အခန်း (၈၉၁-၈၉၅)
Vol. 36 Ch. 891-895
အပိုင်း (၈၉၁)
လောကရတနာများသည် အရမ်းကိုမှ ရှားပါးလှပြီး တစ်ခုတွေ့ရန်ကိုပင် အရမ်းကိုမှ ခက်ခဲလှကြပေသည်။ သေသည်ထိတိုင် လောကရတနာတစ်ခုကို မမြင်ဖူးသွားသော ကျင့်ကြံသူများမှာလည်း ဒုနှင့်ဒေးပင်။
ထိုလောကရတနာများသည် အသိစိတ် အတိုင်းအတာ တစ်ခုအပထိ ပိုင်ဆိုင်ထားကြသဖြင့် သာမန် အပင်သက်သက်၊ ပစ္စည်းသက်သက်များ မဟုတ်ကြတော့ဘဲ သက်ရှိများ ဖြစ်နေပြီဟု ဆို၍ ရသည်။ ထို့ကြောင့် သူတို့သည် အန္တရာယ်ကို သတိပြုမိနိုင်ပြီး ပြေးတတ်၊ ပုန်းတတ်ကြသည်။
လူအုပ်ကြီး၏ တုန့်ပြန်မှုကို လေ့လာရင်း ရှုဟွေက ရယ်သွမ်းသွေးလျက် ဆက်ပြောလိုက်သည် “စိတ်မပူနဲ့၊ မင်းတို့ရဲ့ အဖိုးတန်ရတနာတွေကို ငါတို့ တော်ဝင်နယ်မြေက အတင်းအကြပ် လုယူမှာ မဟုတ်ဘူး။ တော်ဝင်သခင်က ပြောလိုက်တယ်… ဘယ်အဆင့်ပဲရှိပါစေတဲ့ လောကရတနာဖြစ်တယ်ဆိုရင် အလဲအလှယ် လုပ်လို့ရတယ်။ မင်းတို့ ပိုင်ဆိုင်ထားတဲ့ လောကရတနာကို တော်ဝင်နယ်မြေဆီ လက်လွှဲပေးမယ်ဆိုရင် တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးက မင်းတို့အတွက် ဆေးလုံးသုံးလုံးကို အလကား သန့်စင်ပေးလိမ့်မယ်။ ပြီးတော့ လောကရတနာကို တော်ဝင်နယ်မြေဆီ ရောင်းမယ်ဆိုရင် ဆက်ပြီး တန်းစီနေစရာမလိုပဲ မင်းတို့ သန့်စင်ချင်တဲ့ ဆေးလုံးကို ချက်ချင်း သန့်စင်ပေးဖို့ တောင်းဆိုနိုင်တယ်။ ပြီးတော့ အဲ့ဆေးလုံးကို လုံးဝ အောင်မြင်အောင် သန့်စင်ပေးမယ်လို့ တော်ဝင်နယ်မြေက အာမခံတယ်”
ထိုကြေညာချက်ကို ကြားပြီးနောက်သည် လူအုပ်ကြီး တစ်ခုလုံး တဒင်္ဂတာ တိတ်ဆိတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကျွတ်ကျွတ်ညံသွားလေသည်။
ဆေးဖော်စပ်ပေးရန်အတွက် တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီး တောင်းဆိုသော အခကြေးမှာ များလည်း မများသလို နည်းလည်း မနည်းပါချေ။ ဆေးလုံးတစ်လုံးကို ဖော်စပ်ပေးစေချင်ပါက ထိုဆေးလုံးနဲ့ တန်ဖိုးတူညီသော ဆေးပင်များ၊ သို့ သလင်းကျောက်များကို အခကြေးအဖြစ် ပေးရပေလိမ့်မည်။
ထိုအခကြေးကို လူအများစုက ပေးနိုင်ကြပေသည်။
သူတော်စင်အဆင့် ဆေးပင်များမှာ ရှာရန် ခက်ခဲသော်ငြား ထိုဆေးပင်များကို ပိုင်ဆိုင်ထားသော ပညာရှင်များအတွက် သလင်းကျောက်မှာ ရှားပါမနေချေ။
သို့သော် ဆေးလုံးသုံးလုံးကို အလကား သန့်စင်ပေးမည် ဆိုသော ဆုလာဒ်များ လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင် နိုင်သည်ထက် ပိုနေလေချေပြီ။
ထိုစဉ် လူတန်းထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည် “အကြီးအကဲချုပ်၊ အလကားသန့်စင်ပေးမယ့် ဆေးလုံး သုံးလုံးရဲ့ အဆင့်ကို သတ်မှတ်ထားပါလားဗျာ”
ရှုဟွေက ပြုံးကာ ခေါင်းခါရမ်း၍ “မသတ်မှတ်ထားဘူး။ ဆန္ဒရှိရင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံး သုံးလုံးကိုတောင် သန့်စင်ပေဖို့ တောင်းဆိုလို့ရတယ်”
“ဆေးဝိဇ္ဇာကြီးက တကယ်ကို ရတယ်” ထိုလူက အလန့်တကြား ဆိုလိုက်သည်။ သူ့နားတွင် ရှိနေသူများလည်း ထိတ်လန့်နေကြလေပြီ။
ယနေ့ထိတိုင် မည်သူမှ သူတော်စင်အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ပေးပါဟု လာရောက် မတောင်းဆို ကြသော်လည်း ရှုဟွေ ပြောသွာသည့်ပုံအရ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးသည် ထိုအဆင့်ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည့်ပုံပင်။
“ဒါကြောင့် လောကရတနာတွေ ပိုင်ဆိုင်ထားရင် ဖွက်မထားကြပါနဲ့တော်။ တကယ်တော့ ဒီလို အခွင့်အရေးမျိုးဆိုတာ နောက်တစ်ခါ ပြန်ရဖို့ လွယ်တာ မဟုတ်ဘူးလေ” ရှုဟွေက ပြုံးကာ လူအုပ်ကြီးကို ထပ်မံ သွေးဆောင်လိုက်ပြန်သည်။
လူအုပ်ထဲတွင် လောကရတနာပိုင်ဆိုင်ထားသော လူရှိမရှိ သူမသိလို ရန်ကိုင် ထိုကဲ့သို့သော ပစ္စည်းမျိုး ဘာကြောင့် လိုချင်နေသလဲ ဆိုသည်ကိုလည်း သူမသိချေ။ သို့သော် သူသိသည်၊ မသိသည်မှာ အရေးမပါ၊ တော်ဝင်သခင်၏ အမိန့်ဖြစ်၍
သူ့တာဝန်မှာ ထိုအတိုင်း လုပ်ဆောင်ရန်ပင် ဖြစ်သည်။
လူတန်းရှည်ကြီး၏ နောက်ဆုံးပိုင်မှ အစောပိုင်းကလေးတင် ရောက်ရှိလာခဲ့သော လူအုပ်ထဲမှ တစ်ယောက်က တစ်ခဏတာ တနု့်ဆိုင်းနေပြီးနောက် “အကြီးအကဲချုပ်၊ ဘယ်လို လောက ရတနာမျိုး ဖြစ်ရမယ်ဆိုတာမျိုးလည်း မရှိဘူးမလား”
“မရှိဘူး” ရှုဟွေက သူ့အား လှမ်းမေးလိုက်သည့် လူဆီ လှည့်ကြည့်လိုက်သည်။
ထိုလူက အနည်းငယ် ကသိကအောက်နိုင်သည့် အမူအရာဖြင့် “ကျုပ်ဆေးလုံးတစ်လုံး သန့်စင်ချင်တယ် ဆိုရင်ကော”
“ကျန်တဲ့ အခွင့်အရေးနှစ်ခုကို သိမ်းထားပြီး ကြိုက်တဲ့အချိန် ပြန်သုံးလို့ရတယ်။ ငါတို့တော်ဝင်နယ်မြေဆီ လာပြောလိုက်ရုံပဲ”
“အဲ့လိုဆိုရင်…” ထိုလူက အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ကာ အကြီးအကဲချုပ်ရှုဟွေ လက်ထဲသို့ ထည့်၍ “ဒါဆိုရင် အဆင်ပြေလောက်လား အကြီးအကဲချုပ်”
ထိုလူမျက်နှာမှာ စိုးလည်းစိုးရိမ်မိသလို စိတ်လည်း လှုပ်ရှားမိနေလေသည်။
ထိုလူသည် အသက်သုံးဆယ်မကျော်သေး၊ သူ့ခွန်အား ဆိုလျှင်လည်း အတော်လေးကိုမှ နိမ့်ကျကာ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့သာ ရောက်သေးသည်။ သူ့ကျင့်ကြံခြင်းကြောင့် သူတောင်းဆိုမည့် ဆေးလုံးမှား စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံး ဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲပင်။
ထိုကဲ့သို့သော ကျင့်ကြံသူတစ်ယောက် အနေဖြင့် ရှုဟွေကဲ့သို့သော လူသိများကျော်ကြားသည် လူတစ်ယောက်နှင့် စကားပြောရသည့်အခါ အနည်းငယ် စိုးရိမ်၊ စိတ်လှုပ်ရှား မိသည်မှာ သဘာဝပင်။
ရှုဟွေက မျက်ခုံးပင်၍ ကျောက်စိမ်းသတ္တာကို ယူလိုက်သည်။
ထိုလူက အမြန်အဆန်ပဲ ထပ်ပြောလိုက်သည် “အကြီးအကဲချုပ်၊ သတိထားဦးနော်။ အဲ့ဒါက အရမ်းကို အပြေးမြန်တာ။ သတိပေါ့လျော့လိုက်တာနဲ့ ကျိန်းသေ ထွက်သွားသွားမှာ။ ကျုပ်တောင် ကံကောင်းပြီး ဖမ်းနိုင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒါက အခုထိ ဘာမှန်းမသိသေးဘူး”
“ကိစ္စမရှိဘူး” ရှုဟွေက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ထိုကျောက်စိမ်းသေတ္တာကို သူ့ကောင်းကင်စိတ်အာရုံဖြင့် အကြားအလပ် မရှိစေအောင် လွှမ်းခြုံလိုက်သည်။
လူအုပ်ကြီးသည်လည်း လည်ကိုဆန့်ကာ မည်ကဲ့သို့သော လောကရတနာဖြစ်မည်ကို စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ကြည့်နေခဲ့ကြသည်။
လော့ရှုန်းနှင့် မန်ထျန်ဖေးတို့ပင်လျှင် ခေါင်းလေးစောင်းကာ ကြည့်နေခဲ့ကြသည်။
သေတ္တာကိုဖွင့်လိုက်သည်နှင့် သာယာသိမ်မွေ့လှသော လရောင်ကဲ့သို့သော မှိတ်ဖျော့ဖျော့လေး အလင်းရောင်လေး ပွင့်လန်းတောက်ပလာခဲ့သည်။
သေတ္တာပွင့်သွားသည်နှင့် အထဲတွင် ရှိနေသော အရာသည် အဖြူရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ချက်ချင်း ပြေးထွက်ရန် ကြိုးစားလေသည်။
ထိုအခြင်းအရာကိုမြင်သော် ရှုဟွေ ရယ်သာ ရယ်လိုက်သည်။ သေတ္တာပတ်လည်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံ ထားလေရာ ထိုအရာ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
အလင်းရောင်တို့ ပျောက်ကွယ်သွားချိန် အရွက်သုံးရွက်ပါ မြက်ပင်ကဲ့သို့သော အပင်လေးတစ်ပင် ထွက်ပေါ်လာခဲ့သည်။
ထိုအပင်လေးဆီမှ အားနည်းဖျော့တော့သော စွမ်းအင်လှိုင်းတို့ ဖြာထွက်နေခဲ့သည်။ ပင်စည်မှာ အသန့်စင်ဆုံးသော ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားသည့်အလား သလင်းကျောက် ကဲ့သို့ ဖြစ်နေခဲ့လေသည်။
အရွက်သုံးရွက်မှာမူ နှင်းစက်များကို သောက်သုံးထားရသည့် အလား လန်းဆန်းပျော့ပေါင်းလှသည်။
“တကယ့် လောကရတနာပဲ” ရှုဟွေ၏ မျက်လုံးများ တဖျတ်ဖျတ် လင်းလက်သွားခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုအပင်လေးသည် အသိစိတ် ပိုင်ဆိုင်ထားသော လောကရတနာတစ်ခုဖြစ်မှန်း ရှုဟွေ အတပ် ပြောနိုင်သည်။
“ဒါ ဘယ်လိုလောကရတနာလဲဆိုတာကို သိတဲ့လူရှိလား”
လူအများစုမှာ ခေါင်းသာ ခါပြကြသည်။ သို့သော လူတစ်ယောက်က ရယ်ရယ်မောမောဖြင့် “အကြီးအကဲချုပ်၊ ဒါက လစမ်းရောင်မြက်ပင်ရဲ့ ရိုးတံပါ။ လရောင်ကို နှစ်ပေါင်းများစွာ စုပ်ယူလာခဲ့ပြီးမှ အသိစိတ်ပေါက်ဖွားလာတဲ့ အပင်တစ်ပင်ပါ။ အဲ့ဒါကို လောကရတနာလို့ သတ်မှတ်လို့ ရပေမယ့် အခုမှ ပျိုးပင်ပေါက် အရွယ်လောက်ပဲ ရှိဦးမယ်။ အရွက်သုံးရွက်ပဲ ရှိတာဆိုတော့ ဘာမှ သုံးလို့တော့ ရမှာမဟုတ်သေးဘူး။ အရွက် ငါးရွက်ဖြစ်လာတဲ့အထိ နောက်ထပ် နှစ်တစ်ရာလောက် ထပ်စောင့်လိုက်မယ် ဆိုရင်တော့ အရမ်းကို အဖိုးတန်သွားမှာ”
“အို၊ ဒီက ရောင်းရင် ဒီအပင်နဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲနော်” ရှုဟွေက စကားပြောလိုက်သည်လူဆီ အပြုံးလေးဖြင့် လှမ်းကြည့်လိုက်သည်။
“မဟုတ်ရပါဘူးဗျာ။ တကယ်တော့ ကျုပ်က ဆေးပင်တွေကို တော်တော်လေး စိတ်ဝင်စားတာလေ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ဆေးပညာရှင် လုပ်ဖို့တောင် ကြံခဲ့တာ။ ဒါပေမယ့် အရည်းအချင်းက မရှိတော့ အဲ့လမ်းကြောင်းပေါ် ခြေမချနိုင်ခဲ့ဘူးလေ။ ဒါကြောင့် သိုင်းလမ်းစဉ်ကိုပဲ လျှောက်လှမ်းဖို့ ရွေးချယ်လိုက်တာ”
“ကျုပ်သိပြီ” ရှုဟွေက ခေါင်းညိတ်လိုက်သည်။ ဆေးပညာရှင် တစ်ယောက်၏ အမျိုးမျိုးသော စိတ်ဝိဥာဉ်အပင်များအပေါ် နားလည်မှုသည် အခြားလူများသည် ပိုမို သာလွန်မည်မှာ သံသယ ရှိစရာ မလိုချေ။ ထိုလူသည် ဆေးပညာရှင်တစ်ယောက် ဖြစ်မလာခဲ့သော်လည်း ဆေးပင်များနှင့် ပက်သက်၍ သူသည် အခြားသူများထက် ပိုသိပေသည်။
“အဲ့လိုဆိုရင်… ဒါက အဆင်ပြေလောက်လား” လစမ်းရောင်မြက်ပင် ပိုင်ရှင်က ခေါင်းကိုကုတ်လျက် စိုးရိမ်ပူပန်နေသည့် လေသံဖြင့် မေးလိုက်သည်။
တစ်ယောက်ယောက်က ရှေ့ထွက်လာပြီး လရောင်စမ်းမြက်ပင်မှာ ဘာမှ အဖိုးမတန်ဘူးဟု ပြောလာသဖြင့် ပိုင်ရှင်ဖြစ်သူ စိုးရိမ်သွားသည်မှာလည်း မဆန်း။
ကတိပေးထားသော ဆုမှာ ဆေးသုံးလုံးကို အလကား သန့်စင်နိုင်ခွင့်ပင်။ လစမ်းရောင်မြက်ပင် တကယ်ရော ထိုမျှ ထိုက်တန်ပါရဲ့လား။
“ပြေတာပေါ့” သို့သော် ရှုဟွေက ပြုံးကာ ခေါင်းညိတ်ကာ “ဒီလူအိုကြီး ပြောပြီးသားလေ။ ဘယ်အဆင့်ပဲဖြစ်ဖြစ်၊ အဖိုးတန်တန် မတန်တန်၊ လောကရတနာ ဖြစ်နေရင် ရပြီ။ ကဲ၊ ဒီလစမ်းရောင်မြက်ပင်ကို ဒီလူအိုကြီး ယူထားလိုက်မယ်။ ညီငယ်လေး၊ ပြောထားတဲ့ ဆုကိုတော့ ငါနဲ့ လိုက်ပြီး ယူပေးတော့”
“ဟုတ်ကဲ့ပါ” ထိုလူက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။
သူသည် ယနေ့မှသာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သတ်မှတ်ထားသည့်အတိုင်း စောင့်နေရမည် ဆိုပါက အနည်းဆုံး ခြောက်ရက်၊ ခုနှစ်ရက်လောက် ထပ်စောင့်ရပေမည်။ ထို့အပြင် သူလိုချင်သည့် ဆေးလုံးအတွက်လည်း သလင်းကျောက်များ ထပ်မံ ပေးချေရပေဦးမည်။
သို့သော် ယခုအချိန်၌ သူ့အတွက် လုံးဝ အသုံးမဝင်သော လစမ်းရောင်မြက်ပင်လေး တစ်ပင်ကြောင့် တန်းစီစရာ မလိုတော့သည့် အပြင် ဆေးလုံးသုံးလုံးကိုလည်း အလကား သန့်စင်ခွင့် ရလိုက်သေးသည်။
ဆိုလိုသည်ကား နောက်ပိုင်းကျ သင့်လျော်သော ဆေးအမယ် များကိုသာ ရှာနိုင်ပါက ဆေးပညာရှင် မရှာနိုင်မှာကို စိုးရိမ်စရာ မလိုတော့ဘဲ တော်ဝင်နယ်မြေသို့ လာရောက်ကာ သန့်စင်ပေးရန် တောင်းဆိုလိုက်ရုံဖြင့် ရနေလေပြီ။
ကံသာကောင်းလျှင် ဆေးသွေးကြောပါသော ဆေးလုံးကိုပင် ရနိုင်သေးသည်။
ထိုကဲ့သို့ စိတ်ကူးရင် လူငယ်လေးမှာ အရမ်းကို ရင်ခုန်၊ စိတ်လှုပ်ရှားနေမိလေသည်။
“ခဏနေပါဦး” ရုတ်တရက် တန်းစီစောင့်နေသော လူတန်းထဲမှ လူတစ်ယောက် လှမ်းအော်ခေါ်လိုက်သည်။
ရှုဟွေ မျက်မှောင်ကြုံ့သွားခဲ့ပြီး လှမ်းအော်ခေါ်လိုက်သည့် လူဆီ လှည့်ကြည့်လိုက်ရာ ထိုလူသည်လည်း သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရသဖြင့် မလွှဲမရှောင်သာ ပြန်မေးလိုက်လေသည် “ဒီကမိတ်ဆွေ ဘာအကြံများ ပေးချင်လို့လဲ”
