အခန်း (၈၄၆-၈၅၀)
Vol. 34 Ch. 846-850
အပိုင်း (၈၄၆)
ရန်ကိုင်ကို ကြည့်ရင်း ဖေးယု တခစ်ခစ် ရယ်မောမိလိုက်လေသည်။
ရန်ကိုင်မှာမူ သေချင်စိတ်ပေါက်အောင်ကို ရှက်နေခဲ့ရလေပြီ။ လေဟာနယ်ဆုတ်ဖြဲခြင်း၏ သဘောသဘာဝကို နားလည်အောင် လုပ်ရင်းထဲသာ အာရုံစိုက်မိသွားသဖြင့် ဟင်းလင်းပြင်မုန်တိုင်းကြောင့် သူ့အဝတ်အစားများ တစ်စစီ ဖြစ်သွားသည်ကို လုံးလုံး မေ့လျော့နေခဲ့သည်။
သူ့ဂိုဏ်းတူဒေါ်လေး သူ့အား ထူးထူးဆန်းဆန်းဖြင့် ကြည့်နေသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။
ကန်ရေမျက်နှာပြင်ပေါ်မှာ ရန်ကိုင် ခေါင်းလေး ပြူထွက်လာပြီး မျက်နှာပေါ်ရှိ ရေများကို သုတ်လျက် လှမ်းအော်ပြောလိုက်လေသည် “ဂိုဏ်းတူဒေါ်လေး၊ ဘာလို့ စောစောကတည်းက မပြောရတာလဲ”
ဖေးယုက လေထဲတွင်ဝဲလျက် ပြူထွက်လာသော ရန်ကိုင်၏ ခေါင်းကို အသာလေး ပုတ်လိုက်၏။ သူမမှာ ယခုထိတိုင် ရယ်ချင်နေတုန်းပင်။ နောက်ပြောင်ပြုံး ပြုံးလျက် “ဘာဖြစ်လို့လဲ။ နင့်ဂိုဏ်းတူဒေါ်လေးက နင့်ထက် အသက်များကြီး ကြီးတာကို ရှက်စရာ ဘာရှိလို့လဲ”
ရန်ကိုင်က ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရေထဲသို့သာ ပြန်ငုံ့သွားလိုက်လေသည်။
ဖေးယုရှေ့ ရန်ကိုင် ကူကယ်ရာမဲ့ရသည်။ သူမနေရာ၌ အခြားမိန်းကလေး တစ်ယောက်ဆိုပါက ဤလောကကြီး၌ ရန်မစသင့်သည့် မိန်းမများ ရှိသေးကြောင့် ကောင်းကောင်း သင်ခန်းစာ ပေးလိုက်ပြီဖြစ်သည်။
သို့သော် ဖေးယုသည် သူ့စီနီယာဖြစ်သလို ဂိုဏ်းတူဒေါ်လေးလည်း ဖြစ်လေရာ…
“ဒါပေမယ့် ငါမေးချင်နေတာရှိသေးတယ်။ နင်ဒီမှာ ဘာလာလုပ်နေတာလဲ။ နင့်ကိုယ်ပေါ်က အမာရွတ်တွေ ကိုကော ဘယ်လိုရထားတာလဲ” ဖေးယု၏ အကြည့် ရုတ်ချည်း လေးနက်သွားခဲ့ပြီး စိုးရိမ်စိတ်ဖြင့် ရန်ကိုင်အား မေးလိုက်လေသည်။
ရန်ကိုင်၏ ပုံမှန်မဟုတ်သည့် အသွင်အပြင်ကိုသာ ဖေးယုမြင်ခဲ့သည်မဟုတ်။ ဒဏ်ရာဒဏ်ချက် များစွာ ရခဲ့ပုံပေါက်သော သွေးစွန်းနေသည့် သူ့ခန္ဓာကိုယ် ကိုလည်း သူမ အသေအချာ သတိပြုမိပေသည်။
“မတော်တဆလေးပါ…” ရန်ကိုင်က ယဲ့ယဲ့လေး ပြန်ပြောလိုက်လေသည်။
ရန်ကိုင် အဆင်ပြေနေမှန်း သိလိုက်ရပြီးနောက် ဖေးယု စိတ်သက်သာရာ ရသွားခဲ့ပြီး တခစ်ခစ် ရယ်မောရင်း ခေါင်းလေး တရမ်းရမ်းဖြင့် ပြန်ထွက်သွားလေသည်။
ရန်ကိုင်သည် ရေထဲတွင် ခဏလောက် စိမ်နေ လိုက်ပြီးနောက် ကန်ထဲမှတက်၍ အဝတ်အစားသစ် တစ်စုံ ထုတ်လိုက်လိုက်သည်။
လိုဏ်ဂူထဲသို့ ဝင်သွားသော ဖေးယု သူ့အား ပြုံးပြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဟုတ်သားပဲ” ဖေးယုက ရုတ်တရက် ကောက်ပြောလိုက်သည် “လူအိုကြီးဒူကို နင်သွားမတွေ့ရသေးဘူးမလား။ နင်ပျောက်ပြီး တစ်နှစ်လည်းကြာရော မိနာငါတို့ဆီလာပြီး နင့်အကြောင်းကို လာလာမေးနေတာ။ သူတို့ နှစ်ယောက်လည်း နင့်ကို တော်တော်လေး စိတ်ပူနေတဲ့ပုံပဲ”
“အို။ အဲ့လိုဆိုရင် သူတို့ဆီ တစ်ချက်လောက် သွားကြည့်သင့်တာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အခုက အားနေတာဆိုတော့ အခုပဲ သူတို့ဆီ သွားလည်လိုက်တော့မယ်”
“အွန်း။ စောစောသွားတော့ စောစော ပြန်လာလို့ ရတာပေါ့” အစောပိုင်းက ကိစ္စနှင့်ပက်သက်၍ ရန်ကိုင် ရှက်နေသေးမှန်း သိထားသဖြင့် ဖေးယုသည် သူမ၏ လက်ကိုသာ ဝှေ့ရမ်းပြလိုက်လေသည်။
“ကျုပ်အဲ့မှာ ခဏနေဦးမှာ။ ဆေးပညာနဲ့ပက်သက်ပြီး လူအိုကြီးဒူနဲ့ ဆွေးနွေးစရာ ရှိသေးလို့”
ဖေးယုက ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး ရယ်ပြုံးပြုံးဖြင့် “နင်ကြိုက်သလိုသာလုပ်တော့။ ဟိုတစ်ခါတုန်းကလည်း ခဏလောက်ဆိုပြီး ထွက်သွားလိုက်တာ ခြောက်နှစ်ကြာမှပဲ ပြန်လာတော့တယ်”
သူမအား ရှောင်ဖယ်လိုသဖြင့် ရန်ကိုင် အကြောင်းပြချက် ပေးနေခြင်း ဖြစ်သည်ဟု ဖေးယု ထင်နေခြင်းဖြစ်သည်။ သို့သော်ငြား ရန်ကိုင်တွင် လူအိုကြီးဒူနှင့် ဆွေးနွေးစရာ ကိစ္စအချို့ အမှန်ကတယ် ရှိနေခဲ့ပေသည်။
ယနေ့ ရန်ကိုင်၏ ဆေးပညာ အရည်အချင်းသည် လူအိုကြီး တုဝမ်နှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေခဲ့လေပြီ။ စိတ်ဝိဥာဉ်အစီအရင်များကိုပါ အသုံးပြုမည်ဆိုပါက ဆေးသန့်စင်ခြင်း သက်သက်၌ လူအိုကြီးတုဝမ်ကို မရှုံးလောက်ဟု ရန်ကိုင် တွေးမိသည်။
သို့သော်လည်း တုဝမ်သည် ဆေးပညာကိုသာ နှစ်ပေါင်းများစွာကြာအောင် တစိုက်မတ်မတ် လေ့လာခဲ့သူ ဖြစ်သဖြင့် သူ့ကိုလည်း သွားအထင်သေး၍ မရချေ။
ရှေးဟောင်းနတ်ဆိုးကလန်ကို ဆန်းကြယ် လောကငယ်အတွင်းမှ လွှတ်ပေးရန်အတွက် လက်ရှိ ရန်ကိုင်၏ ဆေးပညာအရည်အချင်းဖြင့် မလုံလောက် သေးချေ။ ထို့ကြောင့် ရန်ကိုင်သည် သူ့ဆေးပညာ စွမ်းရည်ကို တိုးတက်အောင် အရမ်းလုပ်ချင်နေမိသည်။
သူသာ ရှေးဟောင်းနတ်ဆိုးကလန်၏ အထောက်အပံ့ကို ရရှိလိုက်ပါက ကိစ္စများစွာအား ဖြေရှင်းရာ၌ ပို၍ လွယ်ကူသွားပေလိမ့်မည်။
ဖေးယုကို နှုတ်ဆက်ပြီးနောက် ကောင်းကင်ဂိုဏ်းတော်မှ ထွက်လာခဲ့ကာ ကျောက်တုံးမြို့တော်ဆီသို့ ပျံသန်းသွားလေသည်။
နှစ်နှာရီကြာပြီးနောက် မြို့ဝင်ပေါက် အပြင်ဘက်သို့ သူရောက်လာခဲ့သည်။
ကျောက်တုံးမြို့တော်သည် ယခင်ကထက် ပို၍ စည်ကြားသိုက်မြိုက်လာခဲ့လေပြီ။ မြို့ထဲ အဝင်အထွက် လုပ်နေကြသော ကျင့်ကြံသူ အရေအတွက်မှာလည်း ပို၍ များပြားလာခဲ့ရသည်။
ခေါင်းကိုသာ ခါရမ်း၍ ထိုကိစ္စကို ဂရုမစိုက်တော့ဘဲ ဆေးပညာ အစည်းအရုံး ရှိရာဆီသို့သာ တိုက်ရိုက် လမ်းလျှောက်သွားလိုက်လေသည်။
ဆေးပညာအစည်းအရုံထဲ ဝင်ပြီးပြီးချင်းမှာဘဲ ဆံပင်အား နှစ်ဖက်ခွဲစည်းထားသော အသက်(၁၅) လောက်သာ ရှိသေးသည့် မိန်းကလေးတစ်ယောက် ပြေးထွက်လာပြီး သူ့လမ်းကို ပိတ်ရပ်လိုက်လေသည်။
ကောင်မလေးမှာ အသက်သာ ငယ်ခြင်းဖြစ်ပြီး အရွယ်အစားကမူ တော်တော်လေးကို ဖွံ့ဖြိုးနေခဲ့လေပြီ။ မကြာခင်မှာပဲ မြင်သူတိုင်းငေးမောရသော မိန်းမလှလေး တစ်ယောက် ဖြစ်လာပေလိမ့်မည်။
မိန်းမငယ်လေးက ရန်ကိုင်လမ်းကို ပိတ်ပြီး ခါးထောက်လျက် မေးခွန်းထုတ်လိုက်လေသည် “ရှင်ကဘယ်သူလဲ။ ဒီနေရာကို ဘာလို့ ဝင်ချင်သလို ဝင်လာရတာလဲ”
မိန်းမငယ်လေးအား တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ကောင်မလေး၏ ကျင့်ကြံခြင်းအဆင့်သည် သူမ အသက်အရွယ်နှင့် ယှဉ်လျှင် အတော်လေးကို မြင့်မားကြောင်း တွေ့လိုက်ရသည်။ ကောင်မလေးသည် (၁၅)နှစ်ပင် မပြည့်တတ်သေးသော်လည်း အစစ်အမှန် ဒြပ်စင်အဆင့်(၉)သို့ ရောက်နေခဲ့လေပြီ။ သူမ၏ အရည်အချင်သည် နဂါးဖီးနစ်နန်းတော်တွင် ရန်ကိုင် တွေ့ခဲ့သော စွန်းယုထက် အများကြီးသာပေသည်။
“နင်ဘယ်သူလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျောက်တုံးမြို့တော်ရှိ ဆေးပညာရှင် အစည်းအရုံးတွင် လူသုံးယောက်သာရှိပြီး ထိုလူသုံးယောက်စလုံးကို သူသိ၏။
ယခုကဲ့သို့ မိန်းမငယ်လေးတစ်ယောက် မည်သည့် အချိန်ကတည်းက ကျောက်တုံးမြို့တော် ဆေးပညာရှင် အစည်းအရုံးကို ခန့်ခွဲခွင့်ရသွားလေသနည်း။
“ရှင့်ကိစ္စမဟုတ်ဘူး” မိန်းမငယ်လေးက ပါးလေးကိုမို့၊ နှုတ်ခမ်းလေးကိုဆူလျက် မကျေနပ်သွားသည့် လေသံဖြင့် “ဒါက ဆေးပညာရှင်အစည်းအရုံးဆိုတာ ရှင်မသိဘူးလား။ ဒီနေရာက ကြုံရာလူတွေ ဝင်ချင်ဝင်၊ ထွက်ချင်ထွက်လို့ ရတဲ့ နေရာမဟုတ်ဘူး”
“ကြုံရာလူလား” ရန်ကိုင် တံတွေးသီးမတတ် ဖြစ်သွားခဲ့ရသည်။ ထိုကောင်မလေးသည် အသက်လည်း မကြီးသေးသလို အကောင်းကလည်း သေးသေးလေးပင် ရှိသေးသော်လည်း ဇကတော့ မသေးချေ။
“ဟွန့်၊ လူအိုကြီးတုကို ဆေးဖော်စပ်ခိုင်းချင်လို့ ရောက်လာတာမလား။ လူအိုကြီးကို ရှင့်အတက် ဆေးဖော်စပ်ပေးစေချင်ရင် နောက်တစ်လမှ ပြန်လာခဲ့။ အခု ဒီက ပညာရှင်နှစ်ယောက်စလုံးအတွက် အချိန်ဇယား ပြည့်သွားပြီ” မိန်းမငယ်လေးက ပြောလိုက်လေသည်။
“ဒီမှာ အရမ်း အလုပ်ရှုပ်နေတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“ဟုတ်တာပေါ့။ ဆေးဝိဇ္ဇာနှစ်ယောက်ဆီကို လူတွေအများကြီးက ဆေးဖော်စပ်ပေးဖို့ အကူအညီ လာတောင်းနေမှတော့ အလုပ်မရှုပ်ဘဲ နေတော့မလား” မိန်းမငယ်လေးသည် သူမကိုယ်တိုင် ဆေးဖော်စပ် ပေးရန် တောင်းဆိုခံနေရသည့် ဆေးပညာရှင်ကြီးပမာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်လေသည်။ ရုတ်တရက် သူမမျက်လုံးများ ဖျက်ခနဲလက်သွားခဲ့ပြီး “ရှင်သန်စင်စေချင်တဲ့ ဆေးလုံးအဆင့်က သိပ်မမြင့်ရင် ကျွန်မ ကူညီပေးနိုင်တယ်”
“နင်လည်း ဆေးဖော်စပ်တတ်တယ်လား” ရန်ကိုင် ထိုမိန်းကလေးကို ငုံ့ကြည့်လိုက်လေသည်။
“ဖော်တတ်တာပေါ့။ ဘာလို့ မဖော်တတ်ရမှာလဲ။ အကောင်သေးလို့ဆိုပြီး လူကို လာအထင်မသေးနဲ့။ ဒီက ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီ”
“အို။ အထင်ကြီးစရာပဲနော်” ရန်ကိုင်က ရိုးရိုးသားသား ချီးကျူးပြောဆိုလိုက်သည်။ ငယ်ငယ်လေးပင် ရှိသေးသော်ငြား ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေခဲ့လေပြီ။ တကယ်ကို တွေ့ရခဲ့သည့် ပါရမီရှင်ပင်။ ထို့အပြင် ဤမိန်းကလေးကို သူတစ်ခါမှ မတွေ့ဖူးသဖြင့် မိန်းကလေးမှာ လွန်ခဲ့သော သုံး၊ လေးနှစ်လောက်ကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရပေမည်။
သုံးလေးနှစ်အတွင်း ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာသည်ကို ကြည့်လျှင် ထိုမိန်းကလေး မည်မျှ ပါရမီပါကြောင်းကို မြင်တွေ့နိုင်ပေသည်။
ရန်ကိုင်၏ ချီးကျူးစကားကြောင့် ကောင်မလေး ပြုံးသွားခဲ့ရပြီး “ဘယ်လိုလဲ။ ကျွန်မ ရှင့်အတွက် ဆေးဖော်စပ်ပေးနိုင်တယ်နော်။ ဆန်းကြယ်အဆင့်နိမ့်ပဲ ဖြစ်ဖြစ်၊ အောက်အဆင့်တွေပဲဖြစ်ဖြစ်၊ ဘယ်ဆေးလုံးပဲ ဖော်စပ်ဖော်စပ်၊ ကျွန်မရဲ့ အောင်မြင်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်”
“ရှစ်ဆယ်ရာခိုင်နှုန်းလား။ ကောင်းလိုက်တာ။ ဝန်ဆောင်ခ ဘယ်လောက်ပေးရမလဲ” ရန်ကိုင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်၏။
“ဝန်ဆောင်ခ ပေးစရာမလိုဘူး” မိန်းကလေးက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်လေသည် “အခွင့်ရေး ရရင်ရသလို ဆေးလုံးတွေ ပိုပိုပြီး ဖော်စပ်သင့်တယ်လို့ လူအိုကြီးတုနဲ့ ဆရာရီတို့က ပြောထားပြီးသား။ အဲ… ရှင့်ဘက်က ပေးချင်တယ်ဆိုရင်လည်းပေးပေါ့။ ကျွန်မကတော့ မငြင်းပါဘူး။ တကယ်တော့ ဆေးဖော်စပ်ရတာက အရမ်းကို လက်ဝင်တယ်လေ။ ဝူအာ ဆေးဖော်စပ်တိုင်း ချွေးတောက်တောက်ကျတာ၊ ပြီးတော့ အရမ်းကိုလည်း ပင်ပန်းရတာပဲ”
ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လျက် “ဒီတော့ နင့်နာမည်က ဝူအာပေါ့”
“အင်း”
ခဏလောက် စဉ်းစားနေပြီးနောက် အနက်ရောင် သိုလှောင် နေရာလွတ်ထဲမှ ကောင်းကင်အဆင့်နှင့် ဆန်းကြယ်အဆင့် ဆေးပင်များကို ထုတ်ပေးလိုက်သည်။
ထိုဆေးပင်များသည် အဆင့်အရမ်းကြီး မမြင့်သဖြင့် ရန်ကိုင်အတွက် အသုံးမဝင်လုနီးနီး ဖြစ်နေခဲ့လေပြီ။
