ရှေးခေတ်အထက်ကြယ်သံချောင်း
Vol. 109 Ch. 1676
အာကာသတွင်းနက်ထဲတွင် မည်သည့်ဝဲကတော့မှ မရှိသလို မည်သည့်ဆွဲအားမှ မရှိပေ။
ဤသည်မှာ ယင်းက ကြယ်တာရာကောင်းကင်ထဲမှ သာမန်အပေါက်တစ်ပေါက် ဖြစ်သည့်အလားပင်။ ထို့ပြင် ယင်းက စက်ဝိုင်းသဖွယ် ပြီးပြည့်စုံလုနီးပါး ဝိုင်းစက်သည်။
တွင်းနက်က မည်မျှနက်ရှိုင်းပြီး မည်သည့်နေရာဆီသို့ ဦးတည်နေကြောင်းကိုတော့ လူအနည်းစုသာ သိကြသည်။
ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက တွင်းနက်၏ အပေါ်ယံနယ်နိမိတ်ကိုသာ ထိုးဖောက်နိုင်သည်။ သူ၏ စိတ်အာရုံထဲတွင် ယင်းက ကြယ်နယ်မြေတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။
မင်ယန်စကြာဝဠာနှင့် နှိုင်းယှဉ်လျှင် ထိုအကျယ်အဝန်းက ကြီးမားသည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း ယင်း၏ အစွန်းမှာ ရပ်နေရုံဖြင့်ပင် အလွန်ကျယ်ပြောကြောင်း အာရုံခံနိုင်လိမ့်မည်။
အထူးသဖြင့် မူလအနှစ်သာရ၏ သဲလွန်စများက မြူခိုးသဖွယ် လွင့်မျောနေကြသည်။ ယင်းက မင်ရည်ကန်၏ အာကာသတွင်းနက်ထဲသို့ ထူးဆန်းမှုတစ်ခုကို ထပ်ပေါင်းထည့်ပေးနေသည်။
ဤအခိုက်အတန့်မှာ ထူးခြားဆန်းကြယ်သော မင်ရည်ကန်ထဲတွင် ရွှီချင်း၏ ပုံရိပ်က အရှေ့သို့ ခက်ခက်ခဲခဲ ရွေ့လျားနေသည်။ သူက အာကာသတွင်းနက်ကို ဖြတ်ကူးနေသော ငါးတစ်ကောင်နှင့် ဆင်တူသည်။
သူ၏ အနောက်မှ ရွှံ့မြေခွေးသည်လည်း နတ်ဘုရားစွမ်းအင်ကို ထုတ်လွှတ်ထားသည်။ သူက ရွှီချင်းကို အားဖြည့်ပေးနေစဉ် သူတို့နှစ်ယောက်က အပြန်အလှန် ကူညီပေးနေကြသည်။
အနက်ပေတစ်ရာသို့ ရောက်ရှိသွားသည့်အခါတိုင်း သူတို့က နေရာလဲကြလိမ့်မည်။ အစတွင် ရွှီချင်းက အရှေ့မှ ဦးဆောင်လိမ့်မည်။ ထို့နောက် ရွှံ့မြေခွေးက အရှေ့မှ ဦးဆောင်ပေးလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် အာကာသတွင်းနက်ထဲတွင် ဆွဲအားမရှိသော်လည်း အနက်ပေတစ်ရာအောက်သို့ ရောက်ရှိသွားသည့်အခါ တွန်းကန်အားက ပိုပြီးအားကောင်းလာလိမ့်မည်။ ထို့ပြင် သူတို့က တွင်း၏ အနက်ပိုင်းထဲသို့ ပိုပြီးတိုးဝင်သွားလေ တွန်းကန်အားက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။
အတိတ်မှာ ရွှီချင်းကြိုးစားကြည့်ခဲ့စဉ်က သူ၏ အကန့်အသတ်က ပေတစ်ရာဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။
ယခု သူက ရွှံ့မြေခွေးဖြင့် အပြန်အလှန် ကူညီပေးနေသောကြောင့် ပေတစ်ရာအကန့်အသတ်ကို ကျော်လွန်နိုင်သွားသည်။ ထို့ပြင် သူတို့က နေရာလဲခြင်းဖြင့် အားအင်ပြန်ဖြည့်နိုင်လိမ့်မည်။
သို့တိုင် သူတို့က အနက်ပိုင်းထဲသို့ ဝင်ရောက်သွားလေ တွန်းကန်အားက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်း၏ ရွေ့လျားမှုက တဖြည်းဖြည်း ခက်ခဲလာသည်။ ရွှံ့မြေခွေးသည်လည်း ထို့အတူပင်။
