← Chapters

အခန်း (၈၉၆-၉၀၀)

Vol. 36 Ch. 896-900

အခန်း (၈၉၆-၉၀၀)

Vol. 36 Ch. 896-900

အပိုင်း (၈၉၆)

ရွှေးလင်သည် လွန်ခဲ့သော လေးလကမှ မသေမျိုးအဆင်သို့ ချိုးဖျက်ခဲ့ခြင်း ဖြစ်လေရာ သူမ၏ ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်ရန် လိုအပ်ပေသည်။

တင်ပလင်ခွေထိုင်ကာ ကောင်းကင်နိယာမများနှင့် သိုင်းတာအိုကို စူးစမ်းခြင်းဖြင့် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် မလုပ်ချင်ဘူးဆိုပါက ဆေးလုံးကိုသာ အသုံးပြုရန် ကျန်တော့သည်။ ဆေးလုံးကို အသုံးပြုခြင်းသည် ကိုယ့်ဘာသာ လေ့ကျင့်ခြင်းထက် ပိုမို မြန်ဆန်ပေသည်။

“အင်း” ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့သည်။ ထို့နောက် “နင့်ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ချင်ရင် မိုပြာကောင်းကင် ဆေးလုံးတစ်လုံးနဲ့တင် လုံလောက်ပြီ။ နင့်အိတ်ထဲက ကျန်တဲ့ ဆေးအမယ်တွေကိုတော့ နင့်စိတ်စွမ်းအင်ကို တိုးတက်စေနိုင်တဲ့ ဝိဥာဉ်အားဖြင့်ဆေးလုံးတွေ ဖော်စပ်ပေးလိုက်မယ်။ အဲ့ဆေးလုံး နှစ်လုံးအတွက် လိုအပ်တဲ့ ဆေးအမယ်တွေပဲ ဆင်တူတယ်”

“နင်လည်း ဆေးပညာကို လေ့လာထားတာလား” ရွှေးလင် ထိတ်လန့်သွားခဲ့လေပြီ။

“နည်းနည်းပါးပါးလောက်ပါပဲ… အဲ့ဆေးဝိဇ္ဇာကြီး ဘေးနားမှာ အနေများလို့ ဟိုနည်းနည်း ဒီနည်းနည်း သိလာရုံလောက်ပဲ”

“အဲ့လိုဆိုရင် နင့်ကိုပဲ အားကိုးလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် နင်ငါ့အပေါ် မမျှမတ ဆက်ဆံမှာမဟုတ်မှန်း ငါသိပြီးသား” ပြောပြီးသည်နှင့် ရန်ကိုင်အား လက်ဝှေ့ရမ်းပြလိုက်သည်။ ရန်ကိုင် သူမအား ထိုကဲ့သို့ ဆက်ဆံမည်ဆိုသည်ကို ကြိုတင်သိထားသည့် သူမ၏ ပုံစံကြောင့် ရန်ကိုင်လည်း ဆွံ့အသွားခဲ့ရလေသည်။

“နင်ဘာလို့…” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ယွန်ရွှမ်ဘက်သို့လှည့်လိုက်သည်။

“နင်ကော” ယွန်ရွှမ်အား ပြောသည့်လေသံမှာ ရွှေးလင်နှင့် ပြောသည့်လေသံနှင့် တခြားစီပင်။ သူ့လေသံသည် ယွန်ရွှမ်နှင့် စကားပြောသည့်အခါ သိသိသာသာကို ပျော့ပျောင်းသွားခဲ့သည်။

ယွန်ရွှမ်သည် အတွေးရေယာဉ်ကြောထဲ မျောနေသည့်ပုံပင်။ ရန်ကိုင် ခေါ်သံကြားလိုက်မှပဲ ဆတ်ခနဲ လန့်နိုးလာခဲ့သည်။ ချက်ချင်း အာရုံစိုက်ကာ ပြန်ဖြေလိုက်လေသည် “ငါ့အဖေက ကောင်းကင်ခိုးယူခြင်း ဆေးလုံးတစ်လုံးလောက် သန့်စင်ချင်လို့တဲ့”

“ကောင်းကင်ခိုးယူခြင်းဆေးလုံးလား” ရန်ကိုင် မျက်ခုံးပင့်ကာ ယွန်ချန်အား လှမ်းကြည့်လိုက်သည်။ ခဏအကြာ သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး “ဒီတော့ စီနီယာက သူတော်စင် အဆင့်ကို ချိုးဖျက်တော့မယ်ပေါ့”

ယွန်ချန်က ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည် “သူတော်စင်အဆင့်နဲ့ ပက်သက်တဲ့ သဘောတရားကိ နည်းနည်းလောက်ပဲ ဖမ်းဆုပ်မိလိုက်တာ။ ဒါပေမယ့် အပြည့်အဝ နားမလည်နိုင်သေးဘူး။ ဒါကြောင့် ကောင်းကင်ခိုးယူခြင်းဆေးလုံးနဲ့ဆိုရင် အဆင်ပြေသွားမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာခဲ့ရတာပဲ”

“ဟုတ်ပြီလေ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “စီနီယာယွန် အဆင့်ချိုးဖျက်တဲ့ ကိစ္စနဲ့ပက်သက်နေမှတော့ ဆေးဝိဇ္ဇာကြီးကို အဆင့်အမြင့်ဆုံး ကောင်းကင်ခိုးယူခြင်းဆေးလုံး ဖော်စပ်ပေးဖို့ ကျုပ်ကိုယ်တိုင် တောင်းဆိုပေးလိုက်ပါ့မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ချန် မျက်လုံးများ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး အူမြူးပျော်ရွှင်နေသည့် အမူအရာဖြင့် “အဲ့လိုဆိုရင် တော်ဝင်သခင်ကို ကြိုပြီး ကျေးဇူးတင်ထားရတော့မှာပေါ့”

ပြောပြီးသည်နှင့် ယွန်ရွှမ်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

ယွန်ရွှမ်လည်း သူမအဖေ ဘာကိုပြောချင်နေမှန်း နာလည်ပေသည်။ ထို့ကြောင့် ကျော့ရှင်းသိမ်မွေ့စွာဖြင့် ခါးကိုညွှတ်လျက် “ကျေးဇူးအများကြီး တင်ပါတယ် ရန်… တော်ဝင်သခင်”

ရန်ကိုင်က ယဲ့ယဲ့လေးသာ ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာမှာလည်း မရှင်းမလင်း။

ပြောင်းလဲသွားသော ရန်ကိုင်၏ မျက်နှာထားကို သတိပြုမိလိုက်သည်နှင့် အခန်းထဲတွင် ရှိနေသူများအားလုံး အတွေးနက်သွားခဲ့ကြသည်။

ယွန်ချန်သည် အတင်းအကြပ် ချောင်းဟန့်လျက် ပြင်ဆင်လာသော ဆေးပင်များကို ရန်ကိုင်ဆီ အလျင်အမြန် ပေးအပ်လိုက်သည်။

ဆေးပင်များကို လက်ခံပြီးနောက် ရဣ်ကိုင်က “အန်လင်းအာရေ၊ ငါ့မိတ်ဆွေကို ခဏလောက် အဖော် ပြုထားပေးပါလား။ ဒီဆေးအမယ်တွေကို အရင် သွားပို့လိုက်ဦးမယ်”

“ရတယ်လေ” အန်လင်းအာက ကျော့ကျော့မော့မော့ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ဆေးဝိဇ္ဇာကြီးတို့ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ” ရန်ကိုင်က တုဝမ်နှင့် အခြားသူများကို လက်ယပ် ခေါလိုက်သည်။

သီးခြားအဆောက်အဦး တစ်ခုအတွင်းရှိ အခန်းကျယ်ကြီး တစ်ခန်း၏ အလယ်၌ ဆေးမီးဖိုတစ်လုံး ရှိနေခဲ့ပြီး ဖော်စပ်ရန် ပြင်ဆင်ထားသော ဆေးအမယ်များသည်လည်း အနီးအနားတွင် ရှိနေခဲ့သည်။

ထိုနေရာသို့ ရောက်လာပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ဆေးဝိဇ္ဇာတို့၊ ကြိုက်တဲ့နေရာမှာထိုင်နော်။ ဂျူနီယာက ဒီမှာ ဆေးပဲ ဖော်စပ်တာဆိုတော့ အကြီးအကဲတို့ကို ဘာမှ မဧည့်ခံ ပေးနိုင်သေးဘူး”

“ကိစ္စမရှိဘူး။ မင်းဘာသာမင်း ဆေးပဲဖော်စပ်။ ငါတို့ကို သတိပေးနေစရာ မလိုဘူး။ ငါတို့က မင်းလုပ်တာကို လေ့လာ ကြည့်ချင်ရ့ုပဲ။ ငါတို့ ဘယ်လောက် သင်ယူနိုင်လဲဆိုတာ ငါတို့ အပေါ်မှာပဲ မူတည်တာလေ။ ဒီအတိုင်းကြီး သီးသန့် သင်ပေးနေစရာ မလိုဘူး” ချန်ပေါင်က နေရာကောင်းတစ်ခုရှာပြီး ထိုင်ချလိုက်သည်။

“ငါတို့ လာကတည်းက လမ်းမှာ ဆွေးနွေးလာပြီးသား။ ငါတို့ တောင်းဆိုချက်ကို လက်ခံလိုက်တာနဲ့ ငါတို့ဘာသာ ငါတို့ပဲ လေ့လာမှာ” တုဝမ်ကလည်း အသာအယာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဆေးဖော်စပ်လျှင် သေချာအာရုံစိုက်ထားရန် လိုအပ်သည်။ ထို့ကြောင့် ဆေးဖော်စပ်နေစဉ် အတောအတွင်း အခြားသူများကို လှည့်ရှင်းပြနိုင်မည်မဟုတ်။ ထို့အပြင် ရန်ကိုင်အတွင် သင်ကြားရေး အတွေ့အကြုံ မရှိကာ အခြားသူများအား မည်ကဲ့သို့ သင်ကြားပေးရမှန်း မသိချေ။

ထိုဆေးဝိဇ္ဇာကြီးများသည် ဆေးပညာလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသော ဆေးပညာရှင်ကြီးများ ဖြစ်ကြရာ သူတို့တွင် ကိုယ်ပိုင်နည်းပညာရပ်များ ရှိပြီးသားပင်။ ထို့ကြောင့် သူ့ပညာရပ်များကို မရှင်းပြတတ် ပြတတ်ဖြင့် ရှင်းပြနေမည့်အစား သူတို့ဘာသာ လေ့လာခိုင်းလိုက်ခြင်းက ပို၍ ကောင်းပေသည်။

“ကောင်လေး။ ယွန်ရွှမ်ဆိုတဲ့ မိန်းကလေးနဲ့ မင်း ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့တာလား။ သူ့ကြည့်ရတာ တစ်ချိန်လုံး မင်းကိုချည်း ရှက်ကိုးရှက်ကန်းနဲ့ စိုက်ကြည့်နေသလိုပဲ” ချန်ပေါင်က ရုတ်တရက် အပြုံးလေးဖြင့် ကောက်မေးလိုက်သည်။

“နင်ဘာတွေ ပြောနေတာလဲ။ နည်းနည်းလေးတောင် မရှက်တတ်ဘူးလား ဖက်တီးအိုကြီး” ခုန်ရို့ယုက ချန်ပေါင်းအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“ဟဲ ဟဲ… ငါမေးရုံပဲ မေးတာပါ…” ချန်ပေါင်က စနောက်လိုက်သည်။

ရန်ကိုင်က ခါးခါးသီးသီးပြုံးလျက် ခေါင်းညိတ်ကာ “အင်း၊ ရှိခဲ့ဖူးတယ်… ဒါပေမယ့် အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်။ ကျုပ်စတော့မယ်နော်”

ပြောပြီးသည်နှင့် ရွှေးယူလာသော ဆေးပင်များကို ထုတ်လိုက်ကာ မိုးပြာကောင်းကင်ဆေးလုံးနှင့် ဝိဥာဉ်အားဖြည့်ဆေးကို သန့်စင်ရန် ပြင်ဆင်တော့လေသည်။

ထိုဆေးလုံးနှစ်လုံးသည် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများသာ ဖြစ်ကြသဖြင့် ရန်ကိုင်သည် ကောင်းကင်ခိုးယူခြင်း ဆေးလုံးကို မဖော်စပ်မှီ သွေးပူလေ့ကျင့်ခန်းအဖြစ် ထိုဆေးလုံး နှစ်လုံးကို အရင်ဖော်စပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင် စပြီိဆိုသည်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး စကားမပြောကြတော့။ ရန်ကိုင်၏ လှုပ်ရှားမှုများကိုသာ မျက်တောင်မခတ်တမ်း အသေအချာ စိုက်ကြည့်ကြတော့သည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

တော်ဝင်သခင်ရုံးတော်ထဲတွင် အန်လင်းအာသည် ရွှေးလင်းနှင့် ယွန်ရွှမ်တို့ဖြင့် စကားဆက်ပြောနေခဲ့သည်။

နေမဝင်ခင် အချိန်လေးမှာပဲ ရန်ကိုင် ပြန်လာခဲ့လေသည်။

ရန်ကိုင် ပြန်လာသည်ကို မြင်သည်နှင့် ယွန်ချန်သည် စိုးရိမ်နေသည့် အမူအရာဖြင့် ထိုင်ရာမှ ချက်ချင်းထ၍ ရှေ့တိုးသွားလိုက်သည်။ သူမည်မျှ စိုးရိမ်နေသည်ကို တုန်တုန်ရီရီ ဖြစ်နေသော သူ့ခန္ဓာကိုယ်အား မြင်ရုံနှင့်တင် သိနိုင်ပေသည်။

ရန်ကိုင်ရှေ့သို့ ရောက်သည့်အခါ ရန်ကိုင်က ယွန်ချန်အား ကျောက်စိမ်းပုလင်း တစ်ပုလင်း ပေးလိုက်ပြီး “ဒါက စီနီယာယွန် တောင်းဆိုထားတဲ့ ကောင်းကင်ခိုးယူခြင်းဆေးလုံးပဲ”

ထို့နောက် နောက်ထပ်ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ရွှေးလင်ဆီ ပစ်ပေးလိုက်ပြီး “ရော့၊ ဒီမှာ မိုးပြာကောင်းကင် ဆေးလုံးနဲ့ ဝိဥာဉ်အားဖြည့်ဆေးလုံးတွေပဲ”

ရွှေးလင်က ပုလင်းကိုဖမ်းကာ အပြုံးလေးဖြင့် ပုလင်း အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ပုလင်းထဲသို့ ငုံ့ကြည့်လိုက်သည်နှင့် အလန့်တကြား ထအော်လိုက်လေသည် “ဆေးသွေးကြောတွေပါ ပါတယ်ဟ။ ကောလဟာလတွေက ချဲ့ကားပြောနေတယ်လို့ မှတ်နေတာ။ လတ်စသတ်တော့ အမှန်တွေ ဖြစ်နေတာကိုး”

ထိုဆေးပုလင်းထဲတွင် ပါဝင်သော မိုးပြာကောင်းကင် ဆေးလုံးတွင် ဆေးသွေးကြောများ ပါနေခဲ့လေသည်။

ရွှေးလင်မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက် တောက်ပလာခဲ့လေသည်။

“နောက်တစ်ကြိမ် ဆေးလုံးလိုတဲ့အခါ ဒီကိုသာ တိုက်ရိုက် လာခဲ့။ ငါနင့်တို့ကို အမြဲကြိုဆိုနေပြီးသား” ရန်ကိုင်က အပြုံးလေးဖြင့် မေးလိုက်သည်။

“အဲ့လိုဆိုရင် ငါလည်း အားနာမနေတော့ဘူးနော်” ရွှေးလင်က သွားပေါ်အောင် ပြုံးဖြီးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းကို သိုလှောင်အိတ်ထဲ သေချာ ထည့်သိမ်းလိုက်ပြီး ယွန်ချန်ဘက်သို့ လှည့်ကာ မေးလိုက်သည် “ဘာဖြစ်လို့လဲ။ စီနီယာယွန်၊ မျက်နှာကြီးက မအီမသာ ဖြစ်နေတဲ့ ပုံကြီးနဲ့”

သူမပြောမှပဲ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့လည်း ယွန်ချန်ဘက် လှဉ့်ကြည့်မိလိုက်သည်။ ယွန်ချန်လက်များ တုန်တုန်ရီရီ ဖြစ်နေခဲ့ပြီး လည်ချောင်းနာနေသဖြင့် စကားမပြောနိုင်သည့်အလား… သူ့မျက်နှာ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့လေရာ သူဘာဖြစ်နေမှန်း မည်သူမှ မပြောနိုင် ဖြစ်နေခဲ့သည်။

“ဆေး… ဆေးသွေးကြောတွေ” အချိန်အတော်ကြာပြီးမှသာ ထိုစကားလုံး လေးလုံးကို ယွန်ချန် ပြောထွက်နိုင်ခဲ့သည်။ “ဆေးသွေးကြောပါတဲ့ သူတော်စင်အဆင့်ဆေးလုံး”

“တကယ်ကြီးလား” ရွှေးလင်လည်း ကြောင်သွားခဲ့ပြီး ချက်ချင်း ပြေးသွားကြည့်လေသည်။ သူတော်စင်အဆင့်နိမ့် ဆေးလုံးကို ကြည့်လိုက်သည်နှင့် ဆေးလုံးမျက်နှာပြင်ထက် လူသွေးကြောကဲ့သို့ မျဉ်းကြောင်းလေးများကို တွေံလိုက်ရသည်။

ရွှေးလင် မှင်သက်သွားခဲ့ရလေပြီ။

ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးတစ်လုံး၏ တန်ဖိုးမှာ အရမ်းကိုမှ မြင့်မားလှသည်။

ထို့အခိုက် ယွန်ချန်အား မနာလိုပင် ဖြစ်ချင်မိသွားသည်။ သူမကိုယ်တိုင်လည်း သူတော်စင်အဆင့် ဆေးအမယ်များ ယူလာပြီး သန့်စင်ခိုင်းလိုက်လျှင် ဘယ်လောက်ကောင်းနေမလဲဟု တွေးတော နောင်တရနေမိသည်။

