← Chapters

အခန်း (၉၁၁-၉၁၅)

Vol. 37 Ch. 911-915

အခန်း (၉၁၁-၉၁၅)

Vol. 37 Ch. 911-915

အပိုင်း (၉၁၁)

ပြောပြီးသည့်နောက် မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားသည် သူ့လက်ကို ဝှေ့ရမ်း၍ ခပ်းလှမ်းလှမ်း နေရာတွင် လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးလိုက်၏။

“နတ်ဆိုးချီသုံးပြီး ဒီထုန်းရွှမ်ကျောက်တိုင်တွေ ဆီကနေ လွတ်အောင်လုပ်လိုက်။ ပြီးတာနဲ့ ဒီနေရာကနေ ထွက်သွားလိုက်တော့” မဟာနတ်ဆိုးနတ်ဘုရားက အမိန့်ပေးနေသည့် လေသံဖြင့် ပြောလိုက်သည်။

လီရုန်သည် ချက်ချင်း မထွက်သွားသေးဘဲ ရန်ကိုင်ဆီ အရင် လှည့်ကြည့်လိုက်သည်။

ရန်ကိုင်သည် မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

“မထွက်သွားသေးဘူးလား” ရန်ကိုင် တုတ်တုတ်မျှ မလှုပ်သည်ကိုမြင်သော် မဟာနတ်ဆိုးနတ်ဘုရားက နှာခေါင်းရှုံ့လိုက်သည်။ သူ့အသံသည် ရန်ကိုင်စိတ်ထဲ မိုးချိန်းသံပမာ မြည်ဟည်းသွားခဲ့ရာ ရန်ကိုင်သွေးတို့ ဆူပွက်လာခဲ့ရပြီး သူ့မျက်နှာလည်း နီလာခဲ့ရသည်။

သို့သော်လည်း အချိန်တိုအတွင်း ရန်ကိုင် အမူအရာ ပြန်လည်ကောင်းမွန်သွားခဲ့ပြီး ခေါင်းခါရမ်း၍ “သူတို့ကိုပါ ခေါ်သွားရမယ်”

မဟာနတ်ဆိုးနတ်ဘုရားက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “လာပြီး မောက်မာပြမနေနဲ့။ ငါမင်းကို အခွင့်အရေးတစ်ခု ပေးပြီးသွားပြီ။ မင်းဘက်က မဆုပ်ကိုင်ချင်မှတော့ ဒီနေရာမှပဲ တစ်သက်လုံး နေသွားလိုက်ပေတော့။ မင်းက ငါ့အစစ်အမှန်ခန္ဓာကိုယ်ရဲ့ ဆက်ခံသူဖြစ်နေရင်တောင် ဒီနေရာကို ကျူးကျော်တဲ့အတွက် ထိုက်သင့်တဲ့ တန်ကြေးကိုတော့ ပြန်ပေးဆပ်ရမှာပဲ”

သူ့စကားကြောင့် ရန်ကိုင် အမူအရာ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်းမရှိ။ သူ့ဘေးပတ်လည်ကိုသာ တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည် “အဲ့ကျောက်တိုင် ရှစ်တိုင်ကို ထုန်းရွှမ်ကျောက်တိုင်တွေလို့ ခေါ်လိုက်တယ်နော်။ ဒီကိုလာတဲ့လမ်းမှာလည်း ထုန်းရွှမ်ကျောက်တိုင်တစ်တိုင်ကို ကျုပ်တို့ တွေ့ခဲ့ရသေးတယ်။ အဲ့တိုင်က ဒီက တိုင်ရှစ်တိုင်ထက် အများကြီးပိုကြီးတယ်။ ပြီးတော့ တိုင်ပေါ်မှာ ထုန်းရွှမ်ကျောက်တိုင် ဆိုပြီးတော့တောင် ရေးထားသေးတယ်။ အဲ့တိုင်က ဒီတိုင်ရှစ်တိုင်နဲ့ ဘယ်လို ပက်သက်နေတာလဲ”

ချုပ်လှောင်ခံနေရသည့်တိုင် ရန်ကိုင်သည် စိုးရိမ်၊ ထိတ်လန့်သည့် အမူအရာ နည်းနည်းမျှ မပြဘဲ မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားနှင့်ပင် အေးအေးဆေးဆေး စကားပြောနေနိုင်သေးသည်။ ထို့ကြောင့် မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားမှာ အတော်လေး အံ့အားသင့်နေခဲ့ရသည်။ လီရုန်ပင်လျှင် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လာခဲ့သည်။ ရန်ကိုင် ဘာကြံနေလဲ ဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

“ဒီနေရာမှ ထုန်းရွှမ်ကျောက်တိုင်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဒီကျောက်တိုင်ရှစ်တိုင်က အဓိကအုတ်မြစ်တွေပဲ… ဒါတွေ ဘာလို့ လာမေးနေရတာလဲ” မဟာနတ်ဆိုးနတ်ဘုရားက ပြန်မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ကာ “ဒီအစီအရင်ကို မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင် ခင်းကျင်းခဲ့မှတော့ ခင်ဗျားနဲ့ တစ်ခုခုများ ပက်သက်နေမလား တွေးလိုက်မိလို့ပါ။ ခင်ဗျားက ဒီနေရာကို စောင့်ကြည့်ဖို့ အစစ်အမှန် ခန္ဓာကိုယ် ချန်ခဲ့တဲ့ အစောင့် သက်သက်ကလွဲပြီး ဘာမှမဟုတ်ဘူး”

