← Chapters

ကောင်းကင်လိုဏ်ဂူဘုရင်

Vol. 160 Ch. 2388

ကောင်းကင်လိုဏ်ဂူဘုရင်

Vol. 160 Ch. 2388

ဝုန်း... ဝုန်း... ဝုန်း...

ရေစက်က ပေါက်ကွဲထွက်သွားသည်။ သိပ်သည်းပြင်းထန်သောစွမ်းအားတစ်ခုက လေဟာနယ်ထဲသို့ တလိပ်လိပ်တိုးဝင်ကာ အဲဒါကို ချိုင့်ဝင်ပြိုကျသွားစေပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာသည်။

အသွင်ပြောင်းလဲခြင်းက ရပ်တန့်မသွားဘဲ လေဟာနယ်က ဆက်လက်၍ ချိုင့်ဝင်ပြိုကျနေဆဲဖြစ်ကာ ကျိန်းစပ်နေသော လျှပ်စီးလျှပ်ပန်းများနှင့်အတူ တလိပ်လိပ်ထိုးတက်လာသော အခန်းတစ်ခန်းကို ထွက်ပေါ်လာစေ၏။

ကောင်းကင်လိုဏ်ဂူက စတင်၍အသွင်သဏ္ဌာန်ယူလာခဲ့ပြီဖြစ်သည်။

ကောင်းကင်လိုဏ်ဂူ၏ အစွန်းတစ်ဘက်က ဖုန့်စန်းထျန်ကို ချိတ်ဆက်ထားပြီး အခြားအစွန်းတစ်ဘက်က မိုးကောင်းကင်ထက်ကို ထိုးတက်ကာ သုံးဘုံလောကနှင့် ချိတ်ဆက်ထား၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်မှာ ဖုန့်စန်းထျန်သည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာ စုပ်ယူဖို့အတွက် ကောင်းကင်လိုဏ်ဂူကို အသုံးချနိုင်မည်ဖြစ်၏။

သူက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များကို ဆက်လက်၍မလိုအပ်တော့ပေ။

ကောင်းကင်လိုဏ်ဂူတစ်ခုက အထက်ဘုံမှာ ဘုရင်တစ်ပါး၏ အမှတ်သင်္ကေတဖြစ်၏။

ကောင်းကင်လိုဏ်ဂူများနှင့် ထိုသူများကသာလျှင် ဘုရင်ဘွဲ့ကိုခံယူဖို့ အဆင့်မီလေသည်။

ကောင်းကင်လိုဏ်ဂူတစ်ခုကို ကျင့်ကြံသူများအတွက် ဘဝတစ်ခုကိုပြောင်းလဲပေးသည့် အသွင်ပြောင်းလဲမှုတစ်ရပ်ဟုဆိုနိုင်၏။

သူတို့သည် အချိုးအစားတိုင်းနီးပါးမှာ သိသာထင်ရှားသောတိုးတက်မှုတစ်ခုစီကို တွေ့ကြုံခံစားလာရပေမည်။ ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားက အစစ်အမှန်အမြုတေ၏ စွမ်းအားထက် များစွာကျော်လွန်ပြီး ပိုမိုမြင့်မားသော စွမ်းအင်အဆင့်တစ်ခု၏ ပြယုဂ်တစ်ခုဖြစ်လေသည်။

ကောင်းကင်လိုဏ်ဂူတစ်ပိုင်းအဆင့်ထိ ကျင့်ကြံထားသော ကျုံးယန်လိုလူတစ်ယောက်အနေဖြင့် ကောင်းကင်လိုဏ်ဂူစွမ်းအား၏ တစ်စွန်းတစ်စနှင့်အတူ သူသည် သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သိုင်းတာအိုခန္ဓာကို ဆန့်ကျင်တိုက်ခိုက်နိုင်၏။

