← Chapters

အခန်း (၈၁၆-၈၂၀)

Vol. 33 Ch. 816-820

အခန်း (၈၁၆-၈၂၀)

Vol. 33 Ch. 816-820

အပိုင်း (၈၁၆) ဆင်တူရိုးမှားလေလား

ထို့ပြင် သူတော်စင်မနန်သည် ထိုနှစ်များအတွင်း မြင်မြင်သမျှ သက်ရှိမှန်သမျှကို သတ်ဖြတ်ခဲ့၏။ သို့သော် ယခင်က သူတော်စင်မနန် ဆိုသူသည် ကြင်နာသော စိတ်နှလုံးသားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ယောက်ဟုသာ သူတို့ ကြားဖူးထားခဲ့၏။

ကြားဖူးသည်နှင့် လက်တွေ့နှစ်ယောက်ကြားရှိ ကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလွန်းနေ၏။

ထို့အပြင် လွန်ခဲ့သည့် ရက်များအတွင်း သူတော်စင်မနန် တော်ဝင်နယ်မြေကို တိုက်ခိုက်ခဲ့သည်မှာ အမှန်တရားဖြစ်၏။

ပညာရှင်အချို့ ရန်ကိုင်စကားကြောင့် တွေဝေလာခဲ့၏။ တကယ်တော့ သူတို့လည်း ဘုံကိုးခု ထွတ်မြတ်နယ်မြေနှင့် ရန်သူ ဖြစ်လိုစိတ်မရှိပေ။

“ကောင်လေး၊ မဟုတ်တာတွေ ပြောနေတာ ရပ်တန်းက ရပ်လိုက်ရင် ကောင်းမယ်” ကျန်းအောင်က ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “သူတော်စင်မနန်က သေသွားပြီဟုတ်လား။ ဒါဆိုရင် လူသေက ဘယ်လိုလုပ်ပြီး လူတွေ လိုက်သတ်နေတာလဲ။ ငါတို့တွေကို မင်းပြောတိုင်းယုံမည့် သုံးနှစ်သား ကလေးတွေလို့ ထင်နေတာလား”

“ဟုတ်တယ်။ သူသေသွားတာမှန်ရင် ဘာလို့ လူတွေ လိုက်သတ်နေဦးမှာလဲ”

“ဒါဆိုရင် ကျုပ်ခင်ဗျားတို့ကိုမေးမယ်။ တော်ဝင်နယ်မြေကကော ဘာလို့ ဒီလို ဖြစ်စေချင်မှာလဲ။ အဲ့လိုဖြစ်လိုက်လို့ တော်ဝင်နယ်မြေအတွက် ဘာအကျိုးရှိလို့လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။

ကျန်းအောင် ပါးစပ်ဟလိုက်သော်ငြား မည်သည့် စကားမှ ထွက်မလာနိုင်ခဲ့၏။

ဤနေရာသို့ ရောက်လာသည့် အင်အားစု အများစုသည် သူတော်စင်မနန်ကြောင့် ပျက်စီးဆုံးရှုံး ခဲ့ရသည်များအတွက် အလျော်အစား လာတောင်းခြင်း ဖြစ်ပေ၏။ အမှန်တရားအရ ဆိုပါက တော်ဝင်နယ်မြေကို သုတ်သင်ချင်နေသည်မှာ ကျန်းအောင် ဦးဆောင်သော အင်အားစုသုံးခုသာ ရှိလေ၏။ ထိုအင်အားစုသုံးခုသည် ယခုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တော်ဝင်နယ်မြေကို ရှင်းထုတ်ပစ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

“ကောင်လေး၊ မဟုတ်တရုတ်တွေ တော်လိုက်တော့။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ဒီလူအိုကြီးနဲ့ စကားလာပြောရအောင် မင်းက ဘာကောင်မို့လို့လဲ” ကျန်းအောင်က အထင်အမြင်သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ငါနဲ့စကားပြောဖို့ ထိုက်တန်တဲ့ လူဆိုလို့ ရှုဟွေတစ်ယောက်ပဲ ရှိတယ်။ ရှုဟွေ၊ အသက်ကြီးလာလို့ သူငယ်တွေပြန်ကုန်ပြီလား။ နို့နှံ့တောင်မစင်သေးတဲ့ ကလေးတစ်ယောက်ကို မင်းနေရာမှာ ဝင်စကားပြောခိုင်းတယ်ပေါ့။ တကယ်ကို ရယ်စရာကောင်းလိုက်တာကွာ”

“အရည်အချင်းမရှိဘူး၊ ဟုတ်လား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “အဲ့လိုဆိုရင်တော့ တောင်းပန်ပါတယ်ဗျာ။ ဒီနေရာမှ စကားပြောဖို့ အခွင့်အရေး အရှိဆုံးက ကျုပ်ဖြစ်နေတယ်ဗျ”

“ကျုပ်က ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်အသစ်ပဲ။ ခင်ဗျားနဲ့ စကားပြောဖို့ အရည်အချင်းမရှိဘူးလို့ ပြောချင်သေးလား” ရန်ကိုင်က ကျန်းအောင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။

ထိုစကား ထွက်လာသည်နှင့် အကုန်လုံးသည် ရန်ကိုင်အား မှင်သက်စွာ စိုက်ကြည့်လာခဲ့ကြ၏။

ရှုဟွေနှင့် အခြားတော်ဝင်အကြီးအကဲများပင် ထိတ်လန့်နေခဲ့ကြ၏။ သို့သော် ခဏအကြာ၌ သူတို့၏ အကြည့်များ ဝင်းလက်သွားခဲ့ပြီး ပျော်ရွှင်မြူးထူးစွာဖြင့် ရန်ကိုင်၏ ကျောပြင်ကို စိုက်ကြည့်လိုက်ကြ၏။

သူ့ကိုယ်တိုင် ဝန်ခံခဲ့လေပြီ… သူကိုယ်တိုင် ဝန်ခံခဲ့လေပြီ။

သူသည် တော်ဝင်နယ်မြေ၏ တော်ဝင်သခင်အသစ် ဖြစ်ကြောင်း လူထောင်ပေါင်းများစွာရှေ့၌ ရန်ကိုင်က သူ့ဘာသာ ဖွင့်ဟကြေညာခဲ့၏။

ရှုဟွေမှာ အူတက်အောင်ပင် အော်ရယ်လိုက်ချင်မိ၏။ ယခင်နှစ်အတွင်း ရန်ကိုင် တော်ဝင်နယ်မြေအပေါ် ချစ်ခင် တွယ်တာလာအောင် အသက်ထွက်မတတ် တိုက်တွန်း နှိုးဖော်နေခဲ့သော်ငြား ရန်ကိုင်က တုတ်တုတ်မျှပင် မလှုပ်ခဲ့။ မွန်းစတားမျိုးနွယ်စုမှ ပြန်လာပြီးသည့် အချိန်မှစ၍ တော်ဝင်နယ်မြေအပေါ် ရန်ကိုင်၏ သဘောထား အနည်းငယ် ပြောင်းလဲလာသည်ဟု ရှုဟွေ ခံစားမိသော်ငြား ယခုအချိန် မတိုင်ခင်အထိ အားလုံးသည် လက်ဆုပ်လက်ကိုင် မမိသည့် အခြေအနေတွင်သာ ရှိသေး၏။

သို့သော်လည်း လူပေါင်းများစွာရှေ့၌ ထိုကဲ့သို့ အတိအလင်း ကြေညာလိုက်ပြီးနောက် နောင်အခါ၌ စိတ်ပြောင်းချင်လျှင်ပင် ပြောင်းနိုင်တော့လိမ့်မည် မဟုတ်ပေ။

ယခုမှပဲ တော်ဝင်နယ်မြေမှ ပညာရှင်များအားလုံး စိတ်သက်သာရာ ရနိုင်တော့၏။ ထိုအပူလုံးကြီးနှင့် ယှဉ်လျှင် လက်ရှိယှဉ်ဆိုင်နေရသည့် အခက်အခဲသည် ဘာမှမဟုတ်သည့်အလား။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ အမျိုးသမီး ချောချောလှလှလေး နှစ်ယောက်သား၏ မျက်နှာထက် အပြုံးပန်းများ ဝေဝေဆာဆာ ပွင့်လန်းနေခဲ့လေပြီ။

“တော်ဝင်သခင်အသစ်လား” ကျန်းအောင် အမူအရာ ရုတ်ချည်းဆိုသလို ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်စွာ မျက်လုံးပြူးလျက် စိုက်ကြည့်လိုက်၏။ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း၏ ချောင်ကွမ်၏ မျက်လုံးထဲ အေးစက်စက် အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့၏။

မရဏဂိုဏ်းမှ ဝူကျဲသည် သွားပေါ်အောင်ပြုံးလိုက်ပြီး ကြက်သီးမွှေးညင်းထလောက်ဖွယ်ရာ ရယ်သံကြီးဖြင့် ရယ်မောလျက် သူ့ဘာသာ တိုးတိုးတိုးတိုးဖြင့် ပြောလိုက်၏ “စိတ်ဝင်စားစရာပဲ၊ တော်ဝင်နယ်မြေက ရေမသယ်နိုင်တော့တဲ့ ဝါးခြင်းလို့ပဲ ထင်နေခဲ့တာ… သူတို့မှာ တော်ဝင်သခင်အသစ်တောင် ရှိနေတာပါလား”

ထိုအင်အားစုသုံးခုသည် ထိုမျှများပြားလှသော အကူအညီများကို ခေါ်လာခြင်းသည် တော်ဝင်နယ်မြေကို ဖျက်စီးချင်သည့် အတွက်ကြောင့်သာမက တော်ဝင်နယ်မြေ အမွေအနှစ်များကိုပါ ရယူလိုသည့် အတွက်ကြောင့်ဖြစ်၏။ သူတို့အတွက် အရေးအကြီးဆုံး သည်ကား ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ပင်မ အမွေအနှစ်ပင် ဖြစ်လေ၏။

လူတစ်ယောက်အား သူတော်စင် တတိယအဆင့်သို့ အလွယ်တကူ ချိုးဖျက်ရောက်ရှိစေနိုင်သော အမွေအနှစ်ကို မည်သူက စိတ်မဝင်စားဘဲ နေမည်နည်း။ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ချုပ်ကိုင်၍ အန်လင်းအာကို ဖမ်းဆီပြီး သူတို့ဂိုဏ်းမှ လက်ရွေးစင်တပည့် တစ်ယောက်နှင့် ပေးစားလိုက်ပါက နှစ်အနည်းငယ် အတွင်း၌ အထွဋ်အထိပ် ပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။

ထိုအချိန်ကျ သူတို့ အင်အားစုများသည် ဘုံကိုးခု ထွတ်မြတ်နယ်မြေအောက် အားမနည်းသော အင်အားစုများ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင် ထိုကဲ့သို့ ပြောလာသည်ကို ကြားလိုက်သည်နှင့် ကျန်းအောင်နှင့် ချောင်ကွမ်တို့ နှစ်ယောက်စလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကာ ဒေါသပုန်ထသွားခဲ့ခြင်း ဖြစ်၏။ သူတို့ တန်ဖိုးထား၊ လိုချင်နေသော ရတနာသည် မျက်စိရှေ့၌ပင် တစ်ပါးသူ၏ လုယူခြင်း ခံလိုက်ရ၏။

“ရှုဟွေ၊ သူပြေတာ… အမှန်ပဲလား” ကျန်အောင်းက သုန်သုန်မှုန်မှုန် အမူအရာဖြင့် မေးလိုက်၏။

ရှုဟွေက ရှေ့တစ်လှမ်းတက်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ကြေညာပြောဆိုလိုက်၏ “ဟုတ်တယ်။ နှစ်ဝက်လောက်ကတည်းက တော်ဝင်နယ်မြေမှာ တော်ဝင်သခင်သစ် ရှိနေတာ။ ဒါပေမယ့် ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတော့ လူသိထင်ရှား မကြေညာဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ပါဘူးလေ”

သူပြောသည်ကို နားထောင်ပြီး ကျန်းအောင် စိတ်ဓါတ်ကျသွားခဲ့ရ၏။

သူ့၏ အကြီးမားဆုံးသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် လုပ်နိုင်တော့မည် မဟုတ်ချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ထိုဆန်းကြယ်သော အမွေအနှစ်ကို ရတော့လိမ့်မည် မဟုတ်ပေ။

သူ့တွဲဖက် စိတ်ဓါတ်ကျသွားသည်ကို မြင်သော် ချောင်းကွမ်က ကောင်းကင်စိတ်အာရုံဖြင့် တစ်ခုခု ပြောလိုက်ရာ ချက်ချင်းဆိုသလို ကျန်းအောင်၏ အကြည့် ဝင်းပလာခဲ့ပြီး ရန်ကိုင်အား သားတစ်ကောင်ကို စိုက်ကြည့်သလို စိုက်ကြည့်လာခဲ့၏။

ရည်ရွယ်ချက် အသစ်တွေ့သွားသည့်ပုံပင်။ ရန်ကိုင်နှင့် အန်လင်းအာတို့ နှစ်ယောက်စလုံးကိုသာ ဖမ်းလိုက်နိုင်သရွေ့ ဆန်းကြယ်သော အမွေအနှစ်သည် သူတို့လက်ထဲ ရောက်လာပေလိမ့်မည်။

လူအုပ်ကြီးထဲရှိ လူများစွာတို့သည် တစ်ယောက်နှင့် တစ်ယောက် တိုးတိုးတိုးတိုး ပြောနေခဲ့ကြ၏။ လူငယ် များစွာသည် ရန်ကိုင်အား မနာလိုစွာ စိုက်ကြည့်နေကြ၏။ တော်ဝင်နယ်မြေ ဖြစ်လာခြင်းသည် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားခြင်း မည်ပေသည် မဟုတ်လေလော။ မိမိယခင်က ဘာဖြစ်ခဲ့ပါ၊ မည်မျှ ဆိုးရွားသော အရည်အချင်းကို ပိုင်ဆိုင်ထားပါစေ၊ တော်ဝင်သခင် ဖြစ်လာသည်နှင့် လောကကြီးတစ်ခုလုံးကို စီးမိုးငုံ့ကြည့်နိုင်သည့် ပညာရှင်တစ်ယောက် ဖြစ်လာမည်မှာ မလွဲမသွေပင်။

မနာလိုမှုသည် တစ်စတစ်စနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ နောက်ဆုံး လူငယ်များစွာတို့သည် ရန်ကိုင်အား အမုန်းတရားအပြည့်ဖြင့် စိုက်ကြည့် လာခဲ့ကြလေပြီ။

