← Chapters

အခန်း (၈၀၁-၈၀၅)

Vol. 33 Ch. 801

အခန်း (၈၀၁-၈၀၅)

Vol. 33 Ch. 801

အပိုင်း (၈၀၁) ရင်ပူစရာဂိုဏ်းပြင်ပ ပြဿနာများ

အန်လင်းအာသာ သူ့အား ဤနေရာ၌ နေခဲ့ရန် တောင်းဆိုပါက ရန်ကိုင် ချွင်းချက်မရှိ ထွက်သွားမှာပါ။ သို့သော် သူမသည် သူ့အား ထွက်သွားရန် အမှန်တကယ် တွန်းအားပေးခဲ့၏။

ယခုကဲ့သို့ ဖြစ်လာရန် အန်လင်းအာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်။ သူ့အတွက် စဉ်းစား၍ လုပ်ခဲ့ခြင်းဖြစ်ရာ ရန်ကိုင်လည်း သူ့အပေါ် ဤမျှ ကောင်းလှသော အန်လင်းအာကို ဒုက္ခတွင်းထဲ တစ်ယောက်တည်း မထားရစ်နိုင် ဖြစ်ခဲ့ရ၏။

တကယ်တော့ ဘုံးကိုခုထွတ်မြတ်နယ်မြေက ယခုအချိန်၌ ပြဿနာပေါင်းစုံဖြင့် ဝိုင်းဝိုင်းလည်နေသည် မဟုတ်ပေလော။

ရန်ကိုင်က စတင် ပြောလာခဲ့ရာ အန်လင်းအာ မပျော်ဘဲ နေမည်လား… ပျော်တာပေါ့။ ထို့ကြောင့် တော်ဝင်င်္ချိုင်းထဲသို့ သူဝင်သွားပြီးသည့်နောက်ပိုင်း ဖြစ်ပျက်လာသမျှ အကြောင်းအရာ အကုန်အစင်ကို အလျင်အမြန် ရှင်းပြလိုက်လေ၏။

ယခုမှပဲ တော်ဝင်သင်္ချိုင်းထဲသို့ သူဝင်သွားသည်မှာ ကိုးလရှိခဲ့ပြီမှန်း ရန်ကိုင် နားလည်လိုက်၏။

ပထမခြောက်လအတွင်း ဘာမှမဖြစ်ခဲ့ချေ။

သို့သော် လွန်ခဲ့သောသုံးလက၊ တောင်ထွတ်ကိုးလုံး ပတ်လည်ရှိ အရံအတားအားလုံး လုပ်ဆောင်မှု ရုတ်ချည်း ရပ်တန့်သွားခဲ့ရာ အကြီးအကဲများလည်း ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့၏။

ပြန်ပြင်ရန်အတွက် အရံအတားများကို စစ်ဆေး ကြည့်သော်လည်း ထူးထူးခြားခြား ဘာကိုမှ မတွေ့ခဲ့ရပေ။

အားလုံး ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်နေခင်မှာဘဲ အရံအတား ပျောက်ကွယ်သွားသည်ကို သတိပြုမိသည်နှင့် သူတော်စင်မနန်က တော်ဝင်နယ်‌မြေကို တိုက်ခိုက်တော့လေ၏။

အကြီးအကဲများနှင့် ကာကွယ်သူများ အားလုံး အတူတူပူးပေါင်း၍ သူတော်စင်မနန်ကို တွန်းလှန် နိုင်ခဲ့သော်ငြား ထိုတိုက်ပွဲကြောင့် တော်ဝင်နယ်မြေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့ရပြီး တပည့် များစွာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ကြရ၏။ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသူများလည်း ရှိ၏။

ထိုအဖြစ်အပျက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ရန်သူများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်၏။

“ရန်သူတွေလား” ရန်ကိုင်က သိလိုတကြီးဖြင့် ပြန်မေးလိုက်၏။

“ဟုတ်တယ်။ ငါတို့ တော်ဝင်နယ်မြေက အထွဋ်အထိပ် အင်အားစုတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်လာခဲ့တာ မှန်တယ်။ ဒါပေမယ့် နင်ပြောကြည့်၊ ဒီလောကကြီးမှာ ရန်သူမရှိတဲ့ အင်အားစု ဆိုတာ ရှိလို့လား။ တော်ဝင်သခင်ဟောင်းတွေ ရှိနေတုန်းကတော့ ငါတို့တော်ဝင်နယ်မြေကို အဲ့လူတွေ ဘာမှ မလုပ်ရဲခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်နှစ်အတွင်း ငါတို့ တော်ဝင်နယ်မြေရဲ့ တော်ဝင်ရာထူးက လစ်ဟင်းနေတာလေ။ အဲ့အခွင့်ကောင်းကြီးကို မြင်မှတော့ သူတို့က မတိုက်ခိုက်ဘဲ ဘယ်နေပါတော့မလဲ။ တော်ဝင်နယ်မြေဆိုတာ အရမ်းကို ကျင့်ကြံလို့ကောင်းတဲ့ နေရာကြီးတစ်ခုလေ။ ဒီနေရာကို လူတွေအများကြီးက ကြိတ်ပြီး လိုချင်တပ်မက်နေကြတာ”

“ဒီတော့ အဲ့ရန်သူတွေက နင်တို့ ရေနစ်နေတဲ့အချိန် ဝါးကူထိုးတာပေါ့” ရန်ကိုင်က ထေ့ငေါ့ပြောလိုက်၏။

“ဟုတ်တယ်” အန်လင်းအာက ခေါင်းညိတ်လိုက်ပြီး စိတ်ဓါတ်ကနေသည့် ပုံစံလေးဖြင့် “ဒါပေမယ့် ဒီကိစ္စနဲ့ ပက်သက်ပြီး အပြစ်တင်လို့ မရဘူး။ တော်ဝင်သခင်တွေ အသက်ရှင်တုန်းက သူတို့တွေက အရမ်းကို အထက်စီး ဆန်လွန်းခဲ့တာ။ ဒါကြောင့်ပဲ အဲ့လူတွေက ငါတို့အပေါ် မကျေနပ်တာ သဘာဝပဲ”

“ဟန့်၊ ဘာမဟုတ်တဲ့ အင်အားစုလေးတွေသာ ဆိုရင် ငါတို့တော်ဝင်နယ်မြေက သူတို့တွေကို မျက်လုံးထဲ ထည့်စရာကို မလိုတာ၊ ဒါပေမယ့်…” ယုယင်က မျက်မှောင်ကြုံ့လျက် ဆက်ပြောလိုက်၏ “ဒါပေမယ့် သူတော်စင်မနန်က ငါတို့ တော်ဝင်နယ်မြေကို လာမွှေသွားတော့ ငါတို့နဲ့ ရန်ငြိုးရှိတဲ့ လူတွေက စုပေါင်းပြီး ငါတို့ကို လာဖိအားပေးကြတယ်လေ။ သူတို့တွေရဲ့ အမျိုးတွေ၊ ချစ်ရသူတွေ၊ ပြီးတော့ သူတို့တွေ ကိုယ်တိုင်ကကို သူတော်စင်နန်ကြောင့် ဒုက္ခ ရောက်ခဲ့ရတာ ဆိုတော့ ငါတို့အပေါ် မကျေနပ်ဘဲ နေပါ့တော့မလား”

“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့တောင် ပြောရမလို ဖြစ်နေပြီ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။

သို့သော် တော်ဝင်နယ်မြေ၏ အရံအတား လုပ်ဆောင်မှု ရပ်ဆိုင်းသွားသည့် အခိုက်အတန့်သည် စိတ်ဝိဥာဉ်ကို သူရလိုက်သည့်အချိန်နှင့် ကွက်တိကြီး ဖြစ်နေခဲ့၏။

စိတ်ဝိဥာဉ်လက်စွပ်ကို ငါယူလိုက်တာနဲ့များ ဆိုင်နေမလား မသိဘူး ရန်ကိုင်က တွေးလိုက်၏။

“လွန်ခဲ့တဲ့ လဝက်တုန်းက အဲ့လူတွေက ထပ်ရောက်လာသေးတယ်။ သူတော်စင်နန်ကို သူတို့ဆီ ပေးဖို့ လာတောင်းဆိုကြတာပေါ့။ ဒါပေမယ့် တိုက်ပွဲမှာ သူတော်စင်မနန်က ဒဏ်ရာရပြီး ထွက်ပြေးသွာပြီလေ။ ငါတို့က သူ့ကို ဘယ်သွားရှာရမှာလဲ။ အကြီးအကဲရှုလည်း ရှင်းပြဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဘာမှမထူးခြားခဲ့ဘူး။ အဲ့လူတွေက ငါတို့ တောင်ထွတ်ကိုးလုံးကို မျက်စိကျနေတာဆိုတော့ ငါတို့ ဘာပြောပြော ဘယ်လိုမှကို လက်ခံခဲ့ဘူး။ ဒီလိုနဲ့ နောက်ဆုံးတော့ တိုက်ပွဲဖြစ်ကြတော့တာပဲ။ နှစ်ဖက်စလုံး အတုံးတုံးအရုံးရုံး သေကြေကြတော့ အခြေအနေက ပိုဆိုလာတာပေါ့။ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လိုမှ ဖြေရှင်းလို့ မရတော့ဘူး”

“ဘယ်အင်အားစုက ပြဿနာ ရှာနေတာလဲ” ရန်ကိုင်က မေးလိုက်၏။

“ခေါင်းဆောင် အင်အားစု သုံးခုကတော့ ငါတို့ အနားက အင်အားစုတွေပဲ၊ ဘယ်သူတွေလဲဆိုတော့ ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ်နန်းတော်နဲ့ မရဏဂိုဏ်းတို့ပဲ” ပြောနေရင်း ယုယင် ဒေါသထွက်လာခဲ့ပြီး “အဲ့အင်အားစုတွေက အဓိက လက်သည် တရားခံတွေပဲ။ သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့တော်ဝင်နယ်မြေရဲ့ အင်အား ဘာလို့ ဒီလောက် နိမ့်ကျသွားရမှာလဲ။ သူတို့သက်သက်ဆိုရင် သောက်ဂရုကို မစိုက်တာ။ ဒါပေမယ့် အဲ့အင်အားစုသုံးက အတူတူ ပူးပေါင်းပြီး အခြားပညာရှင်တွေကိုပါ စည်းရုံး သိမ်းသွင်းလာတယ်လေ။ အခုဆို ငါတို့ တော်ဝင်နယ်မြေက ဒီလောကကြီးရဲ့ အင်အားစု တစ်ဝက်လောက်ကို ရင်ဆိုင်နေရသလို ဖြစ်နေပြီ”

“အခြေအနေက အဲ့လောက်တောင် ဆိုးနေတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့၏။

သို့သော် ယခင်နှစ်နှစ်အတွင်း သူတော်စင်မနန် လုပ်ခဲ့သည်များကို ပြန်စဉ်းစားမိလိုက်သော် လက်ရှိ အခြေအနေ အရပ်ရပ်သည် ဖြစ်နိုင်သင့်သည်ထက် မကျော်လွန်းသေးမှန်း ရန်ကိုင် သိလိုက်၏။

သူတော်စင်မနန် သွားသည့်နေရာတွင်း သေဆုံးခြင်းနှင့် အပျက်ကိန်း ဆိုက်ရောက်ခဲ့ရရာ ဘုံကိုးခုထွတ်မြတ်နယ်မြေလည်း အတော်လေးကို ခေါင်းကိုက်၊ စိတ်ညစ်ခဲ့ရ၏။ သူတော်စင်မနန်၏ ခွန်အားသည် အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းလှသည့်အပြင် ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုကိုပါ လေ့ကျင့်ထားသည့်အတွက် ဤလောကကြီး၌ သူမအား အနိုင်ယူနိုင်သည့်သူဆို၍ သူတော်စင် တတိယအဆင့် ပညာရှင်များသာ ရှိတော့၏။ သို့သော် သူတော်စင် တတိယအဆင့် ပညာရှင်များသည် မှိုလို ပေါက်နေခြင်းမဟုတ်။

ကောင်းကင်ဂိုဏ်းတော်၏ ချူလင်းရှောင်သည်ပင် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဟုတ်မဟုတ် ရန်ကိုင် မသေချာပေ။

“နင်ထင်ထားတာထက်ကို ဆိုးတယ်” ယုယင်၏ အမူအရာ အေးစက်သွားခဲ့ပြီး “အဲ့အင်အားစုတွေက ငါတို့ တော်ဝင်နယ်မြေရဲ့ အရင်းအမြစ်တွေကို မျက်စိကျနေရုံတင် မဟုတ်ဘူး၊ လင်းအာကိုပါ စိတ်ဝင်စားနေတာ”

ပြောနေရင်း အန်လင်းအာဆီ လှမ်းကြည့်လိုက်၏။

ယုယင် ဆိုလိုချင်သည် ရန်ကိုင် ဒက်ခနဲ တန်းသိလိုက်၏ “အန်လင်းအာကို သူတို့ရဲ့ တပည့်တစ်ယောက်နဲ့ ပေးစားပြီး တော်ဝင်သခင်ရမယ့် အမွေအနှစ်တွေကို လိုချင်နေတာ၊ ဟုတ်တယ်မလား”

တော်ဝင်သခင်၏ အမွေအနှစ်ကိုသာ ရလိုက်ပါက ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် ခုန်တက် သွားနိုင်ပေလိမ့်မည်။ ထိုကဲ့သို့သော အကျိုးအမြတ် မျိုးအား နှစ်ရာပေါင်းများစွာ ကြိုးစားလျှင်ပင် ရနိုင်မည် မဟုတ်ပေ။

“အသေအချာပဲ” ယုယင် မာဆတ်ဆတ် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ပြန်ဆုတ်သွားတယ်။ မသွားခင် တစ်လကြာတာနဲ့ သူတော်စင်မနန်ကို သူတို့လက်ထဲ အပ်ရမယ်လို့ သတိပေးသွားတယ်။ မအပ်နိုင်ဘူး ဆိုရင်တော့ ငါတို့ တောင်ထွတ်ကိုးခုစလုံးကို ဘာမှမကျန်အောင် ဖျက်စီးပစ်မယ်တဲ့။ ဒါပေမယ့် နောက်တစ်နေကျတော့ အကြီးအကဲချုပ် လျှို့ဝှက်စာတစ်စောင် ရခဲ့တယ်။ စာထဲမှာ ဘာရေးထားလဲသိလား။ အရင်မျိုးဆက် သူတော်စင်မကို သူတို့လက်ထဲ မအပ်နိုင်ရင် လက်ရှိ သူတော်စင်မကိုလည်း ပေးလို့ရတယ်တဲ့”

“ကောင်းကောင်းကို တွေးထားတာပဲ” ထိုလူများ၏ အကြံကို ရန်ကိုင် အမှန်တကယ် အထင်ကြီးမိပေ၏။ ယုယင် ပြောသွားသည်များကို သေသေချာချာ ပြန်စဉ်းစားလိုက်ပြီးနောက် “ဒီတော့ ခင်ဗျားတို့က ဒီနေရာမှာပဲ သေဖို့ ထိုင်စောင့်နေတော့မှာလား”

ယုယင် မျက်နှာအမူအရာမကောင်း။ စိတ်ဓါတ်ကျကျဖြင့် “ငါတို့ ဘာလုပ်နိုင်သေးလို့လဲ။ ဒီလောကကြီးက အကျယ်ကြီးဆိုပေမယ့် သွားစရာ နေရာမှ မရှိတာ။ ပြီးတော့ သတ်မှတ်ရက်ပြည့်ဖို့ လဝက်တောင် ကျန်သေးတာပဲ။ အခု အကြီးအကဲချုပ်က အခြားအင်အားစုတွေနဲ့ ဆွေးနွေးကြည့်ဖို့ ကြိုးစားနေတယ်။ သူတို့သာမပါဘဲ ဟိုအင်အားစု သုံးခုတည်းဆိုရင်တော့ ငါတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ တော်ဝင်နယ်မြေ အားပြန်ပြည့်လာတဲ့ အခါကျ သူတို့နဲ့ အေးအေးဆေးဆေး ရှင်းလို့ရတယ်”

“ခင်ဗျားတို့ရဲ့ တော်ဝင်သခင်ဟောင်းကပဲ ခင်ဗျားတို့ကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မသေခင်လေး အဲ့အင်အားစုသုံးခုကို ဘာလို့ ကောင်းကောင်း မဆက်ဆံ သွားတာလဲ မသိဘူး။ အနည်းဆုံး ခင်ဗျားတို့ အားနည်းနေတဲ့ လာပြဿနာ မရှာအောင်လို့ပေါ့”

“ဟေး၊ နင်ဘယ်ဘက်ကလဲ” ယုယင်က ရန်ကိုင်အား မကျေမနပ်ဖြင့် စောင်းငမ်းကြည့်လိုက်၏။

“အမှန်ကို ပြောနေရုံသက်သက်ပဲ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်၏။

