← Chapters

အခန်း (၈၂၆-၈၃၀)

Vol. 34 Ch. 826-830

အခန်း (၈၂၆-၈၃၀)

Vol. 34 Ch. 826-830

အပိုင်း (၈၂၆) ပိုးဟပ်များ

ကီလိုမီတာဒါဇင်ကျော်လောက် ပျံသန်းပြီးနောက် ရန်ကိုင် တဖြည်းဖြည်း စိတ်လက်ပြေလျော့သွားခဲ့သည်။

သို့သော်လည်း အသက်ပင် ကောင်းကောင်း မရှူရသေးခင်မှာပင်၊ ရန်ကိုင် မျက်မှောင်ကြုံ့သွားရပြီး တောထဲရှိ တစ်နေရာဆီ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာမှ စာလိပ်ပုံစံ လက်နက်တစ်ခုသည် မြောက်မြားလှစွာသော သားရဲပုံရိပ်များနှင့်အတူ သူ့ဆီသို့ တစ်ပြိုင်တည်း ပြေးဝင်လာခဲ့ကြသည်။

ထိုသားရဲအုပ်နောက်မှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့် အလင်းတန်း တစ်ခုလည်း တစ်ပါတည်း လိုက်ပါလာခဲ့လေသည်။

လျစ်လျူမရှုရဲသည်နှင့် ရန်ကိုင်လည်း ကောင်းကင် နတ်ဘုရားပညာရပ် ကိုးခုထဲမှ တစ်ခုဖြစ်သော မဟာ ကောင်းကင်ဒိုင်းကို ချက်ချင်း အသက်သွင်းလိုက်သည်။

သူ့ရှေ့ ရွှေရောင်ဒိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေပြီ။

သားရဲအုပ်သည် အရှိန်နည်းနည်းလေးပင် မလျှော့ဘဲ ဒိုင်းကာကို တိုက်ရိုက်ဝင်ဆောင့်ကြရာ အကုန်လုံး အလင်းမှုန်လေးများအဖြစ် ပေါက်ကွဲထွက်သွား ခဲ့ကြရလေသည်။

ဒိုင်းနှင့် အလင်းတန်း ထိတွေ့သွားသည့်အချိန်တွင်မူ ဒိုင်းတစ်ခုလုံး ပျက်စီးသွားပြီး ရန်ကိုင်လည်း ချောင်းတစ်ချက် ဆိုးလိုက်ရလေသည်။ ထို့နောက် ချက်ချင်းပဲ သူ့အား တိုက်ခိုက်လိုက်သည့်လူဆီ လှမ်းကြည့်လိုက်လေသည်။

ထိုနေရာ၍ ကျန်းအောင် သွားမစိနိုင်အောင် ပြုံးရယ်နေခဲ့ပီဲး “ခွေးသူတောင်းစားကောင်လေး၊ မင်းတကယ် ထွက်လာရဲသေးတာပဲကွ။ ကောင်းကင်က ငါ့ကို ဖေးမနေပြီတဲ့တူတယ်”

ကွမ်ချောင်က အလင်းတန်း ရှိရာဆီ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဓါးရှည်တစ်ချောင် သူ့လက်ပေါ်သို့ ပျံသန်းလာခဲ့လေသည်။ ဝူကျဲသည်လည်း ထိုနှစ်ယောက် နောက်၌ တစ္ဆေကောင်တစ်ကောင်ပမာ ပျံဝဲရင်း ရန်ကိုင်အား စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်အား မဖမ်းနိုင်တော့ဘူးဟု ထင်ကာ ပြန်ဆုတ်ဖို့ လုပ်နေစဉ် ရန်ကိုင် ထွက်လာမည်ဟု ရုတ်တရက် သတင်းရလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သုံးယောက်စလုံး အပျော်ကြီး ပျော်သွားခဲ့ပြီး ရန်ကိုင်အား ဖမ်းရန် သူ့နောက်သို့ အလျင်အမြန် ပြေးလိုက်ကြတော့လေသည်။

သို့သော်လည်း ရန်ကိုင်သည် တောင်ထွတ်ကိုးလုံး အစီအရင်၏ အကူအညီ မပါသည့်တိုင် ချောင်ကွမ်နှင့် ကျန်းအောင်တို့၏ တိုက်ခိုက်မှုများကို အမှန်တကယ် ဟန့်တားနိုင်ခဲ့လေသည်။

ယခုမှပဲ ရန်ကိုင်၏ ကိုယ်ပိုင်ခွန်အားကို အတော်လေး အထင်သေးမိပြီမှန်း သုံးယောက်စလုံး နားလည် သွားခဲ့ကြသည်။

“ဒီတစ်ကြိမ် မင်းဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့။ ဒီနေရာက တောင်ထွတ်ကိုးလုံးနဲ့ အဝေးကြီး။ အကူအညီ ပြန်ပြေးတောင်မယ်ဆိုရင်တောင် တောင်လို့ မရတော့ဘူး” ချောင်ကွမ်က သည်းလှိုက်အူလှိုက် ရယ်မောလိုက်သည်။

“စိတ်ပျက်စရာကောင်းလိုက်တာကွ” ရန်ကိုင်က လုံးဝ စိတ်မရှည်တော့ချေ။

ထိုသုံးယောက်ကို ဤနေရာ၌ လာတိုးမည်ဟု သူလုံးဝကို မထင်ခဲ့ပေ။

မွန်းစတားမျိုးနွယ်စုကြောင့် ခွေးပြေးဝက်ပြေး ထွက်ပြေးရပြီးနောက်ပိုင်း ဂိုဏ်းသို့ တိတ်တိတ်လေး ပြန်ပြီး တိုက်ပိတ်နေကြတော့မည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်းပင်။ သို့သော်လည်း ထိုသုံးယောက်သည် သူတို့၏ ရည်မှန်းချက်ကို လက်မလျှော့သေးဘဲ တော်ဝင်နယ်မြေ အနီးအနားဝန်းကျင်၌ ရစ်သီရစ်သီ လုပ်နေခဲ့လေသည်။

သူတော်စင်အဆင့် ပညာရှင်သုံးယောက်၊ တစ်ယောက်သည် သူတော်စင် ဒုတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် ထိုသုံးယောက်ကို လုံးဝ မနိုင်နိုင်။ သူတော်စင် ပထမအဆင့်နှင် ယှဉ်တိုက်နိုင်ရုံသာ တိုက်နိုင်ခြင်း ဖြစ်လေရာ ထိုသုံးယောက်ကို မည်သို့မှ နိုင်နိုင်လိမ့်မည် မဟုတ်ပေ။

သူတော်စင်အဆင့်နှင့် မသေမျိုးအဆင့် ပညာရှင်များကြား ကွာဟချက် အကြီးကြီး ရှိနေခဲ့သည်။ သူတော်စင်အဆင့် ပညာရှင်များစွာနှင့် တွေ့ဆုံကြုံကြိုက်လာပြီးနောက် ထိုအချက်ကို ရန်ကိုင် ကောင်းကောင်း နားလည်နေခဲ့လေပြီ။

သို့သော် ထိုသုံးယောက်အနေဖြင့် သူ့အား ဖမ်းချင်သည်မှာလည်း လက်တွေ့မဆန်ချေ။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် ထိုသုံးယောက်ကို တွေ့သည့်တိုင်း ပျာယာခတ်သွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခြင်းဖြစ်သည်။

“ဟဲဟဲကောင်လေး၊ မင်းအတွက် ပြေးစရာမြေ မရှိတော့ဘူး။ မတိုက်ဘဲ လက်လျှော့လိုက်မယ် ဆိုရင် မင်းခံစားရမှာကို နည်းနည်းပါးပါး လျှော့ပေးလို့ ရတယ်နော်” ကျန်းအောင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ ပြောနေစဉ်အတွင်း သူ့စိတ်စွမ်းအင်ကို တိတ်တဆိတ် ထုတ်လွှတ်၍ ရန်ကိုင်၏ အသိစိတ်ကို လွှမ်းမိုးရန် ကြိုးစားလိုက်သည်။

ရန်ကိုင်ကမူ ကျန်းအောင် ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကြောင့် မျက်တောင်ပင် မခတ်သွားခဲ့။

ထိုအခြင်းအရာကို မြင်သည်နှင့် ကျန်းအောင် မျက်မှောင်ကြုံ့သွားခဲ့သည်။ မသေမျိုး ဒုတိယအဆင့်သာ ဖြစ်သော်ငြား ရန်ကိုင်သည် အဆုံးမဲ့တွင်းပေါက်ကြီးနှင့် တူနေ၏။ သူ့စိတ်စွမ်းအင် မည်မျှပင်လွှတ်လွှတ်၊ ရန်ကိုင်က တုတ်တုတ်မျှမလှုပ်။

“ခင်းဗျားတို့ သုံးယောက်တည်းနဲ့ ကျုပ်ကို ဖမ်းနိုင်မယ်လို့ ထင်နေတယ်ပေါ့” ရန်ကိုင်က ထိုသုံးယောက်အား မျက်လုံးထဲ အရှင်းမထည့်ဘဲ ပြန်ပြီးတော့ပင် လှောင်ပြောင်လိုက်လေသည် “လာလေ၊ ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ ကျုပ်သိချင်သေးတယ်”

“ကောင်လေး အကြမ်းနည်းသုံးရအောင် မလုပ်နဲ့နော်” ချောင်ကွမ်က အံကြိတ်လိုက်ပြီး “ငြိမ်ငြိမ်လေး လိုက်လာမယ်ဆိုရင် ငါတို့မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး။ ငါတို့ကိုယ်တိုင် လှုပ်ရှားရမယ်လို့ မင်းကို မိသွားရင်တော့ သက်သာမှာ မဟုတ်ဘူးနော်”

“လာစမ်းပါ။ ဒီတစ်ကြိမ် ကျုပ်ကို မမိလို့ကတော့ နောက်တစ်ကြိမ်ကျ ခင်ဗျားတို့ မိသားစုတစ်ခုလုံး ဒုက္ခရောက်ပြီသာမှတ်” ရန်ကိုင်က အကြည့် ရုတ်တရက် စူးရဲသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ထိုသုံးယောက်သည် ပိုးဟပ်ထက်ပင် ဆိုးသေးရာ ရန်ကိုင်မှာ အတော့်ကို စိတ်ချဉ်ပေါက်နေခဲ့ရလေသည်။

ထို့ကြောင့် ယခုတစ်ကြိမ် လွတ်သည်နှင့် နောက်ပိုင်းကျ ထိုသုံးယောက်ကို ကျိန်းသေရှာပြီး သတ်ပစ်မည်ဟု သူ့စိတ်ထဲ သံဒိဠာန်ချလိုက်လေသည်။

“ဒါပေမယ့် မင်းအတွက် နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူးကွ ကောင်လေးရ” ကျန်းအောင်က သူ့လက်ကို ဆန့်ထုတ်၍ စာလိပ်ပုံစံ လက်နက်ကို ထိန်းချုပ်၍ စုပ်ယူအားတစ်ခု ဖန်တီးလိုက်ရာ ရန်ကိုင် ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး လှုပ်ခတ်လှုပ်ခတ် ဖြစ်လာခဲ့ပြီး ရန်ကိုင်လည်း လှုပ်ရှားရ ခက်လာခဲ့သည်။

ထိုအခြင်းအရာကို ကြည့်ရင်း ကျန်းအောင် သွားမစိနိုင်အောင် ပြုံးနေခဲ့လေသည်။

ရန်ကိုင်ကမူ သွားပေါ်အောင်သာ ပြုံးလိုက်လိုက်ပြီး မလှုပ်မယှတ် နေရာတွင်သာ ရပ်နေခဲ့သည်။

စုပ်ယူအား ရုတ်တရက် အားကောင်းလာပြီး စာလိပ်ပုံစံ လက်နက်သည်လည်း တဖြည်းဖြည်း ကြီးမားလာခဲ့ရာ ယခုအချိန်၌ ထိုစာလိပ်သည် ရန်ကိုင် ပတ်ပတ်လည် တစ်ခုလုံး တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားခဲ့လေပြီ။

ထိုအခြင်းအရာကို ကြည့်ရင်း ချောင်ကွမ် အူတက်အောင် ရယ်တော့လေသည်။

ကျန်းအောင်ကမူ အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီး စာလိပ်ကို သူ့ဆီ ဆွဲယူလိုက်သည်။ သို့သော် သေချာ စစ်ဆေးကြည့်လိုက်ပြီး သူ့အမူအရာ လုံးဝကို မဲမှောင်သွားခဲ့ရလေသည်။

စာလိပ်ထဲတွင် ပိတ်မိနေသင့်သော ရန်ကိုင်သည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့လေပြီ။ သူ့ကို ဘယ်နေရာမှာမှ မတွေ့ရတော့။

“အချိန်အတော်ကြာကတည်းက ထွက်ပြေးသွားတဲ့ ပုံပဲ” ဝူကျဲမျက်လုံးထဲ ခြောက်ခြားဖွယ် အစိမ်းရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

“ထွက်ပြေးသွားတာလား” ကျန်းအောင် မျက်လုံးပြူးသွားခဲ့ရပြီး “ဘယ်တုန်းက ထွက်ပြေးသွားတာလဲ”

“မင်းတိုက်ခိုက်လိုက်တုန်းကနဲ့တူတယ်… ကျဲ ကျဲ ကျဲ … ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ… သူသုံးသွားတဲ့ လှုပ်ရှားမှု ပညာရပ်က သာမန်မဖြစ်လောက်ဘူး” ပြောနေရင်း အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။

ကျန်းအောင်နှင့် ချောင်ကွမ်လည်း ဝူကျဲကြည့်ရာ အရပ်ဆီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကြည့်လိုက်ရာ သူတို့ရပ်နေရာမှ ကီလိုမီတာ ဒါဇင်ကျော် အကွာ၌ ရန်ကိုင် အရှိန်အဝါ တစ်စွန်းစတစ်စကို အာရုံခံမိလိုက်လေသည်။ မည်သည့်အချိန်ကမှန်းမသိ ရန်ကိုင်သည် အားလုံးရှေ့မှ ဘယ်သူမှ မသိအောင် ထွက်ပြေးသွားခဲ့နိုင်လေရာ ကျန်းအောင်နှင့် ချောင်ကွမ်တို့ နှစ်ယောက်စလုံး လုံးဝကို မှင်သက်နေခဲ့ရသည်။

ရန်ကိုင် အမြန်နှုန်းသည် သာမန်သူတော်စင်အဆင့် ပညာရှင်တစ်ယောက်ထက်ကို မြန်နေခဲ့သည်။

သူတို့ မိသွားသည့်တိုင် ထိုကောင်လေး မတုန်လှုပ်သွားသည်မှာ အဆန်းမဟုတ်တော့။ လတ်စသတ်တော့ သူ့အတွက် အကြံရှိနေသည်ကိုး။

“ငါ့လက်ထဲက လွတ်ချင်နေတာလား။ စိတ်တောင် မကူးနဲ့။ ရေအဆုံးမြေအဆုံးထိ လိုက်ဖမ်းရမယ် ဆိုရင်တောင် လိုက်ဖမ်းဦးမှာကွ” ကျန်းအောင်က ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင်နောက်သို့ ပြေးလိုက်လေသည်။

ချောင်ကွမ်လည်း အမြန်ပြေးလိုက်လေသည်။

ဝူကျဲသာ ချက်ချင်း ပြေးမလိုက်သွားဘဲ သူ့နေရာ၌ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ခဏအကြာမှာပဲ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့လေရာ သူပြေးထွက်သွားရာ လမ်းကြောင်း တစ်လျှောက် အစိမ်းရောင်အခိုးတန်းကြီး ကျန်ရစ်ခဲ့လေသည်။

ပျံသန်းနေစဉ်အတွင်း ရန်ကိုင်သည် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ သူ့နောက်ဘက်အား အဆက်မပြတ် စစ်ဆေးနေခဲ့သည်။ သူ့အမူအရာသည်လည်း အေးစက်သထက် အေးစက်လာခဲ့သလို ရက်စက်သထက်လည်း ရက်စက် လာနေဲ့လေပြီ။

ယခုကဲ့သို့ အလိုက်ခံရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့။ အလိုက်ခံရသည်ကို မကြောက်သော်ငြား အလိုက်ခံရသည့် ခံစားချက်သည် သူ့အား အတော့်ကိုမှ စိတ်မသက်မသာ ဖြစ်စေလှသည်။ ထို့ကြောင့် ထွက်ပြေးနေရင်း ထိုလူများအား မျက်ခြေ ဖျက်နိုင်ရန် အဆက်မပြတ် နည်းလမ်း ရှာနေခဲ့လေသည်။

သို့သော်လည်း သူတော်စင်အဆင့် ပညာရှင် သုံးယောက်ကို အလွယ်တကူ မျက်ခြေ မဖျတ်နိုင်ခဲ့ပေ။

ယခု သူဘယ်လောက်ကြာအောင် ပျံသန်းလို့ ပျံသန်းနေမှန်း ရန်ကိုင် မသိတော့။ သူ့နောက်က သုံးယောက်ကို အကြိမ်အနည်းငယ်လောက် မျက်ခြေ ဖျက်နိုင်ခဲ့သော်ငြား ထိုသုံးယောက်သည် ပျားရည်နှံ့ ရနေသည့် ပျားများပမာ ခဏအတွင်း သူ့နောက်သို့ ပြန်လိုက်လာနိုင်ခဲ့သည်။

