← Chapters

အတူတူတိုက်ကြရအောင်

Vol. 109 Ch. 1664

အတူတူတိုက်ကြရအောင်

Vol. 109 Ch. 1664

ကောင်းကင်ဘုံဥပဒေသမြူမှုန် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အင်မော်တယ်ဓားဂိုဏ်းတည်ရှိသော လောကက ဝုန်းခနဲ မြည်သွားသည်။

အလွန်ကြောက်စရာကောင်းသော ဖိအားက ကောင်းကင်ဘုံခွန်အားသဖွယ် ထွက်ပေါ်လာသည်။

လောကက တုန်လှုပ်သွားပြီး ဟင်းလင်းပြင်က စတင်အက်ကွဲသွားသည်။ ဤနေရာမှာ ရှိနေကြသော ကျင့်ကြံသူအများစုက ထိတ်လန့်ချောက်ချားသွားကြပြီး သူတို့၏ အမူအရာက ပြောင်းလဲသွားကြသည်။

သူတို့က ဤနေရာမှ အမြန်ဆုံး အနောက်ဆုတ်သွားကြသည်။

ဤသည်မှာ ထိုမြူမှုန်ဖြင့် ရင်ဆိုင်ရသည့်အခါ သက်ရှိအားလုံးက ရွေးချယ်စရာမရှိဘဲ အနောက်ဆုတ်သွားရမည့်ဟန် ရသည်။

သူတို့က ယင်းကို မဆန့်ကျင်နိုင်ကြပေ။

ယင်းက အမိန့်အာဏာစက်ပြီးနောက် ညီမျှမှုအထွတ်အထိပ်၏ မြစ်ခွဲဖြစ်သည်။ ယင်းက အင်မော်တယ်စွမ်းအင်၏ အမျှင်တန်းတစ်ခုဖြစ်သည်။

ယခင်က နံပါတ်တစ်ကြယ်ပွင့်ဖြစ်ခဲ့သော ကြယ်တာရာစက်ဝန်းသည် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားစဉ်မှာ သူ့ဘဝတစ်လျှောက်လုံး၏ ပါရမီနှင့် ကံကြမ္မာကို အသုံးပြု၍ ယင်းကို ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းက ကြယ်တာရာစက်ဝန်း၏ အနာဂတ် အင်မော်တယ်တာအိုအတွက် သက်သေဖြစ်သည်။

ယင်းမှာ အကန့်အသတ်မဲ့ပြီး အလွန်ကျယ်ပြောသော အရှိန်အဝါရှိသည်။

မြူမှုန်ဆင်းသက်လာသည်နှင့်ချက်ချင်း ကောင်းကင်နှင့်မြေပြင်က နေရာပြောင်းလဲသွားဟန် ရသည်။

ဤသည်မှာ သူတို့က ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ရင်ဆိုင်နေရသည့်အလားပင်။

အထူးသဖြင့် ရှိန်လောက်စရာကောင်းသော ထိုမြူမှုန်က မြောက်ပိုင်းကြယ်စင်စုထဲမှာ တစ်ခါမှ မထွက်ပေါ်လာဖူးပေ။

အင်မော်တယ်နန်းတော်၏ ပဉ္စမအလွှာထဲတွင် ကြယ်တာရာစက်ဝန်းနှင့် ရွှီချင်းကြားမှ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြသည့် ခြေလှမ်းဝက်အင်မော်တယ်အနည်းစုသာ ယင်းကို မြင်ဖူးကြသည်။

ယခု မြူမှုန်က မြောက်ပိုင်းဒေသရှိ အင်မော်တယ်ဓားဂိုဏ်းထဲမှ ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။

သို့ဖြစ်၍ ထိတ်လန့်ချောက်ချားမှုက ပိုပြီးပြင်းထန်လာပြီး လူတိုင်း၏ ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း တူညီစွာ ခံစားမိသွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ သူတို့၏ အစီအစဉ်အားလုံးက မြူမှုန်နှင့် ရင်ဆိုင်ရသောအခါ ကလေးကစားစရာများ ဖြစ်သွားကြသည်။