မဟာနတ်ဆိုးနတ်ဘုရား ဝိဥာဉ်ကိုယ်ပွား၏ မျက်လုံးများ တစ်ချက်လက်သွားခဲ့ပြီး ရန်ကိုင်အား အသေအချာ စိုက်ကြည့်လျက် အသာအယာ ခေါင်းညိတ်လိုက်ပြီး “မင်းက တကယ့်ကို အမြင်စူးရှတာပဲ”

“ဒီအတိုင်းပဲ မှန်းကြည့်လိုက်ရုံလေးတင်ပါပဲ၊ ဟဲဟဲ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒီကိုလာတဲ့လမ်းမှာ မရေမတွက်နိုင်တဲ့ ဝိဥာဉ်စိတ်ဝိဥာဉ် ခန္ဓာကိုယ်တွေ ပြည့်နေတဲ့ အစိမ်းရောင်ပင်လယ်ကြီးတစ်ခုရယ်၊ ထူးဆန်းတဲ့ သွေးပင်လယ်ကြီးရယ်ကို တွေ့ခဲ့တယ်။ ကျုပ်သာမှန်ရင် အဲ့ဒါတွေအကုန်လုံးက ဒီကျောက်တိုင်ရှစ်တိုင်ဆီ လူစိမ်းတွေ ရောက်မလာအောင် မဟာနတ်ဆိုးနတ်ဘုရား ချခဲ့တဲ့ အတားအဆီးတွေမလား”

“ဘာဖြစ်လို့လဲ” မဟာနတ်ဆိုးနတ်ဘုရားက ခေါင်းညိတ်လိုက်သည်။

“ဘာမှမဟုတ်ဘူးပါဘူး” ရန်ကိုင်က မဲ့တဲ့တဲ့အပြုံးဖြ်င့ “ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မြင့်၊ ဒီနေရာဆီ ရောက်လာတဲ့လူတိုင်းကို ချက်ချင်း ဖမ်းဆီးနိုင်တဲ့ ခင်ဗျားလို့ ပညာရှင်တစ်ယောက် ဒီမှာရှိနေတာတောင် မဟာနတ်ဆိုး နတ်ဘုရားက အလုပ်ရှုပ်ခံပြီး ဒီလောက် အတားအဆီးတွေ အများကြီး ချထားတာက နည်းနည်း ထူးဆန်းနေသလားလို့ပါ။ တကယ်ဆိုရင် အဲ့လိုလုပ်ဖို့ မလိုအပ်ဘူးလေ၊ ဟုတ်တယ်မလား”

“မင်းဘာပြောချင်နေတာလဲ” မဟာနတ်ဆိုးနတ်ဘုးရား ကိုယ်ပွား၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

“ကျုပ်ပြောချင်တာက… ခင်ဗျားပုံစံက တကယ့်ကို ရှိန်လောက်စရာ ကောင်းနေပေမယ့် တကယ်တမ်းပြောရရင် ခင်ဗျားမှာ စွမ်းအား များများစားစား ရှိတာမဟုတ်ဘူး။ ကျောက်တိုင်ရှစ်တိုင် ကျုပ်တို့ကို ချုပ်ထားနိုင်တာက မဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ နောက်ထပ် နည်းလမ်း တစ်ခုသက်သက်ပဲ။ ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး” ရန်ကိုင်က တိုးလျခြင်း၊ ကျယ်လောင်ခြင်း မရှိသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင် ပြောသည်ကို နားထောင်ပြီး လီရုန်လည်း အတော့်ကိုမှ ထိတ်လန့်တုန်လှဒပ်သွားခဲ့သည်။ ထို့နောက် သင်္ကာမကင်း အမူအရာဖြင့် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားဆီ လှမ်းကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကိုပါ သုံးပြီး စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမအား ချုပ်နှောင်ထားသော ကျောက်ိတုင်သည် သူမ၏ စိတ်စွမ်းအင်ကိုပါ ချုပ်နှောင်ထားသည်ကို တွေ့ရှိလိုက်ရလေသည်။

“မင်းဘာလို့ ဒီလောက်တောင် သေချာနေတာလဲ” မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့အကြီးမားဆုံး လျှို့ဝှက်ချက်ကို တစ်ဖက်လူ သိသွားသဖြင့် သူ့အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားရ၏။ သို့သော် သူ့မျက်လုံးများသည် အရင်အတိုင်း ထက်ရှနေဆဲ။

“ကျုပ်နဲ့ လီရုန်ကို ဒီကနေ မြန်မြန် ထွက်သွားအောင် လုပ်နေတာ ခင်ဗျား ထိန်းချုပ်လို့မရတဲ့ နှစ်ယောက်ကို ဒီမှာ မရှိစေချင်လို့မလား။ ကျုပ်ထင်တာအရဆိုရင် မဟာနတ်ဆိုးနတ်ဘုရားက ဒီနေရာမှာ အတားအဆီးတွေကို ချထားခဲ့ပေမယ့် နောက်ပေါက်တစ်ခုခုကိုလည်း ချန်ထားခဲ့လိမ့်ဦးမယ်၊ နတ်ဆိုးနတ်ဘုရားအသွင်ပြောင်းလဲခြင်း ကိုသုံးပြီး ဒီနေရာကနေ ထွက်သွားအောင် လုပ်နိုင်တာမျိုးပေါ့၊ ကံမကောင်းစွာနဲ့ လီရုန်နဲ့ကျုပ် အဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်လေ၊ ဟုတ်တယ်မလား”

