← Chapters

ဗောဓိစေ့

Vol. 160 Ch. 2399

ဗောဓိစေ့

Vol. 160 Ch. 2399

ဝေါ...

ယင်ထျန်က သူ၏ သွေးချီကို လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီသံတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။ ခရမ်းရောင်ချီက အတွင်းမှာ ပစ်လွင့်ထွက်ပေါ်လာပြီး ဘေးပတ်လည်က နီရဲလာကာ ချည်မျှင်သုံးထောင်ကို ချက်ချင်းပင်တွန်းကန်ထုတ်လိုက်၏။

ဧကရာဇ်မျိုးဆက်သွေး၏ ခွန်အားက တကယ့်ကို စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။

“မင်းက ချေးတက်နေတဲ့ မြင်းမြီးကျာပွတ်တစ်ခုနဲ့ ငါ့ကိုချုပ်နှောင်ထားနိုင်မယ် ထင်နေတာလား”

သူ၏ ဓားကိုကိုင်ဆွဲရင်း ယင်ထျန်က အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၏ ရစ်ပတ်မှုကနေရုန်းထွက်ကာ ဆူဇီမိုထံသို့ ပြေးဝင်လိုက်၏။

တစ်ချိန်တည်းမှာပင် လန်ချန်ချန်က သူမ၏ သွေးချီကိုလှည့်ပတ်ပြီး အမြုတေချီကို စုဖွဲ့လိုက်၏။ သူမသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ပိတ်ဆို့မှုကနေ ဖောက်ထွက်ပြီး သူမ၏ ဦးတည်ဘက်ကို ပြောင်းလဲကာ ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးကို အရယူတော့မည့် လင်းလောကို တားဆီးချင်လေသည်။

“ဂါး...”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ ရုတ်တရက် သူ၏ ပါးစပ်ကို ဖွင့်ဟပြီး ကျယ်လောင်သောနဂါးဟိန်းသံကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုက နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်သည့်ခဏမှာပင် ယင်ထျန်နှင့် လန်ချန်ချန်ကလည်း အဲဒါကိုအာရုံခံမိသွားပြီး သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ ချက်ချင်းတန်ပြန်တိုက်ခိုက်လိုက်ကြ၏။

ဒုန်း... ဒုန်း.. ဒုန်း...

ထောင်ပေါင်းများစွာသောမြင်းများက ဒုန်းစိုင်းချီတက်လာသည့်အလား စစ်ချီဗုံသံက ယင်ထျန်၏ ပါးစပ်ကနေ ကျယ်လောင်စွာထွက်ပေါ်လာ၏။

ဒုန်းစိုင်းပြေးဝင်လာသော မြင်းသံများနှင့် စစ်ရထားသံများနှင့်အတူ တိုက်ခိုက်သံနှင့် သတ်ဖြတ်သံခပ်ဖျော့ဖျော့ကိုလည်း ကြားလာရ၏။

ထိုအသံပိုင်းလျှို့ဝှက်အတတ်သည် ချောက်ချားစရာကောင်း၍ သွေးသံရဲရဲ ရှေးဟောင်းစစ်ပွဲမြေပြင်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။

ထိုပုံစံကိုကြားရသော ​ကျင့်ကြံသူတိုင်းသည် သူတို့၏ မျိုးဆက်သွေးကို ထိန်းချုပ်မရနိုင်တော့ဘဲ စတင်၍ဂနာမငြိမ်ဖြစ်ကာ ရူးသွပ်ဖောက်ပြန်လာပေမည်။

အဝေးကနေစောင့်ကြည့်နေသော ဟဲတန်နှင့် ချီယွီတို့ပင်လျှင် သူတို့၏ မျက်လုံးများက သက်ရောက်ခြင်းခံလာရသည်ဟု ခံစားရ၏။ သူတို့၏ နှလုံးများသည် လေထဲမှာရှိသော ဗုံသံနှင့်အတူ စတင်၍အဆက်မပြတ်ခုန်လာခဲ့၏။

