အပိုင်း (၃၈၁)
Vol. 26 Ch. 381
မြေအင်မော်တယ်လောက - ဤစကားစုသည် ကြီးမားလွန်းလှသည့် ကျောက်တုံးကြီးကဲ့သို့ပင် လေးလံလွန်းလှ ချေ၏။ ထိုလောကကြီးသည် အစစ်အမှန် အားအင်အဆင့်ကို အပြည့်အဝ ထုတ်ဖော်ပြထားခြင်း မရှိဘူး ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောကထဲတွင် တည်ရှိနေခဲ့သည့် ကောလဟလ သတင်းအချက်အလက်များကို ကြည့်ရှုခြင်း၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ထုတ်ဖော်လိုက်သည့် လက်ရှိစာရင်းများကို ကြည့်ရှုခြင်းအားဖြင့် မြေအင်မော်တယ်လောကသည် ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း သိသာလွန်းလှ၏။
လောကကို ဖြတ်သန်းကာ ရောက်ရှိလာမည်ဆိုလျှင် ပထမဦးဆုံး ပစ်မှတ်သည် သံသယရှိစရာ မလိုစွာဘဲ ခရမ်းရောင်နက်နဲလောကကြီး သာလျှင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့၏ လောကထဲ၌ အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့ တည်ရှိနေသည် ဆိုလျှင်တောင်မှ ဖျက်ဆီးခံရရန်အတွက် ကြီးမားလှသည့် အန္တရာယ်ကြီးက တည်ရှိနေတုန်းပင်။
ထို့အပြင် အင်ပါယာဖြစ်မလာသည့် လူများသည် ပုရွက်ဆိတ်လေးများပင်။ တူညီစွာဖြင့် ပြောရမည်ဆိုလျှင် အင်မော်တယ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အစစ်အမှန် အင်မော်တယ် ဖြစ်မလာသော သူတို့သည် ပုရွက်ဆိတ်လေးများကဲ့သို့ပင် အားနည်းလွန်းလှသည်။
အင်ပါယာကျန်းထျန် အနေနှင့် စီနီယာနန်းဆောင်သခင်နှင့် ရင်ဆိုင်သည့်နေရာတွင် ခုခံနိုင်စွမ်း မရှိဟု ဆိုခဲ့လျှင်တောင်မှ လီယွင်၏ ကျင့်ကြံခြင်းအဆင့်သည် အစစ်အမှန် အင်မော်တယ်အဆင့်ထက် မည်မျှ ဝေးကွာသည့် နေရာတွင် တည်ရှိနေသနည်း ဆိုသည်က မသိနိုင်ပေ။
“တာအိုရောင်းရင်း ပြောတာ အမှန်တရားပဲ”
ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် တခြားသော မျိုးနွယ်ထဲမှာ အဖွဲ့ဝင်တစ်ယောက်က ဝင်ရောက်ကာ ပြောလိုက်၏။ “တကယ်လို့ စီနီယာနန်းဆောင်သခင်သာ ခရမ်းရောင်နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီး ထဲမှာရှိတဲ့ သက်ရှိသတ္တဝါတွေရဲ့ စာရင်းကို ထုတ်ဖော်ချင်တယ်ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ မြေအင်မော်တယ်လောကက လူတွေက ပါဝင်လာမှာလဲ”
“စီနီယာနန်းဆောင်သခင်က မြေအင်မော်တယ်လောကက လူတွေကို စာရင်းထဲမှာ ထည့်ထားတယ်ဆိုတော့ မြေအင်မော်တယ်လောကက လူတွေ မကြာခင်မှာ လောကဖြတ်သန်းပြီး ရောက်ရှိလာမယ့်ပုံ ပေါ်တယ်” ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများထဲမှာ လူများကလည်း ဤဖြစ်စဉ်ကို ဝင်ရောက်ကာ တွေးတော ပြောဆိုလိုက်ကြသည်။
