← Chapters

အခန်း (၈၁၁-၈၁၅)

Vol. 33 Ch. 811-815

အခန်း (၈၁၁-၈၁၅)

Vol. 33 Ch. 811-815

အပိုင်း (၈၁၁) သားရဲအသွင်ပြောင်းရေကန်

မွန်းစတားမျိုးနွယ်စုဝင် ဆေးပညာရှင်နှင့် လက်နက် ပညာရှင် မရှိသော်လည်း ဆေးပင်နှင့် သတ္တုများ သူတို့တွင် မရှားချေ။ ထိုဆေးပင်နှင့် သတ္တုများကိုသာ သန့်စင်နိုင်ပါက သူတို့ကလန်တစ်ခုလုံး၏ ခွန်အားသည် သိသိသာသာကို တိုးတက်လာပေလိမ့်မည်။

မွန်းစတားမျိုးနွယ်စုဝင် စီနီယာကြီးသည် အစပိုင်း၌ လူသားမျိုးနွယ်စု၏ အတွင်းရေ ပဋိပက္ခများကြား လုံးဝကို ဝင်မပါဘူးဟု ယတိပြတ် ငြင်းဆိုခဲ့သော်လည်း ယခုမူ သူ့စကားအနေအထား၊ အသံနေ အသံထားသည် မသိလိုက် မသိဘာသာ ပြောင်းလဲလာခဲ့လေပြီ။

သူသည်လည်း သူ့ကလန်သားများကို ဘုံကိုးခု ထွတ်မြတ်နယ်မြေ၏ တောင်ထွတ်ကိုးလုံးပေါ်တွင် လေ့ကျင့်စေချင်၏။ သို့သော် ရန်ကိုင်၏ အစပိုင်း ကမ်းလှမ်းချက်သည် လုံလောက်အောင် ကောင်းမွန် မနေခဲ့ချေ။

တစ်နည်းဆိုရသော် စီနီယာကြီးဆိုသူသည် မပိုင်လျှင် ခြင်ပင် မရိုက်။ အကျိုးအမြတ်သာ လုံလောက်လျှင်၊ နေရပ်အား စွန့်ခွာ၍ တစ်ပါးသူကိစ္စ ဝင်ပါရမည် ဆိုလျှင်လည်း ဝင်ပါနိုင်ပေ၏။ အရေးအကြီးဆုံးသည်ကား အကျိုးအမြတ် ပမဏပင်။

ထိုအချက်ကို နားလည်ထားသည့် အတွက်ကြောင့် ရန်ကိုင်သည် တော်ဝင်နယ်မြေ၏ ဆေးပညာရှင်၊ လက်နက်ပညာရှင်များကို မွန်းစတားမျိုးနွယ်စုအတွက် ချန်ထားပေးမည်ဟု ချက်ချင်း ကမ်းလှမ်းစကား ဆိုခဲ့ခြင်း ဖြစ်၏။

သူထိုကဲ့သို့ ကမ်းလှမ်းလိုက်သည်မှာ မှန်သွား၏။ စီနီယာ၏ သဘောထား ပြောင်းလဲစပြုလာခဲ့လေပြီ။ သို့သော် အနည်းငယ် တုန့်ဆိုင်းနေဆဲ။

ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “ပြီးတော့ တောင်ထွတ်ကိုးလုံးပေါ်မှာ သလင်းကျောက်တွင်းတွေ အများကြီးပဲနော်။ ကျုပ်တို့ ပြန်မလာခင်အထိ ခင်ဗျားတို့ စိတ်ရှိသလောက် တူးလို့ရတယ်။ တူးလို့ရတာအကုန် ခင်ဗျားတို့ အပိုင်ပဲ”

ထိုစကားကို ကြားသည်နှင့် စီနီယာကြီး ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ကာ “မင်းပြောလိုက်တဲ့ ကမ်းလှမ်းချက်တွေ အကုန်လုံးက ငါတို့အတွက် အရမ်းကို အကျိုးရှိလွန်းနေတယ်။ အကြောင်းအရင်းကို ငါသိချင်တယ်။ မင်းတို့ မရှိတုန်း တော်ဝင်နယ်မြေကို စောင့်ကြပ်ပေးစေချင်ရုံ သက်သက်နဲ့တော့ မဖြစ်နိုင်ဘူး။ ဟုတ်တယ်မလား”

“အမှန်ပဲ။ ကျုပ်စီနီယာကြီးကို ကာကွယ်ခိုင်းချင်တဲ့ နေရာတစ်ခုရှိတယ်” တစ်ခဏတာ တိတ်ဆိတ် နေပြီးနောက် ရန်ကိုင်က ပြောလိုက်၏ “တောင်ထွတ်ကိုးလုံးသာ ရန်သူလက်ထဲ ရောက်သွားမယ်ဆိုရင် အဲ့နေရာလည်း ဖျက်စီး ခံရလိမ့်မယ်… အဲ့ဒါ ကျုပ်မလိုချင်တဲ့ အရာပဲ”

“အဲ့နေရာက မင်းအတွက် အရမ်းကို အရေးပါမှာပေါ့”

“ဟုတ်တယ်။ ဒါပေမယ့် စီနီယာကြီးနဲ့ ခင်ဗျားတို့ ကလန်အတွက်တော့ အသုံးမဝင်ဘူး” ရန်ကိုင်က သဘောတူ ခေါင်းညိတ်ပြလိုက်၏။

“မင်းတို့ နယ်မြေကို ငါတို့ ယူလိုက်ပြီထား။ မင်းတို့ ပြန်တောင်းတဲ့အခါကျ ငါတို့က လိုလိုလားလားနဲ့ ပြန်ပေးမယ်လို့ ထင်လား” စီနီယာကြီး မခိုးမခန့် ပြုံးလျက် ရန်ကိုင်အား ပြန်မေးလိုက်၏။ ရန်ကိုင် ပြန်မပြောရ သေးခင်မှာဘဲ စီနီယာကြီးက ဆက်ပြောလိုက်၏ “အဲ့နေရာကို ငါတို့ပိုင်နက်အဖြစ် အပြီးတိုင် သိမ်းပိုက်လိုက်မှာလည်း ဖြစ်နိုင်တာပဲလေ”

“စီနီယာကြီးဆီက အကူအညီ လာတောင်းရဲမှတော့ ပြန်ယူဖို့ ယုံကြည်ချက် ရှိလို့ပေါ့” ရန်ကိုင်က တည်တည် ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏ “တော်ဝင်နယ်မြေရဲ့ သင့်မြတ်နေတာ ခင်ဗျားတို့အတွက်လည်း အကျိုး ရှိတယ်လေ။ အဲ့အခြေခံ အချက်လေးကိုသာ ထိန်းသိမ်းထားနိုင်ရင် စီးပွားရေးကိုလည်း အရင်အတိုင်း ဆက်လုပ်နိုင်လိမ့်မယ်”

“ငါတို့ လက်ထဲရောက်တာနဲ့ တောင်ထွတ်ကိုးလုံးကို မင်းဘယ်လို ပြန်ယူမလဲ ငါတကယ် မြင်ချင်သေးတယ်” စီနီယာကြီးက မိစ္ဆာဆန်ဆန် ပြုံးလျက် လှောင်ပြောင် ပြောဆိုလိုက်၏ “အချိန်ရောက်လာလို့ ငါနဲ့အဆင့်တူ မရပ်နိုင်သေးဘူးဆိုရင်တော့ တောင်ထွတ်ကိုးလုံး မပြောနဲ့၊ မင်းအသက်ကိုပါ ယူမှာ”

“ဒါဆို စီနီယာကြီး သဘောတူတယ်ပေါ့” ရန်ကိုင်က ပြုံးလိုက်၏။

“အင်း၊ တူရမှာပေါ့” စီနီယာကြီးက ခေါင်ညိတ်လိုက်၏။ ရန်ကိုင်က အကျိုးအမြတ်ကို တောင်လိုပုံပေးထားလေရာ စီနီယာကြီးလည်း မည်ကဲ့သို့ ငြင်းရက်နိုင်တော့မည်နည်း။

လူသားပိုင်နက်ထဲ ဝင်ရောက်ခြင်းသည် အန္တရာယ် များသော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေသည် လူသား ပိုင်နက် အစွန်အဖျားပိုင်းတွင် ရှိနေခြင်းဖြစ်၏။ ထို့အပြင် စီနီယာကြီးကဲ့သို့ ပညာရှင်တစ်ယောက်က ဦးစီးဦးဆောင် ပြုနေလေရာ လူသားမျိုးနွယ်စုမှ ပညာရှင်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံရမည်မှာ ဖြစ်နိုင်ချေ သိပ်မရှိလှ။ ထို့ကြောင့် သူတို့အနေဖြင့် ထိုနေရာ၌ အေးအေးဆေးဆေး ထိုင်ကျင့်ကြံနေရုံပင်။

ရန်ကိုင်အနေဖြင့် စီနီယာကြီးလက်မှ တောင်ထွတ် ကိုးလုံးကို ပြန်ယူချင်သည်ဆိုပါက သူတော်စင် တတိယ အဆင့်နှင့် ညီမျှသောခွန်အားကို အနည်းဆုံး ပိုင်ဆိုင်ထားရန် လိုအပ်ပေ၏။

ထိုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်နိုင်ရန်အတွက် နှစ်မည်မျှပင် ကြာလိမ့်မည်နည်း။ အချိန်တိုအတွင်း ရနိုင်မည် မဟုတ်တာတော့ သေချာပေ၏။

အနည်းဆုံး နှစ်ပေါင်းတစ်ရာလည်း ဖြစ်သွားနိုင်၏။ ရန်ကိုင် အရှက်မရှိ ကြွားဝါပြောဆိုခဲ့သော နှစ်နှစ်ဆယ်၊ သုံးဆယ်ဆိုသော စကားကို စီနီယာကြီး ခေါင်းထဲ လုံးဝ မထည့်ချေ။

နှစ်တစ်ရာဆိုသော အချိန်ကာလသည် သူ့ကလန် အဆပေါင်းများစွာ အားကောင်းလာရန်နှင့် တောင်ထွတ် ကိုးလုံးပေါ်ရှိ မိုင်းတွင်းအားလုံးကို ပြောင်တလင်းခါအောင် တူးရန်အတွက် လုံလောက်၏။

သူ့ကလန်သားများ အနေဖြင့် တောင်ဝင်နယ်မြေ၏ ဆေးပညာရှင်များနှင့် လက်နက် ပညာရှင်များဆီမှ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်း အတတ်ပညာကို သင်ယူကောင်းပင် သင်ယူနိုင်သေး၏။ ထိုနည်းဖြင့် လက်နက်နှင့် ဆေးလုံးများအတွက် အပြင်လူများအပေါ် ဘယ်တော့မှ မှီခိုစရာ လိုတော့လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ စဉ်းစားမိသည်နှင့် ‘ငါဒီတစ်ကြိမ် အချီကြီး မြတ်လိုက်တာပဲ’ဟု စီနီယာကြီး တွေးလိုက်မိ၏။

သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေကို အပိုင်သိမ်းချင်လျှင် တော်ဝင်နယ်မြေကို ဝိုင်းထားသည့် ရန်သူများကို အရင်ရှင်းထုတ်ပစ်ရဦးပေမည်။ ထိုရန်သူများကို မရှင်းဘဲနှင့် တော်ဝင်နယ်မြေကို သိမ်းနိုင်မည် မဟုတ်ပေ။ ထိုအချက်ကို စီနီယာကြီး မမေ့ချေ။

ထိုအချိန်မှာပဲ အပြင်ဘက်တွင် ရပ်နေသည့် ကိုင်တေ၊ အထဲသို့ အလျင်စလို ပြေးဝင်လားပြီး ရန်ကိုင်အား လုံးလုံး လျစ်လျူရှုလျက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏ “စီနီယာကြီး၊ သားရဲအသွင်ပြောင်းရေကန် တစ်ခုခု ဖြစ်နေတယ်”

စီနီယာကြီးအမူအရာ သုန်မှုန်သွားခဲ့ပြီး ထိုင်ရာမှ ဝုန်းကနဲ ထရပ်ကာ အိမ်ခန်းလေးထဲမှ ချက်ချင်း ပြေးထွက်သွားလေ၏။

နှစ်ယောက်စလုံး ရန်ကိုင်၏ တည်ရှိမှုကို လုံးဝ မေ့လျော့နေခဲ့ကြ၏။

ခဏအကြာ၌ အပြင်ဘက်မှ ရုတ်ရုတ် ရုတ်ရုတ် ဆူညံသံများကို ရန်ကိုင် ကြားလိုက်ရ၏။

ထိုနေရာ၌ ခဏ ထိုင်စောင့်နေပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

သားရဲအသွင်ပြောင်းရေကန်နှင့် ပက်သက်ပြီး သိချင်နေခဲ့သည်မှာ ယခင်လောကကြီး၌ ရှိနေစဉ် ကတည်းကပင်။ မည်ကဲ့သို့သော စွမ်းအားကများ သားရဲတစ်ကောင်ကို လူအသွင် ပြောင်းလဲနိုင်အောင် လုပ်ပေးနိုင်သလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိ၏။

သားရဲအသွင်ပြောင်း ရေကန်ကဲ့သို့ မွန်းစတား မျိုးနွယ်စု၏ အရေးပါသည့် နေရာဆီ သူ့ကဲ့သို့ သူစိမ်း တစ်ယောက်က သွားခြင်းသည် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ၏ ဒေါသကို ရန်စမိနိုင်သော်လည်း ဘာပဲဖြစ်ဖြစ် သွားမည်ဟု ရန်ကိုင် ဆုံးဖြတ်လိုက်၏။

ယခုကဲ့သို့ အခွင့်အရေးမျိုးသည် များများစားစား ရှိလှသည်မဟုတ်။

သားရဲအသွင်ပြောင်းရေကန်သည် မိုးကြိုးသစ်ပင် နန်းတော်နှင့် ကီလိုမီတာဒါဇင်ကျော် အကွာ၌ တည်ရှိ၏။ မြေနည်းနည်းပြန့်သော တောင်ခြေတစ်နေရာမှ ဖြာထွက်နေသော အားကောင်းလှသည့် စွမ်းအင်လှိုင်း များကြောင့် ကောင်းကင်ပင် အရောင်ပြောင်းနေခဲ့၏။

ယခုအချိန်၌ သားရဲတစ်ကောင်၏ နာနာကျင်ကျင် အော်မြည်သံ လေထဲပျံ့လွင့်လာခဲ့၏။

သားရဲအသွင်ပြောင်းရေကန်သို့ ရန်ကိုင် ရောက်သည့် အချိန်၌ ထိုနေရာတစ်ခုလုံး မွန်းစတားသားရဲများနှင့် ပြည့်ကြပ်နေခဲ့လေပြီ။

အားလုံးသည် စိုးရိမ်တကြီးဖြင့် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့ကြ၏။

ရန်ကိုင် ရောက်လာသည်ကိုပင် သတိမမူမိကြ။

လူအုပ်ကြီး၏ အနည်းငယ် နောက်ပိုင်းကျသော နေရာတွင် ရပ်လျက် အားလုံးကြည့်နေသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်ဝန်းအစုံ လင်းလက်သွားခဲ့ရ၏။

တောင်နှစ်တွေ့ဆုံနေရာ နေရာ၍ မီတာသုံးရာ ကျယ်ဝန်းသော ချိုင့်ကြီးတစ်ချိုင့် ရှိနေခဲ့၏။ ထိုချိုင့်ထဲ ဘာမှန်းမသိသော အရည်များနှင့် ပြည့်နေပြီး ဆန်းကြယ်သော စွမ်းအင်လှိုင်းတို့ကို ထုတ်လွှတ်နေခဲ့၏။

ထိုချိုင့်သည် သံသယရှိစရာ မလိုအောင် မွန်းစတား မျိုးနွယ်စု၏ သားရဲအသွင်ပြောင်းရေကန် ဖြစ်ပေ၏။

ယခုအချိန်၌ သားရဲအသွင်ပြောင်းရေကန်ထဲ ဦးချိုနှစ်ချောင်းနှင့် နှင်းဖြူရောင်သားမင်တစ်ကောင် ရှိနေခဲ့၏။ ထူးထူးဆန်းဆန်း အရည်ထဲရှိ စွမ်းအင် များသည် သမင်ကိုယ်ထဲ စီးဝင်၍ ထိုမွန်းစတားသားရဲ၏ ခန္ဓာကိုယ်ကို ပြုပြင်ပေးနေခဲ့၏။ သို့သော် ထိုဖြစ်စဉ်နှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသည့်ပုံပင်။ မဟုတ်လျှင် ထိုမွန်းစတားသားရဲ နာနာကျင်ကျင် အော်မြည်နေလိမ့်မည် မဟုတ်ချေ။

သားရဲအသွင်ပြောင်း ရေကန်ဘေး၌ မွန်းစတား မျိုးနွယ်စု၏ စီနီယာကြီးက လေးနက်တည်ကြည်သည့် အမူအရာဖြင့် နှင်းဖြူရောင်သမင်သားရဲကို အတတ်နိုင်ဆုံး ကူညီပေးနေခဲ့၏။

ကံမကောင်းစွာဖြင့် စီနီယာကြီး၏ အကူအညီသည် အရမ်းကြီး အကျိုးသက်ရောက်မှု မရှိသည့်ပုံပင်။

စွမ်းအင် တစ်ကြိမ် စီးဆင်းသွားတိုင်း သားရဲ အသွင်ပြောင်းရေကန် အလယ်ဗဟိုတစ်ဝိုက်ရှိ မျဉ်းကြောင်းများ ထလက်သွား၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ရလေ၏။

မွန်းစတားမျိုးနွယ်စုသည် စိတ်ဝိဥာဉ် အစီအရင် များကို မသုံးတတ်သလို ရေးလည်း မရေးထွင်းတတ်ကြမှန်း ရန်ကိုင် ကြားဖူး၏။ ထိုသို့ဆိုလျှင် သားရဲအသွင်ပြောင်းရေကန်၏ အောက်ခြေ၍ စိတ်ဝိဥာဉ် အစီအရင်တစ်ခု အဘယ်ကြောင့် ရှိနေရသနည်း။ ပြီးတော့ စီနီယာကြီး၏ အပြုအမူအရ ထိုစိတ်ဝိဥာဉ်အစီအရင်ကို လုံးဝ သတိမပြုမိသည့်ပုံပင်။ မဟုတ်လျှင် သူ့မွန်းစတား ချီကို ဘေးပတ်လည်သို့ ဖြန့်ကျက်နေမည့်အစား သားရဲ အသွင်ပြောင်းရေကန် အလယ်ဗဟိုရှိ စိတ်ဝိဥာဉ် မျဉ်းကြောင်းများနှင့် အလိုက်သင့်အောင် လိုက်လံ ကြိုးစားနေပေလိမ့်မည်။

“ဟေး၊ နင်ဒီမှာ ဘာလာလုပ်နေတာလဲ” အတွေးထဲ မျောနေသဖြင့် သွေးသွယ်သွယ် ပုံရိပ်လေးတစ်ခု သူ့ဘေးနား ရောက်နေသည်ကို ရန်ကိုင် သတိမပြုမိခဲ့ချေ။

အသိပြန်ဝင်လာ၍ လှည့်ကြည့်လိုက်ရာ ကြောင်နားရွက်နဲ့ ကောင်မလေးကို တွေ့လိုက်ရ၏။ ယခုအချိန်၌ ကောင်မလေးသည် ရန်ကိုင်အား သူမ၏ မိုးပြာရောင် ကျောက်မျက်သဖွယ် မျက်လုံးလေးများဖြင့် စိတ်ဝင်တစား စိုက်ကြည့်နေခဲ့၏။ နှုတ်ခမ်လေးများကို မသိမသာလေး ပြုံးလျက် ကွေးထားသဖြင့် သူမ၏ ကျားသွားပုံစံ သွားချွန်ချွန်လေးများကို မြင်နေခဲ့ရ၏။

“မင်္ဂလာပါ” ရန်ကိုင်က လက်သီးဆုပ်၍ အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ရှင်းပြလိုက်၏ “လှုပ်လှုပ်ရှားရှား အသံတွေကြားလို့ ဘာတွေဖြစ်နေလဲ လာကြည့်ကြည့်တာ”

“နင့်သတ္တိက မသေးပါလား။ ဒီနေရာကိုတောင် လာရဲတယ်။ အခြားသူတွေသာ သတိပြုမိသွားရင် နင့်ကို တစ်စစီ ဆုတ်ဖြဲပစ်နေဦးမယ်၊ သတိထားဦး” ကောင်မလေးက စုတ်ဖြဲ၊ ဆွဲဖြဲသည့် ပုံစံ လုပ်ပြလိုက်၏။

“သူတို့ မလုပ်လောက်ပါဘူး၊ ဟုတ်တယ်မလား” ထိုစကားကိုကြားသည်နှင့် ရန်ကိုင်မျက်နှာ မည်းမှောင် သွားခဲ့၏။

“ခစ်ခစ်ခစ်…” ကြောင်နားရွက် ကောင်မလေးက ဆည်းလည်းသံကဲ့သို့ ချိုသာသော အသံလေးဖြင့် တခစ်ခစ် ရယ်မောလိုက်ပြီး ရန်ကိုင်အား လှောင်ပြောင်ဟန်ဖြင့် “ကြောက်သွားလား”

