အင်မော်တယ်မြို့တော်
Vol. 109 Ch. 1667
ဤအခိုက်အတန့်က အင်မော်တယ်မြို့တော် ဝင်ရောက်ခွင့်အတွက် စမ်းသပ်မှုတိုင်း၏ အခမ်းနားဆုံးနှင့် အထည်ဝါဆုံး အချိန်အခါဖြစ်သည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ စိတ်ကူးယဉ်နေကြသော အခိုက်အတန့်လည်း ဖြစ်သည်။
အရည်အချင်းပြည့်မီကြသော ကျင့်ကြံသူများက သက်ရှိအားလုံး၏ မနာလိုသော အကြည့်အောက်မှာ အင်မော်တယ်မြို့တော်ဆီသို့ တတ်လှမ်းနိုင်ကြလိမ့်မည်။
ရွှီချင်း၏ ပုံရိပ်က အခမ်းနားဆုံး သက်တံ့လျှောက်လမ်းပေါ်တွင် လမ်းလျှောက်နေသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ကောင်းကင်ပေါ်သို့ တတ်သွားသည်။
သူ့အနောက်တွင် ကြယ်စင်စုလေးခုထဲမှ တခြားလမ်းကြောင်းများ ရှိကြသည်။ ကျင့်ကြံသူ(၉၉)ယောက်က ၎င်းတို့၏ သက်ဆိုင်ရာ သက်တံ့များမှတဆင့် အင်မော်တယ်မြို့တော်ဆီသို့ တတ်လှမ်းသွားနေကြသည်။
ဤအခိုက်အတန့်မှာ ထိုအယောက်တစ်ရာက ကြယ်စင်စုလေးခု၏ အာရုံစိုက်စရာများ ဖြစ်လာကြသည်။
ဤအခိုက်အတန့်မှာ သူတို့က ကြယ်ပွင့်များ ဖြစ်ကြသည်မှာ သံသယရှိရန် မလိုပေ။
ကြယ်စင်စုလေးခုက တိတ်ဆိတ်နေစဉ် မရေမတွက်နိုင်သော အကြည့်များက ကောင်းကင်ပေါ်မှာ စုဝေးသွားကြသည်။
လူအများစုက ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်နိုင်သော်လည်း ကြယ်စင်စုလေးခုထဲမှ အစွမ်းထက် ပုဂ္ဂိုလ်များအတွက်တော့ အခမ်းနားဆုံး သက်တံ့ကို မြင်နိုင်ရန် မခက်ခဲချေ။
မရေမတွက်နိုင်သော သက်ရှိများ၏ အကြည့်အောက်မှာ သက်တံ့များပေါ်သို့ တတ်သွားကြသော အရည်အချင်းပြည့်မီသူများက မိုးသောက်အလင်းနှင့် ပိုပြီးနီးကပ်သွားကြသည်။ နောက်ဆုံးမှာတော့ သူတို့တစ်ယောက်စီက မိုးသောက်အလင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
မိုးသောက်အလင်း၏ အထက်တွင် ကြယ်တာရာကောင်းကင် မရှိပေ။ ယင်းအစား အလွန်ကျယ်ပြောသော မြူခိုးထုသာ ရှိသည်။ မြူခိုးက အလွန်ထူထဲလေရာ ကြယ်ဂြိုလ်များသည်ပင် ဖုံးကွယ်ခံရလိမ့်မည်။
မြူခိုးထုထဲတွင် ထင်ထင်ရှားရှား ထွက်ပေါ်နေသည်မှာ အလွန်ရှေးကျပြီး ယိုယွင်းဆွေးမြေ့နေသော ထောင့်တိုင်တစ်ရာဖြစ်ကြသည်။ ယင်းတို့က စီတန်းရှိနေကြလေရာ အစီအရင်တစ်ခုဖြစ်ပုံပေါ်သည်။ အလယ်ဆုံးမှ ထောင့်တိုင်က အရှည်လျားဆုံးဖြစ်ပြီး ၎င်း၏ ဘေးနှစ်ဖက်မှ နောက်ထပ်ထောင့်တိုင်များသည်တော့ တစ်ခုထက်တစ်ခု ပိုပြီးတိုသွားကြသည်။ သို့ဖြစ်၍ ထောင့်တိုင်များ၏ စီတန်းမှုက ‘人 ’ဟူသော အမှတ်သင်္ကေတကို ပြန်အမှတ်ရစေသည်။
