← Chapters

အပိုင်း (၃၈၇)

Vol. 26 Ch. 387

အပိုင်း (၃၈၇)

Vol. 26 Ch. 387

"စီနီယာပိုင်လော်ကို နှုတ်ဆက်ပါတယ်"

ခရမ်းရောင်နက်နဲလောက၏ တားမြစ်တည်နေရာထဲမှ အင်ပါယာများသည် တစ်ယောက်ပြီတစ်ယောက် နှုတ်ဆက်လိုက်၏။ ဤအဘိုးကြီးသည် အင်ပါယာစာရင်းတွင် မပါဝင်သော်လည်း အင်ပါယာလက်နက်စာရင်းတွင် ဆယ့်ခုနှစ်ခုမြောက် နေရာ၌ ပါဝင်သော လက်နက်ကိုတော့ ပိုင်ဆိုင်၏။

၎င်းလက်နက်၏ နာမည်သည် ပိုင်လော်ကောင်းကင်ဘုံလေး ဟု နာမည်ရပြီး အင်ပါယာများကို သတ်ဖြတ်ပစ်နိုင်လောက်သည့် စွမ်းအင်ကိုပင် ပိုင်ဆိုင်၏။ လက်ရှိ ကျင့်ကြံသူများသည် အင်ပါယာအဆင့်တွင် ပြိုင်ဘက်ကင်းအဖြစ် မိမိကိုယ်ကိုယ် သတ်မှတ်ထားကြသည် ဆိုသော်လည်း အင်ပါယာပိုင်လော်၏ လေးနှင့်တော့ ရင်ဆိုင်ချင်စိတ်မရှိကြချေ။

ဤအရာမှာ ဝင့်ကြွားစွာ ပြောဆိုနေခြင်း မဟုတ်ချေ။ နှစ်ပေါင်းများစွာအတွင်း ပိုင်လော်ကောင်းကင်ဘုံလေးသည် အင်ပါယာ၏ သွေးကိုပင် သောက်သုံးခဲ့ဖူး၏။ ပြောရမည်ဆိုလျှင် အင်ပါယာတစ်ယောက်၏ သွေးများသည် ၎င်း၏ မြားဦးထက်တွင် တည်ရှိခဲ့ဖူးသည့်အရာ ဖြစ်၏။ ပိုင်လော်ကောင်းကင်ဘုံလေးကို ရဲရဲဝင့်ဝင့် ခုခံခဲ့သည့် အင်ပါယာ ၏ သင်္ချုင်းရှိ မြက်ပင်များပင်လျှင် လက်ရှိအချိန်၌ ပေဒါဇင်နှင့်ချီ မြင့်မားနေပြီ ဖြစ်သည်။

အတိတ်က သင်ခန်းစာများကို ကြည့်ရှုပြီးသည့်နောက် အင်ပါယာများသည် တစ်ဖက်လူကို လေးစားသမှု ပြသလျက် ရှိနေ၏။

"အင်း ….. အင်ပါယာတွေကြားထဲမှာ အဲလိုလောကဝတ်တွေ လုပ်နေဖို့ မလိုပါဘူး"

အဘိုးအိုသည် မုတ်ဆိတ်မွေးကို အသာပွတ်သပ်လိုက်၏။ ၎င်းသည် အသာပြောဆိုလိုက်သည်။ "ရန်သူဖြစ်တဲ့ မြေအင်မော်တယ်လောကက လူတွေ ရောက်လာနိုင်တဲ့ အခြေအနေမှာ ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါယာတွေအနေနဲ့ အချင်းချင်း ပဋိပက္ခဖြစ်မနေသင့်ဘူး။ မြေအင်မော်တယ် လောကကလူတွေ မလာဘူး ဆိုရင်တောင်မှ ကျုပ်တို့ ကောင်းကင်မူလလလောကကြီးကို သတိအပြည့်ထားရမယ်။ လောကကြီး နှစ်ခုလုံးဆီမှာ ရည်မှန်းချက်ကြီးတဲ့ ဝံပုလွေတွေ ရှိတယ်။ ကျုပ်တို့ ပဋိပက္ခဖြစ်နေတဲ့ အချိန် တစ်စုံတစ်ယောက် က ဝင်ပြီး အမြတ်ထုတ်သွားမယ်ဆိုရင် ကျုပ် … ဒီအရိုးဖြူကြီးက လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူး"