“မပေးရဲပါဘူးဗျာ” ထိုသူတော်စင်အဆင့် ပညာရှင်က ရယ်ရယ်မောမောဖြင့် “ဒီက ညီငယ်လေးနဲ့ ပြောစရာလေးရှိလို့ ခဏလောက် စောင့်ပေးပါလားလို့ အကြီးအကဲချုပ်ကို တောင်းဆိုချင်လို့ပါ”
ထိုလူအား ခဏလောက် စိုက်ကြည့်နေလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ “ကောင်းပြီလေ။ မြန်မြန်တော့ ပြောနော်။ တော်ဝင်သခင်က ဒီလူအိုကြီး လာပြန်သတင်းပို့မှာကို စောင့်နေလို့”
“အကြီးအကဲချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်” ပြောပြီးနောက် အင်မော်တယ်တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် လူငယ်လေးဆီ လမ်းလျှောက်သွားလိုက်လေသည်။
သူတော်စင်အဆင့် ပညာရှင်များ လေသံကိုနှိမ့်၍ တိုးတိုးလေး ပြောနေသဖြင့် မည်သူမှ သူဘာပြောနေလဲ ဆိုသည်ကို မကြားရချေ။
စစချင်းတွင် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ အော်ခေါ်ခြင်း ခံလိုက်ရသဖြင့် လစမ်းရောင်မြက်ပင် ပိုင်ရှင်မှာ တော်တော်လေး စိုးရိမ်သွားခဲ့သည်။ သို့သော် သူတော်စင်အဆင့် ပညာရှင် ပြောသည်ကို ကြားပြီးနောက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့ကာ ကြက်အစာကောက်သည့်ပမာ ခေါင်းကို တဆိတ်ဆိတ် ညိတ်နေလေတော့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လူအုပ်ကြီးလည်း သူတို့ နှစ်ယောက် ဘာပြောနေလဲဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်း မိလိုက်ကြသည်။
ခဏအကြာ၌ သူတော်စင်အဆင့် ပညာရှင်လည်း ပြောစရာ ရှိတာကို ပြော၍ ပြီးသွားခဲ့သည်။ နှစ်ယောက်စလုံး သဘောတူညီချက် တစ်ခုရသွားသည့်ပုံပင်။
ရှုဟွေမှာ လူငယ်လေးအား တော်ဝင်နယ်မြေသို့ သူနှင့်အတူ မခေါ်သွားရသေးခင်မှာဘဲ လူတန်းရှည်ကြီးထဲမှ သူတော်စင်အဆင့် ပညာရှင်များ ထပ်မံ ပြေးထွက်လာပြီး လူငယ်လေးနှင့် စကား ထပ်ပြောကြပြန်လေသည်။
ယခု လစမ်းရောင်မြက်ပိုင်ရှင်မှာ ကျဉ်းထဲကြပ်ထဲ ရောက်နေလေပြီ။ ထိုသူတော်စင်အဆင့် ပညာရှင်အားလုံးမှာ သူစော်ကား၍ မရသည့် လူများဖြစ်ကြရာ နောက်ဆုံး မစဉ်းစားတတ်တော့သည့်အဆုံး ရိုးရိုးရှင်းရှင်းသာ အော်ပြောလိုက်လေသည် “စီနီယာတို့၊ ကျေးဇူးပြုပြီး လေလံဆွဲလိုက်ကြပါဗျာ။ အမြင့်ဆုံး ပေးနိုင်တဲ့လူကို အဲ့နေရာ ပေးပါ့မယ်”
ထိုစကားကို ကြားလိုက်သည်နှင့် အနားတွင် စုဝေးနေသော သူတော်စင်အဆင့် ပညာရှင်များသည် ချက်ချင်း စတင် ကမ်းလှမ်းကြတော့လေသည်။ ထိုကဲ့သို့သော အခွင့်အရေးကောင်းကြီး တစ်ခုကို မည်သူမှ လက်မလွှတ်ချင်ကြပေ။
ရှုဟွေလည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့သည်။ လရောင်စမ်းမြက်ပိုင်ရှင် ဘာလုပ်နေမှန်း သူနားလည်သွားလေပြီ။
တော်ဝင်နယ်မြေသည် သူ့အတွက် ဆေးလုံးသုံးလုံး အလကား သန့်စင်ပေးမည်ဟု ကတိပေးခဲ့သည်။
သူ့အား ပထမဆုံး စကားလာပြောသည့် သူတော်စင်မှ အစပြု၍ လူငယ်လေးသည် ထိုသုံးနေစရာစလုံးကို ရောင်းချရန် ဆုံးဖြတ်လိုက်လေသည်။
ထိုအခွင့်အရေး သုံးခုမှ ကွဲပြားခြားနားသော ဆုလာဒ် သုံးခုပင် ဖြစ်လေသည်။ သူတောင်းဆို၍ ရရှိလာမည့် ဆေးလုံးထက် ပို၍ အဖိုးတန်သော ဆုလာဒ်ပင်။
ရှုဟွေလည်း ခေါင်းလေး တရမ်းရမ်းဖြင့်သာ ထိုအဖြစ်အပျက်ကို ဝင်မနှောင့်ယှတ်ဘဲ ဒီအတိုင်းသာ ရပ်ကြည့်နေလိုက်သည်။
ခဏအကြာ၌ လစမ်းရောင်မြက်ပိုင်ရှင်သည် အပြုံးကြီး ပြုံးလျက် ပြေးလာခဲ့သည် “အကြီးအကဲချုပ်ကို စောင့်ခိုင်းစေမိလို့ တောင်းပန်ပါတယ်နော်။ အခု သွားလို့ရပါပြီ”
ရှုဟွေက ထိုလူငယ်လေးကို ပြန်ပြုံးပြလိုက်ပြီး “အခြေအနေ ဘယ်လိုလဲ”
လူငယ်လေးက အားမာန်ပါပါဖြင့် ခေါင်းညိတ်လိုက်ပြီး “အရမ်းကောင်းတယ်။ ဒါပေမယ့်… အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား”
“ရတယ်၊ ဘာပြဿနာ မရှိဘူး။ တော်ဝင်နယ်မြေက အခွင့်အရေးသုံးခု ပေးရုံပဲ။ အဲ့အခွင့်အရေးကို ဘယ်လို သုံးမလဲ ဆိုတာကတော့ မင်းကိစ္စပေါ့”
“ကောင်းလိုက်တယ်။ ကျုပ် အရမ်းပျော်သွားပြ” ထိုမျှ များပြားလှသော အကျိုးအမြတ်များ ကောင်းကင်ပေါ်မှ ရွှေမိုး၊ ငွေမိုး ရွာသလို ကျလာခဲ့ရာ လူငယ်လေးမှာ ခေါင်းပင် မူးနောက်နောက် ဖြစ်ချင်လာခဲ့သည်။
သူတော်စင်အဆင့် ပညာရှင်သုံးယောက်မှာ အပြင်ဘက်တွင် ရပ်မစောင့်ချင်ကြပေ။ လူငယ်လေးအား သူတို့ ပေးခဲ့သော အကျိုးအမြတ်မှာလည်း သူတို့ လိုချင်သည့် သူတော်စင်အဆင့် ဆေးလုံးထက် ပို၍ အဖိုးမတန်ချေ။
သူတို့ ပြင်ဆင်လာသော ဆေးအမယ်များနှင့် တူညီသော တန်းဖိုအား အဆင့်နိမ့် လောကရတနာဖြစ်သည့် လစမ်းရောင် မြက်ပင်နှင့် အလဲအလှယ်အဖြစ် လူငယ်လေးအား ပေးလိုက်ခြင်း မည်ပေသည်။
အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဤအရာမှာ သူ့တစ်သက်တာတွင် အကြီးမားဆုံးသော အခွင့်အလမ်းကြီး ဖြစ်လေသည်။
လူငယ်လေးအား ဧည့်ကြိုခန်းဆီသို့ ခေါ်သွားပြီး သူယူလာသော ဆေးအမယ်သုံးစုံကို လက်ခံလိုက်ပြီးနောက် တော်ဝင်ရုံးတော် ရှိရာဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
ဆေးရနံ့တို့ဖြင့် သိပ်သည်းပြည့်နှက်နေသော အခန်းတစ်ခုထဲ ရန်ကိုင်သည် ဆေးမီးဖိုလေးတစ်ခုရှေ့ ထိုင်နေခဲ့သည်။
ရှုဟွေ ဝင်လာပြီး ဖြစ်ကြောင်းကုန်စဉ်ကို ရှင်းပြလိုက်သည်။
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ဆေးပင်များနှင့်အတူ လစမ်းရောင်မြက်ပင်ကို လက်ခံယူလိုက်ကာ “သန့်စင်လို့ ပြီးသွားရင် ခင်ဗျားကို လှမ်းခေါ်လိုက်မယ်”
“ဟုတ်ကဲ့ပါ”
ရှုဟွေ ထွက်သွားပြီးနောက် ရန်ကိုင်သည် လစမ်းရောင် မြက်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး သူ့အသိစိတ်ကိုလည်း ထိုထဲသို့ ပို့လိုက်သည်။
လရောင်တန်းလေးတစ်ခု အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ ထွက်ပေါ်လာခဲ့ပြီး ပေါ်လာလာချင်းမှာဘဲ သွေးရူးသွေးတန်းဖြင့် လုံခြုံလောက်မည် နေရာတစ်ခုကို ပြေးရှာတေ့လေသည်။
နတ်ဘုရားသစ်ပင်သည် ထိုအသစ်လေးအား စိတ်ဝင်တစားဖြင့် အသေအချာ ကြည့်နေခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၂)
နတ်ဘုရားသစ်ပင်၏ အပြုအမူသည် လရောင်စမ်းမြက်ပင်ကို ပို၍ ကြောက်လန့်သွားစေလေရာ ခဏအကြာတွင် လရောင်စမ်း မြက်ပင်သည် ဆေးပေါင်ရေကန်အတွင်း ငုံ့ဝင်သွားလေသည်။
သို့သော်လည်း ဆေးပေါင်းရေကန်ထဲသို့ လရောင်စမ်းရေကန် ငုံ့သွားသည်နှင့်တစ်ပြိုင်နက် ကန်တွင်းရှိ ဆေးရည်များကို လွန်စွာကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် စတင် စုပ်ယူ တော့လေသည်။ လရောင်စမ်းမြက်ပင်လေး၏ အရွက်များ ဆိုလျှင်လည်း တဖျတ်ဖျတ် လင်းလက် တောက်ပလာတော့သည်။
အခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး လရောင်စမ်းမြက်ပင်ကို ကန်တွင်းမှ ဆွဲထုတ်တော့မည်အပြု နတ်ဘုရားသစ်ပင်က သူ့ထက် အရင် စောအောင် ဆွဲထုတ်လိုက်လေသည်။
အရွက်သုံးရွက်မြက်ပင်အား မမြင်နိုင်သော စိတ်စွမ်းအင်ဖြင့် ရစ်ပတ်၍ ကန်တွင်းမှ ကမန်းကတန်း ဆွဲထုတ်လိုက်လေသည်။
ထို့နောက် နတ်ဘုရားသစ်ပင်သည် လရောင်စမ်းသစ်ပင်နှင့် ဆက်သွယ်ကြည့်လိုက်သည်။
ထိုအခါမှသာ ရန်ကိုင် စိတ်ငြိမ်သွားခဲ့ပြီး အပြုံး ယဲ့ယဲ့လေး ပြုံးလိုက်သည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် နတ်ဘုရားသစ်ပင်က ရန်ကိုင်ကို ပြောလိုက်သည် “ဆူတော့ ဆူပြီးသွားပြီ။ နောက်ဒီလို မလုပ်အောင် ငါသေချာ စောင့်ကြည့်ထားလိုက်မယ်။ ဒါပေမယ့် ဒီကောင်းလေးက မင်းနဲ့ မတွေ့ခင်တုန်းက ငါလို့မျိုး ဖြစ်နေတော့ သူနဲ့ ပြောဆိုဆက်သွယ်ဖို့က နည်နးည်းတော့ ခက်တယ်။ ဒါက မင်းငါ့ကို ပြောခဲ့တဲ့ လောကရတနာလား”
“ဟုတ်တယ်” ရန်ကိုင်က ရယ်မောလိုက်ပြီး “အချိန်ယူပြီး သေချာ လေ့ကျင့်ပေးလိုက်ဦး။ အခွင့်အရေး ရရင် အခြား လောကရတနာတွေလည်း ထပ်ရှာပေးမယ်။ အဲ့လိုဆို မင်းမှာ အဖော်တွေ အများကြီးရပြီ”
“ရေး” နတ်ဘုရားသစ်ပင်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
နတ်ဘုရားသစ်ပင်အား လောကရတနာများ ရှာပေမည်ဟု ကတိပေးထားသဖြင့် ရှုဟွေအား လောကရတနာအား တော်ဝင်နယ်မြေဆီ အပ်နှံမည်ဆိုပါက ဆေးလုံးသုံးလုံး အလကား သန့်စင်ပေးမည်ဟု ကြေညာခိုင်းလိုက်ခြင်း ဖြစ်သည်။ အစကမူ ထိုကဲ့သို့ ကြေညာခိုင်းခိုင်းချင်း လောကရတနာ ပိုင်ဆိုင်ထားသူ တစ်ယောက်နှင့် ချက်ချင်း တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။
သို့သော် ကံကောင်း၍ ရေငတ်တုန်း အိုအေးစစ်နှင့် တွေ့သွားသလိုမျိုး ဖြစ်သွားခဲ့ရသည်။
ခဏလောက် ဆက်လက် စောင့်ကြည့်ပြီး ဘာပြဿနာမှာ မရှိမှန်း အတည်ပြုပြီးနောက် သူ့အသိစိတ်ကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ ပြန်လည် ရုတ်သိမ်းလိုက်ပြီး ဆေးဖော်စပ်ခြင်း အမှုကို ထပ်မံ လုပ်ဆောင်တော့လေသည်။
ယခင်တစ်လလုံး အဆက်မပြတ် ဆေးဖော်စပ်နေခဲ့ခြင်း ဖြစ်ပြီး အခန်းအပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့။
ထိုအချိန်မှစ၍ ယခုအချိန်အထိ မရေမတွက်နိုင်သော စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့်၊ သူတော်စင်အဆင့်နိမ့် ဆေးလုံးကို သန့်စင်ခဲ့ပြီး တစ်လုံးပင် ကျရှုံးခြင်း မရှိခဲ့။
ထိုကဲ့သို့ တစ်လုံးပင် ကျရှုံးသွားခြင်း မရှိရအောင် အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ တေဇောဓါတ် အသိစိတ်ပင်လယ် ကြောင့်ပင် ဖြစ်လေသည်။ တေဇောဓါတ်အသိစိတ်ပင်လယ်ကြောင့် ဆေးးမီးဖိုထဲရှိ စိတ်ဝိဥာဉ်အစီအရင်များကို ပို၍ သေသေချာချာ၊ ထိန်းချုပ်နိုင်သလို ဆေးလုံးများကိုလည်း ပို၍ မြန်မြန် သန့်စင်နိုင်ပေသည်။
သူ့လက်ရှီ အရည်အချင်းဖြင့် ရန်ကိုင်သည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးများကို ၁၅မိနစ်အတွင်း သန်စင်နိုင်ပြီး သူတော်စင်အဆင့်နိမ့် ဆေးလုံးများကို နာရီဝက်အတွင်း သန့်စင်နိုင်နေလေပြီ။
ထိုအမြန်နှုန်းဖြင့် တစ်နေ့ဆေးလုံး ဆယ်လုံးဆိုသည်မှာ ဘာမှ များများစားစား မဟုတ်လှချေ။
သူ့လက်ကျန် အချိန်မှားကို ဆေးဖော်စပ်ချိန်အတွင်း ရရှိခဲ့သည့် နားလည်သဘောပေါက်မှုများအား ပြန်လည် သုံးသပ်ရင်း ကုန်ဆုံးနေခဲ့သည်။
လိုရှင်းပြောရရလျှင် သူ့လက်ရှိ အခြေအနေကို ရန်ကိုင် ပျော်မွေ့နေပေသည်။
နည်းနည်းလေးမှ စိတ်ပျက်သွားခဲ့ခြင်း မရှိ။
ယခုသူ့တွင် လေ့ကျင့်စရာ အဆင့်မြင့် ဆေးအမယ်များစွာ ရှိနေလေပြီ။ ထို့ကြောင့် ဆေးသွေးကြော ဖန်တီးသည်နှင့် ပက်သက်သော သူ့သုံးသပ်ချက်ကိုလည်း လက်တွေ့ လုပ်ဆောင် နိုင်နေခဲ့လေပြီ။
ဆေးသွေးကြောများကို ဖန်တီးနိုင်မှန်း ရန်ကိုင် အတည်ပြု နိုင်လိုက်လေပြီ။ သို့သော် ထိုကဲ့သို့ ဖန်တီးရန်မှာ မလွယ်ကူလှ။ ဆေးလုံးကို သန့်စင်ပြီးတော့မည့် နောက်ဆုံး အခိုက်အတန့်တွင် များစွာသော ရှုပ်ထွေးလှသည့် စိတ်ဝိဥာဉ်အစီအရင်များကို ဖန်တီးပြီး ပေါင်းစပ်ကာ ဆေးလုံးထဲသို့ ပေါင်းထည့်ပေးရန် လိုအပ်ပေသည်။
ထိုကဲ့သို့ လုပ်နိုင်လိုက်သည်နှင့် ဆေးသွေးကြောပါသော ဆေးလုံးကို ရရှိနိုင်ပေလိမ့်မည်။
ဆေးသွေးကြောပါသော စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများကို သူ့စိတ်တိုင်းကျ မဖော်စပ်နိုင်သေးချေ။ ထိုကဲ့သို့ လုပ်ရန် ခက်ခဲလှသည်က တစ်ကြောင်း၊ ဆေးလုံးအဆင့် မြင့်လာသည်နှင့် လုပ်ရန်သည့် ဖြစ်စဉ်မှာလည်း ပိုမို ခက်ခဲလာသည်က တစ်ကြောင်းတို့ကြောင့် ဆေးသွေးကြော ပါသော သူတော်စင်အဆင့် ဆေးလုံးများကို ကံကောင်းမှသာ ဖန်တီးနိုင်လေသည်။
ဆေးဖော်စပ်နေစဉ်အတွင်း ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို အမြဲတမ်း အသုံးပြုခဲ့သည်။ သို့သော် တစ်လလုံးလုံး တေဇောဓါတ်အသိစိတ်ပင်လယ်ကို အသုံးပြုခဲ့သည့်တိုင် မမောပန်းခဲ့ရုံမက သူ့စိတ်စွမ်းအင်သည်ပင် ပို၍ သိပ်သည်းသန့်စင်လာသည်ကို တွေ့ရှိလိုက်ရသည်။