ထို့ပြင် ထောင့်တိုင်အားလုံးက အရောင်အသွေးစုံလင်သည်။
ဤသည်မှာ ၎င်းတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ပြီး မရေမတွက်နိုင်သော ဂုဏ်ကျက်သရေများကို မျက်မြင်သက်သေပြုပေးခဲ့သည့်အလားပင်။
၎င်းတို့ထံမှ ထုတ်လွှတ်လိုက်သော အလင်းက သက်တံ့များအဖြစ် ဖွဲ့စည်းသွားကြသည်။
ထိုသက်တံ့များက မိုးသောက်အလင်းအောက်မှ ကြယ်စင်စုလေးခုအပေါ်သို့ ကျဆင်းသွားကြသည်။
ယင်းတို့က သက်ရှိအားလုံး၏ မျက်လုံးထဲတွင် လမ်းကြောင်းများ ဖြစ်လာကြသည်။
အလယ်မှ အရှည်လျားဆုံး ထောင့်တိုင်မှ ထုတ်လွှတ်လိုက်သော သက်တံ့သည်တော့ ခမ်းနားထည်ဝါဆုံး ဖြစ်သည်။ ရွှီချင်း၏ ပုံရိပ်က ထိုသက်တံ့ပေါ်မှာ လမ်းလျှောက်နေပြီး မိုးသောက်အလင်းကို ဖြတ်ကျော်သွားသည်။
သူက မိုးသောက်အလင်းထဲမှ ထွက်လာနိုင်ခဲ့သော ပထမဆုံး ကျင့်ကြံသူဖြစ်သည်။
မိုးသောက်အလင်းသည်တော့ သူ၏ ဘေးမှာ စီးဆင်းနေပြီး အရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။ ဤသည်မှာ သူက မြစ်၏ ကြမ်းပြင်အောက်မှ ထွက်ပေါ်လာပြီး မြစ်၏ မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားသည့်အလားပင်။
မြစ်ထဲမှ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းက အကန့်အသတ်မဲ့သော မြူခိုးထုနှင့် ရောင်စုံထောင့်တိုင်တစ်ရာကို မြင်တွေ့သွားသည်။
သူ၏ ခြေလှမ်းက မနှေးလွန်း မမြန်လွန်းပေ။ သူက ဖြည်းဖြည်းနှင့်ပုံမှန် လျှောက်သွားပြီး နောက်ဆုံးမှာတော့ အလယ်မှ ထောင့်တိုင်ပေါ်သို့ ရောက်ရှိသွားသည်။
သူက ထိုနေရာမှာ ရပ်လိုက်သည်။
ထိုနေရာတွင် သူက အောက်သို့ ငုံ့ကြည့်လိုက်သည်။
သူ၏ ခြေဖဝါးအောက်တွင် အလွန်ကျယ်ပြောသော မိုးသောက်က အနီရောင်သမုဒ္ဒရာသဖွယ် တည်ရှိနေသည်။
သက်တံ့ကိုးဆယ့်ကိုးခုက ဆင်းသက်သွားကြသည်နှင့် ကျင့်ကြံသူများက ယင်းတို့အပေါ်သို့ တတ်လှမ်းသွားကြသည်။ မကြာမီ ယင်းတို့က ကျင့်ကြံသူများကို သက်ဆိုင်ရာထောင့်တိုင်များဆီသို့ ခေါ်ဆောင်သွားကြသည်။
လူအုပ်ကြားထဲတွင် ရွှီချင်းက ကျိုးကျန်းလီကို မြင်သွားသည်။
ကျိုးကျန်းလီက ရိုသေကျိုးနွံစွာ ပြုံးလိုက်သည်။
သူက ရှဲလင်းဇီကို မြင်သွားသည်။
ရှဲလင်းဇီက ခေါင်းညိတ်ပြသည်။
သူက ယွင်ရှန်းစုကို မြင်သွားသည်။
ယွင်ရှန်းစုက ရွှီချင်း၏ အကြည့်ကို ရှောင်လွှဲလိုက်သည်။
သူက လီမုန့်တုကို မြင်သွားသည်။
လီမုန့်တုက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။
သူက ချမ်ကျွင်းနှင့် ပိုင်ရီကို မြင်သွားသည်။