“တော်ဝင်သခင် အသက်ရှင်တုန်းက သူတို့အပေါ် အထက်စီးဆန်ဆန်ကြီး ဆက်ခံတာ မဟုတ်ဘူး။ နှစ်စဉ်ကြေး ကောက်တာပဲရှိတယ်။ နှစ်စဉ်ကြေး ကောက်တယ်ဆိုပေမယ့် ငါတို့ကလည်း သူတို့ကို ပြန်ပြီး ကာကွယ်ပေးရတယ်လေ။ ငါတို့ကြောင့်သာ မဟုတ်ရင် အဲ့အင်အားစုသုံးခုလည်း ကောင်းကောင်းမွန်မွန်နဲ့ ရှိနေနိုင်မှာ မဟုတ်ဘူး” အန်လင်းအာက ရှင်းပြလိုက်၏ “အခုတော့ သူတို့တွေက ကျွေးတဲ့လက်ကို ပြန်ကိုက်နေပြီ။ တကယ်ကို ကျေးဇူးမသိတဲ့ ခွေးသူတောင်းစားတွေ”

“ခင်ဗျားဘာပြောချင်တာလဲ။ ခင်ဗျားတို့ရဲ့ တော်ဝင်သခင်က သူတို့ကို ကာကွယ်ပေးခဲ့တယ် ဟုတ်လား” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။

“ငါနင့်ကို မပြောခဲ့ဘူးလား။ ငါတို့ တော်ဝင်နယ်မြေက လူသားပိုင်နက်နဲ့ အစွန်အဖျားမှာ ရှိနေတာ။ အဲ့တောင်ကို ကျော်လိုက်တာနဲ့ မွန်းစတား မျိုးနွယ်စု ပိုင်နက်ဖြစ်တဲ့ သားရဲပင်လယ်တောအုပ်ဆီ ရောက်သွားလိမ့်မယ်။ တော်ဝင်သခင်ဟောင်း ကြောင့်သာ မဟုတ်ရင် မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီးက သူ့အင်အားစုတွေကို ခေါ်လာပြီး ဒီနေရာကို သိမ်းပိုက်လိုက်ပြီ”

“မွန်းစတားမျိုးနွယ်စုလား” ရန်ကိုင် မျက်ခုံး ပင့်လိုက်ပြီး မေးလိုက်၏ “ပြောချင်တာက အဲ့ဘက်မှာ မွန်းစတားမျိုးနွယ်စု ရှိနေတယ်ပေါ့”

“ဟုတ်တယ်”

“ဒါဆိုရင် သူတို့ဘာလို့ မလှုပ်ရှားသေးတာလဲ”

တော်ဝင်သခင် သေဆုံးသွားမှဖြင့် မွန်းစတား မျိုးနွယ်စု လှုပ်ရှားသင့်ပေ၏။ မျိုးနွယ်စုသုံးခုသည် အချင်းချင်းတွေ့လျှင်ပင် တိုက်ခိုက်နေကြသူများ ဖြစ်ရာ တော်ဝင်သခင် သေဆုံးသွားသည်ကို မွန်းစတားမျိုးနွယ်စု အခွင့်ကောင်း မယူသည်မှာ ယုတ္တိမရှိချေ။ ထို့ကြောင့် သူမသိသေးသည့် အကြောင်းအရာ တစ်ခုခု ရှိရမည်မှန်း ရန်ကိုင် နားလည်လိုက်၏။

အန်လင်းအာက ခွင့်ပြုချက် တောင်းလိုသည့်အလား ယုယင်ဆီ လှမ်းကြည့်လိုက်၏။ ယုယင်လည်း ခဏလောက် စဉ်းစားနေပြီးသည့်နောက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။

ယုယင်ခေါင်ညိတ်ပြသည်ကို မြင်မှပဲ အန်လင်းအာ ဆက်လက်၍ ရှင်းပြလိုက်၏ “တော်ဝင်သခင်ဟောင်နဲ့ မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီးတို့က နည်းနည်းပါးပါး ခင်မင်ရင်းနှီးကြတဲ့ပုံပဲ… အဲ့ဒါကြောင့်ပဲ စီနီယာကြီး မလှုပ်ရှားတာ ဖြစ်မယ်”

“အိုး” ရန်ကိုင် စိတ်ဝင်စားလာခဲ့ပြီး လှောင်ပြောင်လိုသည့် အမူအရာဖြင့် “ဒီလိုဆိုတော့လည်း မွန်းစတား မျိုးနွယ်စုကတောင် ပိုပြီး လူသားဆန်နေသေးတယ်… မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီးက အားမနည်း လောက်ဘူးမလား”

“ငါတို့လည်း သူ့ကို တစ်ခါမှ တွေ့ဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ခွန်အားက တော်တော်လေး ကြောက်ဖို့ ကောင်းလိမ့်မယ်” ယုယင်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒါက ငါတို့တော်ဝင်နယ်မြေရဲ့ လက်ရှိ အခြေအနေပဲ” အန်လင်းအာက ရန်ကိုင်၏ အထင်အမြင်ကို စောင့်နေသည့်အလား သူ့အား တည့်တည့် စိုက်ကြည့်နေခဲ့၏။ ယုယင်လည်း ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်နေခဲ့၏။ တော်ဝင်နယ်မြေ၏ လက်ရှိအခြေအနေကို ကြားသိသိပြီးချင်း ရန်ကိုင် ချက်ချင်း ကောက်ထွက်သွားမည်ကို သူမ အတော်လေး စိုးရိမ်နေမိ၏။

ထိုသို့သာဆိုလျှင် ယုယင် ချင်းချင်း ထိုင်ငိုပစ်လောက်မှာပါ။

တော်ဝင်သင်္ချိုင်းထဲ ရန်ကိုင် ပြန်ထွက်လာနိုင်ခြင်းမှာ စမ်းသပ်ချက်ကို သူအောင်ပြီးသွားပြီဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။ ဆိုလိုသည်ကား သူသည် တော်ဝင်နယ်မြေ၏ တော်ဝင်သခင် ဖြစ်နေပေပြီ။ သူသာ ရှိနေလျှင် တော်ဝင်နယ်မြေ၏ တပည့်များသည်လည်း ယခင်လောက် ယောက်ယတ်ခတ်၊ သောကရောက် နေတော့မည် မဟုတ်ပေ။

ချောချောလှလှ အမျိုးသမီးနှစ်ယောက်စလုံးသည် ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရန်ကိုင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြ၏။ နောက်ဆုံး ရန်ကိုင်က မေးလိုက်၏ “ရှုဟွေနဲ့ အခြားအကြီးအကဲ တွေရော”

ထိုစကားကို ကြားသည်နှင့် ယုယင်နှင့် အန်လင်းအာ တို့နှစ်ယောက်စလုံး ပျော်သွားခဲ့ပြီး ယုယင်က အလျင်အမြန် ပြန်ပြောလိုက်၏ “နင့်ကို သူတို့ဆီ ခေါ်သွားပေးမယ်”

ပြောပြီးသည်နှင့် ရှေ့ကနေ ဦးဆောင်၍ ထွက်သွားလေ၏။

ရန်ကိုင်နှင့် အန်လင်းအာက သူမတို့နောက်မှ လိုက်သွားခဲ့ကြ၏။

“ဒီတော့… တော်ဝင်သခင်ရာထူးကို နင်လက်ခံတော့မယ်ပေါ့” အန်လင်းအာက ရုတ်တရက် တိုးတိုးလေး မေးလိုက်၏။

“ငါအဲ့လိုပြောလိုက်လို့လား။ လာပြီး အထင်လွဲမနေနဲ့။ အခုလောလောဆယ်… ငါက ဝင်ကူပေးရုံပဲရှိတာ။ ငါပါလိုက်လို့ ပြောင်းလဲသွားမယ်၊ မသွားဘူး ဆိုတာကိုတော့ ငါလည်းမသေချာဘူး။ ငါအတတ်နိုင်ဆုံး ကြိုးစားပေးမယ်။ ငါကူညီပေးတာတောင် နင်တို့ တော်ဝင်နယ်မြေ ပျက်စီးသွားခဲ့မယ် ဆိုရင်တော့ ငါ့ကို လာအပြစ်တင်လို့ မရတော့ဘူးနော်”

“အင်း၊ အင်း” အန်လင်းအာက တောက်ပစွာ ပြုံးလိုက်ပြီး “နင်က လူကောင်းတစ်ယောက်မှန်း ငါသိသားပဲ။ ငါတို့တွေက တကယ့် သူငယ်ချင်းတွေပဲ၊ ဟုတ်တယ်မလား”

“ဟုတ်တယ်” ရန်ကိုင်က သွားပေါ်အောင် ပြံးလိုက်ပြီး ရွတ်တွတ်တွတ် နောက်တောက်တောက် လေသံဖြင့် “ငါ့ကို လာမကြိုက်မိစေနဲ့နော်။ မဟုတ်ရင် ငါချက်ချင်း ထွက်သွားလိုက်မှာ။ ငါတို့တွေ သူငယ်ချင်း ဆက်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး”

“ဟန့်၊ သွေးနားထင် ရောက်ပြမနေနဲ့” အန်လင်းအာ၏ မျက်နှာလေး ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး သူမ၏ လက်သီးဆုပ်လေးများဖြင့် ရန်ကိုင်အား ထုလိုက်ရင်း အံကြိတ်ကာ ပြန်ပြောလိုက်၏ “ဒီလောကကြီးမှရှိတဲ့ မိန်းမမှန်သမျှ နင့်ကို ကြိုက်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ နင်က မဆိုးပေမယ့် ငါ့အကြိုက်တော့ မဟုတ်သေးဘူး”

“အို၊ အဲ့လိုဆို ဘယ်လိုပုံစံမျိုးက နင့်အကြိုက်လဲ” ရန်ကိုင်က သိချင်တကြီးဖြင့် ပြန်မေးလိုက်၏။

“ငါထက် အသက်ကြီးရမယ်။ အရပ်ရှည်ပြီး ရုပ်လည်း ချောရမယ်။ ကြင်နာယုယတတ်တဲ့ လူလည်း ဖြစ်ရဦးမယ်…” ဤသို့ဖြင့် အန်လင်းအာသည် သူမ၏ စိတ်ကူးယဉ် အိမ်မက်ထဲရှိ မင်းသားလေ၏ စရိုက်၊ လက္ခဏာ အသွင်အပြင်တို့ကို တရစပ် ရွတ်ချပြတော့လေ၏။

“တကယ့်ကို မြင်တတ်တာပဲနော်” ရန်ကိုင်က မာနတစ်ခွဲသား အမူအရာဖြင့် ခေါင်းလေး တရမ်းရမ်းသာ လုပ်နေခဲ့ရာ အန်လင်းအာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏

ပျံသန်းနေစဉ် အတောအတွင်း အဆောက်အအုံပျက် များစွာနှင့် သွေးကွက်များစွာကို ရန်ကိုင် မြင်တွေ့ခဲ့ရ၏။

အလုပ်ရှုပ်နေသော တော်ဝင်တပည့်များသည် ယုယင်နှင့် အန်လင်းအာတို့ကို မြင်လိုက်သည်နှင့် လုပ်လက်စအလုပ်ကို ရပ်၍ လေးလေးစားစား ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။ သို့သော် သူမတို့နှင့်အတူ လမ်းလျှောက်လာနေသော ရန်ကိုင်ကို မြင်လိုက်သည်နှင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရလေ၏။ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားခဲ့ရလေပြီ။

ရှုဟွေသည် တပည့်များကို ညွှန်ကြားရင်း အလုပ်ရှုပ်နေခဲ့၏။ ယုယင်၏ အော်ခေါ်သံကြားဖြင့် လှည့်ကြည့်လိုက်ရာ စကားတစ်လုံးမှပင် ပြန်မပြောနိုင်ခဲ့ဘဲ မျက်လုံးအပြူးသားဖြင့်သာ နေရာတွင် ကြောင်အအကြီး ရပ်နေခဲ့လေ။ တစ္ဆေ၊သရဲ တစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာအောင် ဆွံ့အနေခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၀၂) အံ့ဩမနေနဲ့

ပြိုကျနေသော အဆောက်အအုံ တစ်လုံးရှေ့၊ ရှုဟွေသည် ရန်ကိုင်အား မှင်သက်ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေခဲ့၏။

ရှီခွန်း၊ ချုန်ယွဲ့ထုန်နှင့် အခြားအကြီးအကဲများ သည်လည်း ထိုနည်းလည်းကောင်းပင်။

“ဘာတွေ ဒီလောက်တောင် အံ့ဩနေတာလဲ။ ဘာလဲ၊ တော်ဝင်သင်္ချိုင်းထဲမှာ ကျုပ်သေသွားပြီလို့ ခင်ဗျားတို့တွေ ထင်နေကြတာလား” ရန်ကိုင်က အရွှန်းဖောက်လိုက်၏။

ထိုအခါမှပဲ ရှုဟွေ ပြန်အသိပြန်ဝင်လာခဲ့၏။ ဝမ်းသာလွန်းဖြင့် မျက်ရည်ပင်ကျလာခဲ့ကာ တုန်တုန်ရီရီဖြင့် လက်သီးဆုပ်၍ လေးလေးစားစား ဦးညွှတ်လိုက်၏ “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်”

“ပြန်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ တော်ဝင်သခင်” အခြား အကြီးအကဲများကလည်း လေးလေးစားစား ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။

ရန်ကိုင်၏ ထွက်ပေါ်လာမှုသည် အမှောင်မိုက်ဆုံး အချိန်ထဲ မျှော်လင့်ချက် အလင်းရောင်လေးကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေခဲ့၏။ အားလုံး၏ စိတ်ဓါတ်ကျ၊ ငိုင်တိုင်တိုင် မျက်နှာထားများသည် ပျော်ရွှင်မှု၊ ဝမ်းသားမှုတို့ဖြင့် တစ်ဖန်ပြန်လည် ဝင်းပလာခဲ့၏။

တော်ဝင်တပည့်များပင် စိတ်အားထက်သန်စွာဖြင့် ရန်ကိုင်အား ကယ်တင်ရှင်တစ်ယောက်ပမာ ကြည့်လာခဲ့ကြ၏။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး လက်မြှောက်ကာ “ကျုပ်ကို အဲ့လို အလောတကြီး ခေါ်ဖို့ လုပ်မနေနဲ့ဦး… အဲ့ကိစ္စတွေကို အရင်ဘေးဖယ်ထားလိုက်ကြတာပေါ့။ တော်ဝင်နယ်မြေရဲ့ အကြမ်းဖျင်း အခြေအနေကို အကြီးအကဲယုယင်နဲ့ အန်လင်းအာဆီကနေ သိပြီးသွားပြီ။ ကျုပ်ကူညီပေးနိုင်တာများ ရှိလား။ ရှိရင် ပြောနော်၊ ကျုပ်တတ်နိုင်တဲ့ ဘောင်အတွင်းကနေ အကောင်းဆုံး ကူညီပေးမယ်”

ရှုဟွေ ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ ရန်ကိုင်စကား၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားခဲ့သည်နှင့် သူ့လေသံကို ချက်ချင်း ပြင်လိုက်ပြီး သတိကြီးကြီးထား၍ ပြောလိုက်၏ “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ အခု လောလောဆယ် ဒဏ်ရာရနေတဲ့ တပည့်တွေကို ကူပေးနေတာဆိုတော့ ညီငယ်လေး ဝင်ကူပေးစရာ မလိုသေးဘူး”

ပြောပြီးနောက် သူ့အကြည်သည် ရန်ကိုင် လက်ဆီသို့ အလိုလို ရောက်သွားခဲ့၏။ သို့သော် စိတ်ပျက်မှုဖြင့်သာ ကြုံ့တွေ့လိုက်ရ၏။

“ဒါကို ရှာနေတာလား” ရန်ကိုင်က တော်ဝင်သခင်၏ စိတ်ဝိဥာဉ်လက်စွပ်ကို ဆင့်ခေါ်ပြလိုက်၏။

ထိုလက်စွပ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး တုန်ရင်သွားခဲ့ကြ၏။ ရှုဟွေက အစာ ကောက်နေသည့် ကြက်တစ်ကောင်ပမာ တဆတ်ဆတ် ခေါင်းညိတ်၍ စိတ်လှုပ်ရှားတကြီး အော်ပြောလိုက်၏ “ညီငယ်လေး၊ တော်ဝင်သခင်လက်စွပ်ကို မင်းတကယ်ကြီး ယူလာနိုင်ခဲ့တာပဲ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လက်စွပ်ကို အားလုံးရှေ့၌ ပြန်သိမ်းလိုက်ကာ “ထွက်လာရင် ဒီလက်စွပ်ကို ခင်ဗျားတို့ဆီ ပေးမယ်လို့ လုပ်ထားခဲ့တာ။ ဒါပေမယ့်… မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်သွားလို့ သူတော်စင်အဆင့် မရောက်ခင်အထိ ဒီလက်စွပ်ကို ကျုပ်ဘာသာ သိမ်းထားရတော့မယ်။ အချိန်ကျလာရင် ဒီလက်စွပ်ကို ခင်ဗျားတို့ဆီ ပြန်ပေးမယ်”

သူတော်စင်အဆင့်သို့ ရောက်လျှင် သူ့ဝိဥာဉ် အမှတ်အသားကို ပြန်ယူ၍ ရလောက်မည်ဟု ရန်ကိုင် ခန့်မှန်းထား၏။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီစိတ်ဝိဥာဉ်လက်စွပ်က ညီငယ်လေးရဲ့ အပိုင်ပါပဲ။ ဘယ်လောက်ကြာအောင် ယူထားထား ကိစ္စမရှိဘူး” ရှုဟွေက ပြုံးလိုက်၏။ အခြားအကြီးအကဲများကလည်း ခေါင်းညိတ်ပြလေ၏။