မည်သို့ပင်ဖြစ်စေ ရန်ကိုင်အား ဆေးဖော်စပ်စပ် ပေးစရာ မလိုချေ။ ထို့အပြင် သူမအဖေသည်လည်း သူတော်စင်အဆင့် ဆေးလုံးများကို လိုအပ်နေသည် မဟုတ်ပေလော။

“ဂုဏ်ယူပါတယ် စီနီယာယွန်၊ စီနီယာလီရဲ့ ဆန္ဒလည်း ဖြစ်လာဖို့ မဝေးတော့ဘူးနဲ့တူတယ်” ရွှေးလင် သူ့အမူအရာကို ပြန်ထိန်း၍ ယွန်ချန်အား ဂုဏ်ပြုစကား ပြောလိုက်သည်။

“သူတော်စင်အဆင့်ကို ရောက်တော့မယ့် စီနီယာယွန်ကို ကြိုတင်ပြီး ဂုဏ်ပြုထားလိုက်မယ်နော်” ရွမ်ရှင်းယုကလည်း ဂုဏ်ပြုစကား ဆိုလိုက်လေသည်။

“အဲ့ဒါက မသေချာသေးဘူးလေ။ ဆေးလုံးက ရှားပါပြီး အောင်မြင်နိုင်ချေကို မြှင့်တင်ပေးနိုင်ပေမယ့် သူတော်စင် အဆင့်ကို ချိုးဖျက်ဖို့က ဒီယွန် ဘယ်လောက်အားစိုက်ထုတ်နိုင်လဲရယ်၊ ကံရယ် အပေါ် မူတည်သေးတယ်လေ… ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ တော်ဝင်သခင်ရန်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”

“အဲ့လိုလုပ်နေစရာ မလိုပါဘူး စီနီယာယွန်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ယွန်ရွှမ်ဆီ လှမ်းကြည့်မိလိုက်သည်။ ယွန်ရွှမ်လည်း ရန်ကိုင်အား ကျေးဇူးတင်တင်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။

သူမစိတ်ထဲတွင်မူကား ရန်ကိုင်ကိုယ်တိုင် သွားတောင်းဆိုပေသည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးကို ရခဲ့ခြင်း ဖြစ်သည်ဟု ယွန်ရွှမ် ယုံကြည်နေမိသည်။ မဟုတ်လျှင် ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ပေးရလောက်အောင် အဘယ်ကြောင့် ထိုမျှ တိုက်ဆိုင်ရမည်နည်း။

သူတောင့်တနေသော ဆေးလုံးကို ရခဲ့ပြီ ဖြစ်လေရာ ယွန်ချန်အနေဖြင့် ဤနေရာတွင် နည်းနည်းလေးမှ ဆက်မနေချင်တော့။ လွတ်လပ်သောအဖွဲ့အစည်းဆီသို့ ချက်ချင်း ပြန်ပြီး ထိုဆေးလုံး အကူအညီဖြင့် သူတော်စင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားချင်တော့သည်။

ရန်ကိုင်လည်း ယွန်ချန်ကို ဆွဲခေါ်မထားပါချေ။

“အဲ့လိုဆိုရင် ငါလည်းသွားတော့မယ်။ နင်ဒီလောက် အလုပ်များနေတဲ့ ပုံမျိုးနဲ့ဆိုရင်တော့ ငါကိုလည်း အဖော် ပြုပေးနိုင်မှာမှ မဟုတ်တာ။ ဒီတော့ ဆက်နေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး” ထို့နောက် ရွှေးလင်က နှုတ်ဆက်စကား ပြောလိုက်သည်။

“ငါခင်ဗျားတို့ကို လိုက်ပို့ပေးမယ်လေ”

“မလိုပါဘူး၊ မလိုပါဘူး။ ဒီယွန် ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်ပါ့မယ်…” ယွန်ချန် ထိတ်လန့်သွားခဲ့သည်။ သို့သော် စကားကိုပင် ပြီးအောင် မပြောနိုင်သေးခင်မှာပဲ ရွမ်ရှင်းယုအား သူ့နားနား တိုးတိုးလေး ကပ်ပြောရင်း သူ့အား ဆွဲခေါ်သွားလေသည် “အခု ရှင်လိုချင်တာလည်း ရပြီဆိုတော့ သွားကြမယ်။ ကျန်တာ ရှင့်ကိစ္စမဟုတ်တော့ဘူး”

ထိုစကားကြားလိုက်သည်နှင့် ယွန်ချန် ရုတ်တရက် အသိဝင်လာပြီး ရန်ကိုင်အား နှုတ်ဆက်စကား ဆိုပြီးနောက် တောင်ထွတ်ကိုးလုံးမှ ထွက်သွားလေသည်။

ရွှေးလင်သည်လည်း ရန်ကိုင်အား အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လက်ဝှေ့ရမ်းပြကာ “အချိန်ရှိရင် ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းဆီလည်း လာလည်ဦးနော်။ နှစ်တွေ အများကြီးကြာတာတောင် ငါ့ဆီ စာလေးတစ်စောင် မပို့တာမျိုးတော့ ထပ်မလုပ်နဲ့ပေါ့”

“ငါသိပါတယ်ဟာ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ယခု အခန်းထဲတွင် ရန်ကိုင်နှင့် ယွန်ရွှမ်တို့သာ ကျန်တော့ပေသည်။ ရှုဟွေနှင့် အန်လင်းအာတို့သည် ဘယ်အချိန်တည်းကမှန်းမသိ အခန်းထဲမှ ထွက်သွားခဲ့လေပြီ။

“သွားကြရအောင်” ရန်ကိုင်က ပြောလိုက်သည်။

ယွန်ရွှမ်လည်း ခေါင်းညိတ်ပြကာ ရန်ကိုင်နှင့် ဘေးချင်းယှဉ် လမ်းလျှောက်သွားလေသည်။

လမ်းတစ်လျှောက်လုံး နှစ်ဦးစလုံး တိတ်ဆိတ်နေခဲ့သည်။ ဘာပြောရင်ကောင်းမလဲ ဆိုသည်ကို ရန်ကိုင်မှာ ခေါင်းခြောက်အောင် အလူးအလဲ စဉ်းစားနေခဲ့သည်။ သူမနှင့် အတွင်းကျကျ ဆက်ဆံခဲ့ဖူးပေမယ့် ထိုအဖြစ်အပျက်သည် ရှောင်းရှားမရနိုင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။

သို့သော် သူမ၏ အပျိုစင်ပန်းကိုယဓပြီး ဘာမှမသိလို ဟန်ဆောင်နေလိုက်လျှင် သူသည် တိရိစ္ဆာန်လောက်ပင် အသိစိတ်မရှိသူ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယခု လောလောဆယ် သူအနေဖြင့် တိတ်ဆိတ်နေရုံသာ တတ်နိုင်သည်။

“နင်သူတော်စင်မနဲ့ ဘာမှမလုပ်ရသေးဆို” ရန်ကိုင် ဘာမှ မပြောသည်ကို မြင်သော် သူမဘက်မှ အရင်ဆုံး စပြောရန် ယွန်ရွှမ် ဆုံးဖြတ်လိုက်သည်။

“သူနင့်ကို ပြောခဲ့တာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“မိန်းမချင်းပဲဟာကို၊ ဒီလိုကိစ္စမျိုးကို ဘာလို့ ပြောဖို့ ခက်နေရမှာလဲ” ယွန်ရွှမ်က ပြုံးလိုက်ပြီး “ဘာလို့လဲ။ နင်က တော်ဝင်သခင်၊ သူက သူတော်စင်မ၊ နင်တို့ အတူတူ ရှိသင့်တာ မဟုတ်ဘူးလား။ ဘာလဲ… သူ့ကို မကြိုက်နိုင်လို့လား”

“မကြိုက်တာလား…” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး သူ့ကိုယ်သူ မည်သို့ ရှင်းပြရမှန်းမသိ ဖြစ်နေခဲ့သည်။

“နင့်နှလုံးသားထဲမှာ အခြားမိန်းမ တစ်ယောက် ရှိနေလို့လား” ယွန်ရွှမ်က ချက်ကောင်းကို လှမ်းထောက်လိုက်သည်။

မိန်းမတို့၏ မသိစိတ်ကို ရန်ကိုင် တကယ် အထင်ကြီး သွားရပေပြီ။ ထို့ကြောင့် ဆက်လက် ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ “ဟုတ်တယ်”

“သူက ဘာတွေများ ဒီလောက်တောင် တော်နေရတာလဲ” ယွန်ရွှမ်က တိုးတိုးလေး မေးလိုက်သည်။

သူမစကားကြောင့် စုယန်နှင့် ရှနင်းချန်တို့ကို ရန်ကိုင် ပြန်တွေး၊ မြင်ယောင်ကြည့်မိသွားသည်။

ရန်ကိုင် အမူအရာကိုမြင်သော် ယွန်ရွှမ် မဲ့ပြုံးပြုံးလိုက်ပြီး “မေ့လိုက်တော့။ ငါဘာမှမပြောဘူးလို့သာ မှတ်လိုက်… အဖြေကို ငါသိသွားပြီ။ ပြီးတော့ နင်နဲ့ငါ့ကြားက ကိစ္စကိုလည်း ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး။ အဲ့တုန်းက တကယ်ကို ရှောင်လို့ မရလို့ပဲလေ။ အခုကနေစပြီး အဲ့အဖြစ်အပျက်ကို အံဩစရာ အမှတ်တရ တစ်ခုအဖြစ်လိုပဲ ငါ့နှလုံးသားထဲမှာ သိမ်းထား လိုက်တော့မယ်”

ရန်ကိုင် ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်သွားခဲ့သည်။ စကား ပြောကြည့်ရန် ကြိုးစားလိုက်သော်လည်း ဘာစကားမှ ပြောမထွက်နိုင် ဖြစ်နေခဲ့သည်။

“အဲ့လို အမူအရာကြီး လုပ်မပြလို့ မရဘူးလား” ယွန်ရွှမ်က ပြစ်တင်ပြောဆိုလိုက်သည်။ သူမ၏ မျက်ခမ်းထောင့်လေးများ အနည်းငယ် စိုစွတ်လာခဲ့ပြီး လေသံသည်လည်း တုန်တုန်ရီရီ ဖြစ်လာခဲ့ကာ “ငါ့အပျိုစင်ဘဝကို ယူလိုက်လို့ ငါ့ကို တာဝန်ယူရမယ်လို့ မဆိုလိုဘူးလေး။ ငါတောင် အဲ့ကိစ္စကို ဂရုမစိုက်တာ… နင်က ဘာလို့ ဂရုစိုက်နေရသေးတာလဲ”

“ယွန်ရွှမ်ရယ်…” ရန်ကိုင် အမူအရာ သိသိသာသာကို ညိုးကျသွားခဲ့ပြီး သူမကိုသာ စိုက်ကြည့်နေမိလိုက်သည်။ သူ့နှလုံးသားထဲတွင် ထိုကိစ္စနှင့်ပက်သက်၍ အတော်လေးကိုမှ ကူကယ်ရာမဲ့နေခဲ့လေသည်။

ယွန်ရွှမ်မှာ သူမ မျက်လုံးကို ပွတ်သပ်လိုက်သော်လည်း မျက်ရည်စများမှာမူ ထိန်းမနိုင်သိမ်းမရ ဆက်လက် ယိုထွက် ကျနေဆဲ။ ရုတ်တရက် တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည့်အလား ရန်ကိုင် လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး ကိုက်ချလိုက်လေသည်။

သူမ၏ သွားဖြူဖြူလေးများသည် ရန်ကိုင် အသားထဲသို့ ချက်ချင်း နစ်ဝင်သွားခဲ့သည်။

ရန်ကိုင် ခုခံရန် မကြိုးစားခဲ့။ သူမအား တိတ်တိတ်လေးသာ စိုက်ကြည့်နေလိုက်သည်။

ထို့နောက် ကိုက်ထားသည်ကို လွှတ်ပေးလိုက်ပြီး ရန်ကိုင်အား တည်ကြည်ခိုင်မာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“နင့်ငါ့ကို တစ်ကြိမ် နာကျင်အောင်လုပ်လို့ ငါနင့်ကို တစ်ကြိမ် ပြန်နာကျင်အောင် လုပ်လိုက်တယ်။ အခု ငါတို့ကျေသွားပြီ” ရုတ်တရက် ရန်ကိုင်လက်ကို လွှတ်လိုက်ပြီး ပါးစပ်တွင် ကပ်ပါလာသော သွေးစများကို မျိုးချပစ်လိုက်လေသည်။ ထို့နောက် မျက်ရည်စများကိုသုတ်လျက် ပြတ်ပြတ်သားသား အဝေးသို့ လျှောက်လှမ်း ထွက်သွားလိုက်လေသည်။

သို့တိုင် မျက်ရည်များမှာမူ သူမ၏ ပါးထက်သို့ အသာအယာ ဆက်လက် စီးကျနေတုန်းပင်။

ထို့နောက် အဝေးမှ တိမ်ဝင်နေသည့် သူမ၏ အသံလေး ထွက်ပေါ်လာခဲ့သည် “နင်က ကျောက်တုံးအသည်းနှလုံးနဲ့ လူပဲ။ နောင်လည်း ဒီအတိုင်း ဆက်နေနိုင်ပြီး ငါမော့ကြည့်နေရတဲ့လူ ဖြစ်နေရင်ကောင်းလိမ့်မယ်။ တစ်နေ့ နင်အမြင့်ကနေ ပြုတ်ကျသွားခဲ့ရင်တော့ ငါနင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ရန်ကိုင် ခါးခါးသီးသီးသာ ပြုံးလိုက်သည်။

(ဝမ်းနည်းစရာဆိုပေမယ့် harem ထဲ မပါသွားလိုက်ဘူး… ဟူး)

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၉၇) ပဲ့တင်ထပ်ခြင်း

“နင်တကယ်ကို နှလုံးသားမဲ့တဲ့ လူပဲ…” ဘယ်ကတည်းကမှန်း မသိ အန်လင်းအားသည် သူနားသို့ ရောက်နေခဲ့သည်။ ကောင်မလေးသည် ယွန်ရွှမ်ထွက်သွားရာ အရပ်သို့ ငေးကြည့်ရင်း “သူမပုံစံကိုလည်း ကြည့်ပါဦး။ တစ်ယောက်နဲ့တစ်ယောက် လက်မခံနိုင်ရင်တောင် စကားချိုချိုလေးတွေ ပြောပြီး နှစ်သိမ့်ပေးလိုက်လို့ မရဘူးလား”

“အဲ့လိုပြောလိုက်ရင် ပိုဆိုးသွားမှာ” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ငါသိပါတယ်… ဒါပေမယ့်...”

ရန်ကိုင်က အန်လင်အားကို ကြည့်လိုက်ပြီး “အဲ့ဒါကြောင့်ပဲ ငါနင်နဲ့ အချစ်အကြောင်း တစ်ခါမှ မပြောတာ။ မဟုတ်ရင် နောင်ပိုင်းကျ နင်လည်း ဒီလိုပဲ အဆုံးသတ်သွားရမှာ”

“ငါ၊ငါ ဘာလို့ ဒီလို ဖြစ်ရမှာလဲ…” ရန်ကိုင် စကားကြောင့် အန်လင်းအာ ရှက်သွေးဖြန်းဖြန်း ဖြာသွားပြီး ကမန်းကတန်း ထွက်ပြေးသွားလေသည်။

ရန်ကိုင်လည်း တော်ဝင်ရုံတော်သို့ပြန်ပြီး ဆေးဖော်စပ်ခြင်း အမှုကို ပြန်လည် လုပ်ဆောင်လိုက်သည်။

ရန်ကိုင် စိတ်ကနာမငြိမ် ဖြစ်နေမှန်း ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အသေအချာ သတိပြုမိသည်။ သူသည် ဆေးဖော်စပ်ရာတွင်ပင် အမှားများကို ပိုပို လုပ်လာခဲ့ပြီး ဆေးပစ္စည်းကောင်းများကို ဖျက်စီးတော့မလို အကြိမ်ပေါင်း များစွာ ဖြစ်ပွားခဲ့ရာ ဆေးဝိဇ္ဇာကြီးတို့ ငါးယောက်စလုံး၏ နဖူးထွက်တွင် ချွေးသီးလုံးကြီးများ ဝေ့သီလာခဲ့ရသည်။

သို့သော်လည်း မကြာခင်မှာဘဲ ရန်ကိုင်စိတ် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ဆေးဖော်စပ်ရာတွင်လည်း ယခင်ကကဲ့သို့ အမှားများ မလုပ်တော့ဘဲ ပြစ်ချက်ကင်းကင်းဖြင့် ပြန်လည် ဖော်စပ်လာနိုင်ခဲ့သည်။

ညတာကုန်ပြီး နေထွက်လာခဲ့သည်။ မျက်တောင် တစ်ခတ်အတွင်း လအနည်းငယ် ကုန်ဆုံးသွားခဲ့ချေပြီ။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်းမှာလည်း ထုန်းရွှမ်လောကကြီးတစ်ခုလုံး ပျံ့နှံ့နေခဲ့ပြီ။ ဆေးဝိဇ္ဇာကြီးကို လေးစားသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ တိုးလာနေခဲ့သည်။

နေစဉ်နှင့်အမျှ တောင်ထွတ်ကိုးလုံးဆီသို့ လူပေါင်းများစွာ ရောက်ရှိလာခဲ့သည်။ ယခုဆိုလျှင် တောင်ထွတ်ကိုလုံး အပြင်ဘက်၍ အဆုံးမရှိဟန်ရသော လူတန်းရှည်ကြီးဖြင့် စည်ကြားသိုက်မြိုက်နေခဲ့လေပြီ။

တော်ဝင်နယ်မြေသည်လည်း ပိုပို၍ ချမ်းသာလာခဲ့ရပြီး အချမ်းသာဆုံးသော ကုန်သည်သူဌေးများပင် မနာလို ရလောက်သည်အထိ ရှားပါးသော ကျင့်ကြံရေး အရင်းအမြစ်များကို ပိုင်ဆိုင်လာခဲ့ကြသည်။

