← Chapters

အခန်း (၈၇၁-၈၇၅)

Vol. 35 Ch. 871-875

အခန်း (၈၇၁-၈၇၅)

Vol. 35 Ch. 871-875

အပိုင်း (၈၇၁)

နာရီဝက်ကြာပြီးနောက် ရန်ကိုင်က သွေးအဆီအနှစ် ကျောက်တုံးကို ပြန်သိမ်း၍ ရှေးဟောင်းနတ်ဆိုး ကလန်သားကို ပြောလိုက်သည် “အဆင်ပြေမပြေ တစ်ချက်စမ်းကြည့်လိုက်”

ရှေးဟောင်းနတ်ဆိုးကလန်သားလည်း လက်သီးဆုပ်လိုက်၊ ပြန်ဖြန့်လိုက်၊ သူ့လက်မောင်းကို လွှဲရမ်းကြည့်လိုက် လုပ်ပြီးနောက် ဝမ်းသာ‌ပျော်ရွှင်စွာ အော်ရယ်လိုက်ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “တကယ် ပြန်ဆက်သွားပြီ”

လီရုန်နှင့် အခြားသူအကုန်လုံး ထိတ်လန့်နေခဲ့ရချေပြီ။ သူတို့ မြင်နေရသည်ကို မယုံကြည်နိုင်သည့်အလား အကုန်လုံး မျက်လုံးအပြူးသား ဖြစ်နေခဲ့ကြသည်။

ပြန်ဆက်ရန် မဖြစ်နိုင်သည့် ပြတ်နေသော လက်သည် သူတို့ရှေ့တည့်တည့်၌ပင် အကောင်းအတိုင်း ပြန်ဆက်သွား ခဲ့လေပြီ။ ယခု ထိုသွေးအဆီအနှစ်ကျောက်တုံး မည်မျှ ထူးခြားကြောင်းကို အကုန်လုံး နားလည်သွားခဲ့လေသည်။

“အသားတွေကတော့ ပြန်ဆက်သွားပြီ။ အရိုးကတော့ နည်းနည်းလိုဦးမယ်။ အခုလောလောဆယ်တော့ အားသိပ်မသုံးနဲ့ဦး။ ဒဏ်ရာကိုပဲ ဖြည်းဖြည်းချင်း ပြန်ကုစားနေလိုက်ဦး” ရန်ကိုင်က ပြောလိုက်ရာ ရှေးဟောင်းနတ်ဆိုးကလန်သားက အခိုင်အမာ ခေါင်းညိတ်၍ ကျေးဇူးတင်နေသည့် အမူအရာဖြင့် “သခင့်ကို ကျေဇူးအများကြီး တင်ပါတယ်ဗျာ”

လက်တစ်ဖက် ပြတ်သွားခဲ့သည်ကို စိတ်ထဲ မထားသော်ငြား ခန္ဓာကိုယ် အပြည့်အစုံနှင့် နေရသည်ကို မပျော်သည့်လူ ရှိမည်လား။

“အင်း၊ သွားတော့” ရန်ကိုင်က ပြုံးကာ ထိုရှေးဟောင်း နတ်ဆိုးကလန်သားကို ပြန်လွှတ်လိုက်သည်။

ထိုလူလည်း နောက်ဆုံးအကြိမ်ဖြစ် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်နေသည့် အမူအရာဖြင့် ပြန်ထွက်သွားလေသည်။

သွေးအဆီအနှစ်ကျောက်တုံးထဲရှိ စွမ်းအင် သိသိသာသာ လျော့နည်းသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

သွေးအဆီအနှစ် ကျောက်တုံးသည် သာမန်သွေးများကို ဒဏ်ရာများကို ပြန်လည်ကောင်းမွန်စေနိုင်သော၊ ခွန်အားကို တိုးတက်စေနိုင်သော အာနိသင်ရှိသည့် အံ့ဩဖွယ်ရာ စွမ်းအင် တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည့်ပုံပင်။

ကြယ်တာရာကောင်းကင်ထဲမှ ပစ္စည်းများသည် တကယ်ကို ထူးခြားဆန်းကြယ်လွန်းကြပေသည်။

ကျောက်တုံးအား ခဏတာမျှ ဆက်စစ်ဆေးကြည့်ပြီးနောက် လီရုန်ဆီသို့ လှမ်းပစ်ပေးလိုက်ပြီး “ကုသဖို့ လိုသေးတဲ့ ကလန်သားတွေ ရှိသေးလား လိုက်စစ်ဆေးကြည့်လိုက်။ ရှိသေးရင် ကုသာကုပေးလိုက်။ ကျောက်တုံးထဲမှ သွေးစွမ်းအင်တွေ အများကြီး ရှိနေသေးတာ ဆိုတော့ နှမြောနေစရာ မလိုဘူး”

“ဟုတ်ကဲ့ပါ” ပြောပြီးသည်နှင့် အခြားနတ်ဆိုးဗိုလ်ချုပ်ကြီး များနှင့်အတူ အလျင်အမြန် ပြေးထွက်သွားလေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သား စုစုပေါင်း တစ်ထောင်၊ တစ်ထောင်ကျော်လောက်သာ ရှိပြီးဖြစ်သည်။ တစ်ယောက် သေသွာသည်နှင့် တစ်ယောက် လျှော့သွားပေိလမ့်မည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းသည် ရှေးဟောင်း နတ်ဆိုးကလန်အတွက် အရမ်းကိုမှ အရေးပါကြပေသည်။

သူတို့ထွက်သွားပြီးနောက် ဝူကျဲက ရှေးဟောင်း နတ်ဆိုးကလန်သားများကို ဝေ့ကြည့်ကာ ရေရွတ်လိုက်သည် “တကယ်ကို အားကောင်းတဲ့ကလန်ပဲ”

ရန်ကိုင်က ဝူကျဲအား တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“တော်ဝင်သခင်၊ သူတို့ကို ခင်ဗျားနဲ့အတူ တကယ် ခေါ်သွားဖို့ လုပ်နေတာလား”

“ဟုတ်တယ်”

ဝူကျဲ မျက်မှောင်ကြုံ့သွားခဲ့ပြီး “တော်ဝင်သခင်က ဒီလို စွမ်းအားကို လက်မလွှတ်စေချင်တာလား”

“ဘာလို့ လက်လွှတ်ရမှာလဲ”

“သူတို့ကို နတ်ဆိုးကုန်းမြေ၊ ဒါမှမဟုတ် ကြားခံနယ်မြေ ဆီကို ခေါ်သွားမှာပဲ အဆင်ပြေလိမ့်မယ်။ မဟုတ်ရင်တော့ ပြဿနာကို လက်ယပ်ခေါ်သလို ဖြစ်နေမှာ”

ရန်ကိုင်က ခေါင်းခါရမ်း၍ ပြတ်ပြတ်သာ ပြန်ပြောလိုက်သည် “သူတို့ကို ကျုပ်နဲ့အတူ ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ ခေါ်သွားမှာ”

ဘုံးကိုခုထွတ်မြတ်နယ်မြေနှင့် ထိုနတ်ဆိုးအုပ် မည်ကဲ့သို့ အတူတူ နေထိုင်မည်ဆိုသည်ကို ဝူကျဲ မတွေးတတ်နိုင်အောင် ဖြစ်သွားခဲ့သည်။

ထို့အပြင် ထိုနတ်ဆိုးအုပ်သာ ဘုံကိုးခုထွတ်မြတ်နယ်မြေ သို့ သွားပါက မရဏဂိုဏ်း၏ ဂိုဏ်းနီးချင်းများ ဖြစ်လာ ကြပေလိမ့်မည်။

“ရိုးရိုးသားသားပြောရရင် ဒီဝူက ဒီလို ကိစ္စတွေမှာ ဝင်ပါချင်တာ မဟုတ်ဘူး တော်ဝင်သခင်ရဲ့” ဝူကျဲက အားတင်းပြုံးလျက် ပြောလိုက်သည်။

ရန်ကိုင်က ဝူကျဲအား တစ်ချက်ပြန်ကြည့်လိုက်ပြီး “ခင်ဗျားကိုလည်း ဘယ်သူမှ အတင်းဝင်မပါခိုင်းပါဘူးဗျာ။ တကယ်တော့ ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူးလေ။ ခင်ဗျားဘာသာ ကြိုက်သလိုသာ ဆုံးဖြတ်။ ခင်ဗျား ဆုံးဖြတ်ချက်ကို မကျေနပ်လို့ဆိုပြီး မရဏဂိုဏ်းနဲ့ ခင်ဗျားကို ကျုပ်အငြိုးထားမှာ မဟုတ်ဘူး”

ဝူကျဲက ခေါင်းညိတ်လိုက်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလျက် တိုးတိုးလေး ပြောလိုက်လေသည် “တကယ်တမ်းပြောရရင် အခုအခြေအနေတွေကြောင့် ဒီဝူက တော်ဝင်သခင်နဲ့ ဝေးဝေး နေသင့်တာ… ဒါပေမယ့်ဗျာ၊ တစ်နေ့ကျ တော်ဝင်သခင်က ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ကျုပ်ရဲ့ မသိစိတ်က ပြောနေတယ်။ တော်ဝင်သခင် ဘယ်အမြင့်ထိ ရောက်နိုင်မလဲ ဆိုတာကို ကျုပ်တကယ် မြင်ချင်နေပြီ။ ကျုပ်ရဲ့မသိစိတ်ပြောသလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါးပဲ ဖြစ်လာမလား၊ ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားမလား ဆိုတာကိုပေါ့”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး “ကျုပ်သာ တစ်ခုခု ဖြစ်သွားရင် ခင်ဗျားလည်း လွတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်အားကောင်းလာရင်တော့ ဂိုဏ်းချုပ်ဝူလည်း အကျိုးအမြတ်တွေ ရလိမ့်မယ်”

“ဒီဝူက ကျုပ်ဂိုဏ်း အကောင်းအတိုင်း တည်ရှိနေနိုင်ဖို့ပဲ တော်ဝင်သခင်ကို မေးတာပါဗျာ”

“အဲ့လောက်ကတော့ ကျုပ်ကတိပေးနိုင်တယ်”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

“တော်ဝင်သခင် အနားယူလိုက်ဦးလေး။ နေမထွက်ခင် နည်းနည်း အချိန်ရသေးတယ်။ ဘုံကိုးခုထွတ်မြတ်နယ်မြေက ဒီနေရာနဲ့ နီးတာမဟုတ်တော့ လမ်းမှာ ပြဿနာတွေ ကြုံရင် ကြုံရဦးမှာ”

ပြောပြီးသည်နှင့် ဝူကျဲ ထွက်သွားခဲ့လေသည်။

----------------------------------

မြေပြင်မှ မီတာထောင်ဂဏန်း အကွာလောက်တွင် အနက်တိမ်တိုက်ကြီးတစ်ခု အရှေ့စူးစူးသို့ ပျံသန်းနေခဲ့သည်။ ထိုအနက်ရောင် တိမ်တိုက်အတွင်း ထောင်နှင့်ချီသော ပုံရိပ်တို့ ရှိနေခဲ့ကြသည်။

ထိုတိမ်တိုက်ကြီးတစ်ခုလုံး ရှေးဟောင်းနတ်ဆိုး ကလန်သားများပင် ဖြစ်ကြလေသည်။

နှင်းတောင်တန်းမှ ဘုံးကိုခုထွတ်မြတ်နယ်မြေသို့ သွားရန် လူသားပိုင်နက်များစွာကို ကျော်ဖြတ်ရန် လိုအပ်ပေသည်။ ထိုမျှ များပြားလှသော နတ်ဆိုးအုပ်သည် လူအများ၏ အာရုံကို ဆွဲဆောင်မည်မှာ သံသယရှိစရာမလို။

ရန်ကိုင်သည် ထိုလူများနှင့် ဘာပြဿနာမှ မဖြစ်ချင်သလို လီရုန်လည်း အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင် ကောင်းကင်ထက် မြင့်မြင့်ပျံသန်းရန်သာ ရွေးချယ်လိုက်ကြသည်။

ဝူကျဲတို့ မရဏဂိုဏ်းမှ လူစုစည် ရှေ့ပြေးကင်းထောက် အဖြစ် ဖြတ်သွားရန် မသင့်လျော်သည့် နေရာများကို ကြိုတင် ရှာဖွေထားခဲ့ကြသည်။

ကောင်းကင်ဂိုဏ်းတော်ထဲရှိ ရှုယဉ်သာတောင်ထွတ်မှ ချန်းယန်နှင့် အခြားသူများသည် ကောင်းကင်ထက် ပျံသန်းသွားလာနေသော အနက်ရောင်တိမ်တိုက်ကြီးကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွာခဲ့ကြသည်။

“ဒီကောင်ကတော့ကွာ…” ချန်းယန် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်သည်။

“သူလုံခြုံပါစေလို့ပဲ ဆုတောင်းရတော့မယ်” ဖေးယုက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“အဲ့နတ်ဆိုးအုပ်ထဲမှာ အားကောင်းတဲ့ ပညာရှင်တွေ အများကြီးရှိနေတာကို ဘာလို့ အဆင်မပြေဘဲ နေမှာလဲ” လီရုန်က ရယ်ရယ်မောမောဖြင့် “စိတ်ပူရမယ့်လူတွေက သူ့လမ်းမှာ ဝင်ပိတ်မယ့်လူတွေပဲ။ ဂိုဏ်းတူတူလေးရဲ့ စိတ်နဲ့ဆိုရင်တော့ တစ်ယောက်ယောက်သာ သူ့ကို သွားရန်စလို့ကတော့ သူကလည် ငြိမ်ခံနေမှာမဟုတ်ဘူး”

သူသာ ထိုနတ်ဆိုးအုပ်နှင့် လူသတ်လိုက်ပါက သူ့ဘဝသည် ပို၍ ခက်ခဲလာရပေလိမ့်မည်။

“စိတ်ပူနေလို့လည်း အပိုပဲ။ ဂိုဏ်းတူတူလေးက အခုလိုလုပ်ဖို့ ရွေးချယ်လိုက်မှတော့ သူ့မှာ အစီအစဉ် ရှိလို့ပေါ့။ နတ်ဆိုးအုပ်ကြီးကို ဦးဆောင်နေတဲ့ ဘုံးကိုခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်… တကယ် စိတ်ဝင်စားစရာပဲ။ ဂိုဏ်းတူတူလေး တကယ်တမ်း ဘာတွေ လုပ်ချင်နေတာလဲ”

ရန်ကိုင် ဘာလုပ်ရန် ကြိုးစားနေသည်ကို မှန်းဆ တွေးတောကြည့်လိုက်သော်ငြား နောက်ဆုံး လက်လျှော့ခြင်း ဖြင့်သာ အဆုံးသတ်သွားခဲ့ကြသည်။ အကုန်လုံး ခေါင်းလေး တရမ်းရမ်းဖြင့်သာ တရွေ့ရွေ့ ထွက်သွားနေသော အနက်ရောင် တိမ်တိုက်ကြီးကို ငေးကြည့်နေခဲ့ကြ၏။

မည်သည့်နေရာသို့ သွားမည်မှန်း သိလိုက်ရသည့်အခါ လီရုန် အံ့အားသင့်သွားခဲ့ပြီး “ဒီတော့ ကျွန်မတို့ သွားမယ့် နေရာကဘုံးကိုခုထွတ်မြတ်နယ်မြေပေါ့။ ပြီးတော့ သခင်က ဘုံးကိုခုထွတ်မြတ်နယ်မြေရဲ့ အရှင်သခင်လည်း ဟုတ်တယ်ပေါ့။ အံ့ဩစရာကြီး”

“အို၊ ဆန်းကြယ်လောကငယ်ထဲမှာ ပိတ်မိနေတာတောင်မှ ဘုံကိုးခုထွတ်မြတ်နယ်မြေအကြောင်း သိသေးတာလား” ရန်ကိုင်က လီရုန်အား သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

“ကလန်ထဲမှာရှိတဲ့ ရှေးမှတ်တမ်းတွေကို ဖတ်ဖူးတယ်လေ” လီရုန်က ပြုံးလျက် “အဲ့ဂိုဏ်းက အရမ်းအားကောင်းတဲ့ဂိုဏ်းတဲ့။ မဟာနတ်ဆိုးနတ်ဘုရားခေတ်တုန်းက ဘုံးကိုခုထွတ်မြတ် နယ်မြေဆိုအာ ဒီလောကကြီးမှာရှိတဲ့ အားအကောင်းဆုံး အင်အားစုတွေထဲက တစ်ခုတဲ့။ ပြီးတော့ ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ အရှင်သခင်က မဟာနတ်ဆိုးနတ်ဘုရားနဲ့ တစ်ကြိမ် တိုက်ခိုက်ဖူးတယ်ဆိုပဲ။ သူအပြတ်အသတ် ရှုံးနိမ့်သွားပေမယ့် မဟာနတ်ဆိုးနတ်ဘုရားကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လို့တော့ မှတ်တမ်းတွေထဲမှာ ပြောထားတာပဲ။ မဟာနတ်ဆိုးနတ်ဘုရား ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲတွေထဲမှာ သူနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲလည်း အပါအဝင်ပဲတဲ့”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်သည်။

