အခန်း (၈၄၁-၈၄၅)
Vol. 34 Ch. 841-845
အပိုင်း (၈၄၁)
တိုက်ပွဲပြီးသွားသည့်နောက်ပိုင်း နဂါးဖီးနစ် နန်းတော်သည် ထူးထူးခြားခြားကိုမှ စည်းကား အသက်ဝင်လာခဲ့သည်။
အေးစိမ့်ရေမရဏဂိုဏ်းသည် နဂါးဖီးနစ်နန်းတော်ကို ကျူးကျော်လာခဲ့သော်ငြား ဖွတ်မရ ဓါးမဆုံးသည့် အဖြစ်နှင့်ကြုံတွေ့ခဲ့ရသည်။ ဦးဆောင်လာသော သူတော်စင်အဆင့် ပညာရှင်နှစ်ယောက်အနက် တစ်ယောက်သည် နဂါးဧကရာဇ်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ကျန်းတစ်ယောက်သည် လက်တစ်ဖက် ပြတ်ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ရသည်။
ချန်ကျိုနှင့် အခြားအကြီးအကဲများ စုံစုံညီညီနှင့် ပြန်လာကြသောအခါ အကုန်လုံး ပျော်ရွှင်ခဲ့ရလေသည်။
ယခုလောက် ပျော်ရွှင်ရသည့် အခိုက်အတန်းမျိုး နဂါးဖီးနစ်နန်းတော် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
အေးစိမ်းရေမရဏဂိုဏ်းသည် သူတို့ဂိုဏ်းထက် ပို၍ အားကောင်းသည့် အတွက်ကြောင့် မတော်တဆ တစ်ခုခု ဖြစ်၍ ဂိုဏ်းသားများကြား ပဋိပက္ခဖြစ်ကြသည့်အခါ နဂါးဖီးနစ်ဂိုဏ်းမှာ ကျင့်ကြံသူများအနေဖြင့် သူတို့၏ ဒေါသကို အမြဲတမ်း မြိုသိပ်ထားခဲ့ရသည်။ လွန်ခဲ့သော နှစ်များအတွင်း နဂါးဖီးနစ်နန်းတော်သားများသည် အေးစိမ့်ရေမရဏဂိုဏ်းသားများရှေ့ ခေါင်းပင် မဖော်ရဲသည်အထိ ဖြစ်ခဲ့ရ၏။
ထို့ကြောင့် နဂါးဖီးနစ်နန်းတော်သားတိုင်း အေစိမ့်ရေ မရဏဂိုဏ်းသားများအား အရမ်းကိုမှ မုန်းတီးသည်ဟု ဆိုလျှင်ပင် မမှားနိုင်ရာ။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ရန်သူသည် အင်အားအလုံးအရင်းဖြင့် သူတို့ဂိုဏ်းကို ကျူးကျော် လာသဖြင့် ယနေ့သည် နဂါးဖီးနစ်နန်းတော်၏ နောက်ဆုံး နေ့ရက်ဟု အားလုံး တွေးမိခဲ့ကြသည်။
သို့သော်လည်း နောက်ဆုံးရလဒ်မှာမူကား အားလုံး အတွက် အံ့အားသင့်စရာကြီးတစ်ခု ဖြစ်နေခဲ့လေ၏။
တိုက်ပွဲမှာ ပြန်လာသော ကျင့်ကြံသူများ၏ ပြောပြချက်ကြောင့် တိုက်ပွဲအား မမျှော်လင့်ဘဲ အနိုင်ရလိုက်ခြင်းသည် နဂါးဧကရာဇ်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့်မှန်း နန်းတော်ထဲတွင် ကျန်ရစ်ခဲ့သူများ သိလိုက်ရလေသည်။
ထို့ပြင် နဂါးဧကရာဇ်သည် အခြားလူမဟုတ်၊ လွန်ခဲ့သော နှစ်နှစ်အတွင်း လူပြောများခဲ့သည် လူငယ်လေး စွန်းယုသာ ဖြစ်ပေသည်။
ရွှေနဂါး ကောင်းကင်ပေါ်သို့ ပျံဝဲတက်ပြီး တုနှိုင်းမရသော ကြီးမြတ်မှုအား ထုတ်ဖော်ပြသသည့် မြင်ကွင်းကို တိုက်ပွဲတွင် ပါဝင်ခဲ့သူအားလုံး မြင်တွေ့ခဲ့ရသည်။
“ငါတို့ဂိုဏ်း နောက်တစ်ကြိမ် ပြန်ပြီး ဦးမော့လာနိုင်တော့မယ်ကွ။ အရှင်နဂါးဧကရာဇ်က အင်မော်တယ်တက်လှမ်းခြင်း အဆင့်လေးနဲ့ သူတော်စင် အဆင့်တစ်ယောက်ကို သတ်နိုင်နေရင် သူသာ သူတော်စင် အဆင့် ဖြစ်လာရင်တော့ တတိယအဆင့် သူတော်စင် တွေနဲ့တောင် ယှဉ်နိုင်မလား မသိဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အရှင်နဂါးဧကရာဇ် ယန်ကျီနဲ့ တိုက်ခိုက်နေတုန်းက သူကိုယ်တိုင် လှုပ်ရှားခဲ့တာ မဟုတ်ဘူး၊ ဒီအတိုင်းလေးပဲ ရပ်နေခဲ့တာ။ ပြီးတော့ နိုင်မယ်ဆိုတာကို အတပ်သိနေတဲ့ ပုံစံနဲ့ကွာ။ သောက်ရမ်းလန်းတယ်”
“နဂါးဧကရာဇ်က အားကုန်သုံးပြီးတော့တောင် မတိုက်ဘူးလို့ မင်းပြောချင်တာလား”
“ဟုတ်တယ်။ နဂါးဧကရာဇ်သာ အားကုန်ထုတ် တိုက်ရင် ပိုက်ကျင်းချူ ဆိုတဲ့ကောင် ဘယ်ပြေးလို့ လွတ်မလဲကွာ”
“ကြမ်းလိုက်တာ။ နဂါးဧကရာဇ်ရဲ့ အမွေအနှစ်က အရမ်း အံ့ဩဖို့ကောင်းတာပဲ။ ပြီးတော့ ငါကြားထားတာ ရှိသေးတယ်။ အရှင်နဂါးဧကရာဇ် တောင်ကြားထဲ ဝင်သွားတုန်းက အစစ်အမှန်ဒြပ်စင်အဆင့်(၇)ပဲ ရှိသေးတာတဲ့။ အခု(၂)နှစ်လေးပဲ ကြာသေးတယ်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့်(၇)ကို ရောက်နေပြီ။ အမြန်နှုန်းကြီးက လန့်စရာကြီး”
“ငါက အရှင်နဂါးဧကရာဇ်နဲ့ အတူကြီးပြင်း လာဖူးတာကွ… ငယ်ငယ်တည်းက သူက သာမန် လူတစ်ယောက်မဟုတ်မှန်း ငါသိပြီးသား။ အခုတော့ ငါ့ခန်းမှန်းချက် မှန်နေတဲ့ပုံပဲ၊ ဟားဟားဟားဟား”
“တကယ်ကြီးလား၊ အရှင်နဂါးဧကရာဇ်အကြောင်း သိထားရင် ငါတို့ကို နည်းနည်းပါးပါး ပြန်မျှပါဦးကွ”
“ပြန်မျှရဖို့လား… သတင်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မင်းတို့အတွက် အသုံးမဝင်ဘူး”
“ငါတို့အတွက် အသုံးမဝင်ဘူးလား။ ဒါဆိုရင် ဘယ်သူ့အတွက် အသုံးဝင်မှာလဲ”
“လက်တွဲဖော် မရွေးရသေးတဲ့ ဂိုဏ်းထဲက မိန်းကလေးတွေအတွက်ပေါ့ကွ… အခုငါကျိန်းသေ ပြောနိုင်တာ တစ်ချက်ရှိတယ်။ အရှင်နဂါးဧကရာဇ်မှာ လက်တွဲဖော်တစ်ယောက် လုံးဝ မရှိသေးဘူး”
“ဒါက… မိန်းကလေးတစ်ယောက်သာ သူ့နှစ်သက်အောင် လုပ်နိုင်ခဲ့ရင် ကောင်းကင်ပေါ် ပျံတက်ပြီး ဖီးနစ်တစ်ကောင် ဖြစ်လာနိုင်တော့မှာပေါ့”
“အင်း၊ ဟုတ်တယ်… ဒီရက်ပိုင်း စီနီယာအစ်မတွေ၊ ဂျူနီယာညီမတွေ နဂါးဧကရာဇ်နေတဲ့ နေတဲ့နေရာဆီ သွားတာနဲ့ပဲ အလုပ်ရှုပ်နေကြတာကို မင်းတို့ သတိမပြုမိဘူးလား။ နန်းတော်သခင်က သူ့ကို အခြားနန်းတော်တစ်ခုမှာ ထားထားပေလို့ပေါ့။ မဟုတ်ရင် အရှင်နဂါးဧကရာဇ် ခဏလေးတောင် နားရမှာ မဟုတ်ဘူး”
“……”
နဂါးဖီးနစ်နန်းတော်ထဲ ကောလဟာဟ၊ အတင်းအဖျင်း မျိုးစုံ ထွက်နေခဲ့ကြသည်။ လူငယ် တပည့်များဆိုလျှင်လည်း အုပ်ဖွဲ့၍ စွန်းယုအကြောင်း မမောနိုင်မပန်းနိုင် ပြောဆိုနေခဲ့ကြသည်။
ထုန်းရွှမ်လောကကြီးတစ်ခွင် မသိသူမရှိရအောင် ကျော်ကြားလှသော နဂါးဧကရာဇ်သည် နဂါးဖီးနစ် နန်းတော်မှ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်အခါက နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီကြောင့် နဂါးဖီးနစ်နန်းတော်သည် ထုန်းရွှမ်လောကကြီးအတွင်း ပြိုင်ဘက်ကင်း ဖြစ်ခဲ့ရသည်။
သို့သော်လည်း နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့ မရှိတော့သည့်နောက်ပိုင်း နဂါးဖီးနစ်နန်းတော်သည် တဖြည်းဖြည်း အင်အား ယုတ်လျော့လာခဲ့ရလေသည်။
သို့သော်လည်း ယနေ့တွင် နဂါးဧကရာဇ် အမွေအနှစ် တစ်ဖန်ပြန်ပေါ်လာပြီ ဖြစ်လေရာ ဖီးနစ်ဧကရီ၏ အမွေအနှစ်လည်း အချိန်တိုအတွင်း ပြန်ပေါ်လာလိမ့်မည်ဟု အကုန်လုံး ယုံကြည်နေကြသည်။
တကယ်တော့ ယခုကိစ္စသည် အရှင်နဂါးဧကရာဇ် အပေါ်တွင်လည်း မူတည်နေသေးပေသည်။ သူ့အတွက်မူ တစ်ဘဝလုံး လက်တွဲသွားရမည့် ကြင်သူဇနီးကို ရွေးချယ်ခြင်းပင် မဟုတ်လေလော။
တိုက်ပွဲနောက်ဆက်ကြောင့် နန်းတော်သခင်မှာ မအားလပ်နိုင်အောင် အလုပ်များနေခဲ့သည်။ အကြီးအကဲ လင်းကျန်းမှာမူ ထူးချွန်သော တပည့်တစ်ယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့သည့်အတွက် အကြီးအကဲချုပ် အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။ ယခု သူ့အဆင့်အတန်းသည် ချန်ကျို့ တစ်ယောက်အောက်သာ နိမ့်ကျတော့ပေသည်။
ဖီးနစ်နန်းတော်၏ အလယ်တွင် အကောင်းဆုံးသော အဆင်တန်ဆာများဖြင့် ဆင်ယင်တည်ဆောက်ထားသည့် ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခု ရှိနေခဲ့သည်။
နန်းတော်ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်များကြောင်လည်း ဤနေရာရှိ မိုးမြေစွမ်းအင်သည် အရမ်းကိုမှ သိပ်သည်းနေလေ၏။
ထိုနန်းတော်သည် ယခင်က နန်းတော်သခင် နေခဲ့သော နေရာဖြစ်သော်ငြား ယခုမူ စွန်းယု၏ အိမ်အသစ် ဖြစ်နေခဲ့လေပြီ။
နဂါးဖီးနစ်နန်းတော်မှ ပညာရှင်များစွာသည် သူတို့၏ အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားလျက် နန်းတော် အပြင်ဘက်တွင် ပုန်းအောင်းရင်း နန်းတော် အနီးသို့ ချဉ်းကပ်လာသူအားလုံးကို သေသေချာချာ စောင့်ကြည့်နေခဲ့ကြသည်။
အရှင်နဂါးဧကရာဇ်သည် မယုံကြည်နိုင်စရာ စွမ်းအားကို ပြသခဲ့သော်ငြား သူသည် (၁၆)နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်နေဆဲ။ ထို့ကြောင့် ချန်ကျို့မှာ စွန်းယု၏ လုံခြုံရေးကို စိတ်မပူဘဲ မနေနိုင်ချေ။ စွန်းယု မတော်တဆ တစ်ခုခု ဖြစ်မည်စိုး၍ သူနေရာထိုင်ရာ နန်းတော်ပတ်လည်၍ အစောင့်အကြပ်များ ချထားခြင်း ဖြစ်ပေသည်။
နန်းတော်မှ မီတာအနည်းငယ် အကွာ၌ ပွစိပွစိဖြင့် ဆူညံနေကြသော မိန်းမငယ်လေးတစ်သိုက် ရှိနေခဲ့သည်။
မိန်းကလေး တစ်ယောက်ချင်းစီးတိုင်းသည် မွေးရာပါ လှပကြသူများ ဖြစ်ကြပြီး နဂါးဖီးနစ်နန်းတော်၏ မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးခြင်း ခံရသူများလည်း ဖြစ်ပေသည်။
မိန်းမငယ်လေး တစ်ယောက်ချင်းစီတိုင်းသည် အလှကိုယ်စီဖြင့် လှပနေခဲ့ကြလေရာ ပုရိသ ယောကျာ်းသားများအတွက် တကယ်ကို ရင်ဖို မျက်စိဖမ်းစားစရာ မြင်ကွင်းတစ်ခုပင်တည်း။
စွန်းယုသည် နန်းတော် ပြတင်းပေါက်ဘောင် ဘေးတွင်ရပ်လျက် ပါးလျလျ၊ ဟိုပေါ်ဒီပေါ် အဝတ်အစားများကို ဝတ်ဆင်ထား၍ သူ့အား ကလူမြူဆွယ်လိုသော အကြည့်ဖြင့် သူ့နှလုံးသားကို ဖမ်းစားရန် ကြိုးစားနေကြသော သူ့စီနီယာအစ်မများကို ကြည့်နေခဲ့သည်။
ယစ်မူးဖွယ် အလှပန်းလေးများကို ကြည့်ရင်း စွန်းယု နှလုံးခုန်သံ မြန်လာခဲ့ရလေပြီ။ မျက်နှာဆိုလျှင်လည်း ရှက်ရွံ့မှုကြောင့် နီးမြန်းနေခဲ့ရ၏။ အကြည့်လွှဲဖယ် လိုက်ချင်သော်ငြား စိတ်သွားတိုင်း ကိုယ်ကမပါခဲ့။
ခဏလောက် စိုက်ကြည့်နေပြီးနောက် စိတ်ကို ချုပ်တည်း၍ အတင်း မျက်လုံးပိတ်ချလိုက်ရသည်။
“လူငယ်ပဲလေ၊ အခုလိုဖြစ်တာ ဘာထူးဆန်းလို့လဲ။ လိုချင်တယ်ဆိုရင် ပြောလိုက်ပေါ့၊ နန်းတော်သခင်က မင်းရှေ့ အရောက်ပို့ပေးမှာ။ နန်းတော်သခင်က မင်းမကြိုက်မှာကိုတောင် စိုးရိမ်နေလောက်တာ” ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။
စွန်းယု ကြောင်သွားပြီးနောက် ရှက်ရွံ့သွားခဲ့ကာ “စီနီယာ နောက်နေတာပဲ။ ကျုပ်မှာ အဲ့လို အတွေးမျိုး မရှိပါဘူးဗျာ”
“ဒါဆိုရင် မင်းဘာတွေ တွေးနေတာလဲ” ရန်ကိုင်က စနောက်လိုသည့် အမူအရာဖြင့် ပြန်မေးလိုက်သည်။
ခဏလောက် သေသေချာချာ စဉ်းစားပြီးနောက် “ဒီနေ့ ဒီစွန်း အခုလို နေနေရတာက စီနီယာရန်ရဲ့ ကျေးဇူးကြောင့်ပဲ။ ကျုပ်မှာ ကိုယ်ပိုင် အရည်အချင်းမှ မရှိတာ။ စီနီယာက လူလုံးမပြချင်တာကြောင့်သာ မဟုတ်ရင် အခုကိစ္စအားလုံးကို နန်းတော်သခင်ဆီ ကျုပ်ချက်ချင်း တင်ပြလိုက်ပြီ။ အဲ့စီနီယာအစ်မတွေ၊ ဂျူနီယာညီမလေးတွေ အကုန်လုံးက ကျုပ်အပေါ် မျှော်လင့်ချက် ကြီးကြီးထားပြီး ရောက်လာခဲ့ကြတာ။ ကျုပ်သာ သူတို့ထင်တဲ့အတိုင်း ဖြစ်မနေခဲ့ရင် နောက်ပိုင်းကျ သူတို့ လုံးဝကို စိတ်ပျက်သွားလိမ့်မယ်။ အခုလောလောဆယ် ကျုပ်ကိုယ်ကျုပ် သန်မာအောင် လုပ်ဖို့လိုတယ်။ လုံလောက်အောင် သန်မာမှာပဲ ကျုပ်လက်တွဲဖော် ဖြစ်ရလို့ ဘယ်သူမှ စိတ်ပျက် မသွားကြမှာ။ ဒါကြောင့် ဒီကိစ္စကို ကျုပ်သေချာစဉ်းစားဖို့ လိုအပ်တယ်…”
ထိုနားရောက်သည်နှင့် စွန်းယုက ကိုးယိုးကားယား အမူအရာဖြင့် ပြောလိုက်လေသည် “ပြီးတော့ ကျုပ်က ငယ်ငယ်လေးပဲ ရှိသေးတာလေ… ဆရာကပြောတယ်။ ကျုပ်လို အရွယ်မရောက်သေးတဲ့ လူတစ်ယောက်က ဒီအကြောင်းတွေချည်းပဲ အမြဲတွေးနေတာ မကောင်းဘူးတဲ့”
“ဟား ဟား ဟား ဟား” ရန်ကိုင်က သည်းလှိုင်အူလှိုက် ရယ်မောလိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်ကာ “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ မင်းပိုသန်မာလာအောင် ကြိုးစားပေါ့။ ဒါမှ မင်းလက်တွဲဖော် ရွေးပြီးတဲ့အခါ မင်းချစ်ရတဲ့သူကို ကာကွယ်ပေးနိုင်တဲ့ ခွန်အားရှိမှာ”
“ဟုတ်တယ်။ စီနီယာပြောတာ အမှန်ပဲ” စွန်းယုက ခေါင်းညိတ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် မေးလိုက်လေသည် “စီနီယာဒဏ်ရာ ပြန်ကောင်သွားပြီလား”