သူဆေးပညာကို စတင့်လေ့ကျင့်စဉ်ကလည်း ဆေးပင်များကို စုဆောင်းရန် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ကိုယ်ချင်းစာမိကာ ထိုမိန်းကလေးကို ကူညီပေးလိုက်ချင်မိသည်။
ဝူအာမျက်လုံးများ ဝင်းက်သွားခဲ့ပြီး ထိုဆေးပင်များကို သူမ၏ သိုလှောင်အိတ်ထဲ အလျင်အမြန် ထည့်လိုက်လေသည်။
“အဲ့ဒါနဲ့ ဆေးအလုံးတစ်ရာ သန့်စင်ပေး” ဆေပင်များကို ပေးပြီးနောက် ရန်ကိုင်က သူ့တောင်းဆိုချက်ကို ပြောလိုက်သည်။
“ကောင်းပြီလေ။ ဆေးပင်တွေက အများကြီးဆိုတော့ လောက်လောက်မှာပါ” ဝူအာ ပျော်ရွှင်စွာ ကတိပေးလိုက်သည် “ဒါပေမယ့် ဆေးလုံးက အလုံးတစ်ရာတောင် ဆိုတော့ အချိန်နည်းနည်း ယူရလိမ့်မယ်။ တစ်လကြာရန် ပြန်လာခဲ့။ အဲ့လောက်ဆို ရှင်ပြောတဲ့ ဆေးလုံး အလုံးတစ်ရာကို ကျွန်မ သန့်စင်လို့ ပြီးလောက်ပြီ”
“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သလင်းကျောက်အချို့ကို ထုတ်ယူလိုက်ကာ “ဒီမှာ ဝန်ဆောင်ခ”
“ကျွန်မကို တကယ် ပေးတာလား…” ဝူအာက ပန်းပွင့်ပုံစံကွက် ထွင်းထားသော ပန်းရောင် စကတ်လေးကို တင်းတင်းဆုပ်ကိုင်ထားရင်း ရန်ကိုင်ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်လိုက်သည်။ သူမ ကြည့်ရသည်မှာ ရှက်ရွံ့တုန့်ဆိုင်းနေသည့်ပုံပင်။
“ဆေးဖော်စပ်ရတာ လက်လည်းဝင်သလို အချိန်လည်း ကုန်တယ်လေ။ ကျုပ်ဘက်က ဝန်ဆောင်ခ ပြန်ပေးသင့်တာပေါ့”
“အဲ့လိုဆိုရင်… ဝူအာ ယဉ်ကျေးမနေတော့ဘူးနော်” ပြောပြီးသည်နှင့် သလင်းကျောက်များကို လက်ခံ ယူလိုက်လေသည်။ တစ်ချိန်တည်းတွင် သူမမျက်နှာထက် အပြုံးပန်းတို့ ပွင့်လန်းလာခဲ့ရလေသည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် “ကောင်းလိုက်တာ။ တစ်လာကြာရင် ရှင့်ဆေးလုံးတွေကို လာယူလို့ရပြီ။ အခု ကျွန်မ သွားဖော်စပ်တော့မယ်။ ရှင်စိတ်မပျက်စေရဘူး”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် မိန်းမငယ်လေး ပြေးထွက်သွားသည်ကို ကြည့်နေလိုက်သည်။
ပျော်ရွှင်စွာဖြင့် ပြေးသွားနေရင်း ထောင့်ချိုး တစ်ခုသို့ အရောက် မိနာနှင့် မတော်တဆ သွားတိုးလေသည်။ မိနာက လဲကျတော့မည့် ဝူအာကို အလျင်စလို လှမ်းဖမ်းလိုက်ပြီး အသာအယာ ဆူပူလိုက်လေသည် “ကောင်မလေး၊ နေ့တိုင်း ဘယ်လိုလုပ်ပြီး ဒီလောက် တက်ကြွနေရတာလဲ”
“စီနီယာအစ်မ၊ ကြည့်၊ကြည့်” ဝူအာက ကိုင်ထားသော သလင်းကျောက်များကို ပြလိုက်ရာ မိနာ မျက်ဝန်းအစုံ လက်သွားခဲ့ရပြီး ပြန်မေးလိုက်လေသည် “ဒီလောက် သလင်းကျောက်အများကြီးကို နင်ဘယ်ကနေ ရလာတာလဲ”
“သိုလှောင်အိတ်ထဲမှာ အများကြီး ရှိသေးတယ်။ အဲ့လူက ကျွန်မကို သလင်းကျောက် အတုံးနှစ်ဆယ်မက ပေးခဲ့တာ”
“ဘယ်သူပေးတာလဲ” မိနာ မျက်မှောင် ကြုံ့သွားခဲ့ရလေပြီ။
“လူငယ်လေး တစ်ယောက်ပဲ… ကျွန်မကို ဆေးလုံးတစ်ရာ သန့်စင်ခိုင်းတာလေ။ ပြီးတော့ ဝန်ဆောင်ခအဖြစ် အဲ့သလင်းကျောက်တွေ ပေးခဲ့တာ”
“ဆေးလုံး အလုံးတစ်ရာလား” မိနာ ကြောင်သွားခဲ့ပြီး “ဒီလောက် ဆေးလုံးအများကြီး ဖော်စပ်ပြီး သူဘာလုပ်ချင်နေတာလဲ။ ပြီးတော့ နင့်ကိုမှ အထူးတလည် ဖော်စပ်ခိုင်တးယ်ပေါ့”
“ဟုတ်တယ်။ ဆေးပင်တွေက ကျွန်မရဲ့ သိုလှောင်အိတ်ထဲမှာ”
မိနာအမူအရာ ချဉ်တင်တင် ဖြစ်သွားခဲ့ပြီး နှာခေါင်းရှုံ့လျက် “အပေအတေ တစ်ကောင် ဖြစ်ရမယ်။ ဒီလူက မျက်လုံးကန်းရင်ကန်း မကန်းရင် အခြား မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ သူအစည်းအရုံးထဲမှာ ရှိသေးလား”
“ကျွန်မမသိဘူး… ခုဏတုန်းကအထိတော့ ရှိနေသေးတယ်” ဝူအာက မိနာကို စိတ်ရှုပ်ရှုပ်ဖြင့် ပြန်ကြည့်လိုက်သည်။
“ငါတစ်ချက်သွားကြည့်လိုက်မယ်” ပြောပြီးသည်နှင့် ဝင်ပေါက်ဆီသို့ မိနာ ပြေးထွက်သွားလေသည်။
သူမ၏ ဂျူနီယာညီမလေးသည် အရမ်းကိုမှ ငယ်ရွယ်ပြီး ဆေးပညာကို လေ့လာနေဆဲသာ ရှိသေးသည်။ ထိုလူသာ ဆေးဖော်စပ်ခိုင်းရန် လူရှာသည် ဆိုပါက ဝူအာကို လာရှာလိမ့်မည် မဟုတ်ချေ။ ဝူအာ ပုံစံက အားကိုးရသည့်ပုံ ပေါက်လေသလော။
ထိုလူ မည်သူပင်ဖြစ်ပါစေ၊ သူသည် ဝူအာဆီသို့ မကောင်းသည့် ရည်ရွယ်ချက် တစ်ခုခုဖြစ် ချဉ်းကပ်နေခြင်း ဖြစ်ရမည်ဟု သူမစိတ်ထဲ အလိုလို ခံစားမိနေခဲ့သည်။
တွေးရင်းတွေးရင်း ဒေါသထွက်လာပြီး ဆေးပညာရှင် အစည်းအရုံးသည် ရှုပ်ရှုပ်ယှတ်ယှတ်လုပ်လို့ ကောင်းသည့် နေရာတစ်ခုမဟုတ်မှန်း ထိုအဆင့်နိမ့်သူတောင်းစား ကောင်ကို သင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။
သို့သော်လည်း အစည်းအရုံး ဝင်ပေါက်သို့ မရောက်ခင်မှာပင် အေးအေးသာသာ ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။ အကြည့်ချင်း ဆုံးသွားသည့်အခိုက် လူငယ်လေးက ပြုံးလိုက်ပြီး လှမ်းအော်ပြောလိုက်လေသည် “အလှလေး၊ မတွေ့ရတာတောင် ကြာပြီနော်”
မိနာ နေရာတွင်ပင် တောင့်တောင်ကြီး ဖြစ်နေခဲ့ပြီး ခဏအကြာမှ အသိပြန်ဝင်လာနိုင်ခဲ့ကာ အလန့်တကြား အော်ပြောလိုက်လေသည် “ရန်ကိုင်”
အော်ပြောနေရင်း ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အပြုံးကြီးပြုံးလျက် အလျင်စလို မေးလိုက်သည် “ဘာလဲ၊ နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီလား”
“အင်း။ လွန်ခဲ့တဲ့ တစ်လကမှ ပြန်ရောက်တာ”
“ဟွန့်၊ တောအုပ်တစ်နေရာရာမှာ နင်သေပြီလို့တောင် ငါထင်နေတာ” မိနာက မကျေမချမ်းဖြင့် “အရင်နှစ်တွေ တုန်းကဆိုရင် ငါ့မှာ နင့်သတင်းအကြောင်း ကောင်းကင်ဂိုဏ်းတော်ဆီ သွားမေးရတာမှ တမော။ ဒါပေမယ့် ဘာမှလည်း မရလိုက်ဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၇) လူအိုကြီးတု၏ ဧည့်သည်များ
နှစ်ပေါင်းများစွာ ကြာပြီးမှ ရန်ကိုင်ကို ပြန်မြင်လိုက်ရသဖြင့် မိနာ အတော်လေး ပျော်နေခဲ့သည်။
သို့သော်လည်း သူမနှင့် လူအိုကြီးတုတို့အား ရန်ကိုင် မည်မျှ စိတ်ပူအောင် လုပ်ခဲ့သည်ဆိုသည်အား ပြန်တွေးမိလိုက်သည်နှင့် မိနာ ရန်ကိုင်အား အနည်းငယ် မကျေမချမ်း ဖြစ်ချင်သွားခဲ့သည်။ ထိုကောင်စုတ်ကြောင့် သူမမှာ ကောင်းကင်ဂိုဏ်းတော်နှင့် ကျောက်တုံး မြို့တော်ကို အသွားအပြန် လုပ်ရလွန်းသဖြင့် လမ်းတစ်လျှောက် တောင်တန်းများပြင် ပြားကပ်နေလောက်လေပြီ။
“အဲ့ဒါကြောင့်ပဲ နင်တို့ကိုတွေ့ဖို့ လာခဲ့တာလေ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ဟွန့်၊ ဆင်ခြင်တုံတရားလေးတော့ ရှိသေးသားပဲ” မိနာက နှာခေါင်းရှုံ့ကာ ပြောလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့ကာ “နေပါဦး၊ ဝူအာကို ဆေးဖော်စပ်ပေးဖို့ တောင်းဆိုလိုက်တာ… နင်မလား”
“ဟုတ်တယ်။ ငါပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
မိနာက စိတ်သက်သာရာ ရသွားသည့်ပုံစံဖြင့် သူမ၏ ရင်ဘတ်ကို တဖတ်ဖတ် ပုတ်လျက် “နင်ဖြစ်နေလို့ တော်သေးတာပေါ့။ အခြား တဏှာရူးတစ်ကောင်က ဝူအာကို ကြံနေတာထင်ပြီး သင်ခန်းစားပေးတော့မလို့ လုပ်နေတာ”
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “သူလည်း ဆေးဖော်စပ်ဖို့ ဆေးအမယ်တွေ လိုမှာပဲလေ။ အဲ့ဒါကြောင့်ပဲ ငါသူ့ကို နည်းနည်းပါးပါး ပေးလိုက်တာ… အဲ့မိန်းကလေး ဘယ်တုန်းက ရောက်လာတာလဲ။ ငါသူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ မိနာ၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး ဝူအာ ထွက်သွားမသွား သေချာ စစ်ဆေးလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည် “လူအိုကြီးတုနဲ့ ငါတို့ ပြန်လာနေတုန်း သူ့ကို ခေါ်လာခဲ့တာ… သနားစရာကောင်းလိုက်တဲ့ ကောင်မလေးပါဟာ”
“အပြန်လမ်းမှာ ကောက်ခေါ်လာခဲ့တာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“ဟုတ်တယ်။ ဝဲပျံတိမ်တိုက်မြို့တော်ကနေ ပြန်လာတုန်းက မွန်းစတားသားအုပ်အုပ် တိုက်ခိုက်တာ ခံလိုက်ရတဲ့ ရွာတစ်ရွာကို ဖြတ်သွားမိတယ်လေ။ တစ်ရွာလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ခဲ့တာ။ ငါတို့ရောက်တော့ သူက အပျက်အစီးပုံတွေကြားမှာပဲ တစ်ယောက်တည်း ထိုင်ငိုနေတာလေ။ ခိုးကိုးရာ မဲ့နေတဲ့ မိန်းမငယ်လေး တစ်ယောက်တည်းကို ငါတို့ကလည်း ဒီအတိုင်း မထားရစ်ရက်တော့ တစ်ခါတည်း ခေါ်လာခဲ့တာ။ သူ့ကို တွေ့တုန်းကဆို ဆယ်နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ဆိုလည်း ပိန်လှီနေတာပဲ။ စကားကလည်း များများစားစား ပြောတာ မဟုတ်ဘူး။ မွန်းစတားသားရဲအုပ်ကြောင့် ကြောက်စိတ် မပြေသေးတာ ဖြစ်လောက်မယ်… နှစ်နည်းနည်းလောက် ကြာသွားတော့မှပဲ၊ အခုလိုမျိုး တက်တက်ကြွကြွ ဖြစ်လာခဲ့တာ။ ဟူး… တကယ်ကို ထိန်းချုပ်ရခက်တဲ့ ကလေးပဲ”
ရန်ကိုင် နွေးထွေးစွာပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “ပါရမီရှင်တစ်ယောက်ကို နင်တို့ ကောက်ယူလာခဲ့တာပဲ”
“ဟုတ်တယ်” မိနာ၏ မျက်ဝန်းလေးများ တဖျတ်ဖျတ် လက်သွားခဲ့ပြီး “ဝူအာရဲ့ ဆေးပညာပါရမီကြောင့် ငါနဲ့ လူအိုကြီးတုတို့ နှစ်ယောက်စလုံး တော်တော်လေး အံ့အားသင့်ခဲ့ရသေးတယ်။ ခေါ်လာတုန်းက ကျင့်တောင် ကျင့်ကြံရသေးတာမဟုတ်ဘူး။ အခုတော့ အစစ်အမှန် ဒြပ်စင်အဆင့် (၉)ကိုတောင် ရောက်နေပြီ။ ဆေးပညာ ဘက်မှာဆိုရင်လည်း ဆန်းကြယ်အဆင့်နိမ့်တဲ့။ ရိုးရိုးသားသားပြောရရင် စီနီယာအစ်မဖြစ်တဲ့ ငါတောင် ဖိအားခံစားလာရတယ်။ ငါသာ မကြိုးစားရင် တစ်ခဏ အတွင်းမှာပဲ အဲ့မိန်းကလေးက ငါ့ကိုကျော်သွားတော့မှာ”
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “အဲ့လိုမဖြစ်ခင် နှစ်နဲ့ချီဦးမှာပါ၊ ဘာတွေ စိုးရိမ်နေတာလဲ”
“အဲ့လောက် မကြာလောက်ဘူးလို့တော့ ငါထင်တာပဲ” မိနာက ခါးခါးသီးသီး ပြုံးလိုက်ပြီး “ငါက စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ ဖြစ်သေးတယ်။ ဝူအာနဲ့ဆို တစ်ဆင့်ပဲ ကွာတော့တာ။ အဲ့မိန်းကလေးရဲ့ အမြန်နှုန်းနဲ့ ဆိုရင် ဆယ်နှစ်အတွင်း ငါ့ကိုကျော်သွားလိမ့်မယ်”
ပြောနေရင်း ရန်ကိုင်အား သိလိုတကြီးဖြင့် ကြည့်၍ မေးလိုက်လေသည် “နင်ကော… စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်ကနေ ဘယ်လောက်အထိ တိုးတက်သွားပြီလဲ”
“အဲ… နည်းနည်းလေးပေါ့” ရန်ကိုင်မှာ မိနာအား သိမ်ငယ်စိတ်ဝင်သွားအောင် လုပ်မိမှာ စိုးသည့်အတွက် အမှန်အတိုင်း မပြောရဲခဲ့ပေ။
“ကောင်းပြီ၊ ကောင်းပြီလေ။ နင်ပုံစံကို မြင်တာနဲ့တင် သူတော်စင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်နေပြီမှန်း ငါသိတယ်။ ဒီက မိန်းကလေးက သာမန်သေမျိုး တစ်ယောက်ပါနော်… ငါ့ကိုယ်ငါ နင်တို့လို လူထူးလူဆန်း နှစ်ယောက်နဲ့ လိုက်ပြီး နှိုင်းယှဉ်မနေသင့်ဘူး” မိနာက စိတ်ချဉ်ပေါက်ပေါက်ဖြင့် ရေရွတ်လိုက်သည်။ သို့သော် ရုတ်တရက် ကောက်ပြုံးလိုက်ပြီး “အဲ့အကြောင်း တော်လောက်ပြီ။ ငါနဲ့လိုက်ခဲ့။ လူအိုကြီးတုသာ နင်ပြန်လာမှန်းသိသွားရင် ကျိန်းသေ ပျော်မှာ”