သူ့နေရာကို သိအောင် ထိုသုံးယောက် မည်သို့သော နည်းလမ်းကို သုံးနေမှန်း ရန်ကိုင် မသိခဲ့။

ဘုံးကိုးခုထွတ်မြတ်နယ်မြေ၏ အမွေအနှစ် မည်မျှ ဆွဲဆောင်အား ကြီးမားကြောင်းကို ယခုမှပင် ရန်ကိုင် ကောင်းကောင်း နားလည်သွားခဲ့ရလေပြီ။ သက်တမ်းကို စတေး၍ ခွန်အားကို အလျင်အမြန် တိုးမြှင့်သည့် အမွေအနှစ်ကို သူရွံ့ရှာသော်ငြား အခြားသူများလည်း သူ့ကဲ့သို့ ရွံ့ရှာလိမ့်မည်ဟု မဆိုလိုချေ။

အစကမူ ကောင်းကင်ဂိုဏ်းတော်သို့ ထွက်ပြေးရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကောင်းကင်ဂိုဏ်းတော်သို့သာ ပြန်ရောက်သွားသရွေ့ ထိုသုံးယောက် သူ့နောက် ဆက်လိုက်ရဲတော့မည် မဟုတ်ချေ။

သို့သော် ပျံသန်းလာနေရင်း လမ်းပျောက်သွားသဖြင့် ကောင်းကင်ဂိုဏ်းတော် မည်သည့်ဘက်၌ ရှိနေသည်ကို သူမသိတော့ပေ။ ထို့ကြောင့် သူ့ရင်ထဲရှိ အမုန်းတရားကို မြိုသိပ်ထားရင်း ဆက်၍သာ ထွက်ပြေးနေခဲ့ရလေသည်။

တစ်နေ့ ရန်ကိုင် ထွက်နေသည်ကို ရပ်တန့်၍ အရပ်မျက်နှာတစ်ခုဆီ စိုက်ကြည့်လိုက်သည်။

ပုံမှန်မဟုတ်သည့် အရှိန်အဝါတစ်ခု သူ့ရှေ့တွင် ဖြည်းဖြည်းချင်း စုဝေးလာနေခဲ့ရာ ရန်ကိုင်လည်း ချက်ချင်း သတိချပ်လိုက်လေသည်။

ခဏကြာသော် ထိုအရှိန်အဝါ အားကောင်းသည်ထက် အားကောင်းလာပြီး နောက်ဆုံး၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု သူ့ရှေ့ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ထိုအသစ် ပေါ်လာသည့် လူရိပ်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် အံ့အားသင့်နေသည့် အမူအရာဖြင့် အလန့်တကြား အော်ခေါ်လိုက်လေသည် “ဝူကျဲလား”

ဝူကျဲ မည်ကဲ့သို့သော် နည်းလမ်းကို သုံးသွားလဲ ရန်ကိုင်မသိ၊ သို့သော် သူသုံးသွားသည့် နည်းလမ်းဖြင့် ဝူကျဲသည့် သူ့ရှေ့တွင် ချက်ချင်း ပေါ်လာနိုင်ခဲ့သည်။ သူသုံးလိုက်သည်နည်းလမ်းသည် ရန်ကိုင်၏ နားလည်နိုင်စွမ်းထက် လုံးဝကို ကျော်လွန်နေခဲ့လေသည်။

သို့သော် ဝူကျဲ၏ အမူအရာအရ ထိုနည်းလမ်းကို အသုံးပြုခြင်းသည် သူ့အတွက်လည်း အတော့်ကိုမှ ပင်ပန်းရသည့်ပုံပင်။ သူ့မျက်နှာ ဖြူလျော်နေခဲ့ပြီး အမောတကော အသက်ရှူနေခဲ့ရကာ သူ့အစစ်အမှန်ချီပင် အနည်းငယ် မတည်မငြိမ် ဖြစ်ချင်နေခဲ့သည်။

ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်၍ အနီးအနား တစ်ဝိုက်အား စစ်ဆေးကြည့်လိုက်ပြီး အန္တရာယ်မရှိမှန်း သေချာသော် ချက်ချင်း လှုပ်ရှားလိုက်လေသည် “ဝိဥာဉ်တိုက်ပွဲခန်းမ”

အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး အမည်ဖော်မရသော စွမ်းအင်တို့ ရန်ကိုင်ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး ဝူကျဲ၏ ဝိဥာဉ်ကို သူ့ခန္ဓာကိုယ်မှ အတင်းအကြပ် ထုတ်ယူတော့လေသည်။

“အား…” ဝူကျဲလည်း အလန့်တကြားဖြင့် အော်ဟစ်မိလိုက်သည်။ သို့သော်လည်း အော်ပြီးပြီးချင်း ချက်ချင်းဆိုသလို သူ့အသိစိတ် ဝေဝါးသွားခဲ့ရသည်။

အသိပြန်ဝင်လာသည့် အချိန်၌ သူ့ဝိဥာဉ်သည် ခန္ဓာကိုယ်ထဲတွင် မရှိတော့ဘဲ ထူးခြားဆန်းကြယ်သည့် အဖြူရောင်လောကကြီးတစ်ခုထဲ ရောက်နေခဲ့လေပြီ။

သူနှင့်မနီးမဝေးတွင် ရန်ကိုင်၏ ဝိဥာဉ်သည် ရက်စက်တော့မည့် အမူအရာဖြင့် သူ့အား ကြည့်နေခဲသည်။

ဝိဥာဉ်တိုက်ပွဲခန်းမကို ရပြီးသည့်အချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် ရန်ကိုင် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ထိုလက်နက်သည် စက်ကွင်းအတွင်း ရှိနေသော လူအားလုံး၏ ဝိဥာဉ်မှန်သမျှကို ခန္ဓာကိုယ်မှ အတင်းအကြပ် ဆွဲထုတ်ယူပြီး အဖြာရောင်လောကကြီးထဲ ပို့ပေးနိုင်စွမ်းရှိသည်။

သို့သော် အကြီးမားဆုံးသေား ချို့ယွင်းချက်သည် ဝိဥာဉ်ခန်းမကို အသုံးပြုနေချိန် သူ့ခန္ဓာကိုယ်သည် အပြင်လောကကြီး၌ ဒီအတိုင်း ကျန်ရစ်နေခဲ့ပေလိမ့်မည်။

ဝူကျဲသည် သူတော်စင် ပထမအဆင့် ပညာရှင် တစ်ယောက်ဖြစ်ပြီး သူ့အသုံးပြုသည် နည်းလမ်းများသည် အနည်းငယ် နားလည်ရခက်လှသည်။ သူ့အား အခြားနှစ်ယောက် လိုက်ဖမ်းနေချိန် ဝူကျဲနှင့် အချိန်ကုန်ခံ၍ ယှဉ်တိုက်နေမည့်အစား ဝိဥာဉ်တိုက်ပွဲ ခန်းမကို အသက်သွင်း၍ သူ့အား မြန်မြန်ဆန်ဆန် ရှင်းပစ်ရန် ကြံလိုက်ခြင်းဖြစ်သည်။

ရန်ကိုင် မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် လောင်မြိုက်နေခဲ့လေပြီ။ သူ့လက်ရှိ စွမ်းအင်သည် အစစ်အမှန် သူတော်စင်အဆင့် ပညာရှင်တစ်ယောက်၏ စိတ်စွမ်းအင် ယှဉ်နိုင်၊ မယှဉ်နိုင်ကို သူတော်တော်လေး သိချင်နေမိသည်။

ဝိဥာဉ်တိုက်ပွဲခန်းမသည် စမ်းသပ်ရန် အကောင်းဆုံး နေရာပင်။

ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို နားလည် လိုက်သည်နှင့် ဝူကျဲက သူ့လက်ကို အလျင်စလို မြှောက်၍ ပြောလိုက်သည် “ကောင်လေး၊ အရမ်းကြီး အလျင် မလိုနဲ့ဦးလေး။ ငါမင်းနဲ့တိုက်ဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူး”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည် “အခုမှ ပြောနေလို့ ဘာထူးတော့မှာလဲ”

“ငါ့ကိုမယုံဘူးလား” ဝူကျဲက ရယ်ပြုံးပြုံးလျက် ရန်ကိုင်အား ကြည့်ရင်း ပြန်ပြောလိုက်လေသည် “ငါ့သာ မင်းအပေါ် မကောင်းကြံလို့တဲ့ ရည်ရွယ်ချက်ရှိခဲ့ရင် ဒီပုံစံကြီးနဲ့ မင်းရှေ့ပေါ်လာခဲ့မှာ မဟုတ်ဘူး။ ငါလက်ရှိ ခွန်အားက ပုံမှန်ရှိနေသင့်တာနဲ့ အများကြီး ကွာဟနေတာကို မင်းလည်း မြင်မှာပေါ့”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး ဝူကျဲအား ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေး ကြည့်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၇)

ဝူကျဲသည် အမှန်တကယ် မလိမ်ညာနေသည့် အလား သူ့အမူအရာသည် လုံးဝကိုမှ တည်ငြိမ်နေခဲ့သည်။

ခဏအကြာ၌ ဝူကျဲအား တိုက်မည်တကဲကဲ လုပ်မနေတော့ဘဲ လှောင်ပြုံးပြုံး၍သာ “တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုရင် ဘာလို့ ကျုပ်ရှေ့မှာ ပေါ်လာရတာလဲ”

“ဆွေးနွေးဖို့ပေါ့” ရန်ကိုင် သတ်ဖြတ်လိုစိတ်အား ပြန်ရုတ်သိမ်းလိုက်သည်ကို မြင်သော် ဝူကျဲ ရယ်ပြုံးပြုံး ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး မျက်မှောင်မကြုံ့ဘဲ မနေနိုင်အောင် ဖြစ်သွားကာ “ခင်ဗျား ရူးနေတာလား။ ကျုပ်တို့နှစ်ယောက်က ရန်သူတွေလေ။ ဘာတွေကို ဆွေးနွေးချင်သေးတာလဲ”

“ငါတို့နှစ်ယောက်က ရန်သူဖြစ်တယ် ဆိုတာက တော်ဝင်သခင်ရဲ့ တစ်ဖက်သက် ထင်မြင်ချက်ပဲ မဟုတ်ဘူးလား”

“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင် ခေါင်းရှုပ်လာခဲ့လေပြီ။

“ကျုပ်ပြောချင်တာက ရှင်းပါတယ်။ ဒီဝူက တော်ဝင်သခင်ရဲ့ ရန်သူကနေ မိတ်ဆွေဖြစ်ချင်တာ။ တော်ဝင်သခင်ဘက်ကရော ဘယ်လိုထင်လဲ”

“ခင်ဗျားက မိတ်ဆွေဖြစ်ချင်ပေမယ့် ကျုပ်က မဖြစ်ချင်ဘူးဗျ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်နောက် တောက်လျှောက် လိုက်ပြီး ကျုပ်ကို မနားမနေရအောင် လုပ်ပြီးမှ စကားလေး နည်းနည်းနဲ့ ကျုပ်တို့ကြားက မကျေနပ်ချက်ကို ဖြေရှင်းနိုင်မယ်လို့ ထင်နေတယ်ပေါ့။ ခင်ဗျားတုံးချက်က လွန်ပါရောဗျာ”

ဝူကျဲက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ဒီဝူက အဲ့လိုလုပ်ဖို့ တွန်းအားပေးခံခဲ့ရတာကိုး… ကျန်းအောင်နှင့် ချောင်ကွမ်က နှစ်ယောက်ပေါင်းပြီး ငါ့ကို ဖိအား ပေးခဲ့တာလေ။ ဒီတော့ ငါလည်း သူတို့နဲ့ မပူးပေါင်းလို့ မရတော့ဘူးပေါ့။ တော်ဝင်နယ်မြေကို တိုက်ခိုက်ခဲ့တုန်းက ငါတို့ မရဂိုဏ်းက လူနည်းနည်းလေးပဲ ခေါ်လာခဲ့တာ။ ပြီးတော့ တိုက်လည်း တိုက်ခဲ့တာ မဟုတ်ဘူး။ ဒါတောင် မွန်းစတားမျိုးနွယ်စုကြောင့် ငါ့အင်အားစုတွေပါ ဒုက္ခရောက်ခဲ့ရသေးတယ်”

“ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလေ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ဝူကျဲ လိမ်ပြောနေခြင်း မဟုတ်မှန်း ရန်ကိုင်သိသည်။ ယခင်တိုက်ပွဲတုန်းက မရဏဂိုဏ်းမှ လူများများစားစား သူမတွေ့ခဲ့ရပေ။

“ဟဲဟဲ…” ဝူကျဲက မဲ့ပြုံးပြုံးလိုက်ပြီး “တော်ဝင်သခင် ငါ့ကိုမယုံသေးမှန်း ငါသိတယ်။ ဒါပေမယ့် ဘယ်လို ပြောရမလဲ… ဒီဝူရဲ့ဆောင်ပုဒ်က ငွေရေးကြေးရေးနဲ့ အခက်အခဲကို ဖြေရှင်းမယ်ဆိုတာပဲ။ ကျန်းအောင်နဲ့ ချောင်ကွမ်ဆီက လက်ဆောင်တွေ ယူခဲ့လို့ သူတို့နဲ့ အတူပူးပေါင်းခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ဒီကိစ္စကနေ ပြန်ဆုတ်နေဖို့ ဒီဝူဆုံးဖြတ်လိုက်ပြီ”

“ဘာလို့လဲ” ရန်ကိုင်က မျက်လုံးတစ်ချက် လက်သွားခဲ့ပြီး ဝူကျဲအား သိချင်စိတ်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ တော်ဝင်နယ်မြေက ကြီးကျယ်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျုပ်ယုံကြည် နေလို့ပဲပေါ့။ ကျန်းအောင်းနဲ့ ချောင်ကွမ်က တော်ဝင်သခင်ကို ဖမ်းမိလိုက်တာနဲ့ ဘုံးကိုခုထွတ်မြတ် နယ်မြေရဲ့ အမွေအနှစ်ကို ရလိုက်ပြီလို့ ထင်ချင် ထင်နေကြလိမ့်မယ်။ ဒါပေမယ့် ဒီကောင်တွေက လောဘကြောင့် ဘာကိုမှ မမြင်နိုင်တော့တဲ့လူတွေ ဖြစ်နေပြီ”

“ခင်ဗျားကကော သူတို့လို့ မတွေူးဘူးလား” ရန်ကိုင်က ဝူကျဲအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

ဝူကျဲက ခေါင်းခါရမ်းလိုက်ပြီး “သူတော်စင် တတိယအဆင့်ကို ချိုးဖျက်က ဒီလောက်သာ လွယ်နေမယ် ဆိုရင် တော်ဝင်နယ်မြေက တော်ဝင်နယ်မြေမှာ တော်ဝင်သခင် အပြင် သူတော်စင် တတိယအဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေ အများကြီး ရှိနေမှာပေါ့။ အဲ့လိုဆိုမှတော့ မင်းလည်း အဲ့လိုနည်းလမ်းကိုသုံးပြီး သူတော်စင် တတိယအဆင့်ကို တက်လှမ်းနေပြီး လောက်ပြီ။ တော်ဝင်နယ်မြေရဲ့ အမွေအနှစ်က ဘာမှန်း ငါမသိပေမယ့် အလကားရတဲ့ နေ့လည်စာဆိုတာ ဒီလောကကြီးမှာ မရှိသေးဘူး။ တော်ဝင်သခင်တိုင်းက အသက်တိုတယ်။ ဒါပေမယ့် တော်ဝင်သခင်တိုင်းက သူတော်စင် တတိယအဆင့် ပညာရှင်တွေချည်းပဲ။ အမွေအနှစ်က အားကောင်းတယ်ဆိုပေမယ့် အားနည်းချက်၊ ချိုးယွင်းချက်တွေ အများကြီး ရှိနေသေးတယ်။ အမွေအနှစ်ကို ရသွားရင်တောင် အောင်အောင်မြင်မြင် အသုံးပြုနိုင်၊ မပြုနိုင်က မသေချာသေးဘူး။ ရှုံးနိမ့်ချေကတောင် ပိုများရင် များနေနိုင်သေးတယ်”

“ခင်ဗျားက ဟိုနှစ်ယောက်ထက် ပိုပြီး ဥာဏ်ရှိတာပဲ” ရန်ကိုင်လည်း ဝူကျဲအပေါ် ယခင်ကလောက် ရန်လိုခြင်း မရှိတော့ပေ။ အနက်ရောင်ဝတ်ရုံ ဝတ်ထားပြီး အစိမ်းရောင် အရှိန်အဝါဖြင့် လွှမ်းခြုံနေသော ထိုလူသည် ကောက်ကျစ်စဉ်းလဲဟန် ရသော်ငြား သူ့သုံးသပ် ဆင်ခြင်နိုင်စွမ်းသည် အတော့်ကိုမှ ထက်လှပေသည်။