ရှေ့တန်းအင်အားစုများမှ ကီလိုမီတာ အနည်းငယ် အကွာ၌၊ မိန်းမငယ်လေးနှစ်ယောက်သည် ရန်ကိုင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြ၏။ တစ်ယောက်သည် မယုံသင်္ကာဖြင့် စိုက်ကြည့်နေချိန် အခြားတစ်ယောက်၏ အသက်ရှုသံသည် အနည်းငယ် မြန်ဆန်လာခဲ့ပြီး သူမ၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။

“ဟေး၊ ယွန်ရွှမ်၊ ငါပဲ အမြင်မှားနေတာလား။ ဒီတော်ဝင်သခင်အသစ်ကပဲ ငါတိုသိတဲ့ လူတစ်ယောက်နဲ့ တူနေတာလား” လွတ်လပ်သော အဖွဲ့အစည်း၏ ရွမ်ရှင်းယုက ယွန်ရွှမ်အား မေးလိုက်၏ “ကြည့်ကြည့်၊ သူနဲ့ဟိုတစ်ကောင်က တော်တော်လေး တူတယ်မလား”

“တူတော့တူတယ်၊ သူတော့ မဟုတ်လောက်ဘူး” ယွန်ရွှမ်က သူမ၏ နှုတ်ခမ်းလေးကို အသာအယာ ကိုက်လိုက်ပြီး “အဲ့ကတည်းက သူသေသွားခဲ့တာလေ…”

“သူသေတာကို ဘယ်သူမြင်လို့လဲ” ရွမ်ရှင်းယုက မျက်မှောင်ကြုံ့လိုက်ပြီး “သူခေါ်သွားခံရတာကိုပဲ မြင်လိုက်တာလေ”

“ဒါပေမယ့်… သူမသေရင် ဘာလို့ ငါ့ကို မဆက်သွယ်တာလဲ” ယွမ်ရွှမ် စိတ်ညစ်နေခဲ့၏။ သူမစိတ်ထဲ အမြဲတမ်း တောင့်တသတိရနေရသော လူငယ်လေးနှင့် တော်ဝင်သခင်သစ်၏ ပုံပန်းသွင်ပြင်သည် လုံးဝကို ထပ်တူညီနေခဲ့၏။

အသက်ပင် ကောင်းကောင်း မရှုနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာရင်း တွေးလိုက်မိ၏… သူမဖြစ်နိုင်လောက်ဘူးမလား…

ကီလိုမီတာ အနည်းငယ် ကွာဝေးနေသဖြင့် ယွန်ရွှမ်သည် တော်ဝင်သခင်သစ်ကို သေသေချာချာ မမြင်ရချေ။ ထို့ကြောင့် ထိုတော်ဝင်သခင်သစ်သည် သူမ သိသောလူ ဟုတ်၊ မဟုတ် မသေချာပေ။

ရွမ်ရှင်းယုကမူ အေးစက်စက် မျက်နှာထားဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “အဲ့ကောင်က အရမ်းကို မိန်းမပွေတာပဲ။ နင်နဲ့ကစားပြီးတာနဲ့ နင့်ဘက်ကနေ နည်းနည်းလေးတောင် တွေးမပေးဘူး။ ထားပြီး ပစ်သွားတော့တာပဲ။ သူအသက်ရှင်နေသေးရင် နင့်ကို ဘာလို့ လာပြန်မရှာတာလဲ မသိဘူး”

“အကျယ်ကြီး မပြောနဲ့” ယွန်ရွှမ်က သူမပါးစပ်ကို အလျင်စလို လှမ်းအုပ်လိုက်၏။ အနီးအနားတွင် ရပ်နေသော သက်လတ်ပိုင်းလူကြီး နှစ်ဦးကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ရင်း လေသံကိုနှိမ့်၍ တိုးတိုးလေး ပြောလိုက်၏ “ငါ့အဖေမကြားစေနဲ့။ အဲ့အကြောင်းကို သူမသိသေးဘူး”

ရွမ်ရှင်းယု၏ သူမ၏ နှုတ်ခမ်းကို ကွေးလိုက်ပြီး “အဲ့လူက သူဆိုတာ ကျိန်းသေတယ်။ ဒီလောက်တူတဲ့ လူနှစ်ယောက် တစ်မိုးအောက်ထဲမှာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ အမွှာသာ မဟုတ်သရွေ့ပေါ့။ သူက နင့်အပေါ် နည်းနည်းလေးတောင် ဂရုစိုက်တာမဟုတ်ဘူး။ အဲ့ဒါကို ဘာလို့ သူ့ဘက် ခံပြောပေးနေရသေးတာလဲ”

“ငါသူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး…” ယွမ်ရွှမ်က ရန်ကိုင်အား နောက်တစ်ကြိမ် ပြန်ကြည့်လိုက်၏။ သို့သော် ကြည့်လေကြည့်လေ၊ သူ့ဆီမှ အကြည့်မခွာနိုင်အောင် ဖြစ်လာလေ ဖြစ်နေခဲ့၏။

ပုံစံရော၊ အသံရော၊ အပြုအမူများက သူမမှတ်ဥာဏ်ထဲရှိ လူနှင့် ချွတ်စွပ်တူနေခဲ့၏။ ထို့ကြောင့် သူမနှလုံးသားလေးထဲ ဝမ်းနည်းမှု၊ မျှော်လင့်မှု၊ ပျော်ရွှင်မှု၊ ပူဆွေးသောကတို့ ပြည့်နှက်လာခဲ့ရ၏။

“ငါနဲ့လိုက်ပြီး သူဟုတ်မဟုတ် သွားအတည်ပြုရဲလား” ရွမ်ရှင်းယုမှာ သူမမိတ်ဆွေအတွက် မကျေမနပ် ဖြစ်လာသဖြင့် ရုတ်တရက် ကမ်းလှမ်းလိုက်၏ “အနီးကပ် သွားကြည့်ရင် သူဟုတ်မဟုတ် သိလိမ့်မယ်”

“အခုလား”

“ဟုတ်တယ်၊ အခုပဲ” ပြောပြီးသည်နှင့် ရွမ်းရှင်းယုက ယွမ်ရွှမ်၏ လက်မောင်းကို ဆွဲကာ ခေါ်သွားလိုက်လေ၏။

“ရျွမ်အာ…” လွတ်လပ်သော အဖွဲ့အစည်း ခေါင်းဆောင်က ယွန်ချုန်က ရုတ်တရက် လှမ်းအော်မေးလိုက်၏ “သမီးဘယ်သွားမလို့လဲ”

“အဖွဲ့အစည်းခေါင်းဆောင်၊ အရှေ့တိုပြီး သွားကြည့်မလို့။ ခဏကြာရင် ပြန်လာခဲ့မယ်” ရွှမ်ရှင်းယုက ဝင်ဖြေလိုက်ပြီး အလျင်အမြန် ပျံသန်းထွက်သွားလေ၏။

ယွန်ချုန်က ခေါင်းခါရမ်းရင်း သူ့ဘေးတွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ မေးလိုက်၏ “ကျိရန်၊ အဲ့တော်ဝင်သခင်အသစ် ဆိုတဲ့လူကို မင်းစိုက်ကြည့်နေတာ တော်တော်ကြာနေပြီ။ မင်းတစ်ခုခု သတိပြုမိလို့လား”

ထိုစကားကို ကြားသည်နှင့် ကျိရန်က အမြန် ပြန်ပြောလိုက်၏ “အဖွဲ့အစည်းခေါင်းဆောင်၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ်ပြောခဲ့တဲ့ မတော်တဆ ဖြစ်ရပ်ကို မှတ်မိသေးလား”

“လွတ်ခဲ့တဲ့နှစ်တွေတုန်းကလား”

“တောင်ကျွမ်းမီးတောက်မြို့တော် ဖျက်စီးခံခဲ့ရတဲ့ နှစ်လေ။ အဖွဲ့အစည်းခေါင်းဆောင်နှင့် သခင်မလေးတို့ ပြန်တွေ့တဲ့နှစ်ပေါ့” ကျိရန်က ပြောလိုက်၏။

“အဲ့ကိစ္စလား။ မှတ်မိာတာပေါ့” ယွန်ချုန်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။ သူတို့ပိုင်နက် အတွင်းရှိ မြို့တစ်မြို့ ဖျက်စီးခံလိုက်ရသဖြင့် လွတ်လပ်သော အဖွဲ့အစည်းလည်း အတော်းလေးကို ထိခိုက်နစ်နာသွားခဲ့ရ၏။ ထိုအကြောင်း ပြန်တွေးလိုက်တိုင်း ယွန်ချုန် စိတ်နာမိ၏။ တစ်ခုတည်းသော ပျော်စရာဆို၍ သူ့နှင့် စကားပြောရန် အမြဲငြင်းနေသော သူ့သမလေး အိမ်ပြန်လာခဲ့ခြင်းပင်။

ကျိရန်သည် လောင်ကျွမ်းမြို့သခင်ဖြစ်ပြီး ထိုအခါက မြို့တော်ဖျက်စီးခံခဲ့ရသည့်အကြောင်း သတင်းပြန်ပို့ရင်း ယွန်ရွှမ်ကို လွတ်လပ်သောအဖွဲ့အစည်းဆီ လိုက်ပါ စောင့်ရှောက် ပြန်ပို့ပေးခဲ့သူဖြစ်၏။

“အဲ့ကိစ္စကို အခုမှာ ဘာလို့ လာပြောနေတာလဲ” ယွန်ချုန်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်၏။

ကျိရန်က ရန်ကိုင်ကို တစ်ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် တိုးတိုးလေး ပြောလိုက်၏ “အဖွဲ့အစည်းခေါင်းဆောင်၊ ကျုပ်ထင်တာသာ မမှားရင် ဘုံးကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်အသစ်က အလောင်းသယ်စီနီယာကြီး ခေါ်သွားတာ ခံရတဲ့ လူငယ်လေးပဲ”

“ဘာ” ယွန်ချုန် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “မင်းသေချာလား”

ကျိရန်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်ပြီး “လုံးဝကို သေချာတယ်။ ဘာလို့လဲဆိုတော့ လောင်ကျွမ်းမြို့တော်ဆီ သူရောက်လာတုန်းက ကျုပ်လည်း သူ့ကို မြင်ခဲ့တယ်လေ။ သူ့ရုပ်ကို သေသေချာချာကို မှတ်မိနေတာ။ သခင်မလေးလည်း တစ်ခုခုကို သတိပြုမိလို့ ရှေ့တက်ပြီး သွားကြည့်ဖို့ လုပ်နေတာ ဖြစ်လိမ့်မယ်”

“သူသေသွားတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား” လက်ရှိ ကိစ္စ မည်မျှ လေးနက် အရေးကြီးကြောင်းကို ယွန်ချုန် ချက်ချင်း နားလည်လိုက်၏။ ဤကိစ္စသည် အလောင်းသယ် လူကြီးနှင့် ဆက်စပ်နေသည့်အတွက် သလင်းသာ ပေါက်ကြားသွားခဲ့ပါက လောကကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ပေလိမ့်မည်။

အလောင်းသယ်လူကြီး တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာနေခဲ့လေပြီ။ အားလုံးသည် အလောင်းသယ်လူကြီး၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်သော်ငြား သူပုန်းနေသည့် နေရာကို ရှာမတွေ့သဖြင့် မည်သူမှ မအောင်မြင်ခဲ့ချေ။

တော်ဝင်သခင်သစ်သာ အလောင်းသယ်လူကြီး ဖမ်းခေါ်သွားသည့် လူငယ်လေးဖြစ်နေပါက အလောင်းသယ်လူကြီး မည်သည့် နေရာ၌ ပုန်းအောင်းနေလဲ ဆိုသည်ကို သူကျိန်းသေ သိရပေမည်။

“ငါတို့အားလုံး သူသေပြီလို့ ထင်နေတာ။ အခုတော့ သူက မသေတဲ့အပြင် ဘုံးကိုခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်သစ်တောင် ဖြစ်နေလိုက်သေးတယ်”

ထိုအကြောင်း ပြောလိုက်စဉ် ယွန်ချုန် မျက်နှာ ရှုံ့မဲ့သွားခဲ့၏။

တကယ်တော့ တော်ဝင်သခင်သစ်ဆိုသူသည် လွတ်လပ်သော အဖွဲ့အစည်း၏ တပည့်ဖြစ်လုနီးပါး ဖြစ်ခဲ့သူတစ်ယောက် မဟုတ်ပေလော။

“ဒါပေမယ့်… သူ့ခွန်အားက ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာရတာလဲ” ကျိရန် ကြက်သေသေသွားခဲ့၏ “ကျုပ်သူ့ကို တွေ့တုန်းက သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၈) ဂျူနီယာလေး တစ်ယောက်ပဲ ရှိသေးတာ။ အခု လေးငါးနှစ်လောက်ပဲ ကြာသေးတယ်… ကျုပ်နဲ့အဆင့်တူ မသေမျိုး ဒုတိယ အဆင့်ကို ရောက်နေပြီ။ ဘယ်လိုတွေတောင် လေ့ကျင့်နေခဲ့တာလဲ မသိဘူး။ သခင်မလေး သူ့ကို ကြိုက်တာလည်း မထူးဆန်းတော့ပါဘူးလေ”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၇) ကောင်းလေး၊ မင်းက တကယ်သနားစရာ ကောင်းတဲ့ကောင်ပဲ

“မင်းပြောတာ ရွှမ်းအာက…” ထိုစကားကို ကြားသော် ယွန်ချုန် အတွေးနက်သွားခဲ့ပြီး “သူနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာလား”

ကျိရန်က အနည်းငယ် ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလိုက်ပြီး “ဟုတ်တယ်။ အဲ့တုန်းက ကျုပ်လေ့လာခဲ့ရသလောက်ပေါ့။ ဒါပေမယ့် သူအသက်ရှင်နေဦးမယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ ကျုပ်ရဲ့ ပေါ့လျော့မှုအတွက် အပြစ်ပေးပါ အဖွဲ့အစည်း ခေါင်းဆောင်”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၈) စိတ်ရှိတိုင်း ပြုမူခြင်း

ကောင်းကင်ဓါးပေါ်လာသည်ကို မြင်သော်ငြား ကျန်းအောင် ဂရုမစိုက်။ တကယ်တော့ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူ့ထက် အများကြီး နိမ့်ကျသည့် အပြင် တောင်ထွတ်ကိုးလုံး အရံအတားအတွင်းမှ အသုံးပြုနေခြင်း မဟုတ်ပေလော။ ထိုတိုက်ခိုက်မှုသည် သူကဲ့သို့ သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက်အား ခြိမ်းခြောက်ခြင်းငှာ မည်သို့မှ မစွမ်းနိုင်ရာ။