တချို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် သတင်းအချက်အလက် တချို့ကို ရရှိခဲ့ပြီးသား ဖြစ်၏။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ တော်တော်များများတို့သည် ခရမ်းရောင်နက်နဲ လောက၏ အဓိက ဂိုဏ်းအသီးသီး၏ လက်ထဲ၌ သေဆုံးခဲ့ကြ၏။ ခရမ်းရောင်နက်နဲလောက၏ တချို့သော အင်အားစုများသည် မြေအင်မော်တယ်လောကမှ ရောက်ရှိလာခဲ့သည့် လူတချို့၏ လက်ထဲ၌ ရတနာများကို လုယူခဲ့ကြ၏။
ထိုအရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူချင်သည့် စိတ်ဆန္ဒကြောင့်ပင်။ ရလဒ်အားဖြင့် မြေအင်မော်တယ်လောကမှ သက်ရှိများ အားလုံးတို့သည် ထွက်ပြေးရန် နေရာ မရှိလောက်အောင်ပင် ဖြစ်ခဲ့ကြသည်။
ဆိုရိုးစကားရှိ၏။ အစစ်အမှန် အားကောင်းလှသော နဂါးတစ်ကောင်သည် ဒေသခံ မြွေများ၏ ဖိနှိပ်မှုကို ဘယ်တော့မှ ခံရလိမ့်မည် မဟုတ်ချေ။ ထို့အပြင် မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောက ကြားတွင် ရှိနေသည့် ဆက်သွယ်မှုသည် ပေါင်းစပ်သွားမည်ဆိုပါက မြေအင်မော်တယ်လောကကြီး အနေနှင့် ဘယ်လိုမှ ငြိမ်ငြိမ်သက်သက် နေထိုင်နေလိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ်လောကဆီမှ အသက်ရှင်ရစ်ခဲ့သည့် ကျင့်ကြံသူများထဲမှ အနည်းငယ်သည် ကြီးမားလှသည့် နောက်ခံကို ပိုင်ဆိုင်ကြသည့် လူများသာ ဖြစ်၏။
ကျောက်စိမ်းလေဟာနယ်နန်းတော်ဆီမှ ရန်ကျန့်သည်ပင်လျှင် အမဲလိုက် သတ်ဖြတ်ခြင်းကို ခံနေရသည်ဆိုသည့် သတင်းစကားများ ကြားခဲ့ရ၏။ များပြားလှသည့် ဝှက်ဖဲ နည်းစနစ်များအပြင် ကွာစီအင်ပါယာ တစ်ယောက်၏ ကာကွယ်ပေးခြင်းကို ခံထားရသောကြောင့်သာလျှင် ရန်ကျန့်တစ်ယောက် အသက်ရှင်နေခြင်းဖြစ်သည်။
ထို့အပြင် ရန်ကျန့်သည် ကောင်းမွန်လှသည့် နောက်ခံကို ပိုင်ဆိုင်ပြီး အစစ်အမှန် အင်မော်တယ် အမွေအနှစ်၏ တန်ဖိုးကြီးမားလှသော အရာများကိုလည်း ရရှိခဲ့သေး၏။ အင်မော်တယ်အဆင့် ရတနာများကို ရယူလိုစိတ်ရှိသည့် နေရာတွင် တချို့သော ဂိုဏ်းကြီးများပင်လျှင် ငြိမ်ငြိမ်သက်သက် နေလိမ့်မည် မဟုတ်ချေ။ အားလုံးတို့သည် ထိုအရာများကို ရယူချင်ကြ၏။
“ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ ရန်ကျန့်က ခရမ်းရောင်နက်နဲလောကက လူတွေရဲ့ အမဲလိုက်ခြင်းကို ခံနေရတယ်လို့ သတင်းတွေက ဆိုတယ်လ။ ဒီကိစ္စက အမှန်လား၊ အမှားလား” ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် စီနီယာ အကြီးအကဲတစ်ယောက်က မေးမြန်းလိုက်သည်။