“ငါ့ကို လာစနေတာလား” ထိုကောင်မလေး ဘာကြံနေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားပြီး ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ရင်း “ဒီမှာ ဘာတွေဖြစ်နေတာလဲ”

ထိုမေးခွန်းကို ကြားသည်နှင့် ကောင်မလေး မျက်နှာ ထက်ရှိ အပြုံး ပျောက်ကွယ်သွားခဲ့ပြီး သက်ပြင်း အမောကြီး ချလျက် “သနားစရာ ကျောက်စိမ်းသမင်ဖြူလေး၊ သူလူသားအသွင်ယူဖို့ ကြိုးစားနေတဲ့အချိန် တစ်ခုခု ဖြစ်သွားတာလေ။ ကြည့်ရတာ သူကျရှုံးတော့မယ့်ပုံပဲ”

“ဘာမှားသွားတာလဲ”

“ငါမသိဘူး” ကြောင်နားရွက် ကောင်မလေးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါလူသား အသွင်ယူတုန်းကလည်း ပြဿနာ ကြုံရသေးတယ်။ စီနီယာကြီး ကူညီပေးခဲ့တာကြောင့်သာ မဟုတ်ရင် ငါလည်း မအောင်မြင်ခဲ့လောက်ဘူး”

“မအောင်မြင်တဲ့ အကျိုးဆက်က အရမ်းကြီး ပြင်းနေလို့လား။ နင်တို့အားလုံး ဘာလို့ ဒီလောက်တောင် စိုးရိမ်နေကြတာလဲ”

“ပြင်းတာပေါ့” ကြောင်နားရွက် ကောင်မလေးက ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး “ဒါက ကိုယ့်ရဲ့ နားမလည်မှုနဲ့ မဆိုင်ဘူး။ သားရဲအသွင်ပြောင်းရေကန်ရဲ့ ပြဿနာနဲ့ပဲ သက်ဆိုင်တာ။ ကိုယ့်ကိုယ်တိုင်ကြောင့် မအောင်မြင်တာဆိုရင် သားရဲပုံစံအတိုင်းပဲ ဆက်ရှိနေမှာ။ အခုလိုမျိုး မအောင်မြင်တော့ဘူးဆိုရင်တော့ အသက်ပါ ဆုံးရှုံးနိုင်ချေရှိတယ်”

“ပြဿနာက သားရဲအသွင်ပြောင်းရေကန်ပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်။ အခုလိုမျိုးဖြစ်တာ တစ်ကြိမ် မကတော့ဘူး။ ငါတို့မျိုးနွယ်စု တော်တော်များများလည်း အသက်မရှင်နိုင်ခဲ့ဘူး…” ကြောင်နားရွက် ကောင်မလေးက ဝမ်းနည်းစွာ ပြောလိုက်၏။

“မုန်းစရာကောင်းတဲ့လူသား၊ နင်ဒီမှာ ဘာလုပ်နေတာလဲ” သိမ်မွေ့သလို အေးစက်စက်နိုင်သည့် အသံတစ်သံနှင့်အတူ ကိုင်တေ အလျင်အမြန် ရောက်ချလာခဲ့၏။ ရောက်သည်နှင့် ကြောင်နားရွက်နှင့် ကောင်မလေးကို သူမနောက် ချက်ချင်းပို့လိုက်ပြီး ရန်ကိုင်အား သတိကြီးကြီးထားလျက် “နင့်ကို ဒီနေရာဆီ ဘယ်သူလာခွင့် ပြုလိုက်တာလဲ”

“အာ…” ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “တစ်ချက် လာကြည့်ရုံလေးပါပဲ”

“မြောင်နန်၊ သူနင့်ကို တစ်ခုခု လုပ်လိုက်သေးလား” ကိုင်တေက ရန်ကိုင်ကအား အေးစက်စူးရဲစွာ စိုက်ကြည့်ရင်း ကြောင်နားရွက်နှင့် ကောင်မလေးကို မေးလိုက်၏။

“ဟင့်အင်း။ စကားလေး နည်းနည်းပါးပါပဲ ပြောတယ်” ကြောင်နားရွက်နှင့် ကောင်မလေးက အမြန်ပြန်ပြောလိုက်၏။

“လူသားတွေနားနေရင် သတိထားမှ တော်ကာကျမယ်။ မဟုတ်ရင် နင့်ကို မကောင်းတာ တစ်ခုခု လုပ်လိုက်မှာ”

“အန်၊ ဘယ်လိုလုပ်မှာလဲဟင်” ကြောင်နားရွက်နှင့် ကြောင်မလေးက ထုံအအပုံစံဖြင့် ပြန်မေးလိုက်ရာ ကိုင်တေ ရှက်သွားဖြာသွားခဲ့ရပြီး အကြပ်ရိုက်သွားခဲ့ရ၏။ ထို့နောက် ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်လျက် ပြန်ပြောလိုက်၏ “နင့်ကိုဖမ်းပြီး ရက်ရက်စက်စက် ရိုက်မှာ။ ပြီးရင် ဘာမှမကျွေးပဲ အခန်းထဲ တိုက်ပိတ်ထားဦးမှာ”

ကြောင်နားရွက်နှင့် ကောင်မလေး ရုတ်တရက် တုန်လှုပ်ချောက်ချားသွားပြီး ရန်ကိုင်အား ကြောက်ရွံ့စွာ စိုက်ကြည့်လိုက်၏။ သူမအတွက်တော့ ထိုအရာသည် အဆိုးရွားဆုံးသော နှိပ်စက်မှုမျိုးဖြစ်သည့်ပုံပင်။

“ဟေး၊ ဟေး၊ ကျုပ်ကို လာအပုပ်မချနဲ့လေ” ရန်ကိုင်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “ကျုပ်ရုပ်က အဲ့လိုလုပ်မယ့်လူမျိုး ပေါက်နေလို့လား”

“နင်ဘာသာနင် ဘယ်လိုပဲပြောပြော နင့်စိတ်နင် အသိဆုံးပဲ” ကိုင်တေက လှောင်ပြောင်လိုက်၏ “စီနီယာကြီးရဲ့ အမိန့်ကြောင့်သာ နင့်ကို ဘာမှ မလုပ်သေးတာ။ ဒါပေမယ့် ကို့ယ်ဘာသာကိုယ် အေးအေးဆေးဆေး နေရင် ကောင်းလိမ့်မယ်… မဟုတ်ရင် ငါနင့်ကို တစ်သက်မမေ့လောက်မယ့် သင်ခန်းစား သင်ပေးလိုက်မှာ”

သူမ၏ အပြုအမူကြောင့် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်ပြီး “ကောင်းပြီလေ။ မိုးကြိုးသစ်ပင်နန်းတော်ဆီ ပြန်ပြီးတော့ပဲ စောင့်နေရတာပေါ့”

ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်၏။

သူမြင်ချင်သော သားရဲအသွင်ပြောင်းရေကန်ကို မြင်ဖူးပြီးသွားခဲ့လေပြီ။ ထို့ကြောင့် ဤနေရာ၌ ဆက်နေနေစရာ မလိုတော့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၂) ကျုပ်စမ်းကြည့်မယ်

ရန်ကိုင် ထွက်သွားမည်အပြု သားရဲအသွင်ပြောင်း ရေကန်မှ ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲ ထွက်လာခဲ့၏။ သားရဲအသွင်ပြောင်းရေကန်တစ်ခုလုံး စတင် ဆူပွက်လာသည့်ပမာ တရှဲရှဲ မြည်သံတို့ အလျင်မပြတ် ထွက်ပေါ်လာခဲ့လေ၏။

တစ်ချိန်တည်းတွင် သားရဲအသွင်ပြောင်းရေကန် အလယ်ဗဟိုရှိ စိတ်ဝိဥာဉ်အစီအရင် မျဉ်းကြောင်းများသည် ဖြိုးဖြိုးဖျက်ဖျက်ဖြင့် စတင် လင်းလက်လာခဲ့လေရာ ရန်ကိုင် မျက်ဝန်းတစ်ချက် လက်သွားခဲ့ပြီး ထွက်သွားမည့် အစီအစဉ်ကို ခဏဘေးဖယ်ထား၍ သားရဲအသွင်ပြောင်းရေကန်အား တစ်ဖန်အာရုံစိုက်လျက် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။

သားရဲအသွင်ပြောင်းရေကန်၏ ရုတ်ချည်း‌ ပြောင်းလဲမှုကြောင့် ကိုင်တေသည် ရန်ကိုင်အား အာရုံမစိုက်နိုင်တော့ဘဲ ကြောင်နားရွက်ကောင်မလေးနှင့် အတူ ရေကန်ထဲ ရုန်းကန်နေသော ကျောက်စိမ်း သမင်ဖြူကိုသာ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်၏။

မွန်းစတားမျိုးနွယ်စု၏ စီနီယာကြီး၏ မျက်နှာထား သည် ပို၍ လေးနက်တည်ကြည်လာခဲ့ပြီး သူ့ဆီမှ ထွက်ပေါ်နေသော မွန်းစတားချီသည်လည်း ပို၍ ပြင်းထန်လာနေခဲ့ကာ ယခုဆိုလျှင် သူ့မွန်းစတားချီသည် ကန်တစ်ကန်လုံးကိုပင် ဖုံးလွှမ်းနေခဲ့လေပြီ။

သို့သော် စီနီယာကြီး၏ ခွန်အားနှင့်ပင်လျှင် ကသောင်းကနင်း ဖြစ်နေသော သားရဲအသွင်ပြောင်း ရေကန်၏ စွမ်းအင်များကို ဖိနှိပ်ထားနိုင်ခြင်း မရှိခဲ့ချေ။

ရေကန်ထဲ တစ်ဝက်နစ်မြုပ်နေသော ကျောက်စိမ်းသမင်ဖြူသည် ကန်ထဲမှ ခုန်ထွက်ချင်နေသော်ငြား မမြင်နိုင်သော လက်တစ်ဖက်၏ ချုပ်နှောင်ထားခြင်း ခံရသည့်အလား ထွက်မရနိုင် ဖြစ်နေခဲ့၏။ အဆက်မပြတ် နာနာကျင်ကျင် အော်ဟစ်ရင်း စီနီယာကြီးအား အားကိုးတကြီးဖြင့် ငေးစိုက်ကြည့်နေခဲ့၏။

မွန်းစတားမျိုးနွယ်စုဝင်များသည် စိုးရိမ်ပူပန်စွာဖြင့် ထိုအခြင်းအရာကို ငေးကြည့်နေခဲ့ကြ၏။

ယခု သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်မျိုးသည် ကျောက်စိမ်းသမင်ဖြူ၏ ခန္ဓာကိုယ်ထဲသို့ လောက်ကောင်များပမာ အဆက်မပြတ် တိုးဝင်နေရာ ၎င်း၏ အသားစိုင်များ စတင်ရောင်ကိုင်း၊ ရွံ့တွစ ပြုလာခဲ့၏။

နီစွေးစွေးသွေးတို့ ကျောက်စိမ်းသမင်ဖြူ၏ ဒွါရခုနှစ်ပေါက်မှ စတင် စီးကျစပြုလာနေခဲ့လေပြီ။ လူသားအသွင်ပြောင်းခွင့် ရခဲ့သော မွန်းစတားသားရဲသည် ခဏအကြာ၌ သေရတော့ပေမည်။

စီနီယာကြီးက သူ့မွန်းစတားချီကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်ပြီး ရုန်းကန်နေသည့် ကျောက်စိမ်း သမင်ဖြူကို ဘာမှမတတ်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်၏။

သူတို့၏ ကလန်သား ဆက်လက် အသက်ရှင်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည်နှင့် အကုန်လုံး ဝမ်းနည်းသွားခဲ့ကြ၏။ မွန်းစတားမျိုးနွယ်စု ပညာရှင် တော်တော်များများဆိုလျှင် ငိုပင် ငိုနေခဲ့ကြ၏။

“အစ်မကိုင်တေ၊ သူ့ကို ကယ်လို့ မရတော့ဘူးလားဟင်…” ကြောင်နားရွက်ကောင်မလေးက တရှုံ့ရှုံ့ဖြင့် ငိုကြွေးရင်း ကိုင်တေဆီ အကူအညီ တောင်းလိုက်၏။

ကိုင်တေက ခါးခါးသီးသီးပြုံးလျက် ကောင်မလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးရင်း ကူကယ်ရာ မဲ့စွာဖြင့်သာ ခေါင်းခါရမ်းပြလိုက်၏။

စီနီယာကြီးပင် လက်မှိုက်ချရလေရာ သူမက ဘာလုပ်နိုင်မည်နည်း။

“ကျုပ်ကြိုးစားကြည့်လို့ရမလား။ သူ့ကို ကယ်ကောင်း ကယ်နိုင်တယ်နော်” သားရဲအသွင်ပြောင်းရေကန်အား တောက်လျှောက် လေ့လာကြည့်နေသည့် ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်၏။

ကိုင်တေက ရန်ကိုင်အား မယုံသင်္ကာဖြင့် ပြန်စိုက်ကြည့်လိုက်၏။ ကြည့်နေရင်း သူမ မျက်လုံးထဲ ဒေါသရိပ်တို့ တရိပ်ရိပ်ထိုးတက်လာခဲ့ပြီး ပြန်အော်ပြောလိုက်လေ၏ “နင့်လို ဘာမဟုတ်တဲ့ လူသားတစ်ကောင်ကလား”

ရန်ကိုင်က အကြောက်အလန့် ကင်းကင်းဖြင့်သာ ပြန်စိုက်ကြည့်နေလိုက်၏။

ကိုင်တေ မျက်မှောင်တစ်ချက် ကြုံ့သွားခဲ့ပြီး အထင်သေးသေးဖြင့် နှာခေါင်းရှုံလိုက်ကာ “သူ့ကို ကယ်နိုင်တယ်လို့ နင်ပြောတယ်နော်။ ကောင်လေး။ စီနီယာကြီးနဲ့ သဘောတူညီချက် တစ်ခုလုပ်နိုင်ခဲ့လို့ ဒီနေရာမှာ နင်လုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ မထင်နဲ့။ ဒီနေရာက မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်ပဲ။ နင်တို့ လူသားပိုင်နက်မဟုတ်ဘူး။ ငါသောက်မြင်ကတ်အောင် လာလုပ်နေရင် တစ်ခါတည်း အသက်ပျောက်သွားမယ်၊ ကြည့်နေကြည့်စား”

“လေကုန်ခံနေမယ့်အစား စီနီယာကြီးကို တိုက်ရိုက် သွားမေးကြည့်လိုက်ရင် ပြီးနေပြီပဲ မဟုတ်ဘူးလား” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ ကိုင်တေသည် သူ့အား အမြဲလိုလို ဘုကလန့် လုပ်နေသဖြင့် သူဘယ်တုန်းကများ ထိုအမျိုးသမီးကို စိတ်ဒုက္ခရောက်အောင် လုပ်ခဲ့မိဖူးလဲဟု ရန်ကိုင် မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

“ကျုပ်သူ့ကို ကယ်နိုင်တာလည်း ဖြစ်နိုင်တယ်။ သူသေသွားမှာလည်း ဖြစ်နိုင်သေးတယ်။ ဒါပေမယ့် ခင်ဗျားသာ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင်တော့ ခင်ဗျားရဲ့ ကလန်သား ကျိန်းသေ သေရလိမ့်မယ်။ ကျုပ်တို့ လူသားတွေမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်… မြင်းသေကို ဆေးသွားတိုက်လို့ ဘာမှဖြစ်မလာနိုင်ဘူးတဲ့။ ခင်ဗျား ကြားဖူးလားတော့ မသိဘူး”

ထိုကဲ့သို့ အပြောခံလိုက်ရသဖြင့် ကိုင်တေ မျက်နှာ လှလှလေး ရေခဲတမျှ အေးစက်သွားခဲ့ပြီး ရန်ကိုင်အား ပြန်ဟောက်မည်အပြု၊ ကြောင်နားရွက်နှင့် ကောင်မလေးက အလျင်စလို ကြားဝင်ဖြတ်ပြောလိုက်၏ “ကျွန်မ အခုပဲ စီနီယာကြီးကို သွားမေးလိုက်မယ်”

ပြောပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ် သေးသွယ်သွယ်လေး လက်ခဲပျောက်သွားပြီး ချက်ချင်းဆိုသလို သားရဲအသွင်ပြောင်းရေကန် ဘေးနားတွင် ရပ်နေသော စီနီယာကြီးရှေ့ ရောက်သွားခဲ့၏။

ကိုင်တေ ကြောင်အမ်းအမ်းတစ်ချက် ဖြစ်သွားခဲ့ပြီး ရန်ကိုင်အား မယုံသင်္ကာဖြင့် စူးစူးရဲရဲ စိုက်ကြည့်လျက် အေးစက်စက် လေသံဖြင့် မေးလိုက်၏ “နင်ဘာတွေ ကြံနေတာလဲ။ သားရဲအသွင်ပြောင်းရေကန်ကို ဖျက်စီးပြီး ငါတို့မွန်းစတား မျိုးနွယ်စုရဲ့ အုတ်မြစ်ကို ဖျက်စီးပစ်ချင်နေတာလား”

ရန်ကိုင်က မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး “အားနေရင် သူများကို မယုံသင်္ကာနဲ့ လိုက်ကြည့်၊ လိုက်ပြောနေတာ ခင်ဗျားပုံစံလား။ ခင်ဗျား လူသားတွေကို အရမ်းမုန်းလွန်းနေတယ်လို့ ကျုပ်ဘာလို့ ခံစားနေရတာလဲ မသိဘူး။ အတိတ်တုန်းက လူသားတွေနဲ့ တစ်ခုခု ဖြစ်ခဲ့လို့လား”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ကိုင်တေ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေ၏။ ရန်ကိုင် သာမန်ကာလျှံကာ ပြောလိုက်သော စကားလုံးများသည် အနာပေါ် ဒုတ်ကျသွားသည့်အလား၊ သူမ၏ မျက်နှာ လှလှလေး ဒေါသ၊ အမုန်းတရားကြောင့်တို့ နီမြန်းလာခဲ့လေ၏။

သူမ ပေါက်ကွဲမည်ကို မစောင့်တော့ဘဲ ရန်ကိုင်က အလျင်အမြန် ထပ်ပြောလိုက်၏ “ခင်ဗျားတို့ မွန်းစတား မျိုးနွယ်စုရဲ့ သားရဲအသွင်ပြောင်းရေကန်ကို ကျုပ်စိတ်မဝင်စားဘူး။ ဒါကြောင့် အဲ့ဒါနဲ့ပက်သက်ပြီး ခင်ဗျား စိတ်ချထားလို့ရတယ်။ ကျုပ်စိတ်ဝင်စားတာက ရေကန်အောက်ခြေမှာ ရှိနေတဲ့အရာပဲ”

“အောက်ကဘာလဲ” ကိုင်တေ မျက်လုံးမှေးစဉ်း၍ ပြန်မေးလိုက်၏။ သို့သော် ရန်ကိုင်ဆီမှ အဖြေပြန်မရခင် ကြောင်နားရွက်နှင့် ကောင်မလေး ရုတ်တရက် ရောက်ချလာခဲ့ပြီး ရန်ကိုင်အား အလျင်စလို ဆွဲခေါ်သွားရင်း ပြောလိုက်၏ “စီနီယာကြီး ရှင့်ကို တွေ့ချင်နေတယ်”

ရန်ကိုင် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ကိုင်တေ၏ မယုံသင်္ကာအကြည့်အောက်၍ ကြောင်နားရွက် ကောင်မလေး၏ ဦးဆောင်မှုဖြင့် စီနီယာကြီးဆီ လိုက်သွားလေ၏။

“နင်ဘယ်လို အပေါစားလှည့်ကွက်တွေ သုံးဦးမလဲ ငါမြင်ချင်သေးတယ်” ကိုင်တေက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ အလျင်စလို ပြေးလိုက်သွား၏။

မွန်းစတားမျိုးနွယ်စုဝင်များသည် ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် ကြည့်နေကြ၏။ ယခုကဲ့သို့ အရေးကြီးသည့် အခိုက်အတန့်မှ စီနီယာကြီးသည် လူသားမျိုးနွယ် သူစိမ်းတစ်ယောက်ကို သားရဲ အသွင်ပြောင်းရေကန်ဆီ အဘယ်ကြောင့် လာခွင့်ပြုမှန်း သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

တစ်ခဏကြာပြီးနောက် ကန်ဘေးတွင် ရန်ကိုင် ရပ်နေခဲ့၏။ အနီးကပ် မြင်လိုက်ရတော့မှသာ သားရဲအသွင်ပြောင်းရေကန်ထဲတွင် ရှိနေသော စွမ်းအင်ပမာဏ မည်မျှ များပြားကြောင်းကို ရန်ကိုင် သေချာနားလည်သွာခဲ့၏။

“သူ့ကို မင်းကယ်နိုင်တယ်လို့ မြောင်နန်က ပြောတယ်” စီနီယာကြီးက ရန်ကိုင်အား လေးလေးနက်နက် စိုက်ကြည့်လိုက်၏။

“ကြိုးစားကြည့်နိုင်တယ်” ရန်ကိုင်က ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပြီး ဘာမှ ထပ်ရှင်းပြမနေခဲ့ချေ။