ထိုညီအကိုနှစ်ယောက်က အစက အတော်လေး မောက်မာထောင်လွှားကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့က လူအုပ်ကြားထဲမှာ ပုန်းလျှိုးနေကြသည်။
ရွှီချင်း၏ အကြည့်က ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်ထံသို့ ဖြတ်သန်းသွားသည်။
အများစုက သူနှင့်မရင်းနှီးပေ။ သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်များထဲတွင် ကျန်းဖန်က ပျောက်နေပြီး ဝတ်စုံနက်လူငယ်တစ်ယောက်က ထပ်တိုးလာသည်။
ဝတ်စုံနက်လူငယ်၏ တစ်ကိုယ်လုံးမှ အမိန့်အရှိန်အဝါကို ထုတ်လွှတ်နေပြီး သူ၏ ဘေးပတ်ပတ်လည်တွင် ကြယ်အလင်းရောင်မှ ဖွဲ့စည်းထားသော သံကြိုးများ ရှိသည်။ ရွှီချင်း၏ အကြည့်က သူ့ထံသို့ ကျရောက်သွားစဉ် တစ်ဖက်လူ၏ အကြည့်ကလည်း ရွှီချင်းပေါ်သို့ ကျရောက်လာသည်။
ကြယ်တာရာစက်ဝန်း…
ရွှီချင်းက အေးဆေးတည်ငြိမ်သည်။
တစ်ဖက်လူ၏ ထွက်ပေါ်လာမှုကို အများကြီး သူမအံ့ဩပေ။
ကြယ်တာရာစက်ဝန်း အသက်ပြန်ရှင်လာကြောင်း အစကတည်းက သူအာရုံခံမိပြီးသား ဖြစ်သည်။
သူက ကြယ်တာရာစက်ဝန်းမျှော်စင်၏ အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့သော်လည်း တစ်ဖက်လူက ရောက်မလာခဲ့ပေ။
သို့ဖြစ်၍ သူ့ကို နောက်တစ်ကြိမ် ထပ်မြင်လိုက်ရခြင်းက ရွှီချင်းအပေါ် မည်သည့်သက်ရောက်မှုမှ မဖြစ်စေပေ။ ထို့နောက် သူက တည်ငြိမ်စွာ အကြည့်ပြန်ရုပ်လိုက်သည်။
သူက သက်ဆိုင်ရာထောင့်တိုင်များဆီသို့ လျှောက်သွားနေကြသော ထိုကျင့်ကြံသူများကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ ယင်းအစား သူက ခေါင်းမော့လိုက်ပြီး မြူခိုး၏ အပေါ်သို့ ကြည့်လိုက်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းက သိပ်မကျယ်ဝန်းကြောင်း ရွှီချင်း ခံစားမိသည်။ ထိုအတွေးက အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် ဝမ်ကူးကုန်းမြေကို နှိုင်းယှဉ်ကြည့်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းတွင် အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ ကြယ်စင်စုလေးခု ရှိသည်။ ကြယ်စင်စုတစ်ခုစီက ဝမ်ကူးကုန်းမြေထက် သိသိသာသာ ပိုပြီးကြီးမားသည်။
ထို့ပြင် ကျင့်ကြံသူအများစုက သူတို့တစ်ဘဝလုံး ပျံသန်းသွားမည်ဆိုလျှင်ပင် ကြယ်စင်စုတစ်ခုလုံးကို ခရီးသွားလာနိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင်အောင် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဧရိယာက သေးငယ်သည်ဟု ရွှီချင်း ခံစားမိနေဆဲပင်။
အတိတ်မှာ သူမြင်တွေ့ခဲ့ဖူးသော ကြယ်တာရာစက်ဝန်း(၃၆)ခု၏ မြေပုံအရ မည်သည့်ကြယ်တာရာစက်ဝန်းမဆို အဆုံးမဲ့စွာ ကျယ်ပြောကြသည်။
သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူရောက်ရှိလာပြီးနောက် အရာအားလုံးက ကွဲပြားခြားနားနေသည်။
ယင်းက အတိတ်မှာ ပြားချပ်သွားခဲ့သော အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်တာရာကောင်းကင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု ရွှီချင်း ယူဆခဲ့သည်။
မည်သို့ဖြစ်ပါစေ အာကာသက အကန့်အသတ်မဲ့ ဟင်းလင်းပြင်ဖြစ်သည်။ အာကာသက ဒိုင်မန်းရှင်းအထပ်ထပ်ဖြင့် ဖွဲ့စည်းထားသောအရာ ဖြစ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းက ပြားချပ်သွားပြီး ကုန်းမြေတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည့်တိုင် ယင်းက တစ်စုံတစ်ယောက်၏ အမြင်အာရုံကို လှည့်စားထားခြင်းသာ ဖြစ်နိုင်ပေသည်။ ကြယ်တာရာစက်ဝန်း၏ စစ်မှန်သော အကျယ်အဝန်းက ထိုသို့မဖြစ်နိုင်ပေ။
သို့သော်လည်း ယင်းက အကြောင်းအရင်းများစွာအနက် တစ်ခုသာ ဖြစ်သည်။ ယင်းက အဓိကအကြောင်းအရင်း မဟုတ်ပေ။
ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲ…
ထိုမေးခွန်းက ရွှီချင်း၏ နှလုံးသားထဲမှာ ပဟေဠိတစ်ခုအဖြစ် ရှိနေသည်။ ကြယ်စင်စုလေးခုကို ဖြတ်သန်းသွားခဲ့သော သူ၏ ခရီးစဉ်တွင် ထိုမေးခွန်းကို အဖြေရှာနေခဲ့သည်။
ယခု သူက ရှေးဟောင်းထောင့်တိုင်ပေါ်မှာ ရပ်လိုက်ပြီး အကန့်အသတ်မဲ့သော မြူခိုးကို ကြည့်လိုက်သည့်အခါ ထိုမေးခွန်းကို ပြန်စဉ်းစားမိသွားသည်။
တစ်ချိန်တည်းမှာ သူက အဖြေတစ်ခုကို ခပ်ရေးရေး တွေးမိသွားသည်။
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ စစ်မှန်သော ပုံသဏ္ဍာန်က မကြာခင် ထွက်ပေါ်လာတော့မည်။
သူက ယင်းကို စောင့်မျှော်လိုက်သည်။
ဤနေရာသို့ ရောက်လာကြသော တခြားကျင့်ကြံသူများသည်လည်း ယင်းကို စောင့်မျှော်နေကြသည်။
သူတို့က အချိန်ကြာကြာ မစောင့်လိုက်ရချေ။
နောက်ဆုံးကျင့်ကြံသူက သူ၏ ထောင့်တိုင်ပေါ်သို့ ရောက်ရှိသွားသည့်အခိုက်…
မြူခိုးက ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်သွားသည်။
မဖော်ပြနိုင်သော ဖိအားတစ်ခုက မြူခိုးကို ထိုးဖောက်သွားနေဟန် ရ၏။ ဤသည်မှာ သဏ္ဍာန်မဲ့သော ဧရာမလက်တစ်စုံက မြူခိုးကို ညင်သာစွာ ဖယ်ရှားလိုက်သည့်အလားပင်။
ထိုအခါ ရွှီချင်းနှင့် တခြားလူများကို ဖုံးလွှမ်းထားသော မြူခိုးက ဒီရေကျသွားသကဲ့သို့ ချက်ချင်း လွင့်ပြယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ အလွန်ကျယ်ပြောသော ကြယ်တာရာကောင်းကင်က သူတို့၏ မျက်လုံးရှေ့မှာ ထွက်ပေါ်လာသည်။
