← Chapters

ဆက်တိုက် လုပ်ဆောင်မှုများ

Vol. 109 Ch. 1663

ဆက်တိုက် လုပ်ဆောင်မှုများ

Vol. 109 Ch. 1663

အမှတ်ငါးကြယ်တာရာစက်ဝန်းကို အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ အပိုင်လေးပိုင်း ခွဲခြားထားသည်။

ဝမ်ကူးကုန်းမြေ၏ မြောက်ပိုင်းဒေသနှင့် မတူညီသည်မှာ ဤနေရာမှ မြောက်ပိုင်းဒေသတွင် နှင်းမကျပေ။

ယင်းအစား မြောက်ပိုင်းဒေသ၏ ဧရိယာအများစုကို အလွန်ပူပြင်းသော အပူဓာတ်က ဖုံးလွှမ်းထားသည်။

သိသာထင်ရှားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာသည့်အခါ ထိုအပူဓာတ်က ပိုပြီးတိုးမြှင့်သွားဟန် ရသည်။

ထို့ပြင် ဤနေရာမှ လေထုနှင့် ရာသီဥတုက မြောက်ပိုင်းကျင့်ကြံသူများ၏ ဆွေးနွေးမှုများမှ စိတ်လှုပ်ရှားမှုကို ပုံရိပ်ပြန်နေသည်။

ဤအခိုက်အတန့်မှာ မြောက်ပိုင်းကြယ်စင်စုမှ အင်မော်တယ်ဓားဂိုဏ်၏ အနီးနားမှာရှိသော မြို့ငယ်တစ်ခုတွင် ကျင့်ကြံသူများက လက်ဖက်ရည်စံအိမ်တော်တစ်ခုထဲမှာ ဆွေးနွေးစကားပြောနေကြသည်။

“ ဒီအတောအတွင်း ဒီနေရာက အတော်လေး စည်ကားလာတယ် ”

“ ဂိုဏ်းတော်ကြီးတွေ၊ ကလန်တွေနဲ့ မိသားစုကြီးတွေက သူတို့ရဲ့ တိုက်ရိုက် တပည့်တွေကို ဒီကို ရောက်လာဖို့ စေလွှတ်လိုက်ကြတယ် ”

“ အင်မော်တယ်ဓားဂိုဏ်းရဲ့ ကြယ်နှစ်ပွင့်ကို ဓားတာအိုကို ကျွမ်းကျင်သွားကြပြီ… ဒါကြောင့် သူတို့ရဲ့ ဓားပွဲတော်က မြောက်ပိုင်းဒေသတစ်ခုလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်စေတာ မထူးဆန်းပါဘူး ”

“ သူတို့က ငါတို့မြောက်ပိုင်းဒေသရဲ့ အတောက်ပဆုံး ကောင်းကင်အရွေးချယ်ခံတွေဖြစ်ကြပြီး လက်ရှိမျိုးဆက်ရဲ့ ထိပ်တန်းပါရမီရှင်တွေ ဖြစ်ကြတယ် ”

“ ဒါကြောင့် ဒီပွဲအခမ်းအနားအတွက် မြောက်ပိုင်းအင်အားစုတွေအားလုံး ရောက်လာကြတာ ပုံမှန်ပါပဲ ”

“ ကြည့်ရတာ အင်မော်တယ်ကျဆုံးလွင်ပြင်ဆီ ခရီးစဉ်က ဒီကောင်းကင်အရွေးချယ်ခံနှစ်ယောက်ကို အတော်လေး အထောက်အကူ ဖြစ်စေပုံပဲ ”

“ ငါကြားတာတော့ အင်မော်တယ်ကျဆုံးလွင်ပြင်မှာ သူတို့ရဲ့ ဓားစိတ်ဝိညာဉ်တွေက အင်မော်တယ်ဓားစိတ်ဆန္ဒနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့တယ်တဲ့ ”

လက်ဖက်ရည်စံအိမ်တော်ထဲတွင် ချမ်ကျွင်းနှင့် ပိုင်ရီအကြောင်း ဆွေးနွေးသံများဖြင့် ပြည့်နှက်နေသည်။