“ကြိုးစားကြည့်ရုံပဲလား” စီနီယာကြီး မျက်မှောင် ကြုံ့သွားခဲ့၏။

“ဒီပုံစံအတိုင်းဆို သူကျိန်းသေ သေရတော့မှာမလား။ အဲ့လိုဆိုမှတော့ ကျုပ်ကို ကြိုးစားကြည့်ခိုင်းလိုက်လို့လည်း အရှုံးမှမရှိတာ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။

စီနီယာကြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်၍ “ကောင်းပြီလေ။ ကြိုးစားကြည့်ပေါ့။ ဒါပေမယ့် ဘာတွေပဲဖြစ်လာခဲ့၊ ဖြစ်လာခဲ့၊ ဒါတွေအားလုံး ပြီးသွားရင် မင်းငါ့ကို အကြောင်းပြချက်ကောင်းကောင်း ပေးဖို့ လိုလိမ့်မယ်”

“ရတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ဝင်ပါဖို့ ဆုံးဖြတ်လိုက်မှဖြင့် စီနီယာကြီး မေးခွန်းထုတ်လာမည်ကို ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။

သဘောတူညီချက်ရသွားသည်နှင့် ရန်ကိုင် မျက်လုံး ပိတ်လိုက်ပြီး သူ့စိတ်စွမ်းအင်ကို ဘေးပတ်ပတ်လည်သို့ စတင် ဖြန့်ကျက်တော့လေ၏။

ရန်ကိုင် ကောင်းကင်စိတ်အာရုံစွမ်းအင်ကို ခံစားမိသည်နှင့် အနားတွင် ရှိနေသော မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်အားလုံး ထိတ်လန့်သွားခဲ့ကြ၏။ စီနီယာကြီးပင် ထိတ်လန့်သွားခဲ့ရကာ “တေဇောဓါတ် အသိစိတ်ပင်လယ်လား”

ထိုစွမ်းအားကို အားရုံခံမိလိုက်သည်နှင့် အနားတွင် ရပ်နေသောကိုင်တေ တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ရ၏။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်ထုတ်လွှတ်လာသဖြင့် သူ့ဝိဥာဉ် ခွန်အားကို ဆက်လက်ဖုံးကွယ်မထားနိုင်တော့ပေ။

သူစိတ်စွမ်းအင်ခွန်အားသည် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်၏ စိတ်စွမ်းအင်နှင့် နှိုင်းယှဉ်နိုင်ပြီး ထူးခြားသည့် ဓါတ်သဘာဝ တစ်ခုကိုပင် သယ်ဆောင် ထားသေး၏။

ရန်ကိုင်၏ စိတ်စွမ်းအင် မြေကြီးထဲသို့ ဝင်ရောက်သွားခဲ့၏။ သူဘာလုပ်နေမှန်း မည်သူမှ မသိကြ။ သူ့စိတ်စွမ်းအင်သည် ပုံစံတစ်မျိုးဖြင့် လှည့်ပတ်နေသည်ကိုသာ ခံစားမိနိုင်ကြ၏။

သားရဲအသွင်ပြောင်းရေကန် ဘေးပတ်လည်ရှိ မျဉ်ကြောင်းများအားလုံး လင်းသွားလိုက်၊ မှိန်သွားလိုက် ဖြစ်လာခဲ့လေပြီ။

ကန်ထဲရှိ ကျောက်စိမ်းသမင်ဖြူသည် နာနာကျင်ကျင် အော်ဟစ်နေရတုန်းပင်။ ဆန်းကြယ်သော စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲ အဆက်မပြတ် တိုးဝင်၍ ကိုယ်တွင်း၌ ဝုန်းဒိုင်းသောင်းကျန်းနေသေး၏။

ကျောက်စိမ်းသမင်ဖြူ၏ မျက်လုံးများသည် လုံးဝကို နီရဲနေပြီး သွေးမျက်ရည်တို့သည် ပါးပြင်တစ်လျှောက် စီးကျနေခဲ့၏။ နာကျင်နေသော်ငြား သမင်ဖြူသည် ရန်ကိုင်အား မျှော်လင့်ချက်၊ တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေသော အကူအညီ တောင်းခံသည့် အကြည့်ဖြင့် ညိးငယ်စွာ စိုက်ကြည့်နေ၏။

ရန်ကိုင်ကမူ လုပ်လက်စအလုပ်ပေါ်တွင်သာ အာရုံ စိုက်ထားပြီး သူ့စိတ်စွမ်းအင်ကို မြန်နိုင်သမျှမြန်အောင် ထုတ်လွှတ်နေခဲ့၏။

အချိန်ကြာလာသည်နှင့် သားရဲအသွင်ပြောင်း ရေကန်မှ ထွက်ပေါ်နေသော ဝရုန်းသုန်းကာ စွမ်းအင်လှိုင်းများသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ထိန်းကျောင်းခြင်း ခံလိုက်ရသည့်အလား တဖြည်းဖြည်း သိမ်မွေ့ငြိမ်သက်လာသည်ကို မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ သတိပြုမိလိုက်ကြ၏။

ကူကယ်ရာမဲ့နေသည့် အခြေအနေထဲ မျှော်လင့်ချက် ရောင်ခြည်ကို တွေ့လိုက်ရသဖြင့် ရန်ကိုင်အား အကောင်းမမြင်သည့် ကိုင်တေပင် မျှော်လင့်ချက် အပြည့်ဖြင့် သူ့အား စိုက်ကြည့်လာခဲ့၏။

“တောင့်ထား” မြောင်နန်က ရန်ကိုင်အပေါ် အာရုံစိုက်ထားရင်း သမင်ဖြူကို အားပေးလိုက်၏။

သူမက စလိုက်ရာ ကျန်သည့် မွန်းစတား မျိုးနွယ်စုဝင်များသည် စတင် အော်ဟစ် အားပေးကြတော့လေ၏။

အချိန်ကြာလာသော် သားရဲအသွင်ပြောင်းရေကန်မှ ဝရုန်သုန်းကာ စွမ်းအင်လှိုင်းများ အားနည်းသထက် အားနည်းလာပြီး နောက်ဆုံး၌ ငြိမ်ကျသွားခဲ့၏။ ကန်ထဲ စိမ်နေသော သမင်ဖြူသည်လည်း ယခင်ကကဲ့သို့ နာနာကျင်ကျင် အော်ဟစ်နေခြင်း မပြုတော့ဘဲ ပြုံးပင် ပြုံးနေလာတော့၏။

“သူတကယ် လုပ်နိုင်လိုက်တာလား” သူမရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်ရင်း ကိုင်တေ မှင်သက်နေခဲ့၏။

မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည်လည်း ရင်ခုန်ထိတ်လန့်၊ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အသက်မရှုတမ်း သူတို့ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေကြ၏။

ကျောက်စိမ်းသမင်ဖြူ ငရဲခံတွင်းမှ လွတ်လာပြီမှန်း သိသဖြင့် အကုန်လုံး ပျော်နေခဲ့ကြ၏။

နာရီဝက်ကြာပြီးနောက် အားလုံး တည်ငြိမ်သွားခဲ့၏။

နောက်ထပ် နာရီဝက်ကြာပြီးနောက် ရေကန်ထဲတွင် စိမ်နေသော သမင်ဖြူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး တွန့်လိမ်လာခဲ့၏။ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး အရိုးများ တစ်ချောင်းပြီးတစ်ချောင်း အချိုးခံနေရသည့် အလား သမင်ဖြူသည် အဆက်မပြတ် အော်ဟစ်နေခဲ့၏။

သို့သော် မွန်းစတားမျိုးနွယ်စုဝင်များသည် စိုးရိမ်ဟန် မပြဘဲ ပျော်ပင် ပျော်နေလိုက်သေး၏။

အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းသမင်ဖြူ လူသားအသွင်သို့ ပြောင်းလဲတော့မည်မှန်း အကုန်လုံး သိနေသောကြောင့်ပင်။

ဟုတ်သွားလေပြီ… သူ့အရေပြား စုတ်ပြဲသွားပြီး အရိုးများ ကျိုးတက်သွားပြီဂသည့်နောက် ကျောက်စိမ်း သမင်ဖြူ၏ ခန္ဓာကိုယ်သည် လူသားအသွင်သို့ စတင် ပြောင်းလဲလာခဲ့လေ၏။

ရန်ကိုင်လည်း မျက်လုံးဖွင့်၍ သူ့ရှေ့ရှိ မှော်ဆန်ဆန် မြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။

နောက်ဆုံး၊ ခေါင်းမှ ချိုတိုလေးနှစ်ချောင်း ထွက်နေသော အဝတ်ဗလာနှင့် လူငယ်လေးတစ်ကောင် သားရဲအသွင်ပြောင်းရေကန်ထဲ ထွက်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလို အထက်ဘဝဂ်သို့တိုင် ညံသွားစေနိုင်သည့် အော်ဟစ်အားပေးသံတို့ မွန်းစတား မျိုးနွယ်စုဝင်များကြားမှ ဝုန်းကနဲ ထွက်ပေါ်လာခဲ့၏။

သားရဲအသွင်ပြောင်းရေကန်ဘေး၌ ရပ်နေသော စီနီယာကြီးက ထိုလူငယ်လေးကို မွန်းစတားချီဖြင့် သားရဲအသွင်ပြောင်းရေကန်ထဲမှ ဆယ်ယူလိုက်ပြီးနောက် ဝတ်စုံသစ်တစ်စုံ ပေးလိုက်၏။

လူငယ်လေး မြေကြီးပေါ် ပြုတ်ကျသွားခဲ့ပြီး အမောတကော အသက်ရှုလိုက်၏။ သူ့တစ်ကိုယ်လုံး သည်လည်း ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ရာ ခဏအကြာမှာပဲ မြေကြီးပေါ် ခြေခိုင်ခိုင် ရပ်လိုက်နိုင်ပြီး ဘေးပတ်လည်ကို စိတ်ဝင်တစားဖြင့် ဝေ့ကြည့်လိုက်၏။

“နောက်ထပ် မိသားစုဝင်အသစ်တစ်ယောက်ပေါ့၊ ခစ်ခစ်…” မြောင်နန်က အပြေးရောက်လာပြီး ကောင်လေး၏ ခေါင်းကိုပုတ်လျက် ပျော်ပျော်ရွှင်ရွှင်ဖြင့် “ကောင်းတယ်၊ ကောင်းတယ်”

ကောင်းလေးက ရန်ကိုင်ဘက်လှည့်၍ ပါးစပ်ကို ဟလျက် တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ဘာစကားလုံးမှ ထွက်မလာခဲ့။ သို့သော် သူ့မျက်နှာထက် ရန်ကိုင်အား ကျေးဇူးတင်နေသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရ၏။

“အလျင်လိုနေစရာ မလိဘူး” မြောင်နန်က နှစ်သိမ့်ပေးလိုက်၏ “နင်ပြန်ကောင်းလာတဲ့အခါကျ စကားဘယ်လို ပြောရမလဲ အစ်မကြီး နင့်ကို သင်ပေးမယ်”

လူငယ်လေးက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်၏။

“ကိုင်တေ၊ သူ့ကို အနားယူဖို့ ခေါ်သွားလိုက်” စီနီယာကြီးက အမိန့်ပေးလိုက်၏။

ကိုင်တေက အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်အား ခံစားချက်ပေါင်းစုံ ရောထွေးနေသည့် မျက်ဝန်းများဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် မြောင်နန်၊ လူငယ်လေးတို့ကို ခေါ်ကာ မိုးကြိုးသစ်ပင်နန်းတော်ဆီ ထွက်သွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၃)

သားရဲအသွင်ပြောင်းရေကန်ဘေးတွင် ရပ်လျက် စီနီယာကြီးသည် ရန်ကိုင်အား စိုက်ကြည့်နေခဲ့၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှပဲ သူ့အမူအရာ ပျော့ပျောင်းသွားခဲ့ပြီး “မင်းကိုယ်မင်း အရင် အားပြန်ဖြည့်လိုက်ဦး။ ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့”

ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး တင်ပလင်ခွေထိုင်၊ မျက်လုံးကို ပိတ်လိုက်၏။

စီနီယာကြီးက စောင့်ကြည့်နေသော်လည်း ရန်ကိုင်က သားရဲအသွင်ပြောင်းရေကန်ထဲသို့ သူ့ကောင်းကင် စိတ်အာရုံကို ပို့လွှတ်ထားဆဲပင်။

ရန်ကိုင် လုပ်ရပ်ကို စီနီယာကြီး မသိသည်မဟုတ်၊ သိ၏။ မပြောဘဲနေခြင်းသာ။ အဲ့အစား သူ့ကလန်သားများကို ထွက်သွားရန် အချက်ပြလိုက်၏။

မျက်လုံးပိတ်ထားသည့် ရန်ကိုင်ကို ကြည့်ရင်း စီနီယာကြီး ယဲ့ယဲ့လေး ပြုံးလိုက်၏။ အချိန်အတော် ကြာပြီးနောက် သူရှာဖွေနေသည့် လျှို့ဝှက်ချက်အချို့ကို သိရတော့ပေမည်။

အားလုံးသည် ထိုလူသားကောင်လေး၏ ကျေးဇူးကြောင့်ပင်။

ဆန္ဒမရှိလျှင်ပင် လူသားအပေါ် မှီခိုရသည်ဆိုသော လက်ရှိအမှန်တရားကို သူမပြောင်းနိုင်ချေ။

ဒီကောင်စုတ်ကတော့ကွာ… စီနီယာကြီး မဲ့ပြုံးပြုံးလျက် ခေါင်းသာရမ်းလိုက်၏။ ရန်ကိုင်ကို အထင်သေးမိနေသေးသည့်ပုံပင်။ တေဇောဓါတ် အသိစိတ်ပင်လယ်အား ပိုင်ဆိုင်ထားသည့် အချက်နှင့်ပင် ရန်ကိုင်ကို သာမန်လူတစ်ယောက်အဖြစ် သတ်မှတ်၍ မရတော့ပေ။

ရန်ကိုင်သည် ထိုနေရာတွင် တစ်ရက်နှင့် တစ်ညလုံး ထိုင်လျက် သားရဲအသွင်ပြောင်းရေကန်ကို လေ့လာရင်း ဖြည်းဖြည်းချင်း အားပြန်ဖြည့်နေခဲ့၏။

စီနီယာကြီးကမူ သူ့ကို စောင့်မနေတော့… မိုးကြိုး သစ်ပင်နန်းတော်ဆီ ပြန်သွားခဲ့လေပြီ။

ရန်ကိုင် မျက်လုံးဖွင့်လိုက်သည့် အချိန်၌ သားရဲ အသွင်ပြောင်းရေကန်အနီး ကိုင်တေတစ်ယောက်သာ ရှိတော့သည်ကို တွေ့လိုက်ရ၏။ ထိုမွန်းစတား မျိုးနွယ်စုဝင် အလှလေးသည် ခုနှစ်ရောင်ခြယ်တောင်ပံကို တဖျတ်ဖျတ်ခတ်ရင်း ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။

အကြည့်ချင်းဆုံသွားသည့်အခိုက် ကိုင်တေ အမူအရာ တစ်မျိုးတစ်မည် ထူးဆန်းသွားခဲ့ပြီး အလျင်အမြန်ပဲ အကြည့်လွှဲဖယ်လိုက်၏။

“စီနီယာကိုင်တေ…” ရန်ကိုင်က အလျင်စလို မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်၏။

“ပြီးပြီလား” ကိုင်တေက မေးလိုက်၏။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ သေချာတော့ မသေချာသော်ငြား ထိုအမျိုးသမီးသည် သူ့အပေါ် ယခင်ကလောက် ရန်လိုခြင်း မရှိတော့သလို ရန်ကိုင် ခံစားလိုက်ရ၏။

“ပြီးရင် ငါနဲ့လိုက်ခဲ့။ စီနီယာကြီး စောင့်နေတယ်” ပြောပြီးသည်နှင့် တောင်ပံကိုခတ်၍ ရှေ့ကနေ ဦးဆောင်သွားလေ၏။

ရန်ကိုင်လည်း အလျင်စလို ပြေးလိုက်သွား၏။

မိုးကြိုးသစ်ပင်နန်းတော်ဆီသို့ သွားရာ လမ်းတစ်လျှောက်၌ တွေ့လိုက်ရသော မွန်းစတား မျိုးနွယ်စုဝင်အားလုံး ရန်ကိုင်အား ခင်မင်ရင်းနှီးစွာ ကြည့်သွားကြ၏။ ယခင်ကကဲ့သို့ ရန်လိုခြင်း၊ မကြိုဆိုခြင်း ကဲ့သို့သော အမူအရာမျိုး မပြတော့။

ကျောက်စိမ်းသမင်ဖြူကို ကယ်လိုက်သည့်အတွက် မွန်းစတားမျိုးနွယ်စုသည် သူ့အား သူစိမ်းလူတစ်ယောက် ကဲ့သို့ သဘောမထားတော့သည့်ပုံပင်။

မွန်းစတားမျိုးနွယ်စုသည် တကယ်ကို စည်းလုံးပေ၏။

ထိုကဲ့သို့သော မြင်ကွင်းမျိုးကို လူသားမျိုးနွယ်စု၌ မြင်တွေ့ရန် မဖြစ်နိုင်ချေ။ လူတစ်ယောက်အသက်ကို ကယ်လိုက်၍ လူသားတစ်မျိုးနွယ်လုံး လာပြီး ကျေးဇူးတင်နေမည်မဟုတ်။ ကယ်ခံလိုက်ရသူသည့် ရင်းနှီးသူအချို့ကသာ လာကျေးဇူးတင်ပေလိမ့်မည်။ မွန်းစတားမျိုးနွယ်စုနှင့် နှိုင်းယှဉ်ပါက တောင့်နှင့် မြောက်ကဲ့သို့ ကွာခြားလှ၏။ ယခု ရန်ကိုင်သည် မွန်းစတား မျိုးနွယ်စုဝင် တစ်ဦး၏ အသက်ကို ကယ်လိုက်သည့် အတွက် မွန်းစတားမျိုးနွယ်စုဝင် အားလုံးသည် သူ့အား အထူးဧည့်သည့် တစ်ယောက်ကဲ့သို့ သဘောထားနေခဲ့လေပြီ။

မိုးကြိုးသစ်ပင်နန်းတော်ထိပ်ရှိ စီနီယာကြီး၏ အိမ်ရှေ့သို့ ရောက်သည်နှင့် ကိုင်တေက ပြောလိုက်၏ “ဝင်သွားလိုက်”

“ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြုံးလိုက်ပြီး အိမ်ထဲသို့ ဝင်သွားလေ၏။

“ဟတ်….” ကိုင်တေက ဘာအသံမှန်းမသိသည့် အသံဖြင့် ရုတ်တရက် လှမ်းအော်လိုက်၏။

အသံကြားသဖြင့် နောက်ပြန်လှည့်ကြည့်ရာ ကိုးယိုးကားယား မျက်နှာဖြင့် ကိုင်တေကို တွေ့လိုက်ရ၏။ သူမ၏ ပန်းဆီရောင် နှုတ်ခမ်းပါးလေးများသည် တဆတ်ဆတ် တုန်ခါနေခဲ့ပြီး နောက်ဆုံး တိုးတိုးလေး အော်ပြောလိုက်၏ “ကျေးဇူးတင်ပါတယ်”

ထိုစကားလုံးများကို အားတင်းဖျစ်ညစ် ပြောလိုက်ပြီးနောက် ချက်ချင်းပဲ သစ်ပင်အောက်သို့ ဆင်ပြေးသွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ပြုံးလိုက်၏။ ထို့နောက် ခေါင်းလေး တရမ်းရမ်းဖြင့် စီနီယာကြီး၏ အိမ်ထဲ လမ်းလျှောက် ဝင်သွားလိုက်လေ၏။

အိမ်ထဲတွင် စီနီယာကြီးက ရန်ကိုင်ကို အပြုံးဖြင့် စောင့်ကြည့်နေခဲ့ပြီး ကြင်နာစွာ လက်ယပ်ပြလိုက်၏ “လာထိုင်လေ”

ပြောနေရင်း တံခါးပေါက်ဆီ လှမ်းကြည့်လိုက်ပြီး “မင်းက ကိုင်တေ ကျေးဇူးတင်စကားပြောတာ ခံရတဲ့ ပထမဆုံး လူသားပဲ။ တော်ဝင်သခင်ဟောင်း တုန်းကတောင် နည်းနည်းလေးမှ မျက်နှာသာ ပေးခံခဲ့ရတာ မဟုတ်ဘူး”

“အို၊ ကျုပ်ကိုယ်ကျုပ်တောင် ဂုဏ်ယူမိချင်သွားပြီ” ရန်ကိုင် မျက်ခုံးပင့်လိုက်၏။

စီနီယာကြီးက ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “မင်းကို အားနေရင် အပြစ်မြင်နေတာကို သွားအပြစ်တင်မနေနဲ့။ သူ့မှာလည်း သူ့အကြောင်းအရင်းနဲ့ သူရှိတယ်”

