← Chapters

ရိုက်ချက်

Vol. 160 Ch. 2398

ရိုက်ချက်

Vol. 160 Ch. 2398

အခြားသူများသည် မင်းသား၊ မင်းသမီးနှင့် အဆင့် ၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ကြား ရုန်းရင်းဆန်ခတ် ဤတိုက်ပွဲမှာ ဝင်ပါလိုစိတ် မရှိကြပေ။

လက်ရှိမည်သူကမှ မင်းသားနှင့် မင်းသမီးတို့ကို မယှဉ်နိုင်သည့်အချက်ကို အသာထား၊ တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို အနိုင်ယူနိုင်မည်ဆိုလျှင်တောင် သူတို့က သူတို့ကို ထိခိုက်အောင် လုပ်ရဲလိမ့်မည် မဟုတ်ပေ။

အင်မော်တယ်ဧကရာဇ်၏ မျိုးဆက်များမှာ စွမ်းအားကြီးမားသော မျိုးဆက်သွေးများနှင့် မြင့်မြတ်သော အဆင့်အတန်းများ ရှိလေသည်။ သူတို့မှာ ဝှက်ဖဲဘယ်လောက်များများ ရှိနေမလဲ မသိရပေ။

ဟဲတန်က ပြောလိုက်၏။

“လင်းလောက တကယ်ကို အစွမ်းထက်တာပဲ… သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က ယင်ထျန်နဲ့ လန်ချန်ချန်တို့ထက် နိမ့်ကျနေတာတောင်မှ သူက သူတို့နှစ်ယောက်နဲ့ တိုက်ခိုက်နိုင်သေးတယ်… အထင်ကြီးစရာပဲ”

“ဟမ်… သူက အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကပဲ… သူက ဒီအသက်အရွယ်နဲ့ ဒီလိုမျိုးနည်းလမ်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူက ဟိုနှစ်ယောက်ရဲ့ သမီးပဲဖြစ်ရမယ်”

ရွှေငှက်မွေးက လင်းလော၏ နောက်ခံကို ခန့်မှန်းမိသွားသည့်အလား ပြောလိုက်၏။

“ငါသိပြီ”

ချီယွီကလည်း နားလည်သဘောပေါက်သွား၏။

“လင်းလောက မင်းသား မင်းသမီးနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တောင် ဒွါရခုနှစ်ပေါက် ယန်ပြန်ရောက် ဆေးလုံးကို မရမက လိုချင်နေတယ်ဆိုတာ အဓိပ္ပာယ်ရှိသွားပြီ… သူက သူ့အဖေကို ကယ်တင်ချင်နေတာပဲ”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ ရွှေငှက်မွေးနှင့် အခြားသူများက အဲဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း သူက ခန့်မှန်းမိသွားပြီဖြစ်၏။

ထိုစဉ်မှာပင် တိုက်ပွဲနယ်မြေမှာ ရှိသော အခြေအနေကလည်း ပြောင်းလဲသွား၏။

ယင်ထျန်က ဟားတိုက်ရယ်မောလိုက်၏။

“ချန်ချန်… ဒွါရကိုးပေါက် ယန်ပြန်ရောက် ဆေးလုံးက တစ်လုံးပဲ ရှိတယ်… အဲဒါကို ငါတို့နှစ်ယောက်ထဲက ဘယ်သူပဲရရ ကိစ္စမရှိဘူး… ဒါပေမဲ့ လင်းမိသားစုက နိမ့်ကျသက်ရှိကိုတော့ အဲဒါကို ယူသွားခွင့်ပေးလို့ မဖြစ်ဘူး… မဟုတ်ရင် ငါတို့ ဧကရာဇ်မျိုးဆက်သွေးကို ဂုဏ်သိက္ခာမဲ့စေလိမ့်မယ်”

လန်ချန်ချန်သည် မည်သည့်စကားမှ မဆိုသော်လည်း သူမက ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်မှာ အလိုအလျောက် နားလည်မှုတစ်ခု ရှိလာပြီး သူတို့၏ ပစ်မှတ်များကို တစ်ချိန်တည်းမှာ ပြောင်းလဲကာ လင်းလောကို အတူတကွ တိုက်ခိုက်လိုက်ကြ၏။

လင်းလောအနေဖြင့် ယင်ထျန်ကိုဖြစ်စေ၊ လန်ချန်ချန်ကိုဖြစ်စေ၊ အနိုင်ရအောင် တိုက်ခိုက်ဖို့ ခက်ခဲနေပြီး သူမက အခြေအနေကို ထိန်းထားဖို့သာ အတတ်နိုင်ဆုံး ကြိုးစားနေရ၏။