ဆေးဖော်စပ်နေစဉ်အတွင်း နားလည်သဘောပေါက်ခဲ့သည့် အခြင်းအရာများကြောင့် ရန်ကိုင်သည် ကောင်းကင်နိယာမနှင့် သိုင်းတာအိုကို ပို၍ နားလည်လာခဲ့ကာ သူ့အခြေခံအုတ်မြစ်ကို ပို၍ ကျစ်လစ်ခိုင်မာသွားအောင် လုပ်နိုင်ခဲ့သလို့ သူ့ခွန်အားကိုလည်း တိုးတက်အောင် လုပ်နိုင်ခဲ့လေသည်။
ဆေးပညာလမ်းစဉ်နှင့် သိုင်းတာအိုသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေခဲ့သည်။ တစ်ခုတွင် တိုးတက်သွားလျှင် အခြား တစ်ခုတွင်လည်း တိုးတက်သွားနိုင်သည်။ တကယ်ကို ကျေနပ်လောက်ဖွယ်ရာ အတွေ့အကြုံပင်။
သီးသန့်ကြီး ထိုင်မလေ့ကျင့်နေလျှင်ပင် သူ့ကျင့်ကြံခြင်း တတိတိဖြင့် တိုးတက်နေသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုအတိုင်းသာ ဆက်သွားနေပါက သူတော်စင်အဆင့်သို့ ရောက်ရန် သိပ်လိုတော့လိမ့်မည် မဟုတ်ပေ။
အခွင့်အရေး တစ်မျိုးမျိုးနှင့် ကြုံကြုံခိုက်ခဲ့ရလျှင် သူတော်စင်အဆင့်သို့ ပို၍ စောစောပင် ရောက်သွားနိုင်သေးသည်။
မသေမျိုးတတိယအဆင့်သည် သူတော်စင်အဆင့်နှင့် လက်တစ်ကမ်း အလိုတွင်သာ ရှိပေသည်။
မသေမျိုးအဆင့်မှ သူတော်စင်အဆင့်သို့ ချိုးဖျက်ခြင်းသည် အစစ်အမှန်ဒြပ်စင်အဆင့်မှ အင်မော်တယ်တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ခြင်းနှင့် မတူသလို အင်မော်တယ်တက်လှမ်းခြင်းအဆင့်မှ မသေမျိုးအဆင့်သို့ ချိုးဖျက်ခြင်းနှင့်လည်း မတူညီချေ။ အများကြီး ပိုခက်ခဲပေသည်။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်သည် မသေမျိုး တစ်ယောက်အား သူတော်စင်အဆင့်သို့ ချိုးဖျက်ပေးနိုင်အောင် ကူညီပေးနိုင်လေသည်။ ရန်ကိုင်တွင် မသုံးရသေးသော ဆေးအရည် နှစ်စက် ရှိနေပေသေးသည်။
ကြယ်တာရာကောင်းကင်သို့ ရောက်စဉ် ဆေးအရည် ခြောက်စက်ကို သန့်စင်နိုင်ခဲ့ပြီး လေးစက်ကို ကောင်းကင်ဂိုဏ်းတော် သို့ ပြန်ရောက်စဉ်က သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ လေးယောက်ကို ပေးခဲ့သည်။ ကျန်သည့် နှစ်သက်သည် အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲတွင် ရှိနေတုန်းပင်။
နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်သည် မည်သည့် ဘေးထွက်ဆိုးကျိုးမှမရှိချေ။ ၎င်းကို အသုံးပြု၍ သူတော်စင် အဆင့်သို့ ချိုးဖျက်ခြင်းဖြင့် မိမိ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်။
သို့သော် ရန်ကိုင်သည် အဆင့်ချိုးဖျက်တက်ရန် မည်သည့် ပြင်ပတွန်းအားပေး အကူအညီကိုမှ မလိုချေ။ သူ့ကိုယ်ပိုင် ခွန်အားကို အသုံးပြုပြီး အဆင့်ချိုးဖျက်တက်ခြင်းဖြင့်သာ အကောင်းဆုံးသော အကျိုးအမြတ်ကို ရရှိနိုင်လိမ့်မည်ဟု အမြဲတစေ ယုံကြည်နေခဲ့သည်။
ဆေးဖော်စပ်ခြင်းသည် အကောင်းဆုံးသော အထောက်အပံ့ တစ်ခုပင် ဖြစ်လေသည်။ ဆေးဖော်စပ်ခြင်းမှ များလှစွာသော ဥာဏ်အလင်းများ၊ အစစ်အမှန်ဆေးပညာနည်းလမ်းကို လေ့လာရင်းမှ မမျှော်လင့်ထားသော အကျိုးအမြတ်များကို သူရရှိခဲ့ရသည်။
အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့သည်။
အံ့အားသင့်ဖွယ်ရာ ဆေးဖော်စပ်ခြင်းနှင့် ပက်သက်သည့် ရလဒ်များကြောင့် တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းသည် ထုန်းရွှမ် လောကကြီးတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေလေပြီ။
အချို့ ကျင့်ကြံသူများဆိုလျှင် ကီလိုမီတာ သိန်းပေါင်း များစွာသော အကွာအဝေးကို ဖြတ်သန်း၍ လနှင့်ချီ အချိန်ကုန်ခံကာ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးထံ ဆေးဖော်စပ်ပေးရန် လာရောက် အကူအညီ တောင်းကြသည်။
ဆေးဖော်စပ်ပေးရန် အလို့ငှာ တောင်းဆိုရန် ရောက်လာကြသော လူတန်းရှည်ကြီးမှာ မိုင်နှင့် ချီနေခဲ့လေပြီ။ တစ်နေ့လျှင် လူအယောက်တစ်ရာထက်မက ရောက်လာနေခဲ့ရာ ထိုမျှမရှည်လျှင်သာ အထူးအဆန်း ဖြစ်ပေလိမ့်မည်။
တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးမှာလည်း လွန်စွာကိုမှ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဆေးစဖော်စပ်ပေးသည့် အချိန်မှစ၍ ယခုအချိန်အထိ မအောင်မြင်ခဲ့သော ဆေးလုံး ဆိုသည်မှာ မရှိသေး။ ဆေးသွေးကြောပါသော ဆေးလုံး အများကြီးကိုပင် ဖော်စပ်ပေးနိုင်သေးသည်။
တဖြည်းဖြည်းနှင့် လူအချို့သည် ထိုဆေးဝိဇ္ဇာကြီးကို ထျန်းဇန် လူအိုကြီးနှင့် စတင် နှိုင်းယှဉ်စ ပြုလာခဲ့ကြသည်။ သူတို့ နှစ်ယောက်သာ ပြိုင်လျှင် မည်သူ အနိုင်ရမလဲ ဆိုသည်ပေါ့။
သို့သော်လည်း ထျန်းဇန်လူအိုကြီးသည် လူသား မျိုးနွယ်စုသာမက နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုကပင် လေးလေးစားစား ဆက်ဆံရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ထိုတစ်ချက်တည်းနှင့် တော်ဝင်နယ်မြေသည် ထျန်းဇန် လူအိုကြီးကို မယှဉ်နိုင်တော့ချေ။
တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်း ကျော်စောလာသည်နှင့်အမျှ ဆေးဝိဇ္ဇဦကြီးသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်နှင့် သူတော်စင်အဆင့်နိမ့် ဆေးလုံးများကို သာမက သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကိုပါ သန့်စင်ပေးလာခဲ့ရသည်။
တော်ဝင်နယ်မြေသို့ ဆေးဖော်စပ်ပေးရန် လာရောက် တောင်ဆိုသည့် လူအားလုံး စိတ်ညစ်ပြီး ပြန်သွားရသူ တစ်ယောက်မှ မရှိသေးပေ။
ထိုရက်များအတွင် ရှုဟွေနှင့် အခြားအကြီးများအားလုံး နှုတ်ခမ်းမစေ့နိုင်အောင် ပြုံးဖြီးနေခဲ့ကြသည်။ ခံစားခဲ့ရသမျှ စိုးရိမ်ပူပန်မှုများ၊ ကံဆိုးမှုများအားလုံးသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ အရှင်း ပျောက်ကွယ်သွားသည့်ပမာ…
တော်ဝင်နယ်မြေ၏ ရတနာဂိုဒေါင်ဆိုလျှင်လည်း သလင်းကျော်ကတုံးများ၊ အမျိုးမျိုးသော အရင်းအမြစ်များဖြင့် ပြည့်နေခဲ့လေပြီ။
ဆေးဝိဇ္ဇာကြီးသည် နောက်ပိုင်းတွင် တစ်နေ့ ဆယ်လုံးအစား တစ်နေ့ အလုံးနှစ်ဆယ် သန့်စင်ပေးမည်ဟု ကြေညာလိုက်သဖြင့် တော်ဝင်နယ်မြေ၏ ငွေရလမ်းမှာလည်း ပို၍ ကျယ်ပြန့် သွားခဲ့ရသည်။
ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသူများသည် သတ်မှတ်ထားသော အခကြေးကိုသာမက ကျေးဇူးတင်သည့် အတွက် အပိုထပ်ဆောင်း လက်ဆောင်များကိုပါ ပေးသွားခဲ့ကြသည်။
တော်ဝင်နယ်မြေထဲတွင် ဆေးဝိဇ္ဇာကြီး တစ်ပါးထက်မက ပုန်းအောင်းနေသလာဟုပင် ရှုဟွေ အတွေးဝင်စ ပြုလာခဲ့သည်။
ထို့ကြောင့်သာမဟုတ်လျှင် လူတစ်ယောက်တည်းဖြင့် ဆေးလုံး အလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း မည်သို့ သန့်စင်နိုင်မည်နည်း။
ထိုသို့လုပ်နိုင်ရန်အတွက် အနည်းဆုံး သူတော်စင် အလယ်အလတ် အဆင့် ဆေးပညာရှင်သုံးယောက် ရှိနေရန် လိုအပ်ပေသည်။
တော်ဝင်နယ်မြေ၏ ဆေးဝိဇ္ဇာကြီး ဆိုသူမှာ ရန်ကိုင် ဖြစ်ကြောင်းနှင့် တော်ဝင်နယ်မြေတွင် ဆေးဝိဇ္ဇာဆိုသူ တစ်ယောက်သာ ရှိကြောင်းကို ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများ သိထားကြသည်။ သို့သော် ရန်ကိုင်၏ ခွင့်မပြုဘဲ ထိုလျှို့ဝှက်ချက်ကို ရှုဟွေတို့အား ထုတ်ပြောလိမ့်မည် မဟုတ်။
တော်ဝင်နယ်မြေတွင် အရင်းအမြစ် ပြတ်လတ်နေခြင်း မရှိတော့ရာ ရှေးဟောင်းနတ်ဆိုးကလန်သည်လည်း ကျင့်ကြံရေး အထောက်အပံ့များအတွက် အပြင်ထွက်ရှာစရာ မလိုတော့ချေ။
ရှုဟွေသည် ရှေးဟောင်းနတ်ဆိုးကလန်သားများအား အရင်းအမြစ် လုံလုံလောက်လောက်ကို ထောက်ပံ့ပေးခဲ့သည်။ လျှော့ပေးခြင်းမျိုး မပြုလုပ်ခဲ့။ ရှေးဟောင်းနတ်ဆိုးကလန် လိုသမျှကို လွတ်လွတ်လပ်လပ် ပေးခဲ့လေရာ လီရုန်လည်း ရှုဟွေအပေါ် အတော်လေး ကျေးဇူးတင်နေမိသည်။
----------------------------------
တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် အသစ်စက်စက် ဆောက်လုပ်ထားသော ကျောက်တုံးအိမ်တော်ကြီးတစ်လုံး ရှိနေခဲ့သည်။
များလှစွာသော ကျောက်သားဖြင့် ထုလုပ်ထားသည့် ခုံတန်းရှည်များ၊ စားပွဲများ ထိုအိမ်တော်ထဲတွင် ရှိပေသည်။
ယုယင်နှင့် ချုန်ယွဲ့ထုန်သည် ထိုကျောက်တုံးအိမ်တော်ထဲတွင် ထိုင်လျက် လက်ဖက်ရည်ကို တစ်ငုံချင်းစုပ်သောက်၊ စကားစမြည်လေး ပြောရင်း တန်းစီနေသော လူတန်းရှည်ကြီးကို ကြည့်နေခဲ့သည်။
နေ့စဉ် ဧည့်သည့်မပြတ် ရောက်ရှိလာနေခဲ့လေရာ လူများကြား အချင်းမများရလေအောင် အခြေအနေကို ထိန်းကျောင်းပေးရန် အနည်းဆုံး သူတော်စင်အဆင့် အကြီးအကဲ နှစ်ယောက်လောက် ရှိရန် လိုအပ်ပေသည်။ ယနေ့သည့် အကြီးအကဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့၏ အလှည့်ပင်။
အမျိုးသမီးနှစ်ယောက်သည် စရိုက်ချင်း မတူသော်လည်း နှစ်ယောက်စလုံး မြင်သည်နှင့် အကြည့်မလွှဲနိုင်လောက်အောင် ပြည့်စုံသော ရုပ်ရည်ရူပကာ၊ မက်မွန်းသီး မှည့်မှည့်လေးကဲသို့ အရည်ရွဲ၊ ဂျယ်လီတုံးလေးကဲ့သို့ ပျော့အိအိဖြင့် မာန်ဝင့်တကြွား တည်ရှိနေသော မို့မောက်မောင် မဟာရင်အစုံ၊ ကချေသည် ခါးလေးများကဲ့သို့ အဆီမရှိ၊ ဗိုက်ချပ်ချပ်လေးဖြင့် တစ်မူထူးခြား လှပနေသော ခါးသွယ်သွယ်လေးများ၊ မတို့ထိရက်စရာ ကောင်းလှအောင် ဖြူဖွေးချောမွတ်လှသော သွယ်လျလျ ခြေတံရှည်လေးများနှင့် ရင်ကိုခုန်၊ နှာခေါင်းသွေးပင် ယိုရသည်အထိ ရစ်မူးဖွယ် ကောင်းလှသော တင်အလှတရားကဲ့သို့သော အပြစ်ဆိုရက်စရာ မရှိအောင် စွဲမက်ဖွယ်ကောင်းလှသည့် ဘုရားပေး လက်ဆောင်များကို ပိုင်ဆိုင်ထားကြသည် ဆိုသော အချက်မှာမူ တူညီကြပေသည်။
ဆေးဖော်စပ်ပေးရန် ရောက်ရှိလာကြသော ကျင့်ကြံသူများမှာ အရမ်းကိုမှ ပျင်းရီငြီးနေငွ့နေခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ ငြီးငွေ့နေသော ဝိဥာဉ်လေးများကို အပျင်းပြေသွားစေရန် နတ်သမီးလေးများသဖွယ် ကျော့ရှင်းလှပတင့်တယ်သော အကြီးအကဲများအား မကြာမကြာဆိုသလို မျက်စိ ကစားနေခဲ့ကြသည်။
ထိုအကြည့်များကြောင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့မှာ အတော့်ကိုမှ စိတ်မသက်မသာ ဖြစ်ကြသော်လည်း ဘာမှ ပြန်မလု်ပနိုင်ခဲ့။ အများဆုံးမှာ သူမတို့အား မမြင်ရလေအောင် တော်ဝင်နယ်မြေမှ တပည့်အချို့ကို ကျောက်တုံးအိမ်တော်ရှေ့ ကာထားခိုင်းလိုက်ရုံသာ။
သူတို့၏ အလုပ်မှာ ကျင့်ကြံသူများကြား အချင်း မများစေကောင် ထိန်းကျောင်းဖို့ ဖြစ်လေရာ ပုံမှန်အားဖြင့် ဘာမှ လုပ်စရာမရှိဟုပင် ဆိုနိုင်လေသည်။
ရောက်လာသူ အများစုသည် အရမ်းကိုမှ ယဉ်ယဉ်ကျေးကျေး ပြုမူနေထိုင်ကြကာ ရှေ့သို့ကျော်တက်ခြင်း၊ ပြဿနာရှာခြင်းမျိုး မလုပ်ရဲကြ။
ရံဖန်ရံခါ စောင့်ရသည်ကို စိတ်မရှည်သဖြင့် အဆင့်အတန်းကို အသုံးချကာ ကျော်တက်ရန် လုပ်သူများ ရှိသော်လည်း တော်ဝင်နယ်မြေမှ တပည့်များက ဘာမှမလုပ်ရသေးခင်မှာဘဲ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသော အမျိုးမျိုးသော ကျင့်ကြံသူများကို ထိုလူများကို ရှင်းထုတ်သွားခဲ့ကြလေသည်။
ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသူ အများစုမှာ မသေမျိုးအဆင့်များ ဖြစ်ကြသော်လည်း သူတော်စင်အဆင့်မှာလည်း မနည်းပါချေ။
လူတန်းကို အတင်းကျော်တက်၍ ထိုပညာရှင်များ၏ ဒေါသကို ဆွလိုက်ခြင်းမှာ ကောင်းမွန်သော ရလဒ် ရမည် မဟုတ်သည်မှာ အသေအချာပင်။
ထို့ကြောင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့မှ လက်ဖက်ရည်လေး သောက်လျက် အေးအေးဆေးဆေး ထိုင်နေရုံသာ။
လူတန်းရှည်ကြီး၏ အဆုံးပိုင်းနားလောက်တွင် မိန်းမငယ်လေး နှစ်ယောက်နှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးပါသော အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။
သက်လတ်ပိုင်းလူကြီးသည် သူ့ရှေ့ရှိ လူတန်းရှည်ကြီးကို ကြည့်ရင်း အချိန်နှင့်အမျှ သက်ပြင်း ထပ်တလဲလဲ ချနေခဲ့သည်။
ယခု သူ့ရှေ့တွင် စောင့်ဆိုင်နေသော လူ ရာနှင့်ချီကာ ရှိနေခဲ့သည်။ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးသည် တစ်နေ့လျှင် ဆေးလုံး အလုံးနှစ်ဆယ်သာ သန့်စင်ပေးလေရာ သူတို့ အလှည့် ရောက်ရန်ဆိုလျှင် အနည်းဆုံး တစ်လလောက် စောင့်ရန် လိုအပ်ပေသည်။