နောက်ဆုံးမှာတော့ ပေနှစ်ထောင်အနက်သို့ ရောက်ရှိသွားသည့်အခါ သူတို့က အရှေ့ဆက် မသွားနိုင်ကြတော့ပေ။
ဤသည်မှာ ပေနှစ်ထောင်က ခြေလှမ်းဝက်အင်မော်တယ်အဆင့်၏ အကန့်အသတ်ဖြစ်ပုံပေါ်သည်။
တစ်ချိန်တည်းမှာ ထူးဆန်းသော ရနံ့တစ်မျိုးက တွင်း၏ အနက်ပိုင်းထဲမှ မြှောက်တတ်လာသည်။
ထိုရနံ့ထဲမှာ သံချေးအနံ့နှင့် ပြင်းထန်သော သွေးနံ့က ရောနှောနေသည်။ သို့ဖြစ်လေရာ ယင်း၏ သရုပ်ကို အတိအကျ ရွှီချင်း မပြောနိုင်ပေ။
“ ဒီနေရာက တစ်ခုခုမူမမှန်ဘူး… အဲ့ဒီရနံ့… အဲ့ဒါက ငါ့ကို ရှေးဟောင်းမှတ်ဉာဏ်တချို့ ပြန်ဖော်ပေးနေတယ်… ”
မင်ရည်ကန်၏ အနက်ပေနှစ်ထောင်တွင် ရွှံ့မြေခွေး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး သူ့အောက်မှ အဆုံးမဲ့ချောက်နက်ကို ကြည့်လိုက်သည်။
ထိုစဉ် ရွှီချင်း၏ ခန္ဓာကိုယ်က တဂျွတ်ဂျွတ်မြည်သံနှင့်အတူ အက်ကွဲလာသည်။ သူ၏ အာဏာစက်က အလွန်အစွမ်းထက်သော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က အစစ်အမှန်၏ ပုံရိပ်ယောင်အဆင့်မှာသာ ရှိသေးသည်။
သို့ဖြစ်၍ အာကာသတွင်းနက်ထဲမှ တွန်းကန်အားဖြင့် ရင်ဆိုင်ရသည့်အခါ သူက ခုခံရန် ရုန်းကန်လိုက်ရသည်။ သူက တွန်းကန်အားကို ခုခံရန် အာဏာစက်ဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အကာအကွယ်အလွှာတစ်ခု ဖန်တီးရုံသာ တတ်စွမ်းပေသည်။
ဤအနက်ပေနှစ်ထောင်က မင်ရည်ကန်၏ စုစုပေါင်းအနက်မှ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ သို့သော်လည်း ဤနေရာမှ မူလအနှစ်သာရစွမ်းအင်၏ ပမာဏက ရေကန်အပေါ်မှာထက် အနည်းငယ် ပိုများသည်။
“ ငါတို့ ဆက်မစူးစမ်းနိုင်တော့ပေမဲ့ ဒီနေရာမှာ ငါးမျှားတာက အပေါ်မှာထက် ပိုပြီးရလဒ်ကောင်းလိမ့်မယ်… အနက်ပေနှစ်ထောင်ကလည်း မဆိုးပါဘူး… ခွန်းဝူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဆိုပေမဲ့ သူ့ရဲ့ အာဏာစက်က သူ့ကို ဒီအနက်ထိရောက်အောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက တစ်ခဏကြာ စဉ်းစားချင့်ချိန်ပြီးနောက် ရွှံ့မြေခွေးကို အချက်ပေးလိုက်ပြီး သူ့အား စောင့်ရှောက်ခိုင်းသည်။ ထို့နောက် သူက နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ငါးမျှားတံကို ထုတ်လိုက်သည်။ သူက ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်သည့်အခါ ငါးမျှားကြိုးက အဆုံးမဲ့ချောက်နက်ထဲသို့ ကျဆင်းသွားသည်။
“ ခွန်းဝူဆီက ငါးမျှားတံက သာမန်မဟုတ်ဘူး… ”
ထိုသို့အတွေးရလာသောအခါ ရွှီချင်းက စိတ်အေးအေးထားလိုက်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းသည်။
ရွှံ့မြေခွေးသည်တော့ ရွှီချင်းကို စောင့်ကြပ်ပေးနေရင်း ရှေးဟောင်းမှတ်ဉာဏ်များကို ပြန်စဉ်းစားလိုက်သည်။