ရှုဟွေနှင့် အခြားအကြီးအကဲများမှာလည်း နေ့စဉ့်နေ့တိုင်း သွားမစိနိုင်အောင် ရယ်မောနေခဲ့ကြရလေပြီ။

ရန်ကိုင်နှင့် ဆေးဝိဇ္ဇာကြီးငါးယောက်သည် လနှင့်ချီသည်အထိ တော်ဝင်ရုံးတော် ဆေးဖော်စပ်ခန်းထဲမှ အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့ကြ။ ဆေးဖော်စပ်ခြင်းအမှုကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ကြသည်။

နေ့စဉ်နေ့တိုင်း ရန်ကိုင်သည် ဆေးလုံး အလုံးနှစ်ဖယ်ကို ဖော်စပ်ပေးသည်။ ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို မပျင်းမရိ တောက်လျှောက် ထိုင်လေ့လာသည်။

ရန်ကိုင် ပြသသွားသည့် အမြန်နှုန်းကြောင့် ဆေးဝိဇ္ဇာကြီး ငါးယောက်မှာ အလွန့်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့ကြရသည်။

ဆေးလုံး အလုံးနှစ်ဆယ်ကို နှစ်ရက်အတွင်း သန့်စင်မည့် ကိစ္စမှာ သူတို့ငါးယောက်စလုံး လုပ်နိုင်သော အရာမျိုး မဟုတ်ချေ။

ဆေးဝိဇ္ဇာကြီး တစ်ယောက်လျှင်ပင် တစ်နေ့လျှင် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံး ခုနှစ်လုံး၊ ရှစ်လုံးလောက်ကိုသာ သန့်စင်နိုင်သည်။

သို့သော် သူတော်စင်အဆင့် ဆေးလုံးများကို ဖော်စပ်ရန် စိတ်စွမ်းအင်လည်း ပိုလိုသလို အစစ်အမှန်ချီလည်း ပိုလိုပေသည်။ သူတော်စင်အဆင့်ဆေးလုံး ဖော်စပ်ခြင်းသည် စိတ်ရောကိုယ်ပါ အရမ်း ပင်ပန်းနွမ်းနွယ်ရသည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသော ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံးသည် တစ်နေ့လျှင် အများဆုံး သူတော်စင်အဆင့် ဆေးလုံး နှစ်လုံးကိုသာ သန့်စင်နိုင်ကြသည်။

ရန်ကိုင်ကမူ ဆေးလုံးအလုံးနှစ်ဆယ်ကို သန့်စင်ရန် ခုနှစ်နာရီ၊ ရှစ်နာရီလောက်သာ အချိန်ယူပေသည်။ တစ်ခါတစ်ရံ ထိုမျှလောက်ပင် မကြာချေ။

ကျန်အချိန်များကို သူနားလည်ထားသော ထိုးထွင်းသိမြင်မှုများအား ပြန်လည် လေ့လာခြင်း၊ အားပြန်ဖြည့်ချင်းတို့ဖြင့် ကုန်ဆုံးစေခဲ့သည်။

ယခု ဆေးဖော်စပ်ရာတွင် တေဇောဓါတ်အသိစိတ်ပင်လယ် မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်းကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး နားလည်သွဦးခဲ့လေပြီ။

ရန်ကိုင် ဆေးဖော်စပ်နေစဉ် သူလှုပ်ရှားသွားသည်များကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သေချာလေ့လာကြသည်။ ရန်ကိုင် အနားယူသည့်အချိန်တွင် ငါးယောက်သား စုဝေးပြီး သူတို့ သိနားလည်၊ သဘောပေါက်ခဲ့သည်များကို ပြန်လည် နှီးနှောဖလှယ် ကြသည်။ တစ်ခါတစ်ရံ ပြိုင်ငြင်းကြရင်း အရှိန်လွန်ကာ လက်ပါတော့မည့် အဖြစ်များပင် ရှိခဲ့ဖူးသည်။

ရန်ကိုင်သည် သူတို့စကားဝိုင်းကြား ဝင်မပါခဲ့။ သူ့အမြင်ကိုလည်း ဝင်ပြောခြင်းမရှိခဲ့။

သူထိုမျှ ဆေးမြန်မြန် ဖော်စပ်နိုင်ရခြင်းသည် တေဇောဓါတ် အသိစိတ်ပင်လယ်ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသိနားလည် ထားသော ထိုးထွင်းသိမြင်မှုများ၊ နည်းလမ်းများသည် ထိုဆေးဝိဇ္ဇာကြီးများနှင့် မသင့်လျော်ပေ။

ရက်ပေါင်းများစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် ဆေးပညာနှင့် ပက်သက်၍ သူတို့၏ နားလည်သဘောပေါက်မှု သိသိသာသာ တိုးတက်လာသည်ကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သတိပြုမိလိုက်ကြသည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ထိုင်ပင်မထိုင်နိုင်တော့ဘဲ ရန်ကိုင် ဧည့်သည်များ ပေးထားသော ဆေးအမယ်များကိုယူ၍ လေ့ကျင့်သည့် အချိန်များပင် ရှိခဲ့သေးသည်။

ဆေးဝိဇ္ဇာကြီးငါးယောက်ဆီမှ အကူအညီ ရလိုက်သဖြင့် ရန်ကိုင် အလုပ်လည်း ပို၍ လွယ်ကူလာခဲ့သည်။

ယခု ရန်ကိုင်သည် ဆေးအရည်များကို ကိုယ်တိုင် သန့်စင်နေစရာ မလိုတော့ချေ။ ဆေးဝဇ္ဇာကြီး ငါးယောက်သည် သူတို့ နားလည်ထားသည်များကို လက်တွေ့ လေ့ကျင့်လိုသည့် အနေဖြင့် ဆေးအရည်များကို သန့်စင်ပေးနေသည့် အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဆေးအရည်များကို ပေါင်စပ်ပြီး ဆေးလုံး သန့်စင်သည့် လုပ်ငန်းစဉ်ကိုသာ တာဝန်ယူရတော့သည်။

ဆေးဝိဇ္ဇာကြီးများသည် ရန်ကိုင်၏ လက်ထောက်များ ဖြစ်လာကြသည့်ပမာ… သို့သော် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ထိုကိစ္စနှင့် ပက်သက်၍ နည်းနည်းလေးမှ မငြူစူ။ ပျော်ပင် ပျော်နေသေးသည်။

သူတော်စင်အဆင့် ဆေးဝိဇ္ဇာကြီးငါးယောက်ကို အကူအဖြစ် ရနိုင်ခြင်းမှ မည်သူမျှ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်း မြင့်မားလာသည်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဂုဏ်သတင်းသည်လည်း မြင့်မား လာခဲ့ရသည်။

တော်ဝင်နယ်မြေသို့ လာလျှင် ကိုယ်လိုချင်သော ဆေးလုံးကို အရည်အသွေး အမြင့်စားလည်း ရနိုင်သလို သင့်လျော်သော တန်ဖိုးဖြင့်လည်း ရနိုင်သည်။ ထို့ကြောင့် ထိုကျင့်ကြံသူများသည် ဘုံကိုးခုထွတ်မြတ်နယ်မြေအား အရမ်းကိုမှ ကျေးဇူးတင်ခဲ့ကြသည်။ အထူးသဖြင့် တော်ဝင်နယ်မြေသို့လာလျှင် စောင့်ရသည်အချိန်မှ အရမ်းကိုမှ တိုလွန်းသောကြောင့်ပင် ဖြစ်သည်။

တော်ဝင်နယ်မြေသို့ လာလျှင် သူလို့ လိုချင်သည့် ဆေးလုံးကို ရရန်အတွက် အများဆုံးမှ တစ်လ၊ နှစ်လလောက်သာ စောင့်ရသည်။ အခြားနေရာသို့ သွားလျှင် ဆယ်ဆမက ကြာအောင် စောင့်နေ ရပေလိမ့်မည်။

ဆေးဝိဇ္ဇာကြီးငါးယောက် တော်ဝင်နယ်မြေမှ ယခုထိတိုင် ပြန်ထွက်မလာသေးသည့်အကြောင်း သတင်းများ ထွက်လာသည်နှင့် တော်ဝင်နယ်မြေတွင် ရှိနေသည့် ဆေးဝိဇ္ဇာကြီးမှာ ထျန်းဇန် လူအိုကြီး ဖြစ်သည်ဟု လူများ အထင်မှားကြကုန်လေသည်။

ထိုကဲ့သို့သော ကောလဟာလများသည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ဂုဏ်သတင်းကို ပို၍ မြှင့်တင်ပေးသွားခဲ့လေသည်။

လက်ရှိ ဘုံးကိုခုထွတ်မြတ်နယ်မြေသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် မရှိသည်မှလွဲ၍ ထုန်းရွှမ် လောကကြီးတွင် ဂုဏ်အရှိန်အဝါ အကြီးဆုံး အင်အားစု တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။

တော်ဝင်နယ်မြေ၏ တော်ဝင်သခင်ဖြစ်သော ရန်ကိုင်၏ နာမည်သည်လည်း လူအများကြား ပန်လို မွှေးပျံ့ကျော်ကြား လာလေသည်။

တော်ဝင်နယ်မြေ ထိုကဲ့သို့ တိုးတက်လာခြင်းအပေါ် ရှုဟွေနှင့် အခြားအကြီးများ အရမ်းကိုမှ ဂုဏ်ယူနေမိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ပျက်စီးတော့မလို ဖြစ်ခဲ့ရသည်။ တော်ဝင်သခင်ဟောင်း ကွယ်လွန်သွားပြီး တော်ဝင်သခင်သစ်ကိုလည်း ရှာမတွေ့သေးခဲ့။ ထို့အပြင်ကိုမှ သူတော်စင်မနန်ကလည်း အပြင်လောကတွင် လိုက်ပတ်သောင်းကျန်းနေခဲ့သည်။

ထိုအချိန်က တော်ဝင်နယ်မြေသည် သူ့မျိုးဆက်တွင် ပျက်သုဉ်းရတော့မည်ဟု တွေဂကာ ရှုဟွေ အရမ်းကိုမှ စိတ်ဓါတ်ကျခဲ့ရသည်။ ရှက်လည်း ရှက်ခဲ့မိသည်။ သူမတော်၍ ရှက်ခြင်းမဟုတ်၊ ဘိုးဘေးတို့ သွေးချွေးတို့ ရင်းနှီးခဲ့သော အားစိုက်ထုတ်မှုများကို ပျက်စီးစေခဲ့သောကြောင့် ရှက်ရွံ့ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဆယ်စုနှစ်အတွင်းမှာပင် ဘုံကိုးခုထွတ်မြတ် နယ်မြေသည် ထုန်းရွှမ်လောကကြီးတစ်ခုလုံး၏ အာရုံစိုက်ရာ အဖြစ်သို့ ပြန်လည် မြင့်တက်လာနိုင်ခဲ့သည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကျင့်ကြံသူများဆိုလျှင်လည်း အနိမ့်ဆုံး သာမန်တပည့်မှစ၍ အကြီးအကဲများအထိ အကုန်လုံး ခေါင်းမော့ရင်ကော့ကာ သွားလာနိုင်နေကြလေပြီ။

ထိုအဖြစ်အပျက်ကြောင့် တပည့်များလည်း သူတို့၏ ကျင့်ကြံခြင်း နိမ့်ကျသည့်အတွက် တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းအား ထိခိုက်သွားမည်စိုးကာ ပို၍ ကြိုးကြိုးစားစား လေ့ကျင့်လာကြလေသည်။

လက်ရှိ တော်ဝင်နယ်မြေ၏ အခြေအနေကိုကြည့်ရင်း ယခုနေ သွေးသွားရလျှင် ပျော်ပျော်ကြီး သေသွားလိုက်မည်ဟု ရှုဟွေ တွေးနေခဲ့သည်။

----------------------------------

တစ်နေ့၊ ရန်ကိုင် ဆေးဖော်စပ်နေစဉ်၊ သူ့အမူအရာ ရုတ်တရက် ရှုံ့မဲ့သွားခဲ့ပြီး သူ့လက်ကွက်များကို ချက်ချင်း ရပ်တန့်လိုက်သည်။

ရန်ကိုင် အပြုအမူကို သတိပြုမိလိုက်သည်နှင့် တုဝမ်က အလျင်အမြန်ပဲ မေးလိုက်လေသည် “ဘာဖြစ်လို့လဲ”

ထိုစကားကို ကြားလိုက်သည့်အခါ အခြား ဆေးဝိဇ္ဇာကြီး လေးယောက်စလုံး ရန်ကိုင်အား လှမ်းကြည့်လိုက်ကြသည်။

ရန်ကိုင်က ပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး “ဘာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လတုန်းက လက်နက်တစ်ခုကို သန့်စင်ခဲ့တယ်လေ။ ဒါပေမယ့် အခုမှပဲ အဲ့လက်နက်နဲ့ ပဲ့တင်ထပ်အောင် လုပ်နိုင်ခဲ့တာ။ အဲ့လက်နက်နဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်တွေကို အရမ်းကို လေ့လာချင်နေရုံသက်သက်ပဲ”

“ငါသိပြီ” ချန်ပေါင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် သွားစစ်ဆေးကြည့်လိုက်လေ။ ဒီက ဆေးဖော်စပ်တဲ့အလုပ်ကို ငါတို့ လုပ်ထားပေးလိုက်မယ်”

“အဆင်ပြေပါ့မလား” ရန်ကိုင် ကြောင်သွားခဲ့သည်။ တစ်နေ့တာ ဖော်စပ်ရမည့် ဆေလုံးများကို ပြီးအောင် ဖော်စပ်သွားပြီးမှ ထိုလက်နက်ကို သွားလေ့လာမည်ဟု စဉ်းစားထားခြင်း ဖြစ်သည်။ ချန်ပေါင်ဘက်မှ ထိုကဲ့သို့ ကမ်းလှမ်းလာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

“အဆင်ပြေတာပေါ့” ချန်ပေါင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ငါတို့အားလုံးက သူတော်စင်အဆင့် ဆေးပညာရှင်တွေပဲဟာကို။ ဘာလဲ။ ငါတို့အပေါ် ယုံကြည်မှုမရှိတော့တာလား ကောင်လေး”

“ဘယ်ကသာ မယုံကြည်ရမှာလဲ။ ဆေးဝိဇ္ဇာကြီးတို့ အခုလို ကူညီပေးတာကိုတောင် ကျုပ်က ကျေးဇူးတင်နေတာ။ ဆေးဝိဇ္ဇာကြီးတို့ အရည်အချင်း မပြည့်မှီဘူးလို့ ကျုပ်တစ်ခါမှ မတွေးဖူးပါဘူးဗျာ” ရန်ကိုင်က ပြုံးလိုက်သည်။

ဆေးဝိဇ္ဇာကြီးငါးယောက်သည် ရံဖန်ရံခါ ဆေးလုံးတစ်လုံး၊ နှစ်လုံး သန့်စင်တတ်ကြသော်လည်း ဧည့်သည်ဆိုသော အဆင့်ကို ကျော်တက်ခြင်းမျိုး မပြုခဲ့။ သူဆေးဖော်စပ်သည်ကိုသည် လေ့လာခြင်း၊ သူတို့ဘာသာ တင်ပလင်ခွေထိုင် ကျင့်ကြံခြင်း၊ အချင်းချင်း ပြန်လည် ဆွေးနွေးကြခြင်းမျိုးကိုသာ လုပ်ခဲ့ကြသည်။

ယနေ့ ဆေးဖော်စပ်ခြင်းသည် စရုံသာ ရှိသေးသည်။ ရန်ကိုင်သည် ဆေးလုံးအနည်းငယ်ကိုသာ သန့်စင်ပြီးထားသေးပြီး ဖော်စပ်ရန် ဆေးလုံးများစွာ ကျန်သေးပေသည်။ ငါးယောက်ခွဲကာ ဖော်စပ်မည်ဆိုလျှင် တစ်ယောက်လျှင် အနည်းဆုံး သုံးလုံး ဖော်စပ်ရပေမည်။

အများစုမှာ သူတော်စင်အဆင့် ဆေးလုံးများ ဖြစ်ကြသည်။

သူတို့သာ ထိုဆေးလုံးသုံးလုံးကို တောက်လျှောက် ဖော်စပ်မည် ဆိုပါက ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး လုံးဝ အားကုန် သွားပေလိမ့်မည်။

“စကားဘယ်လို ပြောရမလဲ ဆိုတာကိုတော့ သိသေးသာပဲ ကောင်လေးရ” ချန်ပေါင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“ငါတို့က မင်းဖော်စပ်နေတာကို လေ့လာနေတာ ကြာပြီ။ အခု ငါတို့သင်ထားသမျှကို လက်တွေ့ ထုတ်သုံးဖို့ အချိန်တန်ပြီလို့ ထင်တာပဲ။ ဒီသက်ကြားအိုကြီးတွေနဲ့ ဆက်ပြီး ငြင်းနေလို့ လမ်းကြောင်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ သန့်စင်ကြည့်မှပဲ ငါတို့ထဲက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာကို သိမှာ” ဟဲဖုန်းက ဝင်ပြောလိုက်သည်။

“အဲ့ဒါအမှန်ပဲ။ ရန်ကိုင် ဒီဆေးလုံး ဒါဇင်ကျော်လောက်ကို ငါတို့လက်ထဲသာ အပ်ထားခဲ့လိုက်။ ငါတို့ မင်းကို ကူပြီး သန့်စင်ပေးမယ်။ မင်းဘာသာမင်းသာ အဲ့လက်နက်ကို သေသေချာချာ လေ့လာကည့်နေလိုက်” တုဝမ်က ရန်ကိုင်ကို လက်ဝှေ့ရမ်းပြလိုက်သည်။