“ကျုပ်လည်း အဲသတင်းကို ကြားခဲ့တယ်” ခရမ်းရောင်နတ်နယ်မြေ၏ အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်ကာ ဖြေဆိုလိုက်၏။ ၎င်းသည် ပြုံးလျက်တော့ ရှိနေသေး၏။
“ပြောရမယ်ဆိုရင် ရန်ကျန့် လက်အောက်မှာရှိတဲ့ သူတော်စင်ဘုရင် တော်တော်များများတို့က စွမ်းအားမြင့် ကျင့်ကြံသူ အားလုံးကို တားဆီးထားခဲ့ကြသည်။ သူတို့က အသေခံပြီးတော့ ကာကွယ်နေကြတာ။ ကွာစီအင်ပါယာ တစ်ယောက်ရဲ့ အကူအညီပေးမှုနဲ့ ရန်ကျန့်သာ ခရမ်းရောင်နက်နဲ လောကကြီးက လွတ်မြောက်သွားခဲ့တယ်။ လက်ရှိ ဘယ်နေရာမှာ ပုန်းနေလဲ မသိနိုင်ဘူး။ ဘာပဲပြောပြော ခရမ်းရောင်နက်နဲလောကကြီးကတော့ မြွေဖမ်းထားပြီ။ အပေါက်ခံရဖို့ ပြင်တော့”
“ခင်ဗျား” ခရမ်းရောင်နက်နဲလောကဆီမှ သူတော်စင်အိုကြီး၏ မျက်နှာအမူအရာသည် ပြာနှမ်းသွားခဲ့၏။ ၎င်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့လေသည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နဂါးတစ်ကောင် အသက်ဝင် နိုးထလာသကဲ့သို့ပင် စူးရှသည့်အကြည့်များဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
မကြာသေးသည့် အချိန်အတွင်း သူတို့သည် ကောင်းကင်မူလလောကကြီးကို လှောင်ပြောင်ခဲ့၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့သည် ကောင်းကင်မူလလောကကြီး၏ လှောင်ပြောင်ခံ လူတန်းစားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရန်ကျန့်နှင့် တခြားသော သူများတို့သည် စကြဝဠာ၏ လေဟာနယ်အတွင်းဘက်ဆီမှ တည်နေရာ ဖြတ်သန်းကာ ရောက်ရှိလာလိမ့်မည်ဟု သူတို့က ခန့်မှန်းထားခဲ့၏။ ကောင်းကင်မူလလောကကြီးအနေနှင့် ၎င်းတို့ကို ကြိုဆိုရန်အတွက် နတ်နယ်မြေများ အဆင်သင့် တည်ရှိလို့နေ၏။
လက်ရှိအခြေအနေတွင် ခရမ်းရောင်နက်နဲလောကကြီးမှ ကျင့်ကြံသူများသည် ကောင်းကင်မူလလောကကြီး ထဲတွင် ရှိနေသည့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်သည်ဆိုပါက တကယ့်ကို ခက်ခဲပေလိမ့်မည်။ ကောင်းကင် မူလလောကကြီးသည်သာ အခြေအနေကို အခွင့်ကောင်းယူပြီး ကြားဝင်ကုလားဖန်ထိုးပါက ခရမ်းရောင် နက်နဲလောကကြီးအနေဖြင့် အန္တရာယ် ကြီးကြီးမားမား ကျရောက်ပေလိမ့်မည်။
ရန်ကျန့်နှင့် တခြားသူများ အားလုံးတို့သည် တိုက်ခိုက်ခြင်းကို တောက်လျှောက်ဆိုသလိုပဲ ခံနေရ၏။ ၎င်းတို့ အနေနှင့် ခင်မင်ရင်းနှီးမှုဆိုသည့် စိတ်ဆန္ဒ မည်သို့မှ ရှိတော့မည် မဟုတ်ချေ။ ဆိုးဆိုးရွားရွား ထိခိုက်ခြင်းကို ခံခဲ့ရသော ရန်ကျန့်သည် ကျိန်းသေပေါက် လက်စားပြန်ချေမှာဖြစ်၏။ ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ဂုဏ်သိက္ခာအရဆိုလျှင် ကျိန်းသေပေါက် သူတို့သည် လက်စားချေပေလိမ့်မည်။