ပြတင်းပေါက်နားမှ ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ရွှီချင်းက သူ့အရှေ့မှ လက်ဖက်ရည်ခွက်ကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး အမွှေးနံ့ကို ရှူသွင်းလိုက်သည်။ သူ၏ အမူအရာက ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။ ဘေးပတ်ဝန်းကျင်မှ ဆွေးနွေးသံများက သူ့အပေါ် သက်ရောက်မှုမရှိဟန် ရသည်။

မြောက်ပိုင်းကျင့်ကြံသူများက သေရည်မကြိုက်ကြချေ။ ယင်းအစား သူတို့က ဤသို့ဝိညာဉ်လက်ဖက်ရည်ကို အလွန်သဘောကျကြသည်။

သို့ဖြစ်၍ လက်ဖက်ရည်စံအိမ်တော်များသည် မြို့တိုင်းနီးပါးတွင် တည်ရှိကြသည်။

“ အဲ့ဒီဓားနှစ်လက်က စိတ်ဝင်စားစရာပဲ ”

ရွှီချင်းက လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းရှေ့မှာ တေ့လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ဝိညာဉ်လက်ဖက်ရည်၏ တမူထူးခြားသော ခါးသက်သက်အရသာက သူ၏ လျှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ခါးသက်သော အရသာက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် ချိုမြိန်သော အမွှေးနံ့က သူ၏ အာခေါင်တစ်ခုလုံးမှာ ပျံ့နှံ့သွားသည်။

ယနေ့က မြောက်ပိုင်းကြယ်စင်စုသို့ သူရောက်နေသည့် သုံးရက်မြောက်နေ့ ဖြစ်သည်။ သူက မြောက်ပိုင်းကြယ်စင်စုနှင့် မရင်းနှီးသောကြောင့် လမ်းတစ်လျှောက်တွင် သူ့အရည်အချင်းပြည့်မီတုံကင်၏ အရှိန်အဝါကို ဖုံးကွယ်ထားခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းကို ကိုယ်စားပြုသော ကြယ်က မြောက်ပိုင်းကြယ်တာရာမြေပုံထဲမှာ မထွက်ပေါ်လာချေ။

သူက ဤနေရာသို့ ရောက်လာပြီးနောက် ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဓားပွဲတော်အကြောင်းကို ကြားသိလိုက်ရသည်။

ထိုပွဲတော်ကို သုံးရက်ပြီးနောက် ကျင်းပလိမ့်မည်။

ယင်းက နှစ်လလုံးလုံး ကြာမြင့်လိမ့်မည်။

ထူးဆန်းသည်မှာ ပွဲတော်အဆုံးသတ်မည့်အချိန်က စမ်းသပ်မှု၏ တတိယအဆင့် ပြီးဆုံးမည့်အချိန်နှင့် တူညီနေသည်။

“ သူတို့က ကြောက်နေတာလား ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ တောင်ပိုင်းကြယ်စင်စုတွင် သူလုပ်ဆောင်ခဲ့သော အရာများက လူတိုင်းထံသို့ ပျံ့နှံ့သွားလိမ့်မည်ဟု မသေချာသော်လည်း ထိုဓားနှစ်လက်သည်တော့ ယင်းကို သတိထားမိလိမ့်မည်ဟု ရွှီချင်း ယုံကြည်သည်။

“ ဒါဆိုရင်… နှစ်လကြာကျင်းပမယ့် ဒီပွဲတော်က သူတို့ကို ဘေးကင်းလုံခြုံမှုပေးလိမ့်မယ်လို့ ဘယ်အရာက ယုံကြည်စေတာလဲ ”

“ အဲ့ဒါက သူတို့ရဲ့ ဂိုဏ်းမဖြစ်နိုင်ဘူး… အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေအရ ပြင်ပအင်အားစုတွေက ဝင်ရောက်မစွက်ဖက်နိုင်ဘူး… ဒီတော့ သူတို့က ဒီပွဲတော်ထဲမှာ အစီအစဉ်တွေ ပြုလုပ်ထားတာ ဖြစ်နိုင်တယ် ”

“ သူတို့က ငါရောက်လာမှာကို စောင့်နေတာလား ”

ရွှီချင်းက တွေးတောစဉ်းစားပြီးနောက် ဝိညာည်လက်ဖက်ရည်ကို တစ်ကျိုက်တည်း အကုန်သောက်လိုက်သည်။

…..