“ကောင်းပြီလေ။ အဲ့လိုဆိုရင် ဆေးဝိဇ္ဇာကြီးတွေကို ဒုက္ခပေးရတော့မှာပေါ့” ရန်ကိုင် ဆက်ပြီး ငြင်းမနေတော့။ ဆေးသန့်စင်ရမည့် အလုပ်ကို ဆေးဝိဇ္ဇာကြီး ငါးယောက်ဆီကိုသာ အပ်ထားလိုက်ခဲ့သည်။ ဆေးဖော်စပ်ခြင်း ကျရှုံးသွားနိုင်သော်ငြား တော်ဝင်နယ်မြေ၏ လက်ရှိ ကြွယ်ဝချမ်းသာမှုဖြင့် အလွယ်လေး ပြန်အလျော်အစား ပေးနိုင်ပေသည်။

လုပ်လက်စ အလုပ်ကို လက်စသတ်ပြီးနောက် ထရပ်ကာ အခြားတစ်ခန်းဆီသို့ သွားလိုက်သည်။

တင်ပလင်ခွေထိုင်ပြီးနောက် အတွေးတစ်ချက်နှင့် သေးငယ်၊ ရှည်လျားသော လွန်းပျံပုံစံလက်နက်ကို ဆင့်ခေါ်လိုက်သည်။

ထိုလက်နက်ကို သန့်စင်ပြီး သူ့ကိုယ်ထဲသို့ ထည့်ထားသည်မှာ တစ်နှစ်တင်းတင်း ပြည့်သွားခဲ့လေပြီ။ ထိုအချိန်အတွင်း ရန်ကိုင်သည် ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်နေခဲ့ပြီး ထိုလွန်းပျံလက်နက်ရှည်ကြီးကို လုံးဝ အာရုံမစိုက်ခဲ့ချေ။ သို့သော် သူ့အစစ်အမှန်နှင့် စိတ်စွမ်းအင်ဖြင့် ထိုလွန်းပျံလက်နက်အား အားဖြည့်ပေးခြင်းကို တစ်ခါမှ မရပ်တန့်ခဲ့ဖူးချေ။

ထိုလက်နက်နဲ့ ပဲ့တပ်ထပ်နိုင်ရန်အတွက် ယူလိုက်ရသည့် အချိန်ပမာဏကြောင့် ရန်ကိုင် အတော့်ကိုမှ အံ့အားသင့် နေခဲ့ရသည်။

ငွေရောင်သစ်ရွက်လေးကို သန့်စင်ပြီး သူနှင့် ပဲ့တင်ထပ်ရန် အချိန်သုံးလသာ ယူခဲ့ရသည်ကို ရန်ကိုင် မှတ်မိသေးသည်။

ငွေရောင်သစ်ရွက်သည် သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်တစ်ခု ဖြစ်သည်။

ထိုတစ်ချက်တည်းနှင့်တင် လွန်းပျံလက်နက်သည် ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ပုံပိုင်းတွင် ငွေရောင်သစ်ရွက်ထက် ပိုရှုပ်ထွေးလျှင် ရှုပ်ထွေး၊ သို့မဟုတ် ပိုပြီး အဆင့်မြင့်ခြင်း ဖြစ်ရပေမည်။

ထိုကြောင့်သာ မဟုတ်လျှင် ထိုမျှအချိန်ကြာအောင် အားဖြည့်ပေးခဲ့ရလိမ့်မည် မဟုတ်ချေ။

ယနေ့၊ သူနှင့် ပဲ့တင်ထပ်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုနက်ကို သူမေ့လျော့ကောင်း မေ့သွားလောက်ပေပြီ။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ လွန်းပျံလက်နက်၏ အတွင်းပိုင်း တည်ဆောက်ပုံကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

မကြာမီ ရန်ကိုင် အမူအရာ ထူးဆန်းလာခဲ့ရသည်။

လက်နက်အတွင်းပိုင်းသည် သူထင်ထားသည်နှင့် အလွန်ကိုမှ ကွဲပြားနေခဲ့သည်။ အတွင်းပိုင်းတွင် ထိုးထွင်းထားသော စိတ်ဝိဥာဉ် အစီအရင်များသည် ရိုးရှင်းသလိုလိုနှင့် ရှုပ်ထွေးလှသလို နည်းနည်း အကြမ်းထည်လည်း ဆန်သေးသည်။

အချိန်ကာလ၏ တိုက်စားခြင်း ခံခဲ့ရလျှင် ထိုစိတ်ဝိဥာဉ် အစီအရင်များကို သေသေချာချာ သူမြင်နိုင်သေးသည်။ သို့သော် ထိုစိတ်ဝိဥာဉ် အစီအရင်များကို သူမသိလို မည်ကဲ့သို့ အသုံးပြုသလဲ ဆိုသည်ကိုလည်း သူမသိချေ။

တကယ်တော့ သူသည် လက်နက်သန့်စင်ခြင်းနှင့် ပက်သက်လျှင် များများစားစား မသိလှပေ။

လက်နက်သန့်စင်ရန်အတွက် အသုံးပြုသော စိတ်ဝိဥာဉ် အစီအရင်များသည် ဆေးဖော်စပ်ရာတွင် အသုံးပြုသော စိတ်ဝိဥာဉ် အစီအရင်များနှင့် မတူချေ။

ထိုလက်နက် အသုံးပြုပုံနှင့် ပက်သက်၍ နည်းနည်းပါးပါး ခန့်မှန်းမိသော်လည်း သေချာအသုံးမပြုဘဲနှင့် သိလိမ့်မည် မဟုတ်ချေ။

သူလက်ဝါးထက်တွင် ဝဲနေသော လွန်းပျံယာဉ်လက်နက်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းကြည့်လိုက်သည့်အခါ ထိုလက်နက် တစ်ခုလုံး ရွှေရောင်တောက်လာပြီး လေထဲသို့ ဝဲကာ အခြား အခန်းထဲသို့ ပျံသန်းသွားလေသည်။

ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့လေသည်။

ရုတ်တရက် လွန်းပျံယာဉ်လက်နက်ကို မျက်ခြေပြတ် သွားတော့မလို ဖြစ်သွဦးခဲ့သည်။

ထိုလက်နက်တွင် သူ့ဝိဥာဉ်အမှတ်အသားကို ခတ်နှိပ်ထားသဖြင့် သူနှင့်ထိုလက်နက်ကြား ဆက်သွယ်ချက် တစ်ခုရှိနေသည်။ ထို့ကြောင့် ထိုလက်နက်၏ လှုပ်ရှားမှုများကို သူအသေအချာ ခံစားမိနေသင့်သည်။

သို့သော်လည်း ယခုလေးတင် ထိုလက်နက်သည် လုံးဝ ပျောက်ကွယ်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။

ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့သည်။ ထိုလက်နက် အရမ်း မြန်နေခြင်းကြောင့် ဖြစ်ရပေမည်။ ရန်ကိုင်၏ အသိစိတ်ပင် အမှီမလိုက်နိုင်သည်အထိ မြန်လွန်းနေခြင်း ဖြစ်သည်။

အခြားအခန်းထက်တွင် ဝဲနေသော လွန်းပျံယာဉ်ပုံစံ လက်နက်ကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကိုသုံးကာ ထိုလက်နက်ကို အမိန့်ပေးရန် ကြိုးစားကြည့်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၉၈) ကောင်းကင်လွန်းပျံ

ရွှစ်… ရွှစ်… ရွှစ်…

လေခွင်းသံတို့ မြည်ဟည်းသွားခဲ့သည်။ လွန်းပျံယာဉ်ရှည်သည် လေဟာနယ်အတားအဆီးကို ချိုးဖျက်သွားနိုင်သည့်အလား နေရာ တစ်ခုမှာ အခြားတစ်နေရာတစ်ခုသို့ အဆက်မပြတ် ကူးခတ် သွားလာနေခဲ့သည်။

အကြိမ်အနည်းငယ်လောက် စမ်းပြီးနောက် ထိုမှော်ရတနာ အကြောင်း တော်တော်လေး သိလာပြီဟု ရန်ကိုင် ခံစားမိလိုက်သည်။

သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လွန်းပျံယာဉ်သည် သူ့လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ရန်ကိုင် နောက်တစ်ကြိမ် သေချာ စစ်ဆေးကြည့်လိုက်သည်။

သူ့ကောင်းကင်စိတ်အာရုံဖြင့် လွန်းပျံယာဉ်တစ်ခုလုံးကို တစ်လက်မမကျန် အသေးစိတ် စစ်ဆေးကြည့်သည်။

လွန်းပျံယာဉ်သည် တော်တော်လေး သေးသော်လည်း အတွင်းပိုင်းသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကြည့်လိုက်သည့် အခါ အဆုံးမရှိသည့် လေဟာနယ်ကို စစ်ဆေးနေရသလို ခံစားလိုက်ရသည်။

နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် လွန်းပျံယာဉ်နှင့် ပက်သက်သည့် ယေဘုယျ အချက်အလက် များကို သူနားလည်သွားခဲ့သည်။

လေဟုန်ဝဲကောင်းကင်လွန်းပျံ…

လွန်းပျံယာဉ်၏ နာမည်ဖြစ်ပေသည်။ နာမည်အရ ထိုလွန်းပျံယာဉ်သည် ပျံသန်းရေးမှော်ရတနာ တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ပုံစံအမျိုးမျိုးရှိသော မှော်ရတနာ အမျိုးမျိုး ရှိပေသည်။ သို့သော် ယေဘုယျအားဖြင့် မှော်ရတနာများကို အမျိုးအစား သုံးမျိုးခွဲထားပေသည်။ တိုက်ခိုက်ရေး မှော်ရတနာများ၊ ခုခံရေးမှော်ရတနာများ၊ အထောက်အကူ မှော်ရတနာများ။ အမျိုးအစား တစ်ခုတည်းမကသော မှော်ရတနာများလည်း ရှိသေး၏။ ဥပမာ တိုက်ခိုက်ရေးရော၊ ခုခံရေးတွင်ပါ သုံး၍ ရသော ရန်ကိုင်၏ ငွေရောင်သစ်ရွက်လေးပင်။

အသုံးပြုရန် လိုအပ်သော စွမ်းအင်ပေါ်မူတည်၍ ထိုမှော်ရတနာအား အစစ်အမှန်ချီကို အသုံးပြုသော သာမန် မှော်ရတနာများ၊ စိတ်စွမ်းအင်ကို အသုံးပြုသော ဝိဥာဉ်မှော်ရတနာများဟူ၍ နှစ်မျိုးပြန်ခွဲနိုင်သည်။

ဝိဥာဉ်မှော်ရတနာများမှာ ပို၍ တန်ဖိုးကြီးသလို ပို၍လည်း သန့်စင်ရခက်ပေသည်။

အထောက်အကူ မှော်ရတနာများအနက်၊ ကူးသန်းသွားလာရေးအတွက် အသုံးပြူသော မှော်ရတနာဟူသော မှော်ရတနာတစ်မျိုး သက်သက် ရှိပေသည်။ ပျံသန်းရေး မှော်ရတနာများပင်။ ယေဘုယျအားဖြင့် ပျံသန်းရေး မှော်ရတနာများသည် အဆင့်တူ ကျင့်ကြံသူ တစ်ယောက် သွားနိုင်သည့် အမြန်နှုန်းထက် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် သွားနိုင်ပေသည်။

ရန်ကိုင်သည်လည်း အမျိုးမျိုးသော ပျံသန်းရေး မှော်ရတနာကို မြင်တွေ့ခဲ့ဖူးသည်။ အချို့သည် ဓါးပုံစံရှိကြပြီး အချို့သည် ငှက်ပုံစံရှိကြကာ အချို့မှာမူ လှည်းများ ဖြစ်ကြပေသည်။

သို့သော်လည်း လွန်းပျံယာဉ်ကဲ့သို့ ပျံသန်းရေး မှော်ရတနာမျိုးကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ထိုလွန်းပျံယာဉ်လေးသည် လှေအသေးစားလေးနှင့် တူပေသည်။

ကောင်းကင်လွန်းပျံထဲ မည်သည့် တိုက်ခိုက်ရေး အစီအရင်မှ ရှိမနေခဲ့။ ခုခံရေးအစီအရင်တစ်ခုသာ ရှိနေခဲ့သည်။ လွန်းပျံ၏ စွမ်းအားကို အပြင်ပန်းအား လေ့လာနေရုံသက်သက်ဖြင့် ဆုံးဖြတ်ရန်မှာ အတော်လေးကိုမှ ခက်ခဲလှပေသည်။

လွန်းပျံအတွင်းပိုင်းကို ဆက်စစ်ဆေးကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

အတွင်းနက်ပိုင်းသို့ ရောက်သည့်အခါ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ကောင်းကင်လွန်းပျံအတွင်းထဲတွင် တလက်လက် တောက်ပနေသော အလင်းစက်လေးများဖြင့် ဝန်းရံထားသော လေဟာနယ်တစ်ခု ရှိနေခဲ့သည်။ သူ့အသိစိတ် ထိုလေဟာနယ် အလယ်သို့ လွင့်မျော့သွားသည့်အခိုက် ကြယ်တာရာကောင်းကင် ထဲသို့ ပြန်ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။

ထိုလေဟာနယ်သည် ကောင်းကင်လွန်းပျံထဲ ထည့်သွင်း ထားသော ကြယ်တာရာကောင်းကင်၏ အကျဉ်းချုံးပုံစံးလေးနှင့်ပင် တူနေသေးသည်။

အမျိုးမျိုးသော အလင်းစက်လေးများကို အတူတကွ ဆက်ထားပေးသည် မျဉ်းကြောင်းလေးများလည်း ရှိနေသေးသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေပြီ။

ထိုဆက်သွယ်နေသော မျဉ်းကြောင်းလေးများကိုကြည့်ရ၍ ကောင်းကင်လွန်းပျံထဲတွင် ကြယ်တာရာကောင်းကင်၏ အကျဉ်းချုံး ပုံစံလေးတစ်ခု ရှိနေသည်ဆိုသော သူ့ထင်မြင်ချက်မှာ မှန်ကန်သည်ဟု ရန်ကိုင် ပို၍ ယုံကြည်ချင်လာခဲ့သည်။

သို့သော် သူ့အား မကျေမနပ်ဖြစ်စေသည်ကား ထိုမျဉ်းကြောင်း လေးများသည် အဆုံးထိ ရှိမနေခြင်းပင်။ တစ်ဝက်တစ်ဝက် ဖြစ်နေခဲ့သည်။ ကြယ်တာရာကောင်းကင်ထဲ နှစ်ပေါင်းများစွာ ကြာအောင် မျောလွင့်နေပြီးနောက် ထိခိုက်သွားသည့်ပုံပင်။ ထို့ကြောင့် ထိုလမ်းကြောင်း၏ အဆုံးတွင် ဘာရှိလဲ ဆိုသည်ကို ရန်ကိုင် အဖြေမထုတ်တတ်တော့ချေ။

ခေါင်းလေးတရမ်းရမ်းဖြင့် ကောင်းကင်လွန်းပျံအား စစ်ဆေးစရာ တစ်ခုမှမကျန်တော့သည်အထိ ဆက်လက် စစ်ဆေးနေလိုက်သည်။

ကောင်းကင်လွန်းပျံနှင့် ပက်သက်၍ အကျဉ်းချုံး သိထားသော်လည်း သိထားသော အကြောင်းအရာများမှာ ထိုအရာကို အချိန်အတော်ကြာအောင် အားဖြည့်ပြီးမှ သိလာခဲ့ရခြင်းများ ဖြစ်သည်။

သိစိတ်ချင်ကြောင့် ရန်ကိုင်သည် ကောင်းကင်လွန်းပျံနှင့် အတူ တော်ဝင်သခင်ရုံးတော်မှ ချက်ချင်း ထွက်သွားလိုက်သည်။

လွန်းပျံထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်သည်အခါ ကောင်းကင်လွန်းပျံသည် အလျင်အမြန် ကြီးထွားလာခဲ့ပြီး နောက်ဆုံး မီတာများစွာ ရှည်လျားသည့် အရွယ်အစားသို့ ရောက်ရှိလာခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ပျံသန်းရေး မှော်ရတနာများမှာ လူကို သယ်ဖို့ ဖြစ်ပေသည်။ လက်ဝါးအရွယ်မျှသော အရွယ်အစားလေးဖြင့် လူကိုသယ်လို့ ရမည်မဟုတ်ပေ။ မည်သည့် လက်နက် ပညာရှင်ကများ ထိုလွန်းပျံယာဉ်အား သန့်စင်သွားခဲ့လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း လွန်းပျံယာဉ်ထဲတွင် အရွယ်အစားကို ချုံ့နိုင်၊ ကြီးနိုင် လုပ်ပေးနိုင်သော စိတ်ဝိဥာဉ်အစီအရင် တစ်ခုရှိမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။

သို့သော်လည်း မီးတာများစွာသည် အကန့်အသတ်ဖြစ်သည်။ နောက်ဆုံးဖြစ်ပေါ်လာသည့် အရွယ်အစားအရ ထိုလွန်းပျံဿည် အများဆုံး လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကိုသာ သယ်နိုင် ပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည့်အခါ ကောင်းကင်လွန်းပျံဿည် နှစ်မီတာ အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားခဲ့သည်။ ထွင်းဖောက်မြင်ရသော အပြာရောင် အရံအတားသည် လွန်းပျံယာဉ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။

ရန်ကိုင်လည်း လွန်းပျံယာဉ်ပေါ် ခုန်တက်ကာ ထိုင်လိုက်သည်။ အရံအတားသည် သူ့ကိုပါ လွှမ်းခြုံသွားခဲ့သည်။

စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ရန်ကိုင်သည် သူ့အစစ်အမှန်ချီအား လွန်းပျံထဲသို့ ထပ်မံပို့လွှတ်လိုက်သည်။

အပြာရောင်အလင်းတစ်ချက်နှင့်အတူ ရန်ကိုင်နှင့် လွန်းပျံယာဉ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။