“ဒါပေမယ့်… အခု ကျုပ်တို့မှာ တော်ဝင်သခင် စိတ်ဝိဥာဉ်လက်စွပ် ရှိလာပြီဆိုတော့ အခြေအနေက ပိုပြီး လွယ်ကူသွားပြီ” ရှုဟွေက စိတ်သက်သာရာ ရသွားသည့် လေသံဖြင့် “စိတ်မရှိရင် ညီငယ်လေး၊ ဒီလူအိုကြီးကို နည်းနည်းလောက် ကူညီပေးလို့ရမလား”

“ပြောလေ၊ အကြီးအကဲချုပ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

“အခုလောလောဆယ် ဒဏ်ရာရထားတဲ့ တပည့်တွေ အများကြီး ရှိပေမယ့် ကုသရေး ဆေးလုံးနဲ့ ဆေးပင်တွေက မလုံလောက်ဘူး ဖြစ်နေလို့ ဂိုဏ်းရဲ့ ရတနာဂိုဏ်ဒေါင်ဆီ သွားပြီး ထုတ်လာပေးလို့ ရမလားလို့ပါ”

“ရပါတယ်၊ ကိစ္စမရှိပါဘူး။ ရှေ့ကနေသွားလိုက်၊ ကျုပ်နောက်ကနေ လိုက်ခဲ့မယ်”

ရှုဟွေက ခေါင်းညိတ်ပြလိုက်ပြီး အခြားအကြီးအကဲ များကို အရင်ညွှန်ကြားလိုက်ပြီးနောက် ရန်ကိုင်ကို ဦးဆောင်၍ ရတနာဂိုဒေါင်ဆီ ထွက်သွားလေ၏။

သူတို့ ထွက်သွားပြီးနောက် အကြီးအကဲများ ထိတ်လန့်တုန်လှုပ် လာခဲ့ကြပြန်၏။

“တော်ဝင်သင်္ချိုင်းကနေ တကယ်ကြီး ထွက်လာနိုင်တာ မယုံနိုင်စရာပဲ။ တော်ဝင်သင်္ချိုင်းထဲ သူဝင်သွားတာ ကိုးလတောင် ကြာတယ်။ ဘယ်လိုတွေများ လုပ်ခဲ့တာလဲ မသိဘူး” ရှီခွန်းက အဆက်မပြတ်သာ ခေါင်းတရမ်းရမ်း လုပ်နေခဲ့၏။

“ဒါက တော်ဝင်သင်္ချိုင်းထဲ ဝင်သွားတဲ့ တော်ဝင်သခင်လောင်းတွေရဲ့ အကြာဆုံး စံချိန်ကို ချိုးဖျက်သွားပြီ။ အကြာဆုံး စံချိန်ကတောင် နှစ်လပဲကြာခဲ့တာ”

“ဒီလောက်တောင် အချိန်ယူတာ တော်ဝင်သခင် အသစ်ရဲ့ အရည်အချင်းက အရမ်း နိမ့်ကျနေလို့မျာလား။ ငါတို့ သူ့အပေါ် အရမ်း အထင်ကြီးနေမိပြီလား”

“အဲ့ဒါတွေကို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။ တော်ဝင်သခင် စိတ်ဝိဥာဉ်လက်စွပ်ကို ပြန်ယူလာနိုင်တာနဲ့တင် လုံလောက်နေပြီ။ စိတ်ဝိဥာဉ် လက်စွပ် ရှိလာမှတော့ တောင်ထွတ်ကိုးလုံး အစီအရင်ကို ပြန်အသက်သွင်းပြီး ဟိုခွေးသူတောင်းစားတွေ ကျူးကျော်မှာကို ကာကွယ်လို့ရပြီ”

အားလုံး ခေါင်းညိတ်ပြလိုက်၏။ ယုယင်တစ်ယောက်သာ စိတ်မကပ်သလို ဖြစ်နေခြင်းပင်။

ရန်ကိုင် သူမ၏ ကောင်းကင်စိတ်အာရုံကို လှည့်စား၍ သူမနား တိတ်တဆိတ် ထွက်ပေါ်လာသည်ကို ယခုထိတိုင် ယုယင် အဖြေမထုတ်နိုင်သေးပေ။ သူသာ ကောင်းကင် နတ်ဘုရား ပညာရပ်များကို မကျွမ်းကျင်ထားခဲ့ရင်လျှင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ့ကိုပဲ အထင်ကြီးမိတာလား… ငါတို့ကပဲ သူ့ကို အထင်သေးနေမိတာလား။

“ယုယင်၊ ဘာဖြစ်လို့လဲ” ယုယင်တစ်ယောက် အသိစိတ်မကပ်သလို ဖြစ်နေသည်ကို မြင်သော် ချုန်ယွဲ့ထုန်က မေးလိုက်၏။

“ဘာမှမဟုတ်ပါဘူး။ ငါတို့တော်ဝင်သခင်က အရမ်းကို ထူးခြားတာပဲလို့ စဉ်းစားနေတာ”

“ဘယ်လိုတွေ ထူးခြားနေလို့လဲ” ချုန်ယွဲ့ထုန်က သိလိုတကြီးဖြင့် မေးလိုက်၏။

“ငါလည်း သေချာမသိဘူး” ယုယင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ဘေးဘက်သို့ လှည့်ကာ အော်ဟစ်လိုက်လေ၏ “ဘာတွေ စိုက်ကြည့်နေတာလဲ။ လုပ်စရာရှိတာတွေ သွားလုပ်ကြလေ”

ယုယင်၏ အော်သံကြောင့် အနားတွင် စုဝေးနေသော တပည့်များသည် ငေးငိုင်နေရာမှ အသိပြန်ဝင်လာကာ ကြောက်လန့်သွားသော ငှက်လေးများပမာ သူတို့ လုပ်စရာ ရှိသည်များကို အသီးသီး ပြန်လုပ်ကြလေ၏။

သို့သော်လည်း တော်ဝင်သခင်သစ် တော်ဝင်သင်္ချိုင်းအား အောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်လာနိုင်သည့် သတင်း တပည့်များကြား အလျင်အမြန် ပျံ့သွားခဲ့၏။ ထိုသတင်းကြောင့် တပည့်များလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပြီး တော်ဝင်နယ်မြေအတွက် မျှော်လင့်ချက် ရှိလာပြီဟု ခံစားလိုက်ကြရ၏။

တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် ရှုဟွေတို့ တော်ဝင်နယ်မြေ၏ ရတနာဂိုဒေါင်ရှေ့သို့ ရောက်ရှိလာခဲ့၏။

တစ်ချက်လောက် စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရ၏။ ရတနာဂိုဒေါင်ကို မည်ကဲ့သို့သော ပစ္စည်းဖြင့် လုပ်ထားသည်ကို မသိသော်လည်း အားကောင်းလှသော သူ့ကောင်းကင်စိတ်အာရုံသည်ပင် ရတနာဂိုဒေါင်၏ အပြင်ပိုင်းအလွှာကို မထိုးဖောက်နိုင်ချေ။ ထို့အပြင် ရတနာဂိုဒေါင်သည် အရမ်းကိုမှ ခိုင်ခံလှသလို အပြင်ဘက်မှ တိုက်ခိုက်မှုများကိုလည်း ကာကွယ်နိုင်စွမ်း ရှိ၏။

ရှုဟွေက အခြေအနေကို ရန်ကိုင်အား အကျဉ်းချုံး ရှင်းပြလိုက်၏။

တော်ဝင်နယ်မြေက စုဆောင်းမိသော ချက်ချင်း အသုံးမလိုသေးသည့် ပစ္စည်းများကို ရတနာဂိုဒေါင်ထဲတွင် ထည့်သိမ်းထားလေ့ရှိ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရတနာဂိုဒေါင်သည် မည်မျှ များပြားလှသော အဖိုးတန် ရတနာများအား စုဆောင်းထားသည်ကို ခန့်မှန်း ကြည့်နိုင်၏။

သို့သော် တော်ဝင်သခင်ဟောင်း သေသွားသည့် အချိန်မှစ၍ ဤနေရာထဲသို့ မည်သူမှ မဝင်ရောက် နိုင်တော့ချေ။

လွန်ခဲ့သော နှစ်နှစ်အတွင်း တော်ဝင်နယ်မြေ၏ လက်ကျန်ပစ္စည်းအားလုံး တတိတိဖြင့် လျော့ရဲ ကုန်ဆုံးလာခဲ့၏။ မကြာသေးခင်က ကပ်ဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးလက်ကျန် ပစ္စည်းအားလုံး သုံးကုန်သွားခဲ့ရ၏။ ထို့ကြောင့် ကုသရေး ဆေးလုံးများ မရှိတော့ကာ တပည့်တော်တော်များများ သူတို့၏ ဒဏ်ရာများကို ပြန်မကုနိုင် ဖြစ်ခဲ့ကြရ၏။ ကျင့်ကြံဖို့ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ထို့ကြောင့် လက်ရှိအချိန်၌ အရေးအကြီးဆုံးသည် ရတနာဂိုဒေါင်ကို ဖွင့်ဖို့ပင်။

သို့သော်လည်း ရတနာဂိုဒေါင်ကို ဖွင့်နိုင်သော သော့ဆို၍ ရန်ကိုင် ယူလာခဲ့သော တော်ဝင်သခင် စိတ်ဝိဥာဉ်လက်စွပ်သာ ရှိပေ၏။

ရှုဟွေ၏ ညွှန်ကြားချက်အတိုင်း တော်ဝင်သခင် စိတ်ဝိဥာဉ် လက်စွပ်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းပြီး လက်စွပ်ကို ရတနာဂိုဒေါင်တံခါး မျက်နှာပြင်ရှိ အပေါက်ထဲ ထိုးသွင်းလိုက်၏။

အလင်းတစ်ချက် လက်သွားခဲ့ပြီး ထူးထဲ လေးလံသော တံခါးကြီး ဖြည်းဖြည်းချင်း ဖွင့်လာခဲ့၏။

ဧရာမကုန်သိုလှောင်ရုံကြီးတစ်ရုံ ရန်ကိုင်ရှေ့ အထင်းသား ထွက်ပေါ်လာခဲ့လေ၏။ ဆေးဖော်စပ်ရန် လိုအပ်သော ဆေးပင်များ၊ လက်နက်သန့်စင်ရန် လိုအပ်သော သတ္တုများ၊ ဖော်စပ်ပြီး ဆေးလုံးများ ထည့်ထားသော ကျောက်စိမ်းပုလင်းများနှင့် မရေမတွက်နိုင်သော လက်နက်များကို ရတနာဂိုဒေါင်ထဲ အစီအရီ နေရာချထားခဲ့၏။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။

တကယ်တော့ ဤနေရာသည် ထုန်းရွှမ်လောကကြီး၏ အားအကောင်းဆုံးသော အင်းအားစုများထဲ တစ်ခုအပါအဝင် ဖြစ်သည့် ဘုံကိုးခုထွတ်မြတ်နယ်မြေ ရတနာဂိုဒေါင်ပင် မဟုတ်လေလော။ ဤနေရာတွင် ရှိနေသော အဖိုးတန်ပစ္စည်းများ၏ ပမာဏသည် ရန်ကိုင် ခန့်မှန်းထားသည်ထက်ကိုပင် ကျော်လွန်နေခဲ့၏။

“ညီငယ်လေး၊ တစ်ချက် လျှောက်ပတ်ကြည့်လေ။ မင်းကြိုက်တာရှိရင် ဘာမှမေးနေစရာ မလိုဘူး။ တစ်ခါတည်း တန်းယူလိုက်လို့ ရတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ယူဖို့ တပည့်တွေကို သွားခေါ်လိုက်ဦးမယ်” ပြောပြီးသည်နှင့် ရှုဟွေ ထွက်သွားလေ၏။

ရန်ကိုင် ချက်ချင်း ဝမ်းသာအူမြူးသွားခဲ့၏။

ဤနေရာရှိ ပစ္စည်းများကို သေသေချချာ အမျိုးအစားခွဲ နေရာချထား၏။ ထို့အပြင် အဖိုးတန် ပစ္စည်းပမဏသည် ကြောက်မခန်းလိလိ များပြားလှရာ အနားရှိ အင်အားစုများ တော်ဝင်နယ်မြေကို သားရေကျနေသည်မှာ အံ့ဩစရာမဟုတ်။ ကျင့်ကြံရန် ကောင်းမွန်လှသော တောင်ထွတ်ကိုးလုံးကို အသားထား၊ ဤရတနာဂိုဒေါင် သက်သက်နှင့်ပင်လျှင် ထိုလူများ သားရေကျရန် လုံလောက်နေပေပြီ.

မည်သည့် အချိန်တွင်ပင် ဖြစ်စေကာမူ လူသားတို့၏ နှလုံးသားကို လှုပ်ခတ်သွားအောင် လုပ်နိုင်သည်ကား အကျိုးအမြတ်ပင် ဖြစ်၏။ ၎င်းသည် ပြောင်းလဲမရနိုင်သော အမှန်တရားပင် ဖြစ်လေ၏။

ရန်ကိုင်သည် နည်းနည်းလေးမျှပင် စိတ်မသန့်ခြင်း၊ အားနာခြင်းမရှိဘဲ ဆေးဖော်စပ်ခြင်းအတွက် အရေးပါမည့် ဆေးလုံးများကို အနက်ရောင်သိုလှောင် နေရာလွတ်ထဲ အားပါးတရ ထိုးသိပ်ထည့်တော့လေ၏။

သူဆေးစွမ်းရန် အဆင့်မြှင့်ရန် လိုအပ်နေသေး၏။ ယခုလက်ရှိအချိန်၌ သူသည် သူတော်စင် အဆင့်နိမ့် ဆေးလုံးများကိုသာ သန့်စင်နိုင်သေး၏။ သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကို သန်စင်နိုင်သည့် အချိန်ရောက်မှသာ အဆုံးမဲ့နှင်းတောင်တန်းဆီသို့ သွား၍ ရှေးဟောင်းနတ်ဆိုးကလန်ကို ဆန်းကြယ် လောကငယ်ထဲမှ လွတ်မြောက်အောင် လုပ်းပေး နိုင်ပေလိမ့်မည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့်ယှဉ်လျှင် လီရုန်နှင့် ဟန်ဖေးတို့ကို သူပိုတန်ဖိုးထား၏။

သူနှင့် ရှေးဟောင်းနတ်ဆိုးကလန်ကြားမှ ရှုပ်ရှုပ်ယှတ်ယှတ် ဆက်ဆံရေးကြောင့် ဖြစ်သလို တော်ဝင်နယ်မြေနှင့် အရမ်းကြီး မပက်သက် ချင်သောကြောင့်လည်း ဖြစ်ပေ၏။

လူသားနှင့် နတ်ဆိုးတို့သည် သေသည့်တိုင်း ကြေအေးပြေလည်သွားခြင်း မရှိမည့် ရန်ဘက်များ ဖြစ်ကြ၏။ သူသာ တော်ဝင်သခင်ရော၊ ရှေးဟောင်း နတ်ဆိုးကလန်၏ ခေါင်းဆောင်ပါ ဖြစ်လာခဲ့၍ ထိုအင်အားစု နှစ်ခု အချင်းများခဲ့သည် ရှိသော် သူ့အနေဖြင့် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်ရပေလိမ့်မည်။

အချိန်တိုအတွင်း ရန်ကိုင်သည် အဖိုးတန် ဆေးပင်များနှင့် ရှေးဟောင်းနတ်ဆိုးကလန်အတွက် လိုအပ်သော သူတော်စင်အဆင့် ဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သည့် ဆေးပင်များကိုပါ တစ်ပါးတည်း သိမ်းယူသွားခဲ့၏။

နောက်ဆုံး သူတော်စင်အဆင့် ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပင်အလုံအလောက် စုဆောင်း မိသွားခဲ့လေပြီ။

ရန်ကိုင် လုံးဝကို ပျော်မြူးနေခဲ့၏။ လိုအပ်သော ပစ္စည်းများကို သိမ်းယူခဲ့သော် ရတနာဂိုဒေါင်ထဲတွင် အဖိုးတန် ရတနာများ အများကြီး ကျန်ရှိနေတုန်းပင်။ ထို့ကြောင့် ရန်ကိုင်သည် ကျင့်ကြံရန်အတွက် လိုအပ်သော သလင်းကျောက် နည်းနည်းပါးပါး ထပ်ယူလိုက်၏။

ရတနာဂိုဒေါင်ထဲ ရှုဟွေ အလုပ်ရှုပ်နေခဲ့၏။ များစွာသော ဆေးပင်များကို သိုလှောင်အိတ်ထဲ ထည့်၍ အပြင်ဘက်တွင် စောင့်နေသော တပည့်များဆီ ပေးကာ ထိုဆေးပင်များကို တော်ဝင်နယ်မြေရှိ ဆေးပညာရှင် များဆီ သွားပို့ရန် ညွှန်ကြားနေခဲ့၏။