သုံးရက်ကုန်ဆုံးသွားသည်။

အင်မော်တယ်ဓားဂိုဏ်းတည်ရှိသော ဥက္ကာခဲ၏ ဘေးပတ်ဝန်းကျင်တွင် အရေအတွက်များပြားသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေကြသည်။ မြောက်ပိုင်းဒေသထဲမှ အင်အားစုအားလုံးက ဤနေရာမှာ စုဝေးရောက်ရှိနေကြလေရာ ဘေးပတ်ဝန်းကျင်မှ လေထုက သက်ဝင်လှုပ်ရှားနေသည်။

သူတို့အားလုံးက ပွဲတော်ကို စောင့်ဆိုင်းနေကြသည်။

ဥက္ကာခဲပေါ်မှ အင်မော်တယ်ဓားဂိုဏ်းသည်လည်း ထို့အတူပင်။

အင်မော်တယ်ဓားဂိုဏ်းထဲမှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် ပြင်ပလောကမှ ဂုဏ်သရေရှိဧည့်သည်တော်များဖြစ်စေ သူတို့အားလုံးက ဂိုဏ်း၏ အလယ်ဗဟိုမှ မြေကွက်လပ်ထဲမှာ စုဝေးရှိနေကြသည်။ သူတို့က စကားစမြည်ပြောရင်း ရယ်မောနေကြသည်။ သူတို့က ပွဲတော်စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ယင်းက မင်္ဂလာအခါတော်အချိန် ကျရောက်လာသည်အထိ ကြာမြင့်ခဲ့သည်။

ဤအခိုက်အတန့်မှာ လောကတစ်ခုလုံး ဝုန်းခနဲ မြည်သွားသည်။

ကမ္ဘာတုန်ဟီးစေနိုင်သော သက်တံ့တိမ်တိုက်နှစ်ခုက မြေကွက်လပ်ထဲမှ မြှောက်တတ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ၎င်းတို့၏ အရှိန်အဝါက ကြီးကျယ်ခမ်းနားလေရာ ၎င်းတို့ထံမှ အရှိန်အဝါကို မည်သည့်အကွာအဝေးမှဖြစ်စေ မြင်နိုင်ပေသည်။

သူတို့က ကောင်းကင်ပေါ်မှ မိုးသောက်အလင်းပေါ်သို့ ရောက်ရှိသွားသည့်အခိုက် အနီရောင်အလင်းက ခမ်းနားထည်ဝါစွာ တောက်ပလာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပင်လယ်တစ်စင်းပမာ ပျံ့ပွားသွားသည်။

ထို့နောက် ကောင်းကင်ပေါ်မှာ ဧရာမဝဲကတော့နှစ်ခု ထွက်ပေါ်လာကြသည်။

ဝဲကတော့များက လှည့်ပတ်သွားသည့်အခါ အင်မော်တယ်ဓားဂိုဏ်းတည်ရှိသော ဥက္ကာခဲသည်ပင် တုန်ယင်သွားပြီး အပြာရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ အပြာရောင်အလင်းက လေထဲသို့ မြှောက်တတ်သွားပြီး အနီရောင်အလင်းနှင့် ရောယှက်သွားသည်။

သို့ဖြစ်၍ အနီရောင်နှင့် အပြာရောင်အလင်းက အင်မော်တယ်ဓားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဘေးပတ်ဝန်းကျင်ကို စွန်းထင်းသွားသည်။

ထိုမြင်ကွင်းကို အောက်ဘက်မှ ကျင့်ကြံသူများက မြင်လိုက်ရသောအခါ သူတို့၏ အတွေးများက ဖရိုဖရဲဖြစ်သွားကြသည်။