ဤနေရာသို့ တစ်ခါမှ သူမရောက်ဖူးကြောင်း သူ့ကိုယ်သူ သေချာသည်။ သူ၏ သေမျိုးဘဝထဲမှာပင် ဤနေရာနှင့်ပတ်သက်သော မည်သည့်မှတ်ဉာဏ်မှ မရှိပေ။ ထိုရင်းနှီးမှုက နတ်ဘုရားအဖြစ်သို့ သူတတ်လှမ်းခဲ့စဉ်က ရရှိခဲ့သော နတ်ဘုရားများနှင့်ပတ်သက်သည့် မှတ်ဉာဏ်များထံမှ ဆင်းသက်လာဟန် ရသည်။
ထိုသို့ဖြင့် အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
လဝက် ကုန်ဆုံးသွားသည်။
ရွှံ့မြေခွေး၏ အတွေးများက ပိုပြီးရှင်းလင်းလာသည်နှင့် ယနေ့တွင် ရွှီချင်း၏ ငါးမျှားကြိုးက ပထမဆုံးအကြိမ် လှုပ်ရှားလာသည်။
ရွှီချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူက ရေကန်ထဲမှ ရောင်စုံအလင်းဘောလုံးတစ်လုံးကို မြင်တွေ့သွားသည်။
ရောင်စုံဘောလုံးက အာကာသတွင်းနက်၏ အောက်ခြေမှ ထွက်ပေါ်လာသည်။ ဘောလုံး၏ အရွယ်အစားက ဦးခေါင်းတစ်လုံးမျှသာ ရှိသော်လည်း ယင်းထံမှ ထုတ်လွှတ်နေသော အလင်းရောင်က အမှောင်ထုတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ယင်းက သန့်စင်သော အလင်းရောင်နှင့် ဆင်တူသော်လည်း အမှန်မှာ အရည်သာ ဖြစ်၏။ အရည်ဘောလုံးက ငါးမျှားချိတ်ပေါ်မှာ တွယ်ကပ်နေသည်။ ငါးမျှားကြိုးက ဆန့်တန်းသွားသည့်အခါ ရွှီချင်းက ငါးမျှားတံကို ဆောင့်ဆွဲလိုက်သည်။ ထိုအခါ အရောင်တောက်ပသော အရည်ဘောလုံးက အပေါ်သို့ အတင်းအကျပ် ဆွဲမြှောက်ခံလိုက်ရပြီး ရွှီချင်းနားသို့ ခေါ်ဆောင်ခံလိုက်ရသည်။
အရည်ဘောလုံးက အနားသို့ ရောက်လာသည်နှင့် မူလအနှစ်သာရ၏ အလွန်သိပ်သည်းသော အရှိန်အဝါက ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့နှံ့သွားသည်။ ယင်းကို အနံ့ရှူလိုက်ရုံဖြင့်ပင် ရွှီချင်း၏ အင်မော်တယ်သန္ဓေသားလောင်းက အပြင်းအထန် တုန်ခါလာသည်။
သူက မျက်လုံးတောက်ပသွားသည်။
သူ့ဘေးမှ ရွှံ့မြေခွေးသည်လည်း ပြင်းပြသော လိုအင်ဆန္ဒကို ခံစားမိသွားသည်။
မူလအနှစ်သာရက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခု၏ စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ယင်းက နတ်ဘုရားများ၏ ဇစ်မြစ်ဖြစ်ပြီး ကြယ်တာရာစက်ဝန်းများ၏ အနှစ်သာရ ဖြစ်သည်။ နတ်ဘုရားများ၏ နတ်ဘုရားအခွင့်အာဏာဖြစ်စေ သို့မဟုတ် ကျင့်ကြံသူများ၏ အခွင့်အာဏာဖြစ်စေ ယင်းတို့အားလုံးက မူလအနှစ်သာရထံမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
နတ်ဘုရားစွမ်းအင်အမြူတေနှင့် အာဏာစက်သည်ပင် ချွင်းချက်မဟုတ်ပေ။
ယင်းက အထက်ကြယ်တာရာစက်ဝန်းတစ်ခုကို ဖွဲ့စည်းနိုင်သော အမြူတေစွမ်းအင် ဖြစ်သည်။
ယင်းက ကျင့်ကြံသူများ၏ အင်မော်တယ်သန္ဓေသားလောင်းကိုလည်း အာဟာရဖြည့်ပေးနိုင်သည်။ ကျင့်ကြံသူတစ်ယောက်ကို အင်မော်တယ်တစ်ပါးဖြစ်စေရန် မူလအနှစ်သာရက မပါမဖြစ်ပေ။
