အနှစ်သုံးရာ ငါအသုံးပြုမယ်(ခ)
Vol. 109 Ch. 1672
ဤမူလအနှစ်သာရ၏ အရှိန်အဝါက ကန့်သတ်ခံထားရပြီး ယင်းကို ဆွဲထုတ်ရန် မလွယ်ကူသော်လည်း မူလအနှစ်သာရက အဆင့်မြင့်ကြယ်တာရာစက်ဝန်းများ၏ ရေသောက်မြစ် ဖြစ်သည်။ ယင်းကို အထက်ကြယ်မြစ်တစ်ခုလုံး၏ အမြူတေဖြစ်သည်ဟုပင် သတ်မှတ်နိုင်ပေသည်။
ယင်းက အင်မော်တယ်သန္ဓေသားလောင်းကို ပြီးပြည့်စုံစေမည့် သော့ချက်ဖြစ်သည်။
ထိုသို့စွမ်းအင်က အလွန်တန်ဖိုးကြီးမားသည်။
“ အဲ့ဒါက မင်ယန်စကြာဝဠာကို ဗျူဟာမြောက်တဲ့ စာရင်းထဲမှာ ပါဝင်စေတဲ့ အကြောင်းအရင်းလား ”
ရွှီချင်းက ယင်းကို နောက်ကျမှ အသေးစိတ် လေ့လာရန် စဉ်းစားလိုက်သည်။ ထို့နောက် သူက အာကာသတွင်းနက်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး သူ့အား စိုက်ကြည့်နေသော သက်လတ်ပိုင်းကျင့်ကြံသူကို ကြည့်လိုက်သည်။
“ ဒီကနေ ထွက်သွားစမ်း ”
ရွှီချင်းက ခက်ထန်စွာ ပြောသည်။
ထိုသက်လတ်ပိုင်းကျင့်ကြံသူက ခွန်းဝူမှလွဲ၍ တခြားမဟုတ်ပေ။
ခွန်းဝူက ရွှီချင်းကို ကြည့်လိုက်လေရာ သူ၏ အမူအရာက သုန်မှုန်သွားသည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ မင်းက ဒီတစ်သုတ်ရဲ့ တတ်လှမ်းသူလား ”
ရွှီချင်းက ဘာမှမပြောပေ။ သူက ခွန်းဝူကို တည်ငြိမ်စွာသာ ကြည့်လိုက်သည်။
ခွန်းဝူက မျက်မှောင်ကြုတ်လိုက်ပြီး ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ တစ်ဖက်လူကို သူထွင်းဖောက်မမြင်နိုင်ကြောင်း ရှာတွေ့သွားသည်။ ရွှီချင်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး မဟုတ်သော်လည်း သူနှင့်တန်းတူသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူပြောနိုင်သည်။ ထို့ပြင် ရွှီချင်း၏ ဘေးပတ်ပတ်လည်မှာ အချိန်လေဟာနယ်လှိုင်းများက ပျံ့လွင့်နေကြောင်း ခွန်းဝူ ကောင်းကောင်း အာရုံခံနိုင်သည်။
ယင်းက သူ့ကို သတိကြီးစွာထားမိစေသည်။ ထို့ကြောင့် သူက တစ်ခဏ တွေးတောပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
“ ငါက မဟာအင်မော်တယ်ဂိုဏ်းတစ်ခုကနေ ရောက်လာတာပဲ… ဒီစကြာဝဠာက အတိတ်မှာ သာလွန်ထူးခြားခဲ့ပေမဲ့ အခုတော့ သာမန်ဖြစ်သွားပြီ… ဒါကြောင့် အဲ့ဒါကို ခဏလောက် ငါ့ကို ငှားပါ ”
“ သိပ်မကြာပါဘူး… အနှစ်သုံးရာလောက်ပါပဲ ”
“ ငှားခအနေနဲ့တော့… ”
ခွန်းဝူ၏ စကားမဆုံးခင်မှာ ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အချိန်လေဟာနယ်အာဏာစက်က ရုတ်တရက် ပေါ်လျှိုးလာသည်။