မဟာနတ်ဆိုးနတ်ဘုရား ရုတ်တရက် ရယ်မောလိုက်ပြီး “တကယ် စိတ်ဝင်စားစရာကောင်းတဲ့ ကောက်ချက်ပဲ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဒါက မင်းရဲ့ ခန့်မှန်းချက် သက်သက်ပဲလေ”

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “သေပြီးသွားရင် လူတစ်ယောက်ရဲ့ ဝိဥာဉ်က ဒီလောကကြီးမှာ အချိန်ကြာကြာ ရှိမနေနိုင်တော့ဘူး။ ခင်ဗျားက နတ်ဆိုးနတ်ဘုရားရဲ့ ဝိဥာဉ်ကိုယ်ပွား ဖြစ်နေရင်တောင် အဲ့ကံကြမ္မာကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။ ခင်ဗျားအတွက် နေစရာ ရုပ်ခန္ဓာ တစ်ခုလည်း မရှိတော့ ဆက်နေနိုင်ဖို့အတွက် ဒီကျောက်တိုင် ရှစ်တိုင်အပေါ်ပဲ အားကိုးနေရတာမလား။ ဒါပေမယ့် နှစ်တွေအများကြီး ကြားသွားပြီပြီ ဆိုမှတော့ ခင်ဗျားမှာကော ခွန်အားဘယ်လောက် ကျန်ဦးမှာမို့လို့လဲ”

“ဘယ်လောက်ကျန်လဲ ဆိုတာကို သိချင်ရင် ကိုယ့်ဘာသာ စစ်ဆေးကြည့်လိုက်လေ” မဟာနတ်ဆိုးနတ်ဘုရားက နှာခေါင်းရှုံ့လိုက်သည်။

“ဟုတ်တာပေါ့၊ ကျုပ်ဘာသာ စစ်ဆေးကြည့်ရမှာပေါ့။ ခင်ဗျားမှာ ကျောက်တိုင်ရှစ်တိုင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်မှ မရှိတာ။ ဒါကြောင့် သူတို့ကို ခင်ဗျား မလွှတ်ပေးနိုင်တာလေ” ရန်ကိုင်က ပြန်အော်ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ကျုပ်အနေနဲ့ ဒီကျောက်တိုင်ရှစ်တိုင်ကို ဖျက်စီးရုံပဲ ရှိတော့တာပေါ့”

“ကောင်လေး၊ မင်းလုပ်ရဲလား” မဟာနတ်ဆိုးနတ်ဘုရား ဝိဥာဉ်ကိုယ်ပွား၏ အမူအရာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့၏။

“ကျုပ်လုပ်ရဲ၊ မလုပ်ရဲ စောင့်ကြည့်လိုက်လေ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်အော်ပြောလိုက်ပြီးနောက် သူ့ခွန်အားကို အဆုံးစွန်ထိ မြှင့်တင်လိုက်လေသည်။

မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့ပြီး မြင်ကွင်း အဖုံဖုံမှာလည်း တွန့်လိမ်လာခဲ့သည်။ ထိုရုတ်တရက် ထွက်ပေါ်လာသော ပြင်းထန်ကြမ်းတမ်းသည့် စွမ်းအင်များသည် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ရန်ကိုင်ကဲ့သို့သော မသေမျိုးအဆင့် ပညာရှင်လေး တစ်ယောက်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

ခရက်…

ချိန်းကြိုးတစ်ခုခု ပျက်စီးသွားသည့်အလား ရန်ကိုင်သည် ချုပ်နှောင်ထားခံရသည့် ကျောက်ိုင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။

“လီရုန်၊ ဆင်းလာပြီး လာကူပေးဦး” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။

လီရုန်သည် ရန်ကိုင်ကိုတစ်လှည့်၊ မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားကိုတစ်လှည့် ကြည့်လိုက်သည်။ ဘာဆက်လုပ်လို့ လုပ်ရမှန်း သူမ မသေချာ ဖြစ်သွားခဲ့လေသည်။

မဟာနတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးမျိုးနွယ်စုတိုင်း၏ နှလုံးသားထဲ အစားထိုးမရနိုင်သည့် နေရာတွင် ရှိနေသည်။ သို့သော်လည်း ရန်ကိုင်သည် ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင်ဖြစ်သည်။ ရန်ကိုင် ပေသည့် အမိန့်မှန်သမျှကို သူမ နာခံရပေလိမ့်မည်။

ရုတ်တရက် သူမ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

“သူက မဟာနတ်ဆိုးနတ်ဘုရားမဟုတ်၊ တကယ့် မဟာနတ်ဆိုးနတ်ဘုရားက သေသွားတာ ကြာနေပြီ။ ဘာမှ တုန့်ဆိုင်းနေစရာမလိုဘူး”

“ဒါ… ဒါပေမယ့်…” လီရုန် တုန့်ဆိုင်းနေခဲ့သည်။

“ထားလိုက်တော့။ ဘာမှမဖြစ်ဘူး။ အဲ့မှာသာနေတော့” ရန်ကိုင် လီရုန်ကို ထ ပ်မခေါ်တော့။ မဟာနတ်ဆိုးနတ်ဘုရား ကိုယ်ပွားကိုသာ လှမ်းကြည့်၍ “အခု ဒီကျောက်တိုင်တွေကို ကျုပ်ဖျက်စီးတော့မယ်။ ကျုပ်ကို တားနိုင်မယ့်နည်းလမ်း ရှိရင် အခုကကတည်းက သုံးလိုက်ဖို့ အကြံပေးချင်တယ်”

မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် ရန်ကိုင်သာ စိုက်ကြည့်နေခဲ့သည်။ တားမည့်အရိပ်အယောင်မပြ။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် “မင်းဒီနေရာကို တကယ် ဖျက်စီးပစ်ချင်နေတာလား”

“ကျုပ်နောက်နေတဲ့ပုံ ပေါက်နေလို့လား”

“ဒီနေရာကို ဖျက်စီးလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကိုကော သိလား”

“ဒီကျောက်တိုင်တွေကို မဖျက်စီးရင် ကျုပ်မိတ်ဆွေနဲ့ အကြီးအကဲ သေရလိမ့်မယ် ဆိုတာကိုပဲ ကျုပ်သိတယ်။ ဒါပေမယ့် ဒီနေရာအကြောင်း ခင်ဗျားသိမှာပါ့။ အခုကျုပ်ကို ရှင်းပြပေးလို့ရမလား။ ဒီနေရာက လောကကြီးတစ်ခုလုံးရဲ့ အချက်အချာလို့ ခင်ဗျား ပြောလိုက်သလားလို့”

“အခုမှပြောနေလို့ကော ဘာထူးမှာမို့လို့လဲ” မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒီနေရာကို ဖျက်သာဖျက်စီးလိုက်။ အဲ့အခါကျ ဒီနေရာရဲ့ တကယ့် ရည်ရွယ်ချက်ကို သိလာလိမ့်မယ်။ အကျိုးဆက်ကို မင်းတောင့်ခံနိုင်မယ်လို့ပဲ ငါမျှော်လင့်တယ်”

ရနက်ိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည် “လာပြီး လျှို့ဝှက်ဆန်းကြယ်ပြနေတယ်”

မဟာနတ်ဆိုးနတ်ဘုရား ဘာကြောင့် အတားအဆီး များစွာကို ဤနေရာတွင် ထားခဲ့ရသည်ဖြစ်စေ၊ ဤနေရာ ဘယ်လောက် အရေးကြီးသည် ဖြစ်စေ၊ မန်ဝူရသည် ထိုကျောက်တိုင် ရှစ်တိုင်တွင် ဖမ်းချုပ်ထားခံနေရရာ ရန်ကိုင်အနေဖြင့် ဘာအကျိုးဆက်ကိုပဲ ရင်ဆိုင်ရသည် ဖြစ်ဖြစ် မန်ဝူရကို ကျိန်းသေ လွှတ်ပေးရပေလိမ့်မည်။

ပြောပြီးသည်နှင့် နတ်ဆိုးချီကို ညာဘက်လက်တွင် သိပ်သည်းလိုက်ပြီး သူ့အား ချုပ်နှောင်ခဲ့သည် ကျောက်တိုင်ကို ထိုးချလိုက်သည်။

ချက်ချင်းဆိုသလို ခရက်… ခရက် မြည်သံများနှင့်အတူ ကျောက်တိုင်မျက်နှာပြင်တစ်ခုလုံး ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်သွားခဲ့သည်။

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေပြီ။ ထိုကျောက်တိုင်သည် ထိုမျှ ဖျက်စီးရလွယ်နေလိမ့်မည်ဟု သူတကယ် မထင်ထားခဲ့ချေ။ အစကမူ ကျောက်တိုင် တစ်တိုင်ကို ဖျက်စီးရန် အချိန်အတော်ကြာအောင် ယူရမည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင် ပြောသည့်အတိုင်း တကယ်လုပ်နေသည်ကို မြင်သော် မဟာနတ်ဆိုးနတ်ဘုရား၏ကိုယ်ပွားသည် စိုးရိမ်ပူပန်သွားခြင်း မရှိသည့်အပြင် သည်းလှိုင်အူလှိုက်ပင် ရယ်မောလိုက်ပြီး ခေါင်းတဆတ်ဆတ်ညိတ်လျက် “ဒီစီနီယာရဲ့ တကယ့်ခန္ဓာကိုယ်အောက် မနိမ့်ကျတဲ့ အလျှော့မပေးတဲ့ စိတ်ဓါတ်ပဲ။ သူ့အရိုးတွေကို အမွေဆက်ခံထားနိုင်တာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”

“ခင်ဗျား ကျုပ်ကို မတားတော့ဘူးလား” ရန်ကိုင်က နောက်ပြန်လှည့်မကြည့်ပဲ သူ့လက်သီးကိုသာ ရမ်းပြလိုက်သည် “နောက်တစ်ချက်ဆို ဒီကျောက်တိုင် ကျိန်းသေ ပြိုတော့မှာနော်”

မဟာနတ်ဆိုးနတ်ဘုရား၏ ဝိဥာဉ်ကိုယ်ပွားက ပခုံးတွန့်လိုက်ပြီး “ငါ့မှာ မင်းကို တားဖို့ စွမ်းအားမရှိဘူးလို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား။ ငါဘာလို့ မင်းကို တားနေရဦးမှာလဲ။ အင်း၊ ဒီလောကကြီးလည်း ပိတ်လှောင်ထားခံရတာ ကြာပြီဆိုတော့ နောက်တစ်ကြိမ် ပြန်လွတ်လပ်သင့်ပါပြီလေ။ ကောင်လေး၊ အချိန်ရှိရင် နတ်ဆိုးနတ်ဘုရားမြို့တော်ဆီ သွားကြည့်ကြည့်လိုက်ဦး။ အဲ့ရောက်ဿွားရင် ဒီနေရာအကြောင်း မင်းသိလိမ့်မဘ်”

