အနှစ်သုံးရာ ငါအသုံးပြုမယ်(ဂ)
Vol. 109 Ch. 1673
“ အာဏာစက်ကို ဒီအတိုင်းအတာထိ ထိန်းချုပ်နိုင်တယ်လား… ဒီတစ်ခေါက် တတ်လှမ်းလာသူတွေထဲမှာ မင်းက အဆင့်ဘယ်လောက်လဲ ”
ရွှီချင်းက ပြန်မဖြေပေ။ သူက ခြေလှမ်းဝက်အင်မော်တယ်အများကြီးနှင့် မတိုက်ခိုက်ဖူးသော်လည်း မည်သည့်ခြေလှမ်းဝက်အင်မော်တယ်မဆို ကိုယ်ပိုင်အစွမ်းအစရှိကြောင်း သူသိသည်။ အထူးသဖြင့် သူ၏ အရှေ့မှ ပုဂ္ဂိုလ်က ယခင်အသုတ်မှ တတ်လှမ်းသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်အရွေးချယ်ခံတစ်ယောက် ဖြစ်သည်။
ထိုသို့ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးက ထုံးစံအားဖြင့် အလွန်သန်မာသည်။
သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ မျဉ်းပြိုင်အာဏာစက်က အသက်ဝင်လာသည်။
ချက်ချင်းဆိုသလို အချိန်လေဟာနယ်အလွှာများက ဆင်းသက်လာကြသည်။
ယင်းက ရောင်စုံမှန်ပြောင်းနှင့် ဆင်တူသည်။
ကောင်းကင်ဘုံဥပဒေသမြူမှုန်သည်ပင် ဆင်းသက်လာသည်။
ခွန်းဝူ၏ သူငယ်အိမ်များက ကျုံ့သွားကြသည်။ ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက သူ့ကိုယ်ပိုင်စကြာဝဠာနှင့် ချိတ်ဆက်ထားသော အင်မော်တယ်တုံကင်ကို ချက်ချင်း ထုတ်လိုက်ပြီး တည်နေရာပြောင်းရွှေ့ခြင်းကို အသက်သွင်းလိုက်သည်။
သူက ဆက်လက် မတိုက်ခိုက်ချင်တော့ပေ။
အစက သူက မဖိတ်ခေါ်သော ဧည့်သည်အဖြစ် ပြုမူရန် ရွေးချယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တတ်လှမ်းသူအသစ်များထဲမှ အများစုက အုပ်ချုပ်သူအဆင့်မှာသာ ရှိသေးကြောင်း သူသိထားသောကြောင့် ဖြစ်သည်။
အတိတ်မှာ အင်မော်တယ်မြို့တော်ဆီသို့ ပထမဆုံးအကြိမ် သူတတ်လှမ်းသွားခဲ့စဉ်မှာလည်း သူ၏ ကျင့်ကြံခြင်းအခြေခံက အုပ်ချုပ်သူအဆင့်မှာ ဖြစ်သည်။ သို့သော်လည်း ယခု သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်နေပြီဖြစ်လေရာ အသစ်တတ်လှမ်းလာကြသော ဂျူနီယာများပေါ်တွင် အနည်းငယ် အနိုင်ကျင့်ဗိုလ်ကျချင်သည်မှာ မထူးဆန်းပေ။
မည်သို့ဖြစ်ပါစေ အတိတ်မှာ သူသည်လည်း ထိုသို့အခြေအနေမျိုးကို တွေ့ကြုံခဲ့ရသည် မဟုတ်ပါလော။
သို့ဖြစ်၍ သူက အသစ်ရောက်လာမည့် တတ်လှမ်းသူကို လွှမ်းမိုးဖိနှိပ်ရန် ပြင်ဆင်ထားခဲ့သည်။
ထို့ပြင် သူ၏ နားလည်ထားမှုအရ အတိတ်မှာ ဤမင်ယန်စကြာဝဠာက ဂုဏ်သတင်းထွန်းတောက်ခဲ့သော်လည်း ယခုတော့ သာမန်စကြာဝဠာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော်လည်း ဤစကြာဝဠာကို အုပ်ချုပ်မည့် တတ်လှမ်းသူအသစ်က ထိုမျှရင်ဆိုင်ရ ခက်ခဲလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားကလည်း ရှိန်လောက်စရာကောင်းသည်။