သူတို့၏ ပြင်ဆင်မှုအားလုံးက ဟာသဖြစ်သွားသည်။

မြေပြင်ပေါ်မှ ပထမဓားနှင့် ကောင်းကင်ပေါ်မှ ဒုတိယဓားက အောက်သို့ ပြုတ်ကျလာကြသည်။ ၎င်းတို့က ကျယ်လောင်စွာ မြည်ဟိန်းနေသော လောကထဲမှာ တုန်ယင်သွားကြပြီး ဓားစွမ်းအင်ကို ဆက်လက် မထုတ်လွှတ်နိုင်ကြတော့ပေ။

ဓားအရှိန်အဟုန်က အတင်းအဓမ္မ နှောင့်ယှက်ခံလိုက်ရသည်။

၎င်းတို့က အော်ဟစ်ညည်းညူနေကြဟန် ရ၏။

နောက်အခိုက်အတန့်မှာ ဓားနှစ်လက်က အကန့်အသတ်သို့ ရောက်ရှိသွားကြသည်။ ၎င်းတို့က တစ်လက်မချင်း အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။

တစ်ချိန်တည်းမှာ ရွှီချင်းကို ဝန်းရံထားသော ဓားအလင်းတန်းတစ်ထောင်မှ ဖွဲ့စည်းထားသည့် မုန်တိုင်းသည်လည်း ပြိုကွဲသွားသည်။

ကောင်းကင်ဘုံဥပဒေသမြူမှုန်ဖြင့် ရင်ဆိုင်ရသောအခါ ဓားအလင်းများက ရပ်တန့်သွားကြပြီး ၎င်းတို့၏ တောက်ပမှုက မှေးမှိန်သွားကြသည်။ အလွန်အားကောင်းသော မုန်တိုင်းများသည်လည်း ချက်ချင်း ဖယ်ရှားခံလိုက်ရကြသည်။

ယင်းတို့က ဆက်ပြီး မတည်ရှိနိုင်ကြတော့ပေ။

ချမ်ကျွင်းနှင့် ပိုင်ရီ၏ ထိန်းချုပ်ခံရပြီးနောက် ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားနေသော အင်မော်တယ်ဓားနှစ်လက်သည်ပင် တန်ပြန်ဆိုးကျိုးကို ခံစားလိုက်ကြရသည်။ ၎င်းတို့က ရွှီချင်းနားသို့ ချဉ်းကပ်သွားသည့်အခိုက် တစ်ခါမှမဖြစ်စဖူး ဖော်မပြနိုင်အောင် တုန်ယင်သွားကြသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က အဝေးသို့ လွင့်စင်သွားကြသည်။

လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြုပြီးနောက် ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသော ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း တုန်ယင်သွားကြပြီး ဒွါရခုနစ်ပေါက်မှ သွေးစီးကျလာသည်။ သူတို့က မြန်ဆန်စွာ အနောက်ဆုတ်သွားသည်နှင့် သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ချက်ချင်း ပျောက်ကွယ်သွားသည်။

မရပ်တန့်နိုင်သလို မခုခံနိုင်ပေ။

မြူမှုန်က အလွန်သေးငယ်သော်လည်း ချမ်ကျွင်းနှင့် ပိုင်ရီ၏ မျက်လုံးထဲတွင် ယင်းက ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ အလေးချိန်နှင့် နှိုင်းယှဉ်နိုင်သည်။

ဤအခိုက်အတန့်မှာ သူတို့၏ နှလုံးသားထဲမှ အန္တရာယ်ခံစားမှုက အလွန်ပြင်းထန်လာသည်။

သို့သော်လည်း သူတို့၏ အနောက်ဆုတ်မှုက ကောင်းကင်ဘုံဥပဒေသမြူမှုန်အောက်မှာ အဓိပ္ပာယ်မဲ့သွားသည်။

ကောင်းကင်ဘုံဥပဒေသမြူမှုန်က လွတ်မြောက်ရန် အခွင့်အရေးမပေးဘဲ အရာအားလုံးကို မြှုပ်နှံပစ်လိမ့်မည်။

ချက်ချင်းဆိုသလို သူတို့နှစ်ယောက်၏ အသိစိတ်က ဝုန်းခနဲ မြည်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က ယင်းကို မတောင့်ခံနိုင်ဘဲ ကွဲထွက်သွားသည်။ သူတို့၏ ခန္ဓာကိုယ်ပေါင်းစပ်ထားသော အခြေအနေက တိုက်ရိုက် နှောင့်ယှက်ခံလိုက်ရသည်။

