← Chapters

အကြိတ်အနယ်ယှဥ်ပြိုင်ခြင်း

Vol. 160 Ch. 2400

အကြိတ်အနယ်ယှဥ်ပြိုင်ခြင်း

Vol. 160 Ch. 2400

ဗောဓိစေ့ပေါ်ထွက်လာမှုက လူတိုင်းကို လောဘရမ္မက်တက်လာစေသည်။

ဆူဇီမိုအနေဖြင့်လည်း ဗောဓိစေ့ကို အရယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၏။

ဗောဓိစေ့သည် ဗုဒ္ဓကျောင်းတော်များ၏ အဆုံးစွန်ရတနာတစ်ခုဖြစ်သည်။ သူကျင့်ကြံထားသော တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည်လည်း ဗုဒ္ဓကျောင်းတော်များမှ ဓမ္မတာအိုတစ်ခုဖြစ်သည်။

တဗူးဂမ္ဘီရကျင့်စဥ်မှာ ယခုအချိန်ထိ သူနားလည်ဆ​င်ခြင်နိုင်ခြင်းမရှိသေးသည့် သုတ္တန်အချို့နှင့် လျှို့ဝှက်အတတ်များရှိနေသေး၏။

ဗောဓိစေ့၏ အကူအညီနှင့်အတူ သူသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လုံးလုံးလျားလျား နားလည်ဆင်ခြင်လာနိုင်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က နောက်တစ်ဖန်အဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိလေသည်။

ယခုအချိန်မှာ သူသည် အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို လုံးလုံးလျားလျားနားလည်ဆင်ခြင်နိုင်ပြီး နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ကို ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည်ဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်သည် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းပြီး အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်သို့ ရောက်ရှိလာနိုင်၏။

သူ့အမြုတေစိတ်ဝိညာဥ်သည် သူ၏ ကိုယ်ကာယကျင့်ကြံမှုထက် အဆင့်သုံးဆင့် ကျော်တက်သွားမည်ဆိုလျှင် အဲဒါက တကယ့်ကိုကြောက်စရာကောင်းလာပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ ဗောဓိစေ့ကို ရရှိပြီးနောက် သူ့အနေဖြင့် ဓမ္မတာအိုကို ပိုမိုလွယ်ကူစွာ နားလည်ဆင်ခြင်နိုင်ပြီး သူ၏ ကျင့်ကြံမှုအလျင်အဟုန်ကလည်း တိုးလာပေလိမ်မည်။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲကလည်း ပို၍နီးကပ်လာပြီဖြစ်ပြီး ဆူဇီမိုအတွက် အချိန်က အလွန်တရာအရေးကြီးနေ၏။

ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ပြိုင်ဘက်များသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှ ပြိုင်စံရှားများထက် သေချာပေါက် ကိုင်တွယ်ရများစွာပိုမိုခက်ခဲပေလိမ့်မည်။

သူတို့ထဲမှာ ရှားရှားပါးပါးပြန်ဝင်စားမွန်းစတား ယွင်ထင်လည်းပါနေ၏။

သူတို့ကြား ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကြီးမားနေမည်ဆိုလျှင် ဆူဇီမိုအနေဖြင့် သူ့မှာ ဝှက်ဖဲဘယ်လောက်များများရှိသည်ဖြစ်စေ အနိုင်ရဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ဗောဓိစေ့က အခြားသူများကိုလည်း တူညီစွာဆွဲဆောင်နိုင်၏။

တစ်ချိန်တည်းနီးပါးမှာပင် သူတို့၆ယောက်က ဗောဓိစေ့ရှိရာသို့ ပြေးဝင်သွားပြီး သူတို့၏ နတ်ဘုရားစွမ်းအားများ လျှို့ဝှက်အတတ်များနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ လက်ဦးမှုရယူလိုကြ၏။

သူတို့က ဗောဓိစေ့ကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုပင် လက်လွှတ်နိုင်လေသည်။

“ကြယ်ခူးဆွတ်လက်”

“လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်”

“မိုးကောင်းကင်ခုတ်ချက်”

“သံမဏိမြင်းတပ်”

“.....”