ဂိုဏ်းထဲမှ ကျင့်ကြံသူများက ပြုံးလိုက်ကြသည်။ သူတို့၏ အကြည့်ထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေကြသည်။

သို့သော်လည်း လူတိုင်း၏ အကြည့်အောက်နှင့် ဓားစွမ်းအင်မုန်တိုင်းကြားထဲ၌ မြေကွက်လပ်ထဲမှာ ထွက်ပေါ်လာကြသော ချမ်ကျွင်းနှင့် ပိုင်ရီက မသိမသာ စိတ်လှုပ်ရှားသွားကြသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် အသံပို့လွှတ်လိုက်ကြသည်။

“ အဲ့ဒီလူက ရောက်မလာဘူးလား ”

“ ပွဲတော်မစခင် သူရောက်လာမယ်လို့ ငါတွေးထားတာ… ဒါပေမဲ့ သူမထွက်ပေါ်လာဘူး ”

“ သူက ပွဲတော်ကျင်းပနေတဲ့ အတောအတွင်းမှာ ထွက်ပေါ်လာလောက်လား ”

“ ကိစ္စမရှိဘူး… ငါတို့က ပြင်ဆင်မှုတွေကို ပြုလုပ်ထားပြီးပြီပဲ… တကယ်လို့ သူက ငါတို့ကို ကြောက်နေမယ်ဆိုရင် ထွက်ပေါ်လာမှာမဟုတ်ဘူး… ဒါပေမဲ့ တကယ်လို့ သူထွက်ပေါ်လာမယ်ဆိုရင်တော့… ”

“ အတိတ်တုန်းက ငါတို့ရဲ့ အရှက်ရမှုအတွက် သူ့ကို ငါတို့ညီအကိုတွေ ကောင်းကောင်း လက်စားပြန်ချေပစ်မယ် ”

“ ဒါပေမဲ့… တကယ်လို့ သူ့ကို ငါတို့ အနိုင်မယူနိုင်ရင်ရော ”

“ တကယ်လို့ ငါတို့မနိုင်ဘူးဆိုရင် အညံ့ခံလိုက်မယ်လေ… ဘာပဲပြောပြော သိက္ခာကျမဲ့လူက ငါတို့မဟုတ်ဘူး… ငါတို့ဆရာပဲ… သူ့တပည့်နှစ်ယောက်ရဲ့ ဉာဏ်အလင်းဆင်ခြင်မှုကိုတောင် ကာကွယ်မပေးနိုင်ဘူးဆိုရင် သူ့ရဲ့ အင်မော်တယ်သခင်ဘွဲ့က ဘာသုံးစားရတော့မှာလဲ ”

“ အကို… မင်းက အရမ်းဉာဏ်ကောင်းတာပဲ ”

ချမ်ကျွင်းနှင့် ပိုင်ရီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လေရာ ပိုပြီးစိတ်အားတတ်ကြွသွားကြသည်။ ထို့နောက် သူတို့နှစ်ယောက်က အသက်ပြင်းပြင်းရှူသွင်းလိုက်ကြပြီး အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ကြသည်။ ဓားစွမ်းအင်က သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

သူတို့က အနီရောင်နှင့် အပြာရောင်အလင်းဖြင့် ပေါင်းစပ်သွားသည့်အခိုက် အင်မော်တယ်ဓားစိတ်ဆန္ဒနှစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာကြသည်။

နောက်အခိုက်အတန့်မှာ ဝေဝါးသော ဓားနှစ်လက်က သူတို့၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုဓားနှစ်လက်ထဲမှာ ရှေးဟောင်းအရှိန်အဝါနှင့် အချိန်အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။

သူတို့ထွက်ပေါ်လာသည့်အခိုက် သူတို့က မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားပြီး လူအများအပြားကို နှလုံးတုန်လှုပ်သွားစေသည်။

အကယ်၍ တခြားကြယ်ပွင့်များသာ ဤနေရာမှာရှိမည်ဆိုလျှင် ထိုဓားနှစ်လက်က စတုတ္ထအလွှာထဲမှ ဓားမီးဖိုထဲမှ ထွက်ပေါ်လာခဲ့သော အင်မော်တယ်ဓားနှစ်လက်ဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် မှတ်မိသွားကြလိမ့်မည်။