ရန်ကိုင်လည်း ခေါင်းညိတ်၍ မိနာနောက်မှ လိုက်သွားလေသည်။
သူတို့ ဝေးဝေးမသွားရသေးခင်မှာဘဲ ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး “လူအိုကြီးတုက ဧည့်သည်တွေနဲ့ တွေ့နေတာလား”
အခန်းထဲမှ ရယ်သံအချို့နှင့် များစွာသော အရှိန်အဝါတို့ကို ရန်ကိုင် အာရုံခံမိလိုက်သည်။ အရှိန်အဝါ တစ်ခု၏ ပိုင်ရှင်သည် တုဝမ်ဖြစ်ပြီး ကျန်အရှိန်အဝါများ သည်လည်း မသေမျိုးအဆင့်များသာ ဖြစ်ကြသည်။
“ဟုတ်တယ်” မိနာက ခေါင်းညိတ်လိုက်ပြီး “တကယ်တမ်း ပြောရရင် သူတို့က ဒီနေ့ပဲ ရောက်လာတာ”
“အဲ့လိုဆိုရင် ငါစောင့်လိုက်မယ်”
“မလိုဘူး…” မိနာက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “အဲ့ဧည့်သည့်တွေကလည်း နင့်ကို တွေ့ချင်နေမယ်လို့ ငါထင်တယ်”
ရန်ကိုင် တဒင်္ဂတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရပြီးနောက် ချက်ချင်းပဲ နားလည်သွားလိုက်ကာ “အဲ့လူတွေက ဝဲပျံတိမ်တိုက်မြို့တော်မှာတုန်းက ငါတွေ့ခဲ့တဲ့ လူတွေတော့ မဟုတ်လောက်ပါဘူးနော်”
“မဆိုးဘူး” မိနာက သွားပေါ်အောင် ပြုံးလိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ယောက် တုဝမ် အခန်းရှေ့သို့ ရောက်လာခဲ့ပြီး မိနာက အော်ပြောလိုက်လေသည် “လူအိုကြီးတု၊ ရှင်နဲ့တွေ့ဖို့ နောက်ထပ် ဧည့်သည့် တစ်ယောက် ရောက်လာတယ်”
အခန်းထဲသို့ ရယ်သံတို့ ရုတ်တရက် ရပ်တန့်သွားပြီး လူအိုကြီးတုက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “နောက်တစ်ကြိမ်မှ ပြန်လာခိုင်းလိုက်။ ဒီနေ့ ဒီလူအိုကြီး အခြား ဘယ်ဧည့်သည်ကိုမှ တွေ့မှာမဟုတ်ဘူး”
“သေချာလို့လား လူအိုကြီးတု။ အဲ့လိုဆိုရင် ကျွန်မ သူဘယ်သူလဲဆိုတာကို ပြရသေးတာပေါ့” မိနာက ပြုံးလိုက်ပြီး ရန်ကိုင်အား မျက်လုံးမှိတ်ပြလိုက်သည်။
“ဒီကောင်မလေးကတော့…” တုဝမ် ကူကယ်ရာ မဲ့စွာဖြင့် သက်ပြင်းချလျက် ပြန်မေးလိုက်လေသည် “ဘယ်သူလဲ။ နင်ပြောနေတဲ့ပုံစံအရ ဆိုရင်တော့ သူက အရမ်းအရေးကြီးတဲ့ ဧည့်သည်တစ်ယောက်ပဲ ဖြစ်ရမယ်”
မိနာ ပြန်ဖြေမည်ကို မစောင့်ပဲ ရန်ကိုင်က ဝင်ပြောလိုက်လေသည် “လူအိုကြီးတု၊ ကျုပ်ပါ၊ ရန်ကိုင်လေ”
“ရန်ကိုင်လား” လူအိုကြီးတု အလန့်တကြား ထအော်လိုက်ပြီး ရုတ်ချည်းဆိုသလို အခန်းတွင်မှ ခြေသံတို့ ထွက်ပေါ်လာခဲ့လေသည်။ ခဏအကြာ၌ အခန်းတံခါး ပွင့်သွားခဲ့ပြီး တုဝမ်ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်ကို မြင်ပြီးနောက် လူအိုကြီးက အံ့ဩနေသည့် အမူအရာဖြင့် ထအော်တော့လေသည် “မင်းပဲ”
ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“လာခဲ့၊ လာခဲ့” တုဝမ်က ဝမ်းသာအားရဖြင့် ရန်ကိုင်အား နှုတ်ဆက်လိုက်လေသည် “မင်းပြန်လာတာ ကောင်းတယ်”
“ဟားဟား။ အပြင်မှာ လျှောက်သွားပြီ ပြန်လာတော့ လူအိုကြီးတုက မိနာကို ကောင်းကင်ဂိုဏ်းတော်ဆီ လွှတ်ပြီး ဒီဂျူနီယာအကြောင်း ခဏခဏ မေးခိုင်းတယ်လို့ ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့က ပြန်ပြောတယ်လေ။ အခုလို စိုးရိမ်ပေးတဲ့အတွက် လူအိုကြီးတုအတွက် ဂျူနီယာ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ” ရန်ကိုင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ ကျောက်တုံးမြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲရဲ့ အဖွဲ့သားတစ်ယောက်ပဲဟာကို။ တာဝန်ခံဖြစ်တဲ့ ငါက ကိုယ့်အဖွဲ့သားတွေ အဆင်ပြေမပြေကို ဂရုစိုက်သင့်တာပေါ့” တုဝမ်က အရှက်မဲ့စွာ ပြုံးလိုက်ပြီး “မင်းက တကယ်ကို အချိန်းကောင်းမှ ရောက်လာတာပဲကွ။ ဒီလူအိုကြီးက ငါ့မိတ်ဆွေဟောင်း တွေနဲ့ အခုလေးတင်ပဲ မင်းအကြောင်း ပြောနေကြတာ”
စကားတပြောပြောဖြင့် အစည်းအရုံး၏ နောက်ဘက်ရှိ ခန်းမထဲသို့ ရောက်သွားကြလေသည်။
အခန်းအကျယ်ကြီး တစ်ခန်းထဲ ပုံရိပ်များစွာ ထိုင်နေကြပြီး အကုန်လုံးသည် တံခါးဝဆီသို့ လည်ပင်းကို ဆန့်လျက် မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ရန်ကိုင်၏ အမူအရာကို မြင်ပြီးနောက် အကုန်လုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြရလေသည်။
“ဟေး၊ တုဝမ်” ယဉ်ကျေးဟန်မရှိသော လူအိုကြီး တစ်ယောက်က လှမ်းအော်ပြောလိုက်သည် “တစ်ခုခု မှားနေသလားလို့။ ဒီကောင်က ဟိုတစ်ခါက ကောင်လေးနဲ့လည်း နည်းနည်းမှ မတူပါလားကွ။ တွေ့ကရာ ကောင်လေးတစ်ယောက် ခေါ်ပြီး လှည့်စားလို့ ရလောက်တဲ့အထိ ငါတို့ အမြင်အာရုံတွေ၊ မှတ်ဥာဏ်တွေ မကောင်းတော့ဘူးလို့ မင်းထင်နေတာလား”
ထိုလူအိုကြီးသည် တော်တော်လေးကို ဝသည်။ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်မျာ အသားပုံကြီး တစ်ခုနှင့်ပင် တူသေးသည်။ သူ့တစ်ကိုယ်လုံးကို နရံပေါ်သို့ မှီထားခဲ့ပြီး စကားလေးအနည်းငယ် ပြောလိုက်သည်နှင့် သူ့မှာ မောပန်းသွားခဲ့ရသည်။
“ဟုတ်တယ်။… အသက်ကလည်း အတူတူပဲ။ အသံကလည်း ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် ရုပ်ကတော့ လုံးတ မတူတော့ဘူး” နောက်ထပ် လူအိုကြီး တစ်ယောက်က သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ဟဲဟဲ၊ ငတုံးကောင်တွေကြီးတွေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက တုဝမ် ရုပ်ပြောင်ရုပ်လွှဲ ပစ္စည်း တစ်ခု ရခဲ့တာ မင်းတို့ မမှတ်မိတော့ဘူလား” တတိယ တစ်ယောက်က ဝင်ပြောလိုက်လေသည် “ငါမှတ်မသိလောက်ဆိုရင် အဲ့ပစ္စည်းက လူတစ်ယောက်ရဲ့ ရုပ်ကော၊ အရှိန်အဝါကိုပါ ပြောင်းလဲပေးနိုင်တယ်”
“ဒါဆိုရင်… ဒါကမှ အဲ့ကောင်လေးရဲ့ ရုပ်အစစ်ပေါ့။ ငါတို့ မြင်ခဲ့ရတာက အတုကြီးပေါ့” စတုတ္ထမြောက် လူအိုကြီးက ဝင်ပြောလိုက်သည်။
“ဂျူနီယာရန်က ဆေးဝိဇ္ဇာတို့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က ပြုံး၍ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။
“လာခဲ့၊ လာခဲ့။ အရင်ထိုင်လိုက်ဦး” တုဝမ်က နွေးထွေးစွာ လက်ကမ်းကြိုဆိုလိုက်ပြီး “ငါတို့ အားလုံးက လွတ်လွတ်လပ်လပ်ပဲ နေကြတဲ့လူတွေချည်းပဲ။ အခုလို ယဉ်ကျေးနေစရာ မလိုဘူး”
လှည့်ပတ်ကြည့်လိုက်ရာ တုဝမ်ပြောသည့်အတိုင်း ဆေးဝိဇ္ဇာအားလုံးသည် စိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ် နေနေခဲ့ကြသည်။ အားလုံသည် ထိုင်ခုံပေါ်တွင် မထိုင်ဘဲ ကြမ်းပြင်ပေါ်တွင်သာ ထိုင်နေခဲ့ကြသည်။
ခမ်းခမ်းနားနား လုပ်မနေတော့ဘဲ ရန်ကိုင်လည်း တုဝမ်ဘေး ဝင်ထိုင်လိုက်သည်။
အကြည့်လေးစုံတို့ ရန်ကိုင်ပေါ် ရောက်ရှိလာခဲ့ရာ ရန်ကိုင်လည်း ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောမိလိုက်သည်။
ဝဲပျံတိမ်တိုက်မြို့တော် ဆေးပညာပြိုင်ပွဲတွင် ပထမရခဲ့သဖြင့် ထိုလူအိုကြီးလေးယောက်၏ သိုလှောင်အိတ်ထဲမှ ရတနာအချို့ ရရှိခဲ့သည်ကို ရန်ကိုင် မှတ်မိနေဆဲပင်။
“တုဝမ်၊ မင်းက တကယ်ကို သတိကြီးတဲ့ ကောင်ပဲကွ။ သူ့ရုပ်ကိုဆွဲပြီး ဒီလောက်နှစ်တွေ အများကြီး ရှာနေခဲ့တာတောင် မတွေ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” လူအိုကြီးတစ်ယောက်က ပြုံး၍ “လတ်စသတ်တော့ ဒီလို ဖြစ်နေတာကိုး”
“ငါသာ ကြိုတင်မပြင်ဆင်ထားရင် သူဒုက္ခရောက်မှာလေ” တုဝမ်က ပြုံးလိုက်ပြီး “အချို့က ကောင်းကင်ဂိုဏ်းအပေါ် သံသယရှိပေမယ့် ချူလင်းရှောင်က ငုတ်တုတ်ကြီး ထိုင်နေတော့ ဘယ်သူမှ ပြဿနာမရှာရဲကြတော့ဘူး”
ရန်ကိုင်သည် နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို သိပ်သည်းခဲ့သည်။ ထို့ကြောင့် ထိုပစ္စည်းများကို သူ့ဆီမှ ပြန်လုယက်ရန် လူပေါင်း များစွာသည့် သူ့အကြောင်း အပူတပြင်း စုံစမ်းခဲ့ကြသည်။
“နှစ်တစ်ထောင်နတ်ဆိးပန်းပွင့်ရဲ့ ဆေးအရည်ကို သူပဲရလိမ့်မယ်လို့ မင်းအဲ့လောက်တောင် ယုံကြည်တာလား”
“လူအများကြီးရှေ့မှာ သူဘယ်သူဘယ်ဝါ မပေါ်သွားတာ အကောင်းဆုံးပဲလို့တွေမိလို့ အဲ့ပစ္စည်းကို အသုံးပြုခိုင်းခဲ့ရုံပဲ” တုဝမ်က ပြုံးလိုင်ပြီး “နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို သူရသွားတုန်းက ငါတောင် တော်တော်လေး အံ့ဩခဲ့ရတာ”
ပြောနေရင်း တုဝမ်က ရုတ်တရက် ပြောလိုက်သည် “ဟုတ်သားပဲ။ ရန်ကိုင်၊ ငါမင်းကို ဒီလူအိုကြီးတွေနဲ့ အရင်မိတ်ဆက်ပေးရဦးမယ်။ ဒါက ကြယ်စဉ်စုမြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲရဲ့ တာဝန်ခံပဲ၊ ဟုန်ဖန်းပဲ။ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်ပေါ့”
“ဆေးဝိဇ္ဇာဟုန်ကို မင်္ဂလာပါ” ရန်ကိုင်က လေးလေးစားစား ဦးညွှတ်လိုက်သည်။
“မလိုဘူး၊ မလိုပါဘူး” ဟုန်ဖန်းက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး “မင်းလည်း ငါ့အဆင့်ရောက်ဖို့ လိုတော့တာမှ မဟုတ်တာ။ မင်းလိုပါရမီရှင်တစ်ယောက်က ဆေးဝိဇ္ဇာလို့ လာခေါ်နေတာက ကသိကအောက်ကြီးပဲ”
တုဝမ်က ပြုံးလိုက်ပြီး ပြန်မပြောခဲ့ချေ။ ခပ်ဝဝ လူအိုကြီးဆီ ထပ်ညွှန်ပြလိုက်ပြီး “ဒါကတော့ လျှပ်စီးသွား မြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲရဲ့ တာဝန်ခံ ချန်ပေါင်။ သူလည်း သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်ပဲ။ အင်း၊ ညီအစ်ကိုရန် အသောက်အစား မက်တော့ သူ့ခန္ဓာကိုယ်က ဒီလိုမျိုး ဖြစ်လာခဲ့တာ။ အဲ့ဒါကြောင့် မင်းလည်း သူ့ကို နမူနာယူသင့်တယ်”
ချန်ပေါင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည် “ဒီလောကကြီးရဲ့ ရသာခဲဖွယ်တွေကို သောက်စား ရတာမှ လူတစ်ယောက်ရဲ့ အကြီးမားဆုံး အကျိုးတရားပဲကွ။ တုဝမ်၊ ဒါလေးကိုတောင် မင်းနားမလည်ဘူးလား”
တုဝမ်က ချန်ပေါင်၏ ပြောစကားကို လျစ်လျူရှု ထားလိုက်ပြီး နောက်တစ်ယောက်ဆီ ညွှန်ပြကာ “ဒါက မြစ်သုံးစင်းမြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲရဲ့ တာဝန်ခံ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ဟဲဖုန်းပဲ”
တုဝမ်က မိတ်ဆက်ပေးပြီးနောက် ဟဲဖုန်းက အပြုံးကြီးပြုံးလျက် “ကောင်လေး။ ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက မြစ်သုံးစင်မြို့တော်ဆီ ငါမင်းကို ဖိတ်ခေါ်ခဲ့တာကို မှတ်မိသေးလား။ ဒါပေမယ့် မင်းက ငါ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လေ။ အခုကော၊ ဘယ်လိုလဲ၊ နောက်တစ်ကြိမ်လောက် ထပ်မစဉ်းစား ချင်တော့ဘူးလား”
ပြောနေရင်း ချက်ချင်းပဲ သွေးဆောင်စည်းရုံး လိုက်လေသည် “ဒီလူအိုကြီးမှ မြေးမလှလှလေးတွေ အများကြီးပဲရှိတာနော်။ ငါမင်းကို မိတ်ဆက်ပေးလို့ ရတယ်။ အားလုံးကို လိုချင်ရင်လည်း ကိစ္စမရှိဘူး။ မြစ်သုံးစင်းမြို့တော် ဆေးပညာရှင်အစည်းအရုံး အခွဲကိုသာ လာခဲ့”