ခန္ဓာကိုယ်ကွဲထွက်သွားပြီးနောက် သူတို့က သွေးအန်လိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဆက်ပြီး အက်ကွဲသွားသည်။ မြူမှုန်ကျဆင်းလာသည်နှင့် အက်ကွဲကြောင်းများက သူတို့ကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

သေခြင်းရှင်ခြင်းခံစားမှုက ဒီရေလှိုင်းသဖွယ် ထွက်ပေါ်လာပြီး အရာအားလုံးကို ဝါးမျိုသွားသည်။

မြူမှုန်က ချမ်ကျွင်းနှင့် ပိုင်ရီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပေါ်သို့ လုံးဝ ကျဆင်းသွားပြီး အပြီးတိုင် ဖျက်ဆီးပစ်တော့မည့်အချိန်…

နူးညံ့သော သက်ပြင်းချသံက အင်မော်တယ်ဓားဂိုဏ်း၏ ဓားနန်းတော်ထဲမှ ပျံ့လွင့်လာသည်။

“ ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါဦး… ”

ထိုသက်ပြင်းချသံက ဓားစွမ်းအင်လေပြေတစ်ခုကို မြူမှုန်အောက်တွင် ထွက်ပေါ်လာစေသည်။

လေပြေတိုက်ခတ်သွားသည်နှင့် မြူမှုန်က လေထဲမှာ ရပ်တန့်သွားသည်။

ထိုသို့ရပ်တန့်သွားသည်ကို အခွင့်ကောင်းယူ၍ ချမ်ကျွင်းနှင့် ပိုင်ရီက မြန်ဆန်စွာ အသက်ရှူသွင်းလိုက်ကြသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ အစွမ်းကုန် ထုတ်လွှတ်လိုက်ကြပြီး ဓားနန်းတော်ဆီသို့ ပျံသန်းသွားကြသည်။ သူတို့ဆရာ၏ အသံကို ကြားလိုက်ရသည့်အခိုက် ဆရာက လှုပ်ရှားမှုပြုလုပ်လိုက်ကြောင်း သူတို့နားလည်သွားကြသည်။

အစောနက သေခြင်းရှင်ခြင်းကပ်ဘေးက သူတို့ကို ဖော်မပြနိုင်အောင် တုန်လှုပ်ချောက်ချားသွားစေသည်။ ယခုအချိန်မှာ သူတို့အသက်ရှင်နိုင်မည့် မျှော်လင့်ချက်က သူတို့ဆရာထံမှာသာရှိကြောင်း နားလည်ကြသည်။

သို့ဖြစ်၍ သူတို့က အမြန်ထွက်ပြေးသွားကြသည်။

သို့သော်လည်း သူတို့ ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် သူတို့၏ အရှေ့တွင် အချိန်လေဟာနယ်လှိုင်းများက ရုတ်တရက် ထွက်ပေါ်လာကြသည်။ အချိန်လေဟာနယ်လှိုင်းများဖြင့် တားဆီးခံလိုက်ရသည့်အခါ ဓားနန်းတော်က ဤလောကထဲမှာ ဆက်ပြီး မတည်ရှိတော့ဟန် ရ၏။

နောက်အခိုက်အတန့်မှာ အချိန်လေဟာနယ်လှိုင်းများ၏ ထပ်ဆင့်လွှမ်းခြုံမှုအောက်မှာ အလွန်ကျယ်ပြောသော အချိန်လေဟာနယ်မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ မုန်တိုင်းက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချမ်ကျွင်းနှင့် ပိုင်ရီကို ဝါးမျိုလိုက်သည်။

မုန်တိုင်းလွင့်ပြယ်သွားသည်နှင့် သူတို့နှစ်ယောက်၏ ပုံရိပ်များက ပျောက်ကွယ်သွားကြသည်။

သူတို့က လှိုင်းထဲသို့ တိုက်ရိုက် ထည့်သွင်းခံလိုက်ရကြပြီး အချိန်စီးဆင်းမှုထဲမှာ နစ်မြုပ်သွားကြသည်။ တစ်နည်းဆိုရသော် သူတို့က ပစ္စုပ္ပန်မှ ပျောက်ကွယ်သွားကြခြင်း ဖြစ်သည်။