ဤအခိုက်အတန့်မှာ ဥက္ကာခဲမှ ထုတ်လွှတ်လိုက်သော အပြာရောင်အလင်းနှင့် မိုးသောက်မှ ထုတ်လွှတ်လိုက်သော အနီရောင်အလင်းက ဓားသွားကို ချွန်ထက်စေမည့် သဲမှုန်များအဖြစ် အသွင်ပြောင်းလဲသွားဟန် ရသည်။ ထိုသဲမှုန်များက ဝေဝါးနေသော အင်မော်တယ်ဓားနှစ်လက်၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်သွားကြပြီး ဓားနှစ်လက်ထဲသို့ အဆုံးမဲ့စွာ စီးဝင်သွားကြသည်။

ဤသည်မှာ ဓားနှစ်လက်က တိုက်ချွတ်ခံလိုက်ရသည့်အလား ဓားစွမ်းအင်က ပိုပြီးသိပ်သည်းလာပြီး ထက်ရှလာသည်။

ဓားအလင်းသည်လည်း ထို့အတူပင်။

ပွဲတော်အရ ထိုဓားသွေးခြင်းက နှစ်လကြာမြင့်လိမ့်မည်။ ဤအတိုင်း ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် အင်မော်တယ်ဓားများက ပိုပြီးအရောင်တောက်ပလာပြီး ဓားစိတ်ဆန္ဒက ပိုပြီးထက်ရှလာလိမ့်မည်။ ထို့ပြင် ဤပွဲတော်သို့ လာရောက်ကြသူတိုင်းက ထိုဓားသွေးခြင်းကို ကြည့်ရှုခြင်းဖြင့် ဉာဏ်အလင်းများ ရရှိနိုင်ကြသည်။

ချမ်ကျွင်းနှင့် ပိုင်ရီက တင်ပျဉ်ခွေထိုင်လိုက်ကြပြီး မျက်လုံးမှိတ်လိုက်ကြသည်။ သူတို့က အင်မော်တယ်ဓားသွေးခြင်း လုပ်ငန်းစဉ်မှာ အပြည့်အဝ စိတ်နှစ်ထားလိုက်ကြသည်။

ချက်ချင်းဆိုသလို ချီးကျူးစကားသံများက အရပ်မျက်နှာအဘက်ဘက်မှ ပေါ်ထွက်လာကြသည်။

ချီးမွမ်းသော အကြည့်များသည်လည်း ဆက်ပြီး ထွက်ပေါ်လာကြသည်။

အင်မော်တယ်ဓားဂိုဏ်းထဲမှ ဓားနန်းတော်တစ်ခုထဲတွင် သရောင်လှောင်ပြောင်သော အသံက ခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။

“ အကိုတော်စိမ်းပြာ… မင်းရဲ့ တပည့်နှစ်ယောက်က တကယ်ထူးခြားတဲ့ကောင်တွေပဲ ”

စကားပြောလိုက်သူက ဝတ်စုံနီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူက အောက်ဘက်မှ မြေကွက်လပ်ထံသို့ လှမ်းကြည့်လိုက်ပြီး အပြုံးဖြင့် ပြောသည်။

သူ၏ ဘေးမှာ စိမ်းပြာဓားအင်မော်တယ်သခင်က ရပ်နေသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ စိမ်းပြာဓားအင်မော်တယ်သခင်က အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။

“ ယီးကို ထူးခြားတာလား… အဲ့နှစ်ကောင် ဘယ်လိုလုပ်နေလဲ မင်းကြည့်စမ်းပါ… သူတို့က ငါ့ကိုတောင် အပြစ်ဖို့ချင်နေသေးတယ်… တကယ်လို့ တစ်ခုခုလွဲမှားသွားရင် သူတို့အသုံးမကျတာကြောင့်မဟုတ်ဘဲ သူတို့ဆရာ ငါအသုံးမကျလို့ဆိုပြီး ပြောလိမ့်မယ် ”