“ကောင်းခါနီးနေပြီ” ရန်ကိုင်က ပြန်ပြောလိုက်သည်။ သူ့ဒဏ်ရာကို ကုသနေခဲ့သည်မှာ ရက်အတော် ကြာနေခဲ့လေပြီ။ မည်သို့ပင် ဖြစ်စေကာမူ ယင်ကျီသည် အစစ်အမှန် သူတော်စင်တစ်ယောက် ဖြစ်သည်။ သူတော်စင်တစ်ယောက် လက်ချက်ကြောင့် ရလိုက်သော ဒဏ်ရာသည် အချိန်တိုအတွင်း ပြန်လည်း ပျောက်ကင်း နိုင်မည်မဟုတ်။ အထူးသဖြင့် အံ့ဩလောက်ဖွယ် အဖျက်စွမ်းအင်တို့ ပါဝင်နေသော သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကြီးပင်။ ထိုဒဏ်ရာမှ အအေးဓါတ်ကို ဖယ်ရှားရန် အချိန်တော်တော်လေး ယူခဲ့ရသည်။ ပြီးမှသာ သူ့ဒဏ်ရာကို စတင်ကုသနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရန်ကိုင် မည်ကဲ့သို့ ဒဏ်ရာရသွားမှန်း ယခုထိတိုင် စွန်းယု နားမလည်သေး။ သူ့မြင်သလောက်အရဆိုလျှင် ရန်ကိုင်သည် တိုက်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်း မရှိခဲ့ချေ။
ယန်ကျီနှင့် တိုက်ခိုက်ခဲ့သော ရွှေနဂါးသည် ရန်ကိုင်ကိုယ်တိုင် ဖြစ်နေသည်ဆိုသော အချက်ကိုမူ စွန်းယု မသိခဲ့။
နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးနောက် ရန်ကိုင်သည် ရွှေနဂါးတက်တူးထဲရှိ စွမ်းအင်များကို အသုံးပြု၍ နဂါးအသွင်သို့ ပြောင်းလဲလာနိုင်ခဲ့သည်။
ထိုအရာသည် ချီအသွင်ပြောင်းလဲခြင်း ပုံစံတစ်မျိုး ဖြစ်သော်ငြား ၎င်းသည် အသွေးအသားကို ပိုင်ဆိုင် ထားသော အစစ်အမှန် သားရဲတစ်ကောင်နှင့်မခြား၊ အရမ်းကို အစစ်အမှန် ဆန်လွန်းနေခဲ့သည်။
ထိုနည်းလမ်းအား ပထမဆုံးအကြိမ် စအသုံးပြုခြင်း ဖြစ်ရာ သုံးသုံးချင်း သူ့ကိုယ်သူ အရမ်းကြီးမိသွားခဲ့သည်။ ထို့ကြောင့် ထိုခန္ဓာကိုယ်ကြီးနှင့် နေသားမကျဖြစ်ကာ ခွန်အားအပြည့်ကို ထုတ်သုံးနိုင်ခြင်း မရှိတော့ဘဲ အစပိုင်း တိုက်ပွဲ၌ အတော်လေး အထိနာခဲ့ရလေသည်။
သို့သော် နောက်တစ်ကြိမ် ထပ်မံ အသုံးပြုမည်ဆိုပါ ပထမတစ်ကြိမ်ထက် ပိုမိုကောင်းမွန်းသော စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ပေလိမ့်မည်။
ရွှေနဂါးအသွင်သို့ ပြောင်းလဲပြီးနောက် သူ့ခွန်အား သိသိသာသာကို မြင့်တက်သွားခဲ့ရသည်။
ထို့ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် သူတော်စင် တစ်ယောက်ကို သတ်ချင်ပါက မိစ္ဆာအသွင်ပြောင်းလဲခြင်း ကိုအသုံးပြုရန် လိုပေလိမ့်မည်။
မသေမျိုးတတိယအဆင့်သည် သူတော်စင် ပထမအဆင့်နှင့် အဆင့်တစ်ဆင့်သာ ခြားသော်လည်း မသေမျိုးအဆင့်သည် မသေမျိုးအဆင့်သာ ဖြစ်သည်… သူတော်စင်အဆင့် မဟုတ်။
ယန်ကျီနှင့် တိုက်ပွဲမှ သူ့လက်ရှိကျင့်ကြံခြင်းဖြင့် အနည်းဆုံး သူတော်စင် ပထမအဆင့်များကို သတ်ရန်မှာ ပြဿနာတစ်ခု မဟုတ်ကြောင်း ရန်ကိုင် နားလည်လိုက်ရဿည်။
သူတော်စင် ဒုတိယအဆင့်များမှာမူ အတော့်ကိုမှ ရှားပါးကြသလို ရင်ဆိုင်တိုက်ခိုက်ဖူးခြင်းလည်း မရှိသဖြင့် ထိုကိစ္စနှင့် ပက်သက်၍ သူမဆုံးဖြတ်တတ်သေး။
“စီနီယာ…” စွန်းယုက ရုတ်တရက် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည် “အခု ကျုပ်ဘာလုပ်ရမလဲ ဟင်။ နန်းတော်သခင်နဲ့ အားလုံးက ကျုပ်ကို နဂါးဧကရာဇ်လို့ ထင်နေကြပြီ”
“သူတို့ဘာသာ ထင်ချင်ထင်ပါစေပေါ့… ဘာဖြစ်လဲ။ ဒီပုံစံအတိုင်းဆို မင်းက အမြတ်တောင် ရဦးမှာကို။ မင်းလက်ရှိ အရည်အချင်းနဲ့ဆိုရင် အားကောင်းလာဖို့က အရမ်းကြီး မကြာပါဘူး။ မဟုတ်ဘူးလား”
“ဒါက… နန်းတော်သခင်နဲ့ ဆရာသခင်ကို ညှာထားရတာ သိပ်ပြီး မနေတတ်ဘူး”
“အများကြီး တွေးမနေနဲ့” ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်ပြီး “အချိန်ကျလာရင် ငါကိုယ်တိုင် ရှင်းပြလိုက်မယ်။ အခုလောလောဆယ်တော့ ကိုယ့်ဘာသာ ကြိုးကြိုးစားစား ကျင့်ကြံနေဦး”
“ဟုတ်ကဲ့” ယခုမှပဲ စွန်းယု အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ နဂါးဧကရာဇ်သာ ကိုယ်တိုင်ကိုယ်ကျ ရှင်းပြလိုက်မည်ဆိုပါက နန်းတော်သခင်နှင့် သူ့ဆရာလည်း သူ့အား အပြစ်မတင်လောက်ပေ။
“ငါခန့်မှန်းတာသာ မမှားရင် အနှေးနဲ့အမြန် နန်းတော်သခင်က မင်းကို ဖီးနစ်ဧကရီ ရာထူးအတွက် မိန်းကလေးတစ်ယောက် စရွေးခိုင်းလိမ့်မယ်”
နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီ ပြန်လည် ထွက်ပေါ်လာနိုင်ရေးသည် နန်းတော်သခင်ချန်ကျို့ အဖြစ်စေချင်ဆုံးသော ဆန္ဒဖြစ်သလို နဂါးဖီးနစ်နန်းတော် ဘိုးဘေးများ၏ ဆန္ဒလည်း ဖြစ်ပေသည်။ ယခု နဂါးဧကရာဇ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ ချန်ကျို့ အနေဖြင့် ဖီးနစ်ဧကရီကိုလည်း အမြန်ပေါ်လာစေချင်ပေလိမ့်မည်။
နဂါးနှင့်ဖီးနစ် ထွက်ပေါ်လာမှသာ နဂါးဖီးနစ်နန်းတော် လုံးဝ ပြည့်စုံသွားပြီဟု ဆိုနိုင်ပေလိမ့်မည်။
မိန်းမငယ်လေးများ ဤနေရာသို့ လာသည်အား ချန်ကျို့ မတားသည်ကို ကြည့်လျှင် ထိုအချက်ကို သိနိုင်၏။
ရန်ကိုင် ပြောသည်ကို နားထောင်ပြီး စွန်းယု ထပ်မံ စိတ်ပူလာခဲ့ရပြန်လေသည် “ကျုပ်ဘာလုပ်သင့်လဲ”
ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “အကုန်လုံးကို ငြင်းပစ်လိုက်။ မင်းက နဂါးဧကရာဇ် ဖြစ်နေပြီ။ မင်းရဲ့ ဆုံးဖြတ်ချက်ကို ချန်ကျို့ ငြင်းဆန်ရဲမှာ မဟုတ်ဘူး။ အခုလောလောဆယ် ကျင့်ပဲ ကျင့်ကြံချင် သေးတယ်လို့သာ သူ့ကိုပြောလိုက်”
“အကြံကောင်းပဲ” စွန်းယု ခေါင်းညိတ်လိုက်လေသည်။ သူသာ နှစ်နည်းနည်းလောက် တံခါးပိတ်ကျင့်စဉ်ဝင်လိုက်ပါက သူပြန်ထွက်လာသည့် တစ်နေ့ လုံလုံလောက်လောက် အားကောင်းနေပေ လိမ့်မည်။
“မင်းတို့ ဖီးနစ်အသိုက်ကို ငါသွားကြည့်ရဦးမယ်။ ငါ့ကို လမ်းပြပေးဦး” ရန်ကိုင်က ပြောလိုက်လေသည်။
“ကောင်းပါပြီ… ဒါပေမယ့် နန်းတော်သခင်က ကျုပ်ကို တစ်ယောက်တည်း သွားခွင့်ပေးမှာ မဟတု်ဘူး”
“ကိစ္စမရှိဘူး။ သူတို့ ငါ့ကို ရှာလို့တွေ့မှာမှ မဟုတ်တာ” ရန်ကိုင်က ပြုံးလိုက်သည်။
စွန်းယုလည်း ဘာမှထပ်မပြောတော့ဘဲ သွားရန် ချက်ချင်း ထပြင်ဆင်တော့လေသည်။
1Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၂) ဖီးနစ်ရေကန်
ဖီးနစ်အသိုက်သည် နဂါးတောင်ကြားနှင့် မလှမ်းမကမ်း နေရာတွင်တည်ရှိပြီး ဖီးနစ်အသိုက် မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကို သူအရမ်းသိချင်နေမိသည်။ သို့သော် ဖီးနစ်အသိုက်ဆိုသည်မှာ တောအုပ် တစ်ခုသာ ဖြစ်ကြောင်း မကြာခင်မှာပဲ သိလိုက်ရလေသည်။
ကောင်းကင်ပေါ်မှ ငုံ့ကြည်မည်ဆိုပါက ဖီးနစ်အသိုက်သည် ဖီးနစ်ငှက်တစ်ကောင် ပျံသန်းသည့် ပုံစံပေါက်နေသည်ကို တွေ့မြင်နိုင်ပေသည်။
ဖီးနစ်တောအုပ်တွင် သစ်ပင်တစ်မျိုးတည်းသာ ရှိပြီး ထိုသစ်ပင်များသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် မိုးယံထိမြင့်မားအောင် ကြီးထွားနေခဲ့လေပြီ။
ဖီးနစ်အသိုက်သည် နဂါးတောင်ကြားနှင့် မတူပေ။ နဂါးတောင်ကြားကို နဂါးဧကရာဇ်သာ သွားခွင့်ရှိပြီး အခြားလူတစ်ယောက်က ဝင်ရန်ကြိုးစားပါက မမြင်နိုင်သော အားတစ်ရပ်၏ တွန်းထုတ်ခြင်း ခံရပေလိမ့်မည်။
ဖီးနစ်အသိုက်မူကား နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် လက္ခဏာရပ်များ မပြသခဲ့။ မသိလျှင် သာမန်တောအုပ်တစ်ခုနှင့် ဘာမှမကွဲပြား။ ဤနေရာသို့လာပြီး ကောင်လေးနှင့်ကောင်မလေး အချင်းချင်း ချိန့်တွေ့ကြသည်မှာလည်း မနည်းမနော။
သို့သော် နဂါးဧကရာဇ် ပြန်လည် ထွက်ပေါ်လာပြီးနောက် ချန်ကျို့သည် ဖီးနစ်အသိုက်အား တားမြစ်နေရာတစ်ခုဖြစ် သတ်မှတ်လိုက်လေသည်။
ဖီးနစ်အသိုက်သို့ သူသွားချင်ကြောင်း စွန်းယု ချန်ကျို့အား သွားပြောသည့်အခါ နန်းတော်သခင်မှာ စွန်းယု ဖီးနစ်ဧကရီရာထူးအတွက် ပြင်ဆင်နေပြီဟု အထင်မှားကာ အရမ်းကိုမှ ပျော်ရွှင်သွားခဲ့လေသည်။ သို့နှင့် ချက်ချင်းပဲ ပညာရှင်များစွာကို စွန်းယုအား လိုက်ပါစောင့်ရှောက်ပေးရန် ထည့်ပေးလိုက်လေသည်။
တောအုပ်အစွန်ဖျားသို့ ရောက်သည်နှင့် စွန်းယုသည် မသေမျိုးအဆင့် အစောင့်အကြပ်များကို အပြင်ဘက်တွင် ရပ်စောင့်ခိုင်း၍ ဖီးနစ်အသိုက်ထဲသို့ သူတစ်ယောက်တည်း ဝင်သွားလေသည်။
လက်ရှိအချိန်၌ စွန်းယု၏ အဆင့်အတန်းသည် အရမ်းကိုမှ မြင့်မားနေခဲ့လေပြီ။ ထို့ကြောင့် ထိုမသေမျိုး အဆင့် ပညာရှင်များမှာ သူ့အမိန့်ကို မလွန်ဆန်ရဲကြပေ။ ယန်ကျီ သေဆုံးသွားသည့်ကို မြင်ကွင်းကို မြင်တွေ့လိုက်ရသူတိုင်း နဂါးဧကရာဇ် မည်ကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်ထားမှန်း ကောင်းကောင်းသိကြကာ သူ့လုံခြုံရေးကို စိုးရိမ်ခြင်း မရှိကြပေ။
တောအုပ်ထဲသို့ ဝင်ပြီးမကြာခင်မှာပဲ စွန်းယုဘေး၌ ရန်ကိုင် ထွက်ပေါ်လာခဲ့လေသည်။
“ဒါက ဖီးနစ်အသိုက်လား” ရန်ကိုင်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။
“အင်း” စွန်းယုက ခေါင်းပြန်ညိတ်ပြလိုက်ပြီး ဖီးနစ်အသိုက်အကြောင်း အသေးစိတ် ရှင်းပြလိုက်တော့လေသည်။
ရန်ကိုင်လည်း စွန်းယုပြောသမျှ တစ်လုံးတစ်လေမှ လွတ်မသွားရအောင် အသေအချာ နားစိုက် ထောင်နေခဲ့သည်။
ဖီးနစ်အသိုက်သို့ ရောက်သည်နှင့် တစ်ခုခုသည် သူ့အား ခေါ်နေသည့်အလား… သူ့ကျောက်ဘက်ရှိ နဂါးတက်တူးသည် ယခင်ထက် ပို၍ သွက်လက်လာကာ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့လေသည်။
တောအုပ်တွင်း ခဏလောက် လမ်းလျှောက် နေပြီးသည့်နောက် တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ပြီး ရေကန်ငယ်တစ်ကန်ရှေ့သို့ ရောက်ရှိလာခဲ့၏။
ရေကန်သည် ကြည်လင်ရှင်းသန့်နေသော်ငြား ကန်အနက်ပိုင်းကိုမူ ထိုးဖောက်မမြင်နိုင်ပေ။ အောက်ခြေဆိုလျှင် ပြောနေစရာမလိုတော့။ ရေကန်အား ထူးဆန်ပြီး ဆန်းကြယ်သော စွမ်းအားတစ်ရပ်က ဖုံးလွှမ်းထားသည့်ပုံပင်… ကန်စပ်တွင် ရပ်နေရင်း ရန်ကိုင် မျက်ခုံးပင့်မိလိုက်သည်။
ကန်ရေပြင်ထဲ ဝေဝါးဝါး ဖီးနစ်ပုံရိပ်တစ်ခုကို သူမြင်တွေ့လိုက်ရလေသည်။ ထိုပုံရိပ်သည် အစစ်အမှန် ဆန်သလို တစ်ချိန်တည်းတွင်လည်း ပုံရိပ်ယောင် ဆန်ပေ၏။
“ဒါက ဖီးနစ်ရေကန်ပဲ။ ရေကန်ထဲမှာ ဖီးနစ်ပုံရိပ် ထင်နေလို့ပဲ ကန်ကို ဒီနာမည်ကို ပေးခဲ့တာ။ အရင်တုန်းက လူတော်တော်များများ ကန်ထဲဆင်းပြီး စူးစမ်း ကြည့်ဖူးတယ်။ ဒါပေမယ့် ဘာထူးခြားတာကိုမှ ရှာမတွေ့ခဲ့ကြဘူး” စွန်းယုက ရှင်းပြလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်၏။
အချို့သော ထူးခြားဆန်းကြယ်သည့် နေရာများသည် ထိုနေရာနှင့် သက်ဆိုင်သည့် လူရောက်လာမှသာလျှင် တုန့်ပြန်တတ်ကြသည်။ ထိုလူမှလွဲ၍ အခြားမည်သူပင် ရောက်လာပါစေ ဘာကိုမှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။
ကန်စပ်တွင် ရပ်နေသည့်အခါ သူ့ကျောပေါ်မှ နဂါးတက်တူး ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ နဂါးတက်တူးသည် သူ့ကျောပေါ်မှ အချိန်မရွေး ပြေးထွက်သွားတော့မည်ဟုပင် ခံစားနေခဲ့ရသည်။
အသာအယာ အသက်ရှုလိုက်ပြီး နဂါးတက်တူအား ဆက်လက်၍ ဖိနှိပ်ထားခြင်း မပြုတော့ဘဲ ထွက်သွားခွင့် ပေးလိုက်လေသည်။
ခဏအကြာ၌ နဂါးဟိန်းအသံနှင့်အတူ ရွှေနဂါး တက်တူးသည် ရန်ကိုင်ကျောပေါ်မှ ခုန်ထွက်လာခဲ့သည်။
သို့သော်လည်း လက်ရှိ ရွှေနဂါးသည် ယန်ကျီနှင့် တိုက်ခိုက်စဉ်က ပေါ်လာသည့် ရွှေနဂါးနှင့် အတော်လေး ကွဲပြားနေခဲ့သည်။ လက်ရှိ ရွှေနဂါးသည် အရွယ်အစား ငါးမီတာသာ ရှိလေသည်။
ရန်ကိုင်ကိုယ်မှ ထွက်လာပြီးနောက် လေထဲ တစ်ပတ်၊ နှစ်ပတ်လောက် အရင်ပျံဝဲနေလိုက်ပြီးမှ ကန်ထဲသို့ ထိုးဆင်းသွားလေသည်။
စွန်းယုလည်း စိတ်လှုပ်ရှားတကြီးဖြင့် ထိုမြင်ကွင်းကို သေသေချာချာ ကြည့်နေခဲ့သည်။