သူက အစစ်အမှန်ကောင်းကင်လိူဏ်ဂူတစ်ခုကို ကျင့်ကြံနိုင်မည်ဆိုလျှင် ထိုစွမ်းအားကို ကမ္ဘာဖျက်ကပ်ဘေးတစ်ခုဟုဆိုနိုင်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်အဆင့်တစ်ခုထိ မြင့်တက်လာပေလိမ့်မည်။

ပုံမှန်ကျင့်ကြံနေစဥ်အတွင်းမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီသည် ကောင်းကင်လိုဏ်ဂူထဲသို့ တလိပ်လိပ်တိုးဝင်လာပေလိမ့်မည်။ ကောင်းကင်လိုဏ်ဂူထဲမှာ ဓမ္မတာအို၏ ဆေးကြောသန့်စင်မှုအပြီး၌ အဲဒါသည် မနှိုင်းယှဥ်သာအောင် သန့်စင်လာပေလိမ့်မည်။ အဲဒါက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူတို့သည် ကျင့်ကြံမှုအတွက် အားထုတ်မှုတစ်ဝက်သက်သာသွားပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူထဲမှာ ကျင့်ကြံသူများကို အားဖြည့်ပေးနေသည့် ဓမ္မတာအိုတွင် သန့်စင်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီပါဝင်ပြီး အဲဒါက သူတို့၏ မူပိုင်ဓမ္မရတနာများကိုလည်း အားဖြည့်ပေးနိုင်ကာ သူတို့ကို ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဥ်ရတနာများအဖြစ် အသွင်ပြောင်းလဲသွားစေပေလိမ့်မည်။

ဘုရင်များကြား တိုက်ပွဲတစ်ခုမှာ ကောင်းကင်လိုဏ်ဂူများ၏ အကူအညီနှင့်အတူ ကောင်းကင်နှင့်မြေကြီးအမြုတေချီက ကုန်ဆုံးမှုမရှိသလောက်နီးပါးပင်။

သူတို့သည် တစ်ချိန်တည်းမှာ တိုက်ခိုက်၍ ပြန်လည်အားဖြည့်နိုင်၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာခြင်းဖြင့် လူတစ်ယောက်သည် လေဟာနယ်ကိုပင်ဆုတ်ဖြဲကာ မိုင်ပေါင်းထောင်ချီကို ဖြတ်ကျော်နိုင်မည်ဖြစ်၏။ အနည်းဆုံးတော့ သူတို့သည် ကြယ်တာရာကောင်းကင်ထက်မှာ မဟူရာတွင်းနက်များ၏ အန္တရာယ်နှင့်ကြုံတွေ့ရခြင်းမရှိဘဲ လောကတစ်ခုမှာ စိတ်ရှိသလို ဖြန်သန်းသွားလာနိုင်မည်ဖြစ်သည်။

သူတို့သည် လောကများကို ဖြတ်ကျော်သည့်အခါမှသာ မဟူရာတွင်းနက်များနှင့် ကြုံတွေ့ရနိုင်၏။

မည်သို့ပင်ဆိုစေ ကမ္ဘာလောကများ​က တစ်ခုနှင့်တစ်ခု အရမ်းကိုကွာဝေးပြီး ကြားမှာ ကြယ်များ၊ သမုဒ္ဒရာများနှင့်အတူ ဘာမှန်းမသိသော နေရာများစွာဖြင့် ပြည့်နှက်နေ၏။

အား...

ဖုန့်စန်းထျန်က လေထဲမှာမတ်တတ်ရပ်ပြီး ပြီခဲ့သည့်နှစ်များအတွင်း အတန်ကြာသည့်အထိ သူဖိနှိမ်ထားခဲ့ရသော စိတ်ခံစားချက်များကို ဖွင့်ထုတ်ရင်း ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။ အဲဒီမှာ မကျေမချမ်းမှုများ၊ မုန်းတီးမှုများနှင့် အမျက်ဒေါသများပါဝင်နေ၏။

သူသည် ကောင်းကင်ဘုံကမ္ဘာသို့ တက်လှမ်းလာခဲ့စဥ်က လျင်မြန်စွာမြင့်မားတိုးတက်လာခဲ့ပြီး သူသည် မိုးကောင်းကင်ကိုးလွှာမှာ နာမည်ကြီးကျော်ကြားခဲ့၏။ သို့သော်လည်း နောက်ဆုံးမှာ သူသည် အကွက်ချလုပ်ကြံခံခဲ့ရပြီး သူ၏ ဂုဏ်ကျက်သရေကနေ လျှောကျကာ နေ့အလင်းရောင်ကို တွေ့မြင်ရခြင်းမရှိဘဲ နှစ်လေးသိန်းကြာအောင် အကျဥ်းချခံခဲ့ရ၏။

ပြီးခဲ့သည့်နှစ်လေးသိန်းအတွင်း သူက မည်သို့မည်ပုံ ရှင်သန်နေထိုင်ခဲ့ရသလဲ မည်သူကမှ မသိခဲ့ပေ။

ထိုရက်စက်ကြမ်းတမ်းသောပတ်ဝန်းကျင်နှင့် မျှော်လင့်ချက်မရှိသော အခြေအနေမှာပင်လျှင် သူကလက်မလျှော့ခဲ့ပေ။ နောက်ဆုံးမှာ သူသည် ဆူဇီမိုရောက်ရှိလာခြင်းနှင့်အတူ လွတ်မြောက်လာနိုင်ခဲ့၏။

သို့သော်ယခုအခါ သူသည် နောက်ဆုံးမှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ဝင်ရောက်ပြီး ဘုရင်တစ်ပါးဖြစ်လာခဲ့လေပြီ။

သို့သော်လည်း အရာရာတိုင်းသည် နှစ်လေးသိန်းတိတိကြာမြင့်ခဲ့သည်။

ဖြောင်း...

အဲဒါသည် ဖုန့်စန်းထျန်၏ ရင်ထဲရှိ အမျက်ဒေါသများကို အာရုံခံမိသွားသည့်အလား မိုးကြိုးကောင်းကင်လိုဏ်ဂူက ကျယ်လောင်၍ ချောက်ချားစရာကောင်းသော မိုးကြိုးသံတဝုန်းဝုန်းကို ထွက်ပေါ်လာစေ၏။

ဖုန့်စန်းထျန်၏ ဟိန်းဟောက်သံသည် တဝုန်းဝုန်းမြည်နေသော မိုးကြိုးသံနှင့်အတူ တွဲဖက်၍ပဲ့တင်ထပ်သွား၏။

မိုးကြိုး၏ အမျက်ဒေါသက သက်ရှိများအားလုံးကို ငြိမ်သက်သွားစေ၏။

ယန်ပေးချန်၊ မင်းကျန်၊ ကူထုံယိုနှင့် ချိုးစစ်လောတို့မှာ တုန်လှုပ်မှုအပြင် သူတို့က ဝမ်းသာပျော်ရွှင်စွာခံစားနေရ၏။

ကောင်းကင်ဘုံဝံပုလွေက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။ သူ၏ မျက်လုံးက ဝင်းလက်သွားပြီး သူက စိတ်လှုပ်ရှားတက်ကြွလာခဲ့၏။

“သခင်.. သခင်...”

ကောင်းကင်ဘုံဝံပုလွေက မလှမ်းမကမ်းမှာ ကျုံးယန်နှင့် အခြားသူများကို ဖိနှိမ်ထားဆဲဖြစ်သည့် သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး ရုတ်တရက်အော်ပြောလိုက်၏။

“ဘာပြောမလို့လဲ”

သိုင်းတာအိုပင်မခန္ဓာက တစ်ချက်လှမ်းကြည့်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေက လေထဲမှာရှိသော ဖုန့်စန်းထျန်ကို လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်၏။

“စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူး ၇ဦးထဲမှာ ဝမ်းသာပျော်ရွှင်ခြင်းနဲ့ အမုန်းအတွက် ကိုက်ညီတဲ့သူတွေကို ရှာတွေ့သွားပြီ... ဖုန့်စန်းထျန်က စိတ်ခံစားချက်၇မျိုးထဲမှာ အမျက်ဒေါသနဲ့ ကိုက်ညီမှုအရှိဆုံးပဲ”

“ဘာတွေပေါက်တက်ကရပြောနေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောက်ကြုတ်ပြီး အော်ငေါက်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေ၏ စိတ်အားထက်သန်မှုက လျော့ကျမသွားလဲ သူက ဆက်လက်၍ပြောဆိုလိုက်၏။

“ကျုပ်တို့တွေက သူ့ကို စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူး၇ဦးထဲ ဆွဲခေါ်ထည့်နိုင်မယ်ဆိုရင် ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးမယ့် အင်မော်တယ်ဘုရင်တစ်ပါးနဲ့ဆို စိတ်ခံစားချက်၇မျိုး မိစ္ဆာတပ်မှူးတွေရဲ့ အလုံးစုံခွန်အားက ဆပွားတိုးလာလိမ့်မယ်”

“ခင်ဗျားတို့နှစ်ယောက်စလုံးက ထျန်ဟွမ်ကုန်းမြေတိုက်ကဆိုတော့... ကျုပ်တို့က အဲဒါကိုသေချာပေါက် ဆွေးနွေးသင့်တယ်”

ကောင်းကင်ဘုံဝံပုလွေက ဆက်လက်၍ တိုက်တွန်းနှိုးဆော်နေ၏။

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေပြီး ကောင်းကင်ဘုံဝံပုလွေကို လျစ်လျူရှုလိုက်၏။

စိတ်ခံစားချက်မျိုး မိစ္ဆာတပ်မှူးများက သူ၏ ဦးဆောင်မှုအောက်မှာ ရှိကြလေသည်။

ဖုန့်စန်းထျန်ကတော့... သူသည် မိုးကြိုးလေပြေနန်းတော်၏ နန်းတော်အရှင်ဖြစ်၏။ ယခု သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့လေပြီ။ ထိုသူက သူ့ထံမှာ ဘယ်လိုလုပ်ဦးညွှတ်နိုင်ပါ့မလဲ။

ဖုန့်စန်းထျန်သည် စိတ်ခံစားချက် ၇မျိုးထဲမှ အမျက်ဒေါသနှင့် တကယ်ပင် ကိုက်ညီမှုရှိသော်လည်း အဲဒါက အဓိပ္ပါယ်သိပ်မရှိပေ။

ကောင်းကင်ဘုံဝံပုလွေက အကြိမ်ရေအနည်းငယ် ထပ်မံ၍ ကြိုးစားကြည့်လိုက်၏။ သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံး နှုတ်ဆိတ်နေသည်ကိုတွေ့မြင်သောအခါ သူက လက်လျှော့လိုက်တော့၏။

ထိုစဥ်မှာပင် ဖုန့်စန်းထျန်က သက်ပြင်းတစ်ချက်ချပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွား၏။ သူ၏ နောက်ဘက်မှာရှိသော မိုးကြိုးကောင်းကင်လိုဏ်ဂူကလည်း တဖြည်းဖြည်းပျက်ပြယ်သွား၏။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူက အဲဒါကိုထိန်းချုပ်ပုံနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။

သူက သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။

“ခင်ဗျားရဲ့အကူအညီကြောင့်သာ မဟုတ်ရင် ကျုပ်က သေသွားခဲ့တာ ကြာနေလောက်ပြီ... မိုးကြိုးလေပြေနန်းတော်ကလည်း အပျက်အစီးပုံဘဝ ကျရောက်သွားလိမ့်မယ်... ကျုပ်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်ဖို့လည်း အခွင့်အရေးရခဲ့မှာ မဟုတ်ဘူး”

“တာအိုရောင်းရင်း... ခင်ဗျားကို ကျုပ်ဘဝမှာ အကြီးမားဆုံး ကျေးဇူးရှင်လို့ဆိုနိုင်တယ်”

“ဒါပေမဲ့...”

ခဏမျှရပ်တန့်ပြီးနောက် ဖုန့်စန်းထျန်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ စကားလမ်းကြောင်းပြောင်းလိုက်၏။

“တာအိုရောင်းရင်း... ခင်ဗျားကျုပ်ကို ဖြေပေးနိုင်ဖို့ ကျုပ်မျှော်လင့်ထားတဲ့ တစ်စုံတစ်ရာရှိတယ်”

“ခင်ဗျားက ဒီစတုရန်းကြေးမီးဖိုကို ဘယ်လိုရလာတာလဲ... ခင်ဗျားအဲဒါကို ဘယ်သူ့ဆီကနေ ရလာတာလဲ”

သိုင်းတာအိုပင်မခန္ဓာသည် ဖုန့်စန်းထျန်စဥ်းစားတွေးတောနေသည့်အရာကို သိလေသည်။

“အစ်ကိုဖုန့်... ကျုပ်ပါ”

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် သူ၏ အသံကို ဖုံးကွယ်ထားခြင်းမရှိဘဲ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

သူတို့နှစ်ယောက်သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ခွဲခွာခဲ့စဥ်က သူတို့သည် ဝိုင်ပြင်းများကို အတူသောက်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုများဟု ခေါ်ဆိုခဲ့ကြ၏။ ထိုအချိန်တုန်းက ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ် ညသင်္ချိုင်းတို့ကလည်း ရှိခဲ့လေသည်။

ဖုန့်စန်းထျန်သည် ထိုစည်းမျဥ်းစည်းကမ်းများနှင့် ဝါစဥ်အနိမ့်အမြင့်များက သူ၏ မျက်လုံးထဲမှာ အဓိပ္ပါယ်မရှိသောအရာများဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

အဲဒါကို သူသဘောကျသည်ဆိုလျှင် သူက မည်သူနှင့်မဆို မိတ်ဆွေဖွဲ့နိုင်သည်။

အဲဒါကို သူသဘောမကျဘူးဆိုလျှင် ထိုလူက အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်နေသည်ဆိုလျှင်တောင် ဘာဖြစ်သလဲ။

ဖုန့်စန်းထျန်က ထိုအသံကိုကြားသောအခါ အနည်းငယ်မှင်တက်သွား၏။

ထို့နောက်ချက်ချင်းပင် သူ၏ မျက်လုံးက ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားပြီး ဟားတိုက်ရယ်မောလိုက်၏။

“ဟားဟားဟားဟား... ညီအစ်ကို အဲဒါတကယ်ပဲ မင်းကို”

အစက ဖုန့်စန်းထျန်မှာ ထိုခန့်မှန်းချက်ရှိခဲ့သော်လည်း သူက အဲဒါကိုပယ်ချခဲ့၏။

ယခုသူက တကယ့်ကို သေချာသွားလေသည်။

တကယ်တော့ ဖုန့်စန်းထျန်သည် အချက်တစ်ချက်နှင့်ပတ်သက်၍ သေချာသိရှိထား၏။ သူ့ရှေ့မှာရှိသော အထီးကျန်သိုင်းသခင်သည် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှာရှိသော ဆူဇီမိုနှင့် သေချာပေါက် ခန္ဓာကိုယ်ချင်း မတူညီပေ။

မည်သို့ပင်ဆိုစေ သူတို့၏ နည်းလမ်းများနှင့် ဓမ္မတာအိုမှာ ကွာခြားချက်က အရမ်းကိုကြီးမားနေပြီး တူညီမှုမရှိသလောက်နီးပါးပင်။

ယခု... သူသည် သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို သိရှိသွားပြီး ဖုန့်စန်ထျန်၏ နောင်ဆုံးစိုးရိမ်ပူပန်မှုများက ဆက်လက်၍မရှိတော့ဘဲ သူက စိတ်ခံစားချက်အတော်လေးကောင်းမွန်လာခဲ့၏။

“ညီကိုဆူ... မင်းဘာလို့...”