ဤပစ္စည်းက ရွှီချင်းအတွက် မည်မျှတန်ဖိုးကြီးမားကြောင်း ရွှံ့မြေခွေး နားလည်သည်။ သို့ဖြစ်၍ သူက ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းလိုက်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းက လက်မြှောက်လိုက်ပြီး ရောင်စုံအလင်းဘောလုံးကို ဖမ်းဆုပ်လိုက်သည်။ သူက အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်နေပြီးနောက် အလင်းဘောလုံးကို ချေမွလိုက်သည်။
နောက်အခိုက်အတန့်မှာ အလင်းဘောလုံးက အရည်အဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်မောင်းတစ်လျှောက် စီးဆင်းသွားသည်။ ထိုမှတဖန် အရည်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ အစစ်အမှန်ပုံရိပ်ယောင်ခန္ဓာကိုယ်က ရေမြှုပ်သဖွယ် ဖြစ်လာပြီး အရည်အားလုံးကို အငမ်းမရ စုပ်ယူလိုက်သည်။
အရည်က တဖြည်းဖြည်း လျော့နည်းလာပြီး အရောင်မှေးမှိန်သွားသည်နှင့် ရွှီချင်း၏ အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။
သူ၏ ဝိညာဉ်မှ ဖန်တီးထားသော အစစ်အမှန်ပုံရိပ်ယောင်ခန္ဓာကိုယ်က ဤအခိုက်အတန့်မှာ အဆက်မပြတ် လှိုင်းထလာသည်။ ၎င်းက မဖျက်ဆီးနိုင်သောအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သည်။
ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို အာရုံခံကြည့်ပြီးနောက် သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို အတိတ်မှာ သူ့ကို ရှဲလင်းဇီပေးခဲ့သော အဖြူရောင်ပုလင်းတစ်လုံးက လေထဲမှာ ထွက်ပေါ်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ပုလင်းက ဖုန်မှုန့်ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
ပုလင်းပျောက်သွားသည်နှင့် အထဲမှ အရည်က ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက ဦးခေါင်းတစ်လုံး၏ အရွယ်အစားရှိပြီး ရောင်စုံအလင်းကို ထုတ်လွှတ်နေသည်။
ယင်းသည်လည်း မူလအနှစ်သာရဖြစ်သည်။
“ အတူတူပဲ… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက မူလအနှစ်သာရကို ဖမ်းဆုပ်လိုက်သည်။
ထိုအခါ အစောနက မြင်ကွင်းက ထပ်မံ ထွက်ပေါ်လာသည်။
သူ၏ အစစ်အမှန်ပုံရိပ်ယောင်ခန္ဓာကိုယ်က မူလအနှစ်သာရကို စုပ်ယူလိုက်သည်နှင့် သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး အားကောင်းလာသည်။ သူ၏ ရုပ်ခွန်အားသည်လည်း တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
နောက်ဆုံးမှာတော့ အကန့်အသတ်မဲ့အလင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ဝုန်းခနဲမြည်သံက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပေါက်ကွဲထွက်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ အစစ်အမှန်ပုံရိပ်ယောင်ခန္ဓာကိုယ်က ကြည်လင်ရှင်းလင်းလာသည်။ ဤသည်မှာ သူ၏ အစစ်အမှန်ခန္ဓာကိုယ်က အရည်ပျော်သွားသည့်အလား သို့မဟုတ် ဆင့်ကဲပြောင်းလဲသွားသည့်အလားပင်။
