← Chapters

ပန်းပဲတာအိုစကြာဝဠာ

Vol. 109 Ch. 1677

ပန်းပဲတာအိုစကြာဝဠာ

Vol. 109 Ch. 1677

“ ယဇ်ပူဇော်တယ်… ”

ရွှံ့မြေခွေး၏ စကားကို ကြားသောအခါ ရွှီချင်း၏ အကြည့်က ချောက်နက်ပေါ်သို့ ကျရောက်သွားပြီး နက်နဲစွာ တွေးတောလိုက်သည်။

တစ်ခဏကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အဲ့ဒါကို ငါမစူးစမ်းနိုင်ဘူးဆိုမှတော့ အခုလောလောဆယ် ခဏဘေးချိတ်ထားလိုက်မယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မင်ရည်ကန်၏ အပေါ်သို့ ပျံတတ်သွားသည်။

သူ့အနောက်တွင် ရွှံ့မြေခွေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဤနေရာအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ သူက စိတ်မသက်မသာ ခံစားမိသွားသည်။ အမှန်မှာ သံချေးနံ့ကို သူရှူလိုက်သည်နှင့် နှလုံးတုန်ယင်သွားသည်။

ရှေးခေတ်အထက်ကြယ်သံချောင်းက မည်သည့်အချိန်မှာ ပြန်ရောက်လာမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။

အကယ်၍ သူတို့ စူးစမ်းလေ့လာနေသည့်အချိန် သံချောင်းပြန်ရောက်လာလျှင် သူတို့နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က သေချာပေါက် အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။

မှန်ပေ၏။ ထိုသို့ဖြစ်နိုင်ခြေက သိပ်မမြင့်မားကြောင်း ရွှံ့မြေခွေး သိသည်။

သို့သော်လည်း သူ့ကို တကယ်နှလုံးတုန်စေသည့် အရာက မင်ရည်ကန်၏ အနက်ပိုင်းထဲမှ အမည်မသိအရာ ဖြစ်သည်။

ယင်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အန္တရာယ်က သူသိထားသမျှ အရာအားလုံးထက် သာလွန်သည်။

ထို့ကြောင့် ရွှီချင်း လက်လျော့သွားသည်ကို မြင်သောအခါ ရွှံ့မြေခွေးက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အနောက်မှ အမြန်လိုက်သွားသည်။

ထိုသို့ဖြင့် သူနှင့် ရွှီချင်းက မင်ရည်ကန်မှ ထွက်သွားကြသည်။ အပြင်ဘက်မှာ သူတို့ပြန်ထွက်ပေါ်လာသည့်အခါ ရွှီချင်းက ငါးမျှားတံကို ရွှံ့မြေခွေးဆီသို့ ပစ်ပေးလိုက်သည်။

ရွှံ့မြေခွေးက ငါးမျှားတံကို ဖမ်းယူလိုက်ပြီးနောက် ရွှီချင်း၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားသည်။ သို့ဖြစ်၍ ခါးသီးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မောင်လေးက အပြင်ထွက်ပြီး တစ်ယောက်တည်း ကစားတော့မလို့လား… မမကိုတော့ အိမ်ထဲမှာ ကျန်နေခဲ့ပြီး ငါးမျှားစေချင်တာလား ”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

ယင်းက အမှန်တကယ်ပင် သူ၏ အစီအစဉ်ဖြစ်သည်။

“ ဧည့်ကြိုစကြာဝဠာဆီ ငါမသွားခင် ဆယ်လအချိန်ကျန်သေးတယ်… အချိန်က အကန့်အသတ်ရှိတယ်… ဒီတော့ ဆုလာဘ်တွေကို မြန်မြန် ငါသွားယူရမယ် ”

“ သိပ်မကြာဘူးဆိုရင် လအနည်းငယ်လောက်နဲ့ ငါပြန်ရောက်လာမယ်… တကယ်လို့ ကြာမယ်ဆိုရင် နှစ်ဝက်လောက်မှ ငါပြန်ရောက်လာမယ် ”

