အားလုံးကိုဖိနှိမ်ခြင်း
Vol. 160 Ch. 2387
ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ကျုံးယန်သည် စောစောက သူတိုက်ခိုက်ခဲ့စဥ် ကောင်းကင်လိုဏ်ဂူစွမ်းအားတစ်စွန်းတစ်စကို အသုံးပြုခဲ့ပြီးပြီဖြစ်၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာသည် စဦးကျွမ်းကျင်မှုကိုသာရရှိထားပြီး ခွန်အားအရာမှာ အနည်းငယ်နိမ့်ကျနေ၏။ ထို့ကြောင့်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာက ခြေလှမ်းဝက်နောက်ဆုတ်ခဲ့ရခြင်းဖြစ်၏။
အဲဒါသည် ကျုံးယန်က သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်သည်ဟု မဆိုလိုပေ။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်း ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ထားခါစဖြစ်ပြီး ယန်ကျစ်နှင့် အခြားသူများနှင့် တိုက်ခိုက်ခဲ့ရ၏။ သူ၏ ဝှက်ဖဲများအားလုံးက ကုန်ဆုံးသလောက်ဖြစ်နေလေပြီ။
သူက သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို ဆင့်ခေါ်ကာ ကျုံးယန်၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်ကို တိုက်ရိုက်သန့်စင်မွမ်းမံနိုင်မည်ဖြစ်၏။
“အို..”
သိုင်းတာအိုပင်မခန္ဓာသည် ခြေလှမ်းဝက်မျှသာနောက်ဆုတ်ရသည်ကို ကျုံးယန်က တွေ့မြင်သောအခါ သူကအံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“မင်းက ငါ့ရဲ့လက်ရိုက်တုတ်ကို တကယ်ကြီးခုခံနိုင်ခဲ့တယ်... မင်းမှာ ဝှက်ဖဲတချို့ရှိနေတဲ့ပုံပဲ”
“ကာကွယ်သူ... ကျုပ်တို့ခင်ဗျားကို ကူပေးမယ်”
ပကတိမိစ္ဆာသုံးဦးက ချက်ချင်းပင် ရှေ့သို့ထွက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာကိုကြည့်ရင်း သူတို့၏ မျက်လုံးများက နီရဲနေပြီး မတူညီသောဦးတည်ဘက်များကနေ ဝင်ရောက်လာကြ၏။
သိုင်းတာအိုပင်မခန္ဓာမှာ တာအိုသစ်သီးရာချီရှိနေပြီး သူ့ကိုသတ်ဖြတ်နိုင်သောဘယ်သူမဆို အဲဒါကိုတောင်းဆိုဖို့အတွက် အကြောင်းပြချက်တစ်ခုရလာပေလိမ့်မည်။
ကျန်ရှိနေသော ကောင်းကင်အင်မော်တယ်များကလည်း သူတို့၏ အလံများကို စိတ်လှုပ်ရှားစွာဝေ့ယမ်းပြီး အော်ဟစ်အားပေးနေကြ၏။
ကျုံးယန်က သူ၏ နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်ကို မတင်ပြီး နက်မှောင်နေသော သံလက်ရိုက်တုတ်နှင့်အတူ နောက်တစ်ဖန်ရှေ့သို့ ပြေးဝင်လိုက်၏။
“ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်က ငါ့ကိုပြဿနာရှာချင်နေတာလား”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူကအော်ပြောလိုက်၏။
“ဖိနှိမ်လိုက်စမ်း”
ဘေးတစ်ဘက်မှာရှိသော ငရဲဖိနှိမ်မီးဖိုက ရုတ်တရက်ပျံသန်းလာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ထိန်းချုပ်မှုအောက်မှာ ၎င်းသည် ကောင်းကင်ထက်ကနေဆင်းသက်လာပြီး ဖိခြေကျဆင်းလာသည့် စွမ်းအားကြီးမားသော အင်အားတစ်ရပ်ကို ထုတ်ဖော်လိုက်၏။
ငရဲဖိနှိမ်မီးဖိုသည် အတိတ်ကာလတုန်းက အဝီစိကိုဖိနှိမ်ဖို့အတွက် အနန္တမဟာဧကရာဇ်အသုံးပြုခဲ့သော သော့ချက်ဖြစ်ခဲ့၏။
ထိုဧရာမမီးဖို၏ ဖိနှိမ်ခြင်းစွမ်းအားက ဘယ်လောက်တောင်ကြောက်စရာကောင်းမလဲ စဥ်းစားကြည့်နိုင်လေသည်။
ငရဲဖိနှိမ်မီးဖိုသည် မနှိုင်းယှဥ်သာအောင် မြင့်မြတ်ထည်ဝါနေ၏။
အထွတ်အမြတ်ဝိညာဥ်လေးခု၏ စွမ်းပကားက ငရဲဖိနှိမ်မီးဖို၏ အပြင်ဘက်ကနေ ဖြာထွက်လာခဲ့သည်။
မီးဖိုက ဆင်းသက်မလာခင်မှာပင် မရေမတွက်နိုင်သောအလင်းများက ရေတံခွန်တစ်ခုကဲ့သို့ ဖြာထွက်လာခဲ့သည်။
ကျုံးယန်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲသွားလေသည်။
ငရဲဖိနှိမ်မီးဖို၏ အုပ်မိုးမှုအောက်မှာ ဖိအားသည် နေရာအနှံ့ဝင်ရောက်လာပြီး သူသည် မွန်းကျပ်ဖွယ်ရာ ခံစားလာရ၏။
သူက ဆူဇီမိုကို တိုက်ခိုက်ဖို့နေနေသာ တစ်လက်မပင် မရွေ့လျားနိုင်တော့ပေ။
ကျုံးယန်က တိုက်စစ်ကနေခံစစ်ကို လျင်မြန်စွာပြောင်းလဲပြီး သူ၏ ဦးခေါင်းထက်သို့ နက်မှောင်နေသော သံလက်ရိုက်တုတ်ကို မြှောက်တင်ကာ ငရဲဖိနှိမ်မီးဖိုကို ခုခံလို၏။
ဘုန်း...
ကျုံးယန်၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခြေထောက်က မြေကြီးထဲကို နစ်ဝင်သွား၏။
သိပ်သည်းပြင်းထန်သော ဖိအားက သူ၏ ခန္ဓာကိုယ်ကို ဖိခြေပစ်လုနီးပါးပင်။
ငရဲဖိနှိမ်မီးဖို၏ ဖိနှိမ်မှုအောက်မှာ နက်မှောင်နေသောသံလိုက်ရိုက်တုတ်က လေထဲတွင် သိသာရှင်းလင်းစွာ ကွေးညွှတ်လာခဲ့၏။
ဒါ့အပြင် ဖိအားပမာဏက ပို၍တိုးလာနေ၏။
ကျုံးယန်၏ မျက်နှာက နီမြန်းလာပြီး သူက သူ၏ စိတ်ကိုလုံးဝ လျှော့မချရဲပေ။
သူက စိတ်ကို လျှော့ချလိုက်သည်နှင့် ငရဲဖိနှိမ်မီးဖိုအောက်မှာ သူက အသားပျော့ဖတ်ဖြစ်သည်အထိ ဖိခြေခံရပေလိမ့်မည်။
“ကာကွယ်သူ..”
ပကတိမိစ္ဆာသုံးဦးက အံအားတသင့်အော်ခေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
“သွားတော့..”