အစစ်အမှန်၏ ပုံရိပ်ယောင်အဆင့်တွင် ဝိညာဉ်ကို အရင်ဦးဆုံး ထုတ်လွှတ်ရလိမ့်မည်။ ထို့နောက် အစစ်အမှန်ပုံရိပ်ယောင်ခန္ဓာကိုယ်က မူလခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းသွားပြီး မူလခန္ဓာကိုယ်ကို တဖြည်းဖြည်း အစားထိုးသွားလိမ့်မည်။
ထိုအဆင့်ကို အပြည့်အဝ တတ်ကျွမ်းသွားသည့်အခါ ပုံရိပ်ယောင်ထဲမှာ ပုန်းအောင်းနေသော မူလခန္ဓာကိုယ်က အရည်ပျော်သွားပြီး ဒြပ်ထည်ရှိခြင်းမှ ဒြပ်မဲ့ဖြစ်လာကာ ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။
ထိုအဆင့်ကို မဖျက်ဆီးနိုင်ခြင်းဟု ခေါ်သည်။
သို့သော်လည်း ယင်းက အမှန်တကယ် မဖျက်ဆီးနိုင်ခြင်း မဟုတ်ပေ။
ထို့အဆင့်တွင် ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်က အပြည့်အဝ ပြန်လည်ဖွဲ့စည်းသွားပြီး ပြစ်ချက်မဲ့စွာ နေရာရွှေ့ပြောင်းနိုင်လိမ့်မည်။ တစ်နည်းဆိုရလျှင် ဝိညာဉ်ထဲမှာ ခန္ဓာကိုယ်ရှိသလို ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ရှိသည်။ ယင်းက ခန္ဓာကိုယ်နှင့် ဝိညာဉ် အပြည့်အဝ ပေါင်းစည်းနိုင်မည့် အခြေခံအုတ်မြစ်ဖြစ်သည်။
ထိုအဆင့်တွင် ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် သတ်ဖြတ်ရန် အလွန်ခက်ခဲသည်။ အကယ်၍ တစ်စုံတစ်ယောက်မှာ ပိုပြီးမြင့်မားသော ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် မဖျက်ဆီးနိုင်သောအဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ ကျင့်ကြံခြင်းက ထိုအဆင့်သို့ ရောက်ရှိသွားသည်။
ပုံရိပ်ယောင်ထဲမှာ ပုန်းအောင်းနေသော သူ၏ မူလခန္ဓာကိုယ်က တဖြည်ဖြည်း ကြည်လင်လာပြီး နောက်ဆုံးမှာတော့ ဒြပ်ထည်ရှိခြင်းမှ ဒြပ်မဲ့အခြေအနေဆီသို့ အပြည့်အဝ ကူးပြောင်းသွားသည်။ သို့ဖြစ်၍ သူ၏ မူလခန္ဓာကိုယ်က ဝိညာဉ်ဖြစ်လာပြီး အစစ်အမှန်၏ ပုံရိပ်ယောင်က တကယ်စစ်မှန်လာသည်။
အတွင်းဘက်က အစစ်အမှန်ဖြစ်သလို အပြင်ဘက်သည်လည်း အစစ်အမှန် ဖြစ်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အရှိန်အဝါက မြှောက်တတ်သွားသည်။ သူ၏ အာဏာစက်က ထွန်းလင်းတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားသည်။
သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏ တည်ငြိမ်သော မျက်လုံးထဲတွင် စူးရှသော အလင်းက တိတ်တဆိတ် ထွက်ပေါ်လာသည်။ သူ၏ အကြည့်အောက်မှာ အရာအားလုံးက ငြိမ်ဝပ်ပိပြားသွားဟန် ရသည်။
ဘေးမှ ရွှံ့မြေခွေးက နှလုံးတုန်သွားသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက ယခင်ကထက် အများကြီး ပိုသန်မာလာကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။