ယခု မင်းသားနှင့် မင်းသမီးက သူမကို ပူးပေါင်းတိုက်ခိုက်လာပြီး လင်းလောအပေါ် ဖိအားက သိသိသာသာ ပိုတိုးလာကာ သူမက ချက်ချင်းပင် အန္တရာယ်ကျရောက်လာခဲ့၏။

သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းလေသည်။ သူတို့သည် အရင်ဆုံး လင်းလောကို အတူပူးပေါင်းဖိနှိမ်ပြီးမှ ဆေးလုံးကို ဘယ်သူရရှိမလဲ ထပ်မံဆုံးဖြတ်ကြမည်ဖြစ်၏။

“လင်းလော… လက်လျှော့လိုက်တော့”

ယင်ထျန်က လှောင်ရယ်လိုက်၏။

“နင်က ဒီဆေးလုံးကို ရမယ်ဆိုရင်တောင် လင်းကျန့်ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်မှာ မဟုတ်ဘူး… သူက နိယာမတွေကို လျစ်လျူရှုပြီး အောက်ဘုံလောကဆီ အတင်းအကျပ် ဆင်းသက်ခဲ့တော့ တန်ပြန်ရိုက်ခတ်မှု ရလာခဲ့ပြီ… သူက ဒီဆေးလုံးကို စားနိုင်မယ်ဆိုရင်တောင်မှ အလကားပဲ”

“နင်တို့ လင်းမိသားစုက အောက်ဘုံလောကကနေ လာခဲ့တယ်… နင်တို့ရဲ့ နောက်ခံက နိမ့်ကျတယ်… နင်တို့တွေက နင်တို့ရဲ့ အထွတ်အထိပ်အမှတ်ကို ရောက်ရှိပြီးသွားပြီ… အခုက နင်တို့ ကျဆင်းရမယ့်အချိန်ပဲ”

အဲဒါသည် စကားလုံးဖြင့် တိုက်ခိုက်ခြင်းဖြစ်၏။ လူတစ်ယောက်က ထိတ်ထိတ်ပျာပျာဖြစ်သွားသည်နှင့် သူတို့မှာ ဟာကွက်များ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။

ယင်ထျန်သည် သူ၏ ခွန်အားကို ထိန်ချန်ထားပြီး ခွန်အားအပြည့်အဝကို အသုံးမပြုလိုသည်မှာ သိသာလေသည်။ ထို့ကြောင့်ပင် သူက ဤကဲ့သို့သော ပေါ့ပေါ့ပါးပါး ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်၏။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက အခုအချိန်ထိ ပေါ်ထွက်မလာသေးဘဲ မည်သည့် အပြောင်းအလဲများ ဖြစ်ပွားလာမည်ကို သူက မသိရပေ။ ထို့ကြောင့် ယင်ထျန်က သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ချင်လိမ့်မည် မဟုတ်ပေ။

လင်းလောက ငယ်ရွယ်သေးပြီး သူမမှာ လုံလောက်သည့် အတွေ့အကြုံ မရှိပေ။ ယင်ထျန်၏ ဝေဖန်တိုက်ခိုက်မှုအပြီး၌ သူမသည် သူမ အဖေကို တကယ်ပင် စိုးရိမ်ပူပန်လာပြီး စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်လာ၏။

ထိုအခိုက်အတန့်က တစ်ခဏမျှသာဖြစ်ပြီး ထောက်လှမ်းနိုင်ဖို့ ခက်ခဲလေသည်။

သို့သော်လည်း လင်းလောသည် ကောင်းကင်အင်မော်တယ်များကြားမှာ အသန်မာဆုံး ပြန်ဝင်စား မွန်းစတားနှစ်ယောက်နှင့် ရင်ဆိုင်နေရ၏။

ယင်ထျန်နှင့် လန်ချန်ချန်သည် လင်းလော၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုကို တစ်ချိန်တည်းမှာ သတိထားမိသွားကြ၏။ သူတို့၏ အကြည့်များက သိပ်သည်းစုဖွဲ့လာပြီး နတ်ဘုရားဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပလာကာ သူတို့၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။ သူတို့သည် အခွင့်အလမ်းကို ချိန်ဆပြီး လင်းလောကို အပြတ်အသတ် ဖိနှိမ်လို၏။

“လင်းလောက ရှုံးသွားပြီ”