“တော်ဝင်သခင်က အရမ်း ယဉ်ကျေးနေတာပဲ” ဝူကျဲက လက်သီးဆုပ်ကာ ပြုံးလိုက်ပြီး “အဲ့ဒါကြောင့်ပဲ ဒီဝူက တော်ဝင်သခင်နဲ့ ရန်သူ ဖြစ်မလာချင်တာ။ ပြီးတော့ တော်ဝင်သခင်ရဲ့ အရည်အချင်းကလည်း ပုံမှန် မဟုတ်ဘူးလေ… ဒီလောကကြီးမှာ သူတော်စင် သုံးယောက် လိုက်ဖမ်းတာကနေ အသက်ရှင်လျက် လွတ်အောင် ထွက်ပြေးနိုင်တဲ့ မသေမျိုး ဒုတိယအဆင့် ကျင့်ကြံသူမျိုး ရှိမှန်း ငါတစ်ခါမှ မကြားဖူးဘူး။ သူတော်စင် ဒုတိယအဆင့် ဖြစ်တဲ့ ကျန်းအောင် ကြောင့်သာ မဟုတ်ရင် ငါတို့တွေအကုန်လုံး တော်ဝင်သခင်ကို ဘယ်လိုမှ လိုက်ဖမ်းနိုင်တော့မှာ မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ တစ်ဘဝလုံး လိုက်ဖမ်းနေမယ်ဆိုရင်တောင် တော်ဝင်သခင်ကို ဘယ်တော့မှ ဖမ်းမိနိုင်မှာ မဟုတ်ဘူး”

“ဒါပေမယ့် ခင်ဗျားကတော့ ကျုပ်ရှေ့မှာ ပေါ်လာနိုင်ခဲ့တယ်လေ” ရန်ကိုင် အမူအရာ အေးစက် သွားခဲ့လေပြီ။

“အဲ့လိုလုပ်ဖို့ ပြန်ပေးဆပ်ရတဲ့ တန်ဖိုးက မသေးဘူးလေ…” ဝူကျဲက အားတင်းပြုံးလိုက်ပြီး ခေါင်းခါရမ်းလျက် “တော်ဝင်သခင်ကို အမှန်အတိုင်းပဲ ပြောလိုက်တော့မယ်။ ဒီဝူငယ်ငယ်တုန်းက ကံကောင်းပြီး ဘာမှန်းမသိတဲ့ ပညာရပ်တစ်ခုကို ရခဲ့တယ်။ အဲ့ပညာရပ်က လေဟာနယ်ကိုခွဲပြီး ကီလိုမီတာ ထောင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း သွားနိုင်အောင် လုပ်ပေးတယ်”

“လေဟာနယ်ကို စုတ်ဖြဲတာလား” ရန်ကိုင်မျက်လုံး မှေးစဉ်းသွားခဲ့လေသည်။

“ဟုတ်တယ်။ ကြားရတာတော့ ရိုးရိုးလေပဲ။ ဒါပေမယ့် ဒီပညာရပ်ကို သုံးရင်း လေဟာနယ်ထဲမှ လမ်းပျောက်ပြီး ဘယ်တော့မှ ပြန်မထွက်နိုင်တော့တာမျိုး ဖြစ်နိုင်သေးတယ်။ တော်ဝင်သခင်ကို အမှီလိုက်ဖို့ တကယ် လိုနေတာကြောင့်သာ မဟုတ်ရင် ဒီဝူလည်း ဒီလို အရဲစွန့်ရတဲ့ နည်းလမ်းကို ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ဒီပညာရပ်ကို ရပြီးကတည်းကနေ အခုအချိန် အထိ နှစ်ကြိမ်ပဲ သုံးရသေးတယ်”

ဝူကျဲက သူမည်သည့်နည်းလမ်းသုံး၍ ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့သလဲ ဆိုသည်ကို အမှန်အတိုင်း ပြောပြလိုက်လေသည်။

“တော်ဝင်သခင်လည်း စိတ်ဝင်စားလား” ဝူကျဲက ရုတ်တရက် ပြုံးလိုက်ပြီး “စိတ်ဝင်စားရင် ဒီပညာရပ်ကို တော်ဝင်သခင်ဆီ ပေးလိုက်လို့ရတယ်နော်”

ဝူကျဲပြောသည်ကို ကြားသည်နှင့် ရန်ကိုင် မျက်လုံးများ လင်းလက်သွားခဲ့လေသည်။

လေဟာနယ်ကို စုတ်ဖြဲပြီး ကီလိုမီတာ ထောင်ပေါင်းများစွာကို တစ်ခဏအတွင်း သွားနိုင်သည့် နည်းလမ်းကို သူစိတ်မဝင်စားဘူးဟု ပြောလျှင် လိမ်ရာ ကျပေမည်။ သို့သော်လည်း ဝူကျဲကို သူသိပ်မယုံနိုင်သေး။

“ခင်ဗျား ဘာလိုချင်တာလဲ” ရန်ကိုင်က မျက်မှောင်ကြုံကာ ပြန်မေးလိုက်သည်။

“တော်ဝင်သခင်က တော့်တော့်ကို သတိကြီးတာပဲ။ တကယ်တော့ အခုလောလောဆယ်တော့ တော်ဝင်သခင် ဆီက ဘာကိုမှ မလိုချင်သေးဘူး။ ဒီကိုလာရတာကလည်း ကျုပ်သဘောထားကို ဖော်ပြချင်လို့ပဲ… မရဂိုဏ်းက တော်ဝင်သခင်နဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ချင်နေတာလေ။ ကျုပ်ပြောချင်တာကို သဘောပေါက်တယ်မလား”

ရန်ကိုင်က ဝူကျဲအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ဝူကျဲ ဘာကိုပြောချင်နေမှန်း သူသဘောပေါက်သွားခဲ့လေပြီ။ ဝူကျဲသည် သူနှင့် မိတ်ဆွေဖွဲ့ချင်နေခြင်းသာ ဖြစ်ပြီး တော်ဝင်နယ်မြေနှင့် မိတ်ဆွေဖွဲ့လိုခြင်း မဟုတ်ပေ။

သူ့အတွက်တော့ တော်ဝင်နယ်မြေနှင့် မိတ်ဆွေ ဖွဲ့ရခြင်းထက် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ရခြင်းက ပို၍ အကျိုးရှိပေသည်။

“ကျုပ်အတွက် ဘာအကျိုးရှိမှာလဲ” ဝူကျဲ လိမ်ပြောမနေမှန်း သိသဖြင့် ရန်ကိုင်လည်း အတော်လေး စိတ်လက်ပေါ့ပါးသွားခဲ့လေသည်။

“ဒီဝူကျဲ ရှင်းပြခဲ့တဲ့ ပညာရပ်ကို တော်ဝင်သခင် စိတ်မဝင်စားတာလား” ဝူကျဲက ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာဖြင့် “ဒီဝူမှာ ဘာထူးထူးခြားခြား အားသာချက်မှ မရှိဘူး။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုတော့ နားလည်တယ်။ အဲ့ဒါကြောင့်ပဲ မရဏဂိုဏ်းက ကနေ့ အခြေအနေအထိ တိုးတက်လာနိုင်ခဲ့တာ။ တော်ဝင်သခင်ရဲ့ ကျင့်ကြံခြင်းက အခုလောလောဆယ် ကျုပ်ထက် နိမ့်ကျနေပေမယ့် နောင်နှစ်အနည်းငယ် အတွင်းမှာ ကျုပ်ထက် သာလွန်သွားလိမ့်မယ်လို့ ကျုပ်ယုံပြီးသား။ တော်ဝင်သခင် ကျုပ်ဂိုဏ်းဆီလာပြီး လက်စားလာချေမှာကို ကျုပ်ဒီအတိုင်း ထိုင်မစောင့် နေချင်ဘူးလေ။ ပြီးတော့… တော်ဝင်သခင်နဲ့ တိုက်မယ် ဆိုရင်တောင် မနိုင်လောက်ဘူးလို့ ဒီဝူ အမြဲခံစားနေရတယ်”

“ခင်ဗျားက လုပ်သင့်လုပ်ထိုက်တာကို တကယ် နားလည်တဲ့လူပဲ” ရန်ကိုင် နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည်။

ဝူကျဲသည် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမှန်း ရန်ကိုင် ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ဝူကျဲသည် လူဆိုးတစ်ယောက်ဆိုသည်မှာ ကျိန်းသေ သော်လည်း သူသည် ပွင့်လင်ပြီး အခြားသူများထက် ခေါင်းတစ်လုံးစ ပိုဥာဏ်ပြေးသော လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူ၏ မြင်တတ်ပုံနှင့် ချင့်ချိန် သုံးသပ်နိုင်စွမ်းသည်လည်း အရမ်းကိုမှ ထူးကဲလှသည်။ သို့သော် ဝိဥာဉ်တိုက်ပွဲခန်းမအတွင်း ရန်ကိုင် သူ့ကို လုံးဝ မကြောက်ပါချေ။

“မရဏဂိုဏ်းက အရင်တောင်ဝင်သခင်ဆီကနေ အကူအညီတွေ အများကြီး ရခဲ့သလို တော်ဝင်သခင်သစ် ဆီကနေလည်း အဲ့အတိုင်း ဆက်ရနေဖို့ မျှော်လင့်ပါတယ်။ ဒီဝူက အများကြီး မတောင်ဆိုဘူး။ မရဏဂိုဏ်းအတွက် တောက်ပသေချာတဲ့ အနာဂတ်တစ်ခုပဲ လိုချင်တာ”

“အဲ့လောက်တော့ ကျုပ်ကတိပေးနိုင်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ်” ဝူကျဲက လက်သီးဆုပ်၍ ဦးညွှတ်လိုက်လေသည်။

“ဒီနေ့ ဆုံးဖြတ်ချက်အတွက် နောက်ပိုင်းကျ ခင်ဗျား ပျော်ရမှာပါ” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ရယ်မော ပြောဆိုလိုက်သည်။

“ကျန်းအောင်နဲ့ ချောင်ကွမ်တို့ကတော့ ဒုက္ခလှလှနဲ့ တွေ့ပြီနဲ့တူတယ်…” ဝူကျဲက ရန်ကိုင်နှင့် အကြည့်ချင်း ဖလှယ်လိုက်ရင်း အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။

ခဏအကြာ၌ ရုပ်ပြန်တည်လိုက်ကာ ပြောထားသည့်အတိုင်း တလက်လက် တောက်ပနေသော အလင်းဘောလုံးလေး တစ်လုံးအား ရန်ကိုင်ပေးလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အဲ့ထဲမှာ ဒီဝူ အတိတ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ မှတ်ဥာဏ်တွေ ပါတယ်။ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ရုံနဲ့တင် ဒီဝူ လိမ်ပြောနေတာ မဟုတ်မှန်း နားလည်လိမ့်မယ်”

“အဲ့လိုဆိုမှတော့ ကျုပ်ဘက်ကလည်း လက်ခံ ပေးရမှာပေါ့” ရန်ကိုင်က ထိုအလင်းလုံးကို စုပ်ယူ လိုက်လေသည်။

“ဒီပညာရပ်က တကယ်ကို အံ့အားသင့်စရာ ကောင်းတယ်ဆိုပေမယ့် မလိုအပ်ရင် မသုံးဖို့ ဒီဝူ သတိပေးချင်တယ်။ မဟုတ်ရင် လေဟာနယ်ထဲ လမ်းပျောက်သွားလိမ့်မယ်။ ဒီဝူ ပထမဆုံးအကြိမ် သုံးတုန်းကဆို…” ထိုနားရောက်သည်နှင့် ကြောက်မက်ဖွယ်ရာ တစ်ခုခုကို ပြန်အမှတ်ရလိုက်သည့် အလား သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့ပြီး “ဘာပဲဖြစ်ဖြစ်၊ သတိထားရင် အကောင်းဆုံးပဲ”

“ကျုပ်သေချာ မှတ်ထားလိုက်ပါမယ်” ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ချေ။

“တော်ဝင်သခင်ကို ပြောရမှာ ရှိသေးတယ်။ ကျန်းအောင်နဲ့ ချောင်ကွမ်းက ဒီတစ်ခဏလောက်အထိ လက်လျှော့ဦးမှာ မဟုတ်သေးဘူး။ ဒါကြောင့် တော်ဝင်သခင်ကို ဆက်ပြီး လိုက်ဖမ်းနေဦးမယ်။ ဒါကြောင့် ကျုပ်လည်း တော်ဝင်သခင်ကို ဆက်ပြီး လိုက်ဖမ်းနေရလိမ့်မယ်။ ဒါပေမယ့် တော်ဝင်သခင် စိတ်ထဲမထားဘူးမလား။ ကျုပ်တို့ ဘယ်လို လိုက်လိုက် တော်ဝင်သခင်ကို ဖမ်းမိမှာမှ မဟုတ်တာ”

“ကိစ္စမရှိဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကဲ အဲ့လိုဆိုမှတော့… ဒီဝူ နှုတ်ဆက်ပါတယ်” ရန်ကိုင်၏ ကတိပေးချက်ကို ရလိုက်သည်နှင့် ဝူကျဲ အတော်လေး ကျေနပ်သွားခဲ့သည်။

ရန်ကိုင်လည်း သူ့လက်ကို ဝှေ့ရမ်း၍ ဝိဥာဉ် တိုက်ပွဲခန်းမှ၏ အချုပ်အနှောင်ကို ဖြေလွှတ်လိုက်ရာ နှစ်ယောက်စလုံး ဝိဥာဉ်များ သူတို့ ခန္ဓာကိုယ် အသီးသီးထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

ဝူကျဲက ခေါင်းညိတ်ပြလိုက်ပြီး ထွက်မသွားခင် မျက်မှောင်တစ်ချက်ကြုံ့လျက် ရန်ကိုင်အား မေးလိုက်၏ “ဟုတ်သားပဲ။ အလောင်းသယ်လူကြီးကို တော်ဝင်သခင် မြင်ဖူးလား”

ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် မျက်ဝန်းများ အေးစက်သွားခဲ့ပြီး သူ့အရှိန်အဝါသည်လည်း ရုတ်ချည်း ကြမ်းတမ်းလာခဲ့လေသည်။

ဝူကျဲ အလန့်တကြား ထခုန်လိုက်ပြီး အမြန်အဆန် ပြန်ပြောလိုက်လေသည် “ဒီလောက် စိတ်လှုပ်ရှားဖို့ မလိုဘူးလေ။ ငါက မေးရုံလေးပဲ မေးလိုက်တာကို”

“ဘာလို့ မေးတာလဲ”

“ချောင်ကွမ်နဲ့ သူ့လက်အောက်ငယ်သား ယောင်တိတို့ မင်းအကြောင်း ပြောနေတုန်းက အလောင်းသယ်လူကြီး အကြောင်းပါ ပြောနေတာကို ငါမတော်တဆ ကြားလိုက်မိလို့။ ဒါကြောင့် အလောင်းသယ် လူကြီးကို မင်းမြင်ဖူးလားလို့ ငါမေးကြည့်လိုက်တာ”

“ယောင်တိလား” ရန်ကိုင် မျက်မှောင်ကြုံ့လိုက် ယောင်တိဆိုသောလူ ဘယ်သူမှန်း စဉ်းစားလိုက်သည်။ ချက်ချင်းပဲ လောင်ကျွမ်းမီးတောက်မြို့တောက် အပြင်ဘက်ရှိ နာမည်နဲ့ လူအကြောင်း ပြန်စဉ်းစားမိလိုက်ပြီး မေးလိုက်လေသည် “အခြားရော သူတို့ဘာတွေ ပြောခဲ့ကြသေးလဲ”

ဝူကျဲက ခေါင်းခါရမ်းလိုက်ပြီး “သူတို့က တိုးတိုးလေး ကြိတ်ပြီး ဆွေးနွေးနေကြတာဆိုတော့ ငါလည်း သေသေချာချာ မကြားလိုက်ရဘူး”

သူ့ဘာသာ ပြောနေသည့်ပုံစံဖြင့် ဝူကျဲက ဆက်ပြောလိုက်သည် “အလောင်းသယ်လူကြီးက လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားတယ်ဆိုပဲ။ အဲ့လျှို့ဝှက်ချက်ကိုသာ ထုတ်ဖော်နိုင်လိုက်တာနဲ့ မဟာအုပ်ချုပ်သူတစ်ပါး ဖြစ်လာနိုင်တဲ့ စွမ်းအားကို ရယူနိုင်လိမ့်မယ်တဲ့။…. ကောလဟာလတွေက မှန်မမှန်တော့ ငါလည်းသေချာမိသဘူး။ ဟဲဟဲ၊ ကဲကဲ၊ စိတ်ထဲထားမနေတော့နဲ့၊ ငါလည်း စိတ်ထဲပေါ်ရာ ပြောလိုက်မိတာ။ ကဲ ဒီဝူ သွားလိုက်ပါဦးမယ်”

ပြောပြီးသည်နှင့် အေးအေးဆေးဆေး ပျံသန်း ထွက်သွားလေသည်။

ဝူကျဲ၏ ကျောပြင်ကိုကြည့်ရင်း ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးလာခဲ့လေသည်။