မိန်းမငယ်လေး နှစ်ယောက်ထဲမှ တစ်ယောက်သည် တောင်ထွတ်ကိုးလုံးဆီသို့ ရှုပ်ထွေးသော အမူအရာဖြင့် လှမ်းလှမ်း ကြည့်နေခဲ့သည်။
ခဏအကြာတွင် သက်လတ်ပိုင်းလူကြီးက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “ရွမ်အာ။ သမီးက ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်နဲ့ အသိမလား။ အဖေလိုချင်တဲ့ ဆေးလုံးကို မြန်မြန် သန့်စင်ပေးပါလို့ သမီး သွားတောင်းဆိုပေးလို့ မရဘူးလား။ အဲ့ဆေးဝိဇ္ဇာက တော်ဝင်နယ်မြေကဆိုတော့ တော်ဝင်သခင်ရဲ့ အမိန့်ကို မနာခံဘဲ မနေလောက်ပါဘူး”
“သမီးက သူနဲ့ သိရုံပဲသိတာလေ။ ဒီလောက်ကြီး ရင်းနှီးတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး အဲ့လို အရှက်မရှိ သွားတောင်းဆိုလို့ ဖြစ်ပါ့မလဲ။ သူက သမီးကို မေ့နေရင်တောင် မေ့နေလောက်မှာ” မိန်းမငယ်လေးက အားတင်ပြုံးကာ ပြန်ပြောလိုက်သည်။
သူမ ထိုကဲ့သို့ ပြောလိုက်ခင်မှာဘဲ အနားတွင် ရှိနေသော မိန်းမငယ်လေးက နှာခေါင်းရှုံ့၍ “ဒီလောက်ကြီး မရင်းနှီးပါဘူး ဟုတ်လား။ ငါနားကြားများ မှားသွားတာလား။ နင်နဲ့သူ…”
“ရှင်းယု” ပထမ မိန်းကလေးက ထိုမိန်းကလေးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ ရှင်းယုဆိုသော မိန်းကလေးလည်း လက်မြောက်၍ အရှုံးပေးဟန်ဖြင့် “ကောင်းပြီ၊ ကောင်းပြီ။ ငါဘာမှ မပြောဘူးလို့သာ သဘောထားလိုက်။ ကာယကံရှင်က နင်ဆိုမှတော့ နင်သဘောပဲပေါ့။ နောက်မှ နောင်တမရနဲ့”
ထိုအခြင်းအရာကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီးက ကိုးယိုးကားယား အမူအရာဖြင် ပြုံးလျက် “ရွှယ်အာရယ်၊ သမီးတို့ ဘယ်လောက်ပဲ မရင်းနှီးပါစေ၊ ကြိုးစားလိုက်ရုံ အရှုံးမရှိဘူးမလား။ ဘာပဲဖြစ်ဖြစ်၊ တော်ဝင်သခင်က အဖေတို့ လွတ်လပ်သော အဖွဲ့အစည်းရုံ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တာပဲလေ။ အဲ့ဒါကိုတော့ သူမမေ့လောက်ပါဘူး”
“သူက လွတ်လပ်သော အဖွဲ့အစည်းကို လာလည်ရုံပဲ လာလည်ခဲ့တာပါလို့ အဖေ့ကို ပြောပြီးသာလေ။ လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်ဖြစ်ပါတယ်လို့ ဘာလို့ ထပ်တလဲလဲ ပြောနေရတာလဲ” မိန်းမငယ်လေးက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး “နှစ်ယောက်တည်းရှိလို့ ပြောရင် ဘာမှမဖြစ်ဘူး။ အခုက လူမြင်ကွင်းကြီးမှာလေ။ အခြားလူတွေ ကြားသွားမှဖြင့် အရှက်မရှိ ကြွားနေတယ်ဆိုပြီး ထင်ကြကုန်ဦးမယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၃) တစ်ယောက်ပြီးတစ်ယောက်
သူသမီးစကားကြောင့် သက်လတ်ပိုင်းလူကြီး မဲ့ပြုံးသာ ပြုံးလိုက်မိသည်။
လွတ်လပ်သောအဖွဲ့အစည်းသည် အရမ်းကြီး အားကောင်းသော အဖွဲ့အစည်းတစ်ခုမဟုတ်။ မသေမျိုး တတိယအဆင့်ဖြစ်သည် သူခေါင်းဆောင်သော အင်အားစုလေး တစ်ခုသာ ဖြစ်သည်။
ထုန်းရွှမ်လောကကြီးတွင် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိသော အင်အားစုကို မည်သူမှ အထင်မကြီးချေ။
ထို့ကြောင့် သက်လတ်ပိုင်းလူကြီးသည် သူတော်စင် အဆင့်သို့ ရောက်ရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့သည်။ မကြာသေးခင်က ဈာန်ဝင်စားသော အခြေအနေသို့ ဝင်ရောက်နိုင်ခဲ့ပြီး တစ်သက်သာ မက်ခဲ့ရသော အိမ်မက်ကို အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်းကို မြင်တွေ့ခဲ့ရသည်။ သို့သော် ပင်ကိုယ် အရည်အချင်း ကင်းမဲ့မှုကြောင့် ထိုအခွင့်အလမ်းကို အမိအရ မဖမ်းဆုပ်နိုင်ခဲ့ချေ။
ထို့ကြောင့် ဆေးပညာရှင်တစ်ယောက်ရှာပြီး သူ့အတွက် ကောင်းကင်ခိုးယူခြင်းဆေးလုံး တစ်လုံးလောက် သန့်စင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ဓနအင်အား၊ လူအင်အားများစွာ အသုံးပြုပြီးနောက် ထိုဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်များကို စုဆောင်းနိုင်ခဲ့လေသည်။ သို့သော် သင့်လျော်သော ဆေးပညာရှင် တစ်ယောက် မရှာနိုင်ခဲ့ ဖြစ်နေခဲ့သည်။
ကျော်ကြားသော ဆေးဝိဇ္ဇာကြီးများဆီ အကူအညီ သွားတောင်းရန် အရမ်းကိုမှ ခက်ခဲလှသည်။ တစ်ယောက် ချင်းစီတိုင်းသည် နောက်တစ်နှစ်လောက်အထိ အချိန်ဇယား ပြည့်နေကြသူများ ဖြစ်သဖြင့် သက်လတ်ပိုင်းလူကြီး လွန်စွာကိုမှ အကြပ်ရိုက်နေခဲ့ရသည်။
ထိုအချိန်မှာပဲ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးအကြောင်း သတင်း ကြားလိုက်ရကာ ဘုရားကောင်းချီးပေသည့် အခွင့်အရေး တစ်ခုကို မြင်တွေ့လိုက်ရပြီမှန်း သိလိုက်သည်။
သူ့သမီးသည် တော်ဝင်သခင်သစ်နှင့် နည်းနည်းပါးပါး ရင်းနှီးထားသည်မှန်း သူသိသည်။ ထိုသို့မဟုတ်၊ သူ့သမီးနှင့် တော်ဝင်သခင်သစ်ကြားမှ ဆက်ဆံရေးသည် မရိုးရှင်းသည်လည်း ဖြစ်နိုင်သည်။
ကံမကောင်းစွာဖြင့် သူမည်မျှပင် မေးပါစေ၊ သူ့သမီးက အမှန်တရားကို ပြောရန် အကြောက်အကန် ငြင်းနေခဲ့သည်။
ထို့ကြောင့် ကံစမ်းမိလိုမိငြား သူ့သမီးကိုပါ တော်ဝင်နယ်မြေသို့ အတူ ခေါ်လာခဲ့လိုက်သည်။
ရှည်လျားလှသည့် လူတန်းရှည်ကြီးကိုကြည့်ရင်း ထိုလူလည်း အတော်လေး ထိတ်လန့်နေခဲ့ရသည်။ တော်ဝင်နယ်မြေသို့ ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသူ ထိုမျှ များလိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ချေ။
သူ့သမီး၏ အဆက်အသွယ်ကို မသုံးနိုင်သဖြင့် ကံကြမ္မာ အလိုကျ တန်းစီစောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။
အများဆုံးမှ တစ်လ စောင့်ရရုံသာ ရှိပေသည်။
တကယ်တမ်း သေချာ စဉ်းစားကြည့်မည် ဆိုပါက တစ်လ ဆိုသော အချိန်သည် သူတို့အတွက် အရမ်းကြီး မကြာလေရာ သက်လတ်ပိုင်းလူကြီးလည်း ဘာမှ ထပ်မပြောတော့ချေ။
ထိုအချိန်မှာပဲ မသေမျိုးတတိယအဆင့် ပညာရှင် တစ်ယောက် လိုက်ပါစောင့်ကြပ်လာသော မိန်းမငယ်လေးတစ်ယောက် ပျံသန်းလာခဲ့သည်။
နီးကပ်လာသည့်အခါ တန်းစီနေသော လူတန်းရှည်ကြီးကို ကြည့်ပြီး အလန့်တကြားဖြင့် ပါးစပ်လေးကိုအုပ်လျက် “လူတွေ အများကြီးပဲ။ သူတို့အကုန်လုံးက ဆေးဖော်စပ်ပေးဖို့ လာအကူအညီ တောင်းကြတဲ့လူတွေလား”
သူမဘေးတွင် ရပ်နေသော မသေမျိုးတတိယအဆင့် ပညာရှင်က လူတန်းရှည်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လျက် “သခင်မလေး၊ လာတဲ့ လမ်းတုန်းက တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီး ဘယ်လောက်တော်ကြောင်းကို ကျုပ်သတင်းတွေ အများကြီး ကြားခဲ့တယ်။ အဲ့ဆေးဝိဇ္ဇာကြီးက ဆေးဖော်စပ်တာ တစ်ခါမှ မကျရှုံးသေးဘူးတဲ့။ သူဖော်စပ်လိုက်တဲ့ ဆေးလုံးတိုင်းကလည်း ထိပ်တန်းအဆင့်တွေချည်းပဲတဲ့။ ဒါကြောင့် လူအများကြီး ရောက်လာတာပဲ”
“တော်လိုက်တာ။ အဲ့အစုတ်ပလုတ်ကောင် ဘာတွေများ လုပ်လိုက်လို့ ဒီလောက်ဆေးဝိဇ္ဇာက တော်ဝင်နယ်မြေအတွက် အလုပ်လုပ်ပေးနေရတာလဲမသိဘူး” မိန်းမငယ်လေးက သွားပေါ်အောင် ပြုံးဖြီးလျက် တောင်ထွတ်ကိုးလုံးဆီ လှမ်းကြည့်လိုက်သည်။
“သခင်မလေး၊ ကျုပ်တို့ကော တန်းစီရမလား” အစောင့်အရှောက်က မေးလိုက်သည်။
“ဟွန့်၊ ဘာလို့ စောင့်ရမှာလဲ။ သူကို တိုက်ရိုက်ပဲ သွားရှာမှာပေါ့။ ငါ့ကို မမှတ်မိချင်ယောင် ဆောင်ရဲဆောင်ကြည့်၊ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးပစ်မှာ” မိန်းမငယ်လေးသည် နှာခေါင်းရှုံ့လျက် ခေါင်းကိုမော့၊ ရင်ကိုကော့ကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။
သို့သော် တစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးချိန်မှာပဲ မျက်မှောင် ကြုံ့သွားခဲ့ရပြီး လူတန်းရှည်ကြီး၏ နောက်ဆုံးပိုင်းသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ပျော်ရွှင်စွာ ပြုံးလျက် ထိုနေရာသို့ လမ်းလျှောက်သွားကာ “ယွန်ရွှမ်၊ နင်လည်း ဒီရောက်နေတာလား”
အတွေးထဲနစ်မျောနေသော ယွန်ရွှမ်၊ ထိုလူသစ်ကို သတိမပြုမိသေး။ သူမနာမည်ခေါ်သံ ကြားလိုက်မှပဲ ငေးငိုင်နေရာမှာ အသိပြန်ဝင်လာပြီး သူမဆီ လမ်းလျှောက်လာနေသော မိန်းမငယ်လေးကို လှမ်းကြည့်လိုက်လေသည်။
“ရွှေးလင်လား” ယွန်ရွှမ်လည်း အံ့အားသင့်နေသည့် အသံလေးဖြင့် ပြန်မေးလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးထက် အပြုံးလှလှလေးတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး “နင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ဟိုအစုတ်ပလုတ်ကောင်ကို လာတွေ့တာလေ။ သူအခု ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေပြီတဲ့။ နှစ်နည်းနည်းလေး မတွေ့လိုက်ရတာနဲ့ သစ်ကိုင်းတွေ ခုန်ကူးနေတဲ့ မျောက်က နဂါးတစ်ကောင် ဖြစ်လာတယ်နဲ့ တူပါတယ်ဟာ။ ဒီလောက် အရေးကြီးတာကိုတောင် ငါ့ဆီ အကြောင်းမကြားဘူး။ ပြီးတော့ သူအသက်ရှင်နေသေးတယ် ဆိုတာကိုလည်း ငါ့ဆီ စာပို့ပြီး အကြောင်းမကြားဘူး။ ငါ့မှာတော့ သူ့ကို စိတ်ပူလိုက်ရတာ။ ဟွန့်၊ ကြည့်နေ၊ ငါတောက်လျှောက် စိတ်ပူခဲ့ရတာတွေ အားလုံးအတွက် သူ့ဆီကနေ လျော်ကြေးပြန်တောင်းရမယ်”
ရွှေးလင် စိတ်လွတ်ကိုယ်လွတ် ပြောနေသည်ကို မြင်သော် ယွန်ရွှမ်လည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“နင်ဒီကို ဆေးဖော်စပ်ချင်လို့ ရောက်လာတာလား” ရွှေးလင်က ကောက်မေးလိုက်သည်။
“အင်း”
“အဲ့လိုဆိုရင် ဘာလို့ ဒီမှာ ရပ်စောင့်နေတာလဲ။ တိုက်ရိုက် ဝင်သွားလိုက်လေ” ရွှေးလင် နားမလည်နိုင် ဖြစ်နေခဲ့လေပြီ။
“ဒါပေမယ့်… အခြားသူတွေက တန်းစီပြီး စောင့်နေကြတာလေ။ ပြီးတော့…” ပြောနေရင်း ယွန်ရွှမ်၏ အသံလေး တိုးသထက်တိုးလာခဲ့ပြီး သူမ၏ မျက်နှာလေးမှာလည်း ရှက်ရွံ့မှုကြောင့် နီမြန်းလာခဲ့သည်။
“နင်ဘာတွေ ကြောက်နေတာလဲ။ အခြားသူတွေက စောင့်ချင် စောင့်ရမှာပေါ့။ ဒါပေမယ့် နင်က … သူ့အတွက် သူစိမ်းမှ မဟုတ်တာကို”
“မဟုတ်ဘူး။ ငါအဆင်ပြေတယ်။ ဒီမှာပဲ ဆက်စောင့်မယ်” ယွန်ရွှမ် တုန်ဆိုင်းနေခဲ့သည်။
သူမ၏ အမူအရာကို မြင်သော် ရွှေးလင်၏ အမူအရာ အေးစက်သွားခဲ့ပြီး ရုတ်တရက် ကောက်ပြောလိုက်လေသည် “ဘာလဲ၊ အဲ့အစုတ်ပလုတ်ကောင်က စားပြီး နားမလည်တဲ့လူလို လုပ်သွားတာလား။ အဲ့လိုလုပ်လို့ မရဘူးလေ။ ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေရင်တောင် ဒီလောက်တော့ အရှက်မမဲ့သင့်ဘူး”
“အကျယ်ကြီး မပြောနဲ့” ယွန်ရွှမ်မျက်နှာ နီးမြန်းသွားခဲ့ပြီး ရွှေးလင်အား အလျင်စလို လှမ်းတားလိုက်ရဿည်။
ရွှေးလင်စကားကြောင့် အနီးအနားတွင် ရှိနေသော တော်ဝင်နယ်မြေ၏ တပည့်များသည့် ရန်စောင့်သည့် အကြည့်များဖြင့် သူတို့အား ကြည့်လာခဲ့ကြလေပြီ။ ထိုအကြည့်များကြောင့် ရွှေးလင်သည် ရွှတ်နောက်နောက် အမူအရာဖြင့် လျှာလေးကိုသာ ထုတ်ပြလိုက်ပြီး မဆင်မခြင် ဘာမှ ထပ်မပြောရဲတော့ချေ။
ရန်ကိုင်ရှေ့တွင် ဆိုးချင်သလို ဆိုး၍ ရသော်လည်း တော်ဝင်နယ်မြေမှ တပည့်များရှေ့တွင် တော်ဝင်သခင် မကောင်းကြောင်းကို သွားပြောမိပါက ထိုတပည့်များ၏ ဒေါသကို ရန်စသလို ဖြစ်သွားပေါ်လိမ့်မည်။
“ရွှမ်းအာ၊ ဒီမိန်းကလေး…” ယွန်ရွှမ်နောက်တွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးက ရှေ့သို့တိုးကာ မေးလိုက်သည်။
“အို၊ သူက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ မင်းသမီးလေး ရွှေးလင်လေး။ အရင်းတုန်းက အဖေ့ကို သမီး သူ့အကြောင်း ပြောပြဖူးတယ်လေ”
“အို၊ ဒီတော့ ဒီမိန်းမလှလေးက သခင်မလေးရွှေးလင်ကိုး” သက်လတ််ပိုင်းလူကြီးက အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်ပြီးနောက် လေးလေးစားစားဖြင့် လက်သီး ဆုပ်လျက် “ဒီတစ်ယောက်က လွတ်လပ်သောအဖွဲ့အစည်းရဲ့ အဖွဲ့အစည်းခေါင်းဆောင် ယွန်ချန်ပါ”
“တွေ့ရတာဝမ်းသာပါတယ် ဦးလေးယွန်” ရွှေးလင်က ချိုသာစွာ ပြုံးလိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။
“ရေဝိဥာဉ်ဘုရားကျောင်းက မင်းသမီးလေး ဆိုတဲ့အတိုင်း တကယ်ကို တော်တာပဲနော်။ ဒီလောက် ငယ်ငယ်လေး မသေမျိုး အဆင့်ကို ရောက်နေပြီ။ သမီးရဲ့ အနာဂတ်တောက် ထွန်းတောက်နေမှာ မြင်ယောင်မိသေးတယ်” ယွန်ရွှမ်က ရွှေးလင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အမွှန်းတင်ချီးကျူးစကား ဆိုလိုက်သည်။