“ အဲ့ဒီအတောအတွင်း ဒီနေရာမှာ ငါးမျှားပေးဖို့ မင်းကို အကူအညီတောင်းချင်တယ်… မူလအနှစ်သာရအများကြီး မျှားနိုင်လေ ပိုကောင်းလေပဲ ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက ရွှံ့မြေခွေး၏ သဘောတူမှုကိုပင် မစောင့်တော့ဘဲ ထွက်သွားသည်။

ရွှံ့မြေခွေးက နှာခေါင်းရှုံ့လိုက်သည်။ သူက ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း နှုတ်ခမ်းဆူလိုက်သည်။

“ သူ့စကားက ယဉ်ကျေးပေမဲ့ သူ့လေသံက မငြင်းဆန်နိုင်အောင် တင်းမာတယ်… သူ့ရဲ့ အပြုအမူတွေကလည်း အတူတူပဲ… ကောင်လေးက တကယ် အရွယ်ရောက်လာပြီ ”

“ သူက ဘယ်လိုလုပ် ငါ့ကို အဲ့လိုမျိုး စကားပြောရဲတာလဲ ”

“ ဒါပေမဲ့ သူ့ရဲ့ အဲ့ဒီပုံစံကို ပိုပြီးငါသဘောကျတယ် ”

နှုတ်ခမ်းဆူပြီးနောက် ရွှံ့မြေခွေးက သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော သူ၏ လက်ကို ဝှေ့ယမ်းလိုက်လေရာ ပန်းပွင့်ပင်လယ်က သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။ ပန်းပေါင်းစုံက ပွင့်လန်းနေစဉ် ချောမောလှပသော မိန်းမပျိုလေးများက ပန်းပွင့်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။ သူတို့တစ်ယောက်စီက ပြိုင်စံရှားသော ဆွဲဆောင်မှုကို ထုတ်လွှတ်နေကြသည်။

သူတို့အားလုံးကို ရွှံ့မြေခွေး၏ နတ်ဘုရားအတတ်ပညာဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။

မိန်းမပျိုလေးများက တခစ်ခစ်ရယ်မောနေကြပြီး အချင်းချင်း စကားပြောနေကြစဉ် ပျော်ရွှင်ဖွယ်ကောင်းသော တေးသံက လေထဲမှာ ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ ရွှံ့မြေခွေးက ပန်းပေါင်းတစ်ရာနန်းတော်ဆီသို့ ပြန်ရောက်သွားသည့်အလားပင်။

ထို့နောက် နူးညံ့အိစက်သော မွေ့ယာများ၊ စားပွဲခုံများ၊ အင်မော်တယ်သစ်သီးများနှင့် ဝိညာဉ်ဝိုင်များက ထွက်ပေါ်လာကြသည်။

အပျော်အပါးကို ခုံမင်သော ရွှံ့မြေခွေးသည်တော့ နူးညံ့အိစက်သော မွေ့ယာပေါ်မှာ တော်ဝင်ကိုယ်လုပ်တော်တစ်ပါးသဖွယ် လဲလျောင်းလိုက်သည်။ ငါးမျှားတံကို သူဝှေ့ယမ်းလိုက်သည့်အခါ ငါးမျှားကြိုးက မင်ရည်ကန်ထဲသို့ နစ်မြုပ်သွားသည်။

တစ်ချိန်တည်းမှာ သူက အင်မော်တယ်သစ်သီးများကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဝိညာဉ်ဝိုင်ကို သောက်သုံးလိုက်သည်။ ထို့အတူ သူက သာယာငြိမ့်ညောင်းသော တေးသံကို နားဆင်နေလေရာ သူ၏ ဘဝက စည်းစိမ်ချမ်းသာဖြင့် ပြည့်နှက်နေသည်။

“ ဘဝကို… ကိုယ်စိတ်ပျော်တဲ့အတိုင်း နေထိုင်သင့်တယ် ”

…..

