည့် လူသည် လူသား တစ်ယောက်ဖြစ်နေသဖြင့် သူတို့အား စိတ်မသက်မသာ ဖြစ်စေလေ၏။

ဘေးပတ်လည်ရှိ မိုမြေစွမ်းအင်အားလုံး ရန်ကိုင် ကိုယ်ထဲသို့ စီးဝင်လာနေခဲ့ပြီး သူ့အား လွှမ်းခြုံထားသော မှိန်ဖျဖျ ရွှေရောင်အလင်းတန်းတို့သည် ပိုပို၍ တောက်ပ လာခဲ့လေ၏။

ရုတ်တရက်ဆိုသလို ထိုစွမ်းအင်မုန်းတိုင်သည် ရန်ကိုင် ကိုယ်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပြီး အသက်ဆယ်ရှိုက်စာအတွင်း၌ ရန်ကိုင်၏ အပြီးတိုင် စုပ်ယူခြင်း ခံလိုက်ရ၏။

သေခြင်းရှင်ခြင်းစင်မြင့်ထက်ရှိ ပရမ်းပတာ အရှိန်အဝါသည်လည်း တဖြည်းဖြည်း တည်ငြိမ်စ ပြုလာခဲ့လေပြီ။

ရန်ကိုင်ကို ကြည့်သာ ကြည့်နိုင်ပြီး ဘာမှ မလုပ်နိုင်သည့်အတွက် ပွဲကြည့်စင်ထက်ရှိ နတ်ဆိုး မျိုးနွယ်စုဝင်များ၏ အမူအရာ မြင်မကောင်းအောင် ရှုံ့မဲ့နေခဲ့ကြ၏။ သူတို့ စိတ်ထဲတွင် မီးခဲ ဖင်ခုထိုင်နေရသည့် ပမာ ခိုးလိုးခုလု ဂနာမငြိမ်နိုင် ဖြစ်နေသော်ငြား သူတို့ လုပ်နိုင်သည့်အရာ ဘာမှ မရှိချေ။

တိရှောင်နှင့် တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သော ရန်ကိုင်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြန်ကောင်းလာနေခဲ့လေပြီ။ ဒဏ်ရာ အသေးစားလေးများအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ပြီး အကြီးစား ဒဏ်ရာများသာ ကျန်ရစ်တော့လေ၏။ သို့သော် ထိုဒဏ်ရာများသည် ရန်ကိုင်၏ လှုပ်ရှားမှုကို နှောင့်နှေးအောင် ဆက်မလုပ်နိုင်တော့ချေ။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရွှယ့်လီ၏ မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရန်ကိုင်အား စိတ်လှုပ်ရှားစွာ စိုက်ကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။

သေခြင်းရှင်ခြင်းစင်မြင့်ထက်ရှိ ရန်ကိုင်သည် သူ့လက်သီးကို အသာအယာ ဆုပ်လိုက်ပြီး ကျေကျေ နပ်နပ်ဖြင့် ပြုံးလိုက်၏။ ယခုတစ်ကြိမ် အဆင့်ချိုးဖျက်မှုသည် အရမ်းကိုမှ ချောမွတ်လှ၏။

ယခင်လအတွင်း တိုက်ခိုက်ခဲ့ရသော သေခြင်းရှင်ခြင်း တိုက်ပွဲများမှ စုဆောင်းရမိခဲ့သော အတွေ့အကြုံများနှင့် တိရှောင်တိုက်ပွဲပြီးနောက် ရရှိသော ဥာဏ်အလင်းများ အားလုံးကို ပေါင်းစည်း၍ မသေမျိုး ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့လေ၏။

ရန်ကိုင့် အစစ်အမှန်ချီ၏ သန့်စင်နှုန်းနှင့် သိပ်သည်းနှုန်းသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သလို သူ့စိတ်စွမ်းအင်သည်လည်း ယခင်ထက် ပို၍ အားကောင်းလာခဲ့လေ၏။

အဆင့်ချိုးဖျက်သွားနိုင်ခဲ့သည့် ရလဒ်နှင့် ပက်သက်၍ အရမ်းကိုမှ ကျေနပ်မိသော်လည်း သူ့အား ဝိုင်းနေသော နတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူများကို မြင်သည်နှင့် ရန်ကိုင် ကူကယ်ရာမဲ့သွားခဲ့၏။

ပိုဆိုးသည်ကား ရွှယ့်လီသည်လည်း သူ့အား စိုက်ကြည့်နေခဲ့၏။

ရွှယ့်လီဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ရန်ကိုင် သတိထားမိခဲ့လေရာ သူ့သတိကို တစ်ချက် ကလေးမျှပင် လျော့ချလိုက်ခြင်း မရှိချေ။ သို့သော် သူတို့ကြားမှ ခွန်အားကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလွန်းနေလေရာ ရန်ကိုင် မည်မျှ သတိထားစေကာမူ ရွှယ့်လီသာ သူ့အား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါက သူ့အနေဖြင့် မည်သို့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရွှယ့်လီသည် သူ့အား မည်သည့်အတွက်ကြောင့် ကာကွယ်ခဲ့သည်ကို ရန်ကိုင် မသိသော်ငြား ထိုမိန်းမသည် ကြင်နာမှုသက်သက်ဖြင့် လုပ်ခဲ့ခြင်း မဟုတ်သည်ကို ရန်ကိုင် ကောင်းကောင်းသိပေ၏။ ထို့ကြောင့် သဲမြိုတော်မှ မြန်မြန် ထွက်သွားနိုင်လျှင် အကောင်းဆုံး ဖြစ်၏။

ထိုအချက်အားလုံးကို စဉ်းစားပြီးသည်နှင့် ရန်ကိုင်သည် ရွှယ့်လီအား လှမ်းကြည့်ကာ အော်ပြောလိုက်၏ “စီနီယာရွှယ့်လီ၊ ကျုပ်ကို ပေးထားတဲ့ ကတိကို မှတ်မိသေးတယ်မလား”

ရွှယ့်လီ၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး နှစ်လို စွဲမက်ဖွယ်ကောင်းစွာ ရယ်မောလိုက်ကာ “နင်ဘာကို ပြောချင်နေတာလဲ”

“ကျုပ်သာ ဒီတိုက်ပွဲကိုနိုင်ရင် ကျုပ်နဲ့ကျုပ်အဖော်ကို ထွက်သွားခွင့် ပေးမယ်လို့ ခင်ဗျား ပြောထားတယ်လေ။ ဘာလဲ၊ စီနီယာရွှယ့်လီက ပြောပြီးသားစကားကို မတည်ချင်တော့တာလား” ရန်ကိုင်က သူ့အသံအား ကျယ်နိုင်သမျှ ကျယ်အောင် လုပ်ကာ အော်ပြောလိုက်၏။

ရန်ကိုင် အပြုအမူကြောင့် ရွှယ့်လီ၏ မျက်ဝန်းထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားခဲ့၏။

သူတို့နှစ်ယောက်သည် ထိုကဲ့သို့ သဘော တူထားသော်ငြား ရွှယ့်လီသည် ရန်ကိုင်အား ပြောသည့်အတိုင်း လွှတ်ပေးရန် တစ်ခါမှ မစဉ်းစားခဲ့ချေ။ သို့သော် ရန်ကိုင်သည် ထိုအကြောင်းကို လူများစွာရှေ့၌ ထုတ်ပြောလာခဲ့သည့် အတွက်ကြောင့် ရွှယ့်လီအနေဖြင့် ထိုကိစ္စကို နောက်တစ်ကြိမ် ပြန်စဉ်းစားရန် လိုအပ် လာခဲ့လေပြီ။

သူမသာ ကတိမတည်လိုက်ပါက စကားမတည်သော နတ်ဆိုးဗိုလ်ချုပ်ဟူ၍ အများ၏ လှောင်ရယ်ခြင်း ခံရပေလိမ့်မည်။

“သောက်ကောင်စုတ်” ရွှယ့်လီက ဒေါသတကြီး အံကြိတ်လိုက်၏။ သူ့ပြောစကားအား သူမ ငြင်းမရလေအောင် ရန်ကိုင်သည် လူပေါင်းများစွာ ရှေ့၌ အသံအကျယ်ကြီးဖြင့် ပြောခဲ့ခြင်း ဖြစ်ကြောင်း ရွှယ့်လီ နားလည်လိုက်၏။

“သခင်မ၊ သူ့သေတွင်း သူရှာနေတာပဲ” ယုမိုက ရန်ကိုင် ဒုက္ခရောက်နေသည်ကို ဝမ်းသာအားရနေသည့် လေသံဖြင့် ပြောလိုက်၏ “သူ့ကိုသာ ထွက်သွားခွင့် ပေးလိုက်ရင် ကျုပ်တို့တောင် အလုပ်ရှုပ်ခံနေစရာ မလိုတော့ဘူးနော် သခင်မ”

ပြောနေရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်နေသော ဖုန်းပေါင်ဆီ လှမ်းကြည့်လိုက်၏။ ရန်ကိုင်အား အသတ်ချင်ဆုံးလူမျာ ဖုန်းပေါင် ဖြစ်သည်ကို ယုမို ကောင်းကောင်း သိ၏။

“ဆိုတာက အခုအချိန်မှာ ငါကိုယ်တိုင်က သူ့ကို မသေစေချင်တာပဲ”

ယုမို ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ဘာတစ်ခွန်းမှ ထပ်မပြောတော့ချေ။

“စီနီယာရွှယ့်လီက ကိုယ့်စကား ကိုယ်မတည်ချင်တာလား” သေခြင်းရှင်ခြင်းစင်မြင့် ထက်မှနေ၍ ရန်ကိုင်က နောက်တစ်ကြိမ် အော်ပြောလိုက်၏။

ရွှယ့်လီက သက်ပြင်းယဲ့ယဲ့လေး ချလိုက်ရာ သူမ၏ မို့မောက်မောက် ပေါက်စီးနှစ်လုံး တသိမ့်သိမ့် တုန်ခါသွားခဲ့၏။ ပြီးနောက် ဖြည်းဖြည်းချင်း ထလိုက်ပြီး ရန်ကိုင်အား ငုံ့ကြည့်လိုက်ကာ စိတ်လှုပ်ရှားခြင်း အရှင်း ကင်းမဲ့သော လေသံဖြင့် “ဘာလို့ ဒီဘုရင်မက ကိုယ့်စကား ကိုယ်မတည်ရမှာလဲ။ နင်နဲ့ နင့်အဖော် ထွက်သွားလို့ရပြီ။ နင်သွားချင်ရင် သွားလိုက်။ ဘယ်သူမှ နင့်ကို တားမှာ မဟုတ်ဘူး”

ရွှယ့်လီအား စူးစိုက်ကြည့်နေလိုက်ပြီးနောက် လက်သီးဆုပ်ကာ အသာအယာ ဦးညွှတ်လိုက်ပြီး “စီနီယာရွှယ့်လီကို ကျေးဇူးအများကြီးတင်ပါတယ်”

ပြောပြီးသည်နှင့် သေခြင်းရှင်ခြင်းစင်မြင့်မှ ရွှယ့်လီ ရှိရာဆီ ပျံသန်းသွားလိုက်၏။ ထို့နောက် အန်လင်းအာကို ပြောလိုက်၏ “သွားကြမယ်”

“ငါတို့ ထပ်တွေ့ကြဦးမှာပါ” ရွှယ့်လီက တိုးတိုးလေး ရေရွတ်လိုက်၏။ ထိုစကားကို ကြားသည်နှင့် ရန်ကိုင် နှလုံးသားတစ်ခုလုံး တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ပြီး ရွှယ့်လီဆီ လှည့်ကြည့်လိုက်ရာ ရွှယ့်လီသည် ထူးထူးဆန်းဆန်း ပြုံးလျက် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သောက်မိန်းမပျက်မ ရွှယ့်လီသည် သူတို့အား အလွယ်တကူ လွတ်ပေးမည် မဟုတ်မှန်း သိလိုက်သည်နှင့် ရန်ကိုင် ကြိတ်၍ ကျိန်ဆဲလိုက်၏။ နတ်ဆိုးမျိုးနွယ်စုဝင် အားလုံး၏ ရှေ့တွင် ဖြစ်နေသည့်အတွက် မျက်နှာ မပျက်ရစေရန် သူတို့အား လွှတ်ပေးထားခြင်း ဖြစ်၏။ သို့သော်လည်း အားလုံး၏ မမြင်ကွယ်ရာသို့ ရောက်သည်နှင့် ရွှယ့်လီ ကျိန်းသေ လှုပ်ရှားပေလိမ့်မည်။

သူနှင့် အန်လင်းအာတို့ ထိုနေရာမှ ထွက်လာသည်နှင့် နတ်ဆိုးမျိုးနွယ်စုဝင် များစွာ လိုက်လံသတ်ဖြတ်ခြင်း ခံရမည်မှန်း ရန်ကိုင် သိထားပြီးသား ဖြစ်၏။

ထိုသို့ဆိုလျှင်ပင် ရန်ကိုင်က ယုံကြည်ရှိစွာပြုံး၍ ပြန်ပြောလိုက်၏ “တကယ်လား။ ကျုပ်ကတော့ ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ထင်တာလဲ”