ထိုကြယ်တာရာကောင်းကင်က အကန့်အသတ်မဲ့ တည်ရှိပြီး ဧရာမဝဲကတော့တစ်ခုက ကြယ်တာရာကောင်းကင်၏ (၉၀)ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။
ဝဲကတော့က လှုပ်ရှားမှုကင်းမဲ့နေပုံပေါ်သည်။ သို့သော်လည်း သေချာဂရုတစိုက် အာရုံခံကြည့်မည်ဆိုလျှင် ဝဲကတော့က လှည့်ပတ်နေကြောင်း သတိပြုမိလိမ့်မည်။
ထောင့်တိုင်များပေါ်မှ ရွှီချင်းနှင့် တခြားလူများသည် ထိုဧရာမဝဲကတော့နှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
ကြယ်တာရာကောင်းကင်တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသော ထိုဧရာမဝဲကတော့ထဲမှာ အရေအတွက်များပြားသော ကြယ်ဂြိုလ်များ၊ သက်ရှိများနှင့် အလွန်အားကောင်းသော အင်မော်တယ်အရှိန်အဝါများရှိကြောင်း သူတို့အားလုံး အာရုံခံနိုင်ကြသည်။
သို့သော်လည်း သူတို့က ထိုဝဲကတော့ထဲသို့ အာရုံစိုက်လိုက်သည့်အခိုက် ကြယ်တာရာကောင်းကင်ကို ကျုံ့စေနိုင်သော အင်အားတစ်ခု ထွက်ပေါ်လာဟန် ရ၏။
သို့ဖြစ်၍ ရွှီချင်းနှင့် တခြားလူများ၏ အရှေ့မှ ဝဲကတော့က မြန်ဆန်စွာ ကျုံ့သွားသည်။
ဝဲကတော့က ကျုံ့သွားသည်နှင့် ပိုပြီးကျယ်ပြောသော ကြယ်ဝဲကတော့တစ်ခုက ကြယ်တာရာကောင်းကင်ထဲမှာ ထွက်ပေါ်လာသည်။
ပထမဝဲကတော့က ပျောက်ကွယ်သွားဟန် ရသော်လည်း အမှန်မှာ ယင်းက မပျောက်ကွယ်သွားခဲ့ပေ။ ယင်းအစား ဝဲကတော့က အလွန်အမင်း သေးငယ်သော အပိုင်းအစတစ်ခုအဖြစ် ကျုံ့သွားပြီး နောက်ထွက်ပေါ်လာသော ဧရာမကြယ်ဝဲကတော့အတွင်းမှ ဘီလီယံနှင့်ချီရှိသော အပိုင်းအစများထဲမှ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုမြင်ကွင်းက ရွှီချင်းကို နှလုံးတုန်သွားစေသည်။
သို့တိုင် ယင်းက အဆုံးသတ် မဟုတ်သေးပေ။ နောက်အခိုက်အတန့်မှာ အလွန့်အလွန်ကျယ်ပြောသော ထိုကြယ်ဝဲကတော့က စတင်ကျုံ့သွားသည်။
ရွှီချင်းနှင့် တခြားလူများ မြင်တွေ့လိုက်ရသည်မှာ မရေမတွက်နိုင်အောင် များပြားသော ထိုအံ့ဖွယ်ကောင်းသည့် ကြယ်ဝဲကတော့များက ပိုပြီးကျယ်ပြောသော ကြယ်တာရာမြေပုံတစ်ခုအဖြစ် ပေါင်းစည်းသွားခြင်း ဖြစ်သည်။
အတိအကျဆိုရလျှင် ယင်းက ကြယ်စင်စုဖြစ်သည်။
ပထမအကြိမ် ကြည့်လျှင် ကြယ်စင်စု၏ အကျယ်အဝန်းက အံ့ဩစရာမကောင်းပေ။ သို့သော်လည်း ယင်းကို အရွယ်အစားကျုံ့ထားသော မရေမတွက်နိုင်သည့် ကြယ်ဝဲကတော့များဖြင့် ဖွဲ့စည်းထားကြောင်း သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့လေရာ ကြယ်စင်စု၏ အကျယ်အဝန်းကို စကားဖြင့် မဖော်ပြနိုင်ပေ။