လီရုန်သည် ထိုအကြောင်းကို ရှေးဟောင်းနတ်ဆိုးကလန်၏ ရှေးဟောင်းမှတ်တမ်းများထဲမှ သိထားခြင်း ဖြစ်သည်။ သို့သော် သူမပြောနေသော တိုက်ပွဲကို တော်ဝင်သင်္ချိုင်းထဲ နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက်ကို သန့်စင်စဉ်အခါက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးပေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြသည်။ ရန်ကိုင် မည်သည့်နေရာသို့ သွားနေမှန်း မသိသော်လည်း ဆန်းကြယ်လောကငယ်မှ ထွက်လာနိုင်ပြီး အပြင်လောကကြီးကို မြင်တွေ့ခွင့် ရရုံသက်သက်နှင့်ပင် သူတို့ အရမ်းပျော်နေခဲ့ရလေပြီ။

ထို့ကြောင့် ခရီးတစ်လျှောက်အတွင်း ရှေးဟောင်း နတ်ဆိုးကလန်သားများကို ဘေးပတ်ပတ်လည်းအား သိလိုတကြီးဖြင့် အဆက်မပြတ် စူးစမ်းသွားခဲ့ကြသည်။

ရက်သက်နှစ်ပတ်တာ ကာလအတွင်း မည်သည့် အတားအဆီးနှင့်မှ ကြုံတွေ့ခဲ့ရခြင်းမရှိ။ လမ်းတစ်လျှောက်လုံး ချောချောမွေ့မွေ့ပင်။

ရက်သက်နှစ်ပတ်တာ ကုန်ဆုံးသွားပြီးနောက် လီရုန် ရုတ်တရက် မျက်မှောင်ကြုံ့သွားခဲ့ပြီး အရှေ့စူးစူး တစ်နေရာသို့ စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် ရန်ကိုင်လည်း မျက်မှောင် ကြုံ့လိုက်သည်။ မသေမျိုးအဆင့်ပညာရှင် အတော်များများ ပါဝင်သော လူတစ်စုသည် သူတို့နောက်သို့ လိုက်နေခဲ့ကြ၏။

“သခင်၊ သူတို့ကို ဖြေရှင်းဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်ရမလား” လီရုန်က မေးလာခဲ့ရာ ရန်ကိုင်လည်း ခဏတာမျှ တုန်ဆိုင်းနေပြီးနောက် ခေါင်းညိတ်၍ “သူတို့ကို မသတ်နဲ့။ ငါတို့နောက် မလိုက်နိုင်အောင်ပဲ လုပ်လိုက်”

“ဟုတ်ကဲ့။ ယင်ယရေ” လီရုန်က ခေါ်လိုက်သည်။

ဗိုလ်ချုပ်ကြီး ယင်ယလည်း အဖွဲ့ထဲမှ ချက်ချင်း ခွဲထွက်ပြီး အောက်သို့ ဆင်သွားလိုက်လေသည်။

ခဏအကြာ၌ တိုက်ပွဲဖြစ်သံတို့ ထွက်ပေါ်လာခဲ့သည်။

မကြာမီ၊ ယင်ယ ပြန်လိုက်မှီလာခဲ့ပြီး “အဲ့လူတွေ ဒဏ်ရာမရကြပေမယ့် နောက်သုံး၊လေး၊ ငါးရက်လောက်တော့ လိုက်လို့ မှီဦးမှာ မဟုတ်သေးဘူး”

လီရုန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ အဲ့လိုလုပ်တာ ကောင်းတယ်။ ငါတို့ကလန်က အခုမှ ဒီလောကကြီးထဲ ခြေချရုံပဲ ရှိသေးတာ။ ပြဿနာ မရှာတာ အကောင်းဆုံးပဲ”

ဤသို့ဖြင့် သူတို့အဖွဲ့ ရှေ့ဆက်သွားနေခဲ့သည်။

သို့သော်လည်း ခရီးပေါက်လာသည်နှင့်အမျှ ရှေးဟောင်းနတ်ဆိုးကလန်သားများ ထုတ်လွှတ်နေသည့် အရှိန်အဝါကြောင့် အာရုံစိုက်သူ များသထက် များလာခဲ့ရ၏။

တစ်ယောက်ယောက် သူတို့နောက်လိုက်ရန် ကြံလိုက်တိုင်း ယင်ယနှင့် ရွှယ်ကျီတို့က သွားဖြေရှင်းရသည်။

တစ်ဖက်လူအား သတ်ရန်မပြောနှင့်၊ ဒဏ်ရာမစေရန် အကောင်းဆုံး ထိန်းညှိလုပ်ဆောင်သော်ငြား နတ်ဆိုးအုပ်ကြီး လူသားပိုင်နက်အား ဖြတ်သွားနေသည့် သတင်းသည် လူသားမျိုးနွယ်စုများကြား အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ထို့ကြောင့် ရန်ကိုင်တို့ ခရီးလမ်းသည်လည်း တစထက်တစ ပိုမို ခက်ခဲလာခဲ့ရသည်။

သူတို့နောက်လိုက်လာသူ အများစုသည် မသေမျိုးအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သို့သော် အကုန်လုံးသည် ဥာဏ်ရှိရှိနှင့်ပင် ခပ်ခွါခွါကနေသာ လိုက်ကြသည်။ ထိုနတ်ဆိုးအုပ်ထဲ အားကောင်းသော ပညာရှင်များစွာ ရှိနေမှန်းသိလိုက်သည့်အခါတွင် အနည်းငယ်သာ သူတို့နောက် လိုက်ရဲတော့သည်။

သို့သော်လည်း မျက်လုံးခေါင်းပေါ် တက်ပေါက်နေသည့် သွေးနားထင်ရောက်နေသူများလည်း ရှိကြမည်မှာ မလွဲမသွေပင်။ ထိုလူများသည် သူတို့လမ်းကိုပိတ်၍ မှိုချိုးမျှစ်ချိုး ပြောဆိုလာကြသဖြင့် ရန်ကိုင်တို့လည်း ထိုလူများ၏ ပါးစပ်ကို ပိတ်ပေးခဲ့ရ၏။

သို့သော်လည်း ပျားအုံပေါ်နားနေသည့် ယင်ကောင်များ ပမာ တစ်သုတ်ကို ရှင်းထုတ်ပြီးသည်နှင့် နောက်တစ်သုတ် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုကိစ္စကြောင့် ရန်ကိုင် အတော်လေး စိတ်ညစ်နေမိသော်ငြား သူ့အနေဖြင့် ဘာဆိုဘာမှ မလုပ်နိုင်ပေ။

လူသားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုကြားမှ အမုန်းတရားသည် နေ့ချင်းညချင်း ဖြေရှင်း၍ ရနိုင်သည့် အရာမျိုးမဟုတ်ပေ။ ထို့ကြောင့် သူတို့လား လူတစ်ယောက်ပြီး တစ်ယောက် လိုက်နှောင့်ယှတ်နေသည်မှာ အထူးအဆန်း မဟုတ်။ ထိုလူများကို သတ်လိုက်၍လည်း မဖြစ်ပေ။ သတ်လိုက်သည်နှင့် လူသားမျိုးနွယ်စု တစ်ခုလုံးကို ရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။

နှစ်လကြာပြီးနောက် ဘုံးကိုခုထွတ်မြတ်နယ်မြေ၏ ပိုင်နက်အစွန်ဖျားသို့ ရန်ကိုင်တို့ ရောက်ရှိလာခဲ့သည်။

ယခု သူတို့နောက်သို့ လိုက်နေသူများထဲတွင် မသေမျိုးအဆင့် ရာကျော်နှင့် သူတော်စင်အဆင့် ဒါဇင်ကျော် ရှိနေခဲ့လေပြီ။

ထိုအင်အားစုသည် ရန်ကိုင် လျစ်လျူရှုထားနိုင်သည့် လူအင်အားမျိုးမဟုတ်။

ယခု သူတို့နှင့် စကားကောင်းကောင်းပြောဖို့ အချိန်တန်လေပြီ။

ရှေးဟောင်းနတ်ဆိုးကလန်သားများနှင့် ဘုံးကိုခုထွတ်မြတ် နယ်မြေသို့ ချက်ချင်း ပြေးမဝင်သွားသေးဘဲ သူတို့အား အနားရှိ တောင်ခြေတွင် အရင် စခန်းချခိုင်းလိုက်သည်။ ထို့နောက် လီရုန်ကို ခေါ်၍ သူတို့နောက်သို့ လိုက်လာသော လူစုဆီ သွားတွေ့ရန် ပြင်ဆင်လိုက်ကြသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ ရပ်တန့်သွားသည်ကို မြင်သော် လူသားမျိုးနွယ်စု ပညာရှင်များလည်း ရပ်တန့်လိုက်ကြပြီး ကီလိုမီတာ ဒါဇင်ကျော်လောက်အကွာမှ နေ၍ နတ်ဆိုးများ၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ပညာရှင် တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာ အမူအရာသည် ထူးထူးခြားခြားကို လေးနက်နေခဲ့ပေသည်။

“ဟေး လူအိုကြီးချူ။ အဲ့ဘက်ကနေ ငါတို့ဆီ တစ်ယောက်ယောက် လာနေတဲ့ပုံပဲ…” တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“မသေမျိုး တတိယအဆင့်နဲ့ သူတော်စင် ဒုတိယအဆင့်ပဲ… သူတို့အရှိန်အဝါကို မဖုံးကွယ်ဘဲ လာနေတာဆိုတော့ ငါတို့နဲ့များ… စကားပြောချင်နေလို့လား” တစ်ယောက်ယောက်က ခန့်မှန်းကြည့်လိုက်သည်။

ထို့ကြောင့်သာ မဟုတ်လျှင် ထိုလူနှစ်ယောက် သူတို့ဆီ ဘာကြောင့် လာခဲ့ရမည်နည်း။

“နတ်ဆိုမျိုးနွယ်စုက ခွေးသူတောင်းစားတွေကို စကားပြောရမှာလား… လီးမို့လို့ ပြောရမှာလား။ သူတို့ ရောက်တာနဲ့ ချက်ချင်း သတ်ပစ်လိုက်တာ ပိုကောင်းတယ်” လူအိုကြီးတစ်ယောက်က စအော်ပြောလိုက်သည်။

“ဟုတ်တယ်။ ဒါက သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၂) သခင်နှင့်အစေခံ

ထိုရာပေါင်းများစွာသော လူသားပညာရှင်များသည် နှစ်ဆယ်၊ သုံးဆယ် မကသော အင်အားစုများမှ လာကြခြင်း ဖြစ်သည်။ အများစုသည် ယခင်က တစ်ယောက်နှင့် တစ်ယောက် တစ်ခါမှ မတွေ့ဖူးကြသော်လည်း လက်ရှိခွန်အားအဆင့်သို့ ရောက်ရှိလာပြီးနောက် သူတို့သည် မထင်မရှား ကျင့်ကြံသူများ မဟုတ်ကြတော့ချေ။

အထူးသဖြင့် အနည်းငယ်သော သူတော်စင် ဒုတိယအဆင့် ပညာရှင်များသည် တော်တာ်လေးကို ကျော်ကြားပေသည်။

လူအိုကြီးချူဟု ခေါ်သောသူသည် ထိုသူတော်စင်ဒုတိယ အဆင့် ပညာရှင်များထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်စုအား ခါးခါးသီးသီး မုန်းတီးနေသော လူများ၏ ကြွေးကြော်စကားများကို လျစ်လျူရှုကာ လူအိုကြီးချူ ဆိုသူက သူ့ဘာသာ စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ “သူတို့က စကားပြောချင်ရင် ငါတို့ကလည်း ပြောရမှာပေါ့… သူတို့တွေက နတ်ဆိုးကုန်းမြေဆီ မသွားဘဲ မွန်းစတား ပိုင်နက်ဆီ ဘာသွားလုပ်နေတာလဲ ဆိုတာကို ငါလည်း တော်တော်လေး သိချင်နေမိတာ”

လူအိုကြီး စိတ်ထဲ သင်္ကာမကင်း ဖြစ်နေခဲ့သည်။

“ငါလည်း သဘောတူတယ်။ သူတို့ ဘာပြောမလဲ ဆိုတာကို အရင်နားထောင်ကြည့်သင့်တယ်။ သူတို့ လူတစ်ယောက်ကိုမှ မသတ်တဲ့ပုံထောက်ရင် သူတို့လည်း ပြဿနာ မတက်ချင်ဘူး ထင်တယ်” ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားသော နောက်ထပ် လူတစ်ယောက်က ပြောလိုက်သည်။ ထိုလူသည် သက်လတ်ပိုင်း အရွယ်ဟု ထင်ရသော်လည်း သူ၏ တကယ့်အသက်သည် ဤနေရာတွင် ရှိနေသူအားလုံးလိုလိုထက် ပိုကြီးပေသည်။ သူသည်လည်း သူတော်စင် ဒုတိယအဆင့် ပညာရှင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

ထိုနှစ်ယောက်က ထိုကဲ့သို့ ပြောလာမှဖြင့် ဘယ်သူမှ ဘာမှ ထပ်မပြောတော့။

ရာနှင့်ချီသော လူသားမျိုးနွယ်စုမှ ပညာရှင်များသည် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက် ကြာပြီးနောက် လူနှစ်ယောက် လူအုပ်ကြီးဆီ လမ်းလျှောက် လာခဲ့သည်။

ထိုလူနှစ်ယောက်ကို မြင်သည်နှင့် အကုန်လုံး အံ့အားသင့်သွားခဲ့ကြရသည်။

အဘယ်ကြောင့်ဆိုသော် ဦးဆောင်လာသောလူသည် သာမန်ရိုးရိုး အနက်ရောင် အဝတ်အစားကိုသာ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

လူငယ်လေးနောက်တွင်မူ ရင့်ကျက်လှပသော အမျိုးသမီး တစ်ယောက် လိုက်ပါလာခဲ့သည်။

အမျိုးသမီးသည် သူတော်စင် ဒုတိယအဆင့် ပညာရှင်သာ ဖြစ်သော်ငြား သူတို့ရှေ့ မရောက်သေးခင်တွင်ပင် အမျိုးသမီး ဆီမှ ဖိအားကို အကုန်လုံးကို ခံစားမိလိုက်ကြသည်။

သို့သော်လည်း လူအိုကြီးချူ အံ့အားသင့်နေရသည်ကား အခြားတစ်ခုပင်။ အမျိုးသမီးသည် ခွန်အားအရဖြစ်စေ၊ ဟန်ပန်အမူအရာအရ ဖြစ်စေ၊ ပုံသဏ္ဏာန်အရ ဖြစ်စေ မျက်စိဖမ်းစားနိုင်ဆုံးဟုပင် ပြော၍ရသည်။ သို့သော်လည်း သာမန်ဟုသာ ထင်ရသော လူငယ်လေးဆီမှ သူပင်လန့်အရသည့် အရှိန်အဝါကို အာရုံခံနေခဲ့ရသည်။

ပိုဆိုးသည်ကား ထိုအမျိုးသမီး လှလှလေးသည် လူငယ်လေးနောက်မှ အမြဲတမ်း ခြေတစ်လှမ်းခွါ၍ လိုက်နေခြင်းပင် ဖြစ်သည်။ မသိလျှင် သူမသည် လူငယ်လေး၏ အစောင့်အရှောက်နှင့်ပင် တူနေသေးသည်။

သူမလုပ်နေသည့်ပုံစံသည် ကိုယ်ထက် အဆင့်အတန်း မြင့်သည့် လူတစ်ယောက်နောက်သို့ လိုက်နေသည့် အခါမျိုးတွင်သာ လုပ်လေ့ရှိသည့် ပုံစံမျိုးဖြစ်သည်။

လူအိုကြီးချူနှင့် လူအုပ်ထဲတွင် ရှိနေသော ထိပ်တန်းအဆင့် ပညာရှင်အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုနှစ်ယောက်ကြားမှ ဆက်ဆံရေးသည် မည်ကဲ့သို့ ဖြစ်မည်ကို အကုန်လုံး သိချင်နေကြပေသည်။

တစ်ခဏအကြာ၌ လူငယ်လေးနှင့် အမျိုးသမီးသည် သူတို့နှင့် ဆယ်မီတာ အကွာလောက်တွင် ရပ်သွားခဲ့သည်။

အနီးကပ် ကြည့်ကြည့်လိုက်သည့်အခါ လူငယ်လေး၏ မျက်လုံးများသည် စိုးရိမ်မှုအလျင်းကင်းပြီး ကြယ်စင်များပမာ လင်းလက်တောက်ပနေသည်ကို တွေ့ရှိလိုက်ရသည်။ ရာပေါင်းများစွာသော ပညာရှင်များကို ရင်ဆိုင်နေရသော်ငြား ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိ။ သူတို့ကိုပင် ပြန်၍ စစ်ဆေး ကြည့်နေလိုက်သေးသည်။

အမျိုးသမီး လှလှလေးသည် လူငယ်လေးနောက်တွင် မလှုပ်မယှတ် ရပ်နေခဲ့ပြီး အားဖျော့သော စွမ်းအားလှိုင်းတို့သည့် သူမခန္ဓာကိုယ်မှ အသာအယာ ဖြာဖြာထွက်နေခဲ့သည်။

လူအိုကြီးချူနှင့် အခြားသူများ အသက်ပြင်းပြင်း တစ်ချက်ရှူ၍ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် လုပ်လိုက်ရသည်။

ရန်ကိုင် ရပ်တန့်လိုက်သည်နှင့် သူ့ပေါ်သို့ မရေမတွက် နိုင်သော် ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာခဲ့သည်။ ထိုလူများသည် ဖုံးဖုံးကွယ်ကွယ်နှင့် လုပ်ရန် မကြိုးစားဘဲ ပေါ်ပေါ်တင်တင်သာ သူ့အား လာစစ်ဆေးနေခဲ့သည်။ ထိုအခြင်းအရာကြောင့် လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူမ၏ မျက်နှာလှလှလေး အေးစက်သွားခဲ့ပြီး အော်ပြောတော့မည် အပြု ရန်ကိုင်က လက်မြှောက်ပြလိုက်သည်။