ရွှီချင်းသည်လည်း လွင့်ပြယ်နေသော အချိန်လေဟာနယ်လှိုင်းထဲသို့ ခြေချလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူက အချိန်လေဟာနယ်ထဲထိ ထိုနှစ်ယောက်ကို လိုက်ဖမ်းသည်။

ရွှီချင်းက မြေကွက်လပ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ချမ်ကျွင်းနှင့် ပိုင်ရီ၏ ပြင်ဆင်မှုအားလုံးကို ဖျက်ဆီးပစ်ခဲ့ကာ သူတို့ကို ထွက်ပြေးရန် အတင်းအဓမ္မ ဖိအားပေးခဲ့သည်။ ထို့နောက် သူက သူတို့နှစ်ယောက်ကို အချိန်လေဟာနယ်ထဲသို့ ဆွဲသွင်းလိုက်ပြီး ဆက်လက် လိုက်ဖမ်းခဲ့သည်။ ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က အသက်ရှူချိန်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းက မြောက်ပိုင်းဒေသထဲမှ အင်အားစုအသီးသီးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ယင်းကို သူတို့ဘဝတစ်လျှောက်လုံး အလွယ်တကူ မမေ့ပျောက်နိုင်မည့် အဖြစ်အပျက်တစ်ခု ဖြစ်လာလိမ့်မည်ဟု ဆိုလျှင် လွန်ကြူးရာမကျပေ။

အဘယ့်ကြောင့်ဆိုသော် မြောက်ပိုင်းဒေသထဲတွင် ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဂုဏ်သတင်းက အလွန်ကြီးမားသည်။ သို့ဖြစ်၍ ထင်မှတ်မထားသော ဤရလဒ်က အလွန်ထိတ်လန့်စရာကောင်းသည်။

တခြားအကြောင်းအရင်းမှာ ရုတ်တရက် တိုက်ခိုက်လာသော ထိုလူကို မည်သူမှ မသိကြသော်လည်း သူ၏ အာဏာစက်က မည်မျှကြောက်စရာကောင်းကြောင်း သူတို့အာရုံခံနိုင်ကြသည်။

ထို့ပြင် ဤတိုက်ပွဲ၏ ပြင်းထန်မှုက အုပ်ချုပ်သူအဆင့်ထက် ကျော်လွန်နေသည်။

ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှာပင် ဤသို့တိုက်ပွဲက အံ့ဩစရာကောင်းသည်။

သို့ဖြစ်၍ ရွှီချင်းကို ကြယ်တာရာစက်ဝန်းဟု အထင်မှားသော တစ်စုံတစ်ယောက်က ထွက်ပေါ်လာသည်။

“ စောစောက အဲ့ဒီလူက… ”

“ ကြယ်တာရာစက်ဝန်းလား… ”

“ ဒါပေမဲ့ သူမဟုတ်တဲ့ပုံပဲ… ”

အင်မော်တယ်ဓားဂိုဏ်း၏ အတွင်းနှင့်အပြင်မှ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဓားနန်းတော်ထဲတွင် စိမ်းပြာဓားအင်မော်တယ်သခင်က သက်ပြင်းချလိုက်ပြီး အရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ပါးစပ်ဟလိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

သို့သော်လည်း သူ့ဘေးမှ ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက ပြုံးလိုက်ပြီး အရင်ဦးစွာ ပြောသည်။

“ ဒီနေ့ခေတ် လူငယ်တွေ… အရမ်းအံ့ဩစရာကောင်းတာပဲ… အဆင့်နိမ့်အင်မော်တယ်တစ်ပါးရဲ့ ဂုဏ်ကျက်သရေကိုတောင် ဂရုမစိုက်ကြဘူး ”

စိမ်းပြာဓားအင်မော်တယ်သခင်က သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး အနောက်လှည့်ကာ ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားကို စက်ဆုပ်ရွံရှာစွာ စိုက်ကြည့်လိုက်သည်။ တစ်ခဏ တွေးတောပြီးနောက် သူက စကားပြောရန် ပါးစပ်ဟလိုက်စဉ် ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက ထပ်မံ ပြောသည်။