ယွန်ရွှမ်သည် ရွှေးလင်ထက် ကြီးသော်လည်း ရွှေးလင်ထက် ကျင့်ကြံခြင်း အဆင့်နိမ့်ပေသည်။ ထိုကဲ့သို့ ကွာခြားသွားရခြင်းမှာ အင်အားစုနှစ်ခုကြားရှိ အရင်းအမြစ် ကွာခြားချက်ကြောင့်ပင် ဖြစ်သည်။
“ဦးလေးယွန်က အရမ်း ယဉ်ကျေးနေတာပဲ။ သမီးက အဆင့်ချိုးဖျက်ထားတာတောင် ကြာသေးတာမဟုတ်ဘူး။ အခုထိ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် မလုပ်ရသေးဘူး” ရွှေးလင်က ယဉ်ယဉ်ကျေးကျေး အမူအရာဖြင့် ပြန်ပြောလိုက်သည်။ ပိုးသားကဲ့သို့ နူးညံ့လှသော သူမ၏ ပြာလဲ့လဲ့ ဆံကေသာလေးများသည် လေအဝှေ့တွင် တလူလူ ဝဲလွင့်နေရာ ထိုဖမ်းစားနိုင်စွမ်း ပြင်းလှသော အလှတရားကြောင့် အနားတွင် ရှိနေသော လူများမှာ သူမအား လှမ်းလှမ်း မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရလေသည်။
“ဒါက ရွမ်ရှင်းယု၊ ငါ့သူငယ်ချင်းလေ” ယွန်ရွှမ်က ရွှေးလင်အား သူမဘေးတွင် ရပ်နေသော မိန်းကလေးနှင့် မိတ်ဆက်ပေးလိုက်သည်။
ရွှေးလင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။
“မိန်းကလေးရွှေးလင်က တော်ဝင်နယ်မြေထဲ တိုက်ရိုက်သွားပြီး တော်ဝင်သခင်ကို သွားရှာဖို့ လုပ်နေတယ်လို့ ကျုပ်ကြားလိုက် သလားလို့” ယွန်ချန်က လေသံကိုနှိမ့်လျက် မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်မက သူ့မိတ်ဆွေဟောင်း တစ်ယောက်ပဲ။ ကျွန်မ သူနဲ့ မတွေ့တာတောင် တော်တော်လေး ကြာနေပြီ။ အခုမှပဲ သူတော်ဝင်သခင် ဖြစ်နေမှန်း သိလိုက်ရတာ… ဟုတ်တယ်။ ရောက်တုန်းရောက်ခိုက်လေး သူ့ကို ဆေးလုံးတွေအများကြီး သန့်စင်ခိုင်းရမယ်… ဦးလေးယွန်ကော လိုက်ချင်လို့လား။ ယွန်ရွှမ်လည်း ကျွန်မ မိတ်ဆွေလို့ ပြောလို့၇တယ်”
“အဲ့ဒါ သင့်တော်ပါ့မလား” ယွန်ချန် အနည်းငယ် တုန့်ဆိုင်းနေမိသည်။
“ဘာလို့ မသင့်တော်ရမှာလဲ။ ကျွန်မက ဒီမှာ တန်းစီစောင့်နေတဲ့ လူတွေလိုမဟုတ်ဘူး။ သူ့ကို တွေ့ချင်လို့ သက်သက်ပဲ ရောက်လာခဲ့တာ” ရွှေးလင်က ပြုံးကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင်… ဦးလေးလည်း ယဉ်ကျေးမနေတော့ဘူးနော်။ အခုလို လိုက်ခွင့်ပေးလို့ မိန်းကလေး ရွှေးလင်ကို ကျေးဇူးအများကြီး တင်ပါတယ်” ယွန်ချန် ဆက်ပြီး ငြင်းမနေတော့။ အပြုံးကြီးပြုံးလျက် ရွှေးလင်၏ ကမ်းလှမ်းချက်ကို လက်ခံ လိုက်လေသည်။
“ဦးလေးယွန်ကလည်း… အဲ့လိုမျိုး ကိန်းကြီးခန်းကြီးတွေ လုပ်နေစရာ မလိုပါဘူး”
ပြောပြီးသည်နှင့် ရွှေးလင်သည် ကျောက်တုံးအိမ်တော် ရှိရာဘက်သို့ လမ်းလျှောက်သွားလိုက်လေသည်။ ယွန်ချန်လည်း သူမနောက်မှ အလျင်စလို ပြေးလိုက်သွားလေသည်။
ယွန်ရွှမ်သည် တုန့်ဆိုင်းမိနေဆဲ။ သို့သော် ရွမ်ရှင်းယုမှ နောက်မှ တွန်းပို့နေလေရာ သူမလည်း မလိုက်မဖြစ် လိုက်သွားရတော့သည်။
သူမတို့၏ လုပ်ရပ်ကြောင့် တန်းစီစောင့်ဆိုင်းနေသော လူများသည် သူမတို့အား ရန်စောင်၊ မကျေနပ်သည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။
တန်းစီစောင့်နေသော လူများသည် ဆေးဖော်စပ်ပေးဖို့ တောင်းဆိုရန် ရောက်လာကြသူများ ဖြစ်သလို တော်ဝင်နယ်မြေမှ ချမှတ်ထားသော စည်းကမ်းကို လိုက်နာကြသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် တစ်ယောက်ယောက်မှ စည်းကမ်းကို ချိုးဖျက်၍ တန်းမစီပဲ ကျော်တက်ရန် ကြိုးစားနေသည်ကို မြင်သော်အခါ သူတို့ မကျေနပ်ဘဲ နေမည်လား။
သို့သော် ရွှေးလင်နှင့် သူမအဖွဲ့ ဘာလုပ်ချင်နေလဲ ဆိုသည်ကို သေသေချာချာ မသိသေးလေရာ မည်မျှမှ အရင်ဆုံး မလုပ်ရှားသေးကြ။ အခြေအနေကို အရင်လေ့လာပြီးမှသာ မည်သို့ ဆက်လုပ်ရမည်ကို စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
ရွှေးလင်သည် ကျောက်တုံးအိမ်တော်ထဲသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်သွားပြီး သူမ ဘယ်သူဘယ်ဝါ၊ ဘာကြောင့် ရောက်လာရကြောင်းအား အကြီးအကဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့အား ရှင်းပြလိုက်ရာ အကြီးအကဲ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့သွားခဲ့ကြရလေသည်။
ရန်ကိုင် တော်တင်သခင် ရာထူးကို စတင် လက်ခံလိုက်သည့် အချိန်ကတည်းက သူ့အား မည်သူမှ လာမရှာခဲ့ကြရာ အကြီးအကဲများလည်း သူမိတ်ဆွေများအကြောင်း နည်းနည်းမျှပင် မသိထားကြချေ။
သို့သော် တစ်ယောက်ယောက်မှ သူသည် ရန်ကိုင်နှင့် မိတ်ဆွေဟောင်းများ ဖြစ်သည်ဟု ပြောလာနေခဲ့ရာ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့အနေဖြင့် ထိုလူများအား မလေးမစား မလုပ်ရဲ၊ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်သည် “တော်ဝင်သခင်ကို အရင်ဆုံး မေးကြည့်လိုက်ပါဦးမယ်။ ဒီမှာ ခဏလောက် စောင့်နေပေးလို့ ရမလား”
“ရပါတယ်။ ကိစ္စမရှိဘူး” ရွှေးလင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်လည်း သူ့ကို တွေ့ရန် သက်သက်နှင့် ကီလိုမီတာ သောင်းကျော်ကို ဖြတ်လာခဲ့ရသော သူမအား အပြင်တွင် အကြာကြီး စောင့်ခိုင်းစေခဲ့သော ရန်ကိုင်ကို တွေ့သည်နှင့် မှတ်လောက်သားလောက်အောင် သင်ခန်းစာ ကောင်းကောင်းပေးမည်ဟုလည်း တေးထားလိုက်လေသည်။
ဤသည်မှာ လူကို အနိုင်ကျင့်ခြင်း ဖြစ်သည်။
ရန်ကိုင်အား မည်သို့မည်ပုံ လက်စားချေရန် စိတ်ထဲတွင် ကြိတ်စဉ်းစားနေတုန်း တော်ဝင်တပည့်တစ်ယောက်သည် ထိုသတင်းကို တောင်ထွတ်ကိုးလုံးဆီသို့ သွားပို့လေသည်။
ရွှေးလင်းတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ၊ ရန်ကိုင်ဆီ သတင်သွားပို့သော တပည့် ပြန်မရောက်သေးခင်မှာဘဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာခဲ့သည်။ ထိုအဖွဲ့သည်လည်း ရွှေးလင်တို့ ကဲ့သို့ပင် တန်းမစီဘဲ ကျောက်တုံးအိမ်တော်ဆီသို့သာ တိုက်ရိုက် လမ်းလျှောက်သွားလေသည်။
ထိုအဖွဲ့သည် တကယ်ကိုမှ မျက်စိဖမ်းစားစရာ ကောင်းလှသည်။ အကြောင်းမှာ တစ်ဖွဲ့လုံးသည် ဆံဖြူလူအိုကြီးများ ဖြစ်နေသောကြောင့်ပင်။ သို့သော် သူတို့ ဝတ်စားထားသော အဝတ်အစားများအရ ထိုလူအိုကြီး အားလုံးသည် အဆင့်အတန်းတစ်ခုထိ ရှိပြီးသော လူများ ဖြစ်ကြမှန်း တန်းသိနိုင်သည်။
ယုယင်နှင့် ချုန်ယွဲ့ထုန်တို့နှစ်ယောက် အံ့အားသင့်နေကြသည်။
ထိုလူများ၏ ကျင့်ကြံခြင်းသည် မြင့်မားခြင်းမရှိ။ အကုန်လုံးသည် မသေမျိုး ဒုတိယအဆင့် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် မသေမျိုးတတိယအဆင့်များ ဖြစ်ကြသည်။ အဖွဲ့ထဲတွင် သူတော်စင်အဆင့် တစ်ယောက်ပင် မပါချေ။ သို့သော် အကုန်လုံးသည် မည်သူ့ကိုမှ မျက်စိထဲမထည့်၊ မာနတစ်ခွဲသား အမူအရာဖြင့် ရှိနေခဲ့သည်။
ကျောက်တုံးအိမ်တော်ရှေ့သို့ ရောက်သည်နှင့် လအိုကြီး များထဲမှ တစ်ယောက်သည် ယုယင်နှင့် ချန်ယွဲ့ထုန်တို့ဆီ လမ်းလျှောက်သွားလိုက်ပြီး ပြုံးကာ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည် “အမျိုးသမီးတို့၊ ဒီနေရာက ဘုံကိုးခုထွတ်မြတ် နယ်မြေလား မသိဘူး”
အကြီးအကဲနှစ်ယောက်စလုံး ချက်ချင်း မျက်မှောင် ကြုံ့သွားခဲ့သည်။
သူမတို့နှစ်ယောက်သည် ငယ်သေးကြသော်လည်း နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အားကို မဖုံးကွယ်ထားကြ။ သူတော်စင်အဆင့် ဆိုသော ခွန်အားကို ထုတ်ပြထားကြသည်။
သူတို့ထက် ခွန်အားနည်းသော မည်သူမှ သူမတို့အား ထိုကဲ့သို့ မခေါ်ရဲကြချေ။ သူတို့စိတ်ထဲ ထိုလူအိုကြီးသည် စီနီယာဆိုသော အဆင့်အတန်းကို မှီခို၍ သူတို့အပေါ် နှိမ်နေခြင်းဖြစ်သည်ဟု တွေးမိသွားကြသည်။
သို့သော် လူအိုကြီး ပြောသွားသည့်ပုံနှင့် သူ့လေသံ အနေအထား အရ ထိုလူအိုကြီးသည် သူမတိုအား မလေးမစားဖြင့် ပြောနေသည်မဟုတ်။ လေးစားသမှုထား၍ ပြောနေခြင်းဖြစ်မှန်း သိနိုင်သည်။
ထို့ကြောင့် ယုယင်နှင့် ချုန်ယဲ့ထုန်တို့လည်း အလျင်အမြန် ထ၍ ခေါင်းညိတ်ကာ “ဟုတ်ပါတယ်”
“ဒီနေရာရဲ့ သခင်က ရန်ကိုင်လို့ ခေါ်တယ်မလား”
“အင်း”
“ဟုတ်သွားပြီ။ တော်သေးလို့ ငါတို့လာတာ နေရာမှန်သွားတယ်။ ဒီလောက် တောင်တွေ၊ မြစ်တွေ အများကြီးကို ကျော်ဖြတ်လာရတာ ဒီလူအိုကြီးရဲ့ အရိုးအိုကြီးတွေ ညောင်ကုန်းပါပြီကွာ” လူအိုကြီးက စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့အပေါင်းအပါများကို လှမ်းပြောလိုက်လေသည် “ငါတို့ရောက်နေပြီ။ အရင် နားကြတာပေါ့”
ထိုစကားကို ကြားလိုက်သည့်အခါ အခြားလူအိုကြီး လေးယောက်စလုံး ပြုံးလိုက်ကြသည်။
“ဒီက လေးစားရတဲ့ ဧည့်သည်တို့ရဲ့ နာမည်ကို သိလို့ရမလား။ ပြီးတော့ ကျွန်မတို့ရဲ့ တော်ဝင်သခင်နဲ့ ဘယ်လို ပက်သက်နေတာလဲ” ယုယင် အသာအယာလေး မေးလိုက်သည်။
“ဟိုးဟိုး။ သူ့နဲ့ အလုပ်တူတဲ့ သူ့မိတ်ဆွေဟောင်းတွေ ရောက်နေတယ်လို့သာ တော်ဝင်သခင်ကို သွားပြောလိုက်” လူအိုကြီးက သူ့နာမည်ကို မပြောခဲ့။
ယုယင် ပို၍ မျက်မှောင်ကြုံ့သွားခဲ့သည်။ သို့သော် ချုန်ယွဲ့ထုန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဘာမှ ထပ်မမေးရန်သာ ဆုံးဖြတ်လိုက်ပြီး တပည့်တစ်ယောက်ကို ရန်ကိုင်ဆီ ထပ်မံ သွားအကြောင်းကြားခိုင်းလိုက်လေသည်။
စိတ်ထဲတွင်မူ အတော်လေးကိုမှ သိချင်နေကြသည်။ တော်ဝင်သခင် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရောက်သည်မှ ကြာလှပြီဖြစ်သော်လည်း သူ့မိတ်ဆွေ ဆိုသည့်သူများ တစ်ယောက်မှ ပေါ်မလာခဲ့။ ယနေ့မှသာ မိတ်ဆွေဟောင်းဆိုသူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာနေခဲ့လေသည်။
ဒီလူတွေ လိမ်တာ မဟုတ်ရင် ကောင်းလိမ့်မယ် အကြီးအကဲ နှစ်ယောက်စလုံး စိတ်ထဲကြိတ်တွေးလိုက်ကြသည်။ ရန်ကိုင်၏ မိတ်ဆွေဟောင်းဟု ဆိုသော လူများကို အမူအရာကိုလည်း သေသေချာချာ အကဲခတ် လေ့လာနေလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၄) သက်ကြားအိုကြီးများ
ကျောက်တုံးအိမ်တော်ထဲတွင် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့သည် ရန်ကိုင်၏ မိတ်ဆွေဟောင်းများဟု ပြောနေကြသည့် ယခုလေးတင် ရောက်ရှိလာသော အဖွဲ့နှစ်ဖွဲ့ကို သေသေချာချာ အကဲခတ် လေ့လာနေခဲ့သည်။ သူမတို့၏ စိတ်ထဲတွင် ပထမရောက်လာသော မိန်းမလှလေးများ ပါဝင်သည့် အဖွဲ့သည့် ရန်ကိုင်နှင့် အသိအကျွမ်း ဖြစ်နိုင်လောက်သည်ဟု တွေးနေမိကြသည်။ အထူးသဖြင့် ထိုအုပ်ထဲရှိ တောင်ထွတ်ကိုးလုံးဆီသို့ လွမ်းဆွတ်တမ်းတသည့် အမူအရာဖြင့် လှမ်းလှမ်းကြည့်နေသော မိန်းမလှလေးပင်။ သူမနှင့် တော်ဝင်သခင်တို့ကြား မဖြေရှင်းရသေးသော အချစ်ဇာတ်လမ်း တစ်ပုဒ်ပုဒ်များ ရှိနေလေသလား။
တော်ဝင်သခင်သည် လူငယ်တစ်ယောက် ဖြစ်နေဆဲပင်။ အချစ်ဇာတ်လမ်း မရှိခဲ့သောဖူးသော လူငယ် ဤလောကတွင် ရှိမှ ရှိလေရဲ့လား။
ထို့ကဲ့သို့ တွေးမိလိုက်သည်နှင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး တခစ်ခစ် တခစ်ခစ်ဖြင့် ရယ်မောမိလိုက်ကြသည်။
ဒုတိယအဖွဲ့ကမူ သက်ကြားအိုကြီး အဖွဲ့ဟုသာ ဆိုရပေမည်။ သူတို့၏ ခွန်အားသည် မမြင့်မှားလှသော်လည်း သူတို့၏ အထက်စီးဆန်သည့် အမူအရာ၊ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်သည့် အမူအရာများသည် ဟန်ဆောင်လုပ်ပြထားသော အမူအရားများ မဟုတ်သည်မှာ သေချာပေသည်။
ထိုလူအိုကြီးများသည် အဆင့်အတန်းတစ်ခု ရှိပြီးသော လူအိုကြီးများ ကျိန်းသေ ဖြစ်ရပေမည်။
ခဏအကြာတွင် သတင်းသွားပို့သော နှစ်ယောက် ပြန်ရောက်လာခဲ့သည်။ တော်ဝင်သခင်ကသည် ထိုလူများကို သူ့ဆီ ခေါ်လာပေးရန် အမိန့်ပေးလိုက်သည်ဟုလည်း ပြန်ပြောခဲ့သည်။
“ဟွန့်။ သူ့အကြောင်း သူသိသေးသားပဲ” ရွှေးလင် တော်တော်လေး ကျေနပ်သွားခဲ့သည်။ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ကို လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက် လွတ်လပ်သော အဖွဲ့အစည်းမှ လူသုံးယောက်နှင့်အတူ တောင်ထွတ်ကိုးလုံးဆီ ထွက်သွားတော့လေသည်။