ထို့နောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည် “ကျုပ်တို့နောက် ဒီလောက်အကြာကြီး လိုက်လာခဲ့ရတာ တော်တော်လေး ပင်ပန်းနေမှာပဲနော်။ အခု ဒီအထိ ရောက်လာပြီဆိုတော့ ဒီဂျူနီယာလည်း ရှင်းရှင်းလင်းလင်း လုပ်ချင်လာပြီ။ ကျုပ်တို့ ဆွေးနွေးလို့ အဆင်ပြေမလား မသိဘူး”

လူအိုကြီးချူနှင့် အခြားပညာရှင်များ မဆိုသလောက်လေး မျက်မှောင်ကြုံ့သွားခဲ့ကြသည်။ ယခုမှသာ ထိုလူငယ်လေးသည် ခေါင်းဆောင်ဖြစ်မှန်း အကုန်လုံး အတည်ပြုလိုက်နိုင်ကြသည်။ မဟုတ်လျှင် စကားစပြောသည့်လူသည် သူမဟုတ်ဘဲ အမျိုးသမီး လှလှလေးသာ ဖြစ်နေပေလိမ့်မည်။

“ရတာပေါ့” လူအိုကြီးချူဆိုသူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြုံးလျက် “ဒီလူအိုကြီးနဲ့ ဒီက ရောင်းရင်းတွေကလည်း မင်းနဲ့ စကားပြောချင်နေတာ”

သူပြောလိုက်သည်နှင့် ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးနှင့် ရန်ကိုင်ကို ချုံခိုတိုက်ခိုက်ရန် ပြောဆိုနေသော လူအိုကြီးတို့ ရှေ့တက်လာခဲ့ကြသည်။

ထိုလူသုံးယောက်သည် လူအုပ်ထဲရှိ အားအကောင်းဆုံး လူသုံးယောက်မှန်း ရန်ကိုင်သိလိုက်သည်။ ထိုလူသုံးယောက်သည် မတူညီသော ဂိုဏ်းအသီးသီးမှ ကြာသော်ငြား အတူတကွ ရပ်နေသည့်ပုံအရ သူတို့သည် ဤနေရာတွင် ရှိနေသော လူအားလုံးကို ကိုယ်စားပြုသည့်ပုံပင်။

လူအိုကြီးချူက သူ့ကိုယ်သူ အရင်စမိတ်ဆက်လိုက်သည် “ဒီလူအိုကြီးက ရောင်ပြန်ကောင်းကင်နန်းတော်က ချူးရီပဲ”

ပြောပြီးသည်နှင့် ကျောင်းတော်သားပုံစံ ဝတ်စားထားသော သက်လတ်ပိုင်းလူကြီးကို လက်ညိုးထိုးပြ၍ “သူကတော့ မြူနှုင်းမှုန်မျှော်စင်က ဖန်ယွဲ့ပိုင်ပဲ”

ထို့နောက် မျက်နှာနီနီနှင့် လူအိုကြီးကို ညွှန်ပြ၍ “ဒါက အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်က ဝူကျုန်းပဲ”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး တစ်ယောက်ချင်းစီကို ရင်းရင်းနှီးနှီး ပြုံးလိုက်သည်။

“ဒီက ရောင်းရင်းလေးကိုကော ဘယ်လိုခေါ်ရမလဲ” ချူးရီက ရန်ကိုင်အား အသေအချာ စိုက်ကြည့်ရင်း ပြန်မေးလိုက်သည်။

“လူအုပ်ထဲမှာ ကျုပ်ဘယ်သူလဲ ဆိုတာကို သိနေတဲ့ လူတေါ ရှိပြီးသား။ စီနီယာချူ၊ သူတို့ကို မေးကြည့်လိုက်ပါလား။ အဖြေသိဖို့က မခက်ပါဘူး” ရန်ကိုင်က ပြုံးကား ချူးရီ၏ အမေးကို တိုက်ခိုက်မဖြေဘဲ လူအုပ်နောက်ဘက်သို့သာ လှမ်းကြည့်လိုက်လေသည်။

သူလှမ်းကြည့်နေသည့် အရပ်တွင် ကျန်းအောင်၊ ချောင်ကွမ် တို့နှင့်အတူ တော်ဝင်သခင်နယ်မြေကို လာတိုက်ခိုက်ခဲ့သည့် လူအချို့ ရှိနေခဲ့သည်။

သို့သော် သူတို့နာမည်များကိုမူ ရန်ကိုင် မသိပေ။

ရန်ကိုင် ပေါ်လာသည်ကို မြင်သည်နှင့် ထိုလူအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ လွန်ခဲ့သော (၂)၊ (၃)နှစ်ခန့်က တောင်ထွတ်ကိုးလုံးတွင် ရန်ကိုင် လူပေါင်းများစွာ သတ်ဖြတ်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သည်နှင့် အကုန်လုံး ကြောက်လန့်တုန်လှုပ် သွားခဲ့ကြလေသည်။

“ဘာတွေ လျှို့ဝှက်ဆန်းကြယ်ပြနေတာလဲ။ မင်းကိုယ်မင်း ဘာထင်နေတာလဲ ဟျောင့်။ လူအိုကြီးချူက မေးနေရင် ဖြေလိုက်ပါလား” မျက်နှာနီနီနှင့် လူအိုကြီးက နှာခေါင်းရှုံ့၍ ရန်ကိုင်အား အော်လိုက်လေသည်။ သူ့ကြည့်ရသည်မှာ ရန်ကိုင်အား အတော့်ကိုမှ အမြင်ကတ်နေသည့်ပုံပင်။

ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ ထိုလူအိုကြီးက သူဘယ်တုန်းက ရန်စလို့ ရန်စမိခဲ့မှန်း သူမသိ။

“မေးကြည့်ရတာပေါ့” ချူးရီက ရယ်မောလျက် နောက်သို့လှည့်ကာ “ဒီရောင်းရင်းလေး ဘယ်သူဆိုတာကို မင်းတို့ထဲမှာ သိတဲ့လူရှိလား”

လူတော်တော်များများ ချက်ချင်း ရှေ့ထွက်လာပြီး ချူးရီ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

ထိုလူများ ပြောသည်ကို ကြားပြီးသည့်နောက်တွင် ချူးရီသည် အံ့အားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်အား ကြည့်၍ အလန့်တကြား ဆိုလိုက်လေသည် “ဒီတော့ ဒီက ရောင်းရင်းလေးက ဘုံးကိုခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် အသစ်ပေါ့။ ကျုပ်တို့ဘက်က ရိုင်းပြသွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ”

ဖန်ယုပိုင်နှင့် ဝူကျုန်းတို့လည်း အံ့အားသင့်နေခဲ့ရလေပြီ။

“စီနီယာချူ အဲ့လို လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြန်ပြုံးလိုက်သည်။

ချူးရီ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့ပြီး မျက်လုံး မှေးစဉ်းလျက် “ရောင်းရင်းလေးက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်အသစ်ဆိုတော့ လူသားတစ်ယောက် ဖြစ်ရမှာပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်”

“ဒါဆိုရင် တော်ဝင်သခင်က နတ်ဆိုးတွေအများကြီးနဲ့ ဘာလို့ အတူသွားလာနေရတာလဲ။ ပြီးတော့ ဒီလူအိုကြီး မြင်သလောက်ဆို တော်ဝင်သခင်နဲ့ ဒီအမျိုးသမီးကြားက ဆက်ဆံရေးက သာမန် မဟုတ်တဲ့ပုံပဲ”

“ဘယ်လိုသာမန် မဟုတ်တာလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်မေးလိုက်သည်။

“တော်ဝင်သခင်တို့ နှစ်ယောက်က သခင်နဲ့ အစေခံလိုပဲ… တော်ဝင်သခင်က အစေခံ၊ သူကတော့ အစေခံပေါ့” ချူးရီက မျက်မှောင်ကြုံ့လျက် ရဲရဲတင်းတင်း ပြောလိုက်သည်။

ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က ခေါင်းသာ ပြန်ညိတ်လပြလိုက်ပြီး “စီနီယာချူက တကယ် မြင်တတ်တာပဲ။ ဒီဂျူနီယာ တကယ် အထင်ကြီးသွားပြီ။ ဒီနတ်ဆိုးအုပ်တွေက ကျုပ်ရဲ့ လက်အောက်ငယ်သားတွေဆိုတာ အမှန်ပဲ။ သူတို့က ကျုပ်အမိန့်ကိုပဲ နာခံကြတာ”

ခန့်မှန်းမိသော်လည်း ရန်ကိုင်ဆီမှ အတည်ပြုချက်ကို ကြားလိုက်ရသည့်အချိန် ချူးရီ မကြောင်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ကြားကြားချင်း မယုံနိုင်ခြင်း အပြည့်ဖြင့် ရန်ကိုင်အား တွေတွေကြီး စိုက်ကြည့်မိနေလိုက်သေးသည်။

ဖန်ယွဲ့ပိုင်နှင့် ဝူကျုန်းဆိုသည်လည်း ပါးစပ် အဟောင်းသားဖြင့် လီရုန်ကို ငေးကြည့်နေခဲ့ကြလေပြီ။ လီရုန်ဆီမှ သဲလွန်စလေးများ ရမလားဆိုသည့် ရည်ရွယ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ လီရုန်သည် ရန်ကို ပြောလိုက်သည့် စကားကို ပြန်လည်ငြင်းဆိုမည့်ပုံ မပြသည့်အပြင် ပြုံးပင် ပြုံးနေလိုက်လေသည်။ ရန်ကိုင်အား လက်အောက်တွင် တာဝန်ထမ်းဆောင်ရသည်မှာ သူတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေသည့်နှယ်…

ထိုအမှန်တရားသည် လူသားပညာရှင်များအတွက် လက်ခံနိုင်ရန် အတော်လေး ခဲယဉ်းနေခဲ့လေသည်။

ဒုတိယအဆင့် သူတော်စင်များသည် ဤလောကကြီးတွင် အားအကောင်းဆုံး ပညာရှင်များ မဟုတ်ကြသော်လည်း အရမ်းကိုမှ ရှားပါးလှသည့် ပညာရှင်များ ဖြစ်နေကြဆဲ။

သူမသာ ဆန္ဒရှိလျှင် ထိုအမျိုးသမီး အနေဖြင့် ကိုယ်ပိုင်ဂိုဏ်းတစ်ခုထောင်ကာ ကျယ်ပြောလှသော ပိုင်နက်တစ်ခုကို အုပ်စိုးနိုင်ပေသည်။

သို့သော်လည်း ထိုကဲ့သို့သော ပညာရှင်တစ်ယောက်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ တော်ဝင်သခင်သစ်၏ အစေခံ ဘဝကို ကျေနပ်ရောင့်ရဲနေခဲ့လေသည်။ သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်ပင် သူ့အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင် ပေးစေရလောက်သည်အထိ ရန်ကိုင် ဆိုသောလူငယ်လေးသည် မည်သို့သော စွမ်းရည်ကိုများ ပိုင်ဆိုင်ထားလေသနည်း။

ခဏအကြာ၌ လူအုပ်ထဲရှိ လူပေါင်းများစွာတို့သည် ပြုံးစိပြုံးစိဖြင့် လီရုန်နှင့် ရန်ကိုင်အား ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်ထဲ လေးစားအားကျမှု၊ မနာလိုမှုတို့ဖြင့် ပြည့်နေခဲ့သည်။

ထိုလူများ၏ ထူးထူးဆန်းဆန်း အကြည့်ကြောင့် လီရုန် အမူအရာ အေးစက်သွားခဲ့ပြီး သူမ၏ ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ထုတ်လွှတ်လိုက်လေရာ ထိုလူအားလုံး ကျောရိုး တစ်လျှောက် စိမ့်တက်သွားခဲ့ကြပြီး ချက်ချင်း အကြည့် လွှဲသွားလိုက်ကြလေသည်။

‘အဟမ်း… အဟမ်း’ ချူးရီ ချောင်းနှစ်ကြိမ် ဟန့်လိုက်သည်။ အရေးအကြောင်း ထနေသော သူ့မျက်နှာ အိုကြီးဆိုလျှင်လည်း အနည်းငယ် နီရဲနေခဲ့လေသည်။ ယခုလေးတင် သူလည်း ထိုကဲသို့ တွေးနေခြင်းပင်။ သို့သော် ထိုအတွေးကို အလျင်အမြန်ပဲ ပြန်ငြင်းဆိုလိုက်သည်။

ထိုကဲ့သို့သော အားကောင်းလှသည့် မိန်းမတစ်ယောက်ကို ဤမျှ လွယ်လွယ် စည်းရုံးနိုင်မည်မှာ သိပ်ပြီး မဖြစ်နိုင်လှပေ။

ထို့အပြင် မနီးမဝေး၌ ထောင်နှင့်ချီသော နတ်ဆိုးများလည်း ရှိနေသေးသည်။ ထိုနတ်ဆိုးအုပ်ထဲ သူတော်စင်အဆင့် ပညာရှင် များစွာ ပါဝင်နေလေရာ ရန်ကိုင်အနေဖြင့် နှစ်ဦးကြားမှ ဆက်ဆံရေး သက်သက်ဖြင့် ထိုလူများကို စည်းရုံးသိမ်းသွင်း ထားသည်ဆိုသောအချက်မှ သိပ်ပြီး မဖြစ်နိုင်လှပေ။

ဖန်ယွဲ့ပိုင်က ရုတ်တရက် ရယ်မောလိုက်ပြီး “တော်ဝင်သခင်ပြောတာက ယုံရခက်ခက် ဆိုပေမယ့် ဒီအမျိုးသမီးက ငြင်းမနေမှတော့ ကျုပ်တို့လည်း ယုံရတော့မှာပေါ့။ ဒါပေမယ့်… တော်ဝင်သခင်က ကျုပ်တို့ဆီ သူနဲ့ နှစ်ယောက်တည်း ရောက်လာတာဆိုတော့ ကျုပ်တို့ကိုများ အထင်သေးလွန်းနေတာလား”

ထိုလူအိုကြီး ပြောလိုက်သည်စကားကြောင့် လူသား ပညာရှင်များလည်း အမြီးတက်နင်းခံလိုက်ရသည့်ပမာ ရန်ကိုင်အား ချက်ချင်းဆိုသလို စူးစူးရဲရဲ စိုက်ကြည့် လာခဲ့ကြလေသည်။

ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုံး၍ ပြန်ပြောလိုက်လေသည် “ကျုပ် အခုလို နှစ်ယောက်တည်း လာရတာက ခင်ဗျားတို့ကို အထင်သေးလို့ မဟုတ်ဘူး။ ကျုပ်ဘက်က ရိုးသားချင်ကြောင်း ပြချင်လို့ပဲ။ ကျုပ်သာ လူအများကြီး ခေါ်လာကြည့်ပါလား။ အခုလိုမျိုး အေးအေး ဆေးဆေး စကားပြောနေနိုင်မယ်လို့ ထင်လား။ ကျုပ်တော့ မထင်ဘူး။ ကျုပ်သာ လူအများကြီး ခေါ်လာခဲ့ရင် အခု အချိန်လောက်ဆို ထတိုက်နေရလောက်ပြီ”

ကြားကြားချင်း ဖန်ယွဲ့ပိုင် အနည်းငယ် ထိတ်လန့် သွားခဲ့သော်လည်း ခဏအကြာတွင် ဝါးလုံးကွဲရယ်မော၍ “တော်ဝင်သခင်ရန်က တကယ်ကို ထူးခြားတာပဲ။ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်သစ် ဖြစ်လာတာလည်း မဆန်းတော့ပါဘူးလေ”

“အခု ကျုပ်တို့ စကားပြောလို့ ရပြီလား” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် သူ့ရှေ့ရှိ ပညာရှင်သုံးယောက်ကို တိုက်ရိုက် ကြည့်လိုက်သည်။

ဖန်ယွဲ့ပိုင် ခေါင်းညိတ်ပြလိုက်ပြီး ချူးရီနှင့် ဝူကျုန်းတို့ကမူ ဘာကန့်ကွက်စကားမှ မဆိုခဲ့ချေ။

ထို့နောက် ရန်ကိုင်က စပြောလိုက်သည် “ကျုပ်နောက် တောက်လျှောက် လိုက်နေရတဲ့ အကြောင်းအရင်းက နတ်ဆိုးတွေ အများကြီး လူသားပိုင်နက်ထဲမှာ ရုတ်တရက် ပေါ်လာလို့မလား။ သူတို့ ဘာလုပ်ချင်နေလဲ မသိလို့ အခုလိုမျိုး တောက်လျှောက်လိုက်လာခဲ့တာ၊ ဟုတ်တယ်မလား”

“အမှန်ပဲ” သုံးယောက်စလုံး ခေါင်းညိတ်လိုက်ပြီး “ဒီလောက်တောင် အားကောင်းတဲ့ နတ်ဆိုးတွေက ကျုပ်တို့ လူသားပိုင်နက်ထဲ ဖြတ်သွားနေတော့ ကျုပ်တို့လည်း မစိုးရိမ်ဘဲ ဘယ်နေပါ့မလဲ။ ဒီမှာ စုတွေနေတဲ့ လူတွေအကုန်လုံးက နတ်ဆိုးတွေ မဟုတ်တရုတ် လုပ်မှာကို စိတ်ပူလို့ လိုက်လာကြတဲ့ လူတွေချည်းပဲ”

