← Chapters

အပိုင်း (၃၇၈)

Vol. 26 Ch. 378

အပိုင်း (၃၇၈)

Vol. 26 Ch. 378

အင်ပါရီယာလက်နက်စာရင်းကိုလည်း ထုတ်ဖော်ရမယ်” လီယွင်သည် မေးစေ့ကို ပွတ်သပ်ပြီးသည့်နောက် တစ်ယောက်တည်း ရေရွတ်လိုက်၏။

အတိတ်တုန်းက အင်ပါယာ ဆိုသည်မှာ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်သည့်သူများသာဖြစ်၏။ ထိုကဲ့သို့သော လူများသည် တော်ရုံကိစ္စရပ်များတွင် ဝင်ရောက်ကာ ပါဝင်ခြင်း မရှိကြချေ။ တော်တော်များများ သည် နောက်ကွယ်၌ သက်တောင့်သက်သာဖြင့် အနားယူလျက်ရှိပြီး ၎င်းတို့၏ သက်တမ်းကို မည်ကဲ့သို့ ချဲ့ထွင်ရမည်။ လက်ရှိ လောကကြီးမှ မည်ကဲ့သို့ ထွက်ခွာရမည့်ဆိုသည့် အကြောင်းအရာများကိုသာ တွေးတောလျက် ရှိနေ၏။ ထိုမှသာလျှင် ၎င်းတို့သည် ပိုမိုအားကောင်းပြီး ပိုမိုဝေးဝေးကို သွားနိုင်မှာဖြစ်သည်။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကောင်းကင်မူလလောကကြီး၏ နိယာမများသည် တမဟုတ်ချင်း ပြောင်းလဲ သွားခဲ့ပြီ ဖြစ်၏။ ကျင့်ကြံသူအားလုံးတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ပေါပေါများများ ရရှိလာခဲ့ကြပြီး အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများအတွက်တော့ ၎င်းတို့၏ အသိအမြင်နှင့် ဉာဏ်အလင်း ရရှိမှုမှာ ပိုမိုကာ အားကောင်းလာခဲ့၏။

ထိုကဲ့သို့သော ပြောင်းလဲမှုသည် ၎င်းတို့၏ ကုန်ဆုံးခါနီး ဖြစ်နေသည့် သက်တမ်းများကို ပိုမိုကာ ချဲ့ထွင်လာနိုင်ခဲ၏။ မူလက နှစ်သန်းနှင့်ချီသာ နေထိုင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်၌ နှစ်ဆတိုးသွားခဲ့၏။ ထို့ကြောင့် အင်ပါယာများသည် ၎င်းတို့၏ သက်တမ်း ကုန်ဆုံးခါနီး ဖြစ်နေသည် ဆိုလျှင်တောင်မှ လောကကြီး တစ်ခုလုံးတွင် လွတ်လွတ်လပ်လပ်နှင့် လှည့်လည်သွားလာနိုင်စွမ်း ရှိလာခဲ့သည်။

ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် ရှိနေသည့် အင်ပါယာများ၏ အပြင်ထွက်လာနှုန်းသည် ရုတ်တရက်ဆိုသလိုပဲ တိုးတက်လာခဲ့၏။ တချို့သော တားမြစ်တည်နေရာထဲမှာ ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူအားလုံးသည်လည်း ရှေ့ဆီသို့ ထွက်လာကြ၏။

ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် လီယွင်၏ စိတ်ဆန္ဒသည် တကယ်ကို ရှင်းလင်းလှ၏။ ၎င်းသည် အသင်္ချေ များပြားလှသည့် လောကများကို ပေါင်းစပ်ချင်ခဲ့၏။ အချိန်ရောက်လာသည်ဆိုပါက ကောင်းကင်မူလ လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့၏ အဆင့်သည် မြန်မြန်ဆန်ဆန် တိုးတက်လာမှာဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ ချက်ချင်းကြီး ပေါ်ပေါ်ထင်ထင် ထွက်မလာရဲလျှင်တောင်မှ လောကကြီး ၏အဆင့် ပိုမိုကာ တိုးတက်လာသည့်အချိန်တွင် ဤအင်ပါယာများသည် ၎င်းတို့၏ ကိုယ်ပိုင် အကန့်အသတ် တည်နေရာထဲတွင် နေထိုင်ရုံသာမက အပြင်ဘက်သို့ လှည့်ကာဖြင့် ဝံ့ဝံ့ကြွားကြွား လျှောက်သွားနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိလာပေလိမ့်မည်။

