ဘုရင်အဆင့် အင်မော်တယ်ဆေးလုံး
Vol. 160 Ch. 2397
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရတနာသူတော်စင်နန်းတော်ပတ်လည်ရှိ တိမ်စိုင်များက ပျက်ပြယ်သွားပြီး နန်းတော်တံခါးက ဖြည်းဖြည်းချင်းပွင့်သွားသည်။
ဖျတ်ခနဲဆို မင်းသားယင်ထျန်က ရတနာသူတော်စင်ခန်းမထဲသို့ အရင်ဆုံးပြေးဝင်သွား၏။
မင်းသမီးလန်ချန်ချန်ကလည်း အလွန်တရာလျင်မြန်သောအလျင်အဟုန်ဖြင့် နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွား၏။
ကျန်ရှိနေသော လူ၇ယောက်ကလည်း ရတနာသူတော်စင်နန်းတော်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက်ပြေးသွားကြ၏။ ခန်းမက အလွန်တရာကျယ်ဝန်းပြီး တစ်ချက်ကြည့်ရုံဖြင့် အကုန်လုံးကို တွေ့မြင်နိုင်၏။
အရွယ်အစားမတူညီသည့် အလင်းလုံး ၉လုံးက လေထဲမှာလွင့်မျောနေပြီ ခန်းမတစ်ခုလုံးက အလွန်တရာကြွယ်ဝသော အသက်ဓာတ်အားဖြင့်ပြည့်နှက်နေ၏။
“နိဗ္ဗာန်အင်မော်တယ်မြက်”
“နေအမြုတေမီးနွယ်”
“ကောင်းကင်းအဆူရာအင်မော်တယ်နှင်းစက်”
“ကျယ်ပြောသမုဒ္ဒရာရတနာဂျင်ဆင်း”
“......”
ယင်ထျန်နှင့် အခြားသူများ၏ မျက်လုံးများက လင်းလက်သွား၏။
ဤနှစ်များမှာ ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေစဥ် သူသည် အထက်ဘုံလောကမှာ ရှေးဟောင်းစာအုပ်များကို လေ့လာဖတ်ရှုခဲ့၏။
သူသည် သူ့ရှေ့မှာရှိသော အလင်းလုံး ၉လုံးထဲမှ ရှားပါးရတနာ ၇ခု ၈ခုလောက်ကို မှတ်မိနိုင်၏။
ထိုဆန်းကြယ်ရတနာများအားလုံး အပင်အမျိုးအစားများဖြစ်ပြီး အလွန်တရာရှားပါးလေသည်။ သူတို့ထဲမှများစွာကက ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
အဲဒါကို ဆေးလုံးများအဖြစ် သန့်စင်ခြင်းဖြစ်စေ၊ အဲဒါကို တိုက်ရိုက်စားသုံးခြင်းဖြစ်စေ စဥ်းစားကြည့်၍မရသောအကျိုးအမြတ်များကို ရရှိနိုင်၏။
ဆန်းကြယ်ရတနာ ၉ခုထဲမှ မည်သည့်တစ်ခုမဆို ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းထက် ပို၍အားမနည်းပေ။
ယင်ထျန်က သူ၏ လှုပ်ရှားမှုနည်းစနစ်ကို လှည့်ပတ်ပြီး နတ်ဘုရားအလင်းတစ်ခုအသွင်ပြောင်းလဲကာ သူနှင့်အနီးဆုံးမှာရှိသော နိဗ္ဗာန်အင်မော်တယ်မြက်ရှိရာသို့ ပျံသန်းသွား၏။
လန်ချန်ချန်သည် နိဗ္ဗာန်အင်မော်တယ်မြက်ကို အရယူဖို့ မျှော်လင့်ချက်မရှိတော့သည်ကိုတွေ့ရသောအခါ သူမက ဦးတည်ဘက်ကို ပြတ်သားစွာပြောင်းလဲပြီး နောက်ထပ်အလင်းလုံးတစ်လုံးရှိရာသို့ ပျံသန်းသွား၏။
ဆန်းကြယ်ရတနာ ၉ခုကြားမှာ တစ်ခုချင်းစီကနေဖြာထုတ်ပေးနေသည့် အလင်းရောင်၏ သိပ်သည်းဆနှင့် လွှမ်းခြုံထားသောဧရိယာက ကွဲပြားခြားနားနေ၏။