သို့သော်လည်း ထိုဓါး တဖြည်းဖြည်း ကြီးမားလာသည့် အချိန်တွင်မူ အန္တရာယ် တစ်စွန်းတစ်စကို စတင် အာရုံခံမိလာ၏။

ထို့နောက် ချက်ချင်းဆိုသလို မဟာကောင်းကင်ဓါးက စွမ်းအားသည် ရှိရင်းစွဲထက် အဆပေါင်းများစွာ ပိုမို မြင့်မားလာခဲ့လေ၏။ ထိုတိုက်ခိုက်မှုကိုမူ ကျန်းအောင် လျစ်လျူမရှုဝံ့တော့။

မာန်သွင်းအော်ဟစ်လျက် တန်ပြန် တိုက်ခိုက်လိုက်၏။

ဘုန်း…

ဓါးသွား ကျရောက်သွားသည့်အခိုက် ရွှေရောင် အလင်းတန်းတို့ တဖျတ်ဖျတ် လင်းလက်ပေါက်ကွဲ ထွက်လာခဲ့ရာ အကုန်းလုံး အမြင်စူးသွားခဲ့ရ၏။ ကျန်းအောင် ကဲ့သို့သော လူပင်လျှင် ထိုဓါးချက်ကြောင့် ကောင်းကင်ပေါ်သို့ လွင့်ပျံထွက်လုနီးပါး ဖြစ်သွားခဲ့ရ၏။

သူ့ဘေးနားတွင် ရှိနေသော ကြယ်ရောင်ဖြာ ဂိုဏ်းသားများမှာမူ အော်ချိန်ပင် မရလိုက်ပဲ လေထဲ အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့ရ၏။ ပြာမှုန်များပင် မကျန်ရစ်ခဲ့။ ရိုးရိုးရှင်းရှင်း လေထဲ ပျောက်ကွယ်သွားသည့်အလား။

ထိုအခြင်းအရာကို မြင်သည်နှင့် အကုန်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ကြ၏။

ပြန်လည်ရင်းနှီးသင့်မြတ်မည့် ကိစ္စအကြောင်း ယခုလေးတင် ပြောဆိုနေသော တော်ဝင်သခင်သစ်သည် မပြောမဆိုနှင့် ဗြုန်းစားကြီး ထတိုက်ခိုက်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

အေးစက်၊ ရက်စက်ကြီး နည်းနည်းလေးမျှပင် မတုန့်ဆိုင်းတတ်ပေ။

တော်ဝင်သခင်သည် မျက်နှာပြောင်း အရမ်းကိုမှ မြန်လှ၏။

ကြယ်ရောင်ဖြာနန်းတော်၏ တပည့်များဆီမှ ဒေါသတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့၏။ သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများ အသတ်ခံလိုက်ရသည်ကို မြင်သော် အသက်ရှင်ကျန်ရစ်သည်များ၏ မျက်လုံးများ သွေးရောင်ရဲတက်လာခဲ့ပြီး ရန်ကိုင်အား မုန်းမုန်းတီးတီး ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းနှင့် မရဂိုဏ်းမှ ကျင့်ကြံသူများသည် မဟာကောင်းကင်ဓါးထဲ ကိန်းအောင်း ပါဝင်နေသော အဖျက်စွမ်းအားကို ခံစားမိသော် အလျင်စလို နောက်ပြန်ဆုတ်ခဲ့ကြ၏။ ဓါး၏ အဖျက်စွမ်းအားကို မြင်တွေ့ပြီးနောက် အကုန်လုံး ကတုန်ကရင် ဖြစ်သွားခဲ့ပြီး အလျင်စလို အကာအကွယ် လိုက်ရှာတော့လေ၏။

တောင်ထွတ်ကိုးလုံး အရံအတားအပြင်ဘက်ရှိ ကြီးကျယ်များပြလှသော လူစုလူဝေးကြီး တစ်အုပ်ကြီး ဝရုန်းသုန်းကား ဖြစ်ကုန်လေပြီ။

ဂိုဏ်းသုံးဦးဂိုဏ်း၏ စည်းရုံးမှုကြောင့် ရောက်ရှိလာသော အဖွဲ့အစည်းများမှာမူ ထိုတိုက်ခိုက်မှုကို မြင်တွေ့ပြီးသည့်နောက် အလျင်စလို နောက်ဆုတ် လိုက်ကြ၏။ ရန်ကိုင်၏ တိုက်ခိုက်မှုသည် ကျန်းအောင် အပေါ်တွင်သာ လုံးလုံး ဦးတည်ထားသဖြင့် သူတို့အား များများစားစား မထိခိုက်ခဲ့ချေ။

ယခုအချိန်၌ အကုန်လုံးသည် တော်ဝင်နယ်မြေကို တကယ်ပဲ ဆက်ပြီး တိုက်ခိုက်ရမလား၊ မတိုက်ခိုက်ရ ဘူးလား မသဲမကွဲ ဖြစ်လာခဲ့လေပြီ။

တောတွင်းဥပဒေသည်သာ ဤလောကကြီး စတင် ဖြစ်တည်လာကတည်းက မပြောင်းမလဲ တည်ရှိခဲ့သော အမှန်တရားဖြစ်၏။ ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ ယခင်မျိုးဆက် သူတော်စင်မသည် လူပေါင်းများစွာကို မညှာမတာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး နေရာတိုင်း၌ မွှေနှောက်သောင်းကျန်ခဲ့သည်မှာ အမှန်ဖြစ်၏။ သို့သော် တော်ဝင်နယ်မြေမှ လူများသည် အမှန်တရားကို ပြောနေလျှင်ပင် တကယ်တမ်း သူတို့နှင့် ဘာဆိုဘာမှ မသက်ဆိုင်ချေ။ ထို့အပြင် တော်ဝင်နယ်မြေသည် ထိုကပ်ဆိုး၏ သားကောင် ဖြစ်ခဲ့ရသူများအတွက် အလျော်ပြန်ပေးမည်ဟု လူသိရှင်ကြားပင် ကြေညာနေသေး၏။

ထိုကိစ္စအား တာဝန်ခံရသည့် သတ္တိနှင့်ပင် တော်ဝင်နယ်မြေသည် လေးစားထိုက်ပေ၏။ ဤလောကကြီး၌ ကိုယ့်အမှားကိုယ် ဝန်ခံရဲသည် အင်အားစုသည် အနည်းငယ်သာ ရှိပေသည် မဟုတ်လော။ အခြားအင်အားစုကြီး တစ်ခုသာဆိုပါက် မသိချင်ယောင် ဆောင်၍ ရောက်လာသူများကို ပြန်မောင်းလွှတ် ပေလိမ့်မည်။

ယခု ပြန်ဆုတ်သင့်ပြီဟု အင်အားစု တော်တော်များများ တွေးနေကြလေပြီ။ ပြန်ဆုတ်၍ မည်သည့် ဆုံးရှုံးမှုမှ မကြုံတွေ့နိုင်ရုံမက အလျော်အစာလည်း ရနိုင်သေး၏။ ထို့အပြင် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ချေလည်း ရှိသေး၏။

ချက်ချင်းဆိုသလို လူပေါင်းများစွာတို့ တုန့်ဆိုင်း၊ တွေဝေလာခဲ့ကြ၏။

ကျန်းအောင်၊ ချောင်ကွမ်၊ ဝူကျဲနှင့် ဂိုဏ်းသုံးဂိုဏ်းမှ အခြားပညာရှင်များကမူ လုံးဝကို အကြပ်ရိုက်နေခဲ့ကြ၏။ ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်သည် သူတို့အားလုံး လုံးဝကို ပျာယာခတ်သွားစေခဲ့လေ၏။

မသေမျိုး ဒုတိယအဆင့်လေးသာ ရှိသေးသော ရန်ကိုင်သည် ထိုမျှအားကောင်းလှသော တိုက်ကွက်ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

ယခုလေးတင် ရန်ကိုင် ထုတ်ဖော်လိုက်သည့် ဓါးချက်သည် သူတော်စင် ပထမအဆင့် အထွဋ်အထိပ် ပညာရှင် တစ်ယောက်၏ အားကုန်သုံး တိုက်ခိုက်မှုနှင့် တူညီပေ၏။ ကျန်းအောင်သည် ခုခံနိုင်ခဲ့သော်ငြား ထိုတိုက်ခိုက်မှုကြောင့် သူ့လက်နှစ်ဖက်စလုံး ထုံကျင်သွားခဲ့ရ၏။ မျက်နှာတစ်ပြင်လုံး နီးမြန်သွားခဲ့ရသဖြင့် ထိုတိုက်ခိုက်မှုမှ အသာအယာ မရှောင်ရှားနိုင်ခဲ့သည့်ပုံပင်။

သူတော်စင်အဆင့် ပညာရှင်များပင်လျှင် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်မရင်ဆိုင်ရဲချေ။

ကြယ်ရောင်ဖြာနန်းတော်သားများ စုဝေးနေရာ၌ မိုးမြေစွမ်းအင်တို့သည် မုန်းတိုင်းတစ်ခုသဖွယ် သိပ်သည်းလာခဲ့၍ ချက်ချင်းဆိုသလို ဧရာမလက်ဝါးကြီး တစ်ဖက် အားလုံးထက် ထွက်ပေါ်လာခဲ့၏။

တောင်ထွတ်ကိုးလုံးထဲရှိ နောက်တစ်လုံးဆီမှ ထူးခြားဆန်းကြယ်သည့် စွမ်းအင်များ တရဟော ထွက်ပေါ်လာခဲ့ပြီး ထိုစွမ်းအား၏ အကူအညီဖြင့် ဧရာမ လက်ဝါးကြီးသည် ယခင်ထက် အဆပေါင်းများစွာ ပို၍ အားကောင်းလာခဲ့လေ၏။ ယခုဆိုလျှင် ဧရာမလက်ဝါးသည် အလင်းရောင်ကိုပင် မမြင်ရသည်အထိ ကောင်းကင်တစ်ခုလုံးကို လွှမ်းအုပ်ထားနေခဲ့လေပြီ။

မဟာကောင်းကင်ဖုံးလက်… ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်လွှမ်းခြုံမည့် လက်ပင်တည်း။

နောက်ဆုံး ကျန်းအောင် အသိပြန်ဝင်လာခဲ့၏။ အသိပြန်ဝင်လာသည်နှင့် ချက်ချင်းဆိုသလို သူ့လက်နက်ကို အသည်းအသန်ထုတ်၍ အခြား သူတော်စင်အဆင့် ပညာရှင်များနှင့်အတူ ထိုဧရာမ လက်ကြီးကို ပူးပေါင်း တိုက်ခိုက်ကြတော့လေ၏။

ရွှစ်… ရွှစ်…

အလင်းနှစ်ခုသည် လျှပ်စီးတန်းနှစ်စင်းပမာ ကောင်းကင်ပေါ်သို့ ပျံတက်ကာ ဧရာမလက်ဝါးကြီးကို ထိုးဖောက်သွားခဲ့၏။ ထိုတိုက်ခိုက်မှုနှစ်ခုကြောင့် လက်ဝါးအရှိန်မျာ သိသိသာသာကို လျော့နည်း သွားခဲ့ရသော်ငြား အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေး။

ဘုန်း…

မြေပြင်တစ်ခွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး တောင်ထွတ်ကိုးလုံး အရံအတား အပြင်ဘက်ရှိ မြေပြင်ထက် မီတာထောင်ပေါင်းများစွာမက ကြီးမားသော ဧရာမလက်ဝါးရာကြီး ထင်ကျန်ရစ်သွားခဲ့၏။

လက်ဝါးချက်အား မရှောင်တိမ်းနိုင်ခဲ့သော ကံဆိုးလှသူ ကြယ်ရောင်ဖြာနန်းတော်သားများသည် အသားပုံအဖြစ် စိစိညက်ညက်ကြအောင် ဖိချခံခဲ့ရ၏။ အသေဆိုးနှင့် သေခဲ့ရကာ ယခု လေထုတစ်ခုလုံး သွေးနံ့တို့ဖြင့် ပြည့်နေခဲ့လေပြီ။

“ရက်စက်လိုက်တာ” ကီလိုမီတာ အနည်းငယ် အကွာ၌ ရှိနေသော ယွန်ချုန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အလန့်တကြား အော်ပြောမိလိုက်၏။

“ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား” ရန်ကိုင် ထုတ်ဖော်လိုက်သည့် စွမ်းအားကို မြင်ရုံဖြင့်ပင်လျှင် ကျိရန် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရ၏။ ရန်ကိုင် ကျင့်ကြံခြင်းသည် သူနှင့် အဆင့်တူနေခဲ့လေပြီ။ သူထုတ်ဖော်လိုက်သည့် တိုက်ခိုက်မှု နှစ်ခုလုံးသည် သူ့အဆင့် ကျင့်ကြံသူများ တောင့်ခံနိုင်သည့် အဆင့်မဟုတ်။

သူသာ ထိုနေရာတွင် ရပ်နေခဲ့ပါက တိုက်ခိုက်မှုကြောင့် မသေလျှင်ပင် ကျိုးကန်းကာ ဒုက္ခတိ လုံးလုံးဖြစ်သွားလိမ့်မည်ဟု ကျိရန် သူ့ဘာသာ တွေးလိုက်၏။

“တောင်ထွတ်ကိုးလုံး အစီအရင်က စွမ်းအားတွေကို ဆွဲယူပြီး သူ့တိုက်ကွက်ရဲ့ ခွန်အားကို အဆပေါင်းများစွာ မြှင့်တင်လိုက်တာပဲ” တစ်ချက်ကြည့်ရုံဖြင့် ရန်ကိုင် လှည့်ကွက်ကို ယွန်ချုန် တန်းမြင်လိုက်၏။ ရန်ကိုင်သည် နှစ်ကြိမ်သာ တိုက်ခိုက်ခဲ့သော်လည်း သူတစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း တောင်ထွတ်ကိုးလုံးထဲရှိ တောင်တစ်လုံးစီမှ များပြားလှသော ထူးခြား ဆန်းကြယ်သည့် စွမ်းအင်တို့ ပေါက်ကွဲလာခဲ့၏။ ထိုအခြင်းအရာကို ယွန်ချုန် မမြင်ဘဲ နေမည်လား။ အသာအယာ သက်ပြင်းချလျက် စိတ်ဓါတ်ကနေသည့် လေသံဖြင့် “ငါတို့ လွတ်လပ်သော အဖွဲ့အစည်းက ဒီအရှုပ်အရှင်းထဲ ဝင်ပါဖို့ အရည်အချင်း မပြည့်မှီဘူးနဲ့ တူပါတယ်ကွာ”