ယင်းကို ကြားသောအခါ ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက ပြုံးလိုက်သည်။ သူ၏ အကြည့်က လူအုပ်ကြားထဲမှ ဝေဝါးနေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ တစ်ဖက်လူက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲတွင် တည်ရှိနေသည့်အလားပင်။

ထိုသို့အခြေအနေကြောင့် တစ်ဖက်လူက လူအုပ်ကြားထဲမှာ ရပ်နေသော်လည်း ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက သူ့ကို သတိမထားမိဟန် ရသည်။

သို့သော်လည်း သူ့ကို မြင်နိုင်သူများအတွက်တော့ တစ်ဖက်လူက လူအုပ်ကြားထဲမှာ ထင်ထင်ရှားရှား မတ်တတ်ရပ်နေကြောင်း မြင်ရလိမ့်မည်။

“ သူတို့က အဲ့ဒီကောင်လေးကို ကြောက်နေတာမလား… အင်မော်တယ်ဘုရင်က သူ့ကို မြင့်မြင့်တွေးထားတာ မထူးဆန်းတော့ပါဘူး… သူ့ရဲ့ အာဏာစက်က အတိတ်တုန်းက မိုးသောက်အင်မော်တယ်အရှင်သခင်ကို ငါ့ကို ပြန်အမှတ်ရစေတယ် ”

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

“ အကိုတော်စိမ်းပြာ… တကယ်တမ်းဆိုရင် အတိတ်မှာ မင်းက မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ တပည့်ဖြစ်ပြီး ပထမအစစ်အမှန်ဦးသျှောင် ဖြစ်ခဲ့တယ်မလား… ”

ယင်းကို စိမ်းပြာဓားအင်မော်တယ်သခင် ကြားသောအခါ သူက သက်ပြင်းချလိုက်သည်။

“ အဲ့ဒါက သေးငယ်တဲ့ ဘွဲ့လေးတစ်ခုပါပဲ… ငါ့ရဲ့ အကျင့်မကောင်းတဲ့ ဆရာက တစ်ခါတစ်လေမှ ထွက်ပေါ်လာတတ်တယ်… ပြီးတော့ သူငါ့ကို ဘယ်တုန်းကမှ မိုးသောက်အင်မော်တယ်နန်းတော်ဆီ ခေါ်မသွားခဲ့ဘူး… မဟုတ်ရင် ငါလည်းပဲ ဒီမှာ ရှိနေမှာမဟုတ်ဘူး ”

“ ဒါပေမဲ့ ဘာပဲပြောပြော… ကမ္မရှိနေတုန်းပဲ မဟုတ်လား ”

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက နူးညံ့စွာ ပြောသည်။

စိမ်းပြာက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။

“ မင်းနဲ့ပတ်သက်ပြီး ဘယ်အရာကို ငါအမုန်းဆုံးလဲ သိလား ”

“ ငါပြောမယ့်စကားကို မင်းက အရင်ဦးအောင် ပြောသွားတာကို ငါအမုန်းဆုံးပဲ ”

“ ငါသိပါတယ်… အို ကြည့်စမ်း… ဟိုကောင်လေးက ငါတို့ကို ကြည့်နေတယ် ”

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက ပြုံးလိုက်ပြီး အောက်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။

…..

အင်မော်တယ်ဓားဂိုဏ်းထဲမှ မြေကွက်လပ်ထဲရှိ လူအုပ်ကြားထဲတွင် ရွှီချင်းက ခေါင်းမော့လိုက်သည်။

သူက အင်မော်တယ်ဓားဂိုဏ်းထဲမှ အရှည်လျားဆုံး ဓားနန်းတော်ထံသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခု ဝေဝေဝါးဝါး ထွက်ပေါ်နေကြောင်း သူအာရုံခံနိုင်သည်။ ယင်းကို ရှင်းလင်းစွာ သူမမြင်နိုင်သော်လည်း ခန့်မှန်းမှုတစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