အန္တိမနတ်ဘုရားစွမ်းအားများက တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ကျယ်လောင်သောမြည်သံများဖြင့် လေထဲမှာ ထိတွေ့ရိုက်ခတ်သွား၏။

ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ နီဟန်က အဲဒါကို အရင်ဆုံး မခုခံနိုင်တော့ပေ။ သူက သွေးများကို ထွေးထုတ်ပြီး အန္တိမနတ်ဘုရားစွမ်းအားများ၏ တုန်ခါလှိုင်းကနေ နောက်သို့ဆုတ်ခွာသွား၏။

အခြားသောအဆင့်-၅ ကောင်းကင်အင်မော်တယ် ရွှေငှက်မွေးသည် တိုက်ပွဲနယ်မြေမှာရှိနေသေးသော်လည်း သူ၏ အစစ်အမှန်ပုံစံက အတင်းအကျပ် ဖော်ထုတ်ခံလိုက်ရ၏။ အဲဒါက ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော ခြေသုံးချောင်းရွှေကျီးကန်းတစ်ကောင်​ဖြစ်၏။

ဘုန်း...

မင်းသားယင်ထျန်သည် အခြေအနေတင်းမာလာသည်ကို တွေ့မြင်သောအခါ သူက သူ၏ မျိုးဆက်သွေးကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။

သူ၏ နောက်ဘက်မှာ ဧရာမ ပုံရိပ်ယောင်တစ်ခုက ပေါ်ထွက်လာ၏။ ၎င်း၏ မျက်နှာက ဝေဝါးနေသော်လည်း အဲဒါက အဆုံးမဲ့စွန်းပကားတစ်ခုကို ဖြာထုတ်ပေးနိုင်၏။

မြင့်မားသောပုံရိပ်ယောင်၏ ပတ်လည်မှာ ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဘီလူး ၁၂ကောင်က ဧရာမဓားများနှင့်အတူ မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးမှာ အေးစက်နေသော အမူအရာများနှင့် ရန်လိုခက်ထန်သော အော်ရာများရှိနေ၏။

ဘုန်း...

လန်ချန်ချန်ကလည်း သူမ၏ မျိုးဆက်သွေးနယ်မြေကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်ဖော်လိုက်၏။

သူမ၏ နောက်ဘက်မှာ တိမ်စိုင်တစ်ခုပေါ်ထွက်လာပြီး တိမ်စိုင်များ၏ အနက်ပိုင်းထဲမှာ ဧရာမနန်းတော်တစ်ခုကလည်း ခပ်ရေးရေးပေါ်ထွက်လာ၏။

အဲဒီမှာ မြို့ ၅မြို့နှင့် မျော်စင်၁၂ခု ရှိပြီး ခမ်းနားထည်ဝါနေ၏။

မင်းသားနှင့် မင်းသမီးတို့၏ မျိုးဆက်သွေးနယ်မြေများရိုက်ခတ်မှုမှာ ရွှေငှက်မွေးသည် အဲဒါကိုခံနိုင်ရည်မရှိတော့ဘဲ ရှုံးနိမ့်သွား၏။

သူက ခြေသုံးချောင်းရွှေကျီးကန်းဖြစ်ပြီး သူ၏ မျိုးဆက်သွေးက သန်မာသော်လည်း သူသည် ယင်ထျန်နှင့် လန်ချန်ချန်တို့၏ ဧကရာဇ်မျိုးဆက်သွေးထက်နိမ့်ကျနေ၏။

ဒါ့အပြင် သူ၏ ကျင့်ကြံမှုက သူတို့နှစ်ယောက်ထက် အဆင့်နှစ်ဆင့်ပိုမိုနိမ့်ကျပြီး ခွန်အားကွာဟချက်က ကြီးမားနေ၏။

“ဘာမဟုတ်တဲ့ငှက်တစ်ကောင်က ဗောဓိစေ့ကိုရယူဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ”

ထိုသည်ကို တွေ့မြင်သောအခါ ယင်ထျန်က မျက်နှာပြောင်တိုက်ပြီး ရယ်မောလိုက်၏။

ဤတစ်ခေါက်မှာ ယင်ထျန်နှင့် လန်ချန်ချန်သည် အလိုအလျောက်နားလည်မှုရှိနေ၏။ သူတို့နှစ်ယောက်က မည်သည့် ထိတွေ့မှုမှမရှိဘဲ အတူပူးပေါင်းကာ ဆူဇီမိုနှင့် လင်းလောကို အရင်ဆုံး ဖိနှိမ်လိုကြ၏။