“ဘာလို့ သေချာမရှင်းသပြတာလဲ” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် ရယ်သာ ရယ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ ခန့်းမှန်း၍ မရသည့် အမူအရာဖြင့် ယဲ့ယဲ့လေးပြုံးလျက် သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် သူ့အား မည်မျှပင် ခေါ်နေပါစေ နောက်တစ်ကြိမ် ပြန်ပေါ်မလာတော့ချေ။

“ကောင်လေး၊ ငါတို့ကို မြန်မြန်ထုတ်ပေး။ ငါတို့ ဒီမှာ ဆက်မနေနိုင်တော့ဘူး…” မိုးကြိုးနဂါးက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ရန်ကိုင်အား အဆောတလျင် တိုက်တွန်းလိုက်လေသည်။

ရန်ကိုင်လည်း ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ ကျောက်တိုင်အား နောက်တစ်ချက် ထိုးချလိုက်သည်။

ကျောက်တိုင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး ကျောက်တိုင်တွင်း ကိန်းအောင်နေသော စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့လေသည်။

ရန်ကိုင် တုန့်လှုပ်သွားခြင်း မရှိခဲ့။ ငွေရောင်သစ်ရွက်ကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး သူ့ပတ်ပတ်လည်ကို ဝန်းရံထားလိုက်လေသည်။

တစ်ချိန်တည်းတွင် မဟာကောင်းကင်ဒိုင်းများကိုပါ ဖန်တီးပြီး သူ့ပတ်လည်တွင် ကာရံထားလိုက်သည်။

ပထမတစ်တိုင် ပျက်စီးသွားပြီးနောက် ကျန်ကျောက်တိုင် များသည်လည်း စတင် အက်ကွဲလာခဲ့သည်။ မိုးကြိုးနဂါးတို့အား ချုပ်နှောင်ထားသည့် အချုပ်အနှောင် စွမ်းအားမှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။

အကုန်လုံး မြေကြီးပေါ် ပြုတ်ကျသွားခဲ့သည်။

လက်ကျန် ကျောက်တိုင်ခုနှစ်တိုင် အက်ကွဲစ ပြုလာပြီး ပေါက်ကွဲတော့မည် အရိပ်အယောင်တို့ ပြုလာခဲ့သည်။

“မြန်မြန်” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ သူ့မှာ ကျောက်တိုင်တစ်တိုင် ပေါက်ကွဲထွက်လာသည့် အားကိုပင် အသည်းအသန် ခုခံခဲ့ရသည်။ ကျောက်တိုင်ခုနှစ်တိုင်လုံးသာ တစ်ပြိုင်တည်း ပေါက်ကွဲလာခဲ့ပါက ဤနေရာတွင် ရှိနေသည့် မည်သူမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

လီရုန်သည် မန်ဝူရနှင့် အခြားမွန်းစတားမျိုးနွယ်စုဝင် လေးယောက်ကို နတ်ဆိုးချီဖြင့် ရစ်ပတ်လျက် အနားတွင် ရှိနေသော မဟာနတ်ဆိုးနတ်ဘုရား၏ကိုယ်ပွား ဖန်တီးထားသည့် လေဟာနယ်လိုဏ်ခေါင်းဆီ ပြေးသွားလေသည်။

ရန်ကိုင်သည် ရှနင်းချန်ဘေးတွင် ရုတ်တရက် ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်လေးကို ပွေ့ချီလျက် လီရုန်တို့နောက်သို့ ပြေးလိုက်သွားသည်။

လေဟာနယ်လိုဏ်ခေါင်းထဲသို့ ဝင်လိုက်သည်နှင့် ကျောက်တိုင်ခုနှစ်တိုင်လုံး ပေါက်ကွဲသွားခဲ့သည်။ ရန်ကိုင်လည်း နောက်သို့ ပြန်လှည့်ကြည့်လိုက်မိရာ မြင်လိုက်ရာသည့် အရာကြောင့် သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

သူ့နောက်ဘက်ရှိ ဆန်းကြယ်လောကငယ်သည် လုံးဝကို ပျောက်ကွယ်သွားခဲ့လေပြီ။ လေဟာနယ်အက်ကြောင်း များသည်လည်း လေဟာနယ်လိုဏ်ခေါင်း ရှိရာဆီသို့ တဖြည်းဖြည်း ကျယ်ပြန်လာနေခဲ့လေပြီ။

ကျောက်တိုင် ရှိနေရာအရပ်တွင် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွား ပြန်ပေါ်လာခဲ့သည်။ ရန်ကိုင်နှင့် အခြားသူများ ထွက်ပြေးသွားသည့် အရပ်ဆီ ကြည့်နေရင်း ခဏအကြာ၌ သူသည်လည်း စတင် ပျက်စီးစ ပြုနေပြီဖြစ်သော လေဟာနယ်၏ ဝါးမြိုခြင်း ခံလိုက်ရ၏။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၁၂) သူ့မျက်နှာအစစ်ကို မမြင်ဖူးဘူးလား

လေထဲတွင် အနက်ရောင်အပေါက်တစ်ပေါက် ရုတ်တရက် ပေါ်လာပြီး ထိုအပေါက်ထဲမှ မွန်းစတားမျိုးနွယ်စုဝင် လေးယောက်၊ မန်ဝူရနှင့်အတူ လီရုန် ထွက်လာခဲ့သည်။ သူတို့နောက်မှ ရန်ကိုင်သည် ရှနင်းချန်ကို ပွေ့ချီလျက် ထွက်လာခဲ့သည်။