“ဆေးဝိဇ္ဇာဟဲရဲ့ ရက်ရက်မှအတွက် ကျေးဇူးပါပဲ။ ဒါပေမယ့် ဒီဂျူနီယာက ဆေးဝိဇ္ဇာဟဲရဲ့ ကြင်နာမှုကို ငြင်းဆန်ရတော့မယ်ဗျာ”
ဟဲဖုန်း မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ပြန်ပြောလိုက်သည် “မင်းသတ္တိက မသေးပါလား ကောင်လေး။ ဒီလူအိုကြီးရဲ့ စေတနာကို ဘယ်သူမှ မငြင်းဆန်းဖူးသေးဘူး။ မင်းကတော့ ပထမဆုံးပဲ။ ပြီးတော့ နှစ်ကြိမ်တောင်။ ကောင်စုတ်လေး၊ မင်းကြောင့် ဒီလူအိုကြီး မျက်နှာပျက်ရပြီကွာ”
“မင်းဘာသာမင်း အရူးလုပ်ချင်နေတာလေ” တုဝမ်က သည်းလှိုင်အူလှိုက် ရယ်မောလိုက်လေသည်။ ရန်ကိုင် စကားကြောင့် တုဝမ်မှာ သွားပင်မစိနိုင်တော့။ ဟဲဖုန်း ပြီးသည်နှင့် နောက်ဆုံးတစ်ယောက်ဆီသို့ ညွှန်ပြကာ “နောက်ဆုံးတစ်ယောက်ကတော့ လမြို့တော် ဆေးပညာရှင် အစည်းအရုံးအခွဲရဲ့ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ခုန်ရို့ယုပဲ”
ရန်ကိုင် လေးလေးစား နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၈) ဒါကိုနားလည်လား
တုဝမ်အခန်းထဲတွင်၊ ရန်ကိုင်မပါ၊ စုစုပေါင်း သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ငါးယောက် ရှိနေခဲ့သည်။
ထုန်းရွှမ်းလောကကြီးထဲတွင် သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် အယောက်(၂၀)ကျော်ပင် မရှိသော်ငြား ဤနေရာတွင် စုစုပေါင်း ငါးယောက်ရှိနေခဲ့သည်။
သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင် ဆိုလျှင် ပို၍ပင် ရှားပါးကာ အများဆုံးမှ သုံးလေးငါး ယောက်လောက်သာ ရှိသည်။
သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် မူကား တစ်ယောက်သာ ရှိသည်။ ထိုတစ်ယောက်သည် အများအားဖြင့် လူမြင်ကွင်းသို့ ထွက်လာလေ့မရှိ၊ တောတောင်အတွင်းတွင်သာ တစ်ယောက်တည်း နေတတ်သည်။ ထိုလူသည်အား ထျန်းဇန် လူအိုကြီးပင် ဖြစ်လေသည်။
တုဝမ်က လူအိုကြီးများကို မိတ်ဆက်ပေးနေစဉ် လူအိုကြီးများကလည်း ရန်ကိုင်အား စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ဝဲပျံတိမ်တိုက်မြို့တော်တွင် ရန်ကိုင် ပြသ သွားခဲ့သော စွမ်းဆောင်ရည်ကို သူတို့ မမေ့နိုင်သေးပေ။ တစ်နေ့ ထိုလူငယ်လေးသည် သူတို့ကို ကျော်တက်၍ ဆေးပညာခေတ်ကို တစ်ဖန်ပြန်လည် ဆန်းသစ်အောင် လုပ်မည့်သူဟုပင် ယုံကြည်ထားကြသည်။
မိနာသည် စိတ်ဝိဥာဉ်အသီး၊ လက်ဖက်ရည် ခွက်များကို လာချပေးသွားပြီးနောက် အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။
သူမ၏ အရည်အချင်းသည် ထိုဆေးဝိဇ္ဇာများကြား ဝင်ထိုင်နိုင်လောက်သည်အထိ မမြင့်မားသေးချေ။ သူမတင်မဟုတ်၊ သူမဆရာ ရီရှုန်းပင်လည်း ထိုစကားဝိုင်းထဲ ဝင်ပါရန် အရည်အချင်းမရှိပေ။
ထို့ကြောင့် ရန်ကိုင်အား စကားဝိုင်းထဲ ဖိတ်ခေါ်ခဲ့သည်ကို ကြည့်ရင် ရန်ကိုင်အပေါ် တုဝမ် မည်မျှအလေးထားကြောင်း တွေ့မြင်နိုင်ပေသည်။
ထိုဆေးဝိဇ္ဇာများသည် တုဝမ်၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးမနေကြ။ လွတ်လွတ်လပ်လပ်ဖြင့်သာ အချင်းချင်း စကားပြောဆိုနေခဲ့ကြသည်။
ရန်ကိုင်သည် အသံတစ်ချက်ပင် မထွက်ဘဲ ဘေးမှသာ နားထောင်နေခဲ့သည်။
ခဏလောက် စကားပြောဆိုနေပြီးနောက် တုဝမ်က ရုတ်တရက် ပြုံးကာ ပြောလိုက်သည် “အကုန်လုံးက ဒီနေရာနဲ့ ကီလိုမီတာ သောင်းကျော်လောက် ဝေးတဲ့ နေရာမှာ နေတဲ့လူတွေချည်းပဲ။ ဒါတောင် ဒီနေရာဆီ ရောက်အောင် လာခဲ့တယ်ဆိုတော့ ဒီအတိုင်းလေးပဲ ဝိုင်းဖွဲ့စကားပြောဖို့ သက်သက်လောက်တော့ မဟုတ်ဘူးမလား”
သူထိုစကား ပြောလိုက်သည်နှင့် ကျန်သည့် လူအိုကြီး လေးယောက်စလုံး အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ခုန်ရို့ယု ဆိုသော လူအိုကြီးက အရင်ဆုံး စပြောလိုက်သည် “ငါတို့ မင်းနဲ့ဆွေးနွေးချင်တာ တစ်ခုရှိလို့ပဲ။ ချန်ပေါင်၊ မင်းက အဲ့နေရာကို အရင်ဆုံး တွေ့တဲ့လူဆိုတော့ မင်းပဲ ရှင်းပြလိုက်”
တုဝမ်က လျှပ်စီးသွားမြို့တော် ဆေးပညာရှင် အစည်းအရုံးခွဲ၏ တာဝန်ခံ ချန်ပေါင်ကို ကြည့်လိုက်သည်။
ချန်ပေါင် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး ခဏကြာအောင် သိုလှောင်အိတ်ထဲ ရှာဖွေနေပြီးနောက် မပြီးပြည့်စုံသော တိရစ္ဆာန်အရေပြားတစ်ချပ်ကို ထုတ်လိုက်သည်။ အရေပြားသည် တော်တော်လေး ရှေးဆန်ကာ ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုတိရိစ္ဆာန်အရေပြားကို တုဝမ်ဆီ ပေးလိုက်ပြီး ပြောလိုက်သည် “မင်းဘာသာမင်းပဲ ကြည့်လိုက်တော့”
တုဝမ်လည်း တိရိစ္ဆာန်အရေပြားကို ဖြန့်ကြည့်လိုက်သည်။ ခဏအကြာဏ သူလည်း ထိုအထဲ လုံးလုံး အာရုံနစ်မြောသွားလေသည်။
ထိုတိရိစ္ဆာန်အရေပြားအား စစ်ဆေးလေလေ တုဝမ်၏ အမူအရာ ပို၍ စိတ်လှုပ်ရှားလေလေပင်။
ခဏအကြာတော့မှပဲ ချန်ပေါင်က စရှင်းပြလိုက်သည် “အဲ့စိတ်ဝိဥာဉ် အစီအရင်တွေကို ငါ့တပည့်တွေ ရခဲ့တာပဲ။ သူတို့လည်း ဘာမှမတတ်နိုင်လို့ ငါ့ကိုလာပေးတာ။ ငါလည်း တစ်နှစ်လောက် လေ့လာကြည့်လိုက်သေးတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်လို့ ညီအစ်ကိုဟဲဖုန်းဆီ ယူသွားလိုက်တာ…”
ဟဲဖုန်းက ခါးခါးသီးသီး ပြုံးလျက် ဆက်ပြောလိုက်သည် “ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ငါတို့နှစ်ယောက် ညီအစ်ကိုဟုန်နှင့် စီနီယာအစ်မ ခုန်ဆီ ရောက်သွားခဲ့တယ်…”
“ငါတို့အားလုံး ပေါင်ပြီးစစ်ဆေးကြည့်တာတောင် ဘာမှ မဖော်ထုတ်နိုင်ခဲ့ဘူး။ အစ်ကိုတု သူတော်စင် အလယ်အလတ်အဆင့်ကို ချိုးဖျက်တော့မယ်မှန်း ငါတို့ အားလုံး သိတာနဲ့ ဒီစိတ်ဝိဥာဉ်အစီအရင်တွေကို အစ်ကိုတုများ ဖြေရှင်းနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောက်တုံးမြို့တော်ဆီ ရောက်လာခဲ့ရတာပဲ”
“အင်း” တုဝမ်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ တိရိစ္ဆာန်အရေပြားကို ခဏမျှ လေ့လာကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ “ငါမင်းကို စိတ်ပျက်စေမိတော့မှာပဲ။ ဒီစိတ်ဝိဥာဉ် အစီအရင်က အရမ်းကို ရှုပ်ထွေးလွန်းတယ်။ ပြီးတော့ ငါတို့ သုံးနေတဲ့ဟာတွေနဲ့လည်း မတူဘူး။ ပိုပြီး ရှေးဆန်တယ်။ ပိုဆိုးတာက မပြီးပြည့်စုံတာပဲ။ ဒီတုလည်း ဘာမှမတတ်နိုင်ဘူး”
တုဝမ်ပြောသည်ကို ကြားပြီးနောက် ကျန်သည့် လူလေးယောက် အရမ်းကြီး စိတ်မပျက်သွားခဲ့ပေ။
သူတို့သည် တုဝမ်ဆီသို့ ကံစမ်းလိုသည့် ရည်ရွယ်ချက်ဖြင့်သာ ရောက်လာခဲ့ခြင်းဖြစ်သည်။ တုဝမ်အပေါ် အရမ်းကြီး မမျှော်လင့်ထားခဲ့။
တုဝမ်က ထူးထူးဆန်းဆန်း ကောက်ပြုံးလိုက်ပြီး “ဒီလူအိုကြီး မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ အခြား တစ်ယောက်တော့ ရှိတယ်”
“ဘယ်သူလဲ” လေးယောက်စလုံး တစ်ပြိုင်တည်း မေးလိုက်ကြသည်။
“ထျန်းဇန်လူအိုကြီးပဲ”
ချန်ပေါင် မျက်စိစွေစောင်းပြလိုက်ပြီး “ဆေးဝိဇ္ဇာကို ဘယ်နား သွားရှာလို့ ရှာရမှန်းတောင် သိတာ မဟုတ်ဘူး။ အမြီးပဲဖော်ပြီး ခေါင်းမပြတဲ့ ပုန်းကွယ်နဂါးတစ်ကောင်ကို ငါတို့က ဘယ်လိုသွားရှာရမှာလဲ။ ငါဆေးပညာကို စလေ့လာကတည်းက ဆေးဝိဇ္ဇာက လျှမ်းလျှမ်းတောက် ကျော်ကြားနေတာ။ ဒီနေ့ ငါသူတော်စင်အဆင့်နိမ့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာတဲ့အချိန်အထိ သူ့ကို တစ်ခါမှ မမြင်ဖူးသေးဘူး။ တကယ်ကို နောင်တရစရာပဲ”
သူတော်စင်အဆင့် ဆေးပညာရှင် ငါးယောက် ရှိသည့်အနက် လူအိုကြီးတုသာ ထျန်းဇန်လူအိုကြီးနှင့် တွေ့ဖူးသည့်ပုံပင်။
သို့သော်လည်း တုဝမ် ထိုအကြောင်းကို ထုတ်မပြောခဲ့။ တကယ်တော့ သူသည် ကြွားတတ်သည့် အသက်အရွယ်ကို ကျော်လွန်နေခဲ့ပြီ မဟုတ်လေလော။
သူ့အကြည့်သည် ရန်ကိုင်ဆီသို့ အလိုလို ရောက်ရှိသွားခဲ့ပြီး တုဝမ်က ပြောလိုက်သည် “ထျန်းဇန် လူအိုကြီးအပြင် ကူညီပေးနိုင်တဲ့ အခြားတစ်ယောက် လည်း ရှိကောင်းရှိနေနိုင်သေးတယ်”
“တုဝမ်၊ လေကြောရှည်မနေနဲ့။ ပြောစရာရှိရင် မြန်မြန်သာ ပြောလိုက်တော့” ဟုန်ဖန်းက စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
“ဟဲဟဲ…” တုဝမ် ရယ်သွမ်းသွေးလိုက်သည်။
တုဝမ် သူ့အား ကြည့်နေသည်ကို ရန်ကိုင် မြင်ပေသည်။ သူ့နောက်တွင် ထျန်းဇန်လူအိုကြီးနှင့် ယှဉ်နိုင်သော ဆေးပညာရှင်တစ်ယောက် ရှိနေသည်ဟု လူအိုကြီးတု ဝင်နေသေးသည့်ပုံပင်။ ထို့ကြောင့်သာ တုဝမ် သူ့အား ကြည့်လာခဲ့ခြင်း ဖြစ်သည်။
ကူကယ်ရာမဲ့သည်နှင့် ရန်ကိုင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည် “လူအိုကြီးတု၊ ကျုပ်ကို တစ်ချက်လောက် ပြကြည့်လို့ရမလား”
တုဝမ်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး တိရိစ္ဆာန် အရေပြားကို ရန်ကိုင်လက်ထဲသို့ အလျင်အမြန်ပဲ ထည့်ပေးလိုက်လေသည်။
ချန်ပေါင် ရုတ်တရက် စိုးရိမ်သွားခဲ့ပြီး “ရန်ကောင်လေး၊ ဒီသားရေပြားကို သေသေချာချာလေး ကိုင်နော်။ ပျက်စီးသွားရင် လျော်ကြေးအနေနဲ့ မင်းကို လျှပ်စီးသွားမြို့တော်ဆီ ပြန်ခေါ်သွားမှာ”
“ဘာတွေစိတ်ပူနေတာလဲ” တုဝမ်က တည်တည်ငြိမ်ငြိမ်ဖြင့် ရယ်မောလိုက်သည်။
ဆေးပညာရှင် ငါးယောက်ရှိသည့်အနက် တုဝမ် တစ်ယောက်သာ ရန်ကိုင်အား အာရုံစိုက်နေခဲ့သည်။ ကျန်သည့် လေးယောက်ကမူ တိရိစ္ဆာန်အရေပြား ပေါ်ရှိ စိတ်ဝိဥာဉ်အစီအရင်အကြောင်း အချင်းချင်း အပြန်အလှန် ဆွေးနွေးနေခဲ့ကြလေသည်။
တစ်ယောက်ချင်းစီတိုင်းသည် ထိုစိတ်ဝိဥာဉ် အစီအရင်ကို အချိန်အတော်ကြာအောင် လေ့လာခဲ့ခြင်း ဖြစ်ရာ သူတို့တွင် ကိုယ်ပိုင် အထင်အမြင်များ ရှိနေသည်မှာ သဘာဝင်ပင် ဖြစ်သည်။ ယခု အတူတကွ စုဝေးမိစဉ် သူတို့ သိနားလည်ထားသည့် အကြောင်းအရာ များကို ဖလှယ်၍ ထိုစိတ်ဝိဥာဉ် အစီအရင်ကို ပြီးပြည့်စုံသွားအောင် လုပ်နိုင်မည့် နည်းလမ်းတစ်ခု ရှာလိုခြင်း ဖြစ်သည်။
စိတ်ဝိဥာဉ် အစီအရင်ကို ကြည့်နေပြီး ခဏအကြာ၌ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ရသည်။
တိရိစ္ဆာန်အရေပြားပေါ်ရှိ စိတ်ဝိဥာဉ်အစီအရင်သည် အမှန်တကယ်ကို ရှုပ်ထွေးပေးသည်။ ထိုနက်နဲသော စိတ်ဝိဥာဉ်အစီအရင်သည် ရိုးရှင်းသော မျဉ်းကြောင်း များစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ပွဖောင်းဖောင်း ဖြစ်လာသယောင်ယောင်။
ထိုစိတ်ဝိဥာဉ်အစီအရင်ကို အသေအချာ ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်ပြီးနောက် ဆွဲသားထားသော အစိတ်အပိုင်လေးများသည် အစစ်အမှန်ဆေးပညာ နည်းလမ်းထဲတွင် မှတ်တမ်းထင်ထာသည်များနှင့် အတော်လေးကိုမှ ဆင်တူပြီး နည်းနည်းလေးသာ ကွဲပြားကြောင်း ရန်ကိုင် တွေ့ရှိခဲ့ရသည်။
ဆေးပညာသည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲ နေပြီး စိတ်ဝိဥာဉ်အစီအရင်များသည် အမျိုးမျိုးသော ဆေးဝိဇ္ဇာကြီးများ၏ ထပ်ဆင့်ပြုပြင်မွမ်းမံခြင်း ခံခဲ့ရသည်။ စိတ်ဝိဥာဉ်အစီအရင်များ အဆက်မပြတ် ပြောင်းလဲနေသဖြင့် ယနေ့ခေတ် အသုံးပြုနေသော စိတ်ဝိဥာဉ်အစီအရင်ပုံစံသစ်များ ဖြစ်လာသည်မှာ အထူးအဆန်းမဟုတ်။