မီးမရှိဘဲ မီးခိုးမရှိနိုင် ဆိုသော ဆိုရိုးစကားတစ်ခွန်း ရှိသည်မဟုတ်ပါလား။ အလောင်သယ်လူကြီးနှင့် ပက်သက်သည့် ကောလဟာလများသည့် အပြည့်အဝ မမှန်ကန်သော်ငြား လုံးလုံးကြီးလည်း မှားမနေခဲ့ပေ။

အလောင်းသယ်လူကြီး၏ ကျောဘက်တွင် သယ်ထားသော ခေါင်းတလားထဲရှိ စွမ်းအားသည် လူတစ်ယောက်အား ကျယ်ပြန့်သော နယ်မြေတစ်ခု၏ မဟာအုပ်ချုပ်သူ အရှင်သခင်တစ်ပါး ဖြစ်လာစေနိုင်၏။ သို့သော် ထိုစွမ်းအားသည် လူတိုင်း ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုးမဟုတ်။

ဝူကျဲ အလောင်းသယ်လူကြီးအကြောင်း ထုတ်ပြောလာရခြင်သည်း ရန်ကိုင်အား သတိပေးလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ထိုလူ၏… အတွေးများသည် အတော့်ကိုမှ ထူးခြားကာ ပြတ်ပြတ်သားသား လုပ်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။

ရန်ကိုင်၏ တောက်ပသော အနာဂတ်ကို ကြိုမြင်နေသည့်အတွက် ရန်ကိုင်နှင့် သူ့ကြားရှိ ရန်ငြိုးတို့အား ကြေအေးစေပြီး ရန်ကိုင်နှင့် အတတ်နိုင်ဆုံး မိတ်ဆွေဖြစ်လာအောင် ကြိုးစားနေခဲ့သည်။ ထို့ကြောင့် ဝူကျဲသည် နောင်ရေးကို ကြိုတွေးတတ်သူဖြစ်ကြောင်း သိသာလှသည်။

ခေါင်းလေး တရမ်းရမ်းဖြင့်သာ ရန်ကိုင်လည်း ထိုအကြောင်းကို များများစားစား မတွေ့တော့ဘဲ ဦးတည်ရာ အရပ်တစ်ခုဆီသို့သာ ပျံသန်းသွားလေသည်။

ကျန်းအောင်နှင့် ချောင်ကွမ်သည် သူ့နောက်သို့ လိုက်နေဆဲ။ ထို့အပြင် ကျန်းအောင်သည် အချဉ်မဟုတ်။ သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ ကောင်းကင် စိတ်အာရုံဖြင့် အဆက်မပြတ် ထောက်လှမ်းခြင်း ခံနေရသည့်အတွက် ရန်ကိုင်လည်း သူ့အရှိန်အဝါကို လုံလုံခြုံခြုံ ဖုံးကွယ်မထားနိုင်တော့ချေ။ ထို့ကြောင့် ထွက်ပြေးရန်သာ ရှိတော့ပေသည်။

ဤသို့ဖြင့် တစ်လကုန်ဆုံးသွားခဲ့ပြီး ကျန်းအောင်တို့ကို မျက်ခြေဖျက်နိုင်ခဲ့လောက်ပြီဟု ရန်ကိုင် တွေးလိုက်သည်။

ထိုမျှကြာအောင် လိုက်ဖမ်းနေပြီးနောက် ရန်ကိုင်သာ စိတ်ညစ်နေရုံမက ကျန်းအောင်သည်လည်း လက်လျှော့ သွားလောက်ပေပြီ။

ကျန်းအောင်တို့အား မျက်ခြေဖျက်နိုင်၊ မဖျက်နိုင် သေချာသွားအောင် ရက်နည်းနည်းပါးပါးလောက် ထပ်ပြေးလွှားနေပြီးမှပဲ ရန်ကိုင် သက်ပြင်းချနိုင်ခဲ့သည်။

အဖမ်းခံရမည်ကို မစိုးရိမ်သော်ငြား သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်၏ လိုက်လံ ဖမ်းဆီးခြင်း ခံနေရသည်မှာ အတော့်ကိုမှ စိတ်ညစ်စရာ ကောင်းလှပေသည်။

သိပ်သည်းလှသော တောအုပ်တောတန်းများဖြင့် စိမ်းစိုနေသော တောင်စဉ်တောင်တန်းတစ်ခုကို တွေ့သဖြင့် ကောင်းကင်စိတ်အာရံ ဖြန့်ကျက်စစ်ဆေး ကြည့်လိုက်ရာ အဆင့်နိမ့်သားရဲအချို့ကိုသာ တွေ့လိုက်ရသည့် အတွက်ကြောင့် ရန်ကိုင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုတောင်တန်း ရှိရာဆီသို့ ပျံသန်းသွားလိုက်လေသည်။

Mar tial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၈) လေဟာနယ်ကိုဆုတ်ဖြဲခြင်း

`

တောင်တန်း၏ အတွင်းနက်ပိုင်းထဲ၊ အမျိုးမျိုးသော စိမ်းစိုသည့် သစ်ပင်များစွာတို့ဖြင့် ဝိုင်းရံနေသော နေရာတစ်နေရာရှိ တောင်တစ်လုံး ရှိနေခဲ့သည်။ ထိုတောင်၏ အလယ်လောက်နေရာတွင် သဘာဝအတိုင်း ဖြစ်နေသော လိုဏ်ဂူတစ်လုံး ရှိနေခဲ့ပြီး ထိုလိုဏ်ဂူထဲတွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် ဝူကျဲပေးခဲ့သော မှတ်ဥာဏ်အား အထပ်ထပ်အခါခါ လေ့လာနေခဲ့သည်။

ကျန်းအောင်နှင့် ချောင်ကွမ်တို့ လက်မှ လွတ်အောင် ထွက်ပြေးလာပြီးနောက် ရန်ကိုင်သည် ကောင်းကင် ဂိုဏ်းတော်သို့ ချက်ချင်း ပြန်မသွားသေးဘဲ နေရာတစ်ခု ရှာ၍ ဝူကျဲပေးခဲ့သော လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို အရင်လေ့လာလိုက်သည်။

ထိုပညာရပ်ကို ရန်ကိုင် အရမ်းကိုမှ စိတ်ဝင်စားပေသည်။

သူသာ ထိုပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်သွားပါက မနိုင်သည့်ရန်သူတွေ့လျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်ပေလိမ့်မည်။

သို့သော် ဝူကျဲပြောခဲ့ပုံအရ ထိုနည်းလမ်းသည် အရမ်းကိုမှ အရင်းအနှီး ကြီးမားလှ၏။

စိတ်ငြိမ်အောင်လုပ်လျက် ရန်ကိုင်သည် ဝူကျဲ ပေးခဲ့သော ပညာရပ်ကို အထပ်ထပ် အခါခါ သေသေချာချာ နားလည်အောင် ဆင်ခြင်းသုံးသပ် လေ့လာနေခဲ့သည်။

တစ်ရက်၊ နှစ်ရက်လောက် ကြာပြီးနောက် မှတ်ဥာဏ်လုံးလေးထဲ ပါဝင်သော အကြောင်းအရာ အားလုံးကို သူအလွတ်မှတ်မိသွားခဲ့လေပြီ။

မျက်လုံးပြန်ဖွင့်လာပြီးနောက် ရန်ကိုင် အားရပါးရ ရယ်မောလိုက်သည်။ ယခုမှပဲ ဝူကျဲသည် ထိုပညာရပ်ကို သူ့ဆီ အဘယ်ကြောင့် အလွယ်တကူပေးခဲ့မှန်း ရန်ကိုင် နားလည်သွားတော့၏။ ထိုပညာရပ်သည် အရမ်းကိုမှ အဖိုးတန်သော်ငြား ပညာရပ်ကို အသုံးပြုရန် လိုအပ်ချက် များသည်လည်း အရမ်းကိုမှ ကြီးမားလှပေသည်။

ယခုအချိန်မတိုင်ခင်အထိ ဝူကျဲ သူ့အပေါ် တစ်ခုခုများ ကြံနေသလားဟု ရန်ကိုင် တွေးနေမိသေးသည်။ သို့သော် ထိုလေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို ကိုယ်တိုင် လေ့လာကြည့်လိုက်ပြီးနောက် သူသံသယလွန်ကဲနေမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ဝူကျဲ သူ့အပေါ် ဘာမှ ကြံမနေခဲ့။ အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်ကို ရန်ကိုင်ဆီး ပေးပေး၊ မပေးပေး အရေးမပါသောကြောင့် ဖြစ်လေသည်။

ထိုပညာရပ်သည် အရမ်းကိုမှ နက်နဲအားကောင်း လှဿလို အရမ်းကိုမှလည်း ရိုးရှင်းလှပေသည်။

လေဟာနယ်ဆုတ်ဖြဲခြင်းပညာရပ်သည် သိုင်းပညာရပ်နှင့် ဝိဥာဉ်ပညာရပ် နှစ်ခုကို ပေါင်းစပ်ထားသည်နှင့် ဆင်တူကာ ထိုပညာရပ်ကို အသုံးပြုရန် စိတ်စွမ်းအင်ကော အစစ်အမှန်ချီပါက လိုအပ်လေသည်။ ထို့အပြင် လိုအပ်သည့် ပမာဏသည် ကြောက်မခန်းလိလိ များပြားလှပသေည်။

ဝူကျဲကဲ့သို့ အားကောင်းသော လူပင်လျှင် ထိုပညာရပ်ကို တစ်ကြိမ်အသုံးပြုပြီးသွားသည့် အချိန်၌ လုံးဝ အားကုန်သွားခဲ့ရသည်။

မသေမျိုး ဒုတိယအဆင့်သာ ရှိသေးသော ရန်ကိုင် ဆိုလျှင်တော့… ရန်ကိုင်သည် ထိုပညာရပ်ကို နားလည် နိုင်ခဲ့လျှင်ပင် သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် အသုံးမပြုနိုင် လောက်သေးဟု ဝူကျဲ ထင်နေခြင်း ဖြစ်လောက်သည်။

ကံမကောင်းစွားဖြင့် ဝူကျဲ ရန်ကိုင်အား အထင်သေးလွန်းသွားခဲ့သည်။ ရန်ကိုင် ပိုင်ဆိုင်ထားသော စိတ်စွမ်းအင်နှင့် အစစ်အမှန်ချီသည် ဝူကျဲ စိတ်ကူးနိုင်သည်ထက် အများကြီး ပိုများလေသည်။

ထိုပညာရပ်ကို အသုံးပြုချိန် အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် ပိုသုံးလေ၊ ပိုဝေးဝေးသို့ ရောက်လေပင်။

ရန်ကိုင်လည်း ထိုပညာရပ်ကို သေသေချာချာ စတင် လေ့လာတော့လေသည်။

ထုန်းရွှမ်လောကကြီးတစ်လျှောက် ပျံ့နှံ့နေသော လေ‌ဟာနယ်လိုဏ်ခေါင်းများနှင့် ဆန်းကြယ်လောကငယ် များသည် ရှေးခေတ်အခါက အလွန့်အလွန်ကို အားကောင်းသည့် ပညာရှင်များ တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ကောလဟာလများ ရှိခဲ့သည်။

ကောလဟာလများသည် အပြည့်အဝ မှန်ကန်ခြင်း မရှိသော်လည်း ထိုအခြင်းအရာမှ ရှေးခေတ်အခါက ကျင့်ကြံသူများ မည်မျှအားကောင်းကြောင်းကို ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

လေဟာနယ်ကို ဆုတ်ဖြဲခြင်း၊ သီးခြားလေဟာနယ်များ ဖန်တီးခြင်းသည် သူတို့အတွက် အရမ်းကြီး မခက်ခဲသည့်ပုံပင်။

နှစ်ပေါင်းများစွာ ကြာညောင်းလာခဲ့သည့်အတွက် သိုင်းတာအိုနှင့် ကောင်းကင်နိယာမများအပေါ် ယခုခေတ် ပညာရှင်များ၏ ထိုးထွင်းနားလည်သဘောပေါက်မှုများ နိမ့်ကျလာခဲ့ရခြင်း ဖြစ်ပြီး ထိုကဲ့သို့ သိုင်းပညာရပ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားရခြင်း ဖြစ်လောက်သည်။

ယနေ့ခေတ် ထုန်းရွှမ်လောကကြီးတွင် သူတော်စင် တတိယအဆင့် ပညာရှင်များသည်သာ လေဟာနယ် သဘောတရားကို နည်းနည်းပါးပါး နားလည်ပြီး ကီလိုမီတာ ဒါဇင်ကျော်ကို ခုန်ကျော်သွားနိုင်ကြသည်။ သို့သော် လေဟာနယ်ကို ဆုတ်ဖြဲ၍ ကီလိုမီတာ ထောင်ပေါင်းများစွာကိုမူ မသွားနိုင်ကြပေ။

ထိုကဲ့သို့ သွားနိုင်ဖို့ရာ လေဟာနယ်လိုဏ်ခေါင်းကို အသုံးပြုရပေမည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး လိုဏ်ဂူထဲ ရန်ကိုင် ထိုင်နေခဲ့သည်မှာ လဝက် ကြာမြင့်သွားခဲ့လေပြီ။ ထိုပညာရပ်အား လဝက်လောက် တောက်လျှောက် လေ့လာပြီးသည့်နောက် လုံးဝ ကျွမ်းကျင်သွားပြီ ဖြစ်ကာ အမှန်တကယ် လက်တွေ့ စမ်းသပ်ချင်နေခဲ့လေပြီ။

ထိုပညာရပ်ကို အသုံးပြုရာတွင် သတိကြီးကြီး ထားရန် ဝူကျဲ ရန်ကိုင်အား သတိပေးခဲ့သော်ငြား ထိုကဲ့သို့ မှော်ဆန်ဆန် ပညာရပ်တစ်ခုအား တစ်ကြိမ်ပင်မျှ မသုံးလိုက်ရလျှင် ရန်ကိုင်အနေဖြင့ စားဝင်အိပ်ပျော် နိုင်လိမ့်မည် မဟုတ်ပေ။

ကိုယ်တိုင် စမ်းသပ်ကြည့်မှာသာ လေဟာနယ်ကို ဆုတ်ဖြဲနိုင်လေမလား၊ ဝူကျဲပမာ အပိုသက်သက် ချဲ့ကားပြောဆိုနေခြင်းပေလား ဆိုသည်ကို သိနိုင်ပေလိမ့်မည်။

ယခုမှ မလေ့ကျင့်ထားလျှင် အနာဂတ်ကျ ဒုက္ခရောက်၍ တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးသော ပညာရပ်အပေါ် မျှော်လင့်ချက်အားလုံးကို ပုံအော ထားရန်မှာ အရမ်းကိုမှ အရဲစွန့်ရာ ကျလွန်းပေသည်။

ခေါင်းထဲ ထပ်တလဲလဲ စဉ်းစားနေပြီး နောက်ဆုံး၌ စိတ်ဒုံးဒုံးချကာ မတ်တပ်ရပ်လိုက်သည်။

အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်တို့ သူခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး စွမ်းအင်နှစ်မျိုးစလုံးဖြင့် သူရှေ့ရှိ လေဟာနယ်အား စတင် ရိုက်နှက်တော့လေသည်။

တည်ငြိမ်နေသော ကန်ရေပြင်ထဲ ကျောက်တုံးတစ်တုံး ကျသွားသည့်အလား ရန်ကိုင် ရှေ့တည့်တည့်ရှိ ဟင်းပြင်ပြင်တစ်လျှောက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေသည်။

လှိုင်းတွန့်လေးများကို မြင်လိုက်သည်နှင့် စိတ်စွမ်းအင်နှင့် အစစ်အမှန်ချီ ထုတ်လွှတ်နေသည့် နှုန်းကို တိုးမြင့်၍ သေသေချာချာ လေ့လာတော့လေသည်။

အချိန်အတော်ကြာသွားသည့်နောက် ရန်ကိုင် မျက်လုံးများ ဝင်းလက်သွားခဲ့၏။ ယခုအချိန်တွင် သူ့ရှေ့ရှိ လေဟာနယ်သည် မြင်တွေ့နေကျ လေဟာနယ်နှင့် အနည်းငယ် ကွဲပြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

သေသေချာချာ မစစ်ဆေးရသေးခင်မှာပင် သူ့ရှေ့ရှိ လေဟာနယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

အသက်တစ်ချက် ရှုသွင်းလိုက်ပြီး စိုးရိမ်သွားခြင်း မရှိခဲ့။ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် ထုတ်လွှတ်နှုန်းကို လျှော့ချလိုက်ပြီး သူ့အသက်ရှုနှုန်းကို ပြန်ထိန်းချုပ်လိုက်သည်။

ထိုနတ်ဘုရားပညာရပ်ကို ကောင်းကောင်း နားလည်ထားသော်လည်း လက်ရွေ့လေ့ကျင့်ရာ၌ အနည်းငယ် ခက်ခဲနေခဲ့လေသည်။

ထိုကဲ့သို့ လေ့ကျင့်နေရင်း ရှေးခေတ်အခါက ပညာရှင်များ လေဟာနယ်လိုဏ်ခေါင်းများနှင့် ဆန်းကြယ် လောကငယ်များအား မည်ကဲ့သို့ ဖန်တီးခဲ့ကြသလဲ ဆိုသည်ကို ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ထို့ပြင် ထိုပညာရှင်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် ဖန်တီးခဲ့ကြခြင်းမဟုတ်။ တိုက်ခိုက်နေစဉ် မတော်တဆ ဖန်တီးမိခဲ့ခြင်း ဖြစ်သည်။

