← Chapters

ဒုံမင်းမိစ္ဆာနှင့် ပုလွေမိစ္ဆာ

Vol. 160 Ch. 2393

ဒုံမင်းမိစ္ဆာနှင့် ပုလွေမိစ္ဆာ

Vol. 160 Ch. 2393

ကူထုံယိုနှင့် ချိုးစစ်လောသည် အ​ကြည့်ချင်းဖလှယ်လိုက်ကြ၏။

ချိုးစစ်လောက သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ပြုံး၍ မေးလိုက်၏။

“ကျွန်မတို့နှစ်ယောက်ကိုရော ထျန်ဟွမ်ဂိုဏ်းက လက်ခံချင်မလား မသိဘူး”

“သေချာပေါက် ပြဿနာ မရှိဘူး… အဲဒါကို ငါသဘောတူတယ်”

ဖုန့်စန်းထျန်က ရယ်မော၍ ပြောလိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ စဉ်းစားတွေးတောပြီး တည်တံ့စွာ မေးလိုက်၏။

“တာအိုရောင်းရင်းတို့… ခင်ဗျားတို့တွေက စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးတွေအဖြစ် ဝင်ရောက်လိုလား”

“ကျုပ်တို့ကလား”

ကူထုံယိုနှင့် ချိုးစစ်လောက အနည်းငယ် မှင်တက်သွား၏။

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်၍ ပြောလိုက်၏။

“တာအိုရောင်းရင်းတို့… ခင်ဗျားတို့ရဲ့ ဒုံမင်းနဲ့ ပုလွေ ဂီတသံစဉ်က တကယ့်ကို ကောင်းကင်အဆင့်ပဲ… တာအိုရောင်းရင်းကူ ခင်ဗျားရဲ့အသံက ဝမ်းနည်းပူဆွေးဖွယ်ရာကောင်းပြီး ရင်ထဲမှာ ဆို့နင့်စေတယ်…. ခင်ဗျားက ဝမ်းနည်းပူဆွေးခြင်းဆိုတဲ့ ဘွဲ့နဲ့ တကယ်ပဲ ထိုက်တန်တယ်”

“တာအိုရောင်းရင်းချိုး… ခင်ဗျားရဲ့ ဒုံမင်းသံက ရေတံခွန်စီးဆင်းနေသံနဲ့ ရွှေဝါငှက် တေးဆိုနေသလိုပဲ… အဲဒါက ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေပြီးတော့ လူတစ်ယောက်ရဲ့ နှလုံးသားကို နွေးထွေးတဲ့ နေရောင်ခြည်လို နှစ်သိမ့်ပေးနိုင်တယ်… ခင်ဗျားက ချစ်ခြင်းမေတ္တာဘွဲ့နဲ့ တကယ်ပဲ ထိုက်တန်တယ်”

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကျိယောင်ရွှယ်၏ သေဆုံးမှုသတင်းကို ကြားသောအခါ ယူကျုံးမရ ဝမ်းနည်းပက်လက်​ဖြစ်နေခဲ့သည်။ သူ၏ တာအိုနှလုံးသားကပင် ပျက်စီးထိခိုက်ခဲ့​ပြီး အဲဒါကို ပြန်လည်မကုသနိုင်ခဲ့ပေ။

ကူထုံယိုနှင့် ချိုးစစ်လောတို့ တီးခတ်ခဲ့သည့် အောက်မေ့တမ်းတခြင်း သီချင်းကို နားထောင်ပြီးမှသာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ထိုအခြေအနေကနေ ရုန်းထွက်လာနိုင်ခဲ့သည်။

သူသည် ပုလွေသံကို ကြားရစဉ်က သူ၏ ရင်ထဲရှိ နာကျင်မှုက နောက်ဆုံးမှာ ပြေလျော့သွားခဲ့၏။

ဒုံမင်းသံကို ကြားရချိန်မှာ သူ၏ တာအိုနှလုံးသားထဲရှိ ဒဏ်ရာများကို ပြန်လည်ကုသနိုင်ခဲ့၏။

ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် ဝေးကွာလွန်းသော ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိနေခဲ့သော်လည်း သူသည် ဒုံမင်းနှင့် ပုလွေ၏ ဝမ်းနည်းပူဆွေးမှုနှင့် ချစ်ခြင်းမေတ္တာကို ခံစားမိနိုင်ခဲ့၏။