ရန်ကိုင်၏ လက်ရှိစွမ်းရည်ဖြင့် ထိုစိတ်ဝိဥာဉ် အစီအရင်ထဲတွင် ပါဝင်နေသော အားနည်းချက်၊ ဟာပေါက်များကို အလွယ်တကူ မြင်တွေ့နိုင်သည်။
သို့သော် လက်ရှိအသုံးပြုနေသော စိတ်ဝိဥာဉ် အစီအရင်များနှင့်စာလျှင် ထိုစိတ်ဝိဥာဉ်အစီအရင်သည် ဆေးပညာကို တစ်မူထူးခြား တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိသည်။
တုဝမ်သည် သူ့အား ပြောစေချင်နေရာ ရန်ကိုင်ကကော ဘာကြောင့် ငြင်းနေရမည်နည်း။
ထိုကျိုးပျက်နေသော စိတ်ဝိဥာဉ်အစီအရင်၏ သဘာဝကို နားလည်လိုက်သည်နှင့် ထိုစိတ်ဝိဥာဉ် အစီအရင်ကို အစစ်အမှန် ဆေးပညာလမ်းစဉ်ထဲရှိ စိတ်ဝိဥာဉ် အစီအရင်များနှင့် နှိုင်းယှဉ်၍ ဟာပေါက်များကို စတင်ဖြည့်ဆည်းတော့လေသည်။
အချိန်အတော်ကြာပြီးနောက် အကြမ်းဖျင်လောက် သူပြီးစီးသွားခဲ့သည်။
ဆေးပညာရှင်အားလုံးသည်လည်း ဆက်လက် ဆွေးနွေးရန် ဘာမှမရှိတော့သည့်အလား တိတ်ဆိတ် နေခဲ့ကြသည်။
ရန်ကိုင် အမူအရာကို အဆက်မပြတ် အာရုံ စိုက်နေသော တုဝမ်၏ စိတ်ခံစားချက်သည် လှိုင်းလုံး စီးနေရသကဲ့သို့ ဖြစ်နေသော်လည်း ကျန်သည့် ဆေးပညာရှင် လေးယောက်မှာမူ အတော်လေး စိတ်ချဉ်ပေါက်နေခဲ့ကြသည်။ လေးယောက်ပေါင်း ကြိုးစားသည့်တိုင် ထိုစိတ်ဝိဥာဉ် အစီအရင်နှင့် ပက်သက်၍ ဘာဆိုဘာမှ မဖော်ထုတ်နိုင်ခဲ့သဖြင့် သူတို့ စိတ်ညစ်နေသည်မှာလည်း မထူးဆန်း။
“မင်းနားလည်လား” တုဝမ်က ရုတ်တရက် မေးလိုက်သည်။
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည် “အင်း”
ငေးငေးငိုင်ငိုင် ဖြစ်နေကြသော သူတော်စင်အဆင့် ဆေးပညာရှင် လေးယောက်စလုံး အံ့အားသင့်သွားခဲ့ပြီး ဟုန်ဖန်းက အလန့်တကြား အော်ပြောလိုက်သည် “တကယ်ကြီးလား”
ဟဲဖုန်းက ဝင်ပြောလိုက်လေသည် “ကောင်လေး၊ စကားဆိုတာ ကိုယ်ပြောရင် ကိုယ်ကိုယ်တိုင် တာဝန် ယူတတ်ရတယ်နော်။ ငါတို့လူအိုကြီးတွေ အားလုံး ပေါင်းတာတောင် ဘာမှမတတ်နိုင်တာကို မင်းက လုပ်နိုင်တယ်ပေါ့”
“သူကြွားတာ ဟုတ်မဟုတ် ခဏနေရင် သိရမှာပြလေ” တုဝမ်က ပြုံးလိုက်သည်။
ရန်ကိုင်လည်း ဟန်မပျက်အမူအရာဖြင့် အနက်ရောင် သိုလှောင်နေရာလွတ်ထဲမှ ကျောက်စိမ်းအချို့ကို ထုတ်ယူ၍ ကောင်းကင်စိတ်အာရုံသုံးလျက် ထိုကျောက်စိမ်းများပေါ် စတင် အမှတ်အသားများ ရေးခြစ်တော့လေသည်။
ခဏအကြာ၌ ကျောက်စိမ်းများကို တုဝမ်လက်ထဲ ထည့်ပေး၍ ရှင်းပြလိုက်သည် “ဒီစိတ်ဝိဥာဉ် အစီအရင်ကို ဖြိုဖျက်လိုက်ရင် သီးခြား စိတ်ဝိဥာဉ်အစီအရင်တွေ ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် အဲ့စိတ်ဝိဥာဉ်အစီအရင် တစ်ခုချင်းစီတိုင်းကို ဘာအတွက် အသုံးပြုတာလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ဆေးဖော်စပ်ပြီး လေ့လာကြည့်မှပဲ ရလိမ့်မယ်။ ဒါက ဆေးဝိဇ္ဇာတို့ကို ကူညီပေးနိုင်လောက်တယ်”
တုဝမ်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းပြားများကို လက်ခံယူလိုက်သည်။ တစ်ခုကို သူ့အတွက် သိမ်းထားလိုက်ပြီး အခြားကျောက်စိမ်းများကို ကျန်လေးယောက်စီ ဝေပေးလိုက်လေသည်။
လူအိုကြီးများသည် ဘာစကားမှ ပြောမနေတော့ဘဲ ကျောက်စိမ်းပေါ်တွင် ထိုးထွင်းထားသော အစီအရင် များကိုသာ စတင်လေ့လာတော့လေသည်။
ခဏအကြာ၌ အားလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဇဝေဇဝါ ဖြစ်ကုန်ကြလေသည်။
ကျောက်စိမ်းပြားများကို အချင်းချင်း လဲလှယ်စစ်ဆေးနေပြီးနောက် သူတို့ဘာသာသူတို့ ရေရွတ်လိုက်ကြသည် “တကယ် ဖြေရှင်း လိုက်နိုင်တာလား”
ကျောက်စိမ်းထဲတွင် ရှိနေသော စိတ်ဝိဥာဉ် အစီအရင်များကို အတူတကွ ပေါင်းစည်းလိုက်မည် ဆိုပါက တိရိစ္ဆာန်အရေပြားပေါ်တွင် ရှိနေသော စိတ်ဝိဥာဉ်အစီအရင်ကို ရလာပေလိမ့်မည်။ ထို့အပြင် ပေါင်းစည်းထားသော စိတ်ဝိဥာဉ်အစီအရင်သည် တိရိစ္ဆာန်အရေပြားပေါ်ရှိ စိတ်ဝိဥာဉ် အစီအရင်ထက်ပင် ပို၍ အဆင့်မြင့်နေသေးသည်။
သူတော်စင်အဆင့် ဆေးပညာရှင်များကို တစ်နှစ်ကျော်ကြာအောင် ခေါင်းကိုက်စေခဲ့သော ပြဿနာကို ဤမျှ ရိုးရိုးရှင်းရှင်းဖြင့် ဖြေရှင်းလိုက်နိုင်ရာ အမှန်တရားကို လက်ခံရန် သူတို့အားလုံးအတွက် အနည်းငယ် ခဲယဉ်းနေခဲ့လေသည်။
“ကောင်လေး… မင်းဒါကို ဘယ်လို နားလည်သွားတာလဲ။ ဒါတွေက ပျောက်သွားတာ ကြာပြီဖြစ်တဲ့ ရှေးဟောင်း စိတ်ဝိဥာဉ်အစီအရင်တွေပဲ။ ဒါတွေကို မင်းအသက်အရွယ်လောက်နဲ့ မသင်ရ လောက်သေးဘူး” ဟဲဖုန်းက ရန်ကိုင်ကို မေးလိုက်သည်။
ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်သည် “ခင်ဗျားတို့ကို ရိုးရိုးသားသားပဲ ပြောတော့မယ်။ ကျုပ်က လူအိုကြီးတုဆီ သင်ပြပေးတာ ခံခဲ့ရတယ်။ သူ့လက်အောက်မှာတောင် ခဏလောက် လေ့လာဖူးသေးတယ်”
“လူအိုကြီးလီလား။ ထျန်းဇန်လူအိုကြီးကို ပြောတာလား” ခုန်ရို့ယုက အလန့်တကြား ဆိုလိုက်သည်။
“တကယ်ကြီးလား”
“ဆေးဝိဇ္ဇာလီနဲ့ တွေ့ခဲ့တယ်ပေါ့”
“သူနဲ့ ဘယ်မှာတွေ့ခဲ့တာလဲ။ သူ့ပုံစံက ဘယ်လိုမျိုးလဲ”
လူအိုကြီးနာမည်ကို ကြားလိုက်ရသည်နှင့် အထက်စိးဆန် မောက်မာသော ဆေးဝိဇ္ဇာများသည် သိချင်စိတ် ပြင်းပြနေသော လူငယ်လေးများပမာ ဖြစ်သွားခဲ့ကြသည်။
ရန်ကိုင်က တုဝမ်ကို တစ်ချက်ကြည့်လိုက်ရာ တုဝမ်က အလျင်အမြန် ချောင်းဟန့်၍ ပြောလိုက်ရသည် “တကယ်တော့… ကျုပ်လည်း သူ့ကို တွေ့ခဲ့ဖူးတယ်”
“တုဝမ်၊ အရှက်မရှိ လာမကြွားနေနဲ့” ဟဲဖုန် တုဝမ်ကို မယုံချေ။
“ငါအမှန်ကို ပြောနေတာ” တုဝမ်က ဆက်ပြောလိုက်သည် “ဝဲပျံတိမ်တိုက်မှာတုန်းက တွေ့ခဲ့တာပဲ။ လူအိုကြီးတုက သူဘယ်သူဘယ်ဝါ ဆိုတာကို မဖော်ခဲ့ချင်လို့သာ”
“ဆေးပညာရှင်ပြိုင်ပွဲတုန်းက ကျုပ်နဲ့ အဆုံးထိ ပြိုင်သွားတဲ့ တစ်ယောက်ကို ဆေးဝိဇ္ဇာတို့ မှတ်မိသေးလား” ရန်ကိုင်က မေးလိုက်သည်။
“မှတ်မိတာပေါ့” ဟုန်ဖန်းက ခေါင်းညိတ်လိုက်ပြီး “ငါမှတ်မိတာသာမှန်ရင် သူကို မြို့သခင်စံအိမ်က အစောင့်အရှောက်တွေ အများကြီး လိုက်စောင့်ရှောက် ပေးနေတယ်မလား… အဲ့ဒါက လူအိုကြီးလီနဲ့ ဘာဆိုင်လို့လဲ”
“သူက လူအိုကြီးလီရဲ့ အမွေခံတပည့်ပဲ”
“ဘာ၊ အမွေခံတပည့်၊ ဟုတ်လား”
“အံဩစရာ မဟုတ်တော့ပါဘူးလေ။ အသက် ငယ်ငယ်လေးနဲ့ ဆေးပညာမှာ ဒီလောက်တော်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”
“အဲ့ကောင်လေးရဲ့ကံက တကယ်ကို မနာလိုချင်စရာပဲ။ လူအိုကြီးလီက သူ့ကို သင်ပြပေးနေမှတော့ အနာဂတ်မှာ သူကြီးကျယ်တဲ့ ဆေးပညာရှင်တစ်ယောက် ကျိန်းသေ ဖြစ်လာလိမ့်မယ်”
“အဲ့နောက်ပိုင်း။ ကျုပ်လည်း လူအိုကြီးလီဆီမှာ ခဏ လေ့လာခဲ့တာလေ။ အင်း၊ ဒီစိတ်ဝိဥာဉ်အစီအရင်တွေကို လူအိုကြီးလီဆီကနေ သင်ခဲ့တာ။ ဒါကြောင့်ပဲ နာလည်းနိုင်ခဲ့တာပေါ့” ရန်ကိုင်က ရှင်းပြလိုက်သည်။
“လတ်စသတ်တော့ အဲ့လိုကိုး…” ဟဲဖုန်းက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ တုဝမ်ပင် ခေါင်းတညိတ်ညိတ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ပြောလိုက်သည်ကို မည်သူမှ သံသယမဝင်ကြ။
သို့သော်လည်း သူတို့မှာ လူအိုကြီးလီ အနီးတွင် ရှိခဲ့သော်ငြား သွားရောက်နှုတ်ဆက်ခွင့် မရလိုက်သည်ကို ပြန်စဉ်းစားမိလိုက်သည်နှင့် ဆေးဝိဇ္ဇာ လေးယောက်စလုံး တုဝမ်၏ကံကို မနာလိုဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၄၉) သူတော်စင်အဆင့်ဆေးပညာရှင်ပြိုင်ပွဲ
ထိုစိတ်ဝိဥာဉ် အစီအရင်များအား ဘာအတွက် အသုံးပြုလဲဆိုသည်ကို ယခုလောလောဆယ် သူတို့ မသိသေးသော်ငြား လက်တွေ့လေလာရန် အချိန်သာ လုံလုံလောက်လောက် ရှိပါက အဖြေထုတ်နိုင်ပေမည်။
သူတို့အား ခေါင်းစားအောင် လုပ်နေခဲ့သော စိတ်ဝိဥာဉ်အစီအရင်ကို ဖြေရှင်းနိုင်ခဲ့သဖြင့် ဆေးဝိဇ္ဇာများ အတော်လေး ကျေနပ်နေခဲ့ကြသည်။
တုဝမ် မျက်ဝန်းများ တဖျတ်ဖျတ် လက်သွားပြီး အပြုံးကြီးပြုံးလျက် “ဒီစိတ်ဝိဥာဉ်အစီအရင်ကို ဖြေရှင်းနိုင်ခဲ့တာ မိတ်ဆွေလေးရန်ကြောင့်ပဲ။ သူ့ကြောင့်သာ မဟုတ်ရင် သေတဲ့အထိတောင် ဒီစိတ်ဝိဥာဉ်အစီအရင်ကို ဘာအတွက် အသုံးပြုရလဲ ငါတို့ သိသွားနိုင်မှာမဟုတ်ဘူး။ ငါတို့ လိုချင်တာလည်း ရသွားပြီဆိုတော့ မိတ်ဆွေလေးရန်ကို နည်းနည်းပါးပါး ကျေးဇူးတင်ဖို့ လိုတယ်လို့ မထင်ဘူးလား”
“တုအိုကြီး၊ မင်းဘာပြောချင်နေတာလဲ” ဟဲဖုန်း မျက်မှောင်ကြုံ့သွားခဲ့လေပြီ။
ချန်ပေါင်သည်ပင် သူ့သိုလှောင်အိတ်ကို အလျင်စလို လက်ဖြင့်အုပ်၍ တုဝမ်အား သတိကြီးကြီးဖြင့် စိုက်ကြည့်နေလိုက်သည်။
ယခင်အကြိမ် ဝဲပျံတိမ်တိုက်မြို့တော်၌ တုဝမ်နှင့် အလောင်းအစားလုပ်ကာ ရှုံးနိမ့်ခဲ့သဖြင့် သူတို့ သိုလှောင်အိတ်ကို ရန်ကိုင်ဆီပေးကာ စိတ်ကြိုက် ပစ္စည်းတစ်ခုစီ ရွေးချယ်ခွင့် ပေးခဲ့ရသည်။ ယခု တုဝမ်၏ ပျားရည်သုတ်ထားသည့် အကြံပြုချက်ကို ကြားလိုက်သည်နှင့် အကုန်လုံး ချက်ချင်း နိုးကြား သတိရှိသွားခဲ့လေသည်။
တုဝမ်က သူတို့၏ အပြုအမူကို မမြင်သည့်အလား ရန်ကိုင်ဆီလှည့်၍ ပြုံးကာ “ငါ့မိတ်ဆွေတွေက တကယ်ကို ရက်ရောတဲ့လူတွေချည်းပဲ။ မိတ်ဆွေလေးရန်က သူတို့ကို တစ်နှစ်ကျော်လောက် ခေါင်းစားအောင် လုပ်လာခဲ့တဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့မှတော့ နည်းနည်းပါးပါးတော့ လက်ဆောင်လေး ရသင့်တာပေါ့၊ မဟုတ်ဘူးလား… မိတ်ဆွေလေးရန်လည်း သဘောတူတယ်မလား။ အားနာနေစရာ မလိုဘူးနော်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုကို လွတ်လွတ်လပ်လပ် ဓါးပြတိုက်သွားလို့ရတယ်”
တုဝမ်ပြောနေသည်ကို နားထောင်ပြီး အခန်းထဲရှိ လူအိုကြီးလေးယောက်၏ အမူအရာ ရှုံ့မဲ့သွားခဲ့ကြသည်။ အကုန်လုံး ထိုကျေးဇူးမသိတတ်သော မျိုးရိုးနာမည်တုနှင့် ဝံပုလွေအား ဘယ်ပြန်ညာပြန် တဖြန်းဖြန်း မြည်သွားအောင် ပါးထပြေးရိုက်ချင်မိနေလေပြီ။
ခဏအကြာ၌ ခုန်ရို့ယုက သက်ပြင်းတစ်ချက် ချလိုက်ပြီး ရယ်သွမ်းသွေးလျက် “အင်း၊ စီနီယာ အစ်ကိုတု ပြောတာလည်း ဟုတ်တာပဲ။ ဒီခရီးမှာ ငါတို့ အကျိုးအမြတ် ရခဲ့တာ ရန်ကောင်လေးကြောင့်ပဲလေ။ ဂျူနီယာလေး တစ်ယောက်ဆီက အကူအညီ ယူထားမှတော့ သူ့ကို ကျိန်းသေ ကျေးဇူးပြန်တင်သင့်တာပေါ့”
ခုန်ရို့ယုက ထိုကဲ့သို့ပြောလာသဖြင့် အခြားလူ သုံးယောက်လည်း ဘာမှမတတ်နိုင်တော့ပေ။
ဟဲဖုန်းသည် သူ့ကိုယ်သူ စတေးခံရန် ပြင်ဆင်ထားသည့်ပမာ အံကြိတ်၍ ရန်ကိုင်ဘက်သို့ လှည့်လျက် ရဲရဲတင်းတင်း ပြောလိုက်လေသည် “မိတ်ဆွေးလေးရန်၊ ဘာကြိုက်ဘဲ၊ ပြောသာပြောလိုက်၊ မဖြစ်ဖြစ်အောင် ကျိန်းသေ ကြိုးစားပေးမယ်”
ပါးစပ်ကသာ ပြောနေသော်ငြား ရန်ကိုင်အကြည့် သူ့သိုလှောင်အိတ် ရှိရာဆီသို့ ရောက်လာချိန် ဟဲဖုန်း ခန္ဓာကိုယ် ကျုံ့သွားခဲ့ရသည်။
ချန်ပေါင်နှင့် ဟုန်ဖန်းတို့သည်လည်း ရန်ကိုင် သူ့သိုလှောင်အိတ်များကို နောက်တစ်ကြိမ် ဓါးပြ တိုက်မှာကို အလွန်အမင်း ကြောက်မိနေခဲ့သည်။