နဂါးဖီးနစ်နန်းတော်ထဲတွင် စွန်းယုတစ်ယောက်သာ ရန်ကိုင်အကြောင်းကို သိ၏။ ထို့အပြင် သူ့အား လေ့ကျင့်ပေးခဲ့သူမှာလည်း အခြားမဟုတ်၊ နဂါးဧကရာဇ် ကိုယ်တိုင်ပင် ဖြစ်နေခဲ့သည်။ ထိုအရာသည် စွန်းယု ဂုဏ်ယူရသောအရာပင်။ ယခု ဖီးနစ်ဧကရီ ထွက်ပေါ် လာတော့မည့် မြင်ကွင်းကို မြင်တွေ့ရတော့မည် ဖြစ်ရာ နဂါးဖီးနစ်နန်းတော်၏ တပည့်တစ်ယောက်ဖြစ်သော စွန်းယုအနေဖြင့် စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။
ရွှေနဂါး ကန်ထဲသို့ ဝင်သွားပြီး မကြာမီ၊ ကန်ရေပြင် မငြိမ်မသက် ဖြစ်လာခဲ့သည်။ လှိုင်းတွန့်လေးများ ထလာပြီး ကန်ထဲရှိ ဖီးနစ်ပုံရိပ်သည်လည်း တွန့်လိမ့်စ ပြုလာခဲ့သည်။ တစ်ယောက်ယောက်သာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်မည်ဆိုပါက ဖီးနစ်ငှက် ပုံရိပ်သည် ကန်ထဲမှ ကောင်းကင်ပေါ်သို့ ပျံတက်တော့မည့် အလား ၎င်း၏ တောင်ပံများအား တဖျတ်ဖျတ် ခတ်နေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
အလင်းလုံးလေးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး ဖီးနစ်ရေကန်ထဲသို့ မြုပ်သွားခဲ့သည်။
ပထမတစ်လုံးပြီးနောက်၊ ဒုတိယတစ်လုံး၊ ထို့နောက် တတိယတစ်လုံး၊ မကြာမီ ရာပေါင်း၊ ထောင်ပေါင်း၊ သောင်းပေါင်းများစွာသော အလင်းလုံးတို့သည် ဖီးနစ်ရေကန်ဆီ ပျံသန်းရောက်ရှိလာခဲ့ကြလေသည်။
ထိုမြင်ကွင်းကြောင့် ရန်ကိုင်နှင့် စွန်းယုတို့နှစ်ယောက် ကြောင်နေခဲ့ရသည်။ အသိပြန်ဝင်လာသည်နှင့် ထိုအလင်း လုံးလေးများ ဘယ်ကရောက်လာသလဲ ဆိုသည်ကို စတင် ရှာဖွေတော့လေသည်။
မကြာခင်မှာပဲ ထိုအလင်းလုံးလေးများ ဘယ်က ပျံသန်းလာနေသည်လဲ ဆိုသည်ကို သူတို့နှစ်ယောက် ရှာတွေ့သွားခဲ့ရလေပြီ။ အလင်းလုံးလေးများသည် အခြားနေရာမှ လာခြင်းမဟုတ်။ ဖီးနစ်တောအုပ်ထဲရှိ သစ်ပင်များဆီမှ လာနေခြင်းသာ ဖြစ်ပေသည်။
စရောက်စဉ်က ထိုတောအုပ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သော်လည်း ဘာထူးခြားမှုကိုမှ မတွေ့ခဲ့ရ။ ထို့ကြောင့် ယခုအဖြစ်အပျက်သည် သူ့အတွက် အတော်လေးကိုမှ ထိတ်လန့်စရာ ကောင်းနေခဲ့သည်။
ဖီးနစ်အသိုက်ထဲ မရေမတွက်နိုင်သော အလင်းလုံးများသည် ပိုးစုန်းကြူးအုပ်ပမာ အတူတကွ ပျံသန်းနေခဲ့ကြသည်။ အလင်းလုံးလေးများသည် တောအုပ်ထဲမှ ပျံသန်းထွက်လာ၍ ဖီးနစ်ကန်ထက် အလျင်အမြန် စုဝေးလာနေခဲ့ကြလေပြီ။
ဖီးနစ်အသိုက်အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော မသေမျိုးအဆင့် ပညာရှင်များသည် ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။
အလှုပ်ရှုပ်နေသော ချန်ကျို့ပင်လျှင် ထိုအဖြစ်အပျက်ကို သတိပြုမိသည်နှင့် ဖီးနစ်အသိုက် ရှိရာဆီသို့ လှည့်ကြည့်မိလာခဲ့လေပြီ။
နဂါးဧကရာဇ် ပြန်ပေါ်လာခဲ့သည်။ ယခု ဖီးနစ်အသိုက်လည်း စတင်ပြောင်းလဲနေခဲ့လေပြီ။ မကြာမီ ဖီးနစ်ဧကရီ ပြန်ပေါ်လာတော့မည့်ပုံပင်။
လက်ရှိကိစ္စများသည် အရမ်းကြီး အရေးကြီးသော ကိစ္စများမဟုတ်သဖြင့် ချန်ကျို့သည် လုပ်လက်စ အလုပ်များကို ဘေးချထားလိုက်ပြီး ဖီးနစ်အသိုက်ရှိရာ ဆီသို့ ပျံသန်းသွားတော့လေသည်။
နဂါးဖီးနစ်နန်းတော်အတွင်းရှိ ပညာရှင် အားလုံးသည် သူတို့၏ လုပ်လက်စ အလုပ်အားလုံးကို ဘေးချ၍ ဖီးနစ်အသိုက်ရှိရာဆီသို့ သွားကြလေသည်။ သို့မှသာ ဖီးနစ်ဧကရီ၏ အမွေအနှစ် ပြန်ပေါ်လာသည်ကို သူတို့ မြင်တွေ့နိုင်မည် မဟုတ်ပေလော။
ဖီးနစ်ကန်စပ်တွင် ရန်ကိုင်နှင့် စွန်းယုသည် အလင်းလုံးများ ကန်ထဲသို့ တစ်လုံးပြီးတစ်လုံး ကျသွားသည်ကို အသေအချာ စိုက်ကြည့်နေခဲ့ကြသည်။
တဖြည်းဖြည်းနှင့် ဘေးပတ်ဝန်းကျင်ရှိ စွမ်းအင်များ အပြောင်းကြီး ပြောင်းလဲသွားသည်ကို စွန်းယု အသေအချာ အာရုံခံမိလိုက်လေသည်။
ကန်အောက်ခြေမှ အားကောင်း အရှိန်အဝါတို့ ဖြာထွက်နေခဲ့ပြီး ထိုအရှိန်အဝါသည် တစ်စထက် တစ်စ ပိုမိုအားကောင်းလာနေခဲ့သည်။
ဘယ်လောက်ကြာမှန်းမသိ ကြာပြီးသွားသော အချိန်၌ လေထဲဝဲပျံနေကြသော အလင်းလုံးအားလုံး ကန်ထဲသို့ ဆင်းသွားကြလေသည်။ တစ်ချိန်တည်းတွင် ဝေဝါးဝါး ဖြစ်နေသော ဖီးနစ်ပုံရိပ်သည် အသက်ဝင်လာသည့်ပမာ ၎င်း၏ တောင်ပံများကို ပို၍မြန်မြန် ခတ်လာခဲ့သည်။
ရုတ်တရက် ကန်ထဲမှ ရေများ ကောင်းကင်ပေါ်သို့ ရေပန်းသဖွယ် ပန်းထွက်လာခဲ့သည်။
ရေပန်းများနှင့်အတူ ရွှေနဂါးတစ်ကောင်နှင့် ရေခဲပြာ ဖီးနစ်ငှက်တစ်ကောင်တို့ အတူတကွ လေထဲ ပျံဝဲ ဝက်လာခဲ့ကြလေသည်။
မိုးချိန်းသံတမျှ ကျယ်လောင်သော နဂါးဟိန်းသံနှင့် စူးရှလွန်းလှသော ဖီးနစ်ငှက်အော်သဲတို့ မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားခဲ့လေပြီ။
ရန်ကိုင်က သွားပေါ်အောင်ပြုံးလျက် သူ့ရှေ့ရှိ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို သေသေချာချာ စိုက်ကြည့်နေလေရဲ့။
နဂါးများသည် သားရဲများ၏ အရှင်သခင်ဟု ပြော၍ရသလို ဖီးနစ်ငှက်သည်လည်း အဆင့်(၉)သို့ ရောက်နိုင်သော သားရဲများ၏ အရှင်သခင်တစ်ပါး ဖြစ်ပေသည်။
နဂါးနှင့်ဖီးနစ်တို့ အတူတကွ ကခုန်နေသည့် မြင်ကွင်းသည် အရမ်းကိုမှ ကြည့်ကောင်းလှပေသည်။ နဂါးသည် ကောင်းကင်ထက် ပျော်ရွှင်စွာ ကူးခတ် ပျံသန်းနေသည့်အချိန်၌ ဖီးနစ်ငှက်သည် ကန်ထက် တိတ်ဆိတ်စွာ ဝဲနေခဲ့သည်။ ဖီးနစ်ငှက်၏ အသိဥာဏ် ရှိဟန်ရသော မျက်လုံးများသည် ရန်ကိုင်အား သေသေချာချာ စူးစမ်းလေ့လာနေသည့်နှယ်။
ခဏအကြာ၌ ရေခဲဖီးနစ်သည် ကျေနပ်သွားသည့် လေသံဖြင့် အသာအယာ အော်ဟစ်မြည်ကြွေး လိုက်လေသည်။
ထိုကဲ့သို့ အော်ဟစ်ပြီးနောက် ရေခဲဖီးနစ် ရုတ်တရက် တုန်တုန်ရီရီ ဖြစ်လာခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်သည် သန်းပေါင်းများစွာသော အလင်းလုံးလေးများအဖြစ်သို့ ပြန်လည် အသွင်ပြောင်းလဲသွားခဲ့ပြီး အဘက်ဘက်သို့ ပျံ့နှံ့ပျောက်ကွယ်သွားလေသည်။
ဖီးနစ်ရေကန် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ရွှေနဂါးသည်လည်း ရန်ကိုင်ကိုယ်ထဲသို့ ပြန်ဝင်သွားလေသည်။
ရန်ကိုင်သည် တစ်ခုခုကို ဆင်ခြင်နေသည့်အလား သူ့မျက်လုံးများကို ပိတ်လိုက်၏။
ဤနေရာတွင် ရှိနေသော အမွေအနှစ်သည် စုယန်၏ အမွေအနှစ် ဖြစ်သော်လည်း လက်ရှိအချိန်၌ စုယန်သည် ရေခဲဂိုဏ်းတွင် ရှိနေပေသည်။ ထို့ကြောင့် အရင်ဆုံး သူမကို သွားတွေ့ပြီး ဤနေရာသို့ ခေါ်လာရပေမည်။
ရန်ကိုင် ငြိမ်နေသဖြင့် စွန်းယုလည်း တိတ်တိတ်လေးသာ နေခဲ့သည်။
ခဏအကြာ၌ ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်လာခဲ့ပြီး ပြောလိုက်လေသည် “စွန်းယု၊ ငါ့ကို တစ်ခုကူညီပေးပါလား”
စွန်းယုက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “လွတ်လွတ်လပ်လပ်သာ ပြောပါ စီနီယာရန်”
“ဖီးနစ်အသိုက်ကို သေသေချာချာ စောင့်ရှောက်ထားပေး”
“စိတ်ချထားလိုက်ပါ စီနီယာရန်၊ စွန်းယုက ဒီနေရာကို ဘာမှ မဖြစ်စေရပါဘူး”
“အင်း”
စွန်းယု ရုတ်တရက် ပြုံးဖြီး၍ မေးလိုက်သည် “ဒီအမွေအနှစ်ကို ဆက်ခံဖို့ လူတစ်ယောက်ကို စီနီယာ စဉ်းစားပြီးသွားပြီမလား”
ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပြီး “မင်းဘယ်လိုသိတာလဲ”
“သိတာပေါ့ စီနီယာရဲ့။ အစောပိုင်းက စီနီယာရဲ့ ပုံစံက အရမ်းကိုမှ သိမ်မွေ့နေတာလေ။ ပြီးတော့ အတွေးကလည်း နက်နေတာဆိုတော့ တစ်ယောက်ယောက် အကြောင်းတွေးနေလို့ပဲပေါ့… ကျုပ်ထင်တာသာ မမှားရင် အဲ့လူက စီနီယာရဲ့ လက်တွဲဖော်မလား”
“ကောင်လေး၊ မင်းက သိလှချည်လားကွ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ ဒီကကိစ္စတွေ ပြီးသွားပြီဆိုတော့ ငါလည်း လုပ်စရာ ရှိတာတွေ လုပ်ရတော့မယ့် အချိန်ပဲ”
“အား၊ စီနီယာ ခင်ဗျား ထွက်သွားတော့မှာလား” စွန်းယု ရန်ကိုင်အား မထွက်သွားစေချင်ပေ။
ယနေ့ သူ့ဘဝ ယခုကဲ့သို့ တဆစ်ချိုး ပြောင်းလဲခဲ့သည်မှာ ရန်ကိုကျေးဇူးကြောင့်ပင် ဖြစ်သည်။ ရန်ကိုင်ကြောင့်သာ ယခုအချိန်လောက်ဆို သူသည် သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၁) ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်နေပေဦးမည်။ ယခုထက်ပင် ပို၍ အားနည်းနေမည် ဖြစ်သလို သူ့အရည်အချင်းသည်လည်း ယခုလောက် ကောင်းမွန် နေလိမ့်မည်မဟုတ်။
စွန်းယု၏ မွေးရာပါ အရည်အချင်းနှင့်ဆိုပါက သူ့တစ်ဘဝလုံး ကြိုးစားပမ်းစား လေ့ကျင့်မည် ဆိုလျှင်ပင် မသေမျိုးအဆင့်ကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုမူ မတူတော့ချေပြီ။ မသေမျိုး အဆင့်သည် သူ့အတွက် အကန့်မသတ် မဟုတ်တော့။ သူ့အတွက် မသေမျိုးအဆင့် မပြောနှင့်၊ သူတော်စင် အဆင့်ကို ချိုးဖျက်ရန် ဆိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုအပ်တော့သည်။
ထိုကဲ့သို့သော ဘဝမျိုး သူ့အား ပေးကမ်းခဲ့သည့် စီနီယာရန်ကို သူအရမ်း ကျေးဇူးတင်ပေသည်။
“ဟုတ်တယ်။ အခု ထွက်သွားရမယ့် အချိန်ရောက်ပြီ။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဘာတွေ စိတ်ပူနေတာလဲ၊ ငါတို့နောက်ကျ ပြန်တွေ့မှာပဲကို” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အင်း၊ စီနီယာလည်း ဂရုစိုက်ဦးနော်။ နောက်တစ်ကြိမ် ပြန်တွေ့ရင် ကျုပ်စီနီယာကို စိတ်မပျက်စေရပါဘူး” စွန်းယုက လက်သီးဆုပ်လျက် “စီနီယာ ရင်းနှီးခဲ့ရသမျှ အလကားမဖြစ်အောင် တပည့် အခုကနေစပြီး နှစ်ဆကြိုးစားပါ့မယ်”
ရန်ကိုင်က ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ။ သူ့ပုံရိပ် လက်ခနဲဖြစ်သွားပြီး စွန်းယုရှေ့မှ ပျောက်ကွယ်သွားတော့လေသည်။
ရန်ကိုင် ထွက်ခွါသွားရာအရပ်သို့ ငေးကြည့်ရင်း စွန်းယု စိတ်ဓါတ်ကျကျဖြင့် သက်ပြင်းချ၍ လှည့်ထွက်သွားလေသည်။
ဖီးနစ်အသိုက်မှ ထွက်လာပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် စွန်းယု ထိတ်လန့်သွားခဲ့ရသည်။
ဂိုဏ်းတစ်ခုလုံးမှ ပညာရှင်အားလုံးသည် နန်းတော်သခင် ချန်ကျိုနှင့်အတူ ဖီးနစ်အသိုက်ရှေ့ စီတန်းရပ်နေခဲ့ကြသည်။
စွန်းယု ထွက်လာသည်ကို မြင်သည်နှင့် အကုန်လုံး သိချင်စိတ်လည်းဖြစ်၊ မျှော်လင့်စိတ်လည်း ဖြစ်မိကြသည်။
“နန်းတော်သခင်၊ ဆရာ…” စွန်းယုက လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
ချန်ကျို့ကလည်း အလျင်အမြန် လေးစားမှု ပြုလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “အရှင်နဂါးဧကရာဇ်၊ ဖီးနစ်ဧကရီရဲ့ အမွေအနှစ် ထွက်ပေါ်လာပြီလားဟင်”
ဖီးနစ်အသိုက်တွင်းရှိ အဖြစ်အပျက်များကို သူတို့လည်း မြင်တွေ့ခဲ့ရလေရာ အကုန်လုံးသည် အတွေးကိုယ်စီနှင့် ဖြစ်နေခဲ့ကြလေသည်။
စွန်းယုက သူ့ကိုယ်သူ ထိန်းချုပ်၍ ပြန်ပြောလိုက်သည် “အင်း၊ အဲ့လိုပဲ”
“တကယ်လား…” ချန်ကျို့ အူမြူးသွားခဲ့သည်။
“အာ…” စွန်းယု အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး သူ့ခေါင်းထဲ အတွေးတစ်ချက်လက်သွားကာ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်လေသည် “ဒါပေမယ့် ဖီးနစ်ဧကရီရဲ့ အမွေအနှစ်နဲ့ သင့်လျော်တဲ့ တပည့်တစ်ယောက် ဂိုဏ်းထဲမှာ မရှိသေးဘူး။ ပြီးတော့ အမွေအနှစ်ကို လက်ခံဖို့ အချိန်မတန်သေးဘူး”
“အန်” ချန်ကျို့ စိတ်ပျက်သွားခဲ့ရလေပြီ။ ထို့နောက် စိုးရိမ်တကြီးဖြင့် စွန်းယုအား ထပ်မေးလိုက်လေသည် “ဒါဆိုရင် ဘယ်လောက်လောက် ထပ်စောင့်ဖို့ လိုသေးလဲ”
စွန်းယုက ခေါင်းခါရမ်းလိုက်ပြီး “ဒါကတော့ ကံတရားနဲ့ ဆိုင်သွားပြီ။ ကျုပ်လည်း မသိဘူး။ ကောင်းကင်ပဲ သိလိမ့်မယ်”