အောက်မေ့တမ်းတခြင်း သီချင်းတစ်ပုဒ်ထဲက ကမ္ဘာနှစ်ခုခြားနေသော သိုင်းတာအိုပင်မခန္ဓာအပေါ်ပင် သက်ရောက်စေနိုင်ခဲ့၏။ ကူထုံယိုနှင့် ချိုးစစ်လော၏ ဒုံမင်းနှင့်ပုလွေ ပူးပေါင်းတင်ဆက်မှုက ဘယ်လောက်တောင် သန်မာအားကောင်းသလဲ သိသာလေသည်။

သူတို့၏ ဒုံမင်းနှင့် ပုလွေသံက သူတို့၏ ဓမ္မတာအိုများနှင့် ပေါင်းစည်းနေရုံသာမက သူတို့၏ စိတ်ခံစားချက်များနှင့်ပါ ပေါင်းစည်းထားလေသည်။

“ကျမတို့က တကယ်တော့….”

ချိုးစစ်လောက အဲဒါကို မယုံကြည်နိုင်သေးပေ။

မည်သို့ပင်ဆိုစေ စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများကြားမှာ အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသ ဖုန့်စန်းထျန်လည်း ပါဝင်နေ၏။ သူတို့နှစ်ယောက်သည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်လျှင် အဆင့်မမီသေးဟု ခံစားနေရသည်။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာ မပြောရသေးခင်မှာပင် ဖုန့်စန်းထျန်က ဝင်ရောက်ပြောဆိုလိုက်၏။

“မင်းတို့နှစ်ယောက် မင်းတို့ကိုယ်မင်းတို့ ဘာမှ နှိမ့်ချထားစရာ မလိုဘူး… ငါက ကျင့်ကြံလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ… တေးဂီတမှာ မင်းတို့နှစ်ယောက်ကို​ အနိုင်ယူနိုင်မယ့်သူမျိုး ငါ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ဘူး”

“တကယ်တော့ ရှိပါတယ်”

ချိုးစစ်လောက တစ်စုံတစ်ယောက် အကြောင်းကို တွေးမိသွားပြီး တီးတိုးရေရွတ်လိုက်၏။

“ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို ပြောတာလား”

သိုင်းတာအိုပင်မခန္ဓာက ချိုးစစ်လောက စိတ်ကို ဖတ်မိပုံရပြီး မေးလိုက်၏။

အရင်တုန်းက ဝိညာဉ်ရိတ်သိမ်းဒုံမင်းကို ချိုးစစ်လောထံမှ လုယူဖို့အတွက် ဒုံမင်းအင်မော်တယ် မုန့်ယောင်သည် ကြီးမားသော အင်အားတစ်ခုကို စုဖွဲ့ခဲ့ပြီး သူမကိုယ်တိုင်ပင် သူတို့နှစ်ယောက်ကို အမဲလိုက်ခဲ့၏။

သူတို့နှစ်ယောက်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပြေးစရာနေရာ မရှိတော့ဘဲ မိစ္ဆာမဟာနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ၏။ တိုက်ဆိုင်စွာဖြင့် သူတို့သည် မိုးကြိုးလေပြေနန်းတော်သို့ ဝင်ရောက်နိုင်ခဲ့ကြ၏။

ချိုးစစ်လောက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

တေးဂီတမှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို မပြောနှင့်… ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် နတ်မိမယ်မုန့်ယောင်ကို တေးဂီတမှာ နံပါတ်တစ် ဒုံမင်းအင်မော်တယ်အဖြစ် အများက အသိအမှတ်ပြုထားကြသည်။

သို့သော်လည်း ကူထုံယိုနှင့် ချိုးစစ်လောမှာ ထင်ရှားသော နာမည်မရှိဘဲ သူတို့ကို မည်သူကမှ မသိရှိကြပေ။

“ဒုံမင်းအင်မော်တယ်က ဘာမို့လို့လဲ… အဲဒါက အလကားသက်သက် ဘွဲ့တစ်ခုထက် မပိုဘူး”

သိုင်းတာအိုပင်မခန္ဓာက မုန့်ယောင်ကို အထင်မကြီးပေ။

အဲဒါသည် သူတို့နှစ်ယောက်ကြားက ရန်ငြိုးရန်စကြောင့် မဟုတ်ဘဲ မုန့်ယောင်၏ ဒုံမင်းသံမှာ မည်သည့်စိတ်ခံစားချက်မှ မပါရှိသောကြောင့်ဖြစ်၏။ အဲဒါသည် သူမ၏ ဓမ္မတာအိုနည်းစနစ်သက်သက်မျှသာ ဖြစ်သည်။