ဥပမာအားဖြင့် နိဗ္ဗာန်အင်မော်တယ်မြက်သည် အသန်မာဆုံးအလင်းရောင်ကို ဖြာထုတ်ပေးနေပြီး လွှမ်းခြုံထားသောဧရိယာကလည်း အကြီးမားဆုံးဖြစ်၏။
အဲဒါသည် အရှားပါးဆုံးလည်းဖြစ်ပြီး အခြားသောဆန်းကြယ်ရတနာ ၈ခုထက် ပို၍အဖိုးတန်၏။
ထို့ကြောင့်ပင် အဲဒါကို ယင်ထျန်က ပစ်မှတ်ထားလိုက်ခြင်းဖြစ်၏။
အခြားသောကျင့်ကြံသူများသည် လန်ချန်ချန်က သူမ၏ ပစ်မှတ် ပြောင်းလဲလ်ိုက်သည်ကို တွေ့မြင်သောအခါ သူတို့ထဲမည်သူကမှ ယင်ထျန်နှင့် မတိုက်ခိုက်လိုဘဲ အခြားသောဆန်းကြယ်ရတနာများရှိရာသို့ ပျံသန်းသွားကြ၏။
ကျင်းရှောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ရွှေငှက်မွေးက နေမင်းအမြုတေမီးနွယ်ပင်ကို ရွေးချယ်လိုက်၏။
ဆူဇီမိုက ဆန်းကြယ်ရတနာ ၉ခုထဲမှတစ်ခုကို စိုက်ကြည့်ပြီး ထိုနေရာသို့ ပျံသန်းသွား၏။
ထိုဆန်းကြယ်ရတနာသည် မည်သည့်အသက်ဓာတ်လက္ခဏာမှမရှိဘဲ အဝါရောင်သန်းနေသော သစ်ကိုင်းခြောက်တစ်ခုနှင့်တူနေ၏။ ၎င်းဖြာထုတ်ပေးနေသည့်အလင်းရောင်က အလွန်တရာအားနည်းပြီး ဆန်းကြယ်ရတနာ၉ခုထဲမှာ သိသာထင်ရှားမှုအနည်းဆုံးဖြစ်၏။
သို့သော်လည်း ထိုသစ်ကိုင်းခြောက်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထူးဆန်းသောခံစားချက်တစ်ခုပေးနေသည်။
သူသည် အသောကပင်စည်ကို ပထမဆုံးတွေ့မြင်ခဲ့စဥ်ကနှင့်ဆင်တူစွာ သူသည် အဲဒါကို ဝါးမျိုသန့်စင်ချင်စိတ်ပေါက်နေသည်။
အဆင့်-၁၁ ဖန်တီးခြင်းကြာပဒုမ္မာသည် ၎င်း၏ အထွတ်အထိပ်နီးပါးသို့ ရောက်ရှိနေပြီး ၎င်းနှစ်သက်သဘောကျ၍ ဝါးမျိုချင်သော အရာက သေချာပေါက်သာမန်ပစ္စည်းတစ်ခု မဟုတ်နိုင်ပေ။
ဆူဇီမိုက သစ်ကိုင်းခြောက်ဘေးသို့ ရောက်ရှိလာပြီး အဲဒါကို ရယူဖို့လက်လှမ်းလိုက်၏။
ထိုစဥ်မှာပင် ထက်ရှသောအေးစက်မှုတစ်ခုက အခြားတစ်ဘက်လေဟာနယ်ကိုဆုတ်ဖြဲပြီး ချက်ချင်းပင် ရောက်ရှိကာ ဆူဇီမို၏ လက်ဖဝါးကို ပစ်ထိုးဖို့ဝင်ရောက်လာ၏။
ဆူဇီမိုအပြင် ထိုသစ်ကိုင်းခြောက်ကို လိုချင်နေသည့် နောက်ထပ်လူတစ်ယောက်ရှိနေသည်။
တိုက်ခိုက်လာသောလူက အရမ်းကာရောပြုလုပ်ခြင်းမရှိဘဲ ဆူဇီမို၏ လက်ဖဝါးကိုသာ ပစ်မှတ်ထားလေသည်။
ဆူဇီမိုက အဲဒါကိုလျစ်လျုရှုပြီး သစ်ကိုင်းခြောက်ကို ဆက်လက်၍ဖမ်းဆွဲလိုက်၏။
အေးစက်အလင်းက ဆင်းသက်လာသော်လည်း ဆူဇီမိုက လှုပ်ရှားခြင်းမရှိပေ။ သူက သူ၏ လက်ချောင်းကို ညင်သာစွာလှုပ်ခါပြီး အေးစက်အလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခုက သူ၏ လက်ချောင်းထိပ်ဖျားကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
ချွင်...