“ကြည့်ကြတာပေါ့” ရွှယ့်လီက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။

ရန်ကိုင်သည် အန်လင်းအာကို ခေါ်၍ လျှပ်စီးတန်း တစ်ခုပမာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။

ရန်ကိုင်တို့ ထွက်သွားသည်နှင့် သူတို့အား သတ်ချင်နေသော နတ်ဆိုးမျိုးနွယ်စုဝင်များသည် ပွဲကြည့်စင်ပေါ်မှထကာ သူတို့နောက်သို့ အမြန် ပြေးလိုက်ကြလေ၏။

ရွှယ့်လီနှင့် ယုမိုသည် ထိုလူတို့၏ မသိချင်ယောင်သာ ဆောင်နေခဲ့၏။

ဖုန်းပေါင်သည် နေရာတွင်ရပ်လျက် စဉ်းစားခန်း ဝင်နေခဲ့၏။ ခဏအကြာ၌ ရွှယ့်လီဘက်သို့ လှည့်ကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ရန်ကိုင်တို့ နောက်သို့ ပြေးလိုက်သွားလေ၏။

“သူတို့သာ အဲ့ကောင်စုတ်လေးကို ဖမ်းမိသွားရင် ဟိုကောင် သေသွားနိုင်တယ်နော် သခင်မ” ယုမိုက တိုးတိုလေး ပြောလိုက်၏။

သူတော်စင် ပထမအဆင့် ဖုန်းပေါင်ကို ဘေးဖယ် ထားလျှင်ပင် သူ့နောက်သို့ လိုက်နေသော နတ်ဆိုး မျိုးနွယ်စုဝင် သက်သက်နှင့်ပင် ရန်ကိုင်အား သတ်ရန် လုံလောက်နေပေပြီ။

ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်သည် အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းသည် ဆိုသော်လည်း သူသည် ယခုလေးတင် တိရှောင်နှင့် သူသေကိုယ်သေ ယှဉ်တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် ထိုမျှ များပြားလှသော နတ်ဆိုးမျိုးနွယ်စုဝင်များ၏ ဝိုင်းအုံတိုက်ခိုက်မှုများကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုကြောင့် အဖမ်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ကျိန်းသေ သေရပေလိမ့်မည်။

“ဟုတ်တယ်။ သူသေမှာ” ရွှယ့်လီက အံတင်းတင်း ကြိတ်၍ “သူကံကြမ္မာ သူဖန်တာပဲလေ။ သူသာ ဒီမှာ ငြိမ်ငြိမ်လေး နေနေခဲ့ရင် ငါသူ့ကို သတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သေချင်နေမှတော့ သွားပါစေပေါ့”

“အဲ့လိုဆိုရင်…”

“သူ့ကို ပြန်ခေါ်လာခဲ့” ရွှယ့်လီက အမိန့်ပေးလိုက်၏ “အခြားသူတွေ ဖမ်သွားတာမျိုး မဖြစ်စေနဲ့။ သူသေသွားတာမျိုးလည်း ငါမလိုချင်ဘူး”

“ဟုတ်ကဲ့ပါ” ဦးညွှတ်လိုက်ပြီးနောက် ရန်ကိုင် ထွက်ပြေးသွားရာ အရပ်ဆီသို့ ပြေးလိုက်သွားလေ၏။

“ဟန့်၊ ပြန်မတွေ့တော့ဘူးလို့များ ပြောရဲသေးတယ်။ ဒီဘုရင်မနဲ့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါကျ နင့်ရုပ် ဘယ်လိုမျိုး ဖြစ်နေမလဲ ငါတကယ် သိချင်မိသား” ရွှယ့်လီက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး နန်းတော်ရှိရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်၏။

သဲမြို့တော် အပြင်ဘက်၌ ရန်ကိုင်သည် အန်လင်းအာကို တင်းတင်းကြပ်ကြပ် ဖက်၍ အရှိန်ကုန်တင်ကာ ပျံသန်းနေခဲ့၏။

“နင်အဆင်ပြေလား” အန်လင်းအာက စိုးရိမ်တကြီး မေးလိုက်၏။ အစောပိုင်းက တိရှောင်နှင့် တိုက်ပွဲတွင် ရန်ကိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်ကို သူမ မြင်ခဲ့၏။ ယခုအချိန်၌ ရန်ကိုင် အလုပ်သင့်ဆုံးမှာ အနားယူခြင်း ဖြစ်သော်လည်း မနားနိုင်သေးဘဲ အစစ်အမှန်ချီကို အရူးအမူး ထုတ်သုံးကာ သွေးရူးသွေးတန်း ထွက်ပြေးနေခဲ့ရ၏။

“ငါအဆင်ပြေတယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။

သူ့အကြောင်းကို သူသာ အသိဆုံးပင်။ သူကိုယ်တိုင်ပင် နတ်ဆိုးနတ်ဘုရားသွေးစက်၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းကို အံ့ဩတကြီး မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။ ပုံမှန်သာဆိုပါက တိရှောင်နှင့် တိုက်ပွဲပြီးနောက် ရက်ပေါင်းများစွာ ပြန်လည် အနားယူရန် လိုအပ်ပေ၏။ သို့သော်လည်း နတ်ဆိုးနတ်ဘုရားသွေးစက်၏ ကျေးဇူးတော်ကြောင့် သူ့ဒဏ်ရာများသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာနေခဲ့၏။ အပြည့်အဝ ပြန်မကောင်းသေးသော်လည်း ပျံသန်းရန် မပြောနှင့်၊ တိုက်ပင် တိုက်ခိုက်နိုင်သေး၏။

ထို့အပြင် အစစ်အမှန်ချီ ကုန်မည်ကိုလည်း စိတ်ပူစရာ မလိုချေ။ သူ့ဒန်တန်ထဲတွင် ယန်အရည်စက်ပေါင်း ရာကျော် ရှိနေသည့်အပြင် အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ၌ နတ်ဘုရားသစ်ပင်ဆီမှ ရထားသော အသီး အလုံးခြောက်ဆယ်ကျော် ရှိနေသေးသည် မဟုတ်ပေလော။

“ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတဲ့ ပုံပဲ” အန်လင်းအာက ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။

“တစ်ယောက်တည်း မဟုတ်ဘူး။ အများကြီးပဲ လိုက်နေတာ” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ သူ၏ အားကောင်းလှသော ကောင်းကင် စိတ်အာရုံကြောင့် သူ့နောက်လိုက်နေသော ကျင့်ကြံသူများကို အစောကြီးကတည်းကပင် သတိပြုမိထား၏။ သူ့နောက်သို့ လူဘယ်နှစ်ယောက် လိုက်နေလဲ ဆိုသည်ကိုပင် အရေအတွက်အစ အတိအကျ သိထားသေး၏။

သူ့နောက်သို့ မသေမျိုးအဆင့် ပညာရှင်များစွာနှင့် သူတော်စင်အဆင့် နှစ်ယောက်၊ သုံးယောက်လောက် လိုက်နေခဲ့၏။

ထိုလူများ၏ နောက်၌ ဖုန်းပေါင်သည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူ့နောက်သို့ လိုက်နေခဲ့၏။

ဖုန်းပေါင်နောက်တွင်မူ ယုမို ရှိနေခဲ့၏။

ထိုမိန်းမသည် သူ့အား လိုက်ဖမ်းရန် ယုမိုအား အမှန်တကယ်ကို စေလွှတ်ခဲ့၏။ ယုမိုကို သတိပြုမိသည်နှင့် ရန်ကိုင်သည် ရွှယ့်လီ၏ ဆွေစဉ်မျိုးဆက် ဆယ့်ရှစ်ဆက်အား စိတ်ထဲမှနေ၍ ရက်ရက်စက်စက် ကျိန်ဆဲပစ်လိုက်၏။

ယခု ရန်ကိုင်နောက်သို့ လိုက်နေသည့် ပညာရှင် အရေအတွက်မှာ သဲမြို့တော်မှ ပညာရှင်စုစုပေါင်း၏ တစ်ဝက်တိတိ ရှိနေခဲ့လေပြီ။

အတော်လေးကိုမှ စိတ်ဓါတ်ကျနေသော်ငြား မျက်နှာထက် မပေါ်စေဘဲ အရှိန်ကုန်တင်၍သာ ဆက်လက် ပျံသန်းထွက်ပြေးနေခဲ့၏။

နာရီဝက်ကြာပြီးနောက် ကီလိုမီတာ ရာပေါင်းများစွာကို ရန်ကိုင် ကျော်ဖြတ် ထွက်ပြေးသွားခဲ့ပြီးလေပြီ။ သို့သော်လည်း သူ့အား လိုက်ဖမ်းနေသူများနှင့် သူ့ကြားရှိ အကွာအဝေးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာနေခဲ့လေပြီ။

ထိုအခြင်းအရာကို သတိပြုမိသည်နှင့် အန်လင်းအာက သူမ၏ ကျင့်စဉ်ကို အလျင်စလို လှည့်ပတ်၍ ရန်ကိုင်အား ကူညီပေးလိုက်၏။

“သူတို့ငါ့ကို မဖမ်းနိုင်ဘူး” လက်ရှိ အရှိန်နှုန်းကို ထိန်း၍ ဆက်လက်ပျံသန်းနေရင်း ရန်ကိုင်က အန်လင်းအာကို နှစ်သိမ့်ပေးလိုက်၏။

သူ့အား လိုက်ဖမ်းနေသူများကို ရန်ကိုင် လုံးဝ စိတ်မပူပါချေ။ ဝိဥာဉ်ဝါးမြို အင်းဆက်များကို ထုတ်လွှတ်လိုက်သည်နှင့် ထိုလူအားလုံး၏ အသက်ကို တစ်ပြိုင်တည်း ဇီဝိန်ချွေပစ်နိုင်ပေ၏။

သူ့အား စိတ်အနှောင့်အယှတ် ဖြစ်စေသည်ကား ဖုန်းပေါင်၊ ယုမိုနှင့် သူတော်စင်အဆင့် ပညာရှင်များပင် ဖြစ်၏။ ထိုပညာရှင်များအား ထိပ်တိုက်ရင်ဆိုင်ရန် သူ့အတွက် ခက်ခဲနေသေး၏။

သို့သော် ဖုန်းပေါင်နှင့် ယုမိုသည် သူ့ဆီသို့ တိုးကပ်လာခြင်း မပြုဘဲ အကွာအဝေးတစ်ခု ခြား၍ လိုက်နေသည်ကို သတိပြုမိသည်နှင့် အခွင့်အရေး ရောက်ရှိလာပြီမှန်း ရန်ကိုင် ချက်ချင်းသိလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၈) နောက်ကဝံပုလွေ၊ ရှေ့ကကျား

ဖုန်းပေါင်ဖြစ်စေ၊ မိုယုဖြစ်စေ နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အားအပေါ် ယုံကြည်ချက် အပြည့်ရှိသည့် အတွက် အခြားနတ်ဆိုးမျိုးနွယ်စုဝင်များနှင့် အတူ မပူပေါင်းလိုကြချေ။ ထို့ကြောင့် အခြားနတ်ဆိုး မျိုးနွယ်စုဝင်များနှင့် ရန်ကိုင်ဆီမှ အကွာအဝေး တစ်ခု ခြားလျက်သာ လိုက်နေခဲ့၏။

၎င်းသည် ရန်ကိုင်အတွက် အခွင့်အရေးပင်။

ဝှစ်ဆိုသော မြည်သံနှင့်အတူ လေမိုကြိုးတောင်ပံတို့ ရန်ကိုင် နောက်ကျောမှ ထွက်ပေါ်လာခဲ့၏။

လေမိုးကြိုးတောင်ပံတို့ ထွက်ပေါ်လာသည်နှင့် ရန်ကိုင်အမြန်နှုန်း ရုတ်ချည်းဆိုသလို အဆပေါင်းများစွာ မြင့်တက်သွားခဲ့၏။ မြန်လွန်းသဖြင့် အန်လင်းအာမှာ အစစ်အမှန်ချီကို လှည့်ပတ်၍ ပြင်းထန်သော လေဖိအားကို ကမန်းကတန်း ခုခံလိုက်ရ၏။

ချက်ချင်းဆိုသလို ရန်ကိုင်နှင့် အန်လင်းအာတို့သည် ဖုန်းပေါင်းနှင့် ယုမို၏ ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ လွတ်မြောက်သွားခဲ့၏။

ရန်ကိုင်၏ လေမိုကြိုးတောင်ပံများကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း မြင်လိုက်သည့် အချိန်တိုင်း ထိုတောင်ပံများ၏ အလှတရားထဲ သူမ အမြဲရစ်မူးသွားခဲ့ရ၏။

ထိုတောင်ပံများကို ယောကျာ်းတစ်ယောက်က မပိုင်သင့်၊ မိန်းမတစ်ယောက်ကသာ ပိုင်သင့်၏။

ထိုသို့ဆိုလျှင်ပင် လေမိုးကြိုးတောင်ပံများနှင့် ရန်ကိုင်သည် အတော့်ကို သူရဲကောင်း ဆန်လှသည်ဟု အန်လင်းအာ ခံစားနေမိ၏။