သူက မင်ယန်စကြာဝဠာထဲမှ သက်ရှိအားလုံး၏ အချိန်ကို ထိန်းချုပ်လိုက်သည်။
အကယ်၍ တခြားစကြာဝဠာများထဲမှာဆိုလျှင် ရွှီချင်း၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံကြောင့် ထိုသို့သူလုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ စကြာဝဠာတိုင်းက အကန့်အသတ်မဲ့လုနီးပါး ကျယ်ပြောကြသည်။
သို့သော်လည်း မင်ယန်စကြာဝဠာက ကွာခြားသည်။
ဤနေရာသို့ သူဆင်းသက်လာသည့်အခိုက် သူက မင်ယန်စကြာဝဠာထဲမှ အင်မော်တယ်နန်းတော်၏ အရှင်သခင်ဖြစ်သွားသည်။ သူနှင့် မင်ယန်စကြာဝဠာကြားမှာ သခင်နှင့်အစေခံဟူသော ကမ္မဆက်ဆံရေးတစ်ခု ရှိသည်။ ဤနေရာက သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်သည်။
နတ်ဘုရားကျင့်ကြံခြင်းလမ်းစဉ်တွင်တော့ ယင်းက နတ်ဘုရားတစ်ပါး၏ နတ်ဘုရားတိုင်းပြည်နှင့် ဆင်တူသည်။
သို့ဖြစ်၍ သူက ထိုကမ္မဆက်ဆံရေးမှတဆင့် သူ၏ နတ်ဘုရားစိတ်အာရုံကို စကြာဝဠာတစ်ခုလုံးအား ပို့လွှတ်နိုင်သည်။
သူ၏ အချိန်လေဟာနယ်အာဏာစက်သည်လည်း ထို့အတူပင်။ ထို့ကြောင့် ဤအခိုက်အတန့်မှာ မင်ယန်စကြာဝဠာထဲမှ အချိန်က ဒြပ်မဲ့ဟင်းလင်းပြင်ထဲမှာ ပေါ်လျှိုးလာပြီး ရွှီချင်း၏ အချိန်လေဟာနယ်အာဏာစက်၏ ထိန်းချုပ်ခြင်းခံလိုက်ရသည်။
သို့ဖြစ်၍ ရေစီးဆင်းသံက ပဲ့တင်ထပ်သွားသည်။
ရေစီးသံ၏ အနောက်တွင် လှိုင်းပုတ်သံများက လိုက်ပါလာသည်။
အချိန်မြစ်က လွန်စွာ အံ့ဩဖွယ်ကောင်းပြီး အကန့်အသတ်မဲ့သည်။ ထိုထဲမှာ သက်ရှိအားလုံးနှင့် ဝိညာဉ်အားလုံး၏ ပုံရိပ်ပြန်မှုများ ပါဝင်သည်။ ဤသည်မှာ ယင်းက အချိန်မွေးဖွားလာကတည်းက တည်ရှိနေသည့်အလားပင်။ ထို့ပြင် ခေတ်အဆက်ဆက်၊ အကန့်အသတ်မဲ့စွာ ကျယ်ပြောသော ကြယ်တာရာကောင်းကင်နှင့် မရေမတွက်နိုင်သော သက်ရှိများက ယင်းကို အာဟာဖြည့်ပေးထားသည့်အလားပင်။
ဤအခိုက်အတန့်မှာ အချိန်မြစ်က ရွှီချင်း၏ အာဏာစက်ဖြင့် ထိန်းချုပ်ခံလိုက်ရသည်။
ရွှီချင်းက လက်အောက်ချလိုက်သည်နှင့်ချက်ချင်း ကြယ်တာရာကောင်းကင်က တုန်ယင်သွားပြီး ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားသည်။
ထိုမြင်ကွင်းကို အာရုံခံမိသွားကြသော မျိုးနွယ်ခြားကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။ တင်ပျဉ်ခွေလျက် ငါးမျှားနေသော ခွန်းဝူသည်တော့ သူ၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားသည်။