“အဲ့လိုဆိုရင်တော့ ခင်ဗျားတို့အားလုံး စိတ်လျှော့လိုက်လို့ ရပြီ။ ကျုပ်တို့ရဲ့ ဦးတည်ချက်က ရှေ့တည့်တည့်မှာပဲ။ အဲ့ကို ရောက်တာနဲ့ လူသားမျိုးနွယ်စုကို ထိခိုက်စေမယ့် ဘာကိုမှ ကျုပ်တို့ လုပ်မှာ မဟုတ်ဘူး”

“တော်ဝင်သခင်ရဲ့ ဦးတည်ချက်က နီးနေပြီလား” ချူးရီ မျက်မှောင်ကြုံ့သွားခဲ့သည်။ ရုတ်တရက် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “တော်ဝင်သခင်က သူတို့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ခေါ်သွားဖို့ ကြံနေတာလား”

“သူတို့တွေက ကျုပ်လူတွေ ဖြစ်နေပြီလေ။ ဒါကြောင့် သူတို့နေဖို့ တော်ဝင်နယ်မြေမှာ နေရာတစ်ခု စီစဉ်ပေးတာပေါ့။ ဘာပြဿနာ ရှိလို့လဲ”

“ရှိတာပေါ့” ဝူကျုန်းက အော်ပြောလိုက်လေသည် “မင်းက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်သစ် ဖြစ်နေပြီ ဆိုပေမယ့် ဘုံကိုးခုထွတ်မြတ်နယ်မြေက ငါတို့လူသား မျိုးနွယ်စုရဲ့ ပိုက်နက်တစ်ခု ဖြစ်နေတုန်းပဲ။ ငါတို့ လူသား မျိုးနွယ်စုထဲမှာ နတ်ဆိုးတွေကို နေခိုင်းဖို့ဆိုတာ လုံးဝကို မသင့်တော်တဲ့ အပြုအမူပဲ”

“ဒါက ကျုပ်ကိစ္စ၊ စီနီယာဝူ ခေါင်းခြောက်ခံစနေရာ မလိုဘူး” ရန်ကိုင်က ဝူကျုန်းအား ထူးမခြားနားဟန်ဖြင့် ကြည့်၍ “စီနီယာဝူက အခြားဂိုဏ်းကိစ္စတွေကို အမြဲ ဝင်ပါတာလား”

“မင်း အဲ့လိုလုပ်ရင် လူသားတစ်မျိုးနွယ်လုံးရဲ့ ရန်သူဖြစ်လာမှာ၊ ဘုံကိုးခုထွတ်မြတ်နယ်မြေလည်း ဖျက်စီးခံရလိမ့်မယ်” ဝူကျုန်းက ပြန်၍ လှောင်ပြောင်ပြောဆို လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၃)

“အဲ့နေ့ရောက်လာခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပေါ့” ရန်ကိုင်က ဝူကျုန်းအား ထီမထင်ဟန်ဖြင့် စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

ထိုလူအိုကြီးသည် သူ့အား တမင်သက်သက် ခက်ခဲအောင် လိုက်လုပ်နေခဲ့ရာ ရန်ကိုင်လည်း ထိုလူအိုကြီးကို တော်တော်လေး သောက်မြင်ကတ်နေခဲ့လေပြီ။

ချူးရီလည်း ခဏတာမျှ တုန့်ဆိုင်းနေပြီးနောက် ဝင်ပြောလိုက်သည် “တော်ဝင်သခင်ရန်၊ ဘုံကိုးခုထွတ်မြတ် နယ်မြေဆိုတာ လူသားမျိုးနွယ်စုရဲ့ ဦးဆောင်အင်အားစု တွေထဲက တစ်ခုပဲ။ နတ်ဆိုးမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ခဲ့တုန်းက တော်ဝင်နယ်မြေက လူသားမျိုးနွယ်စုအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တာ။ အကြီးအကဲချုပ် ရှုဟွေဆိုရင် လူသားမျိုးနွယ်စုထဲမှာ တော်တော်လေးကို နာမည်ကြီးတာ။ အခု ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်ရဲ့ လက်ထဲ ရောက်လာခဲ့ပြီဆိုတော့ ဒီလူအိုကြီး မမေးမဖြစ်လို့ မေးရဦးမယ်။ တော်ဝင်သခင်က နတ်ဆိုးတွေကို တော်ဝင်နယ်မြေမှာ ဘာလို့ ခိုလှုံခွင့်ပေးချင်ရတာလဲ။ ဟိုးခေတ်တွေကတည်းက လူသားနဲ့ နတ်ဆိုးတွေဆိုတာ ကမ္ဘာမကြေ ရန်သူတွေပဲ… တော်ဝင်သခင် ဒီအချက်ကို ကောင်းကောင်း နားလည်ထားမှာပေါ့၊ ဟုတ်တယ်မလား”

“နာလည်တာပေါ့၊ နားမလည်ဘဲ ဘယ်နေမလဲ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် ဒီနတ်ဆိုးတွေက ဆန်းကြယ်လောကငယ်ထဲမှာ နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေတဲ့ နတ်ဆိုးတွေ။ အပြင်လောကကြီးက နတ်ဆိုးတွေ မဟုတ်ဘူး။ ကျုပ်သူတို့ကို ခေါ်လာနိုင်တယ် ဆိုတာကလည်း အဲ့ဆန်းကြယ်လောကငယ်ထဲ မတော်တဆ ရောက်သွားခဲ့လိုပဲ။ သူတို့တွေက အပြင်လောကကြီးနဲ့ မထိတွေ့ခဲ့တာ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ။ လူသားနဲ့ နတ်ဆိုးတွေကြား ရန်ငြိုးဆိုတာ ကိုတောင် သူတို့ မေ့နေပြီ။ ဒါကြောင့် ခင်ဗျားတို့အားလုံး စိတ်ချထားလို့ရတယ်။ ကျုပ်ခေါ်လာတဲ့ နတ်ဆိုးတွေက လူသားမျိုးနွယ်စုကို ထိခိုက်အောင်လို့ ဘာမှမလုပ်ဘူး ဆိုတာကို ကျုပ်အာမခံပေးလို့ရတယ်”

“ဆန်းကြယ်လောကငယ်တစ်ခုလား”

“နှစ်ပေါင်းထောင်နဲ့ချီ ပိတ်မိနေတာလား”

“တကယ်ကြီးလား”

လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံသွားခဲ့သည်။ လူပေါင်းများစွာသည် ရန်ကိုင်အား မနာလိုအားကျသည့် အကြည့်များဖြင့် ကြည့်လာခဲ့လေပြီ။ သူတို့အကြည့်ထဲ… ဒီကောင်နေရာမှာ ဘာလို့ ငါမဖြစ်လိုက်ရတာလဲကွာဟု ပြောနေသယောင်ယောင်… ထိုသို့သာဆိုလျှင် ထိုအားကောင်းသော နတ်ဆိုးများကို ထိန်းချုပ်နိုင်မည့် သူသည် သူတို့ ဖြစ်နေပေလိမ့်မည်ဟု တွေးထင်နေခဲ့ကြသည်။

ရန်ကိုင်က လီရုန်အား လှမ်းကြည့်လိုက်ရာ လီရုန်က ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်သည် “ဟုတ်တယ်။ ကျွန်မတို့ ကလန်က ဆန်းကြယ်လောကငယ်ထဲမှာ နှစ်ပေါင်းထောင်နဲ့ချီ ပိတ်မိနေခဲ့တာ။ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ ဆန်းကြယ် လောကငယ်ထဲကနေ အပြင်လောကဆီ ခြေချနိုင်ခဲ့တာ။ အဲ့တုန်းက သခင်လေးရန်အပေါ် သေသည်အထိ သစ္စာရှိသွားပါမယ်လို့ မဟာနတ်ဆိုးနတ်ဘုရားရဲ့ နာမည်ကို တိုင်တည်ပြီး ကျွန်မတို့ တစ်မျိုးနွယ်စုလုံး သစ္စာဆိုခဲ့ကြတယ်။ ရှင်တို့ လူသားနဲ့ နတ်ဆိုးကြားက ရန်ငြိုးကို ကျွန်မတို့ စိတ်မဝင်စားဘူး။ ကျွန်မတို့ လိုချင်တာက ငြိမ်ငြိမ်ချမ်းချမ်း နေထိုင်နိုင်ဖို့ပဲ”

ထိုစကားကို ကြားလိုက်သည်နှင့် ချူးရီ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး လီရုန်အား မမှိတ်မသုံ စိုက်ကြည့်လိုက်သည်။

နတ်ဆိုးမျိုးနွယ်စုဝင်များ၏ ရင်ထဲတွင် မဟာနတ်ဆိုး နတ်ဘုရားသည် မည်ကဲ့သို့သော ပုဂ္ဂိလ်မျိုးမှန်း ချူးရီ သိထားပြီသားပင်။ မည်သည့်နတ်ဆိုးမျိုးနွယ်စုဝင်ကမူ မဟာနတ်ဆိုးနတ်ဘုရား၏ အမည်နာမကို တိုင်တည်၍ အလွယ်တကူ မကျိန်ဆိုဝံ့ကြချေ။

လီရုန် ထိုကဲ့သို့ ပြောသဖြင့် ချူးရီလည်း အများကြီးပို၍ စိတ်သက်သာရာ ရသွားခဲ့ရသည်။

“နတ်ဆိုးကုန်းမြေထဲမှာလည်း နေလို့ရနေတာပဲ။ ဘာလို့ အဲ့မှာမနေဘဲ ဘုံကိုးခုထွတ်မြတ်နယ်မြေမှာ လာနေရတာလဲ” ဖန်ယွဲ့ပိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “သူတို့တွေက နတ်ဆိုးတွေဆိုမှတော့ နတ်ဆိုးကုန်းမြေဆီပဲ ပြန်သင့်တာ မဟုတ်ဘူးလား။ တကယ်တော့ နတ်ဆိုးကုန်းမြေဆိုတာ သူတို့ရဲ့ အိမ်ပဲလေ”

“သူတို့တွေ အဲ့ကို သွားလို့မရဘူး” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

“ဘာလိုလဲ”

“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကပဲ သူတို့တွေက နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီနဲ့ တိုက်ပွဲဖြစ်ခဲ့တာလေ။ အဲ့တိုက်ပွဲမှာ နတ်ဆိုးဗိုလ်ချုပ် ရွှယ့်လီ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး နတ်ဆိုးကုန်းမြေဆီ ပြန်ထွက်ပြေးသွားခဲ့ရတယ်။ အခုနေ သူတို့သာ နတ်ဆိုးကုန်းမြေသွားမယ်ဆိုရင် ကိုယ့်သေဘေး ကိုယ်လက်ယပ်ခေါ်နေတာနဲ့ ဘာခြားတော့မှာလဲ”

“နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီလား”

“သူဒဏ်ရာရသွားတာလား”

“ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”

“နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီကို ဘယ်သူ ဒဏ်ရာရအောင် လုပ်လိုက်တာလဲ”

လူအုပ်ကြီး တစ်ခုလုံး ပွက်ပွက်ညံ့လာခဲ့ရပြန်လေပြီ။

ရန်ကိုင်က ပခုံးတွန့်၍ “နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီကို ရန်စပြီးမှတော့ နတ်ဆိုးကုန်းမြေဆီ သွားလို့ မဖြစ်တော့ဘူး… ပြီးတော့ သူတို့တွေက နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီနဲ့ ရန်သူ ဖြစ်ထားပြီးသား။ ဒါကြောင့် သူတို့တွေက နတ်ဆိုးတွေ ဆိုရင်တောင် ကျုပ်တို့ရန်သူရဲ့ ရန်သူက ကျုပ်တို့ရဲ့ မိတ်ဆွေပဲလေ၊ မဟုတ်ဘူးလား”

ဖန်ယွဲ့ပိုင်နှင့် ချန်းရီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အသာအယာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ချန်းရီက ပြောလိုက်သည် “အဲ့လိုသာဆိုရင်တော့ နားလည်ပေးလို့ရတယ်။ ဒီလူအိုကြီးလည်း တော်ဝင်သခင် ပြောတာကို ယုံကြည်ချင်ပါတယ်။ ဒါပေမယ့် တကယ် မဆုံးဖြတ်ခင် ဒီကိစ္စကို သေချာ စုံးစမ်းဖို့ လိုသေးတယ်လေ”

“ကျုပ်ပြောတာ ဟုတ်၊မဟုတ် သိချင်ရင် ကောင်းကင်ဂိုဏ်းတော်ဆီသာ သွားလိုက်။ အဲ့ည တိုက်ပွဲတုန်းက ကောင်းကင်ဂိုဏ်းတော်က ဘိုးဘေး ချူလင်းရှောင်လည်း ရှိနေတယ်။ နတ်ဆိုးဗိုလ်ချုပ်ရွှယ့်လီကို ဒဏ်ရာရအောင် လုပ်လိုက်တာသူပဲ”

“ဒီတော့ ကောင်းကင်ဂိုဏ်းတော်လည်း ဝင်ပါနေတာပေါ့” ချန်းရီ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ကောင်းကင် ဂိုဏ်းတော်ဆီ ကျိန်းသေ အလည်အပတ် သွားရတော့မှာပေါ့”

ရန်ကိုင်က ဖွဖွလေး ရယ်မောလိုက်ပြီး “နောက်ဆုံးတစ်ခု‌ ပြောချင်တာက ကျုပ်လက်အောက်ငယ်သားတွေဖြစ်တဲ့ ဒီနတ်ဆိုးတွေက လူသားမျိုးနွယ်စုကို ဘာအန္တရာယ်မှ မဖြစ်စေရဘူးလို့ အာမခံထားပေမယ့် တစ်ယောက်ယောက်က အလကားသက်သက်ကြီး လာပြသနာရှာလို့ ဒီက ပြန်လုပ်ရင်တော့ ဒီတော်ဝင်သခင်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”

ဝူကျုန်း အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်သည် ကောင်းကင် အနိမ့်အမြင့်ကို မသိသော သွေးနားထင်ရောက်နေသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်သည်ဟု သူထင်နေခဲ့သည်။

“အင်း၊ အခု ခင်ဗျားတို့ရဲ့ သံသယတွေကို ရှင်းလင်းသွားအောင် လုပ်ပေးပြီးလောက်ပြီပေါ့၊ ဟုတ်တယ်မလား။ အဲ့လိုဆိုရင် ခင်ဗျားတို့ သွားလို့ ရပြီနော်။ ကျုပ်နောက် တောက်လျှောက်ကြီး လိုက်လာခဲ့ရတော့ တော်တော်လေး ပင်ပန်းနေမှာပေါ့။ အို၊ ဘုံကိုးခုထွတ်မြတ် နယ်မြေမှာ ခဏဝင်နားချင်လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ဂိုဏ်းတံခါးနားအထိတောင် ရောက်လာတာဆိုတော့ တစ်ချက်လောက် အထဲဝင်နားသွားကြပါလား”

ထိုစကားကို ကြားလိုက်သည့်အခါ ချန်းရီ ခေါင်းခါ၍ မဲ့ပြုံးပြုံးလျက် “မလိုပါဘူး။ အခုလောလောဆယ် တော်ဝင်နယ်မြေကို မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက အပိုင်သိမ်းထားတယ်လို့ ကျုပ်ကြားတယ်။ အဲ့ကိစ္စကို ဘယ်လိုဖြေရှင်မးလဲ တော်ဝင်သခင် အရင်တွေးသင့်တယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ တော်ဝင်သခင်ကို ဒီလူအိုကြီး အကြံတစ်ခုပေးချင်တယ်”

“ပြောပါ စီနီယာချူ…”

“တော်ဝင်သခင် လက်အောက်က နတ်ဆိုးတွေသာ ကိုယ့်ဘာသာကိုယ် ငြိမ်မနေဘဲ ပြဿနာထရှာရင် ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်နိုင်တယ်နော်”

“အခုလို သတိပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်သေချာ မှတ်သားထားပါ့မယ်”

“အင်း” ချူးရီက အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို တစ်လှည့်ကြည့်လိုက်၊ လီရုန်ကို တစ်လှည့်ကြည့်လိုက် လုပ်ပြီးနောက် ထွက်သွား တော့လေသည်။

ဖေးယုသည်လည်း တစ်ခဏတာ တွေဝေနေပြီးနောက် ရန်ကိုင်အား နှုတ်ဆက်စကားဆိုကာ ချူးရီနောက် ပြေးလိုက်သွားလေသည်။

ထိုနှစ်ယောက် ထွက်သွားသည်နှင့် လူတစ်ဝက်ကျော်လည်း လိုက်ထွက်သွားခဲ့လေသည်။

ဝူကျုန်းက မကျေနပ်သေးသည့် အမူအရာဖြင့် ကျန်ရှိနေခဲ့သည်။ မထွက်သွားသေးသော လူသားမျိုးနွယ်စုမှ ပညာရှင်များသည်လည်း အတူတူပင် ဖြစ်သည်။

ချူးရီနှင့် ဖန်ယွဲ့ပိုင်သည် အကျိုးသင့်အကြောင်းသင့်သော လူများဖြစ်လေရာ သူတို့စိတ်ထင့်နေသည့် ကိစ္စကို ဖြေရှင်းပြီးသွားသည်နှင့် ထွက်သွားသည်မှာ ဓမ္မတာပင် ဖြစ်သည်။