ချီယွီက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“သူက ငယ်လွန်သေးတယ်… ယင်ထျန်နဲ့ လန်ချန်ချန်က သူ့ရဲ့ ဟာကွက်ကို ရသွားပြီ”

“တာအိုရောင်းရင်း… ခင်ဗျား သူ့ကို သနားနေတယ်ဆိုရင် ရှေ့ကိုထွက်ပြီး ကူညီပေးလိုက်ပါလား”

ဟဲတန်က ရယ်မောကာ ပြောလိုက်၏။

“ဟမ်”

ချင်ယွီက အေးစက်စွာ ပြောလိုက်၏။

“ငါ ဘာလို့ ရှေ့ကိုထွက်ပြီး ငါ့ကိုယ်ငါ သေကြောင်းကြံရမှာလဲ… ငါတစ်ယောက်တည်းကို မပြောနဲ့… ငါတို့ ၇ယောက် ပူးပေါင်းမယ်ဆိုရင်တောင် ယင်ထျန်နဲ့ လန်ချန်ချန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ရွှစ်…

ချင်ယွီနှင့် အခြားသူများက ဆွေးနွေးနေစဉ်မှာပင် အဖြူရောင်ပုံရိပ်တစ်ခုက လေထုကို ဖြတ်ကျော်ပြီး တိုက်ပွဲနယ်မြေထဲသို့ ထောင့်ဖြတ်ဝင်ရောက်လာ၏။ အဲဒါက လှံတစ်လက်ကဲ့သို့ လန်ချန်ချန်၏ ဓားကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

ထို့နောက် ချက်ချင်းပင် အဖြူရောင်ပုံရိပ်က ရုတ်တရက် စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ငိုက်စိုက်ကျသွားပြီး ယင်ထျန်၏ လေးလံသော ဓားကို ရစ်ပတ်လိုက်၏။

လူတိုင်းက ထိတ်လန့်သွား​ပြီး ခပ်မြန်မြန် ကြည့်ရှုလိုက်ကြ၏။

အဖြူရောင်ပုံရိပ်ဟု ခေါ်သောအရာသည် နှင်းဖြူရောင် ချည်မျှင်သုံးထောင်ဖြစ်ပြီး အခြားအစွန်းတစ်ဖက်က မြစိမ်းရောင် မြင်းမြီးကျာပွတ်တစ်ခုနှင့် ချိတ်ဆက်ထား၏။ တိုက်ခိုက်လိုက်သောသူက သူတို့ လျစ်လျူရှုထားခဲ့သည့် အဆင့် ၄ ကောင်းကင်အင်မော်တယ် ဖြစ်နေသည်။

‘ဒီလူက ရူးသွားပြီလား။ မင်းသားနဲ့ မင်းသမီးတွေကြားက တိုက်ပွဲတစ်ပွဲမှာ သူက ဘယ်လိုတောင် ဝင်ပါရဲတာလဲ။’

ဟဲတန်၊ ချီယွီနှင့် အခြားသူများသည် ဆူဇီမိုကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

နောက်ခဏ၌ ဆူဇီမိုအပေါ် ကပ်ဘေးတစ်ခု ဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။

သူက အဆင့် ၄ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်၏။ ယင်ထျန်နှင့်​ လန်ချန်ချန်က သူ့ကို သတ်ဖြတ်လိုသည်ဆိုလျှင် သူက သုံးချီထက် ပိုတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

တိုက်ပွဲနယ်မြေတွင် ယင်ထျန်နှင့် လန်ချန်ချန်မှာ သူတို့နှင့် မတူညီသော နားလည်မှုတစ်ခု ရှိနေ၏။

အကြောင်းမှာ စောစောက သူတို့၏ တိုက်ခိုက်မှုများသည် ဆူဇီမိုကြောင့် လုံးလုံးလျားလျား ချေဖျက်ခံလိုက်ရသောကြောင့်ဖြစ်၏။

ချည်မျှင်သုံးထောင်သည် လန်ချန်ချန်၏ ဓားကို ရိုက်ခတ်ဖို့အတွက် လှံရှည်တစ်လက်အဖြစ် စုဖွဲ့ခဲ့၏။ တိုက်ဆိုင်စွာပင် အဲဒါသည် ဓား၏ အားအနည်းဆုံးနေရာကို ထိခတ်မိသွားပြီး လန်ချန်ချန်၏ စွမ်းအားကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။

