← Chapters

အခန်း (၈၂၁-၈၂၅)

Vol. 33 Ch. 821-825

အခန်း (၈၂၁-၈၂၅)

Vol. 33 Ch. 821-825

အပိုင်း (၈၂၁) မတွေ့ရတာကြာပြီနော်

ကန်မျက်နှာပြင်သည် လရောင်ကြောင့် တဖျတ်ဖျတ် လက်နေခဲ့ပြီး ရေပြင်ရေသားသည်လည်း သလင်းကျောက် ပမာ ကြည်လင်သန့်စင်နေခဲ့ကာ စိတ်လွတ်ကိုယ်လွတ် ကူးခတ်နေသော ငါးအချို့ကိုပင် မြင်တွေ့နိုင်နေ၏။

ယခုအချိန်တွင် ကန်အနီး၌ လူငယ်လေး တစ်ယောက် ပြုံးကာရပ်လျက် လျူကွေ့ခေါ်လာသော ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့အား လက်ဝှေ့ရမ်းပြလိုက်၏ “မတွေ့ရတာတောင် ကြာပြီနောင်”

ရွမ်ရှင်းယုနှင့် ယွန်ရွှမ်တို့မှာ ချက်ချင်း စကား ပြန်မပြောနိုင်ခဲ့ဘဲ နေရာတွင်သာ မှင်သေသေဖြင့် ကြောင်ရပ်နေခဲ့၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်ပြီး သူတို့ဆီ လမ်းလျှောက်သွားလိုက်၏။ ရန်ကိုင်ရောက်လာသည်နှင့် လျူကွေ့က အမြန် ရှေ့တက်၍ ဖားယားသည့် စကားလုံးများ ပြောလိုက်၏ “အရင်တုန်းက တော်ဝင်သခင်မှန်း မသိလိုက်လို့ တော်ဝင်သခင်အနေနဲ့ ဒီနိမ့်ကျတဲ့တစ်ယောက်ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်”

“ဘာမှမဖြစ်ဘူး” ရန်ကိုင်က အသာအယာ လက်ဝှေ့ရမ်းပြလိုက်၏။

လျူကွေ့ အမူအရာ ပြေလျော့သွားခဲ့ပြီး လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏ “ဆရာ ခေါ်ခိုင်းလိုက်တဲ့ မိန်းကလေး နှစ်ယောက်ကို ကျုပ်ခေါ်လာခဲ့ပါပြီ”

“တော်တယ်” ရန်ကိုင်က လျူကွေ့၏ ပခုံးကို ပုတ်လိုက်သည့်အခါ လျူကွေ့က ခခယယဖြင့် “ကျုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ”

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် လျူကွေ့က စိုးရိမ်နေသည့် လေသံဖြင့် ဆက်ပြောလိုက်၏ “ကျုပ်ဆရာအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိမှန်း ဆရာလည်း မြင်တာပဲ။ အဆင်ပြေရင် ကျုပ်ရဲ့ ဝိဥာဉ် အမှတ်အသားကို အရင်ပြန်ပေးလို့ ရမလားဟင်။ ကျုပ် လျူကွေ့ တော်ဝင်သခင်အကြောင်း အခြား ဘယ်သူ တစ်ဦးတစ်ယောက်ဆီမှ လျှောက်မပြောပါဘူးလို့ ကျိန်ဆိုပါတယ်။ လျှောက်ပြောပါက ကောင်းကင် အပြစ်ပေးတာ ခံရပါစေသား”

လျူကွေ့၏ ခခယယဖြင့် တောင်းဆိုနေသည့် အမူအရာကို မြင်သော် ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး မေးလိုက်၏ “မင်းတောင်းဆိုချက်ကို အခု လောလောဆယ်တော့ ဖြည့်ဆည်းပေးနိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ငါ့အမိန့်ကို နာခံနေသရွေ့ ငါမင်းကို ဘာမှမလုပ်ဘူး ဆိုတာကိုတော့ စိတ်ချထားလို့ ရတယ်”

“ကျုပ်မနာခံဘဲ မနေရဲပါဘူး” လျူကွေ့က ခါးခါးသီးသီး ပြုံးလိုက်၏။ တောင်ထွတ်ကိုးလုံးမှ ရန်ကိုင် ထွက်သွားစဉ်က လျူကွေ့တို့ အဖွဲ့သည် ရန်ကိုင်အား လိုက်လံဖမ်းဆီးခဲ့၏။ သို့သော် ရန်ကိုင်အား မဖမ်း နိုင်ခဲ့သည့်အပြင် တစ်ဖွဲ့လုံး အသတ်ခံခဲ့ရာ လျူကွေ့သည်လည်း သူ့ဝိဥာဉ်အမှတ်အသားအား ရန်ကိုင်၏ ယူဆောင်သွားခြင်း ခံလိုက်ရလေ၏။ ကျောင်းသခင်သာ ထိုအကြောင်းကို သိသွားခဲ့ပါက သူ့တွင် အသက်ကိုးသက် ရှိလျှင်ပင် လုံးဝ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ တွေးမိလိုက်သည်နှင့် လျူကွေ့ အတော့်ကိုမှ စိတ်ညစ်သွားခဲ့ရ၏။

“နာခံရင် ဆုဆိုတာ ရှိပြီးသား” ရန်ကိုင်က လျူကွေ့၏ အမူအရာကို အသေအချာ လေ့လာနေခဲ့သဖြင့် တစ်ဖက်လူသည် လက်ရှိ အခြေအနေနှင့် ပက်သက်၍ အတော်လေးကို စိတ်ညစ်နေမှန်း သူနားလည်လိုက်၏။ သူ့အမိန့်အား နာနာခံခံနှင့် လိုက်နာသော ပွန်းရုပ်သည် ပိုအသုံးဝင်မှန်း သိလေရာ ရန်ကိုင်သည် ချက်ချင်းပဲ လျူကွေ့အား ဆေးပုလင်းအချို့ ပေးလိုက်လေ၏။

လျူကွေ့လည်း ဆေးပုလင်းကို အလိုလို လှမ်းဖမ်းလိုက်၏။ ဆေးရနံ့ကို တစ်ချက် ရှုကြည့် လိုက်ပြီးနောက် ဝမ်းသာအူမြူးစွာဖြင့် အလန့်တကြား ထအော်တော့လေ၏ “စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတွေလား”

“အလုပ်သာကြိုးစားရင် ဆုဆိုတာမရှားဘူး” ရန်ကိုင်က အားပေးလိုက်၏။

“ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ တော်ဝင်သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်” လျူကွေ့က အပြုံးကြီးပြုံးလျက် ပြောလိုက်၏။

သာမန်အရည်အချင်းကိုသာ ပိုင်ဆိုင်ထားသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် လျူကွေ့၏ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းထဲရှိ အဆင့်အတန်းသည် အတော့်ကိုမှ သာမန်ဆန်လှ၏။ ဂိုဏ်းမှ ပေးအပ်သော တာဝန်များကို ပုံမှန်လုပ်ဆောင်ရင်း တစ်လလျှင် အများဆုံးမှ စိတ်ဝိဥာဉ် အဆင့် ဆေးလုံး နှစ်လုံး၊ သုံးလုံးလောက်သာ ရတတ်၏။ သို့သော်လည်း ရန်ကိုင်ခိုင်းလိုက်သော ဘာမှမဟုတ်သည့် ကိစ္စလေး တစ်ခုကို ပြီးမြောက်အောင် လုပ်ပြီးနောက် စိတ်ဝိဥာဉ်အဆင့် ဆေးပုလင်းတစ်ပုလင်း ချီးမြှင့်ခြင်း ခံခဲ့ရလေရာ လျူကွေ့ မပျော်ဘဲ နေမည်လား။

ရနေကျနှင့်စာလျှင် အများကြီး ပိုများသလို လုပ်ရသည်မှာလည်း အရမ်းကိုမှ လွယ်ကူသက်သာလှ၏။ အကျိုးအမြတ်ပုံကြီးကို မြင်လိုက်သည်နှင့် လျူကွေ့မှာ ရန်ကိုင်သည် သူ့ဝိဥာဉ်အမှတ်အသားအား ယူထားသည် ဆိုသော အချက်ကိုပင် ဂရုမစိုက်တော့ပေ။

တော်ဝင်သခင်သစ်အတွက် အလုပ်လုပ်ပေးရသည်မှာ သူ့အတွက်ကံကောင်းမှု တစ်ခုပင်ဟု တွေးလိုက်သေး၏။

လျူကွေ့၏ တုန့်ပြန်မှုကြောင့် ရန်ကိုင် အတော်လေး ကျေနပ်သွားခဲ့၏။ လျူကွေ့ကဲ့သို့ လူမျိုးသည် အကျိုုးအမြတ် ရရန်အတွက် ဘနဖူးပင်သိုက်တူးမည့် လူစားမျိုး ဖြစ်ပေ၏။

သူ့လက်ကို ဝှေ့ရမ်း၍ ရွမ်ရှင်းယု လုပ်ထားသည် စည်းများကို ဖြေပေးလိုက်ပြီးနောက် လျူကွေ့အား အချက်ပြလိုက်၏ “ပြန်သွားတော့။ အခုလောလောဆယ် မင်းကို ခိုင်းစရာ ဘာမှမရှိသေးဘူး”

“ဟုတ်ကဲ့ပါ၊ တော်ဝင်သခင်။ နောက်ပိုင်းကျ ခိုင်းစရာ ရှိတယ်ဆိုရင် နည်းနည်းလေးတောင် အားမနာပါနဲ့နော်” လျူကွေ့က သူ့ရင်ဘတ်ကိုပုတ်၍ အခိုင်အမာ ဆိုလိုက်၏။

“အခွင့်အလမ်းတွေ ရှိလာဦးမှာ” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်၏။

လှည့်ထွက်သွားမည်အပြု၊ ချက်ချင်း မသွားသေးဘဲ ယွန်ရွှမ်ဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး အနည်းငယ် မနာလိုနေသည့် လေသံဖြင့် ရေရွတ်လိုက်၏ “သခင်မလေးရဲ့ကံက မနာလိုချင်စရာပဲ”

ထိုမိန်းကလေးနှင့် တော်ဝင်သခင်ကြားက ဆက်ဆံရေးသည် မရိုးရှင်းမှန်း သူသိလေ၏။

ယွန်ရွှမ်၏ မျက်နှာလှလှလေး ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ရွမ်ရှင်းယုက လျူကွေ့အား စူးစူးရဲရဲ စိုက်ကြည့်၍ အော်လွှတ်လိုက်လေ၏ “နင်မသွားသေးဘူးလား”

ရွမ်ရှင်းယုက အော်လွှတ်လိုက်သဖြင့် လျူကွေ့လည်း ခြောက်ကပ်ကပ် ရယ်မောရင်း အမြန် ထွက်သွားတော့လေ၏။

လျူကွေ့ ထွက်သွားပြီးနောက် ရန်ကိုင်က မိန်းကလေး နှစ်ယောက်အား ပြုံးကာ ကြည့်လိုက်ပြီး “မတွေ့တာ ဒီလောက် ကြာတာတောင် နင်တို့ နှစ်ယောက်ကတော့ အရင်အတိုင်း လှနေတုန်းပါပဲလား”

“လျှာစောင်းကတော့ ထက်ချက်ပဲ” ရွမ်ရှင်းယုက အထင်အမြင်သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ခွေးကောင်၊ နင်မသေရင် ယွန်ရွှမ်ဆီ ဘာလို့ သတင်း မပို့တာလဲ။ နင့်ကြောင့် သူဘယ်လောက်တောင် ဝမ်းနည်းနေရလဲ နင်သိလား”

ရှင်းယု…” ယွန်ရွှမ်က နှုတ်ခမ်းလေးကို ကိုက်လျက် လှမ်းအော်လိုက်ပြီးနောက် ရန်ကိုင်အား အလိုလို လှမ်းကြည့်မိလိုက်၏။ ယခု ထိုလူငယ်လေးသည် သူမထက် အစစအရာရာ၌ သာလွန်သွားခဲ့လေပြီ။

စတွေ့စဉ်က သူ့ကျင့်ကြံခြင်းသည် သူမထက် နိမ့်ကျသည့်အပြင် သူ့ပုံစံသည်လည်း တစ်မျိုးတစ်ဖုံ စုတ်ပြတ်ပြတ် နိုင်လှ၏။ သူသည် ဘယ်ချောင်ထဲမှကမသိ ထွက်လာသော ဘာမှမသိသည့် လူငယ်လေး တစ်ယောက် သာသာပင်။

သို့သော် နှစ်အနည်းငယ်အတွင်း သူသည် ဘုံးကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာခဲ့ပြီး သူ့ခွန်အားသည်လည်း သူမထက် အများကြီး ပိုမို မြင့်မားနေခဲ့လေပြီ။

လက်ရှိအချိန်၌ သူမသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးသော်လည်း သူသည် မသေမျိုး ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ။

နှစ်ယောက်သား ကွာခြားချက် ဤမျှ ကြီးမားနေလေရာ နှစ်ပေါင်းများစွာ မရပ်မနား အဆက်မပြတ် ကြိုးစားလျှင်ပင် သူမအနေဖြင့် သူ့ကို အမှီလိုက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ရှေ့တွင် ရပ်နေသည့်အခါ သူမကိုယ်သူမ နိမ့်ကျသလို ခံစားရ၏။

ယွန်ရွှမ် ပုံမှန်မဟုတ်သည်ကို သတိပြုမိသော် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့၏။ သို့သော် သူမဘာတွေးနေမှန်း၊ မည်ကဲ့သို့ ခံစားနေရမှန်း မသိလေရာ အားလုံး ပျော်သွားအောင် ရယ်ရယ်မောမောဖြင့်သာ အရွှန်း ဖောက်လိုက်လေ၏ “ငါ့ကို မမှတ်မိသေးတာလား”

“နင်ပြာဖြစ်သွားရင်တောင် ငါနင့်ကိုမှတ်မိနေဦးမှာ” ယွန်ရွှမ်က အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။

“ဒါဆိုရင် ဘာလို့ ငါ့ကို လူစိမ်းတစ်ယောက်လို စိုက်ကြည့်နေသေးတာလဲ” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပါးကို ကုတ်လိုက်ပြီး “ငါလုံခြုံနေမှန်း နင့်ကို မပြောခဲ့လို့ ဒေါသထွက်နေတယ် ဆိုရင်တော့ ငါတကယ် တောင်းပန်ပါတယ်ဟာ။ ဒီတစ်လျှောက်လုံး နည်းနည်း လေးတောင် မအားလပ်နိုင် ဖြစ်နေခဲ့တာ။ ပြီးတော့ လူသိရှင်ကြား ထုတ်မပြချင်တဲ့ အချို့ကိစ္စတွေလည်း ရှိနေသေးတာကိုး”

“ဟန့်၊ အပိုတွေပြောမနေစမ်းပါနဲ့ဟာ။ နင်က အရှက်မရှိတဲ့ကောင်မှန်း ငါသိပြီးသား” ရွမ်ရှင်းယုက မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “နင်က ဆော့ပဲ ဆော့ပြီး တာဝန်မယူချင်လို့ ရှောင်ပြေးနေတာမလား”

“ဘာကို တာဝန်ယူရမှာလဲ။ အကုန်လုံးက မလွဲမသာလို့ ဖြစ်ပျက်ခဲ့ရတာတွေပဲလေ” ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ပြန်ငြင်းလိုက်၏။

ထိုနှစ်များအတွင်း ယွန်ရွှမ်အကြောင်း သိပ်အများကြီး မတွေးဖြစ်ခဲ့။ ဖြစ်ပျက်ခဲ့သည်နှင့် ပက်သက်၍ အနည်းငယ် ရှက်ရွံ့မိသော်ငြား သူမသည် သူ့နှလုံးသားထဲရှိ စုယန်နှင့် စီနီယာမမလေး၏ နေရာကို မည်သို့မှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။

ကဝေမွန်းစတား၏ စိတ်စွမ်းအင်အဆိပ်ကြောင့်သာ မဟုတ်ပါက သူတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အသိမိတ်ဆွေထက် ပိုလိမ့်မည် မဟုတ်ချေ။

“နောက်ဆုံးတော့ တာဝန်မယူချင်တာပဲမလား။ ငါနင့်ကို တကယ် အထင်မှားသွားတယ်” ရွမ်ရှင်းယုက ဒေါသတကြီး အော်ဟစ်လိုက်၏။

ပြန်မငြင်းနိုင်လေရာ မဲ့ပြုံးပြုံး၍သာ ခေါင်းခါရမ်းရတော့လေ၏။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယွန်ရွှမ်က သက်ပြင်းအရှည်ကြီးတစ်ချက် ချလျက် ယဲ့ယဲ့လေး ပြုံးလိုက်ရင်း “ရှင်းယု၊ ထပ်မပြောနဲ့တော့။ ပြောနေလို့လည်း ဘာအဓိပ္ပါယ်မှ ရှိတာမဟုတ်ဘူး။ ဘဝခရီးလမ်းမှာ လူအချို့၊ ကိစ္စအချို့ဆိုတာ တစ်ခဏတာ ကြုံကြိုက်မှုမျိုးတွေပဲ။ မဖြစ်ဖို့ ကံပါမလာတဲ့ အရာတွေကို မဖြစ်ဖြစ်အောင် တွန်အားပေးနေဖို့ မလိုဘူး”

“နင်တကယ်ကြီး ဒီအတိုင်း ထားလိုက် တော့မလို့လား” ရွမ်ရှင်းယုက ယွန်အား အံ့အားသင့်တကြီးဖြင့် စိုက်ကြည့်လိုက်၏။

“တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းက တပည့်တစ်ယောက်ကို နင့်အမိန့်နာခံလာအောင် ဘာတွေများ လုပ်ထားတာလဲ” ယွန်ရွှမ်က ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းပစ်လိုက်၏။

“လွန်ခဲ့တဲ့ လဝက်လောက်တုန်းက ငါ့နဲ့သူတို့ တိုက်ကြခိုက်ကြရင်းနဲ့ သူ့အပေါ် စည်းတစ်ခု ချန်ထားရစ်ခဲ့တာလေ။ အဲ့လိုနဲ့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် လုပ်နိုင်ကြတာပဲ။ ဒီနေ့ နင်တို့နှစ်ယောက်ကိုတွေ့လို့ နင်တို့ကို ဒီနေရာဆီ ခေါ်လာဖို့ သူ့ကို ပြောလိုက်တာ” ရှင်းပြပြီးသည်နှင့် ဆက်လက်၍ မေးလိုက်၏ “နင်တို့ လွတ်လပ်သော အဖွဲ့အစည်းကလည်း ဒီကိစ္စထဲမှာ ပါတာလား”