စစ်ချီဗုံသံက ပို၍ကြမ်းတမ်းလာလေ သူတို့၏ နှလုံးခုန်သံများကလည်း ပို၍မြန်ဆန်လာလေဖြစ်၏။

စောင့်ကြည့်နေသော လူ၅ဦးထဲမှာ ကျင်းရှောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ ရွှေငှက်မွေးသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို အရင်ဆုံးသတိထားမိသွားပြီး ထိုအသံများကို ခုခံဖို့အတွက် သူ၏ လျှို့ဝှက်အတတ်ကို ချက်ချင်းပင် လှည့်ပတ်လိုက်၏။

ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှ နီဟန်ကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရ၏။

ရုတ်တရက် သူ၏ နားရွက်နှစ်ဖက်က တင်းကျပ်စွာဖိကပ်သွား၏။

ထိုစဥ်မှာပင် လန်ချန်ချန်၏ အသံပိုင်းလျှို့ဝှက်အတတ်က ထွက်ပေါ်လာ၏။

ထိုအသံသည် ယင်ထျန်၏ အသံနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေ၏။ အဲဒါသည် အဆက်မပြတ်စီးဆင်းနေသော ရေသံကဲ့သို့ဖြစ်ပြီး လူတိုင်း၏ နားထဲမှာ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

သို့သော်လည်း ဆူဇီမို၏ နဂါးဟိန်းသံက သူတို့နှစ်ယောက်နှင့် မတူပေ။

နဂါးဟိန်းသံမှာ အဆုံးမဲ့စွမ်းပကားပါဝင်နေပြီး မိုးကြိုးပစ်ချလိုက်သလို လူတိုင်း၏ နားထဲနှင့် နှလုံးထဲမှာ ပေါက်ကွဲထွက်ပေါ်လာ၏။

ရုတ်တရက် ၎င်း၏ စွမ်းအားက အလွန်တရာကြောက်စရာကောင်းသောအဖျက်စွမ်းတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့၏။

ထိပ်တန်းအသံပိုင်းလျှို့ဝှက်အတတ်သုံးခုက ထိတွေ့ရိုက်ခတ်သွား၏။

ဆူဇီမို၊ ယင်ထျန်နှင့် လန်ချန်ချန်တို့မှာ သန်မာသောအခြေခံအုတ်မြစ်များနှင့် တိုက်ခိုက်ရည်ခွန်အားတို့ရှိပြီး သူတို့ထဲ မည်သူကမှ သက်ရောက်မှုများစွာ မခံစားရပေ။

သို့သော်လည်း ဟဲတန်နှင့် ချီယွီသည် အသံပိုင်းလျှို့ဝှက်အတတ်သုံးခု၏ ကြားညှပ်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ လဲပြိုကျသွား၏။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာ သူတို့၏ သွေးချီများက ယိုယွင်းပျက်စီးလာ၏။

အသံပိုင်းလျှို့ဝှက်အတတ်သုံးခု၏ လွှမ်းခြုံမှုအောက်မှာ သူတို့နှစ်ယောက်သည် သူတို့၏ နှလုံးများကိုပင် ပြန်လည်မတည်ဆောက်နိုင်တော့ပေ။ အဲဒါသည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားတစ်ဝက်ကို ဆုံးရှုံးသွားရခြင်းနှင့်တူပြီး သူတို့သည် ဒယီးဒယိုင်ဖြင့် နောက်သို့ အလောတကြီးဆုတ်ခွာသွားကြ၏။

အဆင့်-၅ ကောင်းကင်အင်မော်တယ်များဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားသောကြောင့် နီဟန်နှင့် ရွှေငှက်မွေးက တောင့်ခံနိုင်ဆဲဖြစ်သည်။

အပြာရောင်ဝတ်ကောင်လေးသည် အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ​ဖြစ်၏။ သူက အမျိုးအမည်မသိရသော နည်းလမ်းတချို့ကို ထုတ်ဖော်ကာ အသံပိုင်းလျှို့ဝှက်အတတ်သုံးခု၏ ကြားညှပ်တိုက်ခိုက်မှုကနေ ရှင်သန်နိုင်ခဲ့၏။ သို့သော်လည်း သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။