လွတ်လပ်သော အဖွဲ့အစည်းတွင် တပည့်ပေါင်း များစွာ ရှိသော်ငြား အဆင့်မြင့်ပညာရှင် အနည်းငယ်သာ ရှိလေ၏။ ထို့အပြင် သူတို့၌ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိချေ။ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါ ယွန်ချုန် အနည်းငယ် နာကျည်း စိတ်ချဉ်ပေါက်မိသလို ယခုထက် လက်ရှိထက် ပို၍ သန်မာလာချင်မိသွား၏။

“ဘာတွေရပ်လုပ်နေတာလဲ။ အရံအတားကို မြန်မြန် ဖျက်စီးလေ” သူ့ရှေ့တည့်တည့်၌ပင် သူ့ဂိုဏ်းမှ တပည့်များစွာ အသတ်ခံရ၊ ဒဏ်ရာရခဲ့ရသည်ကို မြင်သော် ကျန်းအောင် ဒေါသအမျက်ချောင်းချောင်း ထသွားခဲ့၏။

ကျန်းအောင်၏ အော်သံကို ကြားမှပဲ ကြယ်ရောင်ဖြာ နန်းတော်မှ သူတော်စင်အဆင့် ပညာရှင်များ အသိ ပြန်ဝင်လာကြပြီး လက်နက်များကို ထုတ်ယူလျက် တောင်ထွတ်ကိုးလုံး အရံအတားအား ကမန်းကတန်း တိုက်ခိုက်ကြတော့လေ၏။

တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းမှ ချောင်ကွမ်လည်း ယခုမှပင် အသိပြန်ဝင်လာခဲ့၏။ ကြောက်စိတ်ကို ခဏ ဘေးဖယ်ထားလိုက်ပြီး လက်ရှိ ကပ်ဘေးကို အမြန် ဖြေရှင်းရန် ကြိုးစားတော့လေ၏။

ရန်ကိုင်ကမူ ရူးသွပ်စွာ ရယ်မောရင်းဖြင့်သာ အရံအတား အစွန်ဖျားပိုင်းရပ်လျက် ကောင်းကင် နတ်ဘုရား ပညာရပ်များကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ထုတ်ဖော်နေခဲ့၏။

တောင်ထွတ်တစ်လုံးပြီးတစ်လုံးမှ များပြားလှသော စွမ်းအင်တို့ တရစပ် ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်၏ တိုက်ခိုက်မှုများကို အဆက်မပြတ် အဆင့်မြှင့်တင် ပေးနေခဲ့၏။

ထိုမျှ ထိတ်လန့်ဖွယ်ရာ စွမ်းအားမျိုးသူ့ သူ့တစ်သက်တာ တစ်ကြိမ်တစ်ခါမှပင် မထုတ်ဖော်ခဲ့ဖူးချေ။ တောင်ထွတ်ကိုးလုံး အစီအရင်၏ အားဖြည့်ပေးမှုကြောင့် သူ့တိုက်ခိုက်မှုများ မည်မျှ ကြောက်မက်ဖွယ် ကောင်းလာသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့လေပြီ။

သူ့တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းသည် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် တူညီနေသေး၏။

တစ်ဖက်လူများအား မျက်နှာပျက်အောင် လုပ်ပြီးသွားပြီ ဖြစ်လေရာ ရန်ကိုင်လည်း နည်းနည်းမှပင် ခွန်အား ထိန်ချန်ထားခြင်း မပြုတော့ဘဲ စိတ်ရှိလက်ရှိ တိုက်ခိုက်နေတော့လေ၏။

မဟာကောင်းကင်ဓါး၊ ကောင်းကင်ဖုံးလက်… ပြီးသည့်နောက် ကောင်းကင်အပြစ်ပေးလှံတံ၊ ကောင်းကင်ဖမ်းပိုက်၊ မဟာကောင်းကင်အချုပ်အနှောင် စသည့် ပညာရပ်များကို တစ်ခဏအတွင်း အဆက်မပြတ် ထုတ်သုံးသွားခဲ့၏။

ထို့အပြင် ယန်အရည်စက်များစွာကို သုံး၍ မဟာကောင်းကင်ဒိုင်းကို ဖန်တီးကာ တောင်ထွတ်ကိုးလုံး အရံအတား အပြင်ဘက်တွင် ထားထားပေးလိုက်၏။ တောင်ထွတ်ကိုးလုံး အစီအရင်၏ အားဖြည့်ပေးမှုကြောင့် ရွှေရောင်ဒိုင်းသည် ဒုတိယအရံအတားပမာ ဖြစ်လာကာ အပြင်ဘက်မှ ပညာရှင်များ မည်မျှပင် အားကုန်သုံး တိုက်ခိုက်နေပါစေ မပြိုမလဲတောင် တောင်တစ်လုံးပမာ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ခဲ့၏။

ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ ကျင့်ကြံသူအားလုံးကို ယှဉ်တိုက် နေရသော်ငြား ရန်ကိုင်သည် ကြောက်ရွံ့ခြင်း မရှိ။ ပျော်ပင် ပျော်နေသေး၏။

ရှုဟွေနှင့် အခြားတော်ဝင် အကြီးအကဲများအားလုံး ရန်ကိုင်အား အထိတ်တလန့်ဖြင့်သာ စိုက်ကြည့် နိုင်တော့၏။

မူလက ယခုကပ်ဆိုးကို ကျော်များ ကျော်ဖြတ်နိုင်ပါ့မလားဆိုပြီး တွေးပူခဲ့ရသည်မှာ အမော။ ယခုမူ တော်ဝင်သခင်သစ် ထုတ်ဖော်ပြသလာသော စွမ်းစွမ်းတမံ စွမ်းဆောင်ရည်ကြောင့် သူတို့အကုန်လုံး စိတ်အေးရလေပြီ။ ဝင်မပါသလို စကားလည်း ဝင်မပြောဘဲ ရန်ကိုင်နောက်တွင် ရပ်၍သာ အငြိမ့်သား စောင့်ကြည့် နေခဲ့ကြ၏။

ကျန်းအောင်က အဆက်မပြတ် ကျိန်ဆဲနေရင်း တဖြည်းဖြည်း ဒေါသထွက်သထက် ထွက်လာခဲ့၏။ အချိန်တစ်ခုသို့ ရောက်သော် အမျိုးမျိုးသော သားရဲပုံများ ရေးထွင်းထားသည့် ကားချပ်လိပ်ကြီးတစ်ခုကို ထုတ်ယူလိုက်လေ၏။

ကားချပ်လိပ်ထဲ အစစ်အမှန်ချီ ဖြည့်းသွင်းလိုက် သည်နှင့် တစ်ပြိုင်နက် ကားချပ်လိပ်သည် တဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာခဲ့ပြီး တောင်ထွတ်ကိုးလုံး အရံအတား ရှိနေသည့် နေရာအထိ ရောက်ရှိသွားခဲ့၏။

ကားချပ်လိပ်ပေါ်တွင် ရေးထွင်းထားသော သားရဲများသည် အသက်ဝင်လာသည့်အလား ကားချပ်ပေါ်မှ ချက်ချင်း ခုန်ထွက်၍ အရံအတားအား မရှိသည့်လေပမာ ဖြတ်သွားလျက် ရန်ကိုင်ဆီ ပြေးဝင်သွားကြလေ၏။

တစ်ချိန်တည်းတွင် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်း၏ ချောင်ကွမ်သည်လည်း ဓါးရှည်တစ်လက်ကို ဆင့်ခေါ်ပြီး ရန်ကိုင်ဆီ ပစ်လွှတ်လိုက်၏။

ဓါးရှည်နှင့် သားရဲပုံရိပ်များနှင့်အတူ အရံအတားကို ဖြတ်ကျော်၍ ရန်ကိုင်နဖူးအား ထိုးစိုက်တိုက်ခိုက်လိုက်၏။

အင်အားစုနှစ်ခုမှ ပညာရှင်များနှင့် အခြားပညာရှင် အချို့သည် တိုက်ပွဲ၏ သက်ရောက်ခြင်းခံလိုက်ရသည့် အလား ဒေါသတကြီး ကြုံးဝါးအော်ဟစ်ရင်း အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်၍ ပြင်းထန် ကြမ်းရမ်းသော တိုက်ခိုက်မှုများကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေ၏။

ထိုပညာရှင်များသည် ရန်ကိုင်အား တစ်ချက်တည်း အပြတ်ရှင်းပစ်နိုင်ရန် အတူပူးပေါင်း တိုက်ခိုက်လာခဲကြလေပြီ။

ယခု အားလုံး၏ စိတ်ထဲ၌ ရန်ကိုင်သည် အန္တရာယ် အများဆုံးလူ ဖြစ်လာခဲ့လေပြီ။ သို့သော် ရန်ကိုင်သာ သတ်နိုင်သရွေ့ အရံအတားကို ချိုးဖျက်ပြီး တော်ဝင် နယ်မြေကို ဖျက်စီးနိုင်ပေလိမ့်မည်။

တောင်ထွတ်ကိုးလုံး အရံအတားနှင့် အစီအရင်သည် တော်ဝင်သခင်သစ်နှင့် ချိတ်ဆက်ထား၏။ တော်ဝင် သခင်သစ်သာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့လျှင် ရှုဟွေနှင့် အခြားအကြီးအကဲများအားလုံး သူတို့၏ စီးနင်ဝင်ရောက် တိုက်ခိုက်မှုကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

တကယ်တော့ အများစုမှာ မှန်ကန်ပေ၏။ ရန်ကိုင်သာ မရှိလျှင် ဘုံးကိုးခုထွတ်မြတ်နယ်မြေ အနေဖြင့် အချိန် အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုထူးဆန်းသော သားရဲများသည် ကောင်းကင် တစ်ခုလုံး တုန်လှုပ်သွားလောက်အောင် ဟိန်းဟောက်လျက် ရန်ကိုင်အား တိုက်ခိုက်လိုက်ကြ၏။ ထိုတစ်ကောင်းချင်းစီတိုင်း၏ တိုက်ခိုက်မှုများသည် သူတော်စင်နှင့် မသေမျိုးအဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်နေ၏။

သို့သော် ရန်ကိုင်သည် မကြောက်ရုံမက ရှောင်ဖို့ပင် မကြိုးစားခဲ့ချေ။

တိုက်ခိုက်မှုအသီးသီး သူ့ဆီ တိုးဝင်လာနေသည်ကို မြင်သော် သူ့နောက်တွင် ရပ်နေသော ရှုဟွေနှင့် အခြား သူတော်စင်အဆင့် ပညာရှင်အားလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြ၏။ သူတို့၏ အစစ်အမှန်ချီဖြင့် တိုးဝင်လာသမျှ တိုက်ခိုက်မှုအားလုံးကို ရန်ကိုင်ဆီမှ ကာကွယ်ပေးထားလိုက်လေ၏။

များပြားလှသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး မရေးမတွက်နိုင်သော ရောင်စုံ အလင်းတန်းများသည် မီးရှုးမီးပန်းများသဖွယ် ပေါက်ကွဲ ထွက်လာခဲ့လေ၏။

အလင်းရောင်တို့ ကွယ်ပျောက်သွားချိန် အားလုံး တစ်ဖန် ပြန်မြင်နိုင်ခဲ့၏။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့၏ နှလုံးသားကို လက်အေးကြီး တစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရလေ၏။

ရန်ကိုင်သည် နေရာတွင် အကောင်းပကတိအတိုင်း ရပ်နေတုန်းပင်။ သူ့ဆီ တိုးဝင်လာသော အသေသတ် တိုက်ကွက်အားလုံးသည် သူ့အင်္ကျီစကိုပင် မထိနိုင်ခဲ့ပေ။

“ဘာမဟုတ်တဲ့ ခွန်အားလေးနဲ့များ ကျုပ်ရဲ့ ဘုံးကိုခုထွတ်မြတ်နယ်မြေကို လာပြီး ဖျက်စီးချင်နေသေးတယ်။ ခင်ဗျားတို့ အိပ်နေရင်း ယောင်ပြီး လမ်းလျှောက်နေကြတာလား။ ဒါမမဟုတ် ဦးနှောက်ပဲ မရှိကြတာလား” ရန်ကိုင်က ချိုးချိုးမျှစ်မျှစ် ကျိန်ဆဲ ပစ်တင်လိုက်၏။

ကျန်းအောင်၊ ချောင်ကွမ်းနှင့် ရန်ကိုင်အား တိုက်ခိုက်ခဲ့သည့် ပညာရှင်များအားလုံး၏ မျက်နှာများ နီရာမှ ဖြူလျော်သွားခဲ့ကြ၏။ ပြန်ပြောလိုက်ချင် သော်ငြား ပြောစရာစကား ရှာမတွေ့ခဲ့။ နေရာတွင်သာ ရှက်ရှက်ဖြင့် ရပ်နေခဲ့ရ၏။

ရန်ကိုင်၏ အစစ်အမှန် ကျင့်ကြံခြင်းသည် သူတို့ အရေးထားရလောက်သည်အထိ မမြင့်ပါချေ။ သို့သော် ထိုကောင်သည် တောင်ထွတ်ကိုးလုံး အရံအတား နောက်တွင် ပုန်းအောင်း၍ တောင်ထွတ်ကိုးလုံး အစီအရင်ကို သုံးကာ သူတို့အား တိုက်ခိုက်နေခဲ့ရာ အကုန်လုံးမှာ ရန်ကိုင်အား ထိခိုက်အောင်လည်း မတိုက်နိုင်၊ ပြန်လည်း မဆုတ်နိုင် ဖြစ်ကာ ဆုပ်လည်းစူး စားလည်းရူးဘဝသို့ ရောက်နေခဲ့ကြရလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၁၉) တစ်စုံတစ်ဦးနှင့် တွေ့ဆုံခြင်း

တောင်ထွတ်ကိုးလုံး အရံအတားနှင့် စိတ်ဝိဥာဉ် အစီအရင်သည် တော်ဝင်သခင်ဟောင်း အဆက်ဆက် တို့၏ ပြုပြင်မွမ်းမံခြင်းကို ခံခဲ့ရလေ၏။ တော်ဝင်သခင်ဟောင်းတိုင်းသည် သူတော်စင် တတိယအဆင့် ပညာရှင်များ ဖြစ်လေရာ သူတို့တစ်တွေ ကြိုးစားပမ်းစား ထပ်မံမွမ်းမံခဲ့သော စိတ်ဝိဥာဉ် အစီအရင်သည် လုံးဝကို အားနည်းလိမ့်မည် မဟုတ်ပေ။

ကျန်းအောင်နှင့် ချောင်ကွမ်တို့ကဲ့သို့ သူတော်စင် ပညာရှင်များ အသုံးပြုလိုက်သော နည်းစနစ် တစ်ချို့တစ်လေမှလွဲ၍ အခြားသော မည်သည့် တိုက်ခိုက်မှုကမှ တောင်ထွတ်ကိုးလုံး အရံအတားအား ထိုးဖောက်နိုင်ခဲ့ခြင်း မရှိချေ။