“အင်း” ယွန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး “နင်တို့ အရင်မျိုးဆက် သူတော်စင်မက ငါတို့ အဖွဲ့အစည်းထဲက တပည့်အချို့ကို သတ်သွားတယ်လေ။ အဲ့ဒါကို ကျန်းအောင် သိသွားပြီး ငါတို့အဖေကို ဒီနေရာဆီ လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာ။ တော်ဝင်နယ်မြေနဲ့ နည်းနည်းပါးပါး ပြန်ပြီး ဆွေးနွေးမယ်ပေါ့… ဒါပေမယ့် ဘယ်သူက ထင်ထားခဲ့မှာလဲ။ သူငါ့တို့ကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက တော်ဝင်နယ်မြေနဲ့ ညှိနှိုင်းဖို့ မဟုတ်ဘဲ တိုက်ခိုက်ဖို့ ဖြစ်နေတယ် ဆိုတာကိုလေ”

“ဒါဆိုရင် နင်တို့ကို ခေါ်လိုက်တာက သူတို့ အရေအတွက်ကို ပိုတိုးစေချင်ရုံ သက်သက်ပဲပေါ့” ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်၏။

“ဟုတ်လောက်တယ်။ တကယ်တော့ ဒီမှာရှိနေတဲ့ အင်အားစုတော်တော်များများက ငါတို့နဲ့ ဘဝတူတွေပဲ။ နင်နဲ့ လာမတွေ့ခင်တုန်းက အင်အားစုလေးနှစ်ခု ထွက်သွားဖို့ လုပ်သေးတယ်လေ။ ဒါပေမယ့် သူတို့ မထွက်သွားနိုင်ခင်မှာဘဲ ကျန်းအောင်က သူတို့တွေ အကုန်လုံးကို သတ်ပစ်လိုက်တယ်”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “တကယ်ကို အားတက်သရော ကြိုးစားနေတာပဲ”

“အဲ့နောက်ပိုင်း ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားရဲကြတော့ဘူး။ နောက်တစ်ကြိမ် တိုက်ခိုက်တဲ့ အခါကျ နင်တို့တော်ဝင်နယ်မြေကို စိစိညက်ညက် ကြေအောင် နင်းခြေပစ်မယ်လို့ ကျန်းအောင်က ကြုံးဝါးကြေညာသွားသေးတယ်။ နင်တို့ ခုခံနိုင်မှာလား”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “တကယ်တိုင်း တိုက်ပွဲဖြစ်မယ်ဆိုရင် နောက်ဆုံး ရလဒ်က နှစ်ဖက်စလုံး ထိခိုက်မှာပဲ။ တော်ဝင်နယ်မြေကတော့ ကျိးန်သေ ဒုက္ခရောက်ရလိမ့်မယ်။ ဒါပေမယ့် နင်တို့ ဘက်ကလည်း ငါတို့ထက် ပိုကောင်းနေမှာ မဟုတ်ဘူး”

“ဒါဆိုရင် နင်ဘာဆက်လုပ်မှာလဲ။ ဒီနေရာကနေ မြန်မြန်ထွက်သွားသင့်တယ်နော်။ ဆက်ပြီး နေနေတာက အရမ်း အန္တရာယ်များလွန်းတယ်”

“ငါ့အတွက် စိတ်ပူမနေနဲ့၊ ငါ့မှာ အစီအစဉ် ရှိပြီးသား။ နင်တို့သာ ဒီတစ်ကြိမ် တိုက်ပွဲထဲ ဝင်မပါမိအောင်နေ” ရန်ကိုင်က အမူအရာ လေးနက်သွားခဲ့ပြီး “နင်တို့သာ ဆက်ပြီး ဝင်ပါနေဦးမယ်ဆိုရင်တော့ လွတ်လပ်သော အဖွဲ့အစည်းတစ်ခုလုံး ကျိန်းသေ ထိခိုက်ရလိမ့်မယ်”

“နင်ဘာပြောချင်တာလဲ” ယွန်ရွှမ် အလန့်တကြား ဖြစ်သွားခဲ့၏။

“ဒီလောက်ပဲ ပြောနိုင်မယ်။ ဘာပဲဖြစ်ဖြစ် ပြန်သွားတာနဲ့ ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန် ထွက်သွားဖို့သာ နင့်အဖေကို ပြောပေတော့။ အခြေအနေတွေက လုံးဝကြီးကို ပြောင်းလဲတော့မှာ။ ဆက်နေရင် အန္တရာယ်မကင်းဘူး”

ယွန်ရွှမ် မျက်မှောင်ကြုံ့သွားခဲ့သော်ငြား ခေါင်းညိတ်ပြလိုက်၏။ ရန်ကိုင်ကို ဘာမှ ထပ်မမေးတော့ဘဲ သူ့အား ယုံကြည်ရန်သာ ဆုံးဖြတ်လိုက်၏။

ရွမ်ရှင်းယုကမူ ရန်ကိုင်အား ကြည့်မရ ဖြစ်နေသဖြင့် “ရုပ်တည်ကြီးနဲ့ကို ပြောနေတော့တာပဲ။ နင်တို့ တော်ဝင်နယ်မြေမှာ အားကောင်းတဲ့ အရံအတားရှိသလို ပညာရှင်တွေ အများကြီး ရှိတယ်ဆိုပေမယ့် ငါသိသလောက်ဆို ဒီမှာ စုဝေးနေတဲ့ စုစုပေါင်း ပညာရှင် အရေအတွက်က နင်တို့ တော်ဝင်နယ်မြေရဲ့ နှစ်ဆ ရှိတယ်နော်”

“အဲ့တော့…” ရန်ကိုင်က လှောင်ပြောင်ဟန်ဖြင့် “လာရဲရင် လာကြည့်လိုက်စမ်းပါ။ တော်ဝင်နယ်မြေ ဆိုတာ ဘာမှန်း သူတို့ သိသွားစေရမယ်”

“ငါနင့်ကို လုံးဝ နားမလည်နိုင်တော့ဘူး…” ရွမ်ရှင်းယုက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒါနဲ့ နေစမ်းပါဦး။ နင် တော်ဝင်သခင်သစ် ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ”

“လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်ပဲလေ” ရန်ကိုင်က ရယ်ပြုံးပြုံးလိုက်ပြီး “ငါလည်း ဖြစ်လာချင်တာ မဟုတ်ဘူး။ ဒါပေမယ့်… ကံကြမ္မာက ဖန်လာတော့လည်း”

ရွမ်ရှင်းယုက အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင် ပြောသည်စကား တစ်ခွန်းမှကို သူမ မယုံပါချေ။ တော်ဝင်သခင် ဖြစ်လာသူအားလုံး အပျော်လွန်ပြီး သေမည့်သူချည်းသာ။ ရန်ကိုင် တစ်ယောက်ကတည်းကမှ အများနှင့်မတူ တစ်မူထူးခြား၍ တော်ဝင်သခင် အဘယ်ကြောင့် မဖြစ်ချင်ရမည်နည်း။

ထိုကောင်စုတ်လေးက ဟန်ထုတ်နေခြင်းသာ ဖြစ်ရပေမည်။ ရွမ်ရှင်းယု ရန်ကိုင်အား ပို၍ အထင်သေးသွားခဲ့၏။ ထိုကောင်စုတ်လေး၏ ကျင့်ကြံခြင်း မြန်မြန်ဆန်ဆန် တိုးတက်လာရခြင်းသည် တော်ဝင်နယ်မြေ၏ နည်းလမ်းများကြောင့် ဖြစ်ရမည်ဟု ကြိတ်၍ တွေးနေလိုက်၏။

တော်ဝင်နယ်မြေကသာ လေ့ကျင့်ပေးမည်ဆိုပါက သူမပင် သူ့အဆင့်သို့ အချိန်တိုအတွင်း ရောက်နိုင်ပေ၏။

“နင်အခြား ပြောချင်တာ ရှိသေးလား” ယွန်ရွှမ်က မေးလိုက်၏။

သူမ၏ တည့်တိုးဆန်မှုကြောင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရ၏။ သို့သော် ခေါင်းသာ ရမ်းပြ၍ “ဟင့်အင်း”

“အဲ့လိုဆို ငါတို့ ပြန်တော့မယ်။ အပြင်မှာ အကြာကြီး နေနေရင် သံသယဝင်ခံရလာနိုင်တယ်” ပြောပြီးသည်နှင့် ရန်ကိုင်အား ဝေခွဲမရသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏ “ဘာပဲဖြစ်ဖြစ်၊ အခုလို သတိပေးပေးလို့ ကျေးဇူးပဲ။ ငါ့အဖေနဲ့ သွားပြောပြီး နင်ကိုယ်တိုင် ပြောခဲ့တဲ့အကြောင်း ပြောပြလိုက်မယ်။ နင်ကိုယ့်နင်လည်း ဂရုစိုက်ဦး။ ငါတို့ တွေ့တုန်းကထက် နင်ပိုကြမ်းလာပြီမှန်း ငါသိတယ်။ နင့်အဆင့်အတန်းက ငါ့ထက် ပိုမြင့်နေပြီမှန်းလည်း ငါသိတယ်။ ဒါပေမယ့် နင့်ခွန်အားက အကန့်အသတ်နဲ့ ရှိနေတုန်းပဲ။ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင်‌ နင့်ကိုယ်နင် အရမ်းကြီး တွန်းအားပေးနေဖို့ မလိုဘူး”

“ကောင်းပြီလေ။ ငါမှတ်ထားလိုက်ပါ့မယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့လိုဆိုရင် ငါတို့ သွားတော့မယ်။ ဒီအခက်အခဲတွေ ပြီးလို့ လွတ်လပ်သော အဖွဲ့အစည်းဆီ လာလည်ချင်တယ် ဆိုရင် ကြိုက်တဲ့အချိန်သာ လာခဲ့။ နင့်အတွက် အမြဲ တံခါးဖွင့်ထားတယ်” ယွန်ရွှမ်က ပြုံးလိုက်ပြီး ရွမ်ရှင်းယုလက်ကိုဆွဲ၍ လှည့်ထွက်သွားလေ၏။

ရန်ကိုင်မှာ သူမတို့ ထွက်သွားသည် ကျောက်ရုပ် တစ်ရုပ်ပမာ ငေးကြောင်ရပ်ကြည့်နေခဲ့လေ၏။ သူ့စိတ် တစ်ခုလံဒး ယောက်ယတ်ခတ်နေခဲ့၏။ ထိုမိန်းကလေးသည့် ထိုကဲ့သို့ ဟန်မပျက် ပြုမူပြနိုင်လိမ့်မည်ဟု သူတကယ် မထင်ထားခဲ့ချေ။ တစ်ချိန်လုံး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုမူသွားခဲ့ပြီး ထွက်သွားရာတွင်လည်း နည်းနည်းမျှပင် တုန့်ဆိုင်း တွေဝေနေခြင်းမရှိခဲ့။

ယခင်ကမူ သူမအား မည်ကဲ့သို့ နှစ်သိမ့်လျှင် ကောင်းမလဲဟု တွေးပူခဲ့ရသေး၏။ သူမပုံစံကို မြင်ပြီးနောက် မလိုသည်ကိုသာ တွေးပူနေခြင်းဖြစ်ကြောင်း ရန်ကိုင် နားလည်လိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၂) ခေါင်းမာသောသက်ကြားအိုကြီး

တောအုပ်ထဲတွင်၊ ရန်ကိုင်ဆီမှ ထွက်လာပြီး ယွန်ရွှမ်နောက် တစ်ချိန်လုံး လိုက်လာနေပြီး နောက်ဆုံး မနေနိုင်တော့သည့် အဆုံး ရွမ်ရှင်းယုက မကျေမနပ်ဖြင့် ရေရွတ်လိုက်၏ “အရူးမ၊ နောက်ဆုံးမှ သူ့ကို တွေ့ခွင့်ရခဲ့တာကို ဘာလို့ ဒီအတိုင်း လွှတ်ပေးလိုက်တာလဲ”

“သူအသက်ရှင်နေသေးတယ်လေ။ ကောင်းကောင်းလည်း နေနေရသေးတာပဲ။ ငါဘာဆက်လုပ်ရဦးမှာလဲ” ယွန်ရွှမ်က ယဲ့ယဲ့လေး ပြုံးလိုက်၏။

“အခုလိုလုပ်လိုက်လို့ နင့်အတွက်ကော အဆင်ပြေလို့လား” ရွမ်ရှင်းယု ယွန်ရွှမ်အတွက် အတော့်ကိုမှ စိတ်မကောင်း ဖြစ်နေခဲ့ရလေ၏။

“ငါအဆင်ပြေတယ်” ယွန်ရွှမ်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “သူက ငါမျှော်လင့်လို့ ရတဲ့လူတစ်ယောက် မဟုတ်တော့ဘူး။ သူ့နားဖို့ နေဖို့ ကြိုးစားရင်တောင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်ပေမှာ။ အဲ့လိုဆိုမှတော့ ကိစ္စတွေကို အခုတည်းက အပြီးဖြတ်ပြီး အမှတ်တရတစ်ခု အဖြစ်ပဲ သိမ်းဆည်းထားလိုက် တော့မယ်။ အဲ့ဒါနဲ့တင် လုံလောက်ပြီ”

“နောက်မှနောင်တမရပါဘူးနော်” ရွမ်ရှင်းယုက ထပ်မေးလိုက်၏။

“မရဘူး”

“ထားလိုက်တော့။ နင့်ကိစ္စပဲဟာကို နင့်ဘာသာ လုပ်ချင်သလိုသာလုပ်။ နောက်မှ နောင်တရပါပြီ ဆိုပြီး ငါ့ကို လာမငိုယိုပြနဲ့”

“အဲ့လိုဖြစ်မှာ မဟုတ်ဘူး” ယွန်ရွှမ်က အနောက်သို့ တစ်ချက် ပြန်ငေးကြည့်ရင်း တိုးတိုးလေး ပြန်ပြောလိုက်၏။ မျက်ရည်တစ်စ မျက်လုံးထောင့်စွန်းနား ဝေ့သီးလာခဲ့ပြီး ထိုလူသူမအပေါ် မည်ကဲ့သို့ သဘောထား သည်ကိုဆိုသည် ယွန်ရွှမ် သေသေချာချာ နားလည် သဘောပေါက်လာခဲ့၏။ သူ့အတွက်တော့ သူမသည် ဖြတ်သွားဖြတ်လာ လူတစ်ယောက်ထက် မပိုပေ။ မဟုတ်လျှင် သူမနောက်သို့ ကျိန်းသေ ပြေးလိုက်လာ ပေလိမ့်မည်။

----------------------------------

ဘုံးကိုခုနယ်မြေသို့ ပြန်ရောက်သည်နှင့် အကြီးအကဲ များအား ချက်ချင်း ခေါ်လိုက်၏။

“တော်ဝင်သခင် ညွှန်ကြားထားတဲ့အတိုင်း တပည့်တွေ အားလုံးကို ထွက်ခွါဖို့ အသင့်ပြင်ခိုင်းထား ပြီးပါပြီ” ရှုဟွေက လက်သီးဆုပ်ကာ အစီခံလိုက်၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ကျုပ်နဲ့လိုက်”

သူဘာလုပ်ချင်နေသလဲ မည်သူမှမသိ။ သို့သော် ဘာမေးခွန်းမှပြန်မမေးဘဲ ပြောသည့်အတိုင်းသာ သူ့နောက်သို့ လိုက်ပါသွားခဲ့ကြ၏။

တောင်ထွတ်ကိုးလုံးတစ်လျှောက် ဟိုတစ်လျှောက် ဒီတစ်လျှောက် သွားလာပြီးနောက် ရန်ကိုင်နှင့် အကြီးအကဲများသည် နဂါးရုပ်၊ ဖီးနစ်ရုပ်တို့ဖြင့် ထိုးထွင်းထားသော တံခါးမကြီးတစ်ချပ်ရှေ့သို့ ရောက်လာခဲ့ကြ၏။ တံခါးပေါ်တွင် ထိုးထွင်းထားသည်ကား “တော်ဝင်သင်္ချိုင်း” ဆိုသော စကားလုံးများပင်တည်း။

တော်ဝင်သင်္ချိုင်းသည် တော်ဝင်သခင် အဆက်ဆက် တို့၏ ခန္ဓာကိုယ်များကို မြုပ်နှံထားရာ နေရာဖြစ်သဖြင့် တော်ဝင်သခင်နှင့် သူတော်စင်မ မှလွဲ၍ ကျန်သူအားလုံးအတွက် တားမြစ် နေရာတစ်ခု ဖြစ်လေ၏။

“ထောင်နဲ့ချီတဲ့ တပည့်တွေကို ဘယ်နေရာများ ခေါ်သွားမှာလဲဆိုပြီး ခင်ဗျားတို့ တွေးနေတယ်မလား။ အခု ကျုပ်ကို မေးဖို့လိုသေးလား” ရန်ကိုင်က တံခါးမကြီး ရှေ့တွင်ရပ်လျက် အားလုံးကို ပြုံးပြလိုက်လေ၏။

ရန်ကိုင် မေးမေးချင်း အကုန်လုံး နားမလည်နိုင် ဖြစ်ခဲ့သွားရသော်ငြား ရန်ကိုင် ဆိုလိုချင်သည်ကို ချက်ချင်းပဲ နားလည်သဘောပေါက်သွားခဲ့၏။

ရှုဟွေက အထစ်ထစ် အငေါ့ငေါ့ဖြင့် “တော်ဝင်သခင် ပြောနေတဲ့နေရာက ဒီနေရာ…”

“ဒီနေရာကလွဲပြီး အခြားဘယ်နေရာ ရှိသေးလို့လဲ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “တော်ဝင်သင်္ချိုင်းက အကောင်းဆုံးနေရာပဲ”

“မရဘူး” ရှုဟွေ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ဒီနေရာက တော်ဝင်သခင်တွေကို မြုပ်နှံထားတဲ့ ထွတ်မြတ်နေရာတစ်ခုပဲ။ သူတို့ အနားယူနေတာကို သွားနှောက်ယှတ်လို့ ဘယ်ဖြစ်ပါ့မလဲ”