အေးစက်အလင်းက သူ၏ လက်ချောင်းနှင့် ထိခတ်သွားပြီး သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
ဆူဇီမို၏ လက်ချောင်းများက အကောင်းတိုင်းကျန်ရှိနေပြီး သစ်ကိုင်းခြောက်ကို အောင်မြင်စွာသိမ်းဆည်းကာ တစ်ဘက်လူကို သူကကြည့်လိုက်၏။
တိုက်ခိုက်လာသောသူက အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ လင်းလောဖြစ်လေသည်။
သူတို့နှစ်ယောက်သည် ခဏမျှသာတိုက်ခိုက်ဖလှယ်ပြီး လူချင်းခွာလိုက်သော်လည်း သူတို့က အလွန်နီးကပ်နေဆဲဖြစ်၏။
လင်းလောဟုအမည်ရသောမိန်းကလေးကို ကြည့်ရသည်မှာ ရင်းနှီးနေသလိုပုံပေါ်လေသည်။
“ထိန်ချန်ပေးတဲ့အတွက် ကျေးဇူးပါပဲ”
ဆူဇီမိုက သစ်ကိုင်းခြောက်ကိုသိမ်းဆည်းပြီး လင်းလောကို ခေါင်းညိတ်ပြလိုက်၏။
လင်းလော၏ အမူအရာက တည်ငြိမ်နေ၏။ သူမသည် သစ်ကိုင်းခြောက်ကို မရရှိသည့်အတွက် စိတ်ကွက်သွားခြင်းရှိပုံမရဘဲ သူမက ဆူဇီမိုနှင့် ဆက်လက်၍အချိန်ဖြုန်းမနေတော့ပေ။ ထိုအစား သူမက အခြားသောဆန်းကြယ်ရတနာတစ်ခုရှိရာဘက်သို့ လှည့်ပြေးသွား၏။
အဆင့်-၁ ကောင်းကင်အင်မော်တယ်သာဖြစ်သော အပြာရောင်ဝတ်ကောင်လေးကတော့ သူက သူ၏ တိုက်ခိုက်ရည်ခွန်အားကို သိရှိထားပုံရ၏။
ထို့ကြောင့် သူသည် အလွန်တရာသတိကြီးကြီးထားနေပြီး မည်သူကမှ မရယူလိုသည့် ဆန်းကြယ်ရတနာတစ်ခုကို သူကရွေးချယ်လိုက်သည်။
တစ်ခဏချင်းမှာပင် ဆန်းကြယ်ရတနာ ၉ခုကို ဆူဇီမိုနှင့် အခြား၈ယောက်က တစ်ယောက်တစ်ခုစီ ရရှိသွားကြ၏။
ခန်းမထဲမှာ သူတို့၉ယောက်သည် တစ်ယောက်ကိုတစ်ယောက်သတိထားနေပြီး သူတို့ကိုယ်သူတို့ထိန်ချန်ထားကာ အရမ်းကာရောပြုမူလှုပ်ရှားကြခြင်းမရှိပေ။
ခန်းမ၏ ရှေ့မှာရှိသောနံရံက ဖြည်းဖြည်းချင်းကြွတက်သွားပြီး နောက်ထပ်ခန်းမတစ်ခုပေါ်ထွက်လာကာ အတွင်းမှာ အလင်းလုံး၉လုံးက လွင့်မျောနေသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုနှင့် အခြား ၈ယောက်သည် ရှေ့မှာရှိသောခန်းမထဲသို့ ပြေးဝင်သွားကြ၏။
ခန်းမထဲမှာ ဆေးရနံ့က ကြွယ်ဝနေ၏။
အလင်းလုံး ၉လုံးမှာ အင်မော်တယ်ဆေးတောင့်များနှင့် ဆေးလုံးများ ပါဝင်နေ၏။
“ဘုရင်အဆင့် အရိုးကြံ့ခိုင်ဆေးလုံး”
“ဘုရင်အဆင့် ခြင်ဆီရှင်းလင်းခြင်းဆေးလုံး”
လွင့်မျောနေသောအလင်းလုံး ၉လုံးသည် ဘုရင်အဆင့် အင်မော်တယ်ဆေးလုံးများဖြစ်လေသည်။ နှစ်ပေါင်းများစွာကြာပြီးတာတောင် သူတို့က ဆွေးရိသွားခြင်းမရှိဘဲ ဤကဲ့သို့ သန်မာသောဆေးရနံ့ကို ဖြာထုတ်ပေးနေဆဲဖြစ်၏။