ရွှီချင်းက ထိုမြင်ကွင်းကို မင်ရည်ကန်၏ အပြင်ဘက်မှ အာရုံခံမိသွားသည်။

လူတိုင်း၏ စိတ်အာရုံများနှင့် နှစ်သက်မှုများက တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားသည်။

ရွှံ့မြေခွေးက သက်ဝင်လှုပ်ရှားသော ဘဝနှင့် စည်ကားသိုက်မြိုက်ခြင်းကို နှစ်သက်သည်။ တစ်ဖက်မှာတော့ ရွှီချင်းက ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို နှစ်သက်သည်။

ရွှံ့မြေခွေး ခံစားမိသော ပျင်းရိမှုက ရွှီချင်း၏ နှလုံးသားထဲမှာတော့ ငြိမ်းချမ်းမှုတစ်မျိုး ဖြစ်သည်။

သို့ဖြစ်၍ မည်သူက မည်သည့်အရာကို နှစ်သက်ပါစေ အရေးမကြီးပေ။ ယင်းက ရွေးချယ်မှု မတူညီရုံမျှသာ ဖြစ်သည်။

ထိုသို့အတွေးရလာသောအခါ ရွှီချင်းက သူ၏ အင်မော်တယ်တုံကင်ကို အသုံးပြုလိုက်ပြီး မင်ယန်စကြာဝဠာမှ ထွက်ခွာသွားကာ ပန်းပဲတာအိုစကြာဝဠာဆီသို့ ဦးတည်သွားသည်။

ဓမ္မရတနာများကို အာဏာစက်ရေဖြန်းခြင်းဖြစ်စေ သို့မဟုတ် အဆင့်နိမ့်အင်မော်တယ်တစ်ပါးက လက်နက်ထုလုပ်ပေးခြင်းဖြစ်စေ ယင်းတို့ကို ပန်းပဲတာအိုစကြာဝဠာမှာသာ ဆောင်ရွက်နိုင်သည်။

ပန်းပဲတာအိုစကြာဝဠာက ထုံးစံအားဖြင့် ထူးခြားသည်။ ယင်းက ဗျူဟာမြောက်အရင်းအမြစ်ရှိသည့် စကြာဝဠာတစ်ခုလည်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုစကြာဝဠာက ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်း၌ ပန်းပဲထုလုပ်ခြင်းနှင့်ပတ်သက်သော အဓိကအမြူတေ ဖြစ်သည်။

ထိုစကြာဝဠာထဲမှ ပန်းပဲလုပ်ငန်းနှင့်ဆက်စပ်သော ပစ္စည်းများက အလွန်ကြီးမားပြီး အံ့ဩစရာကောင်းသည်။

ပန်းပဲတာအိုစကြာဝဠာထဲတွင် ကြယ်နယ်မြေများ၊ ဂလက်စီများနှင့် ကြယ်ဂြိုလ်များ မရှိကြပေ။

စကြာဝဠာထဲတွင် အရွယ်အစား အလွန်ကြီးမားသော ဧရာမမီးဖိုတစ်လုံးသာ ရှိသည်။

ထိုမီးဖိုက ပန်းပဲတာအိုစကြာဝဠာ၏ ဧရိယာခုနစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မီးဖို၏ အရွယ်အစားက မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

မီးဖိုထဲမှ တာအိုမီးတောက်သည်တော့ မရေမတွက်နိုင်သော ကြယ်များထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ပန်းပဲတာအိုစကြာဝဠာထဲမှ ကြယ်အားလုံးက တာအိုမီးတောက်အတွက် လောင်စာဖြစ်ပေးရန် ဤနေရာဆီသို့ ရွှေ့ပြောင်းခံထားကြရသည်။

သို့သော်လည်း တာအိုမီးတောက်ကို အားဖြည့်ပေးနေသည်မှာ ထိုစကြာဝဠာထဲမှ ကြယ်များချည်းသာ မဟုတ်ပေ။