“သေတဲ့လူက သေပြီလေ။ ဘာကို နှောင့်ယှတ်တယ် ပြောချင်နေသေးတာလဲ” ရန်ကိုင်က ပြန်၍ အထွန့်တက်လိုက်၏။

“တော်ဝင်နယ်မြေမှာ တော်ဝင်သင်္ချိုင်းထဲကို တော်ဝင်သခင်နှင့် သူတော်စင်မကလွဲပြီး အခြား ဘယ်သူမှ ဝင်လို့မရဘူးလို့ စည်းကမ်းတွေ ရှိပြီးသား”

“စည်းမျဉ်းတွေကို လူတွေပဲ ချမှတ်တာလေ။ ဒီလိုမျိုး တရာသေကြီး လုပ်မနေစမ်းပါနဲ့ အကြီးအကဲချုပ်ရာ” ရန်ကိုင်က စည်းရုံးလိုက်၏။

“အဲ့ဒါက မှန်တယ်ဆိုပေမယ့်… မဟုတ်ဘူး။ ဒီလိုလုပ်လို့ လုံးဝ မဖြစ်ဘူး။ တော်ဝင်သင်္ချိုင်းထဲသာ ဝင်သွားလိုက်ရင် ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ရာ ကျသွားလိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် နောက်ပိုင်းကျ တော်ဝင်တပည့်တွေကို ဘာမျက်နှာနဲ့ မျက်နှာချင်းဆိုင် ရမှာလဲ”

“အဲ့မှာ သေတဲ့အထိ ခေါင်းမာနေလိုက် သက်ကြားအိုကြီးရေ…” ရန်ကိုင် စိတ်မရှည်တော့ချေ။ အခြားအကြီးအကဲများ ဘက်လှည့်လိုက်ပြီး “ခင်ဗျားတို့ကော ဘယ်လိုထင်လဲ”

ရှီခွန်မှာ ဘာပြော၍ ပြောရမှန်းမသိ ဖြစ်နေသဖြင့် အလျင်အမြန်ပဲ အကြည့်လွှဲလိုက်လေ၏။

မုန်ထျန်ဖေးနှင့် လော့ရှုန်းတို့လည်း မသိချင်ယောင်သာ ဆောင်နေခဲ့ကြ၏။

ချုန်ယွဲ့ထုန်က တစ်ခုခု ပြောလိုက်ရန် လုပ်လိုက်သော်ငြား ဘာမမပြောခဲ့ဘဲ ပါးစပ်ကိုသာ ပြန်ပိတ်နေလိုက်၏။

“အမှိုက်အုပ်တွေပဲ” ယုယင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏ “တော်ဝင်သခင်၊ အကြီးအကဲချုပ်က ခေါင်းမာပြီး တရားသေ နိုင်လွန်းပေမယ့် သူပြောတာလည်း မမှားဘူးလေ”

“ခင်ဗျားလည်း အဲ့လိုထင်တာလား” ရန်ကိုင်က ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်၏။

ယုယင်က ပြတ်ပြတ်သားသားကို ခေါင်းညိတ်ပြလိုက်၏။

ရန်ကိုင်မှာ စိတ်ချဉ်ပေါက်ပေါက်ဖြင့် သူ့နဖူးကို ပွတ်လိုက်ပြီး နောက်ဆုံးတစ်ယောက်ကဘ် လှည့်၍ “အန်လင်းအာ၊ နင်ရော…”

“ငါ့ကို လာမမေးနဲ့။ ငါဘာမှသိတာ မဟုတ်ဘူး။ ငါတကယ် ဘာမှကို မသိတာ” အန်လင်းအာက သူနှင့် မဆိုင်သလို ပြုမူလိုက်၏။

ခဏတာလောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး နောက် ချက်ချင်းပဲ အံကြိတ်လိုက်၏။ အန်လင်အားကို သူ့ဘက်ပါစေချင်သော်ငြား ထိုကောင်မသည် အရေးကြုံလာသည့်အချိန်၌ သူ့အား အမှန်တကယ် စွန့်ပစ်သွားခဲ့လေ၏။

“တကယ် မရတာလား” ရန်ကိုင်က ရှုဟွေဘက်သို့ လှည့်၍ လေးလေးနက်နက်ဖြင့် မေးလိုက်၏။

“အခြားကိစ္စသာဆိုရင်၊ တော်ဝင်သခင် အမိန့် ပေးလိုက်တာနဲ့ ကျုပ်အသက်ကို စွန့်ရမယ် ဆိုရင်တောင် တုန့်ဆိုင်းနေမှာမဟုတ်ဘူး။ ဒါပေမယ့်… ဒီကိစ္စကျတော့… နည်းနည်း…” ရှုဟွေ အထစ်အထစ် ဖြစ်နေခဲ့လေပြီ။ သစ္စာရှိရှိဖြင့် တော်ဝင်သခင်၏ အမိန့်ကို နာခံချင်သော်ငြား ဘိုးဘေးတို့ ချမှတ်ထားခဲ့သည့် စည်းမျဉ်းများကို ဆန့်ကျင့်ရမည် ဖြစ်သဖြင့် ရှုဟွေ အရမ်းကိုမှ ခေါင်းကိုက်နေရလေ၏။

“ကောင်းတယ်” သူပြော၍ မပြီးသေးခင် ရန်ကိုင်က ဖြတ်ပြောလိုက်ပြီး “အဲ့လိုဆိုရင်တော့ ခင်ဗျားတို့အားလုံး ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်တော့မယ်။ နှစ်ရက်သုံးရက်အတွင်း ကျန်းအောင်တို့ ပြန်လာလိမ့်မယ်။ သားရဲပင်လယ်တောအုပ်က စီနီယာကြီးကလည်း သူ့စစ်တပ်ကို ခေါ်လာပြီး ရောက်လာလိမ့်မယ်။ အဲ့အချိန်ကျ ခင်ဗျားတို့ ဘယ်လောက်များများ အသက်ရှင်နေဦးမလဲ ကျုပ်ကြည့်ဦးမယ်။ ကံကောင်းပါစေဗျာ”

ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်လေ၏။

ရှုဟွေ မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ရန်ကိုင်၏ အင်္ကျီစအား အလျင်စလို ဖမ်းဆွဲလိုက်ပြီး နောက်ဆုံး အသက်ကယ် ကောက်ရိုးမျှင်အား ဆုပ်ကိုင်ထားသည့် ပမာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင် “တော်ဝင်သခင်၊ ဘယ်သွားမလို့လဲဟင်”

“ခင်ဗျားတို့အားလုံးက ဒီမှာ ထိုင်အသေခံချင် နေကြတာလေ။ ဒါပေမယ့် ကျုပ်ကမှ မသေချင်သေးတာ။ ကျုပ်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ပြီးတော့ အရွယ်ကလည်း ကောင်းတုန်း။ ခင်ဗျားတို့နဲ့ ဘာလို့ အတူသေပေးရမှာလဲ” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။

“ဒါပေမယ့် တော်ဝင်သခင်သာ ထွက်သွားရင် တော်ဝင်နယ်မြေက ဘာလုပ်ရတော့မှာလဲ” ရှုဟွေက ပျာယာခတ်နေသည့် လေသံဖြင့် မေးလိုက်၏။

“ဟတ်။ တော်ဝင်နယ်မြေ ဘာဖြစ်ဖြစ်၊ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ အခု ပြဿနာကြီးကနေ ဘယ်လို ရုန်းထွက်ရမလဲ ခင်ဗျားတို့အတွက် နည်းလမ်း ရှာပေးပြီးတာတောင် ခင်ဗျားတို့ ငြင်းနေတုန်း။ ဘာလဲ၊ ကျုပ်ကိုပါ ခင်ဗျားတို့နဲ့ အတူသေခိုင်းချင်နေတာလား” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် အတိအလင်း ပြောလိုက်၏ “ခင်ဗျားတို့ကို စိတ်ပျက်အောင် လုပ်မိလည်း မတတ်နိုင်ဘူး။ ကျုပ်က ခင်ဗျားတို့ ထင်သလောက် မြင့်မြတ်တဲ့လူ မဟုတ်ဘူး”

“ဒါက…” ရှုဟွေ လုံးဝကို ဆွံ့အနေခဲ့ရလေပြီ။ စိတ်ထဲတွင်လည်း လူငယ်တွေဆိုတာ လူငယ်တွေ ပါပဲလေ… ဆုံးဖြတ်ချက်ချရင်လည်း နည်းနည်းလေးမှ သေသေချာချာ မစဉ်းစားကြဘူး ဟုဆို၍ တွေးနေလိုက်သေး၏။ ယခင်ကမူ ရန်ကိုင်သည် တော်ဝင်သခင်တစ်ယောက်တွင် ရှိသည့်သည့် ပုံစံမျိုး ပြသခဲ့သော်လည်း ယခုမူ ရုတ်တရက်ကြီး ဆိုသလို တော်ဝင်နယ်မြေ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့မည့် ပုံစံမျိုး လုပ်ပြလာခဲ့လေ၏။

“ပြီးတော့…” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ထပ်မံ ဆိုလိုက်ပြန်၏ “ပါစပ်ကနေသာ တော်ဝင်သခင်၊ တော်ဝင်သခင်လို့ ခေါ်နေကြတာ.... ကျုပ်အမိန့်ကို ဘယ်သူ နာခံလို့လဲ။ ပြောလေ… ဘယ်သူမှ မနာခံတာကို ကျုပ်က ဒီမှာ ဘာဆက်လုပ်နေရဦးမှာလဲ။ ဒီကပ်ဆိုးကနေ လွတ်မြောက်နိုင်ရင်တောင် ခင်ဗျားတို့ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ် ဘဝမျိုး ရောက်ရမှာ ကျုပ်ကြောက်တောင်ကြောက်နေပြီ”

“ကျုပ်တို့ မလုပ်ရဲပါဘူး” ရှုဟွေက အူးယားဖားယား ပြန်ငြင်းလိုက်၏။

“အို။ တကယ်ကြီးလား။ ဒါဆိုရင် ကျုပ်ကို ဘာလို့ တားနေသေးတာလဲ”

ရှုဟွေက ရန်ကိုင်အင်္ကျီစကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး ကိုးယိုးကားယား အမူအရာဖြင့် သူ့လက်ကို ပြန်ယုတ်လိုက်၏။

“တော်လောက်ပြီ” ယုယင်က အော်ပြောလိုက်ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လျက် “တော်ဝင်သခင်ဆိုတာ တော်ဝင်သခင်လို ပြုမူသင့်တယ်။ ဘယ်လိုလုပ်ပြီး လူရမ်းကာ တစ်ယောက်လို လုပ်နေရတာလဲ။ အကြီးအကဲချုပ်ကို အခုလိုမျိုး ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဖြစ်ရအောင် လုပ်ရတာကို ပျော်နေတာလား”

ရန်ကိုင်အား ဆူပူပြစ်တင်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ ရှုဟွေကို ကြည့်၍ “အကြီးအကဲချုပ်၊ ဒါက…”

ရှုဟွေလည်း တုန့်ဆိုင်းသွားခဲ့ရလေ၏။ အချိန် အတော်ကြာအောင် စဉ်းစားတွေးတောနေရင်း ရန်ကိုင်၏ အမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေပြီး နောက်ဆုံး၌ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ကာ “တော်ဝင်သခင်က အခုလိုမျိုး အကြုံပြုလာမှတော့… ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ စည်းမျဉ်းကို ချိုးဖျက်ရမယ် ဆိုရင်တောင်… အရင်ဆုံး မဲ့ရွေးကြတာပေါ့။ အခု တော်ဝင်နယ်မြေမှာ အာဏာအရှိဆုံး လူခုနှစ်ယောက် ရှိတယ်။ ဒီတော့ တော်ဝင်သင်္ချိုင်းထဲဝင်ဖို့ အများစုက သဘောတူရင်… တော်ဝင်သင်္ချိုင်းထဲ ဝင်ကြတာပေါ့”

“ဟုတ်တယ်။ အဲ့အတိုင်း လုပ်ကြမယ်” ယုယင်က ခေါင်းညိတ်လိုက်၏။

“တော်ဝင်သင်္ချိုင်းထဲဝင်ဖို့ ဘယ်သူ သဘောမတူဘူးလဲ။ သဘောမတူရင် ကျုပ်မြင်ရအောင် လက်မြင့်မြင့် မြှောက်ပြနော်” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လျက် မေးလိုက်လေ၏။

အကြီးအကဲချုပ်က ချက်ချင်းပဲ လက်ထောင်ပြလိုက်၏။

သို့သော်လည်း အခြားအကြီးအကဲငါးယောက်နှင့် သူတော်စင်မ အန်လင်းအာမှာမူ တစ်ယောက်နှင့် တစ်ယောက် ဟိုကြည့်၊ ဒီကြည့်သာ လုပ်နေခဲ့ကြပြီး မည်သူမှ လက်မထောင်ခဲ့ကြ၏။

“မင်းတို့…” ရှုဟွေသည် သူ့ရောင်းရင်း အကြီးအကဲများအား ထိတ်လန့်နေသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်၏။ တော်ဝင်နယ်မြေ၏ ရိုးရာ အစဉ်အလားကို မည်သူမှ မထိန်းသိမ်းလိုသည်နှင့် ပက်သက်၍ သူအံ့ဩမဆုံး ဖြစ်နေခဲ့လေပြီ။

“လျှာစောင်းထက်တဲ့ ကောင်စုတ်…” ယုယင်က သူမဘာသာသူမ ရေရါတ်လိုက်၏။ ရန်ကိုင်သာ မေးခွန်း တစ်မျိုး ပြောင်းမေးခဲ့ပါလျှင် မဲရလဒ်သည် လက်ရှိ ရလဒ်နှင့် ကွာခြားသွားနိုင်ပေ၏။

တော်ဝင်သခင်သည် လူငယ်တစ်ယောက်၊ အထူးသဖြင့် ဇွတ်တရွတ်၊ အလျင်စလို လုပ်တတ်သော လူငယ်တစ်ယောက်။ ယခုလက်ရှိ အချိန်၌ မည်သူကများ သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းဆိုရဲမည်နည်း။ သူတို့သာ ငြင်းလိုက်၍ တစ်ဖက်လူက တော်ဝင်နယ်မြေကို စွန့်ပစ်ထားသွားမှဖြင့် ဒုက္ခလုံးလုံး ရောက်ပေလိမ့်မည်။

ထိုကဲ့သို့ အဖြစ်မျိုး မည်သူမှ အဖြစ်မခံနိုင်။

“အကြီးအကဲချုပ်က ကျုပ်ကို အနိုင်ပေးလိုက်တာပဲ” ရန်ကိုင်က လက်သီးဆုပ်၍ အပြုံးကြီးပြုံးရင်း ပြောလိုက်၏။

ရှုဟွေက ခါးခါးသီးသီး မဲ့ပြုံးပြုံးလျက် “ဒီလို ဖြစ်လာမှတော့ ဒီလူအိုကြီးလည်း ကန့်ကွက် မနေတော့ပါဘူးလေ။ အားလုံးကို တော်ဝင်သခင်ရဲ့ ဆန္ဒအတိုင်းပဲ လုပ်ကြတာပေါ့”

“ကျုပ်က တော်ဝင်နယ်မြေ ကောင်းကျိုးအတွက် လုပ်ပေးနေတာပါဗျာ။ အဲ့ရုပ်ကြီး လုပ်မနေစမ်းပါနဲ့။ တော်ဝင်သခင်ဟောင်းတွေသာ တော်ဝင်နယ်မြေရဲ့ အခုလက်ရှိ အခြေအနေကို သိသွားခဲ့ရင် ခင်ဗျားကို ခွင့်လွှတ်ပေးမှာ ကျိန်းသေတယ်”

“မျှော်လင့်ရတာပဲ”

တော်ဝင်နယ်မြေအား တော်ဝင်သခင် စိတ်ဝိဥာဉ် လက်စွပ်ဖြင့် ဖွင့်လိုက်ပြီးနောက် ရန်ကိုင်သည် အားလုံးကို ဦးဆောင်၍ အထဲသို့ ဝင်သွားလိုက်လေ၏။ ဝင်သွားစဉ် တစ်ယောက်ချင်းစီတိုင်း၏ အမူအရာသည် သာမန်နှင့်မတူ ထူးထူးခြားခြားကို လေးနက်နေလေ၏။

အထဲသို့ရောက်၍ နေ၊လ၊ကြယ် မရှိဘဲ မှုန်ထိုင်းထိုင်း ကောင်းကင်ပြာကြီးသာရှိသော မြို့ငယ်လေးလောက်သာ ရှိသည့် ဆန်းကြယ်လောကငယ်ကို မြင်ပြီးနောက် အကုန်လုံး စိတ်မပျက်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြ၏။

“ဒါက တော်ဝင်သင်္ချိုင်းလား” လေသံကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလိုက်သော်ငြား စိတ်ပျက်နေသည့် အရိပ်အယောင်ကို အပြည့်အဝ မဖုံးကိုယ်နိုင်ခဲ့၏။ အထင်နှင့် လက်တွေ့သည် တက်တက်စင်အောင် လွဲနေသည် မဟုတ်ပေလော။

တော်ဝင်သင်္ချိုင်းသည် လန်းဆန်သစ်လွင် လှပသော သစ်ပင်ပန်းမန်မျိုးစုံတို့ဖြင့် ပြည့်နေသော ပန်းဥယျာဉ်များ၊ ပြာလဲ့လဲ့ ရေကန်ငယ်များဖြင့် ပြည့်နေသော ငြိမ်းချမ်းသည့် သုခဘုံတစ်ခု ဖြစ်သည်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။

သို့သော် အမှန်တရားသည် တကယ်ကို ခါးသီးစရာ ကောင်းလှ‌၏။ တော်ဝင်သင်္ချိုင်းသည် သူမထင်သလို မဟုတ်ဘဲ အရိုင်းဆန်၊ ခြောက်သွေးပြီး သိပ်သည်းသော ယင်ချီတို့ဖြင့် ပြည့်နေသည့် နေရာတစ်နေရာ ဖြစ်နေခဲ့၏။ ထို့အပြင် ဟိုမှသည်သို့ ရွေ့လျားနေသော မီးစုန်များကြောင့် တော်ဝင်သင်္ချိုင်းသည် ပို၍ ခြောက်ခြားစရာ ကောင်းနေခဲ့၏။