"စီနီယာပိုင်လော် ပြောတာ အမှန်ပါပဲ" ပိန်ရှည်ရှည်နှင့် အင်ပါယာတစ်ယောက်သည် ဝင်ရောက်ကာ ခေါင်းညိတ် ထောက်ခံလိုက်၏။ ၎င်း၏ အသံသည် အေးစက်ခက်ထန်လျက် ရှိနေသည် ဆိုသော်လည်း မူလကထက် အနည်းငယ် ပျော့သွားခဲ့၏။

ခရမ်းရောင် နက်နဲလောကကြီးတွင် သူသည် တခြားသော အင်ပါယာများကို ကလန်ကဆန် လုပ်ရဲ၏။ ပိုင်လီ ၊ ပိုင်လော် နှင့် ယုညိုတို့ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူများကိုတော့ သူ ကလန်ကဆန် မပြုလုပ်ရဲချေ။ သူသည်

အချိန်၏မြစ်ရေစီးကြောင်းတွင် များပြားလှသော အခက်အခဲများကို ကျော်ဖြတ်ကာ တည်ရှိနေထိုင်ခဲ့သော ပိုင်လော်အား ခပ်ပေါပေါ ထင်မှတ်နေပါက သူရူးနေ၍သာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ပိုင်လော်၏ လက်ထဲတွင် အင်ပါရီယာလက်နက်စာရင်း၏ ဆယ့်ခုနှစ်ခုမြောက် စာရင်းချိတ်သော ပိုင်လော် ကောင်းကင်ဘုံလေးရှိ၏။

အင်ပါယာရီယာလက်နက် အခုတစ်ရာစာရင်းတွင် လက်နက်ပေါင်းများစွာ ပါဝင်နေသည်ဆိုသော်လည်း ထိုအင်ပါရီယာလက်နက်ကို မည်သူက ကိုင်ဆောင်သနည်းက အဓိက ကျသည်။ ထိပ်တန်းအင်ပါရီယာ လက်နက်တစ်ရာတို့၏ ပိုင်ရှင် တော်တော်များများသည် အသက်ရှင်လျက် မရှိကြတောချေ။ ၎င်းတို့၏ လက်နက်များအား နောက်လာနောင်သားများက ထိန်းသိမ်းထားခဲ့ကြသည်။

ဥပမာအားဖြင့် ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် မွန်းစတားအင်ပါယာခေါင်းလောင်းသည် တခြားသောလောကရှိ ကျင့်ကြံသူများ စိုးရိမ်ရမည့် အရာမျိုးတော့ မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် လက်နက်ကို ကိုင်ဆောင်သူသည် ရွှေကျီးကန်းကလန်၏ ဘိုးဘေးကဲ့သို့သော အားအင်အဆင့်ကို ပိုင်ဆိုင်သူ မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် လက်နက်၏ အားအင်ကို အပြည့်အဝ ထုတ်ဖော် အသုံးပြုရန် မဖြစ်နိုင်ချေ။

အခြားတစ်ဖက်မှကြည့်လျှင် အင်ပါယာပိုင်လော်ဖန်တီးထားသည့် ပိုင်လော်ကောင်းကင်ဘုံ အင်ပါယာလေး မှာတော့ ၎င်း၏ သခင်နှင့်အတူ ရှိနေပြီး စိတ်ပိုင်းဆိုင်ရာအရ မျှဝေမှုလည်း ရှိထား၏။ ထို့ကြောင့် အားအင်အဆင့်ကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ ပိုင်လော်ကောင်းကင်ဘုံလေးသည် စာရင်းထဲတွင် ဆယ့်ခုနှစ်ခုမြောက် အဆင့်တွင်သာ တည်ရှိသော်လည်း အင်ပါယာတော်တော်များများ၏ မျက်လုံးထဲတွင်တော့ မွန်းစတားအင်ပါယာခေါင်းလောင်းထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်ကို ဖန်တီးနိုင်၏။