တာအိုမီးတောက်၏ လောင်ကျွမ်းမှုကို တိုးမြှင့်ပေးရန်အလို့ငှာ တခြားစကြာဝဠာများထံမှ ကြယ်များကိုလည်း ခူးဆွတ်လေ့ရှိသည်။ သို့တိုင် ယင်းက တာအိုမီးတောက်၏ လောင်စာတစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

တခြားတစ်စိတ်တစ်ပိုင်းသည်တော့ နတ်ဘုရားမီးတောက်ထံမှ ဆင်းသက်လာသည်။

ယင်းတို့အားလုံးကို စုပေါင်းလိုက်သည့်အခါ ဘီလီယံနှင့်ချီသော ပန်းပဲပညာရှင်များ တစ်ပြိုင်နက်တည်း လက်နက်သန့်စင်နိုင်သော တာအိုသန့်စင်ခြင်းမီးဖိုအဖြစ် ဖွဲ့စည်းသွားသည်။

အဝေးမှကြည့်လျှင် ထိုမီးဖိုက နေလုံးတစ်လုံးနှင့် မခြားပေ။ သို့သော်လည်း မီးဖိုက နေလုံးထက် အဆပေါင်းများစွာ ပိုကြီးမားပြီး ဤစကြာဝဠာတစ်ခုလုံး၏ တစ်ခုတည်းသော ကောင်းကင်ဘုံခန္ဓာကိုယ် ဖြစ်သည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ဖဲကြိုးများက တာအိုသန့်စင်ခြင်းမီးဖိုထဲမှ ပျံ့နှံ့ထွက်နေကြပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ လွင့်မျောနေကြသည်။

ဖဲကြိုးတစ်ခုစီပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက ဝင်ထွက်သွားလာနေကြသည်။

ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်း၌ လက်နက်သန့်စင်ရန် လိုအပ်သူများနှင့် အရည်အချင်းပြည့်မီသူများက ဤနေရာသို့ ဝင်ရောက်နိုင်ကြသည်။ ရလဒ်အနေဖြင့် ပန်းပဲတာအိုစကြာဝဠာတွင် အချိန်တိုင်း လူစည်ကားသိုက်မြိုက်သည်။

ရွှီချင်း၏ ပုံရိပ်က ဖဲကြိုးတစ်ခုပေါ်မှာ ထွက်ပေါ်လာသည်။ သူထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့အရှေ့မှ မြင်ကွင်းနှင့် ဘေးပတ်ဝန်းကျင်မှ ဆူညံသံများက သူ၏ စိတ်အာရုံထဲသို့ ဝင်ရောက်လာကြသည်။ ထို့အတူ ပြင်းထန်သော အပူလှိုင်းများက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်လာသည်။

ယင်းတို့အားလုံးက တစ်ပြိုင်နက် ဖြစ်ပေါ်လာသည့်အခါ ရွှီချင်းက တဒင်္ဂ မိန်းမောတွေဝေသွားသည်။

“ ဘယ်လောက်ကြီးလိုက်တဲ့ မီးဖိုလဲ… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သော်လည်း သူ၏ ခြေလှမ်းက မရပ်တန့်သွားပေ။ သူက အရှေ့သို့ ဆက်လျှောက်သွားသည်။

သူက ဖဲကြိုးပေါ်မှာ လမ်းလျှောက်နေရင်း ဝင်ထွက်သွားလာနေကြသော လူအုပ်ကြီးကို ဖြတ်ကျော်သွားသည်။ သိပ်မကြာမီ သူက ဖဲကြိုး၏ အဆုံးသို့ ရောက်ရှိသွားသည်။