နှုတ်ခမ်းလေးကို အသာအယာ ကွေးလိုက်ပြီး ရန်ကိုင်၏ သူရဲကောင်းဆန်ဆန် ပုံရိပ်ကို ကြည့်နေရင်း အန်လင်းအာ မျက်လုံးလေးများ ရီဝေလာခဲ့၏။ ရန်ကိုင်ဆီ အလိုလို တိုးကပ်သွားလိုက်ပြီး သူ့ခန္ဓာကိုယ်အား သူမ၏ လက်သွယ်သွယ်လေးများနှင့် တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမိလိုက်၏။

“ဟေး၊ ဒီလို အခြေအနေမျိုးမှာတောင် သတိလွတ်နေရဲတယ်နော်” အန်လင်းအာ၏ ပုံမှန် မဟုတ်သည့် အပြုအမူကို သတိပြုမိသော် သူမအား ကြောင်အမ်းအမ်း အမူအရာဖြင့် လှည့်ကြည့်မိလိုက်၏။ သူ့လက်မောင်းများနှင့် ထိကပ်နေသော အိစက်စက် အထိအတွေ့ကြောင့် ရန်ကိုင်မှာ ထွက်ပြေးရာ၌ပင် ကောင်းကောင်း အာရုံမစိုက်နိုင်တော့ချေ။

အန်လင်းအာ၏ မျက်နှာလေး နီမြန်းသွားခဲ့ပြီး ချက်ချင်း ပြန်ပက်လိုက်၏ “နင်ဘာတွေ လျှောက်ပြောနေတာလဲ။ အပြင်လောကကြီးက ငါနေခဲ့တဲ့ တော်ဝင်နယ်မြေနဲ့ လုံးဝမတူပါလားလို့ ငါ့ဘာသာ တွေးနေတာပဲ ရှိတာ”

ရန်ကိုင် စတွေ့သည့်အချိန်မှစ၍ အန်လင်းအာ၏ နေ့ရက်များသည် ရင်ခုန်စိတ်လှုပ်ရှားစရာများဖြင့် ပြည့်လာခဲ့၏။ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် အရမ်းကိုမှ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သောကဝေခဲ့ရသည်မှာ အကြိမ်ကြိမ်။ သို့သော်လည်း ထိုနေ့ရက်များသည် တကယ့်ကိုမှ ရင်ဖို စိတ်လှုပ်ရှားဖွယ် ကောင်းလှပေ၏။ ရန်ကိုင်နှင့် အနေများလာပြီးနောက် မည်သည့် အန္တရာယ်ကို ရင်ဆိုင်ရပါစေ၊ ရန်ကိုင်သာ ရှိနေပါက ထိုအန္တရာယ် အလုံးစုံကို လုံလုံခြုံခြုံနှင့် ကျော်ဖြတ်နိုင်မည်ဟု တွေးလာမိ၏။

“သာမန်လူတစ်ယောက်ဆိုရင် ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝမျိုး ရမှာမဟုတ်ဘူး” ရန်ကိုင်က အသက်မပါသည့် ရယ်သံဖြင့် ရယ်မောလိုက်၏။ ထို့နောက် အရှိန်ကို ထပ်မြင့်လိုက်ရာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မိုးကုတ်စက်ဝိုင်းဆီ တိုးဝင်သွားလေ၏။

ထိုကဲ့သို့ ဖြစ်သွားသည်နှင့် ရန်ကိုင်အား လိုက်ဖမ်းနေသော နတ်ဆိုးမျိုးနွယ်စုဝင်များ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရ၏။ ရန်ကိုင်အား မှီခါနီး ဖြစ်နေသော်လည်း မျက်တောင်တစ်ခတ်အတွင်း၌ ရန်ကိုင်သည် သူတို့၏ မြင်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့၏။

လိုက်ဖမ်းနေသည့် အဖွဲထဲရှိ သူတော်စင်အဆင့် ပညာရှင်များပင် အံ့အားသင့်နေခဲ့ကြ၏။ ဆက်လက်၍ နှောင့်နှေးမနေရဲတော့သည်နှင့် အရှိန်ကုန်တင်ကာ ရန်ကိုင်တို့ နှစ်ယောက်နောက်သို့ ပြေးလိုက်ကြလေ၏။

တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သဖြင့် ဖုန်းပေါင်းနှင့် ယုမိုတို့သည်လည်း အရှိန် မြှင့်လိုက်ကြ၏။

သူတော်စင် နှစ်ယောက်စလုံး မျက်နှာ အမူအရာ မကောင်းကြ၊ အထူးသဖြင့် ယုမိုပင်။ တိရှောင်နှင့် တိုက်ပွဲတွင်ပင် ရန်ကိုင်သည် သူ့ခွန်အားကို ဖုံးကွယ်ထားသေးမှန်း ယခုမှပင် ယုမို နားလည်သွားတော့၏။

ရန်ကိုင် ပြသလိုက်သည့် အမြန်နှုန်းအရ သူ့အနေဖြင့် တိရှောင်အား မှောက်လိုမှောက်၊ လှန်လိုလှန် စိတ်ကြိုက် ဆော့ကစားနိုင်သည်မှာ အသေအချာကြီးပင်။ အသေအကြေ တိုက်ခိုက်နေစရာ မလိုချေ။ သူ့အား လိုက်ဖမ်းနေသည့် သူများ သတိလျော့ပေါ့နေသည့် အချိန်မှသာ သူ့ဝှက်ဖဲကို ထုတ်သုံး၍ အားလုံး၏ လက်တွင်းမှ ထွက်ပြေးသွား၏။

ထို့ကြောင့် ရန်ကိုင်သည် သူ့အား လိုက်ဖမ်းနေသူ များ၏ ကောင်းကင်စိတ်အာရုံ ထောက်လှမ်းနိုင်သည့် အကွာအဝေးအတွင်းမှ ထွက်ပြေးနိုင်ခဲ့၏။

“ခွေးသူတောင်းစားကောင်” ယုမို မျက်နှာ တစ်ခုလုံး ဒေါသကြောင့် မည်းမှောင်နေခဲ့ပြီး ရန်ကိုင်အား လိုက်ဖမ်းနေရင်း အဆက်မပြတ် ကျိန်ဆဲနေခဲ့၏။

တစ်နာရီ ကြာသွားပြီးနောက် ရန်ကိုင်အား လိုက်ဖမ်းနေသည့် မသေမျိုးအဆင့် သူတော်စင်များ အားလုံး ရပ်တန့်လိုက်ကြ၏။ ရန်ကိုင်နှင့် သူတော်စင် အဆင့် ပညာရှင်များ မည်သည့် အရပ်သို့ ထွက်သွားသလဲ ဆိုသည်ကို သူတို့ မသိကြချေ။ ထို့ကြောင့် သက်ပြင်းချ၊ ကျိန်းဆဲရင်းဖြင့်သာ သဲမြို့တော်သို့ ပြန်လှည့်လိုက်ကြ၏။

သဲမြို့တော်မှ ကီလိုမီတာ သုံးထောင်အကွာအဝေး၌ ရန်ကိုင် ရှိနေခဲ့၏။

သူတော်စင်အဆင့် ပညာရှင်များကို အထင်သေးမိနေမှန်း ယခုမှပဲ ရန်ကိုင် နားလည်သွား၏။ လေမိုးကြိုးတောင်ပံများကို သုံး၍ ထိုလူများ၏ ကောင်းကင်စိတ်အာရုံ ထောက်လှမ်းနိုင်သည့် အကွာအဝေး အတွင်းမှ ထွက်ပြေးလာခဲ့သော်လည်း ထိုကာလနာများ သူ့နောက်သို့ လိုက်နေသေးမှန်း ရန်ကိုင် သိ၏။

နတ်ဆိုးကုန်းမြေသည် ကျယ်ပြောလှရာ မည်သည့် အရပ်ဆီသို့ ရောက်နေမှန်း ရန်ကိုင် မသိချေ။ ထို့ကြောင့် ကြုံရာလမ်းကြောင်း တစ်ခုကို ရွေးချယ်၍ ရွေးလိုက်သည့် လမ်းကြောင်း မှန်ပါစေဟုသာ ဆုတောင်းနေမိ၏။

ယခုအချိန်၌ ရန်ကိုင်၏ အားကောင်းလှသော စိတ်စွမ်းအင်သည်လည်း သူ့အား အတော့်ကိုမှ အကူအညီ ပေးနိုင်ခဲ့၏။ အစစ်အမှန်ချီ ကျင့်ကြံခြင်းအဆင့်သည် မသေမျိုး ဒုတိယအဆင့်သာ ရောက်သေးသော်လည်း စိတ်စွမ်းအင် ကျင့်ကြံခြင်းအဆင့်ကမူ သူတော်စင်အဆင့် ပညာရှင်များအောက် နိမ့်ကျခြင်း မရှိချေ။

သူ့ကောင်းကင်စိတ်အာရုံသည် ဖုန်းပေါင်းနှင့် ယုမိုတို့ထက်ပင် ပို၍ အားကောင်းနေလေရာ ထိုလူမျာသည် သူ့ရှိနေသည့် နေရာကို မသိသော်လည်း သူသည် ထိုလူများ၏ တည်နေရာကို သိနေခဲ့၏။

ကောင်းကင်စိတ်အာရုံ၏ အကူအညီကြောင့်ပဲ ရန်ကိုင်သည် လူနေထူထပ်သည့် နေရာများကို ရှောင်ရှားနိုင်ခဲ့ကာ မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ခဲ့၏။

အချိန်အတော်ကြာအောင် ပျံသန်းလာပြီးနောက် ရန်ကိုင် ခေါင်းနောက်လာခဲ့၏။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ သူသာမက အန်လင်းအာပင် ပင်ပန်းနွမ်းနယ်နေခဲ့၏။

အဆက်မပြတ် ပုန်းရှောင် ပြေးလွှားနေသော်လည်း ဖုန်းပေါင်နှင့် ယုမိုတို့ကို ယခုထိတိုင် မျက်ခြေ မဖျက်နိုင်သေးချေ။ အခြားသူတော်စင်အဆင့် ပညာရှင် များသည် လွန်ခဲ့သည့် ရက်နည်းနည်းကပင် ရန်ကိုင်နောက် ဆက်လိုက်မည့် အကြံကို လက်လျှော့ ခဲ့လိုက်ကြ၏။ သို့သော်လည်း ထိုနှစ်ယောက်သည် သူ့အား မကိုက်ရမချင်း မကျေနပ်နိုင်မည့် ခွေးရူးများပမာ သူ့နောက်သို့ တရစပ် လိုက်နေခဲ့ကြ၏။

အချိန် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး မကြာခင်မှာပဲ လဝက်ပြည့်ဿွားခဲ့၏။ ထို့နောက် တစ်လ…

အန်လင်းအာကို သယ်၍ ရန်ကိုင်သည် ကီလိုမီတာ သိန်းပေါင်းများစွာ အကွာအဝေးကို ဖြတ်သန်းသွားခဲ့၏။ သို့သော်လည် ယခုထိတိုင် နတ်ဆိုးကုန်းမြေမှ မထွက်သွားနိုင်သေး။ သတင်းကောင်းသည်ကား လေထဲရှိ နတ်ဆိုးချီတို့ တဖြည်းဖြည်း ပါးလျလာခြင်းပင်။ ဤနည်းအတိုင်းသာ ဆက်လက် ပျံသန်းနေပါက အနှေးနှင့် အမြန်ဆိုသလို သူနှင့်အန်လင်းအာတို့ နတ်ဆိုးကုန်းမြေမှ ထွက်သွားနိုင်ပေလိမ့်မည်။

နတ်ဆိုးကုန်းမြေမှ ထွက်သွားနိုင်သရွေ့ ဖုန်းပေါင်နှင့် ယုမိုတို့သည်လည်း သူ့နောက်သို့ ဆက်လိုက်လိမ့်မည် မဟုတ်ချေ။

တစ်ရက်ကြာပြီးနောက် ပြေးနေရင်း ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး ရုတ်ချည်း ရပ်တန့်လိုက်၏။ ထို့နောက် သူ့ရှေ့ရှိ ချုံပုတ်ထူထူကြီးကိုသာ စူးစိုက်ကြည့်နေလိုက်၏။

ထိုနေရာမှ ချုံခိုတိုက်ခိုက်ရန် အရှိန်အဝါကို ဖုံးကွယ်၍ ပုန်းအောင်းနေသော ပညာရှင်များစွာကို ရန်ကိုင် အာရုံခံမိလိုက်၏။

ရန်ကိုင် ရပ်လိုက်သည့်အချိန်၌ ချုံပုတ်ထဲမှ အေးစက်စက် မျက်ဝန်းတစ်စုံ သူ့အား စိုက်ကြည့်လာခဲ့၏။

“သတိကြီးလိုက်တဲ့ကောင်ပဲ” နတ်ဆိုးမျိုးနွယ်စုဝင်၏ မျက်လုံးထဲ ချီးကျူးလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ သူနှင့် သူ့လူ့များသည် ပြီးပြည့်စုံစွာ ပုန်းအောင်းနေသော်ငြား ရန်ကိုင်က သူတို့ကို ရှာတွေ့သွားသေး၏။

“အခုထိ ပုန်းနေလို့ ဘာထူးမှာလဲ။ ထွက်သာ ထွက်လာလိုက်စမ်းပါ” ခဏအကြာ၌ ရန်ကိုင်က အော်ပြောလိုက်၏။