သက်ကြားအိုကြီးအဖွဲ့သည်လည်း အကြီးအကဲနှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် ရွှေးလင်တို့အဖွဲ့နောက် လိုက်သွားလေသည်။
သို့သော် သူတို့ ဝေးဝေး မသွားရသေးခင်မှာဘဲ တန်းစီနေသော လူတန်းရှည်ကြီးမှ ကျင့်ကြံသူများ စတင် ပွစိပွစိ လုပ်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ထိုအဖွဲ့နှစ်ဖွဲ့၏ လုပ်ရပ်ကို သည်းမခံနိုင်တော့သည့်အဆုံး အော်ပြောလိုက်လေသည် “အကြီးအကဲနှစ်ယောက်၊ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ သူတို့ ဒီနေ့မှ ရောက်လာတာ မဟုတ်ဘူးလား။ ဘာလို့ တောင်ထွတ်ကိုးလုံးဆီ ဝင်ခွင့်ပေးလိုက်တာလဲ။ အဆင်ပြေမယ်ဆိုရင် ရှင်းပြပေးလို့ရမလား”
“အမှန်ပဲ” နောက်တစ်ယောက်က ဆက်ပြောလိုက်ပြန်သည် “ကျုပ်တို့ဒီမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေရတာ ရက်နဲ့ချီနေပြီ။ ဒါပေမယ့် သူတို့ကျတော့ ဒီနေ့ပဲ ရောက်တယ်။ ဒီနေ့ပဲ ဝင်ခွင့်ရသွားတယ် ဆိုတာက သိပ်ပြီး မတရားဘူးလားလို့”
“ခင်ဗျားတို့ တော်ဝင်နယ်မြေရဲ့ ဂုဏ်သတင်းက ထုန်းရွှမ် လောကကြီးတစ်ခွင်မှာ မသိတဲ့လူ မရှိလောက်အောင်ကို ကျော်ကြားနေတာ။ ဒီတော့ ကျုပ်တို့လို အားနည်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၊ မသေမျိုးအဆင့်တွေကို အနိုင်ကျင့်လို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျုပ်တို့လည်း ဘာပြန်ပြောနိုင်မှာလဲ။ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလူတန်းရှည်ကြီးထဲမှာ သူတော်စင် အဆင့် စီနီယာကြီးတွေပါ ရှိတယ်နော်။ အဲ့စီနီယာကြီးတွေတောင် ခင်ဗျားတို့ ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာနေတာလေ။ ဒါကို ခင်ဗျားတို့က ကိုယ့်စည်းကမ်း ကိုယ်ပြန်ဖျက်ဖို့ ကြိုးစားနေကြတာလား။ အဲ့လိုဆိုရင် ကျုပ်တို့ ပါးစပ် ပိတ်ထားမယ်ဆိုရင် အဲ့လေးစားရတဲ့ စီနီယာကြီးတွေက သဘောတူမယ် ထင်လား”
ထိုစကားလုံးများသည် လူအုပ်ကြားထဲ ပဲ့တင် ထပ်သွားလေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ထဲတွင် ရှိနေသော သူတော်စင်အဆင့် ပညာရှင်များ၏ မျက်နှာများ မကြည်မသာ ဖြစ်လာကြပြီး မေးခွန်းထုတ်လိုသည့် အကြည့်များဖြင့် ယုယင်၊ ချုန်ယွဲ့ထုန်တို့အား ကြည့်လာခဲ့သည်။
ဤနေရာသို့ ရောက်ပြီးနောက် သူတို့၏ မာနတရားကို ခဝါချကာ တော်ဝင်နယ်မြေမှ သတ်မှတ်ထားသော စည်းကမ်း အတိုင်း အခြားလူများနည်းတူ တန်းစီ ရပ်စောင့်ခဲ့ကြသည်။
ထို့ကြောင့် လူကျော်တက်သည့် အဖွဲ့နှစ်အဖွဲ့၏ အပြုအမူမှာ ထိုပညာရှင်များကို မကျေမနပ် ဖြစ်သွားစေသည်မှာ မလွဲမသွေပင်။
ထို့အပြင် လူကျော်တက်သွားသည့် အဖွဲ့နှစ်ဖွဲ့ထဲ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မပါချေ။ သို့တိုင် သူတို့သည် ယခုကဲ့သို့ မျက်နှာသာပေးခံခဲ့ရသည်။ တော်ဝင်နယ်မြေ၏ ထိုလုပ်ရပ်သည် သူတော်စင်အဆင့် ပညာရှင်များ၏ မျက်နှာကို ခပ်ဆတ်ဆတ်လေး ဖြတ်ရိုက်လိုက်သည့်နှယ်…
ထိုအော်သံများကို ကြားလိုက်သည့်အခါ ရွှေးလင်နှင့် သက်ကြားအိုကြီးတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး နောက်ပြန် လှည့်ကြည့်လိုက်ကြသည်။
ယခုကိစ္စ မည်မျှ အရေးကြီးမှန်း ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ ရုတ်တရက် နားလည်သွားခဲ့သည်။ ယခုကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ယခင်လများအတွင် ရန်ကိုင် ကြိုးစား တည်ဆောက်ပေးခဲ့သော တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းကို ကျိန်းသေ ထိခိုက်ပေလိမ့်မည်။
ထို့ကြောင့် ယုယင်သည် အပြုံးချိုချိုလေးပြုံးလျက် ရှေ့သို့တက်ကာ အားလုံးသိအောင် ပြောဆိုလိုက်သည် “ကျေးဇူးပြုပြီး အားလုံးကို ကျွန်မ ရှင်းပြပါရစေ။ ဒီလူတွေက တော်ဝင်သခင်ရဲ့ မိတ်ဆွေဟောင်းတွေပါ။ သူတို့ အခုလို ရောက်လာတာကလည်း တော်ဝင်သခင်နဲ့ တွေ့ချင်လို့ သက်သက်ပါပဲ။ ဆေးဖော်စပ်ခိုင်းဖို့ ရောက်လာကြတာ မဟုတ်ပါဘူး”
“တကယ်လား”
“ကျွန်မ ရှင်တို့ကို ဘာလို့ လိမ်ရမှာလဲ” ယုယင်က အားတင်းပြုံးူလျက် ပြန်ပြောလိုက်သည်။
တကယ်ဆိုလျှင် ထိုနှစ်ဖွဲ့သည် ဆေးဝိဇ္ဇာကြီးဆီမှ အကူအညီ တောင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ယုယင်လည်း သံသယ ဝင်နေမိသည်။ သို့သော် တော်ဝင်သခင်က သူတို့အား ဝင်လာခိုင်းမှဖြင့် သူတို့သည် တော်ဝင်သခင်နှင့် သာမန် အသိအကျွမ်းများ မဟုတ်လောက်ချေ။
“အဲ့မိန်းကလေးအဖွဲ့က တော်ဝင်သခင်နဲ့ မိတ်ဆွေတွေလို့ ပြောရင် ကျုပ်လက်ခံတယ်။ တကယ်တော့ သူတို့ကလည်း တော်ဝင်သခင်နဲ့ အသက်အတူတူလောက်ပဲ။ ဒါပေမယ့် အဲ့သက်ကြားအိုကြီးတွေကကော။ သူတို့က တော်ဝင်သခင်နဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေဖြစ်နိုင်မှာလဲ” လူအုပ်ထဲမှ တစ်ယောက်က လှမ်းအော်ပြောလိုက်သည်။
ထိုသက်ကြားအိုကြီးများသည် အသက်လည်း ကြီးသလို ခွန်အားလည်း နိမ့်ကျကြသည်။ အယောက်တိုင်းသည် သိုင်းတာအို လမ်းစဉ်ကို လျှောက်လှမ်းချင်ကြသော်လည်း သူတို့၏ နိမ့်ကျသော ပင်ကိုယ်အရည်အချင်းကြောင့် အဆင့် ဆက်မတက်နိုင်တော့သည့် ပုံပင်။
ထိုကဲ့သို့သောလူမျိုး ဤလောကကြီးတွင် အများကြီး ရှိပေသည်။
သူတို့ကဲ့သို့သော လူများသည် လက်ရှိအဆင့်ကို ချိုးဖျက်၍ အသက်ပိုရှည်နိုင်ရန်အတွက် ဆေးလုံးကောင်းကောင်းများကို ရှာဖွေတတ်ကြသည်။
ဤနေရာရှိ တန်းစီစောင့်နေသော လူအများစုမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်လေသည်။
အကုန်လုံး၏ အကြည့်သည် သက်ကြားအိုကြီး အဖွဲ့ဆီသို့ ရောက်ရှိလာခဲ့သည်။ ယွနန်ချန်ပင်လျှင် မသိမသာလေး မျက်မှောင် ကြုံ့နေခဲ့လေပြီ။
“ရှင်တို့ သူများကိစ္စကို ဘာလို့ ဒီလောက် ဝင်စွက်ဖက် ချင်ကြတာလဲ။ ကိုယ့်ဘာသာ စိတ်ရှည်ရှည်နဲ့ တန်းစီစောင့်ပေါ့။ ရန်ကိုင်က သူတို့ကို ခေါ်လိုက်မှတော့ သူ့မှာ သူအကြောင်းနဲ့ သူရှိလို့ပဲ။ ဘာလဲ သူလုပ်သမျှ ကိစ္စတိုင်းကို ရှင်တို့ဆီ သံတော်ဦး တင်နေရဦးမှာလား။ ရှင်တို့ ပြဿနာ ရှာချင်နေကြတာလား။ ကျွန်မသာ ရှင်တို့နေရာမှာဆိုရင် အခုလို အော်ဟစ်ပြီး မစွပ်စွဲခင် နှစ်ခါပြန် စဉ်းစားဦးမှာ။ တော်ကြာ တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိမမှဖြင့် ဘာမှမရဘဲ လက်ဗလာနှင့် ပြန်သွားနေရဦးမယ်” ရွှေးလင်က နည်းနည်းလေးမှ ယဉ်ကျေးသမှု မပြုဘဲ ကြမ်းကြမ်းတမ်းတမ်း လေသံဖြင့်သော အော်ပြောလိုက်သည်။
လူအုပ်ကြီးထဲမှ လေသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသူ များမှာလည်း ရွှေးလင်စကားကြောင့် လည်ပင်လေး ပုဝင်သွားကြပြီး အခြားသူများနောက် ပြေးပုန်းရန် ကြိုးစားကြတော့လေသည်။
အစောပိုင်းက အော်ပြောလိုက်ခြင်းသည် စောင့်နေရသည်ကို စိတ်မရှည်သည်ကတစ်ကြောင်း၊ ရွှေးလင်တို့အဖွဲ့အပေါ် မနာလို သည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ကာ နှစ်ခါပြန် မစဉ်းစားဘဲ လုပ်လိုက်ခြင်း ဖြစ်ပေသည်။
တော်ဝင်နယ်မြေသည် မမျှတဟုလည်း သူတို့ တွေးနေမိသည်။ ယခုသာ မကန့်ကွက်ထားပါက နောက်နောင် ရန်ကိုင်ဟု မိတ်ဆွေဟု ဆိုကာ လူကျော်တက်ပါက သူတို့ ပို၍ကြာကြာ စောင့်ရပေလိမ့်မည်။
ထိုအပြုအမူသည် စည်းကမ်းကို နာခံ၍ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသူများအပေါ် မမျှတဟု သူတို့ တွေးခဲ့ကြသည်။
“ကောင်းမလေး၊ နင့်သတ္တိက မသေးပါလား…” လူအိုကြီး အဖွဲ့ထဲမှ ဗိုက်ဖောင်းဖောင်းနှင့် လူအိုကြီးက ရွှေးလင်ဘက်သို့ လှည့်၍ အပြုံးကြီးပြုံးလျက် “နောက်ကျရင် သူတို့ နင်ကို ပြဿနာ လာရှာမှာ မကြောက်ဘူးလား”
“ဘာလို့ ကြောက်ရမှာလဲ” ရွှေးလင်က နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်းမရှိသည့် အမူအရာဖြင့် “ရှင်တို့က ရန်ကိုင်ရဲ့ မိတ်ဆွေတွေ ဆိုမှတော့ ဒီသခင်မလေးရဲ့ မိတ်ဆွေတွေပဲပေါ့။ ရှင်တို့အားလုံးက ကျွန်မထက် အသက်အများကြီး ကြီးပေမယ့် ကျွန်မသာ ဒီမှာရှိနေသရွေ့ ဘယ်သူမှ ရှင်တို့ကို အနိုင် မကျင့်စေရဘူးလို့ အာမခံတယ်။ မဟုတ်ရင် ရန်ကိုင်ကို ပြောပြီး အဲ့ကောင်တွေကို မောင်းထုတ်ခိုင်းလိုက်မှာ”
“အို၊ နင့်ကြည့်ရတနာ ရန်ကိုင်နဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲနော်” နောက်ထပ်လူအိုကြီးက သူ့မုတ်ဆိတ်ရှည်ကြီးကို အသာအယာ ပွတ်သပ်ရင်း ရွှေးလင်းက အဓိပါပ္ပယ်ပါပါ ပြုံးပြလိုက်သည်။
“အင်း… ရင်းတော့ ရင်းနှီးတာပေါ့” ရွှေးလင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အဲ့ကောင်စုတ်က တစ်ခါတစ်လေ သောက်မြင်ကတ်ဖို့ ကောင်းပေမယ့် သူ့မိတ်ဆွေတွေကို အရမ်း တန်ဖိုးထားတာ။ အင်း။ အဲ့လိုကျပြန်တော့လည်း သူက တော်တော်လေးကို ခင်ဖို့ကောင်းသွားပြန်ရော”
“အင်း။ ဒီလူအိုကြီး အမြင်အရဆို နင်လည်း ဘယ်ဆိုးလို့လဲ” ဗိုက်ဖောင်းဖောင်းနှင့် လူအိုကြီးက ပြုံးကာ ပြောလိုက်ပြီး သူ့နှင့် အတူပါလာသည့် လူအိုကြီးများဘက်သို့ လှည့်ကာ “မင်းတို့ကော ဘာပြောချင်လဲ။ ဒီကောင်တွေက ငါတို့ကို ပုဂ္ဂိုလ်ရေးရာ အဆက်အသွယ်တွေ သုံးပြီး တော်ဝင်နယ်မြေရဲ့ စည်းကမ်း စည်းကမ်းတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲနေကြပြီ။ ရှင်းပြလိုက်ကြရင် မကောင်းဘူးလား။ ဒီအတိုင်းဆို ရန်ကိုင် ဂုဏ်သတင်းကို သွားထိခိုက်နိုင်တယ်”
“အဲ့လိုဆို မင်းပဲ ရှင်းပြလိုက်တော့” အခြားလူအိုကြီးများက ထိုလူအိုကြီးအား သူ့စိတ်ကြိုက်သာလုပ်ရန် လက်ဝှေ့ရမ်း ပြလိုက်လေသည်။
ဝတုတ်တုတ် လူအိုကြီးက လူအုပ်ကြီးဘက်သို့ လှည့်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဘယ်မျက်ကန်း ခွေးသူတောင်းစားက ဒီလူအိုကြီးက သက်ကြားအိုကြီးလို့ အော်ပြောနေတာလဲ။ ပြောတဲ့ကောင် မျက်နှာပြစမ်း”
မည်သူမှ ထွက်မလာခဲ့ချေ။ အော်ပြောသည့် သူလည်း ထွက်လာရအောင် ရူးမိုက်လိမ့်မည် မဟုတ်။
ဝတုတ်တုတ် လူအိုကြီးကလည်း ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင် မျှော်လင့်ထားသည့်အလား လူဆက်မရှာတော့ဘဲ သူ့ကိုယ်သူ လက်ညိုးထိုးပြ၍ အခိုင်အမာ ပြောလိုက်လေသည် “ဒီလူအိုကြီးရဲ့ မျိုးရိုးနာမည်က ချန်ပဲ။ သေချာမှတ်ထားလိုက်”
သူ့လေသံသည် နည်းနည်းလေးမှ ယဉ်ကျေးခြင်းမရှိ။ မောက်မာခြင်း၊ အထက်စီးဆန်းခြင်းတို့ဖြင့်သာ ပြည့်နေသည်။ မျက်နှာထားမှာလည်း မည်သူ့ကိုမှ မျက်လုံးထဲ မထည်သည့်ဟန်။
သူ့အပြုအမူသည် လူများစွာအား ကြိတ်ကာ နှာခေါင်းရှုံ့သွားစေခဲ့သည်။
ဘာမဟုတ်သော မသေမျိုးအဆင့်လေးကများ သူတို့ရှေ့တွင် လာမောက်မာရဲသည်။ တော်ဝင်နယ်မြေတွင်သာ မဟုတ်ပါက ရှေ့တက်ကာ ကောင်းကောင်း သမပေးလိုက်မည်သာ။
သို့သော်လည်း ဝတုတ်တုတ် လူအိုကြီး ပြောလိုက်သည်ကို ကြားသည်နှင့် လူအုပ်ကြီးထဲတွင်ရှိ လူအချို့ မျက်လုံး မှေးစဉ်းသွားခဲ့ကြသည်။ ထို့နောက် တစ်ယောက်ယောက်မှ အလန့်တကြား ထအော်လေသည် “လျှပ်စီးသွားမြို့ ဆေးပညာရှင် အစည်းအရုံအးခွဲက တာဝန်ခံ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ဆေးဝိဇ္ဇာချန်ပေါင်လား”
“မအံ့ဩတော့ပါဘူးလေ။ ဘာလို့ ဒီလောက် ရင်းနှီးနေလဲ မှတ်နေတာ လတ်စသတ်တော့ လျှပ်စီးသွာမြို့တော်က ဆေးဝိဇ္ဇာကြီး ဖြစ်နေတာကိုး”
“သူဘာလို့ ဒီကို ရောက်လာတာလဲ။ ဒီက တော်ဝင်သခင်ကို သူသိတယ်လို့ ပြောလိုက်တာကို ငါကြားလိုက်သလိုပဲ”
“သူနဲ့ အတူလာတဲ့ လူတွေကကော ဘယ်သူတွေလဲ”
----------------------------------
တိတ်ဆိတ်သွားခဲ့သော လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ် ညံ့လာခဲ့ပြန်လေပြီ။ ချန်ပေါင်အား အထင်တသေး အမူအရာဖြင့် ကြည့်နေခဲ့ကြသော လူများသည် ယခုအချိန်၌ ချန်ပေါင်အား လေးလေးစားစား အမူအရာမျိုး လုပ်ပြနေခဲ့ကြလေပြီ။
မည်သူမှ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက်ကို အထင်တသေး သွားမလုပ်ရဲချေ။