သိုင်းတာအိုပင်မခန္ဓာက စိတ်ဖြင့်စေညွှန်လိုက်၏။
အထွတ်အမြတ်ဝိညာဥ်လေးခုက ငရဲဖိနှိမ်မီးဖိုကနေ ပျံသန်းထွက်ပေါ်လာပြီး မိုးပြာနဂါးအထွတ်အမြတ်ဝိညာဥ်၊ ဟင်္သပဒါးငှက်အထွတ်အမြတ်ဝိညာဥ်နှင့် ကျားဖြူအထွတ်အမြတ်ဝိညာဥ်တို့က ပကတိမိစ္ဆာသုံးဦးထံ ပြေးဝင်သွားလေသည်။
ပကတိမိစ္ဆာသုံးဦးက တိုက်ခိုက်လိုက်သည့်ခဏမှာပင် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက သိုင်းတာအိုပင်မခန္ဓာပေါ် ဆင်းသက်မလာနိုင်ခင်မှာပင် အထွတ်အမြတ်ဝိညာဥ်သုံးခုကြောင့် ပျက်ပြယ်သွားလေသည်။
အစစ်အမှန်သိုင်း ကောင်းကင်ဘုံကပ်ဘေးအပြီး၌ အထွတ်အမြတ်ဝိညာဥ်လေးခု၏ တိုက်ခိုက်ရည်ခွန်အားက ပကတိဧကနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ပကတိမိစ္ဆာသုံးဦးက သူတို့ကို မယှဥ်နိုင်ပေ။
အသက်ရှူချိန်အနည်းငယ်မျှမှာ ပကတိမိစ္ဆာသုံးဦးက အရေးနိမ့်စွာဖြင့် နောက်သို့ ဆုတ်ခွာနေရ၏။
အဲဒါက တမင်ရည်ရွယ်နေသည့်အလား ပကတိမိစ္ဆာသုံးဦးသည် အထွတ်အမြတ်ဝိညာဥ်သုံးခုကြောင့် အဆက်မပြတ်နောက်သို့ ဆုတ်ပေးနေရပြီး သိပ်မကြာခင် သူတို့သည် ငရဲဖိနှိမ်မီးဖို၏ သက်ရောက်မှုအောက်သို့ အမှတ်တမဲ့ရောက်ရှိလာကြ၏။
ငရဲဖိနှိမ်မီးဖို၏ ဖိနှိမ်မှုအောက်မှာ ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ကျုံးယန်ပင်လျှင် ခါးသီးစွာခုခံနေရ၏။ ပကတိမိစ္ဆာသုံးဦးက အဲဒါကိုလုံးဝမခုခံနိုင်ပေ။
ဒုန်း... ဒုန်း...
ပကတိမိစ္ဆာသုံးဦးက မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ပေ။
အစကတော့ ကောင်းကင်အင်မော်တယ်များသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်အားပေးနေကြ၏။
မထင်မှတ်ထားစွာပင် အခြေအနေက ရုတ်ချည်းပြောင်းလဲသွားပြီး ကျုံးယန်နှင့် အခြားသုံးယောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းခံလာရ၏။
ကောင်းကင်အင်မော်တယ်များက လူစုခွဲထွက်ခွာပြီး မဟူရာမိစ္ဆာဂိုဏ်းသို့ အကူအညီပြန်တောင်းရန် ထွက်ပြေးဖို့ပြင်လိုက်ကြ၏။
သို့သော်လည်း သူတို့က အဆုံးမဲ့ပြီး နက်ရှိုင်း၍ မှောင်မည်းနေသည့် ပင်လယ်တစ်ခုထဲမှာ ကျဆင်းသွားသည်ကို ရုတ်တရက် နားလည်သိရှိသွား၏။
မလှမ်းမကမ်းတွင် ဧရာမစိတ်ဝိညာဥ်လိပ်တစ်ကောင်က ပင်လယ်ရေပြင်ထက်မှာ မျှောလာပြီး အေးစက်နေသော မျက်လုံးတစ်စုံနှင့်အတူ သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေ၏။
တစ်ယောက်ယောက်က မူမမှန်သောလှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်မည်ဆိုလျှင် စိတ်ဝိညာဥ်လိပ်က သူတို့ကိုဝါးမျိုနှစ်မြှုပ်ဖို့အတွက် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ဖန်တီးပေလိမ့်မည်။
မဟူရာကုန်းလိပ် အထွတ်အမြတ်ဝိညာဥ်က ပကတိဧကနယ်ပယ်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်အင်မော်တယ်များကို အလွယ်တကူဖိနှိမ်နိုင်၏။
ကောင်းကင်အင်မော်တယ်များကလည်း အဲဒါကို အလိုလိုနားလည်သိရှိသွားပုံရပြီး မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ရဲဘဲ နေရာမှာပင် မတ်တတ်ရပ်နေကြ၏။