ပုန်းနေသည့် နတ်ဆိုးမျိုးနွယ်စုဝင် ခေါင်းဆောင်လည်း ဆက်လက် ပုန်းမနေတော့ဘဲ သူ့လူများနှင့်အတူ လေထဲသို့ ပျံတက်လာလိုက်ပြီး ရန်ကိုင်နှင့် မျက်နှာချင်းဆိုင် အရပ်တွင် ရပ်တန့်လိုက်၏။

ထိုနတ်ဆိုးမျိုးနွယ်စုဝင်ကို သူတစ်ခါမှ မတွေ့ဖူးသလို မြင်လည်း မမြင်ဖူးခဲ့ချေ။ သို့သော် တစ်ဖက်လူ၏ ပုံစံအရ ထိုလူများသည် သူနှင့်အန်လင်းအာကို ချုံခိုတိုက်ခိုက်ရန် စောင့်နေခြင်းဖြစ်ကြောင်း သေချာ၏။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အားနည်းခြင်း မရှိ။ အဖွဲ့ခေါင်းဆောင်သည် သူတော်စင် အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပေပြီ။ ထိုလူသည် ဖုန်းပေါင်းနှင့် ယုမိုတို့လောက် မသန်မာသော်လည်း သူတို့အောက် အရမ်းကြီး နိမ့်ကျခြင်း မရှိချေ။ ထိုလူနောက်၌ ရန်ကိုင်အား အဆက်မပြတ် အကဲခတ် လေ့လာနေသော အားကောင်းသည့် ပညာရှင်များစွာ ရှိနေသေး၏။

လေခွင်းသံကို ကြားလိုက်သည်နှင့် ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့၏။ ဖုန်းပေါင်နှင့် ယုမိုတို့ သူ့အား မှီလာပြီးမှန်း ရန်ကိုင် နားလည်လိုက်၏။

သူထင်သည့်အတိုင်း ခဏအကြာ၌ ယုမိုနှင့် ဖုန်းပေါင်တို့ ရောက်လာခဲ့ပြီး ရန်ကိုင်နောက်ဘက်တွင် ရပ်တန့်လိုက်ကြ၏။

“ယုမို၊ သဲမြို့တော်ကနေ လွတ်သွားတဲ့ လူသား ကောင်လေးဆိုတာ သူလား” နတ်ဆိုးမျိုးနွယ်စုဝင်က ရန်ကိုင်ကို စိုက်ကြည့်ရင်း ယုမိုအား လှမ်းမေးလိုက်၏။

ယုမိုက အေးစက်စက် မျက်နှာထားဖြင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ဟုတ်တယ်”

ထို့နောက် ရန်ကိုင်အား ကြည့်၍ စတင် ဆဲဆိုတော့လေ၏ “ကောင်လေးရေ မင်းရဲ့ အပြေးစွမ်းရည်က တကယ့်ကို အထင်ကြီးစရာပဲ သိလား။ ငါသာ မင်းသွားမယ့် လမ်းကနေ ကြိုစောင့်နေဖို့ မြို့သခင်မန်ကိုသာ ကြိုတင် အကြောင်းမကြားခဲ့ရင် မင်းကို ဖမ်းမိတော့မှာတောင် မဟုတ်ဘူး”

ပြောနေရင်း သူ့မျက်ဝန်းထဲ အမုန်းတရားတို့ ဖြတ်ပြေးသွားခဲ့၏။

ရွှယ့်လီဆီမှ အမိန့်ရပြီးနောက် ရန်ကိုင်အား မြန်မြန်ဖမ်းကာ သဲမြိုတော်သို့ မြန်မြန် ပြန်ချင်သော်လည်း ထိုကောင်စုတ်လေးသည် သူ့အား တစ်လကြာအောင် လိုက်ဖမ်းခိုင်းခဲ့၏။ တစ်လလုံး မရမ်းမနား ရန်ကိုင်နောက် လိုက်နေခဲ့ရသဖြင့် သူနှင့် ယုမိုတို့ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေခဲ့ ကြလေပြီ။

မြို့သခင်မန်အား ကြိုတင် အကြောင်းကြားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရွှယ့်လီ ပေးလိုက်သည့် တာဝန်ကို အောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခုအချိန်၌ ယုမိုသည် ရန်ကိုင်အား အတော့်ကိုမှ နာကျည်းမုန်းတီးနေခဲ့၏။ မိသည်နှင့် သဲမြို့တော်သို့ ပြန်သည့် လမ်းတစ်လျှောက် ရက်ရက်စက်စက် နှိပ်စက်သွားဦးမည်ဟုလည်း သူ့စိတ်ထဲ သံဓိဠာန်ချလိုက်၏။

ယုမို ပြောသည်ကို ကြားတော့မှပဲ ထိုလူကြီး သူပြေးလမ်းတွင် မည်သည့်အတွက်ကြောင့် ကြိုပိတ်ရပ်နေမှန်းကို ရန်ကိုင် နားလည်လိုက်၏။

ရန်ကိုင် ခါးခါးသီးသီး ပြုံးလိုက်၏။ တကယ်တော့ ဤနေရာသည် တစ်ဖက်လူ၏ ပိုက်နက်အတွင်း ဖြစ်နေတုန်းပင်။ တစ်လကျော်လောက် ထွက်ပြေး နိုင်ခဲ့သော်လည်း နောက်ဆုံး ဖမ်းခံလိုက်ရ၏။ တကယ်ကို ကူကယ်ရာမဲ့စရာကောင်းသည့် အခြေအနေပင်။

ယုမိုနှင့် မြို့သခင်တို့ စကားပြောနေစဉ် ဖုန်းပေါင်သည် ဘေးတွင်သာရပ်၍ စောင့်ကြည့်နေခဲ့၏။

ဖုန်းပေါင်နှင့် ယုမို၏ ရည်ရွယ်ချက်သည် တူညီခြင်း မရှိ။ ဖုန်းပေါင်သည် ရန်ကိုင်ကို သတ်ရန် သူ့နောက်သို့ လိုက်နေခြင်း ဖြစ်သော်လည်း ယုမိုသည် ရွှယ့်လီ၏ အမိန့်အတိုင်း ရန်ကိုင်အား သဲမြို့တော်ဆီ ပြန်ခေါ်သွားရန် လိုက်ဖမ်းနေခြင်း ဖြစ်၏။

ဖုန်းပေါင် ပြဿနာရှာချင်နေသည်ကို ယုမိုသာမက မြို့သခင်မန်ပင် အလွယ်တကူ သတိပြုမိခဲ့၏။ ထို့ကြောင့် ရယ်ရယ်မောမောဖြင့် ပြောလိုက်လေ၏ “ဒါက ဖုန်းပေါင်မလား။ ချင်းလောင်မြို့မှာ မနေဘဲ ဒီအထိလာပြီး ဘာလာလုပ်တာလဲ”

ယုမိုကလည်း ဝင်ပြောလိုက်၏ “ဖုန်းပေါင်၊ မင်းကို အရှက်မခွဲခချင်ဘူး။ ပြန်ဆုတ်လိုက်တော့”

ဖုန်းပေါင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်အား မုန်းတီးစွာ လှမ်းကြည့်လိုက်၏။ ထို့နောက် ယုမိုဘက်လှည့်၍ ပြောလိုက်၏ “မင်းသူ့ကို ဖမ်းချင်ရင် ဖမ်းလိုက်။ ငါဝင်ရှုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံ ဆာကျိုးချုန်ဆီ ငါပြန်သတင်းပို့မှာ။ အကျိုးဆက်ကို မင်းတို့ တောင့်ခံနိုင်ပါစေကွာ”

ဖုန်းပေါင်က ထိုကဲ့သို့ ပြောလာသဖြင့် ယုမိုသည် ဘာအပိုစကားမှ ထပ်မပြောတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ “ကောင်လေး၊ မင်းဘာသာမင်း အဖမ်းခံမှာလား။ ငါကိုယ်တိုင် ဖမ်းရမှာလား။ ငါကိုယ်တိုင် လှုပ်ရှားရမယ် ဆိုရင်တော့ သွေးထွက်သံယို မဖြစ်ဘဲနဲ့ ပြီးသွားမှာ မဟုတ်ဘူးနော်”

“ကျုပ်ကို ဖမ်းနိုင်မယ် ထင်နေတာလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်၏။

ထိုစကားကို ကြားသည်နှင့် မြို့သခင်မန် မျက်လုံး ပြူးသွားပြီး ကြိတ်ကာ ရယ်မောလျက် “ယုမို၊ ဒီလူသား ကောင်လေးရဲ့ နောက်ခံဘာလဲ။ ဒီကောင် မောက်မာချက်က မိုးကောင်ကင်ကိုတောင် ကျော်နေပြီ”

သူတော်စင်အဆင့် ပညာရှင်သုံးယောက်ရှေ့၌ ထိုကဲ့သို့ ပြောရဲသည်မှာ ထိုကောင်စုတ်လေး ခေါင်းမကောင်းခြင်းပေပဲလား။

“သူ့မှာ အဲ့လို မောက်မာခွင့်ရှိတယ်။ ဒီကောင်က တိရှောင်ကို သေခြင်းရှင်ခြင်းစင်မြင့်မှာ တစ်ယောက်ချင်း ယှဉ်သတ်သွားဦးတာ” ယုမိုက ပြောလိုက်ရာ မြို့သခင်မန် ကြောင်အသွားခဲ့ရပြီး “ဘယ်လို၊ မင်းမဟုတ်တာတွေ လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ဒီကောင်က တိရှောင်ကို တကယ်ပဲ သတ်သွားတာလား။ သူက အခုမှ မသေမျိုး ဒုတိယအဆင့်ပဲ ရှိသေးတာလေ”

“ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကွ။ ဘယ်လိုလုပ်ပြီး မဟုတ်တာတွေ ဖြစ်ရမှာလဲ။ ပြီးတော့… တိရှောင်ကို သတ်တုန်းက သူက မသေမျိုး ပထမအဆင့်ပဲ ရှိသေးတာ။ တိရှောင်ကို သတ်ပြီးတော့မှ မသေမျိုး ဒုတိယအဆင့်ကို ရောက်လာခဲ့တာ”

“တကယ်ကြီးလား” မြို့သခင်မန်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မဟနိုင်တော့ချေ။

“မဟုတ်ရင် ဖုန်းပေါင်နဲ့ငါ သူ့ကို တစ်လလုံးလုံး လိုက်နေရမယ် ထင်လား” ယုမိုက အံကြိတ်လိုက်၍ “ငိုးပဲ။ အဲ့အကြောင်းကို နောက်တစ်ကြိမ် ထပ်မပြောစမ်းနဲ့ကွာ။ ငါ့လခွမ်း၊ အဲ့အကြောင်း ပြန်စဉ်စားမိတိုင်း ငါတကယ် ရှက်တယ်”

“ဟား ဟား ဟား ဟား” မြို့သခင် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး လှောင်ရိပ်သန်းနေသည့် အမူအရာဖြင့် “တစ်လလုံးလုံး လိုက်ဖမ်းတာတောင် မမိဘူးပေါ့၊ ဟုတ်လား”

ရယ်မောနေရင်း သူ့မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး လေးနက်တည်ကြည်သည့် လေသံဖြင့် “အဲ့လိုသာဆိုရင် ဒီကောင်စုတ်လေးက တကယ့်ကို အန္တရာယ်များတဲ့ လူတစ်ယောက်ပဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၈၉) သူတော်စင်မနန် ရောက်လာခဲ့လေပြီ

မြို့သခင်မန်သည် အရိုင်းဆန်‌သော လူတစ်ယောက် ဖြစ်သော်ငြား အရူးတစ်ယောက် မဟုတ်ပေ။ ယုမို၏ စရိုက်အရ အကြောင်းအရင်း တစ်ခုခု မရှိဘဲ လူသား ကျင့်ကြံသူတစ်ယောက်ကို ချီးကျူးလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ထိုလူသားကောင်လေးနှင့် ပက်သက်ပြီး တစ်ခုခု ထူးခြားရမည်မှန်း မြို့သခင်မန် ချက်ချင်း နားလည်လိုက်၏။ မသေမျိုးတတိယအဆင့်ကို မသေမျိုး ပထမအဆင့် ကျင့်ကြံခြင်းဖြင့် သတ်ဖြတ်ခြင်း… နတ်ဆိုး မျိုးနွယ်စုဝင်မှ ဘယ်သူကမှ ထိုကဲ့သို့ မလုပ်နိုင်ချေ။ ထို့အပြင် အသတ်ခံလိုက်ရသော မသေမျိုး တတိယအဆင့် တိရှောင်သည် သူ့ထက်အဆင့်မြင့်သူများကိုသာ သတ်လာသော လူတစ်ယောက်ဖြစ်၏။ ၎င်းသည် ထိုလူသားကောင်လေး၏ ခွန်အား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ဖော်ပြနေခဲ့၏။

“ကုမန်၊ ဒီတစ်ကြိမ် မင်းပဲ လှုပ်ရှားလိုက်တော့။ ငါစောင့်ကြပ်ပေးမယ်” ပြောနေရင်း ယုမိုသည် ဖုန်းပေါင်ဆီ လှမ်းကြည့်လိုက်၏။ သူတို့ ရန်ကိုင်အား ဖမ်းဆီးရန် လုပ်နေတုန်း ဖုန်းပေါင် ဝင်အမြတ် ထုတ်သွားမည်ကို မလိုလားသည့် ပုံပင်။