မရေမရာ ဝိုးတဝါးတား သူ့အဖြေနှင့် ပက်သက်၍ စွန်းယု အတော်လေး စိုးရိမ်စိတ်ဝင်နေခဲ့သည်။ သို့သော် သူ့အဖြေကို ကြားပြီးနောက် အကြီးအကဲများ အတွေးနက်သွားပြီး အသာအယာ ခေါင်းညိတ်နေသည်ကို မြင်မှပဲ စွန်းယု သက်ပြင်းချလိုက်နိုင်လေသည်။
ထို့နောက် စွန်းယုက အားလုံးအား ပြောလိုက်သည် “ကျုပ်တံခါးပိတ်ကျင့်စဉ်ဝင်ဦးမယ်။ ဖီးနစ်ဧကရီကိစ္စကို ခင်ဗျားတို့ စိုးရိမ်နေစရာမလိုဘူး။ အချိန်တန်ရင် သူပေါ်လာလိမ့်မယ်”
“အင်း” ချန်ကျို့ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး “အော်၊ ဟုတ်သားပဲ။ အရှင်နဂါးဧကရာဇ် အေးစိမ့်ရေ မရဏဂိုဏ်းကို ကျုပ်တို့ ဘယ်လိုလုပ်သင့်လဲ။ အကြံလေး ဘာလေး ပေးပါဦး”
“နန်တော်သခင် သင့်တော်မယ် ထင်သလိုလာ စီစဉ်လိုက်လေ” စွန်းယဒက ခါးခါးသိးသီး ပြုံးလျက် ပြန်ပြောလိုကသည်။ ထိုကဲသို့သော အရေးကြီး ကိစ္စတစ်ခုကို သူမည်ကဲ့သို့ ဆုံးဖြတ်ချက် ချရဲမည်နည်း။
ထိုစကားကို ကြားသည့်အခါ ချန်ကျို့ ဘာမှ ထပ်မေးမနေတော့။ စွန်းယု၊ အခြားအကြီးအကဲများနှင့် အတူ နဂါးဖီးနစ်နန်းတော်ဆီသို့သာ ပြန်သွားလေသည်။ ထို့နောက် တံခါးပိတ်ကျင့်ကြံတော့မည့် နဂါးဧကရာဇ် အတွက် ကျင့်ကြံရာတွင် လိုအပ်မည့် အရင်းအမြစ်များကို စတင် စီစဉ်ပေးတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၃) ပြန်ရောက်သည့်အခါပထမဆုံး လုပ်သည့်အရာ
ရန်ကိုင်သည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် တောင်စဉ်တောင်ဆက်၊ မြစ်အသွယ်သွယ်ကို ကျော်ဖြတ်ရင်း ပျံသန်းရှေ့ဆက်နေခဲ့သည်။
အစကမူ ရေခဲဂိုဏ်းသို့ သွားကာ စုယန်အား ခေါ်ပြီး နဂါးဖီးနစ်နန်းတော်ရှိ ဖီးနစ်ဧကရီ၏ အမွေအနှစ်ကို ဆက်ခံခိုင်းဖို့ပင်။ သို့သော်လည်း သေသေချာချာ စဉ်းစားလိုက်ပြီးနောက် စုယန်ကို သွားတွေ့၍ သူမသာ အေးခဲနေည့် အခြေအနေတွင် ရှိနေဆဲပါက သူ့မှာ အချိန်ကုန် လူပင်ပန်း ဖြစ်ရချေရော့မည်။
သည့်အပြင် ကောင်းကင်ဂိုဏ်းတော်သို့ သူမပြန်သည်မှာလည်း အတော့်ကို ကြာနေခဲ့ပြီပင် မဟုတ်လေလော။ သူ့ဂိုဏ်တူဦးလေး၊ ဒေါ်လေးတို့နှင့် ခွဲခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်လောက်ပင် ရှိနေလေပြီ။
ထို့ကြောင့် ကောင်းကင်ဂိုဏ်းတော့်သို့ ပြန်သင့်ပြီဟု ရန်ကိုင် တွေးလိုက်သည်။ အနည်းဆုံး သူအဆင်ပြေနေကြောင်း သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေး၊ ဘိုးဘေးတည်ထောင်သူ ချူလင်းရှောင်တို့ကို အသိပေးသင့်ပေသည်။
ထုန်းရွှမ်လောကကြီးသို့ ရောက်ခဲသည်မှာ ကြာလှပြီ ဖြစ်သော်လည်း သူ့တွယ်တာမိသည့် နေရာဆို၍ တစ်ခုတစ်လေပင် မရှိ။ ကောင်းကင်ဂိုဏ်းတော်ပင် သူ့ဘိုးဘေးတည်ဆောင်သူ တည်ထောင်ခဲ့သော ဂိုဏ်းသက်သက်သာ ဖြစ်လေသည်။
ဂိုဏ်းတူဦးလေး၊ ဒေါ်လေး သူ့အပေါ် ကောင်းသည်ကို သံသယရှိစရာ မလိုပေ။ သို့သော်လည်း ကောင်းကင် ဂိုဏ်းတော်ကို ကောင်းကင်စံအိမ်ကဲ့သို့ နေရာတစ်ခုဟု မည်သို့မှ ခံစား၍ မရချေ။
ဤလောကကြီးအတွက် သူသည် ဧည့်သည် တစ်ယောက်သာ ဖြစ်ပေသည်။
ဗဟိုမြို့တော်နှင့် ကောင်းကင်စံအိမ်သည် သူ၏ အစစ်အမှန်အိမ်ပင် ဖြစ်လေသည်။
ထိုအကြောင်း ပြန်စဉ်းစားမိသည်နှင့် သူ့မိတ်ဆွေများ၊ မိသားစုဝင်များ ဘာလုပ်နေမလဲ ဆိုသည်ကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ဗဟိုမြို့တော်မှ ထွက်ခွါစဉ်က ဤလောက၌ အခြေတည်အောင် လုပ်ပြီးသည့်အချိန် အာလုံးအား လောကသစ်ကြီးဆီ ခေါ်သွားပေးမည်ဟု ပြောခဲ့ဖူးသည်။ ယခုပြန်စဉ်းစားကြည့်လိုက်သည့်အခါမှ သူ့စကားသည် အနည်းငယ် ယုတ္တိမတန် ဖြစ်နေမှန်း ရန်ကိုင် သိလိုက်သည်။ ပြန်ခေါ်ဖို့မပြောနှင့် ယခင် လောကကြီး ဆီသို့ မည်ကဲ့သို့ ပြန်ရမလဲ ဆိုသည်ကိုပင် သူမသိသေးပေ။
လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော်လည်း အများဆုံးမှ ကြုံရာဦးတည်ဘက်တစ်ခုဆီ ကီလိုမီတာ ရာဂဏန်း အနည်းငယ်လောက်သာ သွားနိုင်ခြင်းဖြစ်သည်။ ထိုကဲ့သို့ နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပြီးနောက် သူ့စိတ်စွမ်းအင် လုံးဝ ကုန်သွားရပေလိမ့်မည်။
ထိုနည်းလမ်းအား အရမ်းကို အရေးကြီးသည့် အခြေအနေမျိုး၊ သို့မဟုတ် အန္တရာယ်တစ်ခုခုမှ လုံးဝ ထွက်မပြေးနိုင်တော့သည့် အခါမျိုးတွင်သာ သုံး၍ ကောင်းသည်။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် ချူလင်းရှောင်နှင့် ရွှေးလင်တို့ နှစ်ယောက်သည် ဤလောကကြီးမှ ယခင်လောကကြီးဆီသို့ သွားသည့် လမ်းကြောင်းကို တွေ့ရှိခဲ့ဖူးကြောင်း ရန်ကိုင် ရုတ်တရက် မှတ်မိလိုက်သည်။ ထိုနှစ်ယောက်ကို သွားမေးကြည့်ပါက သူလိုချင်နေသည့် အဖြေကို ရကောင်းရနိုင်ပေလိမ့်မည်။
သို့သော် ထိုကိစ္စမတိုင်ခင် သူ့ကိုယ်ပိုင်ခွန်အားကို အရင်တိုးမြှင့်၍ ကိုယ်ပိုင်အင်အားစုတစ်ခု အရင် တည်ထောင်သင့်ပေသည်။
မဟုတ်လျှင် ဤနေရာသို့ ရောက်လာသော သူ့မိတ်ဆွေ၊ မိသားစုဝင်များ၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည် မဟုတ်ပေ။
ရှေးဟောင်းနတ်ဆိုးကလန်သည် ရွေးချယ်စရာကောင်း တစ်ခုပင်။
ဘုံကိုးခုထွတ်မြတ်နယ်မြေသည်လည်း အဆင်ပြေ၏။ နဂါးဖီးနစ်နန်းတော်ကမူ… ထိုအင်အားစုကို လောလောဆယ် သူမစဉ်းစားချင်သေးချေ။ ထိုအင်အားစုနှင့် ပက်သက်၍ ဆုံးဖြတ်ချက်မချခင် စုယန်နှင့် အရင်သွားတွေ့ရပေလိမ့်မည်။
အရေးအကြီးဆုံးသည်ကား လူပေါင်းများစွာ နေထိုင်နိုင်သော နေရာတစ်ခုရှာရန်ပင်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေပြီး ရန်ကိုင်သည် ကီလိုမီတာ သောင်းကျော်ကို ဖြတ်သန်းပြီးသွားခဲ့လေပြီ။ ယခု လေမိုးကြိုးတောင်ပံကိုသာမက ခြေယောင်ပျောက် ကောင်းကင်အရိပ် ပညာရပ်ကိုပါ ထပ်မံ အသုံးပြုထားသဖြင့် သူမည်မျှ မြန်ဆန်နေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
လမ်းတစ်လျှောက်၌ ရန်ကိုင်သည် လမ်းကြောင်း မေးရန် မြို့တစ်မြို့ပြီး တစ်မြို့၌ ရပ်နားခဲ့သည်။ လဝက်လောက် ကြာပြီးနောက် သူရင်းနှီးနေသော အဆုံးမဲ့ နှင်းတောင်တန်းဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ရလေပြီ။
သူရောက်တော့ပေမည်။
ကောင်းကင်ဂိုဏ်းတော်သည် နှင်းတောင်တန်းနှင့် ကီလိုမီတာ ထောင်ဂဏန်းအကွာလောက်သာ ဝေးသည်။
နှစ်ရက်ကြာပြီးနောက် ကောင်းကင်ဂိုဏ်းတော်သို့ သူပြန်လည် ရောက်ရှိလာခဲ့လေပြီ။
တောင်ထွတ်အလုံးတစ်ရာ ဝန်းရံထားသော တောင်ကြားတစ်ခုလုံး ကျင့်ကြံသူများဖြင့် ပြည့်နေသည်ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ ယဲ့ယဲ့လေးပြုံးလျက် တောင်ထွတ်တစ်လုံးဆီ တိုက်ရိုက် ပျံသန်းသွားလေသည်။
စမ်းကြောင်းလေးတစ်စင်း စီးဆင်းနေသည့် တောင်အလယ် တစ်နေရာသို့ ရောက်သည်နှင့် လိုဏ်ဂူလေး တစ်လုံးဘေး၌ အသာအယာ ဆင်းလိုက်၏။
ရှုယဉ်သာ တောင်ထွတ်ပင် ဖြစ်လေသည်။
ဤတောင်ထွတ်သည် သူ့ဂိုဏ်းတူဒေါ်လေး ဖေးယု ပိုင်ဆိုင်သည့် တောင်ထွတ်ဖြစ်သလို သူနေခဲ့သည့် နေရာလည်း ဖြစ်ပေသည်။
လိုဏ်ဂူထဲသို့ဝင်၊ တောင်ဝမ်းဗိုက်ထဲ ဆင်း၊ အကွေ့အကောက် များစွာကို ကျော်ဖြတ်လာပြီးနောက် သူနေထိုင်သည့် နေရာသို့ မရောက်သေးခင်မှာဘဲ အရက်နံ့ ပြင်းပြင်းလေးကို ရလိုက်သည်။
ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး ဂိုဏ်းတူဒေါ်လေး ဖေးယုကတော့ အရင်လို အရက်စွဲနေတုန်းပါလားဟု တွေးရင်း သက်ပြင်းချလိုက်သည်။ သို့သော်လည်း ဝိုင်နံ့ ထိုမျှ ပြင်းရသလောက်သည်အထိ သူ့ဒေါ်လေး မည်မျှ သောက်ထားရလေသနည်း။
ခဏအကြာ၌ လူနေသည့် နေရာသို့ ရောက်လာ၍ အထဲသို့ ဝင်သွားချင်းချင်းမှာဘဲ ရေအကာအရံတစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့အား ရစ်ပတ်လိုက်လေသည်။ ရန်ကိုင်လည်း ထိုရေအရံအတားထဲ ပါဝင်သော ဝိုင်းနံ ပြင်းပြင်းကို အလိုလို ရှုရှိုက်မိလိုက်ရာ သူ့တစ်ခေါင်းလုံး မူးနောက်သွားခဲ့ရလေသည်။
အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်လိုက်မှပဲ အမူပြေသွားခဲ့ရသည်။
ထိုစဉ် ရေအရံအတား နောက်ဘက်မှ လက်သွယ်သွယ်လေး တစ်ချောင်း ထွက်ပေါ်လာပြီး ရန်ကိုင်၏ ပခုံးကို ဖမ်းဆွဲလိုက်လေသည်။
ရန်ကိုင်က နည်းနည်းလေးမှ မခုခံ၊ ကျောက်စိမ်း လက်ကလေးအား သူအား ဖမ်းခွင့်ပေးလိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ရှေ့တည့်တည့်ရှိ ရေအရံအတားကို ထိုးခွဲ၍ “ဂိုဏ်းတူဒေါ်လေး”
ထိုအသံကို ကြားလိုက်သည်နှင့် ရေအရံအတား နောက်ဘက်တွင် ရှိနေသောလူ ကြောင်သွားသည့်အလား သူ့အား ဖမ်းကိုင်ထားသော လက်လည်း သိသိသာသာကို အားပျော့သွားခဲ့လေသည်။
အကြည့်ချင်းဆုံသွားသည့်အခိုက် လှပသော မျက်ဝန်းလေးများထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး မူနေသော မျက်နှာလေးသည်လည်း တစ်မျိုးတစ်မည် တောက်ပလာသယောင်ယောင်…
တစ်ဖက်တွင်မူ ရန်ကိုင်အပြုံး ရုတ်ချည်း အေးခဲသွားခဲ့ရပြီး အလျင်အမြန်ပဲ အကြည့်လွှဲလိုက် လေသည်။
သူ့ဂိုဏ်းတူဒေါ်လေး ရေချိုးနေတုန်း သူဝင်လာမိသည့်ပုံပင်။ ဖေးယုသည် တဘတ်ဝတ် ပါးပါးလေးကိုသာ ဝတ်ထား၏။ ယခုတိုင် လက်တစ်ဖက်ဖြင့် တဘတ်ဝတ်အား လျောကျ မသွားစေရန် မတင်ထားရင်း ကျန်တစ်ဖက်ဖြင့် ရန်ကိုင်၏ ပခုံးကို ဖမ်းကိုင်ထားခဲ့လေသည်။
သွယ်လျလျ ခြေတံရှည်နှစ်ချောင်းကို ရန်ကိုင် အထင်သား မြင်တွေ့နေခဲ့ရသည်။ တောင်နှစ်ကြားမှ ချိုင်ဝှမ်းလေးသည်လည်း ရေစက်များကြောင့် တဖိတ်ဖိတ် လက်နေခဲ့ကာ စိုနေသော ဆံကေသာလေးများသည် လည်တိုင်တစ်လျောက် ပခုံးထိတိုင် လျောကျနေခဲ့သည်။ တကယ့်ကို အမြင်ဖမ်းစားစရာ မြင်ကွင်းပင်တည်း။
ထိုပါးလွှာသော တဘဝတ်ဝတ်အတွင်းမှ ချယ်ရီသီးလေး နှစ်လုံးကိုပင် သူမြင်မိသည်ဟုပင် ရန်ကိုင် တွေးလိုက်မိသည်။
အဆိုးဆုံးအချိန်မှ ရောက်လာခဲ့ရတာပါလားကွာ… ရန်ကိုင် သူ့ဘာသာ တွေးလိုက်၏။
ပုံမှန်ဆိုလျှင် ရှုယဉ်သာတောင်သို့ မည်သူမှ လာလည်လေ့မရှိ။ ချန်းယန်နှင့် အခြားသူများပင်လျှင် မလာခင် ကြိုအကြောင်းကြားတတ်ကြသည်။ ရန်ကိုင် ကဲ့သို့ မပြောမဆိုနှင့် ရောက်ချလာသူ မည်သူမှမရှိ။
“ဘယ်သူကမှ မဖိတ်ခေါ်ဘဲ ငါ့အိမ်ထဲ ဝင်လာရလောက်တဲ့အထိ ရဲတင်းနေလဲလို့ မှတ်နေတာ။ လတ်စသတ်တော့ နင်ဖြစ်နေတာကိုး၊ ကောင်စုတ်လေး” ဖေးယုက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ရန်ကိုင်အား လွှတ်မပေးဘဲ သူမဆီသို့ ဆွဲကပ်လိုက်လေသည်။ ထို့နောက် စနောက်လိုသော လေသံဖြင့် “ဂိုဏ်တူတူလေး၊ အရိပ်တောင် ရှာလို့မရအောင် ပျောက်နေပြီး ပြန်ပေါ်လာတာနဲ့ နင်ပထမဆုံးလုပ်တဲ့အရာက ဒါပေါ့ ဟုတ်လား။ နင်နည်းနည်း လွန်မနေဘူးလား”
သူ့ကျောဘက်မှ ပျော့အိအိ ခံစားချက်၊ အထူးသဖြင့် ပခုံးနေရာမှ ပေါက်စီအိအိ နှစ်လုံးကို ခံစားမိသည်နှင့် ရန်ကိုင်သည် ဖေးယု၏ လက်မောင်းကို အလျင်စလို ပုတ်လိုက်ပြီး စိတ်ဓါတ်ကျနေသည့် လေသလ့ဖြင့် “ဂိုဏ်းတူဒေါ်လေးရယ်၊ ကျုပ်ကို အရင်လွှတ်ပေးလို့ မရဘူးလား”
“ငါတောင် ဘာမှမဖြစ်တာ နင်က ဘာကို စိုးရိမ်နေသေးတာလဲ။ ငါနင့်ကို စားမှာ ကြောက်နေတာလား” ဖေးယုက ဆက်၍ စလိုက်သည်။ ရန်ကိုင်အား မလွှတ်ပေးရုံမက ပို၍ တင်းတင်းကြပ်ပင် ဆုပ်ကိုင်ထားလိုက်သလို သူမ၏ ရင်ဘတ်ကိုလည်း ရန်ကိုင်ကျောပြင်ဆီသို့ ပို၍ ဖိကပ်လိုက်ပြီး ရန်ကိုင် နားထဲသို့ လေပူတစ်ရှိုက် မှုတ်ထုတ်လိုက်လေသည်။
“ဂိုဏ်းတူ ဒေါ်လေး နောက်နေတာလားဟင်…” ရန်ကိုင်က သနားစဖွယ် အော်ဟစ်နေခဲ့ရလေပြီ။ သူ့နားကြောတစ်လျှောက် ထုံတက်သွားခဲ့ရသလို ညီငယ်လေးလည်း မနိုးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။
ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် ဖေးယုက နှာခေါင်းရှုံ့လျက် နောက်ဆုံး ရန်ကိုင်ကို လွှတ်ပေး လိုက်လေသည်။ ပြီးသည်နှင့် သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အံကြိတ်လျက် အပြစ်တင် ဆူပူတော့လေသည် “ကောင်စုတ်လေး၊ အပြင်မှာ ပျော်လို့ ဝလို့ အခုမှ အိမ်ပြန်ဖို့ မှတ်မိပြီပေါ့၊ ဟုတ်လား”
ရန်ကိုင်က အနီရှိ ကျောက်တုံးညောင်စောင်းပေါ် အမြန် ထိုင်ချလိုက်ပြီး ရေတစ်ခွက်ငှဲ့၍ တည်တည်ငြိမ်ငြိမ် မော့သောက်ချင်ဟန်ဆောင်ရင်း အခြားနေရာသို့ ကြည့်လျက် “ဂိုဏ်းတူတူလေး၊ အဝတ်လေးဘာလေး အရင်ဝတ်လိုက်ပြီးမှ စကားပြောရင် ပိုမကောင်းဘူးလား။ ဒီပုံစံကြီးနဲ့ဆို ကျုပ်လည်း သိပ်မပြေဘူးဗျ”
“ခွေးကောင်။ ကိုယ့်ဂိုဏ်းတူဒေါ်လေး အပေါ်တောင် အဲ့လိုအတွေးမျိုး ဝင်ရဲတယ်၊ ဟုတ်လား” ဖေးယု မျက်နှာလေး ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်အား သတိပေးသည့် အကြည့်ဖြင့် “နင်ဒီမှာပဲထိုင်ပြီး ငါလာမှာကိုစောင့်နေ။ ဒီနေရာက ခြေတစ်လှမ်းတောင် မလှမ်းနဲ့နော်။ မဟုတ်ရင် နင်ဘယ်ပြေးပြေး၊ ငါနင့်ကို မရမကလိုက်ဖမ်းပြီး နင့်တစ်ကိုယ်လုံးကို ဖူရောင်ကိုင်းအောင် ရိုက်ပစ်မှာ”
ပြောပြီးသည်နှင့် သူမခန္ဓာကိုယ် သွယ်သွယ်လေး ရိပ်ခနဲ ပျောက်ကွယ်သွားလေသည်။
ယခုမှပဲ ရန်ကိုင် အသက်ကောင်းကောင်း ရှုနိုင်တော့သည်။ မျက်နှာထက်တွင် ကူကယ်ရာ မဲ့နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်လို့။
သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုတွင် ဂိုဏ်းတူဒေါ်လေး တစ်ယောက် ရှိသည့်သင့် အပြုအမူမျိုး လုံးဝ ရှိမနေခဲ့ချေ။
ခဏအကြာ၌ ဖေးယု လမ်းလျှောက်ထွက်လာခဲ့သည်။ ယခုတစ်ကြိမ်တော့ သပ်သပ်ရပ်ရပ် မဝတ်စားထား သော်ငြား လုံလုံခြုံခြုံတော့ ဝတ်စားထားပေသည်။ မျက်လုံးလေးများသည် ကြယ်စင်လေးများပမာ တလက်လက် တောက်ပနေခဲ့ပြီး အပြုံးကြီးပြုံးလျက် ရန်ကိုင်ရှေ့ ဝင်ထိုင်ကာ သူ့အား အသေအချာ စိုက်ကြည့်လိုက်သည်။
“ဟဲဟဲ။ ဂိုဏ်းတူဒေါ်လေးက မတွေ့တာကြာတော့ ပိုပြီးတော့ လှလာသလိုပြနော်။ ခဏတုန်းက သေချာ မကြည့်မိလိုက်လို့။ အခု သေချာကြည့်လိုက်တော့ ဂိုဏ်းတူဒေါ်လေးက အရင်ကထက်တောင် ပိုငယ်သွားသလိုပဲ။ အသားအရေ ဆိုရင်လည်း စိုပြေဝင်းလက်နေတာပဲ။ မသိရင် ဂိုဏ်းတူဒေါ်လေးက မိန်းမငယ်လေး တစ်ယောက်အတိုင်းပဲ”
“ကောင်စုတ်လေး။ စကားလုံး ချိုချိုလေးတွေနဲ့ နင့်ဂိုဏ်းတူဒေါ်လေးကို စိတ်ပြေအောင် လုပ်နိုင်မယ် ထင်နေတာလား” ဖေးယုက ပြန်ပြောလိုက်။ နှစ်ပေါင်းများစွာကြာ ဖိနှိပ်ထားခဲ့ရသော ဒေါသ၊ စိတ်ကျဉ်းကြပ်မှုတို့ အရည်ပျော်ကျကုန်ရလေပြီ။
လွန်ခဲ့သော နှစ်အများအတွင်း ရန်ကိုင်အကြောင်း လိုက်လံစုံစမ်းခဲ့သော်လည်း ဘာကိုမှ ရှာမတွေ့နိုင်ခဲ့။ ထို့ကြောင့် သူမမှာ အရမ်းကိုမှ စိုးရိမ်ခဲ့ရလေသည်။ တကယ်တော့ ရန်ကိုင်သည် ချောင်ကျသည့် နေရာတစ်ခုမှ လာခြင်းဖြစ်သလို သူ့ခွန်အားသည်လည်း အရမ်းကြီး မြင့်မားနေခြင်း မရှိပေ။ သူ့အား ဝဲပျံတိမ်တိုက်မြို့၌ တွေ့စဉ်က ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သေးပေသည်။
ဖေးယု စိတ်မပူဘဲ ဘယ်နေမည်နည်း။
သူမတင်မဟုတ်၊ သူ့ဂိုဏ်းတူဦးလေး သုံးယောက်ပါ စိတ်ပူနေခြင်းဖြစ်သည်။
ရန်ကိုင်သာ လုံလုံခြုံခြုံနှင့် ပြန်ရောက်လာပါက သူ့အား သင်ခန်းစာ ကောင်းကောင်း ပေးပစ်မည်ဟု အကုန်လုံး သန္ဒိဠာန် ချထားခဲ့ကြသည်။
သို့သော် ရန်ကိုင်ကို ပြန်မြင်ပြီးနောက် ဖေးယုမှာ ဒေါသမထွက်နိုင်ရုံမက သူမရင်ထဲ ခဲဆွဲထားသလို လေးလံနေသော ခံစားချက်မှာလည်း ပျောက်ကွယ် သွားခဲ့ရလေသည်။
ပြောရဆိုရခက်သော သူမ၏ ဂိုဏ်းတူတူလေးကို ခဏလောက် စိုက်ကြည့်နေပြီးနောက် ဖေးယု၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ရန်ကိုင်အား သေသေချာချာ စစ်ဆေး ကြည့်လိုက်လေသည်။
စစ်ဆေးပြီးသည်နှင့် ဖေးယု လုံးဝကို ထိတ်လန့် သွားခဲ့ရပြီး ပါးစပ်လေးကို လက်ဖြင့်အုပ်လျက် အလန့်တကြား ဆိုလိုက်လေသည် “ဂိုဏ်းတူတူလေး၊ နင်ကျင့်ကြံခြင်း ဘယ်ရောက်နေပြီလဲ”
ပြောသာပြောလိုက်ရသော်ငြား လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေည်။
“မသေမျိုးတတိယအဆင့်”
“မသေမျိုးတတိယအဆင့်လား” ဖေးယု ထိုင်ရာမှ ချက်ချင်းထ၍ ရန်ကိုင်ဆီသို့ သွားကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း သူမ၏ အစစ်အမှန်ချီနှင့် ကောင်းကင်စိတ်အာရုံအား ရန်ကိုင် ကိုယ်ထဲ ပို့လွှတ်စစ်ဆေးကြည့်လိုက်လေသည်။
စစ်ဆေးနေရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သေး၏ “တားမြစ်ကျင့်စဉ် တစ်မျိုးမျိုးကို နင်လေ့ကျင့် ထားတာတော့ မဟုတ်ပါဘူးနော်”
ရန်ကိုင်က ခြောက်ကပ်ကပ်ဖြင့် ရယ်မော၍ ခေါင်းခါလိုက်ကာ “မကျင့်ပါဘူး။ ဘာလို့ ကျင့်ရမှာလဲ. အဲ့လိုကျင့်စဉ်တွေက အစပိုင်းမှာပဲကောင်းတာ။ မသေမျိုးအဆင့်ရောက်ရင် ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်တော့မှာလဲ”
ရန်ကိုင်ပြောသည်ကို နားထောင်ရင်း ဖေးယု အသာအယာ ခေါင်းညိတ်လိုက်သည်။
တားမြစ်ပညာရပ်များသည် သဘာဝတရားကို သွေဖယ်၍ ကောင်းကင်အလိုကို ဆန့်ကျင်နေခဲ့သည်။ ထိုကဲ့သို့သော ကျင့်စဉ်မျိုး ဤလောကကြီး၌ များများစားစား မရှိလှ။ စွမ်းအားကြောင့် စုံလုံးကန်းသော ကျင့်ကြံသူများသာ ထိုကဲ့သို့သော ကျင့်စဉ်များကို လေ့ကျင့်တတ်ကြသည်။
ထိုကျင့်စဉ်များသည် အစပိုင်း၌ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို အလျင်အမြန် တိုးတက်စေနိုင်သော်ငြား ကျင့်ကြံခြင်း အဆင့်မြင့်လာသည်နှင့် အကျိုး သက်ရောက်မှု လျော့နည်းသထက် လျော့နည်းလာခဲ့သည်။ ထို့အပြင် အဆင့်များကို အလျင်အမြန် ချိုးဖျက်စေခဲ့သည့် အတွက် ချိုးယွင်းချက်များစွာ ဖြစ်ပေါ်ပြီး နောက်ပိုင်း အဆင့်တစ်ဆင့် တက်ဖို့အရေး သေမတတ်ကို ခဲယဉ်သွားခဲ့၏။
ဤထုန်းရွှမ်လောကကြီးတွင် လုံလောက်သည့် အရည်အချင်းသာ ရှိသရွေ့ ရရှိနိုင်သည့် ကျင့်စဉ်များနှင့် အရင်းအမြစ်များကြောင့် အင်မော်တယ်တက်လှမ်းခြင်း အဆင့်သို့ အချိန်တိုအတွင်း လူတိုင်း ရောက်နိုင်ကြ၏။ ဥပမာပြရသော် အသက်(၂၀)ပင် မပြည့်သေးဘဲ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်သို့ ရောက်ရှိနေသော ရေဝိဥာဉ်ဘုရားကျောင်းမှ ရွှေးလင်ပင်။
ထိုကျင့်ကြံခြင်း၊ ထိုအသက်အရွယ်ဖြင့် ဗဟိုမြို့တော်ကဲ့သို့သော နေရာမျိုး၌ အရမ်းကိုမှ ပါရမီကောင်းလှသော လူအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ထိုစဉ်က ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ရွှေးလင်အား အထင်ကြီးခဲ့ဖူးရသည်။
ထိုကဲ့သို့သော လူငယ်ဂျီးနီးယပ်လေးများသည် ထုန်းရွှမ်လောကကြီး၌ မှိုပေါက်သလို ပေါများလှသည်။
မည်သို့ပင်ဖြစ်စေကာမူ မသေမျိုးအဆင့်သို့ ချိုးဖျက်ပြီးနောက် အဆင့်တစ်ဆင့်မှ တစ်ဆင့်သို့ ချိုးဖျက်ရန်မှာ အရမ်းကိုမှ ခက်ခဲလှသည်။ အချို့ဆိုလျှင် အဆင့်သေးတစ်ဆင့်ကို ချိုးဖျက်ရန်အတွက် နှစ်ပေါင်း များစွာ အချိန်ယူရသည်။ လက်ရှိအဆင့်မှာတင် တစ်ဆို့ပြီး ဆက်လက်၍ အဆင့်မတက်နိုင်တော့သူများလည်း မနည်းမနောပင်။
ဖေးယု၏ အရည်အချင်းသည် တော်တော်လေး ကောင်းသည်ဟု ဆိုရပေမည်။ သို့သော်လည်း သူမပင်လျှင် အင်မော်တယ် တက်လှမ်းခြင်း အထဋ်အထိပ်အဆင့်မှ မသေမျိုး တတိယအဆင့်သို့ ရောက်ရှိရင် နှစ်(၆၀)၊ (၇၀)လောက် အချိန်ယူခဲ့ရသည်။ ထို့အပြင် မသေမျိုး တတိယအဆင့်မှ သူတော်စင်အဆင့်သို့ ချိုးဖျက်ရန် နောက်ထပ် နှစ်သုံးဆယ် ထပ်မံအချိန်ယူခဲ့ရပြန်သည်။
အသေအချာ ရေတွက်ကြည့်မည်ဆိုပါက ဖေးယု၏ လက်ရှိအသက်သည် နှစ်(၁၀၀)ကျော်နေလေပြီ။
သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းအဆင့် မြင့်သည်က တစ်ကြောင်း၊ အလှတရားကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်သည့် နည်းစနစ်များကို အသုံးပြုထားသည်က တစ်ကြောင်း တို့ကြောင့် ဖေးယုသည် အသက်တစ်ရာကျော်ပြီ ဖြစ်သော်ငြား သူမ၏ ရုပ်ရည်သည် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ လှပနေဆဲပင်။
ရန်ကိုင်နှင့်အတူ ဝဲပျံတိမ်တိုက်မြို့တော်ဆီ သွားခဲ့စဉ်အခါက သူသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သာ ရှိသေးသည်။ သို့သော်လည်း ငါးနှစ်၊ ခြောက်နှစ်လောက် ကြာပြီးနောက် ရန်ကိုင်သည် မသေမျိုး တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လေပြီ။
ထိုအမြန်နှုန်းသည် အရမ်းအရမ်းကိုမှ ကြောက်ဖို့ကေငါ်းလှ၏။
ထို့ကြောင့် သူတားမြစ်ပညာရပ် တစ်ခုခုကိုများ လေ့ကျင့်ခဲ့သလားဟု ဖေးယု သံသယဝင်သည်မှာလည်း ဝင်ချင်စရာပင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၄) ရူးကြောင်ကြောင်ကောင်စုတ်လေး
ရန်ကိုင်အား ခဏလောက် ဆက်စိုက်ကြည့် နေပြီးနောက်မှပဲ ဖေးယု မျက်ခုံးကြောတို့ ပြေလျော့ သွားခဲ့ပြီး အသာအယာ ခေါင်းခါလျက် “ဘာပြဿနာမှ ရှိတဲ့ပုံမပေါ်ဘူး။ အစစ်အမှန်ချီက သန့်စင်နေတုန်း။ နင့်ဂိုဏ်းတူဒေါ်လေးအောက်တောင် မနိမ့်ကျဘူး။ ဒါပေမယ့် လုံခြုံသွားအောင် ချန်းယုနဲ့ အခြားလူတွေကိုပါ ခေါ်ပြီး စစ်ဆေးခိုင်းရမယ်”
ပြောပြီးသည်နှင့် ပြန်ထိုင်ချလိုက်ပြီး ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်ရင်း “ဒီနှစ်တွေမှာ နင်ဘာတွေများ လုပ်နေတာလဲ။ ဝဲပျဲတိမ်တိုက်မြို့ကနေ ခွဲပြီးတာနဲ့ နင့်သတင်းအစအနကို မရတော့တာ”
“ကျုပ်…”
ရန်ကိုင်က ပြောမည်အပြု ဖေးယုက ကြားဖြတ် ပြောလိုက်သည် “နေဦး။ ချန်းယန်နဲ့ အခြားလူတွေလည်း ဒီသတင်းကို ကျိန်းသေ ကြားချင်ကြမှာလဲ။ ငါသူတို့ကို အကြောင်းကြားပြီသွားပြီ။ သူတို့ မကြာခင် ဒီကို ရောက်လာတော့မှာ။ နင့်ကိုယ်နင် အကောင်းဆုံး ပြင်ဆင်ထားရင် ကောင်းလိမ့်မယ်။ အဲ့သုံးကောင်စလုံးက နင့်ကို သင်ခန်းစားကောင်းကောင်းပေးမယ်ဆိုပြီး လုပ်ထားကြတာ”
“အာ… အန်” ရန်ကိုင်က ခေါင်းကိုကုတ်၊ ပါးစပ်ကို စေ့၍ ခါးကိုမတ်မတ်ထား၍သာ ထိုင်နေလိုက်သည်။
သူ့ပုံစံမြင်သော် ဖေးယုက ထိုကိစ္စကို ဆက်လက် အစမဖော်တော့ပဲ မေးထောက်ရင်း စိတ်ဝိဥာဉ် အသီးတစ်ပိုင်းကို ယူကာ ဇိမ်ပြေနပြေဖြင့်သာ ဝါးနေလိုက်လေသည်။
လက်ဖက်ရည်တစ်ခွက်ဆူစာ မရှိတတ်ရှိတတ် အချိန်မှာပဲ အပြင်ဘက်မှ ခြေသံတို့ ထွက်ပေါ်လာခဲ့သည်။
“သူတို့ရောက်ပြီ” ဖေးယုက ယဲ့ယဲ့လေးပြုံးလျက် ပွဲကြီးပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မည့်နှယ် သူမ၏ ကိုယ်နေဟန်ထားကို သက်သောင့်သက်သာ ရှိအောင် ပြင်လိုက်သည်။
ချန်းယန်နှင့် အခြားသူများ ရန်ကိုင်အား သင်ခန်းစာ ပေးမည်ကို သူမ တော်တော် မြင်ချင်နေသည့်ပုံပင်။
ရန်ကိုင်မူက အနည်းငယ် လေးနက်နေသည့် အမူအရာဖြင့် ခါးကိုမတ်မတ်ထား၍သာ ဝင်ပေါက်ဆီ ငေးကြည့်နေခဲ့သည်။
ခဏအကြာ၌ လူသုံးယောက် တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြလေသည်။ ထိုသုံးယောက်ကား ချန်းယန်၊ လီဝမ်နှင့် ဖေးကျန်တို့ပင် ဖြစ်လေသည်။
ဝင်လာသည်နှင့် လီဝမ်က အရင်ဆုံး စအော်မေးလိုက်သည် “ဟိုကောင်စုတ်လေး ပြန်လာပြီဆို”
ချန်းယန်သည် စည်းကမ်းထိန်းသိမ်းရေး တစ်ယောက်ပုံစံမျိုး လုပ်နေချိန် ဖေးကျန်ကမူ အပြတ်တွယ်တော့မည်နှယ် နှုတ်ခမ်းကို တွန့်ကွေးလျက် သူ့လက်ချောင်းများကို ပွတ်သပ်နေခဲ့သည်။
မျက်လုံးသုံးစုံသည် ရန်ကိုင်ဆီသို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့လေသည်။