ပြောရမည်ဆိုလျှင် အင်ပါယာများ၏အတွေးသည် ၎င်းတို့၏သက်တမ်းကို မည်ကဲ့သို့ ဆွဲဆန့်ရမည်ဆိုသည့် အကြောင်းများသာ ဖြစ်၏။ ၎င်းတို့၏ နောက်လိုက် အင်အားစုများအပေါ် မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်ရမည်ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ တစ်ချက်ကလေးမှ စိတ်ဝင်စားမှု မရှိကြချေ။ ဂိုဏ်းများအား စီမံခန့်ခွဲရန် ဆိုသည်မှာ ဝေးလာဝေးပင်ဖြစ်၏။

သို့ပေမဲ့ စီနီယာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အတိအကျ ရှင်းလင်းထားသည့် လမ်းစဉ်တစ်ခု ကို ထုတ်ဖော် ပြသခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ရှေ့သို့ချီတက်ရန်အတွက် စိတ်အားတက်ကြွမှုများ ဖြစ်တည်လာခဲ့ကြ၏။ အရင်းအမြစ်များ၏ တောင်းဆိုမှုကလည်း ရုတ်တရက် များပြားလာခဲ့သည်။

ကျင့်ကြံခြင်း၏ အရင်းအမြစ် မရှိသည်ဆိုပါက အင်ပါယာများပင်လျှင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ကောင်းကင်နှင့်မြေကြီးအတွင်းတွင် ဖြစ်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းကိုသာ မှီခိုမည်ဆိုပါက ကျင့်ကြံခြင်းအဆင့်ရဲ့ အမြန်နှုန်းသည် လိပ်ကဲ့သို့ပင် နှေးကွေးနေမှာ သေချာ၏။

အထူးသဖြင့် အားလုံးထက်ပိုကာ အရင်းအမြစ်များကို သုံးစွဲရသည့် အင်ပါယာများပင်ဖြစ်၏။ နှစ်ပေါင်း သောင်းချီကြာ တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်ခဲ့သော်လည်း တူညီသည့်အဆင့်တွင်၌ တည်ရှိနေခြင်း ဆိုသည်မှာ ဆိုးရွားသည့်အရာသာ ဖြစ်ပေလိမ့်မည်။ မွန်းစတားအိုကြီးများ ရုတ်တရက် ထွက်ပေါ် လာခဲ့သောကြောင့် အင်ပါယာအဆင့်စာရင်းသည် အရေးကြီး သည့် အကြောင်းအရာဖြစ်ကြောင်း ထင်ပေါ်လာပေလိမ့်မည်။

“အင်ပါယာလက်နက်အဆင့်အတွက်ကတော့ ငါ သေသေချာချာ စဉ်းစားပြီး လုပ်ရမယ်” လီယွင်သည် စိတ်ထဲတွင် စဉ်းစားလိုက်မိ၏။

အင်ပါယာလက်နက်ဆိုသည်မှာ အင်ပါယာများနှင့် မတူညီကြချေ။ အင်ပါယာများသည် အနည်းငယ်သာလျှင် ရှိ၏။ အထူးသဖြင့် ကောင်းကင်မူလလောကကြီးနှင့် (သို့မဟုတ်) ခရမ်းရောင်နက်နဲလောကတွင် ဖြစ်၏။ စုစုပေါင်း အင်ပါယာသည် နှစ်ဆယ်ပင် မပြည့်လှချေ။ သို့ပေမဲ့ အင်ပါရီယာလက်နက်များမှာတော့ ခြားနားလွန်းလှသည်။

လက်ချောင်းများကို အသုံးပြုကာ ရေတွက်မည်ဆိုလျှင်ပင် ကောင်းကင်မူလလောကကြီးတွင် အင်ပါရီယာလက်နက်များ၏ တည်ရှိမှုသည် များပြားလွန်းလှချေ၏။ ရွှေကျီးကန်းကလန်၊ အစစ်အမှန် နဂါးကလန်၊ ရွှေတောင်ပံတော်ဝင်ဖန်းကလန်နှင့် တခြားသော မျိုးနွယ်စုအသီးသီးတို့သည် အင်ပါရီယာ လက်နက်များ ပိုင်ဆိုင်လို့နေ၏။