“ကိစ္စမရှိဘူး။ သွေးနားထင်ရောက်၊ လူကို လူလို မထင်တဲ့ လူငယ်တွေရဲ့ မာန၊ ယုံကြည်မှုကို ရိုက်ချိုးရတာမျိုးမှ ငါကြိုက်တာ… ဟတ်၊ ဒီတစ်ကြိမ်တော့ ပျော်စရာကောင်းမယ့်ပုံပဲ” ကုမန်က ခေါင်းမော့လိုက်ပြီး မာနတစ်ခွဲသားဖြင့် သူ့လက်ကို ဝေ့ရမ်း၍ “မင်းတို့အားလုံး သူ့ခွန်အားကို သွားစမ်းသပ်ကြည့်။ သတိမပေါ့နဲ့နော်။ မင်းတို့ အလောင်းကို လိုက်ကောက်နေရမှာမျိုး ငါမလိုချင်ဘူး”

မြို့သခင်မန်နောက်ရှိ ပညာရှင်းများ ကြိတ်ရယ်မောလိုက်ကြပြီး ရက်စက်တော့မည့် အမူအရာများဖြင့် ရန်ကိုင်ဆီ လှည့်လိုက်ကြ၏။

မြို့သခင်မန်၏ လုပ်ပုံကိုင်ပုံကြောင့် ယုမို မျက်မှောင်ကြုံ့မိလိုက်၏။ သို့သော် လူများစွာနှင့် ရန်ကိုင်ကို ရင်ဆိုင်မည်ဖြစ်သဖြင့် ပြဿနာမရှိလောက် ဟုသာ တွေးပြီး ထိုလူများအား တားဆီးရန် မကြိုးစားတော့ချေ။

“မြို့သခင်မန်၊ ဒီကောင်လေးကို ဖမ်းမိရင် ဆုလေး ဘာလေးများ မရနိုင်ဘူးလား” ရန်ကိုင်ကို ဖမ်းရန် ပြင်နေသော ပညာရှင်များထဲမှ တစ်ယောက်က မေးလိုက်၏။

“မင်းမေကြီးတော်ဆီမှာ သွားတောင်းလိုက်ပါလား။ မင်းအဖေတောင် နတ်ဆိုးကုန်းမြေရဲ့ အစွန်အဖျား စွန့်ပစ်နယ်မြေဆီ ပို့ခံထားရတာကို ငါဆီမှာ ဆုလာတောင်းချင်သေးတယ်ပေါ့။ လိုချင်ရင် ယုမိုဆီမှာ သွားတောင်းလိုက်” ကုမန်က ဒေါသတကြီး ပြန်အော်လိုက်၏။

ထိုစကားကို ကြားသည်နှင့် ရန်ကိုင်မျက်လုံးမှား ဝင်းပသွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့၏။

ကုမန်သည် ဆဲရေးတိုင်းထွာလိုက်ခြင်းသာ ဖြစ်သော်လည်း ရန်ကိုင်အတွက် အကျိုးရှိသော သတင်း အချက်အလက် အချို့ကို မတော်တဆ ဖော်ပြမိသွားခဲ့၏။

ဤနေရာသည် နတ်ဆိုးကုန်းမြေ၏ အစွန်အဖျား ဖြစ်လေရာ သူသာ ယခုနေရာမှ လွတ်မြောက် သွားသည်နှင့် နတ်ဆိုးကုန်းမြေမှ ထွက်သွား နိုင်ပေလိမ့်မည်။

“တော်လောက်ပြီ။ သူ့ကို ဖမ်းမိပြီးရင် ဆုမရမှာကို စိတ်ပူနေသေးတာလား” ယုမိုက အော်ဟစ်လိုက်၏ “ကုမန်၊ မင်းနည်းနည်းလေးမှကို ပြောင်းလဲမသွားဘူး။ မဟုတ်ရင် ဆာရွှယ့်လီ မင်းကို ဒီနေရာဆီ ပို့လိုက်မှာ မဟုတ်ဘူး။ ရေရှည်ကို မမြင်တတ်လို့ဘဲ မင်းဘယ်တော့မှ မတိုးတက်တာ”

ထိုကဲ့သို့ နှိမ့်ချပြောဆိုခံရသော်ငြား ကုမန်က မမှု။ ရယ်ရယ်မောမောဖြင့်သာ “မင်းတို့ ကြားတယ်မလား။ ဒီကောင်ကို ဖမ်းမိရင် ဆုရမယ်တဲ့။ ဘာတွေ စောင့်နေသေးတာလဲ။ မြန်မြန် လုပ်ကြတော့လေ၊ သောက်ရူးတွေရဲ့”

ထိုစကားကို ကြားသည်နှင့် ကုမန်နောက်ရှိ ပညာရှင်များအားလုံး သားကောင်ကို အမဲဖျက်တော့မည့် သားရဲကောင်များပမာ ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ရန်ကိုင်ကို ကြည့်၍ သူ့အား အလျင်အမြန် ဝိုင်းလိုက်ကြ၏။

ရန်ကိုင်ကမူ နည်းနည်းမျှပင် တုန်လှုပ်သွားခြင်း မရှိခဲ့။ သူ့ပတ်ပတ်လည်ကိုသာ အေးစက်စက် မျက်လုံးများဖြင့် ဝေ့ကြည့်ရင်း ထိုလူများ တိုက်ခိုက် လိုက်သည်နှင့် တစ်ပြိုင်နက် ဝိဥာဉ်ဝါးမြို အင်းဆက်များကို လွှတ်ပေးလိုက်ရန် ပြင်ထား၏။

နှစ်ယောက်စလုံး တိုက်တော့မည်အပြု၊ အန်လင်းအာ၏ ကိုယ်လုံးလေး ရုတ်တရက် တုန်ရီသွားခဲ့ပြီး သူမ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်၏ အင်္ကျီစကို ဆွဲလိုက်၏။

“ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး အန်လင်းအာအား တိုးတိုးလေး ပြန်မေးလိုက်၏။

သို့သော် အန်လင်းအာက ဘာမှပြန်မပြောခဲ့ဘဲ တုန်တုန်ရီရီဖြင့်သာ အဝေးတစ်နေရာဆီ လက်ညိုးထိုး လှမ်းညွှန်ပြလိုက်၏ “အဲ့ကိုကြည့်လိုက်”

ရန်ကိုင်လည်း အန်လင်းအာ ညွှန်ပြနေသည့် အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို မှင်သက်သွားခဲ့ရလေ၏။

အန်လင်းအာ ညွှန်ပြနေသည့် အရပ်ဆီ၌၊ မည်းမှောင် သိပ်သည်းလှသော အနက်ရောင် တိမ်စိုင်တိမ်တိုက် များသည် ရန်ကိုင်တို့ ရှိနေရာဆီသို့ အလျင်အမြန် ရွေ့လျားနေလာခဲ့ကြ၏။ အနက်ရောင် တိမ်တိုက်များဆီမှ လူတိုင်းအား စိတ်မသက်မသာဖြစ်စေသော ထူးထူးဆန်းဆန်း အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့၏။

ထိုတိမ်တိုက်တိမ်တိုက်များကို ကြည့်ရင်း အကုန်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ကြ၏။

“သူတော်စင်မနန်လား” ရန်ကိုင် အမူအရာ တည်ကြည်သွားခဲ့၏။

“ဟုတ်တယ်” အန်လင်းအာက ခေါင်းညိတ်ရုံလေး ညိတ်ပြလိုက်၏။

“ငိုးပဲ” ရန်ကိုင် ကျိန်ဆဲလိုက်၏။ ယုမို၊ ဖုန်းပေါင်နှင့် မြို့သခင်မန်၏ ဝိုင်းရံထားခြင်း ခံရသော်လည်း မကြောက်လန့်ရသည့် အကြောင်းအရင်းမှာ သူ့တွင် ဝှက်ဖဲများ ရှိနေသေးသည့်အတွက်ကြောင့် ဖြစ်၏။ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်သည်နှင့် ဤနေရာမှ အန်လင်းအာကိုခေါ်၍ အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိ၏။

သို့သော် အရေးကြီးနေသည့် အခိုက်အတန့်မှ မသေခင် ပုရွက်ဆိတ်ကိုပင်မသတ်၊ သေသည်နှင့် မြင်သူတိုင်းကို လိုက်သတ်သော တော်ဝင်နယ်မြေ၏ ယခင်သူတော်စင်မ ဖြစ်သည့် သူတော်စင်မနန် ရောက်ရှိလာခဲ့၏။ သူမ ရောက်ရှိလာသည့် အတွက်ကြောင့် ရန်ကိုင်စီစဉ်ထားခဲ့သမျှ အကြံအစည် အားလုံး ရေစုတ်မျောခဲ့ရလေပြီ။

သူတော်စင်မနန်၏ ခွန်အားကို နဖူးတွေ့ဒူးတွေ့ ကြုံဖူးခဲ့သည့် အတွက်ကြောင့် သူတော်စင်မနန် မည်မျှ အားကောင်းကြောင်း ရန်ကိုင်၏။ မသေမျိုး ဒုတိယ အဆင့်သို့ ချိုးဖျက်သွားလျှင်ပင် သူတော်စင်မနန်၏ လက်မှ ထွက်ပြေး လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

ယခင်အခါက သူမလက်ထဲမှ ထွက်ပြေးနိုင်ခဲ့ခြင်းသည် ပင်လယ်အောက်ခြေတွင် ရှိနေသော လေဟာနယ် လိုဏ်ခေါင်းကြောင့် ဖြစ်၏။ သို့သော် ယခုအခါ သူ့တွင် ပြေးစရာ၊ ပုန်းစရာနေရာမရှိ။ လွင်တီးခေါင်ပြင်ကြီးထဲ သူတော်စင်မနန်၏ လက်မှ မည်သို့ပင် ပြေးပြေး လွတ်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် စိတ်ပူပန်လာခဲ့သလို ဖုန်းပေါင်နှင့် ယုမိုတို့သည်လည်း စိုးရိမ်ပူပန်လာခဲ့လေ၏။

ဖုန်းပေါင်နှင့် ယုမိုတို့ နှစ်ယောက်စလုံးသည် သူတော်စင်အဆင့် ပညာရှင်များ ဖြစ်လေရာ ယခု ရောက်လာသည့်သူသည် မည်မျှ အားကောင်းကြောင်းကို နှစ်ယောက်စလုံး သတိပြုမိကြ၏။ အသစ်ရောက်လာသည့် သူသည် သူတို့ကိုပင် ဖိအားပေးနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်၏။

မည်ကဲ့သို့သော ပညာရှင်ကများ ဤကဲ့သို့ ချောင်ကျသော နေရာဆီသို့ ရောက်လာခဲ့ရသနည်း။ မစဉ်းစားနိုင်သဖြင့် နည်းနည်းပါးပါး သိလိုသိရငြား ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြ၏။

“ခင်ဗျားတို့ မသေချင်ရင် ကျုပ်ကို လွှတ်ပေးလိုက်တော့။ ကျုပ်ရဲ့ အကူအညီတွေ ဒီကို လာနေပြီ။ ခဏကြာရင် ရောက်လာတော့မှာ” ရန်ကိုင်က တည်ငြိမ်ဟန်ဆောင်လျက် ဖြဲခြောက်လိုက်၏။

သို့သော်လည်း ယုမိုက ကြောက်ရိုးလား။ ပြန်၍ပင် လှောင်ရယ်လိုက်ကာ “မင်းစစ်ကူလား။ ငါတို့ကို ငတုံးတွေ မှတ်နေတာလား။ မင်းစစ်ကူက မင်းကို ဘာလို့ ဒီလောက်တောင် သတ်ချင်နေတာလဲ”

ရန်ကိုင် မဲ့ပြုံးပြုံးလိုက်၏။ ယုမိုနှင့် ဤနေရာတွင် ရှိနေသည့် အခြားသူတော်စင်အဆင့် ပညာရှင်များကို အရူးလုပ်နိုင်တော့မည် မဟုတ်မှန်း သူသိလိုက်လေပြီ။

“ကောင်လေး၊ မင်းက တကယ့်ကို ပြဿနာကောင်ပဲ။ ဒီလောက်တောင် အားကောင်တဲ့ ရန်သူကို ရန်စပြီး ဒီနေ့အထိ အသက်ရှင်နေသေးတာ တကယ်ကို အံ့ချီးဖွယ်ပဲ”

“ကျုပ်ကလည်း အဲ့လိုအားကောင်းတဲ့ ရန်သူတွေကို တမင်သက်သက် သွားရန်ရှာချင်နေတယ်လို့ ထင်လို့လား” ရန်ကိုင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်၏။ သူသာ ကောင်းကင်နတ်ဘုရား ပညာရပ်များကို မတော်တဆ မသင်ကြားမိခဲ့လျှင် သူတော်စင်မနန်၏ လိုက်လံ သတ်ဖြတ်ခြင်း ခံရလိမ့်မည် မဟုတ်ချေ။