“တာအိုရောင်းရင်းတို့… တစ်နေ့မှာ ခင်ဗျားတို့ရဲ့ အောင်မြင်ထွန်းပေါက်မှုက မုန့်ယောင်ကို ကျော်တက်သွားလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီး သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“နောက်ပြီး မုန့်ယောင်က ခင်ဗျားတို့ကို အမဲလိုက်ဖို့အတွက် အာဏာပါးကွက်သား အစောင့်တပ်သားတွေကို စေလွှတ်ခဲ့ဖူးတယ်… ဒီကိစ္စကို ဒီတိုင်းထားလို့ မရဘူး… အဲဒါအတွက် သူ့ကို ပြန်ပေးဆပ်ခိုင်းဖို့ ကျုပ် အခွင့်အလမ်းတစ်ခုကို ရှာမယ်”

ကူထုံယိုနှင့် ချိုးစစ်လောက ရင်ထဲမှာ ထိသွားသော်လည်း သူတို့က စိုးရိမ်ပူပန်လာခဲ့၏။

ချိုးစစ်လောက အလောတကြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်… ဒီကိစ္စကို မေ့လိုက်ပါ… ဒုံမင်းအင်မော်တယ်ရဲ့ လွှမ်းမိုးမှုနဲ့ နာမည်ဂုဏ်သတင်းက မိုးကောင်းကင်ကိုးလွှာမှာ အရမ်းကို ကြီးမားနေပြီ… သူက အရမ်းကို ဝေးကွာလွန်းတဲ့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ရှိတယ်… ကျေးဇူးပြုပြီး ကျွန်မတို့နှစ်ယောက်အတွက် အန္တရာယ်ကို မစွန့်စားပါနဲ့”

“အင်း”

သိုင်းတာအိုပင်မခန္ဓာက ကန့်ကွက်ခြင်း မရှိဘဲ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

သူသည် ဖြေရှင်းချက်တချို့ တောင်းဆိုဖို့အတွက် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ပျံဂိုဏ်းသို့ တစ်ယောက်တည်း အလောတကြီး သွားရောက်လိမ့်မည် မဟုတ်ပေ။ အဲဒါက သက်သက်သေချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့သော တစ်စုံတစ်ရာအတွက် သူက အခွင့်အလမ်းတစ်ခုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရပေမည်။

ကိစ္စများက ဤအခြေအနေထိ ရောက်ရှိလာပြီဆိုမှတော့ အဲဒီမှာ စိတ်ခံစားချက် ၇မျိုးအတွက် ပျော်ရွှင်ခြင်း၊ အမျက်ဒေါသ၊ ဝမ်းနည်းပူဆွေးခြင်း၊ ချစ်ခြင်းမေတ္တာနှင့် အမုန်းတရားတို့အတွက် သင့်လျော်သည့်သူများ ရရှိလာခဲ့ပြီဖြစ်၏။ သူတို့က မင်းကျန်၊ ဖုန့်စန်းထျန်၊ ကူထုံယို၊ ချိုးစစ်လောနှင့် ယန်ပေးချန်တို့ ဖြစ်ကြ၏။

စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများထဲမှ ၅ဦးကို အထိုင်ချပြီးသွားပြီး အကြောက်တရားနှင့် တဏှာရမ္မက်အတွက် နေရာနှစ်ခုသာ လစ်လပ်နေတော့၏။

အဲဒါက အလောတကြီး လုပ်ရမည့်အရာ မဟုတ်ပေ။

ဘေးတစ်ဖက်မှာ ကောင်းကင်ဘုံဝံပုလွေက ဂနာမငြိမ်ဖြစ်လာပြီး အနားသို့ ရောက်လာကာ တီးတိုးပြောဆိုလိုက်၏။

“သခင်… ကျုပ်က သင့်လျော်တယ်လို့ ခင်ဗျား မထင်ဘူးလား… အဲဒီမှာ နေရာနှစ်နေရာပဲ ကျန်တော့တယ်… ကျုပ်တို့ရဲ့ ဆက်ဆံရေးအရဆိုရင် ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်ကို တစ်နေရာတော့ ပေးသင့်တယ်”

“မင်း အဲဒါကို မလုပ်နိုင်ဘူး”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ဦးခေါင်းကို နောက်တစ်ဖန် ခါပြပြီး ငြင်းဆန်လိုက်၏။

ကောင်းကင်ဘုံဝံပုလွေက ဒေါသဖြင့် မျက်လုံးစွေကြည့်လိုက်၏။

မည်သို့ပင်ဆိုစေ သူသည် အရင်တုန်းက စိတ်ခံစားချက် ၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ဖူး၏။ ယခု​ သူက ပြန်လည်ဝင်စားလာခဲ့ပြီး သူ၏ ကျင့်ကြံမှု အလျင်အဟုန်က မနှေးကွေးပေ။ သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း အားမနည်းပေ။ သူက ဘာလို့ အမြဲတမ်း အထင်သေးခံနေရတာလဲ။