သူတို့နှင့်ယှဉ်လျှင် သူအရမ်းကို အားနည်းလှသေး ပါလားဟု ရန်ကိုင် တွေးမိလိုက်လေသည်။

လက်ရှိသူသည် ထိုပညာရှင်များ၏ ရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုချေ။

နေ့တစ်ဝက်လောက် အနားယူပြီးနောက် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ပြန်လေသည်။

အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်တို့ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ရှေ့ရှိ လေဟာနယ်ကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ယခုတစ်ကြိမ်၌ လေဟာနယ် ပြောင်းလဲသွားသည်ကို ပို၍ သေသေချာချာ ခံစားမိလာသဖြင့် ရန်ကိုင် အတော်လေး စိတ်အားတက်သွားခဲ့ရသည်။

သူ့ရှေ့ရှိ လေဟာနယ်သည် ဖောက်ထွင်းမြင်နိုင်သော လုံးချေထားခံရသည့် အဝတ်စတစ်ခုပမာ ဖြည်းဖြည်းချင်း ကွေ့လိမ်ကောက်ကွေး လာခဲ့လေသည်။

ထိုကဲ့သို့ဖြစ်နေရာမှ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းတို့ စတင် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်ဝိဥာဉ် တစ်ချက် တုန်သွားခဲ့ပြီး ချက်ချင်းပဲ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်းကို ဓါးတစ်ချောင်း အသွင်ပြောင်းလျှက် သူ့ရှေ့ရှိ ကွေ့လိမ်ကောက်ကွေး နေသော လေဟာနယ်ကို ထိုးချလိုက်လေသည်။

တံခါးတစ်ချပ် ပွင့်သွားသည့်အလား အနက်ရောင် အက်ကွဲကြောင်းတစ်ခု သူ့ရှေ့ ဆန်းဆန်းကြယ်ကြယ် ထွက်ပေါ်လာခဲ့လေသည်။ အထဲသို့ လှမ်းကြည့်လိုက်ရာ အမှောင်ထုမှလွဲ၍ ဘာကိုမှ မတွေ့လိုက်ရသဖြင့် အထဲတွင် အန္တရာယ်တစ်ခုခုများ ရှိနေလေမလားဟု ရန်ကိုင် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

ရန်ကိုင် နေနေသည့် တောင်နားတစ်ဝိုက်ရှိ မိုးမြေစွမ်းအင်တို့သည် ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့ကာ မယုံကြည်နိုင်စရာ စုပ်အားတစ်ခုသည် အနက်ရောင်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး အနီးအနားတစ်ဝက်ရှိ မိုးမြေစွမ်းအင်များကို စတင်၍ အရူးအမူး စုပ်ယူတော့လေသည်။

မိုးမြေစွမ်းအင်များကို စုပ်ယူနေသည် အက်ကြောင်းသည့် သူ့ဘာသာ အလျင်အမြန် ပြိုကျသွားခဲ့လေသည်။

ရန်ကိုင်မှာ လေ့လာချိန်ပင် မရလိုက်ဘဲ သူ့ရှေ့ရှိ အနက်ရောင်အက်ကွဲကြောင်း ပြန်ပိတ်သွားခဲ့ပြီး တွန့်လိမ်နေသော လေဟာနယ်သည်လည်း အရင်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ရလေပြီ။

ဤနတ်ဘုရားပညာရပ်အား တစ်ဝက်လောက်အထိ ရန်ကိုင် ထုတ်သုံနိုင်ခဲ့သည်။ ထိုအက်ကြောင်းကိုသာ လူတစ်ကိုယ်စာလောက်အထိ ဆွဲချဲ့နိုင်ပါက အထဲသို့ ဝင်ပြီး ဘာတွေရှိနေလဲ ဆိုသည်ကို စူးစမ်းနိုင်ပေလိမ့်မည်။

သူ့ဒန်တန်ထဲ ယန်ရည်အစက် သုံးလေးစက်လောက် လျော့နည်းသွားခဲ့သလို့ စိတ်စွမ်းအင်သည်လည်း တစ်ဝက် တိတိ လျော့ကျသွားခဲ့ရသည်။

ရန်ကိုင် ဆွံ့အနေခဲ့ရလေပြီ။ ထိုပညာရပ်ကို အသုံးရန်အတွက် လိုအပ်သော စိတ်စွမ်းအင်နှင့် အစစ်အမှန်ချီသည် သူစိတ်ကူးထားသည်ထက် ပို၍ များပြားနေခဲ့သည်။

အထွဋ်အထိပ် အခြေအနေ၌ ရှိနေသည့်တိုင်း ထိုပညာရပ်ကို နှစ်ကြိမ်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ထို့နောက်မှာတော့ သူ့စိတ်စွမ်းအင်း အကုန်လုံး ပြောင်တလင်း ခါသွားပေလိမ့်မည်။

သူ့ရှေ့တွင် ဝူကျဲပေါ်လာခဲ့စဉ်က အဆုံးသတ်သို့ ရောက်နေသည့် မြှားတစ်စင်းပမာ ဖြစ်နေခဲ့သည်မှာ မထူးဆန်းတော့။ ထိုပညာရပ်ကို သူတော်စင် ပထမအဆင့် ကျင့်ကြံခြင်းလေးဖြင့် အသုံးပြုရန်မှာ အတော့်ကိုမှ ခက်ခဲလှပေသည်။

ဆေးပေါင်းရည်တစ်စက်နှင့် စိတ်စွမ်းအင် အားဖြည့်ဆေးများကို အမြန်သောက်လိုက်၍ သူ့စိတ်စွမ်းအင်ကို မြန်မြန် ပြန်ပြည့်လာအောင် လုပ်လိုက်သည်။

တစ်နာရီလောက်ကြာပြီး ရန်ကိုင် အားပြန်ပြည့် လာခဲ့လေပြီ.

အဆက်မပြတ် ကြိုးစားရင်း၊ ကျရှုံးရင်းမှ ရန်ကိုင်လည်း အတော်လေး အတွေ့အကြုံ ကြွယ်ဝလာခဲ့လေသည်။

သုံးရက်ကြာပြီးနောက်၊ အပြည့်အဝ အာပြန်ပြည့်လာပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် ရန်ကိုင် မျက်လုံး ဖွင့်လိုက်သည်။

ယခုတစ်ကြိမ် လေဟာနယ်အား အောင်အောင်မြင်မြင် ဆုတ်ဖြဲနိုင်လိမ့်မည်ဟု သူအပြည့်အဝ ယုံကြည်နေခဲ့သည်။

အစစ်အမှန်ချီဖြင့် စိတ်စွမ်းအင်ကို ယခင်အတိုင်း ထုတ်လွှတ်လိုက်သည်။ သို့သော် ယခင်နှင့် မတူသည်မှာ စွမ်းအင်နှစ်မျိုးအား အရှိန်ကုန်တင်၍ ထုတ်လွှတ်နေခြင်းမျိုး မလုပ်တော့ဘဲ စွမ်းအင်နှစ်မျိုးကို ပေါင်းစည်းလျက် သူ့ရှေ့ရှိ လေဟာနယ်အား တိုက်ခိုက်လိုက်သည်။

လှိုင်းတွန့်လေ့များ ထွက်ပေါ်လာခဲ့ပြီး သူ့ရှေ့ရှိ လေဟာနယ် တွန့်လိမ်စပြုလာခဲ့သည်။ ထိုအခြင်းအရာကို မြင်သည်နှင့် အစစ်အမှန်ချီနှင့် စိတ်စွမ်းအင် ထုတ်လွှတ်နှုန်းကို ပိုမြှင့်လိုက်သည်။

မမြင်နိုင်သော လက်တစ်ဖက် ဆုတ်ဖြဲခြင်း ခံနေရသည့်အလား လေဟာနယ်ထဲ အနက်ရောင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုအက်ကွဲကြောင်းထဲမှ အားကောင်းသော ဆွဲအားတို့ ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်တို့ကို အရူးအမူး စုပ်ယူတော့လေသည်။

ရန်ကိုင်လည်း တုန့်ဆိုင်းမနေဘဲ ထိုအက်ကွဲကြောင်းထဲ ခုန်ဝင်းသွားလိုက်သည်။

သူဝင်သွားပြီးသည်နှင့် အနက်ရောင် အက်ကွဲကြောင်းလည်း သူ့အလိုလို ပြန်ပိတ်သွားခဲ့လေ၏။

သူ့ခေါင်း ရီဝေဝေ နောက်တောက်တောက် ဖြစ်လာခဲ့လေပြီ။ ရန်ကိုင် ပြုံးလိုက်မိသည်။ မကြောက်လန့်ရုံမက စိတ်ပင် လှုပ်ရှားနေသေးသည်။

ရန်ကိုင် မျှော်လင့်ထားခဲ့သလိုပင် သူဖန်တီးလိုက်သော လေဟာနယ်အက်ကွဲကြောင်းသည် လေဟာနယ်လိုဏ်ခေါင်းနှင့် အလားသဏ္ဍာန် ဆင်တူပေသည်။ လေဟာနယ်အက်ကွဲကြောင်းထဲ ရောက်နေသည့် ခံစားချက်သည် လေဟာနယ် လိုဏ်ခေါင်းထဲ ရောက်သွားချိန် ခံစားရသည့် ခံစားချက်နှင့် တူနေသည် မဟုတ်ပေလော။

သို့သော် ယခုခေါင်းမူးချိန်သည် ယခင်ထက် ပိုကြာခဲ့လေသည်။ အဆုံးမဲ့ အသူရာချောက်ထဲ ကျသွားသည့်အလား အဆက်မပြတ် ဆက်လက် ကျဆင်းနေခဲ့ပြီး အဆုံးသတ်ကို မမြင်တွေ့နိုင် ဖြစ်နေခဲ့ရသည်။

ကြောက်မက်ဖွယ်ရာ အစွမ်းအင်တို့ ပါဝင်နေသော ကြမ်းတမ်းသည့် စွမ်းအင်စီးကြောင်တို့ဟာလည်း ရန်ကိုင် ပတ်လည်၌ ရစ်ဝဲနေခဲ့လေသည်။

ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ထိုစွမ်းအင်စီးကြောင်းများနှင့် မထိမိအောင် သေချာ အာရုံစိုက်လိုက်ရလေ၏။

ထိုစွမ်းအင်စီးကြောင်းများကို သူ့လက်ရှိ ခွန်အားဖြင့် မခုခံနိုင်သေး။ ထိုစွမ်းအင်များသည် ကြယ်တာရာ ကောင်းကင်ထဲရှိ စွမ်းအင်များထက်ပင် ပို၍ အားကောင်းလောက်သေးသည်။ ထိုထဲရောက်သွားလျှင် ထာဝရ ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။

လေဟာနယ် မငြိမ်မသက်မှုများကြောင့် ထိုပညာရပ်အား သတိကြီးကြီးထား၍ သုံးရန် ရန်ကိုင်အား ဝူကျဲသတိပေးခဲ့ခြင်း ဖြစ်သည်။

ဝူကျဲ ဤပညာရပ်အား ပထမဆုံးအကြိမ် သုံးစဉ်က ဒုက္ခလှလှတွေ့ခဲ့သည့်ပုံပင်။ ထို့ကြောင့် ထိုအကြောင်းကို ဘယ်တော့မှ ပြန်အစမဖော်လောက်ခြင်း ဖြစ်လောက်သည်။

မုန်တိုင်းထဲ ရောက်နေသည့် လှေငယ်လေး တစ်စင်အား စီးနင်းနေသလို ရန်ကိုင် ခံစားနေရခဲ့ရသည်။ အန္တရာယ်များနှင့် အဆက်မပြတ် တွေ့ကြုံနေရသော်ငြား ဘေးကင်းလုံခြုံအောင် နေနိုင်နေဆဲ။ အန္တရာယ်များကို အဆက်မပြတ် သတိပြုရင်း သူ့ဘေးပတ်လည်ကို စစ်ဆေးလေ့လာနေခဲ့သည်။

ဤနေရာမှ အလျင်စလို မထွက်သွားလိုသေး။ လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို ကောင်းကောင်း နားလည်သွားအောင် လေ့ကျင့်လိုသေးသည်။ ထိုပညာရပ်၏ အဆီအနှစ်၊ သဘောတရားများသည် လှိုင်းထန်နေသကဲ့သို့ မတည်မငြိမ် ဖြစ်နေသော လေဟာနယ်ထဲ ကိန်းအောင်နေလိမ့်မည်ဟု ရန်ကိုင် အလိုလို ခံစားနေခဲ့ရသည်။

ထိုသဘောတရားများကိုသာ နားလည်လိုက်သရွေ့ နောက်ပိုင်းကျ လေဟာနယ်ကို လွတ်လွတ်လပ်လပ် ဆုတ်ဖြဲလာနိုင်ပေလိမ့်မည်။

အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်လည်း မတည်မငြိမ် ဖြစ်နေသည့် လေဟာနယ်ကို လေ့လာရေးထဲ အတွေးနစ်မြောနေခဲ့သည်။

သူ့ပတ်လည်ရှိ လေဟာနယ်တစ်ခုလုံး ပရမ်းပတာ ဖြစ်လာသည့်အခါမှသာ ရန်ကိုင်လည်း အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်ကို အလျင်အမြန် စုစည်း၍ အက်ကွဲကြောင်း တစ်ခုကို ဖန်တီးကာ ထိုနေရာမှ ထွက်ပြေးခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ထုန်းရွှမ်လောကကြီးထဲ သူပြန်ရောက်လာခဲ့လေပြီ။ နေချစ်ချစ်တောက် ပူနေသဖြင့် ဝေ့ကြည့်လိုက်ရာ တိမ်ပေါ်သို့ ရောက်နေမှန်း ရန်ကိုင် တွေ့လိုက်ရသည်။

Mar tial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၂၉) ရွှေနဂါးခေါင်းထွက်ပေါ်လာခြင်း

မျက်တောင်တစ်ခတ်အတွင်း နှစ်လကုန်ဆုံးသွားခဲ့ပြီး ထိုနှစ်လအတွင်း ရန်ကိုင်သည် လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကိုသာ ရင်းနှီးသွားအောင် တောက်လျှောက် လေ့ကျင့်နေခဲ့သည်။

အချိန်တစ်ဝက်လောက်ကို လေဟာနယ်ထဲတွင် အချိန်ဖြုန်းခဲ့ခြင်း ဖြစ်ပြီး လေဟာနယ်ထဲတွင် နေလျက် လေဟာနယ်အဖျက်စွမ်းအင် စီးကြောင်းများကို အသေအချာ လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။

စိတ်စွမ်းအင်ကုန်သွားလျှင် လေဟာနယ်ထဲမှ ထွက်၍ အားပြန်ဖြည့်သည်။ ပြည့်သည်နှင့် လေဟာနယ် ဆုတ်ဖြဲခြင်း ပညာရပ်ကို ထပ်လေ့ကျင့်၏။

ယခုအချိန်တွင် လေဟာနယ်ကို သူအလွယ်တကူ ဆုတ်ဖြဲနိုင်နေလေပြီ။ လေဟာနယ်ကို ဆုတ်ဖြဲ၊ လေဟာနယ်ထဲတွင် လေ့ကျင့်၊ ထို့နောက် ထုန်းရွှမ်လောကကြီး၏ တစ်နေရာရာတွင် ပြန်ပေါ်လာ၊ ထိုအရာသည် ရန်ကိုင်၏ တစ်နေ့တာ လုပ်ရိုးလုပ်စဉ်လိုလို ဖြစ်နေခဲ့လေပြီ။

သို့သော်လည်း အစွမ်းကုန် ကြိုးစားလျှင်ပင် သူအဝေးဆုံး ရောက်နိုင်သော အကွာအဝေးသည် တော်တော်လေးကို တိုးလွန်းနေခဲ့သည်။ ထို့အပြင် သူသွားမည့် အရပ်မျက်နှာကို မခွဲခြားနိုင်သေး။ ထို့ကြောင့် လေဟာနယ်ထဲမှ ပြန်ထွက်လာသည့်အခါ ပေါ်ချင်သည့် နေရာ၌သာ ပေါ်လာတတ်သည်။

ထိုပညာရပ်ကို သုံးတိုင်း သတိကြီးကြီးထားပြီး သုံးရသည်။

လေဟာနယ်ထဲရှိ ပရမ်းပတာ ဖြစ်နေသော စွမ်းအင်များကိုလည်း ပေါ့သေးသေး သဘောထား၍ မရချေ။ ထိုစွမ်းအင်စီးကြောင်းများထဲ အကြိမ် တော်တော်များများ မျောပါသွားလုနီးနီး ဖြစ်ခဲ့ရဖူးသည်။ အပြေးကောင်းသည့် အတွက်ကြောင့်သာ မဟုတ်လျှင် လေဟာနယ်ထဲ ထာဝရ ပိတ်မိနေခဲ့ရလောက်ပေပြီ။