သူက အနက်ရောင်ယဇ်ပလ္လင်တစ်ခု၏ အရှေ့မှ လူတန်းတွင် ဝင်ရောက်တန်းစီလိုက်သည်။

ပန်းပဲတာအိုစကြာဝဠာ၏ လက်နက်သန့်စင်ပေးမှုနှင့်ပတ်သက်ပြီး တောင်းဆိုမှုများက အလွန်များပြားသည်။ သို့ဖြစ်၍ မည်သည့်ဖဲကြိုးတွင်မဆို စောင့်ဆိုင်းနေကြသော လူများက အလွန်များပြားသည်။ ကံကောင်းစွာဖြင့် တာအိုသန့်စင်ခြင်းမီးဖိုထဲမှ လက်နက်သန့်စင်သူအရေအတွက်က အံ့မခန်း များပြားလှသောကြောင့် သိပ်အကြာကြီး မစောင့်ရချေ။

လူအများစုက တင်ပျဉ်ခွေထိုင်လျက် မျက်လုံးမှိတ်ထားကြသည်။ သူတို့က စောင့်ဆိုင်းနေရင်း ကျင့်ကြံနေကြသည်။ သူတို့အလှည့်ရောက်သည့်အခါ သူတို့က ယဇ်ပလ္လင်ပေါ်သို့ တတ်ပြီး ကျောက်စိမ်းတုံကင်ကို ချေမွရလိမ့်မည်။ ထိုအခါ သူတို့က အလင်းတန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး တာအိုသန့်စင်ခြင်းမီးဖိုထဲမှ အောက်ဆုံးအလွှာဆီသို့ တည်နေရာပြောင်းရွှေ့သွားလိမ့်မည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာက မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားသည်။

ဤရက်များတွင် ရွှီချင်းက တာအိုသန့်စင်ခြင်းမီးဖိုကို ဂရုတစိုက် စစ်ဆေးလေ့လာခဲ့သည်။

ဤမီးဖိုကို အလွှာကိုးလွှာ ခွဲခြားထားသည်။ ထို့ပြင် အလွှာသုံးလွှာစီကို အထက်အလွှာ၊ အလယ်အလတ်အလွှာနှင့် အောက်ဆုံးအလွှာဟူ၍ ထပ်မံ ခွဲခြားထားသေးသည်။ အလွှာက အောက်သို့ နိမ့်ဆင်းသွားလေ လက်နက်သန့်စင်ခြင်းဝင်ပေါက်များက ပိုပြီးများပြားလာလေ ဖြစ်သည်။

အထက်အလွှာများတွင်သာ ဝင်ပေါက်များက အရေအတွက်အကန့်အသတ်ဖြင့် ရှိကြသည်။

ဤနေရာသို့ အရပ်ဒေသအသီးသီးမှ ရောက်ရှိလာကြသော ကျင့်ကြံသူအများစုက အောက်ဆုံးအလွှာသုံးလွှာကိုသာ ဝင်ရောက်နိုင်ကြသည်။ အလယ်အလတ်အလွှာသုံးလွှာဆီသို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူများသည်ပင် အနည်းငယ်မျှသာ ရှိကြသည်။

တစ်စုံတစ်ယောက်က အထက်အလွှာသုံးလွှာဆီသို့ ဝင်ရောက်သွားခြင်းကိုတော့ ယခုအချိန်ထိ ရွှီချင်း မမြင်မိသေးပေ။

သို့ဖြစ်၍ သူက စိတ်ထဲမှာ ခန့်မှန်းမှုတစ်ခုကို ပြုလုပ်လိုက်သည်။

နာရီအနည်းငယ်ကြာပြီးနောက် သူ၏ အရှေ့မှ ကျင့်ကြံသူက ယဇ်ပလ္လင်ပေါ်သို့ တတ်လှမ်းသွားပြီး ပျောက်ကွယ်သွားသည့်အခါ နောက်ဆုံးမှာတော့ သူ့အလှည့်သို့ ရောက်ရှိလာသည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ လျှောက်သွားသည်။ ထို့နောက် သူက ဆုလာဘ်အဖြစ် သူရရှိထားသော အင်မော်တယ်တုံကင်ကို ထုတ်လိုက်သည်။