ထို့ပြင် ယင်းက နောက်ဆုံးပုံစံ မဟုတ်သေးပေ။
နောက်အခိုက်အတန့်မှာ ကြယ်စင်စုက ထပ်မံ ကျုံ့သွားပြန်သည်။ ထိုအခါ ယင်း၏ ဘေးပတ်ပတ်လည်တွင် တူညီသော ကြယ်စင်စုအမြောက်အများက ထွက်ပေါ်လာကြသည်။ ထိုကြယ်စင်စုအားလုံးက အတူတကွ ပေါင်းစည်းသွားသည့်အခါ ပြီးပြည့်စုံသော စကြာဝဠာတစ်ခု ဖြစ်ပေါ်လာသည်။
ထိုစကြာဝဠာက သူတို့၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်းနှင့် တခြားလူများက တဒင်္ဂအသက်ရှူရန် သတိမေ့လျော့သွားကြသည်။
သို့တိုင် သူတို့က အသက်ပြန်မရှူနိုင်ခင်မှာ ပိုပြီးများပြားသော စကြာဝဠာများက ထွက်ပေါ်လာကြပြီး အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားကြသည်။
ထိုမှတဖန် အဆုံးမဲ့သော စကြာဝဠာများက စတင်ကျုံ့သွားကြသည်။
ကြယ်တာရာကောင်းကင်က ဝုန်းခနဲ တုန်လှုပ်သွားသည်။
နောက်ဆုံးမှာတော့ ဂုဏ်ကျက်သရေကြီးမားသော ပုံရိပ်တစ်ခုက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်က အစစ်အမှန်ခန္ဓာကိုယ်မဟုတ်သော်လည်း ဖော်မပြနိုင်အောင် အံ့ဩမင်သက်ဖွယ်ကောင်းဆဲပင်။ မည်သို့ဖြစ်ပါစေ ၎င်းကို မရေမတွက်နိုင်သော ဂလက်စီငယ်များ၊ အရေအတွက်များပြားသော ကြယ်ဝဲကတော့များ၊ အဆုံးမရှိသော ကြယ်စင်စုများနှင့် အကန့်အသတ်မဲ့သော စကြာဝဠာများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပါလော။
၎င်း၏ မျက်နှာက မထင်ရှားသော်လည်း ၎င်း၏ အထွတ်အမြတ်တည်ရှိမှုက မနှိုင်းယှဉ်သာအောင် ပြိုင်ဘက်ကင်းသည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်ဘုရင် မဟုတ်ပေ။
အကန့်အသတ်မဲ့ စကြာဝဠာများဖြင့် ဖွဲ့စည်းထားသော ဂုဏ်ကျက်သရေကြီးမားသည့် ထိုပုံရိပ်ထွက်ပေါ်လာသည့်အခိုက် ကြယ်တာရာကောင်းကင်က ထပ်မံကျုံ့သွားသည်။ ထို့နောက် နောက်ထပ် ပုံရိပ်ဆယ်ခုက ၎င်း၏ ဘေးတွင် ညီညီညာညာ ထွက်ပေါ်လာကြသည်။
စုစုပေါင်း ပုံရိပ်ဆယ့်တစ်ခု ရှိကြသည်။
၎င်းတို့က ကောင်းကင်ဘုံများ၏ အလွန်မှ နောက်ထပ် ကောင်းကင်ဘုံများ ဖြစ်ကြသည်။
၎င်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါး ဖြစ်ကြသည်။
၎င်းတို့က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပကြသည်။
အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါး ထွက်ပေါ်လာကြသည့်အခိုက် ဤနေရာမှ လူတိုင်းက နှလုံးတုန်သွားကြသည်။
ဖော်မပြနိုင်သော စိတ်ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ သူတို့အားလုံးက သူတို့၏ အရှေ့မှ ဧရာမပုံရိပ်ဆယ့်တစ်ခုကို အံ့ဩမင်သက်စွာ ကြည့်လိုက်ကြသည်။