နေ့တစ်ဝက်ကြာမှပဲ တဖြည်းဖြည်း အလုပ်ရှင်းသွားခဲ့၏။

“ညီငယ်လေး လိုချင်တာတွေ ရခဲ့လား” ရန်ကိုင်တွင် သိုလှောင်အိတ် တစ်အိတ်ပင် မရှိဘဲ လက်ဗလာနှင့် ဖြစ်နေသည်ကို မြင်သော် နားလည်မှုလွဲကာ မေးလိုက်၏။

သို့သော်လည်း သူယူသွားခဲ့သော ဆေးပင်များ အပြင် များစွာသော အဆင့်မြင့်ဆေးပင်များစွာ ပျောက်ဆုံး နေသည်ကို ရှုဟွေ သေသေချာချာ သတိပြုမိ၏။

“အဆင်ပြေပါတယ်” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။

“အဲ့လိုဆိုရင် သွားကြတာပေါ့။ လိုချင်တာရှိရင် ကြိုက်တဲ့အချိန် လာယူလို့ရတယ်နော်” ရှုဟွေက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏။

ရတနာဂိုဒေါင်မှ ထွက်လာပြီးနောက် ရှုဟွေက ပြောလိုက်၏ “ဒီလူအိုကြီးနောက်လိုက်ပြီး တောင်ထွတ် ကိုးလုံးအစီအရင်ကို ပြန်အသက်သွင်းဖို့ ညီငယ်လေးကို တောင်းဆိုရဦးမယ်”

ရန်ကိုင်က ခေါင်းသာညိတ်ပြလိုက်၏။

တောင်ထွတ်ကိုးလုံး အစီအရင်သည် အားလည်း ကောင်းသလို နက်လည်း နက်နဲလှ၏။ အစီအရင် အသက်ဝင်လာသည်နှင့် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုများကို အချိန်အတန်ကြာ သည်အထိ ခုခံနိုင်ပေ၏။

တော်ဝင်သခင်တိုင်းသည် သူတော်စင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း တော်ဝင်သခင်များသည် တော်ဝင်နယ်မြေထဲ အမြဲတမ်း ရှိနေမည်ဟု မဆိုလိုပေ။ တော်ဝင်သခင် ရှိမနေစဉ် အတောအတွင်း တော်ဝင်နယ်မြေကို လုံခြုံအောင် လုပ်ပေးသည်မှာ ဤအရံအတားပင် ဖြစ်လေ၏။

ရန်ကိုင်သည် အကာအကွယ် အစီအရင်မျိုးကို တစ်ခါမှ မစီမံ၊ မဖန်တီးဖူးပေ။ သို့သော်လည်း တောင်ထွတ်ကိုးလုံး အစီအကြောင်း သိဖို့ရာ အချိန် အများကြီး မလိုအပ်ပေ။ စိတ်ဝိဥာဉ် လက်စွပ်ကို အသုံးပြု၍ ရှုဟွေ ညွှန်ကြားသည့်အတိုင်း လိုက်လုပ်ရုံဖြင့် လုံလောက်ပေပြီ။

တောင်ထွတ်ကိုးလုံးကြား ကူးကလန် ခတ်နေခဲ့ရရာ နေ့တစ်ဝက်ကြာသာ စိတ်ဝိဥာဉ် အစီအရင်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့၏။

တော်ဝင်နယ်မြေထဲ မိုးမြေစွမ်းအင်တို့ တစ်ဖန် ပြန်လည်စီးဝင်လာခဲ့ပြီး တစ်ချိန်တည်းတွင် မြင်ရုံလေးသာ မြင်နိုင်သည့် စွမ်းအင် အရံအတားတစ်ခု ဘုံကိုးခု ထွတ်မြတ်နယ်မြေ တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေ၏။

ရှုဟွေ လုံးဝကို ထိတ်လန့်သွားခဲ့၏။

တောင်ထွတ်ကိုးလုံး အစီအရင်ကို အသက်သွင်းရန် ကြောက်မခန်းလိလိ စွမ်းအင်ပမာဏကို လိုအပ်၏။ ယခင် တော်ဝင်သခင်များပင် အရံအတား လုပ်ဆောင်မှု ရပ်ဆိုင်းသွားပြီးနောက် ထိုအရံအတားကို နေ့တစ်ဝက် အတွင်း ပြန်အသက်မသွင်းနိုင်ချေ။

၎င်းသည် တော်ဝင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားသည့် စိတ်ဝိဥာဉ်အစီအရင် ဖြစ်၏။

သို့သော် ရန်ကိုင်သည် ထိုစိတ်ဝိဥာဉ် အစီအရင်ကို ချွေးတစ်ပေါက်ပင်မစို့ဘဲ ပြန်အသက်သွင်းနိုင်ခဲ့၏။

ရန်ကိုင်ကိုယ်ထဲ အစစ်အမှန်ချီ မည်မျှ ရှိနေသလဲ ဆိုသည်ကို ရှုဟွေ စိတ်ပင် မကူးဝံ့တော့ချေ။

ထိုအချက်ကို နားလည်လိုက်သည် ရှုဟွေ ရန်ကိုင်အား ပို၍ပင် လေးစားလာခဲ့၏။

သူ့လက်ရှိ ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် မြင့်သော်ငြား ရန်ကိုင်သည် အချိန်တိုအတွင်း သူမတက်လှမ်းနိုင်သည့် အဆင့်သို့ တက်လှမ်း သွားပေလိမ့်မည်။ ထိုအချိန်ကျ တော်ဝင်နယ်မြေ တစ်ခုလုံး ထိုလူငယ်လေးအပေါ် မှီခိုလာရ ပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၀၃)

တစ်နေကုန် အလုပ်ရှုပ်နေပြီး ညရောက်တော့မှပဲ ယာယီတွေးပူစရာတို့ကို ရှင်းထုတ်နိုင်ခဲ့၏။

အကြီးအကဲများနှင့် ကာကွယ်သူမျာသးည် အတူတူ စုဝေးလျက် လဝက်နေလျှင် ရောက်ရှိလာမည့် ကပ်ဘေးကို မည်သို့မည်ပုံ ရင်ဆိုင်ရန် ခေါင်းချင်းဆိုင် အဖြေရှာနေခဲ့ကြ၏။

တော်ဝင်နယ်မြေ၏ အနီးနားချင်း အင်အားစု သုံးခုသည် လဝက်နေလျှင် တော်ဝင်နယ်မြေမှ ယခင် သူတော်စင်မကို သူတို့လက် အပ်လျှင်အပ်၊ မအပ်လျှင် လက်ရှိ သူတော်စင်မကို သူတို့လက်သို့ အပ်ပေးရမည်၊ ထိုသို့ မအပ်နိုင်ပါက စစ်ဖြစ်မည်ဟု တရာဝင် ကြေညာထားခဲ့၏။

တော်ဝင်နယ်မြေ၏ ဖိနှိပ်ခြင်း ခံခဲ့ရသော အင်အားစု သုံးခုမှ ဤမျှ အထက်စီးဆန်သော ကြေညာချက်အား ထုတ်ပြန်ရဲသည်ကို ကြည့်လျှင် သူတို့ကိုယ်သူတို့ အပြည့်အဝ ယုံကြည်ကြောင်း သိနိုင်၏။

သူတော်စင်မနန် ဘယ်ရောက်၍ ဘယ်ပျောက်နေမှန်း မသိသဖြင့် ယခင်မျိုးဆက် သူတော်စင်မကို ထိုလူများ လက်ထဲသို့ အပ်ရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုဖြစ်၏။ လက်ရှိမျိုးဆက် သူတော်စင်မကိုလည်း ထိုလူများ၏ လက်ထဲသို့ မည်သို့မှ မအပ်နိုင်ချေ။ ထို့ကြောင့် လဝက်ကြာလျှင် ဖြစ်လာမည့် တိုက်ပွဲသည် မည်သို့မှ ရှောင်လွှဲ၍ မရနိုင်တော့ချေ။

အစည်းအဝေးကို မည်သည့် အတွက်ကြောင့် လုပ်ရလဲ ဆိုသည်ကိုပင် မသိဘဲ ရန်ကိုင်သည် အန်လင်းအာနှင့်အတူ အစည်းအဝေးကို တက်ခဲ့ရ၏။

သို့သော်လည်း အကြီးအကဲများ ဆွေးနွေးနေသည်ကို ဝင်ရောက် ပြောဆိုခြင်းမပြုဘဲ တိတ်တိတ်လေးသာ နေနေခဲ့၏။

ရန်ကိုင်သည် သူ့အကြောင်း သူသိ၏။ ထိုသူတော်စင် အဆင့် ပညာရှင်များသည် သူ့အား တော်ဝင်သခင် ရာထူးကို လက်ခံပေးပါဟု အဆက်မပြတ် တောင်းဆို နေသော်ငြား အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်လာခဲ့လျှင် သူ့တွင် ဆုံးဖြတ်ချက် ချနိုင်စွမ်း မရှိချေ။ အားလုံး၏ အမြင်တွင် သူသည် အရမ်းကို ငယ်လွန်းသေး၏။

ထို့ကြောင့် ရန်ကိုင်သည် တိတ်တိတ်လေးသာ နေခဲ့၏။

ဆွေးနွေးညိုနှိုင်းနေစဉ်အတောအတွင်း ဤနေရာမှ ထွက်ပြေးရန် မည်သူမှ မရွေးချယ်ခဲ့သည်ကို ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။ အကုန်လုံးသည် တော်ဝင်နယ်မြေ၏ ဂုဏ်သိက္ခာအတွက် သေသည်အထိ တိုက်ခိုက်သွားရန် ဆန္ဒရှိနေကြ၏။

ရန်ကိုင်က ခေါင်းခါရမ်း၍သာ ဝင်မပြောရန် ဆုံးဖြတ်လိုက်၏။

တောင်ပေါ်သို့ သွားလျှင် မီးမွှေးစရာ ထင်းမရှိမည်ကို စိုးရိမ်စရာ မလိုသော်လည်း ဘုံကိုးခုထွတ်မြတ် နယ်မြေကဲ့သို့ အင်အားစုကြီးတစ်ခုအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေးပြောင်းရန် မလွယ်ကူချေ။ အကြီးအကဲချုပ် ရှုဟွေနှင့် အခြားအကြီးအကဲများ လုံလုံခြုံခြုံ ထွက်သွားနိုင်လျှင်ပင် သာမန်တပည့်များ ကျန်ရစ်ခဲ့ရပေလိမ့်မည်။

ယခု အရေးအကြီးဆုံးသည်ကား ကြယ်ရောင်ဖြာ နန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်း၊ မရဏ ဂိုဏ်းတို့နှင့် အတူရှိနေသော ပညာရှင်များကို မည်ကဲ့သို့ ချွေးသိပ်ပေးရမလဲ ဆိုသည်ပင်။ ထိုပညာရှင်များသာ မရှိပါက တော်ဝင်နယ်မြေ အားနည်းနေလျှင်ပင် ထိုဒေသခံ အင်အားစု သုံးခုကို အလွယ်တကူ တွန်းလှန်နိုင်ပေ၏။

အချိန်အတော်ကြာ ဆွေးနွေးပြီးသည့်တိုင် ရေရာသည့် အဖြေတစ်ခု မရသေးသဖြင့် အားလုံး၏ အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေ၏။

“ဘာလို့ ကျုပ်ကို လာကြည့်နေတာလဲ။ ကျုပ်က လွတ်လွတ်လပ်လပ်ပဲ နေတတ်တာ။ ဒီလို ရှုပ်ရှုပ်ယှတ်ယှတ် ကိစ္စမျိုးတွေနဲ့ ရင်းနှီးတာ မဟုတ်ဘူး။ ခင်ဗျားတို့ပဲ ပြော၊ ကျုပ်နားထောင်မယ်”

“ဟဲဟဲ…” ရှုဟွေက ချောက်ကပ်ကပ် ရယ်မောရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏ “အဲ့လို ဆိုပေမယ့် ညီငယ်လေးမှာလည်း ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်မလား။ အဆင်ပြေရင် ပြောပြကြည့်လေ။ ကျုပ်တို့ အားလုံးပေါင်းပြီး အဖြေတစ်ခု ထုတ်နိုင်ရင် ထုတ်နိုင်မှာပေါ့၊ မဟုတ်ဘူးလား”

အခြားအကြီးအကဲများသည်လည်း ရန်ကိုင်၏ အထင်အမြင်ကို ကြားချင်လာကြ၏။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ဝင်မပြောချင် သော်လည်း မပြောချင်ပြောချင်ဖြင့် ပြောလိုက်သေး၏ “အင်အားစုသုံးခုမှာ စုစုပေါင်း သူတော်စင်အဆင့် ဘယ်နှစ်ယောက်ရှိလဲ”

ရှုဟွေ အမူအရာ တောက်ပသွားခဲ့ပြီး အလျင်အမြန် ပြန်ပြောလိုက်၏ “အဲ့အင်အားစု သုံးခုက အရမ်းကြီး အားကောင်းတာ မဟုတ်ဘူး။ တစ်ခုချင်းစီးတိုင်းက သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်စီပဲ ပိုင်ထားကြတာ။ အကုန်လုံးကလည်း ပထမအဆင့်တွေချည်းပဲ။ ဂရုစိုက်စရာဆိုလို့ ကြယ်ရောင်ဖြာ နန်းတော်က ကျန်းအောင်ပဲ ရှိတယ်။ အဲ့ခွေးအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က ကျုပ်နဲ့ အတူတူပဲ။ တကယ်တမ်း တိုက်ကြရင် ဘယ်သူနိုင်မယ် ဆိုတာကို အတပ်ပြောလို့ ရတာမဟုတ်ဘူး”

ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ ဒေသခံအင်အားစု တစ်ခုချင်းစီတိုင်းသည် သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်စီကို ပိုင်ဆိုင်ထားသဖြင့် စုစုပေါင်း ခြောက်ယောက်ရှိ၏။ ထိုခြောက်ယောက်အနက် တစ်ယောက်သည် ဒုတိယအဆင့် ဖြစ်၏။

ထိုလူအင်အားသည် လက်ရှိ ဘုံကိုးခုနယ်မြေနှင့် အရေအတွက်ရော ကျင့်ကြံခြင်းအရပါ တူညီနေ၏။

ယခုအချိန်၌ ဘုံကိုးခုထွတ်မြတ်နယ်မြေသည် သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက်နှင့် သူတော်စင် ပထမအဆင့် ပညာရှင် ငါးယောက်ကို ပိုင်ဆိုင်ထား၏။

သို့သော် တစ်ဖက်အင်အားစု သုံးခုတွင် သူတို့အား ကူညီပေးမည့် ပညာရှင်များစွာ ရှိနေသေး၏။ သူတော်စင်မနန်၏ တိုက်ခိုက်ခြင်း ခံထားရပြီးသည့် တော်ဝင်နယ်မြေ အနေဖြင့် ထိုအင်အားစုများကို တွန်းလှန်ရန်မှာ မည်သို့မှ မဖြစ်နို်ငချေ။

ထို့အပြင် တိုက်ပွဲသာ ဖြစ်ပွားပါက ဘုံကိုးခု ထွတ်မြတ်နယ်မြေ ကျန်ရစ်နိုင်ခဲ့လျှင်ပင် နောက်တစ်ဖန် ဘယ်တော့မှ ဦးပြန်မော့နိုင်တော့မည် မဟုတ်ချေ။

ဤကိစ္စ၌ဤ အင်အားစုများစွာ ပါဝင်နေခဲ့၏။

ထိုမျှ များပြားလှသော အင်အားစုများနှင့် မည်သည့် အခါကမှ ရန်သူမဖြစ်ချင်ခဲ့။ သို့သော် သူတော်စင်မနန် ဖန်တီးလိုက်သော ပြသနာကို ဘုံကိုးခုထွတ်မြတ် နယ်မြေက တာဝန်ယူရပေလိမ့်မည်။

“အကူအညီလေး၊ ဘာလေး တောင်းဖို့ကော မစဉ်းစားမိကြဘူးလား။ ဘုံကိုးခုထွတ်မြတ်နယ်မြေ တည်ရှိလာတာ ဒီလောက်တောင် ကြာနေပြီဆိုတော့ ခင်ဗျားတို့မျာ မဟာမိတ်တွေ ဘာတွေတော့ ရှိတယ် မလား” ရန်ကိုင်က တုန့်ဆိုင်းနေဟန်ဖြင့် အကြံပြုလိုက်၏ “ဒီလို ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ အချိန် မဟာမိတ် တွေဆီကနေ အကူအညီ သွားတောင်းလို့ မရဘူးလား”

ရန်ကိုင် ထိုစကားပြောလိုက်သည်နှင့် အကုန်လုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့၏။

သူတို့ အမူအရာကို မြင်သော် ရန်ကိုင် ချက်ချင်း နားလည်လိုက်၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် မဟာမိတ် အင်အားစု တစ်ခုပင် မရှိချေ။ တော်ဝင်သခင်ဟောင်းများ အသက်ရှင်စဉ်က တော်ဝင် နယ်မြေသည် ဤလောကကြီးရှိ မည်သည့် အင်အားစုကမှ သူတို့နှင့် အဆင့်မတူဟု အထင်ရောက်ခဲ့၏။ ထို့ကြောင့် တော်ဝင်နယ်မြေ ဒုက္ခရောက်သည့်အခါ မည်သူကမှ သူတို့ကို လာမကူညီကြခြင်း ဖြစ်၏။