ဤရက်များတွင် တခြားလူများ၏ လုပ်ဆောင်မှုအတိုင်း ရွှီချင်းက အင်မော်တယ်တုံကင်ကို ချေမွလိုက်သည်။

ဘန်းဟူသော မြည်သံနှင့်အတူ အင်မော်တယ်တုံကင်က အက်ကွဲသွားပြီး ယဇ်ပလ္လင်နှင့် ပေါင်းစပ်သွားကာ ကြားခံနယ်အင်အားတစ်ခုကို ဖွဲ့စည်းလိုက်သည်။ နောက်အခိုက်အတန့်မှာ ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ရွှီချင်းက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အပေါ်သို့ ပျံတတ်သွားသည်။

အလင်းတန်းက တာအိုသန့်စင်ခြင်းမီးဖို၏ အထက်အလွှာမှ ဒုတိယမြောက် အလွှာဆီသို့ ဦးတည်သွားသည်။

ထိုအလင်းတန်း၏ ထွက်ပေါ်လာမှုက ထုံးစံအားဖြင့် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်သွားသည်။ အံ့အားသင့်သော အကြည့်များက အလင်းတန်းပေါ်သို့ ကျရောက်သွားကြသည်။

ကျင့်ကြံသူများကြားထဲတွင် ဆွေးနွေးသံများလည်း ထွက်ပေါ်လာသည်။

“ အထက်အလွှာဆီ ဝင်ရောက်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို တကယ်ကြီး ငါမြင်လိုက်တာပဲ ”

“ တာအိုသန့်စင်ခြင်းမီးဖိုရဲ့ အထက်အလွှာသုံးလွှာက အင်မော်တယ်လက်နက်သန့်စင်ခြင်းနဲ့ ဆက်စပ်တယ် ”

“ ယေဘုယျအားဖြင့် ပြောရရင် ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ထားတဲ့ လူတွေပဲ ဒီလိုအရည်အချင်းပြည့်မီခွင့်ကို ရရှိနိုင်တယ်… ”

“ သူက ဒီတစ်ခေါက်တစ်လှမ်းသူတွေထဲက တစ်ယောက်ဖြစ်လောက်တယ်… အဲ့လိုအရည်အချင်းပြည့်မီခွင့်ကို ရရှိဖို့ဆိုရင် အနည်းဆုံး သူက ထိပ်ဆုံးဆယ်ယောက်စာရင်းထဲမှာ ပါရမယ် ”

ဆွေးနွေးမှုအများစုထဲတွင် မနာလိုမှုဖြင့် ပြည့်နှက်နေသည်။

အဆင့်နိမ့်အင်မော်တယ်တစ်ပါးကိုယ်တိုင် လက်နက်သန့်စင်ပေးခြင်းက အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။

ရွှီချင်းက ထိုဆွေးနွေးမှုများကို ဂရုမစိုက်ပေ။ ဤအခိုက်အတန့်မှာ သူက အလင်းတန်းနှင့်အတူ တည်နေရာပြောင်းရွှေ့သွားသည်။ သူပြန်ပေါ်လာသည့်အခါ အထက်အလွှာများ၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။

အပူလှိုင်းက သူ၏ မျက်နှာပေါ်သို့ လာဟပ်သည့်အခါ သူ၏ အရှေ့တွင် ဧရာမမီးတွင်းတစ်ခုရှိကြောင်း မြင်သွားသည်။

ဝတ်စုံနီကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က မီးတွင်း၏ အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းကို အာရုံခံမိပြီးနောက် ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

ထိုအဖိုးအိုက အင်မော်တယ်တစ်ပါးဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။

ထို့ကြောင့် သူက အရိုအသေပေးလိုက်သည်။

“ ဘယ်လိုလက်နက်ကို မင်းသန့်စင်ချင်တာလဲ ”