ယင်ထျန်၏ ဓားနည်းစနစ်ကတော့ အဲဒါက ကျယ်ပြန့်ပြီး စွမ်းအားကြီးမားလေသည်။

သို့သော်လည်း ချည်မျှင်သုံးထောင်က မာကြောမှုကနေ နူးညံ့သိမ်မွေ့မှုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ယင်ထျန်၏ လေးလံသော ဓားကို ရစ်ပတ်ကာ သူ၏ ခွန်အားကို အသုံးပြုခြင်းကနေ တားဆီးလိုက်၏။

အဲဒါက မြင်းမြီးကျာပွတ်တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း ထိုအဆင့် ၄ ကောင်းကင်အင်မော်တယ်၏ လက်ထဲမှာ မာကြောမှုနှင့် နူးညံ့သိမ်မွေ့မှု၏ ပေါင်းစည်းမှုသည် ဤကဲ့သို့သော ကြီးမားသည့် သက်ရောက်မှုတစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်။

ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ လင်းလောသည် သူတို့နှစ်ယောက်၏ ပိတ်ဆို့ထားမှုကနေ ရုန်းထွက်လာနိုင်ခဲ့ပြီဖြစ်၏။

“ဟမ်”

ယင်ထျန်က ပြောလိုက်၏။

“ခွေးကောင်… မင်း ဘယ်က လာလဲ ငါမသိဘူး.. ဒါပေမဲ့ မင်းက ငါတို့ကိစ္စမှာ တကယ်ပဲ ဝင်ပါရဲတယ်ပေါ့… မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာ ဖြစ်ရမယ်”

“အဲဒီဆေးလုံးကို သွားယူလိုက်… ငါ သူတို့ကို တားပေးထားမယ်”

ဆူဇီမိုသည် သူ၏ ညာဘက်လက်မှာ မြင်းမြီးကျာပွတ်၊ သူ၏ ဘယ်ဘက်လက်မှာ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ကိုင်ဆွဲထားပြီး လင်းလော၏ စိတ်ဝိညာဉ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်ကာ ယင်ထျန်နှင့် လန်ချန်ချန်ထံ ပြေးဝင်သွား၏။

သူသည် လင်းလော၏ သရုပ်သကန်ကို သိရှိသွားပြီဆိုမှတော့ ဆူဇီမိုက ဒီတိုင်းကြည့်နေလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဒွါရကိုးပေါက် ယန်ပြန်ရောက်ဆေးလုံးသည် လူသားဧကရာဇ်၏ ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

“မင်းက သူ့ကို နိမ့်ကျသက်ရှိလို့ ပြောတယ်ပေါ့လေ… ဟမ့်… မင်းလိုမျိုး ဧကရာဇ်မျိုးဆက်က ကောင်တစ်ကောင်ရဲ့ မျိုးဆက်သွေးက ဘယ်လောက်ထိ မြင့်မြတ်နေလို့လဲ ကြည့်ရသေးတာပေါ့”

ဆူဇီမိုက သူ၏ မြင်းမီးကျာပွတ်ကို ဝှေ့ယမ်းပြီး ဒသမမြောက်ကပ်ဘေးမှ အနက်ရောင်ဝတ်အမျိုးသမီး၏ မြင်းမီးကျာပွတ်နည်းစနစ်ကို အတတ်နိုင်ဆုံး ပြန်လည်ကြိုးစားပုံဖော်ကြည့်လိုက်၏။

ဤနှစ်များမှာ သူသည် အနက်ရောင်ဝတ်အမျိုးသမီး၏ မြင်းမီးကျာပွတ်နည်းစနစ်ကို မကြာခဏ ပုံဖော်ကြည့်ခဲ့၏။ သူက အဲဒါကို အပြည့်အဝ နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိသော်လည်း သူသည် တစ်ဝက်လောက်ကို တတ်မြောက်နေပြီဖြစ်သည်။

သူ၏ လက်ထဲမှာ မြင်းမီးကျာပွတ်သည် ပုံစံနှစ်မျိုးကွဲထွက်သွား​ပြီး အဲဒါကို တိုက်စစ်နှင့်ခံစစ် နှစ်မျိုးစလုံး အသုံးချနိုင်၏။

ယင်ထျန်က လေးလံသော ဓားကို ကိုင်ဆွဲထားသော်လည်း အဲဒါသည် မြင်းမီးကျာပွတ်ဖြင့် ရစ်ပတ်ခံထားရပြီး သူ၏ မူလခွန်အားကို မထုတ်ဖော်နိုင်ပေ။

လေးလံသော ဓားသည် ရွှံ့ညွန်တစ်ခုထဲသို့ ကျဆင်းသွားပြီး ပို၍ နစ်မြုပ်သည်ထက် နစ်မြုပ်သွားပုံရ၏။