အရံအတားကို မဖျက်စီးဘဲ တော်ဝင်နယ်မြေထဲသို့ မည်သို့မှ ခြေချနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ချောင်ကွမ်၏ မျက်နှာသည် ပြိုတော့မည့် မိုးပမာ မှုတ်ကုတ်နေခဲ့လေ၏။

ချောင်ကွမ်၏ အော်ဟစ်ဆဲရေးတိုင်းထွာစကားကို ကြားသည့်အခါ ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်၏။ သူ့အပြုအမူသည် အရမ်းကိုမှ တည်ငြိမ်၍ လွတ်လပ်ပေါ့ပါးနေခဲ့၏။

လက်ဖျောက်တီးလိုက်ခြင်းသည် ဘာကို ကိုယ်စားပြု ရည်ရွယ်မှန်း မည်သူမှ မသိကြ။

သို့သော် ရန်ကိုင် လက်ဖျောက်တီးလိုက်ပြီးနောက် တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်း၏ လက်ရွေးစင် အဖွဲ့သားများဆီမှ အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။ မသေမျိုးအဆင့် ပညာရှင် နှစ်ယောက်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး တဒင်္ဂတာ နာနာကျင်ကျင် ညည်းညူနေပြီးနောက် အသက်ပျောက်သွားခဲ့ရ၏။

လူအုပ်ကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပြီး ချောင်ကွမ်ဆီမှ ခပ်ဝေးဝေးသို့ အမြန် ရှောင်ခွါလိုက်ကြ၏။

ချောင်ကွမ်ကိုယ်တိုင်ပင်လျှင် တုန်တုန်ရင်ရင် ဖြစ်နေခဲ့ရလေပြီ။

တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းတပည့် ဒါဇင်ကျော်ကို မည်သည့်နည်းလမ်းသုံး၍ ရန်ကိုင် သတ်သွားသလဲ ဆိုသည်ကို မည်သူမှ မသိကြသဖြင့် အကုန်လုံး ထိတ်လန့် ချောက်ချားလာခဲ့ကြ၏။

ရန်ကိုင် တိုက်ခိုက်သည်ကို သူတို့ မမြင်လိုက်ရ။ လျှို့ဝှက်လက်နက်ဖြင့် ချောင်းမြောင်း သတ်ဖြတ်ခြင်းလည်း မဟုတ်။ ဝိဥာဉ်ပညာရပ်ကို သုံး၍ တိုက်ခိုက်ခြင်းလည်း မဟုတ်ပြန်။ လက်ဖျောက်လေး တစ်ချက်သာ တီးလိုက်ခြင်း ဖြစ်ပြီး ချက်ချင်းဆိုသလို လူဒါဇင်ကျော် သေဆုံးသွားခဲ့၏။

ထိုနားမလည်နိုင်ဖွယ်ရာ အဖြစ်အပျက်ကြောင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်နေကြလေပြီ။ ထိုမမြင်နိုင်သော တိုက်ခိုက်မှု၏ သားကောင် ဖြစ်သွားရမည်ကို အကုန်လုံး တွေးကြောက်နေကြလေပြီ။

“ကျုပ်ဒီမှာ စကားပြောခွင့်၊ ရှိမရှိဆိုတာ ခင်ဗျား ဆုံးဖြတ်ရမှာမဟုတ်ဘူး” ရန်ကိုင်က ပြန်၍ နှာခေါင်းရှုံ့ လှောင်ပြောင်လိုက်လေ၏။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ယခုကဲ့သို့ နေရာမျိုး၌ ရန်ကိုင် အသုံးမပြုချင်ပေ။ သို့သော်လည်း ယခင်အတိုင်း ဆက်တိုက်ခိုက်နေဖို့ရာ သူ့အတွက် ခက်ခဲလှ၏။

သူ့တွင် အစစ်အမှန်ချီ အများကြီး ရှိသော်လည်း တောင်ထွတ်ကိုးလုံး အစီအရင်နှင့် ချိတ်ဆက်၍ တိုက်ခိုက်ရန် လိုအပ်သော အစစ်အမှန်ချီ ပမာဏသည် ကြောက်မခန်းလိလိ များပြားလှ၏။

ဝိဥာဉ်ဝါးမြိုအင်းဆက်များကမူ သူတော်စင် အဆင့်အောက်တွင် ရှိနေသော မည်သူ့ကိုမဆို သတ်ဖြတ်နိုင်လေရာ သူတော်စင်အဆင့်အောက် လူဒါဇင်ကျော်ကို သတ်ဖြတ်ရန် ကိစ္စမှာ ထိုကောင်များ အတွက် အရမ်းကိုမှ လွယ်ကူလှပေ၏။

သို့သော် ထိုအင်းဆက်များကို အရမ်းကာရော လွှတ်မပေးရဲချေ။ ထိုရှေးဟောင်းအင်းဆက်များသည် သူ့အမိန့်အား အကြွင်းမဲ့ မနာခံသလို အပြင်ဘက်တွင် စုဝေးနေသော ကျင့်ကြံသူအားလုံးသည် ဘုံးကိုခု ထွတ်မြတ်နယ်မြေ၏ ကမ္ဘာမကြေ ရန်သူများ မဟုတ်ကြ။ သူသာ အကုန်လုံးကို သတ်ဖြတ်လိုက်ပါက အတော မသတ်နိုင်သော ပြဿနာများကို လက်ယပ်ခေါ်လိုက် သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့ကိုလည်း သူမြင်လိုက်သေး၏။

သူ့လုပ်ရပ်ကြောင့် ထိုမိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်သာ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ပါက သူစိတ်မကောင်း ဖြစ်ရပေလိမ့်မည်။

ကြောက်ရွံ့မှု၊ တုန်လှုပ်ချောက်ချားမှုတို့ အကုန်လုံး၏ စိတ်ထဲ ကြီးစိုးလာခဲ့၏။ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းမှ ပညာရှင် ဒါဇင်ကျော် အမည် မဖော်နိုင်သော နည်းလမ်းဖြင့် အသတ်ခံလိုက်ရပြီးနောက် မည်သူမှ အလျင်စလို မလှုပ်ရှားရဲကြတော့။ အကုန်လုံးသည် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့် ဖြင့်သာ စိုက်ကြည့်နေကြလေ၏။

ရန်ကိုင် ပြသလိုက်သော နည်းလမ်းသည် အကုန်လုံးအား ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့၏။ ထို့အပြင် တော်ဝင်နယ်မြေကို အနိုင်ယူချင်ပါက ကြီးစွာသော တန်ဖိုးတစ်ခုကိုပါ ပေးဆပ်ရမည် ဖြစ်ကြောင်းကိုလည်း အကုန်လုံးအား နားလည်သွားစေခဲ့၏။

“ဝူကျဲ၊ မင်းဘာလို့ ငြိမ်နေတာလဲ” ကျန်းအောင်က ဝူကျဲအား လှမ်းအော်ပြောလိုက်၏။ မရဂိုဏ်းမှ ဝူကျဲသည် အစမှအဆုံးတိုင် တစ်ချက်ကလေးပင် မလှုပ်ရှားခဲ့ဘဲ နေရာတွင်သာ ငြိမ်ငြိမ်လေး ရပ်နေခဲ့၏။

ဝူကျဲက ရယ်ကျဲကျဲဖြင့် “ငါက အခွင့်ကောင်းကို ရှာနေတာ”

“အခုထိ မတွေ့သေးဘူးမလား” ကျန်းအောင်က လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။

ဝူကျဲ ခေါင်းခါပြလိုက်၏။

“ဒီကိစ္စကို နောက်မှ မင်းနဲ့ရှင်းမယ်” ကျန်းအောင်က အေးစက်စက် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်၏။ အစမှအဆုံးထိ ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲ စိတ်ဝိဥာဉ်ဘုရားကျောင်းသာ အင်ပြည့်အားပြည့်ဖြင့် ရန်ကိုင်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ အချို့ သွေးဆူလွယ်သော ပညာရှင်အချို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သော်ငြား အများစုသည် နောက်ကနေသာ တစ်ချိန်လုံး ရပ်ကြည့်နေခဲ့ကြ၏။

ထို့အပြင် ရန်ကိုင်၏ တိုက်ခိုက်မှုများသည် အခြားအင်အားစုများဆီမရောက်။ သူနှင့် ချောင်ကွမ် အင်အားစုများဆီသို့သာ ရောက်လာခဲ့၏။

ထို့ကြောင့် ယနေ့ တော်ဝင်နယ်မြေ၏ ခံစစ်ကို ချိုးဖျက်နိုင်တော့မည် မဟုတ်မှန်း ကျန်းအောင် နားလည်လိုက်လေ၏။ ပိုဆိုးသည်ကား သူတို့သာ ဤပုံစံဖြင့် ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက တော်ဝင်နယ်မြေကို အနိုင်မယူနိုင်သည့်အပြင် တော်ဝင်နယ်မြေ၏ တန်ပြန်တိုက်ခိုက်ခြင်းပင် ခံရနိုင်သေး၏။

ခွေးအိုကြီးရှုဟွေသည် ပေါ့တန်တန် သဘောထား သင့်သည့် လူတစ်ယောက်မဟုတ်။ ရှုဟွေနှင့် နှစ်ပေါင်းများစွာကြာအောင် အဆက်အဆံ ပြုလာပြီးနောက် ထိုလူအိုကြီးအကြောင်း ကျန်းအောင် ကောင်းကောင်းနားလည်နေပေပြီ။

“ဒီနေ့တော့ တပ်ပြန်ဆုတ်ကြတာပေါ့။ မင်းတို့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့် ပေးထားလိုက်မယ်။ ငါ့စကားကို မှတ်ထားလိုက်… ငါတို့ ကျိန်းသေပြန်လာမယ်။ နောက်တစ်ကြိမ်ကျ အခုလို ကံကောင်းနေဖို့ ဆုတောင်းထားပေါ့ကွာ” ကျန်းအောင်က မျက်နှာရှစ်ခေါက်ချိုး အမူအရာဖြင့် ကြုံးဝါးပြောဆို လိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်း၍ ကြယ်ရောင်ဖြာ နန်းတော်မှ ကျင့်ကြံသူများကို ဦးဆောင်ကာ တော်ဝင်နယ်မြေဆီမှ ပြန်ဆုတ်ခွါသွားလေ၏။

“နောက်တစ်ကြိမ် ထပ်လာရဲရင်တော့ အခုလိုမျိုး ညှာပေးမှာ မဟုတ်တော့ဘူးနော်” ရန်ကိုင်က အားလုံးကို နောက်ဆုံးအကြိမ်အဖြစ် သတိပေးလိုက်၏။

“ကြမ်းချက်ပဲ…” ခပ်ဝေးဝေး နေရာမှာ တိုက်ပွဲအား စောင့်ကြည့်နေသည့် ကျိရန် ရေရွတ်လိုက်၏ “ငယ်ပြီး အထိန်းအကွပ်မဲ့တာပဲ”

လွတ်လပ်သော အဖွဲ့အစည်းခေါင်းဆောင် ယွန်ချုန်က မဲ့ရယ်ရယ်လိုက်ပြီး “သွားကြမယ်။ ငါတို့လုပ်စရာ ဘာမှမရှိတော့ဘူး။ ပြန်ဆုတ်ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ အရင်စောင့်ကြည့်ကြတာပေါ့”

“အင်း” ကျိရန်က ခေါင်းညိတ်လိုက်ပြီး ယွန်ချုန်နောက် အမြန်ပြေးလိုက်သွားလေ၏။

ရန်ကိုင်သည် နေရာတွင်ရပ်လျက် လူအုပ်ကြီးအား ကောင်းကင်စိတ်အာရုံဖြင့် ဝေ့စစ်ဆေးကြည့်လိုက်၏။ ရှာနေသည့်လူကို တွေ့သည်နှင့် ထိုလူအား ကောင်းကင် စိတ်အာရုံကို သုံး၍ တစ်ခုခု ပြောလိုက်လေ၏။

လူအုပ်ကြီးနှင့်အတူ ပြန်ဆုတ်နေသော လူငယ်လေးသည် ရန်ကိုင်ဆီမှ သတင်းစကား ကြားလိုက်ရချိန် အနည်းငယ် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့၏။ သို့သော်လည်း သူ့ကိုယ်သူ အမြန် ပြန်ထိန်းလိုက်ပြီး ဟန်မပျက်အမူအရာဖြင့် လူအုပ်ကြီးထဲမှ တိတ်တဆိတ် ခိုးထွက်သွားလေ၏။

အကုန်လုံး ပြန်ဆုတ်သွားပြီးသည့် အချိန်၌ အသက် ကင်းမဲ့နေသော အလောင်းများသာ ကျန်ရစ်ခဲ့လေ၏။

ယခုမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့၏။ သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ် နေခဲ့လေပြီ။

တစ်ဖက်တွင်မူ အကြီးအကဲများအားလုံး စိတ်အား တက်ကြွနေခဲ့ကြ၏။ တိုက်ပွဲကြီးတစ်ခုကို နိုင်လိုက်ရသည့် အလား အကုန်လုံးသည် ရန်ကိုင်လေး ရိုလေသေးစားသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

“တော်ဝင်သခင်… အခုကနေစပြီး အဲ့လို ခေါ်လို့ ရပြီပေါ့နော်” ရှုဟွေက ရန်ကိုင်၏ အမူအရာကို အသေအချာ အကဲခတ်ရင်း သတိထား၍ မေးလိုက်၏။ ရန်ကိုင် မငြင်းဆန်သည်ကို မြင်မှပဲ ရှုဟွေ စိတ်သက်သာရာ ရသွားခဲ့ပြီး အပြုံးကြီးပြုံးလျက် “တော်ဝင်သခင်က သာမန်လူမဟုတ်မှန်း ကျုပ်သိသားပဲ။ တောင်ထွတ်ကိုးလုံး အစီအရင်ကို ကိုယ့်ဝိဥာဉ်နှင့် အချိန်တိုအတွင်း ချိတ်ဆက်နိုင်ဖို့ဆိုတာ ဒီရှုတောင် ဘယ်လိုမှ စွမ်းနိုင်တာ မဟုတ်ဘူး။ တော်ဝင်သခင်ကို ကျုပ်တကယ် လေးစားလို့ မဆုံးဘူးဗျာ”