အင်ပါယာပိုင်လော်သည်သာ မတ်မတ်ရပ်ပြီး ခရမ်းရောင် နက်နဲလောကရှိ အင်ပါယာများကို တားဆီးထားလျှင် မည်သူမှ အဆင်အခြင်မဲ့စွာဖြင့် တိုက်ခိုက်ရဲကြမည် မဟုတ်ချေ။

"စီနီယာ့အမြင်အရဆိုရင် ယုညို နဲ့ ပိုင်လီတို့ တိုက်ခိုက်ကြမှာလား" တော်ဝင်အင်ပါယာတစ်ယောက်က မေးမြန်းလိုက်သည်။

"ဟုတ်တယ်"

အင်ပါယာပိုင်လီသည် သူ၏ ကျိုင်းတုတ်ကြီးကို အသာမှီကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။ ပြီးနောက် သူသည် စကားစုကို ဖြေးညင်းစွာ ပြောလိုက်၏။ "အင်ပါယာတွေတောင်မှ ဒီလိုကိစ္စမျိုးကို ရှောင်လွဲလို့ မရနိုင်ဘူး။ အဆုံးသတ် ဂုဏ်သိက္ခာတရားကြောင့် လုပ်သင့်တာကို လုပ်ဖို့ စဉ်းစားကြလိမ့်မယ်”

အင်ပါယာစာရင်း ပေါ်ပေါက်လာပြီးနောက် မည်သူမှသည် အောက်ဖက်တွင် နေထိုင်ချင်စိတ် မရှိကြချေ။ ဖြစ်နိုင်သမျှ စာရင်း၏ အ ထက်နေရာတွင် ရပ်တည်ချင်သည်မှာ သဘာဝပင် ဖြစ်သည်။

"ဒါက….."

မေးမြန်းလိုက်သည့် အင်ပါယာသည် ခဏလောက် ကြောင်အသွား၏။ သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်လုံးထဲတွင် ဘေးကျပ်နံကျပ် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ အင်ပါယာပိုင်လော် ပြောဆိုခြင်း ဖြစ်သောကြောင့် ဤကိစ္စသည် တကယ်ပင် ဖြစ်ရပေလိမ့်မည်။

"စိတ်ချပါ … သူတို့တိုက်ပွဲဖြစ်မယ် ဆိုရင်တောင်မှ အခု မဟုတ်သေးဘူး" အင်ပါယာပိုင်လော် က ထပ်မံကာ ပြောဆိုလိုက်၏။

လက်ရှိအချိန်မှာတော့ အင်ပါယာစာရင်း၌ အင်ပါယာယုညိုသည် အင်ပါယာပိုင်လီ၏ အောက်၌သာ ရှိသည်။ တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက ယုညို အနိုင်ရရှိရန် အခွင့်အရေးမှာ မသေချာချေ။

"မမှားဘူးဆိုရင် ပိုင်လိလက်ထဲမှာ ရှိနေတဲ့ အင်ပါယာလက်နက်က အင်ပါရီယာ လက်နက်စာရင်းမှာ ရှစ်ဆယ့်ခုနှစ်ခု မြောက် စာရင်းဝင်တယ်။ ပြီးတော့ ယုညို"

သက်လတ်ပိုင်း အင်ပါယာတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။ "ယုညိုရဲ့ အင်ပါယာလက်နက် က စာရင်းထဲမှာတောင် မပါဘူး"

"အမှန်ပဲ" တစ်စုံတစ်ယောက်က ခေါင်းညိတ်လိုက်၏။

အင်ပါယာ တစ်ယောက်၏ အားအင်အဆင့်နှင့် ၎င်း၏ အင်ပါရီယာ လက်နက် အားအင်သည် ထပ်တူညီမှုရှိ၏။ လက်နက် စာရင်းထဲတွင်ပါဝင်သော အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည် အင်ပါယာစာရင်းထဲတွင် ပါဝင်သော အင်ပါယာဆိုသည်မှာ ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည် မဟုတ်ပါလား။