“ယုမို၊ အဲ့လူရဲ့ အရှိန်အဝါက နည်းနည်း ထူးဆန်းနေသလိုပဲ…” သူတို့ဆီ ချဉ်းကပ်လာနေသည့် ပညာရှင်ကို ကြည့်ရင်း ကုမန် မျက်မှောင်ကြုံ့လိုက်၏။ တစ်ဖက်လူဆီမှ မည်သည့် အသက်ဓါတ်ကိုမှ အာရုံခံ၍ မရဘဲ သိပ်သည်းလှသော သေခြင်းချီတို့ကိုသာ အာရုံခံမိနေ၏။ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်သည်နှင့် ခေါင်းခါရမ်း၍ ယုမိုအား မေးလိုက်၏ “အခုဘာလုပ်ကြမလဲ”

“ဒီကောင်ကို အရင်မြန်မြန်ဖမ်းလိုက်” ဆက်လက် နှောင့်နှေးမနေရဲတော့သည်နှင့် ယုမိုသည် ရန်ကိုင်အား အရင်ဖမ်းရန် ဆုံးဖြတ်လိုက်၏။ တစ်ဖက်လူ၏ အရှိန်အဝါ မည်မျှပင် ထူးဆန်ပါစေ ထိုလူသည် ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားကို ပိုင်ဆိုင်ထားပေ၏။ သူနှင့် ကုမန်ပေါင်းလျှင်ပင် ထိုအသစ်ရောက်လာသည့် သူအား နိုင်၊မနိုင် မသေချာချေ။

နှောင့်နှေးနေခြင်းသည် ပြဿာနာကို လက်ယပ် ခေါ်နေသည်နှင့်တူပေ၏။

“လုပ်မနေနဲ့။ ကျုပ် ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်” ရန်ကိုင်က ဝင်ပြောလိုက်၏။ သူသာ ယုမိုတို့နှင့် လိုက်သွားပါက အသက်ရှင်နိုင်ချေ ရှိသေး၏။ သို့သော် ဤနေရာတွင်သာ ကျန်ရစ်နေခဲ့ပါက ကျိန်းသေ သေရပေလိမ့်မည်။ သူ့လက်ရှိခွန်အားဖြင့် သူတော်စင်မနန်ကို မည်သို့မှ ယှဉ်တိုက်နိုင်မည် မဟုတ်သလို သူ့လက်မှလည်း ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

“ကိုယ့်အကြောင်းကိုယ်သိသေးသားပဲ” ယုမိုက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။ သို့သော် သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ခါးခါးသီးသီး ပြုံးလိုက်ကာ “နောက်ကျသွားပြီနဲ့တူတယ်… ဒီလူက အရမ်းမြန်လွန်းနေတယ်”

သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့နှင့် အတော်လှမ်းလှမ်းတွင် ရှိနေသော အနက်ရောင် တိမ်တိုက်ဆီမှ ကျောက်စိမ်းသဖွယ် ချောမွတ်လှသော လက်သွယ်သွယ်လေးတစ်ဖက် ဆန့်ထွက်လာခဲ့၏။

ထိုကျောက်စိမ်းသဖွယ် လက်ကလေးသည် တဖြည်းဖြည်း ကြီးသထက် ကြီးလာခဲ့ကာ နောက်ဆုံး၌ ကောင်းကင်တစ်ခွင်ကို ဖုံးအုပ်သွားခဲ့၏။

ကောင်းကင်ဖုံးလက်… ကောင်ကင်တစ်ခွင်ကို ဖုံးအုပ်နိုင်သော လက်ပင်။

နတ်ဆိုးမျိုးနွယ်စုဝင် ပညာရှင်များ စတင် အော်ဟစ်ဆဲရေကုန်ကြပြီး ရန်ကိုင်သည် သူ့နေရာမှ အန်လင်းအာကို ခေါ်၍ အလျင်စလို ပြန်ဆုတ်လိုက်၏။

ဘုန်း…

မြေပြင်တစ်ခွင် တုန်ခါသွားခဲ့ပြီး ကုမန်နှင့် သူ့အဖွဲ့သားများ ပုန်းအောင်နေခဲ့သော ချုံပုတ်ကြီး တစ်ခုလုံး စိစိညက်ညက် ကြေသွားကာ ကီလိုမီတာ ဒါဇင်ကျော် ကြီးမားကျယ်ပြန့်သည့် လက်ဝါးရာကြီး မြေကြီးပေါ် ထင်ကျန်ရစ်သွားလေ၏။

ကံမကောင်း အကြောင်းမလှရှာသည့် နတ်ဆိုးမျိုးနွယ်စုဝင်များမှာ လက်ဝါးချက်စာမိကာ မြေကြီးထဲ ထာဝရ အိပ်စက်သွားရလေတော့၏။

အကုန်လုံးသည် သူတို့ခွန်အားကို အရှိန်ကုန်တင်၍ ရှောင်ရှားလိုက်သော်လည်း လွတ်ရုံလေးသာ ရှောင်နိုင်ခဲ့၏။

ယုမိုနှင့်ကုမန်တို့၏ မျက်နှာ မြင်မကောင်းအောင် ရှုံ့မဲ့နေခဲ့ကြ၏။ အသစ်ရောက်လာသည့်လူ၏ ခွန်အားသည် သူတို့ထက် ပိုအားကောင်းကြောင်း အစကတည်းက သိထားသော်လည်း တစ်ဖက်လူ၏ ခွန်အားကို နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ပြီးမှသာ ထိုလူကို အထင်သေးမိနေမှန်း သူတို့ နားလည်လိုက်၏။

သူတော်စင်အဆင့် ဒုတိယအဆင့်… ထိုလူသည် အနည်းဆုံး သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်၏။

ယခုအချိန်တွင် ယုမိုနှင့် ကုမန်တို့ နှစ်ယောက်စလုံး ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေခဲ့ကြ၏။ သို့သော် မဆင်မခြင် မလှုပ်ရှားရဲခဲ့။ တစ်ဖက်လူ၏ လက်ဝါးချက် သူတို့ဆီသို့ ရောက်ရှိလာသည့် အချိန်မှစ၍ အားကောင်းလှသော ကောင်းကင်စိတ်အာရုံတစ်ခုသည် သူတို့အား ချိန်ရွယ်ထားလိုက်မှန်းကို နှစ်ယောက်စလုံး သတိပြုမိလိုက်ကြ၏။ သူတို့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရက်ရက်စက်စက်ကို တိုက်ခိုက် ခံရပေလိမ့်မည်။

နှစ်ယောက်စလုံးသည် အသက်မရှုတမ်း အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ကြ၏။ ထိုနေရာမှ နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျော့ရှင်း ပြေပြစ်လှသည့် မိန်းမပျိုတစ်ယောက်သည် သူတို့ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းလာနေခဲ့၏။

သူမပုံစံသည် မြင့်မြတ်ကျော့ရှင်းပြီး နန်းဆန်၏။ ရှားမှရှားသော အလှဂဟေး တစ်ယောက်ပင်တည်း။

သို့သော် ယခုအချိန်၌ သူမ၏ အသာအရေသည် အနည်းငယ် ဖြူစွတ်စွတ် ဖြစ်နေခဲ့၏။ သိပ်သည်းလှသော သေခြင်းချီတို့သည် သူမ၏ မျက်ခုံကြားနေရာ၌ စုဝေးနေခဲ့ရာ သူမ၏ အသားအရေသည် အနည်းငယ် နက်မှောင်ချင်သလို ဖြစ်နေခဲ့၏။

သူမဆီမှ အသက်ဓါတ် နည်းနည်းမျှကိုပင် ယုမိုနှင့် ကုမန်တို့ အာရုံခံမရခဲ့။

လမ်းလျှောက်လာနေစဉ် လက်ချောင်း သွယ်သွယ်လေးများထက် စွမ်းအင်များကို စုစည်းလာပြီးနောက် ထိုစွမ်းအင်များကို ဓါးသွားအသွင်သို့ ပြောင်းလဲလျက် အားလုံးဆီ ပစ်လွှတ်လိုက်လေ၏။

သူတော်စင်အဆင့်အောက် နတ်ဆိုးမျိုးနွယ်စုဝင် ကျင့်ကြံသူအားလုံး တစ်ချက်ပင် မခုခံနိုင်ဘဲ နေရာတွင်ပင် အသက်ပျောက်သွားခဲ့ရ၏။

သူ့လက်အောက်ငယ်သားများ သေသွားသည်ကို မြင်သော် ကုမန်မျက်လုံးများ နီရဲသွားခဲ့ပြီး “မိန်းမပျက်မ၊ ငါကုမန်ရဲ့ လူတွေကို တိုက်ခိုက်ရဲတယ်လား”

ယုမို မျက်နှာ အမူအရာလည်း သုန်မှုန်သွားခဲ့ပြီး “ခွေးမ၊ စကားတစ်ခွန်းတောင် မပြောဘဲ တွေ့တဲ့လူတိုင်းကို သတ်ပစ်လိုက်ရလား။ မင်းတော်တော် လွန်သွားပြီကွ”

ယောကျာ်းနှစ်ယောက်က သူမအား ဒေါသတကြီး အော်ဟစ်ဆဲရေးနေသော်လည်း သူတော်စင်မနန်က ဟန်မပျက်အမူအရာဖြင့်သာ ဖြည်းဖြည်းချင်း ဆက်လက် ပျံသန်းလာနေခဲ့၏။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် ကြိတ်ပျော်နေခဲ့၏။ သို့သော် သူ့မျက်နှာကိုတော့ ပုံမှန်အတိုင်း တည်ထား၏။

သူတော်စင်မနန်သည် လူသေတစ်ယောက် ဖြစ်သည့် အတွက် ယုမိုနှင့်ကုမန်တို့ မည်သို့ပင် အော်ဟစ်ဆဲရေး နေပါစေ မည်သို့မှ တုန့်ပြန်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းအရာကို သိထားသော ရန်ကိုင်သည် သူတို့ သုံးယောက်တိုက်ခိုက်သည်ကို ပျော်ပျော်ကြီး ထိုင်ကြည့်မည်သာ။

တစ်ခုတည်းသော ပြဿနာသည်ကား သူတော်စင်မနန်၏ လက်မှ မည်သို့ ထွက်ပြေးရမလဲ ဆိုသည်ပင်။ ယုမိုနှင့်ကုမန်တို့ အတူပူးပေါင်းလျှင်ပင် သူတော်စင်မနန်အား အကြာကြီး တားထား နိုင်လိမ့်မည် မဟုတ်ချေ။

သူတော်စင်မနန်သည် ဟန်မပျက်အမူအရာဖြင့် သူတို့ဆီ ဆက်လက်ပျံသန်းလာနေသည်ကို မြင်သော ယုမိုနှင့်ကုမန်တို့ ခေါင်းမွှေးထောင်တက်သွားခဲ့ပြီး အစစ်အမှန်ချီကို လှည့်ပတ်၍ တိတ်တဆိတ် စွမ်းအင် စုစည်းထားလိုက်ကြ၏။

ထိုအမျိုးသမီးနှင့် တိုက်ပွဲအား ရှောင်လွှဲ၍ ရတော့မည် မဟုတ်မှန်း နှစ်ယောက်စလုံး သိလိုက်လေပြီ။

အဝေးမှ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့် လေ့လာနေသော ဖုန်းပေါင်ပင်လျှင် ကြိုတင် ပြင်ဆင်ထားလိုက်၏။ သူသည်လည်း သူတော်စင်မနန်၏ ကောင်းကင်စိတ်အာရုံဖြင့် ချိန်ရွယ်ထားခြင်း ခံရရာ အသက်ရှင်လိုလျှင် ယုမို၊ ကုမန်တို့နှင့် ယာယီ ပူးပေါင်းပြီး ထိုအမျိုးသမီးကို တိုက်ခိုက်ရပေလိမ့်မည်။

သူတို့ဘက်တွင် သူတော်စင် ပထမအဆင့် ပညာရှင် သုံးယောက်တောင် ရှိနေသဖြင့် အတော်လေး စိတ်အေး သွားခဲ့ကြ၏။ သုံးယောက်ပေါင်း၍ သူတော်စင်မနန်ကို အနိုင်မယူနိုင်လျှင်ပင် သူမလက်မှ အလွယ်လေး ထွက်ပြေးနိုင်၏။

သူတော်စင်မနန်သည် သူတို့နှင့် မီတာသုံးရာ အတွင်းသို့ ရောက်သည်နှင့် သူတော်စင် ပထမအဆင့် ပညာရှင် သုံးယောက်စလုံးဆီမှ နတ်ဆိုးချီတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူတော်စင်မနန်အား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။

သူတို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက် ဧရာမဓါးကြီးတစ်ချောင်း ပေါ်လာပြီး သူတို့သုံးယောက်ဆီ ထိုးဆင်းလာခဲ့၏။

မဟာကောင်းကင်ဓါး…

ထိုဓါးကြီးကိုကြည့်ရင်း ဖုန်းပေါင်၊ ယုမိုနှင့် ကုမန်တို့ သုံးယောက်စလုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၇၉၀) အကြီးအကဲချုပ်ရှုဟွေ

ရန်သူအကြောင်း ဂဂနနမသိဘဲ သွားတိုက်သဖြင့် သူတော်စင်အဆင့် ပညာရှင်သုံးယောက်စလုံး ကျဉ်းထဲကြပ်ထဲ ရောက်သွားခဲ့ရ၏။