အထက်ဘုံလောကမှာ အင်မော်တယ်ဆေးတောင့်များနှင့်ဆေးလုံးများကို မဟူရာ၊ ကမ္ဘာမြေ၊ ကောင်းကင်၊ ပကတိ၊ ဘုရင်နှင့် ဧကရာဇ်အဆင့်များဟူ၍ အကြမ်းဖျင်းခွဲခြားထား၏။
နောက်ပိုင်းအဆင့်များက အလွန်တရာရှားပါးပြီး သန့်စင်နိုင်ဖို့ ခက်ခဲလေသည်။
ခန်းမထဲရှိ အင်မော်တယ်ဆေးလုံး ၉လုံးကတော့ အားလုံး ဘုရင်အဆင့်မှာရှိလေသည်။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်ဆေးလုံးများနှင့် ဆေးတောင့်များကို သန့်စင်ဖော်စပ်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သော အင်မော်တယ်မဟာနယ်မြေတစ်ခုရှိလေသည်။
အဲဒါက နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဖြစ်၏။
အဆင့်-၃ ကောင်းကင်အင်မော်တယ်ချီယွီသည် နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှလာလေသည်။
သူက လေထဲမှာ လွင့်မျောနေသော ဘုရင်အဆင့် အင်မော်တယ်ဆေးလုံး ၉လုံးကို တွေ့မြင်သောအခါ သူ၏ မျက်လုံးနှစ်ဖက်က နီရဲလာပြီး သူက စိတ်လှုပ်ရှားနေ၏။
အင်မော်တယ်ဆေးလုံး၉လုံးထဲမှ အချို့သည် နတ်ဆေးမိုးကောင်ကင်အင်မော်တယ်မဟာနယ်မြေမှာပင် ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
မလှမ်းမကမ်းမှာရှိသော လင်းလောသည် အလွန်တရာရင်ဖိုစိတ်လှုပ်ရှားလာသည့်အလား သူမသည် အင်မော်တယ်ဆေးလုံးများထဲမှတစ်လုံးကို တွေ့မြင်ပြီးနောက် သူမ၏ အသက်ရှုသံက သိပ်သည်းလေးလံလာသည်ကို ဆူဇီမိုက ရှင်းလင်းစွာအာရုံခံမိလိုက်၏။
အခြားမည်သူကမှ မလှုပ်ရှားနိုင်ခင် လင်းလောက အရင်စတင်လှုပ်ရှားပြီး ဘုရင်အဆင့် အင်မော်တယ်ဆေးလုံးများထဲမှ တစ်လုံးရှိရာသို့ ပြေးဝင်သွား၏။
“ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံး”
ယင်ထျန်၏ မျက်လုံးက ဝင်းလက်တောက်ပသွားပြီး အင်မော်တယ်ဆေးလုံး၉လုံးထဲမှ အားအကောင်းဆုံးအရောင်အဝါနှင့် ဆေးလုံးတစ်လုံးကိုစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
ထိုအင်မော်တယ်ဆေးလုံးက လင်းလောလိုချင်နေသောအရာလည်းဖြစ်သည်။
“ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံး”
လန်ချန်ချန်ကလည်း ထိုအသံကို ကြားသောအခါ လှုပ်ရှားလိုက်၏။
မင်းသားနှင့် မင်းသမီးတို့က ထိုအင်မော်တယ်ဆေးလုံးကို ပစ်မှတ်ထားလာသည်ကို တွေ့ရသောအခါ အခြားမည်သူကမှ အဲဒါကို မထိရဲတော့ပေ။ အခြားလူတိုင်းက တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားပြီး အခြားသောအင်မော်တယ်ဆေးလုံးများကို အရယူဖို့ကြိုးစားလိုက်ကြ၏။
ရွှစ်...