၎င်းတို့၏ မျိုးနွယ်စုများသည် တကယ့်ကို ကောင်းချီးပေးခံရသည့် မျိုးနွယ်စုများသာလျှင် ဖြစ်၏။ ၎င်းတို့သည် အင်ပါရီယာကျမ်းစာတစ်ခုသာ ပိုင်ဆိုင်သော်လည်း အင်ပါရီယာလက်နက်အတွက်‌တော့ ဘယ်နှစ်ခုရှိသည် ဆိုသည်ကို သေသေချာချာ မသိရှိကြချေ။ ထို့ပြင် တချို့သော အင်ပါရီယာလက်နက်များသည် ဘိုးဘေးသင်္ချိုင်းထဲ၌ မြှုပ်နှံထားခဲ့ကြသည်။

ကောင်းကင်မူလလောကကြီး တစ်ခုတည်းနှင့်ပင် အင်ပါရီယာလက်နက်၏ အရေအတွက်သည် အလွန်အမင်း များပြားလွန်းလှ၏။ ပိုင်ရှင် မရှိတော့ဘူးဆိုလျှင်တောင်မှ လက်နက်များသည် နှစ်ပေါင်း များစွာအကြာ တည်ရှိနေသည့်အရာဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေသေး၏။

“စနစ်... ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးမှာရှိတဲ့ အင်ပါယာတွေ အကုန်လုံးရဲ့ အားအင်အဆင့်ကို စုံစမ်းကြည့်ရအောင်။ ထိပ်ဆုံး ဆယ်ယောက်စာပဲ”

[ကောင်းပါပြီ]

လီယွင်သည် တစ်စုံတစ်ခုကို ပြန်လည်ကာစဉ်းစားလိုက်မိ၏။ ပြီးနောက် ထပ်ပြောလိုက်သည်။ “မြေအင်မော်တယ်လောက ကိုလည်း ထည့်လိုက်”

မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် မကြာခင်တွင် ကောင်းကင်မူလ လောကကြီးအား မြေအင်မော်တယ်လောကကြီး နှင့် ပေါင်းစပ်တော့မှာဖြစ်၏။ ထို့ကြောင့် နောက်မှပေါ်ပေါက်လာသည့် မြေအင်မော်တယ် လောကကြီး ဆို၍ အသစ်ပြန်လည် ဖန်တီးရမည် ဆိုလျှင် ကြောင်တောင်တောင် နိုင်သွားပေ လိမ့်မည်။

[လောကကြီးသုံးခု၏ ထိပ်တန်းအင်ပါယာအားအင်အဆင့် စစ်ဆေးမှုအောင်မြင်ခဲ့ပါသည်]

[ပထမနေရာ တော်ဝင်အင်ပါယာကျန်းထျန်

လူမျိုး/မျိုးနွယ်- သွေးနတ်ဆိုးကလန်

အားအင်အဆင့် - တော်ဝင် အင်ပါယာထိပ်ဆုံးအဆင့်

သက်ဆိုင်ရာလောက - သွေးနတ်ဆိုးလောက]

[ဒုတိယနေရာ - နိရယ အင်ပါယာ

မျိုးနွယ် - အင်မော်တယ်ကလန်

အားအင်အဆင့်- တော်ဝင်အင်ပါယာထိပ်ဆုံး

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက]

[တတိယနေရာ - တော်ဝင်အင်ပါယာတိုင်ရီ

မျိုးနွယ် - အင်မော်တယ်ကလန်

အားအင်အဆင့် - တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက]

[နံပတ်လေး -

သက်ဆိုင်ရာလောက- မြေအင်မော်တယ်လောက]

......

[နံပတ်ကိုး - တော်ဝင်အင်ပါယာပိုင်လီ

မျိုးနွယ် - ပိုင်လီကလန်

အားအင်အဆင့် - တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်

သက်ဆိုင်ရာလောက - ခရမ်းရောင်နက်နဲလောက]

[ဆယ်ယောက်မြောက် - တော်ဝင်အင်ပါယာယုညို

လူမျိုး - ငှက်မွေးအင်ပါရီယာကလန်

အားအင်အဆင့် - တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်

သက်ဆိုင်ရာလောက - ခရမ်းရောင်နက်နဲလောက]

“အင်း... မြေအင်မော်တယ်လောကက ခုနှစ်ယောက်၊ ခရမ်းရောင်နက်နဲလောကက နှစ်ယောက်၊ သွေးနတ်ဆိုး လောကက တစ်ယောက်။ အင်း .....”