သုံးယောက်ပေါင်းကို ရင်ဆိုင်နေရသည် ဆိုသော်ငြား သူမ၏ ကျင့်ကြံခြင်းသည် ထိုသုံးယောက်ထက် ပိုမြင့်နေရာ သူတော်မနန်အနေဖြင့် အောက်စည်းသို့ ရောက်သွားခြင်း မရှိခဲ့ချေ။

ထိုအခြင်းအရာကို မြင်သည်နှင့် ရန်ကိုင် ကြိတ်၍ အူမြူးသွားခဲ့၏။

စကားတစ်ခွန်းမှပင် မပြောတော့ဘဲ အန်လင်းအာကို ခေါ်ကာ စတင် ထွက်ပြေးတော့လေ၏။

“ခွေးကောင်လေး…” ရန်ကိုင် ထွက်ပြေးသွားသည်ကို မြင်လိုက်သော်ငြား ယုမို ဘာမှမလုပ်နိုင်ခဲ့ပေ။ ဒေါသတကြီး အံတကြိတ်ကြိတ်ဖြင့်သာ ကျန်ရစ်ခဲ့ရ၏။ သူ့သခင် ရွှယ့်လီပေးလိုက်သည်ကို တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်တော့မည် မဟုတ်မှန်း နားလည်လိုက်သည်နှင့် သူ့ရင်ထဲ ကိန်းအောင်းနေခဲ့သော ဒေါသအလုံးအစုံကို သူတော်စင်မနန်ဆီသို့ ပုံချတော့လေ၏။ ယခုအခါ ယုမိုသည် သူကိုယ်ပိုင် လက်နက်ဖြစ်သော သူတော်စင်အဆင့်လက်နက်ကိုပါ ထုတ်ယူ၍ သူတော်စင်မနန်ကို အကြမ်းပတမ်း တိုက်ခိုက်နေခဲ့လေပြီ။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကုန်ဆုံးသွားပြီးနောက် ရန်ကိုင်နှင့် အန်လင်းအာတို့သည် ကီလိုမီတာတစ်ရာကျော် အကွာအဝေးသို့ ထွက်ပြေးလာနိုင်ခဲ့၏။ သို့သော်လည်း ထိုအကွာအဝေးမှပင် သူတော်စင်အဆင့် ပညာရှင် လေးယောက်ကြား တိုက်ပွဲမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများကို ခံစားမိနေသေး၏။

သူတော်စင်အဆင့်နှင့် မသေမျိုးအဆင့်ကြား အဓိက ကွာခြားချက်ကြီး တစ်ခုရှိလိမ့်မည်ဟု ရန်ကိုင် အမြဲတမ်း ခံစားနေမိ၏။ သူတော်စင်အဆင့် ပညာရှင်များ ကိုယ်ထဲ စီးဆင်းနေသော စွမ်းအင်သည် သူ့သွေးကြောများထဲ စီးဆင်းနေသော အစစ်အမှန်ချီနှင့် သိပ်မတူချေ။

သူတော်စင်အဆင့်သို့ မရောက်ဖူးသေးသဖြင့် ထိုအဆင့်နှင့် ပက်သက်၍လည်း များများစားစားမသိ။ ထို့ကြောင့် နောက်ကျမှပဲ အခွင့်အရေးတစ်ခုရှာပြီး တစ်ယောက်ယောက်ကို မေးရပေလိမ့်မည်။

“အာ…” အန်လင်းအာ ရုတ်တရက် ထအော်လိုက်ပြီး မျက်လုံးလေး မှေးစဉ်းလျက် အဝေးတစ်နေရာရှိ အနက်ရောင် အစက်လေးတစ်စက်ကို လှမ်းကြည့်လိုက်၏။

တစ်ချိန်တည်းတွင် ရန်ကိုင် အမူအရာလည်း သုန်မှုန်သွားခဲ့ရ၏။ သူတို့၏ အရှေ့ဘက်မှ အားကောင်းသော ဖြစ်တည်မှုတစ်ခုကို အလျင်အမြန် ချဉ်းကပ်လာနေသည်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံမိလိုက်၏။

ထိုလူများ၏ အရှိန်အဝါသည် ယုမိုအောက် မနိမ့်ကျသည့်အပြင် သူတို့ထဲမှ တစ်ယောက်သည် သူတော်စင်မနန်နှင့်ပင် နှိုင်းယှဉ်နိုင်သည်အထိ အားကောင်းလှ၏။

ဤနေရာကဲ့သို့ ချောင်ကျသော နေရာတွင် သူတော်စင်အဆင့် ပညာရှင်များကို ရုတ်တရက် ကြုံတွေ့ရခြင်းသည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်။

အန်လင်းအာကို ခေါ်၍ အခြားတစ်ဖက်သို့ ထွက်ပြေးမည်အပြု အန်လင်းအာက ရုတ်တရက် ပြုံးလိုက်ပြီး “သူတို့က ငါတို့တော်ဝင်နယ်မြေက လူတွေပဲ”

“အာ” ရန်ကိုင် ထိတ်လန့်သွားခဲ့၏။

“ငါတို့ လွတ်ပြီ။ အဲ့အဖွဲ့ကို အကြီးအကဲရှုဟွေ ဦးဆောင်လာတာပဲ ဖြစ်ရမယ်”

အန်လင်းအာကို ပြောသည်ကို ကြားသော် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ ဤအရာကို တိုက်ဆိုင်မှုဟု ခေါ်ခြင်းမှာ အနည်းငယ် ယုတ္တိတန်မနေဘူးလေလား။ သို့သော် တွေးကြည့်လိုက်သည့်အခါ၊ ဘုံကိုးခုထွတ်မြတ် နယ်မြေမှ ပညာရှင်များ အနေဖြင့် သူတော်စင်မနန်ကို နောက်ယောင်ခံလိုက်ရုံဖြင့် အန်လင်းအာတို့ကို တွေ့နိုင်၏။ သို့သော် အန်လင်းအာမူ အသက်ရှင်လျက် ရှိနေရန် လိုအပ်၏။

ရန်ကိုင် ပထမဆုံး တွေးမိလိုက်သည်ကား ထွက်ပြေးရန်ပင်။ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ လူများနှင့် အဆက်အသွယ် မလုပ်ချင်ပေ။ သို့သော်လည်း အတွေးကို ချက်ချင်းပဲ ပြန်ပယ်ဖျက်လိုက်၏။

သူသာ ယခုနေ ထွက်ပြေးလိုက်ပါက တစ်ဖက်လူ၏ သံသယဝင်ခြင်း ခံရပေလိမ့်မည်။ ထို့အပြင် အန်လင်အား ဆီမှ ခွါလိုက်သည်နှင့် သူတော်စင်မနန် ဘာလုပ်မည်မှန်း ကိုလည်း သေချာမသိပေ။ သူတော်စင်မနန်သာ ယုမိုနှင့် အခြားနတ်ဆိုးမျိုးနွယ်စုဝင် သူတော်စင်များကို ထားရစ်၍ သူ့နောက်သို့ လိုက်ပါက သူကျိန်းသေ သေရပေလိမ့်မည်။ ထို့ကြောင့် အလုံခြုံဆုံးသော ရွေးချယ်မှုသည်ကား ထိုပညာရှင်များနှင့် အရင်တွေ့ရန်ပင်။

“အန်လင်းအာ…” ရန်ကိုင်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။

“ပြောလေ”

“ဒီအချိန်အတွင်း ငါနင့်ကို ဘယ်လို ဆက်ဆံခဲ့လဲ”

“ငါ့ကို ဘယ်လိုဆက်ဆံလဲဟုတ်လား” ရန်ကိုင်၏ မေးခွန်းကို ကြားကြားချင် အန်လင်းအာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ ယခင်လများအတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်စဉ်းစားမိပြီးနောက် သူမ၏ ပါးလေးများ နီမြန်းသွားခဲ့ပြီး သိမ်မွေ့စွာ ပြန်ပြောလိုက်၏ “ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လေ”

ရှေးဟောင်းအပျက်အစီး နယ်မြေအတွင်း ဖြစ်စေ၊ ဆန်းကြယ်လောကငယ်အတွင်း ဖြစ်စေ၊ နတ်ဆိုးကုန်းမြေ ထဲတွင် ဖြစ်စေ၊ ရန်ကိုင်သည် သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့၏။ အခက်အခဲမျိုစုံနှင့် ရင်ဆိုင်ခဲ့ရသော်ငြား သူမအား တစ်ယောက်တည်း ထားရစ်မသွားခဲ့။ တစ်နှစ်လောက် အခက်အခဲများစွာကို သေအတူရှင်မကွာ ဖြတ်သန်းလာပြီးနောက် အန်လင်းအာသည် ရန်ကိုင်အား အသက်နှင့်ထပ်တူ ယုံကြည်ရသူ တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ပြီးလေပြီ။

“အဲ့လိုဆိုရင် ငါ့အတွက် တစ်ခုလောက် လုပ်ပေးပါလား။ တော်ဝင်နယ်မြေက လူတွေနဲ့တွေ့ရင် ငါကောင်းကင်နတ်ဘုရား ပညာရပ်တွေ တတ်သွားတဲ့ အကြောင်း ထုတ်မပြောဘဲ နေလို့ရမလား”

“နင်တော်ဝင်သခင် မဖြစ်ချင်ဘူးလား” ရန်ကိုင် မည်သည့် အတွက်ကြောင့် ထိုကဲ့သို့ တောင်းဆိုမှန်း အန်လင်းအာ နားလည်၏။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါနင့်ကို ပြောခဲ့ပြီးသွားပြီလေ။ တော်ဝင်သခင် ဖြစ်မလာရင်တောင် တော်ဝင်သခင်နဲ့တူတဲ့ အဆင့်ကို ငါ့ဘာသာငါ ရောက်နိုင်တယ်။ ငါသာ တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်လာခဲ့ရင် နှစ်သုံးရာတောင် မခံဘဲ မြေကြီးထဲ ရောက်သွားရလိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် လူပေါင်းများစွာ ဝမ်းနည်းရလိမ့်မယ်။ အဲ့လို အနာဂါတ်မျိုး ငါလုံးဝ မလိုချင်ဘူး”

“ဝမ်းနည်းမယ့် လူတွေက နင့်မိန်းမတွေမလား” အန်လင်းအာ အနည်းင လေသံလေးဖြင့် တိုးတိုးလေး ပြောလိုက်၏။

“အဟမ်း… တစ်ယောက်၊ နှစ်ယောက်ပါပဲ…” ရန်ကိုင်ကိုးယိုးကားယား ဖြစ်သွားခဲ့၏။

“ကောင်းပြီလေ။ နင်က တော်ဝင်သခင် မဖြစ်ချင်မှတော့ ငါလည်း ဘာမှမပြောတော့ဘူး။ လုံခြုံတဲ့နေရာတစ်ခုရောက်ရင် နည်းလမ်းတစ်ခုရှာပြီး နင့်ဘာသာ ထွက်သွားပေါ့။ အကြီးအကဲချုပ်နဲ့ ကျန်တဲ့ လူတွေက နင့်ကို ခက်ခဲအောင် မလုပ်လောက်ပါဘူး” အန်လင်းအာက သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်၏။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ပြီးသည်နှင့် သူတို့ဆီ ချဉ်းကပ်လာနေသာ ပညာရှင်များဆီ ပျံသန်းသွားလိုက်၏။

နှစ်ယောက်သား စကားပြောနေစဉ်အတွင်း ကောင်းကင် စိတ်အာရုံများစွာ သူတို့နှစ်ယောက်ဆီသို့ ရောက်လာခဲ့၏။ အန်လင်းအာ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် ထိုလူများ ပျော်သွားခဲ့၏။

ခဏအကြာ၌ တစ်ဖက်အဖွဲ့မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏ “သူတော်စင် သခင်မလား မသိဘူး”

“အကြီးအကဲချုပ်” အန်လင်းအာက အလျင်အမြန် ပြန်ထူးလိုက်၏။

“သူတော်စင် သခင်မပဲ” အန်လင်းအာမှန်း သေချာသွားသည်နှင့် အရှိန်မြှင့်၍ သူတို့ဆီသို့ ပြေးလာခဲ့လေ၏။

သူတော်စင်လေးယောက်…

အဖွဲ့ကို ဦးဆောင်လာသည်ကား အန်လင်းအာ ပြောခဲ့သော မသေမျိုး ဒုတိယအဆင့် ပညာရှင် ဖြစ်သည့် အကြီးအကဲချုပ် ရှုဟွေဖြစ်၏။ ထိုလူကြီးသည် အနည်းငယ် အသက်ကြီးပြီး ထက်ရှသော မျက်လုံး၊ တည်ငြိမ်သော ဟန်အမူအရာကို ပိုင်ဆိုင်ထား၏။

သူ့နောက်တွင်မူ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်အဆင့် ပညာရှင် သုံးယောက် ရှိနေခဲ့၏။

ထိုလူအင်အားကို ကြည့်ရုံဖြင့် ဘုံကိုးခုထွတ်မြတ် နယ်မြေ မည်မျှအားကောင်းကြောင်း သိနိုင်၏။ တော်ဝင်ခေါင်းဆောင်နှင့် သူတော်မနန်သာ ဆက်လက် အသက်ရှင်နေသေးပါက နောက်ထပ် သူတော်စင်အဆင့် ပညာရှင်နှစ်ယောက် ထပ်ရှိနေပေဦးမည်။