ပြောပြီးသည်နှင့် စီနီယာကြီးက ရန်ကိုင်အား ဝိုင်တစ်ခွက် လှမ်းပေးလိုက်ပြီး ဆက်ပြောလိုက်၏ “ပြောရင်း သောက်ကြတာပေါ့။ ဒီဝိုင်ကို မင်းတို့ တော်ဝင်သခင်ဟောင်း ယူလာခဲ့တာလေ။ ငါတို့ မွန်းစတား မျိုးနွယ်စုတွေက ဒါမျိုးတွေ လုပ်တတ်တာ မဟုတ်ဘူး”

ရန်ကိုင်က ဝိုင်ခွက်ကိုယူ၍ တစ်ငုံသောက်လိုက်ပြီး မဆိုသလောက်ကလေး မျက်မှောင်ကြုံလျက် “မဆိုဘူး။ ကျုပ်မှာပိုကောင်းတာရှိတယ်။ စမ်းကြည့်မလား”

“စမ်းကြည့်တာပေါ့” စီနီယာကြီးက ချက်ချင်း ပြန်ပြောလိုက်၏။

ရန်ကိုင်လည်း ရယ်ရယ်မောမောနှင့် အနက်ရောင် သိုလှောင်နေရာလွတ်ထဲမှ ဝိုင်တစ်အိုး ထုတ်ယူလိုက်ကာ စီနီယာကြီး၏ ခွက်ထဲ ဖြည့်ပေးလိုက်၏။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် စီနီယာကြီး မျက်မှောင်ကြုံ့သွားခဲ့ပြီး ပြုံးလျက် “ကောင်းလေး၊ ဒီမတိုင်ခင် မင်းက မြင်ရသလောက် မဆိုးပါလားလို့ မှတ်နေတာ။ ဒါပေမယ့် အခုတော့ မင်းက တကယ်ကို ကပ်စေးနှဲတဲ့ကောင်မှန်း ငါသိသွားပြီ။ မင်းတို့ တော်ဝင်သခင်ဟောင်းလာတိုင်း ဝိုင်ပုလင်းတွေ အများကြီး သယ်လာပေးတာ။ ဒီဘုရင်လည်း တစ်ခါသောက်ရင် ပုလင်းအများကြီး သောက်လို့ရတယ်။ အခု မင်းအလှည့်ကျတော့ ကြည့်စမ်း၊ ခွက်ကလေး တစ်ခွက်တဲ့”

ရန်ကိုင်မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့ပြီး “ဒီဝိုင်က အရမ်းကို အဖိုးတန်တာဗျ။ ကျုပ်မှာတောင် တစ်ပုလင်းပဲ ကျန်တော့တာ။ ဘယ်လိုလုပ်ပြီး တစ်ထိုင်တည်း အကုန်သောက်ပစ်ရက်မှာလဲ”

စီနီယာကြီးက အသာအယာ နှာခေါင်းရှုံ့လျက် မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် ဝိုင်ခွက်က မမော့ချင်မော့ချင်ဖြင့် မော့ချလိုက်၏။

ဝိုင်ကိုသောက်လိုက်သည့်အခိုက် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရ၏။ မျက်နှာထက်ရှိ မကျေနပ်ချက်အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ပြုံးလျက် အားပါးတရ ချီးကျူးလိုက်၏ “ဝိုင်ကောင်းပဲ။ ဒီဝိုင်က မင်းရဲ့ တော်ဝင်သခင်ဟောင်း ယူလာတဲ့ ဝိုင်ထက် အများကြီး ပိုကောင်းတာပဲကွ။ လာ… လာ… နောက်တစ်ခွက်လောက်”

ပြောနေရင်း သူ့ခွက်ကို ရန်ကိုင်ရှေ့ ချပေးလိုက်၏။

ရန်ကိုင်လည်း ထပ်ဖြည့်ပေးလိုက်၏။ တတိယမြောက်ခွက် ကုန်သွားတော့မှပဲ စီနီယာကြီး ရပ်တန့်သွားခဲ့၏။

“ဒီဝိုင်ကို မင်းဖောက်တာလား” စီနီယာကြီးက မေးလိုက်၏။

ရန်ကိုင်က ခေါင်းခါရမ်းပြလိုက်ပြီး “အရက်စွဲနေတဲ့ ကျုပ်ဂိုဏ်းတူဒေါ်လေးဖောက်တာလေ။ အများကြီး မျှော်မနေနဲ့။ ဒီနည်းနည်းလေးရဲ့ အရသာကိုပဲ သေချာ ဇိမ်ခံပြီးသောက်ရင် ကောင်းလိမ့်မယ်။ တကယ်တော့ ဒီဝိုင်ကို ဖောက်ဖို့ နှစ်ငါးဆယ်တောင် ကြာခဲ့တာလေ”

“နှစ်ငါးဆယ်…” စီနီယာကြီး တစ်ခဏတာ မှင်သက်သွားခဲ့ပြီး ခဏအကြာ၌ ခေါင်းခါရမ်းလိုက်ကာ “မင်းရဲ့ ဂိုဏ်းတူဒေါ်လေးက တကယ် စိတ်ဝင်စားစရာပဲ။ ဝိုင်တစ်ခါဖောက်ဖို့ကို နှစ်ငါးဆယ်တောင် အချိန်ယူတယ် ဆိုတော့။ ဒါပေမယ့် နှစ်ငါးဆယ်ကလည်း အလကား ဖြစ်မသွားဘူး။ ဝိုင်းကတော့ တကယ်ကို ကောင်းတာ”

ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် သူ့ခွက်ထဲမှ ဖြည်းဖြည်းချင်း စုပ်သောက်လိုက်၏။ သူ့ကျင့်ကြံခြင်း အဆင့်သည် စီနီယာကြီးလောက် မမြင့်သဖြင့် ထိုဝိုင်ကို စိတ်ရှိတိုင်း မသောက်နိုင်ချေ။

သူ့ဂိုဏ်းတူဒေါ်လေး ဖောက်ထားသည့် ဆူးတစ်ထောင် ပန်းဝိုင်ထဲတွင် ပါဝင်နေသော စွမ်းအင် ပမာဏကို သွားအထင်မသေးသင့်ပေ။ တစ်ထိုင်တည်း အများကြီး သောက်လိုက်ပါက နေရာတွင်ပင် တန်းမှောက်သွားနိုင်၏။

“စီနီယာကိုင်တေမှာ လူသားတွေကို မုန်းတီးရတဲ့ အကြောင်းအရင်း ရှိတယ်လို့ စီနီယာကြီး အခုပဲ ပြောလိုက်တယ်မလား။ အတိတ်တုန်းက သူဘာတွေ ဖြစ်ခဲ့လို့လဲ” ရန်ကိုင်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်၏။

“အို၊ ဘာတွေဖြစ်ခဲ့တာလဲဆိုတော့…” စီနီယာကြီးက တစ်ခဏလောက် စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်၏ “လူသားအသွင် မယူရသေးခင်တုန်းကပေါ့။ လူသားမျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက် ဖမ်းတာ ခံခဲ့ရတယ်လေ။ သူ့ပုံစံက ခုနှစ်ရောင်ခြယ် ပုံရိပ်ရောင်လိပ်ပြာ ဆိုတော့ကွာ၊ ရှားလည်းရှား၊ လှလည်းလှ။ အဲ့ဒါကြောင့်ပဲ အဖမ်းခံလိုက်ရတာပေါ့။ ဖမ်းခေါ်သွားတဲ့လူက သူ့ကို ပျိုးတော့ ပျိုးထောင်ပေးပါရဲ့။ ဒါပေမယ့် သူ့ကို ကောင်းကောင်းမထားဘူးလေ၊ စိတ်မကျေနပ်ရင် နှိပ်စက်တာတို့ ဘာတို့ လုပ်တာပေါ့။ အဲ့လိုနဲ့ စိတ်ညစ်၊ စိတ်ပျက်စရာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတာပဲ။ အင်း… ပြီးတော့ သူ့ကို ဖမ်းသွားတဲ့လူကလည်း ကောင်းတဲ့ကောင်မှ မဟုတ်တာ။ ဒီတော့ အဲ့ကနေစပြီး သူက လူသားတွေအပေါ် ရွံ့ရှာ၊ မုန်းတီး၊ မယုံမကြည် ဖြစ်လာတော့တာပဲ”

“လတ်စသတ်တော့ အဲ့လိုကိုး” ကိုင်တေ သူ့အား မြင်တိုင်း အဘယ်ကြောင့် ရန်စောင်နေသည်ကို ယခုမှပင် ရန်ကိုင် နားလည်သွားတော့၏။

“ဟဲ… ဒါက ဖြစ်ပျက်သွားခဲ့တာ ကြာပါပြီ” စီနီယာက ပြုံးလိုက်ပြီး “ဟိုနှစ်တွေတုန်းက ဒီဘုရင် အပြင်သွားနေတုန်း သူ့ကိုတွေ့လို့ တစ်ခါတည်း ကယ်လာခဲ့တာလေ”

“ကောင်းပြီလေ။ ဒီအကြောင်းကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့”

စီနီယာကြီးက အသာအယာ ခေါင်းညိတ်လျက် ထိုခေါင်းစဉ်ကို ဘေးဖယ်ထားလိုက်လေ၏။

အခန်းတစ်ခန်းလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့ပြီး စီနီယာကြီးက ရန်ကိုင်ကအား အသေအချာ စိုက်ကြည့်ပြီး မေးလိုက်၏ “အခု ရှင်းပြဖို့ အဆင်သင့်ဖြစ်ပြီလား”

“စီနီယာကြီး ဘာကိုသိချင်တာလဲ’

“မင်းဘာသိလဲ” စီနီယာကြီးက မေးခွန်းကို မေးခွန်းဖြင့် ပြန်မေးလိုက်၏။

ရန်ကိုင်က မဆိုသလောက်ကလေး မျက်မှောင် ကြုံ့သွားခဲ့ပြီး “အားလုံးလိုလိုတော့ သိတာပဲ”

“မင်းဘယ်လိုသိတာလဲ။ ငါတောင် သားရဲ အသွင်ပြောင်းရေကန်အောက်ခြေက ဟာနဲ့ပက်သက်ပြီး နားလည်နိုင်ခဲ့တာ မဟုတ်ဘူး” စီနီယာကြီး၏ အမူအရာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့၏။

“ဘာလို့လဲဆိုတော့ သားရဲအသွင်ပြောင်းရေကန် အောက်မှာ ရှိနေတဲ့တာက သဘာဝစိတ်ဝိဥာဉ် အစီအရင်ကြီးတစ်ခု ဖြစ်နေလို့ပဲ။ စီနီယာကြီးက စိတ်ဝိဥာဉ် အစီအရင်အကြောင်း မသိဘူးမလား” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒီနားက တောင်တန်းရဲ့ အောက်မှာ မြေကမ္ဘာချီကြောမကြီး တစ်ခုရှိနေတယ် ဆိုတာကို စီနီယာကြီးလည်း သိပြီးလောက်ရောပေါ့၊ ဟုတ်တယ်မလား။ သားရဲအသွင်ပြောင်းရေကန်ဆိုတာ အဲ့မြေကမ္ဘာချီကြောမကြီးကနေ စီးဆင်းလာတဲ့ စွမ်းအင်တွေကနေ ဖြစ်တည်လာတာပဲ။ ဒါပေမယ့် သားရဲအသွင်ပြောင်းရေကန် ကိုယ်တိုင်မှာကိက အဲ့စွမ်းအင်အပြင် အခြားထူးထူးခြားခြား စွမ်းအင် တစ်မျိုးလည်း ရှိသေးတယ်။ ဘာစွမ်းအင်လည်း ဆိုတော့၊ ခင်ဗျားတို့ သိပါတယ်။ မွန်းစတားမျိုးနွယ်စုတွေကို လူအသွင်ပြောင်းလဲနိုင်အောင် လုပ်ပေးတဲ့ စွမ်းအင်လေ”

“သေချာရှင်းပြ” စီနီယာကြီးက မြန်မြန် ပြောလိုက်၏။

“စီနီယာကြီးကို ရိုးရိုးသားသားပဲ ပြောတော့မယ်။ တကယ်တော့ ကျုပ်က ဆေးပညာရှင် တစ်ယောက်ပဲ။ သားရဲအသွင်ပြောင်းရေကန်အောက်ခြေမှာ ရှိနေတဲ့ သဘာဝ စိတ်ဝိဥာဉ် အစီအရင်က ကျုပ်ဆေးဖော်စပ်ရင် သုံးတဲ့ စိတ်ဝိဥာဉ်အစီအရင်နဲ့ ပုံစံတူတယ်။ ဒါပေမယ့် အဲ့သဘာဝစိတ်ဝိဥာဉ်အစီအရင်က စိတ်ဝိဥာဉ်အစီအရင် သေးသေးလေးတွေ အများကြီး စုပေါင်းထားတာ။ အရမ်းရှုပ်တယ်။ မွန်းစတားမျိုးနွယ်စုတွေ လူသား အသွင်ပြောင်းလဲတာက ရှင်းရှင်းပြောရင် ဆေးပညာရှင် တစ်ယောက် ဆေးဖော်စပ်တာနဲ့ ခပ်ဆင်ဆင်ပဲ”

“ဘယ်လိုဆင်တာလဲ” စီနီယာကြီးက စိတ်ရှုပ်နေသည့် အမူအရာဖြင့် မေးလိုက်၏။

“သားရဲအသွင်ပြေင်းရေကန်ကို ဆေးမီးဖိုလို့ မှတ်လိုက်။ မြေကမ္ဘာချီကြောမကြီးကတော့ စိတ်ဝိဥာဉ် အစီအရင်တွေပေါ့။ ကန်ရေကို ဆေးအရည်လို့ သဘောထားပြီး မွန်းစတားသားရဲကိုတော့ ဆေးလုံးပေါ့”

“ငါ့မွန်းစတားမျိုးနွယ်စုက ဆေးလုံး တစ်လုံးနဲ့ အတူတူပဲလို့ ပြောချင်နေတာလား”

“ဟုတ်တယ်။ ဆေးဖော်စပ်ရင် ပါဝင်တဲ့ ဆေးအမယ် အမျိုးမျိုးကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် စုစည်း၊ ပြီးရင် နောက်ဆုံးရလာတဲ့ ဆေးအဆီအနှစ်တွေကို သေသေချာချာ ပေါင်းစပ်ပြီး ဆေးလုံးအဖြစ် သိပ်သည်းရတာ။ ခင်ဗျားတို့ မွန်းစတားမျိုးနွယ်စုဝင်တွေ လူသားအသွင်ပြောင်းတဲ့ ပုံစံနဲ့ခပ်ဆင်ဆင်ပဲ။ အချို့ အခြေအနေတွေ ပြီးပြည့်စုံပြီးသွားရင် ကန်ထဲက ဟိုစွမ်းအင်ကိုသုံးပြီး ခင်ဗျားတို့ရဲ့ ပုံစံကို လူသားအသွင် ပြောင်းလဲရတာပဲ”

စီနီယာကြီး မျက်မှောင်ကြုံ့လိုက်ပြီး သူ့ဘာသာ ရေရွတ်နေခဲ့၏။

ခွန်အားကောင်းပြီး ကျင့်ကြံခြင်း မြင့်သော်လည်း ဆေးပညာဆိုင်ရာ ဗဟုသုတကို နားလည်ရန်မှာ စီနီယာကြီးအတွက် အတော်လေး ခက်ခဲနေခဲ့၏။

အချိန်အတော်ကြာပြီးနောက် စီနီယာကြီးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး “မင်းပြောသွားတာရဲ့ တစ်ဝက်လောက်ပဲ နားလည်တယ်…”

“ရှင်းပြရ အဲ့လောက်မလွယ်ဘူး။ စီနီယာကြီးသာ ဆေးပညာကို လေ့လာမယ်ဆိုရင်တော့ ဆယ်နှစ်အတွင်း၊ ကျုပ်ပြောနေတာကို ကောင်းကောင်း နားလည် သွားလိမ့်မယ်” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ဒါပေမယ့် စီနီယာကြီးရဲ့ မွန်းစတားချီက ဆေးဖော်စပ်လို့ အဆင်မပြေတာ ဆိုးတာပဲ”

“ဆေးဖော်စပ်တတ်စရာ မလိုဘူး။ ကန်အောက်ခြေက စိတ်ဝိဥာဉ်အစီအရင်ရဲ့ လုပ်ဆောင်ပုံကို နားလည်နိုင်ရင် ပြီးသွားပြီ။ ငါမှန်းတာသာမှန်ရင်… ငါတို့ ကလန်သားတွေ လူသားအသွင်ယူတိုင်း ဒုက္ခရောက်နေရတာ အဲ့ကန်အောက်ခြေက စိတ်ဝိဥာဉ်အစီအရင် ထိခိုက်နေလို့ မလား”

“ဟုတ်တယ်။ အဲ့ဒါကို ဖာထေးလိုက်နိုင်လို့ ကျောက်စိမ်းသမင်ဖြူကို ကယ်လိုက်နိုင်တာလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး ခဏအကြာ၌ ဆက်ပြောလိုက်၏ “ကောင်းပြီလေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဒီကပ်ဆိုး ပြီးသွားတာနဲ့ အဲ့စိတ်ဝိဥာဉ်အစီအရင်ကို ဘယ်လိုပြန်ပြင်ရမလဲ၊ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို စီနီယာကြီးကို ကျုပ်သင်ပေးမယ်”

“မင်းရဲ့ အခြေအနေကိုပြော…” စီနီယာကြီးက မျက်လုံး မှေးစဉ်းလျက် ရန်ကိုင်အား သတိကြီးကြီးဖြင့် ကြည့်လိုက်၏။

“ဟဲ ဟဲ… ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ အတွက် သူတို့ အသုံးပြုတဲ့ စိတ်ဝိဥာဉ်အစီအရင်တွေ ဆိုတာ တကယ့် လျှို့ဝှက်ချက် အကြီးစားတွေလေ။ အပြင်လူတွေကို အလွယ်တကူ ထုတ်ပြလေ့ ရှိတာ မဟုတ်ဘူး။ အဲ့လိုလုပ်ရင် သူတို့ပဲ နစ်နာမှာလေ။ အဲ့တော့… စီနီယာကြီးဘက်က ကျုပ်ကို ဘာပြန်ပေးမယ် စဉ်းစားထားလဲ”

စီနီယာကြီးက ရန်ကိုင်အား မကျေမချမ်းဖြင့် စိုက်ကြည့်လိုက်ပြီး သွားကြားထဲမှ ထွက်သည့်လေသံဖြင့် ကျိန်ဆဲတော့လေ၏ “မုန်းစရာကောင်းလိုက်တာ။ ငါ့ကို အဲ့စိတ်ဝိဥာဉ်အစီအရင် သင်ပေးမယ်ဆိုရင် ငါ့မွန်းစတား မျိုးနွယ်စုက မင်းအပေါ် အကြွေးတစ်ခု တင်သွားလိမ့်မယ်။ နောက်ပိုင်း အကူအညီလိုရင် ငါ့ဆီသာလာခဲ့။ ငါကူညီပေးမယ်”

“စီနီယာကြီးရဲ့ သဘောထားက တကယ်ကို စိတ်အားတက်စရာပဲ။ ကျုပ်တို့တွေက မိတ်ဆွေဖြစ်ဖို့ ကံကြမ္မာပါလာတယ်နဲ့တူတယ်” ရန်ကိုင်က ပြုံးလိုက်၏။

“မင်းဆိုတဲ့ကောင်နဲ့ ဆက်ဆံရတာ ဟိုတော်ဝင် သခင်ဟောင်းဆိုတဲ့လူနဲ့ ဆက်ဆံရတာထက်တောင် ပိုခက်သေးတာပဲ” စီနီယာကြီးက မကျေမချမ်းဖြင့် ရေရွတ်လိုက်ပြီး ခဏအကြာ၌ ရယ်မော၍ ခွက်အပြည့် မော့ချလိုက်ပြီးနောက် “မေ့လိုက်တော့။ မင်းတို့ လူသား မျိုးနွယ်စုမှာ ပါရမီ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ကတော့ အမြဲရှိနေတာပဲ။ နှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း ငါ့အဆင့် မင်းရောက်မလား ဒီဘုရင် တကယ်ကို မြင်ချင်နေပြီ။ မင်းကို အကြွေးတင်တဲ့ ကိစ္စကတော့… အဲ့လောက် ကိစ္စကြီးမဟုတ်ပါဘူး။ ငါ့ဆီကနေ အကူအညီယူပြီး ဘုံးကိုးခုထွတ်မြတ် နယ်မြေရဲ့ လက်ရှိကပ်ဘေးကို ဖြေရှင်းလို့ရတယ်လေ”

“မလိုဘူး။ တော်ဝင်နယ်မြေ ကိစ္စကို ပြောထားတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့။ ဒီအကြွေးကို မှတ်ထားမယ်”

“မင်းသဘောပဲ” စီနီယာကြီးက နှုတ်ခမ်းကိုသာ တွန့်ကွေးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၄) သူတို့လာခဲ့ပြီ

အချိန်အတော်ကြာအောင် စကားစမြည် ပြောပြီးနောက် နှစ်ဖက်စလုံး အတော်လေး ကျေနပ်သွားခဲ့၏။