အကုန်လုံးသည် ပတ်ဝန်းကျင်အသစ်အား စူးစမ်းလိုစိတ်အပြည့်ဖြင့် လိုက်ကြည့်နေချိန် အကြီးအကဲချုပ် ရှုဟွေကမူ တော်ဝင်သခင်ဟောင်းများကို တောင်းပန်နေသည့်အလား တိုးတိုး တိုးတိုးဖြင့် ပွစိပွစိ ရေရွတ်နေခဲ့လေ၏။

“မိုးမြေစွမ်းအင်က အရမ်းသိပ်သည်းတာ” ချုန်ယွဲ့ထုန်က အသက် ဖြည်းဖြည်း ရှုသွင်းလိုက်ရာ သူမ၏ မို့မောက်မောက် ရင်အစုံ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ရလေသည်။ မျက်ဝန်းများသည်လည်း အံ့အားသင့်နေသည့် အရိပ်အယောင်များဖြင့် ပြည့်လို့။

တောင်ထွတ်ကိုးလုံးတွင်လည်း မိုးမြေစွမ်းအင် သိပ်သည်းသောငြား တော်ဝင်သင်္ချိုင်းနှင့် ယှဉ်ပါက အတော့်ကိုမှ လိုအပ်နေသေးသည်။ တော်ဝင်သခင် အားလုံး တံခါးပိတ်ကျင့်စဉ် ဝင်သည့်အခါတိုင်း တော်ဝင်သင်္ချိုင်းထဲ ဝင်လေ့ရှိသည်မှာ အဆန်း မဟုတ်တော့။

“နေရာက နေလို့ အကောင်းကြီး မဟုတ်ပေမယ့် ကျင့်ကြံလို့တော့ ကောင်းတယ်” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်လေသည် “ကျုပ်ဆိုရင်လည်း ရောက်တုန်းက မိုးမြေစွမ်းအင် သိပ်သည်းလွန်းလို့ အတော်လေး အံ့အားသင့်သွားရသေးတယ်လေ။ ဒီမိုးမြေစွမ်းအင်တွေ ဘယ်ကရောက်လာမှန်း ရှာလို့ကို မတွေ့ဘူး။ ဒီဆန်းကြယ်လောကငယ်က အခြား ဆန်းကြယ်လောကငယ်တွေနဲ့ ယှဉ်ရင် ပိုသေးတယ် ဆိုပေမယ့် တော်ဝင်နယ်မြေ တပည့်တွေနေဖို့ နေရာမလောက်မှာကို လုံးဝ ပူနေစရာမလိုဘူး”

“တော်ဝင်သခင်က အခြားဆန်းကြယ်လောကငယ် တွေဆီ ရောက်ဖူးတာလား” ချုန်ယွဲ့ထုန်က ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။

ဆန်းကြယ်လောကငယ်အကြောင်း သိသူ မရှားသော်လည်း အမှန်တကယ် ရောက်ဖူးသူမှာ အရမ်းကိုမှ နည်းပါးလှပေသည်။ ဆန်းကြယ် လောကငယ်များသည် သူ့ဘာသာ သီးခြား ဖြစ်တည်နေသော လေဟာနယ်ကမ္ဘာလေးများ ဖြစ်ကြပြီး တုန်းရွှမ်လောကကြီးအပေါ် မှီခိုနေခြင်းမရှိ။ ထို့အပြင် ထိုဆန်းကြယ်လောကငယ်များ၏ ဝင်ပေါက်ကို ရှာတွေ့ရန်မှာလည်း ပုံမှန်အားဖြင့် အတော့်ကိုမှ ခက်ခဲလှပေသည်။

ရန်ကိုင်သည် ပြုံးရုံလေးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့။ အန်လင်းအာကိုသာ ကြည့်လိုက်သည်။

“အရင်တော်ဝင်သခင်ရဲ့ အခေါင်းတွေက ဘယ်မှာလဲ။ ဘာလို့ တစ်ခုတောင် ရှာမတွေ့ရတာလဲ” လှည့်ပတ် ကြည့်လိုက်ပြီးနောက် ရှုဟွေက နားမလည်နိုင်သည့် အမူအရာဖြင့် “ဒီမှာ အခေါင်းတွေ အများကြီး ရှိသင့်တာပါ။ ဘယ်လိုလုပ်ပြီး တစ်ခုတောင် မရှိရတာလဲ”

ရန်ကိုင်က မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ရှုဟွေအား ကြည့်၍ ပြန်မေးလိုက်လေသည် “ဒီမှာ အခေါင်းတွေ ရှိရမယ်လို့ ဘာကိုကြည့်ပြီး ပြောနေတာလဲ”

“ရှိသင့်လို့လေ။ သေခါနီးနေပြီးမှန်း သိတာနဲ့ တော်ဝင်သခင်ဟောင်းတိုင်းက သူတို့ရဲ့ အခေါင်းကို ကိုယ်တိုင်ထွင်းပြီး တောင်ဝင်သင်္ချိုင်းထဲ ဝင်ရင်း တစ်ခါတည်း သယ်သွားကြတာ…. ပြီးတော့ ဒီနေရာ တစ်ခုလုံးက အရမ်းကို ရှင်းလင်းနေလွန်းတယ်။ ဘာဆိုဘာမှ မရှိတဲ့အတိုင်းပဲ”

ရှုဟွေပြောသည်ကို ကြားပြီးနောက် ဤနေရာသည့် ပက်သက်၍ တစ်ခုခု မူမမှန်သည်ကို အကုန်လုံး တွေ့ရှိသွားခဲ့လေသည်။ တော်ဝင်သင်္ချိုင်း၏ မြေပြင်သည် ထက်ရှသော ဓါးတစ်စင်းဖြင့် ပိုင်းဖြတ်ထားခြင်း ခံရသည့်အလား လုံးဝကို တစ်ပြေးညီ ပြားချပ်နေခဲ့သည်။ ထို့အပြင် ဖုန်ဖုံးနေသော်လည်း ပေါက်ကွဲမှုတစ်ခု ယခုနေရာ၌ ဖြစ်ခဲ့သည့် အရိပ်အယောင်တို့ ရှိနေခဲ့သေးသည်။

“ဟုတ်တယ်၊ အရင်တော်ဝင်သခင်တွေရဲ့ အခေါင်းတွေ ဘယ်ရောက်ကုန်တာလဲ” ရှီခွန် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်လေသည်။

“တော်ဝင်သင်္ချိုင်းထဲမှာ လျှိုံဝှက်ချက် တစ်ခုခု ရှိလို့ နေမှာပေါ့… ကျုပ်လာတုန်းကလည်း ဒီအတိုင်းပဲ” ရန်ကိုင်က အမြန် ပြန်ပြောလိုက်လေသည်။

ရှုဟွေသာ တစ်စစီ ဖြစ်နေသော အရိုးများနှင့် အခေါင်းများကို မြင်တွေ့သွားခဲ့ပါက ထိုလူအိုကြီး သတိပင်လစ်သွားမည်လား၊ တက်ပင် တက်သွားမည်လား ရန်ကိုင် မသဲကွဲချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၃)

တစ်ရက်နှင့်တစ်ညလုံးလုံး အလုပ်ရှုပ်နေခဲ့ပြီးနောက် အားလုံး အစီအစဉ်တကျ ဖြစ်သွားခဲ့လေပြီ။

ထောင်ချီသော တော်ဝင်တပည့်များ ရောက်လာသဖြင့် တော်ဝင်သင်္ချိုင်းသည် ယခင်ထက် ပို၍ စည်းကားသိုက်မြိုက်လာခဲ့သည်။

လူများသော်ငြား တော်ဝင်သင်္ချိုင်းသည် ထိုထောင်ချီသော လူများကို အသာလေး ထည့်သိမ်းထားနိုင်သည်။

ရှုဟွေနှင့် အခြာအးကြီးအကဲများသည် လိုအပ်သည့် ပစ္စည်းအဝဝကို ကြိုတင်စီစဉ်ထားသဖြင့် တော်ဝင် တပည့်များအဖို့ အချိန်အတော်ကြအောင် အပြင်မထွက်ဘဲ နေနိုင်လေသည်။

ဘာကိုမှ စိုးရိမ်မနေဘဲ ကျင့်ကြံခြင်း အပေါ်သာ အာရုံစိုက်ထားရန်၊ အချိန်တန်လျှင် ပြန်ထွက်ရမည် ဖြစ်ကြောင်းကို အားလုံးအား ရန်ကိုင် ပြောခဲ့သည်။

ရှုဟွေနှင့် အခြာအးကြီးအကဲများအားလုံး အခိုင်အမာ ခေါင်းညိတ်ခဲ့ကြလေသည်။

တော်ဝင်သင်္ချိုင်း အပြင်ဘက်တွင်…

ရန်ကိုင်သည် တောင်ထွတ်ကိုးလုံးထဲမှ တစ်လုံးပေါ်၌ တစ်ယောက်တည်း ထိုင်လျက် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်တံလာခဲ့သော ဘုံးကိုခု ထွတ်မြတ်နယ်မြေကို ငုံ့ကြည့်နေခဲ့သည်။

ယခုအချိန်၌ တော်ဝင်နယ်မြေ တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး သူ့အနားအတွင်လည်း အခြား ဘယ်သူ တစ်ဦးတစ်ယောက်မှ ရှိမနေတော့။

မျက်လုံးကိုသာ ပိတ်လျက် တင်ပလင်ခွေထိုင် ကျင့်ကြံရင်း ရန်သူများ ရောက်လာမည့် အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။ အချိန် အတိုင်းအတာ တစ်ခုအထိ ကြာသွားပြီးနောက် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့ပြီး အဝေးတစ်နေရာဆီ စိုက်ကြည့်လိုက်ကာ ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။

ကျန်းအောင်တို့ အဖွဲ့ ထပ်ရောက်လာခဲ့လေပြီ။ တိတ်တိတ်ဆိတ်ဆိတ် ရောက်မလာခဲ့ဘဲ တော်ဝင် နယ်မြေအား မည်ကဲ့သို့ တိုက်ခိုက်မှု၊ မည်ကဲသို့ ဖျက်စီးပစ်မည်ဟု ကျယ်ကျယ်လောင်လောင်ဖြင့်‌ အော်ဟစ် ကြွေးကြော်ရင်း ချီတက်လာနေခဲ့ကြသည်။

ရန်ကိုင် ပုံရိပ် ထိုင်နေရာမှ ပျောက်ကွယ်သွားပြီး ကျန်းအောင်နှင့် မနီးမဝေး၌ ပြန်ပေါ်လာခဲ့သည်။

ကျန်းအောင် မျက်လုံး မှေးစဉ်းဿွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် အော်ဟစ်တော့လေသည် “ကောင်စုတ်လေး၊ မင်းက ငါရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့။ ကောင်းတယ်။ ဒီနေ့က မင်းရဲ့ သေနေ့ဖြစ်ပြီပဲ”

သူ့ဘေးတွင် ရပ်နေသော ကွမ်ချောင်ကလည်း ဝင်၍ လှောင်ပြောင်လိုက်လေသည် “အရံအတားကို ဖွင့်ပြီး အေးအေးဆေးဆေး လက်လျှော့လိုက်မယ် ဆိုရင်တော့ မင်းအသက်ချမ်းသာရာ ရနိုင်သေးတယ်နော်”

ရန်ကိုင်က ထိုနှစ်ယောက် ပြောနေသည်ကို မကြားချင်ယောင်ဆောင်၍ လွတ်လပ်သော အဖွဲ့အစည်းမှ ကျင့်ကြံသူများဆီသာ လှမ်းကြည့်လိုက်သည်။ ပြီးနောက် မတိုးမကျယ်လေသံဖြင့် “ကောင်းတယ်။ ခင်ဗျားတို့က တော်ဝင်နယ်မြေနဲ့ ရန်သူဖြစ်ချင်နေမှတော့ ဖြစ်လာမယ့် အကျိုးဆက်ကို ပြင်ဆင်ထားပြီးလောက်ရောပေါ့၊ ဟုတ်တယ်မလား”

လူပေါင်းများစွာတို့၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ အကြည့်ရှောင်လွှဲလိုက်ကြ၏။ လွတ်လပ်သော အဖွဲ့အစည်းမှ ယွန်ရွှမ်ကမူ အတော့်ကိုမှ စိတ်ဓါတ် ကျနေခဲ့လေသည်။

သူမအဖေကို တစ်ညလုံးလုံး စည်းရုံးခဲ့သော်လည်း လွတ်လပ်သော အဖွဲ့အစည်းသည် ကျားပေါ် ခွစီးနေရလေရာ ကျန်းအောင်နဲ့ အတူလိုက်ပြီး တော်ဝင်နယ်မြေကို တိုက်ခိုက်ရုံမှလွဲ၍ အခြား ဘာမှ မလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ရန်ကိုင်၏ စေတနာကို တန်ဖိုး မထားလိုက်သလို သူမစိတ်ထဲ ခံစားနေခဲ့ရ၏။

“ရှုဟွေ ဘယ်မှာလဲ။ မင်းလို နို့နှံ့တောင် မစင်တဲ့ ကောင်က ဘာလို့ ထပ်ရောက်နေပြန်ရတာလဲ” တစ်ခုခု မူမမှန်သည်ကို ကျန်းအောင် အသေအချာ သတိပြုမိသည်။ ယနေ့၌ တော်ဝင်နယ်မြေတစ်ခုလုံးသည် ခွေးတစ်ကောင် ကြောင်တစ်မြီးမှပင် မရှိသည့်ပမာ ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့သည်။ တော်ဝင်သခင်တစ်ယောက်သာ ပေါ်လာခဲ့ပြီး ရှုဟွေနှင့် အခြားတော်ဝင်အကြီးအကဲများကို မတွေ့ရပေ။

“ခင်ဗျားတို့လို့ လူတွေနဲ့ ရင်ဆိုင်ဖို့ အကြီးအကဲချုပ်ကို ဘာလို့ ခေါ်နေရဦးမှာလဲ” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် ချိုးနှိမ်ပြောဆိုလိုက်လေသည်။

“ရိုင်းလိုက်တာ။ မင်းဒူးထောက်ရတဲ့အခါမှ အခုလို မောက်မာနိုင်ဦးမလား ငါမြင်ချင်သေးတယ်” ကျန်းအောင် လုံးဝကို ဒေါသထွက်သွားခဲ့လေပြီ။ ထို့ကြောင့် သူ့လက်ကို ဝှေ့ရမ်း၍ အားလုံးကြားအောင် အော်ပြောလိုက်လေသည် “ဘယ်သူမှ ရေသာမခိုကြနဲ့နော်။ ငါဒီကောင်ကို ထိန်းထားမယ်။ မင်းတို့အားလုံး အရံအတားကို သွားတိုက်ကြ။ အရံအတားကို ချိုးဖျက်နိုင်တာနဲ့ တောင်ထွတ်ကိုးလုံးရဲ့ ကြွယ်ဝချမ်းသားမှုတွေ အားလုံးကို ငါတို့ အတူတူ ဝေမျှယူလို့ရပြီ”

ထိုစကားကို ကြားသည်နှင့် တုန့်ဆိုင်းနေသည့် ကျင့်ကြံသူအားလုံး စိတ်အားတက်ကြွသွားကြလေသည်။

တောင်ဝင်နယ်မြေသည် တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်လေရာ ရတနာမည်မျှ သိုလှောင်ထားလဲ မည်သူမှမသိနိုင်။ သူတို့သာ ထိုအဖိုးတန် ပစ္စည်းများကို ရလိုက်ပါက သူတို့၏ အင်အားစုတစ်ခုလုံး သိသိသာသာကို အားကောင်းလာပေလိမ့်မည်။

ငှက်များ အစာကြောင့် သေရသလို လူများ ဥစ္စာကြောင့် သေရ၏။ ကျန်အောင်က ထိုကဲ့သို့ မက်လုံး ပစ်လိုက်သဖြင့် အကုန်လုံး တိုက်ခိုက်ချင်စိတ် မြင့်တက်လာသည်မှာ သဘာဝပင်။

ချက်ချင်းဆိုသလို ချောင်ကွမ်နှင့် ဝူကျဲ၏ ဦးဆောင်မှုဖြင့် ဒါဇင်ကျော်သော သူတော်စင်အဆင့် ပညာရှင်များသည် တောင်ထွတ်ကိုးလုံး အရံအတားကို တိုက်ခိုက်ကြတော့လေသည်။ ကျန်းအောင်ကမူ သူ၏ စာလိပ်ပုံစံ လက်နက်ကို ထုတ်ယူ၍ ရန်ကိုင်အား တိုက်ခိုက်လိုက်လေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် မျက်နှာထက်ရှိ အပြုံး ပိုပို၍ ပီပြင်လာခဲ့၏။ ကျန်းအောင်၏ တိုက်ခိုက်မှုကို ထိပ်တိုက်ပြန်တိုက်ခြင်း မပြုသလို အခြားသူများ တောင်ထွတ်ကိုးလုံး အရံအတားအား တိုက်ခိုက်လာသည်ကိုလည်း တားဆီးရန် မကြိုးစားခဲ့ချေ။

ရန်ကိုင်ကို ကြည့်ရင်း ကျန်းအောင် စိတ်မသက်မသာ ဖြစ်လာခဲ့၏။ ထိုကောင်စုတ် ဘာတွေ ကြံနေသလဲ ဆိုသည်ကို သူမသိပေ။

အားလုံး၏ တိုက်ခိုက်မှုများ အရံအတားပေါ် ကျဆင်းလာချိန် အကုန်လုံး အထင်ကြီးခဲ့ရသည့် ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ အရံအတားသည် စက္ကူတစ်ရွက်ပမာ အလွန့်ကိုမှ ပျော့ဖတ်နေခဲ့သည်။

အသက် သုံးဆယ်ရှိုက်စာအတွင်းမှာပဲ အရံအတား တစ်ခုလုံး ပျက်စီးသွားလေသည်။

အကုန်လုံးလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။ ထိုမျှ လွယ်ကူလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့။

တစ်ခတာ ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ကျန်းအောင် ပျော်သွားခဲ့ပြီး အော်ပြောလိုက်လေသည် “ကောင်စုတ်လေး၊ အခု မင်းဘယ်ပြေးမလဲကွ”

ပြောပြီးသည်နှင့် ဒါဇင်မကသော သူတော်စင် အဆင့် ပညာရှင်များသည် တောင်ထွတ်ကိုးလုံးပေါ်သို့ ပျံသန်း၍ ရန်ကိုင်အား ဝိုင်းလိုက်ကြလေသည်။