လူအုပ်ကြီး ထိတ်လန့်နေရာမှ အသိပြန်မဝင်နိုင်သေးခင်မှာပင် ချန်ပေါင်ဘေးရှိ လူအိုကြီးများကလည်း သူတို့၏ နာမည်အသီးသီးကို ထုတ်ပြောလိုက်ကြသည်။
“ဒီလူအိုကြီးနာမည်က ဟုန်ဖန်းပဲ”
“တုဝမ်”
“ဟဲဖုန်း”
“ခုန်ရို့ယု” တစ်ဦးတည်သော အမျိုးသမီး မိန်းမအိုကြီးက ပြောလိုက်သည်။
ထိုနာမည်များကို ကြားလိုက်ရချိန် လူအုပ်ကြီးတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ် သွားခဲ့သည်။ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ချေ။
ကြယ်ရောင်ဖြာမြို့တော်၊ မြစ်သုံးစင်းမြို့တော်၊ ကျိုးပဲ့လမြို့တော်၊ ကျောက်တုံးမြို့တော်၊ လျှပ်စီးသွားမြို့တော်…
ထိုမြို့ကြီးငါးမြို့မှ ဆေးပညာရှင်အစည်းအရုံးအခွဲများ၏ တာဝန်ခံ ငါးယောက်စလုံးသည် ဤနေရာတွင် အတူတကွ စုဝေး နေကြလေသည်။
သူတော်စင်အဆင့် ဆေးပညာရှင်ငါးယောက်… ထိုလူအင်အားသည် အရမ်းကိုမှ ကြီးကျယ်ခမ်းနားလှပေသည်။
အကုန်လုံး အသံတစ်ချက်ပင် မထွက်ရဲတော့။ အကုန်လုံးသည် မှင်သက်ကြောင်အနေသည့် အမူအရာများဖြင့်သာ ထိုလူအိုကြီး ငါးယောက်ကို ငေးကြောင်ကြည့်နေခဲ့ကြလေသည်။
တုဝမ်က ပြုံးကာ ရှေ့သို့တက်၍ “အားလုံးပဲ၊ ကျုပ်တို့ ဒီနေ့ ဒီကိုရောက်လာရတာက မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ဝင်သခင်ဆီ လာလည်တာပါ။ အခုလို နားလည်မှုလွဲတာမျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ အဲ့အတွက် ကျုပ်တို့ကို ခွင့်လွှတ်ပေးကြပါ”
“မလိုပါဘူး။ မလိုပါဘူး၊ မလိုပါဘူး။ လူအိုကြီးတု တောင်းပန်စရာ မလိုပါဘူး” လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။
သူတော်စင်အဆင့် ပညာရှင်များသည် ထိုဆေးဝိဇ္ဇာကြီး ငါးယောက်ရှေ့ မရိုမသေ မလုပ်ရဲကြချေ။ အကုန်လုံးသည် အတတ်နိုင်ဆုံး လေးလေးစားစားဖြင့်သာ ပြုမူကြသည်။
ယုယင်နှင့် ချုန်ယွဲ့ထုန်တို့၏ မျက်ဝန်းလေးများသည်လည်း ကြယ်စဉ်လေးများပမာ တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။ ထိုလူအိုကြီးများသည် ကျင့်ကြံခြင်းအဆင့်နိမ့်သော်လည်း သူတို့အား ဂျူနီယာများကဲ့သို့ အဘယ်ကြောင့် ဆက်ဆံသွားသည်ကို သူမတို့ နှစ်ယောက်စလုံး နားလည်သွားခဲ့လေပြီ။
ထို့အပြင် သူတို့ ကြားလိုက်ရသည့်စကားကြောင့် အကြီးအကဲ နှစ်ယောက် အရမ်းကိုမှ ထိတ်လန့်တုန်လှုပ်မိနေခဲ့လေသည်။
ထိုကျော်ကြားသော ပုဂ္ဂိုလ်ကြီးများသည် တော်ဝင်သခင်ကို တွေ့လိုသည့်အတွက်ကြောင့် ဤနေရာသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ထို ‘လည်ပတ်သည်’ ဆိုသော စကားတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပေသည်။
လူငယ်မျိုးဆက်များ၏ သူတို့ထက်ဝါမြင့်သော စီနီယာများနှင့် တွေ့လိုသည့်အခါမှသာ လည်ပတ်သည် ဆိုသော အသုံးအနှုန်းမျိုး သုံးလေ့ရှိကြသည်။
ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး နှလုံး လည်ချောင်းမှ ခုန်ထွက်မိမတတ် စိတ်လှုပ်ရှားနေခဲ့ကြသည်။
“ယုယင် မမြင်တတ်ခဲ့လို့ ဆေးဝိဇ္ဇာကြီး ငါးယောက်ကို သတိမပြုမိခဲ့ပါဘူး။ ကျွန်မတို့ဘက်က ဧည့်ဝတ်မကျေမိလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ” ယုယင်က အလျင်အမြန် ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
“ဘာမှတွေးမနေနဲ့။ နင်တို့ရဲ့ တော်ဝင်သခင်လည်း ဒီလောက်ကို စိတ်ထဲထားနေမှာ မဟုတ်ဘူး” တုဝမ်က ရယ်သွမ်းသွေးလျက် “ငါတို့က သူနဲ့ သူစိမ်းတွေမှ မဟုတ်တာ”
“အဲ့လိုဆိုရင် ယုယင်ကိုယ်တိုင် ဆေးဝိဇ္ဇာကြီး ငါးယောက်ကို တော်ဝင်သခင်ဆီ လိုက်ပို့ပေးပါရစေ”
“အကြီးအကဲ ယုယင်က အရမ်းယဉ်ကျေးနေတာပဲ”
“ဆေးဝိဇ္ဇာကြီးငါးယောက် ကြွပါ”
တုဝမ်နှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မှင်သက်နေသော လူအုပ်ကြီးကို ထားရစ်၍ ယုယင်နောက်မှ လိုက်သွားကြလေသည်။
ရွှေးလင်နားမှ ဖြတ်လျှောက်သွားချိန် ချန်ပေါင်က ရွှေးလင်အား ပြုံးပြလျက် “ကောင်မလေး၊ ဘာတွေ ကြောင်ကြည့်နေတာလဲ။ အခုမှ မသွားရင် ငါတို့ နင့်ကို ထားခဲ့တော့မှာနော်”
“အန်။ အာ… အင်း” ရွှေးလင် ကသိကအောက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ လက်ရှိ အခြေအနေနှင့် အလျင်းသင့်အောင် မပြုမူနိုင်အောင် ဖြစ်နေခဲ့လေပြီ။
ထိုဆေးဝိဇ္ဇာကြီးများရှေ့ သူမ မည်ကဲ့သို့ အရှက်မရှိ ကြွားဝါးခဲ့သည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် ရွှေးလင်မှာ ရှက်လွန်းသဖြင့် လဲသာ သေလိုက်ချင်တော့လေသည်။
ရှက်ဖို့ကောင်းလိုက်လေခြင်း…
ကံကောင်းစွာဖြင့် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် သဘောထားကြီးကြီးဖြင့် သူမစကားကို အတည်မယူခဲ့ချေ။ စနောက်ခြင်းလည်းမပြု။ မဟုတ်လျှင် သူမတစ်ဘဝလုံး လူရှေ့ မျက်နှာထွက်ပြရဲတော့လိမ့်မည် မဟုတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၅) ဆေးဝိဇ္ဇာကြီးများ၏ တောင်းဆိုချက်
ဆေးဝိဇ္ဇာကြီးငါးယောက်နောက် လိုက်နေရသည်မှာ တိမ်ပေါ် လမ်းလျှောက်နေရသည့်နှယ်… သူမ၏ ခြေလှမ်းများမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ထိုကဲ့သို့သော ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများဖြင့် မည်ကဲ့သို့ မိတ်ဆွေ ဖြစ်လာသလဲ ဆိုသည်ကို တွေးတောနေသောကြောင့် ဖြစ်ကောင်း ဖြစ်ဟန်တူသည်။
ဘယ်လောက်တောင် အံ့ချီးဖွယ် ကောင်းလိုက်လေသနည်း။
ခဏအကြာတွင် အဖွဲ့နှစ်ဖွဲ့ တော်ဝင်သခင်ရုံးတော်သို့ ရောက်ရှိလာခဲ့သည်။
ယုယင်သည် ထိုလူများကို ဧည့်ကြိုခန်းဆီသို့ ခေါ်မသွားဘဲ ဤနေရာသို့သာ တိုက်ရိုက် ခေါ်လာလိုက်လေသည်။
အန်လင်းအာနှင့် ရှုဟွေတို့ သူတို့အား ချက်ချင်း ထွက်ကြိုခဲ့သည်။ ထို့နောက် ခန်းမကြီးဆီသို့ ခေါ်သွားခဲ့ပြီး အစေခံများအား လက်ဖက်ရည် ဧည့်ခင်းတည်ခံစေပြီးနောက် ရှုဟွေက ပြောလိုက်သည် “တော်ဝင်သခင်က မြန်မြန် လာခဲ့ပါမယ်တဲ့။ ခဏလောက် စောင့်နေပေးနော်”
“ဘာမှမဖြစ်ဘူး။ သူ အလုပ်ရှုပ်နေသေးရင် ငါတို့လည်း ခဏလောက် နားရတာပေါ့” ချန်ပေါင်က သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပြီး အေးအေးသက်သာ အမူအရာဖြင့် ထိုင်ခုံပေါ် ထိုင်ချလိုက်ကာ အမောဖြေနေခဲ့သည်။
ချန်ပေါင်သည် ဝသည်ဆိုသည်ထက်ပိုသည်။ သူသည် လျှပ်စီးသွားမြို့တော်ရှိ ဆေးပညာရှင်အစည်းအရုံးအခွဲမှ အပြင်သို့ သိပ်ပြီးထွက့်လေမရှိ။ ရန်ကိုင်အား ရှာချင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက ဘုံကိုးခုထွတ်မြတ်နယ်မြေကဲ့သို့ ဤမျှဝေးသော နေရာတစ်ခုဆီ ဘယ်တော့မှာ လာခဲ့လိမ့်မည် မဟုတ်ချေ။
ဧည့်သည်များကို လိုက်ပါပို့ဆောင်ပေးပြီးနောက် ယုယင်သည် ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လျက် ပြန်ထွက်သွားလေသည်။
ဆေးဝိဇ္ဇာကြီးငါးယောက် ရောက်ရှိလာခြင်းမှာ ပေါ့သေးသေး ကိစ္စတစ်ခုမဟုတ်။ ထို့ကြောင့် ထိုလူအိုကြီး ငါးယောက် ဘယ်သူဘယ်ဝါမှန်း သိလိုက်ရသည့်အခါ ရှုဟွေနှင့် အန်လင်းအာ တို့သည် ထိုလူများအား နည်းနည်းလေးမှ မလေးစား မလုပ်ရဲဘဲ အရမ်းကိုမှ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ကြသည်။
သို့သော် ဆေးဝိဇ္ဇာကြီးငါးယောက်သည် ပြောရဆိုရ လွယ်ကူသော လူများဖြစ်လေရာ နည်းနည်းလေးမှပင် အထက်စီး ဆန်မနေခဲ့။ မကြာခင်မှာပင် ရှုဟွေနှင့် အန်လင်းအာတို့အား သူတို့၏ စကားဝိုင်းထဲသို့ပင် ဆွဲခေါ်လိုက်လေသည်။
သို့သော် သူတို့၏ လုပ်ရပ်မှာ ရှုဟွေနှင့် အန်လင်းအားတို့ အတွက် အတော်လေးကိုမှ မသက်မသာ ဖြစ်စေခဲ့သည်။
အပြင်တွင် မတော်တဆ တွေ့ခဲ့သော ထိုလူအိုကြီး ငါးယောက်သည် ဆေးဝိဇ္ဇာကြီးများ ဖြစ်နေလိမ့်မည်ဟု ရွှေးလင် မထင်ထားခဲ့ချေ။ ထိုလူအိုကြီးများ မည်သူဆိုသည်ကို သိလိုက်ရပြီးနောက် ရွှေးလင်မှာ ထိုလူအိုကြီးများဖြင့် ယခင်ကကဲ့သို့ လက်လွတ်စပယ် စကားမပြောရဲတော့ချေ။
ယွန်ရွှမ်နှင့် သူမတို့ အဖွဲ့ဆိုလျှင် ပို၍ပင် နေမထိ၊ ထိုင်မထိ ဖြစ်နေခဲ့ကြသည်။
လွတ်လပ်သော အဖွဲ့အစည်းသည် အင်အားစုကြီးတစ်ခု မဟုတ်။ တော်ဝင်နယ်မြေသို့ သူတို့ ဝင်နိုင်ခဲ့ခြင်းမှာ ရွှေးလင်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ ထိုဆေးဝိဇ္ဇာကြီးငါးယောက် ရှေ့တွင် ထိုင်နေရသည်မှာ ပင်အပ်ပေါ် ဖင်ခုထိုင်ရသလို ယွန်ချန် ခံစားနေခဲ့ရသည်။
နှုတ်ခမ်းကို တင်းတင်းစေ့ထားလျေက် စကားဝိုင်းတွင် ဝင်မပါမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
အကုန်လုံးသည် ကြီးကျယ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသော်လည်း သူ့ကမူ…
ထိုလူများထဲမှ တစ်ယောက်နှင့် တွေ့ရလျှင်ပင် ကံကောင်းနေပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ငါးယောက်စလုံးအား တစ်စုတစ်ဝေးတည်း တွေ့နေခဲ့ကြသည်။ ယွန်ချန် အတော့်ကိုမှ စိတ်မသက်မသာ ဖြစ်နေကာ ဘာပြောလိို့ပြောရမှန်း၊ လုပ်လို့ လုပ်ရမှန်း မသိတော့ပေ။
သူတို့ အကြပ်တွေ့နေသည်ကိုမြင်သော် အန်လင်းအာက ပြုံးလျက် ရွှေးလင်နှင့် ယွန်ရွှမ်တို့အား အခြားဘက်ဆီ လက်ယပ်ခေါ်လိုက်ပြီး ရန်ကိုင်နှင့် သူတို့ကြားရှိ ဆက်ဆံရေး အကြောင်း မေးမြန်းတော့လေသည်။
ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မနှင့် စကားပြောနေခြင်း ဖြစ်လေရာ ရွှေးလင်နှင့် ယွန်ရွှမ်တို့ နှစ်ယောက်စလုံး မျက်လုံးလေးများကို အနည်းငယ် မှေးစဉ်းလျက် စကားလုံးများကိုလည်း သေသေချာချာ ရွေးချယ်သုံးနှုန်း နေခဲ့ကြသည်။
သို့သော်လည်း အန်လင်းအာက ဖော်ရွေသိမ်မွေ့စွာ ဆက်ဆံပေးနေသဖြင့် နှစ်ယောက်စလုံး သိပ်ပြီး အခက်မတွေ့တော့။ စကားဝိုင်းများလည်း ပို၍ အဆင်ချောလာကာ မကြာမီ တခစ်ခစ် ရယ်သံလေးများပင် ပါဝင်လာတော့လေသည်။
နာရီဝက်လောက် စောင့်ဆိုင်းနေပြီးနောက် အပြင်ဘက်မှ အခန်းထဲသို့ လူတစ်ယောက် ဝင်လာခဲ့သည်။
အကုန်လုံး လှည့်ကြည့်လိုက်ကာ တစ်ချိန်တည်းတွင် ပြုံးလိုက်ကြသည်။
“ဂျူနီယာရန်က ဆေးဝိဇ္ဇာကြီးတွေကို နှုတ်ဆက်ပါတယ်။ ဒီလောက်များတဲ့ ဆေးဝိဇ္ဇာကြီးတွေ လာလည်လာ ဒီဂျူနီယာ မြောက်တောင်မြောက်ချင်သွားပြီ” ရန်ကိုင်က အလျင်အမြန် နှုတ်ဆက်လိုက်လေသည်။
ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြုံးကာ ခေါင်းညိတ်လိုက်၍ တုဝမ်က အရင်စပြောလိုက်သည် “ဒီလောက်ကြီး ယဉ်ကျေး မနေစမ်းပါနဲ့ကွာ။ အရင်တုန်းက ငါတို့ကို ဆေးဝိဇ္ဇာလို့ ခေါ်လို့ ရခဲ့ပေမယ့် အခုကျတော့… မတူတော့ဘူးလေ”
တုဝမ် စကားအများကြီး ပြောမသွားခဲ့။ သို့သော် သူ့စကားလုံး နောက်ကွယ်ရှိ အဓိပ္ပါယ်မှာမူ ထင်ရှားရှင်းလင်းနေခဲ့သ်။
ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်း၍ “လူအိုကြီးတု ဒီလို လုပ်နေစရာ မလိုပါဘူး။ ဂျူနီယာ အခုလို အောင်မြင် လာနိုင်တာကလည်း ဆေးဝိဇ္ဇာကြီးတွေရဲ့ ကျေးဇူး မပါမဖြစ်ပဲလေ”
ရန်ကိုင်သည် ယခုအချိန်ထိတိုင် သူတို့အား လေးလေးစားစား ဆက်ဆံနေသေးလေရာ ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။ ရန်ကိုင်သည် အမြင့် ရောက်သွားသည့်တိုင် သူတို့အား မေ့မသွားသည့်အပေါ် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အတော်လေး ကျေနပ်မိနေသည်။
“ဟေး။ ဒီမှာလည်း လူတွေ ရှိပါသေးတယ်နော်။ ငါတို့ကိုကော မနှုတ်ဆက်တော့ဘူးလား” ရွှေးလင်က နှာခေါင်းရှုံ့လိုက်သည်။
ရန်ကိုင် ရောက်လာမှပဲ ရွှေးလင် သက်ပြင်းချနိုင်သည်။ အကြောင်းမှာ ဤနေရာတွင် သူမ အမှန်တကယ် သိသည့်လူဆို၍ ရန်ကိုင်တစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည်။
သူမသည် ရန်ကိုင်နှင့်အတူ အမွေခံတိုက်ပွဲကို ဝင်ပြိုင်ပြီး တိမ်မိစ္ဆာနယ်မြေကို အနိုင်တိုက်ကာ ဗဟိုမြို့တော်မှ ထုန်းရွှမ် လောကကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာသော်လည်း ရွှေးလင်သည် သူမအား ရင်းနှီးသော မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားဆဲပင်။
ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ရွှေးလင်ဘက်သို့ လှည့်၍ “မတွေ့တာကြာတော့ အကုန်လုံးက ပိုပိုလှလာကြပါလား”
“ဟွန့်၊ လျှာစောင်းကတော့ ထက်နေလိုက်တာပဲ” ရွှေးလင်က ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ယွန်ရွှမ်လည်း အရမ်းကိုမှ ရှက်ရွံ့နေခဲ့သည်။ ရန်ကိုင်လည်း ကြည့်လိုက်၊ မကြည့်လိုက် လုပ်နေလေသည်။ သူမဘေးတွင် ရှိနေသော ရွမ်ရှင်းယုက တိုးတိုးလေး ပြောလိုက်သည် “ဒါက နင့်ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ အခုမှ မဆုပ်ကိုင်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ရှိတော့မှာ မဟုတ်ဘူးနော်”
ယွန်ရွှမ်သည် ရန်ကိုင်သာ တွေတွေကြီး ဆက်လက် စိုက်ကြည့်နေပြီး ဘာမှပြန်မပြောသဖြင့် ရွမ်ရှင်းယုလည်း စိတ်ချဉ်ပေါက်ပေါက်ဖြင့် နှုတ်ခမ်းသာ ကိုက်မိလိုက်သည်။
သူမသာ ယွန်ရွှမ်နေရာတွင် ဆိုပါက ရန်ကိုင်အား ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ယခုရန်ကိုင်သည် သူမတို့ စတွေ့စဉ်က ရန်ကိုင်နှင့် လုံးဝကို ကွဲပြားနေခဲ့လေပြီ။ စတွေ့စဉ်က ရန်ကိုင်သည် ဘာဆိုဘာမှမသိသော တောကြိုအုံကြားမှ ရောက်လာသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ဖြစ်နေပေပြီ။ မြင့်မြတ်သော အဆင့်အတန်း၊ အားကောင်းသော ခွန်အား အကုန်လုံးကို ပိုင်ဆိုင်ထားသလို… ရုပ်ရည်ပိုင်းအရ ဆိုလျှင်လည်း ပြောစရာ မလိုချေ။ ထိုကဲ့သို့သော လူတော်တစ်ယောက်ကို ရှာတွေ့ပြီးမှဖြင့် အဘယ်ကြောင့် သူ့အား မဖက်တွယ်ထားရမည်နည်း။
သူ့အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသရွေ့ နောင်ရေးကို တွေးပူစရာ လိုတော့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အရူးမယွန်ရွှမ်သည် ထိုကဲ့သို့ လုပ်ရန် မစဉ်းစားလေရာ ရွမ်ရှင်းယုမှာ အရမ်းကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ရသည်။
“အဖွဲ့အစည်းခေါင်းဆောင်ယွန်ကို ဂျူနီယာ နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်ကာ ယွန်ချန်အား နှုတ်ဆက်လိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ချန် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူ့မျက်နှာလည်း အပြုံးကြီး ပြုံးဖြီးသွားခဲသည်။ သို့သော် အလျင်စလို ထ၍ “တော်ဝင်သခင်ရန်ကလည်း ဒီလို လုပ်နေစရာ မလိုပါဘူးဗျာ”
ထို့နောက် ကိုးယိုးကားယား အမူအရာဖြင့် ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်သည် “အရင်တုန်းက ကျုပ်တို့ အဖွဲ့အစည်းလည်း ဟိုသူခိုးတွေရဲ့ အလိမ်အညာမိပြီး တော်ဝင်နယ်မြေအပေါ် ရိုင်းစိုင်းမိခဲ့ပါတယ်။ အဲ့ကိစ္စနဲ့ပက်သက်ပြီး တော်ဝင်သခင် စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်”
“ဘာမဟုတ်တဲ့ ကိစ္စလေးကို ဘာလို့ စိတ်ထဲထားနေရမှာလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်မှပဲ ယွန်ချန် ရင်ထဲ ပေါ့သွားခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်ပြီး ရန်ကိုင်သူ့အား အညိုးထားနေမည်ကို ယွန်ချန် အတော်လေး လန့်ပေသည်။ ရန်ကိုင်သာ သူ့အား အငြိုးထားနေဦးမည် ဆိုပါက အရှက်လုံးလုံး ကွဲရပေလိမ့်မည်။
အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ရန်ကိုင်က ထိုင်ခုံတစ်လုံးရှာကာ ထိုင်လိုက်သည်။
“ခင်ဗျားတို့အားလုံး ကျုပ်တော်ဝင်နယ်မြေဆီ ဘယ်လိုလုပ်ပြီး အတူတူ ရောက်လာကြတာလဲ။ အားလုံး တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား” ရန်ကိုင်က တစ်ယောက်ပြီး တစ်ယောက်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“တိုက်ဆိုင်သွားတာ သက်သက်ပဲ” ချန်ပေါင်က ရယ်ရယ်မောမောဖြင့် “ငါတို့ အတူလာခဲ့တာ မဟုတ်ဘူး။ အပြင်မှာ မတော်တဆ တွေ့ခဲ့ကြတာ”
“ဟုတ်တယ်။ ယွန်ရွှမ်ကို အပြင်မှာတွေ့လို့ တစ်ခါတည်း ခေါ်လာလိုက်တာ”
“တကယ်ကို တိုက်ဆိုင်မှု အကြီးစားကြီးပဲ။ ဒီနေ့ ကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားမိနေတာ မထူးဆန်း တော့ပါဘူးလေ။ လတ်စသတ်တော့ ဆေးဝိဇ္ဇာကြီးတွေနဲ့ မိတ်ဆွေဟောင်းတွေ လာလည်ကြမှာကိုး” ရန်ကိုင် အတော်လေး ပျော်နေသည့်ပုံပင်။
စကားပြောနေစဉ် အတောအတွင်း ယွန်ရွှမ်သည် ရန်ကိုင်ကိုသာ စိုက်စိုက်ကြည့်နေခဲ့သည်။ အသိပြန်ဝင်လာသည်နှင့် ချက်ချင်း အကြည့်လွှဲလိုက်သည်။ ရန်ကိုင် မျက်နှာလေးကို ကြည့်နေရုံဖြင့် သူမ၏ နှလုံးသားလေး တဒုတ်ဒုတ် ခုန်နေခဲ့လေပြီ။
အချိန်ကြာလာသည်နှင့် ရန်ကိုင်နှင့် သူမတို့ကြား ပိုပို၍ အလှမ်းဝေးလာနေမှန်း ယွန်ရွှမ်း ခံစားမိသည်။ ယခင်အကြိမ် ရန်ကိုင်ကို မြင်ခဲ့စဉ်က ရန်ကိုင်သည် တိမ်ယံထက် ရပ်နေသည်ဟု ထင်ရသော်လည်း အနည်းဆုံး သူ့ကို မော့ကြည့်နိုင်သေးသည်။
သို့သော်လည်း သူမရှေ့ရှိ လူငယ်လေးသည် သူမပင် လက်လှမ်းမမှီသည့် နေရာသို့ တက်လှမ်းသွားခဲ့လေပြီ။
ထိုအချက်ကို နားလည်လိုက်သည်နှင့် သူမ၏ နှလုံးသားလေး ကြေကွဲသွားခဲ့ရသည်။ ဤတစ်သက် ရန်ကိုင်ကို ဘယ်တော့မှ လိုက်မှီနိုင်တော့မည် မဟုတ်မှန်း ယွန်ရွှမ် နားလည်လိုက်လေပြီ။
ထိုကဲ့သို့သော လူတစ်ယောက်သည် သူမကဲ့သို့သော မိန်းမ တစ်ယောက်နှင့် ယှဉ်တွဲရပ်နေရန် မထိုက်တန်…
“ဆေးဝိဇ္ဇာကြီးတို့ တော်ဝင်နယ်မြေဆီ အတူတူ ရောက်လာတယ်ဆိုတော့ တောင်ဆိုစရာတစ်ခုခုများ ရှိလို့လား” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ရောက်လာရခြင်း အကြောင်းအရင်းကို မေးမြန်းလိုက်လေသည်။
အကြီးအကဲငါးယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်ဆုံး အကြည့်လေစုံးသည် တုဝမ်ပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။
လေးယောက်တစ်ယောက် ဖြစ်နေလေရာ တုဝမ်လည်း ပြန်မငြင်းသာတော့။ ကူကယ်ရာမဲ့စွာဖြင့်သာ ခါးခါးသီးသီး ပြုံးလျက် “ဒီလို… ဒီမှာ အဆင့်မြင့် ဆေးဝိဇ္ဇာကြီးတစ်ဦး ရှိနေတယ်ကြားလို့ ဒီကို လာလည်ဖို့ ဆုံးဖြတ်လိုက်တာကွ”
ထိုစကားကို ကြားလိုက်ချိန် ရန်ကိုင် တံတွေးသီးမတတ် ဖြစ်သွားခဲ့ရသည်။ သူ့နှုတ်ခမ်းအစုံသည်လည်း မဲ့ရွဲ့နေခဲ့လေပြီ။
တော်ဝင်နယ်မြေရှိ ထူးခြားဆန်းကြယ်သော ဆေးဝိဇ္ဇာ မည်သူမှန်း အခြားသူများမသိ။ သို့သော် တုဝမ်နှင့် အခြား ဆေးဝိဇ္ဇာကြီးများမှာမူ ကွဲကြ၏။ သူတို့သည် ဆေးသွေးကြောပါသော သူတော်စင်အဆင့်နိမ့် ဆေးလုံးအား ရန်ကိုင် ဖော်စပ်ခဲ့သည်ကို ကိုယ်တိုင် မြင်ခဲ့ဖူးကြသူများ မဟုတ်ပေလော။
ယခု တုဝမ်က ထိုကဲ့သို့ နှိမ့်နှိမ့်ချချ ပြောလာသဖြင့် ရန်ကိုင်လည်း အတော်လေးကို ကိုးယိုးကားယား ဖြစ်နေခဲ့သည်။ လက်ရှိ အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်ရမှန်း မသိတော့။
“ဟုတ်တယ်။ အဆင်ပြေရင် အဲ့ဆေးဝိဇ္ဇာကြီးရဲ့ ပညာရပ်တွေကို လေ့လာချင်တာ။ ဖြစ်နိုင်ရင် ဆေးပညာကို သူနဲ့အတူတောင် လေ့လာချင်သေးတယ်…” ဟုန်ဖန်းက ထပ်လောင်းပြောဆိုလိုက်သည်။
ရန်ကိုင်မျက်နှာ ပို၍ မဲ့ရွဲ့သွားခဲ့ရလေပြီ။
“အဆင်မပြေရင်လည်း ကိစ္စတော့ မရှီပါဘူး” ရန်ကိုင်၏ ထူးဆန်းသော အမူအရာကို မြင်သော် ရန်ကိုင်အနေဖြင့် သဘောတူရန် ခက်ခဲနေသည်ကို ထင်မှတ်သွားကာ သူ့လက်ကို ဝှေ့ရမ်း၍ “အခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို သိချင်တာတော့ မဟုတ်ဘူးကွ။ ဒါပေမယ့် ဆေးပညာဘက်မှာ ငါတို့ကို သင်ပေးနိုင်တဲ့လူက တယ်ရှားတာကိုးကွ။ ရှိတယ်ဆိုရင်တောင် ပေါ်လာလေ့ရှိတာ မဟုတ်ဘူးလေ။ ဒါကောင့် ကံစမ်းရုံပဲ တတ်နိုင်တာပေါ့။ ရန်ကိုင်၊ ငါတို့တောင်းဆိုချက်ကို အဲ့ဆေးဝိဇ္ဇာကြီးဆီ တစ်ချက်လောက်တော့ သွားပြောပေးကွာ။ အလျင်လိုစရာ မလိုဘူး။ ငါတို့ စောင့်နိုင်တယ်”
“ဟုတ်တယ်။ အဲ့ဆေးဝိဇ္ဇကြီးသာ ငါတို့ကို နည်းနည်းပါးပါး ထောက်ပြပေးမယ်ဆိုရင် ငါတို့ တကယ်ကို ပျော်မိမှာ။ ဒါပေမယ့် မရလည်း ကိစ္စမရှိပါဘူးလေ။ တကယ်တော့ ငါတို့ဘက်က အတော်လေး ရိုင်းတယ်လို့တောင် ပြောလို့ရနေပြီ။ အခြား တစ်ယောက် မလုပ်ချင်တာကို အတင်းလုပ်ခိုင်းနေတဲ့ ပုံပေါက်နေပြီ” ချန်ပေါင်က နှစ်သိမ့်စကား ဝင်ပြောလိုက်သည်။
အကြည့်ငါးစုံစလုံးသည် ရန်ကိုင်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့ကြသည်။
ရွှေးလင်နှင့် ယွန်ချန်တို့လည်း အတော်လေးကိုမှ နေရထိုင်ရ အခက်တွေ့နေခဲ့သည်။ အခန်းတွင်ရှိ အခြေအနေ အဘယ်ကြောင့် ရုတ်တရက် တင်းမာသလို ဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး အမူအရာကို ပြန်ထိန်းကာ “ဆေးဝိဇ္ဇာကြီးတွေကလည်း တကယ် အတည်ပေါက်ကြီးနဲ့ဗျာ။ တကယ်တော့ ကျုပ်တို့ တော်ဝင်နယ်မြေက ဆေးပညာရှင်လည်း သူနဲ့ အတွေ့အကြုံ ဖလှယ်နိုင်မယ့် ပညာရှင်တစ်ယောက်လောက်ကို လိုနေတာလေ။ ဆေးဝိဇ္ဇာကြီးတို့ ရောက်လာတာ တစ်ခါတည်း ကွက်တိတောင် ဖြစ်သွားသေးတယ်။ ကျုပ်တို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီး ကိုယ်စား ဆေးဝိဇ္ဇာကြီးငါးယောက်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ့မယ်။ ဒီအတိုင်း သင်ပြတာမျိုး မဟုတ်ဘဲ အကုန်လုံးအတွက် အကျိုးရှိမယ့် အတွေ့အကြုံ ဖလှယ်တာမျိုးပဲ လုပ်ကြတာပေါ့”
“တကယ်လား” ချန်ပေါင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထပင် အော်လိုက်မိလေသည်။
“တကယ်ကြီးလား” တုဝမ်လည်း ရန်ကိုင်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
“တကယ်ပေါ့။ ဒီတောင်းဆိုချက်ကို လက်ခံလိုက်တဲ့ အကျိုးယုတ်သွားတာမှ မဟုတ်တာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။
ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ပြိုင်တူ ပြုံးလိုက်ကြလေသည်။
သူတို့၏ တောင်းဆိုချက်ကို ရန်ကိုင် ထိုမျှ အလွယ်တကူ လက်ခံလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
လမ်းတစ်လျှောက်လုံး သူတို့၏ တောင်းဆိုချက်များ အရမ်း လွန်ကဲသွားလေမလားဟု တွေးပူလာခဲ့ရခြင်း ဖြစ်သည်။ သို့သော် ဆေးပညာနှင့် ပက်သက်လာလျှင် အရမ်းကိုမှ သိလိုစိတ် ပြင်းပြသူများ ဖြစ်ကြလေရာ သွားမမေးဘဲလည်း မနေနိုင်ချေ။
ထို့ကြောင့် တော်ဝင်နယ်မြေရောက်၍ ငြင်းခံရလျှင်ပင် ထိုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။
သို့သော်လည်း ရန်ကိုင်သည် သူတို့ မျှော်လင်ထားခဲ့သကဲ့သို့ မဟုတ်ဘဲ အလွယ်တကူ လက်ခံခဲ့သည်။
ဆေးဝိဇ္ဇာကြီးများ မပျော်ဘဲ နေမည်လား။
“အဲ့လိုဆိုရင် ဘာစောင့်နေသေးတာလဲ။ ဆေးဝိဇ္ဇာကြီးကို အခုပဲ သွားတွေ့ကြမယ်လေ” ဟဲဖုန်းက ချက်ချင်း ထရပ်လိုက်သည်။
“ဘာတွေလောနေတာလဲ” ရန်ကိုင်က အသက်မပါသည့် ရယ်သံဖြင့် “ဆေးဝိဇ္ဇာကြီးတို့ ခဏလောက်စောင့်ပါဦး”
ပြောပြီးသည်နှင့် ရန်ကိုင်သည် ရွှေးလင်နှင့် အခြားသူများ ဘက်သို့လှည့်၍ “နင်တို့ကော။ ငါ့ဆီ သက်သက်လာလည်တာလား။ ဆေးဖော်စပ်ပေးဖို့ လာတောင်ဆိုတာလား”
“နင့်ကိုတွေ့ဖို့သက်သက် လာတယ်လို့ပြောရင် နင်ယုံမှာလား၊ မယုံဘူးလား” ရွှေးလင်က အပြုံးကြီးပြုံးလျက် ပြန်မေးလိုက်သည်။
ရန်ကိုင် နှုတ်ခမ်းမဲ့လိုက်သည်။
“ကဲ။ ငါဒီကို ဆေးဖော်စပ်ခိုင်းဖို့ လာခဲ့တာ။ ဟဲဟဲ” ပြောပြီးသည်နှင့် ရွှေးလင်သည် သိုလှောင်အိတ်တစ်လုံးကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် နည်းနည်းလေးမှ ယဉ်ကျေးခြင်းမရှိသည့် လေသံဖြင့် စတင် တောင်းဆိုတော့သည် “မိုးပြာကောင်းကင်ဆိုတဲ့ ဆေးလုံးသုံးလုံးကို ငါလိုချင်တယ်။ ဆေးအမယ်တွေအားလုံးကို ပြင်ဆင်ပြီးသားပြီ။ နင့်ဘာသာ ကြည့်ကြည့်လိုက်”
ရန်ကိုင်လည်း သိုလှောင်အိတ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး “မိုးပြာကောင်းကင်ဆေးလုံး… နင်မသေမျိုး အဆင့်ကို ချိုးဖျက်သွားတာ ဘယ်လောက်ကြာပြီပဲ”
“လေးလလောက်ပဲ ရှိဦးမယ်။ ဒါကြောင့် ငါ့ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင်လုပ်ဖို့ အဲ့ဆေးလုံးတွေ လိုအပ်နေတာ” ရွှေးလင်က အနည်းငယ် စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ -