← Chapters

တုန်လှုပ်စွာဖြင့်ဆုတ်ခွာကြခြင်း

Vol. 160 Ch. 2391

တုန်လှုပ်စွာဖြင့်ဆုတ်ခွာကြခြင်း

Vol. 160 Ch. 2391

သိုင်းတာအိုပင်မခန္ဓာသည် အဝါရောင်ဝတ်အမျိုးသား၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိနေခဲ့ပြီးသားဖြစ်၏။ ထိုသူက လှုပ်ရှားမှုမပြုလုပ်ခင်မှာပင် သူက ငရဲဖိနှိမ်မီးဖိုကို အသက်သွင်းပြီး လေဟာနယ်ထဲမှာ အဲဒါကို ပစ်ရိုက်ချလိုက်၏။

ဘုန်း...

အဲဒီမှာ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက်နှင့်အတူ လေဟာနယ်ထဲမှာ အမျိုးအမည်မသိ နေရာတစ်ခုကို ဦးတည်နေသည့် အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝေ့ယမ်းပြီး အန္တိမနတ်ဘုရားစွမ်းအား အင်္ကျီလက်အိုးစကြာဝဠာကို ထုတ်ဖော်ကာ ယန်ပေးချန်နှင့် အခြားသူများကို လွှမ်းခြုံစေလိုက်၏။

သူက အာကာသဥမင်ထဲသို့ ဝင်ရောက်ပြီး အဝီစိကို ဦးတည်ဖို့ပြင်ဆင်လိုက်၏။

ထိုစဥ်မှာပင် နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်က ပြောလိုက်၏။

“ဖုန့်စန်းထျန်... မင်းက ငါတို့သုံးယောက်ရောက်လာတာတောင် ဒီနေရာကနေ ထွက်ပြေးနိုင်မယ်လို့ထင်နေရင် မင်းက တော်တော်ရိုးအလွန်းတာပဲ”

“ကောင်းကင်လိုဏ်ဂူသုံးခုရဲ့ ဝန်းရံပိတ်ဆို့မှုနဲ့အဆို မင်းကလေဟာနယ်ထဲကိုထွက်ပြေးဖို့တောင် အခွင့်အရေးရမှာ မဟုတ်တော့ဘူး”

ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်ထံမှာဆို့နင့်သွား၏။

သူကအနည်းငယ် စိတ်အာရုံပျံ့လွင့်နေစဥ် မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော စိတ်ဝိညာဥ်စွမ်းအင်အတက်အကျတစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး ချက်ချင်းပင်ရောက်ရှိလာကာ မာရ်နတ်မျက်နှာဖုံးကို ရိုက်ခတ်လိုက်၏။

အဝါရောင်ဝတ်အမျိုးသားက လုံးဝထိန်ချန်ထားခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ချက်ချင်းထုတ်ဖော်လိုက်၏။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ ပေါင်းစပ်မှုနှင့်အတူ ကောင်းကင်လိုဏ်ဂူအမြုတေစိတ်ဝိညာဥ်တစ်ခု၏ စွမ်းအားက အရမ်းကိုကြီးမားလာပြီး အဲဒါက သိုင်းတာအိုပင်မခန္ဓာကို သတ်ဖြတ်ဖို့လုံလောက်လေသည်။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က မာရ်နတ်မျက်နှာဖုံးကို ရိုက်ခတ်သောအခါ အဲဒါက အလိုအလျောက် ခုခံလာခဲ့၏။

အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် မာရ်နတ်မျက်နှာဖုံးကိုလည်း လုံးလုံးလျားလျား ထိန်းချုပ်လာနိုင်ခဲ့ပြီဖြစ်၏။ အဲဒါက အသိစိတ်ဝင်လာပြီး အန္တရာယ်ကို အာရုံခံမိကာ သူ့သခင်ကိုသူ ကာကွယ်ဖို့အတွက် အလိုလိုတုံ့ပြန်ခုခံလာခဲ့၏။

မာရ်နတ်မျက်နှာဖုံးပေါ်မှာ ရေကန်တစ်ခုကဲ့သို့ ဝဲဂယက်များပေါ်ထွက်လာ၏။

ရုတ်တရက်ဆိုသလို... ရေကန်၏ မျက်နှာပြင်ပေါ်မှာ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာတစ်ခုပေါ်ထွက်လာ၏။ အဲဒီမှာ ရယ်မောခြင်း၊ ငိုကြွေးခြင်း၊ ဝမ်းသာပျော်ရွှင်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ တုန်လှုပ်ခြင်းနှင့်ကြောက်ရွံ့ခြင်း... စသည်တို့ပါဝင်နေ၏။

လုံးလုံးလျားလျား မတူကွဲပြားသည့် စိတ်ခံစားချက်များက တစ္ဆေမျက်နှာပေါ်မှာ ပေါ်ထွက်လာကြ၏။

အဲဒါသည် ဝမ်းသာပျော်ရွှင်မှု၊ အမျက်ဒေါသ၊ ဝမ်းနည်းပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်းနှင့် တဏှာရမ္မက်ဟူသော စိတ်ခံစားချက်များဖြစ်၏။

တစ္ဆေမျက်နှာက ထူးဆန်းသော နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရ၏။

တစ္ဆေမျက်နှာကို တွေ့မြင်ရသော ကျင့်ကြံသူများသည် သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှာ အတွင်းစိတ်နတ်ဆိုးများကို ထိန်းမနိုင်သိမ်းမရ ကြီးထွားလာစေမည်ဖြစ်ပြီး သူတို့၏ စိတ်များက ဖရိုဖရဲဖြစ်လာပေလိမ့်မည်။

မာရ်နတ်မျက်နှာဖုံးက သန်မာသော်လည်း အဲဒါသည် အန္တိမမိစ္ဆာဘုရင်တစ်ဦး၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို မချေဖျက်နိုင်ပေ။

မာရ်နတ်မျက်နှာဖုံးက သတ်ဖြတ်​ခြင်းစွမ်းအား၏ တစ်ဝက်ကို ခုခံပေးခဲ့စဥ် အခြားတစ်ဝက်သည် မာရ်နတ်မျက်နှာဖုံးကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာ၏ အသိစိတ်ထဲသို့ တိုးဝင်လာခဲ့၏။

နောက်ကျိနေသော အဝါရောင်ငရဲမြစ်ရေတစ်စက သူ၏ အသိစိတ်ထဲသို့ စီးဆင်းဝင်ရောက်လာ၏။ မာရ်နတ်မျက်နှာဖုံးက ခဏမျှ ခုခံပေးခဲ့စဥ် သိုင်းတာအိုပင်မခန္ဓာက လျင်မြန်စွာတုံ့ပြန်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီးထုတ်ဖော်လိုက်၏။

သိုင်းတာအိုသည် ထူးခြားအံ့မခန်း သိုင်းတာအိုကို ဖန်တီးခဲ့၏။

သို့သော်လည်း အစစ်အမှန်သိုင်းနယ်ပယ်၏ ဓမ္မတာအိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ ကောင်းကင်လိုဏ်ဂူကို မဖိနှိမ်နိုင်ပေ။

သူ့ကျင့်ကြံမှုနယ်ပယ်၏ အကန့်အသတ်ရှိမှုကြောင့် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဥ်သည် အဝါရောင်အမျိုးသား၏ အမြုတေစိတ်ဝိညာဥ်ထက် အတော်လေးနိမ့်ကျနေ၏။

အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က သန်မာသော်လည်း အဲဒါသည် အန္တိမမိစ္ဆာဘုရင်တစ်ဦး၏ သတ်ဖြတ်ခြင်းစွမ်းအားကို မခုခံပေးနိုင်ပေ။

တစ်ခဏချင်းမှာပင် သိုင်းစိတ်ဝိညာဥ်မီးက အဝါရောင်ငရဲမြစ်ရေကြောင့် ငြိမ်းသေသွားခဲ့၏။

သို့သော်လည်း မာရ်နတ်မျက်နှာဖုံး၏ ခံစစ်ကိုဖြတ်ကျော်လာပြီးနောက် အဝါရောင်ငရဲမြစ်ရေတစ်စက သိသိသာသာဖျော့တော့သွားပြီး ၎င်း၏ ခွန်အားကလည်း ကြီးမားစွာလျော့ကျသွား၏။ အဲဒါက သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဥ်အပေါ် သေစေနိုင်သော ပျက်စီးထိခိုက်မှုကို မဖြစ်စေနိုင်တော့ပေ။

ဝေါ....

ငရဲမြစ်ရေက သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဥ်ပေါ်ကို ရိုက်ခတ်လိုက်၏။

စွမ်းအားကြီးမားသော တိုက်စားစွမ်းအားတစ်ခုက သိုင်းစိတ်ဝိညာဥ်ကို အဆက်မပြတ်တိုက်စားနေ၏။

သိုင်းစိတ်ဝိညာဥ်က အဝါရောင်ငရဲမြစ်ရေကြောင့် နှစ်မြှုပ်သတ်ဖြတ်ခြင်းမခံရသော်လည်း အဲဒါက တိုက်စားခံနေရဆဲဖြစ်၏။ သိုင်းစိတ်ဝိညာဥ်၏ အလင်းရောင်က မှေးမှိန်သွားပြီး အဲဒါက ဆွေးရိသောအနံ့တစ်ခု ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုလှောင်အိတ်ထဲကနေ အသောကသစ်သီးတစ်လုံးကိုထုတ်ယူပြီး အဲဒါကိုမျိုချလိုက်၏။

အသောကသစ်သီး၏ စွမ်းအားက မြင့်မြတ်ထည်ဝါသော နို့နှစ်ဖြူရောင် အလင်းစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်ကာ သိုင်းစိတ်ဝိညာဥ်ကို အားဖြည့်ပေး၍ ဖြစ်ပေါ်လာသော ပျက်စီးထိခိုက်မှုကို ဖြည်းဖြည်းချင်းပြုပြင်ပေးနေ၏။

ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာသည် တိုက်ပွဲနယ်မြေမှ ထူးဆန်းသောပတ်ဝန်းကျင်တစ်ခုကို ရုတ်တရက်သတိထားမိလာ၏။

အဝါရောင်ဝတ်အမျိုးသားသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုနှင့်အတူ သူ့ကိုသတ်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့၏။ သို့သော်လည်း သူက မည်သည့်လှုပ်ရှားမှုကိုမှ ထပ်မံ၍ မပြုလုပ်တော့ပေ။

ထိုအစား သူက စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုနှင့် အတူ သူ၏ မျက်လုံးအနက်ပိုင်းထဲရှိ ကြောက်ရွံ့မှုတစ်စွန်းတစ်စနှင့်အတူ ဆူဇီမို၏ မျက်နှာကို ကြည့်နေ၏။

တိုက်ပွဲနယ်မြေ၏ အခြားတစ်ဘက်မှာ အစက ဖုန့်စန်းထျန်ကို တိုက်ခိုက်နေသော အန္တိမမိစ္ဆာသုံးဦးကလည်း သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ပြီး တဖြည်းဖြည်းနောက်သို့ ဆုတ်ခွာလာကြ၏။

အန္တိမမိစ္ဆာဘုရင်သုံးဦးက ဆုတ်ခွာသွားစဥ် သူတို့သည် တစ်စုံတစ်ရာကိုရှာဖွေတွေ့ရှိသွားသည့်အလား သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို အိုးတိုးအမ်းတမ်းအမူအရာများဖြင့် စိုက်ကြည့်နေကြ၏။

ဖုန့်စန်းထျန်က အနည်းငယ်မောဟိုက်နေ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူက ဖြစ်ပျက်နေသည့်အရာကိုမသိရှိတော့ဘဲ ငေးငိုင်နေ၏။

သူ၏ မိုးကြိုးကောင်းကင်လိုဏ်ဂူက အန္တိမမိစ္ဆာသုံးဦးကြောင့် ကြေမွတော့မည့်ဆဲဆဲမှာ ဘေးတစ်ဘက်မှာရှိသော အဝါရောင်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာတိုက်ခိုက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့၏။

အန္တိမမိစ္ဆာဘုရင်သုံးဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့က နောက်ကိုဆုတ်ခွာသွားကြ၏။

“မာရ်နတ်မျက်နှာဖုံး…”

အဝါရောင်ဝတ်အမျိုးသားက သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကိုစိုက်ကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်၊ လေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်တို့က သူတို့၏ မျက်လုံးများကို မှေးကျဥ်းကာ သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

“ခင်ဗျားက ဧကရာဇ်ပိုရွှင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ”

အဝါရောင်ဝတ်အမျိုးသားက ထပ်မံ၍ မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်စကားကိုမှမဆိုဘဲ တစ်ဘက်လူများကို တည်ငြိမ်စွာသာကြည့်နေ၏။

သူသည် ဧကရာဇ်ပိုရွှင်းနှင့် မည်သည့်ပတ်သက်မှုမှမရှိပေ။

သူတို့က ပတ်သက်ဆက်စပ်မှုရှိမည်ဆိုလျှင် သူတို့က ရန်သူများဖြစ်သည်ဟုသာ ပြောရပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ နှုတ်ဆိတ်နေမှုက အဝါရောင်ဝတ်အမျိုးသားနှင့် အခြားသော အန္တိမမိစ္ဆာဘုရင်သုံးဦးကို ပို၍ပင်စိုးရိမ်ထိတ်လန့်လာစေသည်။

သိပ်မကြာသေးခင်က ဧကရာဇ်ပိုရွှင်းပြန်လည်ပေါ်ထွက်လာသည့်သတင်းက မိစ္ဆာမဟာနယ်မြေမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

ထိုစဥ်တုန်းက မိစ္ဆာများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး တုန်လှုပ်ကုန်ကြကာ သူတို့၏ နှလုံးသားအနက်ပိုင်းထဲမှာ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သော အကြောက်တရားခံစားချက်ကို ပြန်လည်ရရှိလာကြသည်။

အတိတ်ကာလတုန်းက ဧကရာဇ်ပိုရွှင်းသည် မိစ္ဆာမဟာနယ်မြေကိုအုပ်စိုး၍ ပြိုင်ဘက်ကင်းခဲ့သည်။

သူက အထွတ်အထိပ်အန္တိမဖြစ်ခဲ့ပြီး မိစ္ဆများအားလုံးကို စေခိုင်းနိုင်ခဲ့၏။ မည်သူကမှ သူ့အမိန့်ကို မနာခံဘဲမနေရဲပေ။

ဧကရာဇ်ပိုရွှင်းသေဆုံးခဲ့ပြီးနောက် မိစ္ဆာမဟာနယ်မြေမှ ဧကရာဇ်များသည် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ကာ မည်သူကမှ မိစ္ဆာများကို ဆက်လက်၍မဖိနှိမ်နိုင်တော့ပေ။

ထို့နောက် သူတို့သည် ဖရိုဖရဲနှင့် အဖွဲ့များစွာကွဲထွက်ကာ ယခုအချိန်ထိ ဤပုံစံအတိုင်းရှိနေကြ၏။

အရင်တုန်းက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှာ ဧကရာဇ်နှစ်ဆယ်ကျော်က အတူပူးပေါင်းပြီး ဧကရာဇ်ပိုရွှင်းကို ထောင်ချောက်ဆင်တိုက်ခိုက်၍ အဝီစိသို့တွန်းပို့ခဲ့ခြင်းကြောင့်မဟုတ်လျှင် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးသည် ဧကရာဇ်ပိုရွှင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဧကရာဇ်နှစ်ဆယ်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကပင်လျှင် ဧကရာဇ်ပိုရွှင်းကို မသတ်ဖြတ်နိုင်ဘဲ သူတို့သည် ထိုသူကို ဖိနှိမ်ဖို့အတွက် အဝီစိကိုသာ အသုံးချခဲ့ကြ၏။ အတိတ်ကာလတုန်းက ဧကရာဇ်ပိုရွှင်းသည် ဘယ်လောက်တောင် အစွမ်းထက်ခဲ့သလဲ သိသာလေသည်။

ယခုအခါ ဧကရာဇ်ပိုရွှင်းသည် အဝီစိကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီဖြစ်၏။

အဝီစိကပင် သူ့ကို ပိတ်လှောင်မထားနိုင်တော့ပေ။

ဧကရာဇ်ပိုရွှင်းသည် လွတ်မြောက်လာခဲ့ပြီးနောက် သူသည် သုခဘုံသန့်စင်ကုန်းမြေမှ ထျဲဝေတောင်ပေါ်တွင် ကောင်းကင်ဘုံဘုရင်လေးဦးကို သတ်ဖြတ်ခဲ့သည်ဟုဆိုလေသည်။ ထို့နောက် သူက မိစ္ဆာမဟာနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး တစ်စွန်းတစ်စမကျန်ပျောက်ကွယ်ကာ ထပ်မံ၍ပေါ်ထွက်မလာတော့ပေ။

ဧကရာဇ်ပိုရွှင်းသည် ထွက်ပြေးလွတ်မြောက်လာပြီးနောက် သူက သေချာပေါက်တစ်ကြော့ပြန်လာတော့မည်ကို လူတိုင်းက သိရှိထားကြ၏။

ဧကရာဇ်ပိုရွှင်း၏ အစွမ်းအစအရ သူသည် မိစ္ဆာမဟာနယ်မြေကို သေချာပေါက် နောက်တစ်ဖန်သိမ်းပိုက်နိုင်ပေလိမ့်မည်။

သို့သော်လည်း နှစ်တစ်ထောင်ကြာပြီးနောက် သူသည် မိစ္ဆာမဟာနယ်မြေကနေပျောက်ကွယ်သွားသည့်အလား ဧကရာဇ်ပိုရွှင်း၏ မည်သည့်သတင်းကမှ ထွက်ပေါ်မလာတော့ပေ။

ဧကရာဇ်ပိုရွှင်းက မိစ္ဆာမဟာနယ်မြေမှာ သေချာပေါက်ရှိနေသည်ကို မိစ္ဆာများအားလုံးက သိရှိထားသော်လည်း မည်သူကမှ သူရှိနေသည့်နေရာကို မသိကြပေ။

သို့သော်ယခု... ဧကရာဇ်ပိုရွှင်း၏ မာရ်နတ်မျက်နှာဖုံးက အန္တိမမိစ္ဆာဘုရင်လေးဦး၏ ရှေ့မှာ ပြန်လည်ပေါ်ထွက်လာခဲ့၏။

အဲဒါက ဘာအဓိပ္ပါယ်လဲ။

အန္တိမမိစ္ဆာဘုရင်လေးဦးသည် သိုင်းတာအိုပင်မခန္ဓာကို ထွင်းဖောက်မမြင်နိုင်ဘဲ ဤလူက လျှို့ဝှက်ဆန်းကြယ်နေသည်ဟု သူတို့က တစ်ချိန်လုံး ခံစားနေခဲ့ရ၏။

ယခု... အန္တိမမိစ္ဆာဘုရင်လေးဦးက နားလည်သဘောပေါက်လာခဲ့၏။

ဤလူကို ပျောက်ကွယ်သွားသော ဧကရာဇ်ပိုရွှင်းက သေချာပေါက်နောက်ခံပေးထားလေသည်။

ဤကဲ့သို့လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားသည့် ကျင့်ကြံသူတစ်ယောက်ကို ဧကရာဇ်ပိုရွှင်းကသာလျှင် ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။

ဤအခိုက်အတန့်မှာ ဧကရာဇ်ပိုရွှင်းသည် ထောင့်တစ်နေရာမှာမတ်တတ်ရပ်ပြီး သူတို့အကုန်လုံးကို တိတ်တဆိတ်စောင့်ကြည့်နေတာပင် ဖြစ်နိုင်လေသည်။

ထိုသို့အတွေးဖြင့် အန္တိမမိစ္ဆာဘုရင်လေးဦးက ကြက်သီးမွေးညင်းများထ၍ ချွေးပြန်လာခဲ့၏။

“နှုတ်ဆက်ပါတယ်”

မိစ္ဆာနတ်ဆိုးမဟူရာကောင်းကင်က သိုင်းတာအိုပင်မခန္ဓာဘက်သို့ သူ၏ လက်နှစ်ဖက်ကိုယှက်ပြပြီး နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

လေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် နတ်ဘုရားမိစ္ဆာတောင်ကြောရိုး၏ ပိုင်နက်အရှင်ကလည်း ထပ်ကြပ်မကွာပြုမူလှုပ်ရှားပြီး လေဟာနယ်ကိုဆုတ်ဖြဲကာ ဤနေရာကနေထွက်ပြေးသွားကြ၏။

“အဲဒါ.. အဲဒါက... နားလည်မှုလွဲသွားတာပါ... ကျုပ်တို့ ကံမကုန်ရင်ပြန်ဆုံကြသေးတာပေါ့”

အဝါရောင်ဝတ်အမျိုးသားကလည်း သိုင်းတာအိုပင်မခန္ဓာဘက်သို့ သူ၏ လက်နှစ်ဖက်ကိုယှက်ပြပြီး ခြောက်ကပ်ကပ် ရယ်မောကာ လှည့်ထွက်သွား၏။

တစ်ခဏချင်းမှာပင် အန္တိမမိစ္ဆာဘုရင်လေးဦးက ထွက်ပြေးသွားပြီး တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားကြ၏။

All Chapters