တောင်ထွတ်ကိုးလုံးပေါ်ရှိ တောင်တစ်လုံးပေါ်တွင် ရှေးဟောင်း နတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီးများ တင်ပလင်ခွေထိုင် ကျင့်ကြံ နေခဲ့သည်။ ယခုနောက်ပိုင်း ဘာမှလုပ်စရာမရှိသေးသဖြင့် ရှုဟွေဆီမှ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိခဲ့ပြီးနောက် ခေါင်းဆောင်များအားလုံး သူတို့ခွန်အား တိုးတက်ရန် ကြိုးစားပန်းစား လေ့ကျင့်ကြတော့လေသည်။

ရုတ်တရက် လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး မျက်လုံး ပွင့်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေး ထိုင်နေရာမှ ရုတ်တရုတ် ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ထက်တွင် ပြန်ပေါ်လာခဲ့သည်။ မျက်လုံးလှလှလေးများသည် မိုးကုတ်စက်ဝိုင်း အလွန်ဆီသို့ သင်္ကာမကင်း အမူအရာဖြင့် လှမ်းကြည့်နေခဲ့သည်။

ချက်ချင်းဆိုသလို ဟန်ဖေးနှင့် ဟွာမိုတို့လည်း သူမဘေးတွင် ပေါ်လာခဲ့သည်။

“ခုဏတုန်းက သခင့် အရှိန်အဝါကို ခံစားမိလိုက်သလိုပဲ” ဟန်ဖေးက မိုးကုတ်စက်ဝိုင်းဆီ ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်။ သခင် ထွက်သွားတာနဲ့တူတယ်” လီရုန်က အသာအယာ ခေါင်းညိတ်လျက် “ဒါပေမယ့် သူ့အရှိန်က … အရမ်း မြန်လွန်းနေသလားလို့”

သူမပြောပြီးသည်နှင့် လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အခုပဲ ငါ့ကောင်းကင်စိတ်အာရုံအောက်ကနေ ပျောက်သွားပြီ”

လီရုန်သည် သူတော်စင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ၏ ကောင်းကင်စိတ်အာရုံ စက်ဝန်းသည် ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပေသည်။ သို့သော် ရန်ကိုင်အရှိန်အဝါကို အာရုံခံမိလိုက်သည့် အချိန်မှစ၍ ယခုအချိန်အထိ အသက်သုံးရှိုက်စာသာ ကြာသေးပေသည်။ သို့တိုင် ထိုအချိန်အတွင်း ရန်ကိုင်သည် သူမ အာရုံခံနိုင်သည့် အကွာအဝေး အတွင်းမှ ထွက်သွားခဲ့လေပြီ။

ထိုအမြန်နှုန်းသည် အရမ်းကိုမှ အံ့အားသင့်စရာ ကောင်းလွန်းပေသည်။ လူတစ်ယောက် ထိုမျှ မြန်နိုင်သည်ဟူ၍ သူမ တစ်ခါမှ မကြားဖူးခဲ့။

“ဒီတစ်ကြိမ် သခင် ဘာသွားလုပ်တာလို့ နင်တို့ထင်လဲ” ဟွာမိုက နားမလည်နိုင်စွာ မေးလိုက်သည်။

“မသိဘူး”

“သူ့နောက်လိုက်ပြီး ကာကွယ်ပေးသင့်လား…” ဟွာမိုက တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် မေးလိုက်သည်။

“သူဘယ်ရောက်နေလဲ ဆိုတာကိုတောင် မသိတာ။ ဘယ်လိုလုပ်ပြီး သူ့နောက် လိုက်နိုင်မှာလဲ” လီရုန်က မဲ့ပြုံးပြုံးလျက် “မေ့လိုက်တော့။ အဲ့အမြန်နှုန်းနဲ့ဆိုရင် ဒီလောကကြီးမှာ ဘယ်သူမှ သခင့်နောက်လိုက်နိုင်မှာ မဟုတ်ဘူး”

သူမ ထိုကဲ့သို့ ပြောလိုက်မှပဲ ဟန်ဖေးနှင့် ဟွာမို့တို့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရန်ကိုင်ကို ဘယ်သူမှ မလိုက်နိုင်လျှင် သူလည်း အန္တရာယ်ရှိလိမ့်မည် မဟုတ်ချေ။

ဗိုလ်ချုပ်ကြီးများသာ ရန်ကိုင် ထွက်သွားသည်ကို သတိပြုမိသည် မဟုတ်၊ တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများသည်လည်း ကောင်းကင်ပေါ်မှ တစ်ခုခု ဖြတ်ပျံသွားသည်ကို သတိပြုမိလိုက်ကြသည်။

ယခုလေးတင် သူတို့ခေါင်းထက်မှ မှိန်ဖျော့ဖျော့ အပြာရောင် အလင်းတန်းတစ်ခု ဖြတ်သွားခဲ့သည်။ သို့သော် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ချိန်တွင် ထိုအလင်းတန်းမှာ မရှိတော့ချေပြီ။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး ကြောင်နေခဲ့ရသည်။

ကျင့်ကြံသူများအနက် အားကောင်းသော ပညာရှင်များစွာ ရှိနေပေသည်။ သို့တိုင် ထိုထူးဆန်းသောအပြာရောင် အလင်းတန်းရှေ့ သူတို့အကုန်လုံး ကူကယ်ရာမဲ့သွားခဲ့ရသည်။

သူတို့၏ မျက်နှာများပင် မဆိုသလောက်ကလေး ဖြူလျော် သွားခဲ့ကြသည်။ ဘယ်အားကောင်းသော ပညာရှင်ကများ သူတို့အပေါ်မှ ဖြတ်ပျံသွားတာလဲဟု အကုန်လုံးလိုလို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

သို့သော် မည်သူမှ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ချေ။

လွန်ပျံပေါ်တွင်ထိုင်လျက် ရန်ကိုင်သည် သူကြုံတွေ့နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

အောက်ဘက်ရှိ မြင်ကွင်းအဖုံဖုံသည် တရကြမ်း စီးဆင်းနေသည့် မြစ်တစ်စင်းပမာ အလျင်အမြန် ကျန်ရစ် ပျောက်ကွယ်နေခဲ့သည်။ သူသွားနေသည့် အမြန်နှုန်းကို မည်သို့ဖော်ပြလို့ပင် ဖော်ပြရတော့မှန်းမသိ။ ပြောင်းလဲနေသော ရှုခင်းအဖုံဖုံကို လိုက်မှီအောင် မကြည်နိုင်သည်အထိ မြန်နေသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ချေ။ တစ်ခုခုကို အာရုံစိုက်လိုက်တိုင်း ထိုအရာသည် ချက်ချင်း ကျန်ရစ် ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်လွန်းပျံ၏ အမြန်နှုန်းကြောင့် ရန်ကိုင် ရင်သပ်ရှုမော ဖြစ်နေခဲ့ရသည်။

သူ့ကိုယ်ပိုင် အမြန်နှုန်းသည် နှေးကွေးခြင်းမရှိ၊ လေမိုးကြိုးတောင်ပံများကို ထုတ်သုံးလိုက်လျှင် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်ပင် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူလက်ရှိ သွားနေသည့် အမြန်နှုန်းမှာ သူပင်ကိုယ်သွားနိုင်သည့် အမြန်နှုန်းထက် အဆပေါင်း များစွာမက ပိုမြန်ပေသည်။ လက်ရှိအမြန်နှုန်းသည် ဤလောကကြီး၏ အကန့်အသတ်ကို ကျော်လွန်နေပြီး လေဟာနယ်ကို ချိုးဖျက်ကာ သွားလာနေသလားဟုပင် ထင်ရမိသည်အထိ မြန်ဆန်လှသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ကီလီုမီတာ ရာနှင့်ချီသော အကွာအဝေးကို ကျော်ဖြတ်ပြီးသွားခဲ့လေပြီ။

မယုံချင်စရာ အကောင်းဆုံး အရာသည်ကား လွန်းပျံယာဉ်ကို အသက်သွင်းရန် အသုံးပြုရသော အစစ်အမှန်ချီမှာ အရမ်းကိုမှ နည်းပါးလှခြင်း ဖြစ်ပေသည်။ အပြာရောင်အလင်းအကာအရံ၏ ကာကွယ်ပေးထားမှုကြောင့် လေခတ်ဒဏ်ကို မခံရတော့။ ထိုင်နေနေ၊ လှဲနေနေ၊ မတ်တပ်ရပ်နေနေ နည်းနည်းလေးမှ သက်သောင့်သက်သာ မဖြစ်သလို မခံစားရပေ။

သူ့စိတ်ထဲ အရမ်းကို ရွှင်မြူးနေသဖြင့် ရပ်တန့်ရန် မစဉ်းစားဘဲ လွန်းပျံယာဉ်ကို ထပ်မံ အရှိန်မြှင့်လိုက်သည်။

ထိုလွန်းပျံယာဉ်နှင့် သူပို၍ ရင်းနှီးလာခဲ့ရသည်။ ရန်ကိုင် အလွန်ကိုမှ ပျော်ရွှင်နေခဲ့လေပြီ။

တရွေ့ရွေ့ပျောက်ကွယ်သွားနေသော သူ့ခြေထောက်အောက်ရှိ မြင်ကွင်းအဖုံဖုံကို ကြည့်ရင်း တုနှိုင်းမရသော လွတ်လပ်မှုကို ရန်ကိုင် ခံစားမိလိုက်သည်။

နေ့ဝက်ကြာအောင် မရပ်မနား ပျံသန်းပြီးတော့မှပဲ လွန်းပျံ၏ အမြန်နှုန်းကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ သူနှင့် ရင်းနှီးနေသော နှင်းတောင်တန်းကို လှမ်းမြင်လိုက်ရသည်။

ထိုမြင်ကွင်းကို ခဏတာမျှ စိုက်ကြည့်နေလိုက်ပြီး ရန်ကိုင် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့သည်။

ထို့နောက် ရှေ့ဆက်သွားလိုက်ရာ သူ့ရှေ့တွင် မြို့တစ်မြို့ ထွက်ပေါ်လာခဲ့သည်။

ထိုမြို့ကို မြင်လိုက်သည်နှင့် ရန်ကိုင် ပို၍ အံ့ဩသွားခဲ့သည်။

အမွှေးတိုင်တစ်ချောင်းစာ ကုန်ဆုံးပြီးနောက် မြို့သို့ ရောက်ရှိလာခဲ့လေသည်။ ထိုမြို့သည်ကား ကျောက်တုံးမြို့တော်ပင်။

သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကီလိုမီတာ သောင်းချီ ကွာဝေးသော ကျောက်တုံးမြို့တော်သို့ အမှန်တကယ် ရောက်လာခဲ့သည်။

ရန်ကိုင်မှာ အံ့လည်း အံ့ဩမိသလို မယုံကြည်နိုင်အောင်လည်း ဖြစ်နေခဲ့သည်။

ယခင် ဤနေရာမှ ရှေးဟောင်းနတ်ဆိုးကလန်သားများနှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ သွားခဲ့စဉ်က နှစ်လလောက် အချိန်ယူခဲ့ရသည်။

ရှေးဟောင်းနတ်ဆိုးကလန်အုပ်ကြီးနှင့် မြန်မြန်သွား၍ မရသည့်အတွက်ကြောင့်လည်း ပါပေသည်။ သို့သော်လည်း သူတစ်ယောက်တည်း သွားမည်ဆိုလျှင်ပင် အနည်းဆုံး ရက်နှစ်ဆယ်မှ သုံးဆယ်အထိ ကြာမြင့်နိုင်ပေသည်။

သို့သော်လည်း ကောင်းကင်လွန်းပျံနှင့်မူ ဤနေရာသို့ ပြန်လာရန် တစ်ရက်ပင် မလိုလိုက်ချေ။

ရှင်းရှင်းပြောရလျှင် သူတော်ဝင်နယ်မြေမှ ထွက်လာသည်မှာ ဆယ်နာရီကျော်သာ ရှိပေသေးသည်။

ယခုမှပဲ ကောင်းကင်လွန်းပျံ မည်မျှမြန်ဆန်ကြောင်း၊ ထိုပျံသန်းရေး ပစ္စည်း မည်မျှအဖိုးတန်ကြောင်းကို ရန်ကိုင် နားလည်သွားလေတော့သည်။

ထိုလွန်းပျံယာဉ်နှင့်ဆိုပါက သူအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ အချိန်တိုအတွင်း သွားလာနိုင်ပေတော့မည်။

လွန်းပျံယာဉ်ကို သူ့ကိုယ်ထဲပြန်သိမ်းလိုက်ပြီး မြို့ဂိတ်နားတွင် ဆင်း၍ ဆေးပညာရှင်အစည်းအရုံး အခွဲထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

တုဝမ်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိနေသေးသဖြင့် လက်ရှိအချိန်၌ ဆေးပညာရှင်အစည်းအရုံးအခွဲထဲတွင် ရီရှုန်၊ မိနာနှင့် ဝူအာတို့သာ ရှိနေရော့ပေမည်။

အကုန်လုံးသည် ရန်ကိုင် ရုတ်တရက် ရောက်လာသည့်အတွက် အံ့ဩသွားခဲ့ကြသော်လည်း သူ့အား ပျော်ပျော်ရွှင်ရွှင်ဖြင့် ကြိုဆို ခဲ့ကြသည်။

ရန်ကိုင်သည် ဆေးပညာရှင်အစည်းအရုံးတွင် အချိန် အများကြီး မဖြုန်းခဲ့။ ဝူအာနှင့် မိနာတို့ကို တစ်ရက်လောက် သင်ကြားလမ်းညွှန်ပေးလိုက်ပြီး စိတ်ဝိဥာဉ်အစီအရင် အချို့ ပေးခဲ့ပြီးနောက် ထွက်သွားလေသည်။

နောက် သူဆက်သွားသည့်နေရာမှာ ကောင်းကင်ဂိုဏ်းတော် ဖြစ်ပေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်တစ်ယောက် ဖြစ်နေပေပြီ။ ထို့ကြောင့် သူ့တွင် နားချိန် သိပ်မရှိလှသလို ခရီးဝေးသွားရန်လည်း အချိန်မရှိပေ။ ယခု ထွက်လာဖြစ်တုန်း သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးနှင့် ဂိုဏ်းတည်ထောင်သူ ဘိုးဘေးတို့ဆီပါ တစ်ခါတည်း သွားလည်ရပေမည်။

ရှုယဉ်သာတောင်သို့ဆင်းပြီး အထဲသို့ လမ်းလျှောက် ဝင်သွားသည့်အခါ သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုနှင့် ချက်ချင်း သွားတိုးခဲ့သည်။ သူ့ဂိုဏ်းတူဒေါ်လေးသည် ကျောက်တုံးစားပွဲ ပေါ်တွင် မှောက်နေခဲ့သည်။ မျက်နှာတစ်ပြင်လုံး နီမြန်းနေပြီး အဝတ်အစားဆိုလျှင်လည်း ဖရိုဖရဲ ဖြစ်နေခဲ့ရာ သူမ၏ ကျောက်စိမ်းသားသဖွယ် ချောမွတ်၍ နှင်းကဲ့သို့ ဖြူဖွေးလှသော အသားအရေလေးကို လှစ်ဟာပြထားသလို ဖြစ်နေခဲ့သည်။ ထို့အပြင် ပြန့်ကျဲနေသော ပုလင်းခွံများလည်း ရှိနေခဲ့သည်။

ဖေးယုသည် ရေဓါတ်ကျင့်စဉ်ကို ကျင့်ကြံသည်။ ထို့ကြောင့် အရက်သောက်ခြင်းမှာ သောက်ကောင်း၍ သက်သက်ကြောင့် သောက်ခြင်းမဟုတ်။ ထို့သောက်လိုက်သော အရက်များကို အစစ်အမှန်ချီအဖြစ် ပြန်၍ သန့်စင်ကာ သူမ၏ ကျင့်ကြံခြင်းကိုလည်း တိုးတက်အောင် လုပ်ခြင်း ဖြစ်ပေသည်။

ရန်ကိုင် ထိုအချက်ကို သတိပြုမိသည်မှာ ကြာပေပြီ။ သို့သော်လည်း သူမ၏ အရက်စွဲသည့် ပြဿနာနှင့် ပက်သက်၍ ကူကယ်ရာ မဲ့နေခဲ့ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၉၈) ကိုင်တေရောက်လာခြင်း

ဖေးယုသည် အမြဲတမ်း ထိုနည်းလည်းကောင်းပင်။ စကားပြောရာတွင် အထိန်းအကွပ်မရှိ။ သူမနှင့် စကားပြောရင်း ရန်ကိုင်မှာ ရှက်ခဲ့၊ စိတ်ချဉ်ပေါက်ခဲ့ရသည်မှာလည်း မနည်း။ သူ့အား ရယ်မောနေသည့်တိုင် သူမအား ဘာမှပြန်မပြောနိုင်ခဲ့။

ရန်ကိုင် ပြန်ရောက်ကြောင်းကြားသည်နှင့် ချန်းယနှင့် အခြားသူများ သူ့အား အပြေးလာတွေ့ကြသည်။ ချန်ယန်နှင့် အခြားသူများဆီမှ မကြာသေးခင်အချိန်အတွင်း ရှေးဟောင်း နတ်ဆိုးကလန်အကြောင်း မေးမြန်းရန် ချူလင်းရှောင်ဆီသို့ လူအများအပြား ရောက်ရှိလာခဲ့ကြောင်း ရန်ကိုင် သိလိုက်ရသည်။ လူများစွာသည် ရန်သူနှင့်ပူပေါင်းသည့်အတွက် ရန်ကိုင်ကို ကွပ်မျက်ပြီး သူ့ဂိုဏ်းကို ရှင်းလင်းပစ်ရမည်ဟု ဒေါသတကြီး ကြွေးကြော်ခဲ့ကြသည်။

ချူလင်းရှောင်မှာ အလုပ်ရှုပ်ခံ ပြန်မပြောမနေဘဲ တံခါးပိတ် ကျင့်စဉ်သာ ဝင်သွားလိုက်လေသည်။

ကောင်းကင်ဂိုဏ်းတော်သို့ ရောက်လာသော ပညာရှင်များသည် ချူလင်းရှောင်အား မစည်းရုံးနိုင်သည်ကို မြင်သော် ဒေါသ ထွက်ထွက်ဖြင့်သာ ပြန်ထွက်သွားခဲ့ရလေသည်။

သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဂုဏ်သတင်း ကျော်ကြားမြင့်မား လာသည်နှင့် မည်သူမျှ ကောင်းကင်ဂိုဏ်းတော်သို့ လာရောက် မနှောင့်ယှတ်ကြတော့ချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ ကိုလည်း မည်သူမှ ရန်မစရဲတော့။ မဟုတ်လျှင် ဆေးဝိဇ္ဇာကြီးက သူတို့ကို ဆေးဖော်စပ်ပေးတော့လိမ့်မည် မဟုတ်ချေ။

ထို့နောက် ရန်ကိုင်သည် ချူလင်းရှောင်နှင့် သွားတွေ့ခဲ့သည်။

လီရုန်နှင့် သူမကလန်သားများ အပြင်သို့ မထွက်ဘဲ တောင်ထွတ်ကိုးလုံးထဲတွင်သာ နေနေကြောင်း သိလိုက်ရသည့်အခါ ချူလင်းရှောင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သို့တိုင် ရန်ကိုင်အား ထိုလူများနှင့် အရမ်းကြီး အရောတဝင် မနေရန် သတိပေးခဲ့ပြန်သည်။

ကောင်းကင်ဂိုဏ်းတော်တွင် သုံးရက်လောက်နေပြီးနောက် တောင်ထွတ်ကိုးလုံးဆီ ပြန်ခဲ့လေသည်။

လွန်ခဲ့သော နှစ်အတွင်း ရန်ကိုင်သည် သူ့ဆေးပညာ အရည်အသွေးကို အဆက်မပြတ် တိုးတက်အောင် လုပ်နေခဲ့ရကာ နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော ဆေးလုံးများကို မရပ်မနား ဖော်စပ်ခဲ့ရသည်။

ယခုတစ်ကြိမ် လွန်းပျံယာဉ်ကိုစမ်းသပ်ရင်း တောင်ထွတ်ကိုးလုံးမှ ထွက်လာလက်စဖြင့် ခဏလောက် အနားယူခဲ့သည်။ ရုတ်တရက် သူ့ကျင့်ကြံခြင်း တိုးတက်တည်ငြိမ်လာသလို ရန်ကိုင် ခံစားလိုက်ရ၏။

ယခုမှပဲ ရံဖန်ရံခါ အနားယူခြင်းသည် မည်မျှ အရေးကြီးမှန်း ရန်ကိုင် နားလည်သွားခဲ့ရသည်။ သူသိနားလည်ထားသမျှ အသိအပွင့်များအားလုံးကြောင့် ထိုအနားယူလိုက်သော တစ်ခဏ အတွင်း သူ့ခွန်အား တိုးတက်သွားခဲ့ရသည်။

တစ်ရက်ကြာပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ သူပြန်ရောက်လာခဲ့သည်။

တောင်ထွတ်ကိုးလုံးထဲသို့ ဝင်လိုက်သည်နှင့် လီရုန်က သူ့အား ချက်ချင်း လှမ်းခေါ်တော့လေသည် “သခင်၊ မွန်းစတားမျိုးနွယ်စုက မိန်းမက သခင်နဲ့ တွေ့ချင်နေတယ်”

“မွန်းစတားမျိုးနွယ်စုက မိန်းမလား” ရန်ကိုင် ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ တစ်ချက် မျက်မှောင်ကြုံ့သွားခဲ့ပြီးနောက် ပြန်မေးလိုက်သည် “ကိုင်တေကို ပြောတာလား”

“ဟုတ်တယ်။ သူပဲ”

“သူဒီကို ဘာလာလုပ်နေတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ကျွန်မတို့ကို မပြောဘူး။ သခင် သူ့ကို မတွေ့ချင်ရင် မောင်းထုတ်လိုက်မယ်လေ” လီရုန်က ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။

“မလိုဘူး။ ကျုပ်ကိုယ်တိုင် သွားတွေ့လိုက်မယ်”

မကြာမီ ရှေးဟောင်းနတ်ဆိုးကလန်သားများ ရှိနေသည့် တောင်ထွတ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

အကြီးဆုံး နန်းတော်ထဲသို့ လမ်းလျှောက် ဝင်သွားလိုက်သည်နှင့် ခုနှစ်ရောင်ခြယ်တောင်ပံကို အပြည့်အဝ ဖြန့်ကျက်လျက် ဤနေရာရှိ လူအားလုံး သူမအား အကြွေးတင်သည့်အလား အေးစက်စက်၊ ဖော်ရွေခြင်း အလျင်းမရှိသော မျက်နှာထားဖြင့် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုင်နေသော ကိုင်တေကို တွေ့လိုက်ရလေသည်။

ယင်ယနှင့် ရွှယ်ကျီတို့သည်လည်း ခန်းမထဲတွင် ကိုးယိုးကားယား အမူအရာဖြင့် ထိုင်နေခဲ့ကြသည်။ သူတို့ကြည့်ရသည်မှာ ကိုင်တေဆီမှ ဖိအားကြောင့် မသက်မသာ ဖြစ်နေကြသည့်ပုံပင်။

ထိုအေးစက်စက် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်သည် လှပလှသော ခုနှစ်ရောင်ခြယ်တောင်ပံနှင့်အတူ စွဲမက်ဖွယ်ကောင်းသော ရုပ်ကလေးကို ပိုင်ဆိုင်ထားသော်လည်း သူမသည် ယင်ယနှင့် ရွှယ်ကျီတို့ လွှမ်းမိုးနိုင်သည့် လူစားမျိုးမဟုတ်။

သူမနား ထိုင်နေရုံသက်သက်ဖြင့်ပင်လျှင် သူတို့ ကျောပြင်တစ်ခုလုံး ချွေးရွှဲနေခဲ့ရသည်။

ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါမှပဲ ကိုင်တေ၏ မျက်လုံးလှလှလေးများ လှုပ်ရှားလာခဲ့သည်။

လီရုန်က နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင် နားနား တိုးတိုးလေး ကပ်ပြောလိုက်သည် “သူဒီမှာ စောင့်နေတာ သုံးရက် ရှိနေပြီ. ရောက်နေကတည်းက အဲ့နေရာမှာပဲ ထိုင်နေတာ။ စကားလည်းမပြောဘူး။ ကျွန်မတို့က သွားပြောရင်တောင် ဘာမှ ပြန်မပြောဘူး။ ရောက်ကတည်းက တစ်ခွန်းပဲ ပြောသေးတယ်။ သခင်ပြန်လာတဲ့အထိ အဲ့မှာ ထိုင်စောင့်နေမယ်တဲ့”

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားတို့လည်း ခက်ခဲခဲ့မှာပဲ”

ပြောပြီးသည်နှင့် ရှေ့တက်လိုက်ပြီး ပြုံးကာ လက်သီး ဆုပ်လျက် “မိန်းကလေးကိုင်တေ”

ကိုင်တေက ခေါင်းသာ ပြန်ညိတ်ပြသည်။ ထို့နောက် ဖော်ရွေခြင်း မရှိသည့် အေးစက်စက် အမူအရာဖြင့် “ငါနင့်ကို စောင့်နေတာ တော်တော်လေးတောင် ကြာနေပြီ”

ရန်ကိုင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ စိတ်ထဲတွင်မူ ‘ငါနင့်ကို စောင့်ခိုင်းလို့လား။ နင့်ဘာသာနင် စောင့်နေတာလေ’ ဟူ၍ ကြိတ်ပြောနေခဲ့သည်။ ထို့နောက် သူ့အမူအရာကို ပြန်ပြင်လိုက်ပြီး “စီနီယာကြီး တစ်ခုခု စကားပါးလိုက်လို့လား”

ကိုင်တေက ခပ်ပြတ်ပြတ်သာ ပြောလိုက်သည် “စီနီယာကြီးက နင့်ကို မိုးကြိုးသစ်ပင်နန်းတော်ဆီ လာဖို့ ဖိတ်ခိုင်းလိုက်တာ”

“သားရဲအသွင်ပြောင်းရေကန် တစ်ခုခု ဖြစ်သွားလို့လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ စီနီယာကြီး သူ့ကို ဖိတ်ခေါ်သည့် အကြောင်းအရင်းဆို၍ ထိုတစ်ချက်ကိုသာ စဉ်းစားမိလေသည်။

“သားရဲအသွင်ပြောင်းရေကန်က ဘာမှမဖြစ်ဘူး… အများကြီး မေးမနေနဲ့။ လိုက်သာလိုက်ခဲ့။ ရောက်ရင်သိလိမ့်မယ်”

ရန်ကိုင် မှင်သက်နေခဲ့သည်။ ခဏကြာသည်အထိ ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဆိုးကလန်သား များသည်လည်း မျက်နှာ အမူအရာ မကောင်းကြတော့ချေ။

ကိုင်တေ၏ ပြောဆိုပုံသည် ဖိတ်ခေါ်နေသည်နှင့် မတူဘဲ အမိန့်ပေးသည့် ပုံစံနှင့်သာ တူနေ၏။

ဟန်ဖေး၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့လေပြီ။

နှစ်ယေ,က်စလုံးသည် အေးစက်သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသော သူတော်စင်ဒုတိယအဆင့် ပညာရှင်လည်း ဖြစ်သော အလှလေးများ ဖြစ်ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်စောင်သည်မှာ မထူးဆန်း။ ဟိုးကတည်းက ဟန်ဖေးမှာ ကိုင်တေကို ကြည့်မရခဲ့ခြင်း ဖြစ်သည်။ ဟန်ဖေးမှာ ထိုင်မိန်းကလေးက သူမတို့၏ သခင်ဖြစ်သော ရန်ကိုင်အပေါ် မည်ကဲ့သို့ လေးလေးစားစား ဆက်ဆံရန် သင်ခန်စားပေးချင်ခဲ့သည်မှာ ဟိုးကတည်းကပင်။

အခြေအနေ တင်းမာလာသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည် “စီနီယာကြီးက ငါ့ကို တသီးတသန့် ရှာနေတာဆိုမှတော့ အရေးကြီးတာ တစ်ခုခု ဖြစ်လိမ့်မယ်။ အနည်းဆုံး ငါသူနဲ့ သွားတွေ့သင့်တယ်။ ဟုတ်ပြီလေ။ မိန်းကလေးကိုင်တေ၊ ခဏလောက် စောင့်နေဦးနော်။ ကျုပ်အခုမှ အပြင်က ပြန်ရောက်တာဆိုတော့ မသွားခင် စီမံစရာရှိတာလေးတွေ အရင်စီမံလိုက်ဦးမယ်”

ကိုင်တေက ခေါင်းယဲ့ယဲ့လေးသာ ညိတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ချေ။

“သခင်၊ ကျွန်မကို လိုက်ခွင့်ပြုပါနော်” လီရုန်က ချက်ချင်း ပြောလာိုက်သည်။

ရန်ကိုင် သူမအား တစ်ချက်ကြည့်လိုက်သည်။ စီနီယာကြီး သူ့အပေါ် မကောင်းကြံမည်မှာ မဖြစ်နိုင်သော်လည်း ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်လေသည် “ကောင်းပြီလေ။ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်”

တောင်မှထွက်လာသည်နှင့် တော်ဝင်သခင်ရုံးတော်ဆီ ချက်ချင်း သွားလိုက်သည်။

ထိုနေရာမှ သူထွက်လာသည်မှာ အတော်လေး ကြာနေလေပြီ။ တုဝမ်နှင့် အခြားသူများ ဘယ်လိုလုပ်နေလဲ သူတော်တော်လေး သိချင်နေမိသည်။

ယခင်ရက်များအတွင် တော်ဝင်နယ်မြေမှ ထွက်လာသော ဆေးလုံးများကို သူတို့ သန့်စင်နေခဲ့ကြခြင်း ဖြစ်သည်။

ဆေးလုံးခန်းထဲသို့ ဝင်လာလိုက်သည်နှင့် ဆေးမီးဖိုငါးလုံးရှေ့ ဆေးပင်အသီးသီးနှင့် ထိုင်နေကြသော ဆေးဝိဇ္ဇာကြီးငါးယောက်ကို ရန်ကိုင် တွေ့လိုက်ရသည်။

ဆေးဝိဇ္ဇာကြီးငါးယေဦက်စလုံးသည် သူတို့လက်ရှိထဲ လတ်လတ်ဆတ်ဆတ် သန့်စင်ပြီးထားသော ဆေးလုံးကို လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

ရန်ကိုင် စိုးရိမ်သွားပြီး ချက်ချင်း မေးလိုက်လေသည် “ဆေးဝိဇ္ဇာကြီးတို့၊ ဘာတွေဖြစ်နေလို့လဲ”

ရန်ကိုင် အသံကိုကြားလိုက်သည့်အခါ တုဝမ်နှင့် အခြား ဆေးဝိဇ္ဇာကြီးများ အသိပြန်ဝင်လာခဲ့ကြကာ အကုန်လုံး သူ့အား ပြုံးပြလိုက်ကြသည်။

ရန်ကိုင် ကြောင်သွားခဲ့လေပြီ။

“ဘာမှမဖြစ်ပါဘူး။ ငါတို့ ဆေးပညာစွမ်းရည် တော်တော်လေး တိုးတက်လာပါလားလို့ ငါတို့ သက်ကြားအိုကြီး ငါးယောက်စလုံး ရှာတွေ့သွားရုံသက်သက်ပဲ…” တုဝမ်က ပြုံးကာ ရှင်းပြလိုက်သည်။

“အင်း။ တကယ်ကို သိသိသာသာ တိုးတက်လာတာ” ချန်ပေါင်က ဝင်ပြောလိုက်သည်။

“ဆေးလုံတစ်လုံး သန့်စင်ပြီးတိုင်း ငါတို့ ဘာတွေ နားလည်လိုက်လဲ၊ ဘာတွေမှားသွားလဲ ဆိုတာကို သေချာ ပြန်စဉ်းစား၊ သုံးသပ်နေတာ” ခုန်ရို့ယုက ရယ်သွမ်းသွေးလျက် “အခု ငါတို့လုပ်နေတာ အဲ့ဒါလေ”

“လတ်စသတ်တော့ အဲ့လိုကိုး…” ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ရက်ပေါင်းများစွာ အဆက်မပြတ် ဆေးဖော်စပ်ခဲ့ရသဖြင့် ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး ပင်ပန်းအားကုန်နေကြသည်ဟု သူထင်သွားခဲ့ခြင်း ဖြစ်သည်။

“ကောင်စုတ်လေး၊ မင်းက အကောင်းဆုံး ဆရာမဟုတ်ပေမယ့် ငါတို့တွေက အကောင်းဆုံး တပည့်တွေထဲ ပါပါတယ်ကွ…” ဟုန်ဖန်းက ရယ်မောလိုက်သည်။ “အရင်တုန်းက သူတော်စင်အဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ဆို အနည်းဆုံး နှစ်နာရီလောက် အချိန်ယူရတယ်။ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်ဆိုရင်လည်း အရမ်း ကုန်တာ။ အခုတော့ သူတော်စင်အဆင့် ဆေးလုံးတွေကို တစ်နာရီအတွင်း သန့်စင်လို့ရသွားပြီ။ အရင်လိုလည်း အရမ်းကြီး အားမကုန်တော့ဘူး။ ဒါတွေအားလုံးက မင်းဆေဖော်စပ်နေတာကို ငါတို့ ထိုင်လေ့လာခဲ့ကြလို့ပဲ”

ကျန်ဆေးဝိဇ္ဇာကြီး လေးယောက်စလုံး ပြုံးကာ ခေါင်းညိတ် လိုက်ကြသည်။

ယခင်လအတွင်း၌ သူတို့သည် အပြောဖြင့်သာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သဖြင့် သူတို့ မည်မျှ တိုးတက်လာသလဲ ဆိုသည်ကို သေသေချာချာ မသုံးသပ်နိုင်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင် ထွက်သွားစဉ် အတောအတွင်း သူတို့ဆီ တောင်းဆိုလာသမျှ ဆေးလုံးများကို တာဝန်ယူ ဖော်စပ်ပေးခဲ့သည်။

ဆေးလုံးအနည်းငယ် သန့်စင်ပြီးနောက် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို လေ့လာခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သလို့ သူတို့၏ ဆေးပညာ အရည်အချင်းသည်လည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိခဲ့ရလေသည်။

ဆေးဖော်စပ်နှုန်းဖြစ်စေ၊ ဆေးလုံး အရည်အသွေးဖြစ်စေ၊ နှစ်ခုစလုံးတွင် တိုးတက်မှု ရှိလာခဲ့သည်။

တုဝမ်ဆိုလျှင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်နိုင်ရန် ယုံကြည်ချက် ရှိနေလေပြီ။

သူသာ သူတော်စင် အလယ်အလတ်အဆင့် ဆေလုံးများကို အမှန်တကယ် သန့်စင်နိုင်ပါက သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ရန်ကိုင် သန့်စင်နေသည်ကို လအနည်းငယ်လောက် လေ့လာလိုက်ခြင်းသည် သူတို့ဘာသာ ဆယ်စုနှစ်ချီအောင် လေ့လာသည်ထက် ပို၍ အကျိုးများပေသည်။ ထို့ကြောင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြုံးပျော်သွားကြကာ ထိုရက် အတောအတွင်း နေ့စဉ်မပြတ် တစ်နေ့ကို ဆေးလုံးအလုံးနှစ်ဆယ် ပုံမှန်သန့်စင်ကြလေသည်။

သို့သော်လည်း သူတို့ငါးယောက်ပေါင်းမှ ဆေးလုံး အလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း သန့်စင်နိုင်ခြင်း ဖြစ်ပြီး ရန်ကိုင်သည် ထိုဆေလုံးအလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း သူတစ်ယောက်တည်း သန့်စင်ခဲ့ခြင်း ဖြစ်သည်။