ရန်ကိုင်ကမူ ချက်ချင်း မတ်တပ်ရပ်၍ သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “ဂိုဏ်းတူဦးလေးတို့ သူတော်စင်အဆင့်ကို ချိုးဖျက် သွားနိုင်တဲ့ ဂုဏ်ယူပါတယ်ဗျာ။ ဒါက ကောင်းကင် ဂိုဏ်းတော်အတွက် တကယ်ကို သတင်းကောင်း တစ်ခုပဲ။ ဂိုဏ်းတူဦးလေးတို့ရဲ့ ကြီးမြတ်တဲ့ ခွန်အားကြောင့် မကြာခင်မှာပဲ ထုန်းရွှမ်လောကကြီးတစ်ခွင် ကျိန်းသေ ကျော်ကြားလာတော့မှာပါ။ ဂိုဏ်းတူတူလေးက ကြိုတင်ပြီး ဂုဏ်ပြုပါတယ်ဗျာ”
ရန်ကိုင်၏ ရုတ်တရက် အပြုအမူကြောင့် ဖေးယု ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ ထို့နောက် မဲ့ပြုံးပြုံးလျက် သူမဘာသာသူမ ရေရွတ်လိုက်လေသည် “ဥာဏ်များတဲ့ကောင်စုတ်လေးပဲ”
ယောကျာ်းသုံးယောက်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်ကြလေသည်။ ရန်ကိုင်ကို သင်ခန်းစာကောင်းကောင်း ပေးပစ်မည်ဟု ကြုံးဝါးပြောဆိုခဲ့သော်ငြား ၎င်းသည် ရန်ကိုင်အပေါ် အရမ်းကိုမှ စိုးရိမ်နေသောကြောင့် စိုးရိမ်စိတ် အလျောက် ပြောခဲ့ခြင်းသာ ဖြစ်သည်။ ယခု ရန်ကိုင် အဆင်ပြေပြေနှင့် ရှိနေသည်ကို မြင်ရသော် သူတို့ သူ့အား မည်ကဲ့သို့ ဒေါသထွက်ရက်တော့မည်နည်း။
ရန်ကိုင် ရုတ်တရက် ထပြောလိုက်သော စကားကြောင့် သုံးယောက်စလုံး ခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်ကြလေသည်။
ထို့အပြင် သူတို့အားလုံး သူတော်စင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းသည် ရန်ကိုင်၏ အားထုတ်မှု မပါမဖြစ်ပင် မဟုတ်လေလော။ ရန်ကိုင် နှစ်တစ်ထောင် နတ်ဆိုးပန်းပွင့်၏ ဆေးအရည်ကို ယူဆောင်လာနိုင်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့သုံးယောက် သူတော်စင်အဆင့်သို့ ချိုးဖျက်ရန် နှစ်တော်တော်များများ အချိန်ယူရပေလိမ့်မည်။
“ကောင်စုတ်လေး” ချန်းယန်၏ လေးနက်နေသော အမူအရာတို့ နေလာနှင်းပျောက်သည့်ပမာ ပျောက်ကွယ် သွားခဲ့ပြီး အပြုံးကြီးပြုံးလျက် ရန်ကိုင်၏ ပခုံးအား တဖတ်ဖတ် ပုတ်လိုက်ရင်း သူ့အား အထက်အောက် သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ လက်နှစ်ဖက်၊ ခြေတစ်ဖက်၊ ခေါင်းတစ်လုံး၊ အကုန်လုံး နေရာတကျ ရှိနေတုန်းပဲ”
“ဟုတ်တယ်။ ဒီကောင်က အရင်ကထက်တောင် ပိုတောင့်လာသလိုပဲ”
ဖေးကျန် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး “မင်းအရှိန်အဝါကလည်း ပိုပြီး သိပ်သည်းလာတယ်နော်”
“ဒီနှစ်အတွင်း အပြင်မှာ တော်တော်လေး ကောင်းစားခဲ့တယ်နဲ့တူနော်။ ကောင်းတယ်”
သူ့ဂိုဏ်းတူဦးလေးများသည် သူ့အပေါ် ချီးကျူးစကား နည်းနည်းပါးပါးသာ ပြောခဲ့သော်ငြား သူတို့အားလုံး သူ့အပေါ် ဂရုစိုက်ကြမှန်း ရန်ကိုင် သိသည်။
ဖေးယုကမူ သုံးယောက်စလုံး စကားပြော၍ ပြီးသည်အထိ စောင့်ပြီးမှ နှာခေါင်းရှုံ့ကာ “နင်တို့သုံးယောက်စလုံးက သူတော်စင်တွေ ဖြစ်နေကြပြီး ဂိုဏ်းတူတူလေးရဲ့ ကျင့်ကြံခြင်းကို စစ်ဆေးဖို့ နည်းနည်းလေးမှတောင် မတွေးကြဘူးလား”
“သူ့ကျင့်ကြံခြင်း ဘာဖြစ်နေလို့လဲ” ချန်းယန် မျက်မှောင်ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေး ကြည့်လိုက်လေသည်။
စစ်ဆေးပြီးသည်နှင့် ချက်ချင်းဆိုသလို မယုံကြည်နိုင်စရာ တစ်ခုခု မြင်တွေ့လိုက်ရသည့်အလား မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့လေသည်။
ချန်းယန်၏ အမူအရာကို မြင်သော် လီဝမ်နှင့် ဖေးကျန်တို့လည်း ရန်ကိုင်၏ ကျင့်ကြံခြင်းအား စစ်ဆေးကြည့်လိုက်ကြသည်။ သို့သော် စစ်ဆေးပြီးသည်နှင့် နှစ်ယောက်စလုံး ချန်းယန်ကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
မသေမျိုးတတိယအဆင့်…
ဘယ်ချောင်ကမှန်းမသိ ရောက်လာသော သူ့တို့၏ ဂိုဏ်းတူတူလေးသည် မသေမျိုးတတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။
“ဝဲပျံတိမ်တိုက်မြို့တော်ကနေ ထွက်လာတုန်းက ဂိုဏ်းတူတူလေးက အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်မှာ ရှိနေသေးတာကို ငါသေချာ မှတ်မိတယ်။ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည်ကို သန့်စင်ပြီး မသေမျိုးအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာတောင် ငါးနှစ်၊ ခြောက်နှစ်လောက်ပဲ ရှိသေးတာ။ ဒီငါးနှစ်ခြောက်နှစ်လေးနဲ့ မသေမျိုး တတိယအဆင့်ကို ရောက်နိုင်တယ်ဆိုတော့၊ ချန်းယန်၊ ဂိုဏ်းတူတူလေးမှာ ပြဿနာတစ်ခုခု ရှိလား စစ်ဆေးကြည့်လိုက်ပါလား” ဖေးယုက အလျင်အမြန် ဝင်ပြောလိုက်လေသည်။
ချန်းယန် အမူအရာ လေးနက်သွားခဲ့ပြီး ရန်ကိုင်အား စတင် စစ်ဆေးတော့လေသည်။
ခဏအကြာ၌ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ထူးဆန်းတယ်။ အရမ်းကို ထူးဆန်းလွန်းတယ်”
“ဘာတွေထူးဆန်းနေလို့လဲ” လီဝမ်နှင့် ဖေးကျန်တို့ နှစ်ယောက်စလုံး စိုးရိမ်တကြီးဖြင့် မေးလိုက်ကြသည်။
“ဂိုဏ်းတူတူလေးရဲ့ ကျင့်ကြံခြင်းနှင့် ပက်သက်ပြီး ဘာပြဿနာမှာ မရှိဘူး။ သူ့အခြေခံအုတ်မြစ်ကလည်း အရမ်းကိုမှ ခိုင်မာပြီးသား။ အစစ်အမှန်ချီဆိုရင်လည်း ပြောနေစရာမလိုအောင်ကို သန့်စင်သိပ်သည်းတာ။ ငါတို့လောက်နီးနီးပဲ”
“ဘ… ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ” လီဝမ် အလန့်တကြား ထပြောလိုက်လေသည်။ ဝဲပျံတိမ်တိုက် မြို့တော်သို့ မသွားစဉ်က သူတို့သုံးယောက်စလုံး မသေမျိုး တတိယအဆင့်သာ ရှိကြသေးပေသည်။ သို့သော်လည်း ရန်ကိုင်သည် ထိုအချိန်က သူတို့၏ ကျင့်ကြံခြင်းကို လိုက်မှီသွားခဲ့လေပြီ။
“မယုံနိုင်စရာ အခွင့်အလမ်းတွေနဲ့ ကြုံတွေ့ခဲ့တာ ကြောင့်သာ မဟုတ်ရင် ဂိုဏ်းတူတူလေးက… အရမ်း အရမ်းကိုမှ ထူးကဲလွန်းတဲ့ မဟာဂျူနီးယပ်ကြီး ဖြစ်နေလို့ပဲ ဖြစ်ရတော့မယ်” ချန်းယန်က ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်ရင်း “ဂိုဏ်းတူတူလေး၊ ဒီနှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ”
“ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ ဟိုဟိုဒီဒီ လျှောက်သွားနေတာပဲ ရှိတယ်။ အခွင့်အလမ်းတွေ ကတော့… အင်း၊ နည်းနည်းပါးပါးတော့ တွေ့ခဲ့တာပေါ့” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆို ငါတို့လည်း နားထောင်ကြည့်ရတာပေါ့” အခန်းထဲတွင် ရှိနေသော လူလေးယောက်စလုံး ရုတ်တရက် ပြောလိုက်ကြသည်။
ရန်ကိုင် အသက်တစ်ချက် ရှူလိုက်သည်။ ကူကယ်ရာမဲ့မဲ့ဖြင့်သာ ဤနှစ်များအတွင်း တွေ့ကြုံခဲ့ရသော သူ့အတွေ့အကြုံများကို ပြန်လည်း ဇာတ်လမ်းထွင်ပြောပြရတော့လေသည်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၊ နဂါးဖီးနစ်နန်းတော်နှင့် ပက်သက်သည့် ကိစ္စများကိုမူ မပြောပြခဲ့ချေ။
ထို့အစား ရေခဲဂိုဏ်း၊ နေမင်းကလန် တည်ရှိရာ ဆန်းကြယ်လောကငယ်နှင့် နတ်ဆိုးကုန်မြေထဲသို့ ရောက်စဉ်က အဖြစ်အပျက်များကိုသာ အလေးပေး ပြောပြခဲ့လေသည်။ ရန်ကိုင် ပြောပြသည်ကို နားထောင်ပြီး သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ အားလုံး ထိတ်လန့်သွားခဲ့ရ၏။
ရန်ကိုင် ပြောလို့ပြီးသွားသည့်နောက် လေးယောက် စလုံး တိတ်ဆိတ်သွားကြသည်။
နောက်ဆုံး လီဝမ်က အရင်ဆုံး တိတ်ဆိတ်မှုကို စတင် ချိုးဖျက်လိုက်လေသည် “တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အတွေ့အကြုံတွေ ရခဲ့တာပဲ။ နတ်ဆိုးကုန်းမြေ ဆိုတာမျိုးက… ငါတို့တောင် သွားရဲတာမဟုတ်ဘူး။ နေရာအနှံ့မှာ အားကောင်းတဲ့ နတ်ဆိုးပညာရှင်တွေ ရှိနေကြတာဆိုတော့ ငါတို့လူသားတွေအတွက် အရမ်းကို အန္တရာယ်များလွန်းတယ်”
“အို၊ ဟုတ်သားပဲ။ ဂိုဏ်းတူတူလေး၊ နင့်စီနီယာ အစ်မနှစ်ယောက်ကိုကော ရှာတွေ့ခဲ့သေးလား” ဖေးယုသည် စုယန်နှင့် ရှနင်းချန်တို့ကို အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။
“တစ်ယောက်ကိုတော့ တွေ့ခဲ့တယ်။ အဲ့တစ်ယောက်က အခုလောလောဆယ် ရေခဲဂိုဏ်းမှာ ကျင့်ကြံနေတယ်လေ။ အခြားတစ်ယောက်ကတော့ ဘယ်ရောက်နေလဲ ကျုပ်လဲ သေချာမသိသေးဘူး။ ဒါပေမယ့် နောက်ပိုင်း အနှေးနဲ့အမြန်တော့ ပြန်တွေ့မှာပါ” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
“တွေ့ရင် သူတို့ကို ဂိုဏ်းဆီ ခေါ်လာရမယ်နော်။ ဂိုဏ်းတူမောင်လေး တမ်းတမ်းစွဲ ဖြစ်နေရလောက်အောင် နင့်စီနီယာအစ်မနှစ်ယောက် ဘယ်လောက်လှလဲဆိုတာကို ငါတော်တော်လေး မြင်ချင်နေပြီ”
“တွေ့ရမှာပါ”
“ကဲ့၊ အဲ့ကိစ္စတွေ ထားလိုက်တော့။ ဂိုဏ်းတူတူလေး ဂိုဏ်းကို ပြန်မလာတာ ကြာပြီးဆိုတော့ သူပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ငါတို့ ပွဲကျင့်ပသင့်တာပေါ့၊ မဟုတ်ဘူးလား” ချန်းယန်က ညစ်ကျယ်ကျယ်ပြုံးလျက် လီဝမ်နှင့် ဖေးကျန်တို့အား စိုက်ကြည့်ရင်း ရုတ်တရက် ထအော်ပြောလိုက်လေသည်။
ချန်းယန်၏ ရည်ရွယ်ချက်ကို နားလည်ထားရာ၊ လီဝမ်နှင့် ဖေးကျန်တို့ကလည်း ချက်ချင်းပဲ သဘောတူလိုက်ကြလေသည်။
ဖေးယုက ခါးခါးသီးသီး ပြုံးလိုက်ပြီး “အကျင့် မကောင်းတဲ့ ယောကျာ်းတွေ၊ နင်တို့ အဒေါ်ရဲ့ ဆူးတစ်ထောင်ပန်းဝိုင်ကို ကြံနေကြတာမလား။ ငါ့ရှုယဉ်သာတောင်ကို ချက်ချင်း လာခဲ့မယ်လို့ နင်တို့ ပြောလိုက်ကတည်းက ငါသိနေတယ်။ အခု ငါပြောလိုက်မယ်။ ဒီတစ်ကြိမ်က နောက်ဆုံး အကြိမ်ပဲနော်။ ဂိုဏ်းတူတူလေးရဲ့ မျက်နှာကို ထောက်ပြီး နင်တို့ကို ဒီနေ့ တစ်ယောက်တစ်ပုလင်းစီ သောက်ခွင့် ပေးလိုက်မယ်။ ဒါပေမယ့် နောက်တစ်ကြိမ်ဆိုရင်တော့ ဘာမှတော့မရဘူး။ လက်ဝါးပဲရမယ်”
သုံးယောက်စလုံး ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး အလျင်အမြန် စတင်ပြင်ဆင်ကြတော့လေသည်။
စိတ်ရှိတိုင် သောက်ကြပြီးနောက် ချန်းယန်နှင့် ကျန်နှစ်ယောက်သည် ဒယီးဒယိုင်ဖြင့် ရှုယည်သာ တောင်မှ ထွက်သွားခဲ့ကြလေသည်။ မသွားခင် ရန်ကိုင်အား ဘိုးဘေးချူလင်းရှောင်ဆီ သွားလည်ရန် ပြောခဲ့ကြလေသည်။ ချူလင်းရှောင်သည်လည်း ရန်ကိုင်အား အတော်လေး စိတ်ပူနေသည့်ပုံပင်။
ရန်ကိုင်လည်း လျင်စလိုပဲ သဘောတူလိုက်သည်။
ဖေးယု လုံးဝ မူးရူးနေခဲ့လေပြီ။ ပါးနှစ်ဖက်လုံး ရဲရဲနီနေခဲ့ပြီး မျက်လုံးများသည်လည်း စိုစွတ်နေကာ အချိန်မရွေ ငိုတော့မလိုလို။ ဝိုင်တစ်ပုလင်းကို တင်းတင်းဆုပ်ကိုင်ထားရင် သူမပုံစံ မည်ကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကို ဂရုပင်မစိုက်တော့ဘဲ ကျောက်တုံးစားပွဲပေါ်တွင် ခြေကားယားလက်ကားယား လဲလျောင်လျက် ဟောက်နေတော့လေသည်။
ထိုရင်းနှီးနေသည့် မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်သည် ခေါင်းလေးတရမ်းရမ်းဖြင်သာ စတင် သန့်ရှင်းရေး လုပ်တော့သည်။
နောက်တစ်နေ့ ချူလင်းရှောင်နှင့် ရန်ကိုင် သွားတွေ့လိုက်သည်။
အခန်းတွစ်ခုအတွင်းသည် ချူလင်းရှောင်သည် သူထိုင်နေရာကျ ကူရှင်ပေါ် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ရန်ကိုင်ကို မြင်ြီးနောက် ချူလင်းရှောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အသာအယာ ပြောလိုက်လေသည် “မင်းမသေမျိုး တတိယအဆင့် ရောက်သွားပြီလို့ ချန်းယန်နဲ့ ဟိုကလေးတွေ ငါ့ကိုလာပြောတယ်။ အစကတော့ ဒီလူအိုကြီးလည်း သိပ်မယုံသေးဘူး။ လူကိုယ်တိုင် တွေ့လိုက်ရတော့မှာပဲ ဟိုကောင်တွေ တကယ် ပြောနေမှန်း သိလိုက်ရတယ်”
“တပည့် ကံကောင်းပြီး အခွင့်အလမ်းအချို့နဲ့ သွားတွေ့ခဲ့လိုပါက ဘိုးဘေး။ မဟုတ်ရင် ဒီအဆင့်ကို အချိန်တိုအတွင်း ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး”