“ဘယ်လိုလဲ။ ရှက်နေတာလား။ စိတ်ဆိုးနေတာလား”
ခရမ်းရောင်နတ်နယ်မြေ၏ အကြီးအကဲသည် ထူးမခြားနား သလိုပင် ခေါင်းအထက်အတွင် ရှိနေသည့် စာရင်းကို လှမ်းကြည့်ကာ ပြုံးလိုက်၏။
“ကျောက်စိမ်းလေဟာနယ်နန်းတော်က ရိုးရှင်းတာ မဟုတ်ဘူး။ ကျုပ်ကြားခဲ့တာ သူတို့ရဲ့ ဘိုးဘေးက အစစ်အမှန် အင်မော်တယ်တစ်ယောက်တဲ့။ အခု အင်ပါရီယာလက်နက်စာရင်းမှာလည်း ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ လက်နက်တစ်ခုကလည်း ပါဝင်နေသေးတယ်လေ။ အင်မော်တယ်သတ်ဖြတ်ခြင်းစင်မြင့်။ ဒီတော့ ခန့်မှန်းလို့ မရနိုင်တဲ့ ရန်ဘက်တစ်ယောက်က ဖြစ်လာပြီလေ။ ခရမ်းရောင်နက်နဲလောကကြီးက ငြိမ်ငြိမ်သက်သက် နေထိုင်နိုင်မလားဆိုတာ ကျုပ်သိချင်မိတယ်”
“အင်း”
မတူညီသည့် နတ်နယ်မြေဆီမှ အကြီးအကဲ တစ်ယောက်ကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ “အင်ပါရီယာလက်နက်စာရင်းရဲ့ နံပါတ်နှစ်ကလည်း မြေအင်မော်တယ်လောကက ပိုင်ဆိုင်တဲ့ အရာပဲ”
ခရမ်းရောင်နတ်နယ်မြေမှ အကြီးအကဲသည် ခရမ်းရောင်နက်နဲလောကဆီမှ သက်ရှိသတ္တဝါများကို လှမ်းကာ ကြည့်ရှုပြီး ပြုံးကာပြောလိုက်၏။ “ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် - ဒါကို ကျုပ်တို့ အထင်အမြင် သေးလို့မရဘူး။ တကယ့်ကို အားကောင်းလွန်းလှတဲ့ အင်ပါရီယာအဆင့် လက်နက်တစ်ခုပဲ ဖြစ်ရမယ်”
“ခင်ဗျားတို့ ခရမ်းရောင်နက်နဲလောကကြီးမှာရှိတဲ့ အင်ပါရီယာလက်နက်က အဆင့်ငါးမှာရှိတဲ့ ကောင်းကင် တုန်လှုပ်ခြင်းဓား မဟုတ်လား။ ဒီအရာက ခုခံနိုင်ပါ့မလား”
“ဪ”
ခရမ်းရောင်နတ်နယ်မြေဆီမှ အကြီးအကဲတစ်ယောက်သည် နဖူးကို ပုတ်ကာဖြင့် တစ်စုံတစ်ခုကို သတိရ သွားသလို ဟန်ပန် အမူအရာမျိုးဖြင့် လှောင်ပြောင်လိုက်ပြန်သည်။ “စီနီယာနန်းဆောင်သခင်က အစောကြီး ကတည်းက ပြောပြီးသား။ ကောင်းကင်တုန်လှုပ်ခြင်းဓားက ပိုင်ရှင် မရှိဘူးတဲ့။ ကြည့်ရတာ ခင်ဗျားတို့ ခရမ်းရောင်နက်နဲလောကကြီးက အင်ပါရီယာလက်နက်စာရင်းရဲ့ ထိပ်တန်းဆယ်ခု စာရင်းထဲမှာ ပါတယ်ဆိုပေမဲ့ ဒီအရာရဲ့ ပိုင်ရှင်က ရှိတာ မဟုတ်ဘူး”
ထိုအရာကို ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိများက ကြားခဲ့ကြသည်။ ၎င်းတို့သည် ဆွံ့အလျက် ရှိနေပြီး မည်သို့မှပင် ခွန်းတုံ့ မပြန်နိုင်ခဲ့ကြချေ။ ခရမ်းရောင်နက်နဲလောကကြီး၏ ကောင်းကင်တုန်လှုပ်ခြင်းဓား ဂုဏ်သိက္ခာသည် တကယ့်ကို ကြီးမားလွန်းလှ၏။