လီယွင်သည် စာရင်းကိုကြည့်ရှုပြီး နှုတ်ခမ်းများ တဆတ်ဆတ်နှင့် တုန်ယင်နေမိ၏။ ကောင်းကင်မူလ လောကကြီးဆီမှ တစ်ယောက်တလေပင် မပါဝင်ခဲ့ပေ။ ကြည့်ရှုရသည်မှာ ကောင်းကင်မူလလောကကြီးသည် မျှော်မှန်းထားသည် နှင့်အညီ အသက်ရှင်နေထိုင်ခဲ့သည့်ပုံ မပေါ်ချေ။

လက်ရှိမျိုးဆက်များသည် အလွန်ပင် ပြိုင်ဆိုင်မှု ပြင်းထန်လှသည်ဆိုသော်လည်း ယခင်မျိုးဆက်များမှာတော့ ဤကဲ့သို့ စွမ်းဆောင်နိုင်မှု မရှိကြောင်း ပေါ်လွင်လျက် ရှိနေ၏။ အင်ပါယာများ တည်ရှိနေသည် ဆိုလျှင်တောင်မှ တခြားသော အင်ပါယာများနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း အားနည်းလို့ နေခဲ့၏။ တားမြစ် တည်နေရာတော်တော်များများတွင် တချို့သော ရှေးအင်ပါယာများ တည်ရှိနေသည် ဆိုလျှင်တောင်မှ ၎င်းတို့သည် အင်ပါယာစာရင်းထဲတွင် ပါဝင်ရန် အရည်အချင်း မရှိခဲ့ကြပေ။

ခရမ်းရောင်နက်နဲလောကကြီး - အခြားတစ်ဖက်တွင် ရှိသော ခရမ်းရောင်နက်နဲ၏လောကမှာတော့ နှစ်ယောက် တည်ရှိလို့နေခဲ့၏။ ၎င်းတို့သည် အောက်ခြေပိုင်းတွင် တည်ရှိနေသည်ဆိုသော်လည်း အင်ပါယာ စာရင်းထဲတွင် ပါဝင်ခြင်းကတော့ ပါဝင်ခြင်းသာလျှင်ဖြစ်၏။

“အင်း ... တော်ဝင်အင်ပါယာကျန်းထျန်ကို ကောင်းကင်မူလလောကကြီးဘက်ခြမ်းမှာ ထားလိုက်ရင်ရော ဘယ်လိုလုပ်မလဲ” လီယွင်ကစဉ်းစားလိုက်မိ၏။

တော်ဝင်အင်ပါယာကျန်းထျန်သည် အစောကြီးထဲက သူ့လူဖြစ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် မည်သည့်နေရာပင် ဆိုဆို အင်ပါယာကျန်းထျန်သည် ကျိန်းသေပေါက် ငြင်းပယ်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် သွေးနတ်ဆိုး လောကကြီးက မရှိတော့ချေ။ တော်ဝင်အင်ပါယာကျန်းထျန်နှင့် ရှန်းတုရှင်းတို့သည် အိမ်ခြေရာမဲ့ နှစ်ယောက်ကဲ့သို့ ဖြစ်၏။ မနှေးနှင့် မမြန်ဆိုသလို ၎င်းတို့သည် ၎င်းတို့အတွက် လောကသစ်တစ်ခုကို ရွေးချယ်ပြီး အခြေချရတော့မှာ ဖြစ်၏။ ကောင်းကင်မူလလောကကြီးသည် ၎င်းတို့အတွက် အကောင်းဆုံးသော အခြေစိုက်စရာနေပင် ဖြစ်သည်။