ဆူဇီမိုက အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။ သူသည် ယင်ထျန်နှင့် လန်ချန်ချန်ထက် အဆင့်သုံးဆင့် ပိုမိုနိမ့်ကျနေ၏။

သူတို့နှစ်ယောက်က သာမန်ကောင်းကင်အင်မော်တယ်များသာဖြစ်မည်ဆိုလျှင် ဆူဇီမိုသည် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ပါက သူတို့ကို သေချာပေါက်ဖိနှိမ်နိုင်ပေလိမ့်မည်။

သို့သော်ယခု... သူသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတွင် ကျင့်ကြံမှုအဆင့်တူခြင်းမှာ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားနှစ်ယောက်နှင့် ရင်ဆိုင်နေရ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ ဆူဇီမိုသည် စိုးရိမ်ပူပန်နေရပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို မထုတ်ဖော်နိုင်ပေ။

သူက သူ၏ အခြားသောဝှက်ဖဲများကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူ့အနေဖြင့် ခွန်အားအရာမှာ သူ့ထက်အဆင့်သုံးဆင့်ပိုမိုမြင့်မားသော မင်းသားနှင့်မင်းသမီးတို့ကို ဖိနှိမ်နိုင်ဖို့လွယ်ကူမည်မဟုတ်ပေ။

ယင်ထျန်နှင့် လန်ချန်ချန်က မည်သည့်ထိန်ချန်မှုမှမရှိဘဲ တိုက်ခိုက်လာသည့်အခါ ဆူဇီမိုအပေါ်ဖိအားက သိသိသာသာတိုးလာခဲ့သည်။

“ဗောဓိစေ့ကိုသွားယူလိုက်... ငါအတတ်နိုင်ဆုံးကြိုးစားပြီး သူတို့ကို အသက်သုံးရှိုက်စာကြာအောင် ခုခံပေးထားမယ်”

ထိုစဥ်မှာပင် လင်းလော၏ ပုံရိပ်က ဖျတ်ခနဲပေါ်ထွက်လာပြီး ဆူဇီမိုကိုကာပေးကာ သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဂါး...”

လင်းလောက သူမ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်သတ်ထိ လှည့်ပတ်ပြီး သူမ၏ နောက်ဘက်တွင် နတ်နဂါး၉ကောင်ကို ပေါ်ထွက်လာစေ၏။

အရင်တုန်းက ဆူဇီမိုသည် လူသားဧကရာဇ်၏ အမွေအနှစ်လျှို့ဝှက်အတတ် နဂါးအသွင်ပြောင်းပညာရပ်ကို ရရှိခဲ့ပြီး သူသည် ရစ်ခွေနေသော နတ်နဂါးတစ်ကောင်ကို ဖန်တီးနိုင်ခဲ့၏။

ယခု... လင်းလော၏ မျိုးဆက်သွေးနယ်မြေသည် ရှေးဟောင်းနဂါးအသွင်ပြောင်းပညာရပ်၏ လက္ခဏာများကို သိသိသာသာပြသနေ၏။ သို့သော်လည်း အဲဒါက များစွာပိုမိုသန်မာပြီး နတ်နဂါး ၉ကောင်အဖြစ်ပင် ဆင့်ကဲပြောင်းလဲလာခဲ့ပြီဖြစ်၏။

လင်းလောက ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်ပုံပေါ်သော်လည်း သူမ၏ နောက်ဘက်မှာ ရစ်ခွေနေသည့် နတ်နဂါး၉ကောင်သည် ပြိုင်စံရှားတစ်ယောက်အဖြစ် သူမ၏ စွမ်းပကားကို ထုတ်ဖော်ပြသပေးနေ၏။

ဤမျိုးဆက်သွေးနယ်မြေသည် ယင်ထျန် သို့မဟုတ် လန်ချန်ချန်၏ မျိုးဆက်သွေးနယ်မြေများထက် အားမနည်းပေ။