ဝတ်စုံနီနှင့် အဖိုးအိုက မျက်လုံးမဖွင့်ပေ။ သူက မီးတွင်းပေါ်မှာ တင်ပျဉ်ခွေထိုင်လျက် ဆက်ရှိနေစဉ် သူ၏ နတ်ဘုရားစိတ်အာရုံက ပဲ့တင်ထပ်သွားသည်။

ရွှီချင်းက တုံ့ဆိုင်းမနေပေ။ အတိတ်မှာ သူရရှိခဲ့သော အာဏာစက်ဓမ္မရတနာ သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်သည်။ သူက ကောင်းကင်ဘုံဥပဒေသမြူမှုန်ကိုလည်း ထုတ်လိုက်သည်။

တစ်ခဏ တွေးတောပြီးနောက် သူက ကောင်းကင်ဘုံသူတော်စင်စေတီကို ဘေးမှာ ချထားလိုက်သည်။

ထို့နောက် သူက ရိုသေလေးစားစွာ ပြောသည်။

“ စီနီယာ… ဒီသံလိုက်အိမ်မြှောင်ကို ကျွန်တော် သန့်စင်ချင်ပါတယ်… ဒီသံလိုက်အိမ်မြှောင်ရယ်၊ ကောင်းကင်ဘုံဥပဒေသမြူမှုန်ရယ်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အာဏာစက်နဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော့်ရဲ့ အာဏာစက်နဲ့ လိုက်ဖက်ညီမယ့် ရတနာတစ်ခုကို ဖန်တီးချင်ပါတယ် ”

“ ဘယ်လိုပုံစံလဲ ”

ဝတ်စုံနီနှင့် အဖိုးအိုက သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်လိုက်သည်။

“ တုတ်ချောင်းအဖြစ် ဖန်တီးပေးပါ ”

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ အတိတ်မှာ မကြာခဏ သူအသုံးပြုခဲ့သော သံတုတ်၏ ပုံရိပ်က လေထဲမှာ ထွက်ပေါ်လာသည်။

ထို့နောက် သူက သံလိုက်အိမ်မြှောင်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

“ စီနီယာ ကျေးဇူးပြုပြီးတော့ ဒီသံလိုက်အိမ်မြှောင်ထဲက အာဏာစက်ကို အပြင်ဆွဲထုတ်ပြီး ကျွန်တော့်ရဲ့ ကောင်းကင်ဘုံသူတော်စင်စေတီနဲ့ ပေါင်းစပ်ပေးပါ ”

ဤတစ်ကြိမ်တွင် မီးတွင်းပေါ်မှ ဝတ်စုံနီနှင့် အဖိုးအိုက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သူ၏ မျက်လုံးထဲမှ ထွက်ပေါ်လာပြီး ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။

“ မင်းမှာ လက်နက်သန့်စင်ဖို့ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ် ”

ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကျွန်တော်မှာ အာဏာစက်ရေဖြန်းခြင်းကို လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ကြိမ် ရှိပါသေးတယ် ”

“ အဲ့ဒါ ငါ့အလုပ်မဟုတ်ဘူး ”

ဝတ်စုံနီနှင့် အဖိုးအိုက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက ရွှီချင်းကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ မင်းက ရွှီချင်းလား”

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

ဝတ်စုံနီနှင့် အဖိုးအိုက ရယ်လိုက်သည်။

“ မင်းက ဒီတစ်ခေါက်တတ်လှမ်းသူတွေရဲ့ အဆင့်တစ်ဆိုမှတော့… ထားလိုက်ပါ… ငါမင်းကို တစ်ကြိမ် ကူညီပေးလိုက်မယ် ”

အဖိုးအိုက စကားဆုံးသည်နှင့် လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားက သူ၏ လက်ညှိုးထိပ်မှ ထွက်ပေါ်လာပြီး သံလိုက်အိမ်မြှောင်ပေါ်သို့ ကျဆင်းသွားသည်။