သို့သော်လည်း သူတို့ထင်နေသည့်နှင့်တခြား ရန်ကိုင်က ပြုံ၍ ပြောလိုက်သည် “ဆေးဝိဇ္ဇာတို့က ပေးကမ်းချင်နေမှတော့ ဒီဂျူနီယာလည်း အားနာ မနေတော့ဘူးနော်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ဘာရတနာမှ ကျုပ်မလိုချင်ဘူး”
ဆေးဝိဇ္ဇာလူအိုကြီး သုံးယောက်စလုံး ထိုစကားကို ကြားလိုက်ကြမှပဲ သက်ပြင်းချနိုင်ကြလိုက်သည်။ အလိုက်အထိုက်ကို သိတတ်သော ရန်ကိုင်ကိုလည်း စိတ်ထဲတွင် ကြိတ်၍ ချီးကျူးနေခဲ့ကြလေသည်။
“ဒါဆိုရင် မိတ်ဆွေလေး ဘာလိုချင်တာလဲ” တုဝမ် အံ့အားသင့်သွားခဲ့ပြီး “ငါ့မိတ်ဆွေဟောင်းကြီးတွေမှာ မရှားတာဆိုလို့ ရတနာပဲ။ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် နောက်တစ်ကြိမ် ထပ်ရဖို့ မလွယ်ဘူးနော်”
“တုဝမ်၊ မင်းပါးစပ်ပိတ်ထားလိုက်စမ်း။ မိတ်ဆွေလေးကို သူ့ဘာသာ စကားပြောခွင့်ပေးလိုက်” ချန်ပေါင်က တုဝမ်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ကောင်းပြီလေ၊ ငါထပ်မပြောတော့ဘူး” တုဝမ်လည်း ကူကယ်ရာမဲ့မဲ့ဖြင့် ချက်ချင်း တိတ်နေလိုက်လေသည်။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က မေးလိုက်သည် “ဆေးဝိဇ္ဇာတို့ အားလုံးက သူတော်စင် အဆင့်နိမ့် ဆေးပညာရှင်ဆိုတော့ စိတ်ဝိဥာဉ် အစီအရင်ကို ဖြေပေးတဲ့အနေနဲ့ သူတော်စင်အဆင့်ဆေးလုံး သန့်စင်ပေးရင်ရော”
“သူတော်စင်အဆင့်ဆေးလုံးလား” ချန်ပေါင် ပါးစပ် မဲ့ရွဲ့သွားခဲ့ရလေပြီ။
“ဟုတ်တယ်၊ သူတော်စင်အဆင့်ဆေးလုံးပဲ” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။
“သူတော်စင်အဆင့် ဆေးလုံးတွေက သန့်စင်ချင်တိုင်း သန့်စင်လို့ရတဲ့ ဆေးလုံးတွေ မဟုတ်ဘူးကွ” ဟဲဖုန်းက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူတို့သည် သူတော်စင်အဆင့်နိမ့် ဆေးပညာရှင်များ ဖြစ်ကြသော်လည်း သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ရန်မှာ သူတို့အတွက် လွယ်ကူမနေခဲ့ချေ။
ထို့အပြင် သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ခြင်းသည် အရမ်းကိုမှ အားစိုက်ရလေသည်။
ထို့ကြောင့်ပဲ သူတော်စင်အဆင့် ဆေးလုံးများသည် အရမ်းကိုမှ အဖိုးတန်နေခြင်းဖြစ်သည်။
“ဘာလို့ မရရမှာလဲ” တုဝမ်က ရယ်သွမ်းသွေးလျက် သူ့မိတ်ဆွေဟောင်းများကို ဝေ့ကြည့်လိုက်ပြီး “ငါတို့ မပြိုင်ဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အခွင့်သင့်တုန်း တစ်ယောက်နှင့် တစ်ယောက် လက်ရည်စမ်းကြမယ်လေ။ ငါတို့ထဲက ဘယ်သူက သူတော်စင်အဆင့် ဆေးလုံးကို ပိုပြီး ကောင်းကောင်း သန့်စင်နိုင်လဲဆိုတာကို မိတ်ဆွေလေးရန်နဲ့ ရီရှုန်ကို ဆုံးဖြတ်ခိုင်းကြတာပေါ့”
“တုဝမ်၊ သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင် ဖြစ်တော့မယ်ဆိုပြီး ငါတို့ကို မျက်လုံးထဲ ထည့်စရာ မလိုတော့ဘူးလို့ တွေးနေတာလား” ဟဲဖုန်းက နှာခေါင်းရှုံ့လိုက်သည်။
“မဟုတ်ပါဘူး… ဘယ်လိုလုပ်ပြီး အဲ့လို ဟုတ်ပါ့မလဲ… ဒီလို ပြိုင်ဖြစ်ဆိုတာ အရမ်းကိုမှ ရှားတာလေ။ အခု ဒီကိစ္စအကြောင်း စကား စလာတုန်းလေး ပြိုင်ကြည့်ချင်လို့ပါ… ငါပြိုင်ချင်နေတာ လက်ကို တော်တော်လေး ယားနေပြီ”
“ကောင်းပြီလေ၊ စီနီယာအစ်ကိုတုက အခုလို တောင်းဆို၊ လက်ရည်စမ်းရတာလည်း ကြာပြီ ဆိုတော့ အခု ပြိုင်ကြည့်ကြတာပေါ့” ခုန်ရို့ယုက ပြောလိုက်သည်။
“ငါက ပြဿနာမရှိဘူး” ဟုန်ဖန်းက ပခုံးတွန့်ပြလိုက်သည်။
“ဟူး… ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ဒီအရိုးအိုကြီးတွေက မင်းနဲ့အတူ လိုက်ကပေးရဦးမှာပေါ့” ဖုန်းပေါင်က ကတုန်ကရင်ဖြင့် ပြန်ပြောလိုက်သည်။
“အင်း။ အားလုံး ငါနဲ့လိုက်ခဲ့သည်” တုဝမ် ရယ်မောလိုက်သည်။ သူတော်တော်လေး ပျော်နေသည့် ပုံပင်။ ထိုင်ရာမှထ၍ အားလုံးကို သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။
လက်ရှိအချိန်တွင် သူသာ သူတော်စင်အဆင့် ဆေးလုံးကို လိုချင်ပါက သူ့ဘာသာ သန့်စင်၍ ရပေသည်။ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ရန် မလွယ်ကူကာ ဆေးပင်များဟာလည်း ရရှိရန် ခက်ခဲသော်ငြား ဆေးပင်လိုအပ်လျှင် အနက်ရောင် သိုလှောင်နေရာလွတ်ထဲမှ ထုတ်ယူလိုက်ရုံပင်လျှင်။ ထို့ကြောင့် သူတော်စင်အဆင့် ဆေးလုံးများသည် သူ့အတွက် အရမ်းကြီး အဖိုးမတန်ချေ။
ရန်ကိုင်သည် ထိုဆေးဝိဇ္ဇာကြီးများ၏ ဆေးဖော်စပ်ပုံ နည်းလမ်းကို လေ့လာချင်ရုံသက်သက်ပဲ။ ထိုသူတော်စင် အဆင့် ဆေးပညာရှင်များ ဆေးဖော်စပ်ကို လေ့လာရင်း သူ့ကိုယ်သူ တိုးတက်အောင် ကြံဆလိုခြင်းဖြစ်သည်။
ဆေးဝိဇ္ဇာများသည်လည်း ထိုအချက်ကို သတိပြုမိကြသည်။ သို့သော် မည်သူမှ မငြင်းခဲ့ကြ။ သဘောတူလိုက်ရုံသာ ထိုလူငယ်ဆေးပညာရှင်အား သူတို့၏ အကောင်းမွန်းဆုံးသော နည်းလမ်းများကို ထုတ်ပြရန်ပင် ကြိုးစားနေကြသေးသည်။
ဆေးပညာရှင်အစည်းအရုံး၏ ဆေးဖော်စပ်ခန်းထဲ အားလုံး ကိုယ်စီ နေရာယူလိုက်ကြပြီးနောက် ကိုယ်ပိုင် ဆေးမီးဖိုများသည် လိုအပ်သည့် ဆေးအမယ်များကို ထုတ်ယူလိုက်ကြသည်။
ဆေးပင်တစ်ပင်ချင်းစီတိုင်းသည် သူတော်စင်အဆင့် ဆေးပင်များ ဖြစ်ကြသည်။
ဆေးဖော်စပ်ခန်းထဲတွင် ရန်ကိုင်၊ ရီရှုန်နှင့် မိနာတို့လည်း ရှိနေခဲ့ကြသည်။
ယခုကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ပြန်ရရန် ခဲယဉ်းလှသဖြင့် တုဝမ်သည် မိနာနှင့် ရီရှုန်တို့အား လာကြည့်ကို ကြည့်ခိုင်းရပေမည်။
မိန်းမငယ်လေး ဝူအာမူကား သူမသည် အရမ်း ငယ်သေးသလို အတွေ့အကြုံလည်း သိပ်မရှိသေးပေ။ ထို့ကြောင့် သူမအား ကြည့်ခွင့်ပေးလျှင်ပင် ဘာကိုမှ သင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
မိနာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ ပါးနှစ်ဖက်စလုံး နီမြန်းနေခဲ့သည်။ ရန်ကိုင်နား ထိုင်ရင်း အမောတကော မေးလိုက်သည် “ဆေးဝိဇ္ဇာတွေက ဘယ်လိုလုပ်ပြီး ဆေးဖော်စပ်တာ ပြိုင်ဖြစ်သွားတာလဲ။ ပြီးတော့ သူတော်စင်အဆင့် ဆေးလုံးတွေ”
“အင်း။ ငါလည်း လူအိုကြီးတု ဆေးဖော်စပ်တာ မကြည့်ရတာ တော်တော်ကြာနေပြီ။ အခြား ဆေးဝိဇ္ဇာတွေ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဒီလို အခွင့်အရေးမျိုးက ဆယ်စုနှစ်ကြာတာတောင် မြင်နိုင်တာမျိုး မဟုတ်ဘူး” ရီရှုန် အရမ်းကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ သူရှေ့ရှိ မြင်ကွင်းကို စိတ်လှုပ်ရှားတကြီးဖြင့် စိုက်ကြည့်နေရင်း လေးလေးနက်နက်ဖြင့် ပြောလိုက်သည် “မိနာ၊ သေချာ အာရုံစိုက်ထားနော်။ ဒီလို အခွင့်အရေးမျိုးက နောက်တစ်ကြိမ် အလွယ်တကူ ပြန်ရနိုင်တာမျိုး မဟုတ်ဘူး”
“ကျွန်မသိပါတယ် ဆရာရဲ့” မိနာက ကြက်အစာကောက်သည့်ပမာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
“အားလုံး အဆင့်သင့်ဖြစ်ကြပြီလား” တုဝမ်က အားလုံးကို ဝေ့ကြည့်၍ ပြုံးကာ မေးလိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။
“ငါတို့ ဘယ်ဆေးလုံး သန့်စင်မယ်ဆိုတာကို အရင်မိတ်ဆက်ကြရင်ကော” တုဝမ်က ပြုံးကာ အကြံပေးလိုက်သည် “ဒီလူအိုကြီး သန့်စင်မယ့် ဆေးလုံးက အခဲရေကံကောင်းခြင်း ဆေးလုံးပဲ။ ဒီဆေးလုံးက ရေခဲဓါတ်ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေ လေ့ကျင့်တဲ့လူတွေအတွက် အသုံးဝင်တယ်။ ဒီဆေးလုံးကို အသုံးပြုမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှ အအေးချီဖိအား တစ်ခုကို ဖန်တီးပေးပြီး ကိုယ်ထဲမှာ ရှိနေတဲ့ အစစ်အမှန်ချီကို သန့်စင်ပေးလိမ့်မယ်။ လိုအပ်တဲ့ ဆေးအမယ်တွေက အရောင်မဲ့သတ္တုအဆီအနှစ်၊ သွေးပြာမြက်၊ အဆင့်(၇)ရေခဲကျောက်စိမ်းစပါးအုံရဲ့ မွန်းစတားအမြူတေ…”
တုဝမ်က အသံ ကျယ်ကျယ်လောင်လောင်၊ ပြတ်ပြတ်သားသားဖြင့် သူဖော်စပ်ရန် လိုအပ်သော ဆေးလုံး၏ ဆေးအမယ်များကို သေသေချာချာ ရွတ်ပြသွားခဲ့သည်။
ဆေးပညာရှင်တွင်တိုင်း ဆေးဖော်စပ်ပုံ၊ ဖော်စပ်နည်း အမျိုးမျိုး ရှိကြသည်။ ဆေးဖော်စပ်ရာတွင် သူတို့ အသုံးပြုသော ဆေးပင်များ၊ မည်သည့် ဆေးပင်များကို အရင်အသုံးပြုသည်… စသည်တို့သည် အရမ်းကိုမှ အရေးကြီးပေသည်။ သို့ပင်လျှင် ထိုဆေးအမယ်များကို တစ်ခုတည်းဖြစ်သွားအောင် မည်သို့ပေါင်းစပ်သည် ဆိုသော အဆင့်မပါဝင်သေးချေ။
တုဝမ်သည် ရန်ကိုင်အား အကောင်းမွန်ဆုံးသော စွမ်းရည်ကို ထုတ်ပြချင်နေသည့်အတွက် အသေးစိတ် ကျကျ ပြောပြသွားခဲ့သည်။
သူပြောပြီးနောက် ခုန်ရို့ယုက ပြုံးလိုက်ပြီး “ဒီမိန်းမအိုကြီးကတော့ သေခြင်းရှောင်လွှားဆေးကို ဖော်စပ်မှာပါ။ ဒီဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကတော့ ဝိဥာဉ်ကို ကာကွယ်ပေးနိုင်တာပဲ။ လူတစ်ယောက်ရဲ့ ဝိဥာဉ်က သေလောက်အောင် ပြင်းထန်တဲ့ ဒဏ်ရာ ရထားတယ် ဆိုရင်တောင် ဒီဆေးလုံးကို သောက်လိုက်ရုံနဲ့ ပြန်ကောင်းလာလိမ့်မယ်။ လိုအပ်တဲ့ ဆေးအမယ်တွေ ကတော့ အသူရာအရိုး၊ ဝိဥာဉ်ဝဲတစ္ဆေမျက်နှာပန်းပွင့်၊ စိတ်ဝိဥာဉ်ကျောက်တွး၊ ရာဘေးပြစ်ဒဏ်ကျောက်စိမ်း ဝတ်ရည်…”
ဆေးဝိဇ္ဇာများသည် သူတို့ ဖော်စပ်မည့် ဆေးလုံး အသီးသီးအတွက် လိုအပ်သော ဆေးအမယ်များကို သေသေချာချာ ပြောပြသွားခဲ့သည်။
သူတို့၏ ရှင်းပြချက်များကို နားထောင်ရင်း မိနာနှင့် ရီရှုန်တို့မှာ လုံးဝကို ကြက်သေသေနေခဲ့ကြသည်။ ထိုကဲ့သို့ ရှားပါးပြီး အဖိုးတန်လှသော ဆေးပင်များကို တစ်နေရာတည်းတွင် စုပြုံတွေ့ရသည့် မြင်ကွင်းမှာ အရမ်းကိုမှ မြင်ရခဲလှပေသည်။
ထို့ကြောင့် မိနာနှင့် ရီရှုန်တို့ နှစ်ယောက်စလုံး ကုလားဘုရားလှည့်နေသည့်ပမာ ရင်တဒုန်းဒုန်း ခုန်နေခဲ့ကြသည်။
အားလုံးကိုယ်စီ ရှင်းပြပြီးနောက် ဆေးဝိဇ္ဇာ ငါးယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တုဝမ်က စတင်၍ ကြေညာလိုက်သည် “ကောင်းပီဲလေ၊ စကြတာပေါ့”
ကျန်လေးယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။
ချက်ချင်းဆိုသလို ဆေးဝိဇ္ဇာငါးယောက်ဆီမှ သန့်စင်သော အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး အခန်းအပူအချိန်သည်လည်း ရုတ်ချည်း မြင့်တက် သွားခဲ့လေသည်။
ရန်ကိုင်သည် ဆေးဝိဇ္ဇာများ သူတို့၏ အစစ်အမှန်ချီကို မည်ကဲ့သို့ စေစားထိန်းချုပ်ပုံ၊ ဆေးမီးဖိုတွင် အသုံးပြုကြသော စိတ်ဝိဥာဉ် အစီအရင်များကို သေသေချာချာ လေ့လာမှတ်သားနေခဲ့သည်။
တစ်ယောက်ချင်းစီတိုင်းသည် အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များကို အသုံးပြုနေခဲ့ကြသည်။ ရန်ကိုင်၊ မိနာနှင့် ရီရှုန်တို့ သေသေချာချာ လေ့လာ နိုင်စေရန်အတွက် သူတို့၏ လှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိရှိ နှေးထားပေးခဲ့သည်။