သေသေချာချာစဉ်းစားပြီးနောက် လီယွင်သည် သက်ပြင်းကို အသာချလိုက်မိ၏။ အဆုံးသတ်တွင် သူသည် သွေးနတ်ဆိုးလောက ဆိုသည့် စကားစုကို မဖျောက်ဖျက်ခဲ့ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်အနေနှင့် နောက်ဖေးတံခါးကို ဖွင့်လှစ်ရန်ဆိုသည်မှာ လွယ်ကူလှသည် ဆိုသော်လည်း တစ်စုံတစ်ယောက်အား ကောင်းကင်မူလလောကကြီးထဲသို့ အတင်းသွပ်သွင်းလိုက်မည် ဆိုပါက မည်သူမျှ ဘာမှမပြောဘူး ဆိုလျှင်တောင် အခြားသောသူများသည် သူ့အား မျက်နှာ လိုက်သည်ဟု သတ်မှတ်ကြပေလိမ့်မည်။ ထို့အပြင် ကောင်းကင်မူလလောကကြီးအတွက် ကောင်းမွန်သည့် အရာလည်း မဟုတ်ပေ။ မိမိ၏ ကိုယ်ပိုင်လောကကြီးကို ဖျက်ဆီးခဲ့သည့် လူတစ်ယောက်အား ကောင်းကင်မူလ လောကကြီးထဲသို့ ထည့်သွင်းသတ်မှတ်ထားသည်ဆိုပါက ကျိန်းသေပေါက် အားလုံးသော သူတို့က မနှစ်မျို့စရာ ဖြစ်လာပေလိမ့်မည်။

“အင်ပါရီယာလက်နက်စာရင်းကို အရင်ဆုံး ကြည့်ကြရအောင်။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်မူလ လောကကြီးက အဆင့်ကောင်းကောင်းရှိနေဖို့ မျှော်လင့်မိတယ်” လီယွင်က တွေးတောလိုက်၏။

အရင်မျိုးဆက်များသည် ခရမ်းရောင်နက်နဲလောကကြီးကို ရှုံးနိမ့်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ဘိုးဘေးများ ချန်ခဲ့သည့် အင်ပါရီယာလက်နက်များသည် တစ်ဖက်သောသူများထက် သာလွန်နေမလားဆိုသည်ကို သူက သိချင်မိသည်။

“စနစ်”

လီယွင်သည် စိတ်ထဲမှပြောလိုက်၏။ “မြေအင်မော်တယ်လောက၊ ကောင်းကင်မူလလောကနဲ့ ခရမ်းရောင်နက်နဲလောကရဲ့ ရှေးယခင်တုန်းကနဲ့ အခုထိ တည်ရှိနေတဲ့ အင်ပါရီယာလက်နက်စာရင်းကို ထုတ်ပြန်လိုက် .... ထိပ်တန်း တစ်ရာစာရင်း”

ပြောပြီးသည့်နောက် လီယွင်သည် အနောက်ဘက်တွင်ရှိသည့် တော်ဝင်အင်ပါယာကျန်းထျန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤလူသည် သွေးနတ်ဆိုးလောကဆီမှ ရောက်ရှိလာသည်ဆိုသော်လည်း ၎င်း၏အားအင် အဆင့်သည် သမိုင်းမှတ်တမ်းထဲတွင် ရှာမှရှားသည့် အားအင်အဆင့်ဖြစ်သည်။

ကောင်းကင်မူလလောကကြီး၏ ရှည်လျားလှသော အချိန်သမိုင်းကြောင်းများထဲတွင် ၎င်းကိုယှဉ်ပြိုင်နိုင်သည့် အင်ပါယာဟူ၍ တစ်ယောက်မှ မရှိချေ။ အကယ်၍ ရှိခဲ့မည်ဆိုလျှင်တောင်မှ တစ်ယောက်၊ နှစ်ယောက် ထက် ပိုမည် မဟုတ်ပေ။

တွက်ချက်မှု အရဆိုလျှင် အင်ပါယာကျန်းထျန်၏ အင်ပါယာရီယာ လက်နက်များသည် တကယ့်ကို အားကောင်းလွန်းလှ၏။ အင်မော်တယ်အဆင့်နှင့် နီးကပ်နေသည့် အရာများပင်ဖြစ်၏။ သို့သော်ငြား တော်ဝင်အင်ပါယာကျန်းထျန်၏ အင်ပါရီယာ လက်နက်များ အားလုံးတို့သည် ကောင်းကင်လျှို့ဝှက် အမှတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

All Chapters