“ဟုတ်တယ်၊ ဟုတ်တယ်…” ယုယင်လည်း ကြက်အစာကောက်သလို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် စိတ်အားတက်ကြွစွာဖြင့် “ဒီနေ့ တော်ဝင်နယ်မြေ ခွေးပြေးဝက်ပြေး ထွက်ပြေးရတော့မယ်လို့ ထင်နေတာ။ သူတို့တွေကို ဒီလောက် လွယ်လွယ်နဲ့ မောင်းထုတ် လိုက်နိုင်မယ်လို့ ထင်ကိုမထင်ထားဘူး”

“ပျော်မနေနဲ့ဦး” ရန်ကိုင်က မျက်မှောင်ကြုံ့လျက် “ဒီနေ့ သူတို့ရှုံးသွားတာက တော်ဝင်နယ်မြေရဲ့ ခွန်အားကို အထင်သေးခဲ့လို့ပဲ။ နောက်တစ်ကြိမ်တော့ အဲ့လောက် လွယ်တော့မှာ မဟုတ်ဘူး”

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် အားလုံး တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးမှပဲ ရှုဟွေ ပြောလိုက်၏ “တော်ဝင်သခင် ရှိနေတာပဲလေ။ တောင်ထွတ်ကိုးလုံး စိတ်ဝိဥာဉ် အစီအရင် အကူအညီပါ ထပ်ပေါင်းလိုက်ရင် ကျုပ်တို့တွေ…”

“ကျုပ်ကို နတ်ဘုရားလို့ ထင်နေတာလား” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “တောင်ထွတ်ကိုးလုံး အစီအရင်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်က မကုန်နိုင်တာ မဟုတ်ဘူး။ ဒီနေ့ တစ်ကြိမ် သုံးပြီးတော့မှပဲ အဲ့အချက်ကို နားလည်သွားတာ”

“အာ… တော်ဝင်သခင် ဘာပြောချင်တာလဲ” ရှုဟွေနှင့် အခြားသူများအားလုံး စိုးရိမ်သွားခဲ့ကြ၏။

“ကျုပ်ပြောချင်တာက တောင်ထွတ်ကိုးလုံးထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို အများဆုံးမှ ဒီနေ့လိုမျိုး နောက်ထပ်တစ်ကြိမ်ပဲ ထပ်သုံးနိုင်တော့မယ်။ သုံးပြီးတာနဲ့ တောင်ထွတ်ကိုလုံး အစီအရင်ထဲမှာ ဘာစွမ်းအင်မှ ကျန်တော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကျ ကျုပ်လည်း ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့ဒါတင် မဟုတ်သေးဘူးနော်။ တောင်ထွတ်ကိုးလုံး အစီအရင်ကလည်း သူ့အလိုလို ပိတ်ချသွားပြီး အရံအတားလည်း ပြိုကျသွားဦးမှာ” ရန်ကိုင်က ရှင်းပြလိုက်၏။

ပြဿနာ မည်မျှကြီးမှန်း အကုန်လုံး နားလည် သွားခဲ့လေပြီ။

ယနေ့ ကျန်းအောင်တို့ ပြန်ဆုတ်သွားရခြင်းသည် တောင်ထွတ်ကိုးလုံး အရံအတားကြောင့်သာ ဖြစ်ပေ၏။ အရံအတားသာ မရှိလျှင် ရန်ကိုင်သည် သူတို့အတွက် မသေမျိုး ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေ၏။

သူတော်စင်ခြောက်ယောက် ရှိနေလျှင်ပင် ထိုမျှ များပြားလှသော ရန်သူများကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဒါပေမယ့် ဒီတိုက်ပွဲပြီးသွားတဲ့နောက်ပိုင်း အနည်းဆုံး သူတို့နဲ့ ပါလာတဲ့ အင်အားစုတစ်ဝက်လောက် ထွက်သွားလိမ့်မယ်။ နောက်တစ်ကြိမ် ပြန်အားကောင်း လာနိုင်တဲ့ အင်အားစုကြီးတစ်ခုနဲ့ ဘယ်သူမှ ရန်သူ ဖြစ်ချင်မှာလဲ” ရန်ကိုင်က သုံးသပ်ပြလိုက်၏။

“တစ်ဝက်ဆိုလည်း တစ်ဝက်ပေါ့။ ကျန်တဲ့ တစ်ဝက်ကတော့ ကျုပ်တို့ တော်ဝင်နယ်မြေနဲ့ တကယ် ရန်သူ ဖြစ်ရဲတဲ့လူတွေပဲ”

“ဟုတ်တယ်။ နောက်တစ်ကြိမ်ကျ ကျုပ်တို့ ဘက်ကလည်း အလျော့ပေးနေတော့မှာ မဟုတ်ဘူး” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်၏။ ယခုတိုက်ပွဲတွင် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းနှင့် ကြယ်ရောင်ဖြာ နန်းတော်မှ တပည့်များကိုသာ သူတိုက်ခိုက်ခဲ့၏။ မရဂိုဏ်းမှ ကျင့်ကြံသူများကမူ သူ့အား မတိုက်ခဲ့သည့် အတွက် သူ့ကလည်း ထိုသူများကို လျစ်လျူ ရှုထားခဲ့၏။

ထိုသို့ လုပ်ပြရခြင်းသည် အားလုံးအား အချက် တစ်ချက်ကို နားလည်သွားစေချင်၍ ဖြစ်၏။ တော်ဝင် နယ်မြေအား ရန်သူအဖြစ် မသတ်မှတ်လျှင် တော်ဝင်နယ်မြေကလည်း ရန်သူအဖြစ် ပြန်၍ သတ်မှတ်လိမ့်မည် မဟုတ်ကြောင်းပင်။

ထိုကဲ့သို့ အချက်ပြပြီးသည့်တိုင် တော်ဝင်နယ်မြေကို ကျူးကျော်ချင်သေးသည် ဆိုပါက ထိုလူများသည် တော်ဝင်နယ်မြေနှင့် တကယ် ရန်သူ ဖြစ်နေချင်၍သာ ဖြစ်ပေ၏။

“တပည့်တွေရော ဘယ်လိုလဲ” ရန်ကိုင်က မေးလိုက်၏။

“အားလုံး ပြင်ဆင်ပြီးသွားပါပြီ” ရှုဟွေက ခေါင်းပြန်ညိတ်ပြလိုက်ပြီး ခဏအကြာ၌ အနည်းငယ် တုန့်ဆိုင်းနေသည့် အမူအရာဖြင့် “ယာယီဆိုရင်တောင် တော်ဝင်နယ်မြေကို တကယ် စွန့်ခွါရမှ ဖြစ်မှာလားဟင်၊ တော်ဝင်သခင်”

“ဟုတ်တယ်” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်ညိတ်ပြလိုက်ပြီး “မွန်းစတားမျိုးနွယ်စုက စီနီယာကြီးနဲ့ သဘောတူညီချက် လုပ်ပြီးသွားပြီ။ အခုမှပဲ ပြန်ပြင်လို့ မရတော့ဘူး… တော်ဝင်နယ်မြေကို ကျိန်းသေ စွန့်ခွါရမယ်။ မွန်းစတာမျိုးနွယ်စုနဲ့ ဟိုကောင်တွေ တိုက်ကြပါစေ။ အဲ့လိုမှပဲ သူတို့လူတွေသေရင် မွန်းစတား မျိုးနွယ်စုကိုပဲ သွားအပြစ်တင်လို့ရမှာ။ ကျုပ်တို့ပါ ဒီမှာ ရှိနေရင် တော်ဝင်နယ်မြေအတွက် ပိုပြီး ပြဿနာ ကြီးသွားနိုင်တယ်”

“ဟုတ်ကဲ့ပါ” ရှုဟွေက စိတ်ဓါတ်ကျကျဖြင့် ခေါင်းညိတ်လိုက်၏။

ယခုတစ်ကြိမ် မည်သို့ပင် ဆုံးဖြတ်ခဲ့ပါစေ တော်ဝင်နယ်မြေအတွက် ကောင်းကျိုးမရှိချေ။ တော်ဝင်နယ်မြေကို မစွန့်ခွါဘဲ နေမည်ဆိုပါက အင်အားစုများစွာနှင့် ရန်သူ ဖြစ်သွားရပေလိမ့်မည်။ အတွင်းရေး၊ အပြင်ရေး ပြဿနာပေါင်းစုံ ဝိုင်းဝိုင်းလည်နေသည့် လက်ရှိ တော်ဝင်နယ်မြေအတွက် အင်အားစုများစွာနှင့် ရန်သူ ဖြစ်လိုက်ခြင်းသည် ငရဲသို့ သွားခြင်း မည်ပေ၏။ ခုခံတိုက်နေ၍ ရှုံးသွားလျှင်တော့ အိမ်ကိုလည်းဆုံး၊ အမွေအနှစ်ကိုလည်း ဆုံးရပေလိမ့်မည်။

ထို့အပြင် ရန်သူ၏ လက်ရှိခွန်အားအရ တော်ဝင်နယ်မြေ နိုင်နိုင်ချေထက် ရှုံးနိုင်ချေ ပိုများနေပေ၏။

ထိုသို့ဖြစ်နေမှဖြင့် အကောင်းဆုံး ရွေးချယ်မှုဆို၍ တော်ဝင်နယ်မြေကို ယာယီ စွန့်ခွါရန်ပြီး သူတို့၏ အရှုပ်ထုတ်အား မွန်းစတားမျိုးနွယ်စုနှင့် ချန်ခဲ့လိုက်ခြင်းပင်။

မျိုးနွယ်စုနှစ်ခုကြားရှိ အမုန်းတရားသည် မကြေအေး နိုင်သည်အထိ ကြီးမားလှလေရာ မွန်းစတားမျိုးနွယ်စုဝင်မှ လူဘယ်လောက် သတ်သတ်၊ ဘာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

“တော်ဝင်သခင်ကို ကျုပ်မေးချင်နေတာကြာပြီ။ ကျုပ်တို့ တော်ဝင်တပည့်တွေနေမယ့် နေရာက ဘယ်မှာလဲဟင်” ရှုဟွေ မျက်လုံးမှေးစဉ်း၍ ရန်ကိုင်အား မေးလိုက်၏။

“အချိန်တန်ရင် ပြောမှာပေါ့၊ ဘာတွေ လောနေတာလဲ…” ရန်ကိုင်က ပြုံးလိုက်ပြီး “အချိန်မရွေး ထွက်ခွါဖို့ အဆင်သင့်ပြင်ထားလို့ တပည့်တွေကိုသာ သွားပြောထားလိုက်။ ကျုပ်ခဏလောက် အပြင် သွားလိုက်ဦးမယ်”

“အပြင်သွားဖို့လား။ အခုလိုအချိန်ကြီးလေ” ရှုဟွေ သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားခဲ့ပြီး အလျင်အမြန် တောင်းဆိုအကြုံပြလိုက်၏ “တော်ဝင်သခင် အပြင် ထွက်ချင်ရင် အနည်းဆုံးတော့ အကြီးအကဲယုယင်ပဲ ဖြစ်ဖြစ် ခေါ်သွားပါလား”

“မလိုဘူး။ ရန်သူတွေက ယာယီ ဆုတ်သွားပြီလေ။ ချက်ချင်းပြီး ပြန်လာမှာမှ မဟုတ်တာ။ ကျုပ်တစ်ယောက်ယောက်ကို သွားတွေ့စရာရှိလို့။ စိတ်မပူမနေနဲ့။ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး” ပြောပြီးသည်နှင့် ရန်ကိုင်ပုံရိပ် အားလုံးရှေ့မှ ပျောက်ကွယ်သွားလေ၏။ အကြီးအကဲများသည် သူတို့၏ ကောင်းကင်စိတ်အာရုံသုံး၍ ရန်ကိုင်၏ အရိပ်အယောင်ကို အာရုံခံခဲ့သော်ငြား ရှာမတွေ့နိုင်ခဲ့ချေ။

ခြေယောင်ပျောက် ကောင်းကင်အရိပ်… ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုထဲရှိ တစ်ခုတည်းသော လှုပ်ရှားမှုပညာရပ်ပင်။

ရှုဟွေနှင့် အကြီးအကဲများ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မဲ့ပြုံးပြုံးလျက် ခေါင်းသာ ရမ်းလိုက်ကြ၏။ ယခုလို အရေးကြီးသည့် အချိန်မျိုးတွင်ပင် သွားတွေ့ရလောက်အောင် ရန်ကိုင် သွားတွေ့သူသည် မည်သူများ ဖြစ်လေမည်နည်း… အကုန်လုံး သိချင်နေမိ၏။

တော်ဝင်နယ်မြေမှ ကီလိုမီတာ ဒါဇင်ကျော် အကွာ၌ ဘုံးကိုခုထွတ်မြတ်နယ်မြေအား တိုက်ခိုက်ရန် လာခဲ့ကြသည့် အင်အားစုများ ရှိနေခဲ့ကြ၏။ ယခုအချိန်၌ အကုန်လုံး မျက်နှာ အမူအရာ မကောင်းကြ။

လူပေါင်းများစွာသည် သူတို့၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ တွေဝေစ၊ ဝေခွဲမရစ ပြုနေခဲ့လေပြီ။

မဟာတိုက်တန်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးသော တော်ဝင်နယ်မြေကဲ့သို့ အင်အားစုကြီးတစ်ခုကို ရင်ဆိုင်ရန်အတွက် အင်အာစုပေါင်းများစွာကို စုဝေးခဲ့ရ၏။ သို့တိုင် အနိုင်ရမည်ဟု မသေချာသေး။ သို့သော်လည်း သူတို့သာ ရှုံးနိမ့်ပြီး တော်ဝင်နယ်မြေကိုသာ တစ်ဖန် ပြန်လည် အားကောင်းလာခွင့် ပြုလိုက်ပါ သူတို့အား စောင့်ကြိုနေသည်ကား… ရက်ရက်စက်စက် လက်တုန့်ပြန်ခြင်းပင်။

တော်ဝင်နယ်မြေ၏ အမျက်ဒေါသကို မည်သည့် အင်အားစုကများ တောင့်ခံနိုင်မည်နည်း။ တော်ဝင်နယ်မြေ လက်စားချေလာခဲ့ပါက သူတို့ အင်အားစုများ ကျိန်းသေ ပျက်စီးကိန်းဆိုက်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းအောင်နှင့် ချောင်ကွမ်တို့ လုံးဝ ပျော်မနေခဲ့။

ရွက်ဖျင်တဲကြီးတစ်လုံး အတွင်း၌ ကျန်းအောင်၊ ချောင်ကွမ်းနှင့် ဝူကျဲတို့သည် စားပွဲဝိုင်းတစ်လုံးအား ဝိုင်းလျက် ထိုင်နေခဲ့ကြ၏။ ယခု ကျန်းအောင်နှင့် ချောင်ကွမ်းသည် ဝူကျဲ၏ အစောပိုင်းက အပြုအမူအတွက် သူ့အား ပြစ်တင်ပြောဆိုနေခဲ့ကြ၏။ ယနေ့တိုက်ပွဲ၌ ဝူကျဲဿည် ကျောက်ရုပ်ကြီးကဲ့သို့ တစ်ချက်မှပင် မလှုပ်ရှားခဲ့လေရာ ကျန်းအောင်နှင့် ချောင်ကွမ်တို့ လုံးလုံး မျက်နှာပျက်ခဲ့ရ၏။