သူတို့ ထွက်လာပြီးသည်နှင့် အနက်ရောင်အပေါက်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့ပြီး နောက်ဆုံး အနက်ရောင် အစက်လေးတစ်စက်အစိ ကျုံ့ဝင်သွားခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် ကျောတစ်ပြင်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ နည်းနည်းလေးသာ နောက်ကျသွားခဲ့လျှင် သူနှင့် သူ့စီနီယာ မမလေးတို့ နှစ်ယောက် ထိုဆန်းကြယ်လောကငယ်ထဲ ထာဝရ မြေမြုပ်ခံလိုက်ရပေလိမ့်မည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ စိမ်းလန်းစိုပြည်သော သစ်ပင်တို့ဖြင့် လန်းဆန်းသစ်လွင်နေသော တောအုပ်တစ်ခုကို တွေ့လိုက်ရသည်။

လီရုန်က အောက်ဘက်ရှိ နေရာလွတ်တစ်ခုမှ ရန်ကိုင်အား လှမ်း၍ လက်ဝှေ့ရမ်းပြလိုက်သည် “သခင်၊ ဒီဘက်မှာ”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အောက်ဘက်သို့ ပျံသန်းသွားလေသည်။

တစ်ချိန်တည်းတွင် ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

သားရဲပင်လယ်တောအုပ်ထဲ ရောက်နေသည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူတို့သည် ထိုထူးဆန်းသော ဆန်းကြယ်လောကငယ်ထဲသို့ သားရဲပင်လယ်တောအုပ်မှတစ်ဆင့် ဝင်သွားခဲ့ခြင်း မဟုတ်ပေလာ။ သို့သော်လည်း သူ့စစ်ဆေးမှုအရ ကီလိုမီတာ ဒါဇင်ဝန်းကျင်တွင် မွန်းစတားသားရဲ တစ်ကောင်တစ်လေပင် မရှိသည်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့သော်လည်း အနီးအနားတွင် မည်သည့် အန္တရာယ်မှ မရှိမှန်း သေချာသွားပြီးနောက် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ထို့နောက် ရှနင်းချန်ကို အသာအယာလေး ချလိုက်ပြီး အလျင်စလို မေးလိုက်လေသည် “အခြေအနေဘယ်လိုလဲ”

“သိပ်အဆိုးကြီးတော့မဟုတ်ဘူး။ အချိန်တိုအတွင်း ပြန်ကောင်းလာလိမ့်မယ်။ ဒါပေမယ့် ဒီလူအိုကြီးကတော့…” လီရုန်က လွန်စွာကိုမှ အခြေအနေ ဆိုးရွားနေသော မန်ဝူရဆီ လှမ်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

မိုးကြိုးနဂါး ပြောသည့်ပုံအရ ထိုလူသည် လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင် ဖြစ်ပေသည်။ သို့သော်လည်း လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင်မှာ ဤကဲ့သို့ ဖြစ်နေခဲ့လေပြီ။ စောစောသာ မကုသလျှင် သိပ်မကြာခင်မှာပဲ သူသေသွားရပေလိမ့်မည်။

“ငါရှိနေမှတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး” ပြောပြီးသည့်နောက် မန်ဝူရဆီ လမ်းလျှောက်သွားလိုက်ပြီး သူ့အား မထူပေးလိုက်သည်။

မန်ဝူရ၏ လက်ရှိအခြေအနေမှာ အလွန်ကိုမှ ဆိုးရွားနေရာ ရန်ကိုင်ပင် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ မန်ဝူရကို သိလာသည့် တစ်လျှောက်လုံး သူ့အား ဤမျှဆိုးရွားသည် ပုံစံမျိုးဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ချေ။

မန်ဝူရသည် ညိုးခြောက်လုနီးပါး ဖြစ်နေသည့် ပိန်လှီနေသော သူ့လက်ဖြင့် ရန်ကိုင် အင်္ကျီစကို မနည်းကြိုးစား၍ လှမ်းကိုင်လိုက်ပြီး အားမရှိတော့သည့် ဖျော့တော့တော့ မျက်လုံးများဖြင့် ရန်ကိုင်ကို ကြည့်၍ တစ်ခုခုပြောရန် လုပ်လိုက်သည်။

“ဘာမှမပြောနဲ့။ ခင်ဗျား ဘာပြောချင်လဲ ကျုပ်သိတယ်။ စီနီယာမမလေးကို ကျုပ်ကျိန်းသေ ဂရုစိုက်ပေးမှာ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

မန်ဝူရ၏ မျက်လုံးများ လင်းလက်သွားခဲ့ပြီး သူ့နှုတ်ခမ်းအစုံ မသိမသာလေး ကွေးတက်သွားခဲ့သည်။

ရန်ကိုင်က ဆေးပေါင်ရည်ထည့်ထားသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး မန်ဝူရအား သောက်ခိုင်းလိုက်သည်။

ဆေးပေါင်းရည်သည် ဒဏ်ရာများကို ကုသရာ၌ အရမ်းကိုမှ အစွမ်းထက်ရှသည်။ ထို့ကြောင့် မန်ဝူရသည် အသက်ရှူဖို့ရာပင် ခဲယဉ်းနေသော်လည်း ထိုဆေးပေါင်းရည်ကို သောက်လိုက်ပါက ချက်ချင်း သေတော့လိမ့်မည် မဟုတ်ချေ။