သူသည် ဟဲတန်နှင့် ချီယွီရှိရာဘက်သို့ နောက်ဆုတ်သွား၏။

ဆူဇီမို၏ နဂါးဟိန်းသံဖြင့် ကာကွယ်မှုအောက်မှာ လင်းလောက သက်ရောက်မှုများစွာမခံစားရဘဲ မထိမခိုက်လုနီးပါးပုံစံဖြင့် ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးကို ရရှိသွား၏။

ယင်ထျန်နှင့် လန်ချန်ချန်ကတော့ သူတို့သည် ဆူဇီမို၏ ပိတ်ဆို့တားဆီးခြင်းခံလိုက်ရပြီးနောက် သူတို့၏ အခွင့်အရေးကို ဆုံးရှုံးသွားရ၏။

ယင်ထျန်၏ အမူအရာက ပျက်ယွင်းသွား၏။

သူစတင်ကျင့်ကြံခဲ့ကတည်းက သူသည် မည်သည့်ထိခိုက်ရှုံးနိမ့်မှုနှင့်မှ မတွေ့ခဲ့ရသလောက်နီးပါးပင်။

တစ်ဖက်မှာတော့ အဲဒါသည် သူက အလွန်တရာပါရမီအရည်အချင်းရှိပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကို ဖီဆန်နေသောကြောင့်ဖြစ်၏။

အခြားတစ်ဘက်မှာတော့ ခရမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မည်သူကမှ သူ့ကို အမှန်တကယ်ရန်မစရဲသောကြောင့်ဖြစ်၏။

ထို့ကြောင့် သူက ပြိုက်ဘက်ကင်းပြီး အရှုံးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

သို့သော်ယခု သူသည် သူတော်စင်ကျောက်စိမ်းနန်းတော်မှာ ရုတ်တရက်ပေါ်ထွက်လာသော အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ တားဆီးခြင်းကိုခံနေရ၏။

“ဆူဇီမို... မင်းငါ့ကို ဒေါသထွက်အောင်လုပ်လိုက်နိုင်ပြီပဲ”

ယင်ထန်၏ အကြည့်က အေးစက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါအရမယူနိုင်တဲ့အရာ ဘာမှမရှိဘူး.. အဲဒါအတွက် ငါနဲ့တိုက်ခိုက်တဲ့ဘယ်သူမဆို သေရမယ်”

“မင်းနဲ့... ဟိုနိမ့်ကျသက်ရှိလင်းလော နှစ်ယောက်စလုံးက ဒီနေ့သေရမယ်”

ယင်ထျန်၏ သတ်ဖြတ်လိုစိတ်က လုံးလုံးလျားလျားနှိုးဆွခံလိုက်ရ၏။

ထိုစဥ်မှာပင် တတိယမြောက်တံခါးက ပွင့်သွားပြီး အဲဒါသည် ရွှေငှက်မွေးနှင့် နီဟန်ထံမှ မလှမ်းမကမ်းတွင် ဖြစ်ပွားလာခဲ့၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့နှစ်ယောက်က အထဲကိုဝင်ရောက်သွား၏။

“ဟမ့်...”

အစကတော့ ယင်ထျန်သည် ဆူဇီမိုကို တိုက်ခိုက်လိုခဲ့၏။ သို့သော်လည်း တတိယမြောက်ခန်းမထဲမှာ အခြားသောရတနာများရှိနေနိုင်သည်ကို သူက အမှတ်ရသွားပြီး လောလောဆယ်မှာ သူ၏ သတ်ဖြတ်လိုစိတ်ကို လွှတ်ချကာ တတိယခန်းမထဲသို့ ပြေးဝင်သွား၏။

ဆူဇီမိုနှင့် လင်းလောကလည်း အကြည့်ချင်းဖလှယ်ပြီး လိုက်ပါဝင်ရောက်သွား၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းဆူ”

လင်းလောက လက်နှစ်ဖက်ကိုယှက်ပြပြီး သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ဆူဇီမိုက သူမကို ဘာကြောင့်ကူညီပေးလာသလဲ မသိရသော်လည်း သူ၏ အကူအညီမရှိလျှင် သူမသည် ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးကို သေချာပေါက်ရရှိနိုင်မည်မဟုတ်ပေ။

‘ဒွာရ၉ပေါက် ယန်ပြန်ရောက်ဆေးလုံးက ထိပ်တန်းဘုရင်အဆင့်ဆေးလုံးတစ်လုံးပဲ... အဲဒါက ငါ့အဖေရဲ့ ဒဏ်ရာတွေကိုကုသနိုင်မလားမသိဘူး’

‘ဘာပဲဖြစ်ဖြစ် အဲဒါက အခွင့်အရေးတစ်ခုဖြစ်နေသရွေ့ ငါကငါ့အဖေအတွက် အဲဒါကို ရအောင်ကြိုးစားယူရမယ်’

လင်းလောက စဥ်းစားတွေးတောနေစဥ်မှာပင် ဆူဇီမိုက သိုလှောင်အိတ်တစ်အိတ်ကို ရုတ်တရက်သူမထံ ထိုးပေးလိုက်၏။

လင်းလောက အဲဒါကို အလိုလိုလက်ခံယူလိုက်မိ၏။

ဆူဇီမိုက အသံတစ်ခုကို ပို့လွှတ်လိုက်လေသည်။

“အဲဒီထဲမှာ အမြုတေစိတ်ဝိညာဥ်ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အသောကသစ်သီးတစ်လုံးရှိတယ်... ခင်ဗျား အဲဒါကို စီနီယာလူသားဧကရာဇ်ဆီ ပြန်ယူသွားပြီး ကြိုးစားကြည့်နိုင်တယ်”

အသောကသစ်သီး...။

လင်းလောက ထိုစကားကိုကြားသောအခါ တုန်လှုပ်သွား၏။

အသောကသစ်သီး၏ တန်ဖိုးသည် ယခုတင် သူမရရှိထားသော ဒွာက၉ပေါက် ယန်ပြန်ရောက်ဆေးလုံးထက် မနိမ့်ကျပေ။

အရင်တုန်းက အဝီစိမှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး တစ်စုံတစ်ယောက်က လွတ်မြောက်လာသည်ဟု သူမကြားရသောအခါ သူမနှင့် သူမ၏အစ်ကိုသည် အသောကသစ်သီးကို ရှာဖွေဖို့အတွက် အဝီစိသို့ သွားရောက်လိုခဲ့၏။

သို့သော်လည်း သူမတို့ကို သူမ၏ အမေက တားဆီးခဲ့သည်။

အဝီစိနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးဆန်းနေသည်ဟု သူမ၏ အမေက ပြောခဲ့၏။ ဤကိစ္စက အလွန်တရာ ထူးဆန်းနေပြီး အခြားသောပရောဂများပါဝင်ပတ်သက်နေကာ သူမက သူတို့ကို သွားခွင့်မပေးခဲ့ပေ။

သူမ၏ အမေသည် ကိစ္စများစွာကို တွက်ချက်ရာမှာ အလွန်တရာတိကျလေသည်။ အချိန်အများစုမှာ သူမအဖေပင်လျှင် သူမအမေ၏ အကြုံပြုချက်ကို လိုက်နာရသည်။

လင်းလောနှင့် သူမ၏ အစ်ကိုကလည်း မနာခံဘဲမနေရဲပေ။

တကယ်ပင် သိပ်မကြာခင်မှာ အဝီစိတွင် ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့သည်။

ကောင်းကင်ဘုံကမ္ဘာတစ်ဝှမ်းမှကျင့်ကြံသူများသည် အထဲမှာပိတ်မိသွားခဲ့ကြ၏။ နောက်ဆုံးမှာ ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုံဘုရင် ၈ပါးပင်လျှင် အထဲမှာမြှုပ်နှံခံခဲ့ရ၏။ အဲဒါက တကယ့်ကို ချောက်ချားစရာကောင်းလေသည်။