ထိုနေတွင် တေဇောဓါတ်အသိစိတ်ပင်လယ် ရှိခြင်းက ဆေးပညာဘက်တွင် ပိုအားသာကြောင်းကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး လုံးဝ သဘောတူလက်ခံလိုက်ကြရသည်။

“ဒါပေမယ့် ငါတို့ သန့်စင်နေတုန်း ကျရှုံးသွားတဲ့ ဆေးအမယ်တွေတော့ ရှိတယ်” တုဝမ်က အားတုံ့အားနာ အမူအရာဖြင့် စကားဆိုလိုက်သည်။

ဆေးပညာရှင်မျာသည် ဆေးဖော်စပ်ရာတွင် ဆေးအမယ်များကို တတ်နိုင်သမျှ အလေအလွင့်မဖြစ်အောင်၊ မဆုံးရှုံးအောင် ကြိုးစားကြသည်။ ထို့ကြောင့် ဆေးဖော်စပ်ခြင်း ကျရှုံးသွားခြင်းသည် သူတို့အား တော်တော်လေးမှ စိတ်ဓါတ်ကျစေသည်။

ထို့အပြင် ရန်ကိုင်သည် တစ်ကြိမ်မှပင် မကျရှုံးဘဲ ဆေးဖော်စပ်ပြသွားသည်ကို သူတို့ မြင်တွေ့ခဲ့ကြရသည် မဟုတ်ပေလော။

“ဘာမှမဖြစ်ဘူး။ တော်ဝင်နယ်မြေက ချမ်းသာပြီးသား။ လျော်ကြေး နည်းနည်းလောက် ပြန်ပေးလိုက်ရလို့ ဘာမှ ဖြစ်မသွားဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး “ဆေးဝိဇ္ဇာကြီးတို့လည်း တော်တော်လေး အကျိုးများသွားတဲ့ပုံပဲ”

“မင်းပြန်လာတာ အချိန်ကောင်းပဲ။ ငါတို့လည်း မင်းနဲ့ တစ်ခုခု ဆွေးနွေးချင်နေတာ” တုဝမ်က ပြုံးလိုက်သည်။

“ဆေးဝိဇ္ဇာကြီးတို့ မေးချင်တာရှိရင် မေးသာမေးလိုက်၊ အားနာမနေနဲ့”

“တစ်နေ့ ဆေးလုံးသန့်စင်ပေးတဲ့ အရေးအတွက်ကို တိုးပေးလို့ ရမလား။ ဆေးလုံး အလုံးနှစ်ဆယ်ကို မင်းသန့်စင်လေ။ ကျန်တဲ့ ဆေးလုံးတွေကိုတော့ ငါတို့ တာဝန်ထားလိုက်။ ငါတို့က မင်းဆေးဖော်စပ်တာကို လေ့လာရင်း ဒီကို ရောက်လာတဲ့ ပစ္စည်းတွေကိုသုံးပြီး ငါတို့ရဲ့ တွေ့ရှိမှုတွေကို စမ်းသပ်ချင်တာ”

“အင်း” ဟဲဖုန်းကလည်း ထပ်တလဲလဲ ခေါင်းညိတ်၍ “ဒီလို အခွင့်အရေးမျိုးက ရခဲတယ်။ ဒါကြောင့် ငါတို့ သက်ကြား အိုကြီးတွေ ဒီမှာ ပိုပြီး အချိန်ကြာကြာ နေချင်ကြတာ”

“ငါတို့လို သက်ကြားအိုကြီးတွေနဲ့ အတူဆေးဖော်စပ်နေရတာ မင်းငြီးငွေ့လာမှာကို ငါတို့ စိုးရိမ်နေကြတာကွ…” ချန်ပေါင်က ပြုံးလိုက်သည်။

“မလုပ်တော့နဲ့…” ရန်ကိုင်က ချက်ချင်း ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ကျုပ်လည်း အပြင်သွားဖို့ ရှိနေတာနဲ့ အတော်ပဲ။ အဆင်ပြေမယ်ဆိုရင် တစ်နေ့ အလုံးနှစ်ဆယ်ကို ဆေးဝိဇ္ဇာကြီးတို့ပဲ ဖော်စပ်ပေးထားလိုက်လေ”

“အို” တုဝမ် မျက်ခုံးပင့်သွားခဲ့ပြီး “ထပ်ပြီး အပြင် သွားဦးမလို့လား။ ဒီတစ်ကြိမ် ဘယ်ကိုသွားမှာလဲ”

“မွန်းစတားပိုင်နက်ဆီပဲ။ ဒီနားမှာရှိတဲ့ မွန်းစတားမျိုးနွယ်စု စီနီယာကြီးက ကျုပ်နဲ့ တစ်ုခုခု ပြောချင်နေတဲ့ပုံပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး မဆိုသလောက်ကလေး ထိတ်လန့် သွားခဲ့ကြသည်။ ယခုအဖြစ်နှင့် ပက်သက်၍ အနည်းငယ် အကြံအိုက်သွားခဲ့ရသည်။ သို့သော် ရန်ကိုင် သူတို့အား ယုံကြည်ပေးသည့်အပေါ် အတော်လေးတော့ ကျေနပ်မိလေသည်။

“အဲ့လိုဆိုရင် မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့လေ။ ငါတို့က မင်းဆေးဖော်စပ်တာကို ကြည့်ချင်လို့ လာခဲ့တာလေကွာ။ ငါတို့ကို အလကားတော့ အလုပ်မလုပ်ခိုင်းလောက်ဘူးမလား” ချန်ပေါင်က အရွှန်းဖောက်လိုက်သည်။

“ရှင်ဘာမဟုတ်တုတ်ကတွေ လျှောက်ပြောနေတာလဲ။ အခုအချိန်က အရင်လေ့လာထားခဲ့တာတွေကို ကြေညက်သွားအောင် လုပ်ဖို့ အချိန်ကောင်းလေ” ခုန်ရို့ယုက ပြုံးလိုက်ပြီး “ငါလည်း ဒီလိုမျိုး ဖြစ်စေချင်နေတာ။ ကောင်လေး။ သူ့ကို စိတ်ထဲထားနေစရာ မလိုဘူး။ နင့်ကိစ္စကိုသာ နင်သွားလုပ်နှင့်လိုက်။ ပြီးမှ ပြန်လာရင်လည်း သိပ်နောက်မကျသေးပါဘူး”

“အင်း။ ဒါပေမယ့် သတိထားဦးနော်။ မွန်းစတားမျိုးနွယ်စုက မွန်းစတားမျိုးနွယ်စုတွေ ဖြစ်နေမှာပဲ” တုဝမ်က သတိပေးလိုက်သည်။

“အဲ့လိုဆိုရင် ဒီကကိစ္စကို ဆေးဝိဇ္ဇာကြီးတွေဆီပဲ အပ်ထားလိုက်တော့မယ်နော်” ရန်ကိုင်က လက်သီးဆုပ်နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွါသွားလေသည်။

လမ်းတစ်လျှောက် ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသည့် ကိစ္စကို မည်သို့ ဖြေရှင်းလျှင် ကောင်းမလဲအား ခေါင်းခြောက်အောင် စဉ်းစားခဲ့သည်။ ဆေးဝိဇ္ဇာကြီး ငါးယောက်ကိုသာ အကူအညီ မတောင်းနိုင်လျှင် ဆေးဖော်စပ်ပေးရန် တောင်းဆိုခြင်းအား သူပြန်ရောက်သည်အထိ လက်ခံ၍ မရတော့ချေ။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံးသည် လိုလိုအားအားဖြင့် သူ့အား ကူညီလာလိမ့်မည် ဆိုသောအချက်ကိုမူ ရန်ကိုင် မစဉ်စားမိခဲ့ချေ။

ရှုဟွေကိုရှာပြီး နည်းနည်းပါးပါး ညွှန်ကြားခဲ့ပြီးနောက် ရှေးဟောင်းနတ်ဆိုးကလန်သားများရှိရာ တောင်ထွတ်ဆီ ပြန်သွားလေသည်။ ထို့နောက် ကိုင်တေ၏ ဦးဆောင်မှုဖြင့် လီရုန်နှင့်အတူ မိုးကြိုးသစ်ပင်နန်းတော်ဆီ ထွက်ခွါ လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၈၉၉)

သားရဲပင်လယ်တောအုပ်၊ ယခုအကြိမ်သည် ထိုနေရာသို့ ဒုတိယအကြိမ်အဖြစ် ရန်ကိုင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကိုင်တေသည် စကားတစ်ခွန်းမှ မပြောဘဲ ရှေ့မှ ဦးဆောင် သွားနေခဲ့သည်။ ခုနှစ်ရောင်ခြယ်တောင်ပံလေးများသည် အသာအယာ လှုပ်ခတ်နေသော်လည်း သူမ၏ အမြန်နှုန်းမှာ လျှပ်စီးတန်းကဲ့သို့ မြန်ဆန်လှပေသည်။

သို့တိုင် ရန်ကိုင်မှာ သူမအား အလွယ်တကူ အမှီလိုက်နိုင်နေဆဲ။

ထိုအချက်ကြောင့် ကိုင်တေလည်း အံ့အားသင့်နေခဲ့ရသည်။ အစကမူ ရန်ကိုင် မမှီမှာစိုးသဖြင့် သူမအရှိန်ကို လျော့၍ ပျံသန်းခဲ့သည်။

ရန်ကိုင်သည် သူမနောက်သို့ အေးအေးဆေးဆေး လိုက်မှီနိုင်နေသည်ကို မြင်သော် ကိုင်တေသည် မိုးကြိုးသစ်ပင် နန်းတော်ဆီ မြန်မြန် ရောက်နိုင်စေရန် သူမအရှိန်ကို ဖြည်းဖြည်းချင်း တင်လိုက်လေသည်။

ကိုင်တေမှာ အရှိန်ကုန် ပျံသန်းနေသည့်တိုင် ရန်ကိုင်သည် သူမနောက်သို့ လိုက်မှီနိုင်နေသေးပေသည်။

ကိုင်တေ တကယ်ကို အံ့အားသင့်သွားခဲ့ရသည်။ သို့သော် သူမ၏ အေးစက်စက် စရိုက်ကြောင့် အံ့အားသင့်သွားသည့် အမူအရာမျိုး လုပ်မပြ။ ရုပ်တည်ကြီးဖြင့်သာ ဆက်လက် ပျံသန်းနေခဲ့သည်။

ဒီကောင်က… တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ သာမန် မသေမျိုး အဆင့်တစ်ယောက် အနေဖြင့် ရန်ကိုင်ကဲ့သို့ လုံးဝ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်ဖြစ်လာနိုင်ပြီး မွန်းစတား မျိုးနွယ်စုမှ ပညာရှင်များကို သူ့လက်အောက်သို့ သိမ်းသွင်း နိုင်ခဲ့သည်မှာလည်း မထူးဆန်းတော့ချေ။

အစကမူ ရန်ကိုင်သည် ကံကောင်းခဲ့ခြင်း ဖြစ်သည်ဟူ၍သာ ကိုင်တေ တွေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမှပဲ ရန်ကိုင်သည် တကယ် အရည်အချင်း ရှိသဖြင့် ထိုကဲ့သို့သော အရာများကို ရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်မှန်း ကိုင်တေ နားလည်သွားခဲ့လေပြီ။

ဘေးပတ်လည်အား အဆက်မပြတ် စူးစမ်းနေရင်း ရန်ကိုင် မျက်မှောင် ကြုံ့လာခဲ့ရသည်။

ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကြောင့် လီရုန်လည်း ချက်ချင်းပဲ ကောက်မေးလိုက်လေသည် “သခင်၊ သံသယဖြစ်စရာ တစ်ခုခု တွေ့လိုက်လို့လား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒီနေရာက အရှိန်အဝါက နည်းနည်း ထူးဆန်းနေတယ်”

“သခင်စိတ်ပူနေရင် ပြန်လှည့်ကြမယ်လေ”

ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး ခေါင်းလေး တရမ်းရမ်းဖြင့် “ဒီနေရာက အရှိန်အဝါက မနှစ်မြို့ဖွယ်ကောင်းတာ မဟုတ်ဘူး။ ဟိုအရင်တစ်ခါ ရောက်လာတုန်းကနဲ့ သိပ်မတူတာ။ ဘာမတူတာလဲ ဆိုတာကိုတော့ သေသေချာချာ မရှင်းပြတတ်ဘူး…”

ဤနေရာရှိ အရှိန်အဝါနှင့် ပက်သက်၍ တစ်ခုခု ကျိန်းသေ ကွဲပြားနေပေသည်။ သို့သော် ဆက်လက် စစ်ဆေးနေသည့်တိုင် ဘာပြောင်းလဲသွားမှန်း ရန်ကိုင် သေသေချာ မဆုံးဖြတ်တတ်သေးချေ။

“အရမ်းကြီး စိတ်ပူမနေနဲ့။ စီနီယာကြီးဆိုတဲ့လူက သူ့စကား သူတည်တဲ့လူပဲ။ ဒီနေရာက အရှီန်အဝါ ပြောင်းလဲသွားလို့ ငါနဲ့ ရုတ်တရက်ကြီး ထတွေ့ချင်တာဖြစ်မယ်။ သူ့ကို သွားတွေ့လိုက်ရင် ငါတို့ ရှာနေတဲ့ အဖြေကို ရလောက်တယ်”

“အင်း” လီရုန် ဘာမှသိပ်ပြီး မပြောတော့သော်လည်း ပြောတော့ ပြောလိုက်သေးသည် “အန္တရာယ်တစ်ခုခု ပေါ်လာရင် ကျွန်မနားက နည်းနည်းလေးမှ မထွက်သွားနဲ့နော်”

“အင်း” ရန်ကိုင်က ဂရုမထားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ သူ့တွင် အသက်ကယ် ဝှက်ဖဲများစွာ ရှိနေလေရာ ဘာကိုစိုးရိမ်နေဦးမည်နည်း။ လေဟာနယ်ကို ဆုတ်ဖြဲနိုင်ခြင်း၊ ကောင်းကင်လွန်းပျံ၊ သူတော်စင်အထွဋ်အထိပ်အဆင့် မှော်ရတနာ ဟူသော ဝှက်ဖဲများ သူ့တွင် ရှိနေပေသည်။ နဂါးအသွင်ပြောင်းလဲခြင်းနှင့် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းခြင်း တို့ပင် ရှိနေပေသေးသည်။

တစ်ယောက်ယောက်သာ သူ့ကို ဒုက္ခပေးချင်သည်ဆိုပါက သူ့အား တစ်ချက်တည်းနှင့် အပြီးဖြတ်နိုင်မှသာ ရပေနလိမ့်မည်။ မဟုတ်လျှင် မည်သည့်အဆင့် ပညာရှင်ပင် ဖြစ်ပါစေ ထိုလူလက်မှ လွတ်အောင် ထွက်ပြေးနိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိသည်။

ထို့ကြောင့် လီရုန်ကဲ့သို့ အရမ်းကြီး စိတ်ပူမနေခဲ့ချေ။

ဆက်လက်ပျံသန်းနေခဲ့ရာ နှစ်ရက်ကြာပြီးနောက် မိုးကြိုးသစ်ပင်နန်းတော် အောက်ခြေသို့ ရောက်ရှိလာခဲ့လသည်။

ထို့နေရာသို့ ရောက်လာပြီးနောက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များသည် မိုးကြိုးသစ်ပင်နန်းတော် အောက်တွက် စုဝေးနေခဲ့ကြပြီး အချို့သည် သားရဲပုံစံဖြင့် ရှိနေကြကာ အချို့သည် လူသားပုံစံဖြင့် သစ်ကိုင်းများပေါ်တွင် ထိုင်နေခဲ့ကြသည်။

“ဒါက မိုးကြိုးသစ်ပင်နန်းတော်လား” လီရုန် ခေါင်းမော့ပြီး ဧရာမသစ်ပင်ကြီးကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်း လှလှလေးထဲ အံ့ဩမှုတို့ကို အထင်သား မြင်တွေ့နေခဲ့ရသည်။

ရန်ကိုင်ကဲ့သို့ပင် လီရုန်လည်း ဤနေရာသို့ ရောက်ရောက်ခြင်း မိုးကြိုးသစ်ပင်နန်းတော်၏ ကြီးမားလှသော အရွယ်အစားကြောင့် မှင်သက်နေခဲ့ရသည်။

ထိုမျှကြီးရန်အတွက် ထိုရှေးဟောင်းသစ်ပင်သည် အနည်းဆုံး သက်တမ်း တစ်သောင်းကျော်လောက် ရှိရပေမည်။ တစ်နည်း ဆိုရသော် ထိုသစ်ပင်သည် မဟာနတ်ဆိုးနတ်ဘုရား သူမတို့အား ဆန်းကြယ်လောကငယ်ထဲတွင် မပိတ်လှောင်မီကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ထိုရှေးဟောင်းသစ်ပင်သည် မိုးကြိုးသစ်ပင်တစ်မျိုး ဖြစ်သည့် ပုံပင်။ သစ်ပင်ပင်စည်မှ လျှပ်စီးများ မကြာမကြာ ထလက်နေသည်ကို မြင်တွေ့နေခဲ့ရသည်။ အောက်ဘက်တွင် ထိုင်နေသော မွန်းစတား မျိုးနွယ်စုဝင်များသည် ထိုလျှပ်စီးများကို ဂရုစိုက်ဟန်မရ။

ရန်ကိုင် ရောက်လာသည်ကို မြင်သော် အတော်များများ ရန်ကိုင်အား လှမ်းခေါင်းညိတ်ပြကြသည်။

ရန်ကိုင် ယခင်တစ်ကြိမ် ရောက်လာခဲ့စဉ်က သားရဲအသွင်ပြောင်း ရေကန်ကို ဖြေရှင်းပေးပြီး မွန်းစတားမျိုးနွယ်စုဝင်တစ်ကောင်၏ အသက်ကို ကယ်ပေးခဲ့သဖြင့် ထိုသူများ၏ လက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