ကျန်းအောင်နှင့် ချောင်ကွမ်တို့ မည်မျှပင် ပြစ်တင် ပြောဆိုနေပါစေ ဝူကျဲ အပြုံးမပျက်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၀) ရာခြေကိုသတိပေးလိုသော်တစ်ဦးကို သတ်ပြ

စိတ်ထဲ မကျေနပ်သမျှ အကုန် ဖွင့်ထုတ်ပေးခွင့် ပေးထားလိုက်ပြီး နောက်ဆုံးမှပဲ ဝူကျဲက ပြောလိုက်၏ “ဒီဝူ ဝင်ပါလိုက်ရင်တောင် အခြေအနေက ပြောင်းသွားမယ်လို့ မင်းတို့ ထင်လား။ ဒီဝူဝင်ပါရင်တောင် ဘာမှပြောင်းလဲသွားမှာ မဟုတ်တာကို မင်းတို့ နှစ်ယောက် စလုံး မြင်တာပဲ”

“အနည်းဆုံးတော့ ငါတို့ သောက်ရှက်ဗြန်းဗြန်း မကွဲရတော့ဘူးလေ” ကျန်းအောင်က အော်လိုက်လေ၏ “ငါတို့ဘက်မှာ ဒီလောက် ပညာရှင်တွေ အများကြီး ရှိနေတာတောင် နို့နှံ့မစင်သေးတဲ့ ခွေကောင်လေး မောင်းထုတ်တာ ခံလိုက်ရတယ်လို့ကွာ”

ပြောနေရင်း ထိုင်ခုံလက်ရန်းအား ရိုက်ချလိုက်ရာ လက်ရန်တစ်ခုလုံး မွစာကြေသွားခဲ့လေ၏။

“အဲ့ခွေးကောင်၊ ငါသူ့ကို သတ်ချင်တာ လက်ကို ယားနေတာပဲ” ချောင်ကွမ်းကလည်း ဒေါသတကြီး ဝင်ပြောလိုက်။ သူ့မျက်လုံးများဆိုလျှင် သွေး‌ရောင်ပင် တောက်နေခဲ့လေပြီ။

ခဏကြာသည်အထိ ကျိန်ဆဲနေပြီးလောက်မှပဲ နှစ်ယောက်စလုံး တည်ငြိမ်စပြုလာခဲ့၏။

ချောင်ကွမ်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “နောက်ဆုံးတော့ အဓိကပြဿနာက ငါတို့တွေ စည်းလုံးမှု ရှိမနေတာပဲ။ အဲ့အင်အားစုတွေက ငါနဲ့ ညီအစ်ကိုကျန်း စည်းလုံးသလို စည်းလုံးနေမယ်ဆိုရင် တော်ဝင်နယ်မြေကို ကြောက်နေစရာကိုမလိုတာ”

“ဟုတ်တယ်” ကျန်းအောင်က ခေါင်းညိတ်လိုက်၏။ ယနေ့တိုက်ပွဲ၌ ရန်ကိုင်အား အဓိက တိုက်ခိုက်ခဲ့သူများမှာ ကြယ်ရောင်ဖြာနန်းတော်နှင့် တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းတို့သာ ရှိ၏။ သူတို့မှလွဲ၍ ကျန်အင်အားစု အားလုံးသည် ဘေးကနေသာ ထိုင်ကြည့်နေခဲ့ကြ၏။ အားလုံးသည် စည်းစည်းလုံးလုံးနှင့် အတူပူးပေါင်း တိုက်ခိုက်မည်ဆိုပါက တောင်ထွတ်ကိုးလုံး အရံအတားကို မချိုးဖျက်နိုင်စရာ အကြောင်းမရှိပေ။

“နန်းတော်သခင်၊ နန်းတော်သခင်…” ရုတ်တရက် ရွက်ဖျင်တဲအပြင်ဘက်မှ အလန့်တကြား အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီး ကြယ်ရောင်ဖြာနန်းတော်မှ တပည့်တစ်ယောက် တဲထဲသို့ အလောတကြီး ပြေးဝင်လာလေ၏။

“ဘာဖြစ်လို့” ထိုသကောင့်သား၏ အလိုက်မသိသော အပြုအမူအတွက် ကျန်းအောင် စိတ်ပျက်သွားခဲ့၏။

ကြိမ်းမောင်းခံလိုက်ရသည့်အတွက် အနည်းငယ် ရှက်သွားသော်ငြား လာရင်းအကြောင်းကို ခပ်မြန်မြန် အစီရင်ခံလိုက်လေ၏ “နန်းတော်သခင်၊ အင်အားစုလေးတွေ ထွက်သွားဖို့ လုပ်နေကြပြီ”

“ထွက်သွားဖို့လား” ကျန်းအောင် မျက်ဝန်းများ ရုတ်ချည်း အေးစက်သွားခဲ့၏။

“ဟုတ်ပါတယ်။ တော်ဝင်နယ်မြေနဲ့ ရန်သူ မဖြစ်ချင်လို့ ထွက်သွားတော့မယ်တဲ့”

“ပေါက်လုတ်ပဲစားတွေကွာ” ချောင်ကွမ်က ဒေါသတကြီး ထရပ်လိုက်ပြီး အော်ပြောလိုက်၏ “ဒီနေ့ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး”

ယခုကဲ့သို့ အရမ်းကိုမှ အရေးကြီးနေသည့် အချိန်မျိုး၌ တစ်ယောက်ယောက်ကသာ ထွက်သွားလိုက်ပါ တစ်ဖွဲ့လုံး စိတ်ဓါတ် ပျက်ပြားသွားကြပေလိမ့်မည်။ နောက်ပိုင်း အင်အားစု တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထွက်သွားကြမည်မှာ မလွဲမသွေပင်။

“ထွက်သွားချင်တဲ့ လူတွေနဲ့ စကားကောင်းကောင်း ပြောဖို့ လိုလာပြီနဲ့တူတယ်” ကျန်းအောင်က အေးစက်စက် လေသံဖြင့် ရေရါတ်လိုက်ပြီး ချောင်ကွမ်နှင့် ဝူကျဲကို ကြည့်ကာ “မင်းတို့နှစ်ယောက်ကော”

ဂငါလည်း အဲ့လိုပဲ တွေးနေတာ” ချောင်ကွမ်က အခိုင်အမာ ခေါင်းညိတ်ပြလိုက်၏။

ဝူကျဲကလည်း ဂရုမစိုက်ဟန်ဖြင့် ပခုံးသာ တွန့်ပြလိုက်၏။

သဘောတူညီချက် ရသွားသည်နှင့် ထိုင်ရာမှ အလျင်အမြန်ထ၍ တဲထဲမှ ထွက်သွားလိုက်လေ၏။

အခြားရွက်ဖျင်တဲ တစ်လုံးထဲတွင် လွတ်လပ်သော အဖွဲ့အစည်းမှလူများ ခေါင်းချင်းဆိုင် ဆွေးနွေးနေခဲ့ကြ၏။

အဖွဲ့အစည်းခေါင်းဆောင်သည် တွေးတွေးဆဆ အမူအရာဖြင့် သူ့သမီးအား ခဏခဏ လှမ်းကြည့်နေခဲ့၏။ ယွန်ရွှမ်၏ စိတ်နှင့်ကိုယ် မကပ်သည့် အမူအရာဖြင့် သူ့သမီးနှင့် တော်ဝင်သခင်သစ်ကြား ကြီးကြီးမာမား တစ်ခုခု ကျိန်းသေ ဖြစ်ခဲ့ရမည်မှန်း ယွန်ချုန် ပို၍ ယုံကြည်လာခဲ့၏။

“အဖွဲ့အစည်းခေါင်းဆောင်” အပြင်ဘက်ရှိ အခြေအနေကို နားစွင့်နေသော ကျိရန်က ယွန်ချုန်အား တိုးတိုးလေး ပြောလိုက်၏ “ကြယ်စင်စုဂိုဏ်းနဲ့ ဟေမန်ခန်းမတို့ ထွက်သွားဖို့ လုပ်နေတဲ့ပုံပဲ”

ယွန်ချုန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး “ပြန်ရောက်တုန်းက အဲ့ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင် နှစ်ယောက် ဒီအကြောင်း ဆွေးနွေးနေတာ ငါကြားလိုက်တယ်။ သူတော်စင်နန်ကြောင့် သူတို့ ဆုံးရှုံးလိုက်ရတာ သာမန် တပည့်လေး နည်းနည်းပါးပါး ဆိုလားပဲ။ တော်ဝင်နယ်မြေကနေ လျော်ကြေးပုံစံနဲ့ ဘာတွေ အရည်ညစ်နိုင်မလဲ တွေပြီး ရောက်လာခဲ့တာ။ တော်ဝင်နယ်မြေနဲ့ ကမ္ဘာမကြေရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ တွေးခဲ့ဖူးတာ မဟုတ်ဘူး။ အခု တော်ဝင်နယ်မြေရဲ့ တကယ်ခွန်အားကိုလည်း မြင်သွားမှတော့ မထွက်သွားဘဲ ဘယ်နေပါတော့မလဲ”

“အဖွဲ့အစည်းခေါင်းဆောင်ပြောတာ ယုတ္တိရှိတယ်” ကျိရန်က ပြောလိုက်၏ “ကျုပ်ကြားသလောက်ဆို၊ အင်အားစု နည်းနည်းလောက်ပဲ တကယ်ကြီး အထိနာခဲ့တာတဲ့။ ကျန်တဲ့အင်အားစုတွေက ကျုပ်တို့လိုပဲ၊ မကျေနပ်လို့သာ ရောက်လာကြတာ။ ဒါပေမယ့် ဒီနေ့ ကျန်းအောင်နဲ့ ချောင်ကွမ်တို့ လုပ်ပြသွားကလည်း ကတယ်ကို အတွေးစားစရာပဲ။ သူတို့ အင်အားစု နှစ်ခုစလုံးက ဘာမှ ဆုံးရှုံးခဲ့ရတဲ့ပုံ မပေါက်ဘူး။ ဒါဆို ဒီအခွင့်အရေးကို သုံးပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား”

ယွန်ချုန်က လှောင်ပြောင်ပြောဆိုလိုက်လေ၏ “ဟင့်၊ သူတို့တစ်ခုခုကို ကျိန်းသေ ကြံနေတာပဲ ဖြစ်ရမယ်။ တောင်ထွတ်ကိုးလုံးနဲ့တင် သားရေကျဖို့ လုံလောက် နေပြီလေ။ ဒါပေမယ့် ငါခန့်မှန်းတာသာမှန်ရင် သူတို့ရဲ့ ပစ်မှတ်က တော်ဝင်သခင်သစ်နဲ့ တစ်ဦးတည်းသော ကျန်ရစ်တဲ့ နောက်ဆုံး သူတော်စင်မပဲ။ အဲ့နှစ်ယောက်ကိုသာ ဖမ်းနိုင်ရင်…”

ကျိရန် မျက်လုံး လက်သွားခဲ့ပြီး ရုတ်တရက် နားလည်သွားလေ၏ “ကျုပ်သိပြီ။ ဒီကောင်တွေက တကယ် လောဘကြီးတဲ့ကောင်တွေပဲ”

“ငါလည်း အရင်က မစဉ်းစားမိခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှပဲ ကျန်းအောင်နှင့် ချောင်ကွမ် အင်အားစုတွေ အများကြီးကို ဘာလို့ စုဝေးထားမှန်း ငါနားလည်သွားတာ။ တကယ်တော့ ငါတို့အားလုံး ပွန်းရုပ်တွေ သက်သက်ပဲ ဖြစ်နေခဲ့တာ၊ ဟတ်… ငါတို့ကိုယ်က အရမ်းကို အားနည်းလွန်းနေတာကိုး။ ငါတို့သာ အားကောင်းနေကြည့်လိုက်ပါလား။ ဘယ်သူကများ ငါတို့ လွတ်လပ်သောအဖွဲ့အစည်းကို ပွန်းရုပ်အဖြစ် အသုံးပြုရဲမှာလဲ”

ပြောနေရင်း ယွန်ရွှမ်ဆီ လှမ်းကြည့်လိုက်၏။ သူ့သမီး တိတ်ဆိတ်နေသည်ကို မြင်သော် သူကြိတ်၍ ပြုံးလိုက်၏။

သူ့သမီးနှင့် တော်ဝင်သခင်သစ်ကြား မည်သို့သော ဆက်ဆံရေးရှိနေမှန်း ယွန်ချုန် အရမ်းကို သိချင်နေခဲ့၏။

“အဲ့လိုဆိုရင်၊ ကျုပ်တို့ ဘာလုပ်ကြမလဲ၊ ထွက်သွားမှာလား” ကျိရန်က မေးလိုက်၏။

“ထွက်သွားဖို့လား” ယွန်ချုန်က နှာခေါင်းရှုံ့လိုက်ပြီး “ငါတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ထင်လား”

“ဟန်” ကျိရန် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ခဏအကြာ၌ သူ့မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး “အဖွဲ့အစည်းခေါင်းဆောင် ပြောချင်တာက…”

“ဟုတ်တယ်” ယွန်ချုန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်၏။ ခဏအကြာ၌ သူ့မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားခဲ့ပြီး “စတောင်စနေပြီပဲ။ လာခဲ့၊ သွားကြည့်ကြမယ်”

ပြောပြီးသည်နှင့် ထိုင်ခံမှ ထပ်ရပ်၍ ရွက်ဖျင်တဲ အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားလိုက်လေ၏။ လွတ်လပ်သော အဖွဲ့အစည်းမှ အခြားအဖွဲ့သားများ သည်လည်း သူ့နောက်မှ အမြန်လိုက်သွားကြ၏။

ထွက်သွားဖို့ ပြင်နေကြသော ကြယ်စင်စုဂိုဏ်းနှင့် ဟေမန်ခန်းမတို့သည် ကျန်းအောင်၊ ချောင်ကွမ်နှင့် ဝူကျဲတို့၏ တားဆီးခြင်း ခံလိုက်ရလေ၏။ သူတို့တွေ ဘာပြောမှန်း မည်သူမှမသိကြ။ သို့သော် ကျန်းအောင် မျက်နှာတစ်ခုလုံး ပြိုတော့မည့် မိုးကဲ့သို့ မှုတ်ကုန်၊ သုန်မှုန်နေသည်ကိုမူ အားလုံး သေသေချာချာ မြင်ကြ၏။ စကားပြောနေရင်း အခြေအနေသည် ရုတ်ချည်းဆိုသလို တစ်မျိုးပြောင်းလဲသွား၏။