ရန်ကိုင် စိတ်ညစ်ညစ်သာ နဖူးကို ပွတ်နေလိုက်၏။ မဟာမိတ် မရှိသည့် အချက်အပေါ် ရန်ကိုင် လုံးဝကို ပြောစရာစကား မဲ့နေခဲ့၏။

ကောင်းကင်ဂိုဏ်းတော်မှ အကူအညီ သွားတောင်းပေးနိုင်၏။ သူအကူအညီ တောင်းလျှင် ဂိုဏ်းတူဦးလေးနှင့် ဒေါ်လေးတို့ သူ့အား ချက်ချင်း အကူအညီပေးပေလိမ့်မည်။ သို့သော် ကောင်းကင် ဂိုဏ်းတော်နှင့် တော်ဝင်နယ်မြေသည် အတော့်ကိုမှ ကွာဝေးလှရာ သူပြန်ရောက်သည့် အချိန်၌ တော်ဝင် နယ်မြေ ဖျက်စီးခံရပြီးလောက်ပေပြီ။

ရုတ်တရက် ရန်ကိုင် မျက်ဝန်းများ တောက်ပ သွားခဲ့ပြီး အလေးအနက် ပြောလိုက်၏ “မွန်းစတား မျိုးနွယ်စုရဲ့ စီနီယာကြီးဆီကနေ… အကူအညီတောင်းဖို့ ခင်ဗျားတို့ စဉ်းစားဖူးလား”

“မွန်းစားမျိုးနွယ်စုက စီနီယာကြီးလား” ရှုဟွေ အမူအရာ ပြောင်းလဲသွားခဲ့၏။

“ဟုတ်တယ်လေ။ သူက စီနီယာကြီး ဖြစ်နေမှတော့ သူ့ခွန်အားက တော်ဝင်သခင်နဲ့ အဆင့်တူလောက် ရှိမှာပေါ့”

“ညီငယ်လေး နောက်နေတာလား” ရှီခွန်း မျက်မှောင်ကြုံ့သွားခဲ့၏ “မွန်းစတားမျိုးနွယ်စုက ကောင်တွေက ကျုပ်တို့ လူသားတွေကို မျက်စိစပါးမွှေး စူးစရာတွေလို့ပဲ မြင်နေကြတာ။ ကျုပ်တို့က အကူအညီ တောင်းလို့ သူတို့က လက်ခံလိုက်တယ် ထားပါဦး။ ဒီအကြောင်းသာ သတင်းပျံ့သွားတာနဲ့ ကျုပ်တို့ တော်ဝင်နယ်မြေက လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ ရန်သူ ဖြစ်လာမှာ။ ဘယ်တော့မှ ပြန်ဦးမော့လာနိုင်တော့မှာ မဟုတ်ဘူး”

“အသေအချာပဲ” ယုယင်က ခေါင်းညိတ်လိုက်ပြီး “အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး မွန်းစတား မျိုးနွယ်စုကနေ အကူအညီ သွားတောင်းလို့ မဖြစ်ဘူး။ ပြီးတော့ ကျွန်မတို့ထဲက ဘယ်သူကမှ မွန်းစတား မျိုးနွယ်စုက စီနီယာကြီးနဲ့ တွေ့ဖူးတာ မဟုတ်ဘူး။ တော်ဝင်သခင်ဟောင်း တစ်ယောက်ပဲ အဲ့စီနီယာကြီးနဲ့ နည်းနည်းပါးပါး ရင်းနှီးတာ။ ကျွန်မတို့ သွားအကူအညီ တောင်းရင်တောင် မရနိုင်ချေများတယ်”

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့၏။ သူ့အကြံပြုချက်ကို အကုန်လုံးက ဤအမျှ အကြောက်အကန် ငြင်းဆန်နေမည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ မျိုးနွယ်စုနှစ်ခုကြားက အမုန်းတရားကို သူအတော်လေး အထင်သေးမိလိုက်သည့်ပုံပင်။

သူသည် ထုန်းရွှမ်လောကသား တစ်ယောက် မဟုတ်သည့်အတွက် ဤလောကတွင် ရှိနေသည်မှာ အတော်ကြာနေပြီ ဆိုလျှင်ပင် ဤလောကအကြောင်း နှံ့နှံ့စပ်စပ် မသိသေးချေ။

ထုန်းရွှမ်လောကကြီးသို့ မရောက်လာစဉ်က နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စု ကဲ့သို့သော ကွဲပြားခြားနားသည့် မျိုးနွယ်စုများ တည်ရှိသည်ကိုပင် မသိခဲ့ချေ။

“တွေ့သာတွေ့နိုင်ရင် တော်ဝင်နယ်မြေရဲ့ လက်ရှိ ကပ်ဘေးကို အလွယ်တကူ ဖြေရှင်းပေးနိုင်မယ့် လူတစ်ယောက်တော့ ရှိတယ်” ရှုဟွေက ရုတ်တရက် ကောက်ပြောလိုက်၏။

“အကြီးအကဲချုပ်က အဲ့လူကို ပြောချင်နေတာလား” ချုန်ယွဲ့ထုန်သည် တစ်ခုခုကို အမှတ်ရသွားသည့်အလား ချက်ချင်း ပြန်မေးလိုက်၏။

“ဟုတ်တယ်”

“ဘယ်သူလဲ” ရန်ကိုင် သိချင်သွားခဲ့၏။

“ဘယ်ကမှန်း မသိတဲ့ လူအိုကြီးတစ်ယောက်ပဲ။ သူအကြောင်း ဂဂနနတော့ မသိဘူး။ ဒါပေမယ့် သူကလည်း အရင်တော်ဝင်သခင်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ။ တော်ဝင်သခင် မသေခင် နှစ်ဝက် အလိုတုန်းက ကျုပ်တို့ တော်ဝင်နယ်မြေဆီ ရောက်လာပြီး ဒီမှာ ရက်နည်းနည်းလောက် နေသွားတယ်လေ။ တော်ဝင်သခင် သူ့အပေါ် အရမ်းကို ဖော်ရွေတာ။ ဒါကြောင့် တော်ဝင်သခင်နဲ့ အဲ့လူအိုကြီးက တော်တော့်ကို ရင်းနှီးလောက်တယ်။ သူ့ကိုသာ ရှာနိုင်ရင် ကျုပ်တို့ကို ကျိန်းသေ ကူညီပေးလိမ့်မယ်”

“ဟုတ်တယ်၊ လူအိုကြီးက တကယ်ကို လျှို့ဝှက် ဆန်းကြယ်တာ။ ပြီးတော့ တော်ဝင်သခင် သူ့အပေါ် ဆက်ဆံသလိုမျိုး အခြားဘယ်သူကိုမှ မဆက်ဆံဖူးဘူး။ ဒါကြောင့် သူက သာမန်လူတစ်ယောက် မဟုတ်လောက်ဘူး”

“လျှို့ဝှက်ဆန်းကြယ်တဲ့ လူအိုကြီး တစ်ယောက်လား” ရန်ကိုင် ကြောင်သွားခဲ့ပြီး “သူဘယ်မှာ ရှိလောက်လဲ ခင်ဗျားတို့ သိကြလား”

အားလုံး ခေါင်းခါရမ်းလိုက်ကြ၏။

“ဒါပေမယ့် အနှေးနဲ့အမြန်တော့ တော်ဝင်နယ်မြေဆီ ပြန်လာလိမ့်မယ်” ရုတ်တရက် ရှုဟွေက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ သူတော်ဝင်နယ်မြေဆီ လာတုန်းက သူနဲ့အတူ ပါလာတဲ့ မိန်းမငယ်လေးက တောင်ထွတ်ကိုးလုံးထဲက တစ်လုံးပေါ်မှာ တစ်ခုခု ချန်ထားခဲ့တယ်လေ။ သူထွက်ပြီးသွားတဲ့နောက်ပိုင်း တော်ဝင်သခင်က အဲ့နေရာကို အထူးဂရုစိုက်ဖို့ ကျုပ်တို့ကို ပြောတယ်။ အနားကိုလည်း ဘယ်သူမှ မကပ်စေနဲ့တဲ့။ ဒါကြောင့် အချိန်တစ်ခုကျရင် အဲ့လူအိုကြီးနဲ့ မိန်းကလေးက သူတို့ ချန်ထားတာကို လာပြန်ယူလိမ့်မယ်လို့ ကျုပ်ခန့်မှန်းလိုက်တာ”

“ဟုတ်တယ်။ အဲ့မိန်းကလေး တောင်ထွတ်ပေါ်မှာ အစီအရင် တစ်ခုခင်းကျင်းခဲ့တာ” မုန်ထျန်ဖေးက ခေါင်းညိတ်လိုက်ပြီး ကူကယ်ရာမဲ့နေသည့် ပုံစံဖြင့် “ဒါပေမယ့် သူလုပ်လိုက်လို့ အဲ့နေရာက နေလို့မရတဲ့ နေရာတစ်ခု ဖြစ်သွားရော။ အဲ့နေရာမှာ ကြာကြာနေရင် အေးခဲသွားလိမ့်မယ်။ ကျုပ်တောင်မှ အကြားကြီး မနေနိုင်ဘူး”

နားထောင်နေရင်း သူတို့ မည်သည့် အရာကို ရည်ညွှန်း ပြောဆိုနေမှန်း ရန်ကိုင် နားလည်လိုက်၏။

တောင်ထွတ်ကိုးလုံး အစီအရင်ကို ပြန်အသက်သွင်းစဉ်က ထူးထူးဆန်းဆန်း နေရာတစ်ခုကို သူဖြတ်သွားမိခဲ့၏။ ထိုနေရာသည် အခြားနေရာများနှင့် မတူဘဲ ထူးထူးခြားခြားကို အေးလွန်းနေ၏။

ထိုစဉ်က ထိုနေရာသည် သဘာဝအတိုင်း ဖြစ်နေသည့် တော်ဝင်နယ်မြေ၏ တားမြစ်နေရာတစ်ခုသာ ဖြစ်ရမည်ဟု တွေးခဲ့၏။ သို့သော်လည်း အမှန်တရားသည် သူထင်ထားသည်နှင့် ကွဲလွဲနေခဲ့၏။

သို့သော်လည်း လူအိုကြီး၊ မိန်းမငယ်လေး တစ်ယောက် ဆိုသော စကားကို ကြားလိုက်ချိန် ရင်းနှီးသည့် အတွဲတစ်တွဲ ရန်ကိုင် စိတ်ထဲ ပေါ်လာခဲ့၏။

ထိုသို့ မဖြစ်နိုင်ဘူးဟု တွေးရင်းဖြင့်သာ ယဲ့ယဲ့လေး ရယ်လျက် ခေါင်းရမ်းလိုက်၏။

ထို့နောက် အပြုံးလေးပြုံးလျက် ရှုဟွေတို့အား မေးလိုက်၏ “ခင်ဗျားတို့ ပြောလိုက်တဲ့ လူအိုကြီးက သူတော်ကောင်းယောင် ဆောင်နေတဲ့ တဏှာရူးကြီး ပုံစံမျိုးလား”

ရှုဟွေက ပြန်မပြောရသေးခင်မှာဘဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့က ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး ယုယင်က အံတင်းတင်းကြိတ်၍ သွားကြားထဲမှ ထွက်သည့် လေသံဖြင့် “အတိအကျပဲ။ အဲ့သူတောင်းစား အိုကြီးရဲ့ မျက်လုံးတွေက မကြည့်သင့်တဲ့ နေရာတွေကိုပဲ အမြဲစိုက်ကြည့်နေတာ”

ချုန်ယွဲ့ထုန်ကလည်း ဝင်ပြောလိုက်၏ “ဟုတ်တယ်၊ ဟုတ်တယ်။ ဒီလောက် အသက်ကြီးနေတာတောင် နှာထနေသေးတယ်။ တော်ဝင်သခင် မျက်နှာကြောင့် ယဉ်ယဉ်ကျေးကျေးသာ ဆက်ဆံနေရတာ။ စိတ်ထဲမှာတော့ သူ့မျက်လုံးတွေကို ဖောက်ထုတ် ပစ်ချင်နေတာ တစ်ပိုင်းကို သေနေတာပဲ”

ထိုအကြောင်းကို ပြောနေရင်း မိန်းမလှလေး နှစ်ယောက်စလုံး အသက်ရှုသံ လေလံကြမ်းတမ်း လာခဲ့၏။

ရှုဟွေကမူ ‘ဘူး’မသိ’ဘ’မသိ ပုံစံဖြင့် “နင်တို့ နှစ်ယောက် အထင်များ မှားနေတာလား။ လူတွေက အမြင့်တစ်ခုကို ရောက်သွားရင် သူတို့ရဲ့ မျက်လုံးတွေက ပိုပြီး တက်ကြွလာတတ်ကြတယ်လေ”

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး ရှုဟွေအား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် တစ်ပြိုင်တည်း စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြ၏။

“အဟမ်း၊ ငါဘာမှ မပြောဘူးလို့ဘဲ သဘော ထားလိုက်တော့နော်” ရှုဟွေက ချက်ချင်း နောက်ဆုတ်လိုက်၏။

ရန်ကိုင် အမူအရာမူ လုံးဝကို ပြောင်းလဲနေခဲ့၏။ သူ့နှလုံးခုန်သံ မြန်ဆန်လာခဲ့ပြီး မျှော်လင့်စိတ်လှုပ်ရှား နေသည့် လေသံဖြင့် ဆက်မေးလိုက်၏ “မိန်းမငယ်လေးက မျက်နှာလွှား ဇာပဝါကို ဝတ်ထားတယ်မလား”

အခန်းထဲတွင် ရှိနေသူအားလုံး ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်လာကြ၏။ ရှုဟွေက အနည်းငယ် ထိတ်လန့်နေသည့် လေသံဖြင့် “တော်ဝင်သခင်က… အဟမ်း, ညီငယ်လေးက ဘယ်လိုလုပ်ပြီး သိနေတာလဲ”

“တကယ်ကြီးလား” ရန်ကိုင် ကြက်သေသေသွားခဲ့၏။ ပို၍ သေချာသွားအောင် ချက်ချင်းပဲ ထပ်မံ အတည်ပြလိုက်၏ “နဖူးမှာကော မိုးပြောရောင် ကျောက်မျက်တစ်လုံးကို ဝတ်ထားသေးလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၀၄) အစစ်အမှန် သူရဲကောင်း

ရန်ကိုင် မေးခွန်းကို ကြားသည်နှင့် အကုန်လုံး ခေါင်းညိတ်ပြလိုက်၏။ ယုယင်က ထပ်၍ ပြောလိုက်၏ “လူအိုကြီးကသာ မုန်းစရာကောင်းတာ။ သူနဲ့ အတူ ပါလာနဲ့ ကောင်မလေးက အရမ်းကို ရည်မွန်တယ်။ မျက်နှာကို မမြင်နိုင်ပေမယ့် သူ့အလှက ငါတို့ သူတော်စင်မအောက် မလျော့ဘူး။ ပြီးတော့… သူ့ကျင့်ကြံခြင်းကလည်း နင့်ထက် မဆိုးဘူးနော်။ နင်နဲ့မတွေ့ခင် သူက ငါတွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ အတော်ဆုံး မဟာဂျီးနီးယပ်ပဲ”

“အဲ့ဒါက လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဆိုတော့ အခုဆိုရင် သူ့ကျင့်ကြံခြင်းအဆင့်က ကျုပ်ထက်‌တောင် ပိုမြင့်နေလောက်ပြီ” ရန်ကိုင်က ပြန်ပြောလိုက်၏။

မန်ဝူရနှင့် ရှနင်းချန်…

ဘုံးကိုခုထွတ်မြတ်နယ်မြေက ဖော်ရွေပျူငှာစွာ ဆက်ဆံရသည့်လူ များများစားစား မရှိသော်လည်း မန်ဝူရသည် ထိုကဲ့သို့ ဆက်ဆံခံရသည့် လူများထဲ တစ်ယောက်အပါအဝင် ဖြစ်၏။ ထို့အပြင် ရှနင်းချန်နှင့် တူသော မိန်းကလေးတစ်ယောက်ပါ သူနှင့်အတူ ပါလာသဖြင့် ရှုဟွေနှင့် အခြားအကြီးအကဲများ ပြောနေသောသူသည် မန်ဝူရနှင့် ရှနင်းချန်တို့မှလွဲ၍ အခြားမဖြစ်နိုင်တော့ချေ။

သူတို့နှစ်ယောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ လာခဲ့လိမ့်မည်ဟု ရန်ကိုင် လုံးဝကို မထင်ထားခဲ့ချေ။

“ညီငယ်လေး သူတို့ကို သိတာလား” ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အပြုအမူကို ရှုဟွေနှင့် အခြားသူ အားလုံး သတိပြုမိလိုက်ကြ၏။