ထို့နောက် သွေးအဆီအနှစ်ကျောက်တုံးကို ထုတ်လိုက်သည်။

သွေးအဆီအနှစ်ကျောက်တုံးဆီမှ အားကောင်းသော နှလုံးခုန်သံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သွေးအဆီအနှစ်ကျောက်တုံးထဲရှိ မြောက်များလှစွာသော သွေးစွမ်းအင်ကို အာရုံခံမိလိုက်သည်နှင့် ညိုးကျနေသော မန်ဝူရ၏ မျက်ဝန်းများ တောက်ပလာလေသည်။

ကျောက်တိုင်များသည် ချုပ်နှောင်ထားခံရသည့် မည်သူဆီမှမဆို အသက်စွမ်းအင်ကို စုပ်ယူနိုင်သည်။ ထို့ကြောင့် လက်ရှိ လောလောဆယ်တွင် မန်ဝူရ အလိုအပ်နေဆုံးသော အရာမှာ အသက်စွမ်းအင်ပင် ဖြစ်လေသည်။

ထို့ကြောင့် သွေးချီအလုံလောက်သာ ရလိုက်သည်နှင့် သူ့အသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းရန်မှာ ပြဿနာ တစ်ခုမဟုတ်တော့ချေ။

ထို့ကြောင့် သွေးအဆီအနှစ်ကျောက်တုံးသည် သူ့အသက်စွမ်းအင် ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံး အဖြေဖြစ်သည်မှာ သံသယ ရှိစရာမလိုချေ။

ဆေးပေါင်းရည်နှင့် သွေးအဆီအနှစ်ကျောက်တုံး နှစ်မျိုးစလုံးကို အသုံးပြုလျှင် မန်ဝူရအား မကယ်နိုင်မည်ကို ရန်ကိုင် စိတ်မပူချေ။

သွေးအဆီအနှစ်ကျောက်တုံးထဲသို့ အစစ်အမှန်ချီ ထည့်သွင်းလိုက်ပြီး သွေးချီအမျှင်တန်းတစ်ခုကို ထုတ်ယူကာ မန်ဝူရဆီသို့ ပို့ပေးလိုက်သည်။

သူ့ကိုယ်ထဲသို့ သွေးချီများ ပေါင်းစပ်လာသည်နှင့် သူ့အသက်စွမ်းအင် အလျင်အမြန် ပြန်ပြည့်လာနေသည်ကို မန်ဝူရ ခံစားမိ၏။ ထို့ကြောင့် ဘာမှမလုပ်ဘဲ မျက်လုံးကို မှိတ်၍သာ ရန်ကိုင်အား ကုသနေစေလိုက်သည်။

အချိန် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သည်။

မန်ဝူရ၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်သော နှုန်းဖြင့် ပြန်ကောင်းလာနေခဲ့သည်။

ပိန်လှီညိုးလျော်နေသော သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းချင်း ပြန်လည် ပြည့်ဖြိုးလာနေခဲ့သည်။

သူ့ကိုယ်ထက်ရှိ မရေမတွက်သော ဒဏ်ရာဒဏ်ချက်များ အားလုံး ပျောက်ကင်းသွားခဲ့ပြီး ခြောက်သွေ့၊ အရေးကြောင်း ထနေသော သူ့အသားအရေမှာလည်း ပြန်လည် စိုပြေ၊ တောင့်တင်းလာခဲ့သည်။

တစ်နာရီကြာသွားပြီးနောက် မန်ဝူရ ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ အသံအောအောကြီးဖြင့် “ကျန်တာကို ငါ့ဘာသာငါ ဆက်လုပ်လို့ ရတယ်။ ရှနင်းချန်ကိုသာ သွားဂရုစိုက်လိုက်”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သွေးအဆီအနှစ် ကျောက်တုံးကို မန်ဝူရ လက်ထဲသို့ ထည့်ပေးလိုက်ကာ အခြားသူများအား လှည့်ကြည့်လိုက်သည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် တင်ပလင်ခွေထိုင် အားပြန်ဖြည့်နေဆဲပင်။ သို့သော် တစ်နာရီလောက်ကြာအောင် အားပြန်ဖြည့်ပြီးနောက် သူတို့၏ အသားအရေသည် တဖြည်းဖြည်းချင်း ပြန်လည် စိုပြည်ဝင်းပလာခဲ့လေသည်။

ရန်ကိုင်သည် တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆေးပေါင်းရည်တစ်စက်ကို ဆေးလုံးအနည်းငယ်ထဲသို့ စိမ့်ဝင်သွားစေလျက် ထိုဆေးလုံများအား မွန်းစတားမျိုးနွယ်စုဝင် လေးယောက်ဆီ ဝေပေးလိုက်လေသည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည်လည်း နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေဘဲ ရန်ကိုင် ပေးလာသော ဆေးလုံးများကို ချက်ချင်း မျိုချလိုက်လေသည်။

ထို့နောက် ရန်ကိုင်သည် ရှနင်းချန်ဆီသို့ လမ်းလျှောက်သွားလေသည်။

လီရုန်သည် တစ်ခဏမျှပင် အနားမယူဘဲ ရှနင်းချန်အား တစ်ချိန်လုံး စောင့်ရှောက်ပေးနေခဲ့သည်။ ထိုဇာပဝါ ဝတ်ဆင်ထားသော မိန်းကလေးသည် ရန်ကိုင်အတွက် အရမ်းကို အရေးပါမှန်း သူမ သိနေခဲ့ပေသည်။