ဆူးတစ်ထောင်ပန်းဝိုင် အိုးတစ်ဝက်လောက်ကို စီနီယာကြီး တစ်ယောက်တည်း သောက်သွားခဲ့၏။ သို့သော် ရန်ကိုင် စိတ်ထဲမထား။ မွန်းစတားမျိုးနွယ်စု၏ ရင်းနှီးမှုကို ရရှိသည်နှင့်စာလျှင် ဝိုင်အိုးတစ်ဝက်သည် ဘာမှ မပြောပလောက်ပေ။ ရင်းနှီးမှုသည် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ပေါ်တွင် အခြေခံထားသော်ငြား ရန်ကိုင် ကျေနပ်ပေ၏။

သားရဲအသွင်ပြောင်းရေကန်၏ စိတ်ဝိဥာဉ် အစီအရင်ကို ပြင်ဆင်ပေးပြီးနောက် အချိန်တိုအတွင်း ထိုအစီအရင်နှင့် ပက်သက်၍ ဘာပြဿနာမှ ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် သဘာဝစိတ်ဝိဥာဉ်အစီအရင်နှင့် ပက်သက်သည့် ယေဘုယျ အချက်အလက်များကိုပါ စီနီယာကြီးအား လိုရမယ်ရ သင်ပေးထားခဲ့၏။

လာရင်းကိစ္စ ပြီးမြောက်သွားသဖြင့် ရန်ကိုင် စီနီယာကြီးအား နှုတ်ဆက်လိုက်၏။

ရန်ကိုင် ထွက်သွားမည်ကို စီနီယာကြီးကလည်း ဘာကြောင့် တားနေရမည်နည်း။ ထို့နောက် ထွက်သွားခွင့် ပေးလိုက်၏။

မိုးကြိုးသစ်ပင်နန်းတော်အောက်၌ ရန်ကိုင်၏ ကယ်ဆယ်ခြင်း ခံခဲ့ရသော ကျောက်စိမ်းသမင်ဖြူ စောင့်ဆိုင်းနေခဲ့၏။ လူသားအသွင်ကို ရရှိပြီးနောက် ထိုကျောက်စိမ်းသမင်ဖြူသည် မိန်းမများပင် မနာလို ရလောက်သော အသားအရေအား ပိုင်ဆိုင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့၏။

ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောခွင့်ရပြီးနောက် တော်တော်လေး ပျော်သွားသည့်ပုံပင်။

ရန်ကိုင်က အထူးတလည် ကျေးဇူးတင်နေစရာ မလိုကြောင်း သူ့လက်ကိုသာ ဝှေ့ရမ်းပြလိုက်၏။ အခြား မွန်းစတားမျိုးနွယ်စုဝင်များကို အကျဉ်းချုံး နှုတ်ဆက်လိုက်ပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ အပြန်ခရီး စတော့လေ၏။

မိုးကြိုးသစ်ပင်နန်းတော်သို့ ရောက်ရန် သုံးရက် ကြာခဲ့လေရာ အပြန်ခရီးသည် အရမ်းကြီး ကြာလိမ့်မည် မဟုတ်။

သို့သော် တော်ဝင်နယ်မြေအား ရာဇသံပေးထားသည့် နောက်ဆုံးရက်ရောက်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် ရန်ကိုင် အလျင်မလိုခဲ့ချေ။

နှစ်ရက်ကြာပြီးနောက် တောအုပ်တွင်းပျံသန်းနေစဉ် သူ့နောက်သို့ အလျင်စလို လိုက်လာနေသော အရှိန်အဝါ တစ်ခုကို ခံစားမိလိုက်သဖြင့် စစ်ဆေးကြည့်လိုက်ရာ သူသိနေသည့်သူဖြစ်မှန်း သိလိုက်ရချိန် ပြုံးကာ ရပ်တန့်လိုက်၏။

ခဏအကြာ၌ သူနှင့် မလှမ်းမကမ်း တစ်နေရာမှ ခွမ်ရှီ ထွက်ပေါ်လာပြီး လှမ်းအော်ပြောလာခဲ့၏ “ညီငယ်လေး၊ မင်းအဆင်ပြေနေတာ ဝမ်းသာစရာပဲ”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “တိုက်ဆိုက်လိုက်တာ၊ အစ်ကိုခွမ်ကို ဒီမှာ လာတွေ့ရတယ်လို့”

ခွမ်ရှီက သူ့နှုတ်ခမ်းကို ကွေးလိုက်ပြီး “ငါမင်းကို ဒီမှာ ကြိုစောင့်နေတာ… စီနီယာကြီးနဲ့ ညှိနှိုင်းတာ ဘယ်လိုနေလဲ”

“သူသဘောတူလိုက်တယ်။ ရက်နည်းနည်းကြာရင် စီနီယာကြီးက အစ်ကိုခွမ်တို့ကလန်ကို ဦးဆောင်ပြီး တော်ဝင်နယ်မြေဆီ ချီတက်လိမ့်မယ်”

“ဟားဟားဟား၊ တကယ်ကြီးလား” ခွမ်ရှီ အရမ်းပျော်သွားခဲ့ပြီး အားပါးတရရယ်မောလိုက်ရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်၏ “ကောင်းလိုက်တာ။ အပြင်လောကကြီး ဘာနဲ့တူလဲလို့ ငါသိချင်နေတာကြာပြီ။ အားနေရင် ဒီတောထဲ ကင်းလှည့်နေရတာက တကယ် ပျင်းစရာကောင်းလွန်းတာကွ”

ရန်ကိုင်လည်း ခွမ်ရှီပုံစံကြောင့် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ ထို့နောက် မဲ့ပြုံးပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး လက်သီးဆုပ်ကာ “အစ်ကိုခွမ်လာမယ်ဆိုရင် ဒီက ညီငယ်လေးက ကြိုဆိုပွဲတွေ ဘာတွေ ပြင်ထားရမှာပေါ့။ အင်း၊ အစ်ကိုခွမ်ကို ကောင်းကောင်း ပြုစုပေးရမယ်”

“ဟဲဟဲ၊ လာရမှာပေါ့။ လူသားပိုင်နက်မှာ အသစ်အဆန်းတွေ အများကြီး ရှိတယ်လို့ ကြားထားတယ်လေ။ မသွားလို့ ဘယ်ဖြစ်ပါ့မလဲ။ ငါကိုယ်တိုင် သွားကြည့်ရမှာပေါ့”

“စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ အများကြီးပဲ။ တကယ်ပြောတာ။ ဒါပေမယ့် အန္တရာယ်လည်း များတယ်နော်။ အစ်ကိုခွမ်၊ သတိထားဦး”

“ဘာကြောက်စရာရှိလို့လဲ” ခွမ်ရှီက ပြန်ပြောလိုက်၏ “အန္တရာယ်များလေး ပိုကောင်းလေပဲ။ အပြင်လောကကြီး ကလည်း ပျင်စရာကောင်းနေရင် ငါဘာလုပ်ရတော့မှာလဲ”

“အစ်ကိုခွမ် အဲ့လိုတွေးနိုင်တာ ကောင်းတယ်…ကဲ၊ အချိန်သိပ်မရှိတော့ဘူး။ မြန်မြန် ပြန်ရဦးမယ်။ စီနီယာကြီးနဲ့ အစ်ကိုခွမ်တို့ ကလန်သားတွေ ရောက်လာမှာကို ညီငယ်လေး တော်ဝင်နယ်မြေမှာ စောင့်နေမယ်နော်”

“စောင့်နေလိုက်။ သတိထားဦးနော်” ရန်ကိုင်အား လက်ဝှေ့ရမ်းပြ၍ သူပျောက်သွားသည်အထိ စောင့်နေ လိုက်ပြီးနောက် ခွမ်ရှီလည်း မိုးကြိုးသစ်ပင်နန်းတော်ဆီ ချက်ချင်း အပြေးနှင်တော့လေ၏။

နှစ်ရက်ကြာပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရန်ကိုင် ရောက်ရှိလာခဲ့၏။

ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ကြည့်လိုက်ရာ လက်ရှိ အခြေအနေသည် သူမထွက်သွားစဉ်ကနှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရ၏။

တောင်ထွတ်ကိုးလုံး၏ (၁၀)ကီလိုမီတာ ပတ်လည် ဝန်းကျင်၌ လူသူအရိပ်အယောင်များကို ရန်ကိုင် သတိပြုမိလိုက်၏။ တောင်ထွတ်ကိုးလုံး အရံအတား သည်လည်း ယခင်ကထက် ပိုပြီး အားနည်းလာခဲ့၏။ သူမရှိစဉ် အတောအတွင်း တော်ဝင်နယ်မြေ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခံခဲ့ရသည့်ပုံပင်။

ထိုအင်အားစုများသည် ပြောထားသည့်အတိုင်း မလုပ်ပဲ ကန့်သတ်ရက် မတိုင်မီ တော်ဝင်နယ်မြေကို တိုက်ခိုက်နေပြီးမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်၏။

သို့သော် တော်ဝင်နယ်မြေ၏ အရံအတား အခြေအနေ အရ သူတို့၏ တိုက်ခိုက်မှုများသည် အရမ်းကြီး မပြင်ထန် သေးသည့်ပုံပင်။

ရန်ကိုင် ပြန်လာကြောင်း သတင်းရသည့်အခါ ရှုဟွေနှင့် အခြားအကြီးအကဲများသည် ခဏအတွင်း အဓိကနန်းတော်၌ စုဝေးလာခဲ့ကြ၏။

ခန်းမထဲတွင် တော်ဝင်နယ်မြေ၏ သူတော်စင်အဆင့် ပညာရှင်ခြောက်ယောက်နှင့် တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သော သူတော်စင်မ အန်လင်းအာတို့သည် ရန်ကိုင် စကားစပြောလာမည်ကို စောင့်ဆိုင်းနေခဲ့၏။

“အားလုံးက အဆင်ပြေပြေပဲ။ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက ကျုပ်တို့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ။ ဒါပေမယ့် တစ်ခုခုတော့ ပြန်ပေးရလိမ့်မယ်”

ထိုစကားကို ကြားလိုက်သည့်အချိန် ရှုဟွေနှင့် အခြားသူတော်စင်အဆင့် ပညာရှင်အားလုံး ထိတ်လန့်သွားခဲ့ရ၏။ ရန်ကိုင် သူ့အစီအစဉ်အား စပြောစဉ်က အကုန်လုံး သဘောတူခဲ့သော်လည်း များများစားစား မမျှော်လင့်ထားခဲ့။ တော်ဝင်သခင်သစ် မျက်နှာမပျက်စေရအောင်သာ သဘောတူခဲ့ခြင်း ဖြစ်၏။

ရန်ကိုင် သွားစကားပြောသည့် လူသည် သာမန်ပုဂ္ဂိုလ်မဟုတ်၊ မွန်းစတားမျိုးနွယ်စု၏ စီနီယာကြီး ဖြစ်၏။ သို့သော် ရန်ကိုင်သည် ထိုပုဂ္ဂိုလ်နှင့် ဆယ်ရက်အတွင်း သဘောတူညီချက်တစ်ခု ရယူနိုင်ခဲ့၏။

“ငါတို့ဘက်က ဘာပြန်ပေးရမယ်လို့ မွန်းစတား မျိုးနွယ်စုက စီနီယာကြီးပြောလဲ” ရှုဟွေက စိုးရိမ်တကြီး မေးလိုက်၏။

“တော်ဝင်နယ်မြေမှာ ရှိနေတဲ့အချိန် တော်ဝင်နယ်မြေရဲ့ ဆေးပညာရှင်တွေ၊ လက်နက် ပညာရှင်တွေက ချန်ရစ်ပြီး သူတို့အတွက် ဆေးလုံး၊ လက်နက်တွေ သန့်စင်ပေးရမယ်။ တောင်ထွတ်ကိုးလုံး ပေါ်မှာ ရှိတဲ့ သလင်းကျောက်တွင်းတွေကိုလည်း စိတ်ကြိုက် တူးယူခွင့်ပေးရမယ်”

“နှစ်ချက်တည်းလား”

“ဟုတ်တယ်။ နှစ်ချက်တည်း”

အကြီးအကဲခြောက်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည့်ပုံပင်။

မွန်းစတားမျိုးနွယ်စုဝင်များသည် သလင်းကျောက် တွင်းများကို တူးမည်မှာ သဘာဝပင် ဖြစ်လေ၏။ တော်ဝင်နယ်မြေသာ ရန်သူ့လက်ထဲ ရောက်သွားခဲ့လျှင် ထိုသလင်းကျောက်တွင်အားလုံး တူးထုတ်ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ မွန်းစတားမျိုးနွယ်စုဝင်များကို ဘာလို့ မတူခိုင်းရမည်နည်း။

တော်ဝင်နယ်မြေ၏ ဆေးပညာရှင်များနှင့် လက်နက် ပညာရှင်များကို ငှားပေးရမည့် ကိစ္စသည်လည်း သူတို့ အတွက် အပန်းမကြီးလှပေ။ သေသေချာချာ ဖုံးဖုံးကွယ်ကွယ်သာ လုပ်သရွေ့ အပြင်လူများ ရှာတွေ့သွားလိမ့်မည် မဟုတ်ချေ။

ထိုအချက်နှစ်ချက်ကို အားလုံး လက်ခံနိုင်ပေ၏။

ဤနည်းအားဖြင့် တော်ဝင်နယ်မြေသည် မွန်းစတား မျိုးနွယ်စု၏ အကူအညီကို ယူမည့်အစား မွန်းစတား မျိုးနွယ်စု၏ ခွန်အားဖြင့် သူတို့၏ ရန်သူများကို အထိနာအောင် တစ်ဖက်လှည့်နှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သွား၏။ တစ်နည်းဆိုရသော် ကျားတစ်ကောင်ကို တိုက်ခိုက်ရန် ဝံပုလွေအုပ်ကို လမ်းကြောင်း ပေးလိုက်ခြင်းပင်။

ပြဿနာသည်ကား ဝံပုလွေအုပ်သည် ဆက်ဆံရ မလွယ်ကူခြင်းပင်။ မွန်းစတားမျိုးနွယ်စုကိုသာ တောင်ထွတ်ကိုးလုံးတွင် ခြေကုပ်ယူခွင့် ပေးလိုက်မည် ဆိုပါက သူတို့အား ပြန်နှင်ထုတ်ရန် အတော်လေး ကြိုးစားရပေလိမ့်မည်။

သို့သော် ရှုဟွေနှင့် အခြားအကြီးများသည် လတ်တလော၌ ထိုအကြောင်းကို ခဏ ဘေးဖယ်ထားလိုက်၏။ ပြောရလျှင် ဆုံးဖြတ်ချရမည်မှာ တော်ဝင်သခင်သစ်၏ တာဝန်၊ သူတို့၏ တာဝန်သည်ကား နာခံရန်ပင်။

တော်ဝင်သခင်သစ်သာ အားကောင်းလာခဲ့ပါက တောင်ထွတ်ကိုးလုံးကို ပြန်ယူနိုင်ပေလိမ့်မည်။

ရန်ကိုင်ဘက်မှစ၍ မွန်းစတားမျိုးနွယ်စုထံ အကူအညီ သွားတောင်ရန် အကြုံပြုလာသည်ကို ကြည့်ရင်း တော်ဝင်သခင်သစ်သည် တော်ဝင်နယ်မြေအ‌ရေးကို ပို၍ ဂရုစိုက်လာပြီဟု ရှုဟွေ တွေးလိုက်မိ၏။ ဤနည်းအတိုင်းသာ ဆက်သွားနေသရွေ့ အနှေးနှင့် အမြန်ဆိုသလို ရန်ကိုင်သည် တော်ဝင်သခင် ရာထူးကို လက်ခံယူပေလိမ့်မည်။

“အကြီးအကဲချုပ်၊ တောင်ထွတ်ကိုးလုံးက လောလော လတ်လတ်ကပဲ တိုက်ခိုက်ထားခံရလားလို့။ ကျုပ်မရှိတုန်း သူတို့ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာလား” အတွေးထဲ နစ်မြေနေသော ရှုဟွေကို ရန်ကိုင်က မေးလိုက်၏။

ရှုဟွေက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး “လွန်ခဲ့တဲ့ တစ်လက်လောက်ကပဲ သွေးတိုး လာစမ်းသွားတာလေ။ ဒါပေမယ့် တောင်ထွတ်ကိုးလုံး အစီအရင် ပြန်ပွင့်လာမှန်း သတိပြုမိတာနဲ့ ချက်ချင်း လက်လျှော့သွားခဲ့တာပဲ။ သူတို့ လှုပ်ရှားမှုတွေ အရတော့ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အလုံးအရင်းနဲ့ ဝင်တိုက်လောက်တယ်”

“လုံလောက်တယ်။ တပည့်တွေကို ပြောင်းရွေ့ဖို့ အဆင်သင့်ပြင်ထားလို့သာ သွားပြောထားလိုက်။ အားလုံး အဆင်သင့်ဖြစ်ရင် ကျုပ်ကိုပြော”

“ဟုတ်ကဲ့ပါ” ရှုဟွေနှင့် အခြားအကြီးအကဲများ အားလံဒး ခေါင်းညိတ်ပြလိုက်၏။

ရန်ကိုင်သည် မွန်းစတားမျိုးနွယ်စုနှင့် ဆက်ဆံရေး တစ်ခု တည်ထောင်နိုင်ခဲ့ရုံသာမက စီနီယာကြီးဆီမှပင် အကြွေးတစ်ခုရရန် ကျန်နေသေးသော်ငြား တော်ဝင် တပည့်များကို မွန်းစတားမျိုးနွယ်စုနှင့် အတူတူ ထားခဲ့ရန်မှာ အဆင်မပြေလောက်ဟု သူခံစားမိနေ၏။ ထို့ကြောင့် အားလုံး အနေဖြင့် တစ်ခါတည်း ပြောင်းရွေ့ရပေမည်။

ဤနည်းဖြင့် မတော်တဆ အဖြစ်အပျက်များကို ကာကွယ်နိုင်သလို သူ့ကြိုးစားထားခဲ့သမျှ အားလုံးလည်း အချည်းနှီး ဖြစ်သွားတော့မည် မဟုတ်ပေ။

နောက်တစ်ချက်ကား တော်ဝင်နယ်မြေမှ လူများအတွက် သူရှာပေးထားသော အိမ်သစ်သည် သူတို့အတွက် ကျင့်ကြံလို့ကောင်းသည့် နေရာတစ်ခုလည်း ဖြစ်နေ၏။

အကြီးအကဲများနှင့် ကာကွယ်သူများ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်နေစဉ် အန်လင်းအာက ရန်ကိုင်အား တော်ဝင်သခင်စိတ်ဝိဥာဉ် လက်စွပ်၏ မှော်ဆန်ဆန် အသုံးဝင်ပုံများကို ရှင်းပြနေခဲ့၏။

တော်ဝင်သခင်လက်စွပ်သည် ဘုံးကိုးခုထွတ်မြတ် နယ်မြေ တော်ဝင်သခင် တစ်ယောက်၏ အမှတ်လက္ခဏာ ဖြစ်ရုံမက တော်ဝင်နယ်မြေ အတွင်းရှိ ပိတ်ထားသော နေရာများဖြစ်သည့် ရတနာဂိုဒေါင်၊ တောင်ထွတ်ကိုးလုံး အစီအရင် စသည့် နေရာများကိုလည်း ဖွင့်၍ရသော သော့လည်းဖြစ်ပေ၏။

သို့သော် ၎င်းတို့သည်ပင် အကုန်မဟုတ်သေး။ တော်ဝင်သခင်လက်စွပ်ဖြင့် တော်ဝင်သခင်သည် တောင်ထွတ်ကိုးလုံး အစီအရင်ထဲ သိုလှောင်ထားသည့် စွမ်းအင်ကိုသုံး၍ သူ၏ ကောင်းကင်နတ်ဘုရား ပညာရပ် စွမ်းအားကို တိုးမြှင့်နိုင်ပေ၏။

တောင်ထွတ်တစ်လုံးချင်းစီထဲတွင် ကောင်းကင် နတ်ဘုရား ပညာရပ်တစ်မျိုးနှင့် ပက်သက်သည့် စွမ်းအင် တစ်မျိုးစီကို သိုလှောင်ထား၏။ ထို့ကြောင် အစီအရင်၏ စက်ကွင်းအတွင်းသာ ရှိနေသရွေ့ ထိုစွမ်းအင်ကို အသုံးပြုနိုင်ပေလိမ့်မည်။

ထိုအချက်ကို သိလိုက်သည်နှင့် ရန်ကိုင် စိတ်ဓါတ် တက်ကြွသွားခဲ့ပြီး အသစ်တွေ့ရှိလာသော စွမ်းအရည် အသစ်ကို စတင် လေ့လာတော့လေ၏။

ထိုဝှက်ဖဲကြောင့် နောက်လာတော့မည့် တိုက်ပွဲအတွက် ရန်ကိုင်ပို၍ ယုံကြည်ချက် ရှိလာခဲ့၏။

အချိန်ရစဉ်ရခိုက် ရန်ကိုင်သည် ရတနာဂိုဒေါင်သို့ သွား၍ ရှိသမျှအရာအာလုံးကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲ သိမ်းကျုံးထည့်သွားခဲ့၏။

တော်ဝင်နယ်မြေအား ယာယီပြောင်းရွေ့တော့မည် ဖြစ်လေရာ ထိုပစ္စည်းများကို ရန်သူလက်ထဲ ဤအတိုင်း ထားခဲ့မည့်အစား သူယူသွားသည်ကမှ ပိုကောင်းပေ၏။