ဘုံးကိုခုထွတ်မြတ်နယ်မြေအား ဖျက်စီးရန် ရောက်လာကြသော အင်အားစုများသည် သူတို့အတွက် အဖိုးတန်ပစ္စည်းတွေ မကျန်တော့မည်ကို ကြောက်သည့် အလား တောင်ထွတ်ကိုးလုံးပေါ်သို့ အရူးအမူ ခုန်တက်ကြလေသည်။

လွတ်လပ်သော အဖွဲ့အစည်းခေါင်းဆောင် ယွန်ချုန်သည်လည်း အခြားအင်အားစုများနှင့်အတူ လိုက်သွားချင်နေခဲ့သည်။ သို့သော် မသွားခင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုနေရာ တစ်ဝိုက်အား အရင်စစ်ဆေးကြည့်လိုက်သည်။

သူတစ်လှမ်းပင် မလှမ်းရသေးခင်မှာဘဲ သူ့အင်္ကျီစကို တစ်ယောက်ယောက်က လှမ်းဆွဲလိုက်သည်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ တိုးလျှိုးတောင်းပန်သည့် အမူအရာဖြင့် သူ့အား စိုက်ကြည့်နေသော သူ့သမီး ယွန်ရွှမ်ကို တွေ့လိုက်ရသည်။

“ရွှမ်အာ၊ ဘာဖြစ်လို့လဲ” ယွန်ချုန် မျက်မှောင် ကြုံ့သွားခဲ့သည်။

“အဖေ… တောင်ထွတ်ကိုးလုံး အရံအတား ကျိုးပျက်သွားပြီလေ။ ကျန်တာကို အခြားသူတွေကို အခြားသူတွေကိုပဲ ဆက်လုပ်ခိုင်းလိုက်ပါတော့လား။ သမီးတို့ ပြန်ကြမယ်လေ” ယွန်ရွှမ်က နှုတ်ခမ်လေးကို ကိုက်လျက် ပြောလိုက်လေသည်။

“အခုပြန်ဖို့လား” ယွန်ချုန် ခဏလောက် စဉ်းစားလိုက်ပြီးနောက် အသာအယာ ပြုံးလျက် “ညတုန်းက သမီးကို သေချာရှင်းပြပြီးသွားပြီလေ။ ဘာလို့ ဒီအကြောင်း ထပ်ပြောလာပြန် ရတာတုန်း”

“အဖေရယ်၊ ကျေးဇူးပြုပြီး သမီးကို ယုံပါနော်။ ဒီမှာ ဆက်နေနေလို့ သမီးတို့အတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး”

“ဟုတ်တယ်။ အဖွဲ့အစည်းခေါင်းဆောင်၊ အဲ့ကောင်စုတ် အားလုံးကို အာရုံစိုက်အောင် လုပ်နေတုန်း ကျွန်မတို့ ထွက်သွားသင့်တယ်နော်” ရွမ်ရှင်းယုက ဝင်ပြောလိုက်သည်။

“နင်လည်း အဲ့လိုပဲ စဉ်းစားနေတာလား” ယွန်ချုန်က ရွမ်ရှင်းယုအား တွေးတွေးဆဆဖြင့် ကြည့်လိုက်ပြီး “နင်လည်း ဟိုကောင်လေးကို ယုံတာလား”

ယမန်နေ့ညက ယွန်ရွှမ်သည် ရန်ကို၏ သတိပေးချက်ကို ယွန်ချုန်အား ပြောပြခဲ့၏။ သူ့သမီး ထိုကဲ့သို့ ပြောလာချိန် သူ့သမီးသည် တော်ဝင်သခင်သစ်နှင့် သွားတွေ့ပြီးသွားပြီမှန်း ယွန်ချုန် နားလည်လိုက်သည်။ သို့သော် ယွန်ရွှမ်၏ သတိပေး စကားကို သိပ်ပြီး အလေးမထားခဲ့။

တကယ်တော့ နှစ်ဖက်အဖွဲ့ကြားရှိ ခွန်အား ကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလွန်းနေသည် မဟုတ်ပေလော။ ဘုံးကိုခုထွတ်မြတ်နယ်မြေ မည်ကဲ့သို့ ပြန်တိုက်မလဲ ဆိုသည်ကို ယွန်ချုန် လုံးဝ မစဉ်းစား နိုင်ခဲ့ပေ။ တော်ဝင်နယ်မြေ၏ တစ်ခုတည်းသော အားသာချက်သည် တောင်ထွတ်ကိုးလုံး အစီအရင်နှင့် ပြိုကျသွားပြီဖြစ်သော အရံအတားပင် ဖြစ်လေသည်။

“ရွှမ်အာ၊ သူနဲ့ ရင်းနှီးလို့ သူ့အပေါ် ထိခိုက်အောင် မလုပ်ချင်တာလား” ယွန်ချုန်က ယွန်ရွှမ်၏ အတွေးများကို ပေါ်တင် ထုတ်ပြောလိုက်လေသည် “စိတ်မပူပါနဲ့ သမီးရယ်၊ သူသာ ဒီကပ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့ရင် အဖေတို့ လွတ်လပ်သောအဖွဲ့အစည်းအတွက် အကျိုးပဲ ရှိမှာလေ။ သူမလွတ်မြောက်နိုင်ခဲ့ရင်တော့ သူ့ကံကြမ္မာပေါ့။ ဒါပေမယ့် ဒီလို အခြေအနေမှာ သူထွက်ပြေးနိုင်လိမ့်မယ်လို့ အဖေ သိပ်မယုံချင်ဘူး”

ယွန်ချုန် သက်ပြင်းချလိုက်သည်။ ဤသည်မှာ လွတ်လပ်သော အဖွဲ့အစည်းအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သည်ဟု သူလည်း တွေးနေခြင်းခဲ့ ဖြစ်သည်။ တကယ်တော့ တော်ဝင်သခင်သစ်နှင့် သူသမီးတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသည် မဟုတ်ပေလာ။ တော်ဝင်သခင်နယ်မြေသာ ဤကပ်ဘေးကို အောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်နိုင်ပါက နောက်ပိုင်းကျ လွတ်လပ်သော အဖွဲ့အစည်း အနေနှင့် အားကောင်းသော နောက်ခံ မရှိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

သို့သော်လည်း ယခုလောလောဆယ်၌ တော်ဝင်နယ်မြေသည် အပြင်ပိုင်းတွင်သာ အားကောင်ဟန် ရပြီး တကယ်တမ်းကျ အားနည်းနေသည့် ပုံပင်။

အရေးအကြီးဆုံး အချိန်တွင် တော်ဝင်သခင်သစ်သာ ရန်သူနှင့် ထွက်လာတွေ့ပြီး အကြီးအကဲနှင့် တပည့် အားလုံးမှာ ပျောက်ခြင်းမလှ ပျောက်နေခဲ့ကြသည်။

ထို့ကြောင့် တော်ဝင်နယ်မြေကများ တော်ဝင်သခင်သစ်ကို အားလုံးအာရုံစိုက်လာအောင် လုပ်ခိုင်းပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားသည် များလားဟု ကျိုးချုန် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

“သမီး စိတ်ချနေလိုက်။ ကျန်းအောင် သူ့ကို သတ်မှာမဟုတ်ဘူး” ယွန်ချုန်က နှစ်သိမ့်ပေးလိုက်၏ “သူက ကျန်းအောင်အတွက် အရမ်းအရေးကြီးတာ”

ကျန်းအောင် အနေဖြင့် အင်အားစုများစွာ စုစည်း၍ တော်ဝင်နယ်မြေကို တိုက်ခိုက်ရခြင်းသည် ဘုံးကိုခု ထွတ်မြတ်နယ်မြေ၏ အဓိက အမွေအနှစ် ရလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ လက်ရှိအချိန်၌ အမွေအနှစ်ကို ရလိုလျှင် ရန်ကိုင်အား အသက်ရှင်လျက် ဖမ်းရမည် ဖြစ်လေရာ ကျန်းအောင် အနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့ သတ်ရက်လေမည်နည်း။

“သူနဲ့ ရန်သူမဖြစ်ချင်ဘူးဆိုရင်… ရှင်းယုနဲ့အတူ သမီး ပြန်ဆုတ်နေလို့ရတယ်” ယွန်ချုန်က ကျိရန်ကို ပြောလိုက်လေသည် “ငါ့သမီးနဲ့ ရှင်းယုကို လုံခြုံတဲ့ နေရာဆီ ခေါ်သွားလိုက်တော့”

“ဟုတ်ကဲ့” ခေါင်းညိတ်လိုက်ပြီး ရွမ်ရှင်းယုနှင့် ယွန်ရွှမ်အား အစစ်အမှန်ချီဖြင့် ရစ်ပတ်ကာ ပျံသန်း ထွက်သွားလေသည်။

ယွန်ရွှမ် စိတ်ဓါတ်ကျနေခဲ့သည်။ သူမအဖေအား အိမ်ပြန်ရန် စည်းရုံးချင်သော်လည်း မည်ကဲ့မှ စည်းရုံး၍ မရခဲ့။ ပညာရှင်များစွာ ဝိုင်းထားခြင်း ခံရသော ရန်ကိုင်ကိုသာ ငေးကြည့်နေရင်း တော်ဝင်နယ်မြေ ထွက်သွားခဲ့ရလေပြီ။

သူ့သမီး ထွက်သွားပြီးနောက် ယွန်ချုန်က အသာလေး နှာခေါင်းရှုံ့လိုက်ပြီး သူ့အင်အားစုများကို ဦးဆောင်၍ ရှေ့သို့ ချီတက်လေသည်။

“ကောင်လေး၊ မင်းတို့ ဒီနေ့ ကျိန်းသေ ရှုံးပြီပဲ။ ဘာလို့ အလုပ်ရှုပ်ခံ တိုက်ခိုက်ချင်နေသေးတာလဲ” ကျန်းအောင်က လှောင်တောင်တောင် အမူအရာဖြင့် ရန်ကိုင်အား လှမ်းအော်ပြောလိုက်သည်။ သူ့ မျက်လုံးများဆိုလျှင် လောဘအရိပ်အယောင်တို့ပင် တောက်နေခဲ့လေပြီ။ တော်ဝင်နယ်မြေ၏ အမွေအနှစ်သည် သူ့လက်ထဲ ရောက်နေသည့်အလား။

ကွမ်ချောင်သည်လည်း ရန်ကိုင်အား အရှုံးပေးလျှင် ပေး၊ မပေးလျှင် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု အော်ဟစ်ခြိမ်းခြောက်နေခဲ့သည်။

ရန်ကိုင်ကမူ တစ်ခွန်းမှပြန်မပြော၊ ပြောင်းလဲခြင်း မရှိသည့် အမူအရာဖြင့် ရပ်နေမြဲရပ်နေခဲ့လေသည်။

ဒါဇင်မကသော သူတော်စင်အဆင့် ပညာရှင်များနှင့် များစွာသော မသေမျိုးအဆင့် ပညာရှင်များသည် ရန်ကိုင်ဆီသို့ ခြင်တစ်ကောင်ပင် ရောက်မလာနိုင်အောင် အဘက်ဘက်မှ ဝိုင်းထားခဲ့သည်။

သို့သော်လည်း အဝိုင်းခံရသည့် အခြေအနေမျိုး၌ပင် ရန်ကိုင်သည် စိုးရိမ်သည့်ဟန်မပြ။ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ရှိနေခဲ့သည်။ ရန်ကိုင်တွင် ဝှက်ဖဲရှိနေမည်ကို ကြောက်သောကြောင့် မည်သူမှ သူ့အား အလျင်စလို ပြေးဝင် မတိုက်ခိုက်ရဲကြချေ။

သူတို့သည် တော်ဝင်နယ်မြေထဲတွင်သာ ရှိသေးသည်။ တောင်ထွတ်ကိုးလုံးအစီအရင်၏ အကူအညီကို ယူ၍ ရန်ကိုင်သည် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်နှင့် တူညီသော ခွန်အားကို ထုတ်ပြနိုင်ကြောင် သူတို့အကုန်းလုံး သိထားကြသည် မဟုတ်ပေလော။ သူတို့သာ အရမ်းကာရော တိုးဝင်သွားပါက ကျန်းအောင်မှလွဲ၍ မည်သူကမှ ရန်ကိုင်အား ဖိနှိပ်ထားနိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်လေး။ ဒီလို ဖြစ်လာခဲ့တော့ မင်း တော်တော်လေး စိတ်ညစ်နေမှာပြနော်” မရဂိုဏ်းမှ ဝူကျဲက ညစ်ကျယ်ကျယ်ပြုံးလျက် ရုတ်တရက် ပြောလိုက်လေသည်။

ရန်ကိုင်က ဝူကျဲအား တစ်ချက်သာ ကြည့်လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည် “ခင်ဗျားတို့ဘာကို မျှော်လင့်နေတာလဲ”

ဝူကျဲက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်သည်။ ခြောက်ခြားဖွယ် အစိမ်းရောင် အရှိန်အဝါသည် အသက်ရှိနေသည့်အလား သူ့ကိုယ်ပတ်လည်၌ ရစ်ပတ်လာခဲ့ပြီး “ငါတို့ကို ခုခံဖို့အတွက် ဝှက်ဖဲအကြီးစားကြီး တစ်ခုခုကို မင်းထုတ်သုံးမယ်လို့ ငါထင်နေခဲ့တာ။ ဒါပေမယ့် ဒီလောက်လေးပဲ ဆိုရင်တော့ အေးအေးဆေးဆေး လက်လျှော့လိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်။ ညီအစ်ကိုကျန်းတို့၊ ညီအစ်ကိုကွမ်တို့ မင်းကို မတော်တဆ ထိခိုက်အောင် မလုပ်မိအောင် မင်းအစစ်အမှန်ချီကို ငါ့ကို စည်းခတ်ခွင့်ပေးလိုက်”

“ဟားဟား၊ အားနာပါတယ်ဗျာ။ ခင်ဗျား ပြောတဲ့အတိုင်း ကျုပ်မလုပ်နိုင်ဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး “ခင်‌ျေားတို့ လူလောက်လေးနဲ့ ကျုပ်ကို ဖမ်းချင်နေတာလား။ ခင်ဗျားတို့က ဝါးနိုင်တာထက် ပိုဝါးချင်နေတာပဲ”

“မောက်မာလိုက်တာ” ချောင်ကွမ်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ မည်သည့် မသေမျိုးအဆင့် ပညာရှင်ကမှ သူတော်စင်အဆင့် ပညာရှင် အများကြီး ရှေ့၌ ထိုကဲ့သို့ မဟုတ်တရုတ် စကားမျိုး မပြောထွက်ရဲချေ။ ထိုကောင်းလေးသည် ကမ်းကုန်အောင် မောက်မာနေလေချေပြီ။

“ကျောင်းသခင်…” ရုတ်တရက် လူတစ်ယောက် ပျံသန်းလာပြီး ချောင်ကွမ်အား လှမ်းအော်ပြောလိုက်သည် “ဒီမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ တော်ဝင်နယ်မြေက တပည့်တွေ အကုန်လုံး ထွက်သွားကြပြီ”

“တစ်ယောက်မှလား” ချောင်ကွမ် တုန်လှုပ်သွားခဲ့၏။

“ဟုတ်တယ်”

တစ်ချိန်တည်းတွင် ကျန်းအောင်၊ ဝူကျဲနှင့် အခြား သူတော်စင်အဆင့် ပညာရှင်များသည်လည်း တူညီသော သတင်းရလိုက်ကြသည်။ သတင်းကြားကြားချင် အကုန်လုံး တုန်လှုပ်သွားခဲ့ကြလေသည်။ အကုန်လုံး၏ အမူအရာသည်လည်း လေးနက်နေခဲ့ကြကာ တော်ဝင်နယ်မြေ ဘာတွေများကြံနေသလဲ ဆိုသော အတွေး အားလုံး၏ စိတ်ထဲ တစ်ပြိုင်တည်းလိုလို ထွက်ပေါ်လာခဲ့ကြလေသည်။

လူထောင်ချီ ရုတ်တရက် ပျောက်သွားခြင်းသည် လုံးဝကို ပုံမှန်မဟုတ်ချေ။

ယခင်ကတည်းက စိတ်မသက်မသာ ဖြစ်နေရာ ယခုပို၍ပင် ဆိုးသွားခဲ့လေပြီ။ ကျန်းအောင် ဆက်လက်၍ နှောင့်နှေးမနေတော့။

ညတာရှည်လည်း အိမ်မက်များသည်မလား။

ထို့ကြောင့် အားလုံးအား ချက်ချင်ပဲ အော်ပြောလိုက်လေသည် “ညီအစ်ကိုတို့၊ ဒီကောင်လေးကို အရင်ဖမ်းကြတာပေါ့။ သူသာ ငါတို့လက်ထဲ ရောက်နေရင် ရှုဟွေနဲ့ အခြားလူတွေလည်း ဘာမှ လုပ်ရဲကြမှာ မဟုတ်ဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၄) အလွယ်လေးလုပ်သွားခဲ့ခြင်း

ကျန်းအောင် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး အစစ်အမှန်ချီကို စတင် စုစည်း၍ ရန်ကိုင်အား ပြေးဝင်တိုက်ခိုက်ကြရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့ တိုက်ပင်မတိုက်ရသေးခင်မှာဘဲ၊ မနီးမဝေးမှ စူးစူးရှရှ၊ နာနာကျင်ကျင် အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ထိုသွေးပျက် အော်သံများကို ကြားလိုက်ရသည့်အခိုက် အကုန်လုံး တောင့်တောင့်ကြီး ဖြစ်ကုန်ကြတော့လေသည်။

အသံကြားရာနေရာအား ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် အကုန်လုံး၏ အမူအရာ မှုန်ကုတ်ကုတ် ဖြစ်ကုန်ကြတော့လေသည်။

ဤနေရာတွင် ရှိနေသည့် မည်သည့်ပညာရှင်ကမှ အားနည်းသူမဟုတ်ကြရာ တော်ဝင်နယ်မြေဆီသို့ ရေလှိုင်းပမာ တရဟော တိုးဝင်လာနေသော အရှိန်အဝါ များစွာကို သူတို့ တွေ့ရှိသွားခဲ့လေပြီ။

မိုးကုတ်စက်ဝိုင်းအောက်ဆီမှ တိမ်အစုအဝေး တစ်ခုနှင့် အလားသဏ္ဍာန် ဆင်တူသော အရာတစ်ခုသည် သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့၏။ အနက်ရောင် တိမ်တိုက်တိမ်တိုက်များကြား သူတို့အား နှိမ်ချဖိနှိပ်လိုသော အထက်စီးဆန်ဆန် အမူအရာဖြင့် စီးမိုးငုံ့ကြည့်နေကြသော ပုံရိမ်များစွာ ရှိနေခဲ့သည်။