“ ဒါပေမဲ့ ဘာပဲပြောပြော သူတို့က ငါ့တပည့်တွေ မဟုတ်လား… စည်းမျဉ်းတွေအရ ဝင်မစွက်ဖက်သင့်ဘူးဆိုပေမဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေတာက အကျိုးအကြောင်းသင့်ပါတယ်… ပြီးတော့ ဒီအခွင့်အရေးကို အသုံးချပြီး အဆင့်နိမ့်အင်မော်တယ်တစ်ပါးရဲ့ ဂုဏ်ကျက်သရေကို ဘယ်လိုလေးစားရမလဲဆိုတာ ဒီနေ့ခေတ် လူငယ်တွေကို သင်ပြပေးရမယ် ”

စိမ်းပြာဓားအင်မော်တယ်သခင်က နှုတ်ဆိတ်သွားသည်။

သူက ထိုလူကို ပိုပြီးမုန်းတီးလာသည်။

တစ်ဖက်လူက သူပြောမည့်စကားကို ထပ်ခါထပ်ခါ အရင်ဦးအောင် ပြောနေလေရာ အလွန်စိတ်ဆိုးသည်။ ထို့ကြောင့် နောက်ထပ် မည်သို့ဆက်ပြောသင့်ကြောင်း သူမသိတော့ချေ။

သို့ဖြစ်၍ သူက မျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူထုတ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက သူ့ထက်အရင် နှာခေါင်းရှုံ့လိုက်သည်။

စိမ်းပြာဓားအင်မော်တယ်သခင်က ပိုပြီးစိတ်ဆိုးသွားသည်။

“ မင်းအရမ်းလွန်သွားပြီ… မင်းက ငါ့ရဲ့ နှာခေါင်းရှုံ့တာကိုတောင် ခိုးတယ် ”

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက ပြုံးလိုက်သည်။ သို့သော်လည်း သူက နောက်ထပ် မပြောတော့ပေ။

စိမ်းပြာဓားအင်မော်တယ်သခင်က ပိုပြီးစက်ဆုပ်ရွံရှာသွားသည်။ ထို့ကြောင့် သူက မည်သည့်စကားမှ မပြောရန် ဆုံးဖြတ်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

…..

ဤအခိုက်အတန့်မှာ ပစ္စုပ္ပန်လောကနှင့် ကင်းကွာနေသော တခြားအချိန်လေဟာနယ်ထဲတွင် သဲကန္တာရတစ်ခု ရှိသည်။

ချမ်ကျွင်းနှင့် ပိုင်ရီက သဲကန္တာရပေါ်မှာ ရပ်နေကြပြီး ထွက်ပေါက်ကို ရှာဖွေနေကြသည်။

အချိန်လေဟာနယ်မုန်တိုင်း၏ ဝါးမျိုခံလိုက်ရပြီးနောက် သူတို့က မူလလောကထဲမှ ခွဲထုတ်ခံလိုက်ရပြီး ဤအချိန်လေဟာနယ်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ဤနေရာမှာ သူတို့ထွက်ပေါ်လာသည့်အခိုက် ယင်းက ပုံရိပ်ယောင်လော သို့မဟုတ် အစစ်အမှန်လော သူတို့မပြောနိုင်ကြချေ။ သဲကန္တာရ၊ ဤနယ်မြေနှင့် အရာအားလုံးက ဖော်မပြနိုင်အောင် စစ်မှန်ကြသည်။

သို့သော်လည်း သူတို့နှလုံးသား၏ အနက်ပိုင်းထဲမှ သေခြင်းရှင်ခြင်းအန္တရာယ်က တဖြည်းဖြည်း ပိုတိုးပွားလာနေလေရာ သူတို့က ထိုအကြောင်းကို အများကြီး မစဉ်းစားနိုင်ကြချေ။ စိုးရိမ်ကြောင့်ကြမှုနှင့် ခါးသီးမှုက သူတို့၏ အသိစိတ်ကို လုံးဝ ဖုံးလွှမ်းထားသည်။

“ သေစမ်း… သေစမ်း… အဲ့ဒါတွေအားလုံး မင်းကြောင့်ပဲ ”

“ မင်းက ဘာလို့ ငါ့ကို အပြစ်တင်နေတာလဲ… အဲ့ဒါတွေအားလုံးက မင်းရဲ့ သောက်သုံးမကျတဲ့ အစီအစဉ်ကြောင့်လေ… မင်းပဲ ထောက်ချောက်ဆင်ပြီး အလစ်တိုက်ခိုက်ဖို့ ပြောခဲ့တာ မဟုတ်ဘူးလား… အခု မင်းပုံစံကို ပြန်ကြည့်လိုက်ဦး… သောက်ရူးနဲ့ တူနေပြီ ”