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် မွန်းစတားအင်ပါယာခေါင်းလောင်းနှင့် မကွာခြားလှပေ။ ကွာခြားချက်မှာ မွန်းစတားအင်ပါယာခေါင်းလောင်းသည် ရှေးယခင် ကတည်းက အခုထိ တည်ရှိနေသည့် အရာဖြစ်ပြီး ဘယ်သောအခါကမှ ပျောက်ဆုံးမသွားခဲ့ချေ။ ရံဖန်ရံခါ ဆိုသလို ထွက်ပေါ်လာကာဖြင့် တိုက်ခိုက်ခဲ့သေး၏။ ဥပမာအားဖြင့် သွေးနတ်ဆိုးကလန်ကို ဝင်ရောက်သုတ်သင်သည့်နေရာတွင် အသုံးပြုခဲ့သေး၏။ ရွှေကျီးကန်းကလန်သည် မွန်းစတားအင်ပါယာခေါင်းလောင်းနှင့် မွန်းစတားဆင့်ခေါ်ခြင်း တံခွန်တို့ကို ထုတ်ဖော်ကာ သန်းနှင့်ချီသော မွန်းစတားမျိုးနွယ်များကို စုစည်းပြီး သွေးနတ်ဆိုးကလန်ကို သွားရောက်ကာ တိုက်ခိုက်ခဲ့ဖူးသည်။
တခြားတစ်ဖက်တွင် ရှိနေသည့် ကောင်းကင်တုန်လှုပ်ခြင်းဓား ဆိုသည်မှာတော့ ခြားနားလို့ နေ၏။ ရေတွက်၍ မရအောင် များပြားလှသည့် နှစ်များအတွင်း ထိုဓားသည် ပျောက်ခြင်းမလှ ပျောက်ကွယ်ခဲ့၏။ အင်ပါရီယာ လက်နက်စာရင်းတွင် ပေါ်ပေါက်မလာဘူးဆိုပါက ထိုဓားကို တည်ရှိသည် ဆိုသည်ကိုပင် သူတို့ မှတ်မိလိမ့်မည် မဟုတ်ချေ။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ဤအင်ပါယာဓားသည် အင်ပါယာပေါင်းများစွာတို့၏ လက်ဆင့်ကမ်း ကိုင်ဆောင်ခဲ့သည်အရာ ဖြစ်ပြီး ကောင်းကင်တုန်လှုပ်ခြင်းဓားသည် အင်ပါယာ ဘယ်လောက်များများ၏ လက်ထဲသို့ ရောက်ရှိခဲ့ကြောင်းကိုပင် မသိရှိချေ။
သို့ပေမဲ့ အချိန်၏ မြစ်ရေစီးကြောင်းအောက်တွင် ပျောက်ကွယ်သွားခဲ့၏။ မည်သည့် နေရာ၊ မည်သည့်အချိန်တွင် ပေါ်ပေါက်လာမည်ကို မည်သူမှ မသိနိုင်ချေ။
ဤအင်ပါယာအဆင့်ဓားသည် အင်ပါယာလက်နက်စာရင်းတွင် နံပါတ်ငါးနေရာမြောက်၌ ရပ်တည်နေသည် ဆိုသော်လည်း ခရမ်းရောင်နက်နဲလောကကြီး အနေနှင့် အသုံးသိပ်မဝင်လှချေ။ မည်သည့်နေရာတွင် တည်ရှိသည် ဆိုသည်ကို သိရှိချင်သည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်ရန် လိုအပ်နေ၏။ သို့ပေမဲ့ ထိုဓားအတွက် ပေးအပ်ရမည့် ကုန်ကျစရိတ်က တကယ်ပင် ကြီးမားလွန်းမှာ သေချာ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ယခင်က ပြုမူခဲ့သည့် အပြုအမူများအရဆိုလျှင် အင်ပါယာအဆင့် လက်နက်တစ်ခုကို ရယူဖို့အတွက် ပေးအပ်ရမည့် တန်ကြေးသည် တကယ်ပင် ကြီးမားလွန်းလှ၏။ အင်ပါရီယာ ထိပ်တန်းလက်နက် ဆယ်ခုစာရင်းတွင် တည်ရှိနေသည့် ပိုင်ရှင်မရှိသော ကောင်းကင်တုန်လှုပ်ခြင်းဓား ဆိုလျှင် ပိုကာ ဆိုးပေလိမ့်မည်။