“ နောက်တစ်ဆင့်က မဖျက်ဆီးနိုင်ခြင်းနဲ့ အစစ်အမှန်ပုံရိပ်ယောင်ရဲ့ နောက်ဆုံးပေါင်းစပ်မှုပဲ… အတွင်းဘက်ရော အပြင်ဘက်ရော လုံးဝပေါင်းစပ်သွားတဲ့အခါ ခန္ဓာကိုယ်က အင်မော်တယ်သန္ဓေသားလောင်းအဖြစ် ဖွဲ့စည်းသွားလိမ့်မယ် ”
“ အဲ့ဒီအတွက် မူလအနှစ်သာရအများကြီးကို ငါလိုအပ်တယ် ”
ရွှီချင်းက သူ၏ ခန္ဓာကိုယ်ကို အာရုံခံလိုက်သည်။ အကြမ်းဖျဉ်း သုံးသပ်လိုက်သည့်အခါ အကယ်၍ နောက်တစ်ဆင့်သို့ သူတတ်လှမ်းချင်သည်ဆိုလျှင် အနည်းဆုံး အစောနက ဘောလုံးကဲ့သို့ အရွယ်အစားရှိသော မူလအနှစ်သာရတစ်ရာခန့်ကို သူလိုအပ်လိမ့်မည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး အောက်သို့ ကြည့်လိုက်သည်။ သူက ရုပ်ခန္ဓာကိုယ်၏ အဆင့်တတ်မှုကို အသုံးပြု၍ အာကာသတွင်းနက်ထဲသို့ ဆက်လက် ဆင်းသက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း သူ့ဘေးမှ ရွှံ့မြေခွေးက ရွှီချင်းကို တားဆီးလိုက်သည်။
ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး ရွှံ့မြေခွေးကို ကြည့်လိုက်သည်။
ရွှံ့မြေခွေး၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ ထိုသို့အမူအရာက ရွှံ့မြေခွေး၏ မျက်နှာပေါ်တွင် မြင်တွေ့ရခဲသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ နင်ကျင့်ကြံနေတဲ့အချိန် အတိတ်မှာ နတ်ဘုရားအဖြစ်ကို ငါတတ်လှမ်းခဲ့ချိန်တုန်းက ရရှိခဲ့တဲ့ နတ်ဘုရားတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြန်စဉ်းစားကြည့်ခဲ့တယ်… နောက်ဆုံးမှာတော့ အရမ်းကျယ်ပြောတဲ့ မှတ်ဉာဏ်တွေထဲကနေ ဘာလို့ ဒီနေရာကို ငါရင်းနှီးနေတာလဲဆိုတာ အဖြေရှာတွေ့ခဲ့တယ် ”
“ အတိအကျပြောရရင် ငါရင်းနှီးတာက ဒီနေရာက ရနံ့ပဲ ”
ရွှံ့မြေခွေးက တိုးညင်းစွာ ပြောသည်။
“ အဲ့ဒါက ရှေးခေတ်အထက်ကြယ်သံချောင်းရဲ့ သံချေးနံ့ပဲ ”
“ အတိတ်မှာ ငါရရှိခဲ့တဲ့ သတင်းအချက်လက်တွေအရဆိုရင် ကြယ်တာရာစက်ဝန်း(၃၆)ခုရဲ့ အရွယ်အစားတွေက တစ်သတ်မတ်တည်း မဟုတ်ဘူး… အချိန်ကာလတစ်ခုကြာပြီးနောက် ကြယ်တာရာစက်ဝန်းတွေရဲ့ အကျယ်အဝန်းက ပိုပြီးတိုးပွားလာကြတယ် ”
“ အဲ့ဒါက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုရဲ့ သဘာဝလက္ခဏာတစ်ခုပဲ ”
“ အကြိမ်ပေါင်းများစွာ နယ်မြေချဲ့ထွင်ပြီးတဲ့နောက် အက်ကွဲကြောင်းတွေက ကြယ်တာရာစက်ဝန်းတွေရဲ့ နေရာတချို့မှာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်တယ် ”
“ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာတဲ့အခါတိုင်း သက်ဆိုင်ရာကြယ်တာရာစက်ဝန်းမှာရှိတဲ့ အသန်မာဆုံး နတ်ဘုရားက ထူးခြားတဲ့ သတ္ထုပစ္စည်းတစ်မျိုးကို အသုံးပြုပြီး သံချောင်းတစ်ချောင်းကို ဖန်တီးသန့်စင်လိမ့်မယ်… အဲ့ဒီနောက် အက်ကွဲကြောင်း ဆက်လက် မပြန့်ပွားအောင် သံချောင်းကို အက်ကွဲကြောင်းထဲ ရိုက်ထည့်ပြီး တားဆီးလိမ့်မယ်… ဒါ့အပြင် အဲ့ဒါက အက်ကွဲကြောင်းကို ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်စေလိမ့်မယ် ”