အန္တရာယ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခြေလှမ်းဝက်အင်မော်တယ်ကျင့်ကြံခြင်းက အပြည့်အဝ ပေါ်လျှိုးလာသည်။ ချက်ချင်းဆိုသလို သူ၏ ဘေးပတ်ပတ်လည်တွင် ပန်းပွင့်များ ပွင့်လန်းသွားကြပြီး မြက်ပင်များ ထွက်ပေါ်လာကြကာ သစ်ပင်များ ကြီးထွားလာကြသည်။
အဆုံးမဲ့သော သစ်ပင်များက လေထဲမှာ ထွက်ပေါ်လာကြပြီး အံ့မခန်းအလျင်ဖြင့် ရှင်သန်ကြီးထွားလာကြသည်။ ၎င်းတို့က မြန်ဆန်စွာ ပျံ့ပွားသွားကြပြီး ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ဖုံးလွှမ်းသွားကြသည်။
ဤသည်မှာ ကြယ်တာရာကောင်းကင်ထဲတွင် အကန့်အသတ်မဲ့ ရှေးခေတ်တောအုပ်တစ်ခု ထွက်ပေါ်လာသည့်အလားပင်။
ရှေးခေတ်တောအုပ်က အချိန်မြစ်ထဲသို့ ကျဆင်းသွားသည်။
တောအုပ်က အချိန်မြစ်ထဲမှာ ပျံ့ပွားသွားပြီး ဆက်လက် ရှင်သန်ကြီးထွားလာသည်။ ဤသည်မှာ ၎င်းက မြစ်ကို အသုံးပြု၍ တောအုပ်ကို ထပ်လောင်း အားဖြည့်ပေးချင်သည့်အလားပင်။
တောအုပ်က မြစ်တစ်ခုလုံးကို ဖုံးလွှမ်းချင်နေသည်။
အပင်သခင်…
ယင်းက ခွန်းဝူ၏ အာဏာစက်ဖြစ်သည်။
ရွှီချင်းက အမူအရာကင်းမဲ့နေသည်။ သူ၏ ညာလက်က ရုတ်တရက် ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ချက်ချင်းဆိုသလို မင်ယန်စကြာဝဠာထဲမှ မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက တုန်လှုပ်သွားကြသည်။ ယင်းတို့ပိုင်ဆိုင်သော အချိန်က အပြင်သို့ ဆွဲထုတ်ခံလိုက်ရပြီး သဲမှုန်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ တစ်ဆက်တည်းမှာ ထိုသဲမှုန်များက အချိန်မြစ်ထဲသို့ ပေါင်းစပ်သွားကြသည်။
သဲတစ်မှုန်စီက ကြယ်ဂြိုလ်တစ်ခု ဖြစ်သည်။
ကြယ်ဂြိုလ်များကို သဲမှုန်များအဖြစ် အသုံးပြုလိုက်သည့်အခါ မြစ်က အခြေခိုင်မာလာပြီး အလေးချိန်ရှိလာသည်။
အချိန်မြစ်က ဆက်လက် ဆင်းသက်သွားသည်။
မြစ်ထဲမှ သစ်ပင်များက ချက်ချင်း ပျက်စီးသွားကြပြီး မြစ်အပြင်ဘက်မှ တောအုပ်က ညှိုးနွမ်းခြောက်သွေ့သွားသည်။
သို့သော်လည်း ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးအနေဖြင့် ခွန်းဝူက သာမန်မဟုတ်ပေ။
သို့ဖြစ်၍ ပျက်စီးသွားသော သစ်ပင်များက ပြန်ရှင်သန်လာကြပြီး ညှိုးနွမ်းခြောက်သွေ့ခြင်းကို တွန်းလှန်ရန် ကြိုးစားလိုက်သည်။
သူက ဆက်ပြီး တင်ပျဉ်ခွေမထိုင်တော့ပေ။ ယင်းအစား သူက အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေရာ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
ရွှီချင်းက အားမနည်းကြောင်း သူပြောနိုင်သည်။
“ အုပ်ချုပ်သူအဆင့်မှာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးရဲ့ တိုက်ပွဲစွမ်းအားရှိတယ်လား ”