ဖုန့်စန်းထျန်၏ အကဲဖြတ်မှုနှင့်အတွေ့အကြုံအရ ဂမ္ဘီရမိုးကောင်းကင်ကုန်း အင်မော်တယ်မဟာနယ်မြေမှာရှိသော ဆူဇီမိုက ကိုယ်ပွားတစ်ခုကဲ့သို့ လျှို့ဝှက်ချက်တစ်ခုဖြစ်နိုင်သည်ကို သူကပြောနိုင်သည်။

သို့သော်လည်း သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်၍ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာပြီးတာတောင် သူသည် သိုင်းတာအိုပင်မခန္ဓာ၏ သရုပ်သကန်ကို ထွင်းဖောက်မမြင်နိုင်ပေ။

“အဲဒါက ပြောရရင်တော့ အရှည်ကြီးပဲ”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဥ်းစားတွေးတောပြီးနောက် ရှင်းပြမနေတော့ပေ။ ထိုအစားသူက ပြန်မေးလိုက်၏။

“အစ်ကိုဖုန့်.. ကျုပ်တို့ ဒီလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲ”

“မဟူရာမိစ္ဆာဂိုဏ်းက ကျင့်ကြံသူတွေလား”

ဖုန့်စန်းထျန်က မျက်မှောင်ကြုတ်ပြီး သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။

“သူတို့ကို ထွက်သွားခိုင်းလိုက်ပါ”

သူတို့ကြားမှာ နက်ရှိုင်းသော မည်သည့်ရန်ငြိုးရန်စမှ မရှိသည့်အတွက် သူတို့အားလုံးကို သတ်ဖြတ်စရာမလိုပေ။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြပြီး ငရဲဖိနှိမ်မီးဖိုကို ဖယ်ရှားလိုက်၏။ အတွေးတစ်ချက်နှင့်အတူ အထွတ်အမြတ်ဝိညာဥ်လေးခုက မီးဖိုထဲသို့ တစ်ဖန်ပေါင်းစည်းဝင်ရောက်သွား၏။

ကျုံးယန်က မြေပြင်ပေါ်မှာ ဒူးထောက်နေရင်း ခြေကုန်လက်ပန်းကျနေပြီး သည်းထန်စွာ မောဟိုက်နေ၏။

သူက သူ၏ သိုလှောင်အိတ်ထဲကနေ တံဆိပ်ပြားတစ်ခုကို ဖြည်းဖြည်းချင်းဆွဲထုတ်ပြီး သူ၏ ဦးခေါင်းထက်မြှောက်တင်ကာ ထုတ်ဖော်ကြေညာလိုက်၏။

“ဖုန့်စန်းထျန်... ဂိုဏ်းချုပ်က မင်းကို သူနဲ့အခုချက်ချင်းလာတွေ့ဖို့ အမိန့်ပေးလိုက်တယ်”

“မင်းဘာတွေလာပြောနေတာလဲ”

ဖုန့်စန်းထျန်၏ အမူအရာက အေးစက်လာခဲ့၏။

ကျုံးယန်ကို သူ့ကိုယ်သူ အားတင်းပြီး ပြောလိုက်၏။

“ဖုန့်စန်းထျန်... ဒါက မင်းကို ဂိုဏ်းချုပ် မိစ္ဆာနတ်ဆိုး မဟူရာကောင်းကင်ပေးလိုက်တဲ့ အခွင့်အရေးတစ်ခုပဲ... မင်းအဲဒါကို သေသေချာချာပြန်ပြီးစဥ်းစားသင့်တယ်... မင်းသူ့ရဲ့ကြင်နာမှုကို စိတ်ကွက်မသွားစေနဲ့”

All Chapters