“ မင်းကများ ငါ့ကို သောက်ရူးလို့ ပြောတယ်… ဘယ်သူမှ ငါတို့ကို ကူညီမှာမဟုတ်ဘူး ဆရာတောင် ငါတို့ကို ကူညီမှာမဟုတ်ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား… အဲ့ဒါကြောင့် ငါက ကြံမိကြံရာ ကြံမိတာပေါ့… ပြီးတော့ တကယ်လို့ ငါတို့သာ သူ့ကို သတ်နိုင်မယ်ဆိုရင် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို စိုးရိမ်စရာမလိုတော့ဘူးလေ ”

“ မင်းပြောနေပုံက ငါတစ်ယောက်တည်းပဲ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့တာကျနေတာပဲ… မင်းရော အတူတူပဲ မဟုတ်ဘူးလား ”

“ အဲ့ဒါ မင်းရဲ့ အမှား ”

“ မဟုတ်ဘူး… အဲ့ဒါ မင်းရဲ့ အမှား ”

ညီအကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီး ငြင်းခုန်နေကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ပြီးနောက် အော်ပြောလိုက်ကြသည်။

“ ငါတို့ဆရာကလည်း ဘာမှအသုံးမကျဘူး ”

“ အဲ့ဒီအဖိုးကြီးက အင်မော်တယ်တစ်ပါးဆိုပေမဲ့ ငါတို့အမဲလိုက်ခံနေရတာကို ရပ်ကြည့်နေတယ် ”

“ ဟုတ်တယ်… အဲ့ဒီလူက ငါတို့ဆရာရဲ့ ဂုဏ်သိက္ခာကို နည်းနည်းမှ ဂရုမစိုက်ဘူး ”

“ အဲ့ဒါ ငါတို့ဆရာရဲ့ ဂုဏ်သိက္ခာက မလုံလောက်လို့ပေါ့ဟ ”

“ မင်းပြောတာ မှန်တယ်… ငါတို့ဆရာသာ အင်မော်တယ်ဘုရင်ဆိုရင် အဲ့ဒီလူက သေချာပေါက် မျက်နှာသာပေးလိမ့်မယ်

“ ဒီတော့… ”

“ အားလုံးက ဆရာရဲ့ အမှားတွေပဲ ”

ညီအကိုနှစ်ယောက်က ပြိုင်တူ အော်ပြောလိုက်ကြသည်။ သူတို့က ဒေါသထုတ်လွှတ်ရန် ပစ်မှတ်ရှာတွေ့သွားပြီးနောက် ညီအကိုကောင်းများ ပြန်ဖြစ်သွားကြသည်။

သူတို့၏ ဒေါသ ပြေလျော့သွားပြီးနောက် သူတို့၏ နှလုံးသားထဲမှ စိတ်ပျက်အားလျော့မှုက တကယ်ပျောက်ကွယ်သွားသည်။ သူတို့က အရှိန်မြှင့်တင်လိုက်ကြပြီး သဲကန္တာရ၏ အပြင်သို့ ပျံသန်းသွားကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ လေက သဲကန္တာရထဲမှာ ထွက်ပေါ်လာသည်။

လေတိုက်ခတ်မှုကြောင့် သဲမှုန်များက ကောင်းကင်ပေါ်သို့ ချက်ချင်း မြှောက်တတ်သွားကြပြီး လောကတစ်ခွင် ပျံ့နှံ့သွားကြသည်။ ထို့နောက် သဲလေပွေက မရပ်တန့်နိုင်သော အင်အားနှင့်အတူ သူတို့နှစ်ယောက်ထံသို့ ဦးတည်သွားသည်။

သူတို့က မည်သို့တိုက်ခိုက်ပါစေ သို့မဟုတ် မည်သို့ခုခံပါစေ အချည်းနှီးသာ ဖြစ်၏။

နောက်ဆုံးမှာတော့ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းထားသော သဲလေပွေက ဧရာမမျက်နှာအဖြစ် အသွင်ပြောင်းလဲသွားသည်။