သူ့ခွန်အား မြင့်မားသည့်အတွက်ကြောင့်လည်း ပါပေသည်။ ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များ ပမာ လေဟာနယ်ထဲရှိ ထိုစွမ်းအင်များသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အလွန်အမင်း ထိခိုက်စေသည်။ ဝူကျဲပင်လည် သူ့အကာအကွယ် ရတနာကို ထုတ်ယူမှသာ ထိုစွမ်းအင်များကို ခုခံနိုင်လောက်သည်။

တစ်နေ့၊ ရန်ကိုင် လေဟာနယ်ထဲမှ ပြန်ထွက်လာသည့် အခါက မြူဆိုင်းနေသော တောင်ကြားတစ်ခု၌ ပြန်ပေါ်လာခဲ့သည်။

သူ့ထွက်လာမည့် ဦးတည်ရာကို ယခုအချိန်ထိတိုင် မထိန်းချုပ်နိုင်သေးသည့် အတွက်ကြောင့် သူပြန်ထွက်လာသည့် အချိန်တိုင်း အန္တရာယ်များသည့် နေရာများ ရောက်နေမလားဟု တွေးရင်း သတိကြီးကြီးထားရသည်။

ယခုတစ်ကြိမ်လည်း အတူတူပင်။ ပေါ်လာလာခြင်း သူ့အရှိန်အဝါကို ချက်ချင်း ဖုန်းကွယ်လိုက်ပြီး ပတ်ဝန်းကျင်အား အရင် စစ်ဆေးကြည့်လိုက်သည်။

တောင်ကြားရှေ့၌ သူတော်စင် ပထမအဆင့် ပညာရှင်တစ်ယောက် ဦးဆောင်သော လူတစ်ရာလောက် ရှိသည့် အဖွဲ့တစ်ဖွဲ့ ရှိနေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။

အကုန်လုံးသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် တောင်ကြားဝ၌ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့ ဘာကြောင့် ထိုကဲ့သို့ လုပ်နေကြသလဲ။ ဘာကြောင့် ထိုနေရာသို့ ရောက်နေကြသလဲ ဆိုသည်ကိုမူ ရန်ကိုင် မသိပေ။

အင်အားစုတစ်ခုခု၏ ပိုင်နက်အတွင်းမလို မတော်တဆ ထိုးဖောက်ဝင်လာမိပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ သို့သော်လည်း အားအကောင်းဆုံး ပညာရှင်ပင်လျှင် သူတော်စင် ပထမအဆင့်သာ ဖြစ်သေးသဖြင့် ရန်ကိုင် စိတ်မပူခဲ့ချေ။

ပုန်းစရာနေရာတစ်ခု ရှာလိုက်ပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ရင်း ထိုနေရာ၌ ထိုင်၍ အားပြန်ဖြည့်လိုက်သည်။

တောင်ကြားအပြင်ဘက်ရှိ ကျင့်ကြံသူများ ဘာလုပ်နေသလဲ ဆိုသည်ကို ရန်ကိုင် အာရုံမစိုက်ခဲ့။ သို့သော်လည်း နေ့တစ်ဝက်ကြာ၍ အားပြန်ဖြည့်ပြီးချိန် တောင်ကြားနား လှမ်းကြည့်လိုက်သည့်အခါ ထိုလူ အုပ်စုသည် အခမ်းအနား တစ်မျိုးမျိုး လုပ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ကျင့်ကြံသူအားလုံး၏ အမူအရာ လေးနက်နေခဲ့ကြပြီး အားနည်းသူများကမူ စိတ်လှုပ်ရှားနေခဲ့ကြသည်။

သိချင်စိတ်ကို မအောင့်အည်း နိုင်တော့သည်နှင့် ရန်ကိုင်လည်း ချက်ချင်း ထွက်မသွားသေးဘဲ ခဏလောက် ဆက်နေ၍ အခမ်းအနားပွဲကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နေ့တစ်ဝက်ကြာပြီးနောက် အခမ်းအနား ပြီးဆုံးသွားခဲ့ပြီး ခေါင်းဆောင်ဖြစ်သော သူတော်စင်အဆင့် ပညာရှင်က ဘာမှန်းမသိသော စကားလုံးများကို ပြောလိုက်လေသည်။

ခဏအကြာ၌ အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက် တောင်ကြားထဲ ဝင်သွားလိုက်သည်။

အစစ်အမျန်ဒြပ်စင်အဆင့် ကျင့်ကြံသူများသည် ဗဟိုမြို့တော်တွင် အားမနည်းသော်ငြား ထုန်းရွှမ် လောကကြီးတွင်မူ ရွက်ကြမ်းရေကျို အရည်အချင်းကို ပိုင်ဆိုင်ထားသည့်သူများ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် အရမ်းကို ငယ်ရွယ်သူများ ဖြစ်ကြသည်။

တောင်ထဲဝင်သွားသော လူသည် အသက် ငယ်ငယ်လေးသာ ရှိသေးပေသည်။

မြူခိုးထဲဝယ် ထိုလူငယ်လေးသည် ရန်ကိုင်ဆီသို့ တည့်တည့်လျှောက်လာခဲ့သည်။ သူ့ပုံစံအရ အသက် (၁၄)နှစ်လောက်သာ ရှိသေးသည့်ပုံပင်။

ရန်ကိုင်နှင့် မတူသည်ကား လူငယ်လေးသည် အရမ်းကြီး ရင့်ကျက်ခြင်း မရှိသေးပေ။ တက်တက်ကြွကြွဖြင့် တောင်ကြားထဲသို့ လျှောက်ဝင်လာနေခဲ့သည်။

သူ့စိတ်ထဲ တစ်ခုခုကို စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် ရယ်မောမိလိုက်၏။

ဆက်ပြီး ပုန်းကွယ်နေလျက် ကောင်းကင် စိတ်အာရုံဖြင့် လူငယ်လေး ဘာလုပ်နေလဲ ဆိုသည်ကို ဆက်လက် စောင့်ကြည့်လေ့လာနေလိုက်သည်။

တောင်ကြားသည် အရမ်းကြီး မကျယ်ပေ။ သို့သော်လည်း တော်တော်လေး အကွေ့အကောက် များသည်။ ကောင်လေးသည် မြူခိုးထုထဲ အရှေ့ကို အာရုံစိုက်လျက် ဖြည်းဖြည်းမှန်မှန်နှုန်းဖြင့် လမ်းလျှောက် နေခဲ့သည်။

သို့သော်လည်း မီတာတစ်တောင်ကျော်ပင် မသွားရသေးခင်မှာဘဲ တောင်ကြားထဲမှ လေပြင်းတို့ တိုက်ခတ်လာခဲ့လေသည်။

ကောင်လေးမှာ လေတိုက်ခတ်အားကို မခုခံနိုင်သဖြင့် တောင်ကြား အဝင်ဝထိသို့ လွင့်စင့်ထွက်သွားခဲ့ရလေပြီ။

သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် လူငယ်လေး ယခင်လောက် သတ္တိမရှိတော့ချေ။

တစ်ချိန်တည်းတွင် ရန်ကိုင်လည်း မျက်မှောင် ကြုံ့သွားခဲ့သည်။ လေးပြင်းတိုက်ခတ်လာသည့် အချိန်၌ သူ့ကျောဘက်မှ တစ်ခုခု တွားသွားရန် ကြိုးစားနေသည့် အလား သူ့နောက်ကျောတစ်ခုလုံး ယားကျိယားကျိ ဖြစ်လာခဲ့ရလေ၏။

သေချာစစ်ဆေးကြည့်လိုက်သည့် ဘာထူးထူးခြားခြား ကိုမှ မတွေ့ခဲ့ရပေ။

နားမလည်နိုင်သည့် အမူအရာဖြင့်သာ ခေါင်းခါမိလိုက်သည်။

တွန်းထုတ်ခံလိုက်ရပြီးနောက် ကောင်လေးသည် စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ခေါင်းငိုက်ငိုက် စိုက်လျက် လာရာတောင်ကြားဝင်ပေါက်ဆီသို့ လှည့်ပြန်သွားလေသည်။ သူထွက်သွားပြီးနောက် အပြင်ဘက်တွင် စောင့်နေသူအကုန်လုံး ဖြစ်ကြောင်း ကုန်စင်ကို နားလည်သွားကာ သက်ပြင်းသာ ချလိုက်ကြလေသည်။

သူတော်စင် ပထမအဆင့် ပညာရှင်က ထိုလူငယ်လေးအား တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အော်လိုက်လေသည် “နောက်တစ်ယောက်”

နောက်ထပ် ကျင့်ကြံသူတစ်ယောက် တောင်ကြား ထဲသို့ လမ်းလျှောက် ဝင်သွားပြန်လေပြီ။

သို့သော် အသစ်ရောက်လာသူသည်လည်း ပထမ တစ်ယောက်နှင့် မထူးမခြားပင်။ နည်းနည်းပါးပါး လမ်းလျှောက်သွားပြီးနောက် လေပြင်း၏ တွန်းထုတ်ခြင်း ခံလိုက်ရပြန်လေသည်။

ဤသို့ဖြင့် တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက် တွန်းထုတ်ခံလိုက်ရလိုက် ဖြစ်နေခဲ့သည်။

အပြင်ဘက်တွင် စောင့်နေသော သူတော်စင်အဆင့် ပညာရှင်လည်း စိတ်ဓါတ်ကျစ ပြုလာခဲ့လေပြီ။

ထိုမျှကြာအောင် စောင့်ကြည့်လာပြီးနောက် သူတို့ ဘာလုပ်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ အသေးစိတ်ကို နားမလည်သော်လည်း စမ်းသပ်မှုတစ်ခု လုပ်နေသည့် ပုံပင်။

ကံမကောင်းစွာဖြင့် ဤနေရာတွင် ရှိနေသော မည်သည့် လူငယ်မှ ထိုစမ်းသပ်ချက်ကို မကျော်ဖြတ် နိုင်ခဲ့ပေ။ တစ်ယောက်ချင်းစီတိုင်းသည် မီတာ တစ်ထောင်ကို ကျော်သွားသည်နှင့် အမျိုးမျိုးသော အတားအဆီးများကြောင့် လှည့်ပြန်ခဲ့ရသည်။

တောင်ကြားဝ၌ စုဝေးနေသော လူငယ် အရေအတွက်မှာလည်း နည်းသထက် နည်းလာ နေခဲ့လေပြီ။ သို့သော် ယခုထိတိုင် စမ်းသပ်ချက်ကို မည်သူကမှ မကျော်ဖြတ်နိုင်သေးပေ။

ရန်ကိုင်လည်း တောင်ကြားအနက်ပိုင်း ရှိရာဆီ လှမ်းကြည့်၍ မျက်လုံး မှေးစဉ်းလိုက်သည်။

တောင်ကြားထဲမှ လေပြင်းတိုက်ခတ်လာသည့် အချိန်တိုင်း သူ့ကျောပြင် ယားကျိကျိ ဖြစ်လာခဲ့ရသည်။ အစကတော့ စိတ်အထင်ဟုသာ ထင်ခဲ့သည်။ သို့သော် ထိုယားကျိကျိ ခံစားချက်ကို ထပ်ခါတလဲလဲ ခံစားလာရပြီးသည့်နောက် သေသေချာချာ အဖန်တလဲလဲ စစ်ဆေးကြည့်လိုက်ရာ သူထင်ထားသကဲ့သို့ ဖြစ်မနေမှန်း သိလိုက်ရလေသည်။

ယားကျိကျိ ခံစားချက်သည် သူ့စိတ်ထင် မဟုတ်ဘဲ ကျောဘက်ရှိ ရွှေရောင်နဂါးတက်တူးမှ လာနေခြင်း ဖြစ်ပေသည်။

သေသချာချာ နားထောင်ကြည့်လိုက်သည့်အခါ ထိုတက်တူးမှ အရမ်းကို တိုးညင်းသည့် နဂါးဟိန်းသံ သဲ့သဲ့ကို ကြားလိုက်ရသေး၏။

သူ့ကျောပြင်ရှိ ရွှေရောင်နဂါးတက်တူးနှင့် စုယန် ကျောပြင်ရှိ ရေခဲဖီးနစ်တက်တူးတို့သည့် ယင်ယန် ပေါင်းစည်းခြင်းကျင့်စဉ်ကို အမွေဆက်ခံခဲ့စဉ်က ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုတက်တူးများသည် ဤနေရာနှင့် တစ်မျိုးတစ်ဖုံ သက်ဆိုင်နေလေသလား။

ခဏလောက် စဉ်းစားပြီးနောက် ပုန်းနေရာမှထွက်၍ တောင်ကြားအတွင်းပိုင်းထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

သွားနေရင်း ကောင်းကင်းစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

ယခင်က တောင်ကြားဝရှိ အဖွဲ့ကိုသာ အာရုံစိုက်နေသဖြင့် တောင်ကြားကို သေသေချာချာ မစစ်ဆေးဖြစ်ခဲ့။ စစ်ဆေးကြည့်လိုက်မှပဲ တောင်ကြားသည် နဂါးခေါင်းပုံစံနှင့် တူနေကြောင်း တွေ့ရှိလိုက်ရလေ၏။

တောင်ကြားဝသည် နဂါးအမြီးပိုင်းဖြစ်ပြီး တောင်ကြား အတွင်းပိုင်းသည် နဂါးခေါင်း ဖြစ်ပေသည်။ တောင်ကြားထဲမှ တိုးထွက်နေသော နဂါးလက်သည်း သဏ္ဍာန် အရာများလည်း ရှိနေပေသေးသည်။

ထို့အပြင် တောင်ကြားအတွင်းပိုင်းထဲသို့ ရောက်လေ ကျောဘက်ရှိ ယားကျိကျိ ခံစားချက်သည် ပို၍ သိသာလာလေပင်။

ထို့ကြောင့် ဤနေရာသည် သူနှင့်စုယန် ရရှိခဲ့သည့် အမွေအနှစ်နှင့် တစ်ခုခု သက်ဆိုင်နေမှန်း ရန်ကိုင် နားလည်လိုက်လေသည်။

ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ ရန်ကိုင် သူ့ဘာသာ တွေးလိုက်မိသည်။ လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို လေ့ကျင့်ရင်းဖြင့်သာ ဤနေရာသို့ မတော်တဆ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အားလုံးသာ သူထင်ထားသည့်အတိုင်း ဖြစ်နေပါက ဤနေရာကို မည်သည့် အင်အားစု ပိုင်ဆိုင်သလဲ ဆိုသည်ကို ရန်ကိုင် ခန့်မှန်းတတ်သွားလေပြီ။

တောင်ကြားဝရှိ သူတော်စင်အဆင့် ပညာရှင် လုံးဝ မျက်နှာအမူအရာ မကောင်းတော့ချေ။ နန်းတော်ခေါင်းဆောင်က မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုံ့ရင် အော်ပြောလိုက်သည် “နောက်တစ်ယောက်”

သူအမိန့်ပေးလိုက်သည်နှင့် ရုပ်ခပ်ချောချော လူငယ်လေးတစ်ယောက် ရှေ့တက်လာပြီး တောင်ကြားထဲသို့ ဝင်သွားလိုက်လေသည်။

လူငယ်လေး ပျောက်ကွယ်သွားချိန် သူတော်စင် အဆင့် ပညာရှင် သက်ပြင်အမောကြီး ချလိုက်လေသည်။

“နန်းတော်သခင်၊ သူက နောက်ဆုံးတစ်ယောက်လား” အနားတွင် ရှိနေသော မသေမျိုးအဆင့် ပညာရှင်က တိုးတိုးလေး မေးလိုက်သည်။

နန်းတော်သခင်၏ ခေါ်သည့်လူက ခေါင်းညိတ်ပြလိုက်ပြီး “ငါသိနေတယ်။ ဒီတစ်ကြိမ်လည်း ထပ်ရှုံးနိမ့်ဦးမယ်နဲ့ တူတယ်”

မသေမျိုးအဆင့် ပညာရှင် မျက်မှောင်ကြုံ့သွားပြီး “သုံးနှစ်ကြာအောင် လူတစ်ရာကျော်ကို လေ့ကျင့် ပေထားတာတောင် တစ်ယောက်ကမှ ဘာမှ မလုပ်နိုင်ခဲ့တာလား။ နန်းတော်သခင်၊ ကျုပ်တို့ရဲ့ နည်းလမ်းကပဲ မှားနေတာလား”

နန်းတော်သခင်က သူ့လက်အောက်ငယ်သားကို ကြည့်၍ ပြန်မေးလိုက်လေသည် “ဘယ်နေရာ မှားနေတယ်လို့ မင်းပြောချင်နေတာလဲ”

“လက်အောက်ငယ်သာ မပြောရဲပါဘူး။ ဒါပေမယ့်…”

“ဒါပေမယ့်တွေ လာလုပ်မနေနဲ့” နန်းတော်သခင်က ဒေါသတကြီး ဆူပူလိုက်လေသည် “အခု ငါတို့ဂိုဏ်းက အရမ်းကြီး အားမကောင်းတော့ပေမယ့် ဟိုးတစ်ချိန် တစ်ခါတုန်းက ငါတို့ဂိုဏ်းဆိုတာ ဒီလောကကြီးရဲ့ အားအကောင်းဆုံး အင်အားစုတွေထဲက တစ်ခု ဖြစ်ခဲ့တယ် ဆိုတာကို မင်းမမေ့လိုက်နဲ့။ အဲ့တုန်းက ငါတို့ဂိုဏ်းဆိုတာ လူရိုကျိုးရှင်ရိုသေ ဖြစ်ခဲ့ရတာ။ တပည့်တွေဆိုရင်လည်း ကြိုက်တဲ့ နေရာသွား။ ဘယ်သူမှ သူတို့ကို ရန်မစရဲဘူး”