သို့သော်လည်း ယင်ထျန်နှင့် လန်ချန်ချန်သည် မည်သို့ပင်ဆိုစေ လူနှစ်ယောက်ဖြစ်၏။ ဒါ့အပြင် လင်းလော၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိပြီး သူမသည် သူတို့နှစ်ယောက်ထက် အဆင့်တစ်ဆင့် ပိုမိုနိမ့်ကျနေ၏။

မျိုးဆက်သွေးနယ်မြေတစ်ခုတည်းက မလုံလောက်ပေ။

“ခေါင်းသုံးလုံးလက်ခြောက်ဖက်”

လင်းလောက သူမ၏ အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး တစ်ချိန်တည်းမှာပင် ဓမ္မရတနာလေးခုကို ဆင့်ခေါ်လိုက်၏။ သူမ၏ အားနေသောလက်နှစ်ဖက်ဖြင့် သူမက လျှို့ဝှက်အတတ်တစ်ခုကို လျင်မြန်စွာဆင့်ခေါ်ပြီး သူမ၏ ရှေ့မှာ အဲဒါကိုစုဖွဲ့လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော စကားလုံးရှစ်လုံးကားချပ်က ပေါ်ထွက်လာ၏။

‘ချန် ခွန် ရွှင် ကျန် ခန် လီ ကန် ဒွိ’

လုံးဝမတူညီသောစွမ်းအား၈ခုက ထူးခြားအံ့မခန်းပုံစံဖြင့် ကားချပ်တစ်ခုတည်းမှာ ပေါ်ထွက်လာ၏။

ဆူဇီမိုသည် သူမကို ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးရရှိရန် စောစောကတင်ကူညီပေးခဲ့ပြီး အသောကသစ်သီးတစ်လုံးကိုလည်း သူမကိုပေးခဲ့၏။ လင်းလောသည် အဲဒါအတွက်ကျေးဇူးတင်ရှိ​နေပြီး ဤတစ်ခေါက်မှာ မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူမ၏ ဝှက်ဖဲများအားလုံးနီးပါးကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုကလည်း တွေဝေတုံ့ဆိုင်းမနေဘဲ ​တောက်ပသောအကြည့်နှင့်အတူ ညင်သာစွာ အော်ငေါက်လိုက်၏။

“အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား”

ထိုပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် သူ၏ ခွန်အားက ဆပွားတိုးလာခဲ့၏။

“ခေါင်းသုံးလုံးလက်ခြောက်ဖက်”

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် တူညီသော အန္တိမနတ်ဘုရားစွမ်းအားကိုလည်း ထုတ်ဖော်လိုက်၏။

လူသားဧကရာဇ်သည် အောက်ဘုံလောကမှာ ပြင်ပမျိုးနွယ်မှ ဧကရာဇ်များနှင့် တိုက်ခိုက်ခဲ့စဥ်က ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခဲ့ပြီးနောက် ဆူဇီမိုသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို နားလည်ဆင်ခြင်လာနိုင်ခဲ့၏။

ဆူဇီမိုသည် လက်တစ်ဖက်မှာ သုံးပါရတနာကျောက်စိမ်းတောင်ဝှေး... အခြားလက်တစ်ဖက်မှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် နောက်ထပ်လက်တစ်ဖက်မှာ မီးတောက်နီရောင်ယပ်တောင်တစ်ချောင်းကို ကိုင်ဆွဲထား၏။ သူ၏ အခြားသောလက်သုံးဖက်က လျှို့ဝှက်အတတ်များကို လျင်မြန်စွာ ဆင့်ခေါ်လိုက်၏။

လူတိုင်းသည် မတူညီသောအန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ထားကြ၏။ အချိန်၊ စွမ်းအင်နှင့် အမျိုးမျိုးသောအခြားအကြောင်းအရင်းများ၏ ကန့်သတ်မှုနှင့်အတူ လူတစ်ယောက်နားလည်ဆင်ခြင်နိုင်သော အန္တိမနတ်ဘုရားစွမ်းအားများ၏ အရေအတွက်က အကန့်အသတ်ရှိလေသည်။