အထူးသဖြင့် ရောင်စုံမှန်ပြောင်းကို သူမြင်လိုက်ရသည့်အခိုက် ဖြစ်သည်။ ယင်းက သူ့အား အလွန်ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိစေသည်။
ဤသည်မှာ သူက ခြေတစ်လှမ်းနောက်ကျသွားသည်နှင့် သေဆုံးသွားလိမ့်မည့်အလားပင်။
ယင်းက သူ့အား ဖော်မပြနိုင်အောင် တုန်လှုပ်ချောက်ချားသွားစေသည်။ ဤအခိုက်အတန့်မှာ သူ၏ ပုံရိပ်က ချက်ချင်း ဝေဝါးသွားပြီး သူက တည်နေရာပြောင်းရွှေ့သွားသည်။
သူက နေရာမှ ပျောက်ကွယ်သွားသည်။
သို့သော်လည်း ကောင်းကင်ဘုံဥပဒေသမြူမှုန်က သူ့နောက်သို့ လိုက်သွားဆဲပင်။
ရွှီချင်းက အေးစက်စက် စိုက်ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက လက်မြှောက်လိုက်သည့်အခါ ကောင်းကင်ဘုံဥပဒေသမြူမှုန်က ပြန်ရောက်လာသည်။ မြူမှုန်ပေါ်တွင် သွေးစတချို့ စွန်းထင်နေသည်။
တစ်ချိန်တည်းမှာ ဤတိုက်ပွဲကို အာရုံစိုက်နေကြသော မင်ယန်စကြာဝဠာထဲမှ မျိုးနွယ်ခြားပညာရှင်ကျင့်ကြံသူအားလုံးက အံ့ဩထိတ်လန့်သွားကြသည်။ ၎င်းတို့က ခေါင်းငုံ့လိုက်ကြပြီး ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။
ခွန်းဝူမထွက်သွားခင် သူ၏ နှလုံးသားထဲမှာ သံသယတချို့ ဖြစ်ပေါ်လာသကဲ့သို့ ထိုမျိုးနွယ်ခြားပညာရှင်အားလုံးသည်လည်း ထိတ်လန့်သွားကြသည်။ သူတို့၏ နှလုံးသားထဲတွင် ရွှီချင်း၏ အဆင့်နှင့်ပတ်သက်ပြီး ခန့်မှန်းမှုများ ထွက်ပေါ်လာကြသည်။
…..
တစ်ချိန်တည်းမှာ မင်ယန်စကြာဝဠာနှင့် မနီးမဝေးတွင် စကြာဝဠာခုနစ်ခု ရှစ်ခုစာ ကွာဝေးသော ကြယ်တာရာဟင်းလင်းပြင်ထဲ၌ ကောင်းကင်အိတ်ကပ်ဟုခေါ်သော စကြာဝဠာတစ်ခု ရှိသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်အိတ်ကပ်စကြာဝဠာ၏ အင်မော်တယ်နန်းတော်ထဲတွင် ခွန်းဝူ၏ ပုံရိပ်က တည်နေရာပြောင်းရွှေ့ခြင်းနှင့်အတူ ထွက်ပေါ်လာသည်။
သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်လိုက်ရသည်။ သူ၏ မျက်လုံးထဲမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။
သူ၏ မျက်နှာသည်ပင် ဖြူဖျော့နေသည်။ သူ၏ အပြာရောင်ဆံပင်က မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး အသက်ဓာတ်ခမ်းခြောက်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သူ၏ အရှိန်အဝါသည်လည်း မတည်မငြိမ်ဖြစ်နေသည်။ သူက ချက်ချင်း တရားထိုင်လိုက်ပြီး သူ၏ အင်မော်တယ်သန္ဓေသားလောင်းကို ပြန်တည်ငြိမ်စေရန် ဆေးလုံးတချို့ကို သောက်သုံးလိုက်သည်။ သို့တိုင် သူ၏ ကျင့်ကြံခြင်းအခြေခံက မတည်မငြိမ်ဖြစ်နေပြီး သူ၏ အဆင့်က ခြေလှမ်းဝှက်အင်မော်တယ်မှ ကျဆင်းသွားသည်။
သူ၏ ခန္ဓာကိုယ်က စတင်ညှိုးခြောက်လာသည်။