ယင်ထျန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး လင်းလောရှေ့သို့ရောက်ရှိလာကာ သူက ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးကို ရယူဖို့ကြိုးစားလိုက်၏။
ရွှစ်... လင်းလောနှင့် ယင်ထျန်ကြားမှာ အကွာအဝေးတစ်ခုရှိနေဆဲဖြစ်၏။ သို့သော်လည်း လင်းလောက ရုတ်တရက်လျှို့ဝှက်ဆန်းကြယ်သော ခြေနင်းကွက်တစ်ခုကိုထုတ်ဖော်ပြီး ရှေ့သို့ထောင့်ဖြတ်တက်လှမ်းကာ ယင်ထျန်၏ နောက်သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
“အာ..”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
သူသည် စောစောက လင်းလောထုတ်ဖော်ခဲ့သည့် ခြေနင်းကွက်မျိုးကို စိတ်ဝိညာဥ်ပနံသင့်ပညာရပ်၏ အကူအညီဖြင့် သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများကနေ သူတစ်ခါတွေ့မြင်ခဲ့ဖူး၏။
ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးဆင်းသက်ခဲ့စဥ်က မြင်းမြီးကျာပွတ်နှင့် အနက်ရောင်ဝတ်အမျိုးသမီး ထုတ်ဖော်ခဲ့သောခြေနင်းကွက်က ထိုခြေနင်းကွက်ပင်ဖြစ်၏။
သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသမီး၏ ခြေလှမ်းများက လင်းလောထက် ပို၍လေးနက်သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်လေသည်။
လင်းလောသည် ဓါးတစ်လက်ဖြင့် ယင်ထျန်၏ လက်ဖဝါးကို ခုတ်ပိုင်းချလိုက်၏။
ယင်ထျန်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ရှောင်တိမ်းခြင်းမရှိပေ။ သူ၏ လက်ဖဝါးကို မှောက်လှန်ပြီး သူက သိပ်သည်းလေးလံသော ဧရာမဓားတစ်လက်ကို ဆုပ်ကိုင်ကာ လက်ပြန်ဝေ့ယမ်းလိုက်၏။ အဲဒါက သာမန်ကာလျှံကာဟု ထင်ရသော်လည်း အဲဒါသည် အလွန်တရာကြမ်းကြုတ်ခက်ထန်သည့်စွမ်းအားတစ်ခုကို ထွက်ပေါ်လာစေ၏။
လင်းလော၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏ လက်ထဲရှိဓားသည် ယင်ထျန်၏ သိပ်သည်းလေးလံသောဓားကြောင့် လွင့်စင်ထွက်လုနီးပါးပင်။
အစကတည်းက သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ်ကွာဟချက်တစ်ခုရှိနေ၏။
လင်းလောသည် ခွန်အားအရာမှာ လုံးဝအရေးနိမ့်နေသည်။
ယင်ထျန်က သူ၏ လေးလံသောဓားကို ကိုင်ဆွဲပြီး အဲဒါကိုကျယ်ပြန့်စွာ လွှဲယမ်းလိုက်၏။
လင်းလော၏ ဓားနည်းစနစ်က လှပသောသိမ်မွေ့သော်လည်း သူမသည် ယင်ထျန်၏ တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ပေ။
သူမသည် ရှုံးနိမ့်သောအခြေအနေသို့ မကျရောက်သေးသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သောခြေနင်းကွက်ကြောင့်ဖြစ်၏။
အခြားတစ်ဘက်မှာ လန်ချန်ချန်က ရောက်ရှိလာ၏။ သူမက ယင်ထျန်နှင့်လင်းလောတိုက်ခိုက်နေစဥ် ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးကို အရယူဖို့ကြိုးစားလိုက်၏။
ယင်ထျန်က ရယ်မောလိုက်ပြီး လက်ကိုင်သုံးဖက်ပါသော ဆေးမီးဖိုတစ်လုံးကို ဆင့်ခေါ်ထုတ်ကာ လန်ချန်ချန်ကို ပစ်ပေါက်လိုက်၏။
ယင်ထျန်သည် လူနှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း အကြောက်အလန့်မရှိပေ။ ထိုအစား သူက ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်၏။
ထိုဘုရင်အဆင့်အင်မော်တယ်ဆေးလုံးသည် သူတို့၉ယောက်ထဲမှာ ထိပ်သီးပြိုင်စံရှားသုံးယောက်ကြား ရုန်းရင်းဆန်ခတ်တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။