ကောင်းကင်ဂိုဏ်းတော်သည် အားကောင်းသော ဂိုဏ်းတစ်ခု ဖြစ်သော်ငြား သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်ကိုသာ ပိုင်ဆိုင်ထား၏။ ချူလင်းရှောင်နှင့် ရန်ကိုင် တစ်ခါမှ မတွေ့ခဲ့ဖူးသော သူ့ရဲ့ ဂိုဏ်းတူဦးလေး တစ်ယောက်ပင် ဖြစ်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် ယှဉ်လျှင် ကောင်းကင်ဂိုဏ်းတော်သည် အနည်းငယ် ပိုအားနည်း၏။

ထို့ကဲ့သို့ တောင့်တင်းလှသည့် လူအင်အားကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဘုံကိုးခု ထွတ်မြတ်နယ်မြေသည် တုန်းရွှမ်လောကကြီး အတွင်း၌ အရမ်းကိုမှ အားကောင်းလှပြီး လွှမ်းမိုနိုင်စွမ်း ကြီးမားသော အင်အားစုတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့၏။ သို့သော် တော်ဝင်သခင်နှင့် သူတော်စင်မနန် သေဆုံးပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် သိသိသာသာကို အားနည်းသွားခဲ့ရ၏။

“သူတော်စင်သခင်မ လုံလုံခြုံခြုံနဲ့ ရှိနေသော တော်ဝင်သခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ ဖြစ်ရမယ်” ရှုဟွေက ချက်ချင်း လက်သီးဆုပ်၍ ဦးညွှတ်လိုက်၏။ အခြား သူတော်စင်အဆင့် ပညာရှင် သုံးယောက်လည်း ထိုနည်းအတိုင်း လုပ်လိုက်၏။ သူတို့သုံးယောက်၏ အပြုအမူကို ကြည့်ရုံဖြင့် အန်လင်းအာကို မည်မျှ စိတ်ပူနေကြောင်း မြင်နိုင်၏။

အန်လင်းအာက သူမလက်ကလေးကိုသာ အသာအယာ ဝှေ့ရမ်း၍ သူမအဆင်ပြေကြောင်း ပြောလိုက်၏။

ပြောနေစဉ်အတွင်း အကြီးအကဲရှုဟွေ၏ မျက်လုံးအစုံသည် ရန်ကိုင်ဆီ ရုတ်တရက် ရောက်လာခဲ့ပြီး “ဒါက တော်ဝင်သခင်လောင်းလား”

ရန်ကိုင် အမူအရာ မသိမသာလေး ပြောင်းသွားပြီး သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ရ၏။ လူအိုကြီး ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ရန်ကိုင် အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့ရ၏။

အန််လင်းအာလည်း အံ့အားသင့်သွားခဲ့ပြီး အမြန်အဆန် ခေါင်းခါရမ်း၍ “မဟုတ်ဘူး။ အကြီးအကဲချုပ်၊ ရှင်မှားနေပြီ…”

“ဟဲဟဲ၊ သူတော်စင်သခင်မ ရှင်းပြနေစရာ မလိုပါဘူး။ မိသားစုကြီးခုနှစ်ခုမဟာမိတ် အဖွဲ့ပိုင်တဲ့ ကျွန်းမှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ကျုပ်တို့ သိပြီးသွားပါပြီ။ ချန်းနင်ဆီကနေ ကြားခဲ့တာလေ” ရှုဟွေ ကျေနပ်အားရ နေသည့် လေသံဖြင့် ရန်ကိုင်အား ချီးကျူးလိုက်၏ “ငယ်ငယ်လေးဆိုပေမယ့် တစ်ကြိမ်တည်းနဲ့ ကောင်းကင် နတ်ဘုရားပညာရပ် သုံးခုကိုတောင် နားလည်နိုင်တယ်။ သူ့လိုမျိုးက ဘယ်တော်ဝင်သခင်ကမှ မလုပ်နိုင်ခဲ့ဖူးဘူး”

ယခု ရန်ကိုင် ပို၍ပင် ထိတ်လန့်သွားခဲ့ရလေပြီ။ သို့သော်လည်း ရုပ်ကို တည်ထားကာ စကားတစ်ခွန်းပင် ပြန်မပြောခဲ့ပေ။

အန်လင်းအာကမူ စိုးရိမ်တကြီး လေသံဖြင့် မေးလိုက်၏ “ဦးလေးချန် အသက်ရှင်ခဲ့လား”

မိသားစုကြီးခုနှစ်ခုမဟာမိတ်အဖွဲ့တွင် ရှိနေစဉ်က ရန်ကိုင်နှင့် အန်လင်းအာတို့အတွက် အချိန်ဆွဲပေးရန် ချန်နင်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ အခြား ပညာရှင်များသည် သူတော်စင်မနန်အား အသေခံ ဝင်တားခဲ့၏။ သူတော်စင်မနန် ထိုလူများအား သတ်လိုက်သည်ကို သူ့ကိုယ်တိုင် မျက်လုံးတပ်အပ် မြင်တွေ့ခဲ့ရ၏။ သူတော်စင်မနန်၏ တိုက်ခိုက်မှုမှ အသက်ရှင်နိုင်စရာ အကြောင်းလုံးဝ မရှိချေ။

ရှုဟွေက ခေါင်းခါရမ်းလိုက်ပြီး အကြောင်းအရင်းကို ရှင်းပြလိုက်၏ “သူသေသွားခဲ့တယ်။ သူတော်စင်သခင်မနဲ့ လိုက်သွားတဲ့ လူတွေအားလုံး သေသွားခဲ့တာ။ ဒါပေမယ့် သူမသေသွားခင် ကျုပ်တို့ဆီ လှမ်းသတင်းပို့ခဲ့တယ်လေ။ သူ့ကြောင့်ပဲ တော်ဝင်သခင်လောင်းကို ရှာတွေ့သွားပြီမှန်း ကျုပ်တို့ သိခဲ့ရတာ။ သိသိချင်းပဲ သူတော်စင်သခင်မတို့ နှစ်ယောက်ကို တွေ့နိုးနိုးနဲ့ သူတော်စင်မနန် နောက်ကနေ လိုက်နေခဲ့တာ”

ရန်ကိုင် ထင်ထားခဲ့သလိုပင်။ သို့သော် ချန်နင် အကြောင်း တွေးလိုက်မိသည်နှင့် သူ့စိတ်ထဲ တနုံ့နုံ့ ဖြစ်သွားခဲ့ရ၏။

သေမယ်လို့ ဆုံးဖြတ်ထားရင်လည်း အေးအေးဆေးဆေး သေသွားလိုက်ပါလား။ ငို့းမို့လို့ ငါ့ကို ပြဿနာရှာသွားတာလား။ ငိုးမကောင်ကြီး၊ သေတာတောင် နည်းသေးတယ်

အန်လင်းအာ ရန်ကိုင်အား ချောင်းကြည့်လိုက်၏။ ရန်ကိုင် အမူအရာ မှုတ်ကုတ်ကုတ် ဖြစ်နေသည်ကို မြင်သည်နှင့် စိုးရိမ်မိသွားခဲ့ပြီး ဘာဆက်လုပ်၍ လုပ်ရမှန်း မသိဖြစ်သွားခဲ့၏။

“ဒါက ကြာကြာနေလို့ကောင်းတဲ့ နေရာမဟုတ်ဘူး။ ကျုပ်တို့ မြန်မြန် ထွက်သွားမှ အဆင်ပြေလိမ့်မယ်” ဟူဟွေက ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အလျင်စလို တိုက်တွန်းလိုက်၏။

အခြားသူတော်စင်အဆင့် ပညာရှင်များလည်း ခေါင်းညိတ်လိုက်ကြ၏။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “သူတော်မနန်… သူ့ကို ဒီအတိုင်းပဲ ထားခဲ့လိုက်မှာလား”

ရှုဟွေက ရှက်အမ်းအမ်း အမူအရာဖြင့် ပြုံး၍ “ပြောရမှာ ရှက်ပေမယ့် ကျုပ်က သူတော်စင်မနန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ဒါကြောင့် သူ့ကို တားချင်ရင်တောင် မတားနိုင်ဘူး”

“အဲ့လိုဆိုရင် ကျုပ်နဲ့ အန်လင်းအာက သူတော်စင်မနန် လက်ကနေ တောက်လျှောက် ထွက်ပြေးနေရတော့မှာပေါ့”

“အဲ့လိုတော့ မဟုတ်ဘူး။ တော်ဝင်နယ်မြေဆီ ပြန်ရောက်ရင် သူတော်စင်မနန် ဆက်လိုက်လာတော့မှာ မဟုတ်ဘူး” သူတော်စင်အဆင့် ပညာရှင်များထဲမှ တစ်ယောက်က ကြားဝင်ပြောလိုက်၏။

“အဲ့ဒါကြောင့်ပဲ တော်ဝင်နယ်မြေဆီ ကျုပ်တို့ မြန်မြန်ပြန်ဖို့လိုတယ်” ရှုဟွေက ပျူငှာယဉ်ကျေးသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

အခြား သူတော်စင်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြ၏။ လက်ရှိ အခြေအနေနှင့် ပက်သက်ပြီး သူ့စိတ်ထဲ ကြိတ်မနိုင်ခဲမရ ဖြစ်နေသော်ငြား သူလုပ်နိုင်သည့်အရာ ဘာမှမရှိသဖြင့် ခေါင်းညိတ်၍ သူတို့နောက် လိုက်သွားရုံသာ ရှိ၏။

ယခုလောလောဆယ် အခြေအနေကို တစ်ချက် အရင်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။ အခြေအနေသာ မကောင်းလျှင် ဤအဖွဲ့မှ ချက်ချင်း ခွဲထွက်ပြီး အပြည့်အဝ အားမကောင်းသေးသရွေ့ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ပညာရှင်များရှေ့ ဘယ်တော့မှ ပေါ်လာလိမ့်မည် မဟုတ်တော့ချေ။

သို့သော်လည်း ရှုဟွေနှင့် အခြားသူတော်စင်များသည် ကောင်းကင်နတ်ဘုရားပညာရပ်များကို လေ့လာထားရာ သူ့အနေဖြင့် ထွက်သွားချင်လျှင်ပင် ထွက်သွားနိုင်လိမ့်မည် မဟုတ်သဖြင့် ရန်ကိုင်မှာ အတော့်ကိုမှ ခေါင်းကိုက်နေရ၏။

ရန်ကိုင် ကန့်ကွက်သည်ကို မမြင်သော် ရှုဟွေသည် အန်လင်းအာနှင့် ရန်ကိုင်ကို သူ့အစစ်အမှန်ချီဖြင့် ရစ်ပတ်ကာ ပျံသန်းထွက်သွားလေ၏။

ခဏအကြာ၌ ရန်ကိုင်တို့အဖွဲ့ နတ်ဆိုးကုန်းမြေမှ ထွက်လာနိုင်ခဲ့၏။

သူတို့နှင့် သူတော်စင်မနန်ကြားမှ အကွာအဝေးသည် တိုးမြင့်သထက် တိုးမြင့်လာသည့်အတွက်ကြောင့် ရန်ကိုင်နှင့် အန်လင်းအာတို့အား ချိန်ရွယ်ထားသည့် သူတော်စင်မနန်၏ ကောင်းကင်စိတ်အာရုံ ပျောက်ကွယ် သွားခဲ့ရ၏။

ယခုမှပဲ ရန်ကိုင်က စိတ်သက်သာရာ ရနိုင်ခဲ့၏။

အပြန်လမ်းတစ်လျှောက် ရှုဟွေသည် ရန်ကိုင်ကို တိတ်တဆိတ် လေ့လာသွား၏။

အန်လင်းအာသည် ရန်ကိုင်အား အတော့်ကို ဂရုစိုက်သည့်ပုံပင်။ သူတော်စင်မ တစ်ယောက်မှ တော်ဝင်သခင် တစ်ယောက်ကို ဂရုစိုက်သည့် ပုံမျိုး မဟုတ်ဘဲ မိန်းမသားတစ်ယောက်မှ ယောကျာ်း တစ်ယောက်ကို ဂရုစိုက်သည့် ပုံစံမျိုးဖြစ်၏။ ရန်ကိုင် မျက်နှာအမူအရာ မှုန်ကုတ်သွားသည့် အချိန်တိုင်း အန်လင်းအာ ထိတ်လန့်သွားခဲ့ပြီး သူမ၏ နှလုံးခုန်နှုန်းလည်း မြန်ဆန်လာခဲ့ရ၏။

တော်ဝင်သခင်လောင်းသည်… တကယ့်ကိုမှ ထူးခြားလှပေ၏။

အန်လင်းအာမှာ မည်သူနည်း။ အားလုံးထက် ရှုဟွေ ပိုသိ၏။ တော်ဝင်နယ်မြေမှ သူတော်စင်မအားလုံးသည် လူတိုင်းထက် မောက်မာကြသူများ ဖြစ်၏။ သူတော်စင် သခင်မ၏ နှလုံးသားကို အချိန်တစ်ခဏအတွင်း ဖမ်းစားညို့ယူသွားနိုင်သည့် တော်ဝင်သခင်လောင်းသည် လုံးဝကို သာမန်မဟုတ်ပါချေ။

All Chapters