ကံကောင်းစွာဖြင့် သူက နောက်ထပ် မပြိုကွဲသွားတော့ဘဲ အုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ်မှာ အရှိန်အဝါကို ပြန်ထိန်းညှိနိုင်သွားသည်။
အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးဖွင့်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း ရုတ်တရက် ထွက်ပေါ်လာခဲ့သော မြူမှုန်ကို စဉ်းစားမိသွားသောအခါ သူက ထပ်မံ နှလုံးတုန်သွားသည်။
“ အဲ့ဒီလူက ကျိန်းသေပေါက် သာမန်မဖြစ်နိုင်ဘူး… သူက ဒီတစ်ခေါက် တတ်လှမ်းသူတွေထဲမှာ သေချာပေါက် နာမည်ကျော်ကြားရမယ် ”
ခွန်းဝူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစောနက မင်ယန်စကြာဝဠာထဲမှာ ဆက်နေရန် သူဆုံးဖြတ်ခဲ့ခြင်းအပေါ် နောင်တရသွားသည်။ ထို့နောက် သူက သူ၏ မိတ်ဆွေကောင်းများထံသို့ အသံပို့လွှတ်လိုက်ပြီး ဤတစ်သုတ်၏ ထိပ်ဆုံးဆယ်ယောက်အကြောင်းကို မေးမြန်းလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ခွန်းဝူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။
“ အဆင့်တစ်… ”
ခွန်းဝူက တစ်ခဏ မင်သက်သွားပြီးနောက် နောင်တရစွာ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှာ ရေရွတ်လိုက်သည်။
“ ကံဆိုးလိုက်တာ… ”
“ သူဒီလောက် သန်မာနေတာ မထူးဆန်းတော့ပါဘူး ”
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ထပ်မံ မျက်မှောင်ကြုတ်လိုက်သည်။
“ အဲ့ဒါ သိပ်သဘာဝမကျဘူး… ပုံမှန်ဆိုရင် အဆင့်တစ်ရတဲ့လူက ထူးခြားတဲ့ စကြာဝဠာတစ်ခုကို ဆုလာ်ရသင့်တာ မဟုတ်ဘူးလား… မင်ယန်စကြာဝဠာက အတိတ်မှာ ထူးခြားခဲ့ပေမဲ့ အခုတော့ သာမန်စကြာဝဠာတစ်ခုပါပဲ… ဒါမှမဟုတ် မင်ယန်စကြာဝဠာထဲမှာ ငါမသိသေးတဲ့ တစ်စုံတစ်ခုရှိနေတာလား ”
ခွန်းဝူက တုံ့ဆိုင်းသွားသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက ခေါင်းခါလိုက်ပြီး မင်ယန်စကြာဝဠာဆီ နောက်တစ်ခေါက် ဝင်ရောက်မည့် အတွေးကို ဖယ်ရှားလိုက်သည်။
အကယ်၍ ရွှီချင်းက သာမန်တတ်လှမ်းသူသာဆိုလျှင် သူကြောက်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူက ထိပ်ဆုံးဆယ်ယောက်စာရင်းထဲမှာ ပါလျှင်ပင် သူ့မိတ်ဆွေကောင်းများကို အကူအညီတောင်းနိုင်သေးပေသည်။ မည်သို့ဖြစ်ပါစေ သူက မဟာအင်မော်တယ်တောင်မှ ဆင်းသက်လာသူဖြစ်ပြီး ကမ်းစပ်ကိုးခုကောင်းကင်ဘုံအတွင်းမှာ အဆက်အသွယ်တချို့ ရှိသည်။
သို့သော်လည်း အဆင့်တစ်နေရာမှလူကို မည်သို့မှ သူမဆန့်ကျင်သင့်ကြောင်း ကောင်းမွန်စွာ နားလည်သည်။
“ အဆင့်တစ် တတ်လှမ်းသူတွေက အမြဲလိုလို ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ရဲ့ အာရုံစိုက်ခြင်းခံရတယ်… အဲ့လိုလူကို ငါမဆန့်ကျင်နိုင်ဘူး ”