ယင်းက ရွှီချင်း၏ မျက်နှာဖြစ်သည်။

ရွှီချင်း၏ သဲမျက်နှာက သူတို့နှစ်ယောက်ကို ဝါးမျိုရန် ပါးစပ်ဟလိုက်သည်။

စိတ်ပျက်အားလျော့မှုက ချမ်ကျွမ်းနှင့် ပိုင်ရီ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုအခါ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လိုက်ကြသည်။ စိတ်ဓာတ်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ညီလေး… ငါတို့တွေ အညံ့ခံမယ့်အစား အသက်သာ အသေခံလိုက်မယ် ”

“ ဟုတ်တယ် အကို… ငါတို့သေရမယ်ဆိုရင်တောင် မတ်တတ်ရပ်ပြီးပဲ သေမယ်… ငါတို့ဘယ်တော့မှ ဒူးမကွေးဘူး ”

“ ဒီတော့… ငါတို့တွေ အတူတူ ပြေးသွားပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကြမယ် ”

“ အင်း… ငါတို့တွေ အတူတူ ဖောက်ခွဲကြမယ် ”

သူတို့နှစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်ကြပြီး အရှေ့သို့ ပြေးထွက်သွားကြသည်။ ဤသည်မှာ သူတို့က အညံ့ခံမည့်အစား ဂုဏ်သိက္ခာရှိစွာ အသေခံတော့မည့်အလားပင်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့နှစ်ယောက်စလုံးက ရုတ်တရက် ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ်ဖြင့် ပြိုင်တူ အော်ခေါ်လိုက်ကြသည်။

“ သခင်လေး… ”

ထိုသို့ပြောလိုက်သည့်အခိုက် ညီအကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ပြူးကြည့်လိုက်ကြသည်။ သူတို့စကားပြောတော့မည့်အချိန် အပြာရောင်အလင်းက ဤအချိန်လေဟာနယ်၏ ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

အပြာရောင်အလင်းက ပင်လယ်ကြီးပမာ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ အပြာရောင်အလင်းက ဤအချိန်လေဟာနယ်တစ်ခုလုံး၌ ပြည့်နှက်သွားသည့်အခါ ရွှီချင်း၏ ဧရာမသဲမျက်နှာက ရပ်တန့်သွားသည်။

ထို့နောက် ဒေါတသကြီး အော်သံက အပြာရောင်အလင်းထဲမှ ပေါ်ထွက်လာသည်။

“ ခွေးသားနှစ်ကောင် ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ချမ်ကျွင်းနှင့် ပိုင်ရီက အံ့ဩဝမ်းသာသွားကြသည်။ သူတို့က မတ်တတ်ထရပ်တော့မည့်အချိန် အပြာရောင်အလင်းက ဆင်းသက်လာပြီး စိမ်းပြာဓားအင်မော်တယ်သခင်၏ ပုံရိပ်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သူက ခြေတစ်လှမ်းနှင့်အတူ ညီအကိုနှစ်ယောက်၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။

သူက ထိုနှစ်ယောက်၏ စကားကို နားမထောင်ချင်သည့်အလား လက်ခုပ်တီးလိုက်သည်။

ချက်ချင်းဆိုသလို ညီအကိုနှစ်ယောက်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူတို့ပိုင်ဆိုင်သော အရည်အချင်းပြည့်မီတုံကင်များက သူတို့၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွားကြသည်။

စိမ်းပြာဓားအင်မော်တယ်သခင်က တုံကင်များကို ဖမ်းဆုပ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လေရာ သူ၏ အရှိန်အဝါက အပြည့်အဝ ပေါ်လျှိုးလာသည်။ ထိုအခါ လောက၏ အရောင်က အပြာရောင်သို့ ပြောင်းလဲသွားပြီး အချိန်လေဟာနယ်က အက်ကွဲသွားသည်။ ဖော်မပြနိုင်သော ကြောက်မက်ဖွယ်ရာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

ယင်းက ဓားလှိုင်းများကို အချိန်လေဟာနယ်တစ်ခုလုံးဆီသို့ ပို့လွှတ်လိုက်သည်။

ဤသည်မှာ အတွေးတစ်ချက်ဖြင့် အချိန်လေဟာနယ်အားလုံးက ဖုန်မှုန့်ဖြစ်သွားတော့မည့်အလားပင်။

သူက အစွမ်းပြပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ ကောင်လေး… ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါဦး ”