ရတနာဂိုဒေါင်ကို ရှင်းလင်းပြီးနောက် ရန်ကိုင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်၏။

ရန်ကိုင် ပိုင်ဆိုင်ထားသည့် ဆေးပင်၊ သတ္တု၊ လက်နက်ပစ္စည်းနှင့် သလင်းကျောက် အရေအတွက်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို များပြလာခဲ့လေပြီ။ နှစ်ရက်ကြာပြီးနောက် ရောင်နီပျိုးစအချိန်၊ ရန်ကိုင် တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ထောင်ထွတ်ကိုးလုံး အပြင်ဘက် တစ်နေရာမှ လှိုင်းယဲ့ယဲ့လေး တစ်လှိုင်းကို အာရုံခံမိလိုက်သဖြင့် မျက်လုံးဖွင့်၍ ပေါက်ကွဲသံ ထွက်ပေါ်ရာအရပ်ဆီ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

သူတို့ လာခဲ့ပြီပဲ

တော်ဝင်နယ်မြေအား ဝိုင်းထားသည့် ပညာရှင် များသည် ဆက်မစောင့်နိုင်တော့သဖြင့် ဘုံကိုးခု ထွတ်မြတ်နယ်မြေအား စတင် တိုက်ခိုက်နေကြလေပြီ။

ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ အလျင်အမြန် ထွက်လာလိုက်ရာ ရှုဟွေနှင့် အခြား အကြီးအကဲများသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် သူ့အား စီတန်းရပ်စောင့်နေသည်ကို မြင်တွေ့လိုက်ရ၏။

အားလုံး၏ အမူအရာ လေးနက်နေခဲ့ပြီး ဒေါသ၊ ပူပန်မှု အရိပ်အယောင်တို့ကို သူတို့ မျက်နှာထက် မြင်တွေ့နေခဲ့ရ၏။

ရန်ကိုင် ပေါ်လာသည်နှင့် အားလုံး ဦးညွှတ်လိုက်ကြ၏။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ကြပြီး “တစ်ချက်သွားကြည့်ကြတာပေါ့။ ဘယ်သူက ဒီလောက်တောင် သေချင်နေလဲ ဆိုတာကို ကျုပ်တော်တော်လေး သိချင်နေပြီ”

မွန်းစတားမျိုးနွယ်စုမှ ပြန်လာပြီးနောက်ပိုင်း ရန်ကိုင်သည် သူတို့အား ရှောင်ဖယ်၊ရှောင်ဖယ် လုပ်မနေတော့သည်ကို အကုန်လုံး‌ သတိပြုမိလိုက်၏။ ရန်ကိုင်သည် ကိုယ်တိုင်ကိုယ်ကျ တစ်ကြိမ် ဝန်ခံ ပြောဆိုခဲ့ဖူးသော်လည်း ယခုအချိန်၌ သူ့စကားနှင့် လုပ်ရပ်သည် တော်ဝင်နယ်မြေနှင့် လုံးဝကို အလိုက်အထိုက်သင့်နေခဲ့လေပြီ။

ထိုအချက်ကို နားလည်လိုက်သည်နှင့် အားလုံး စိတ်အားတက်ကြွသွားခဲ့ပြီး တော်ဝင်နယ်မြေအတွက် မျှော်လင့်ချက် ရှိလာပြီဟု တွေးမိလိုက်ကြ၏။

ဘုန်း… ဘုန်း… ဘုန်း…

တောင်ထွတ်းကိုလုံးတစ်လျှောက် ပေါက်ကွဲသံတို့ အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့၏။ သို့သော် မည်မျှပင် ပေါက်ကွဲသံကျယ်လောင်ပါစေ အရံအတားသည် အနည်းငယ် လက်သွားရုံမှလွဲ၍ ကျိုးပျက်သွားမည့် အရိပ်အယောင်မပြ။

တော်ဝင်သခင်လက်စွပ်သည် ရန်ကိုင်လက်ထဲတွင် ရှိနေသလို တောင်ထွတ်ကိုးလုံး အရံအတားအား သူကိုယ်တိုင် ပြန်ဖွင့်ခွဲ့ခြင်း ဖြစ်လေရာ ထိုနှစ်ခုကြား သွယ်လျသော ဆက်သွယ်ချက်တစ်ခု ရှိနေခဲ့၏။

အရံအတားအား ထိမှန်လာသည့် တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကို ရှုဟွေနှင့် အခြားသူများထက် ရန်ကိုင်ကပို၍ တိတိကျကျ ခံစားမိ၏။

အစောပိုင်းက တိုက်ခိုက်မှုများသည် မသေမျိုးအဆင့် ပညာရှင်များစွာဆီမှ ဖြစ်ကာ မည်သည့် သူတော်စင် အဆင့် ပညာရှင်ကမှ စတင်လှုပ်ရှားခြင်း မပြုသေးချေ။ ထို့ကြောင့် ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရသွားခဲ့၏။

ခဏအကြာ၌ ရန်ကိုင်ဦးဆောင်သော အဖွဲ့သည် တောင်ထွတ်ကိုးလုံးဆီသို့ ရောက်လာပြီး လေထဲဝဲကာ ရပ်နေလိုက်၏။ သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “တကယ်ကို များတာပဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၅) ထပ်ပြောနေလို့လည်းအပိုပဲ

တောင်ထွတ်ကိုးလုံး အရံအတား အပြင်ဘက်၌ လူများစွာ စုဝေးနေခဲ့ကြ၏။

အနည်းဆုံး လူထောင်ပေါင်းများစွာ ရှိနေခဲ့၏။ အင်အားစုသုံးခုကို လာကူသည့်လူအရေအတွက် အတော့်ကို များလှသည့်ပုံပင်။

လူအုပ်ကြီးကို ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ထောင်ပေါင်းများစွာသော လူများကြား သီးသီးခြားခြား လူအင်အားတောင့်တင်းသည့် အဖွဲ့သုံးဖွဲ့ရှိနေသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။ ထိုအဖွဲ့သုံးဖွဲ့သည် သံသယရှိစရာ မလိုအောင်ကို ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်း နှင့် မရဂိုဏ်းတို့ ဖြစ်ကြပေ၏။

ထိုအဖွဲ့သုံးဖွဲ့အပြင် အခြားအင်အားစုများလည်း ရှိနေကြသေး၏။ အားလုံးသည် အတူတူ စုဝေးလျက် တောင်ထွတ်ကိုးလုံးအား‌ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေကြ၏။

ရှုဟွေနှင့် အခြားအကြီးအကဲများ ထွက်ပေါ်လာချိန် တိုက်ခိုက်နေသည့်လူအားလုံး ချက်ချင်း နောက်ပြန်ဆုတ်လိုက်ကြပြီး လူအုပ်ကြီးထဲရှိ အချို့ လူများ၏ မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာခဲ့၏။

ဆင်ပိန်ကျွဲလောက် ရှိနေဆဲ။ ဘုံကိုးခုထွတ်မြတ် နယ်မြေသည် သိသိသာသာကို အားနည်းလာခဲ့သော်ငြား ၎င်းသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်တံခဲ့သည့် အင်အားစုကြီးတစ်ခု ဖြစ်နေသေး၏။ သမိုင်းကြောင်းအရဖြစ်စေ၊ အမွေအနှစ်ပိုင်းအရ ဖြစ်စေ လက်ရှိ ရှိနေသည့် မည်သည့် အင်အားစုကမှ တော်ဝင်နယ်မြေနှင့် မယှဉ်နိုင်ချေ။

တော်ဝင်နယ်မြေကို ကြောက်ရွံ့စိတ်တို့ အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေးသည်မှာလည်း အမှန်ဖြစ်၏။

တော်ဝင်နယ်မြေကို ယနေ့၌ အပြီးတိုင် ရှင်းလင်း နိုင်ခဲ့ခြင်း မရှိသော်ငြား တော်ဝင်နယ်မြေ နလန်ပြန်ထူ လာနိုင်သည့်တစ်နေ့၊ လက်စားပြန်ချေသည့်အခါ သူတို့ထဲကမှ ဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်မှန်း အကုန်လုံး နားလည်ထားကြ၏။

တော်ဝင်နယ်မြေ၏ တော်ဝင်သင်ခင်တိုင်းသည် ဤလောက၏ အထွဋ်အထိပ် တည်ရှိမှုမျိုးဖြစ်သော သူတော်စင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြ၏။ ထုန်းရွှမ်လောကကြီးတစ်ခုလုံး အင်အားစု အနည်းငယ် သည်သာ သူတို့၏ တပည့် တစ်ယောက်တစ်လေ ထိုကျင့်ကြံခြင်း အဆင့်သို့ ရောက်လိမ့်မည်ဟု အာမခံနိုင်ကြ၏။

ထိုအင်အားစု တစ်ခုချင်းစီတိုင်းသည် အများ၏ လေးစားကြောက်ရွံ့ခြင်း ခံရသည့် အင်အားစုများ ဖြစ်ကြ၏။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လိုက်ပြီးနောက် ရန်သူ့ဘက်ရှိ သူတော်စင် အရေအတွက်ကို ရန်ကိုင် အသေအချာ သိလိုက်၏။

စုစုပေါင်း (၁၅)ယောက် ရှိပေ၏။

နှစ်ယောက်သည် သူတော်စင် ဒုတိယအဆင့်များ ဖြစ်ကြပြီး ကျန်သူအားလုံးသည် ပထမအဆင့်များ ဖြစ်ကြ၏။

အရည်အတွက်ပိုင်းရော၊ အရည်အသွေးပိုင်းအရပါ ဘုံကိုးခုထွတ်မြတ်နယ်မြေ အောက်စည်း ရောက်နေခဲ့၏။

“ရှုဟွေ၊ မင်းနဲ့ငါ သိလာခဲ့တာ နှစ်(၁၀၀)လောက် ရှိနေပြီ။ ဒီနေ့မှပဲ မင်းဆိုတဲ့ကောင်က လိပ်တစ်ကောင်မှန်း ငါသိတော့တယ်။ ဘာတွေဖြစ်နေတာလဲ။ တောင်ထွတ် ကိုးလုံး အရံအတားနောက်မှာ ပုန်းနေရုံနဲ့ လုံခြုံမယ်လို့ ထင်နေတာလား။ မင်းတို့ အရင်သူတော်စင်မ လုပ်ခဲ့တာတွေကို မသိချင်ယောင် ဆောင်နေလို့ ရမယ်လို့ ထင်နေတာလား” အင်အားစုကြီးသုံးခုထဲမှ တစ်ခု၏ ခေါင်းဆောင်က ရုတ်တရက် အော်ပြောလိုက်၏။

ထိုလူပြောပြီးသည်နှင့် လူအုပ်ကြီးထဲမှ အော်ဟစ်သံ၊ ကျိန်ဆဲသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

ရှုဟွေ၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိဘဲ အေးစက်စက် လေသံဖြင့်သာ ပြန်ပြောလိုက်၏ “ကျန်းအောင်၊ မင်းဘာလို့ ဒီလို လုပ်ရတာလဲ”

ထိုစကားကို ကြားသည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ထိုလူကြီးကို လှမ်းကြည့်မိလိုက်၏။

ကြယ်ရောင်ဖြာနန်းတော်၏ ကျန်းအောင်သည် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်သော ရှုဟွေ ပြောခဲ့သည့်လူပင်။ အင်အားစုကြီး သုံးခုထဲ နည်းနည်းသတိထားရမည့်သူဆို၍ ထိုလူ တစ်ယောက်သာရှိ၏။ ကျန်သည့်ပညာရှင်များသည် ရှုဟွေ သတိထားရလောက်သည်အထိ သန်မာခြင်း မရှိကြချေ။ ကျန်းအောင်တစ်ယောက်သာ သူနှင့် ကျင့်ကြံခြင်း အဆင့်တူခြင်း ဖြစ်၏။ တကယ်တမ်း တိုက်ကြမည် ဆိုပါက မည်သူနိုင်မည်၊ မည်သူရှုံးမည်ကို အတပ်ပြော၍ မရချေ။

“ဘာလို့ဒီလို လုပ်ရလဲဟုတ်လား” ကျန်းအောင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါ့မိတ်ဆွေတွေ အများကြီးကို ဦးဆောင်ပြီး ငါတို့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေအတွက် တရားမျှတမှုလာရှာပေးရုံပဲ”

“တရားမျှတမှုလား” ရှုဟွေက ကျန်းအောင်အား အထင်အမြင်သေးသေးဖြင့် စိုက်ကြည့်လိုက်ပြီး “မင်းလို သောက်ကျင့်မကောင်းတဲ့ လူတစ်ယောက်က တရားမျှတမှု ဆိုတဲ့ စကားကို ပြောထွက်ရဲတယ်ပေါ့”

“ငါ့ဘာသာ ဘာကောင်ဖြစ်ဖြစ် မင်းဝေဖန်ရမှာ မဟုတ်ဘူး” ကျန်းအောင်က နှာခေါင်းရှုံ့လိုက်ပြီး “မင်းတို့ရဲ့ အရင်မျိုးဆက် သူတော်စင်မက ဒီလောက် လူတွေအများကြီးကို သတ်နေတာတောင် မင်းတို့က အရံအတားထဲ ပုန်းနေပြီး ဘာမှမလုပ်ဘဲ နေတယ်ပေါ့။ သေသွားတဲ့လူတွေက ဘယ်သူကများ မင်းတို့ကို ရန်စဖူးလို့လဲ။ သူတို့ ဘာတွေများလုပ်ခဲ့လို့ ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရတာလဲ။ သေသွားတဲ့ လူတွေအားလုံးကိုတောင် မင်းတို့ သိလို့လား”

“ဟုတ်တယ်။ ခင်ဗျားတို့ သူတော်စင်မ သောင်းကျန်းသွားတာအတွက် ခင်ဗျားတို့ဘက်ကနေ အဖြေတစ်ခု ပေးကိုပေးရမယ်”

“အရင်မျိုးဆက်သူတော်စင်မ အလောင်းကို မပေးဘူးဆိုရင် ခင်ဗျားတို့ရဲ့ ဘုံကိုးခုထွတ်မြတ် နယ်မြေကို စိစိညက်ညက်ကြေအောင် ဖျက်စီးပစ်မှာ”

“သူတို့တွေက အလိုတူအလိုပါတွေလို့ ငါပြောသားပဲ။ ငါတို့မိတ်ဆွေတွေ၊ မိသားစုတွေကို သတ်ဖို့ အရင်မျိုးဆက် သူတော်စင်မကို လွှတ်လိုက်တာ သူတို့တွေပဲ ဖြစ်ရမယ်”

“……”

အဖွဲ့ထဲရှိ လူများစွာ ဒေါသထွက်နေခဲ့ကြ၏။ တစ်ယောက်က စအော်လိုက်သည်နှင့် အခြားသူများလည်း ဝင်အော်ကြတော့လေ၏။ သူတို့ပြောလိုက်သည့် စကားလုံးများသည် စကားများသာ ဖြစ်နေကြသော်လည်း အတော်များများသည် အမှန်တရားများ ဖြစ်ကြ၏။ သူတို့ စကားကို ကြားလိုက်သည်နှင့် ရှုဟွေနှင့် အကြီးအကဲများ ဒေါသထွက်သွားမိသော်ငြား မည်ကဲ့သို့ ပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့၏။

သူတော်စင်မနန်၏ လုပ်ရပ်ကို မျက်ကွယ်ပြုထားရန် ရည်ရွယ်ထားခြင်းမဟုတ်။ ထိုကိစ္စကိုရှင်းရန်အတွက် လုံလောက်သည့် ခွန်အားမရှိခြင်းသာ ဖြစ်၏။

တော်ဝင်သခင်ဟောင်းက သေသွားခဲ့လေပြီ။ တစ်ဦးတည်း ကျန်ရှိနေသော သူတော်စင်မနှင့် အနာဂတ် တော်ဝင်သခင်လောင်းကို မကြာသေးခင်ကမှ နတ်ဆိုးကုန်မြေဆီမှ သွားရောက်ခေါ်ဆောင်လာနိုင်ခဲ့ခြင်း ဖြစ်၏။ သူတို့ကိစ္စနှင့်သူတို့ တိုင်ပတ်နေလေရာ သူတော်စင်မကို မည်သည့် အချိန် သွားရှာရမည်နည်း။

ပိုဆိုးသည်ကား သူတော်စင်မနန်သည် ကောင်းကင် နတ်ဘုရား ပညာရပ်ကိုးခုစလုံးကို တတ်ကျွမ်းထားရာ ရှုဟွေနှင့် အခြားအကြီးအကဲများအားလုံး သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ တွေ့၍ တိုက်ခိုက်ခဲ့လျှင်ပင် ကိုယ့်ကိုယ်ကို အရှက်ကွဲအောင်ပဲ လုပ်မိပေလိမ့်မည်။

သူတော်စင်နန် တော်ဝင်နယ်မြေကို တိုက်ခိုက် လာစဉ်က သူတို့မှာ အင်အားအတော်သုံး၍ သူမအား တွန်းလှန်ခဲ့ရ၏။ ထို့ကြောင့်ပင် သူတို့ တော်ဝင်နယ်မြေ အတော်လေးကို ထိခိုက်နစ်နာခဲ့ရသေး၏။

ရှုဟွေနှင့် အခြားတော်ဝင်အကြီးအကဲများ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်ကိုကြည့်ရင်း ကျောင်းအန်က လှောင်ပြုံးပြုံးလျက် မီးထဲလောင်စာ ထပ်ထည့်ပေးနေခဲ့၏။ အသံကျယ်ကျယ်ဖြင့် သေဆုံးသွားသော ဝိဥာဉ်များကို ဖြေသိမ့်ပေးရန် တော်ဝင်နယ်မြေအနေဖြင့် သူတော်စင်မနန်ကို ခေါ်ထုတ်ပြီး အားလုံးရှေ့၌ ကွပ်မျက်ပေးရမည်ဟု အော်ဟစ်ပြောဆိုနေခဲ့၏။

ရှုဟွေက ပြန်ငြင်းချင်သော်ငြား ပြောစရာစကား မရှိခဲ့။

သူတော်စင်မများသည် အသက်ရှင်စဉ်အတွင်း သူတစ်ပါး၏ အသက်အား သတ်ခြင်းအမှုကို မပြု။ သေသည်ရှိသော် အလောင်းများ တောင်ပမာပုံထပ်သည် အထိ သတ်ဖြတ်တော့လေ၏။ ထိုလျှို့ဝှက်ချက်ကို တော်ဝင်နယ်မြေသာ သိထားရာ သူတို့ ရှင်းပြမည် ဆိုလျှင်ပင် မည်သူမှ ယုံလိမ့်မည် မဟုတ်ချေ။

“ကျန်းအောင်၊ မင်းဒီလောက်တောင် ရက်စက်တာလား။ တော်ဝင်သခင် အသက်ရှင်တုန်းက မင်းတို့ ကြယ်ရောင်ဖြာနန်းတော်ကို ဘယ်လိုတွေ ကူညီပေးခဲ့လဲ” ရှုဟွေက ဒေါသထွက်ထွက်ဖြင့် လှမ်းအော်လိုက်၏ “ချောင်ကွမ်၊ ဝူကျဲ။ မင်းတို့ နှစ်ယောက်ကော ဒီလိုလုပ်ရမှ ဖြစ်မှာလား”

ရှုဟွေ အော်ပြောလိုက်သည့် လူနှစ်ယောက်အနက် ချောင်ကွမ်သည် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း၏ ခေါင်းဆောင်ဖြစ်ပြီး ဝူကျဲသည် မရဂိုဏ်း၏ ခေါင်းဆောင် ဖြစ်ကာ နှစ်ယောက်စလုံးသည် သူတော်စင် ပထမအဆင့် ပညာရှင်များ ဖြစ်ကြ၏။

ချောင်ကွမ်က ယတိပြတ် ဆုံးဖြတ်ချက် ချထားသည့် လေသံဖြင့် “အကြီးအကဲချုပ် ဘာတွေပြောနေတာလဲ။ ဒီချောင်ကွမ်က ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ ကျုပ်က အမှန်တရားဘက်ပဲ အမြဲရပ်တည်တယ်”

ဝူကျဲသည် ခပ်ပိန်ပိန်၊ မျက်နှာဖြူဖြူ လူတစ်ယောက် ဖြစ်၏။ ရက်စက်ကြမ်းကြုတ်သည့် သူ့မျက်နှာထားအရ မိစ္ဆာကျင့်စဉ်တစ်မျိုးမျိုးကို လေ့ကျင့်ထားမှန်း သိသာ၏။ သူဝတ်ဆင်ထားသော အစိမ်းရောင်ဝတ်ရုံနှင့် သူ့ဆီမှ ဖြာထွက်နေသော ထူးထူးဆန်းဆန်း အရှိန်အဝါကြောင့် မည်သူမှ သူနှင့် မီတာဒါဇင်အတွင်း မရပ်ရဲကြ‌။

ရှုဟွေပြောသည်ကို ကြားသော် မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “ကျုပ်တို့ မရဂိုဏ်းက လျော်ကြေး အတွက်ပဲ ရောက်လာခဲ့တာပဲ။ ငွေပေးပြီး ရန်သူကို မောင်းထုတ်တာမျိုးကို အကြီးအကဲချုပ်လည်း ကြားဖူးမှာပေါ့၊ ဟုတ်တယ်မလား။ တကယ်တော့ အကြီးအကဲချုပ်တို့သာ တတ်နိုင်ရင် ဒီဝူကျဲအနေနဲ့ ခင်ဗျားတို့ကို ပြန်ကူပေးဆိုရင်တောင် ကူပေးနိုင်တယ်”