“ဘယ်လိုပြောရမှာလဲ… ကျုပ်နဲ့ သူတို့တွေက အသိအကျွမ်းတွေ” ရန်ကိုင်က ပြုံးလိုက်၏။

ရှုဟွေမျက်နှာ ဝင်းပသွားခဲ့ပြီး ထပ်မေးမည်အပြု ရန်ကိုင်က ဖြတ်ပြောလိုက်၏ “ဒါပေမယ့် သူတို့ကို မတွေ့ရတာ တော်တော်လေး ကြာနေပြီ။ အခု သူတို့ ဘယ်ရောက်နေပြီလဲ ဆိုတာကိုတောင် မသိတော့ဘူး”

“အာ…” ရှုဟွေ စိတ်ပျက်သွားခဲ့၏။ သို့သော် အမြန်အဆန်ပဲ ပြန်ပြောလိုက်၏ “အကူအညီ ရှာမရမှတော့ ကိုယ့်အားကိုယ်ကိုးရုံပဲ ရှိတော့တာပေါ့။ ညီငယ်လေး စိတ်ဝိဥာဉ်လက်စွပ်ကို ယူလာနိုင်ခဲ့တာ ကံကောင်းသွားတယ်။ ဒီစိတ်ဝိဥာဉ်လက်စွပ်နဲ့ဆို အဲ့လူတွေသာ တိုက်ခိုက်ရဲရင် တန်ဖိုးတစ်ခု ကျိန်းသေ ပြန်ပေးဆပ်ရလိမ့်မယ်”

“ဟုတ်တယ်” လူအုပ်ကြီးတစ်ခုလုံး ခေါင်းညိတ်လိုက်၏။

ဤသို့ဖြင့် အကုန်လုံး သူတို့ဘာသာ ဆက်လက် ဆွေးနွေးနေစဉ် ရန်ကိုင်က အခွင့်အရေးတစ်ခုရှာ၍ အစည်းအဝေးမှ ခိုးထွက်လာခဲ့၏။

ထို့နောက် သူမှတ်ထားသည့် လမ်းအတိုင်း တောင်ထွတ်တစ်လုံးဆီသို့ သွားလိုက်၏။ ထိုတောင်သည် အခြားတောင်ထွတ်များသည် ထူးထူးခြားခြား ကွဲပြားနေခြင်း မရှိ။ မီတာသောင်းပေါင်းများစွာမြင့်ကာ တိမ်ယံထိတိုင် ထိုးဖောက်နေခဲ့၏။ တကယ်ကို ဩချဖွယ် မြင်ကွင်းပင်တည်း။

သို့သော်လည်း တောင်အလယ်နေရာမှ အေးစက်စက် အရှိန်အဝါတို့ ဖြာထွက်နေခဲ့၏။ ပိုမြင့်မြင့်တက်လေ ထိုအေးစက်စက် အရှိန်အဝါက ပို၍ ပြင်းထန်လာလေ ဖြစ်ပြီး တောင်ထိပ်နှင့် နီးကပ်လာသည့်အခါ မရေမတွက်နိုင်သော ရေခဲစူးချွန်များသည် ကျောက်စက်ပန်းဆွဲများကဲ့သို့ ကျောက်ဆောင်များပေါ်မှ တွဲလောင်းကျနေခဲ့၏။

တောင်ထွတ်ကိုးလုံး အစီအရင်ကို ပြန်အသက်သွင်းစဉ်က ဤနေရာသည် အနည်းငယ် ထူးခြားနေမှန်း ရန်ကိုင် သတိပြုမိခဲ့၏။ သို့သော် များများစားစား မစဉ်းစားခဲ့။

ယခု သူ့စီနီယာမမလေး ဘာတွေ ခင်းကျင်းခဲ့ပြီး ဘာကို ချန်းထားခဲ့သလဲ ဆိုသည်ကို သူသိချင်နေမိလေပြီ။

ထိုဧရိယာနားတစ်ဝိုက်အား စစ်ဆေးကြည့်နေရင်း ခဏအကြာ၌ ရန်ကိုင် အမူအရာ ဖြူလျော်သွားခဲ့ရ၏။ တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့်တိုင် သူ့ဝိဥာဉ် မအေးခဲသွားအောင် မနည်း အားစိုက်နေခဲ့ရ၏။

ခန္ဓာကိုယ်ကမူ အစစ်အမှန်ယန်ချီကို အရှိန်ကုန် လှည့်ပတ်သည့်တိုင်း သူ့အရေပြားထဲသို့ ထိုးဖောက် ဝင်ရောက်သည့် အအေးဓါတ်ကို အပြည့်အတ မဖယ်ထုတ်နိုင်သေးချေ။

ထူးဆန်းလိုက်တာ

ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ရဲရဲတင်းတင်း ရှေ့ဆက်တက်သွားလိုက်၏။

ခဏကြာအ၌ အရိုးကွဲမတတ် အအေးဓါတ်ကို ထုတ်လွှတ်နေသည့် ကြည်လင်နေသော ရေကန်ငယ်လေး တစ်ကန်ကို ရန်ကိုင် မြင်တွေ့လိုက်ရ၏။ ကန်ငယ် ပတ်လည်၌ ချိုင်ခွက်လေးများ ရှိနေခဲ့၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေကလူတိုင်း ဒီနေရာကို မလာနိုင်တာ မဟုတ်ဘူးပဲ

ကန်ငယ်ပတ်လည်၌ သိမ်မွေ့သော စွမ်းအင်လှိုင်း ဖျော့ဖျော့လေးများ ဖြာထွက်နေခဲ့၏။ ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်နှာထက် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့၏။

ထိုအစီအရင်များကို သူ့စီနီယာမမလေး ဖန်တီးခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုစိတ်ဝိဥာဉ် အစီအရင် များထဲ ရှနင်းချန်အား သူသင်ပေးခဲ့သော စိတ်ဝိဥာဉ် အစီအရင်များကို သတိပြုမိလိုက်သောကြောင့်ပင်။

သူဘာလို့ အခုလိုမျိုး လုပ်ထားရတာလဲ။ ရှုဟွေ ပြောသည့်ပုံအရ မန်ဝူရနှင့် ရှနင်းချန်သည် ဤနေရာမှ ဘာကိုမျှ ယူဆောင်သွားခြင်း မပြုခဲ့ပေ။ အချိန် မတန်သေး၍များ မယူသွားခြင်းပေလော။ အချိန်ကျမှ ပြန်လာယူမည်လား။

ထိုရေခဲကန်အောက် မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ကိန်းအောင်းနေသနည်း။ မန်ဝူရ ကိုယ်ပေါ်တွင် ရှိနေသော စည်းအား ချိုးဖျက်မည့် ကိစ္စနှင့် သက်ဆိုင်နေသလော။

ရန်ကိုင် စိတ်ထဲ ကြိတ်၍ ခန့်မှန်းနေသော်လည်း ရေရေရာရာ အဖြေတစ်ခုကို မစဉ်းစားနိုင်ခဲ့။

ဗဟိုမြို့တော်အောက်ခြေတွင် မန်ဝူရသည် စည်း၏ ပထမအလွှာကို ဖြေရှင်းနိုင်ခဲ့ပြီး မသေမျိုး ဒုတိယအဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့၏။ နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် မန်ဝူရ၏ ကျင့်ကြံခြင်းသည် မည်သည့် အဆင့်သို့ ရောက်ရှိနေမည်ကို ရန်ကိုင် မခန့်မှန်း တတ်တော့ချေ။

မန်ဝူ၏ အစစ်အမှန်ကျင့်ကြံခြင်းကို ရန်ကိုင် အမြဲတမ်း သိချင်ခဲ့မိ၏။

ထိုလူအိုကြီးသည် ချူလင်းရှောင်ကို သိရုံမက၊ ရေခဲဂိုဏ်းချုပ် ချင်းယနှင့်လည်း မိတ်ဆွေဖြစ်နေခဲ့၏။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်နှင့်ပင် သိနေသေး၏…

သူသိသော လူအားလုံးသည် အထွဋ်အထိပ်အဆင့် ပညာရှင်များ ဖြစ်ကြ၏။ ထိုကဲ့သို့သော လူများနှင့် သိနေခြင်းမှာ မန်ဝူရ၏ ကျင့်ကြံခြင်းသည် ထိုလူများအောက် နိမ့်ကျခြင်းမရှိဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

“လရှောင်ပြန်ရေကန်ဆီ ဘာလာလုပ်နေတာလဲ” သူ့အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ အတွေးထဲမျောနေသဖြင့် လူတစ်ယောက် ရောက်လာသည်ကို သတိမပြုမိခဲ့ချေ။ အသံကိုကြားသည်နှင့် အစစ်အမှန်ချီကို ချက်ချင်း စုစည်းလိုက်သော်လည်း အန်လင်းအာမှန်း သိသွားပြီးနောက် “လျှောက်ကြည့်နေရုံပါပဲ။ ဒီနေရာကို လရောင်ပြန်ရေကန်လို့ ခေါ်တာလား”

“ဟုတ်တယ်” အန်လင်းအာက ပြုံး၍ ကောင်းကင် ပေါ်သို့ မော့ကာ “ဒီည လမထွက်လို့၊ မဟုတ်ရင် မြင်ကွင်းက ပိုပြီးတော့တောင် လှဦးမှာ။ လရောင်ပြန် ရေကန်က ဘာထူးခြားလဲ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် ကောင်းကင်ပေါ်က လနဲ့ကြယ်တွေကို အစစ်လို့ ထင်ရတဲ့အထိ ရောင်ပြန်ဟပ်ပြနိုင်တယ်။ ပုံမှန်ဆိုရင် ရှောင်လျန်နဲ့အတူ ဒီကို မကြာခဏ လာလေ့ရှိတာ…”

သေဆုံးသွားသော သူမ၏ ညီအစ်သုံးယောက် အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် အန်လင်းအာ၏ မျက်နှာလေး ညိုးကျသွားခဲ့၏။

“တကယ် ဆန်းကြယ်တာလား” ရန်ကိုင်က အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်၏ “နင်တို့ ပိုက်နက်ထဲမှာ ရှိနေတာတောင် ဒီမှာ ဘာတွေ ပုန်းကွယ်နေလဲ ဆိုတာကို မသိကြဘူးလား”

အန်လင်းအာက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီနေရာကို အကြီးအကဲချုပ်နဲ့ အခြားအကြီးအကဲတွေ မစစ်ဆေးရဲကြဘူး။ လရောင်ပြန်ရေကန် ဘယ်လောက် နက်လဲဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ တော်ဝင်သခင်ကတော့ တစ်ခါစမ်းကြည့်ဖူးတယ်။ ဒါပေမယ့် လက်ဗလာနဲ့ ပြန်လာခဲ့ရတာပဲ။ အဲ့အချိန်ကစပြီး လရောင်ကန်ရေကန်ထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးလို့ တာမြစ်လိုက်တယ်။ ပြီးတော့ အစတုန်းက ဒီလောက်က ဒီလောက်အေးတာ မဟုတ်ဘူး။ လရောင်ပြန်ရေကန်ထဲ ဆင်းလိုက်မှပဲ အအေးဓါတ်ကို ခံစားရတာ။ ဘာလို့ အခုလိုမျိုး ဖြစ်လာတာလဲ ဆိုတာကို ငါမသိပေမယ့် ဟိုမိန်းကလေး ခင်းကျင်းခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်နဲ့ ပက်သက်နေလောက်တယ်”

ပြောပြီးသည်နှင့် အန်လင်းအာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ တုန်တုန်ရီရီဖြင့် “ပြန်ကြမယ်။ ဒီနေရာက အရမ်းအေးလွန်းတယ်”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး အန်လင်းအာနှင့် အတူ တောင်အောက်သို့ ပြန်ဆင်းသွားလေ၏။

တစ်ညလုံး စဉ်းစားပြီးသည်နှင့် ရန်ကိုင် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်နိုင်၏။

နောက်တစ်နေ့ ရှုဟွေကို သွားရှာပြီး လိုရင်းအား တိုက်ရိုက်ပြောလိုက်၏ “အကြီးအကဲချုပ်၊ မွန်စတား မျိုးနွယ်စုက စီနီယာကြီးနဲ့ ကျုပ်တွေ့ချင်တယ်”

ထိုစကားကို ကြားသည်နှင့် ရှုဟွေက အလျင်စလို ပြန်မေးလိုက်၏ “ညီငယ်လေးက ဘာလို့ တွေ့ချင်နေတာလဲ။ သူ့ဆီက အကူအညီ တောင်းချင် နေတာလား”

ရန်ကိုင်က ပြုံး၍ ခေါင်းခါရမ်းလိုက်ပြီး “သူက အရင် တော်ဝင်သခင်နဲ့ပဲ ရင်းနှီးတာလေ။ ကျပ်နဲ့ ရင်းနှီတာမှ မဟုတ်တူ။ ကျုပ် အကူအညီ သွားတောင်ရင်တောင် သူက ကူညီပေးမှာ မဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့…” ရန်ကိုင်၏ ရည်ရွယ်ချက်ကို ရှုဟွေ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “အကြီးအကဲချုပ်၊ တော်ဝင်နယ်မြေကို စွန့်ပစ်ဖို့ တွေးခဲ့ဖူးလား”

“ထွက်ပြေးတာလား” ရှုဟွေ မျက်မှောင်ကြုံ့သွား၏။

“ဟုတ်တယ်။ ထွက်ပြေးတာပေါ့။ ဒါပေမယ့် ယာယီပါပဲ” ရန်ကိုင်က အခိုင်အမာ ခေါင်းညိတ်လိုက်ပြီး “ဆိုရိုးစကားတစ်ခွန်း ရှိတယ်လေ။ တောတောင်ထဲမှာ နေရင် မီးမွှေးဖို့ ထင်းမရှိမှာကို ပူစရာ မလိုဘူးတဲ့။ အခု ရန်သူတွေက ပတ်လည်ဝိုင်းနေတာ။ တော်ဝင်နယ်မြေ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲသာဖြစ်ခဲ့ရင် ခင်ဗျားတို့ လက်ထက်မှာပဲ တော်ဝင်နယ်မြေ ကျိန်းသေ ဖျက်စီးခံရလိမ့်မယ်။ အဲ့လိုဖြစ်လာခဲ့ရင် ခင်ဗျားတို့ထဲက ဘယ်လောက်များများ ထွက်ပြေးနိုင်မှာလဲ။ အကြီးအကဲတွေနဲ့ ကာကွယ်သူတွေ ထွက်ပြေးရင် ထွက်ပြေးနိုင်လိမ့်မယ်။ ဒါပေမယ့် တပည့်တွေကကော”

ရှုဟွေ အမူအရာ ညိုးကျသွားခဲ့ပြီး လေးလေးပင်ပင် သက်ပြင်းချလျက် “ငါတို့လည်း ဒါကို နားလည်တာပေါ့။ ဒါပေမယ့် တော်ဝင်နယ်မြေရဲ့ တပည့် အရေအတွက်က ခြောက်ထောင်နဲ့ ခုနှစ်ထောင်ကြား ရှိနေတာလေ။ ဒီလောက် လူအများကြီးနဲ့ ဘယ်ကိုသွားရဦးမှာလဲ။ ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းနဲ့ မရဏဂိုဏ်းတို့က ငါတို့ကို အပြီးတိုင် ဖျက်စီးဖို့ စဉ်းစားထားပြီးသား။ သူတို့က ငါတို့ကို အလွတ်ပေးမှာလား။ ဘယ်ပေးပါ့မလဲ။ မြွေကိုသတ်ရင် မသေသေအောင် သတ်ရတယ်တဲ့။ ငါတို့ ထွက်ပြေးရင်လည်း သူတို့က လိုက်သတ်မှတော့ ဘာလို့ ထွက်ပြေးနေရဦးမှာလဲ။ ဒီမှာပဲ နယ်မြေ အားသားချက်နဲ့ သူတို့ကို ပြန်တိုက်တော့မှာပေါ့”

“ဒီတော့ ခင်ဗျား စဉ်းစားပြီးသွားပြီလား” ရန်ကိုင် မျက်လုံးတစ်ချက် လက်သွား၏။

ရှုဟွေက အနည်းငယ် ကွတီးကွကျ အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး “ဒီလိုလုပ်လိုက်လို့ ငါတို့ ဘိုးဘေး တွေကို အရှက်ရအောင် လုပ်မိမယ်ဆိုရင်တောင် အခု အရေးအကြီးဆုံးက တော်ဝင်နယ်မြေရဲ့ သွေးဆက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ပဲ။ ငါတို့ အားပြန်ပြည့်လာတဲ့တစ်နေ့၊ အဲ့ကောင်တွေကို ကျိန်းသေ ပြန်ပေးဆပ်ရအောင် လုပ်ပြမယ်”

ရှုဟွေက နည်းနည်းလေးမျှပင် တွေဝေမနေဘဲ ပြန်ပြောလိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်။ ခင်ဗျားတို့က အဲ့လို ဆုံးဖြတ်ထားမှတော့ ကျုပ်လည်း ထပ်ပြောမနေတော့ ပါဘူးလေ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ဆက်ပြောလိုက်၏ “ခင်ဗျားတို့ တော်ဝင်နယ်မြေက လူတွေအကုန်လုံး လုံလုံခြုံခြုံနေနိုင်တဲ့ နေရာတစ်ခု ကျုပ်မှာရှိတယ်။ အဲ့နေရာဆီကိုသာ သွားလိုက်ရင် ဘယ်သူမှ ဒုက္ခရောက်တော့မှာ မဟုတ်ဘူး”