ကျန်းအောင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား ခဏတာ လျစ်လျူရှုထား၍ လှမ်အော်မေးလိုက်လေသည် “ဘာတွေဖြစ်နေတာလဲ”

သနားစဖွယ် အော်ဟစ်သံတို့ တစ်သံပြီးတစ်သံ အဆက်မပြတ် ထွက်ပေါ်လာနေဆဲ။ သွေးနံတို့သည်လည်း လေထုထဲ လှိုက်တက်လာနေဆဲ။ ယခုလက်ရှိအချိန်၌ မည်သူမှ ကျန်းအောင်၏ မေးခွန်းကို အရေးတယူ မပြုနိုင်တော့ပေ။ ခဏအကြာမှ သွေးသံတရဲရဲ ဖြစ်နေသော ကြယ်ရောင်ဖြာနန်းတော်မှ တပည့် တစ်ယောက် အလောတကြီး ပြေးလာပြီး အစီအရင်ခံ တင်ပြလေသည် “နန်းတော်သခင်၊ မကောင်းတော့ဘူး။ မွန်းစတားအုပ်ကြီး ကျုပ်တို့ဆီ ချီတက်လာနေတယ်”

“မွန်းစတားအုပ်လား” ကြားလိုက်ရသည့် စကားကြောင့် ကျန်းအောင် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့ပြီး အော်ဟစ်သံများ ထွက်ပေါ်နေရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ ဧရာမမျက်လုံးပြာစပါးအုံတစ်ကောင် ကျင့်ကြံသူတစ်ယောက်အား ဝါးမြိုနေသည့် သွေးပျက် ခြောက်ခြားဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ထိုကျင့်ကြံသူ မည်သည့် အင်အားစုမှ လာလဲ ဆိုသည်ကို သူမသိ။ သို့သော် ထိုကျင့်ကြံသူသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသဖြင့် အားမနည်းကြောင်း သိသာ၏။ သို့သော်လည်း ဧရာမစပါးအုံကြီးရှေ့၌ ကံမကောင်းအကြောင်းမလှသော လူမျာ ပြန်ပင် မတိုက်နိုင်ခဲ့ချေ။ စပါးအုံပါးစပ်မှ အားကောင်းလှသည့် စုပ်ယူအားတို့ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူ တစ်ကိုယ်လုံးကို ဝါးမြိုသွားလေသည်။ စပါးအုံ လည်ပင်းကြောတစ်လျှောက် ဘုလုံးလေးတစ်လုံး လျှောဆင်သွားသည်ကိုပင် မြင်နိုင်သေးသည်။

များစွာသော တိုက်ခိုက်မှုတို့ ဧရာမစပါးအုံမြွေကြီး ကိုယ်ထက် ကျရောက်လာခဲ့သော်ငြား အနက်ရောင် အကြေးခွံများသည် အရမ်းကိုမှ မာကျောလှလေရာ မည်သည့် တိုက်ခိုက်မှုမှ စပါးအုံ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်စွမ်း မရှိခဲ့ချေ။ ခေါင်းကို ရမ်းလျက် အမြီးကို လှုပ်ခါရင်း စပါးအုံးမြေကြီးသည် ကျင့်ကြံသူ များကို တစ်ယောက်ပြီးတစ်ယောက် ဝါးမြိုနေခဲ့သည်။

အမှန်ကတကယ် သွေးပျက်ခြောက်ခြားဖွယ်ရာ ကောင်းလှသည့် အနိဠာရုံ မြင်ကွင်းပင်တည်း။

ဘေးဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ အရွယ်အစား အမျိုးမျိုးရှိသော မွန်းစတားသားရဲများ တောင်ထွတ်ကိုးလုံးထဲသို့ အရပ်ရပ်မှ ကျူးကျော် ဝင်ရောက်လာသည်ကို တွေ့လိုက်ရပြန်သည်။ မွန်းစတား သားရဲများ၏ မျက်လုံးများ ရဲရဲနီနေခဲ့ပြီး သွေးနံသည် သားရဲတို့၏ ဗီဇကို လှုံ့ဆော်လိုက်သည့်အလား အားလုံးသည် လမ်းတစ်လျှောက်ရှိ မြင်မြင်သမျှ ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်နေခဲ့ကြသည်။

နာနာကျင်ကျင် အော်ဟစ်သံ၊ ကြောက်လန့်တကြား အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်နေစဉ် အားလုံးသည် သွေးရူးသွေးတန်းဖြင့် စတင် ထွက်ပြေး ကြတော့လေသည်။

“အဲ့မွန်းစတားသားရဲတွေ ဘယ်ကနေ ရောက်လာတာလဲ” ကျန်းအောင်မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့သည်။ ထိုသားရဲအုပ်ကြီးကို ကြည့်ရင်း သူပင် ထိတ်လန့်ရနေလေပြီ။

“သားရဲပင်လယ်တောအုပ်ဆီကနေ လာတာနဲ့ တူတယ်” ကွမ်ချောင်က အမြန် ပြန်ဖြေလိုက်၏။

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား ဝိုင်းထားကြသော ပညာရှင်အားလုံး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြလေ၏။

သားရဲပင်လယ်တောအုပ်သည် မွန်းစတား မျိုးနွယ်စုဝင် စီနီယာကြီး နေထိုင်သော မွန်းစတား မျိုးနွယ်စု၏ ပိုင်နက်ဖြစ်ကာ ဤလောကကြီးရှိ အားအကောင်းဆုံး အင်အားစုများထဲ တစ်ခု အပါအဝင်လည်း ဖြစ်လေသည်။

ချီတက်လာနေသော အနက်ရောင်တိမ်တိုက်ကြီးကို ကြည့်ရင် အကုန်လုံး နားလည်သွားခဲ့လေပြီ။

“မုန်းစရာကောင်းလိုက်တဲ့ခွေးသား။ မွန်းစတား တွေနဲ့တောင် ပူးပေါင်းရဲတယ်” ကျန်းအောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရန်ကိုင်ရှိရာဆီ ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ သို့သော် သူလှည့်လိုက်သည့် အခိုက်အတန့်တွင် ရန်ကိုင် ရပ်နေသည့်နေရာ၌ မည်သူမှ မရှိတော့ပေ။ အားလုံး၏ ဝိုင်းထားခြင်း ခံရသော ရန်ကိုင်သည် အကုန်လုံး ယောက်ယတ်နေစဉ် ထွက်ပြေးသွားခဲ့လေပြီ။

နောက်ဆုံးတွင် အနက်ရောင်တိမ်တိုက်သည် တောင်ထွတ်ကိုးလုံးအပေါ်သို့ ရောက်ရှိလာခဲ့ပြီး ထိုအနက်ရောင် တိမ်တိုက်ထဲမှ ခုနှစ်ရောင်ခြယ် အလင်းတန်းတစ်ခု ကျဆင်းလာခဲ့သည်။ ထွင်းဖောက် မြင်နိုင်သော တောင်ပံပါးပါးလေးများနှင့် ကျော့ရှင်း ကျက်သရေရှိလှသော ပုံရိပ်တစ်ခုသည် အလင်းတန်း အတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ မျက်နှာလေးမှာ ပန်းပုရုပ်လေးသဖွယ် လှပလှသော်ငြား အကြည့်မှာမူ ရေးခဲတမျှ အေးစက်နေခဲ့လေသည်။

ကိုင်တေ…

အယောက်(၂၀)၊ (၃၀)လောက်ရှိသော လူသားအသွင် ယူထားသည့် မွန်းစတားမျိုးနွယ်စုဝင်များသည် အပြုံးကြီး ပြုံးဖြီးလျက် ကိုင်တေနောက်မှ အနီးကပ် လိုက်ပါ လာခဲ့ကြလေသည်။ ခွန်အားက အားလုံးထက် အရင်ဦးစွာ မြေကြီးပေါ်သို့ ထိုးဆင်းသွားလေသည်။ ရောက်သည်နှင့် ချက်ချင်းပဲ တိုက်ခိုက်မှုများကို ခန္ဓာကိုယ်သက်သက်ဖြင့် စီးခံ၍ မသေမျိုးအဆင့် ပညာရှင်တစ်ယောက်ဆီ ပြေးဝင်သွားကာ ထိုလူ၏ လည်ပင်းကို ကိုက်ချလိုက်၏။

သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာခဲ့ပြီး ခွမ်ရှီက မိုးချိန်းသံတမျှ ကျယ်လောင်သည့်အသံဖြင့် အော်ဟစ် ဟိန်းဟောက်လိုက်လေသည်။ လူသာမျိုးနွယ်စုဝင် မသေမျိုးအဆင့်မှာမူကား ခုခံချိန်ပင် မရလိုက်ဘဲ လည်ချောင်း ကိုက်ဖောက်ခံလိုက်ရသဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း မည်သည့် လူသား မျိုးနွယ်စုဝင် ပညာရှင်မှ ဆက်မတိုက်ရဲတော့။ အကုန်လုံး ကြောက်လန့်တကြားဖြင့်သာ အူးယားဖားယား ထွက်ပြေးကြတော့လေသည်။

သို့သော် ခပ်ဝေးဝေးသို့ မပြေးနိုင်ခင်မှာဘဲ မွန်းစတား သားရဲများ၏ လမ်းပိတ်ခြင်း ခံလိုက်ရလေသည်။

တောင်ထွတ်ကိုးလုံးထဲရှိ တစ်လုံးပေါ်၌ ရန်ကိုင်သည် ထိုမြင်ကွင်းကို ထူးမခြားနားဟန်ဖြင့် ငုံ့ကြည့်နေခဲ့သည်။

ခဏအကြာ၌ မွန်းစတားမျိုးနွယ်စု၏ စီနီယာကြီး သူ့ဘေးတွင် ထွက်ပေါ်လာခဲ့လေသည်။

“စီနီယာကြီး၊ ခင်ဗျား နည်းနည်း နောက်ကျတယ်နော်” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။

“ဟန့်၊ ဒီလောက် လူအများကြီး စုဖို့က ထင်သလောက် မလွယ်ဘူးကွာ။ မင်းကလည်း ငါကို အချိန်အများကြီးမှ ပေးမထားတာ” မွန်းစတား မျိုးနွယ်စုဝင် စီနီယာကြီးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ဘယ်လောက် ရောက်လာလဲ”

“အဆင့်(၆)က (၃၀၀၀)၊ အဆင့်(၇)က ရှစ်ဆယ်၊ အဆင့်(၈)က ကိုးယောက်”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ရပြီး “တောင့်လိုက်တဲ့ လူအင်အား”

“ငါတစ်ယောက်တည်းနဲ့ သားရဲပင်လယ်တောအုပ်ကို လုံခြုံအောင် ထားထားနိုင်တယ်လို့ ထင်နေတာလား။ အဲ့လောက်များတဲ့ ပညာရှင်တွေ ငါ့နား ရှိနေတာ ကြောင့်သာ မဟုတ်ရင် သားရဲပင်လယ်တောအုပ်တစ်ခုလုံး မင်းတို့ လူသားတွေကြောင့် ပျက်စီးနေလောက်ပြီ” စီနီယာကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေကိုပဲ ဥပမာ ထားကြည့်လိုက်။ တော်ဝင်သခင်ကို အရမ်းမှီခိုလွန်းတော့ သူသေတာနဲ့ မင်းတို့ ဒုက္ခရောက်တာပဲ မဟုတ်ဘူးလား”

“သူတို့ကိုသွားပြော၊ ကျုပ်ကို လာမပြောနဲ့” ရန်ကိုင်က ရယ်မောလိုက်လေသည်။ သူသည်လည်း တော်ဝင်နယ်မြေ၏ ထိုအားနည်းချက်ကို မြင်ပေသည်။ တော်ဝင်နယ်မြေသည် ပညာရှင်များစွာ ပိုင်ဆိုင် ထားသော မွန်းစတားမျိုးနွယ်စုနှင့်စာလျှင် လုံးဝကို ဆန့်ကျင်ဘက်ကြီး ဖြစ်နေခဲ့သည်။ စီနီယာကြီးတွင် အားကိုး၍ရသော ပညာရှင်များစွာ ရှိနေသဖြင့် သူမရှိလျှင်ပင် သားရဲပင်လယ်တောအုပ်သည် အလွယ်တကူ ဒုက္ခရောက်သွားလိမ့်မည် မဟုတ်ချေ။

ယခုတစ်ကြိမ် မွန်းစတားမျိုးနွယ်စုသည် အင်အား အပြည့်ဖြင့် ချီတက်လာသည့်ပုံပင်။

“မင်းကတိပေးထားတာကို မမေ့နဲ့နော်” စီနီယာကြီးက ရန်ကိုင်အား တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“စိတ်ပူမနေနဲ့။ ပြောပြီးမှတော့ ကျုပ်ကတိကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“အဲ့ကောင်တွေကို ဘယ်လိုလုပ်စေချင်လဲ” မွန်းစတား မျိုးနွယ်စုဝင် စီနီယာကြီးက မေးလိုက်ရာ ရန်ကိုင်က ပခုံးသာ တွန့်လိုက်ပြီး “ကြိုက်သလိုသာလုပ်”

စီနီယာကြီးက ကြိတ်ရယ်လိုက်ပြီး “ငါသူတို့ အကုန်လုံးကို သတ်ပစ်မှာကို မင်းမြင်ချင်နေတာလား”

ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။

“အဲ့လိုဆိုရင်တော့ မင်းကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ။ ဒီလောက် လူအများကြီးကို သတ်လိုက်လို့ ငါတို့အတွက် ဘာကောင်းကျိုးမှ မရှိဘူး။ မင်းတို့ လူသားပညာရှင်တွေ လက်စားပြန်ချေတာ ခံရတာပဲ အဖတ်တင်မျာ” စီနီယာကြီးက နှာခေါင်းရှုံ့ လိုက်လေသည်။

ထိုလူသားကျင့်ကြံသူအားလုံးသာ သေသွားခဲ့ပါက လူသားမျိုးနွယ်စု၏ အမုန်းတရားသည် သူတို့အပေါ်သာ ကျရောက်လာမည်ဖြစ်ပြီး တော်ဝင်နယ်မြေကမူ မသိချင်ယောင်သာ ဆောင်နေပေလိမ့်မည်။

ထိုအချက်ကို နားလည်ထားသော်ငြား ရန်ကိုင်၏ ကမ်းလှမ်းချက်ကို မငြင်းဆိုနိုင်ခဲ့ပေ။ သို့သော် တစ်ယောက်မကျန် သတ်ဖြတ်ပစ်ရမည့် ကိစ္စကိုမူ စီနီယာကြီး ဘယ်နည်းနှင့်မှ သဘောတူလိမ့်မည် မဟုတ်။

“ငါနားမလည်တာ တစ်ချက်ရှိတယ်။ အဆင်ပြေရင် ငါ့ကို ပြောပြပေးလို့ရမလား ကောင်လေး” မွန်းစတား မျိုးနွယ်စုဝင် စီနီယာကြီးက ရန်ကိုင်ကို ကြည့်၍ မေးလိုက်သည်။

“ပြောလေ”

“မင်းတို့ တော်ဝင်နယ်မြေလူတွေ အကုန်လုံး ဘယ်ရောက်ကုန်ကြတာလဲ”

“သူတို့ဘာသာ လုံခြုံတဲ့ တစ်နေရာရာမှာ ပုန်းနေလို့ပေါ့။ စီနီယာကြီး စိုးရိမ်နေစရာ မလိုဘူး။ ဒီကိစ္စကြီးသာ ပြီးသွားခဲ့ရင် ပြေားထားတဲ့အတိုင်း ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေကို စီနီယာကြီးတို့ဆီ ပြန်လာလိမ့်မယ်”

“ကောင်းပြီလေ။ မင်းငါ့ကို လိမ်ရဲမယ်လို့ ငါသိပ်တော့ မယုံချင်ဘူး”

မွန်းစတားမျိုးနွယ်စုဝင်များ လူသားကျင့်ကြံသူများကို စတင်သတ်ဖြတ်လာသည့် အခိုက် သူတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်တော့မည် မဟုတ်မှန်း ကျန်းအောင် သိလိုက်လေသည်။ ထို့ကြောင့် ဆက်လက် တုန့်ဆိုင်းမနေတော့ဘဲ လှုပ်ရှားမှု ပညာရပ် အသီးသီးကို ထုတ်သုံး၍ ထွက်ပြေးကြတော့လေသည်။

မပြေးချင်လျှင်ပင် အခြေအနေက အခွင့်မပေးလေရာ ပြေးမှပဲ ရတော့ပေမည်။

လွတ်လပ်သော အဖွဲ့အစည်းခေါင်းဆောင် ယွန်ချုန်သည်လည်း အတော်လေးကို ပူဆွေးသောက ရောက်နေခဲ့ရလေသည်။ သေဆုံးသွားခဲ့သော သူ့တပည့်များ၊ လက်အောက်ငယ်သားများစွာတို့ကို ကြည့်ရင်း ယွန်ချုန် အရမ်းကိုမှ နောင်တ ရနေခဲ့ရလေပြီ။

သူ့သမီ ပြောသည်ကို နားထောင်၍ အားလုံးကို ပြန်ခေါ်ကာ ထွက်သွားခဲ့လျှင် ယခုကဲ့သို့ အဖြစ်မျိုး ကြုံခဲ့ရလိမ့်မည်မဟုတ်။ ယခုမူ နောင်တအတွက် ဆေးမရှိပေ။

သူခေါ်လာသော တပည့် ရာပေါင်းများစွာ သေဆုံးသွားခဲ့ရသလို သူကိုယ်တိုင်သည်လည်း မွန်းစတား မျိုးနွယ်စုဝင်များ၏ လိုက်လံတိုက်ခိုက်ခြင်းမှ သေပြေးရှင်ပြေး ထွက်ပြေးနေခဲ့ရသည်။

ကျန်းအောင်နှင့် အခြားသူတော်စင်အဆင့် ပညာရှင်များပင် ပြန်ဆုတ်နေလေရာ သူကကော မည်သည့် အတွက်ကြောင့် ဆက်နေရစ်ရဦးမည်နည်း။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သော လက်အောက် ငယ်သားများကို ခေါ်၍ ကျန်းအောင်တို့နောက် ချက်ချင်း ပြေးလိုက်တော့လေသည်။