ဆေးပင်းများကို တစ်ပင်ကြီးတစ်ပင် ကောက်ယူပြီး ဆေးမီးဖိုထဲသို့ ပစ်ထည့်နေခဲ့သည်။ ဆေးဝိဇ္ဇာ ငါးယောက်၏ လက်များသည် ဝါရင့်သမာရင့်များပမာ ချောချောမွေ့မွေ့၊ လျင်လျင်မြန်မြန် လှုပ်ရှားနေခဲ့ကြသည်။ ဆေးပင်တစ်ခုချင်းစီတိုင်းမှ ဆေးအရည်ကို ထုတ်ယူပြီးသည်နှင့် နောက်တစ်ပင်မှ ဆေးအရည်ကို ထုတ်ယူပြန်သည်။
မိနာမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်း တရှိုက်ရှိုက် ဖြစ်နေခဲ့သည်။ အလန့်တကြား အသံထွက်မိမည် စိုးသဖြင့် သူမ၏ ပါးစပ်လေးကို လက်ဖြင့် ကပျာကယာ ပိတ်ထားခဲ့ရသေးသည်။
ရန်ကိုင်သည်လည်း ထိုဆေးပညာရှင်ကြီးများ၏ စွမ်းဆောင်ရည်ကြောင့် ငေးမောနေခဲ့ရလေသည်။ သူ့လက်ရှိဆေးပညာစွမ်းရည်သည် သူ့ရှေ့ရှိ ဆေးဝိဇ္ဇာကြီးများနှင့် ယှဉ်နိုင်သော်လည်း သူ့တွင် ထိုပညာရှင်ကြီးများဆီမှ သင်ယူစရာ အများကြီး ကျန်နေပေသေးသည်။ အထူးသဖြင့် ပိုပြီး ပြေပြစ် သိမ်မွေ့သော သူတို့၏ နည်းလမ်းများပင်…
ဆေးဝိဇ္ဇာတစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ လက်များကို လျင်မြန်ပြေပြစ်စွာ လှုပ်ရှားနေခဲ့ကြသည်။
ရန်ကိုင်လည်း ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့ဘေးပတ်လည်ကိုပင် သတိမပူမိတော့ချေ။ တစ်ချိန်တည်းတွင် ထိုဆေးပညာရှင်ကြီးများ အသုံးပြုသွာသည့် နည်းလမ်းနှင့် သူ့နည်းလမ်းများကြား ဘာတွေ ကွာခြားနေသလဲ ဆိုသည်ကို သေသေချာချာ နှိုင်းယှဉ်လေ့လာ ကြည့်နေခဲ့သည်။
မိနာနှင့် ရီရှုန်တို့သည်လည်း ဆေးဝိဇ္ဇာကြီးများ ဆေးဖော်စပ်နေသည်ကို ကြည့်နေရင်းထဲ နစ်မြောသွားသဖြင့် အချိန်စီးဆင်းမှုကိုပင် သတိမပြုမိတော့ချေ။
ပူးအိုက်လှသော ဆေးဖော်စပ်ခန်းထဲ၊ ပူပြင်းလှသော အစစ်အမှန်ချီများ ပလူပျံနေခဲ့ကြပြီး ဆေးမီးဖိုထက် ဆွဲသားထားသော စိတ်ဝိဥာဉ် အစီအရင်များကို ဖျက်လိုက်၊ အသစ်ပြန်ဆွဲလိုက် လုပ်နေခဲ့ကြသည်။ ကျွမ်းကျင်သော ဆေးပညာရှင် တစ်ယောက်သည် ဆေးဖော်စပ်ရာတွင် စိတ်ဝိဥာဉ်အစီအရင် တစ်မျိုတည်းကို အသုံးမပြုပေ။ သိပ်သည်းဆနှင့် မီးအပူချိန်ပေါ် မူတည်ပြီး စိတ်ဝိဥာဉ် အစီအရင်များကို သင့်လျှင်သင့်သလလို အသုံးပြုးသွားတတ်ကြသည်။
ထိုနေရာတွင် သူနှင့် ထိုဆေးပညာရှင်များကြား ကွာခြားချက်ကို ရန်ကိုင် တွေ့လိုက်ရလေပြီ။ သူသည် ဆေးဖော်စပ်ရာတွင် စိတ်ဝိဥာဉ်အစီအရင် တစ်မျိုးတည်းကိုသာ သုံး၏။ သို့သော်ယည်း အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များကို အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိနိုင်မည်မှန်း သူသိသွားခဲ့လေပြီ။
ဆေးမီးဖိုအသီးသီးမှ ထွက်ပေါ်လာသော ဆေးသင်းရနံ့များကြောင့် ဆေးဖော်စပ်ခန်းတစ်ခုလုံး အိမ်မက်ဘုံတစ်ခုပမာ ဖြစ်နေခဲ့သည်။
နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိလာသော် ဆေးဝိဇ္ဇာကြီးများ၏ အမူအရား အလွန့်ကိုမှ လေးနက်သွားခဲ့ကြသည်။ အားလုံးသည် သူတို့၏ အားစိုက်မှုအားလုံး သဲထဲရေသွန် မဖြစ်ရလေအောင် လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို အထူးတလည် သေသေချာချာ ဂရုစိုက်နေခဲ့ကြသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၅၀) မိကျောင်းမင်းရှေ့ရေခင်းပြခြင်း
နာရီအနည်းငယ်ကြာပြီးနောက် တုဝမ်ရှေ့ရှိ ဆေးမီးဖို လှုပ်ခါလာခဲ့လေသည်။ အသက်ရှိသော တစ်စုံတစ်ခုသည် အတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည့်ပုံပင်။
တုဝမ် အမူအရာ လေးနက်သွားခဲ့ပြီး ဆေးမီးဖိုကို အကြိမ်များစွာ ပုတ်လိုက်ပြီးနောက် နောက်ဆုံးအဆင့်ကို အပြီးသတ်ရန် ဆေးမီးဖိုထဲသို့ အစစ်အမှန်ချီ သွန်းလောင်း လိုက်လေသည်။
ခဏအကြာတွင် ဆေးမီးဖိုကို ပုတ်လိုက်ရာ နှင်းဖြူရောင် လက်သည်းအရွယ် ဆေးလုံးလေးတစ်လုံး ဆေးမီးဖိုထဲမှ ပျံသန်းထွက်လာလေသည်။
တုဝမ်မျက်ဝန်းများ ဖျက်ခနဲလက်သွားခဲ့ပြီး အဆင့်မြင့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူ၍ ထိုဆေးလုံးကို အလျင်အမြန်ပဲ ဖမ်းယူလိုက်လေသည်။
သိမ်းလိုက်သည့်တိုင်း အခန်းထဲ ဆေးနံ့တို့ ရစ်သိုင်းကျန်ရစ်နေခဲ့သည်။
သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် သန့်စင်နေခဲ့သဖြင့် တုဝမ် အတော်လေး ကျေနပ်မိသွားခဲ့သည်။
ထိုအခြင်းအရာကို မြင်သည်နှင့် မိနာနှင့် ရီရှုန်တို့လည်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။
သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ငါးယောက်သည် သူတော်စင်အဆင့် ဆေးလုံးအသီးသီးကို တစ်ပြိုင်တည်း စတင် သန့်စင်ခဲ့ကြသော်လည်း လူအိုကြီးတုက အရင်ဆုံး ပြီးခဲ့သည်။ ထိုအချက်တစ်ချက်တည်းနှင့်ပင် လူအိုကြီးတုသည် အခြားလူအိုကြီးများသည် ဆေးပညာ အရာ၌ ပို၍မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။
သို့သော်လည်း မည်သူမှ အသံတစ်ချက်မထွက်၊ အခြား ဆေးဝိဇ္ဇာလေးယောက် ဆေးဖော်စပ်နေသည် ကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေခဲ့ကြသည်။
တုဝမ် ဆေးဖော်စပ်ပြီးသွား၍ အမွေးတိုင်းတစ်ချောင်း လောင်ကျွမ်းစာ အချိန်ကြာပီဲးနောက် ခုန်ရို့ယု ဆေးဖော်စပ်ပြီးသွားခဲ့သည်။ သူမသည်လည်း ဆေးမီးဖိုထဲ သူတော်စင်အဆင့်နိမ့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲ အမြန် ထည့်သိမ်းလိုက်လေသည်။
နာရီဝက်ကြာပြီးနောက် ချန်ပေါင်၊ ဟဲဖုန်းနှင့် ဟုန်ဖန်းတို့လည်း ပြီးစီးသွားခဲ့သည်။
သူတော်စင်အဆင့် ဆေးလုံးငါးလုံးကို တစ်ထိုင်တည်း ထွက်ပေါ်လာမှုကြောင့် အခန်းတစ်ခုလုံး ဆေးရနံ့တို့ဖြင့် သင်းကြိုင်နေခဲ့သည်။
ဆေးဝိဇ္ဇာငါးယောက်မှာမူ ပင်ပန်းနွမ်းနယ် နေခဲ့ရလေပြီ။ အထူးသဖြင့် ခန္ဓာကိုယ် ကြီးကြီးနှင့် ချန်ပေါင်ပင်။ သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်တို့ဖြင့် စိုရွှဲနေခဲ့ရလေပြီ။ အသက်တစ်ခါရှုလိုက်တိုင်း သူ့အဆီဖတ်များ တစ်ခါ တုန်ခါသွားခဲ့ပြီး နဖူးဖျက်မျ ချွေးသီးချွေးလုံးများကို အင်္ကျီလက်စဖြင့် အဆက်မပြတ် သုတ်နေခဲ့ရသည်။
အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဆေးဝိဇ္ဇာ ငါးယောက်စလုံး ပြုံးလိုက်ကြသည်။ သို့သော်လည်း မည်သူကမှ သူတို့ ဖော်စပ်ပြီးသွားသော သူတော်စင် အဆင့် ဆေးလုံးကို နှိုင်းယှဉ်ရန် မလောသေးဘဲ ချီအားဖြည့်ဆေး တစ်လုံးကိုသောက်ကာ တင်ပလင်ခွေထိုင် အရင်အားပြန်ဖြည့်လိုက်ကြသည်။
သူတို့အနေဖြင့် မိမိကိုယ်ကို အရင်ဆုံး အားပြန်ဖြည့်ရန် လိုအပ်ပေသည်။
သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ခြင်းသည် အစစ်အမှန်ချီလည်း ကုန်သလို စိတ်စွမ်းအားလည်း ကုန်ပေသည်။
ယခုမှပဲ မိနာနှင့် ရီရှုန်တို့ အသက်ကောင်းကောင်း ရှူရဲတောသည်။ ဖြစ်ပျက်ခဲသည့် အခြင်းအရာ အားလုံးသည် အိမ်မက်တစ်ခုပမာ… သို့သော်လည်း ထိဆေးဝိဇ္ဇာများ ဆေးဖော်စပ်သည်ကို ကြည့်ပြီးနောက် နှစ်ယောက်စလုံး အကျိုးကျေးဇူးများစွာရခဲ့သဖြင့် ရရှိလိုက်သည့် ဥာဏ်အလင်းများကို ဆေးလုံးအချို့ သန့်စင်ခြင်းဖြင့် ချက်ချင်း နားလည်အောင် လုပ်လိုက်ချင်နေလေပြီ။
“ရန်ကိုင်၊ ဘယ်ဆေးဝိဇ္ဇာက အတော်ဆုံးလဲလို့ နင်ထင်လဲ” မိနာက ရှေ့တည့်တည့်သို့ စိုက်ကြည့်နေရင်း တိုးတိုးလေး မေးလိုက်သည်။
သို့သော် ပြန်ဖြေသံ မကြားခဲ့ရ။
ပြန်ဖြေသံမကြားသဖြင့် လှည့်ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့အတွေးနှင့်သူ ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ ထိုကောင်သည် သူ့အတွေးထဲ နစ်မြောနေခဲ့သဖြင့် သူမ မေးသည့်မေးခွန်းကို လုံးဝ မကြားခဲ့ရပေ။
“သူ့အတွက်လည်း အတော်လေး အကျိုးရှိသွားတယ်နဲ့ တူတယ်” ရီရှုန်က ပြုံးလိုက်ပြီး “သူ့ကို သွားမနှောင့်ယှတ်နဲ့ဦး။ သူက ငါတို့ထက်တောင် ပိုပြီး သင်လိုက်ရရင် သင်လိုက်ရမှာ”
ရန်ကိုင်သည် ဈာန်ဝင်စားနေခဲ့လေပြီ။ သူသာ အကျိုးမများခဲ့လျှင် ယခုကဲ့သို့ ဈာန်ဝင်စားသည့် အခြေအနေထဲ ရောက်နေလိမ့်မည် မဟုတ်ပေ။
ရီရှုန်းပင် ရန်ကိုင်ကို မနာလိုချင်နေခဲ့သည်။
“ဟုတ်ကဲ့” မိနာက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အသက်ရှူသံကို ထိန်းလျက် ဆေးဝိဇ္ဇာတို့ အားပြန်ဖြည့်ပြီးမည့် အချိန်ကို စောင့်နေလိုက်သည်။
ခဏအကြာ၌၊ ဘေးဘက်မှ လှုပ်လှုပ်ရှားရှား ဖြစ်လာသဖြင့် ရန်ကိုင်ဆီ လှည့်ကြည့်လိုက်လေသည်။
စိတ်ဝင်တစား လှည့်ပတ်ကြည့်နေရင် မိနာ အံ့အားသင့်တကြီး သက်ပြင်းရှိုက်လိုက်မိသည်။
ရန်ကိုင်သည် ဘယ်အချိန်ကတည်းကမှန်းမသိ သူတော်စင်အဆင့် ဆေးပင်အများကြီးကို ထုတ်ယူပြီး သူ့ရှေ့ချထားပြီနေပြီ။ ယခုအချိန်တွင် သူသည် ဆေးမီးဖို၌ စိတ်ဝိဥာဉ်အစီအရင်တစ်ခုကို ထိုးထွင်းနေခဲ့သည်။
ထိုအချိန်မှာပဲ ဆေးဝိဇ္ဇာငါးယောက်တို့ အားပြန်ဖြည့်ပြီးသွားခဲ့ပြီး တင်ပလင်ခွေထိုင်နေရာမှ မျက်လုံးဖွင့်လာခဲ့ကြသည်။ ဟုန်ဖန်းက အကျယ်ကြီး အော်ရယ်လိုက်ပြီး “သူတော်စင်အဆင့် ဆေးလုံးတွေ သန့်စင်လို့ ပြီးသွားပြီဆိုတော့ ဘယ်သူက အကောင်းဆုံးလဲ ကြည့်ကြတာပေါ့”
“ဟုတ်တယ်” ချန်ပေါင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “မင်းတို့ရဲ့ ဆေးစွမ်းရည် ကျမသွားဖို့ပဲ မျှော်လင့်ပါတယ်ကွာ”
“မင်းကိုယ်မင်းသာ စိုးရိမ်သင့်တာ” တုဝမ်က ခေါင်းခါရမ်းလိုက်ပြီး ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
ချန်ပေါင်က တုဝမ်အား ပြုံးဖြီးပြလိုက်ပြီး “ငါ့ဆေးစွမ်းရည်က ကျမသွားဘူးကွ”
ဆေးဝိဇ္ဇာငါးယောက်စလုံး နိုးလာသည်နှင့် တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ငြင်းခုံကြရင်း ရန်ကိုင်တို့ စောင့်နေသည့် နေရာဆီ သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ခြေငါးလှမ်းပင် မလှမ်းရ သေးခင်မှာဘဲ ရန်ကိုင် လုပ်နေသည်ကို ကြည့်ပြီး အလန့်တကြား ထိအော်မိလိုက်သည်။
“အို၊ ကောင်လေး… မင်းက မိကျောင်းမင်းရှေ့မှာ ရေခင်းလာပြချင်နေတာလား” ဟဲဖုန်းက အပြုံးကြီး ပြုံးလျက် စနောက်လိုဟန်ဖြင့် ပြောလိုက်သည်။
တစ်ဖက်တူမူ တုဝမ် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး တစ်ခုခု ပုံမှန်မဟုတ်မှန်း ရုတ်တရက် နားလည်လိုက်သည်။ အမျိုးသမီး ဆေးပညာရှင်ဖြစ်သည် ခုန်ရို့ယု၏ အမူအရာသည်လည်း လေးနက်နေခဲ့သည်။ လက်မြှောက်လိုက်၍ အခြားလူများကို ရှေ့ဆက်မသွားရန် အချက်ပြလိုက်သည်။
မိနာနှင့် ရီရှုန်းသည်လည်း ရန်ကိုင်နှင့် ဝေးရာသို့ ရှောင်ခွာ၍ ဆေးဝိဇ္ဇာများဆီ အလျင်အမြန် ချဉ်းကပ်သွားလိုက်သည်။
“လူအိုကြီးတု၊ ရန်ကိုင်က ရုတ်တရက် ဆေးတွေ ကောက်ဖော်နေတယ်။ သူတော်တော်လေး အကျိုးအမြတ် ရသွားတဲ့ပုံပဲ” မိနာက တိုးတိုးလေး ပြောလိုက်သည်။
“အင်း” လူအိုကြီးတုက အပြုံးလေးပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “သူ့ကို သွားမနှောင့်ယှတ်နဲ့။ သူဈာန်ဝင်စားနေတာ”