သံလိုက်အိမ်မြှောင်က ချက်ချင်း တုန်ယင်သွားပြီး မြန်ဆန်စွာ အရည်ပျော်သွားသည်။ တစ်ချိန်တည်းမှာ ယင်း၏ မသန့်စင်မှုများက အငွေ့ပျံသွားပြီး အနှစ်သာရသာလျှင် ကျန်နေခဲ့သည်။ သံလိုက်အိမ်မြှောင်ထဲမှ အာဏာစက်သည်တော့ မည်သည့်ထိခိုက်ပျက်စီးမှုမှမရှိဘဲ အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။ အဖိုးအိုက သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်သည့်အခါ သံလိုက်အိမ်မြှောင်၏ အာဏာစက်က ဘေးဘက်မှ ကောင်းကင်ဘုံသူတော်စင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

နောက်အခိုက်အတန့်မှာ မီးတောက်မီးလျှံများက မီးတွင်းထဲမှ ပေါ်လျှိုးလာကြပြီး ကောင်းကင်ဘုံသူတော်စင်စေတီကို ဝန်းရံလိုက်ကြသည်။ အာဏာစက်၏ ပေါင်းစပ်မှုနှင့်အတူ မီးတောက်မီးလျှံများ၏ သန့်စင်ပေးမှုအောက်မှာ ကောင်းကင်ဘုံသူတော်စင်စေတီ၏ ထိခိုက်ပျက်စီးမှုများက ပြန်ကောင်းမွန်လာသည်။

စေတီက ပြန်ကောင်းမွန်လာရုံသာမက ယခင်ကထက် ပိုပြီးသန်မာလာသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် အဖိုးအိုက ရွှီချင်းအတွက် ဓမ္မရတနာကို စတင်သန့်စင်ပေးလိုက်သည်။ သူက သန့်စင်ထားပြီးသော သံလိုက်အိမ်မြှောင်ကို ကောင်းကင်ဘုံဥပဒေသမြူမှုန်နှင့် မြန်ဆန်စွာ ပေါင်းစပ်လိုက်သည်။ သူက တစ်ခဏ တွေးတောပြီးနောက် လက်ဝါးအရွယ်ခန့်ရှိသော အပြာရောင်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်ပြီး ပေါင်းစပ်မှုထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် ဧရာမမီးတွင်းတစ်ခုလုံးက အပြင်းအထန် လောင်ကျွမ်းလာသည်။ မီးတောက်မီးလျှံများက ဆက်လက် သန့်စင်ပေးနေစဉ် သံတုတ်တစ်ချောင်းက မီးတောက်ပင်လယ်ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

သံတုတ်ပုံရိပ် ထွက်ပေါ်လာသည့်အခိုက် ဝတ်စုံနီနှင့် အဖိုးအိုက ရုတ်တရက် ပြောသည်။

“ မင်းရဲ့ အာဏာစက် ”

အဖိုးအိုက လက်နက်သန့်စင်ခြင်းကို အေးအေးလူလူ ဆောင်ရွက်နေကြောင်း ရွှီချင်း မြင်သောအခါ သူ့အရှေ့မှ ပုဂ္ဂိုလ်က သေချာပေါက် ပညာရှင်ဖြစ်ကြောင်း သူနားလည်သွားသည်။ သူက စိတ်လှုပ်ရှားသွားပြီးနောက် တုံ့ဆိုင်းမနေဘဲ သူ၏ မျဉ်းပြိုင်အာဏာစက်ကို ထုတ်လွှတ်လိုက်သည်။

သူ၏ အာဏာစက်က မီးတောက်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး သံတုတ်နှင့် ပေါင်းစပ်သွားသည်။

သံတုတ်က ရုတ်တရက် တုန်ယင်လာသည်။ ထို့နောက် ၎င်းက ရောင်စုံမှန်ပြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား မရေမတွက်နိုင်သော သံတုတ်ပုံရိပ်ယောင်များက ၎င်း၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။

“ ပြီးပြီ ”

ရွှီချင်းက မျက်လုံးဝင်းလက်သွားသည်။

All Chapters