"အင်ပါယာစာရင်းရဲ့ နံပါတ်ကိုးနဲ့တစ်ဆယ်…… ဒါပေမဲ့ ပိုင်လိက နိုင်သွားမယ်ဆိုရင်တောင်မှ သိသိသာသာကြီး အပြတ်အသပ် နိုင်သွားမှာ မဟုတ်ဘူး" တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

"မြေအင်မော်တယ် လောကကြီးက ပေါ်မလာသေးဘူးလေ။ ဒီနှစ်ယောက် တိုက်ခိုက်မှာကို ခဏလောက် တားဆီးထားရင် ကောင်းမယ်။ သူတို့အမြင်မကျဉ်းသင့်ဘူး။" အင်ပါယာပိုင်လော်က ပြောဆိုလိုက်၏။

တစ်စုံတစ်ခုကို အတည်ပြုပြီးနောက် သူသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ ပြီးနောက် တစ်ကိုယ်လုံး တုန်ယင်နေသည့် ပိုင်လော်သည် တုန်တုန်ချိချိဖြင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့၏။ သူ၏ လှုပ်ရှားမှုများသည် တုန်ယင်နေသည် ဆိုသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် မိုင်သန်းနှင့်ချီသည့် အကွာအဝေးဆီသို့ ချက်ချင်းပဲ ရောက်ရှိသွား၏။ ခဏကြာပြီးနောက် သူ၏ပုံရိပ်သည် မြင်ကွင်း၌ ပျောက်ကွယ်သွားခဲ့လေ၏။

"နှစ်ပေါင်းများစွာ ကြာပြီးတာတောင်မှ စီနီယာပိုင်လော်ရဲ့ အားအင်အဆင့်က အထင်သေးလို့မရသေးဘူး” အင်ပါယာတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

"ခန့်မှန်းလို့ မရနိုင်ဘူး ဆိုပေမဲ့ အသစ်ပေါ်လာတဲ့ သူတွေကလဲ ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်လေ"

ဤစကားစုသည် အားလုံးသောသူတို့ကို တွေဝေငေးငိုင်သွားစေ၏။ အင်ပါယာစာရင်းအရ ကြည့်ရှုရလျှင် အင်ပါယာပိုင်လော်သည် အားအင်အဆင့်အရ အားကောင်းသော်လည်း စာရင်းထဲတွင် မပါဝင်ခဲ့ချေ။ တခြားတစ်ဖက်တွင် ရှိနေသည့် ယုညိုနှင့် ပိုင်လီ တို့မှာတော့ နောက်ပိုင်းမှ အင်ပါယာဖြစ်လာပြီး စာရင်းထဲတွင် ပါဝင်လျက် ရှိနေ၏။ တကယ်တမ်း တိုက်ခိုက်မည် ဆိုပါက အင်ပါယာပိုင်လော်အနေဖြင့် တစ်ဖက်လူနှစ်ယောက်ကို အနိုင်ယူရန် အခွင့်အရေး နည်းပါးလွန်း၏။

"အင်း တစ်ခုခုတော့ တစ်ခုခုပဲ"

ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ပုံမှန်မဟုတ်သည်ကို သတိပြုမိ၏။ ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်တော့ တားမြစ်တည်နေရာထဲ၌ ရန်စောင်လျက်ရှိနေသော ပိုင်လီ နှင့်ယုညိုတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်ကို သတိပြုလိုက်မိသည်။

"ပိုင်လီနဲ့ယုညိုတို့ ဘယ်ရောက်သွားကြလဲ" ထိုအင်ပါယာသည် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။

ဤတည်နေရာတွင် များပြားလှသော အင်ပါယာများ တည်ရှိနေ၏။ သို့ပေမဲ့ ထိုသူနှစ်ယောက်တို့ ထွက်ခွာသွားသည်ကို သူတို့ သတိပင်မပြုမိခဲ့ကြချေ။ စဉ်းစားကြည့်လိုက်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည် မဟုတ်ပါလား။

All Chapters