(ဥာဏ်အလင်းပွင့်တာနဲ့ ဈာန်ဝင်စားတာက တူချင်ပေမယ့် သိပ်တော့မတူပါဘူး… ဒီစာစဉ်အတွက်ပါ၊ အခြားသိုင်းစာစဉ်တွေအတွက် မပြောဘူးနော်။ ဥာဏ်အလင်း ပွင့်တယ်ဆိုတာက တစ်ခုခုကို ထိုးထွင်းသိမြင် နားလည်လိုက်တာ။ ဈာန်ဝင်စားတာကတော့ အောက်မှာ ဆက်ရှင်းပြပါမယ်… enlightment နဲ့ Epiphany ဆိုပြီး နှစ်မျိုးသုံးနေလို့ပါ။ အခုကနေစပြီး အဲ့နှစ်မျိုးကို ကွဲကွဲပြားပြား သုံးသွားပါမယ်ဗျ)
“ဈာန်ဝင်စားတာလား” မိနာ မျက်မှောင် ကြုံ့သွားခဲ့ပြီး “ဆေးပညာမှာ ဈာန်ဝင်စားတာ ရှိလို့လား”
“ရှိတာပေါ့။ သိုင်းပညာဘက်မှာ ဈာဝန်စားတဲ့ အခြေအနေ ရှိတယ်လို့ ညည်းထင်နေတာလား” တုဝမ်က တိုးတိုးလေး ပြောလိုက်သည် “ဈာဝန်းစားတယ် ဆိုတာ ဆေးပညာမှာလည်း ဖြစ်နိုင်တယ်။ ဈာဝန်စားတဲ့ အခြေအနေထဲ ရောက်သွားပြီဆိုတာနဲ့ ကိုယ်တစ်ယောက် တည်းကလွဲပြီး ဘေးကအရာမှန်သမျှ ပျောက်ကွယ် သွားလိမ့်မယ်။ ကိုယ်နားလည်ထားတဲ့ ထိုးထွင်းသိမြင်မှုတွေပဲ ကိုယ့်ရှေ့တည့်တည့်မှာ ပေါ်လာလိမ့်မယ်။ အခု၊ သူ့လောကကြီးထဲမှာဆိုရင် သူကိုယ်တိုင်ရယ်၊ ဆေးမီးဖိုရယ်၊ ဆေးပင်တွေရယ်က လွဲပြီး အခြားဘာမှ ရှိမနေဘူး… အထင်ကြီးစရာပဲ။ ဒါပြီးသွားရင် သူဘယ်လောက်အထိ တိုးတက်လာမလဲ ငါတကယ်ကို သိချင်နေပြီ”
“အန်း၊ ဈာန်ဝင်စားတယ် ဆိုမှပဲ ငါလည်း ပြောရဦးမယ်။ ငါကိုယ်တိုင်လည်း ဟိုးနှစ်တွေတုန်းက ကံကောင်ပြီး ဈာန်ဝင်စားတဲ့ အခြေအနေထဲ တစ်ကြိမ် ရောက်သွားဖူးတယ်လေ” ခုန်ရို့ယုက ပြန်စဉ်းနေဟန်ဖြင့် “စီနီယာအစ်ကိုတု ပြောသလိုပဲ၊ အဲ့တုန်းက ငါ့ဆေးပင်တွေရယ်၊ ဆေးမီးရယ်ကလွဲပြီး အခြားဘာကိုမှ မတွေ့ခဲ့ဘူး။ ငါစိတ်ထဲမှာ ဆေးဖော်စပ်ဖို့ အတွေးတစ်ခုပဲ ရှိတယ်…. ဒါပေမယ့် ကံကမကောင်းတော့၊ နောက်ပိုင်း ငါဘယ်လိုပဲ ကြိုးစားကြိုးစား အဲ့လိုအခြေအနေမျိုး တစ်ခါမှ ပြန်မရောက်နိုင်ခဲ့တော့ဘူး။ သိုင်းတာအိုက ဈာန်ဝင်စားတဲ့ အခြေအနေမျိုးလိုပဲ ဆေးပညာဘက်က ဈာန်ဝင်စားတယ် ဆိုတာမျိုးက လုပ်ယူလို့ရတဲ့ အရာမျိုး မဟုတ်ဘူး။ ကံကောင်မှပဲ ရနိုင်တာ”
“အဲ့နောက်ပိုင်း ဘာဖြစ်သွားလဲ။ အဲ့ဆေးလုံးကို ဆေးဝိဇ္ဇာခုန် အောင်အောင်မြင်မြင် ဖော်စပ်လိုက်နိုင်လား”
ခုန်ရို့ယုက ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “အောင်မြင်ခဲ့တာပေါ့။ ပြီးတော့ ဆေးလုံး အရည်အသွေး ဆိုရင်လည်း ထိပ်တန်းဆိုမှ ထိပ်တန်းပဲ။ ဘာဆေးအဆီအနှစ်မှ အလဟဿ ဖြစ်မသွားဘူး။ အဲ့ဆေးလုံးက ငါဂုဏ်ယူအရဆုံး ဆေးလုံးမို့လို့ တစ်ခါမှ ထုတ်မသုံးဘူး။ ငါ့စုဆောင်းမှုတွေထဲပဲ ထည့်သိမ်းထား လိုက်တယ်”
“အံ့ဩစရာပဲ” မိနာ၏ အကြည့်၊ လေးစားမှုတို့ဖြင့် တဖိတ်ဖိတ် လက်နေခဲ့သည်။
“နေပါဦး၊ ဒီကောင်လေး ထုတ်ထားတဲ့ ဆေးအမယ်တွေက နည်းနည်း ထူးဆန်းနေတယ်ဟ…” ဟဲဖုန်း မျက်မှောင်ကြုံ့သွားခဲ့ပြီး “သူတော်စင်အဆင့် ဆေးပင်တွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။ ဖြစ်နိုင်တာက သူ…”
ဟဲဖုန်း ပြောသည်ကို ကြားသည်နှင့် အကုန်လုံး၏ အကြည့် ရန်ကိုင် ထုတ်ထားသည့် ဆေးပင်ပုံပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။ သေသေချာချာ စစ်ဆေး ပြီးနောက် သူထုတ်ထားသည့် ဆေးပင်အားလုံးသည် သူတော်စင်အဆင့် ဆေးပင်များ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
“သူက သူတော်စင်အဆင့် ဆေးလုံး ဖော်စပ်ဖို့ ကြိုးစားနေတာလား” ချန်ပေါင် အလန့်တကြား ထပြောလိုက်သည်။
တုဝမ် မျက်ဝန်းများ လင်းလက်သွားခဲ့ပြီး ရယ်မောလိုက်ကာ “အားလုံးသာ အဆင်ပြေပြေ ဖြစ်နေရင်တော့ အဲ့ဆေးပင်တွေနဲ့ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို သူသန့်စင်နိုင်လိမ့်မယ်”
“တုဝမ်၊ လာနောက်မနေနဲ့” ဟဲဖုန်းက မျက်ဆံ လှန်ပြလိုက်ပြီး “သူတော်စင်အဆင့် ဆေးလုံးတစ်လုံး သန့်စင်ဖို့ ဘယ်လောက်ခက်ခဲ ဆိုတာကို မင်းရော ငါရော သိထားပြီးသား။ သူ့အရည်အချင်းက သံသယရှိစရာ မလိုအောင်ကို ကောင်းတာ မှန်တယ်။ ဒါကြောင့်ပဲ တစ်နေ့ သူက ငါတို့ထက်တောင် ပိုတော်တဲ့ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါရဲရဲကြီး အာမခံရဲတယ်။ ဒါပေမယ့် အဲ့ဒါက အနာဂတ်မှာပဲ ရှိသေးတယ်။ အခုမဟုတ်သေးဘူး။ သူ့အသက်နဲ့ သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်နိုင်မယ်လို့ မင်းတကယ်ကြီး ထင်နေတာလား”
“လူငယ်တွေက တကယ်ကို အကြောက်အလန့် မဲတာ့ပဲကိုး။ သူတို့ မလုပ်နိုင်တာ ဘာမှမရှိဘူး တွေပြီး မဆင်မခြင်လုပ်တော့ အမှားတွေ တွေ့တော့တာပေါ့။ ဈာဝန်စားနေတုန်း သူစိတ်ဝိဥာဉ်အဆင့် ဆေးပင်တွေကို ရွေးလိုက်ရမှာ။ အဲ့လိုသာ ရွေးလိုက်ရင် ပိုပြီးတော့တောင် အကျိုးကျေးဇူးတွေ ရဦးမှာ” ဟဲဖုန်းက နောင်တရနေသည့် လေသံဖြင့် ပြောလိုက်သည်။
ချန်ပေါင်နှင့် ခုန်ရို့ယုတို့ နှစ်ယောက်သည်း သက်ပြင်းချလိုက်ကြသည်။ သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်ရန် ကြိုးစားနေသော ရန်ကိုင်သည် သူ့ကိုယ်သူ အရမ်း အထင်ကြီးလွန်းနေခြင်း ဖြစ်သည်ဟု နှစ်ယောက်စလုံး ထင်နေခဲ့ကြသည်။
တုဝမ်ကမူ ပြုံးရုံလေးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ရန်ကိုင်ကို အောင်မြင်စေမိသော်ငြား လက်ရှိ ရန်ကိုင် လုပ်နေသည့်အရာသည် သူတို့၏ မှန်းဆနိုင်စွမ်းထက် အရမ်းကိုမှ ကျော်လွန်နေခဲ့သည်။
ရန်ကိုင်သာ သူတော်စင်အဆင့် ဆေးလုံးတစ်လုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့လျှင် သူသည် သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထုန်းရွှမ်လောကကြီးတွင် သူတော်စင်အဆင့် ဆေးပညာရှင်များများစားစား မရှိဘူးဆိုသော အချက်ကို သိထားရန် လိုပေသည်။ ထို့အပြင် ထိုသူတော်စင်အဆင့် ဆေးပညာရှင်များသည် ဆေးပညာကို မရေမတွက်နိုင်အောင် လေ့လာခဲ့ကြသော အသက်ကြီးကြီး မွန်းစတားအိုကြီးများ ဖြစ်ကြပေသည်။
ထိုလူများနှင့်ယှဉ်လျှင် ရန်ကိုင်သည် အရမ်းကိုမှ ငယ်လွန်းနေခဲ့သည်။
“သူဘာလုပ်လဲဆိုတာကို ငါတို့ သေချာ လေ့လာစောင့်ကြည့်သင့်တယ်။ ဒါမှပဲ နောက်မှပဲ သူဘာအမှားတွေ လုပ်မိလဲ ဆိုတာကို သေချာ ထောက်ပြလို့ရမှာ။ အဲ့နည်းလမ်းကပဲ သူ့အနာဂတ် လမ်းကြောင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်” ခုန်ရို့ယုက အကြံပေးလိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး ရန်ကိုင် ဆေးဖော်စပ်သည်ကို သေချာလေ့လာတော့လေသည်။
ရန်ကိုင်၏ လက်လှုပ်ရှားမှုသည် သူတို့လောက် မပြေပြစ်သော်လည်း သူ့လှုပ်ရှားမှုများသည် တည်ငြိမ်ပြီး တိကျသည်။
ထို့ကြောင့် ဆေးဝိဇ္ဇာများ စိတ်ထဲ ကြိတ်၍ အံ့အားသင့်သွားခဲ့ရသည်။
ရန်ကိုင်၏ အခြေခံအုတ်မြစ်သည် အရမ်းကိုမှ ခိုင်မာလွန်းသည်ကို သူတို့ပင် မြင်တွေ့နိုင်နေခဲ့သည်။ ဆေးအရည်သိပ်သည်းသည့် ရန်ကိုင်၏ နည်းလမ်း သည်လည်း လုံးဝကို ပြစ်ချက်ကင်းမဲ့ပေသည်။
သူ့အစစ်အမှန်ချီဆိုလျှင်လည်း အရမ်းကိုမှ သန့်စင်အားကောင်းပေသည်။ ဆေးမီးဖိုပေါ် မည်သည့် စိတ်ဝိဥာဉ်အစီအရင်ကို ရေးဆွဲထားလဲ ဆိုသည်ကို မည်သူမှမသိ။ သို့သော် ဆေးမီးဖိုထဲသို့ သူထည့်လိုက်သော ဆေးပင်တိုင်း၏ အဆီအနှစ်ကို နည်းနည်းလေးမှ အလဟဿမဖြစ်အောင် သန့်စင်နိုင်ခဲ့သည်။
သန့်စင်ပြီးသော ဆေးအရည်များကို အစစ်အမှန်ချီဖြင့် ရစ်ပတ်၍ ဆေးမီးဖိုဘေး ဝဲနေစေလိုက်သည်။
ရန်ကိုင် လှုပ်ရှားမှုများကို ကြည့်ရင်း ဆေးဝိဇ္ဇာ အကုန်လုံး ချီးမွမ်းလိုသည့် အမူအရာဖြင့် အသာအယာ ခေါင်းညိတ်လိုက်ကြသည်။
အကြမ်းဖျင်း နာရီဝက်လောက် ကြာပြီးသည့်နောက် ဆေးပင်အားလုံးကို ဆေးအရည်အဖြစ် သန့်စင်၍ ပြီးသွားခဲ့ရာ ဆေးဝိဇ္ဇာငါးယောက်လည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ရသည်။
သူတို့သာ ရန်ကိုင်နေရာတွင် ဆိုပါက ဤမျှမြန်မြန် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည် ဆင့်တစ်ဆင့်ချင်းစီတိုင်းကို အမှားအယွင်း ကင်းကင်းဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ရန်ကိုင်၏ အစစ်အမှန်ချီနှင့် သူအသုံးပြုနေသော စိတ်ဝိဥာဉ်အစီအရင် သူတို့ထက် ပို၍ သန့်စင်၊ အဆင့်မြင့်သည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။
ဆေးအရည်များကို သိပ်သည်းပြီးနောက် ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ဆေးမီးဖို အလင်းတစ်ချက် လက်သွားခဲ့သည်။ ယခုလေးတင် သူအသုံးပြုခဲ့သည့် စိတ်ဝိဥာဉ်အစီအရင်ကို ဖျက်စီးလိုက်သည့်ပုံပင်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ချန်ပေါင် ရေရွတ်လိုက်သည် “ဒီကောင်လေးက အရမ်းကို အဆင်အခြင် မဲ့လွန်းတယ်။ သူ့စိတ်ဝိဥာဉ်အစီအရင်ကို ဒီလိုမျိုး ဖြစ်သလို မဖျက်စီးလိုက်သင့်ဘူး။ မတော်လို့ နောက်တစ်ခု အချိန်မှီ ပြန်မဆွဲနိုင်ရင် ဘယ်လိုလုပ်မလဲ”
ဆေးအရည်ကို သိပ်သည်းပြီးသွားခဲ့လေပြီ။ ဆေးအရည်များကို သိပ်သည်းပြီးပြီးချင်း ချက်ချင်း အသုံးပြုသည်က အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အချိန်ကြာလာသည်နှင့် ဆေးအာနိသ လျော့ကျလာခြင်းကြောင့်ပင် ဖြစ်သည်။
သူတို့သည်လည်း ဆေးသန့်စင်နေစဉ် စိတ်ဝိဥာဉ် အစီအရင်ဟောင်းများကို အသစ်ဖြင် အစားထိုးခဲ့သည်။ သို့သော် သေချာပြင်ဆင်ပြီးမှ လုပ်ခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် ယခင်စိတ်ဝိဥာဉ်အစီအရင်များကို အပြီးတိုင် ဖျက်စီးလိုက်ခြင်းမဟုတ်။ အဟောင်းပေါ် အသစ်ထပ်၍ ဆွဲသားလိုက်ခြင်းဖြစ်ကာ အချိန်ရော၊ အားစိုက်မှုပါ သက်သာသွားလေရာ ဆေးစွမ်းရည်ကိုလည်း ပို၍ တိုးလာစေလေသည်။
တစ်ဖက်တွင်မူ ရန်ကိုင်သည် သူ့အသုံးပြုခဲ့သည့် စိတ်ဝိဥာဉ် အစီအရင်ကို တိုက်ရိုက်ပဲ ဖျက်စီး ပစ်လိုက်လေသည်။
ဆေးဝိဇ္ဇာငါးယောက်စလုံး စိုးရိမ်နေခဲ့ကြရလေပြီ။
သို့သော်လည်း ချန်ပေါင်မှာ ပြောပြီးရုံလေးတင် ရှိသေး ဆေးမီးဖိုတွင်းမှ အလင်းတစ်ချက် ထပ်မံ လက်သွားခဲ့ပြန်သည်။ သူတို့သည် အတွေ့အကြုံရင့် ဝါရင့်သမာရင့်ကြီးများ ဖြစ်သည်မို့ ဆေးမီးဖိုတွင်း၍ အသစ်အသစ်သော အမှတ်အသားတစ်စုံ အလျင်အမြန် ဖြစ်တည်လာနေသည်ကို ခဏအတွင်းပဲ တွေ့ရှိ သွားခဲ့လေသည်။
“မြန်လိုက်တာ” ဟဲဖုန် ကြက်သေသေသွားခဲ့သည်။ မြင်နေရသည်ကို မယုံကြည်နိုင် ဖြစ်နေသည့်အလား “မဖြစ်နိုင်ဘူး…”
တလက်လက် တောက်ပနေသော အလင်းရောင်သည် စိတ်ဝိဥာဉ်အသစ်ဖြစ်ပေါ်လာသည့် လက္ခဏာလပင်။
ယခင်စိတ်ဝိဥာဉ်အစီအရင်ကို ယခုလေးတင် ရန်ကိုင် ဖျက်စီးလိုက်ခြင်း ဖြစ်သည်။ သို့သော် ဖျက်စီးပြီးပြီးချင်း ခဏအတွင်း စိတ်ဝိဥာဉ်အစီအရင်အသစ်ကို ပြန်လည်း ရေးဆွဲနိုင်ခဲ့သည်။ ထိုအမြန်နှုန်းသည် အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။