“ဝူကျဲ” ကျန်းအောင်က ဝူကျဲအား သုန်မှုန်စွာ ကြည့်လိုက်ပြီး “မရယ်ရတဲ့ ဟာသတွေ လာပြောမနေနဲ့”

ဝူကျဲက ပြုံးသာပြုံးလိုက်ပြီး ပခုံးတွန့်၍ ဘာမှ ထပ်မပြောတော့ချေ။

ထိုအခြင်းအရာကို မြင်သည်နှင့် ကျန်းအောင်က လှောင်ပြောင်ပြောဆိုလိုက်၏ “မင်းတို့ တော်ဝင်သခင်က ငါတို့ကို ကူညီပေးခဲ့တယ်ဟုတ်လား၊ ရှုဟွေ။ ဒါဆိုရင် ငါတို့ နှစ်တိုင်းပေးရတဲ့ နှစ်စဉ်ကြေးတွေကကော ဘယ်မလဲ။ ဒီလူအိုကြီး မင်းတို့ တောင်ထွတ်ကိုးလုံးရဲ့ စိတ်ဝိဥာဉ်လေးသွယ်လိုဏ်ဂူထဲ ဝင်ကျင့်ကြံခြင်းလို့ တောင်းဆိုတုန်းက ခပ်ပြတ်ပြတ်ပဲ ငြင်းခံခဲ့ရတာ မဟုတ်ဘူး။ အဲ့ဒါတောင် ငါတို့က မင်းတို့အပေါ် အကြွေးတင်နေတယ်လို့ ပြောချင်နေသေးတာလား”

ရှုဟွေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မင်းတို့ နှစ်စဉ်ကြေးပေးတာ မှန်တယ်။ ဒါပေမယ့် ငါတို့ရဲ့ အကာအကွယ်သာမရှိရင် ဘာတွေဖြစ်လာမယ်ဆိုတာကို မင်းတွေးခဲ့ဖူးလား။ မင်းတို့ အင်အားစုသုံးခုစလုံး အခုလိုမျိုး လုံလုံခြုံခြုံနဲ့ နေနေနိုင်မယ်လို့ ထင်နေတာလား။ တော်ဝင်သခင်ဟောင်းသာ မရှိရင်၊ သားရဲပင်လယ်တောအုပ်ထဲက စီနီယာကြီးက မင်းတို့ အင်အားစုသုံးခုစလုံးကို ရှင်းထုတ်ပစ်တာ ကြာနေပြီ”

“ငါနဲ့ပြောရင် အဲ့စီနီယာကြီးအကြောင်း လာထည့်မပြောနဲ့” ကျန်းအောင်က ဒေါသတကြီး ပြန်အော်ပြောလိုက်၏ “မင်းတို့ တော်ဝင်သခင်နဲ့ စီနီယာကြီးဆိုတဲ့လူ ရင်းနှီးတယ်ဆိုတာကို ငါမသိဘူး ထင်နေတာလား။ ပြီးတော့ သားရဲပင်လယ်တောအုပ်ဆီ ခဏခဏသွားပြီး ကုန်ပစ္စည်းချင်း ဖလှယ်တာကိုလေ။ ဒီလို အယုတ်တမာ လုပ်ရပ်တွေလုပ်၊ လူသားမျိုးနွယ်စုရဲ့ ထာဝရရန်သူဖြစ်အောင် လုပ်ပြီး ငါတို့တွေရဲ့ ယုံကြည်မှုကို ဖျက်စီးလိုက်လို့ ကောင်းကင်အပြစ်ပေးမှာကို မကြောက်ဘူးလား။ နှစ်စဉ်နှစ်တိုင်း ငါတို့ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေ ဘာမှန်းမသိ ပျောက်ပျောက်သွားတယ်။ ပျောက်သွားတဲ့တပည့်တွေကို မွန်းစတားမျိုးနွယ်စုက ခွေးသူတောင်းစားတွေ ဖမ်းပြီး စားလိုက်တာမဟုတ်ဘူးလို့ အဲ့မှာ ရပ်ပြီး ပြောဦးမလို့လား”

ထိုစွပ်စွဲချက်ကို ကြားလိုက်သည်နှင့် ပညာရှင် တော်တော်များများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

အကုန်လုံး ကျန်းအောင်အား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ကြည့်လာကြ၏။

ကျန်းအောင်က လှောင်ပြုံးပြုံးကာ ဆက်ပြောလိုက်၏ “ငါပြောတာအမှန်ပဲ။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်ဟောင်းက မွန်းစတားမျိုးနွယ်စုက စီနီယာကြီးနဲ့ မကြာမကြာ သွားတွ့တာ။ သူတို့ တော်ဝင်သခင် သားရဲပင်လယ်တောအုပ်ဆီ သွားတာကို ဒီလူအိုကြီးကိုယ်တိုင် အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်။ ဒီလူအိုကြီးက မွန်းစတားသားရဲအချို့ကို ဖမ်းပြီး သူတို့ရဲ့ မှတ်ဥာဏ်ကို ရှာကြည့်လိုက်တော့မှပဲ အဲ့လိုဖြစ်နေမှန်း သေချာသွားခဲ့တာ”

သူ့စကားကြောင့် အချို့ တုန့်ဆိုင်းနေသော ပညာရှင်များ၏ အကြည့်၊ အမူအရာ ပြတ်သားလာခဲ့ကြ၏။

မျိုးနွယ်စုနှစ်ခုကြားမှ အမုန်းတရားသည် အရမ်းကိုမှ နက်ရှိုင်းလှ၏။ ထို့ကြောင့် တော်ဝင်နယ်မြေက မွန်းစတား မျိုးနွယ်စုနှင့် အဆက်အသွယ် လုပ်နေမှန်း သိလိုက်ရချိန် သူတို့ အရမ်းကိုမှ ဒေါသထွက်သွားခဲ့ရ၏။ ထို့ပြင် ကျန်းအောင်က အခိုင်အမာ ပြောဆိုနေချိန် ရှုဟွေက တစ်ခွန်းမှပင် ပြန်လည် ခုခံပြောဆိုခြင်း မပြုခဲ့ချေ။

ချက်ချင်းဆိုသလို အပြင်ဘက်တွင် ရှိနေသော ပညာရှင်များသည် ရှုဟွေနှင့် အခြားအကြီးအကဲများအား မုန်းတီးစွာ စိုက်ကြည့်လာကြ၏။

“ရှုဟွေ၊ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးကို သွားအကူအညီတောင်းလေ၊ ဘာလို့ မတောင်းတာလဲ” ကျန်းအောင်က မခိုးမခန့်ပြုံးလျက် လှောင်တောင်တောင် လေသံဖြင့် “မွန်းစတာမျိုးနွယ်စုက စီနီယာကြီးက သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်နော်။ သူသာ လှုပ်ရှားလိုက်တာနဲ့ ငါတို့အကုန်လုံး ပြန်ဆုတ်ရမှာ။ မင်းတို့တော်ဝင်သခင်ဟောင်းက သူတို့နဲ့ မိတ်ဆွေပဲလေ၊ မဟုတ်ဘူးလား။ သေသွားတာနဲ့ မင်တို့နဲ့ သူတို့ ဘာမှမဆိုင်တော့ဘူးလို့ မွန်းစတားမျိုးနွယ်စုက ခွေးသူတောင်းစားတွေ ထင်နေကြတာလား”

ရှုဟွေမျက်နှာ နီရာမှ ဖြူစွတ်သွားခဲ့၏။ သူလုံးဝကို ဒေါသပုန်ထနေခဲ့လေပြီ။ သို့သော် ပြန်မပြောနိုင်။

“ထပ်ပြောနေလို့လည်း အပိုပဲ” ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်၏ “ထပ်ပြီး လေကုန်ခံနေစရာ မလိုတော့ဘူး။ ပိုပြောလေ ပိုပြီး အောက်စည်း ရောက်လေပဲ။ တကယ်တော့ သူတော်စင်မနန်ကိစ္စကို ကျုပ်တို့ တော်ဝင်နယ်မြေကပဲ တာဝန်ယူသင့်တာလေ”

“အင်း” ရှုဟွေက စိတ်ဓါတ်ကျကျဖြင့် ခေါင်းညိတ်လိုက်၏။

အားလုံးရှေ့တွင် ရန်ကိုင်က ရှုဟွေနှင့် အခြား အကြီးအကဲများရှေ့ ရပ်လိုက်၏။

ထောင်ပေါင်းများစွာသော မျက်လုံးသည် ရန်ကိုင်အား စိတ်ရှုပ်ရှုပ်ဖြင့် ကြည့်လာကြ၏။ ယခုလို အချိန်မျိုး၌ ထိုလူငယ်လေး ဘာလုပ်ရန် ကြိုးစားနေသည်ကို သူတို့ အကုန်လုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။

တကယ်တော့ တော်ဝင်နယ်မြေ ကိုယ်စားပြုများ စတင် ထွက်ပေါ်လာသည့် အချိန်မှစ၍ စ၍ လူတော်တော်များများ ရန်ကိုင်ကို သတိပြုမိခဲ့ကြ၏။

ရှုဟွေနှင့် အခြားအကြီးအကဲများ ပေါ်လာသည်မှာ ပုံမှန်သာဖြစ်၏။ အန်လင်းအာကမူ တော်ဝင်နယ်မြေ၏ သူတော်စင်မ ဖြစ်သည့်အတွက်ကြောင့် ပေါ်လာခြင်း ဖြစ်၏။ သို့သော် ရန်ကိုင်ကိုမူ သူတို့မသိပါချေ။

ထိုကဲ့သို့သော လူငယ်လေးတစ်ယောက်သည် ရှုဟွေ၊ အခြားအကြီးအကဲများနှင့် ဘေးချင်းယှဉ် ရပ်နေသည်မှာ အတော့်ကိုမှ ထူးဆန်းလှ၏။ သူတို့ မြင်သလောက်အရ ဆိုလျှင် ရှုဟွေသည် ထိုလူငယ်လေးအပေါ် အတော့်ကိုမှ လေးစားယဉ်ကျေးစွာ ဆက်ဆံပေ၏။

ကျန်းအောင်ပင် နားမလည်နိုင် ဖြစ်နေခဲ့၏။ မည်မျှ ခေါင်းခြောက်အောင် စဉ်းစားစေကာမူ ရန်ကိုင်ကဲ့သို့ လူတစ်ယောက်ကို လုံးဝ မမှတ်မိနိုင်၊ မစဉ်းစားနိုင် ဖြစ်နေခဲ့၏။

“ဧည့်သည်တို့” ရန်ကိုင်က အော်ပြောလိုက်၏ “သူတော်စင်မနန် ကိစ္စက ကျုပ်တို့ တော်ဝင်နယ်မြေ တာဝန်ယူရမယ့် ကိစ္စပါ။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျုပ်တို့ တော်ဝင်နယ်မြေလည်း အဲ့ကိစ္စနဲ့ ပက်သက်ပြီး ဘာမှ မတတ်နိုင်သေးပါဘူး။ သူတော်စင်မနန်က သေသွားပြီ။ အခုလက်ရှိ သူတော်စင်မနန်က လမ်းလျှောက်နေတဲ့ အလောင်းတစ်လောင်း သာသာပဲ။ ဒါပေမယ့် တော်ဝင်နယ်မြေက သူ့ကို အမိန့်ပေးလို့ မရပါဘူး။ ပြီးတော့ သူတော်စင်မနန်က ကျုပ်တို့ တော်ဝင်နယ်မြေကိုလည်း ဖျက်စီးချင်နေတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက သူတော်စင်မနန် တော်ဝင်နယ်မြေကို လာတိုက်သွားတဲ့အကြောင်း ခင်ဗျားတို့ တော်တော်များများလည်း ကြားလောက်မှာပေါ့၊ ဟုတ်တယ်မလား။ ကျုပ်တို့ တော်ဝင်နယ်မြေလည်း ခင်ဗျားတို့လိုပဲ၊ သူတော်စင်မနန် လက်ထဲမှ ဒုက္ခ ရောက်ခဲ့ရတာပါ။ ကျုပ်တို့လည်း ဒီကိစ္စကို မြန်မြန် ရှင်းချင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကျုပ်တို့ တော်ဝင်နယ်မြေကို အချိန်နည်းနည်းလေးဖို့ မျှော်လင့်ပါတယ်။ အဲ့အချိန်အတွင်း အကြီးအကဲချုပ်က ခင်ဗျားတို့ကို ကျေနပ်လောက်ဖွယ် အဖြေတစ်ခု ပေးမှာပါ”

ရန်ကိုင်စကားကို ကြားလိုက်သည်နှင့် ဂိုဏ်းသုံးဂိုဏ်းမှ ခေါ်လာသည့် ပညာရှင်များ မျက်မှောင်ကြုံ့လိုက်ကြ၏။

သူတို့ထဲက မည်သူမှ အရူးမဟုတ်လေရာ အထိုက် အလျောက်တော့ စဉ်းစားတတ်ကြသေး၏။ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ ရန်ကိုင်ပြောသည်မှာလည်း မှန်ကန်ကြောင်း တွေ့ရှိလိုက်ရ၏။ သူတော်စင်မနန်ကို တွေ့စဉ်က သူမဆီမှ မည်သည့် အသက်ဓါတ်ကိုမှ မခံစားမိခဲ့သည့်အပြင် သေခြင်းချီ အရိပ်အယောင်တို့ကိုပင် ခံစားမိခဲ့သေး၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၇) ကောင်းလေး၊ မင်းက တကယ်သနားစရာ ကောင်းတဲ့ကောင်ပဲ

“မင်းပြောတာ ရွှမ်းအာက…” ထိုစကားကို ကြားသော် ယွန်ချုန် အတွေးနက်သွားခဲ့ပြီး “သူနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာလား”

ကျိရန်က အနည်းငယ် ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလိုက်ပြီး “ဟုတ်တယ်။ အဲ့တုန်းက ကျုပ်လေ့လာခဲ့ရသလောက်ပေါ့။ ဒါပေမယ့် သူအသက်ရှင်နေဦးမယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ ကျုပ်ရဲ့ ပေါ့လျော့မှုအတွက် အပြစ်ပေးပါ အဖွဲ့အစည်း ခေါင်းဆောင်”

ယွန်ချုန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကိစ္စမရှိဘူး..ထားလိုက်။ ရွှမ်းအာကလည်း မိန်းကလေး တစ်ယောက်ဟာ… သူကြိုက်တဲ့လူ ရှိမှာပေါ့။ လွတ်လပ်သောအဖွဲ့အစည်းဆီ ပြန်လာတုန်းက တငေးငေး တငိုင်ငိုင် ဖြစ်နေတာ အံ့ဩစရာ မဟုတ်‌တော့ ပါဘူးလေ။ သူ့မောင်လေး ကိစ္စကို အပြည့်အဝ မမေ့နိုင်သေးလို့ ငါ့ကို တရှောင်ရှာင် လုပ်နေတယ် ထင်နေတာ။ လတ်စသတ်တော့ ငါထင်သလိုမှ မဟုတ်ဘဲကို’။ အဲ့ကောင်လေး ငါတို့ရွှမ်းအာအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာကိုရော မင်းသိလား”

ကျိရန် လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏ “ရွှမ်းအာကို အရမ်းကြီး ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ ဒါပေမယ့် လူငယ်တွေဆိုတော့… ဟဲဟဲ”

“အို” ယွန်ချုန် ပြုံးလိုက်ပြီး “အဲ့လိုဆိုမှတော့ တော်ဝင်နယ်မြေသာ ဆက်လက်ရပ်တည်နိုင်သေးရင် ငါတို့ လွတ်လပ်သောအဖွဲ့အစည်းအတွက် အခွင့်ကောင်း တစ်ခု ရှိလာမှာပေါ့”

“အဖွဲ့အစည်းခေါင်းဆောင် ဘာပြောချင်တာလဲ” ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ချုန် ဘာတွေးနေမှန်း ကျိရန် အနည်းငယ် ရိပ်စားမိစ ပြုလိုက်လေပြီ။

“အရင်စောင့်ကြည့်ကြတာပေါ့။ ဒီကပ်ဘေးကနေ မလွတ်မြောက်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမယ့် လွတ်မြောက်နိုင်ခဲ့ရင်တော့… အင်း၊ ငါတို့ ဒီတစ်ကြိမ် သေချာစဉ်းစားဖို့လိုပြီ။ ဟန်ပြပဲလုပ်မှ ဖြစ်မယ်။ ဒီမုန်းတိုင်းထဲ ဆွဲခေါ်သွားခံရလို့ မဖြစ်ဘူး”

“အဖွဲ့အစည်းခေါင်းဆောင်က ဥာဏ်ကောင်းတာပဲ”

အခြားနေရာတစ်ခု၌ နောက်ထပ်လူတစ်ယောက်သည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေခဲ့၏။ ရန်ကိုင်သည် အလောင်းသယ်လူကြီး ခေါ်သွားသည့် လူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရချိန် ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး အရှေ့သို့ အလျင်အမြန် ပျံသန်းသွားလေ၏။

ခဏအကြာ၌ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျေင်းမှ ချောင်းကွမ်ဘေးသို့ ထိုလူရောက်လာခဲ့၏။

“ကျောင်းသခင်၊ ဒီလောက်ငယ်သားမှာ တင်ပြစရာ တစ်ခုရှိပါတယ်”

လက်ရှိအချိန်၌ ချောင်ကွမ်မှာ စိတ်ညစ်နေသဖြင့် ခပ်ပြတ်ပြတ်သာ ပြန်ပြောလွှတ်လိုက်လေ၏ “နောက်မှပြော”

“ကျောင်းသခင်၊ ဒီကိစ္စက တော်ဝင်သခင်သစ်နဲ့ ဆိုင်တဲ့ ကိစ္စမို့လို့ပါ”

ချောင်းကွမ်က ထိုလူဘက်လှည့်လာပြီး အသာအယာ ခေါင်းညိတ်၍ “ယောင်တိ၊ မင်းဘာပြောချင်နေတာလဲ”

ယောင်တိဆိုသောလူသည် ချောင်ကွမ်ဆီ အမြန် ပြေးသွားလိုက်ပြီး နားနားကပ်လျက် တိုးတိုးလေး ပြောလိုက်၏။

ရန်ကိုင်သာ ထိုလူကိုမြင်လျှင် မှတ်မိကောင်း မှတ်မိလောက်၏။

လောင်ကျွမ်းမြို့တော်သို့ အလောင်းသယ်လူကြီး ရောက်လာခဲ့ချိန် ထိုလူလည်း ရှိနေခဲ့၏။

ထိုအချိန်က ယောင်တိသည် မိုးကြိုးစိတ်ဝိဥာဉ် ကျောင်းတော်မှ ရှုချီ၊ ကောင်းကင်မဟာမိတ်အဖွဲ့အစည်းမှ ဇို့ရှင်းတို့နှင့် အတူရှိနေခဲ့ခြင်း ဖြစ်၏။

သူတို့ သုံးယောက်သည် အလောင်းသယ်လူကြီး နောက်သို့ လိုက်ရင်း လောင်ကျွမ်းမြို့တော်ဆီ ရောက်လာခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းကျ ရန်ကိုင်သည် အလောင်းသယ်လူကြီး၏ ဖမ်းခေါ်သွားခြင်း ခံရပြီး ရှေးဟောင်းနတ်ဆိုးကလန်ရှိရာ ဆန်းကြယ်‌ လောကငယ်ထဲ ပစ်ထည့်ခြင်း ခံခဲ့ရ၏။ သူထွက်လာသည့် အခါ ကျောက်စိမ်းမြို့တော်ဆီသို့ အရင်သွားခဲ့၏။ ထိုမှတစ်ဆင့် ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးအခွဲ၏ တာဝန်ခံဖြစ်သူ တုဝမ်၏ အကြံပေးချက်အရ မိုးကြိုးစိတ်ဝိဥာဉ်ကျောင်းတော်သို့ သွားခဲ့လေ၏။ အမျိုးမျိုးသော ကိစ္စများကြောင့် ရှုချီ အသက်ခံခဲ့ရ၏။

ယောင်တိ ပြောပြသည်ကို နားထောင်ပြီးနောက် ချောင်ကွမ်၏ မျက်လုံးများ တောက်ပသထက် တောက်ပလာခဲ့ကာ နောက်ဆုံး ထိတ်လန့်နေသည့် လေသံဖြင့် မေးလိုက်လေ၏ “မင်းပြောတာ အမှန်ပဲလား”

ယောင်တိက အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး “သူ့ရုပ်ကို လက်အောက်ငယ်သော လုံးဝ မှတ်မိပါတယ်”

“စိတ်ဝင်စားစရာကောင်းလာပြီပဲ” ချောင်ကွမ်ကာ ကြိတ်ရယ်လိုက်လျက် “ဒီတစ်ကြိမ်တော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတော့မယ်နဲ့ တူတယ်။ တော်ဝင်နယ်မြေရဲ့ အမွေအနှစ်လည်းရ၊ အလောင်းသယ်လူကြီးနဲ့ ပက်သက်တဲ့ အဆန်းတကြယ် ကိစ္စကိုလည်း ဖြေရှင်းနိုင်…”