“ငါနဲ့လိုက်ခဲ့” ပြောပြီးသည်နှင့် ကိုင်တေသည် သစ်ပင်ပေါ်သို့ ပျံတက်သွားလေ၏။

ရန်ကိုင်နှင့် လီရုန်လည်း သူမနောက်မှ လိုက်သွားခဲ့သည်။

သစ်ပင်ထိပ်တိုင်းရှိ သစ်ပင်အိမ်ထဲတွင် စီနီယာကြီးနှင့် ရန်ကိုင်တို့ ရှိနေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို မြင်သည်နှင့် စီနီယာကြီးက ပြုံးကာ ကြိုဆိုလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ရန် အချက်ပြလိုက်သည်။

စားပွဲခုံလေး ပတ်လည်၌ ရန်ကိုင်နှင့် စီနီယာကြီးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လီရုန်နှင့် ကိုင်တေတို့သည် သူတို့၏ ခေါင်းဆောင်အသီးသီးနောက်တွင် ရပ်နေခဲ့ကြသည်။

“ဒီတစ်ကြိမ်တော့ ဘာပစ္စည်းကောင်းမှ ယူမလာခဲ့ဘူးပဲ” စီနီယာကြီးက အပြုံးလေးဖြင့် စကားစလိုက်သည်။

“ခင်ဗျားလိုနေတာလား။ တောင်ထွတ်ကိုးလုံးပေါ်က သလင်းကျောက် မိုင်းတွင်းတွေအကုန်လုံး ခင်ဗျားတို့ တူးထုတ်သားလို့ ပြောင်ခါနီးနီး ဖြစ်နေကုန်ပြီဗျ” ရန်ကိုင် မဲ့ပြလိုက်သည်။ တောင်ထွတ်ကိုးလုံးကို အပိုင်စီးစဉ် သုံးနှစ်အတွင်း မွန်းစတား မျိုးနွယ်စုသည် သလင်းကျောက်မိုင်းတွင်းများကို မနားမတူ တူးထုတ်ခဲ့သည်။

ထို့ကိစ္စကြောင့် ရန်ကိုင်လည်း အတော်လေး စိတ်ညစ်ခဲ့ရသည်။

“အခုလောလောဆယ်တော့ မလိုသေးဘူး။ ဒါပေမယ့် နောင်ပိုင်း မလိုတော့ဘူးလို့မှ မဆိုလိုတာ။ သလင်းကျောက်ဆိုတာကတော့ မင်းတို့ ဘယ်တော့မှ မလုံလောက်နိုင်မယ့် အရာတွေပဲလေ။ ပြီးတော့ ငါတို့ မွန်းစတားပိုင်နက်ထဲမှာ ဘာအရင်းအမြစ်မှ မရှိတာ။ ဒါကြောင့် မင်းတို့လူသားပိုင်နက်ထဲကပဲ ယူနေရတာပေါ့” စီနီယာကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ် မင်းတို့ တော်ဝင်နယ်မြေ အကြီးကြီး မြတ်သွားတယ်မလား။ ဒီလောက် များတဲ့ ပစ္စည်းတွေကို မင်းတို့လည်း တစ်ထိုင်တည်း မသုံးနိုင်ဘူးလေ”

“အဲ့အကြောင်းလည်း ခင်ဗျား သိထားတာလား” ရန်ကိုင် ပြောစရာစကား မဲ့သွားခဲ့ရသည်။ “အဲ့ဒါတွေအကုန်လုံးက ဆေးလုံး သန့်စင်ပေးတာကနေ ရခဲ့တာဗျ… မေ့လိုက်တော့။ နောက်တစ်ကြိမ် လာတော့မှပဲ သလင်းကျောက်နဲ့ ဆေးလုံးအချို့ ယူလာပေးတော့မယ်”

“ဟုတ်ပြီလေ။ ငါစောင့်နေမယ်နော်” စီနီယာကြီး ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျုပ်ကို သီးသန့် ခေါ်တွေ့ရအောင် ဘာအရေးကြီး ကိစ္စတွေများ ဆွေးနွေးချင်လို့လဲ” ရန်ကိုင် အမူအရာ ရုတ်တရက် လေးနက်သွား၏။

“မင်းနဲ့ ဆွေးနွေးချင်တဲ့ အရေးကြီးကိစ္စတစ်ခု ရှိတယ်ကွ” စီနီယာကြီး၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ခဏလောက် စဉ်းစားနေပြီးနောက် စမေးလိုက်သည် “ကောင်လေး၊ လေဟာနယ်လိုဏ်ခေါင်းတွေကို မင်းကြားဖူးလား”

ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့ပြီး “စီနီယာကြီး ခင်ဗျား ကျုပ်ကို လာနောက်နေတာလား”

စီနီယာကြီး၏ ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် “နောက်နေတာမဟုတ်ဘူးကွ။ ငါတကယ် မေးနေတာ။ အရင်းတုန်းက မင်းတွေ့ခဲ့ဖူးလား”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ အခြားသူများ ကြုံဖူးလား၊ မကြုံဖူးလား ဆိုသည်ကို မသိသော်လည်း သူကိုယ်တိုင်ကမူ တစ်ခုထက်မက ကြုံခဲ့ဖူးပေသည်။

“အဲ့လိုဆိုရင် ရှင်းပြရလွယ်သွားပြီ” စီနီယာကြီးက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည် “အခုနောက်ပိုင်း ငါတို့ သားရဲပင်လယ်တောအုပ် အရင်နဲ့မတူတာကို မင်သတိထားမိတယ်မလား။ အဲ့လို့ ပြောင်းလဲ သွားရတာက လေဟာနယ်လိုဏ်ခေါင်းတစ်ခုကြောင့်ပဲ”

ရန်ကိုင် ဘာမှ ပြန်မပြောသေးဘဲ စီနီယာကြီး ဆက်ပြောမည်ကိုသာ စောင့်နေလိုက်သည်။

“ဒီ မိုးကြိုးသစ်ပင်နန်းတော်ကနေ သုံးလေးငါးရက်လောက် သွားရတဲ့နေရာမှ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ပေါ်လာတယ်လေ။ တကယ်တော့ ငါငယ်ငယ်တုန်းကလည်း လေဟာနယ်လိုဏ်ခေါင်းကို မြင်ခဲ့ဖူးတယ်။ အဲ့လေဟာနယ်လိုဏ်ခေါင်းထဲဝင်သွားလိုက်တာ ဆန်းကြယ်လောကငယ်တစ်ခုဆီတောင် ရောက်သွားလိုက်သေးတယ်။ ဒါပေမယ့် အခုတစ်ကြိမ် သားရဲပင်လယ်တောအုပ်မှာ ပေါ်လာတဲ့ လေဟာနယ်လိုဏ်ခေါင်းက အရင်တစ်ကြိမ် ငါတွေ့ခဲ့ဖူးတာ မတူဘူးကွ…”

“ဘယ်လို မတူတာလဲ…”

“အရမ်း ကြီးတယ်ကွာ။ ပြီးတော့ အဲ့ကနေ ခံစားရတဲ့ အရှိန်အဝါကလည်း တစ်မျိုးကြီးပဲ” စီနီယာကြီး မျက်မှောင်ကြုံ့သွားခဲ့ပြီး “အဲ့လေဟာနယ်လိုဏ်ခေါင်း ပေါ်လာတာနဲ့ သားရဲပင်လယ်တောအုပ်လည်း အခုလို ပြောင်းလဲသွားရတာပဲ။ မင်းလည်း သတိပြုမိမှာပေါ့”

“အင်း။ ကျုပ်လည်း သတိပြုမိဘူး။ ဘာလို့ ဒီလို ပြောင်းလဲသွားလဲ ဆိုတာကိုပဲ မသိတာ”

“အဲ့လေဟာနယ်လိုဏ်ခေါင်းကြောင့်ပဲပေါ့” စီနီယာကြီးက ခေါင်းညိတ်၍ “ယေဘုယျကျကျ ပြောရရင် လေဟာနယ်လိုဏ်ခေါင်း တွေဆိုတာ ဖုံးကွယ်နေပြီး ရှာတွေ့ဖို့ ခက်ခဲကြတယ်။ တစ်ယောက်ယောက် တွေ့လို့ ဖွင့်လိုက်မယ်ဆိုရင်တောင်မှ အချိန်တစ်ခု ကြာသွားရင် ပြန်ပိတ်သွားတာပဲ။ ဒါပေမယ့် ဒီလေဟာနယ်လိုဏ်ခေါင်း ကျတော့ မတူတော့ဘူးကွ။ သူ့ဘာသာ ရုတ်တရက်ကြီး ပေါ်လာတယ်ကွာ။ ပြီးတော့ ပြိုကျတော့မလိုလိုနဲ့။ ဒါပေမယ့် ဝင်ပေါက်ကတော့ ပိတ်ကို မပိတ်သွားဘူးကွ”

“အို။ တကယ် ထူးဆန်းတာ”

“အဲ့လေဟာနယ်လိုဏ်ခေါင်းက ဒီဘုရင်နဲ့ အခြားမွန်းစတား မျိုးနွယ်စုက စီနီယာကြီး မြေကမ္ဘာနွားသို့ ပိုင်နက်ကြားမှာ ရှိနေတာ။ ဒီတော့ အဲ့ဒါပေါ်လာတာနဲ့ ငါတို့နှစ်ယောက် အတူ စစ်ဆေးကြည့်တာပေါ့…”

“မြေကမ္ဘာနွားသိုးလား” ရန်ကိုင် လေသံ အနည်းငယ် ထူးဆန်းနေခဲ့သည်။

“ဘာဖြစ်လို့လဲ။ မင်းသူ့ကို သိလို့လား” စီနီယာကြီးက ပြန်မေးလိုက်သည်။

ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး “သူ့ကိုမသဘူး။ ဒါပေမယ့် သူနဲ့ ပက်သက်တဲ့ သိုင်းပညာရပ်တစ်ခုကိုတော့ လေ့လာဖူးတယ်”

ပြောပြီးသည်နှင့် သူမသုံးသည်မှာ ကြာပြီဖြစ်သော သိုင်းပညာရပ်ကို ထုတ်သုံးပြလိုက်လေသည်။

ကျားဟိန်းသံနှင့် နွားသိုးအော်မြည်သံနှင့်အတူ တောက်ပသော ရွှေရောင်ကျားတစ်ကောင်နှင့် နွားသိုးတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုသားရဲပုံရိပ်ထွက်ပေါ်လာသည်နှင့် သစ်ပင်အိမ်လေးတစ်ခုလုံး အပူချိန် ရုတ်ချည်း မြင့်တက်လာခဲ့သည်။

ထိုသားရဲပုံရိပ်နှစ်ခုသည် အစစ်အမှန် ယန်ယွမ်ချီဖြင့် ဖန်တီးထားခြင်း ဖြစ်သော်လည်း အရမ်းကိုမှ အသက်ဝင်လှသည်။

စီနီယာကြီး ထိတ်လန့်သွားခဲ့ပြီး သူ့အိမ် မီးမလောင်းသွားအောင် ချက်ချင်းပဲ အရံအတားတစ်ခု ကောက်ဖန်တီးလိုက်ရသည်။

“ကောင်းကင်ကျားဖြူနဲ့ မြေကမ္ဘာနွားသိုးတွေပါလား” ကိုင်တေက အလန့်တကြား ထအော်ပြောလိုက်သည်။ စီနီယာကြီးသည်လည်း မှင်သက်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား ကြည့်လာခဲ့သည်။

“ဒါက ဟိုးအရင်တုန်းက ကျုပ်လေ့ကျင့်ခဲ့တာ သားရဲဝိဥာဉ် ပညာရပ်တစ်ခုပဲ”

“ဒါက သိုင်းပညာရပ်တစ်ခု သက်သက်တင် မဟုတ်ဘူး… တကယ် သားရဲဝိဥာဉ်တွေ” စီနီယာကြီးက တိုးတိုးလေး ပြောလိုက်သည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် “ဒီမွန်းစတား သားရဲနှစ်ကောင်ရဲ့ အကြွင်းအကျန်တွေကို မင်းတွေ့ခဲ့တာလား”

“ဟုတ်တယ်။ ဒီနှစ်ကောင်က တိုက်ပွဲ အကြီးအကျယ်ဖြစ်ပြီး နှစ်ယောက်စလုံး သေသွားကြတဲ့ပုံပဲ။ ကျန်ရစ်ခဲ့တာဆိုလို့ သူတို့ရဲ့ သားရဲအမြူတေပဲ ရှိတာ။ အဲ့သားရဲအမြူတေကို သန့်စင်တုန်းက အဲ့နှစ်ကောင် တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်လေ။ အဲ့တိုက်ပွဲကို ကြည့်ရင်း ဒီသိုင်းပညာရပ်ကို နားလည်ခဲ့တာပဲ”

“အဲ့လိုကိုး” စီနီယာကြီးက ခေါင်းညိတ်လိုက်ပြီး “မင်းရဲ့ သားရဲဝိဥာဉ်ပညာရပ်ထဲမှာ တကယ့် အစစ်အမှန်ဝိဥာဉ်တွေ ရှိနေတယ်။ သေခါနီးအချိန်ကျရင် သူတို့ရဲ့ အဆီအနှစ်၊ ဝိဥာဉ်နှင့် စိတ်ဆန္ဒကို သားရဲအမြစ်တေအဖြစ် သိပ်သည်းပစ်တဲ့ အရမ်း အားကောင်းလွန်းတဲ့ သားရဲတွေရှိတယ်။ မင်းတွေ့ခဲ့တဲ့ သားရဲ နှစ်ကောင်က ငါတို့ မျိုးနွယ်စုရဲ့ စီနီယာကြီးတွေ ဖြစ်တဲ့ပုံပဲ… ကောင်းကင်ကျားဖြူနဲ့ မြေကမ္ဘာနွားသိုးဆိုတာ ငါတို့မျိုးနွယ်စုမှာ အရမ်းကိုမှ အဆင့်မြင့်တဲ့ သားရဲတွေကွ။ ဒီဘုရင်ထက်တောင် ပိုအဆင့်မြင့်သေးတယ်။ ကောင်းကင်ကျားဖြူရဲ့ မိသားစုက မျိုးတုန်းသွားတာ ကြာပြီ။ နွားသိုးအိုကြီးကတော့ ဒီဘုရင်လို့ပဲ သူ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက်”

စီနီယာကြီး ရှင်းပြသည်ကို နားထောင်ပြီးနောက် သူ့နားလည်ထားသည့် သားရဲဝိဥာဉ်ပညာရပ်သည် မည်မျှ ထူးခြားသော ပညာရပ်တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်သွားလေသည်။ သိပ်မသုံးဖြစ်တော့သဖြင့် ထိုသားရဲပုံရိပ်ထဲတွင် ကိုယ်ပိုင်ခွန်အားနှင့် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသည်ကို ရန်ကိုင် မတွေ့ရှိခဲ့ချေ။

“အဲကိစ္စကို ဘေးဖယ်ထားလိုက်။ အရင်ကိစ္စကို ပြန်သွားကြရအောင်” စီနီယာကြီးက ပြောလိုက်သည်။ အတွေးများကို ပြန်အစစီလိုက်ပြီးနောက် “အဲ့လေဟာနယ်လိုဏ်ခေါင်းက တော်တော်လေး ထူးဆန်းတာ။ ဒီတော့ ငါနဲ့ နွားအိုကြီးလည်း အကျိုးအမြတ်လေး ရလိုရငြား ဝင်စူးစမ်းကြည့်တာပေါ့။ ဒါပေမယ့် ဝင်လိုက်တာနဲ့ ငါတို့ထင်ထားတာထက် ပိုအန္တရာယ်များမှန်း သိလိုက်တယ်။ ငါတို့ လက်အောက်ငယ်သား တော်တော် များများလည်း သေသွားခဲ့ရတယ်… နောက်ဆုံး၊ နွားအိုကြီးနဲ့ ငါ ပူပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ငါတို့နှစ်ယောက် အတူပူးပေါင်းတာတောင် အဲ့လေဟာနယ်ကြောင်း ဘာမှ မသိနိုင်ခဲ့ဘူး”

“အဲ့လောက်တောင် ခက်တာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

“မင်းစိတ်ကူးထားတာထက် ပိုခက်တယ်။ အထဲမှာ ရှေးဟောင်း အရေးအသားအချို့ကို တွေ့လိုက်သေးတယ်။ ဒါပေမယ့် ငါတို့ မွန်းစတားမျိုးနွယ်စုက အဲ့လို လက်ရေးစကားလုံးတွေ မသုံးဘူး ဆိုတာကို မင်းလည်းသိမှာပေါ့”

“လူသားအရေးအသားတွေလား”

စီနီယာကြီးက ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး။ နတ်ဆိုးတွေရဲ့ အရေးအသားပဲ”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့နောက်တွင် ရှိနေသော လီရုန်မျက်နှာထက် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ် လာခဲ့လေသည်။

“နွားအိုကြီးရော၊ ငါရော အဲ့စကားလုံးတွေကို မဖတ်တတ်တော့ မဆင်မခြင် မလှုပ်ရှားရဲကြဘူး။ အခု ငါတို့ အကူခေါ်ပြီး ပြန်လာမယ့် အချိန်ကို ဝင်ပေါက်ကနေ စောင့်နေတယ်”

“ဒီတော့ ကျုပ်ကို လာရှာတာပေါ့” ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်ပြီး “ကျုပ်ကို လာရှာတာတော့ မဖြစ်လောက်ဘူး။ လီရုန်ကို လာရှာတာမလား”

“မင်းတော်တယ်။ အဲ့နေရာကို ဝန်းရံနေတဲ့ ထူးဆန်းတဲ့ စွမ်းအားကို ငါရော၊ နွားအိုကြီးရော ကြောက်ရတာကို မင်းရဲ့ ခွန်အားလေးနဲ့ ဘာလုပ်နိုင်မှာလဲ။ မင်းနောက်မှာ ရပ်နေတဲ့ မိန်းကလေးကပဲ ဒီလျှို့ဝှက်ကို ဖြေရှင်းနိုင်မယ့် သော့ချက် ဖြစ်မှာကွ”

ပြောပြီးသည်နှင့် စီနီယာကြီးသည် လီရုန်အား လှမ်းကြည့်လိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၀၀)

All Chapters