ထို့နောက် သူက အပြင်သို့ ထွက်လျှောက်သွားသည်။

သူက လူအုပ်ကြီးနှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားပြီး စင်မြင့်ပေါ်သို့ လျှောက်သွားသည်။ သူက လွင့်မျောနေသော ဓားစွမ်းအင်နှစ်ခုကို ဖြတ်ကျော်သွားပြီး ဓားသွေးနေသော အင်မော်တယ်ဓားနှစ်လက်ဆီသို့ ချဉ်းကပ်သွားသည်။

ထို့နောက် သူက လက်မြှောက်လိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ဓားသွေးခံနေရသော အင်မော်တယ်ဓားနှစ်လက်က ရုတ်တရက် တုန်ယင်သွားကြသည်။

နောက်အခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ လူများ၏ မယုံကြည်နိုင်မှုအောက်မှာ ဓားနှစ်လက်က ဝမ်းသာပျော်ရွှင်သော မြည်သံကို ထုတ်လွှတ်လိုက်ကြပြီး ဓားသွေးနေခြင်းမှ ရုန်းထွက်သွားကြသည်။

၎င်းတို့က ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

တစ်ချိန်တည်းမှာ စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသော ချမ်ကျွမ်းနှင့် ပိုင်ရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့က ယင်းကို အတင်းအဓမ္မ ဖိနှိပ်လိုက်ကြသည်။

“ သူရောက်လာပြီ ”

“ အဲ့ဒါက ငါတို့ဓားတွေ ”

“ ငါတို့ သူနဲ့ တိုက်မယ် ”

ချမ်ကျွမ်းနှင့် ပိုင်ရီ၏ အသက်ရှူသံက မြန်ဆန်လာသည်။ ဘေးပတ်ဝန်းကျင်မှ လူတိုင်းက သူတို့ကို စောင့်ကြည့်နေကြောင်း သူတို့ဂရုမစိုက်တော့ဘဲ အမြန်လှုပ်ရှားလိုက်ကြသည်။ သူတို့က ချိပ်တံဆိပ်လက်ဟန်များစွာကို ဆက်တိုက် ဖွဲ့စည်းလိုက်ကြပြီး မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်ကြသည်။

သူတို့၏ လက်ဖဝါးလေးခုက မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခိုက် မြေကွက်လပ်က တုန်ယင်သွားပြီး အလင်းစက်ကွင်းတစ်ရာက စွမ်းအားအပြည့်ဖြင့် ထွက်ပေါ်လာကြသည်။

ယင်းတို့က ရွှီချင်းဆီသို့ တစ်ခုပြီးတစ်ခု ပျံသန်းသွားကြသည်။

ချမ်ကျွင်းနှင့် ပိုင်ရီက မတ်တတ်ရပ်လိုက်ကြပြီး ချိပ်တံဆိပ်လက်သင်္ကေတများကို ထုတ်ဖော်လိုက်ကြသည်။ သူတို့က နက်ရှိုင်းစွာ ဟိန်းအော်လိုက်သည်နှင့် သူတို့၏ အမူအရာက တည်ကြည်လေးနက်သွားကြသည်။

“ ဓားတွေ မြှောက်တတ်လာစမ်း… ဓားတွေ ဆင်းသက်လာစမ်း ”

နောက်အခိုက်အတန့်မှာ မြေကွက်လပ်က တုန်ယင်သွားသည်။ ပုံရိပ်ယောင်ဧရာမဓားတစ်လက်က မြေကြီးထဲမှ မြှောက်တတ်လာသည်။ ဓားက ဖော်မပြနိုင်သော ဂုဏ်ကျက်သရေနှင့်အတူ ထွန်းလင်းတောက်ပသည်။

ဓားက ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာ သူတို့၏ ဦးခေါင်းပေါ်တွင် အလင်းပင်လယ်မှ ဖွဲ့စည်းသွားသော ဧရာမဓားတစ်လက်က ထွက်ပေါ်လာပြီး ရွှီချင်းထံသို့ ကျဆင်းသွားသည်။

ယင်းက အဆုံးသတ်မဟုတ်သေးပေ။

အလင်းစက်ကွင်းတစ်ရာနှင့် ပုံရိပ်ယောင်ဧရာမဓားနှစ်လက်ကို ဆင့်ခေါ်ပြီးနောက် ချမ်ကျွင်းနှင့် ပိုင်ရီက နောက်ထပ် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ကြပြီး သွေးအန်ထုတ်လိုက်ကြသည်။