“ အဲ့ဒီထူးခြားတဲ့ သတ္ထုပစ္စည်းကို ရှေးခေတ်အထက်ကြယ်သံမဏိလို့ ခေါ်တယ် ”
ထိုသို့ပြောပြီးနောက် ရွှံ့မြေခွေးက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
“ ဒီရနံ့က ရှေးခေတ်အထက်ကြယ်သံမဏိရဲ့ တည်ရှိမှုအရှိန်အဝါ ဖြစ်လောက်တယ် ”
“ အဲ့ဒီတော့… ”
ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။
“ အဲ့ဒီတော့… တကယ်လို့ ငါ့အထင်သာ မှန်မယ်ဆိုရင် အာကာသတွင်းနက်နဲ့ ဆင်တူတဲ့ ဒီမင်ရည်ကန်က ရှေးခေတ်ကာလတုန်းက အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့တဲ့နေရာ ဖြစ်ရမယ်… အက်ကွဲကြောင်း ဆက်လက် မပြန့်ပွားဖို့အတွက် အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နတ်ဘုရင်က ဒီနေရာမှာ သံချောင်းကို ရိုက်သွင်းခဲ့တယ် ”
“ ပြီးတော့… ကြယ်တာရာစက်ဝန်းရဲ့ အက်ကွဲကြောင်းကို တားဆီးနိုင်တဲ့ အဲ့ဒီအံ့ဖွယ်ကောင်းတဲ့ သံချောင်းက အခု ဖယ်ရှားခံလိုက်ရပြီ ”
“ ဒါပေမဲ့ အဲ့ဒီပစ္စည်းကို အာဟာရဖြည့်ပေးဖို့နဲ့ ထာဝရ တည်ရှိနိုင်စေဖို့ သံချောင်းက ဒီနေရာကို ရံဖန်ရံခါ ပြန်ရောက်လာလိမ့်မယ် ”
“ အဲ့ဒါကြောင့် မင်ယန်စကြာဝဠာကို ဗျူဟာမြောက်အရင်းအမြစ်ရှိတဲ့ စကြာဝဠာလို့ ဘာလို့ပြောရလဲဆိုတော့ အဲ့ဒါက ရှေးခေတ်အထက်ကြယ်သံချောင်းကို အားဖြည့်ပေးနေရလို့ပဲ ”
“ အောက်ဘက်ကတော့… ”
ရွှံ့မြေခွေးက ခေါင်းငုံ့လိုက်ပြီး အမှောင်ချောက်နက်ထဲသို့ ကြည့်လိုက်သည်။
“ သံချောင်းထိုးစိုက်ခံထားရတဲ့ အထက်ကြယ်တာရာစက်ဝန်းရဲ့ အနောက်မှာ ဘာရှိလဲဆိုတာကိုတော့ နတ်ဘုရင်တွေပဲ သိလောက်တယ်… ”
“ ငါတို့ရဲ့ လက်ရှိအဆင့်က အဲ့ဒါကို စူးစမ်းလေ့လာဖို့ အရည်အချင်းမပြည့်မီဘူး ”
“ ငါလည်းပဲ အရမ်းသိချင်မိတယ်… ရှေးခေတ်အထက်ကြယ်သံချောင်းကို အာဟာရဖြည်ပေးတဲ့ စကြာဝဠာတိုင်းက ဘယ်ကြယ်တာရာစက်ဝန်းမှာမဆို အရမ်းအရေးကြီးတယ်… သူတို့က ဘာလို့ အဲ့ဒါကို နင့်ကို ပေးတာလဲမသိဘူး ”
“ ဒီတော့ ဆက်ပြီး မစူးစမ်းဖို့ ငါအကြံပေးချင်တယ် ”
ရွှံ့မြေခွေး၏ အမူအရာက ပိုပြီးတည်ကြည်လေးနက်လာသည်။ သူက ယင်းကို ရှင်းရှင်းလင်းလင်း မပြောသော်လည်း သူ၏ စကားထဲမှာ သူ၏ မသင်္ကာမှုက ပါဝင်နေသည်။
ဤကိစ္စ၏ နောက်ကွယ်တွင် အမည်မသိ တွန်းအားတစ်ခုရှိနေလိမ့်မည်ဟု မသိစိတ်မှ သူခံစားနေမိသည်။
“ ပြီးတော့ ရှေးခေတ်အထက်ကြယ်သံချောင်း ဖယ်ရှားခံရတဲ့အခါ ဘာစတေးမှုမှ မလိုအပ်ဘူး… ဒါပေမဲ့ သံချောင်းပြန်ရောက်လာတဲ့အခါကျရင် ဒီစကြာဝဠာထဲက သက်ရှိအားလုံးက… ယဇ်ပူဇော်မှုတွေ ဖြစ်လာကြလိမ့်မယ် ”
ရွှံ့မြေခွေးက တိုးတိုးလေး ပြောသည်။