ကောင်းကင်ယံတွင် ဧရာမသဲမျက်နှာက လွင့်ပြယ်သွားပြီး ရွှီချင်းက ထွက်လျှောက်လာသည်။ သူက အရည်အချင်းပြည့်မီတုံကင်နှစ်ခုကို သိမ်းယူပြီးနောက် အရိုအသေပေးလိုက်သည်။

“ စီနီယာက ပြောနေမှတော့ ကျွန်တော် နာခံပါမယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက အနောက်ဆုတ်သွားပြီး အမြန်ပျောက်ကွယ်သွားသည်။

အချိန်လေဟာနယ်သည်လည်း ပျောက်ကွယ်သွားသည်။

ထို့နောက် ဘေးပတ်ဝန်းကျင်က ဝေဝါးသွားသည်။ အရာအားလုံး ပြန်ကြည်လင်သွားသည့်အခါ သူတို့က အင်မော်တယ်ဓားဂိုဏ်းထဲမှာ ပြန်ထွက်ပေါ်လာကြသည်။ သို့သော်လည်း သူတို့က မြေကွက်လပ်ထဲမှာ မရှိကြတော့ချေ။ ယင်းအစား ဓားနန်းတော်ထဲမှာ ဖြစ်သည်။

ချမ်ကျွင်းနှင့် ပိုင်ရီက ခန်းမထဲမှာ မိန်းမောတွေဝေနေကြသည်။ ထို့နောက် သူတို့က ဝမ်းသာပျော်ရွှင်သွားပြီး သူတို့၏ ဆရာကို ကျေးဇူးတင်လိုက်ကြသည်။

စိမ်းပြာဓားအင်မော်တယ်သခင်က အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး သူတို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ထိုတပည့်မိုက်နှစ်ကောင်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။ သို့ဖြစ်၍ ချမ်းကျွင်းနှင့် ပိုင်ရီက အခန်းထောင့်သို့ လွင့်စင်သွားကြပြီး လဲကျသွားကြသည်။

သို့သော်လည်း သူက စိတ်မကျေနပ်သေးသောကြောင့် သူတို့နောက်သို့ ဆက်လိုက်သွားပြီး အကြိမ်ရေအနည်းငယ် ထပ်မံ ကန်ကျောက်လိုက်သည်။ သို့ဖြစ်၍ ညီအကိုနှစ်ယောက်က ခွေးအော် ဝက်အော်သကဲ့သို့ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

“ ခွေးကောင်တွေ ”

“ သောက်ရှက်မရှိတဲ့ဟာတွေ ”

“ အတိတ်မှာ ငါသေရည်မူးနေခဲ့လို့ မင်းတို့ကို ပါရမီရှင်တွေလို့ မြင်ခဲ့တာ ဖြစ်ရမယ် ”

“ မင်းတို့က မွေးရာပါ ဓားခန္ဓာကိုယ်ပိုင်ရှင်တွေ မဟုတ်ဘူး… မင်းတို့က မွေးရာပါ အမှိုက်ခန္ဓာကိုယ်ပိုင်ရှင်တွေ ”

စိတ်ကျေနပ်သည်အထိ ကန်ကျောက်ပြီးနောက် စိမ်းပြာဓားအင်မော်တယ်သခင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး သူ့ဘေး၌ မည်သည့်စကားမှ မပြောဘဲ ရပ်ကြည့်နေသော ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည်။

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသားက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

စိမ်းပြာဓားအင်မော်တယ်သခင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ ဒီတစ်ကြိမ်ကျတော့ ငါပြောချင်တဲ့စကားကို မင်းဘာလို့ မပြောတာလဲ ”

“ အဲ့ဒါကို ငါမပြောချင်ဘူး ”

ဝတ်စုံနီနှင့် သက်လတ်ပိုင်းအမျိုးသား ပြုံးလိုက်သည်။

မိုးပြာဓားအင်မော်တယ်သခင်က အကူအညီမဲ့သွားသည်။ တစ်ခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။

“ စီနီယာအကို… ဘာပဲပြောပြော ဒီငတုံးနှစ်ကောင်က မင်းရဲ့ တူတော်တွေ မဟုတ်ဘူးလား… အခု မင်းလက်ထဲမှာ အခွင့်အာဏာရှိနေတာပဲ… ဘာလို့ သူတို့ကို နောက်ထပ်တုံကင်နှစ်ခု မပေးတာလဲ ”

All Chapters