“အို” ရှုဟွေ၏ မျက်ဝန်းများ ဝင်ပသွားခဲ့ပြီး သိချင်စိတ်ဖြင့် “ညီငယ်လေး ပြောချင်တာက…”

“အခုတော့ မပြောနိုင်သေးဘူး။ စောင့်သာစောင့်၊ အချိန်တန်ရင် ခင်ဗျားကို လှမ်းအကြောင်းကြားမယ်။ ခင်ဗျားတို့အနေနဲ့ ကျုပ်ကို ယုံကြည်ဖို့တော့ လိုသေးတာပေါ့” ရန်ကိုင်က အပြုံးလေးပြုံးလျက် ပြောလိုက်၏။

“ယုံတာပေါ့၊ မယုံဘဲ ဘယ်နေပါ့မလဲ၊ ယုံတာပေါ့” ရှုဟွေက ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး နားမလည်နိုင်သည့် အမူအရာဖြင့် “ဒါနဲ့နေပါဦး… မွန်းစတား မျိုးနွယ်စုက စီနီယာကြီးနဲ့ သွားတွေ့တာရယ်၊ ဒါရယ်က ဘာဆိုင်လို့လဲ”

“ဘာမှမဆိုင်ဘူး၊ ရှင်းရှင်းပြောရရင် တိုက်ရိုက်ကြီးတော့ မဆက်စပ်ဘူး။ ဒါပေမယ့် တော်ဝင်နယ်မြေကို ယာယီပဲ လက်လျှော့မယ်ဆိုရင် မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို သွားတွေ့ဖို့ လိုကိုလိုတယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “တော်ဝင်နယ်မြေကို အဲ့လူတွေလက်ထဲ အပ်လိုက်လို့ မဖြစ်ဘူးလေ။ မဟုတ်ဘူးလား။ အဲ့လိုသာဆိုရင်… တော်ဝင်နယ်မြေက ဗလာဟင်းလင်းကြီး ဖြစ်နေပြီလို့ မွန်းစတားမျိုးနွယ်စုက သိလိုက်တာနဲ့ သူတို့ ဘာလုပ်မယ်လို့ အကြီးအကဲချုပ်ထင်လဲ”

ရှုဟွေ မျက်မှောင်ကြုံ့သွားခဲ့ပြီး တွေးတောစဉ်းစားရင်း ရေရွတ်ပြောဆိလိုက်၏ “မွန်းစတားပိုက်နက်ရဲ့ မိုးမြေစွမ်းအင်က တော်ဝင် နယ်မြေလောက် ကြွယ်ဝတာ မဟုတ်ဘူး။ သူတို့တွေက ဒီနေရာကို အစကတည်းက လိုချင်နေတာ။ တော်ဝင်နယ်မြေသာ ဗဟာဟင်းလင်းကြီး ဖြစ်နေမှန်း သူတို့ သိသွားခဲ့ရင် တောင်ထွတ်ကိုးလုံးစလုံးကို တက်သိမ်းမှာပေါ့…”

ပြောနေရင်း တစ်ခုခု နားလည်သွားသည့်အလား ထိတ်လန့်မှုကြောင့် သူ့မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့၏။ တော်ဝင်သခင်အသစ်သည် ဤမျှ ကောက်ကျစ်ဥာဏ်များ လိမ့်မည်ဟု ရှုဟွေ တစ်ခါမှ မတွေးခဲ့ဖူးချေ။

ရန်ကိုင်က လူညစ်ဆန်ဆန် ပြုံးလိုက်ပြီး ထိတ်လန့်ဖွယ်ရာ လေသံဖြင့် “ကျုပ်အမေက သင်ပေးဖူးတယ်။ ကိုယ့်ကို တစ်ကြိမ် လေးစားရင် ဆယ်ခါပြန်လေးစားရမယ်၊ တစ်ကြိမ် လာဒုက္ခပေးရင် ဆယ်ခါပြန် ပြန်ဒုက္ခပေးရမယ်တဲ့”

ရှုဟွေ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှပဲ ပြန်ပြောလိုက်နိုင်၏ “ညီငယ်လေးရဲ့ အမေက အစစ်အမှန် သူရဲကောင်း တစ်ယောက်ပဲနော်…”

“ဟုတ်ပြီ။ ဒီကိစ္စနဲ့ပက်သက်ပြီး ခင်ဗျား တစ်ယောက်တည်း ဆုံးဖြတ်ချက် မချနိုင်မှန်း ကျုပ်သိပြီးသား။ အခြားအကြီးအကဲတွေနဲ့ အရင် သွားဆွေးနွေးလိုက်။ သူတို့ သဘောတူရင် ကျုပ်ကိုပြော”

ရှုဟွေ မျက်ဝန်းအစုံ လင်းလက်သွားခဲ့ပြီး လက်သီးဆုပ်၍ “ဒီဆုံးဖြတ်ချက်ကို ကျုပ် တစ်ယောက်တည်း တာဝန်မယူနိုင်ပေမယ့် ညီငယ်လေးသာ တော်ဝင်သခင် ရာထူးကို လက်ခံဖို့ ကတိပေးမယ်ဆိုရင်…”

“ထွက်သွားစမ်းပါ” ရှုဟွေအား ပြီးအောင်ပင် ပြောခွင့်မပေးတော့ဘဲ ချက်ချင်း တန်းမောင်းထုတ်လိုက်၏။

ရှုဟွေ၏ နှုတ်ခမ်းအစုံ မဲ့ရွဲ့သွားခဲ့ပြီး သက်ပြင်း တစ်ချက်ချလျက် အခန်းထဲမှ ပျံသန်းထွက်သွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၀၅) သဘောထားပြောင်းလဲသွားခြင်း

အခြားသူများ၏ ဦးဆောင်မှုနောက် လိုက်ရသည်ကို ရန်ကိုင် မုန်း၏။ သူ့ကံတရားကို သူ့သူ့လက်ဖြင့်သာ ထွင်းထုနိုင်၏။

ထို့ကြောင့်ပဲ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်ရာထူးကို အကြောက်အကန် ငြင်းဆန်နေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူကမှ တော်ဝင်သခင် မဖြစ်ချင်သည်လေ။ တော်ဝင်နယ်မြေမှ လူများ သူ့အပေါ် မည်မျှပင် ဖော်ရွေနေပါစေ သူ့ရည်ရွယ်ချက်နှင့် လုံးဝ မကိုက်ညီပါချေ။

သို့သော်လည်း ရှနင်းချန်နှင့် မန်ဝူရတို့ ဤနေရာသို့ ရောက်လာပြီး လရောင်ပြန်ရေကန်၌ တစ်ခုခု ချန်ထားခဲ့မှန်း သိလိုက်ရသည့်နောက်ပိုင်း ရန်ကိုင်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေအား အရမ်းကြီး ကန့်လန့်တိုက် လုပ်မနေတော့ပေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဆက်လက် တည်တံအောင် လုပ်ဆောင်ပေးခြင်းဖြင့် နောင်ကျလျှင် သူ့စီနီယာမမလေးနှင့် ပြန်တွေ့ကောင်း ပြန်တွေ့နိုင်ပေ၏။

စုယန်ကို တွေ့ပြီးသွားပြီ ဖြစ်သလို သူမ အဆင်ပြေနေကြောင်းကိုလည်း သိပြီးသွားခဲ့လေပြီ။ နတ်ဆိုးအိုကြီးမူကား သူသည် ရန်စ၍ ကောင်းသည့် လူတစ်ယောက် မဟုတ်ချေ။ သူ့စီနီယာမမလေး တစ်ယောက်ကိုသာ စိုရိမ်နေရခြင်းဖြစ်၏။

ယခု သူမနှင့် ပြန်လည်ပေါင်းစည်းနိုင်မည့် အခွင့်အရေးတစ်ခုကို မြင်တွေ့လိုက်ပြီ ဖြစ်လေရာ ပြင်ပ ရန်သူများ၏ ကျူးကျော်မှုကြောင့် သူ့မျှော်လင့်ချက်ကို မည်ကဲ့သို့ အပျက်အစီး ခံနိုင်မည်နည်း။

ထို့ကြောင့် ရှုဟွေက သူ့ဘက်မှစ၍ အရင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်၏။

ရန်ကိုင်တွင် ဂိုဏ်းတပည့်များအတွက် နေစရာ တစ်ခုရှိနေမှန်း ကြားသိလိုက်ရသည့်အခါ အကြီးအကဲနှင့် ကာကွယ်သူသည် တော်ဝင်နယ်မြေမှ ယာယီပြောင်းရွေ့ရန် လိုလိုလားလားကို သဘောတူခဲ့၏။

သို့သော် လူခြောက်ထောင်၊ ခုနှစ်ထောင်ကို နေရာပေးနိုင်သည့် နေရာနှင့်ပက်သက်၍ အကြီးအကဲများ အတော့်ကို သိချင်နေခဲ့ကြကာ ရန်ကိုင်အား ထပ်ခါတလဲလဲ မေးမြန်းကြ၏။ သို့ရာတွင် ရန်ကိုင်က မဖြေလိုခဲ့။ နောက်ဆုံး အန်လင်းအာ ရှေ့တက်ပြီး ကြားဝင်လိုက်မှပဲ အကြီးအကဲများ ယာယီ ငြိမ်သွားခဲ့၏။

“အခု ကျုပ်အစီအစဉ်အတိုင်း သွားမယ်လို့ ဆုံးဖြတ်ပြီးမှတော့ မွန်းစတားစီနီယာကြီးအကြောင်း ခင်ဗျားတို့ သိသလောက် ကျုပ်ကို ပြောပြပါဦး” ခန်းမကြီးထဲ ရန်ကိုင်က အကြီးအကဲများကို ဝေ့ကြည့်၍ ပြောလိုက်၏ “အသေးစိတ်ကျကျ ပြောနိုင်ရင် ပိုကောင်းတယ်”

ထုန်းရွှမ်လောကကြီးသို့ ရောက်လာသည့် အချိန်မှစ၍ မွန်းစတားမျိုးနွယ်စု တစ်ကောင်ကိုသာ ရန်ကိုင် တွေ့ခဲ့ဖူး၏။

ကဝေမွန်းစတားပင်…

ထိုမိစ္ဆာမသည် သူမ၏ စိတ်စွမ်းအင် အဆိပ်ဓါတ်ကို အသုံးပြု၍ လူသားတို့၏ စိတ်အတွင်းပိုင်း၌ ကိန်းအောင်းနေသော စိတ်ရိုင်းများကို ထွက်ပေါ်လာအောင် လုပ်နိုင်၏။ ကဝေမွန်းစတားမှ လွဲ၍ မွန်းစတားမျိုးနွယ်စုအကြောင်း ဘာဆိုဘာမှကို ရန်ကိုင် မသိချေ။ ယခု မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးကို သွားတွေ့တော့မည် ဖြစ်ရာ သူ့ကိုယ်သူ ပြင်ဆင်သွားရပေမည်။

“အဲ့မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို ငါတို့ထဲက ဘယ်သူမှ မတွေ့ဖူးကြဘူး။ တော်ဝင်သခင်ပြောတဲ့ပုံအရ သူက အဆင့်(၈)မွန်းစတားသားရဲပဲ။ ပြီးတော့ ဓါတ်သဘာဝ နှစ်မျိုးကိုလည်း လေ့ကျင့်ထားနိုင် သေးတယ်။ အဲ့ဒါအပြင်ကိုမှ သူမှာ မွေးစရာ နတ်ဘုရားစွမ်းရည်တွေ အများကြီး ရှိသေးတယ်။ ပြီးတော့ သူ့ခွန်အားက တော်တော့်ကို အထင်ကြီးစရာ ကောင်းတယ်ဆိုပဲ”

“အဆင့်ရှစ်မွန်းစတားသားရဲလား…” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ အဆင့်ခြောက် မွန်းစတား သားရဲတစ်ကောင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူညီ၏။ အဆင့်၇ သည် မသေမျိုးအဆင့်နှင့် တူညီလေရာ အဆင့်ရှစ်သည် သူတော်စင်အဆင့်နှင့် တူညီပေ၏။

တစ်နည်းဆိုရသော မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး၏ ခွန်အားသည် သူတော်စင် ဒုတိယအဆင့် အောက် မနိမ့်ကျနိုင်သလို သူတော်စင် တတိယအဆင့်ပင် ဖြစ်နိုင်သေး၏။

“ပြီးတော့ အဲ့မွန်းစတားမျိုးနွယ်စုက စီနီယာကြီးမှာ အဆင့်ရှစ်မွန်းစတားသားရဲ လက်အောက်ခံတွေ အများကြီး ရှိသေးတယ်။ သူ့လောက်တော့ မသန်မာဘူးပေါ့။ ဒါပေမယ့် အားမနည်းကြဘူး။ အဆင့်ခုနှစ်၊ အဆင့်ခြောက်တွေ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ အများကြီးပဲ။ ဒါပေမယ့် လူသားအသွင်ယူနိုင်တဲ့ မွန်းစတားသားရဲ ကတော့ အကောင်နှစ်ဆယ်လောက်ပဲ ရှိဦးမယ်”

“နှစ်ဆယ်၊ နှစ်ဆယ်ကျော်ပေါ့။ အကုန်လုံးက အဆင့်ခုနှစ်သားရဲတွေ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဆင့်ရှစ်ပဲ…”

“ပြီးတော့ ဒီကောင်တွေက ဘာသိုင်းပညာရပ်မှ မလေ့ကျင့်ထားပေမယ့် သူတို့ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကောင်းတယ်”

“သူတို့က စိတ်ဝိဥာဉ် အစီအရင်တွေကိုလည်း နားလည်တာ မဟုတ်ဘူး။ ဒါကြောင့် သူတို့နေနေတဲ့ နေရာက မိုးမြေစွမ်းအင်က ကံတရားအပေါ်ပဲ မူတည်တယ်”

အာလုံးသည် သူတို့ သိသမျှ အကြောင်းအရာများကို ရန်ကိုင်အား စတင် ရှင်းပြတော့လေ၏။

ရန်ကိုင်လည်း အားလုံး ရှင်းပြသည်များကို သေသေချာချာ နားထောင်နေခဲ့ပြီး အကုန်လုံး ရှင်းပြပြီးသွားသည့် အချိန်မှသာ “မျိုးနွယ်စုနှစ်ခုကြားက အမုန်းတရားက သေးတာမဟုတ်ဘူး။ အဲ့ဒါကို ခင်ဗျားတို့ရဲ့ တော်ဝင်သခင်ဟောင်းက မွန်းစတား မျိုးနွယ်စုက စီနီယာကြီးနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေ ဖွဲ့လိုက်နိုင်တာလဲ”

ရှုဟွေက ရယ်ရုံလေးရယ်လျက် ရှင်းပြလိုက်၏ “မွန်းစတားမျိုးနွယ်စုမှာ သလင်းကျောက်တွင်းတွေ မရှိပေမယ့် စိတ်ဝိဥာဉ် ဆေးပင်တွေတော့ ပေါကြွယ်ဝတယ်လေ။ တော်ဝင်သခင် ဆေးပင် တစ်မျိုးကို ရှာထွက်တဲ့ တစ်နေ့ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားပက်ပင်းတိုးတယ်။ တွေ့တာနဲ့ နှစ်ယောက်သား တိုက်ခိုက်ကြတော့တာပေါ့။ ဒါပေမယ့် အချိန်တော်တော်ကြာတဲ့အထိ အနိုင်အရှုံး မကွဲပြားခဲ့ဘူး။ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားသွားကြတဲ့ ပုံပါပဲ။ သူတို့နှစ်ယောက် အပေးအယူ တစ်ခုလုပ်လိုက်ကြတယ်လေ။ အဲ့အချိန်ကနေစပြီး တော်ဝင်သခင်က သလင်းကျောက်တွေကို သူတို့ဆီ ပေးတယ်။ သူတို့က စိတ်ဝိဥာဉ် ဆေးပင်တွေရယ်၊ ဒီဘက်မှာ ရှားတဲ့ သတ္တုရိုင်းတို့ဘာတို့ ပြန်ပေးတာပေါ့။ သူတို့တွေက ဆေးပညာရော၊ လက်နက်သန့်စင်တာမှာပါ မကျွမ်းတော့ တော်ဝင်သခင်ကပဲ ဆေးလုံးတွေ၊ လက်နက်တွေ သူတို့ကို ထောက်ပံ့ပေးရတယ်”

“လတ်စသတ်တော့ အဲ့လိုကိုး…” ရန်ကိုင်က ခေါင်းလေး တဆတ်ဆတ် ညိတ်လိုက်ပြီး “အဲ့လိုဆိုရင် မွန်းစတား မျိုးနွယ်စုက သူနဲ့တော်ဝင်သခင်ကြားက ဆက်ဆံရေးကို တန်ဖိုးထားတယ်ပေါ့။ ဒီတစ်ကြိမ် ကျုပ်ဘာအန္တရာယ်မှ မကြုံရလောက်ဘူး… အင်း၊ ဟုတ်တယ်”