ရွှီချင်းက အင်မော်တယ်အရှင်သခင်များ၏ အသွင်သဏ္ဍာန်ကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း အင်မော်တယ်နန်းတော်ထဲမှ သူ၏ အတွေ့အကြုံများကြောင့် ပုံရိပ်တစ်ခုကို အကြည့်တစ်ချက်ဖြင့် မှတ်မိသွားသည်။
၎င်းက ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင် ဖြစ်သည်။
ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က တခြားအင်မော်တယ်အရှင်သခင်များနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ထူးခြားသည်။
သူ၏ အရှေ့တွင် ကြယ်အလင်းရောင်မှ ဖွဲ့စည်းထားသော စက်ကွင်းတစ်ကွင်း ရှိသည်။
ရွှီချင်းက ထိုစက်ကွင်းကို မြင်သွားသည့်အခိုက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
ယင်းက ခေတ်စက်ကွင်းဖြစ်သည်။
မျက်မှောက်ကာလက ကမ်းစပ်ကိုးခုခေတ်ဖြစ်သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ ခံစားချက်လှိုင်းအတတ်အကျများကို ဖိနှိပ်လိုက်သည်။ သူက တခြားအင်မော်တယ်အရှင်သခင်များကို ကြည့်လိုက်လေရာ မျက်လုံးက နာကျင်လာသည်။ သို့သော်လည်း သူက နာကျင်မှုကို သည်းခံလိုက်ပြီး ဆရာသခင်ပိုင်ကို ရှာဖွေလိုက်သည်။
ယင်းက နဝမမြောက် ဧရာမပုံရိပ်ကို သူမမြင်ခင်အထိ ကြာမြင့်ခဲ့သည်။
ထိုပုံရိပ်က အဖိုးအိုတစ်ယောက်နှင့် ဆင်တူသည်။ ရွှီချင်းက ၎င်း၏ အသွင်သဏ္ဍာန်ကို အသေးစိတ် မမြင်နိုင်သော်လည်း တစ်ဖက်လူ၏ လက်ထဲမှ ဆေးအိုးက သူအလွန်ရင်းနှိးသောအရာ ဖြစ်သည်။
အဖိုးအိုက ညင်သာစွာ ခေါင်းငုံ့လိုက်လေရာ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားဟန် ရသည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည်လည်း ပြုံးလိုက်ပြီး အဖိုးအိုကို အရိုအသေပေးလိုက်သည်။
ရွှီချင်း အရိုအသေပေးလိုက်ပြီးနောက် ကြယ်တာရာကောင်းကင်က ထပ်မံ ဝေဝါးသွားပြီး နောက်တစ်ခါ ကျုံ့သွားပြန်သည်။
အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါးတည်ရှိသော ကောင်းကင်ဘုံအလွန်များက အရွယ်အစား ကျုံ့သွားကြသည့်အခါ ပိုပြီးအရွယ်အစားကြီးမားသော ဧရာမပုံရိပ်တစ်ခုက သူတို့၏ အနောက်မှာ ထွက်ပေါ်လာသည်။ ထိုပုံရိပ်က အထွတ်အမြတ်စွမ်းအားနှင့် ပြိုင်ဘက်ကင်းဖိအားကို ထုတ်လွှတ်နေပြီး ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ ကျယ်ပြောမှုကို သိမ်းပိုက်သွားသည်။
၎င်းက အင်မော်တယ်များ၏ ဇစ်မြစ် ဖြစ်သည်။
၎င်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဘုရင်ဖြစ်သည်။