“ မင်းငါ့ကို ဒီနေရာ မငှားချင်တာ မထူးဆန်းတော့ပါဘူး… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး မဟုတ်သေးဘူး ”
စကားဆုံးသွားသည်နှင့် ခွန်းဝူ၏ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။
“ ကောင်းကင်မြေပြင် ကပြောင်းကပြန် ”
သူ၏ စကားသံ ပဲ့တင်ထပ်သွားသည်နှင့် ဤနေရာမှ အပင်အားလုံးက ၎င်းတို့ဘာသာ ပျက်စီးသွားကြပြီး ညှိုးနွမ်းခြောက်သွေ့သွားကြသည်။
ချက်ချင်းဆိုသလို အဆုံးမဲ့သော အပင်များက သေဆုံးသွားကြသည်။
၎င်းတို့ထံမှ သေခြင်းအငွေ့အသက်များက ခွန်းဝူ၏ အသံထဲမှာ ချက်ချင်း စုဝေးသွားကြသည်။
“ သေခြင်းအာဏာစက်ကို ငှားယူပြီး ဘဝကို ရိတ်သိမ်းမယ် ”
အလွန်အားကောင်းသော သေခြင်းအရှိန်အဝါက ဖွဲ့စည်းသွားသည်နှင့် ဟင်းလင်းပြင်ထဲမှာ မီးခိုးရောင်ပန်းချီကားတစ်ချပ် ထွက်ပေါ်လာသည်။ ပန်းချီကားထဲတွင် ရွှီချင်း၏ ပုံရိပ်က အကြမ်းဖျဉ်း ထွက်ပေါ်နေသည်။
ထိုပန်းချီကားက သေခြင်းချိပ်တံဆိပ်နှင့် ဆင်တူသည်။ ပန်းချီကားပေါ်မှာ ပုံဆွဲခံရသည့်လူတိုင်းက အသက်ဆုံးရှုံးရလိမ့်မည်။
ယင်းက ခွန်းဝူ၏ ဝှက်ဖဲဖြစ်သည်။ ယင်းက သူ့အာဏာစက်၏ နယ်မြေချဲ့ထွင်မှုနှင့် အဆင့်မြင့်ပုံစံ ဖြစ်သည်။
ထိုသို့အာဏာစက်ဖြင့် ရင်ဆိုင်ရသောအခါ အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အန္တရာယ်ကို ခံစားမိသောအခါ သူက လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို အချိန်မြစ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဝဲကတော့တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ ဝဲကတော့က လှည့်ပတ်သွားသည့်အခါ အလွန်ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်လာပြီး အချိန်လေဟာနယ်မုန်တိုင်းကို ဖွဲ့စည်းသွားသည်။
ပြစ်ချက်မဲ့လောက…
မီးခိုးရောင်ပန်းချီကားက တုန်ယင်သွားပြီး ချက်ချင်း ပုံပျက်တွန့်လိမ်သွားသည်။ ပန်းချီကားပေါ်မှ ရွှီချင်း၏ ပုံရိပ်သည်လည်း ဝေဝါးလာပြီး ရုပ်ပုံမပေါ်နိုင်တော့ချေ။
တစ်ချိန်တည်းမှာ ပြစ်ချက်မဲ့လောက၏ မုန်တိုင်းက ခွန်းဝူထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူ၏ လူသတ်ဝှက်ဖဲကတ်က အသုံးမဝင်ကြောင်း မြင်သောအခါ ခွန်းဝူ၏ အမူအရာက ထပ်မံ ပြောင်းလဲသွားသည်။ သူက မြန်ဆန်စွာ အနောက်ဆုတ်သွားသည်။ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားစဉ် သူက ရုတ်တရက် ပြောသည်။