“ကျုပ် ဘာလို့ မလုပ်နိုင်ရမှာလဲ”

ကောင်းကင်ဘုံဝံပုလွေက မကျေမနပ် ပြောဆိုလိုက်၏။

“သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က ပုလွေကို မှုတ်ပြီး တစ်ယောက်က ဒုံမင်းကို တီးခတ်ကြရုံပဲ… သူတို့တွေက သီချင်းတစ်ပုဒ်ကို တီးခတ်နေရုံပဲလေ… သူတို့က ဘာများလုပ်နိုင်မှာလဲ”

“သူတို့နှစ်ယောက်တောင်မှ စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးတွေ ဖြစ်လာနိုင်တယ်ဆိုရင် ကျုပ်က ဘာလို့ မဖြစ်နိုင်ရမှာလဲ”

သိုင်းတာအိုပင်မခန္ဓာက မာန်နတ်မျက်နှာဖုံးကို နောက်တစ်ဖန်တပ်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းမကျေနပ်ဘူးဆိုရင် သူတို့ သီချင်းတစ်ပုဒ် တီးခတ်တာကို နားထောင်ကြည့်လိုက်လေ”

“ဒါပေါ့ ရတယ်လေ”

ကောင်းကင်ဘုံဝံပုလွေက လှောင်ရယ်လိုက်၏။

သူသည် ဘဝနှစ်ခုမှာ နေထိုင်ခဲ့ဖူးပြီး သူ့မှာ သန်မာသော စိတ်ဓာတ်ရှိလေသည်။ သူက ဒုံမင်းနှင့် ပုလွေ တီးခတ်ရုံဖြင့် ဘယ်လိုလုပ် ဖိနှိမ်ခံရနိုင်ပါ့မလဲ။

ကောင်းကင်ဘုံဝံပုလွေက သူ၏ ခေါင်းကို မော့ပြီး ကူထုံယိုနှင့် ချိုးစစ်လောကို ကြည့်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက သူ့ကို လျစ်လျူရှုပြီး ဖုန့်စန်းထျန်၊ ယန်ပေးချန်နှင့် အခြားသူများနှင့်အတူ တိုက်ပွဲနယ်မြေကို သွားရောက်ရှင်းလင်းလိုက်၏။

ဤတစ်ခေါက်မှာ ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများသည် မိစ္ဆာစစ်တပ် ၁၈တပ်နှင့် မိစ္ဆာတစ်သန်းကို ဦးဆောင်လာခဲ့၏။ သို့သော်လည်း သူတို့အားလုံးက ခြွင်းချက်မရှိ ဖျက်ဆီးချေမှုန်းခံခဲ့ရသည်။

သန်မာသော မိစ္ဆာတစ်သန်းစစ်တပ်သည် ကောင်းကင်ဘုံကပ်ဘေးကြောင့် ဖျက်ဆီးခံခဲ့ရပြီး မြေပြင်ပေါ်မှာ သူတို့၏ သိုလှောင်အိတ်များ ကျန်ရစ်ခဲ့၏။

ထိုအရာများ အားလုံးသည် ထျန်ဟွမ်ဂိုဏ်းကို နောက်တစ်ဆင့်သို့ လျင်မြန်စွာ မြှင့်တင်ဖို့အတွက် ကြီးမားသည့် အ​ထောက်အပံ့များ ဖြစ်လာပေလိမ့်မည်။

“ညီအစ်ကိုဆူ… ထျန်ဟွမ်ဂိုဏ်းကို ဘယ်နေရာမှာ အထိုင်ချဖို့ ပြင်ထားသလဲ”

ဖုန့်စန်းထျန်က မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြန်မေးလိုက်၏။

“အစ်ကိုဖုန့်… ခင်ဗျားရော ဘယ်လိုထင်လဲ”

ဖုန့်စန်းထျန်က ဝေဖန်ဆန်းစစ်ပြလိုက်၏။

“မိစ္ဆာနယ်မြေရဲ့ ဗဟိုချက်ဒေသက အဖွဲ့အစည်းပေါင်းစုံ ရောထွေးပြီး ဒီမှာရှိတဲ့ အခြေအနေက ဗရမ်းဗတာဖြစ်နေတယ်… ဒီနေရာမှာ အရင်းအမြစ်တွေက ကြွယ်ဝပေမဲ့ ငါတို့တွေက သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ရမယ်… ပြိုင်ဆိုင်မှုကလည်း အရမ်းကို ပြင်းထန်ကြမ်းတမ်းလွန်းတယ်”