စိတ်အားတက်သွားခဲ့ပြီး ချောင်ကွမ်က တိုးတိုးလေး ပြောလိုက်၏ “မင်းအပြင် ဘယ်သူသိသေးလဲ”

ယောင်တိ မျက်မှောင်ကြုံ့သွားခဲ့ပြီး ခဏလောက် စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်၏ “လွတ်လပ်သော အဖွဲ့အစည်းက ကျိရန်လည်း သိလောက်တယ်။ အဲ့တုန်းက သူလည်း အဲ့မှာရှိနေတာကိုး”

“လွတ်လပ်သော အဖွဲ့အစည်း…. ဟန့်၊ ဘာမှ ကြောက်နေစရာ မလိုဘူး။ သူတို့ကို တစ်ချက်ကြည့်ထား။ ထုတ်ပြောရဲတာနဲ့ ငါကိုယ်တိုင် သူ့တို့ကို ရှင်းထုတ်ပစ်မယ်” ချောင်ကွမ်က အထင်အမြင် သေးသေးဖြင့် ပြောလိုက်၏။

ယောင်တိက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး လွတ်လပ်သော အဖွဲ့အစည်းကို စောင့်ကြည့်နေလိုက်၏။

လွတ်လပ်သော အဖွဲ့အစည်းတွင် အားအကောင်းဆုံး သည် မသေမျိုး တတိယအဆင့် ပညာရှင်ဖြစ်သော ယွန်ချုန် ဖြစ်၏။ သူတို့အဖွဲ့အစည်း၌ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိချေ။ ထိုကဲ့သို့သော အင်အားစုကို ချောင်ကွမ် မျက်လုံးထဲပင် မထည့်ချေ။

ထုန်းရွှမ်လောကကြီး၌ သူတော်စင်အဆင့် ပညာရှင်များကို ပိုင်ဆိုင်ထားသည့် အင်အားစုများကိုသာ အားကောင်းသည်ဟု သတ်မှတ်နိုင်၏။

အရံအတားထဲမှနေ၍ ရှုဟွေက ထပ်ပြောလိုက်၏ “သူတော်စင်မနန်ရဲ့ လက်ရှိအခြေအနေကို အားလုံး ကောင်းကောင်း နာလည်လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။ သူ့လုပ်ခဲ့တာတွေက ကျုပ်တို့ တော်ဝင်နယ်မြေရဲ့ လုပ်ခိုင်းလို့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဆင်ပြေမယ်ဆိုရင် နောက်ပြန်ဆုတ်ပေးကြပါ။ ခင်ဗျားတို့ ခံခဲ့ရတာတွေအတွက် ကျုပ်တို့ တော်ဝင်နယ်မြေက ကျိန်းသေ အလျော်ပြန်ပေးမှာပါ။ တော်ဝင်နယ်မြေနဲ့ ရန်သူ ဖြစ်ရမှ ကျေနပ်မယ် ဆိုရင်တော့ တိုက်ခိုက်ဖို့ပဲ ရှိတော့တာပေါ့”

“အလျော်အစားလား။ လူ့အသက်ကို အဲ့လိုမျိုး အလျော်ပေးလို့ ရတယ်လို့ မင်းပြောချင်နေတာလား” လူပေါင်းများစွာ တုန့်ဆိုင်းလာသည်ကို မြင်သော် ကျန်းအောင်က ချက်ချင်းပဲ ဝင်ပြောလိုက်၏ “ရှုဟွေ၊ မင်းတကယ်ကြီး သူငယ်ပြန်နေတာလား။ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရတယ်ဆိုတာကို ဒီလောကကြီးမှာ ရှိတဲ့ လူတိုင်းသိတယ်။ မင်းဘာတွေ ထဖောက်နေတာလဲ”

“ကျန်းအောင်၊ လွန်မလာနဲ့” ရှုဟွေက ဒေါသတကြီး ပြန်ပြောလိုက်၏။

သို့သော် ကျန်းအောင်က ပို၍ပင် အထက်စီးဆန်ဆန်ဖြင့် အကျယ်ကြီး ရယ်မောလျက် ပြောလာလိုက်၏ “အရမ်းလွန်တာလား။ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေပဲ လွန်နေတာ မဟုတ်ဘူးလား။ ငါတို့ကို အနိုင်ကျင့်၊ ငါတို့ ချစ်ရတဲ့လူတွေကို သတ်ပြီး သလင်းကျောက်လေး နည်းနည်းပါးပါး အလျော် ပြန်ပေးလိုက်လို့ ငါတို့က ကြေးအေးပေးလိုက်မယ် ထင်နေတာလား။ ငါတို့ဒီကို ငွေအတွက်လာတာ မဟုတ်ဘူး။ တရားမျှတမှု ရှာဖို့လာတာကွ”

“ငါမင်းတို့အတွက် အခုလေးတင်ပဲ တရားမျှတမှု ရှာပေးဖို့ ပြေားပြီးသွားပြီ မဟုတ်ဘူးလား။ မင်းဘာလို့ ဒီလောက်တောင် တိုက်ခိုက်ချင်နေရတာလဲ”

“တရားမျှတမှု ရှာပေးပြီးတာလား။ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ ပြောလေ”

“အခုလေးတင်ပဲလေ။ သူတော်စင်မနန်ကို ငါတို့ကိုယ်တိုင် သုတ်သင်ပြီး သူလုပ်ခဲ့တဲ့ အပျက်အစီးတွေ အတွက် အလျော်အစား ပြန်ပေးမယ်လို့ ဒီလူအိုကြီး ကိုယ်တိုင် ပြောခဲ့တာလေ။ မင်းဘာကြံနေလဲ ငါမသိဘူး ထင်နေတာလား။ ဒီကိစ္စကို အကြောင်းပြပြီးတော့ အားလုံးကို ငါတို့ တော်ဝင်နယ်မြေနဲ့ ရန်တိုက်ပေးချင်နေတာ ငါမမြင်ဘူး မှတ်နေလား”

အရှိုက်ကို ထိသွားသဖြင့် ကျန်းအောင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ရုတ်တရက် ခေါင်းညိတ်၍ လှောင်ပြောင်ပြောဆိုလိုက်၏ “ဟုတ်ပြီလေ။ အခု မင်းပြောလိုက်တဲ့ စကားတွေကို ငါယုံတယ်ထားပါ။ ဒါပေမယ့် ပါးစပ်ပြောတွေက အာမခံချက် မရှိဘူးဆိုတာကို မင်းသိသင့်တယ်။ ငါယုံချင်ရင်တောင် အခြားလူတွေ ယုံမှာ မဟုတ်ဘူး။ ကတိအတိုင်း မလုပ်ပေးမပြီးချင်း၊ မင်းတို့ဘက်က အာမခံ ပေးဖို့ လိုတယ်မထင်ဘူးလား”

“ဘာအာမခံလဲ” ရှုဟွေ မျက်မှောင်ကြုံ့သွား၏။

ကျန်းအောင်က ရန်ကိုင်နှင့် အန်လင်းအာကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီး ရယ်မောလျက် “တော်ဝင်သခင်သစ်နဲ့ သူတော်စင်မကို ငါတို့ ကြယ်ရောင်ဖြာ နန်းတော်ဆီမှ ခဏနေခိုင်းလိုက်။ သူတော်စင်မနန် ကိစ္စကို မင်းတို့ ဖြေရှင်းပြီးတာနဲ့ သူတို့ကို ပြန်ပေးမယ်”

ထိုစကားကို ကြားသည်နှင့် ချောင်ကွမ်က အလျင်အမြန် ဝင်ပြောလိုက်၏ “ဟုတ်တယ်။ ညီအစ်ကိုကျန်းပြောတာ မှန်တယ်။ ငါတို့ တိုက်ပွဲ စိတ်ဝိဥာဉ်ဘုရားကျောင်းကလည်း သဘောတူတယ်။ တော်ဝင်သခင်သစ်နဲ့ သူတောစ်င်မကို ငါတို့ ကောင်းကောင်းဆက်ဆံမှာ။ ငါတို့ဆီလာလို့ ဘာမှ ဖြစ်မသွားစေရဘူး”

ဝူကျဲကမှ ဘာမှဝင်မပြောခဲ့ဘဲ ကြက်သီးမွှေးညင်း ထဖွယ်ရာ ရယ်သံကြီးဖြင့်သာ ရယ်မောနေခဲ့၏။

“အိမ်မက်သာ မက်နေလိုက်” ရှုဟွေက ဒေါသတကြီး အော်ပြောလိုက်၏။ တော်ဝင်သခင်သစ်သည် ငယ်ရွယ်သော်လည်း သူသည် တော်ဝင်နယ်မြေ၏ အမှတ် လက္ခဏာဖြစ်၏။ တော်ဝင်သခင်သာ အခြားအင်အားစု တစ်ခု၏ လက်ထဲရောက်သွားပြီး ဓါးစာခံအဖြစ်သာ အသုံးချခံလိုက်ရပါက တော်ဝင်နယ်မြေ အနေဖြင့် အများရယ်စရာ ဖြစ်လာရုံမက အများသူငှာရှေ့ ဘယ်တော့မှ ခေါင်းပြန်မော့နိုင်တော့မည် မဟုတ်ချေ။

“အဲ့လိုဆိုမှတော့ ဘာစကားမှ ထပ်ပြောနေစရာ မလိုတော့ဘူး” ကျန်းအောင် မျက်လုံးထဲ ရက်စက်သည့် အလင်းတစ်ချက် လက်သွားခဲ့ပြီး အသံကုန်မြှင့်၍ အော်ပြောလိုက်၏ “ဒီနေ့၊ ငါတို့ရဲ့ သေဆုံးသွားတဲ့ မိသားစုတွေအတွက် မင်းတို့ တော်ဝင်နယ်မြေကို ပြားပြားဝပ်အောင် နင်းခြေဖျက်စီးပစ်မယ်”

ထိုတိုက်ပွဲခေါ်သံနှင့်အတူ ကျန်းအောင်နောက်တွင် ရပ်နေသော လူပေါင်းများစွာတို့ စတင် စိတ်လှုပ်ရှား လာခဲ့ကြလေ၏။

“ဟုတ်တယ်။ အပိုတွေ ပြောနေစရာကို မလိုတော့တာ” ရန်ကိုင်က အသက်တစ်ချက် ရှုသွင်းလိုက်ပြီး အော်ပြောလိုက်၏ “စကားနဲ့ ထပ်ပြောနေစရာ မလိုတော့ဘူး။ ဒီနေ့ ဒီမှာ စုဝေးနေတဲ့ မိတ်ဆွေအားလုံး၊ တော်ဝင်နယ်မြေနဲ့ သင့်မြတ်ဖို့ စဉ်းစားထားရင် ကျုပ်တို့ကလည်း သင့်မြတ်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ကျုပ်တို့နဲ့ ရန်သူ ဖြစ်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ကလည်း ရန်သူလိုပဲ ဆက်ဆံမှာပါ”

ပြောပြီးသည်နှင့် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်၏။

လူအုပ်ကြီးအား ဝေ့ကြည့်နေစဉ် တစ်နေရာ အရောက်၌ သူ့မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ရ၏။ ထိုနေရာရှိ မိန်းမငယ်လေး နှစ်ယောက်သည် သူ့အား အသေအချာ စိုက်ကြည့်နေခဲ့၏။

တစ်ယောက်သည် သူ့အား စိုက်ကြည့်နေရင်း အံကြိတ်ကာ ပွစိပွစိ လုပ်နေခဲ့ပြီး အခြားတစ်ယောက်ကမူ မျက်ခမ်း တလှုပ်လှုပ်ဖြင့် သူ့အား ငေးကြောင် စိုက်ကြည့်နေခဲ့၏။

ယွန်ရွှမ်နှင့် ရွမ်ရှင်းယု…

ထိုနှစ်ယောက်ကို ရန်ကိုင် မျက်မှန်းတန်း မှတ်မိလိုက်၏။

နှစ်အနည်းငယ် ကြာသွားခဲ့ပြီ ဖြစ်သော်ငြား နှစ်ယောက်စလုံး ရုပ်အရမ်းကြီး ပြောင်းလဲမသွားခဲ့။ ယွမ်ရွှမ်သည် အနည်းငယ် ပို၍ ရင့်ကျက်လာဟန် ရပြီး ရွမ်ရှင်းယုကမူ အရင်အတိုင်း ရှိနေဆဲပင်။

ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာသည်ကား နှစ်ယောက်သားကြားရှိ ဆက်ဆံရေးသာ ဖြစ်လေ၏။ ယခင်က သူမတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြသော်လည်း ယခုမူ သူမတို့ နှစ်ယောက်သည် ညီအစ်မများသဖွယ် ရင်းနှီးနေကြလေပြီ။

အကြည့်ချင်းဆုံသွားသည့်အခိုက် ယွန်ရွှမ်၏ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ရီသွားခဲ့၏။ ထိုလူသည် သူမစိတ်မက်ထဲ အမြဲတမ်း မြင်မက်နေခဲ့ရသော လူငယ်လေးပင် ဖြစ်မှန်း ယွန်ရွှမ် အတပ် သိလိုက်လေပြီ။ မျက်နှာပျက်သွားသည်ကို အမြန် ဖုံးလိုက်သော်ငြား ရန်ကိုင် မျက်လုံးအောက်မှ ပြေးမလွတ်ခဲ့။

“ကြည့်၊ သူပါလို့ ငါပြောသားပဲ” ရွှမ်ရှင်းယုက အံကြိတ်ရင်း ခါးခါးသီးသီး ရေရွတ်ပြောဆိုလိုက်၏ “ဒီကျေးဇူးမသိတတ်တဲ့ သူတောင်းစားရဲ့ ဘဝက တကယ်ကို သာယာနေတာပဲ”

ယွန်ရွှမ် စိတ်တစ်ခုလုံး ယောက်ဘတ်ခတ်နေကာ ဘာဆက်လုပ်၍ လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့လေပြီ။ လက်ရှိ အခြေအနေကြောင့်သာ မဟုတ်ပါက ရန်ကိုင်ဆီ ချက်ချင်း ပျံသန်းသွားလိုက်ပြီး သူ့အင်္ကျီစကို ဆုပ်ကိုင်၍ သူသာ အသက်ရှင်နေခဲ့လျှင် ဤနှစ်များအတွင်း သူမအား အဘယ်ကြောင့် မဆက်သွယ်ခဲ့ရသလဲ ဆိုသည်ကို ချက်ချင်း မေးလိုက်မိမှာ အမှန်ပင်။

သို့သော်လည်း လက်ရှိအချိန်သည် ထိုကဲ့သို့လုပ်ရန် အချိန်ကောင်းမဟုတ်သေးလေရာ သူမ၏ စိတ်ခံစားချက် များကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့၏။

ရွှမ်းရှင်းယု‌ အော်ပြောရန် လုပ်နေသည်ကို မြင်သော် ယွန်ရွှမ်က သူမလက်မောင်းကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး “သူမဟုတ်ဘူး။ ရုပ်ပဲတူတာ…”

ပြောပြီးသည်နှင့် ချက်ချင်း လှည့်ပြန်သွားလေ၏။

တစ်ယောက်နှင့် တစ်ယောက် မှတ်မိသွား၍ မည်သည့် အကျိုးမှ မရှိနိုင်လေရာ ယွန်ရွှမ်သည် မမြင်ချင်ယောင်သာဆောင်ပြီး ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်၏။

“ဟေး…” ရွှမ်ရှင်းယုသည် တစ်ခဏတာ တုန်ဆိုင်းနေပြီးနောက် ယွန်ရွှမ်နောက် အလျင်စလို ပြေးလိုက်ကာ ဒေါသတကြီးဖြင့် လေသံကိုနှိမ့်လျက် ပြောလိုက်၏ “နင်ဘာတွေ ပြောနေတာလဲ။ သူဆိုတာ သေချာနေတာကို။ အဲ့သူတောင်းစား ပြာဖြစ်သွားရင်တောင် ငါသူ့ကို မမှတ်မိဘဲ မနေဘူး”

“သူမဟုတ်ဘူး ဆိုမှတော့ သူမဟုတ်လို့ပဲပေါ့” ယွန်ရွှမ်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ နင်က ဒီလို လုပ်ချင်နေမှတော့လည်း ငါကလည်း ဒီအတိုင်းပဲ ထားလိုက်တော့ပေါ့။ အခြားသူတွေ ဝင်ရှုပ်လွန်းရင် မကောင်းဘူး” ရွမ်ရှင်းယုက မျက်နှာရှစ်ခေါက်ချိုးဖြင့် ရေရွတ်ပြောဆိုလိုက်၏။

ထွက်သွားသော မိန်းကလေး နှစ်ယောက်၏ ကျောပြင်ကို ကြည့်နေရင်း သူ့ကိုယ်သူ အမြန် ပြန်ထိန်းလိုက်ရ၏။ ဤကိစ္စ၌ လွတ်လပ်သော အဖွဲ့အစည်း ဘာကြောင့် ပါနေရလဲ ဆိုသည်ကို မသေချာသော်ငြား သူတော်စင်မနန်ကြောင့် ဖြစ်ရမည်မှန်း ရေးတေးတေးလေး ခန့်မှန်းမိ၏။

“ကောင်းလေ။ မင်းက တကယ်ကို သားဖို့ ကောင်းတဲ့ ကောင်ပဲကွ” ကျန်းအောင်က ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်လျက် “ဘုံးကိုခုထွတ်မြတ်နယ်မြေရဲ့ သမိုင်းမှာ မင်းက သက်တမ်းအတိုဆုံး တော်ဝင်သခင် ဖြစ်တော့မှာပဲ။ တော်ဝင်သခင်တွေက ဘယ်တော့မှ အသက်မရှည်ပေမယ့် မင်းကတော့ အဲ့စံချိန်ကို ဒီနေ့ ချိုးဖျက်ရတော့မယ်”

“အဲ့လိုလား” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်ပြီး “ဒီနေ့ ကျုပ်အသက်ကို ခင်ဗျား ဘယ်လိုယူမလဲ ကျုပ်မြင်ချင်မိသေးသပဗျာ”

ယခုကဲ့သို့ ကူကယ်ရာမဲ့နေသည့် အခြေအနေတွင်ပင် ရန်ကိုင်သည် နည်းနည်းမှ ကြောက်ရွံ့ဟန်မပြ။ ပြန်၍ပင် ခြိမ်းခြောက်နေလိုက်သေရား သူ့ပုံစံနှင့် ပက်သက်ပြီး လူတော်တော်များများ မကျေမနပ် ဖြစ်သွားခဲ့ကြ၏။

ချက်ချင်းဆိုသလို ရန်ကိုင် ခန္ဓာကိုယ်မှ အစစ်အမှန်ချီတို့‌ ပေါက်ကွဲထွက်လာခဲ့ပြီး အရံအတားကို ဖြတ်ကျော်၍ မီတာပေါင်းများစွာ ရှည်လျားသော ရွှေရောင်ဓါးတစ်ချောင်းအဖြစ် ဖွဲ့စည်းသွားခဲ့၏။

ကောင်းကင်နတ်ဘုရားပညာရပ် ကိုးခုအနက်မှ တစ်ခုအပါအဝင် ဖြစ်သော မဟာကောင်းကင်ဓါးပင်။

တစ်ချိန်တည်းတွင် တောင်ထွတ်ကိုးလုံးထဲရှိ တစ်လုံးမှ ဆန်းကြယ်သော စွမ်းအင်တစ်မျိုးမျိုးသည် အိပ်စက်နေသော သားရဲကြီးတစ်ကောင် နိုးထားလာသည့် ပမာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့နှင့်အတူ ပေါက်ကွဲထွက်လာခဲ့လေ၏။

ပေါက်ကွဲထွက်လာသော စွမ်းအင်သည် တောင်ထွတ်ကိုးလုံး စိတ်ဝိဥာဉ်အစီအရင်တစ်လျှောက် စီးဆင်းသွား၍ ရန်ကိုင် ဖန်တီးလိုက်သည့် မဟာ ကောင်းကင်ဓါးနှင့် ပေါင်းစပ်သွားခဲ့၏။

မျက်တောင်တစ်ခတ်အတွင်း မီတာပေါင်းများစွာသာ ရှည်လျားသော မဟာကောင်းကင်ဓါးသည် မီတာ ရာဂဏန်းအထိ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး နောက်ဆုံး ကျန်းအောင်အပေါ် ခုတ်ပိုင်းချလာခဲ့၏။

လေဟာနယ် ပိုင်းဖြတ်ခံသည့်အလား… ထိတ်လန့်ဖွယ်ရာ အဖျက်စွမ်းအင် အရှိန်အဝါ ကျဆင်းလာခဲ့၏။ တောင်ကြီးတစ်လုံးပမာ ကျဆင်းလာသော မဟာကောင်းကင်ဓါးကို မြင်သည်နှင့် လူအုပ်ကြီးထဲရှိ လူပေါင်းများစွားသည် ကြောက်ရွံ့ သွေးပျက် တုန်လှုပ်သွားခဲ့ကြရာ ခုခံမည့် အတွေးကိုပင် မစဉ်းစားနိုင်တော့အောင် ဖြစ်သွားခဲ့ရ၏။

All Chapters