“ဟုတ်ကဲ့ပါ”

နန်းတော်သခင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး “ငါတို့ ဂုဏ်ရောင်ပြောင်ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဘယ်တော့မှ မမေ့ဖို့ ဘိုးဘေးတွေက ရှေးမှတ်တမ်း တွေထဲ ရေးမှတ်ထားခဲ့တာ။ ဒါပေမယ့် နဂါးတောင်ကြား စမ်းသပ်ချက်ကို ဘယ်သူမှ မကျော်ဖြတ်နိုင်သေးတော့ အတိတ်က အခြေအနေအတိုင်း ပြန်ရောက်အောင် လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူးနဲ့ တူပါတယ်”

“နန်းတော်သခင်၊ ခင်ဗျား…” မသေမျိုးအဆင့် ပညာရှင်က သိလိုတကြီးဖြင့် မေးလိုက်သည်။

နန်းတော်သခင်က ခေါင်းသာ ခါရမ်းလိုက်ပြီး “ငါလည်း တောင်ကြားစမ်းသပ်ချက်ကို‌ အောင်မြင်ခဲ့တာ မဟုတ်ဘူး။ သူတော်စင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တာ ကံကောင်းလို့ပဲ။ မဟုတ်ရင် ဂိုဏ်းကိုတောင် ကာကွယ်နိုင်တော့မှာ မဟုတ်ဘူး”

အနားတွင် ရပ်နေသော လူငယ်လေးများသည် အမြင့်ပိုင်းခေါင်းဆောင်နှစ်ယောက် စကားပြောနေသည်ကို စိတ်ဝင်တစားဖြင့် နားထောင် နေခဲ့ကြသည်။

ထိုအချိန်မှာပဲ နဂါးတောင်ကြား တစ်ခုလုံးအား ဖုံးလွှမ်းနေသော မြူခိုးများ ကစဉ့်ကလျား ဖြစ်လာခဲ့ပြီး တောင်ကြားသည်လည်း အနည်းငယ် တုန်ခါသွားသဖြင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရလေသည်။

အပြင်ဘက်တွင် စုဝေးနေသော လူငယ်များ ဆိုလျှင် ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်ကုန်ကြလေပြီ။

ရုတ်တရက် တောင်ကြားအတွင်းပိုင်းထဲမှ နဂါးဟိန်းသံ မြည်ဟည်းလာခဲ့ပြီး မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းတို့သည့်လည်း နေလပမာ ထွန်းလင်း တောက်ပလာခဲ့လေသည်။

နန်းတော်သခင်ဟုခေါ်သော လူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ထိုမြင်ကွင်းကို အကြောင်သားဖြင့် ရပ်ကြည့်နေခဲ့လေသည်။ မသေမျိုးအဆင့် ပညာရှင် သည်လည်း နန်းတော်ခေါင်းဆောင်နည်းတူ ထိတ်လန့် တုန်လှုပ်နေခဲ့ရသည်။

ရွှေရောင်အလင်းတန်းသည် ခဏတာမျှ တွန့်လိမ် ကောက်ကွေ့နေပြီးနောက် နဂါးခေါင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ အနှိုင်းမဲ့သော ဘုန်းတန်ခိုး အရောင်အဝါတို့ဖြင့် ပြည့်စုံလှသော နဂါးသည် လေထဲ ဝံ့ကြွားစွာဖြင့် ဝဲလျက် တောင်ကြားအား ငုံ့ကြည့်လာခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် မသေမျိုးအဆင့် ပညာရှင် တုန်တုန်ရင်ရင် ဖြစ်နေခဲ့ရလေပြီ။ ကောင်းကင်ထက်တွင် ဝဲနေသော ရွှေနဂါအား ကတုန်ကရင်ဖြင့် ညွှန်ပြရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည် “ပေါ်လာပြီ။ တကယ် ပေါ်လာခဲ့ပြီး။ ရှေးမှတ်တမ်း တွေထဲမှာ ပြောထားသလို ရွှေနဂါခေါင်း ပေါ်လာပြီ။ နဂါးဧကရာဇ် ပြန်လာပြီကွ…”

“နန်းတော်သခင်… ဒါက၊ တစ်ယောက်ယောက် စမ်းသပ်ချက်အောင်သွားတဲ့ လက္ခဏာပေါ့” မသေမျိုး အဆင့် ပညာရှင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ရေရွတ်လိုကသ်ည်။

နန်းတော်သခင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့။ မျက်ရည်များပင် ပါးပြင်တစ်လျှောက် စီးကျနေခဲ့လေပြီ။ သူ့လက်အောက် ငယ်သား မေးသည့် မေးခွန်းကိုပင် ပြန်မဖြေနိုင်တော့ဘဲ ရွှေရောင်နဂါးကိုသာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ ရုတ်တရက် ကောက်မေးလိုက်လေသည် “နဂါးတောင်ကြားထဲ ဝင်သွားတဲ့ လူငယ်လေးနာမည် ဘယ်လိုခေါ်လဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၃၀) စီနီယာကြီး

ရုတ်တရက် ထွက်ပေါ်လာသော ရွှေနဂါးခေါင်းကို ကြည့်ရင်း ရန်ကိုင် ရင်တဒုတ်ဒုတ် ခုန်နေခဲ့လေပြီ။

ကျောဘက်မှ ယားကျိကျိခံစားချက်လည်း မရှိတော့။ အဲ့အစား နဂါးတက်တူးသည် ရွှေနဂါးခေါင်းနှင့် အချင်းချင်း တုန့်ပြန်နေသည့်အလား ပြုမူနေခဲ့သည်။ ခဏအကြာ၌ နဂါးတက်တူးသည် ရန်ကိုင် ကျောဘက်မှ ရွှေနဂါးခေါင်း ဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။

နဂါးနှစ်ကောင်တွေ့သွားသည့်အခိုက် ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းကြောင့် အကုန်လုံး မျက်လုံးပင် မဖွင့်နိုင်ဖြစ်ခဲ့ရသည်။

မျက်လုံးပြန်ဖွင့်နိုင်သည့် အချိန်တွင် စိတ်မကူး နိုင်လောက်သည်အထိ များပြားလှသော သန့်စင်သည့် စွမ်းအင်သက်သက်တို့ဖြင့် ပြည့်နေသည့် ရွှေရောင် လောကကြီးတစ်ခုထဲ ရောက်နေမှန်း တွေ့ရှိလိုက်ရသည်။ မီတာ အနည်းငယ်လောက်သာ ရှည်လျားသော ရွှေနဂါးသည် သူ့ပတ်လည်၌ ကူးခတ်ရင်း ထိုရွှေရောင် စွမ်းအင်များကို အငမ်းမရ ဝါးမြိုနေခဲ့သည်။

ထိုနဂါးကို မသိမသာလေး စစ်ဆေးကြည့်ပြီးမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။

မီးတာအနည်းငယ်သာ ရှည်လျားသော ရွှေနဂါးနှင့် သူနှင့် တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ ရန်ကိုင် ခန့်မှန်းသည်သာ မှန်လျှင် ထိုနဂါးသည် သူ့ကျောပေါ်တွင် ရှိခဲ့ဖူးသော တက်တူး ဖြစ်ပေသည်။ ရုတ်တရက်ကြီး ပေါ်လာပြီး ထိုရွှေရောင်စွမ်းအင်များကို အဘယ်ကြောင့် ဝါးမြိုနေသလဲ ဆိုသည်ကိုမူ ရန်ကိုင် မသိပေ။ သို့သော် ထိုရွှေရောင်စွမ်းအင်များကို ဝါးမြိုနေရင်း ရွှေနဂါး၏ အရှိန်အဝါနှင့် အရွယ်အစား တဖြည်းဖြည်း ကြီးမားအားကောင်းလာနေသည်ကိုမူ သူပြောနိုင်ပေသည်။

သူ့နောက်ဘက်မှ တစ်ခုခု ပြုတ်ကျသံ ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ အသက် (၁၄)အရွယ် ကောင်လေးတစ်ယောက်သည် ဖင်ထိုင်လျက်သားဖြင့် သူ့အား ထိတ်လန့်တုန်လှုပ်စွာ ကြောင်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ထို့ကြောင့် ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။

သူ့ရှေ့ရှိ မြင်ကွင်းကိုသာ အာရုံစိုက်နေသဖြင့် ထိုလူငယ်လေး ပေါ်လာသည်ကို သတိပြုမိခဲ့ပေ။

ထိုလူငယ်လေးသည် အစစ်အမှန်ဒြပ်စင် အဆင့်(၇) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးရာ ရန်ကိုင် ရှေ့မှောက်၌ ဘာဆိုဘာမှမဟုတ်ချေ။

ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီးနောက် ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်သည်။ ကောင်းကင်စိတ်အာရုံသည် ရွှေရောင်စွမ်းအင်၏ အပြင်ဘက်သို့ ထိုးဖောက်နိုင်ခြင်း မရှိသဖြင့် အပြင်ဘက်၌ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သူမသိနိုင်တော့ချေ။

ဘေးပတ်လည်အား တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူနှင့် အစောပိုင်းက လူငယ်လေးမှ လွဲ၍ ဤနေရာ၌ အခြားဘယ်သူမှ မရှိမှန်း ရန်ကိုင် သိလိုက်သည်။

ယဲ့ယဲ့လေး ပြုံးရင်း လူငယ်လေးဆီ လမ်းလျှောက်သွားလိုက်လေပြီ။

သူ့စိတ်ထဲ အဖြေမရသေးသည့် မေးခွန်းများစွာ ရှိနေခဲ့သဖြင့် ထိုလူငယ်လေးသည် သူ့သံသယများကို အတည်ပြုပေးရန် အကောင်းဆုံး ရွေးချယ်ခံ တစ်ယောက် ဖြစ်ပေသည်။

ရန်ကိုင် တိုးကပ်လာသည်ကို မြင်သည်နှင့် လူငယ်လေး လုံးဝ ကြောက်လန့်သွားခဲ့လေ၏။ ရန်ကိုင်ဘက်မှ စကားပင် မစရသေးခင်မှာဘဲ လူငယ်လေး မျက်ဖြူဆိုက်ပြီး တစ်ခါတည်း တန်းသတိလစ် သွားလေသည်။

“တကယ်ကြီးလား” ရန်ကိုင် လုံးဝကို ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရလေပြီ။ သူ့အရမ်းကြီး ရုပ်မချောမှန်း ရန်ကိုင်သိသည်။ သို့သော် မူးမေ့သွားနိုင်သည်အထိ ဆိုးဆိုးရွားရွားကြီး ရုပ်ဆိုးနေသည်လည်း မဟုတ်ပေ။ ထိုကောင်လေးကိုယ်ကကို အကြောက်လွန်နေခြင်း ဖြစ်သည်။

ရွေးစရာ မရှိတော့သည်နှင့် ထိုင်ပြီးတော့သာ ဘေးပတ်ဝန်းကျင်ကို လေ့လာနေတော့လေသည်။

ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့သည်။ ရွှေနဂါးတက်တူးသည် ထိုစွမ်းအင်များကို ဖြည်းဖြည်းချင်း ဝါးမြိုနေခဲ့ပြီး ရန်ကိုင်မှာ ထိုစွမ်းအင် အတားအဆီးကို ချိုးဖျက်ရန် ကြိုးစားကြည့်သော်လည်း မအောင်မြင်ခဲ့ပေ။

ရွှေရောင်စွမ်းအင်ပင်လယ်ကြီးသည် လုံးဝကို ထိုးဖောက်မရသော အတားအဆီးကြီးတစ်ခုနှင့် တူနေခဲ့သည်။ မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုလျှင်ပင် ထိုရွှေရောင်အတားအဆီးအပေါ် ခြစ်ရာတစ်ခုပင် ထင်ကျန်ရစ်အောင် လုပ်နိုင်မည် မဟုတ်မှန်း ရန်ကိုင်သိသည်။

လေဟာနယ်ကို ဆုတ်ဖြဲ၍ ဤနေရာမှ ထွက်သွားနိုင်သော်ငြား သူ့ခေါ်သည်ကို မတုန့်ပြန်သော ရွှေနဂါးတက်တူအကြောင်း စဉ်းစားမိလိုက်သည်နှင့် ထိုင်စောင့်နေရန်သာ ရွေးချယ်လိုက်တော့သည်။

မည်သို့ပင်ဆိုစေ ဤအထဲသို့ မည်သူမှ မဝင်လာနိုင်လေရာ ဆက်စောင့်နေလိုက်၍ သူ့အတွက် ဘာမှ မဖြစ်သွားနိုင်။

သူ့ရှေ့ရှိ လူငယ်လေးဆီ လှည့်ကြည့်လိုက်ရာ လူငယ်လေးသည်လည်း သူ့ကဲ့သို့ ယန်ဓါတ်ကျင့်စဉ်အား လေ့ကျင့်ထားသူတစ်ယောက် ဖြစ်ကြောင်း တွေ့ရှိလိုက်သည်။ သူ့လောက်တော့ မကောင်းသော်ငြား သူ့ကျင့်ကြံခြင်းအဆင့်အတွက်မူ တော်တော်လေး ကောင်းသည်ဟု ပြော၍ ရပေသည်။

နေ့တစ်ဝက်ကြာတော့မှပဲ လူငယ်လေး နိုးလာခဲ့လေသည်။

မျက်လုံးပြန်ဖွင့်လိုက်သည်နှင့် သူဘာဖြစ်နေမှန်း လူငယ်လေး မသိသေး။ ဘူးမသိဘမသိဖြင့်သာ သူ့ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် သူနှင့် မနီးမဝေးတွင် ထိုင်နေသော ရန်ကိုင်ကို မြင်လိုက်သည်နှင့် လူငယ်လေး ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ခပ်ဝေးဝေးသို့ ဆုတ်သွားလေသည်။ သူ့ထက် အားကောင်းသော လူတစ်ယောက်ရှေ့၌ နည်းနည်းလေးမျှ သတိမလွတ်ရဲချေ။

လူငယ်လေး၏ မျက်လုံးများ ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့လေပြီ။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် ရယ်သွမ်းသွေးလိုက်ပြီး “ကြောက်မနေနဲ့။ ငါမင်းကို တစ်ခုခု မေးချင်ရုံသက်သက်ပဲ”

ရန်ကိုင်က ထိုကဲ့သို့ ပြောလိုက်သည်တိုင် လူငယ်လေးသည် သူ့အား သတိထားနေဆဲ။ သူ့အစစ်အမျန်ချီကို လှည့်ပတ်ထားကာ အချိန်မရွေး တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့လေသည်။

ရန်ကိုင် ထိုလူငယ်လေးကို ချီးကျူးမိလိုက်သည်။

ကိုယ့်ထက် အားကောင်းသော ရန်သူနှင့်တွေ့လျှင် ချက်ချင်း လက်မလျှော့သွားပဲ ပြန်လည် ခုခံချင်သည့် လူငယ်လေး၏ စရိုက်သည် သူနှင့် ဆင်တူပေသည်။

“ငါမင်းကို သတ်ချင်ရင် မင်းသေတာ ကြာနေပြီ” ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကို ကြားကြားချင်း လူငယ်လေး မှင်သက်သွားခဲ့ရသည်။ သို့သော်လည်း ခဏအကြာ၌ သက်ပြင်းအမောကြီး ချလိုက်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်သည့်အလား ထိုင်ရာကနေ ထ၍ ဖုန်ခါလိုက်ပြီးနောက် ရန်ကိုင်အား ဦးညွှတ်လိုက်ကာ “ကျေးဇူးပြုပြီး စီနီယာမေးချင်တာရှိရင် မေးပါ”

“စီနီယာလား” ယခုတစ်ကြိမ်တော့ ရန်ကိုင် ကြောင်ရမည့် အလှည့်ပင်။ ယခုကဲ့သို့ အခေါ်ခံရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။ ခဏလောက် စဉ်းစားပြီးနောက် စီနီယာလို့ အခေါ်ခံရသည်မှာလည်း မမှားဟု ရန်ကိုင် တွေးလိုက်သည်။ ကျင့်ကြံခြင်းအရ သူသည် လူငယ်လေးထက် အများကြီး ပိုအားကောင်း သလို အသက်ပိုင်းအရဆိုလျှင်လည်း လူငယ်လေးထက် ဆယ်နှစ်ပိုကြီးပေသည်။ ထို့ကြောင့် သူ့အား စီနီယာဟု ခေါ်သည်မှာ မမှား။

“မင်းဘယ်အင်အားစုကလဲ” ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် စမေးလိုက်သည်။

လူငယ်လေး၏ မျက်လုံးထဲ စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် ပြန်ဖြေလိုက်လေသည် “နဂါးဖီးနစ် နန်းတော်ကပါ… စီနီယာ ဒီအကြောင်းကို သိပြီးသား မဟုတ်ဘူးလား”