မွန်းစတားမျိုးနွယ်စု ရောက်သည့်အချိန်မှစ၍ တိုက်ပွဲ ပြီးဆုံးသွားသည့်အချိန်ထိ အမွေးတိုင်တစ်ချောင်း လောင်ကျွမ်းစာပင် မရှိသေးပေ။

တောင်ထွတ်ကိုးလုံးစလုံး အလောင်းများဖြင့် တောင်လို ပုံနေပေပြီ။ တော်ဝင်နယ်မြေအား လာရောက် တိုက်ခိုက်သူများထဲ အနည်းဆုံး ကျင့်ကြံသူ (၁၀၀၀) ဝန်းကျင် သေဆုံးခဲ့ရသည်။

မွန်းစတားသားရဲကြီးများက ဦးဆောင်လျက် ထွက်ပြေးသွားသူများကို လိုက်လံသတ်ဖြတ်ရန် လုပ်ကြသည်။

“ဆက်မလိုက်နဲ့တော့” သို့သော် ကိုင်တေ၏ သိမ်မွေ့ညင်သာသည့် အသံလေး ရုတ်တရက် ထွက်ပေါ်လာပြီး ထိုမွန်းစတားသားရဲများ၏ ရှေ့၌ ပိတ်ရပ်လိုက်သည်။ ကိုင်တေက အမိန့်ပေးလာသဖြင့် မွန်းစတားသားရဲများလည်း ဆက်မလိုက်ကြတော့။ ကောင်းကင်ပေါ်သို့ မော့၍သာ ဟိန်းဟောက် လိုက်ကြလေသည်။

မွန်းစတားသားရဲများ၏ ဟိန်သံများကို ကြားလိုက်ရချိန် ထွက်ပြေးနေသော လူသား ကျင့်ကြံသူများ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရင်ရင် ဖြစ်သွားခဲ့ကြရသည်။ အချိန်မဆွဲတော့ဘဲ အရှိန်ကုန်တင်၍ ချက်ချင်း ခြေကုန်သုတ် ပြေးကြပါတော့လေသည်။

“ကျုပ်တို့အတွက် ခက်ပေမယ့် ခင်ဗျားတို့ အတွက်ကတော့ လွယ်နေတာပဲ” ရန်ကိုင်က ခေါင်းလေး တရမ်းရမ်းဖြင့် သက်ပြင်းချလိုက်သည်။ တောင်ဝင်နယ်မြေ၏ မကျော်ဖြတ်နိုင်လောက်အောင် ကြီးမားလှသော အခက်အခဲကို မွန်းစတားမျိုးနွယ်စုက အလွယ်လေး ဖြေရှင်းပြသွားခဲ့လေရာ ရန်ကိုင် အနည်းငယ် စိတ်ချဉ်ပေါက်မိခဲ့ရလေသည်။

“မင်းမြင်နေရတာက ငါတို့ မွန်းစတားမျိုးနွယ်စု နှစ်ရာနဲ့ချီအောင် စုဆောင်းလာခဲ့ရတဲ့ အင်အားပဲ။ ဒီလို အင်အားကို အလွယ်လေး ရနိုင်တယ် ထင်နေတာလား” စီနီယာကြီးက လှောင်ပြောင်ဟန်ဖြင့် “မင်းတို့ တော်ဝင်နယ်မြေက မဆိုပါဘူး။ ဒါပေမယ့် ငါတို့ မွန်းစတား မျိုးနွယ်စုနှင့် ယှဉ်ရင်တော့ လိုသေးတယ်”

“အမှန်ပဲ။ မဟုတ်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ ခင်ဗျားတို့အပေါ် အားကိုးနေစရာ လိုမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကဲ။ မင်းဘာသာ ကြိုးကြိုးစားစား လေ့ကျင့်ရင် နှစ်တစ်ရာ၊ နှစ်ရာလောက်အတွင်း ငါ့ကို မှီရင် မှီလာမှာပေါ့။ အဲ့အချိန်ကျ တော်ဝင်နယ်မြေလည်း နောက်တစ်ကြိမ် ပြန်ဦးမော့လာနိုင်ပြီလေ”

“နှစ်တစ်ရာလား။ စီနီယာကြီး၊ ခင်ဗျားကျုပ်ကို အထင်သေးလွန်းနေတာပဲ” ရန်ကိုင်က ပြုံးကာ ဆိုလိုက်သည်။

“နှစ်(၂၀)၊ (၃၀)ပဲ ကြာမယ်လို့ ပြောချင်နေတာလား။ မင်းမဟုတ်တုတ်ကတွေ လျှောက်ပြောနေတာကို ဒီဘုရင်က ဘယ်လိုယုံရမှာလဲ”

“စောင့်သာကြည့်နေလိုက်”

နှစ်ယောက်သား စကားပြောနေစဉ် ကိုင်တေ ရောက်လာခဲ့သည်။ ရောက်ရောက်ချင်း ရန်ကိုင်အား အရင် တစ်ချက်ကြည့်လိုက်ပြီး စီနီယာကြီး၏ အစီရင်ခံ တင်ပြလိုက်လေသည် “စီနီယာကြီး၊ လူသားတွေအားလုံး ထွက်ပြေးသွားပြီ”

“ကေင်းတယ်။ အလောင်းတွေကို ရှင်းပြီး ကိုယ့်နေရာ ကိုယ်ယူလို့ ပြောလိုက်။ အခုကနေစပြီး တောင်ထွတ် ကိုးလုံးက ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက် ဖြစ်သွားပြီ။ ဒါကြောင့် ဒီမှာရှိတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်း အသုံးချရမယ်”

“ဟုတ်ကဲ့ပါ”

“ကောင်လေး၊ မင်းပြဿနာကို ဖြေရှင်းပေးပြီးသွားပြီ ဆိုတော့ ပြောတဲ့အတိုင်း လုပ်သင့်ပြီလို့ မထင်ဘူးလား”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

စီနီယာကြီးနှင့် သဘောတူပြီးသွားပြီ ဖြစ်သည့် အတွက်ကြောင့် သူ့စကားသူပြန်ရုတ်သိမ်းရန် မစဉ်းစားထားခဲ့။

တော်ဝင်သင်္ချိုင်းသို့ သွားပြီး စီနီယာကြီးဆီ ငှားပေးရန် သဘောတူထားသည့် ဆေးပညာရှင်များနှင့် လက်နက်ပညာရှင်များကို ခေါ်ထုတ်လာလိုက်လေသည်။

ထိုမွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များနှင့် ရင်ဆိုင်ရသည့်အချိန် တော်ဝင်နယ်မြေမှ ဆေးပညာရှင် များနှင့် လက်နက်ပညာရှင်များအားလုံး ကြောက်လန့် သွားခဲ့ကြသေးသည်။ စီနီယာကြီးကိုယ်တိုင် သူတို့၏ လုံခြုံမှုကို အာမခံပေးမှဘဲ စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်သည်။

တော်ဝင်နယ်မြေ၏ မိုးမြေစွမ်းအင် ပို၍ သိပ်သည်းလာစေရန် ရန်ကိုင်က တောင်ထွတ်ကိုးလုံး အစီအရင်ကို တစ်ဖန်ပြန်အသက်သွင်းပေးလိုက်သည်။

ထို့နောက် စီနီယာကြီးအား သင်ပေးမည်ဟု ပြောထားသည့် စိတ်ဝိဥာဉ်အစီအရင်များ ရေးထွင်းထားသည့် ကျောက်စိမ်းပြားတစ်ခုကို စီနီယာကြီးဆီ ပေးခဲ့လိုက်သည်။

ထိုစိတ်ဝိဥာဉ်အစီအရင်များသည် မွန်းစတား မျိုးနွယ်စု၏ သားရဲအသွင်ပြောင်းရေကန်နှင့် ဆက်စပ်နေခြင်းဖြစ်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၄) အခုမှမသွားရင် နောက်ဘယ်တော့မှ သွားလို့ရတော့မှာမဟုတ်ဘူး

တောင်ထွတ်ကိုးလုံးမှ ကီလိုမီတာအကွာရှိ တောအုပ်တစ်ခုထဲတွင်…

ကျင့်ကြံသူများစွာ ပုန်းအောင်နေကြသည်။ မည်သူမှ အသံတစ်ချက် မထွက်ရဲကြ။ သစ်ရွက်များကြားမှ တောက်ပနေသော နေရောင်ခြည်သည် ကျန်းအောင်နှင့် ကွမ်ချောင်တို့၏ ဆူပုတ်နေသော မျက်နှာများကို မီးမောင်းထိုးပြနေခဲ့သည်။

မွန်းစတားမျိုးနွယ်စုဝင်များ၏ လက်၌ ခါးခါးသီးသီး ရှုံးနိမ့်ပြီး ထွက်ပြေးလာခဲ့ရသည်မှာ (၁၀)ရက် ကြာမြင့်ခဲ့လေပြီ။

ထိုဆယ်ရက်အတွင်း အတိတ်အကြောင်းများကို ပြန်တွေးလိုက်တိုင်း သူ့နှလုံးသာ တဆစ်ဆစ် ကိုက်ခဲရသည်။ တော်ဝင်နယ်မြေ၏ အမွေအနှစ် သူ့လက်ထဲ ရောက်လုနီးနီး ဖြစ်ပြီးမှ မွန်းစတား မျိုးနွယ်စု၏ ဝင်ရှုပ်မှုကြောင့် အခွင့်အရေးကို လက်လွှတ်ခဲ့လိုက်ရသည်။

မွန်းစတားမျိုးနွယ်စု၏ စီနီယာကြီးသည် ပညာရှင် များစွာကို ခေါ်ဆောင်လာ၍ သူတို့အား ခွေဝဲစားများပမာ ထွက်ပြေးရသည်အထိ မောင်းထုတ်ခဲ့သည်။

တော်ဝင်နယ်မြေကို တိုက်ခိုက်ရန် ကျန်းအောင် စုစည်းထားခဲ့သမျှ အင်အားစုအားလုံး ထွက်ပြေး သွားကုန်ကြလေပြီ။ ယခု ကြယ်ရောင်ဖြာနန်းတော်၊ တိုက်ပွဲစိတ်ဝိဥာဉ်ဘုရားကျောင်းနှင့် မရဂိုဏ်းတို့သာ ကျန်ရစ်တော့သည်။

ထိုဂိုဏ်းသုံးဂိုဏ်းဖြင့် မွန်းစတားမျိုးနွယ်စုအား လက်စားချေမည့်ကိစ္စကို အသာထား၊ တော်ဝင်နယ်မြေ ကိုပင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ဂိုဏ်းသုံးဂိုဏ်းသည် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်များကြောင့် အသေအပျောက် များခဲ့ရသေးသည်။

ယခုအချိန်၌ အကောင်းဆုံး ရွေးချယ်မှုသည် ပြန်ဆုတ်ခြင်းသာ ဖြစ်သော်ငြား ကျန်းအောင်မှာ ထိုကဲ့သို့ မလုပ်နိုင် ဖြစ်နေခဲ့ရသည်။ အင်အားစုများစွာနှင့် ပညာရှင် များစွာကို စုစည်းပြီး တော်ဝင်နယ်မြေကို တိုက်ခိုက်ရန် ချီတက်သွားခဲ့သော်လည်း ခွေးဝဲစားများပမာ အမြီးကုတ်၍ ထွက်ပြေးလာခဲ့ရသည့် သတင်းသာ ပျံ့သွားခဲ့ရင် ကြယ်ရောင်ဖြာနန်းတော်သည် အများရယ်မော လှောင်ပြောင်စရာ ဂိုဏ်းတစ်ခု ဖြစ်လာရပေလိမ့်မည်။

သူ့သွေးတို့ ပွက်ပွက်ဆူနေရလေပြီ။ သူ့အမူအရာသည် မှုတ်ကုတ်သထက် မှုတ်ကုတ် လာနေခဲ့သည်။

“ဟိုသောက်ကျင့်မကောင်းတဲ့ ခွေးကောင်က အဲ့မကောင်းဆိုးဝါးမွန်းစတားတွေနဲ့ တကယ်ကြီး ပူးပေါင်းရဲမယ်လို့ တကယ် မထင်ထားခဲ့ဘူးကွာ” တော်ဝင်နယ်မြေ ရှိရာအရပ်ဆီ ကြည့်နေရင်း ကျန်းအောင် မုန်းမုန်းတီးတီး ကျိန်ဆဲလိုက်သည်။

ကွမ်ချောင်ကလည်း မကျေမချမ်းဖြင့် ဝင်ပြောလိုက်သည် “ဒီကောင်က သူ့ကိုယ်သူ လူသား မျိုးနွယ်စုရဲ့ ဘုံရန်သူဖြစ်အောင် လုပ်လိုက်တာပဲ။ ဒီသတင်းသာ ပျံ့သွားကြည့်၊ ထုန်းရွှမ်လောကကြီးမှာ သူနေရာစရာနေရာ ရှိတော့မှာ မဟုတ်ဘူး”

ဝူကျဲက ရယ်ကျဲကျဲဖြင့်သာ “ဘုံးကိုခုထွတ်မြတ် နယ်မြေက တကယ် စိတ်ဝင်စားစရာပဲ။ မွန်းစတား မျိုးနွယ်စုတွေ တကယ်ကြီး ပူးပေါင်းရဲလိမ့်မယ်လို့ ငါထင်ကို မထင်ထားဘူး”

“ဒါ ရှုဟွေရဲ့ အကြံမဟုတ်လောက်ဘူး။ ရှုဟွေ အကြောင်း ငါကောင်းကောင်းသိတယ်။ သူက ဒီလို ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဒါတွေ အားလုံးက ဟိုကောင်စုတ်ရဲ့ အကြံပဲ ဖြစ်ရမယ်” ကျန်းအောင်က အေးစက်စက် လေသံဖြင့် နှာခေါင်း ရှုံ့လိုက်ပြီး “အရေးကြီးဆုံးက အဲ့ခွေးကောင်ကို မွန်းစတားမျိုးနွယ်စုဝင်တွေရဲ့ လက်ထဲကနေ ဘယ်လို ဖမ်းရမလဲ ဆိုတာပဲ”

“ဟုတ်တယ်။ ဒါက နည်းနည်းတော့ ခက်လိမ့်မယ်” ချောင်ကွမ် မျက်မှောင်ကြုံ့သွားခဲ့လေသည်။

“မင်းတို့နှစ်ယောက် အခုထို လက်မလျှော့‌ သေးဘူးလား” ဝူကျဲက ထိုနှစ်ယောက်ကို အံ့ဩတကြီးဖြင့် ကြည့်လိုက်ပြီး ခေါင်းခါရမ်း၍ “မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက သူ့ကို ကာကွယ်ပေးနေတာကို မင်းတို့က သူ့ကို ဖမ်းချင်နေသေးတယ်ပေါ့”

“အဲ့နေရာကမှပဲ သူတစ်သက်လုံး ထွက်မလာဘဲ နေတော့မှာလား။ အဲ့ခွေကောင်ကို မဖမ်းမိတဲ့အထိ ငါရပ်မှာမဟုတ်ဘူး” ကျန်းအောင်က ရူးသွပ်မှုအပြည့်ဖြင့် ကြုံးဝါးပြောဆိုလိုက်သည်။

“ငါလည်း အဲ့အတိုင်းပဲ။ ဘာလို့လဲ၊ ညီအစ်ကိုဝူက ငါတို့ဆီက အကျိုးအမြတ်တွေ အများကြီး ရထား ပြီးတာတောင် ပြန်ဆုတ်ချင်နေသေးတာလား” ပြောနေရင်း ကျန်းအောင်က ဝူကျဲအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ဝူကျဲက သူ့လက်ကို အလျင်စလို မြှောက်၍ ပြန်ပြောလိုက်လေသည် “အကျိုးအမြတ်ယူပြီး ပြဿနာဒုက္ခတွေကို ဖြေရှင်းတယ်ဆိုတာ ငါတို့ မရဂိုဏ်းရဲ့ ဆောင်ပုဒ်လေ။ မင်းတို့ နှစ်ယောက်ဆီက လက်ဆောင်တွေ ရပြီးမှတော့ ငါကလည်း မင်းတို့ကို အဆုံးထိ ကူညီပေးရမှာပေါ့”

“အဲ့လိုဆို အကောင်းဆုံးပဲ” ကျန်းအောင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

ခေါင်းဆောင်သုံးယောက် စကားပြောနေစဉ် တော်ဝင်နယ်မြေ၏ အခြေအနေကို သွားစစ်ဆေးရန် ထွက်သွားသော တပည့်ပြန်ရောက်လာပြီး လေးလေးစားစား ဦးညွှတ်လျက် အစီခံတင်ပြလိုက်သည် “တောင်ထွတ်ကိုးလုံးစလုံးကို မွန်းစတားမျိုးနွယ်စုက အပိုင်သိမ်းထားလိုက်ပါပြီ။ တော်ဝင်တပည့် တစ်ယောက်ကိုမှ မတွေ့ခဲ့ရပါဘူး။ မွန်းစတားသားရဲတွေ ကိုပဲ တွေ့ခဲ့ရပါတယ်။ အခု မွန်းစတားသားရဲတွေက သလင်းကျောက် မိုင်းတွင်းတွေကို တူးနေတဲ့ပုံပါပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ကျန်းအောင်နှင့် ချောင်ကွမ်တို့၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့သည်။

မွန်းစတားမျိုးနွယ်စုကြောင့်သာ မဟုတ်လျှင် ထိုသလင်းကျောက် မိုင်းတွင်များသည် သူတို့အပိုင် ဖြစ်နေလောက်ပေပြီ။

“ဘုံကိုးခုထွတ်မြတ်နယ်မြေက တစ်ယောက်ကိုမှ မတွေ့ခဲ့တာ သေချာလား” ကျန်းအောင်က မျက်မှောင် ကြုံသွားရလေပြီ။ ထိုကိစ္စကို အစကတည်းက သူစိတ်ပူနေခြင်း ဖြစ်သည်။ တိုက်ပွဲမစခင်ကတည်းက တော်ဝင်နယ်မြေမှ တော်ဝင်သခင်မှလွဲ၍ အခြားဘယ်သူမှ ပေါ်မလာခဲ့။ ထိုစဉ်က တော်ဝင်နယ်မြေမှ ကျင့်ကြံသူများ အနီးအနား တစ်နေရာရာတွင် ပုန်းအောင်းနေခြင်း ဖြစ်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိတိုင် ပေါ်မလာခြင်းသည် ပုံမှန် မဟုတ်တော့ပေ။