အဲဒီမှာ ချည်မျှင်သုံးထောင်သာ ရှိပြီး ချည်မျှင်တစ်ခုချင်းစီက ဆံပင်မွေးတစ်မွေးကဲ့သို့ ပါးလွှာနေ၏။ သို့သော်လည်း သူတို့က မနှိုင်းယှဉ်သာအောင် မာကြောမှု ရှိလေသည်။

သူသည် အဲဒါကို မခုတ်ပိုင်းနိုင်သော်လည်း အရာရာတိုင်းကို ရှုပ်ထွေးသွားအောင် ပြုလုပ်နိုင်၏။ အဲဒါသည် ယင်ထျန်၏ လက်ထဲရှိ လေးလံသော ဓားကိုသာမက သူ့ကိုပင်လျှင် မြင်းမီးကျာပွတ်က တဖြည်းဖြည်း ရစ်ပတ်လာခဲ့၏။

သူကြည့်လေရာ နေရာတိုင်းမှာ သိပ်သည်းများပြားသော အဖြူရောင်ချည်မျှင်များကိုသာ တွေ့မြင်နေရ၏။

အခြားတစ်ဖက်မှာ လန်ချန်ချန်သည် ဓားရှည်တစ်လက်ကို ကိုင်ဆွဲထား၏။ သူမ တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ဆူဇီမိုသည် သူ၏ လက်ထဲရှိ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးဖြင့် ပစ်ရိုက်ပေလိမ့်မည်။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ရှေ့မှာ မတူညီသော အရောင်သုံးရောင်နှင့် ပုလဲလုံး သုံးလုံးက တောက်ပနေ၏။

လန်ချန်ချန်၏ ဓားနည်းစနစ်က ဘယ်လောက်ပင် ပြောင်မြောက်သည်ဖြစ်စေ၊ သူမက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ထိခတ်မိသည်နှင့် သုံးရောင်ခြယ်အလင်းက ပစ်လွင့်ထွက်ပေါ်လာပြီး သူမ၏ ဓားပေါ်ရှိ အမြုတေချီကို ပျက်ပြယ်သွားစေ၏။

ချက်ချင်းပင် လန်ချန်ချန်၏ ဓားနည်းစနစ်က ပျက်ပြယ်သွားပြီး သူမ၏ တိုက်ခိုက်မှုများက ချေဖျက်ခံနေရ၏။

ယင်ထျန်နှင့် လန်ချန်ချန်သည် ဆူဇီမိုထက် ကျင့်ကြံမှုနယ်ပယ် သုံးခု ပိုမိုမြင့်မားသည်မှာ သိသာလေသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများက အရာမထင်တော့ဘဲ သူတို့သည် ဆူဇီမို၏ ဆွဲခေါ်ထားခြင်းကိုပင် ခံနေရ၏။

ဤအခြေအနေ ဖြစ်ပေါ်လာသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ ယင်ထျန်နှင့် လန်ချန်ချန်သည် သူတို့၏ ခွန်အားကို ထိန်ချန်ထားသောကြောင့်ဖြစ်၏။

အခြားတစ်ဖက်မှာ ဆူဇီမိုတွင် လက်နက်အားသာချက် ရှိနေသောကြောင့်လည်း ဖြစ်၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးဖြစ်စေ၊ အာဒိကပ္ပသမဂ္ဂ မြင်းမီးကျာပွတ်ဖြစ်စေ၊ သူတို့သည် ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော ရတနာများဖြစ်၏။ ယင်ထျန်နှင့် လန်ချန်ချန်သည် ထိုလက်နက်များကို တစ်ခါမှ မတွေ့မြင်ဖူးဘဲ လောလောဆယ်မှာ တွေဝေရှုပ်ထွေးနေပြီး ကောင်းကောင်းမတုံ့ပြန်နိုင်ကြပေ။

ဆူဇီမိုက ဘာကြောင့်ကူညီပေးလာသလဲ လင်းလော မသိရှိသော်လည်း အဲဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ခု ဖြစ်၏။ သူမက ခပ်မြန်မြန်လှုပ်ရှားပြီး ဒွါရကိုးပေါက် ယန်ပြန်ရောက် ဆေးလုံးရှိရာသို့ ပြေးဝင်သွား၏။

ထိုသည်ကို တွေ့မြင်သောအခါ ယင်ထျန်၏ အမူအရာက အေးစက်လာပြီး သူက သူ၏ ခွန်အားကို ထိန်ချန်မထားတော့ဟု ဆုံးဖြတ်လိုက်၏။

All Chapters