တစ်ခဏချင်းမှာပင် ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့် ကျုံးယန်အပါအဝင် မဟူရာမိစ္ဆာဂိုဏ်းမှ လူတိုင်းသည် သိုင်းတာအိုပင်မခန္ဓာ၏ ဖိနှိမ်ခြင်းခံလိုက်ရ၏။
တကယ်တော့... သိုင်းတာအိုပင်မခန္ဓာက ဤလူများကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူသည် အဲဒါကို အတွေးတစ်ချက်ဖြင့် ပြုလုပ်နိုင်၏။
သူ့အနေဖြင့် ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်အတူ ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်တစ်ယောက်ကို သတ်ဖြတ်ဖို့က မခက်ခဲပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက တချို့အရာများကို ထည့်တွက်နေရ၏။
သူက သူ့ကိုယ်သူစိုးရိမ်ပူပန်နေခြင်းမရှိသော်လည်း ဖုန့်စန်းထျန်က ဘေးတစ်ဘက်မှာ အဆင့်ချိုးဖျက်တက်လှမ်းနေ၏။
မဟူရာမိစ္ဆာဂိုဏ်းသည် မည်သို့ပင်ဖြစ်စေ ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေ၏။ သူက ကျုံးယန်နှင့်အခြားသူများကို သတ်ဖြတ်လိုက်မည်ဆိုလျှင် မဟူရာမိစ္ဆာဂိုဏ်း၏ ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်များက သတိထားမိလာဖို့ များလေသည်။
မိစ္ဆာဘုရင်တစ်ပါး ဆင်းသက်ရောက်ရှိလာမည်ဆိုလျှင် အပြောင်းအလဲများစွာက သေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။
ဖုန့်စန်းထျန်၏ အဆင့်ချိုးဖျက် တက်လှမ်းခြင်းသည် အရေးကြီးဆုံးအခိုက်အတန့်မှာရောက်ရှိနေပြီး မည်သည့်အမှားအယွင်းမှ ပြုလုပ်၍မရသည်ကို သိုင်းတာအိုပင်မခန္ဓာက ပြောနိုင်လေသည်။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ကျုံးယန်နှင့် အခြားသူများကို ဖိနှိမ်ရုံသာဖိနှိမ်ပြီး ဖုန့်စန်းထျန်၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းမှ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေ၏။
ဘုန်း ဘုန်း.. ဘုန်း...
နောက်ထပ်ဧရာမအရိပ်တစ်ခုက ကောင်းကင်ထက်ကနေ လွင့်မျောလာ၏။ နက်မှောင်နေသောတိမ်စိုင်များက ကောင်းကင်တစ်ခွင်အုပ်မိုးသွားပြီး မိုးကောင်းကင်ထက်မှာ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးခြိမ်းသံများက တဝုန်းဝုန်းမြည်နေ၏။
ဤတစ်ခေါက်မှာ နက်မှောင်နေသော တိမ်စိုင်များသည် ဖုန့်စန်းထျန်၏ ဦးခေါင်းထက်မှာ လွင့်မျောလာပြီး လျှပ်စီးလျှပ်ပန်းများက ကောင်းကင်ထက်ကနေဆင်းသက်၍ သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ဖုန့်စန်းထျန်သည် သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို စုစည်းပြီး သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ဖို့ပြင်နေ၏။
အစကတော့ သူသည် သူ၏ တာအိုသစ်သီးကြေမွပျက်စီးသွားခြင်းနှင့်အတူ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ဖို့ အခွင့်အရေးမရှိခဲ့ပေ။