“ဟုတ်ပါတယ်။ လက်အောက်ငယ်သားနဲ့ အခြား လူဒါဇင်ကျော်လောက်က နေ့ညမလပ်အောင် သေချာ စောင့်ကြည့်နေခဲ့တာပါ။ တော်ဝင်နယ်မြေက လူတစ်ယောက်ကိုမှ မတွေ့ခဲ့ပါဘူး”

“တော်ဝင်နယ်မြေမှာ တပည့်တွေ ထောင်ချီပြီးရှိတာ ဒီအတိုင်း ပျောက်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး” ချောင်ကွမ် ခေါင်းရှုပ်သွားခဲ့ပြီး “ညီအစ်ကိုချန်း၊ မွန်းစတား မျိုးနွယ်စုကများ…”

ထိုစကားကို ကြားကြားချင်း ကျန်းအောင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး လှောင်ပြုံးပြုံးလျက် “ဖြစ်နိုင်တယ်။ မွန်းစတားမျိုးနွယ်စုက ကောင်တွေက ယုံကြည်ရတဲ့ ကောင်တွေမဟုတ်ဘူး။ ဟိုကောင်စုတ်က မွန်းစတားမျိုးနွယ်စုနဲ့ ပူးပေါင်းနိုင်တယ်ဆိုပြီး သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေလောက်တယ်။ ဒါပေမယ့် သူမတဲ့ ကျောက်တုံး သူ့ခြေထောက်ပေါ် ပြန်ကျမယ် ဆိုတာကိုတော့ မသိဘူး”

“သူ့ထိုက်နဲ့သူ့ကံပဲ” ချောင်ကွမ် အတော်လေး စိတ်ပျော်လက်ပျော် ဖြစ်လာခဲ့ပြီး ခဏအကြာ၌ “ဒါပေမယ့် အဲ့လိုဆိုရင် အဲ့ကောင်စုတ်လေးက မွန်းစတား မျိုးနွယ်စုက စီနီယာကြီး လက်ထဲမှာပဲ ရှိလောက်ဦးမယ်။ ငါတို့ သူ့ကို ဘယ်လိုဖမ်းရတော့မှာလဲ”

ကျန်းအောင် မျက်မှောင်ကြုံ့သွားပြီး အတွေး နက်သွားခဲ့လေသည်။ သို့သော်လည်း နေ့ဝက်ကြာအောင် စဉ်းစားပြီးသည့်တိုင် ရေရေရာရာ အဖြေတစ်ခုကို မစဉ်းစားနိုင်ခဲ့ချေ။

----------------------------------

နန်းတော်ကြီးတစ်ခုအတွင်း၌ ရန်ကိုင်သည် မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်လျက် များစွာသော စိတ်ဝိဥာဉ် အစီအရင်များကို သရုပ်ဖော်ပြနေခဲ့သည်။

ရန်ကိုင်သည် စိတ်ရှည်ရှည်ထားလျက် စီနီယာကြီးကို သေသေချာချာ ရှင်းပြသင်ကြားပေးနေခဲ့သည်။

အစကမူ စိတ်ဝိဥာဉ်အစီအရင်များ ထိုးထွင်းထားသည့် ကျောက်စိမ်းပြားကို စီနီယာကြီးဆီ ပေးလိုက်ဖို့ပင်။ သို့သော် စီနီယာကြီးက ထိုကျောက်စိမ်းပြားကို လေ့လာကြည့်ပြီးနောက် နားမလည်ဘူးဟု ပြောလာသဖြင့် ရန်ကိုင်လည်း မတတ်သာပဲ သူကိုယ်တိုင် ရှင်းပြရတော့လေသည်။

ကံကောင်းစွာဖြင့် စီနီယာကြီး၏ နားလည်နိုင်စွမ်းသည် အရမ်းကြီး မဆိုးရွားခဲ့။ ထို့ကြောင့် စိတ်ဝိဥာဉ် အစီအရင်ကို တစ်ခါမှ မလေ့လာဖူးသော်ငြား ရန်ကိုင်၏ သင်ကြား၊ ရှင်းပြပေးမှုအောက်၌ စိတ်ဝိဥာဉ် အစီအရင်များ၏ အဓိကအချက်များကို နားလည်နေခဲ့လေပြီ။

လုပ်စရာဆို၍ ထိုစိတ်ဝိဥာဉ်အစီအရင်းများကို ဖြည်းဖြည်းချင်း ဆက်လေ့လာဖို့သာ ရှိတော့သည်။ သို့မှသာ မွန်းစတားမျိုးနွယ်စုဝင်များ လူသား အသွင်ပြောင်း၍ ပြဿနာတစ်ခုခု ဖြစ်လာသည့်အခါ ရန်ကိုင်ဆီမှ အကူအညီ တောင်းစရာ မလိုတော့မည် ဖြစ်ပေသည်။

ရန်ကိုင် စိတ်ဝိဥာဉ် အစီအရင်များအကြောင်း ရှင်းပြပြီးသည့်နောက် မွန်းစတားမျိုးနွယ်စုဝင် စီနီယာကြီးက သက်ပြင်းအရှည်ကြီးချလျက် ရေရွတ်လိုက်၏ “စိတ်ဝိဥာဉ်အစီအရင်တွေက ကောင်းကင် နိယာမတွေအတိုင်း ဖြစ်တည်နေတာပဲ။ သိုင်းတာအိုကို ကျင့်ကြံတဲ့လူတွေအတွက်လည်း အရမ်းကို အသုံးဝင်တယ်။ ဒါတွေကို မင်းဆီ ဘယ်သူ သင်ပေးခဲ့တာလဲ”

“မပြောဘူး” ရန်ကိုင်က ပြုံးလိုက်သည်။

“ကောင်းပြီလေ။ ငါလည်း မင်းလျှို့ဝှက်ချက်ကို မေးမနေတော့ပါဘူး။ တကယ်ကို ဒီစိတ်ဝိဥာဉ် အစီအရင်တွေက မင်းလက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ သိနိုင်တဲ့ အရာမျိုးတွေ မဟုတ်ဘူး။ စိတ်ဝိဥာဉ် အစီအရင်တွေကို မင်းလောက် နားမလည်ဘူးဆိုပေမယ့် ငါ့အတွေ့အကြုံနဲ့ အမြင်က မင်းထက် အများကြီး သာတယ်။ ပြောရဦးမယ်၊ ဒီစိတ်ဝိဥာဉ် အစီအရင်တွေကို သေချာ တန်ဖိုးထားနော်။ တစ်နေ့ကျရင် ဒါတွေ ဘယ်လောက် တန်ဖိုးကြီးလဲ မင်းသိလာလိမ့်မယ်”

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး အတွေးနက်သွားခဲ့၏။

“မင်းဆေးပညာရှင်လို့ ပြောခဲ့သေးတယ်မလား” မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက ရုတ်တရက် မေးလိုက်၏။

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။

“ဆေးပညာရှင်ဆိုမှတော့ ငါ့ကလန်မှာနေပြီး ဘာလို့ ငါ့ကို မကူညီပေးလဲ။ မင်းဆေးပညာ အရည်အချင်းက မမြင့်လောက်ဘူးမလား။ ငါ့ကလန်မှာ ပစ္စည်းကောင်းတွေ အများကြီးပဲနော်။ မင်းတို့ လူသားမျိုးနွယ်စုမှာတောင် ရှာလို့မတွေ့တဲ့ ပစ္စည်းတွေ အများကြီးပဲ”

“မလိုဘူး ကျေးဇူးပဲ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကျုပ်စိတ်မဝင်စားဘူး”

“အဲ့လို မပြောနဲ့ဦးလေ။ အားလုံးက ဆွေးနွေးလို့ ရတယ်လေ။ မင်းဘာလိုချင်လဲ ပြောသာလိုက်၊ တတ်နိုင်ရင် ငါအတတ်နိုင်ဆုံး လုပ်ပေးမယ်” မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီးက အပြုံးကြီးပြုံးလျက် မေးလိုက်သည်။

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “စီနီယာကြီးရဲ့ စေတနာကို ငြင်းရမှာတော့ အားနာသား။ ကျုပ်မှာ လုပ်စရာတွေ ရှိနေတော့ ဒီမှာ အကြာကြီး နေလို့မရဘူး။ ပြီးတော့ ကျုပ်ပြောထားတဲ့ လရောင်ပြန် ရေကန်ကိစ္စလေ။ အဲ့ရေကန်ကို စောင့်ရှောက် ပေးထားဦးနော်။ နောက်ပိုင်းကျ တစ်ယောက်ယောက် လာစစ်ဆေးလိမ့်မယ်”

“မင်းထွက်သွားချင်တာလား” စီနီယာကြီးက မျက်မှောင်ကြုံ့လိုက်သည်။

“အခုမထွက်သွားရင် နောင်ဘယ်တော့မှ ထွက်သွားလို့ ရလောက်တော့မှာ မဟုတ်ဘူး” ရန်ကိုင်က စီနီယာကြီး၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

စီနီယာကြီးက ပြုံးလိုက်ပြီး တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ခေါင်းညိတ်၍ “သွားတော့လေ။ ငါတို့ ထပ်တွေ့ဦးမှာပါ”

“စီနီယာကြီးလည်း ဂရုစိုက်ဦးနော်။ နှစ်အနည်းငယ် အတွင်း တောင်ထွတ်ကိုးလုံးကို ကျုပ်ပြန်ယူရင် ယူမှာ၊ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ ဒါကြောင့် အချိန်ရှိတုန်း ဒီမှာရှိတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်း အသုံးချရင် အကောင်းဆုံး ဖြစ်လိမ့်မယ်”

ပြောပြီးသည်နှင့် စီနီယာကြီး ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ချက်ချင်း ပျံသန်းထွက်သွားလေသည်။

ရန်ကိုင် ထွက်သွားပြီးနောက် စီနီယာကြီးက လှောင်ပြုံးပြုံးလိုက်ပြီး “နှစ်အနည်းငယ် အတွင်းလား။ ဒီကောင်လေးက လူတွေကို အရမ်း အထင်သေးနေတာပဲ”

ရန်ကိုင်ကို ကူညီ၍ တော်ဝင်နယ်မြေ၏ ပြဿနာကို ဖြေရှင်းပေးရန် စီနီယာကြီးမှ မွန်းစတားမျိုးနွယ်စုများကို ဦးဆောင်ပြီး တော်ဝင်နယ်မြေဆီ အင်ပြည့်အားပြည့်ဖြင့် ချီတက်လာကာ လူသားမျိုးနွယ်ဖြင့် ပြဿနာ ဖြစ်ခဲ့ရသည်။ ထိုမျှ လုပ်ပေးပြီးမှဖြင့် တော်ဝင်နယ်မြေအား အဘယ်ကြောင့် နှစ်အနည်းငယ်သာ အပိုင်သိမ်းထားရလေမည်နည်း။

“စီနီယာကြီး သူ့ကို ဒီအတိုင်း ထွက်သွားခွင့် ပေးလိုက်မလို့လား” ကိုင်တေက မျက်မှောင်လေး ကြုံ့လျက် “သူက သားရဲအသွင်ပြောင်းရေကန်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတာနော်”

“ဟုတ်တယ်။ ဒါပေမယ့် သူက ငါတို့ မွန်းစတား မျိုးနွယ်စုအတွက်လည်း အကျိုးဆောင်ခဲ့တယ်လေ” စီနီယာကြီးက ရှုပ်ထွေးသည့် အမူအရာဖြင့် “နင်ဘာကို စိတ်ပူနေလဲ ငါနားလည်တယ်။ ဒါပေမယ့် စိတ်ပူနေစရာ မလိုဘူး။ ဒီကောင်လေးက ယုံကြည့်လို့ရတယ်။ သားရဲ အသွင်ပြောင်းရေကန်နှင့် ပက်သက်တဲ့ လျှို့ဝှက်ချက်ကို အလွယ်တကူ လျှောက်ဖွမှာမဟုတ်ဘူး။ ငါတို့ကိုယ်ငါတို့ ကျေးဇူးတရားကို ရန်ငြိုးနဲ့ တုန့်ပြန်တတ်တဲ့ လူသားတွေလို မလုပ်သင့်ဘူး။ ကိုင်တေ၊ မဟုတ်တာတွေ မတွေးနဲ့။ လျှို့ဝှက်ချက်တွေ မပေါက်ကြားရအောင် သူ့ကို ဖမ်းထားချင်မှန်း ငါသိတယ်။ ဒါပေမယ့် အဲ့လိုအတွေးတွေ လျှောက်မတွေးတာ အကောင်းဆုံးပဲ”

“ဟုတ်ကဲ့ပါ” ကိုင်တေက လေးလေးစားစားဖြင့် ပြန်ပြောလိုက်ပြီး ရန်ကိုင် ထွက်သွားရာ အရပ်ဆီ ကြည့်၍ ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်၏ “ဒါပေမယ့် သူက တကယ်ရူးတဲ့ကောင်။ နှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း စီနီယာကြီးနဲ့ အဆင့်တူအောင် လုပ်ပြမယ်ဆိုပဲ။ သူ့ယုံကြည်ချက်တွေ ဘယ်ကရောက်လာလဲ ဆိုတာကို ကျွန်မ တကယ် သိချင်မိသား”

“လူငယ်တွေ မောက်မာကြတာ သဘာဝပဲလေ…” စီနီယာကြီးက ရေရါတ်လိုက်သည် “ဒါပေမယ့်… သူပြောသလို ဖြစ်လာလိမ့်မယ်လို့ ငါဘာလို့ ခံစား နေရတာလဲ မသိဘူး။ ဒီကောင်က တော်တော် ထူးဆန်းတဲ့ကောင်။ ဒါကြောင့်ပဲ သူ့ကို ဒီအတိုင်း လွှတ်ထားပြီး ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်နိုင်မလား ဆိုတာကို ငါစောင့်ကြည့်ချင်တာ”

“လတ်စသတ်တော့ အဲ့လိုကိုး” ကိုင်တေက အပြုံးလေးပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“နင်ပိုပြီး ပြုံးသင့်တယ်။ ပြုံးနေတဲ့အခါ နင်က ပုံမှန်ထက် ပိုပြီးလှတယ်” စီနီယာကြီးက ရုတ်တရက် ပြောလိုက်၏။

ကိုင်တေ ရှက်သွေးဖြာသွားခဲ့ပြီး စီနီယာကြီးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “ခွမ်ရှီ ပြောတဲ့ စကားတွေကို စီနီယာကြီးက ဘာလို့ ရုတ်တရက် ပြောလာရတာလဲ”

“ဟားဟား၊ အလှတရားဆိုသာ ပိုပြီး လှလှပပ ပွင့်လန်းသင့်တာလေ။ ဘာလို့ ဖုံးကွယ်ဖို့ ကြိုးစား နေမှာလဲ။ အဲ့လိုသာဆိုရင် လူသားတွေနဲ့ ငါတို့က ဘာကွာနေဦးမှာလဲ။ လူတစ်ယောက်ဆိုတာ ကိုယ့်စိတ်ထဲ ရှိတဲ့အတိုင်းပဲ နေသင့်တယ်။ အဲ့အပိုင်းမှာတော့ ဟိုကောင်လေးကို ငါတကယ် လေးစားတယ်။ သူ့က ဘာကိုမှ ဂရုစိုက်တာ မဟုတ်ဘူး။ စိတ်ထဲရှိတဲ့အတိုင်းပဲ လုပ်တာ။ ဒါပေမယ့် အဲ့ဒါကြောင့်ပဲ အနှေးနဲ့အမြန်တော့ သူဒုက္ခရောက်ရလိမ့်မယ်” စီနီယာကြီးမှာ ရန်ကိုင် ဒုက္ခရောက်မည်ကိုတွေးရင်း ကြိတ်ပျော်နေသည့်အလား။

ကိုင်တေ သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်သည်။ စီနီယာကြီးလည်း ရန်ကိုင်ကို ထိုကဲ့သို့ မြင်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဖူးချေ။

တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် ရှိနေခဲ့သည်။

မွန်းစတားမျိုးနွယ်စုနှင့် အလုပ်တွဲလုပ်ခြင်းသည် နှစ်ဖက်ဓါးသွားတစ်စင်းနှင့်တူပေသည်။ နည်းနည်းလေး သတိပေါ့လျော့သွားသည်နှင့် ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားနိုင်သည်။

စီနီယာကြီးသည် သူ့အပေါ် သဘောကောင်းသော်ငြား သူ့ကဲ့သို့ ပညာရှင်တစ်ယောက်နှင့် အဆက်အဆံ လုပ်သည့်အခါ ရန်ကိုင်အနေဖြင့် သတိမထားဘဲ မနေ၍ မရချေ။

တကယ်တော့ ထိုကဲ့သို့ ပညာရှင်တစ်ယောက် မည်သည့်အချိန် ထဖောက်မည်ကို သူမှ မပြောနိုင်သည်ကိုး။

နှစ်ဦးသားကြားမှ ခွန်အားကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလှသည် မဟုတ်ပေလော။

မွန်းစတားမျိုးနွယ်စုဝင် စီနီယာကြီး တော်ဝင်သခင်ဟောင်းနှင့် ရင်းနှီးရခြင်းမှာ နှစ်ဦးစလုံးသည် အဆင့်တူတွင် ရပ်နေကြသောကြောင့် ဖြစ်သည်။ ရန်ကိုင်သည် တော်ဝင်သခင်ရာထူးကို ဆက်ခံထားသော်ငြား သူသည် မသေမျိုး ဒုတိယအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်သေးသည်။ သူ့ကဲ့သို့ လူတစ်ယောက်သည် စီနီယာကြီး ရှေ့၌ ဘာဆိုဘာမှ မဟုတ်ပါချေ။

ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်စစ်ဆေး၍ သူ့နောက်သို့ ဘယ်သူမှ လိုက်မလာမှန်း အတည်ပြုပြီးမှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်လေသည်။

သူသာ တော်ဝင်နယ်မြေ၌ ထပ်နေမည်ဆိုပါက ဘယ်တော့မှ ထွက်သွားနိုင်တော့လိမ့်မည် မဟုတ်ပေ။ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးသည် သူ့အား မွန်းစတားမျိုးနွယ်စုအတွက် ကျိန်းသေ ဆေးဖော်စပ် ခိုင်းပေလိမ့်မည်။

All Chapters