“ဘာလို့ အဲ့လိုထင်တာလဲ” ရှုဟွေက သိချင်စိတ်ဖြင့် ပြန်မေးလိုက်၏။

“တော်ဝင်သခင်က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဆုံးသွားခဲ့တာ။ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးလည်း အဲ့အကြောင်း သတင်းရတာ ကြာလောက်ပြီ။ ဒါပေမယ့် အခုထိ တော်ဝင်နယ်မြေအပေါ် မလှုပ်ရှားသေးဘူး။ ဒါကြောင့် တစ်ချက်ပဲ ရှိတော့တယ်။ မွန်းစတား မျိုးနွယ်စုက တော်ဝင်သခင်ဟောင်းနှင့် ဆက်ဆံရေးကို တန်ဖိုးထားလို့ တော်ဝင်နယ်မြေကို ဝင်မတိုက်တာပဲ။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ တော်ဝင်နယ်မြေက အခု အချိန်လောက်ဆို လုံးဝကို စုံးစုံးမြုပ်နေပြီပဲ”

ရန်ကိုင် ရှင်းပြသည်ကို နားထောင်းရင်း အားလုံး ခေါင်းလေး တညိတ်ညိတ် ဖြစ်သွားခဲ့ကြၑ။

“မွန်းစတားမျိုးနွယ်စုမှာ သားရဲအသွင်ပြောင်း ရေကန် ရှိတယ်ဆို၊ ဟုတ်လား” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်၏။

“ဟုတ်တယ်” ရှုဟွေက ခေါင်းညိတ်လိုက်ပြီး “သားရဲအသွင်ပြောင်းရေကန်၏ မွန်းစတားမျိုးနွယ်စုရဲ့ အုတ်မြစ်ပဲ။ အဲ့ရေကန်ကို ဘယ်လို ဖန်တီးခဲ့လဲ ကျုပ်မသိပေမယ့် သားရဲအသွင်ပြောင်းရေကန် ရှိတဲ့ နေရာတိုင်းမှာ အားကောင်းတဲ့ မွန်းစတားသားရဲတွေ အများကြီး ရှိနေတတ်တယ်။ မွန်းစတားသားရဲ တစ်ကောင် အဆင့်၇ကို ချိုးဖျက်သွားနိုင်ခဲ့ရင် သားရဲအသွင်ပြောင်း ရေကန်ထဲ ဝင်ခွင့်ရနိုင်တယ်။ ကံကြမ္မာက မျက်နှာသာ ပေးရင် လူသားအသွင်ကို ပြောင်းနိုင်လိမ့်မယ်။ မဟုတ်ရင်တော့ သားရဲပုံစံနဲ့ပဲ ထာဝရ နေသွားရမှာ”

“အဲ့ဒါမျိုး တကယ်ရှိတာလား” ရန်ကိုင်လည်း သားရဲအသွင်ပြောင်းရေကန် ဆိုသော အရာကြီးကို မြင်ဖူးချင်လာမိ၏။

သို့သော် ရှုဟွေက ခေါင်းခါရမ်း၍ “ကန်ထဲဝင်သွားတဲ့ သားရဲတိုင်း လူသားအသွင်ပြောင်းနိုင်တာ မဟုတ်ဘူး။ ပြောင်းနိုင်ခဲ့ရင်တောင် မွန်းစတားသားရဲတွေက သူတို့ သားရဲပုံစံနဲ့ နေရတာကို ပိုကြိုက်တော့ သားရဲပုံစံနဲ့ပဲ နေလေ့ရှိတယ်။ ဒါကြောင့် လူသားသွင်ပြောင်းထားတဲ့ သားရဲအရေအတွက် နှစ်ဆယ်လောက်ပဲ ရှိနေရင်တောင် တကယ့် အရေအတွက် အဲ့ဒါရဲ့ နှစ်ဆလောက် ရှိနိုင်တယ်”

“အထင်ကြီးစရာပဲ” ရန်ကိုင်က အမွမ်းတင် ချီးကျူးလိုက်၏။

ဘုံကိုးခုထွတ်မြတ်နယ်မြေ တစ်ခုလုံးတွင်သာ မသေမျိုးအဆင့် ပညာရှင် ထိုမျှလောက်ရှိခြင်းဖြစ်၏။ ဆိုလိုသည်ကား တောင်တစ်ဖက်ရှိ မွန်းစတား မျိုးနွယ်စု၏ ခွန်အားသည် တော်ဝင်နယ်မြေ အထွဋ်အထိပ် ရှိစဉ်ကနှင့် တူညီနေ၏။

“သလင်းကျောက်တွေ အရင်ပြင်ထားလိုက်တော့” ရန်ကိုင်က အမိန့်ပေးလိုက်၏ “မွန်းစတားမျိုးနွယ်စုရဲ့ စီနီယာကြီးနဲ့ သွားတွေ့မှာဆိုတော့ ဂျူနီယာအနေနဲ့ လက်ဆောင်လေး ဘာလေး ပြင်သွားဖို့ လိုတာပေါ့။ မဟုတ်ရင် သူ့ကို တွေ့ခွင့် ရမှာတောင် မဟုတ်ဘူး”

“ကောင်းပြီ။ ကျုပ်စီစဉ်ထားလိုက်မယ်” ရှုဟွေက သလင်းကျောက်ပြင်ဆင်ရန် ချက်ချင်း ထွက်သွားလိုက်၏။

တစ်နာရီလောက် ကြာပြီးသည့်နောက် အားလုံး ပြင်ဆင်ပြီးသွားခဲ့၏။ ရန်ကိုင်သည် သလင်းကျောက် များဖြင့် ပြည့်နေသော သိုလှောင်အိတ် နှစ်အိတ်ကိုယူ၍ တောအုပ်ရှိရာဘက်ဆီ ထွက်သွားလေ၏။

အကြီးအကဲများနှင့် ကာကွယ်သူများသည် ဖော်ပြရခက်သည့် အမူအရာများဖြင့် ရန်ကိုင်၏ ပုံရိပ်ကို ငေးစိုက်ကြည့်နေခဲ့ကြ၏။

“အကြီးအကဲချုပ်၊ တော်ဝင်သခင်ဘာလို့ ရုတ်တရက်ကြီး သဘောထား‌ ပြောင်းသွားတယ်လို့ ထင်လဲ” ရီခွန်း မျက်မှောင်ကြုံ့လိုက်၏။

“အင်း။ တော်ဝင်နယ်မြေကို ကာကွယ်ပေးဖို့ စိတ်အား ထက်သန်နေသလိုပဲ။ ပုံမှန်ဆိုရင် တော်ဝင်နယ်မြေ ဘာဖြစ်ဖြစ်၊ ဂရုမစိုက်တာ။ အခုကျမှ ရုတ်တရက်ကြီး…” ချုန်ယွဲ့ထုန်လည်း မျက်မှောင်ကြုံ့လိုက်၏။

“ငါမသိဘူး” ရှုဟွေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဒါက သတင်းကောင်းတစ်ခုပဲလေ။ ဒီနေ့ တော်ဝင်နယ်မြေ အတွက် စိတ်ပူပေးနေတယ် ဆိုတာက မနက်ဖြန်ကျရင် တော်ဝင်သခင်ရာထူးကို ဆက်ခံနိုင်တယ်လို့ ဆိုလိုက်တာပဲ မဟုတ်ဘူးလား”

“လရောင်ပြန်ရေကန်နဲ့ ဆက်စပ်နေလောက်တယ်” အန်လင်းအာက ရေရွတ်လိုက်၏။

“အို့၊ ဘာလို့ အဲ့လို့ပြောရတာလဲ”

“ခန့်မှန်းကြည့်ရုံ သက်သက်ပဲ” အန်လင်းအာက ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“လင်းအာ၊ ငါတို့ သူ့ကို တကယ်ပဲ ယုံကြည်လို့ ရလား။ တော်ဝင်နယ်မြေက တပည့်တွေ ခဏတာ ခိုလှုံနိုင်တဲ့ နေရာတစ်ခု ရှိတယ်လို့ ပြောပြီးတာနဲ့ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို သွားတွေ့ရော” ယုယင်က စိုးရိမ်တကြီး ပြောလိုက်၏။

“ကျွန်မတို့အားလုံးက ရန်သူတွေကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာ မဟုတ်ဘူးလား။ သူအောင်မြင်သွားခဲ့ရင် သူ့အစီအစဉ်အတိုင်း သွားပေါ့။ သူမအောင်မြင်ခဲ့ရင်လည်း အရင် အစီအစဉ်အတိုင်းပဲ ပြန်သွားရမှာပေါ့။ မဟုတ်ဘူးလား။ အဲ့ဒါကို ဘာတွေ စိုးရိမ်နေသေးတာလဲ”

“အမှန်ပဲ” ယုယင်က အနည်းငယ် စိတ်သက်သာရာ ရသွားသည့် လေသံဖြင့် ပြုံးလိုက်၏။

“ဒါပေမယ့်… ကျွန်မကို လာမေးရင်တော့ သူ့ကို ယုံတယ်လို့ ပြောရမှာလဲ” အန်လင်းအာ၏ မျက်နှာ ရုတ်တရက် လေးနက်တည်ကြည်သွားခဲ့ပြီး “သူက ရှင်သန်လိုစိတ် ပြင်းပြတဲ့ လူတစ်ယောက်ပဲ။ ဘယ်လောက်ပဲ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေထဲ ရောက်ရောက်၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရရင်တောင်မှ အဲ့အန္တရာယ်တွေကို လုံခြုံမှုအဖြစ် ပြောင်းလဲပစ်တာ။ ဒီတစ်ကြိမ်လည်း သူလုပ်နိုင်ဦးမယ်လို့ ကျွန်မ ထင်တယ်”

“အဲ့လိုသာဆိုရင် ဒီကပ်ဘေးကြီး ပြီးသွားတာနဲ့ သူလက်ခံခံမခံခံ၊ ဒီလူအိုကြီးက သူ့ကို တော်ဝင်သခင် အဖြစ် ယူဆလိုက်တော့မယ်” ရှုဟွေက အခိုင်အမာ ပြောဆိုလိုက်၏။

“အကြီးအကဲချုပ် ပြောတာမှန်တယ်” အားလုံး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် ထွက်သွားရာ အရပ်ဆီ မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်၏။

----------------------------------

တောင်ထွတ်ကိုးလုံးမှ ထွက်ပြီးပြီးချင်ပင် စောင့်ကြည့်ခံနေရသလို ခံစားလိုက်ရ၏။

လွန်ခဲ့သော လဝက်က ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ်ကျောင်းတော်နှင့် မရဂိုဏ်းတို့သည် များစွာသော ပညာရှင်များကို စုဝေးစေ၍ ဘုံကိုးခု ထွတ်မြတ်နယ်မြေကို တိုက်ခိုက်ခဲ့၏။ ပြန်ဆုတ်ရ သော်လည်း အဝေးကြီးသို့ ပြန်မဆုတ်သွားဘဲ ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် အနီး၌ ကင်းထောက်များ ချထားခဲ့၏။

တော်ဝင်နယ်မြေ ပိုက်နက်မှ ထွက်သွားသူအားလုံးကို သူတို့ သိနေပေလိမ့်မည်။

သို့သော် ရန်ကိုင်သည် အနည်းငယ်မျှပင် ပျာယာခတ်သွားခြင်း မရှိချေ။ အားကောင်းလှသော ကောင်းကင်စိတ်အာရုံကြောင့် သူ့နောက် လိုက်နေသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့၏။

မသေမျိုး ပထမအဆင့် ပညာရှင် တစ်ယောက်နှင့် ဒါဇင်ကျော်သော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များ…

ထိုသို့သော အဖွဲ့မျိုးသည် ရန်ကိုင်အတွက် သွားကြားပင် မညက်ချေ။

ရန်ကိုင်နောက် တစ်နာရီလောက်ကြာအောင် လိုက်ဖမ်းပြီးနောက် ရန်ကိုင်အား ဖမ်းမမိသည့်အပြင် ရန်ကိုင်၏ မျက်ခြေဖျတ်ခြင်းပင် ခံလိုက်ရ၏။

မသေမျိုးအဆင့် ပညာရှင် အမူအရာ လေးနက်သွားခဲ့ပြီး ရုတ်တရက် ရပ်လိုက်ကာ သူ့အဖွဲ့သားများကို သူ့နား စုဝေးရန် အချက်ပြလိုက်၏။ ပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို သေသေချာချာ စူးစမ်းရှာဖွေတော့၏။ သို့သော် သူတို့ မည်သို့ပင် ရှာဖွေပါစေ၊ ရန်ကိုင်အား ရှာမတွေ့နိုင်ခဲ့ချေ။

“စီနီယာ၊ အဲ့ကြောင်စုတ်လေး ဘယ်ရောက်သွားတာလဲ” အဖွဲ့ထဲမှ လေးထောင့် မျက်နှာနှင့် လူငယ်လေးတစ်ယောက် မေးလိုက်၏။

မသေမျိုးအဆင့် ပညာရှင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး လေးနက်တည်ကြည်နေသည့် မျက်နှာထားဖြင့် “ဒီကောင်စုတ်လေး နည်းနည်း ထူးဆန်းတယ်။ ပြန်ဆုတ်ကြမယ်”

“သူက ငယ်ငယ်လေးပဲ ရှိသေးတာ။ သူ့ခွန်အားက အရမ်းကြီး မမြင့်လောက်ဘူးမလား” လူငယ်လေးက ရန်ကိုင်အား လှောင်ပြောင်နှိမ့်ချ ပြောဆိုလိုက်၏။

“မင်းဘာသိလို့လဲ။ ဒီလောကကြီးမှာ အသက်ငယ်တိုင်း အသုံးမကျတာ မဟုတ်ဘူး။ အဲ့ကောင်လေးက မင်းထက်ငယ်ချင် ငယ်လိမ့်မယ်။ ဒါပေမယ့် ငါ့ကောင်းကင်စိတ်အာရုံလက်ကနေ လွတ်အောင် ထွက်ပြေးနိုင်မှတော့ သူခွန်အားက မနိမ့်ကျလို့ပဲ ဖြစ်ရမယ်။ အဲ့လိုလူမျိုးက သွားရှုပ်လို့ ကောင်းတာ မဟုတ်ဘူး။ ငါတို့ သူ့ကို လိုက်ဖမ်းနေတယ် ဆိုတာကိုတောင်… သိချင်သိနေမှာ၊ ပြောလို့ရတာမဟုတ်ဘူး”

ကြိမ်းမောင်းခံလိုက်ရသည့် လူငယ်လေးသည် မကျေမနပ် ဖြစ်သွားခဲ့ပြီး “သူအဲ့လောက် သန်မာမယ်လို့ ကျုပ်မထင်ဘူး”

မသေမျိုးအဆင့် ပညာရှင်က အပိုစကား ထပ်ပြောမနေဘဲ လှောင်ပြောင်လိုသည့် လေသံဖြင့် “သူ့ထက်သန်မာတယ်ထင်ရင် မင်းဘာသာမင်း လိုက်ဖမ်းလိုက်။ အသက်နဲ့ကိုယ် ပြန်တွဲပါလာဦးမလား ငါမြင်ချင်သေးတယ်”

ပြောပြီးသည်နှင့် လှည့်ထွက်သွားလေ၏။

ထိုအဖွဲ့သည် အမျိုးမျိုးသော အင်အားစုများမှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ ပိုက်နက်သည် အရမ်းကိုမှ ကျယ်ပြောလှသဖြင့် သူတို့အား စောင့်ကြည့်ရန် လူပေါင်းများစွာ လိုအပ်၏။ အဖွဲ့များကို သေသေချာချာ စနစ်တကျ ဖွဲ့စည်းထားခြင်း မဟုတ်သည့်အတွက် ဖွဲ့စည်းပုံသည် လျော့ရဲရဲဆန်လှ၏။

လူငယ်လေးသည် သူ့ဂိုဏ်းမှမဟုတ်သည့် လူတစ်ယောက်၏ ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသဖြင့် စိတ်မပျော်။ သို့သော် သူကိုယ်တိုင်ကကို မဟုတ်ခြင်းပင် မဟုတ်လေလော။ စီနီယာက ထွက်သွားပြီ ဖြစ်သဖြင့် သူလည်း ထွက်သွားရပေမည်။ ထို့ကြောင့် လူငယ်‌လေးသည် မျက်နှာရှစ်ခေါက်ချိုးဖြင့် လူကြီးနောက်မှ လိုက်သွားလေ၏။

ပြန်လှဉ့်လိုက်စဉ်မှာပဲ သူတို့အဖွဲ့ခေါင်းဆောင် မသေမျိုးအဆင့် ပညာရပ် ရုတ်တရက် ရပ်သွားသည်ကို တွေ့လိုက်ရ၏။ စီနီယာ၏ မျက်နှာထက် ကြောက်လန့် တုန်လှုပ်နေသည့် အမူအရာကို လူငယ်လေး သတိပြုမိလိုက်၏။

“ဘာဖြစ်လို့လဲ” အကြိမ်းမောင်းခံရသည့် လူငယ်လေး ရေရွတ်လိုက်၏။ သို့သော် မသေမျိုးအဆင့် ခေါင်းဆောင် ကြည့်နေရာအရပ်ဆီ လှမ်းကြည့်လိုက်ပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူငယ်လေး ကြက်သေသေသွားခဲ့ရ၏။

All Chapters