သို့သော်လည်း ဝူကျုန်းနှင့် ကျန်ရစ်နေသော သူများသည် လူသားဂိုဏ်းတစ်ခုထဲတွင် နတ်ဆိုးများအား နေခွင့်ပေးသည့်ကို လက်မခံနိုင်ကြသေးသည့်ပုံပင်။

ဘုံကိုးခုထွတ်မြတ်နယ်မြေသည် သူတို့နှင့် ဘာမှ မဆိုင်သော်လည်း ဝင်ပါချင်နေကြဆဲ။

အကောင်းဘက်မှ ဆိုရလျှင် သူတို့သည် လူသားမျိုးနွယ်စု ဘက်မှရပ်တည်ပေးနေကြခြင်း ဖြစ်ပြီး အဆိုးဘက်မှ ဆိုရလျှင်မူ သူတို့သည် မနာလိုမုန်းတီမှု၊ အာဃာတစိတ်ဖြင့် လုပ်နေကြခြင်း ဖြစ်သည်။

“အဲ့ကောင်တွေကို ကောင်းကောင်း ထိန်းထားနော်။ မဟုတ်ရင် အကျိုးဆက်ကို မင်းသိရလိမ့်မယ်” သူတစ်ယောက်တည်း ဘာမှမလုပ်နိုင်လေရာ ဝူကျုန်းလည်း ရန်ကိုင်အား ခြိမ်းခြောက်ပြီးသည်နှင့် ဒေါသတကြီး ထွက်သွားတော့လေသည်။

ကျန်ရှိနေသည့် လူသားပညာရှင်များလည်း ဝူကျုန်းနောက် ပြေးလိုက်သွားကြလေသည်။

ရန်ကိုင်က လီရုန်ဘက်သို့လှည့်၍ ပြုံးကာ “ပြန်ကြမယ်”

လီရုန်လည်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နောက်မှ လိုက်သွားခဲ့သည်။

မနီးမဝေးနေရာတစ်ခုတွင်၊ ဘာပြဿနာမှ မရှာဘဲ ထွက်သွားရမည်ကို အင်တင်တင်ဖြစ်နေသော လူသား မျိုးနွယ်စုမှ ပညာရှင်များထဲမှ တစ်ယောက်သည် ဝူကျုံးဆီသို့ လမ်းလျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည် “စီနီယာဝူ၊ အဲ့နတ်ဆိုးတွေကို ဘုံကိုးခုထွတ်မြတ်နယ်မြေမှာ ဒီအတိုင်း နေခွင့်ပေးလိုက်တော့မှာလား။ အဲ့ကောင်တွေက တကယ့် ပြဿနာကောင်တွေနော်။ ကျုပ်တို့သာ သူတို့ကို ဒီအတိုင်း လွှတ်ပေးထားလိုက်ရင် အနှေးနဲ့အမြန် ပြဿနာ ရှာလာကြတော့မှာ”

“ငါတို့ ဘာလုပ်နိုင်သေးလို့လဲ။ ပိုင်ရှင်ဖြစ်တဲ့ တော်ဝင်သခင်က လက်ခံထားမှတော့ ငါတို့လို အပြင်လူတွေက ဘာဝင်ပြောနိုင်ဦးမှာလဲ။ အများဆုံးမှ အခြားလူတွေကို ဘုံကိုးခုထွတ်မြတ်နယ်မြေနဲ့ မပက်သက်ဖို့ ပြောနိုင်ရုံပဲ ရှိမှာ” ဝူကျုန်းက စိတ်မရှည်သည့် လေသံဖြင့် “ချူးရီနှင့် ဖန်ယွဲ့ပိုင်တို့တောင် ဒီကိစ္စကို လက်ရှောင်နေကြတာ မင်းတို့ မမြင်ဘူးလား”

“စီနီယာချူးနဲ့ စီနီယာဖန်တို့က အဲ့နတ်ဆိုးတွေကို အနှောင့်အယှတ်လို့ မမြင်ပေမယ့် စီနီယာဝူကတော့ မတူဘူးလေး။ စီနီယာဝူသာ အဲ့နတ်ဆိုးတွေကို ရှင်းထုတ်ချင်တယ် ဆိုရင် ကျုပ်မှာအကြံတစ်ခုရှိတယ်” လူသားမျိုးနွယ်စုထဲမှ တစ်ယောက်က စဉ်းလဲဟန်ဖြင့် ပြုံးလိုက်လေသည်။

“အို” ဝူကျုန်း မျက်ခုံးပင့်သွားခဲ့ပြီး “ပြောကြည့်။ ငါနားထောင်ကြည့်ရအောင်”

“စီနီယာချူနဲ့ စီနီယာဖန်တို့ ဒီကိစ္စကို လက်ရှောင်နေတဲ့ အကြောင်းအရင်းက နတ်ဆိုးတွေ ပြဿနာ မရှာသေးလို့လေ။ ဒါပေမယ့် နတ်ဆိုးတွေဆိုတာ ငြိမ်နေမယ့် ကောင်တွေမှ မဟုတ်တာ။ အနေနဲ့အမြန်တော့ ပြဿနာရှာမှာပဲ။ ဒီတော့ သူတို့ ပြဿနာစရှာမှာကို စောင့်နေမယ့်အစား ကျုပ်တို့ဘက်ကနေ မီးစားထည့်ပေးလိုက်ရင်ကော။ သူတို့သာ လူအချို့ကို သတ်လိုက်တာနဲ့ လူသားမျိုးနွယ်စုက ပညာရှင်တွေလည်း ငြိမ်ကြည့်နေတော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကျ စီနီယာချူးကော၊ စီနီယာဖန်က အဲ့နတ်ဆိုးတွေနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်။ ပိုပြီး အားကောင်းတဲ့ ကျွမ်းကျင်သူ တွေတောင် ဝင်ပါလာနိုင်တယ်”

ဝူကျုန်း မျက်လုံးများ တောက်ပသွားခဲ့ပြီး “သေချာ ရှင်းပြ”

ထိုလူကလည်း အားတက်သရော ရှင်းပြလေသည် “နတ်ဆိုးတွေကို မုန်းတဲ့လူတွေ ကျုပ်တို့လူသားမျိုးနွယ်စုထဲမှာ အများကြီးပဲ။ ကျုပ်တို့သာ နတ်ဆိုးတွေ ဘုံကိုးခုထွတ်မြတ် နယ်မြေမှာ နေနေတဲ့အကြောင်း သတင်းဖြန့်လိုက်မယ် ဆိုရင် တစ်ယောက်မဟုတ်၊ တစ်ယောက်ကတော့ တော်ဝင်နယ်မြေကို သွားပြဿနာရှာမှာပဲ။ တစ်ကြိမ်၊နှစ်ကြိမ်လောက်တော့ သူတို့ သည်းခံပေးလိမ့်မယ်။ မျိုးရိုးနာမည်ရန်နဲ့ ကောင်ကလည်း သူတို့ကို ထိန်းမှာပဲ။ ဒါပေမယ့် ထပ်ခါတလဲလဲ ဖြစ်နေလို့ သူတို့ သည်းမခံနိုင်တော့တဲ့ အချိန်ကျရင်… ဟဲဟဲ”

တစ်ယောက်ယောက် ဝင်အရွှန်းဖောက်လိုက်သည် “ကျန်သေးတယ်။ ဘုံကိုးခုထွတ်မြတ်နယ်မြေကို မွန်းစတား အုပ်ကြီးက အပိုင်သိမ်းထားတာနော်။ သူတို့ရဲ့ အရေပြား၊ သွေး၊ လက်သည်း၊ ခြေသည်း၊ အရိုးတွေ အကုန်လုံးက လက်နက်သန့်စင်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတွေချည်းပဲ… ဒီသတင်းကို စိတ်ဝင်စားမယ့်လူတွေ အများရှိလောက်တယ်”

ဝဓကျန်း မျက်ခုံးပင့်၍ အကြံပေးလာခဲ့သော လူနှစ်ယောက်အား ကြည့်ကာ “မင်းတို့နှစ်ယောက်က တကယ်ကို ဥာဏ်နီဥာဏ်နက်များတဲ့ ကောင်တွေပဲ”

“စီနီယာဝူ ချီးမွမ်းနေတာပါဗျာ” ထိုလူနှစ်ယောက်စလုံး ပြန်ပြုံးလိုက်ကြသည်။

“ကောင်းပြီလေ။ ဒီသတင်းကို မြန်မြန် ဖြန့်ကြတော့။ ပြီးတော့ အဲ့မှာ ပညာရှင်ဘယ်နှစ်ယောက်ရှိလဲ၊ သူတို့ ကျင့်ကြံခြင်းအဆင့်တွေက ဘာတွေလဲ ဆိုတာကိုတော့ ဖုံးထားလိုက်။ သိသွားတော့မှ ကြောက်လန့်ပြီး သွားရန်မစရဲတော့ဘဲ နေဦးမယ်” ဝူကျုန်းက လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

“စီနီယာဝူက တကယ် ဥာဏ်ရှိတာပဲ”

----------------------------------

ရှေးဟောင်းနတ်ဆိုးကလန်သားများ နားနေရာဆီသို့ ပြန်ရောက်သည်နှင့်၊ ဟန်ဖေး၊ ဟွာမိုနှင့် အခြားခေါင်းဆောင် များအားလုံး သူတို့ဆီသို့ အခြေအနေအကြောင်း မေးမြန်းရန် စုဝေးလာခဲ့ကြသည်။

“အချိန်တွေပို၊ အားယားနေတဲ့ လူတစ်စုပဲ။ ဘာမှ အာရုံစိုက်နေစရာ မလိုဘူး” လီရုန်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ဒါပေမယ့် သခင်၊ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးက အဲ့မှာ ရှိနေတုန်းပဲ။ သူ့ကို ဘယ်လို ရင်ဆိုင်ဖို့ စဉ်းစားထားလဲ။ မွန်းစတား မျိုးနွယ်စုတိုင်းရဲ့ စီနီယာကြီးတွေက အထင်သေးလို့ရတဲ့ သူတွေမဟုတ်ဘူးနော်”

“ခင်ဗျားတို့အားလုံး ဒီမှာပဲစောင့်နေ။ အဲ့စီနီယာကြီးနဲ့ ကျုပ်စကား သွားပြောလိုက်ဦးမယ်” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်သည်။

လာခိုင်းသည်နှင့် ထွက်သွားခိုင်းခြင်းသည် မတူညီသော ကိစ္စနှစ်ရပ်ဖြစ်သည်။ ယခင်အခါက ရွေးစရာမရှိတော့သဖြင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးကို ဖိတ်ခေါ်ခဲ့ရသည်။ သို့သော် သူတို့အား ပြန်နှင်ထုတ်ရမည့် ကိစ္စမှာ လွယ်လိမ့်မည် မဟုတ်ပေ။

အခြေအနေသာ ချော့ချော့မွေ့မွေ့ မဖြစ်ခဲ့လျှင် အရုပ်ဆိုးစရာ ကိစ္စများ ဖြစ်လာနိုင်ပေသည်။

သူ့လက်ထဲတွင် မွန်းစတားမျိုးနွယ်စုအား ကြောက်ရွံ့စရာ မလိုအပ်သော ခွန်အား ရှိနေသော်လည်း ထိုကဲ့သို့သော အားကောင်းလှသည့် မွန်းစတားမျိုးနွယ်စု အုပ်ကြီးနှင့် ရန်သူ မဖြစ်ချင်ပေ။ တကယ်တော့ တော်ဝင်နယ်မြေသည် သားရဲပင်လယ်တောအုပ်နှင့် ကပ်လျက်တွင် တည်ရှိနေခြင်း မဟုတ်ပေလော။

ခဏတာမျှ အနားယူပြီးသည့်နောက် လီရုန်ကိုခေါ်၍ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ထွက်သွားလေသည်။

နေ့တစ်ဝက်ကြာပြီးသည့်နောက်၊ ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ နန်းတော်ထဲ တင်ပလင်ခွေထိုင်ကျင့်ကြံနေသည့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး ရုတ်တရက် မျက်လုံး ပွင့်လာခဲ့ပြီး အရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးသည် လေဟာနယ်ကို ထိုးဖောက် သွားနိုင်သည့်အလား သူ့အကြည့်သည် ရန်ကိုင်နှင့် လီရုန်တို့ ပေါ်သို့ ရောက်ရှိလာခဲ့သည်။

လမ်းလျှောက်နေသော ရန်ကိုင်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး ရှိနေရာ အရပ်ဆီ ကြည့်ကာ သွားပေါ်အောင် ပြုံးလိုက်သည်။

လီရုန်၏ မျက်နှာလှလှလေးသည်လည်း တည်ကြည် လေးနက်သွားခဲ့ပြီး တစ်ခုခု ဖြစ်လာလျှင် ရန်ကိုင်အား အချိန်မှီ ကာကွယ်ပေးနိုင်ရန် အသင့်ပြင်ထားလိုက်သည်။

ခဏအကြာ၌ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။

“ဘာဖြစ်လို့လဲ စီနီယာကြီး” အနားရှိ အခန်းတစ်ခန်းမှ ကိုင်တေ လမ်းလျှောက်ထွက်လာပြီး မေးလိုက်သည်။

“ဟိုကောင်စုတ်လေး ပြန်ရောက်လာပြီ” စီနီယာကြီးက ပြုံးဖြီးလိုက်ပြီး “တော်ဝင်နယ်မြေကို ပြန်ယူတော့မယ့်ပုံပဲ”

ကိုင်တေ၏ မျက်ခုံးစင်းစင်းလေးများ မဆိုသလောက် ကလေး ကွေ့ညွတ်သွားလေသည် “စီနီယာကြီးက… ရန်ကိုင်ကို ပြောချင်နေတာလား”

“သူ့အပြင် ဘယ်သူရှိသေးလို့လဲ” စီနီယာကြီးက ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၄) ဆွေးနွေးကြခြင်း

“သူပြန်လာတာ မြန်လိုက်တာ။ သုံးနှစ်တောင် ရှိသေးတာ မဟုတ်ဘူး” ကိုင်တေ မျက်မှောင်ကြုံ့သွားခဲ့ပြီး “ဒီနေရာက မိုးမြေစွမ်းအင်က သားရဲပင်လယ်တောအုပ်ထက် အများကြီးပို သိပ်သည်းတယ်။ ပြီးတော့ သလင်းကျောက်တွေ၊ ဆေးလုံးတွေ ဆိုရင်လည်း အများကြီးပဲ။ ဒီသုံးနှစ်အတောအတွင်း ကျွန်မတို့ ကလန်ရဲ့ ခွန်အားက သိသိသာသာကို တိုးတက်လာနေခဲ့တာ။ ဒီနေရာကို ကျွန်မတကယ် လက်မလွှတ်ချင်ဘူး စီနီယာကြီး”

စီနီယာကြီးက ပြုံးကာ ပြန်ပြောလိုက်သည် “အဲ့လိုဆို နင်ဘာလုပ်ချင်လဲ။ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ယာယီ တာဝန်ယူထားပေးမယ်လို့ပဲ ငါသူနဲ့ သဘောတူညီချက် လုပ်ထားတာ။ အခု သူပြန်လာပြီဆိုမှတော့ ပိုင်ရှင်ဆီ ပြန်ပေးရတော့မှာပေါ့။ ပြီးတော့ ငါတို့ မွန်းစတားမျိုးနွယ်စု ကလည်း သူ့အပေါ် အကြွေးအကြီးကြီး တင်ထားသေးတယ်။ သူ့ကြောင့်သာ မဟုတ်ရင် သားရဲအသွင်ပြောင်းရေကန်နဲ့ ပက်သက်တဲ့ ပြဿနာကို အခုထိ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး”

“အခြားနည်းလမ်း မရှိတော့ဘူးလား”

“အရှက်မရှိရင်တော့ ရှိလိမ့်မယ်” စီနီယာကြီးက ရယ်ရယ်မောမောဖြင့် အရွှန်းဖောက်လိုက်ပြီးနောက် လက်ဝှေ့ရမ်းကာ ပြောလိုက်သည် “သူ့ကိုသွားကြိုလိုက်ဦး”

ကိုင်တေ ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ပျောက်ကွယ်သွားလေသည်။

တောင်ထွတ်ကိုးလုံး အပြင်ဘက်အစွန်းနား… ရန်ကိုင်နှင့် လီရုန်ရှေ့သို့ တုတ်တုတ်ခိုင်ခိုင်နှင့် လူထွားကြီးတစ်ယောက် လေပေါ်မှ ခုန်ဆင်းရောက်ရှိလာခဲ့ပြီး “ငါတို့ မွန်းစတား မျိုးနွယ်စုရဲ့ ပိုင်နက်ထဲ ဘယ်ကောင်ဝင်လာရဲတာလဲကွ။ အခုချက်ချင်း လှည့်ပြန်လိုက်စမ်း၊ မဟုတ်ရင် မင်းအဖိုး ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်”

ပြောပြီးသည်နှင့် ထိုပုံရိပ်သည် ခေါင်းကိုမော့ ရင်ကိုကော့လိုက်သည်။ သူ့ဆံပင်များသည် လေအဝှေ့နှင့် အဖျတ်ဖျတ် လွင့်ပျံနေခဲ့ရာ အားကောင်းလာသော မဟာ ပညာရှင်ကြီးတစ်ပါးနှင့်ပင် တူနေသေးသည်။ သို့သော် ရန်ကိုင်နှင့် လီရုန်တို့ကို မြင်လိုက်ရသည့်အခိုက် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားရလေတော့သည်။

“မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက်လား” ရန်ကိုင်လည်း ပြုံးလိုက်ပြီး “အစ်ကိုခွမ်၊ ခင်ဗျား မှားနေတယ်နဲ့ တူတယ်နော်။ ဒါက ကျုပ်ရဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေလေ၊ ဘယ်တုန်းကများ မွန်းစတားမျိုးနွယ်စုရဲ့ ပိုင်နက် ဖြစ်သွားရတာလဲ”

“ရန်ကိုင်လား” ခွမ်ရှီ အလန့်တကြား ထအော်လိုက်ပြီး ရုတ်တရက် သူ့ဆီ ပြေးသွားလိုက်သည်။ လီရုန် မျက်လုံး မှေးစဉ်းသွားခဲ့သော်ငြား ရန်ကိုင်က ဘာမှမပြောသဖြင့် ထိုအရိုင်းအစိုင်း လူကြီးကိုသာ သတိထားလျက် စိုက်ကြည့်နေခဲ့သည်။

ပြေးလာပြီးနောက် ခွမ်ရှီက ရူးသွပ်စွာ အော်ဟစ် ရယ်မောလိုက်ပြီး “ဟားဟားဟား။ ဘယ်မောက်မာတဲ့ ကောင်ကများ ဒီနေရာထဲ ခြေချရဲလဲ မှတ်နေတာ။ လတ်စသတ်တော့ မင်းဖြစ်နေတာကိုး။ လာမယ်ဆို ငါ့ဆီ ဘာလို့ ကြိုအကြောင်းမကြားလိုက်တာလဲ”

“အခု တွေ့နေရပြီ မဟုတ်ဘူးလား။ ကျုပ်တို့မတွေ့ရတာ သုံးနှစ်လောက်တောင် ရှိသွားပြီနော်။ ဒီနှစ်အတွင်း အစ်ကိုခွမ် တော်တော်လေး အားကောင်းလာတာပဲ”

“မင်းကျေးဇူးကြောင့်ပဲပေါ့ကွ” ခွမ်ရှီ အားပါးတရ ပြုံးလျက် “သလင်းကျောက်တွေ၊ ဆေးလုံးတွေ အများကြီး ရှိနေမှတော့ ငါလည်း မတိုးတက်ဘဲ နေမလားဟ…. ဒါပေမယ့် မင်းနဲ့ ယှဉ်ရင်တော့ ဘာမှမပြောပလောက်တော့ပါဘူးကွာ။ မင်းကျင့်ကြံခြင်းက ဘယ်လိုလုပ်ပြီး ငါနဲ့ အတူတူ ဖြစ်နေရတာလဲ”

ယခင်အခါ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူ့ထက် အများကြီး နိမ့်ကျခဲ့သော်လည်း ယခုမူ နှစ်ယောက်စလုံးသည် ကျင့်ကြံခြင်း အဆင့်တူနေခဲ့ကြလေပြီ။

သူ့ကိုယ်သူ မြန်လှပြီ အောက်မေ့နေခဲ့ရာ ရန်ကိုင်ကို မြင်ပြီးမှပဲ သူ့အမြန်နှုန်းသည် ဘာဆိုဘာမှမဟုတ်သေးမှန်း ခွမ်ရှီ သိသွားခဲ့သည်။

“ငါပြောရဦးမယ်။ မင်းဒီလောက် အစောကြီး ပြန်လာတာ ဒီနေရာကို ပြန်ယူဖို့တော့ မဟုတ်ပါဘူးနော်” ခွမ်ရှီက ခါးခါးသီးသီး အမူအရာဖြင့် မေးလိုက်သည်။

“ဟုတ်တာပေါ့။ ဒီနေရာကို အစ်ကိုခွမ်တို့ လက်ထဲ ထည့်ပေးခဲ့တာ နှစ်နှစ်၊ သုံးနှစ်တောင် ရှိနေပြီလေ။ အစ်ကိုခွမ်တို့ သလင်းကျောက်တွေ့ အများကြီး စုဆောင်းမိထားတယ်မလား”

“နှစ်နှစ်၊ သုံးနှစ်ပဲ ရှိသေးတာလေကွာ…” ခွမ်ရှီ စိတ်ဓါတ်ကျသွားခဲ့ပြီး “မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ကိစ္စမှမဟုတ်တာ။ စီနီယာကြီးကို သွားတွေ့မလို့လား။ စီနီယာကြီးက အလယ်တောင်ထွတ်က နန်းတော်မှာ ရှိနေလိမ့်မယ်။ ငါမင်းကို လိုက်မပိုနိုင်တော့ဘူး။ စီနီယာ ကိုင်တေက ဒီဝင်ပေါက်ကိုစောင့်ဖို့ ငါ့ကို အမိန့်ပေးထားတာ”

“မလိုပါဘူး။ ကျုပ်တို့ကိုကြိုမယ့် တစ်ယောက်ယောက် ရောက်လာပြီလေ” ရန်ကိုင်က ဖွဖွလေး ရယ်လိုက်ပြီး သူတို့ဆီ အလျင်အမြန် နီးကပ်လာနေသော ရှောင်စုံအလင်းတန်ကို လှမ်းကြည့်လိုက်သည်။

မကြာမီ ရောင်စုံတောင်ပံလေးများနှင့်အတူ ကိုင်တေ၏ လှပသော ပုံရိပ်လေး ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နောက်တွင် ရပ်နေသော လီရုန်ဆီ လှမ်းကြည့်လိုက်သည်။

သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည့်တိုင် လီရုန်သည် သူမထက် ပိုအားကောင်းသည်ဟု ခံစားနေခဲ့ရသည်။

“မိန်းကလေးကိုင်တေပါလား” ရန်ကိုင်က ပြုံးကာ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။

ကိုင်တေက လီရုန်ဆီမှ အကြည့်ပြန်ရုတ်လိုက်ပြီး ရန်ကိုင်အား ပြန်ကြည့်ကာ တိုက်ရိုက်ပဲ မေးလိုက်သည် “နင်ဒီကို ဘာလာလုပ်တာလဲ”

ထိုစကားကို ကြားလိုက်ရသည် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ခဏတာသာ ဖြစ်သည်။ အမြန်အဆန် အသိပြန်ဝင်လာခဲ့ပြီး ပြုံးကာ “စီနီယာကြီးနဲ့ တွေ့ပြီး ကျုပ်တို့ကြားက သဘောတူညီချက်အကြောင်း ပြောဖို့ပေါ့”

ကိုင်တေ၏ မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့ပြီး အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်လေသည် “တောင်ထွတ်ကိုးလုံးကို… ငါတို့ ကလန်ဆီ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်လွှဲထားပေးလို့ မရဘူးလား”

“ဒါက သိပ်မသင့်တောဘူးလားလို့” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်း၍ ကျုပ်လူတွေလည်း ဒီမှာ အခြေချဖို့ စောင့်နေသေးတယ်လေ”

“နောက်ထပ် နှစ်နည်းနည်းပဲ… နှစ်နည်းနည်း ကြာတာနဲ့ ငါတို့ဘာသာ ဒီကနေ ပြန်ဆုတ်ပေးမယ်”

ရန်ကိုင်လည်း မျက်မှောင်ကြုံ့လာခဲ့ရလေပြီ။ “ဒါက စီနီယာကြီးရဲ့ သဘောထားလား၊ မိန်းကလေး ကိုင်တေ ကိုယ့်ဘာသာကိုယ် တောင်းဆိုတာလား”

“စီနီယာကြီးက ကိုယ့်စကား ကိုယ်မတည်တဲ့လူ မဟုတ်ဘူး။ ဒါက ငါ့ဘာသာငါ တောင်းဆိုတာပဲ”

“ကျုပ်သဘောမတူရင်ရော”

“နင်သဘောတူလာအောင် ငါလုပ်မှာပေါ့” ကိုင်တေက ခေါင်းမာမာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေလိုက်သည်။

ရန်ကိုင် သက်ပြင်းချလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်း၍ “လီရုန်ရေ သူ့ကို သွားတားပေးစမ်းပါဗျာ”

“ဟုတ်ကဲ့ပါ” လီရုန် ပုံရိပ် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ကိုင်တေဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ကိုင်တေက လီရုန်အား လျစ်လျူရှုထားလိုက်ပြီး ခုနှစ်ရောင်ခြယ်အလင်းတစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ် လိုက်သည်။ ထိုအလင်းတန်းသည် အားပျော့သယောင် ထင်ရသော်လည်း သိပ်သည်းလှသော စွမ်းအင်တို့ ကိန်းအောင်းပါဝင်နေခဲ့ရာ ရန်ကိုင် တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို ရစ်ပတ်ချုပ်နှောင်ရန် ကြိုးစားလာတော့၏။

သို့သော်လည်း ကိုင်တေ ချက်ချင်း မျက်မှောင်ကြုံ့သွားခဲ့ရ၏။

ရန်ကိုင်ကို သူမ အာရုံမခံမိတော့ချေ။ သူမ၏ ခုနှစ်ရောင်ခြယ် အလင်းတန်းသည် လေကိုသာ ဖမ်းဆုပ်မိသွားခဲ့သည်။ ရန်ကိုင်သည် တစ္ဆေတစ်ကောင် ပမာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ကြည်လိုက်သည့်အခါ ရန်ကိုင်သည် သူမကိုကျော်၍ ကီလိုမီတာ နှစ်ဆယ်အကွာသို့ပင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုအဖြစ်အပျက်ကြောင့် ကိုင်တေလည်း မှင်သက်သွားခဲ့ရသည်။ ရန်ကိုင် သူမလက်မှ မည်ကဲ့သို့ ထွက်ပြေးသွားသည်ကို မစဉ်းစားနိုင်သေးခင်မှာပဲ လီရုန်သည် သူမရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သဖြင့် ကိုင်တေလည်း ရွေးစရာမရှိတော့ဘဲ သူမကိုယ်သူမ ခုခံ ကာကွယ် ရတော့လေသည်။

အဓိကခန်းမကြီးရှေ့သို့ ရောက်သည်နှင့် အထဲသို့ တိုက်ရိုက် လမ်းလျှောက် ဝင်သွားလိုက်သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ့အား အပြုံးလေး ပြုံးလျက် ကြည့်နေသော မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးကို တွေ့လိုက်ရသည်။

“မတွေ့ရတာ ကြာပြီနော် စီနီယာကြီး” ရန်ကိုင်က လမ်းလျှောက်သွားလိုက်ရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။

စီနီယာကြီးက ခေါင်းသာ ခါရမ်း၍ “ငါကတော့ မကြာသေးလို့ ထင်တာပဲ။ မင်းထွက်သွားတာမှ မနေ့ တစ်နေ့ကပဲ ရှိသေးတယ်လို့ ခံစားနေရတုန်း”

“စီနီယာကြီး မနောက်ပါနဲ့ဗျ။ ကျုပ်တို့နောက်ဆုံး တွေ့ခဲ့တာ သုံးနှစ်တောင် ရှိနေပြီလေ။ အခု ကျုပ်နယ်မြေကို ပြန်ယူဖို့ ရောက်လာခဲ့တာဗျ” ရန်ကိုင်က ဆက်ပြောလိုက်သည်။

“စိတ်မပူနဲ့။ ငါလည်း ဒီနေရာကို အပြီးယူမထားပါဘူး” စီနီယာကြီးက ရယ်ရယ်မောမောဖြင့် “ကိုင်တေက သူ့ဘာသာ လုပ်တာကွ။ နောက်မှ ငါသူ့ကို အပြစ်ပေးလိုက်မယ်။ ဒါပေမယ့် မင်းခေါ်လာတဲ့ မိန်းမက ဘယ်သူလဲ။ သူ့အရှိန်အဝါက တော်တော်လေး ထူးဆန်းတယ်ကွ”

“အို၊ ဘယ်လိုထူးဆန်းတာလဲ”

“မင်းလို့ပဲပေါ့ကွာ။ သူ့ကျင့်ကြံခြင်းနဲ့ သူ့တိုက်ပွဲစွမ်းရည်ကို သွားသတ်မှတ်လို့မရဘူး။ သူလည်း အဆင့်တွေကျော်ပြီး တိုက်ခိုက်နိုင်တယ်နဲ့ တူတယ်” စီနီယာကြီးက အလျင်အမြန်ပဲ ပြောလိုက်သည်။

“ဟဲဟဲ။ စီနီယာကြီး အချိန်ဘယ်လောက်လိုလဲ” ထိုအကြောင်း ဆက်မပြောချင်တော့သဖြင့် ရန်ကိုင်လည်း အလျင်အမြန်ပဲ ခေါင်းစဉ်လွှဲလိုက်သည်။

“လဝက်ပဲအချိန်ပေး။ လဝက်ကြာရင် ဒီနေရာကနေ ငါတို့ ထွက်သွားပေးမယ်” စီနီယာကြီး၏ အကြည့် ရုတ်တရက် လေးနက်သွားပြီး “နောက်ပိုင်းလည်း ငါတို့ ဆက်ဆံရေး ဒီအတိုင်းပဲ ရှိနေဦးမယ်လို့ မျှော်လင့်ပါတယ်”

“ဟုတ်တာပေါ့။ ကျုပ်လည်း စီနီယာကြီးတို့ဘက်က ဆေးပင်တွေ၊ သတ္တုရိုင်းတွေ ဆက်ရနိုင်ဖို့ မျှော်လင့်ပါတယ်။ အရင် တော်ဝင်သခင် အသက်ရှင်တုန်းကလိုမျိုးလေ။ ကိုယ်လိုအပ်တာကို အပြန်အလှန် လဲလှယ်တာမျိုးပေါ့”

“ဟုတ်တာပေါ့” စီနီယာကြီးက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်လည်း အတော်လေး ကျေနပ်နေမိသည်။ အစက ဤမျှ ချော့ချော့မွေ့မွေ့ဖြင့် ပြီးသွားမည်ဟု မထင်ထားခဲ့။ သို့သော် စီနီယာကြီးသည် ပြန်လည် ငြင်းခုံလိုခြင်း မရှိဘဲ လိုလိုလျားလျားဖြင့်သာ တော်ဝင်နယ်မြေမှ ဆုတ်ခွါပေးရန် သဘောတူခဲ့သည်။ ကိုယ့်စကား ကိုယ်တည်သော လူတစ်ယောက်ပင်။

ထိုကဲ့သို့သော လူများနှင့် အလုပ်တွဲလုပ်ရသည်မှာ အတော့်ကိုမှ စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။

စီနီယာကြီး ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ မေးလိုက်သည် “ကောင်လေး၊ ငါ့စိတ်ထဲ ကလိကလိ ဖြစ်နေတဲ့ကိစ္စတစ်ခုရှိလို့၊ ဖြစ်နိုင်ရင် ငါ့ကို ရှင်းပြပေးလို့ရမလား”

“အို၊ ဘာများလဲ”

“မင်းဆီကနေ မွန်းစတားချီကို ငါခံစားမိနေတယ်။ အရမ်း အားနည်းပေမယ့် မွန်းစတားချီဆိုတာကတော့ ယုံမှား သံသယ ရှိစရာမလိုဘူး… ပြီးတော့ ဒီမွန်းစတားချီက သိပ်ပြီး သာမန် မဟုတ်လှဘူး။ မြင့်မြတ်ပြီး တော်ဝင်ဆန်တဲ့ အရှိန်အဝါတွေ ပါဝင်နေတယ်။ ဒီဘုရင်လို့မျိုးပဲ”

ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ရ၏။ စီနီယာကြီး ဘာကိုဆိုလိုနေမှန်း သူသိသည်လေ။ စီနီယာကြီးက သူ့ကိုယ်ထဲတွင် ရှိနေသော နဂါးဧကရာဇ်၏ အရှိန်အဝါကို အာရုံခံမိနေခြင်း ဖြစ်သည်။

စီနီယာကြီး၏ သားရဲပုံစံသည် အစစ်အမှန်နဂါးများ၏ သွေးမျိုးဆက်ဖြစ်သော မီးတောက်နီမိုးကြိုးနဂါးဖြစ်သည်။

နဂါးဆိုသော ဂုဏ်ပုဒ်နှင့်ပင် မွန်းစတားမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ရန် ထိုက်တန်နေလေပြီ။ ထို့အပြင် သူ့အာရုံခံနိုင်စွမ်းသည် ရန်ကိုင် မျှော်လင့်ထားသည် ထက်ပင် ပိုကောင်းနေသေး၏။

“အရင်အကြိမ် မင်းကိုတွေ့တုန်းက မင်းဆီမှာ အခုလို အရှိန်အဝါမျိုး မရှိဘူး။ ကောင်လေး၊ ဒီနှစ်အတောအတွင်း မင်းဘာတွေ ကြုံတွေ့ခဲ့တာလဲ” စီနီယာကြီးက ရန်ကိုင်အား သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဘာမှ ထူးထူးခြားခြား မကြုံကြိုက်ခဲ့ပါဘူးဗျာ။ ဟိုဟိုဒီဒီ လျှောက်သွားနေရုံပါပဲ”

စီနီယာက ခြောက်ကပ်ကပ် ရယ်မောကာ ခေါင်းခါရမ်းလိုက်သည်။ ရန်ကိုင်က ထိုအကြောင်းကို မပြောချင်မှဖြင့် သူလည်း ဆက်မပြောတော့ပေ။

စီနီယာကြီးနှင့် သဘောတူညီချက် ရသွားပြီးနောက် အဓိကနန်းတော်မှ ရန်ကိုင် ပြန်ထွက်လာခဲ့သည်။ လဝက်အတွင်း ဘုံကိုးခုထွတ်မြတ်နယ်မြေကို သူပြန်ရပေလိမ့်မည်။