“ဒီလောက် နှိမ့်ချနေစရာ မလိုပါဘူး။ အခွင့်အလမ်းတွေနဲ့ စွန့်စားသွားလာတာမျိုးက လူတစ်ယောက်ရဲ့ ခွန်အားပဲလေ။ အဲ့လို အခွင့်အလမ်းတွေကို မင်းကြုံတွေ့ခဲ့ရမှတော့ မင်းပိုင်တဲ့ ခွန်အားက မင်းအပိုင်ပဲပေါ့…” ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်လျက် မျက်လုံး မှေးစဉ်းလိုက်ပြီး ရန်ကိုင်အား စိုက်ကြည့်ရင်း ပြောလိုက်သည် “ဒါပေမယ့်၊ မင်းအရှိန်အဝါက နည်းနည်းထူးဆန်းနေတယ်… ပုံမှန်နဲ့ သိပ်မတူတော့ဘူး။ အခုဆို မင်းကိုယ်ပတ်လည်မှာ မြင့်မြတ်တဲ့ အရှိန်အဝါတွေ ရစ်သိုင်းနေပြီ။ ဒါမျိုး အရင်က ရှိခဲ့ဖူးတာ မဟုတ်ဘူး။ သိချင်စရာပဲ။ မင်းက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဒီလို အရှိန်အဝါမျိုး ရှိသင့်တာ မဟုတ်ဘူး။ အဲ့ဒါကို မင်းဘယ်ကနေ ရလာတာလဲ”
ရန်ကိုင် ကြောင်သွားခဲ့ရလေပြီ။ ထိုအချက်ကို လင်းတိုင်ရှု သတိပြုမိလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့။
ထိုကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို နဂါးဧကရာဇ်ပိုင်ဆိုင်ပေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင် ပိုင်ဆိုင်ခြင်းမဟုတ်။
သို့သော် ရန်ကိုင် ပြန်မဖြေရသေးခင်မှာဘဲ ချူလင်းရှောင်က သူ့လက်ကို ဝှေ့ရမ်း၍ “ဒီလူအိုကြီးက တွေ့ကြည့်ရုံလေးပဲ။ မင်းရှင်းပြနေရာမလိုဘူး။ လူတိုင်းမှာ အခြားသူတွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်ဆိုတာ ရှိကြတာပဲလေ”
ရန်ကိုင်လည်း ကွတိကွကျ အမူအရာဖြင့် ရယ်မောလိုက်ပြီး ရုတ်တရက် သူ့အမူအရာ လေးနက်သွားခဲ့ကာ “ဟုတ်သားပဲ၊ ဘိုဘေး တည်ထောင်သူကို ကျုပ်တစ်ခုလောက် မေးလို့ရမလား”
“မေးလေ” ချူလင်းရှောင်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဘိုးဘေးတည်ထောင်သူ လေဟာနယ်လိုဏ်ခေါင်း တည်ဆောက်ဖူးလား”
“အို” ချူလင်းရှောင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “မင်းဘယ်လိုသိတာလဲ”
ရန်ကိုင်က ခေါင်းကုတ်လျက် “ဘိုးဘေးတည်ထောင်သူ မေ့သွားပြီလား။ ဟိုဘက်က ကောင်းကင်စံအိမ်ထဲမှာ ကီလိုမီတာ သောင်းကျော်ကို တစ်ခဏအတွင်း သွားနိုင်တဲ့ လေဟာနယ်လိုဏ်ခေါင်း တစ်ခုရှိနေတယ်လေ…”
“ဟုတ်တယ်။ ရှိတယ်” ချူလင်းရှောင်က ထိုအကြောင်းကို ခဏလောက် စဉ်းစားလိုက်ပြီးနောက် “အင်း၊ အဲ့ဒါကို ငါဖန်တီးခဲ့တာ… ဒါပေမယ့် ငါ့အရည်အချင်းနဲ့ ငါဖန်တီးခဲ့တာတော့ မဟုတ်ဘူး။ လက်နက်တစ်ခုရဲ့ စွမ်းအားကို ငှားရမ်းပြီးတော့ဘဲ အဲ့ဒါကို ဖန်တီးနိုင်ခဲ့တာ”
“ပိုပြီး အသေးစိတ် ပြောပြပေးလို့ရမလား ဘိုးဘေးတည်ထောင်သူခင်ဗျာ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။
ယခုလောလောဆယ် ရန်ကိုင်သည် လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော်ငြား သူပြန်ပေါ်လာမည့် ဦးတည်ရာ လမ်းကြောင်းကို မဆုံးဖြတ်နိုင်သေး။ လေဟာနယ်ထဲမှ ထွက်လာသည့်အခါ ပေါ်ချင်သည့်နေရာ၌သာ ပြန်ပေါ်လာလေ့ ရှိပေသည်။
သေပြေးရှင်ပြေး ပြေးနေရချိန် ထိုကဲ့သို့သော ဦးတည်ရာလမ်းကြောင်းကို မခန့်မှန်းနိုင်သည့် ကိစ္စသည် သူ့အား ပြဿနာတွင်းထဲ ဆွဲခေါ်သွားနိုင်ပေသည်။
သို့သော်လည်း သူသာ ပြန်ပေါ်လာမည့် လမ်းကြောင်းကို ခန့်မှန်းနိုင်ပါက လေဟာနယ် ဆုတ်ဖြဲခြင်း နည်းလမ်းသည် သူ့အတွက် အရမ်းကိုမှ အသုံးဝင်လာပေလိမ့်မည်။
ထိုအကြောင်းကြောင့်ဘဲ ချူလင်းရှောင်အား လာမေးခဲ့ခြင်း ဖြစ်သည်။
“အဲ့လက်နက်ကို လွန်ခဲ့တဲ့ နှစ်တွေတုန်းက မတော်တဆ ရခဲ့တာလေ။ အဲ့ထဲမှာ လေဟာနယ် စွမ်းအား အငွေ့အသက်တွေ ပါနေမှန်း သိပေမယ့် တစ်ခါမှ အသုံးမပြုဖူးသလို ပါဝင်နေတဲ့ စွမ်းအားတွေကို နားလည်အောင်လုပ်ဖို့လည်း တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။ နတ်ဆိုးဗိုလ်ချုပ်ကြီးနဲ့ တိုက်ခိုက်နေတုန်း ပုန်းကွယ်နေသည့် လေဟာနယ်လိုဏ်ခေါင်းထဲ မတော်တဆ ရောက်သွားပြီး မင်းတို့ လောကထဲ ရောက်သွားခဲ့တယ်လေ။ အဲ့နတ်ဆိုးကို သတ်ပြီးတော့ အဲ့မှာပဲ ကောင်းကင်စံအိမ်ကို တည်ထောင်ခဲ့တာ။ ဒါပေမယ့် ဒီဘက်ကို ဘယ်လိုပြန်လာလို့ ပြန်လာရမှန်း ငါမသိခဲ့ဘူး” ချူလင်းရှောင် အတိတ်ကို လမ်းဆွေးတသ ဖြစ်နေသည့် အမူအရာဖြင့် “အဲ့မှာ နှစ်မနည်းကြာအောင် ငါနေခဲ့သေးတယ်။ နောက်ဆုံး ဘာမှမလုပ်နိုင်တော့ ငါ့မျှော်လင့်ချက်အားလုံးကို ဒီလက်နက်အပေါ်ပဲ ပုံထားလိုက်တာပေါ့။ လက်နက်ကို အောင်အောင်မြင်မြင် အသက်သွင်းပြီး လေဟာနယ်လိုဏ်ခေါင်းကို ဖန်တီးလိုက်နိုင်ပေမယ့် ကီလိုမီတာ သောင်းကျော်လောက်ပဲ သွားလို့ရတယ်ခဲ့လေ။ လောကချင်းကို ဖြတ်ကူးသွားလာဖို့ကတော့ ပြောနေစရာတောင် မလိုဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၅)
“အဲ့လိုဆိုရင် ဘိုးဘေးတည်ထောင်သူ ဒီကို ဘယ်လို ပြန်လာခဲ့တာလဲ” ရန်ကိုင် မမေးဘဲ မနေလိုက်နိုင်ချေ။
ချူလင်းရှောင်က မဲ့ရယ်ရယ်လိုက်ပြီး “တိုက်ဆိုင်မှုပဲပေါ့။ အဲ့မှာ သေမင်းတောင်လို့ ခေါ်တဲ့နေရာတစ်နေရာ ရှိတယ်မလား”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သေမင်းတောင်သည် ဟန်မင်းဆက်အတွင်းရှိ တားမြစ်နေရာကြီးတစ်ခုပင် ဖြစ်လေသည်။ ရန်ကိုင်လည်း ထိုနေရာရှိ ဆန်းကြယ် လောကငယ်တစ်ခုထဲသို့ အတွေ့အကြုံရရန်အတွက် သွားခဲ့ဖူးသည်။ ထိုနေရာသည် သူနှင့် တန်းလန် မင်းဆက်များ ကျင့်ကြံသူများ ပထမဆုံး စတွေ့သည့် နေရာဆိုလျှင်လည်း မမှားပေ။
ထို့ကြောင့် သေမင်းတောင်ကို သူကောင်းကောင်း မှတ်မိနေခြင်းပင်။
“အဲ့မှာပဲ လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ငါတွေ့ခဲ့တာလေ။ အဲ့ကနေပဲ ဒီထုန်းရွှမ်လောကကြီးဆီ ပြန်လာနိုင်ခဲ့တာ”
ရန်ကိုင်အကြည့်တို့ တောက်ပသွားခဲ့ရလေပြီ။
သေမင်းတောင်တွင် ဤလောကကြီးဆီသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းတစ်ခု အမှန်တကယ် တည်ရှိနေသလား… ထိုအကြောင်းကို ရန်ကိုင် လုံးဝမသိခဲ့။ မန်ဝူရ၏ ကျေးဇူးကြောင့်သာ ထုန်းရွှမ်လောကကြီးဆီသို့ သူလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဗဟိုမြို့တော်အောက်ဘက်ရှိ မြေကမ္ဘာချီကြောမကြီး အတွင်း၌ ဖုံးကွယ်နေသော လေဟာနယ်လိုဏ်ခေါင်း တစ်ခုလည်း ရှိသေးပေသည်။
ထိုအကြောင်းကို တွေးရင်း ဤလောကကြီးနှင့် ယခင်လောကကြီးကြား တစ်ခုခု ဆက်စပ်နေရမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။ တစ်ချက်သာ… ထိုလောကကြီးအကြောင်း ဤနေရာရှိ လူအများစု မသိကြခြင်းပင်။
အပြန်အလှန်အားဖြင့် ထုန်းရွှမ်လောကကြီးမှ ယခင်လောကကြီးဆီသို့ သွားနိုင်သည့် နည်းလမ်းများစွာ ရှိရပေမည်။
ချူလင်းရှောင်နှင့် အချိန်အတော်ကြာအောင် စကားပြောခဲ့သော်ငြား ကံမကောင်းအကြောင်းမလှစွာဖြင့် သေချာရေရာသော အဖြေတစ်ခုတစ်လေကိုပင် မရရှိခဲ့။ သို့သော် သူသာ တစိုက်မတ်မတ် ဆက်လာရှာဖွေနေသရွေ့ တစ်နေ့ ယခင်လောကကြီးဆီသို့ ပြန်သွားနိုင်မည့် နည်းလမ်းအား ရှာတွေ့နိုင်သည် ဆိုသောအချက်ကိုမူ သိရှိခဲ့ရသည်။
ရန်ကိုင် အလျင်မလိုသေးချေ။ တကယ်တော့ သူ့မိတ်ဆွေ၊ မိသားစုများ ဤနေရာသို့ ရောက်လာလျှင်ပင် သူ့တွင် ထိုလူများအား ကာကွယ်ပေးနိုင်သည့် ခွန်အား မရှိသေးချေ။
ချူလင်းရှောင်ဆီမှ ပြန်လာပြီးနောက် ရှုယဉ်သာ တောင်ထွတ်ဆီ တန်းပြန်လိုက်သည်။ ရောက်သည်နှင့် သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုအား သူတံခါးပိတ် ကျင့်စဉ် ဝင်ဦးမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
မသေမျိုး တတိယအဆင့်သို့ သူချိုးဖျက်ထားသည်မှာ မကြာသေးသည့်အပြင် ကျင့်ကြံခြင်း အခြေခိုင်သွားအောင် လည်း တစ်ခါမှ မလုပ်ဆောင်ရသေး။ ထို့ကြောင့် လေဟာဆုတ်ဖြဲခြင်း၏ သဘောသဘာဝကို လေ့လာရင်း သူ့ကျင့်ကြံခြင်းကိုပါ တစ်ခါတည်း တည်ငြိမ်သွားအောင် လုပ်ရန် စီစဉ်နေခြင်းပင်။
သူယခင်နေနေကျ အခန်းတံခါးကို ပိတ်ပြီးသည်နှင့် သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ပိုင်းဖြတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်း၍ ပရမ်းပတာဖြစ်နေသော စွမ်းအင်များ ဖြာထွက်နေသည့် အနက်ရောင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
လေဟာနယ်ဆုတ်ဖြဲခြင်းနှင့် ပက်သက်၍ အတော်လေး ရင်းနှီးနေသဖြင့် ယခုကဲ့သို့ လုပ်ရသည်မှာ သူ့အတွက် အတော်လေး လွယ်ကူနေခဲ့သည်။
လေဟာနယ်ထဲ ခုန်ဝင်သွားပြီးနောက် အနက်ရောင် အက်ကွဲကြောင်းသည် အလျင်အမြန် ပြန်ပိတ်သွားခဲ့ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
လေဟာနယ်ထဲသို့ ဝင်လိုက်သည်နှင့် တင်ပလင်ခွေ ထိုင်လျက် ကျင့်စဉ်ကို လှည့်ပတ်၍ ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် စတင်လုပ်ဆောင်တော့လေသည်။ တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ သူ့ဘေးနားပတ်လည်ရှိ ဟင်းလင်းပြင် စီးကြောင်းများ၏ လားရာကို စတင်လေ့လာတော့သည်။
ထိုဟင်းလင်းပြင်စီးကြောင်းများနှင့် ပက်သက်၍ တစ်ခုခု ထူးကိုထူးခြားနေရမည်ဟု ရန်ကိုင် အမြဲတစေ ယုံကြည်ထားခဲ့သည်။ မည်သူမှ ထိုဟင်းလင်းပြင်စီးကြောင်းများ၏ လျှို့ဝှက်ချက်များကို မဖော်ထုတ် နိုင်ခဲ့ခြင်းမှာ ထိုစီးကြောင်းများသည် အရမ်းကိုမှ အန္တရာယ်များသောကြောင့်ပင် ဖြစ်လေသည်။
သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဤနေရာသို့ ရောက်လာနိုင်လျှင်ပင် ထိုဟင်းလင်းပြင် စီးကြောင်းများ၏ ဒဏ်ကို တောင့်ခံနိုင်လိမ့်မည်မဟုတ်။ အချိန်တစ်ခဏအတွင်းမှာပဲ သူတို့၏ ခန္ဓာရော၊ ဝိဥာဉ်ပါ တစ်စစီ ပျက်စီးသွားရပေလိမ့်မည်။
ရန်ကိုင်ကမူ ထိုကဲ့သို့ ဖြစ်လာမည်ကို တွေးမပူ။ သူ့ကောင်းကင်စိတ်အာရုံနှင့် ခန္ဓာကိုယ်သည် သာမန်ထက် ပို၍ ထူးခြားသည် မဟုတ်ပေလော။
ကောင်းကင်စိတ်အာရုံအား ထောင်ပေါင်းများစွာသော အမျှင်တန်းလေးများအဖြစ် ပြောင်းလျက် ဟင်းလင်းပြင် စီးကြောင်းတစ်ခုချင်းစီတိုင်းစီ ကပ်တွယ်ခိုင်းလိုက်ပြီး ၎င်းတို့အား ကန့်သတ်ထိန်းချုပ်ထားသော ဥပဒေသ၊ နိယာမ သဘောတရားများကို နားလည်အောင် စတင် ကြိုးစားတော့လေသည်။
ရန်ကိုင်သည် အစိုးရိမ်လွန်သွားခြင်း မရှိဘဲ သူ့စိတ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင်သာ လုပ်ထားခဲ့သည်။
အချိန်ကြာလာသည့်အခါ ရိုးရှင်းသော လေဟာနယ် ဥပေဒသစည်းမျဉ်းအချို့ကို နားလည်နိုင်ခဲ့သည်။ သို့သော် အဓိကသော့ချက်ကိုမူ မဖမ်းဆုပ်နိုင်သေးပေ။ ထို့ကြောင့် ဆက်၍သာ လေ့လာနေလိုက်လေသည်။
ရုတ်တရက် ဟင်းလင်းပြင်ထဲရှိ စွမ်းအင်စီးကြောင်းများ မတည်မငြိမ် ဖြစ်လာခဲ့သဖြင့် ရန်ကိုင်လည်း တပလင်ခွေထိုင် ကျင့်ကြံနေရာမှ လန့်နိုးလာခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံ အမျှင်တန်းလေးများကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ဘေးဘက်သို့ လှည့်ပတ်ကြည့်လိုက်သည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး အားကောင်းသော အဖျက်စွမ်းအင်၊ အရှိန်အဝါတို့သည်လည်း အဘက်ဘက်မှ လှိုင်းလုံးများသဖွယ် တိုးဝင်လာနေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရသည်။
လေဟာနယ်ဆုတ်ဖြဲခြင်း ပညာရပ်ကို လေ့ကျင့်နေစဉ် ယခုကဲ့သို့သော အခြေအနေမျိုး သူမကြာခဏ ကြုံတွေ့ဖူးပေသည်။ ရှင်းရှင်းပြောရလျှင် လက်ရှိ အခြေအနေသည် သူကြယ်တာရာကောင်းကင်ထဲ ရှိစဉ်က ကြုံကြိုက်ခဲ့ရသည့် အာကာသမုန်တိုင်းများနှင့် ဆင်တူပေသည်။ ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များသည် အကန့်အသတ်တစ်ခုအထိ သိပ်သည်းသွားချိန် မုန်တိုင်းများအဖြစ် ပြောင်းလဲသွားလေသည်။