“နဂါးဖီးနစ်နန်းတော်လား… ဟုတ်တာပဲ” ရန်ကိုင် အသက်တစ်ချက် ရှုသွင်းလိုက်လေသည်။ သူ့ကျောဘက်ရှိ နဂါးတက်တူ လှုပ်လှုပ်ရွရွ ဖြစ်နေသည့်ကို သတိပြုမိလိုက်သည့် အချိန်မှစ၍ ယခုကဲ့သို့ ခန့်မှန်းခဲ့ခြင်း ဖြစ်ပေသည်။ ယခု လူငယ်လေးဆီမှ အတည်ပြုချက် ရသွားခဲ့လေပြီ။

ရေခဲဂိုဏ်းတွင် ရှိစဉ်က ချင်းယသည် နဂါးဖီးနစ် နန်းတော်အကြောင်း သူ့အား ပြောပြခဲ့ဖူးသည်။ နာမည်သည် ကွက်တိကြီး မဟုတ်သော်လည်း ဆင်တူပေသည်။

သူနှင့် စုယန် ရရှိခဲ့သော အမွေအနှစ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သော နဂါးဖီးနစ် နန်းတော်နှင့် ဆက်စပ်နေလောက်မည်ဟု ချင်းယ ခန့်မှန်းခဲ့ဖူးသည်။ ထိုခေတ်အခါက နဂါးဖီးနစ်နန်းတော် သည် ရေခဲဂိုဏ်းနှင့် အဆင့်တူ မဟာအင်အားစုကြီး တစ်ခုဖြစ်လေသည်။ သို့သော်လည်း သူတို့၏ ပင်မ အမွေအနှစ်ကို ဆုံးရှုံးလိုက်ရပြီးနောက် ထိုဂိုဏ်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရလေ၏။

အချိန်ကာလသည် သူတို့အပေါ် ကြင်နာသနားခဲ့ခြင်း မရှိသော်ငြား နဂါးဖီးနစ်နန်းတော်သည် ယခင်လောက် အားမကောင်းတော့သည့်တိုင် ယနေ့အချိန်ထိ ကြံ့ကြံ့ခံ ဆက်လက် ရပ်တည်နေနိုင်ဆဲပင်။

နဂါးဖီးနစ်နန်းတော်နှင့် ဘဝတူ အခြား အင်အားစုများစွာလည်း တုန်းရွှမ်လောကကြီး အတွင်း၌ ရှိနေပေသေးသည်။

ထိုအချိန်ကတည်းက အားသည့်အခါကျ နဂါးဖီးနစ် နန်းတော်ဆီ တစ်ခေါက်လောက် သွားလည်ဦးမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် ရေခဲဂိုဏ်းမှ ထွက်လာပြီးသည်နှင့် မပြီးနိုင် မစီးနိုင်သော ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကြုံတွေ့နေရသည့်အတွက် နဂါးဖီးနစ်နန်းတော်သို့ ခြေဦးမလှည့်နိုင် ဖြစ်ခဲ့ရသည်။

လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို လေ့ကျင့်ရင်းဖြင့် သွားလည်ပတ်ကြည့်ဦးမည်ဟု ရည်ရွယ်ထားသော နဂါးဖီးနစ်နန်းတော်ဆီသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

ဤသည်မှာ သူတို့၏ ကံတရားဖြစ်သည်နှင့် တူပေသည်။

ဤနေရာသည် နဂါးဖီးနစ်နန်းတော်မှ သိလိုက်ရပြီးနောက် သူနှင့် စုယန် ရရှိခဲ့သော အမွေအနှစ်သည် ဤအင်အားစုမှ ဖြစ်မည်မှန်း ရန်ကိုင် ချက်ချင်းတန်းသိလိုက်သည်။

“စီနီယာ… က ဘယ်သူလဲဟင်။ နဂါတောင်ကြားရဲ့ ရှေးဟောင်းအတားအဆီးကို ဘယ်လိုဖွင့်လိုက်တာလဲ။ အခုအချိန်အထိ ရှေးဟောင်းအတားအဆီးဆိုတာ ဒဏ္ဏာရီ သက်သက်ပဲလို့ ကျုပ်တို့တွေ ထင်နေခဲ့ကြတာ”

“ငါလား” ရန်ကိုင် ခဏလောက် စဉ်းစားလိုက်ပြီး “တစ်နည်းပြောရရင် ငါက မင်းတို့ နဂါးဖီးနစ်နန်းတော်နဲ့ တစ်မျိုးတစ်ဖုံ ပက်သက်နေတဲ့လူပေါ့”

ထိုစကားကို ကြားသည်နှင့် လူငယ်လေး ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အလျင်စလို မေးလိုက်လေသည် “ဒီတော့ ကျုပ်တို့တွေက တစ်မိသားစုတည်းကပေါ့”

“တစ်မိသားစုတည်းလား။ ဟတ်၊ မင်းတွေးချင်သလိုသာ တွေးတော့”

လူငယ်လေး၏ အမူအရာ အတော်လေး ပြေလျော့သွားခဲ့ပြီး “တော်သေးလို့၊ ကျုပ်သေရတော့မယ်လို့ ထင်နေတာ”

“ငါမင်းကိုသတ်မှာကို ကြောက်နေတာလား” ရန်ကိုင်က မဲ့ပြုံးပြုံးရင် လူငယ်လေးအား ကြည့်လိုက်သည်။

လူငယ်လေးကို ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းကုတ်လိုက်ပြီး “စိတ်မဆိုးပါနဲ့ဗျာ စီနီယာရယ်။ ဒီဂျူနီယာက အရမ်း အတွေးလွန်းသွားလို့ပါ။ ဟုတ်သားပဲ။ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးရဦးမယ်။ ဒီဂျူနီယာက နဂါးဖီးနစ်နန်းတော်က တပည့်စွန်းယုပါ”

“ငါ့မျိုးရိုးနာမည်က ရန်…” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“စီနီယာရန်ကို နှုတ်ဆက်ပါတယ်” စွန်းယုက ရန်ကိုင်အား သူ့ဂိုဏ်းမှ အကြီးအကဲတစ်ယောက်ပမာ နှုတ်ဆက်လိုက်လေသည်။

စွန်းယု ထိုကဲ့သို့ တွေးသည်မှာလည်း အထူးအဆန်း မဟုတ်။ ကတယ်တော့ ရန်ကိုင်က ရှေးဟောင်း အရံအတားထဲကို ဖောက်လာနိုင်ခဲ့သူ မဟုတ်လေလော။ ထို့ကြောင့် သူသည် နဂါးဖီးနစ်နန်းတော်နှင့် တစ်နည်းနည်း ပက်ကို ပက်သက်နေရပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း သူ့ဂိုဏ်းနှင့် တစ်နည်းနည်း ပက်သက်သည်ဟု ဝန်ခံခဲ့ပေသည် မဟုတ်လော။ ထို့ကြောင့် စွန်းယု ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့ပြီး စိုးရိမ်မနေတော့ခြင်း ဖြစ်သည်။

“လာထိုင်ဦး။ ငါ့မှာ မေးစရာတွေ အများကြီးရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး စွန်းယုအား အချက်ပြလိုက်သည်။

“လွတ်လွတ်လပ်လပ်သာ ပြောပါ စီနီယာရန်။ ဒီတပည့်က စီနီယာမေးတဲ့ မေးခွန်းတွေကို အတတ်နိုင်ဆုံး ဖြေပေးသွားမှာပါ” စွန်းယုက အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။

စွန်းယုနှင့် ခဏလောက် စကားပြောပြီးနောက် နဂါးဖီးနစ်နန်းတော်အကြောင်း ရန်ကိုင် တော်တော်လေး နားလည်သွားခဲ့သည်။

ရှင်းရှင်းပြောရလျှင် နဂါးဖီးနစ်နန်းတော်သည် အားအကြောင်းကြီး မဟုတ်သလို အားအနည်းကြီးလည်း မဟုတ်ပေ။ ထိုဂိုဏ်းတွင် ချန်ကျိုးဟု ခေါ်သော သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ရှိပေသည်။ ထိုသူတော်စင်အဆင့် ပညာရှင်သည် တောင်ကြားဝတွင် ရန်ကိုင်တွေ့ခဲ့သော လူဖြစ်ပေသည်။

သူတော်စင်ပထမအဆင့် ပညာရှင်သာ ဖြစ်သော်ငြား နဂါးဖီးနစ်နန်းတော်အား လုံခြုံအောင် ကာကွယ်ပေးနိုင်ရုံ ပေးနိုင်ပေ၏။

ရန်ကိုင်တွေ့ခဲ့သော အခမ်းအနားသည် နဂါးတောင်ကြား စမ်းသပ်ချက်ဖြစ်ပြီး သုံးနှစ်တစ်ခါ ကျင်းပလေ့ရှိသည်။ စွန်းယုကဲ့သို့ နဂါးဖီးနစ်နန်းတော်မှ သေသေချာချာ ရွေးချယ်ထားသော တပည့်များနှင့် လက်အောက်ခံ အင်အားစုများ၊ မိသားစုများမှ တပည့်များသည် ထိုအခမ်းအနားတွင် ပါဝင်ဆင်နွှဲကြသည်။

ထိုလက်အောက်ခံ မိသားစုများ၊ အင်အားစုများမှ လာသော တပည့်များသည် စမ်းသပ်ချက်အား မအောင်လျှင် သူတို့နေထိုင်ရာ ဂိုဏ်းအသီးသီးသို့ ပြန်သွားရပေလိမ့်မည်။

နဂါးဖီးနစ်နန်းတော်၏ နန်းတော်သခင်တိုင်းသည် နဂါးဖီးနစ်နန်းတော်အား တစ်ဖန်ပြန်လည် ဂုဏ်ရောင် ထွန်းပြောင်အောင် လုပ်ဆောင်နိုင်သော တပည့် တစ်ယောက် ပေါ်ထွန်းလာစေလိုသော ရည်မှန်းချက်ဖြင့် ဤစမ်းသပ်ပွဲကို သုံးနှစ်တစ်ခါ ကျင်းပကြလေသည်။

ကံမကောင်းစွာဖြင့် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးသည့်တိုင်၊ နန်းတော်သခင် တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲသွားသည့်တိုင် နဂါးတောင်ကြား စမ်းသပ်ချက်ကို မည်သူမှ မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် နဂါးဖီးနန်းတော်ထဲ ဤနေရာ၌ လျှို့ဝှက် အမွေအနှစ် တစ်ခုရှိနေမည်ဟု ယုံကြည်သူ နန်းတော်သခင် တစ်ဦးတည်းသာ ရှိတော့သည့် အဖြစ်သို့ ရောက်ခဲ့ရသည်။

ရန်ကိုင် ဤနေရာသို့ မတော်တဆ ရောက်လာခဲ့သည့် အတွက်ကြောင့် နဂါးဖီးနစ်နန်းတော်အနေဖြင့် သူတို့၏ မျှော်လင့်ချက်ကို တစ်ဖန်ပြန်လည် မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

ရှင်းပြနေစဉ်မှာပဲ စွန်းယန်က သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်ပြီး အလန့်တကြား ထခုန်လိုက်ကာ “အိုး၊ ငါတော့သေပြီပဲ။ နန်းတော်သခင်နဲ့ အခြားလူတွေ အကုန်လုံး အရံအတားကို ငါဖွင့်ပြီး အမွေအနှစ်ကို ရသွားပြီလို့ ထင်နေကြတော့မှာပဲ”

“သူတို့ဘာသာ တွေးချင်သလို တွေးပါစေပေါ့၊ ဘာဖြစ်လို့လဲ” ရန်ကိုင်က ပြုံးရုံလေး ပြုံးလိုက်သည်။

“ဒါပေမယ့်… ဒါက ကျုပ်နဲ့ ဘာမှမဆိုင်ဘူးလေ။ ကျုပ်ဘာသာ လမ်းလျှောက်နေတုန်း ဘယ်ကမှန်းမသိတဲ့ အားတစ်ခု ဆွဲခေါ်ခံရလို့ ဒီနေရာကို ရောက်လာခဲ့ရတာပဲ။ မဟုတ်ဘူး၊ မဖြစ်ဘူး။ ဒီကိစ္စကို နန်းတော်သခင်ကို ပြောမှ ရမယ်”

“မင်းထွက်သွားလို့မရဘူး” ရန်ကိုင်က ခေါင်းခါရမ်းလျက် ဘေးပတ်လည်ရှိ ရွှေရောင် အရံအတားကို ကြည့်လိုက်ကာ “မင်းတင်မဟုတ်ဘူး၊ ငါလည်း ထွက်သွားလို့ မရသေးဘူး။ ဒီရွှေရောင် စွမ်းအင်တွေ အားလုံး ကုန်သွားမှပဲ ငါတို့ ဒီနေရာကနေ ထွက်လို့ ရလိမ့်မယ်”

“ဘယ်လို” စွန်းယု မျက်နှာ ဖြူလျော်သွားခဲ့ပြီး “အဲ့လိုဆိုရင်… ကျုပ်တို့ ဘာလုပ်ကြမလဲ”

“စောင့်လေ” ရန်ကိုင်က ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်လေသည်။

စီနီယာရန်၏ တည်ငြိမ်သည့် အမူအရာကို မြင်သော် စွန်းယုလည်း အရမ်းကို စိုးရိမ်မနေတော့ဘဲ ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်လေသည်။

စကားနည်းနည်း ထပ်ပြောပြီးနောက် နဂါးဧကရာဇ်၏ အမွေအနှစ်သည် နဂါးတောင်ကြားတွင် ရှိနေပြီး နဂါးဖီးနစ်နန်းတော်တွင် ဖီးနစ်အသိုက်ဟုခေါ်သော နောက်ထပ် တားမြစ်နေရာတစ်ခု ရှိနေသေးကြောင်း ကိုလည်း ရန်ကိုင် သိလိုက်ရသည်။

ဖီးနစ်အသိုက်ထဲ ဖီးနစ်ဧကရီ၏ အမွေအနှစ် ရှိနေခဲ့ပေသည်။

နဂါးတောင်ကြား၏ စမ်းသပ်ချက်ကို ကျော်ဖြတ် သွားနိုင်သူအားလုံး ဖီးနစ်ဧကရီ၏ နေရာကို ဆက်ခံရန် လက်တွဲဖော် တစ်ယောက်အား ရွေးချယ်ရပေလိမ့်မည်။

နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီ ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက နဂါးဖီးနစ်နန်းတော်၏ အားအကောင်းဆုံး ပညာရှင်နှစ်ယောက်အား ပေးခဲ့သော အမည်နာမများ ဖြစ်ကြလေသည်။

ယနေ့ခေတ်တွင် နဂါးဖီးနစ်နန်းတော်၏ ခေါင်းဆောင်သည် သူ့ကိုယ်သူ နန်းတော်သခင်ဟုသာ ခေါ်ရဲတော့သည်။

ထိုစကားကို ကြားလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဖီးနစ်အသိုက်အား အတော်လေး စိတ်ဝင်စားသွားခဲ့ရသည်။ သူ့ခန်မှန်းချက်သာ မှန်မည် ဆိုပါက ထိုနေရာသည် စုယန်အတွက် အရမ်းကိုမှ အရေးပါရပေမည်။

“နဂါးတောင်ကြား စမ်းသပ်ချက်ကို မအောင်ရင်တောင်မှ ဒီအခမ်းအနားမှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့လူအားလုံး နန်းတော်ခေါင်းဆောင်ဆီက အထူးကျင့်စဉ် တစ်ခုကို ရရှိလိမ့်မယ်။ မှန်ကန်တဲ့ မိန်းကလေး တစ်ယောက်ကိုသာ ရှာနိုင်သရွေ့ နောက်ပိုင်းကျ ဖြည်းဖြည်းချင်း လေ့ကျင့်သွားလို့ ရတယ်”

“နှစ်မွှာကျင့်စဉ်လား” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

စွန်းယု ခပ်ရှက်ရှက်ဖြင့် ခေါင်းပြန်ညိတ် ပြလိုက်သည်။

“မင်းကြိုက်တဲ့ မိန်းကလေး ရှိလို့လား”

စွန်းယု အလျင်စလို ခေါင်းခါရမ်းလိုက်ပြီး မျက်နှာ နီနီဖြင့် “ဒါပေမယ့် ဂိုဏ်းထဲမှာ မိန်းမလှလေးတွေ အများကြီးပဲ… သူတို့တွေထဲက ကြိုက်တဲ့ လူတစ်ယောက်ကို ကျုပ်တို့ ရွေးလို့ရတယ်။ ဒါပေမယ့် တစ်ကြိမ် ရွေးလိုက်တာနဲ့ တစ်ဘဝလုံးစာ ပြီးပြီပဲ”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားလေပြီ။ သာမန် မဟုတ်သည့် နှစ်မွှာကျင့်စဉ်ကို ကျင့်ကြံဖူးသူများသာ တစ်ဘဝလုံးစာ ဆိုသော အဓိပ္ပါယ်ကို နားလည် ပေလိမ့်မည်။ စွန်းယု ပြောလိုက်သော စကားများသည် သူ့နားထဲ ပဲ့တင်ထပ်နေသည့်အလား ရန်ကိုင့် အကြည့်လည်း အတော့်ကိုမှ ပျော့ပျောင်းသွားရလေသည်။

All Chapters