တောင်ထွတ်ကိုးလုံးမှ ထွက်လာသည့်အခါ လီရုန်နှင့် ကိုင်တေတို့ တိုက်ခိုက်နေတုန်း ရှိသေးသည်ကို သတိပြုမိလိုက်၏။

သူသေကိုယ်သေတိုက်ပွဲ မဟုတ်သော်လည်း သူတို့အဆင့် ပညာရှင်နှစ်ယောက်၏ တိုက်ပွဲသည် အမှန်တကယ်ကို ပြင်ထန်း နေဆဲပင်။

တိုက်ပွဲသံများကြောင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင် များလည်း ဤနေရာ၌ စုပြုံနေခဲ့ကြလေပြီ။ ခွမ်ရှီလည်း အပါအဝင် ဖြစ်သည်။

“ဘယ်သူပိုကြမ်းတယ်ထင်လဲ” ရန်ကိုင် ခွမ်ရှီနား သွားလိုက်ပြီး ကောင်းကင်ထက်ရှိ တိုက်ပွဲကိုကြည့်ရင်း မေးလိုက်သည်။

“မင်းခေါ်လာတဲ့လူပေါ့ဟ။ သူ့ကြည့်ရတာ အားကုန်ထုတ်ပြီး မတိုက်သေးတဲ့ပုံပဲ။ ဒါပေမယ့် စီနီယာ ကိုင်တေကတော့ ပျာယာကို ခတ်နေပြီ” ခွမ်ရှီက အပြုံးကြီးပြုံးလျက် ဆက်ပြောလိုက်သည် “မိန်းမလှနှစ်ယောက် တိုက်ခိုက်နေတဲ့ တိုက်ပွဲက တကယ်ကို ဆွဲဆောင်မှုရှိတာ။ စီနီယာကိုင်တေရဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေက အရမ်းကို ဆွဲဆောင်မှုရှိလွန်းတယ်ကွာ”

“ပြောမည်ဆိုရင် ကြည့်ပြော။ မတော်လို့ စီနီယာကိုင်တေ ကြာသွားမှာ အရှင်လတ်လတ် အရေခွံဆုတ်ခံနေရဦးမယ်” ရန်ကိုင်က သတိပေးလိုက်သည်။

“ကြားတော့ မကြားသွားလောက်ပါဘူးနော်” ခွမ်ရှီက ကြောက်လန့်သွားသည့် အမူအရာဖြင့် “ငါတိုးတိုးလေးပဲ ပြောလိုက်တာ။ ဘယ်လိုလုပ်ပြီး ကြားမှာလဲ”

“နေရာအနှံ့မှာ နားတွေရှိတယ်လေ…” ရန်ကိုင်က ပြုံးဖြီး၍ ဘေးဘက်ဆီ လှမ်းကြည့်လိုက်သည်။

ခွမ်ရှီလည်း ရန်ကိုင် ကြည့်နေရာသို့ လှမ်းကြည့်လိုက်ရာ အနားတွင် နားလေးစွင့်၍ ရပ်နေသော မြောင်နန်ကို တွေ့လိုက်ရသည်။

သူမကို ရှာတွေ့သွားပြီမှန်း သိလိုက်သည်နှင့် မြောင်နန်က ချိုသာစွာ ပြုံးလိုက်ပြီး လက်လေးဆန့်ထုတ်ကာ “စီနီယာအစ်မ ကိုင်တေကို ပြန်မပြောစေချင်ဘူးဆို နင့်သလင်းကျောက်တွေ ငါ့ကိုပေး”

“ဒေါ်လေးရယ်၊ ကျေးဇူးပြုပြီး ညှာတာပေးပါဗျာ။ ကျုပ်မှာ ဒီမရှိမဲ့ရှိမဲ့ သလင်းကျောက်လေး ဆယ်တုံးပဲ ရှိလို့ပါ” ခွမ်ရှီက ဝမ်းပန်းတနည်း အမူအရာဖြင့် တောင်းပန်လိုက်သည် “ဘာမှ မကြားလိုက်သလို ဟန်ဆောင်ပေးလို့ မရဘူးလား ဒေါ်လေးရယ်၊ ဒီခွမ်ရှိ ဒေါ်လေးရဲ့ ကျေးဇူးကို တစ်သက်မမေ့ပါဘူးဗျာ”

“နင့်ဘာသာ မေ့မေ့၊ မမေ့မေ့ ငါစိတ်မဝင်စားဘူး။ နင့်မှာ ရှိတာ အကုန်လုံးပေး။ ဆယ်တုံးပဲ ရှိတယ်ဆိုရင်တောင် တစ်တုံးမှ မရှိတာထက်စာရင် ပိုအဆင်ပြေသေးတယ်”

ရန်ကိုင် မဲ့ပြုံးပြုံး၍ ခေါင်းခါရမ်းလိုက်သည်။ ထိုနှစ်ယောက်ကို ဆက်ဂရုစိုက်မနေတော့ဘဲ လီရုန်ကိုသာ လှမ်းအော်ခေါ်လိုက်လေသည် “လီရုန်၊ ပြန်ကြမယ်”

ရန်ကိုင် အော်ခေါ်သံကို ကြားသည်နှင့် လီရုန် ချက်ချင်း နောက်ပြန်ဆုတ်လိုက်ပြီး ဆံပင်ကို နားသယ်နောက် သပ်တင်၍ ကိုင်တေအား တစ်ချက်ကြည့်လိုက်ပြီးနောက် အောက်သို့ အမြန်ဆင်းလိုက်ကာ ရန်ကိုင်နောက်သို့ လိုက်သွားလေသည်။

ကိုင်တေမှာ လေထဲတွင် ဝဲလျက် မောကြီးပန်းကြီး အသက်ရှူနေခဲ့ရသည်။ အသက်တစ်ခါ ရှူလိုက်တိုင်း သူမ၏ ရွှေပန်းသီးနှစ်လုံးမှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ရသည်။ ကြောက်ရွံ့စိတ်တို့သည် သူမ၏ နှလုံးသာထဲ ကိန်းအောင်းနေဆဲ။

သူမအား အလွယ်တကူ ဖိအားပေးနိုင်သော သူတော်စင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးသေးပေ။ တိုက်ခိုက်နေစဉ် အတောအတွင်း သူမမှာ လုံးဝကို အပြတ်အသတ် ဖိနှိပ်ထားခံခဲ့ရသည်။ နည်းနည်းလေးမျှပင် ပြန်မလှန်နိုင်။

တစ်ဖက်တွင်မူ သူမ၏ ပြိုင်ဘက်သည် တစ်ချိန်လေး အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့၏။

အဲ့မိန်းမက… ကြမ်းလွန်းတယ် ကိုင်တေစိတ်ထဲ အမှန်တရားကို ကြိတ်လက်ခံလိုက်ရသည်။

ဆက်မလိုက်သွားဘဲ ရန်ကိုင်နှင့် ထိုဆန်းကြယ်သော အမျိုးသမီး ထွက်သွားသည်ကိုသာ စောင့်ကြည့်နေလိုက်ပြီး နောက် အဓိကခန်းမဆီ ပျံသန်းသွားလေသည်။

ရန်ကိုင်ပုံစံအရ စီနီယာကြီးနှင့် သွားဆွေးနွေးသည်မှာ အဆင်ပြေလာသည့်ပုံပင်။ ကိုင်တေသည် ဘုံကိုးခုထွတ်မြတ် နယ်မြေကို လက်မလွှတ်ချင်သော်လည်း စီနီယာကြီး မျက်နှာ ပျက်ရမည့် အလုပ်မျိုး ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ပေ။ စီနီယာကြီး၏ အမိန့်ဆိုပါက ကျိန်းသေ နာခံပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၇၅)

“သခင်၊ အားလုံး အဆင်ပြေခဲ့လား” လီရုန်က အပြန်လမ်းတွင် တိုးတိုးလေး မေးလိုက်သည်။

“ပြေတယ်။ စီနီယာကြီးက ပြောရဆိုရလွယ်တော့ ငါတို့ သဘောတူထားတဲ့အတိုင်း လုပ်ပေးမယ်လို့ ပြောတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်” လီရုန်လည်း ယခုမှ အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ရန်ကိုင်နောက်သလို့ လိုက်ရင်း တစ်ခုခု ပြောချင်နေသည့်အလား ပါးစပ်လေးကို ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေခဲ့သည်။ သို့သော်လည်း တစ်ခါမှ မပြောဖြစ်ခဲ့။

သူမ၏ အပြုအမူကို သတိပြုမိလိုက်သော ရန်ကိုင်က ပြုံးလိုက်ပြီး “ဘာပြောချင်နေတာလဲ… ပြောလေ။ ဘာမှ အရေးမကြီး ရင်တောင် ပြောလို့ရတယ်”

ဆန်းကြယ်လောကငယ်ထဲမှ ထွက်လာပြီးသည့် အချိန်မှစ၍ ရှေးဟောင်းနတ်ဆိုးကလန်သားမျာသည် သူ့အပေါ် အရမ်းကိုမှ ရိုရိုကျိုးကျိုး ဖြစ်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

သို့သော်လည်း ရန်ကိုင်မှာ သူတို့၏ ဆက်ဆံပုံနှင့် သိပ်ပြီး အသားမကျနိုင် ဖြစ်နေခဲ့ရသည်။

“ကျွန်မတို့ကလန်က သခင့်ကို ဒုက္ခများအောင် လုပ်မိလိုက်ပြီလားလို့ တွေးနေတာပါ” လီရုန်က အားတုံ့အားနာ အပြုံးလေးဖြင့် “လူသားနဲ့ နတ်ဆိုးတွေဆိုတာ ကမ္ဘာမကြေ ရန်သူတွေလေ။ ကျွန်မတို့ သခင့်နောက်လိုက်လာတာ မလိုလားအပ်တဲ့ ပြဿနာတွေကို ကျိန်းသေ ဖြစ်စေမှာ။ အခုတောင် ကြည့်ပါလား၊ ကျွန်မတို့နောက်ကို လူသား ပညာရှင်တွေ အများကြီး လိုက်လာသေးတယ်လေ။ တကယ်သာ တိုက်ပွဲဖြစ်ခဲ့ရင် ကျွန်မတို့ နိုင်နိုင်၊ ရှုံးရှုံး သခင့်ရဲ့ ဂုဏ်သတင်းကိုတော့ အကြီးအကျယ် ထိခိုက်စေမှာ အသေအချာပဲ…”

“ဒါက ခင်ဗျားတို့ရဲ့ ခွန်အားကို ရရှိဖို့အတွက် ကျုပ်ပြန်ပေးဆပ်ရတဲ့ တန်ဖိုးပဲလေ။ ဒီကိစ္စနဲ့ ပက်သက်ပြီး စိတ်ပူနေစရာ မလိုဘူး။ ပြီးတော့ အခြားသူတွေ ကျုပ်ကို ဘယ်လိုမြင်တယ်၊ ထင်တယ် ဆိုတာတွေကိုလည်း လိုက်ပြီး ဂရုစိုက်မနေနဲ့။ ကျုပ်ကို ထောက်ခံပေးတဲ့လူတွေက ကျုပ်မိတ်ဆွေတွေ၊ ကျုပ်ကို ဆန့်ကျင်တဲ့ လူတွေကတော့ ကျုပ်ရန်သူတွေပဲ။ ရှင်းရှင်းလေးပဲ မဟုတ်ဘူးလား။ လူသားနဲ့ နတ်ဆိုးကြားက ရန်ငြိုးက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”

ရန်ကိုင်၏ ပွင့်လင်းလှသော သဘောထားကြောင့် လီရုန် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဆန်းကြယ်လောကငယ်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော်လည်း ကိုယ့်မျိုးနွယ်မဟုတ်သည့် အပြင်လူများကို လက်မခံ့တတ်သည့် စိတ်အခံက သူမတို့တွင် ရှိနေဆဲ။ ရန်ကိုင်ကမူ မျိုးနွယ်စု တူတူ၊ မတူတူ သိပ်ပြီး ဂရုမစိုက်သည့်ပုံပင်။

ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်ကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့သကဲ့သို့ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှင့်လည်း ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ သူသည် မျိုးနွယ်စု တူသည်၊ မတူသည်ကို အရှင်း ဂရုမစိုက်သည့်ပုံပင်။

“စိတ်ချထားလိုက်သခင်၊ အားလုံး အခြေကျသွားတာနဲ့ ကျွန်မတို့ ကလန်သားတွေ ဘုံကိုးခုထွတ်မြတ်နယ်မြေက လူတွေနဲ့ ပြဿနာမဖြစ်အောင် ကျွန်မနဲ့ ခေါင်းဆောင်တွေ သေချာထိန်းထားပါမယ့်။ ကျွန်မတို့ ကလန်သားတွေကြောင့် သခင် ဒုက္ခမရောက်စေရပါဘူး” လီရုန်က လေးလေးနက်နက်ဖြင့် ကတိပေးလိုက်သည်။

“ဒီလောက်ကြီး လုပ်နေစရာ မလိုပါဘူးဗျ။ ကျုပ်အတွက်‌တော့ ခင်ဗျားတို့နဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေက လူတွေက အတူတူပဲ။ ဘာကွာခြားချက်မှ မရှိဘူး”

“သခင့်ကို ကျေးဇူးအများကြီး တင်ပါတယ်” လီရုန်က ပြန်ပြောလိုက်သည်။

လူသားဖြစ်သော်လည်း သူမတို့ကဲ့သို့ မျိုးနွယ်ခြားအပေါ် ရွံ့ရှာမုန်းတီးခြင်း မရှိသည့် ရန်ကိုင်နောက်သလို့ လိုက်ခဲ့ခြင်းသည် သူမတို့ ရှေးဟောင်းနတ်ဆိုးကလန် အတွက် ကံကောင်းမှုတစ်ခုဖြစ်သည်ဟု လီရုန် ကြိတ်တွေးမိလိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများ နားနေရာနေရာဆီသို့ ပြန်ရောက်သည်နှင့် လဝက်ကြာလျှင် သူတို့အားလုံးကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီသို့ ခေါ်သွားမည်ဖြစ်ကြောင်း အားလုံးကို ရန်ကိုင် အသိပေးလိုက်သည်။ ထို့နောက် ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ မသွားသေးခင် ဤနေရာ၌ ခဏနေရန် အားလုံးကို ပြင်ဆင်ခိုင်းလိုက်တော့လေသည်။

ဤနေရာဤ လဝက်လောက်နေ၍ သူတို့အတွက် ဘာမှ ဖြစ်မသွားချေ။ ဤလောကထဲ စတင်ခြေချစဖြစ်သော ရှေးဟောင်း နတ်ဆိုးကလန်သာများအတွက် နေရာတိုင်းသည် အသစ်အဆန်းပင်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ ဘေးပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်နေအောင် လုပ်နိုင်သေး၏။

တကယ်တော့ နောက်လဝက်မှစ၍ သူတို့သည် တောင်ထွတ်ကိုးလုံးတွင် နေရတော့မည် မဟုတ်ပေလော။

ရှေးဟောင်းနတ်ဆိုးကလန်သားများသည် သုံးယောက် တစ်ဖွဲ့၊ တစ်ယောက်တစ်ဖွဲ့ စသဖြင့် ဘေးပတ်ဝန်းကျင်ကို စူးစမ်းရန် အလျှိုလျှို ထွက်ခွါကြလေတော့သည်။

ကျန်နေရစ်ခဲ့သူများမူကား နေစရာများကို ဆောက်လျှင် ဆောက်၊ မဆောက်လျှင် စားစရာရှာရင်း အလုပ်ရှုပ်နေခဲ့ကြ၏။

ရန်ကိုင် အရိပ်ထဲတွင် နားနေစဉ် ခြေသံယဲ့ယဲ့လေးကို ကြားလိုက်ရသည်။ အသံကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်ရုံကြီးကို ဝတ်စားထားလျက် သူ့ဆီ လမ်းလျှောက်လာနေသော ဝူကျဲကို တွေ့လိုက်ရလေသည်။

ရောက်သည်နှင့် ဝူကျဲက အသာအယာ ခေါင်းညိတ်၍ “တော်ဝင်သခင်”

“ခင်ဗျားတို့ မရဏဂိုဏ်းသားတွေရော” မရဏဂိုဏ်းမှ တစ်ယောက်ကိုမှ မမြင်သဖြင့် ရန်ကိုင်က မေးလိုက်သည်။

“ဒုဂိုဏ်းချုပ်နဲ့ သူတို့ကို ထွက်သွားခိုင်းလိုက်ပြီး။ လိုမယ်ထင်တဲ့ ပစ္စည်းလေးတွေမှာပြီး လာပို့ပေးဖို့လည်း အမိန့်ပေးထားသေးတယ်”

“ကျေးဇူးပဲ‌ဗျာ”

“မလိုပါဘူးဗျာ တော်ဝင်သခင်ရယ်။ နောက်ပိုင်းကျ အိမ်နီးချင်တွေ ဖြစ်လာမှာပဲ မဟုတ်ဘူးလား။ ဒီလောက် ကိစ္စလေးတွေက ဘာမှ မပြောပလောက်ပါဘူး”

တစ်ချက် ရပ်လိုက်ပြီး ဝူကျဲက မေးလိုက်သည် “ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းကို ဘယ်လိုလုပ်မယ်လို့ တော်ဝင်သခင် စဉ်းစားထားလဲ”