“ ဥက္ကာဓား ”

နောက်အခိုက်အတန့်မှာ အင်မော်တယ်ဓားဂိုဏ်းတည်ရှိသော ဥက္ကာခဲက အပြာရောင် ထွန်းလင်းတောက်ပလာသည်။ အပြာရောင်ဓားရှည်တစ်ထောင်က အပြာရောင်အလင်းပင်လယ်ထဲမှ ထွက်ပေါ်လာကြပြီး ရွှီချင်းထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ လေထဲတွင် ဓားရှည်တစ်ထောင်က ရွှီချင်းကို လှည့်ပတ်သွားကြပြီး ဓားအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ဓားများက ရွှီချင်း၏ ဘေးပတ်ပတ်လည်ကို ဝန်းရံထားစဉ် အလင်းစက်ကွင်းတစ်ရာက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့်အတူ ပျံသန်းလာနေကြသည်။

ယင်းက လေးဖက်လေးလံမှ ပိတ်ဆို့ထားသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုဖြစ်သည်။

ယင်းတို့က ရွှီချင်းအတွက် ချမ်ကျွင်းနှင့် ပိုင်ရီခင်းကျင်းထားသော စည်းချအစီအရင်များ ဖြစ်ကြသည်။

သူတို့က စည်းချအစီအရင်များကို ဆက်တိုက် အသက်သွင်းလိုက်သည်နှင့် သူတို့၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုက ထွက်ပေါ်လာသည်။ သူတို့က ချိပ်တံဆိပ်လက်ဟန်များကို ထုတ်ဖော်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က အချင်းချင်း ပေါင်းစပ်သွားပြီး တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားသည်။

သူက နောက်ထပ် ချိပ်တံဆိပ်လက်သင်္ကေများကို ဖွဲ့စည်းရန် သူတို့၏ မူလအနှစ်သာရကိုပင် ထုတ်သုံးလိုက်လေရာ သူတို့၏ ဒွါရခုနစ်ပေါက်မှ သွေးစီးကျလာသည်။ သူတို့က ရွှီချင်းထံသို့ စိတ်လှုပ်ရှားစွာ ပျံသန်းသွားနေသော အင်မော်တယ်ဓားနှစ်လက်ထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုအခါ အင်မော်တယ်ဓားနှစ်လက်က ရုတ်တရက် တုန်ယင်သွားကြပြီး ၎င်းတို့၏ စိတ်လှုပ်ရှားမှုက ဖိနှိပ်ခံလိုက်ရသည်။ ၎င်းတို့၏ ထက်ရှမှုက အားနည်းသွားပြီး ၎င်းတို့က ရွှီချင်းထံသို့ ရန်လိုစွာ ပျံသန်းသွားကြသည်။ ဤသည်မှာ ၎င်းတို့က ၎င်းတို့၏ သခင်ကို ဝါးမျိုချင်နေသည့်အလားပင်။

ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က ရွှီချင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ယင်းတို့အားလုံးနှင့် ရင်ဆိုင်ရသော်လည်း ရွှီချင်း၏ တည်ငြိမ်သော အမူအရာက မပြောင်းလဲသွားချေ။ သူက လက်မြှောက်လိုက်သည့်အခါ စပါးစေ့တစ်စေ့က လွင့်မျောထွက်လာသည်။

ထို့နောက် ယင်းက မြေပြင်ပေါ်သို့ ညင်သာစွာ ပြုတ်ကျသွားသည်။

ကောင်းကင်က တုန်ယင်သွားပြီး မြေပြင်က အက်ကွဲသွားသည်။ ဟင်းလင်းပြင်သာမက အချိန်လေဟာနယ်သည်ပင် ပရမ်းပတာ လှုပ်ခတ်သွားသည်။

ယင်းက ကောင်းကင်ဘုံဥပဒေသမြူမှုန် ဖြစ်သည်။

All Chapters