နာနာကျင်ကျင် အော်ဟစ်မြည်ကြွေးသံတို့ တရစပ် ထွက်ပေါ်လာခဲ့ပြီး ကျန်းအောင်၊ ချောင်ကွမ်တို့နှင့် အတူပါလာသော ပညာရှင်များသည် အင်အားစုငယ်လေး နှစ်ခုမှ ပညာရှင်များကို စတင် သတ်ဖြတ်ကြတော့လေ၏။

အသက်ဆယ်ရှိုက်စာ အတွင်း၌ လူတစ်ရာကျော် အလောင်းကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေ၏။

ကြည့်နေသူအားလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ကြပြီး ထိုအနိဠာရုံမြင်ကွင်းကို မျက်လုံး အပြူးသားဖြင့် ကြည့်နေခဲ့ကြလေ၏။ ကြည့်နေရင်း နှင်းမုန်တိုင်းထဲ လွှင့်ပစ်ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး ထိန်းမရအောင် ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ကြလေ၏။

ပြီးသည်နှင့် ကျန်းအောင်သည် လူအုပ်ကြီးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး “သေသွားတဲ့ ကိုယ့်မိတ်ဆွေတွေ၊ မိသားစုတွေအသက် လက်စားမချေဘဲ တော်ဝင်နယ်မြေကို ကပ်ဖားရပ်ဖား လုပ်ချင်နေတာ လူဖြစ်ဖို့ မထိုက်တန်တဲ့ကောင်တွေပဲ။ သူတို့ကို မဟာမိတ်လို့ ခေါ်ခဲ့တဲ့ ငါကိုယ်ငါတောင် ရှက်မိတယ်။ အခုကနေစပြီး သေဆုံးသွားတဲ့ မိတ်ဆွေတွေ ငြိမ်းငြိမ်းချမ်းချမ်း အိမ်စက်နိုင်ဖို့အတွက် အားလုံး ကိုယ်စား ဒီကျန်းကပဲ တရားမျှတမှု ရှာပေးတော့မယ်”

ချောင်ကွမ်ကလည်း ဆက်ပြောလိ,က်၏ “မင်းတို့ အားလုံး စိတ်ချထားလိုက်၏။ တော်ဝင်နယ်မြေက နှင်းကုန်ပြီးတဲ့ နှံကောင်သက်သက်ပဲ။ ရက်နည်းနည်းလောက် စိတ်ကြိုက် မောက်မာခွင့် ပေးထားလိုက်ဦး။ ငါတို့ နောက်တစ်ကြိမ် တိုက်ခိုက်တဲ့ အခါကျ လုံးဝ နိုင်ကိုနိုင်လိမ့်မယ်။ အားလုံး အခု ထွက်သွားပြီး အနားယူလို့ရပါပြီ။ မကြာခင်မှာပဲ တော်ဝင်နယ်မြေကို တိုက်ခိုက်တော့မှာဆိုတော့ အားလုံး အားပြန်ဖြည့်ထားကြပါ”

လိုရာကို သူတို့စိတ်ထဲ ရှိသလို ဆွဲယူပြောနေသော ထိုနှစ်ယောက်၏ စကားကို မည်သူမှ မတုန့်ပြန်ခဲ့ကြ၏။ ယခုမှပဲ တကယ့် ပြဿနာထဲ သူတို့ ဝင်ပါမိနေပြီမှန်း အားလုံး နားလည်လိုက်ကြ၏။

“ငါတို့က ကျားပေါ်ခွစီးနေတာပဲကွ” ယွန်ချုန်က လှောင်ပြုံးပြုံးလျက် ခေါင်းခါရမ်းလိုက်၏။

အကျိုးအမြတ်၏ ဖြာယောင်းသွေးဆောင်မှုကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ရသော အင်အားစုများ၊ ပညာရှင်များ အားလုံး ကျန်းအောင်နှင့် ချောင်ကွမ်တို့၏ မျက်နှာမှန်ကို သိသွားကြလေပြီ။ သို့သော် သိသွားလျှင်ပင် ထိုနှစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကြောင့် သူတို့ လုပ်နိုင်သည့်အရာ ဘာမှမရှိချေ။ ထို့ကြောင့် ရေငုံနှုတ်ပိတ်နေရုံသာ တတ်နိုင်ခဲ့၏။

ကြယ်စဉ်စုဂိုဏ်းနှင့် ဟေမန်ခန်းမတို့နောက် မည်သူမှ လိုက်မသွားချင်ကြ။ တစ်ယောက်ယောက်ကသာ ကန့်ကွက်သံ ထွက်ပြလိုက်သည်နှင့် မသိလိုက်ခင် အချိန်မှာပဲ မရဏမြန်းနေရလောက်ပေပြီ။

ဤသို့ဖြင့် လူအုပ်ကြီးတစ်ခုလုံး သူတို့နေရာထိုင်ရာ နေရာအသီးသီးဆီ ပြန်ထွက်သွားကြလေ၏။

ရွက်ဖျင်တဲထဲသို့ ပြန်ရောက်သည်နှင့် ယွန်ချုပ်က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏ “ရွှမ်းအာကော”

ယခုလေးတင် ရွှမ်းအာသည် သူတို့နှင့် အတူတူ ရှိနေသေး၏။ ယခုမှ သူမ ဘယ်ပျောက်၍ ဘယ်ပျောက်နေမှန်း မသိရတော့ချေ။

“ရှင်းယုလည်း ဒီမှာမဟုတ်ဘူး။ သူတို့နှစ်ယောက် တစ်ခုခုလုပ်ဖို့ ထွက်သွားတာပဲ ဖြစ်ရမယ်” ကျိရန်က ပြန်ပြောလိုက်၏။

ထိုစကားကို ကြားလိုက်မှပဲ ယွန်ချုန် စိတ်သက်သာရာ ရသွားခဲ့ပြီး ဘာမှ ထပ်မမေးတော့ပေ။

အနားရှိ တောအုပ်အတွင်း၌ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုသည် လူငယ်လေးတစ်ယောက်နောက် သတိထားလျက် လိုက်နေခဲ့ကြ၏။ အင်အားစုများ စုဝေးရာနှင့် အတော်ဝေးဝေးသို့ ရောက်နေသော်လည်း လူငယ်လေးသည် မရပ်ဘဲ ဆက်လျှောက်နေဆဲ။

“ဟေး၊ နင်က ဘယ်အင်အားစုက တပည့်လဲ။ နင့်နာမည်ရော ဘယ်လိုခေါ်လဲ” စိတ်မရှည်နိုင်တော့ရာ ရွမ်ရှင်းယုက အရင်စမေးလိုက်၏။ ထိုလူငယ်လေးသည် သူမတို့အား ဘာဆိုဘာမှ မရှင်းပြဘဲ အသံပိတ်ဖြင့် ဆက်ခေါ်သွားနေသည်ကို မြင်သော် ရွမ်ရှင်းယု စိတ်မရှည်နိုင်တော့ချေ။

လူငယ်လေး၏ ကျင့်ကြံခြင်းသည် အရမ်းကြီး မမြင့်လေရာ သူမနှင့် ယွန်ရွှမ်အား တစ်ခုခု ကြံမည်ကို ရွမ်ရှင်းယု စိတ်မပူပေ။

“ကျုပ်ကို လျူကွေ့လို့ ခေါ်ပါတယ် မိန်းကလေးတို့။ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းရဲ့ တပည့် တစ်ယောက်ပါ” လူငယ်လေးက ယဉ်ယဉ်ကျေးကျေးဖြင့် အမြန်ပြန်ဖြေလိုက်၏။

“တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းလား” ရွမ်ရှင်းယု မျက်မှောင်ကြုံ့သွားခဲ့ပြီး “ငါတို့ နှစ်ယောက်ကို ဒီခေါ်လာပြီး ဘာလုပ်မလို့လဲ။ အရေးကြီးတာရှိရင် မြန်မြန်ပြော၊ တုံ့ဆိုင်းတုံ့ဆိုင် လုပ်မနေတော့နဲ့”

“ဟဲဟဲ။ ဦးတည်ချက်ဆီရောက် မိန်းကလေးတို့ သိရမှာပါ။ ဒီလောက် လောနေစရာမ လိုပါဘူး။ ပြီးတော့ ကျုပ်က လူဆိုးတစ်ယောက် မဟုတ်တာမို့ မိန်ကလေးတို့ နှစ်ယောက် စိတ်အေးအေး ထားလို့ရပါတယ်” လျူကွေ့က ပြုံးကာ ပြောလိုက်၏။

ရွမ်ရှင်းယုက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “နင့်အသံကြားပြီးမှ နင်က ပိုပြီး သံသယဝင်စရာ ကောင်းလာသလိုပဲ။ အရှေ့မှာ‌ အရေးကြီးတာတစ်ခုခု ဖြစ်နေရင် ငါတို့ နှစ်ယောက်ကို ဒီလို ချောင်ကျတဲ့ တောထဲခေါ်လာမယ့်အစား နင့်ကျောင်းသခင်ကို ဘာလို့ သွားမပြောလဲ။ ငါ့ကို မှန်မှန်ပြောစမ်း၊ နင်ဘာတွေ ကြံနေတာလဲ”

“ကျုပ်ဘာမှ မကြံရပါဘူးဗျာ” လျူကွေက အကြောက်အကန် ငြင်းဆန်လိုက်၏။ အော်ငိုလိုက်ချင် သော်ငြား မျက်ရည်က ကျမလာခဲ့။ “ကျုပ်က အမိန့်အတိုင်း လုပ်နေတာပါဗျာ။ လူတစ်ယောက်က ခင်ဗျားတို့ကို ခေါ်လာခိုင်းလို့ပါ… မဟုတ်ဘူး။ သူ့ကို အဲ့နေရာဆီ ခေါ်လာခိုင်းလို့ပါ။ ကျုပ်က သူ့အမိန့်အတိုင်း လိုက်လုပ်နေရတာပါဗျာ”

“တစ်ယောက်ယောက်က နင့်ကို ခိုင်းလိုက်တာ ဟုတ်လား” ထိုစကားကို ကြားလိုက်ချိန် ယွန်ရွှမ် တစ်ကိုယ်လုံး တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ပြီး မျှော်လင့်ချက်အပြည့်ဖြင့် အလျင်စလို မေးလိုက်၏ “ဘယ်သူနင့်ကို ခိုင်းလိုက်တာလဲ”

လျူကွေ့ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်၏ “ကျေးဇူးပြုပြီး မမေးကြပါနဲ့ဗျာ သခင်မလေးတို့ရယ်။ ကျုပ်မှာ ကျုပ်အခက်အခဲနဲ့ကျုပ်ပါ။ နောက်ထပ် တကယ်ကို မပြောနိုင်တော့လိုပါ။ ဒါပေမယ် အဲ့ကို ရောက်ဖို့ သိပ်မလိုတော့ဘူး”

ယွန်ရွှမ်သည် အရှေ့သို့ အမြန်လှည့်၍ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်၏။ သို့သော် စောင်ကြိုနေသည့် မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရ။

“ယွန်ရွှမ်၊ ဒီကောင်က နည်းနည်း သံသယဝင်စရာ ကောင်းတယ်ဟ။ အရှေ့မှာ ငါ့တို့ကို ထောင်ချောက် ဆင်ထားတာလည်း ဖြစ်နိုင်တယ်နော်။ ငါတို့ ပြန်သွားသင့်သလားလို့” ရွမ်ရှင်းယုက ယွန်ရွှမ်အား တိုးတိုးလေး ပြောလိုက်၏။

ယွန်ရွှမ်က ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး “နင်အတွေးလွန်နေတာပဲ။ ဘာပဲဖြစ်ဖြစ် သူက ရေဝိဥာဉ်ဘုရားကျောင်းတဲ့ တပည့်တစ်ယောက်လေ။ အခုလိုမျိုး လုပ်နေစရာမှ မလိုတာ”

“အကြောင်းပြချက်တွေ မလိုဘူး။ သူ့မှာ အခြား ရည်ရွယ်ချက်တစ်ခု ရှိနေတာပဲ ဖြစ်ရမယ်။ နင့်ကို ကြိုက်နေတဲ့ လှည့်ကွက်တစ်ခုခု ဆင်ထားတာလည်း ဖြစ်ရင် ဖြစ်နေမှာပေါ့”

“ငါ့ကို လာမခြောက်နဲ့နော်…” ယွန်ရွှမ်က သူမ၏ အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။

“သခင်မလေးတို့ အဆင်မပြေရင် ကျုပ်ရဲ့ ခွန်အားကို စည်းခတ်လိုက်လေ။ အဲ့လိုဆိုရင် ကျုပ်တို့သွားနေတဲ့ နေရာရောက်လို့ အန္တရာယ်တစ်ခုခု ရှိနေရင်တောင်မှ ကျုပ်အသက်က သခင်မလေးတို့ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေမှာ” မိန်းကလေးနှစ်ယောက် တီးတိုး ပြောနေသည်ကိုကြားသော် လျူကွေ့က ချက်ချင်း အကြံပေးလိုက်၏။

“ကောင်းသားပဲ။ အဲ့လိုဆို ငါယဉ်ကျေး မနေတော့ဘူးနော်” ရွမ်ရှင်းယုက ချက်ချင်းပဲ လျူကွေ့၏ အစစ်အမှန်ချီကို စည်းခတ်လိုက်လေ၏။

လျူကွေ့ကမူ စိတ်ထဲမထားဘဲ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ရှေ့ဆက်လျှောက်နေခဲ့၏။

ကီလိုမီတာ ဒါဇင်ကျော်လောက် လမ်းလျှောက် လာပြီးနောက် သူတိုသုံးယောက် ရေကန်လေးတစ်ကန် ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာ ရောက်မှပဲ လျူကွေ့ စိတ်သက်သာရာ ရသွားခဲ့ပြီး ရှေ့ဘက်ကို လက်ညိုးထိုး၍ “ကျုပ်တို့ရောက်ပြီ။ သခင်မလေးကို တွေ့ချင်နေတဲ့လူက အဲ့မှာ စောင့်နေတယ်”

သူညွှန်ပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် ရွမ်ရှင်းယုမှ ထအော်မတတ် ဖြစ်သွားခဲ့ရ၏။ ယွန်ရွှမ်ဆိုလျှင်လည်း မယုံကြည်နိုင်သည့် အမူအရာဖြင့် မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလေ၏။

All Chapters