“ခင်ဗျားရော ဘယ်လိုလုပ်ချင်လဲ” ရန်ကိုင်က ပြန်မေးလိုက်ရာ ဝူကျဲ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် “ကျန်းအောင်၊ ချောင်ကွမ်နဲ အခြားခေါင်းဆောင်ပိုင်းတွေက နှင်းတောင်တန်းထဲမှာ သေသွားခဲ့ပြီဆိုတော့ အခု သူတို့မှာ မသေမျိုးအဆင့် ပညာရှင် နည်းနည်းလောက်ပဲ ကျန်တော့လိမ့်မယ်။ ဒါပေမယ့် တပည့်တွေကတော့ အများကြီး ကျန်ဦးမယ်။ ဂိုဏ်းတစ်ဂိုဏ်းကို အနည်းဆုံး သုံးထောင်ကနေ လေးထောင်လောက် ရှိလိမ့်မယ်။ အဲ့သုံးထောင်၊ လေးထောင် ထဲမှာတော့ အားကောင်းတဲ့ ပညာရှင်တွေ များများစားစား မရှိလောက်ဘူး။ ဒါပေမယ့် သူတို့တွေက ဂိုဏ်းအသီးသီးရဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်နေကြတုန်းပဲ”

“အားလုံးကို သတ်ပစ်လိုက်…” ရန်ကိုင်က စပြောလိုက်သည်။

ဝူကျဲ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

ရန်ကိုင်က ပြုံးကာ ဆက်ပြောလိုက်သည် “အဲ့ဒါက သိပ်ပြီး လက်တွေ့မဆန်ဘူး။ ဒါပေမယ့် မောင်းထုတ်လိုက်ဖို့ ကျတော့လည်း မဖြစ်နိုင်ပြန်ဘူး။ သူတို့ မောင်းထုတ်လိုက်ပေမယ့် ဒီမှာပဲ ပေကပ်နေပြီး ပြဿနာ မရှာဘူးလို့ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူးလေ”

“တော်ဝင်သခင် ပြောတာ အမှန်ပဲ။ ပြီးတော့ သူတို့တွေက ကျန်းအောင်၊ ချောင်ကွမ်နဲ့ အခြားခေါင်းဆောင်တွေ သေသွားပြီ ဆိုတာကို သိသေးတာ မဟုတ်ဘူး။ သိလိုက်တာနဲ့ ဂိုဏ်းနှစ်ဂိုဏ်း စလုံး ဝရုန်းသုန်းကား ဖြစ်မှာ။ ဝင်မပါဘဲနဲ့ ဒီအတိုင်း ထားလိုက်မယ်ဆိုရင် အခြေအနေက ဒီအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားနိုင်မှာ မဟုတ်ဘူး”

“ဒီတော့ ခင်ဗျား ဘယ်လိုလုပ်ချင်လဲ” ရန်ကိုင်က ဝူကျဲကို သေသေချာချာ စိုက်ကြည့်၍ မေးလိုက်သည်။

“အကောင်းဆုံးကတော့ သူတို့ကို ကျုပ်တို့လက်အောက် သွတ်သွင်းလိုက်ဖို့ပဲ။ ဂိုဏ်းနှစ်ဂိုဏ်းမှာ တပည့်တွေ အများကြီး ရှိတာ။ အဲ့တပည့်တွေထဲမှ အရမ်းပါရမီကောင်းတဲ့ တပည့်တွေကတော့ အနည်းနဲ့အများ ရှိနေမှာပဲ။ သူတို့ကိုသာ ကောင်းကောင်း ပျိုးထောင်ပေးလိုက်ရင် နောက်ပိုင်းကျ အားကောင်းတဲ့ ပညာရှင်တွေ ဖြစ်လာလိမ့်မယ်”

“ကိုယ့်လက်အောက် သွတ်သွင်းလိုက်ဖို့လား… မဆိုဘူး။ ခင်ဗျားဘာသာ ကြည့်လုပ်လိုက်တော့” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ခေါင်းညိတ်ပြလိုက်သည်။

ဝူကျဲ ကြောင်သွားခဲ့ပြီး “တော်ဝင်သခင်‌ရော မပါတော့ဘူးလား”

“အဲ့လူတွေကို ကျုပ်စိတ်မဝင်စားဘူး။ ပြီးတော့ ကျုပ်မှာ နတ်ဆိုးလက်အောက်ငယ်သားတွေ အများကြီး ရှိပြီးသားလေ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် အဓိပ္ပါယ်ပါပါ ဆက်ပြောလိုက်သည် “ဂိုဏ်းချူပ်ဝူလည်း ဒီအခွင့်အရေးကို သုံးပြီး မရဏဂိုဏ်းကို ပိုအားကောင်းလာအောင် လုပ်သင့်တယ်နော်။ ယူလို့ရတာယူ၊ ယူလို့ မရတာဆိုရင်တော့ လွှင့်ပစ်လိုက်ပေါ့။ ကြယ်ရောင်ဖြာနန်းတော်နဲ့ တိုက်ပွဲ စိတ်ဝိဥာဉ်ဘုရားကျောင်းက အားကောင်းတဲ့ အင်အားစုတွေ ဆိုတော့ သူတို့မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာပဲ”

ဝူကျဲ အမူအရာ ပြောင်းလဲသွားခဲ့ရလေပြီ။ ခဏလောက် စဉ်းစားနေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်၍ ပြောလိုက်သည် “တော်ဝင်သခင်ကို ကျေးဇူးအများကြီး တင်ပါတယ်”

ထိုအင်အားစုသုံးခုသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အရိမ်အောက်တွင် အမြဲနေခဲ့ရသည်။ ကြယ်ရောင်ဖြာ နန်းတော်သည် သူတော်စင် ဒုတိယအဆင့်ဖြစ်သော ကျန်းအောင်ကို ပိုင်ဆိုင်ထားသည့်အတွက် အင်အားစု သုံးခုထဲတွင် အားအကောင်းဆုံး ဖြစ်ခဲ့ပြီး တိုက်ပွဲစိတ်ဝိဥာဉ် ဘုရားကျောင်းနှင့် မရဏဂိုဏ်းမှာမူ အားအနည်းဆုံးများ ဖြစ်ကြပေသည်။

ယခု သူတို့ရှေ့သို့ မယုံနိုင်စရာ အခွင့်အရေးကြီးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်လေရာ ဝူကျဲ စိတ်မလှုပ်ရှားဘဲ ဘယ်နေမည်နည်း။

ထို့အပြင် ထိုဂိုဏ်းနှစ်ဂိုဏ်းတွင် အားကောင်းသည့် ပညာရှင်များ မရှိတော့။ သူသာ ထိုကိစ္စကို မကိုင်တွယ်နိုင်လျှင် သူ့ကိုယ်သူ သူတော်စင်အဆင့် ပညာှရင်တစ်ယောက်ဟု မသတ်မှတ်သင့်တော့။

ဝူကျဲလည်း စိတ်လှုပ်ရှားစွာဖြင့် ရန်ကိုင်အား ဦးညွှတ်ကာ နှုတ်ဆက်စကားဆိုပြီးနောက် သူ့ဂိုဏ်းတွင် ရက်နည်းနည်းလောက် လာနားရန် ဖိတ်ခေါ်လိုက်သည်။

မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး တော်ဝင်နယ်မြေမှ မထွက်ခွါခင် လဝက်လိုသေးပေသည်။ ထို့အချိန်အတောအတွင်း ရန်ကိုင်နှင့် သူကြားရှိ ဆက်ဆံရေးကို ပို၍ တိုးတက်အောင် လုပ်ချင်သည်မှာ သဘာဝပင်။

ဝမ်းနည်းစရာကောင်းသည်ကား ရန်ကိုင်က ဝူကျဲ၏ ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်ခြင်းပင်။

“ခင်ဗျားတို့ မရဂိုဏ်းက နီးနီးလေးပဲဟာ။ အချိန်ရရင် ခင်ဗျားဆီ စာပို့အကြောင်းကြားလိုက်မယ်” လှုပ်လှုပ်ရှားရှား ဖြစ်နေသော ရှေးဟောင်းနတ်ဆိုးကလန်သားများကို ကြည့်ရင်း ယခုအချိန်၌ ထွက်သွားရန် အချိန်ကောင်း မဟုတ်သေးမှန်း ရန်ကိုင် သိလိုက်သည်။

ဝူကျဲလည်း ဆက်လက်၍ မတိုက်တွန်းတော့။ သူ့ဂိုဏ်းဆီသို့သာ ပြန်သွားလေသည်။

တစ်ရက်ကြာပြီးနောက် မရဏဂိုဏ်းမှလူများသည် ဝူကျဲ ပြင်ဆင်ပေးထားသည့် ပစ္စည်းပစ္စယများကို သယ်၍ ရောက်လာခဲ့သည်။

လီရုန်နှင့် အခြားသူများလည်း ဝူကျဲ၏ အပြုအမူကြောင့် အတော်လေး ကျေနပ်ခဲ့ရသည်။

ယာယီနေရန်အတွက် တဲအိမ်များကို ဆောက်ပြီးသည်နှင့် ရှေးဟောင်းနတ်ဆိုးကလန်သားများသည် ဘေးပတ်ဝန်းကျင်ကို သိလိုတကြီးဖြင့် စတင် စူးစမ်းကြတော့လေသည်။

အကြီးဆုံးတဲအိမ်တွင်၊ ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်လျက် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ ကျန်းအောင်၏ ဝိဥာဉ်အပိုင်းအစကို စစ်ဆေးရန် ကြိုးစားနေခဲ့သည်။

လွန်ခဲ့သော နှစ်လ၊ ကျန်းအောင် သေသွားပြီးနောက် ရန်ကိုင်သည် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်း၍ ထိုဝိဥာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူကာ အသိစိတ် ပင်လယ်၏ ထောင့်တစ်နေရာတွင် ထားရစ်ခဲ့သည်။

ရန်ကိုင်သည် ကျန်းအောင်၏ မှတ်ဥာဏ်ကို အသုံးပြု၍ ကြယ်တာရာကောင်းကင်နှင့် ပက်သက်ပြီး ကျန်းအောင် ပြောသွားသည့် လျှို့ဝှက်ချက်ကို သိချင်နေခြင်းပင်။

ထို့ကြောင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် ကျန်းအောင်၏ ဝိဥာဉ်ကို မသန့်စင်ခဲ့။ ထို့အစား ထိုဝိဥာဉ်ထဲတွင် ရှိနေသော မှတ်ဥာဏ်များထဲမှ သူသိချင်သော အကြောင်းအရာ များကို သိနိုင်ရန် ကြိုးစားနေခဲ့သည်။

လူတစ်ယောက် သေဆုံးသွားပြီးနောက် သူ့မှတ်ဥာဏ် အားလုံး သူ့ဝိဥာဉ်ထဲတွင် ရှိနေပေလိမ့်မည်။ သို့သော် ထိုဝိဥာဉ်အား ဖြစ်သည့်အတိုင်းသာ ထားခဲ့လိုက်ပါက အချိန်တိုအတွင်း ပျောက်ကွယ်သွားရပေလိမ့်မည်။

အားကောင်းသော ပညာရှင်များ၏ ဝိဥာဉ်များမှာမူ ပို၍ ကြာကြာ တည်ရှိနေနိုင်ကြသည်။ အချို့ ပို၍ အားကောင်းသော ပညာရှင်များဆိုလျှင် သေသွားသည့်တိုင် သူတို့၏ ဝိဥာဉ်ဖြင့် ဆက်လက် လှုပ်ရှားနေနိုင်ကြဆဲ။ သင့်လျော်သော ခန္ဓာကိုယ်သာ ရှိပါစေ၊ ထိုခန္ဓာကိုယ်ထဲ ဝင်ပူပြီး သူတို့၏ ဘဝကို ဆက်လက် ရှင်သန်နိုင်ကြသည်။

အခြားလူတစ်ယောက် ဝိဥာဉ်အပိုင်းအစအား ယခုကဲ့သို့ စစ်ဆေးခြင်းသည် အရမ်းကိုမှ ရှုပ်ထွေးပြီး အန္တရာယ်များလှ၏။ အရမ်းကိုမှ အားကောင်းသော ဝိဥာဉ်နှင့် စိတ်စွမ်းအင် ပိုင်ဆိုင်ထားကြသူများပင်လျှင် သေဆုံးသွားသော ဝိဥာဉ် အကြွင်းအကျန်းများ၏ မှတ်ဥာဏ်ကို မဖတ်ရှုရဲကြချေ။ အဘယ်ကြောင့်ဆိုသော် တစ်ချက်ကလေး သတိမမူလိုက်သည်နှင့် ထိုဝိဥာဉ် အကြွင်းအကျန်ထဲရှိ မှတ်ဥာဏ်များ၊ စိတ်ခံစားချက်များ အားလုံးသည် မိမိ၏ မှတ်ဥာဏ် ခံစာချက်များနှင့် ရောထွးသွားနိုင်ကာ ကိုယ်ပိုင် အသိစိတ်ပျော်ကဆုံးသွားနိုင်သောကြောင်ပင် ဖြစ်သည်။

ထိုကဲ့သို့ အဖြစ်အပျက်များ မဖြစ်လေရအောင် ကာကွယ်ပေးနိုင်သော တေဇောဓါတ် အသိစိတ်ပင်လယ် ရှိသည့်အတွက်ကြောင့်သာ ယခုကဲ့သို့ ရန်ကိုင် လုပ်ရဲခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် သတိကြီးကြီးထားလျက် လုပ်နေခဲ့သည်။ ထိုမှတ်ဥာဏ်များကို ဖတ်ရှုနေစဉ် အတောအတွင်း ကျန်းအောင်၏ လက်ကျန် အတွေးမျာ သူ့ကိုယ်ပိုင် အတွေးနှင့် မရောထွေးသွားစေရန် အထူးသတိထားနေခဲ့သည်။ ရောစပ်သွားတော့မည့် လက္ခဏာ မြင်လိုက်သည်နှင့် လုပ်လက်စ အလုပ်ကို ချက်ချင်း ရပ်တန့်လေသည်။

တဖြည်းဖြည်းနှင့် အမျိုးမျိုးသော မြင်ကွင်းအဖုံဖုံတို့ကို ရန်ကိုင် မြင်တွေ့လာရသည်။ ထိုမြင်ကွင်း အားလုံးသည် ကျန်းအောင် မသေခင်က သူ့မှတ်ဥာဏ်များ ဖြစ်ပေသည်။

သူသိချင်သည်နှင့် မဆိုင်သော အကြောင်းအရာ များကိုမူ ကျော်သွားခဲ့လေသည်။

ထိုကဲ့သို့ လုပ်ခြင်းသည် စိတ်စွမ်းအင် အရမ်းစာလှသဖြင့် ခဏခဏ နားနားပြီး လုပ်နေခဲ့ရသည်။

ငါးရက်ကြာပြီးမှပဲ ကြယ်တာရာကောင်းကင်နှင့် ပက်သက်သည့် မှတ်ဥာဏ်တစ်ပိုင်းတစ်စကို ရန်ကိုင် ရှာတွေ့ခဲ့သည်။

အမျိုးမျိုးသော ကျောက်တိုင်းများ ထိုးထွက်နေသည့် ကျောက်တုံးတောအုပ်တစ်ခုကို ရန်ကိုင် ဝိုးတဝါးတား မြင်တွေ့လိုက်ရသည်။ ရှေးဟောင်းကျောက်တုံး များစွာကို ဤနေရာမှ ကျန်းအောင် ရှာတွေ့ခဲ့ခြင်း ဖြစ်ပေသည်။

သွေးအဆီအနှစ် ကျောက်တုံကိုလည်း ဤနေရာမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထိုမှတ်ဥာဏ်အတွင်းမှ ကျန်းအောင်သည် ခဏတာမျှ စမ်းတဝါးဝါး လုပ်နေခဲ့ခြင်း နားမလည်နိုင်သည့် အရာများကို လုပ်ပြီးနောက် ရုတ်တရက် လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ဖွင့်လိုက်သည်။ အချိန်အတော် တုန့်ဆိုင်းနေပြီးမှပဲ ထိုလေဟာနယ်လိုဏ်ခေါင်းထဲသို့ ခြေချလိုက်သည်။

ထို့နောက် ကျန်းအောင်ရှေ့ ရုတ်တရက် ထွက်ပေါ်လာသည်ကား ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးပင်။ မရေမတွက်နိုင်သော အလင်းစက်လေးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်တောက်ပနေခဲ့ပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့သည်လည်း သူ့အသွေးအသားကို တိုက်စားနေခဲ့သည်။

သေချာ အနီးကပ်ကြည့်ရန် လုပ်မည်အပြု ထိုမြင်ကွင်း ရုတ်တရက် နှောင့်ယှတ်ခံလိုက်ရသည်။

ရန်ကိုင် သက်ပြင်းချလိုက်ပြီး သူ့အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ကျောက်တုံးတောအုပ် မည်သည့်နေရာတွင် ရှိမှန်း သူမသိ။ ကြယ်ရောင်ဖြာနန်းတော်ထဲရှိ တစ်နေရာရာတွင် ရှိနေမှန်းသာ သိသည်။

သူရှာနေသည့်အရာကို တွေ့သွားပြီဖြစ်သည့်အတွက် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို အသက်သွင်း၍ ကျန်းအောင်၏ ဝိဥာဉ်အကြွင်းအကျန်ကို အပြီးတိုင် သန့်စင်ပစ်လိုက်လေသည်။

All Chapters