ဥပမာအားဖြင့် ယင်ထျန်နှင့် လန်ချန်ချန်သည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို နားလည်ဆင်ခြင်နိုင်ခြင်းမရှိပေ။ သို့သော်လည်း ဆူဇီမိုနှင့် လင်းလောသည် သူတို့နှစ်ယောက်နားလည်ဆင်ခြင်နိုင်သည့်အခြားသော နတ်ဘုရားစွမ်းအားများကိုလည်း မတတ်မြောက်ကြပေ။

“သတ်”

ယင်ထျန်က အော်ဟစ်လိုက်ပြီး သူ၏ ရှေ့မှာ သူ့လက်ကို ဝေ့ယမ်းလိုက်၏။

သူ၏ နောက်ဘက်ရှိ ပုံရိပ်ယောင်ပတ်လည်မှာရှိသော ရွှေရောင်ချပ်ဝတ် ဘီလူး ၁၂ကောင်က ရုတ်တရက်ရှေ့သို့ခုန်ထွက်လာ၏။ ဧရာမဓားများကိုကိုင်ဆွဲရင်း သူတို့က လင်းလောနှင့် ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြ၏။

“ဖိနှိမ်လိုက်”

လန်ချန်ချန်၏ နောက်ဘက်မှာရှိသော ခမ်းနားထည်ဝါသည့်နန်းတော်ကလည်း လင်းလောနှင့် ဆူဇီမိုထံ ဖိနှိမ်ကျဆင်းလာ၏။

ဘုန်း ဘုန်း ဘုန်း...

လင်းလော၏ နတ်နဂါး၉ကောင်က အရင်ဆုံးရှေ့သို့ပြေးတက်သွားပြီး ရွှေရောင်ချပ်ဝတ်ဘီလူး ၁၂ကောင်နှင့် ကြမ်းကြုတ်ခက်ထန်စွာ တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် သူမ၏ ရှေးဟောင်းစကားလုံးရှစ်လုံးကားချပ်က ခမ်းနားထည်ဝါသောနန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ထိတွေ့ပြီး ကျယ်လောင်သောမြည်သံကို ထွက်ပေါ်လာစေ၏။ စကားလုံးရှစ်လုံးကားချပ်က လဲပြိုကျလုနီးပါးပင်။

မင်းသားတစ်ပါးနှင့် မင်းသမီးတစ်ပါးအနေဖြင့် ယင်ထျန်နှင့် လန်ချန်ချန်၏ မျိုးဆက်သွေးနယ်မြေများက အရမ်းကိုသန်မာ၏။ အသက်တစ်ရှိုက်စာမျှမှာ လင်းလော၏ နဂါး၉ကောင်နှင့် စကားလုံးရှစ်လုံးကားချပ်က ကြေမွသွားပြီး သွေးချီစီးကြောင်းများအဖြစ်ပြောင်းလဲကာ ပျက်ပြယ်သွား၏။

သူမသည် သူမ၏ လက်ခြောက်ဖက်ကို ဝေ့ယမ်းပြီး သူမ၏ ဓမ္မရတနာများကို ဆင့်ခေါ်ကာ ယင်ထျန်နှင့် လန်ချန်ချန်ကို ခဏကြာသည်အထိ ခုခံပေးလို၏။

သို့သော်လည်း သူတို့နှစ်ယောက်က ပူးပေါင်းထားပြီး လင်းလော၏ ဓမ္မရတနာများကို တစ်ခဏချင်းမှာပင် လွင့်စင်ထွက်စေကာ ရှေ့သို့အလွယ်တကူဖြတ်ကျော်လိုက်၏။

အစကတော့ လင်းလောသည် ဆူဇီမိုကို ဗောဓိစေ့ကိုအရယူဖို့ အခွင့်အရေးပေးရန် ယင်ထျန်နှင့် လန်ချန်ချန်ကို အသက်သုံးရှိုက်စာကြာသည်အထိ ခုခံပေးနိုင်မည်ဟု တွေးထား၏။

သို့သော်ယခု လင်းလောသည် အသက်နှစ်ရှိုက်စာကြာပြီးနောက် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ယင်ထျန်နှင့် လန်ချန်ချန်က ဆူဇီမိုထံသို့ ချဥ်းကပ်လာခဲ့ပြီဖြစ်၏။

All Chapters