ထိုနည်းတူစွာ ဟင်းလင်းပြင်ထဲရှိ လေဟာနယ် စွမ်းအင်များသည် အတိုင်းအတာတစ်ခုအထိ သိပ်သည်းသွားသည့်အခါ ဟင်းလင်းပြင်မုန်တိုင်းများ ဖြစ်ပေါ်လာရသည်။
ဒါဟာ သဘာဝဖြစ်စဉ်ပင် ဖြစ်လေသည်။
ယခုကဲ့သို့ ဖြစ်လေတိုင်း ရန်ကိုင်မှာ အမြန်အဆန် ရှောင်ရှားရသည်။ ယခုတစ်ကြိမ်လည်း ထိုနည်းတူပင်။ ဟင်းလင်းပြင်မုန်တိုင်း နီးကပ်လာနေသည်ကို မြင်သော် ရန်ကိုင် ပထမဆုံးတွေးလိုက်မိသည်ကား ထွက်ပြေးရန်ပင်။ သို့သော် ခဏလောက်စဉ်းစားပြီးနောက် မျက်မှောင်ကြုံ့လျက် ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်၏။
ကြယ်တာရာကောင်းကင်ထဲ ရောက်စဉ်က အာကာဿမုန်တိုင်းကို မခုခံချင်ဘဲ ခုခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ၎င်းအဖြစ်အပျက်မှ အကျိုးအမြတ် အများကြီး ရသွားခဲ့ကာ မသေမျိုးအဆင့်သို့ပင် ချိုးဖျက်သွားနိုင်ခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင် တွေးလိုက်သည်ကား ယခုတစ်ကြိမ် သူသာ ထိုဟင်းလင်းပြင် မုန်တိုင်းကို သူ့အသွေးအသားဖြင့် တောင့်ခံနိုင်ခဲ့လျှင် လေဟာနယ်ဆုတ်ဖြဲခြင်းနှင့် ပက်သက်သည့် သဘောသဘာဝများကို ပို၍ နားလည်လာနိုင်ပေလိမ့်မည်ဟုပင်။
ထိုသို့တွေးပြီးနောက် ရန်ကိုင်လည်း ဟင်းလင်းပြင် မုန်တိုင်းဆီမှ ထွက်ပြေးရန် မစဉ်းစားတော့ဘဲ ဟင်းလင်းပြင်စီးကြောင်းများထဲ ထိုင်လျက် ခွန်အားကုန်ကို စုစည်းကား အဖျက်စွမ်းအင်းမုန်တိုင်း ရောက်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
ခဏအကြာ၌ ပြင်းထန်သော ဟင်းလင်းပြင် မုန်တိုင်းသည် သူ့အား ဝါးမြိုသွားခဲ့လေသည်။
မုန်တိုင်းနှင့် ထိတွေ့မိသည်နှင့် ချက်ချင်းဆိုသလို ရန်ကိုင်အဝတ်စားများ တစ်စစီ ဖြစ်သွားခဲ့ရပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များစွာဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ရန်ကိုင်လည်း ညည်းမိလိုက်လေသည်။
ဤနေရာတွင် စီးဆင်းနေသော စွမ်းအင်များသည် ကြယ်တာရာကောင်းကင်ထဲရှိ စွမ်းအင်များထက် ပို၍ အန္တရာယ်များ ပြင်းထန်မှန်း သိသော်လည်း ထိုမျှ အားကောင်းလိမ့်မည်ဟု မခန့်မှန်းထားခဲ့ချေ။
ရန်ကိုင်လည်း အလျင်စလို ထပ်မံ အားစိုက်ထုတ်လိုက်လေသည်။
အက်ကွဲသွားသော သူ့အရေပြားမှ တစိမ့်စိမ့် စီးကျနေသော သွေးများကြောင့် ရန်ကိုင်တစ်ကိုယ်လုံး ရွှေနီရောင်တောက်နေခဲ့ရသည်။ တစ်ချိန်တည်းတွင် ဆန်းကြယ်နက်နဲသော ခွန်အားတစ်မျိုးသည် သူ့အသားထဲ စိမ့်ဝင်သွားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ထိတ်လန့် တုန်လှုပ်သွားခဲ့ရလေပြီ။ ထို့ကြောင့် နာကျင်မှုကို တောင့်ခံနေရင်း သူ့ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
သူ့အသွေးအသားထဲ စိမ့်ဝင်သွားခဲ့သော ခွန်အား တစ်မျိုးသည် လေဟာနယ်ကို ဆုတ်ဖြဲရန် သူအသုံးပြုခဲ့သော နည်းလမ်း၏ အခြေခံဖြစ်သည့် ဟင်းလင်းပြင် စွမ်းအင်ပင် ဖြစ်လေသည်။
ဟင်းလင်းပြင်စွမ်းအင်များ သူ့ကိုယ်ထဲ အဆက်မပြတ် တိုးဝင်လာခဲ့ရင် နောက်ဆုံး ရန်ကိုင်ကိုယ်တိုင်ပင် မတောင့်ခံနိုင်တော့သည့် အဆင့်သို့ ရောက်လာခဲ့ရသည်။ သူ့ခန္ဓာကိုယ်အား အတွင်းရော၊ အပြင်ဘက်မှ သန်းပေါင်း များစွာသော ဓါးသွားလေးများဖြင့် ပါးပါးချင်း လှီးဖြတ်နေသလို ခံစားနေခဲ့ရသည်။
ထို့သာမကသေး၊ သူ့ခန္ဓာကိုယ်အား ဆုတ်ဖြဲနေသော ဟင်းလင်းပြင်စွမ်းအင်ကြောင့် ရန်ကိုင် တစ်ကိုယ်လုံးသည် ထိတွေ့မရတော့သည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။
သူ့လက်နှင့်ခြေထောက်သည် သူ့ရှေ့တွင်ရှိနေမှန်း သိသော်လည်း အဆက်မပြတ် တွန့်လိမ်နေသော သူ့ပတ်လည်ရှိ လေဟာနယ်ကြောင့် သူ့ခြေထာက်များသည် ဟိုးအဝေးကြီး ရောက်နေသလို ရန်ကိုင် ခံစားမိနေခဲ့ရသည်။
ဆက်လက်၍ မတုန့်ဆိုင်းရဲတော့ရာ ချက်ချင်းပဲ အသံတိုးတိုးဖြင့် အော်ဟစ်လိုက်လေသည် “မိစ္ဆာအသွင်ပြောင်းလဲခြင်း”
သိပ်သည်းသန့်စင်လှသော နတ်ဆိုးစွမ်းအင်များ ရွှေရောင်အရိုးခြောက်ထဲမှ ထွက်ပေါ်လာပြီး နတ်ဆိုး အမှတ်အသားများအဖြစ် အသွင်ပြောင်းကာ ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံ၊ ပြီးသည်နှင့် သူ့အသားထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင် ခန္ဓာကိုယ်ခွန်အား၊ အရှိန်အဝါသည် အစောပိုင်းကထက် အများကြီး ပိုမို အားကောင်းလာခဲ့ရလေသည်။
သည်းခံနိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုဒဏ်သည်လည်း သိသိသာသာကို လျော့ပါးသွားခဲ့ရသည်။
အသာအယာ သက်ပြင်းရှိုက်လျက် ကောင်းကင် စိတ်အာရုံကို နောက်တစ်ဖန် ဖြန့်ကျက်၍ လေဟာနယ် မုန်တိုင်းထဲရှိ စွမ်းအင်းများကို စတင်လေ့လာတော့သည်။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး တဖြည်းဖြည်းချင်း ပြောင်းလဲမှုအချို့ကို ရန်ကိုင် စတင် သတိပြုမိလာခဲ့သည်။
ကြုံရာလမ်းကြောင်းအတိုင်း စီးဆင်းနေဟန် ထင်ရသော ဟင်းလင်းပြင်စီးကြောင်းများသည် အစီအစဉ် တစ်ခုအတိုင်း စီးနေသည့်နှယ်… ဟင်းလင်းပြင် စွမ်းအင်များ၏ လမ်းကြောင်းရန်ကို သေသေချာချာ မဆုပ်ကိုင်နိုင်သေးလျှင်ပင် အနည်းအကျဉ်းကိုမူ ရန်ကိုင် နားလည်စ ပြုလာခဲ့လေပြီ။
ရန်ကိုင် ပျော်ရွှင်စွာပြုံးလိုက်ပြီး သူ့ပတ်လည်ရှိ ဟင်းလင်းပြင်စီးကြောင်းများကို လေ့လာရင်း ဟင်းလင်းပြင် သဘောတရားများကို နားလည်အောင် ထပ်မံ ကြိုးပမ်းတော့ပြန်သည်။
အချိန် မည်ရွေ့မည်မျှ ကုန်ဆုံးသွားပြီးမှန်းကို မသိသော်ငြား ရန်ကိုင်အတွက်မူ တဒင်္ဂလောက်သာဟု ထင်မှတ်ရသော အချိန် ကုန်ဆုံးသွားပြီးနောက် ဟင်းလင်းပြင်မုန်တိုင်း ပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံးသည်လည်း တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။
ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ယခင်က ပရမ်းပတာ၊ ဗလာကျင်းနေသော ဟင်းလင်းပြင်သည် ယခုအချိန်၌ အဆုံးမရှိသော အလင်းစက်လေးများဖြင့် ပြည့်နေသည့်ကို တွေ့ရှိလိုက်ရဿည်။
ထိုအလင်းစက်လေးများအား ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် တစ်ခုချင်းစီမှ အချက်အလက်အချို့ကို ရန်ကိုင် သိလိုက်ရသည်။
သူ့မျက်ခုံးကြောတို့ အနည်းငယ် ပြောလျော့သွားခဲ့ပြီး ထိုအလင်းစက်လေးများကို ဆက်လက် လေ့လာ နေလိုက်သည်။ အလင်းစက်တစ်စက်ချင်းစီတိုင်း ဘာကို ဆိုလိုနေမှန်း သိလာခဲ့ရပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှား လာခဲ့ရလေသည်။
အလင်းစက်လေးတစ်စက်ကို သေသေချာချာ အာရုံစိုက်ကြည့်လိုက်ရာ ခမ်းနားထည်ဝါသော တောင်ထွတ်တစ်လုံးကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ ထိုတောင်ထွတ်သည် တိမ်ယံထိတိုင်ရောက်ရှိနေခဲ့ပြီး ဘေးပတ်လည်တွင်လည်း အခြားတောင်များက ဝန်းရံထားလေသည်။ အထင်ရှားဆုံး ပြယုဒ်သည်ကား လိုဏ်ဂူဘေးသို့ စီးဆင်းနေသော မြစ်တွင်းသို့ စီးဝင်နေသော ရေတံခွန်ကြီးပင်။
ထိုပုံရိပ်သည် သူ့ကိုယ်သူ နစ်မြောကြည့်လိုက်သည့် အခါ လေထဲတွင်ဝဲ၍ ရင်းနှီးနေသော တောင်ကို ငုံ့ကြည့်နေရသည့်ပမာ ရန်ကိုင် ခံစားလိုက်ရသည်။
ရှုယဉ်သာတောင်ထွတ်…
သူ့ဂိုဏ်းတူဒေါ်လေး နားနေရာ နေရာဖြစ်သလို သူလက်ရှိ နေနေသည့် နေရာလည်း ဖြစ်ပေသည်။
သူ့လက်ကို ဆန့်ထုတ်၍ အလင်းစက်လေး ရှိနေသည့် နေရာမှ လေဟာနယ်ကို ဆုတ်ဖြဲ၍ အထဲသို့ ဝင်သွားလိုက်လေသည်။
လှည့်ကြည့်လိုက်ရာ ရေတံခွန်မှ ရေကျသံများ ညံမဆဲ ဖြစ်နေသော လှပသစ်လွင်နွေးထွေးလှသော နေရောင်အောက်ရှိ တောအုပ်ကြီးအတွင်း ရပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ချက်ချင်း ကောင်းကင်ပေါ် ပျံတက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အလွန်အမင်း အူမြူးသွားခဲ့ရလေသည်။
သူ့ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေရင်း ရန်ကိုင်မှာ ခွက်ထိုးခွက်လန် အော်ရယ်မိလိုက်လေသည်။
ယခု လေပေါ်မှ မြင်နေရသော မြင်ကွင်းသည် အလင်းစက်လေးထဲ သူမြင်ခဲ့ရသော မြင်ကွင်းနှင့် တစ်ပုံစံတည်းပင်။
“လတ်စသတ်တော့ ဒီလိုကိုး” ရန်ကိုင်က ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ စိတ်လှုပ်ရှား လွန်းနေသဖြင့် ခေါင်းမော့ကာ မအော်မိအောင် မနည်းထိန်းနေခဲ့ရသည်။
နောက်ဆုံး၊ ယနေ့တွင် သူသည် လေဟာနယ် ဆုတ်ဖြဲခြင်း၏ သဘောသဘာဝကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့လေပြီ။ လေဟာနယ်ကို ဆုတ်ဖြဲပြီး လမ်းပျောက်ကာ ကြုံရာနေရာ၌ ပေါ်လာမည်ကို စိုးရိမ်နေစရာ မလိုတော့။
ယခု သူသာဆန္ဒရှိပါက သူသွားချင်သည့် တည်နေရာကို သတ်မှတ်နိုင်လေပြီ။
ခန္ဓာကိုယ်ကိုသုံး၍ ဟင်းလင်းပြင်စွမ်းအင်ကို တိုက်ခိုက်ထိတွေ့ခြင်းဖြင့် ပြန်ရလိုက်သော အကျိုးကျေးဇူးသည် အမှန်ပင် ထိုက်တန်မှု ရှိပေသည်။
ဤနည်းလမ်း အလုပ်ဖြစ်မည်မှန်း သိခဲ့လျှင် ဟင်းလင်းပြင်ထဲ ထိုင်၍ အချိန်ဖြုန်းနေမည့်အစား ဟိုးယခင်ကတည်းက ယခုကဲ့သို့ လုပ်ခဲ့ပေသည်။
ရန်ကိုင်၏ ဆူဆူညံညံ အော်ဟစ်ရယ်သံကြောင့် တောင်အလယ်လောက်ဆီမှ ပုံရိပ်တစ်ခု လေထဲသို့ ပျံဝဲတက်လာခဲ့သည်။
လေထဲတွင်ဝဲလျက် ပျော်ရွှင်စွာ ရယ်မောနေသော ရန်ကိုင်နားသို့ ရောက်လာသည့်အခါ ဖေးယု၏ အမူအရာ ထူးဆန်းသွားခဲ့ရပြီး သူမ၏ ကျောက်စိမ်းသားပမာ ချောမွတ်လှသော လက်သွယ်သွယ်လေးဖြင့် နေရောင်ကို ကာလျက် မော့ကြည့်၍ အော်ပြောလိုက်လေသည် “ဂိုဏ်းတူတူလေး၊ နင်ပြောတော့ တံခါးပိတ် ကျင့်စဉ်ဝင်မယ်ဆို။ အခုဒီမှာ ဘာလာလုပ်နေတာလဲ”
သူမအသံကို ကြားသည်နှင့် ရန်ကိုင် အရယ်ရပ်လိုက်ပြီး ပြုံးကာ “ဒီနေ့ လမ်းလေးဘာလေး လျှောက်ကြည့်ရင် ကောင်းမလားဆိုပြီး တွေးမိလို့ ထွက်လာလိုက်တာ”
“နင်ထွက်လာတာလား” ဖေးယု မျက်မှောင် ကြုံ့သွားခဲ့ပြီး “ငါဘယ်လိုလုပ်ပြီး မသိရတာလဲ”
သူမသည်လည်း တောင်လိုဏ်ဂူထဲတွင် ရှိနေခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင် ထွက်လာသည်ကို သတိမပြုမိခဲ့။ ထို့ကြောင့် လက်ရှိ အဖြစ်အပျက်နှင့် ပက်သက်၍ နားမလည်နိုင် ဖြစ်နေခြင်းပင်။
‘ဂိုဏ်းတူဒေါ်လေး ကျုပ်ကို မမြင်မိလိုက်တာပဲ နေမှာပါ” ရန်ကိုင်က စိတ်ထဲပေါက်သလို ပြန်ဖြေလိုက်လေသည်။
ဖေးယုလည်း ထိုအကြောင်း ဆက်မပြောတော့ဘဲ ရန်ကိုင်ကိုယ်သာ အထက်အောက် အစုံအဆန် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူမ၏ နှုတ်ခမ်းလေးကို အသာအယာလေး ကွေးလျက် “ဂိုဏ်းတူတူလေး၊ တစ်ခုခု ထူးဆန်းနေတယ်လို့ နင်မထင်ဘူးလား”
“တစ်ခုခု ထူးဆန်းတာလား” သူမ ဘာပြောနေမှန်း မသိသဖြင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ရသည်။
“ကောင်လေး၊ နင်ခန္ဓာကိုယ် အချိုးအစားက တကယ် လန်းတာပဲနော်…” ဖေးယုက လေးစားတကြီ ပြောဆိုလိုက်သည်။ သူမ၏ မျက်နှာလေးသည် ရှက်ရွံ့မှုကြောင့် တဖြည်းဖြည်း နီးမြန်းလာခဲ့ပြီး ရန်ကိုင်အား ချီးကျူးလိုသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း “နင့်အဝတ်အစားအောက်မှာ ဒီလိုရတနာတစ်ခုကို သိမ်းထားလိမ့်မယ်လို့ ငါတကယ်ကို မထင်ထာဘူး…”
ရန်ကိုင် အပြုံးတို့ အေးခဲသွားရလေပြီ။ ဖေးယု ဘာကို ပြောနေမှန်း နားလည်လိုက်သည်နှင့် သူ့မျက်နှာ အမူအရာ မည်းမှောင်ရှုံ့မဲ့သွားခဲ့လေပြီ။ ဘာမှ ပြန်ပြောမနေတော့ဘဲ အနားတွင် ရှိနေသော ရေတံခွန်အောက်ရှိ ရေကန်ထဲသို့ ချက်ချင်း ဒိုင်ဗင်ထိုးဆင်သွားလေတော့သည်။