သို့သော်လည်း သူသည် ပကတိတစ်ဆယ်ငရဲမှာ နှစ်လေးသိန်းကြာပြီးတာတောင် လက်လျှော့ခဲ့ခြင်း မရှိပေ။ ထိုအစား သူက နောက်ထပ်လမ်းကြောင်းတစ်ခုကို နားလည်ဆင်ခြင်ပြီး သူ၏ အသိစိတ်ထဲမှာ မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုကို စုဖွဲ့နိုင်ခဲ့၏။
ထိုသို့ဆိုလျှင်တောင် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးမရှိသေးပေ။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာက ကပ်ဘေးဆင်းသက်ခြင်းကို ခံယူခဲ့စဥ် သူသည် ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို နောက်တစ်ဖန်တွေ့ကြုံခံစားနိုင်ခဲ့၏။
သူသည် နဝမမြောက်ကောင်းကင်ဘုံကပ်ဘေးကိုပင် ကိုယ်တိုင်တွေ့ကြုံခံစားနိုင်ခဲ့ပြီး များပြားလှစွာသော အသိအမြင်များကို ရရှိခဲ့၏။
ကောင်းကင်ဘုံကပ်ဘေး၉ခုထဲမှ ၉ခုသည် နှစ်တစ်သန်းကြာလျှင်တောင် တစ်ကြိမ်ပေါ်ထွက်မလာတတ်သည့် တစ်စုံတစ်ရာဖြစ်လေသည်။
အဲဒါသည် ဖုန့်စန်းထျန်အတွက် အလွန်တရာကြီးမားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အဲဒါသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုခု သို့မဟုတ် ဧကရာဇ်အမွေအနှစ်တစ်ခုခုထက်ပင် ပို၍အဖိုးတန်နေ၏။
ဤတစ်ခေါက် ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုအောက်မှာ သူသည် ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းပကားနှင့် မိုးကြိုး၏ အမျက်ဒေါသကို တဖြည်းဖြည်း နားလည်ဆင်ခြင်မိလာခဲ့၏။
နောက်ဆုံးမှာ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို အာရုံခံမိခဲ့၏။
အလျှံညီးညီး လျှပ်စီးပင်လယ်က ဖုန့်စန်းထျန်၏ နှာရောင်ထဲကနေ ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာ၏။
မိုးကြိုးလျှပ်စီးပင်လယ်ထဲကို ကောင်းကင်ထက်မှာ လျှပ်စီးများက ရွာသွန်းကျဆင်းလာပြီး ၎င်း၏ စွမ်းအားက အဆက်မပြတ်မြင့်တက်လာနေသည်။
သို့သော်လည်း ဖုန့်စန်းထျန်၏ ထိန်းချုပ်မှုအောက်မှာ မိုးကြိုးလျှပ်စီးပင်လယ်၏ အရွယ်အစားက တဖြည်းဖြည်း ကျုံ့ဝင်ပြီး ရေစက်တစ်ပေါက်ကဲ့သို့ဖြစ်ပေါ်လာ၏။
အဲဒါသည် လက်သည်းခွံတစ်ခု၏ အရွယ်သာရှိသော်လည်း ထိုရေစက်မှာ လျှပ်စီးပင်လယ်တစ်ခုပါဝင်နေ၏။ လျှပ်စီးကြောင်းများက အတွင်းမှာယှက်ဖြာနေပြီး ကျိန်းစပ်နေကာ ချောက်ချားစရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ဖုန့်စန်းထျန်၏ ဓမ္မတာအိုကို ထိုရေစက်ထဲမှာ သိပ်သည်းစုဖွဲ့ထား၏။
ထိုရေစက်တစ်စက်က လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်ပုံရလေသည်။
အတန်ကြာပြီးနောက် ရေစက်ထဲမှာရှိသောစွမ်းအားက ၎င်း၏ အထွတ်အထိပ်ထိ သိပ်သည်းကျစ်လစ်လာခဲ့ပြီဖြစ်၏။
ဖုန့်စန်းထျန်က ရုတ်တရက်မတ်တတ်ထရပ်ပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်သွား၏။
သူ၏ မျက်လုံးက အမျက်ဒေါသဖြင့် ပြူးကျယ်လာပြီး သူ၏ အော်ရာက သိပ်သည်းပြင်းထန်အားကောင်းလာကာ သူက ဟိန်းဟောက်လိုက်၏။
“ကြေမွစမ်း”
ဝုန်း...
ရုတ်တရက် ရေစက်က ပေါက်ကွဲထွက်သွားပြီး အတွင်းမှာ သိပ်သည်းစုဖွဲ့ထားသော အဆုံးမဲ့စွမ်းအားများက ထွက်ပေါ်လာ၏။