၎င်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နတ်ဘုရင်ကို ဖိနှိပ်ခဲ့သော အင်မော်တယ်ဘုရင် ဖြစ်သည်။
ကောင်းကင်ဘုံအလွန်ဆယ့်တစ်ခုက ၎င်း၏ ဧရာမခန္ဓာကိုယ်ကို ဝန်းရံထားကြသည်။
ယင်းက စစ်မှန်သော အမှတ်ငါးကြယ်တာရာစက်ဝန်း ဖြစ်သည်။
ကျင့်ကြံသူများက ကြယ်တာရာစက်ဝန်းကို သိမ်းပိုက်ပြီးနောက် ကြယ်တာရာကောင်းကင်က ပြားချပ်သွားသည့်အခါ အပိုင်းပိုင်း ခွဲခြားခံလိုက်ရသည်။ ဒေသကြီးအားလုံးနီးပါးက ကောင်းကင်ဘုံအလွန်များထဲသို့ ထည့်သွင်းခံလိုက်ရကြသည်။
ကျန်ရှိသော ကြယ်စင်စုလေးခုသည်တော့ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ နာမည်ပြောင်းလဲသွားပြီး ကျင့်ကြံသူများ၏ ဇာတိမြေဖြစ်လာကြသည်။
ယင်းတို့က မူလဇစ်မြစ်ဖြစ်ပြီး ကျင့်ကြံသူများ၏ မွေးဖွားရာဌာနေ ဖြစ်သည်။
သို့ဖြစ်၍ အင်မော်တယ်မြို့တော်က တကယ်မရှိပေ။ ကြယ်စင်စုလေးခုကိုယ်၌က အင်မော်တယ်မြို့တော် ဖြစ်သည်။
ကြယ်စင်စုလေးခုက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ တိုက်ရိုက် ဆင်းသက်သူများ၏ ရှင်သန်ရာနေရာ ဖြစ်သည်။
သတ်ဖြတ်ခြင်းနှင့် ကပ်ဘေးဒုက္ခများက တိုက်ရိုက် မျိုးဆက်များကို ပျိုးထောင်ပေးလိမ့်မည်။
ယင်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အနာဂတ်အတွက် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာမှ ထွက်ပေါ်လာသော ကျင့်ကြံသူများက သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသည်။
သူတို့၏ အနာဂတ်မှာ တာဝန်တစ်ခုကို ထမ်းဆောင်ရလိမ့်မည်။
ကောင်းကင်ဘုံအလွန်ဆယ့်တစ်ခုထဲမှ သက်ရှိများသည်တော့ အတိုင်းအတာတစ်ခုထိဆိုရလျှင် ၎င်းတို့က လူသားသွေးနှောသော မျိုးနွယ်ခြားများ ဖြစ်ကြသည်။
အမှန်မှာ ၎င်းတို့ထဲမှ အများစုက လူသားမျိုးနွယ်ဝင်များ မဟုတ်ကြချေ။ ၎င်းတို့က လူသားသွေးမျိုးစက်ကို အနည်းငယ်မျှသာ ပိုင်ဆိုင်ထားကြသော မျိုးနွယ်ခြားများ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ ဘာမှရှင်းပြနေစရာ မလိုတော့ပေ။ ရွှီချင်းအပါအဝင် လူတိုင်းက အလွန်ကျယ်ပြောသော ထိုမြင်ကွင်းကို မြင်သွားသောအခါ အရာအားလုံးကို နားလည်သဘောပေါက်သွားကြသည်။
“ ငါသိပြီ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာ ကောင်းကင်ဘုံအလွန်ဆယ့်တစ်ခုအနက် မျက်မှောက်ခတ်ကို အုပ်ချုပ်နေသော ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က မျက်လုံးဖွင့်လိုက်သည်။
“ ဒီတစ်ခေါက် တတ်လှမ်းသူတွေ ငါ့ရဲ့ ကောင်းကင်ဘုံအလွန်ဆီ ဝင်ရောက်ကြရမယ် ”