တစ်ယောက်ယောက်သည် အသောကသစ်သီးကို ထုတ်ယူလာနိုင်ခဲ့လိမ့်မည်ဟု လင်းလောက ထင်မှတ်မထားခဲ့ပေ။ အဲဒါထက် သူမအမှတ်မထင်ကြုံတွေ့ရသော ဤကျင့်ကြံသူသည် ဤကဲ့သို့အဖိုးတန်သောအရာကို သူမလက်ထဲထိုးထည့်ပေးလိမ့်မည်ဟု သူမက လုံးဝထင်မှတ်မထားခဲ့ပေ။

ထိုစဥ်မှာပင် သူတို့နှစ်ယောက်က တတိယခန်းမထဲသို့ ဝင်ရောက်လာကြပြီဖြစ်၏။

လင်းလော၏ စိတ်ထဲမှာ မေးခွန်းများစွာရှိနေသော်လည်း ယခုက အချိန်အခါမဟုတ်ပေ။ သူမက ကျေးဇူးတင်ကြောင်းဖော်ပြပြီး အသောကသစ်သီးပါဝင်သောသိုလှောင်အိတ်ကို အရင်ဆုံး သိမ်းဆည်းလိုက်၏။

တတိယခန်းမထဲမှာ အလင်းလုံး ၉လုံးက လွင့်မျောနေဆဲဖြစ်၏။

သူတို့ ၆ယောက်သည် ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာပြီး သူတို့၏ အကြည့်များက ဖြတ်သန်းသွား၏။ သူတို့အားလုံးနီးပါးသည် တောက်လောင်ပြင်းပြသောမျက်လုံးများနှင့်အတူ အလင်းလုံးတစ်လုံးကို စိုက်ကြည့်နေမိကြ၏။

ထိုအလင်းလုံးအတွင်းမှာ လက်သည်းခွံအရွယ် ပုတီးစေ့တစ်လုံးရှိနေ၏။ ၎င်း၏ မျက်နှာပြင်က ညီညာမှုမရှိဘဲ အရမ်းကိုကြမ်းတမ်းနေ၏။ သို့သော်လည်း အဲဒါက ဂမ္ဘီရအရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

ပုတီးစေ့သည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရပြီး ကျင့်ကြံသူတိုင်းသည် အဲဒါကိုကြည့်ရင်း ဉာဏ်အလင်းပွင့်လာသည့်အလား ခံစားနေရ၏။

ဗုဒ္ဓကျောင်းတော်များ၏ အဆုံးစွန်ရတနာ ဗောဓိစေ့...။

ဒဏ္ဍာရီအရ ဗုဒ္ဓသည်(မဟာယာန) ဗောဓိပင်အောက်မှာ တာအိုကို နားလည်ဆင်ခြင်ခဲ့သည်ဟုဆိုသည်။

ကျင့်ကြံသူများအတွက်တော့ သူတို့သည် ဗောဓိစေ့များကိုရရှိပြီး သူတို့၏ ဉာဏ်ပညာကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် သူတို့သည် လျှို့ဝှက်နက်နဲသော ဓမ္မတာအိုအချို့ကို အလွယ်တကူနားလည်သဘောပေါက်နိုင်ပြီး တာအိုနှင့် လျှို့ဝှက်အတတ်များကို အားထုတ်မှုတစ်ဝက်သက်သာစွာဖြင့် နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

သို့သော်လည်း ဗောဓိစေ့များက အလွန်တရာရှားပါးလေသည်။ ဗုဒ္ဓသည် တာအိုကို အောင်မြင်ရရှိပြီး ဗောဓိပင်ကို အားဖြည့်ပေးခဲ့စဥ်က သူသည် ဗောဓိစေ့အရေအတွက် ဆယ်ဂဏန်းလောက်ကိုသာ ဖန်တီးခဲ့၏။

ယခုအချိန်မှာ ထိုအရာများကို ရှာဖွေဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

ရတနာသူတော်စင်ခန်းမမှာ ဗောဓိစေ့တစ်စေ့ရှိနေလိမ့်မည်ဟု သူတို့၆ယောက်က ထင်မှတ်မထားခဲ့ကြပေ။

All Chapters