“မင်းက မိစ္ဆာနယ်မြေရဲ့ အစွန်အဖျားမှာနေဖို့ ရွေးချယ်မယ်ဆိုရင် အရင်းအမြစ်တွေက လျော့နည်းသွားမယ်ဆိုပေမဲ့ အဲဒါက အတော်လေး တည်ငြိမ်မှု ရှိနေလိမ့်မယ်”

ခဏမျှ ရပ်တန့်ပြီး ဖုန့်စန်းထျန်က ခါးသီးစွာ ရယ်မောလိုက်၏။

“ငါက ဗဟိုချက်ဒေသမှာ မိုးကြိုးလေပြေနန်းတော်ကို တည်ထောင်ပြီး ကျရှုံးခဲ့တယ်… ငါကတော့ မိစ္ဆာမဟာနယ်မြေရဲ့ အစွန်အဖျားမှာပဲ အထိုင်ချဖို့ အကြံပြုတယ်”

“ကောင်းပြီလေ… အဲဒါဆိုလည်း ထျန်ဟွမ်ဂိုဏ်းကိုပဲ ပြန်ကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

ဖုန့်စန်းထျန်၏ အတွေးများက သူနှင့် ကိုက်ညီမှု ရှိလေသည်။

ဖုန့်စန်းထျန်သည် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာပြီး ထျန်ဟွမ်ဂိုဏ်း၏ ခွန်အားက သိသိသာသာ တိုးလာသော်လည်း မိစ္ဆာမဟာနယ်မြေ၏ ဗဟိုချက်ဒေသမှာ အခြေအနေက အရမ်းကို ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေ၏။ အဲဒါသည် အထိုင်ချဖို့အတွက် မသင့်လျော်ပေ။

ဒါ့အပြင် ဖုန့်စန်းထျန်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်ကာ ကောင်းကင်လိုဏ်ဂူနယ်ပယ်စွမ်းအားနှင့် သူ့ကိုယ်သူ ရင်းနှီးကျွမ်းဝင်လာအောင်လုပ်ဖို့ အချိန်တစ်ခု လိုအပ်နေ၏။

ဖုန့်စန်းထျန်အပြင် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများထဲမှ အခြားသော ၄ယောက်ကလည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ဖို့ အချိန်တစ်ခု လိုအပ်နေ၏။

ယန်ပေးချန်နှင့် အခြား ၃ယောက်သည် စိတ်ခံစားချက် ၇မျိုး မိစ္ဆာတပ်မှူးများ ဖြစ်လာသော်လည်း သူတို့က ပိုမိုသန်မာလာဖို့ လိုအပ်နေဆဲဖြစ်၏။ အနည်းဆုံးတော့ သူတို့သည် ကောင်းကင်အင်မော်တယ်များ၏ အထွတ်အထိပ်ကို ရောက်ရှိနေရပေမည်။

သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန် တံခါးပိတ်ကျင့်ကြံဖို့ ပြင်လိုက်၏။

သိပ်မကြာခင် တိုက်ပွဲနယ်မြေကို ရှင်းလင်းလို့ ပြီးစီးသွား၏။

လူတိုင်းက ထျန်ဟွမ်ဂိုဏ်းသို့ ပြန်သွားဖို့ ပြင်လိုက်ကြလေသည်။

“သွားဖို့ အချိန်ကျပြီဟေ့”

ဖုန့်စန်းထျန်က အမိန့်ပေးလိုက်၏။

ကူထုံယိုနှင့် ချိုးစစ်လောက သူတို့၏ ဒုံမင်းနှင့် ပုလွေတွေကို သိမ်းဆည်းလိုက်ပြီဖြစ်ပြီး လူတိုင်းက ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြ၏။ ကောင်းကင်ဘုံဝံပုလွေ တစ်ဦးတည်းကသာ ဒုံမင်းနှင့်ပုလွေ တေးဂီတသံမှာ နစ်မျောနေဆဲဖြစ်ပြီး သူ့ကိုယ်သူ ရုန်းထွက်မလာနိုင်ပေ။ သူ၏ မျက်နှာပေါ်မှာ မျက်ရည်များက တသွင်သွင်းစီးကျနေပြီး သူ၏ မျက်လုံးများက ငိုယိုထားခြင်းကြောင့် ဝေဝါးနေ၏။

“ငါ မသွားဘူး… ငါ မလိုက်တော့ဘူး”

“ဘဝက ဘာလို့ ဒီလောက်ထိ ခါးသီးနေရတာလဲ”

“အီး.. ဟီး...”

All Chapters