ရှနင်းချန်၏ လက်ရှိ အခြေအနေသည် မန်ဝူရနှင့်စာလျှင် အများကြီး ပိုကောင်းပေသည်။ သူမ သတိလစ်သွားရခြင်းမှာ ခွန်အား အလွန်အကျွံ သုံးစွဲခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။

ရန်ကိုင်သည် ဆေးပေါင်းရည်တစ်စက်ကို ထုတ်ယူ၍ ရှနင်းချန်အား တိုက်ကျွေးလိုက်သည်။ ထို့နောက် သူမဘေးတွင် ထိုင်ချ၍ ရှနင်းချန် နိုးလာမည်ကို စောင့်နေလိုက်သည်။

“သခင်…” လီရုန်က ရုတ်တရက် ပြောလာခဲ့သည် “အစာပိုင်းတုန်းက သခင့်အမိန့်ကို ဖီဆန်ပြီး ကျွန်မ ကိုယ်တိုင်နဲ့ ကျွန်မတို့ မိသားစုကို အရှက်ရအောင် လုပ်ခဲ့မိလို့ ကျွန်မကို အပြစ်ပေးပါ”

“ဟန်” ရှနင်းချန်ကို စိုက်ကြည့်နေသော ရန်ကိုင်သည် လီရုန်၏ စကားများကို ကြာလိုက်ရသည့် သူမအား မလှည့်ကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ခဏကြာမျှသာ သူမဘာကြောင့် ထိုစကားများကို ပြောနေမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

“ဪ၊ ဟိုကိစ္စလား… အဲ့အကြောင်း တွေးနေစရာ မလိုတော့ဘူး။ တကယ်တော့ ကျုပ်ကိုယ်တိုင်ကလည်း မဟုတ်တာပါ။ ခင်ဗျားကို မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွားကို ဆန့်ကျင်ဖို့ အမိန့်မပေးခဲ့သင့်ပါဘူး။ ဒါကြောင့် အဲ့ဒါက ခင်ဗျားအပြစ် မဟုတ်ဘူး”

“ဒါပေမယ့် သခင်ရယ်၊ ကျွန်မနဲ့ ကျွန်မကလန်က သခင်အပေါ် သစ္စာစောင့်သိပါမယ်လို့ သစ္စာဆိုထားတာလေ။ သခင်ပေးတဲ့ ဘယ်အမိန့်ကိုမဆို ကျွန်မတို့က လွန်ဆန်လို့မှ မရတာ”

“အဲ့လောက်ကြီး လုပ်နေစရာမလိုပါဘူး။ တကယ်တော့ ဟိုလူက မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွားလေ။ ခင်ဗျား တုန့်ဆိုင်းနေတယ်ဆိုတာလည်း ဖြစ်သင့်တာပဲလေ။ တစ်နေ့ မဟာနတ်ဆိုးနတ်ဘုရား ရုတ်တရက် ပေါ်လာပြီး ကျုပ်ကို သတ်ဖို့အမိန့်ပေးလာရင် ခင်ဗျား တုန့်ဆိုင်းနေမှာလား”

ထိုမေးခွန်းကြောင့် လီရုန် တုန်လှုပ်သွားခဲ့ပြီး မည်ကဲ့သို့ ပြန်ဖြေရမှန်းမသိ ဖြစ်သွားခဲ့သည်။

ရန်ကိုင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “ခင်ဗျား တုန့်ဆိုင်းနေမှာပေါ့၊ မဟုတ်ဘူးလား။ တကယ်တော့ ကျုပ်က ခင်ဗျားရဲ့ သခင်ပဲလေ။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရားက ခင်ဗျားတို့အတွက် နတ်ဘုရားတစ်ပါးပဲလေ။ ဒါကြောင့် အတိတ်ကဟာတွေကို ထပ်ပြောမနေတော့နဲ့”

လီရုန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်၏ “ဟုတ်ကဲ့ပါ”

ရုတ်တရက် လီရုန်က ပြုံးလျက် “သခင်၊ ဒီမိန်းကလေးက သခင် ချစ်ရတဲ့သူလား”

“အင်း” ရန်ကိုင်က နည်းနည်းလေးမျှ တုန့်ဆိုင်းမနေဘဲ ဝန်ခံလိုက်သည်။

“သူ့ကို ကြည့်တဲ့ သခင့် အကြည့်တွေက ဒီလောက် သိမ်မွေ့ကြင်နာနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” လီရုန်က နွေးထွေးစွာပြုံးလိုက်ပြီး “အရင်တုန်းက သခင်က ဘယ်မိန်းမကိုမဆို ဒီလို အမူအရာမျိုးနဲ့ မကြည့်ဖူးတော့ ဘယ်လို မိန်းမမျိုးကများ သခင့်ကို ဆွဲဆောင်နိုင်ပါမလဲလို့ တွေးနေခဲ့တာ။ ဒီမိန်းကလေးက ဇာပဝါကို ဝတ်ဆင်ထားလို့ သူ့ရုပ်ကို မမြင်ရပေမယ့်၊ မိန်းမလှလေး တစ်ယောက် ဆိုတာကတော့ သေချာတယ်”

“အလှလေးလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး မဲ့ပြုံးပြုံးလျက် “သူလှလား၊ မလှလား ဆိုတာကိုတော့ ကျုပ်လည်း သေချာမသိဘူး။ ဘာလို့လဲဆိုတော့ သူ့မျက်နှာ အစစ်ကို ကျုပ်လည်း တစ်ခါမှ မမြင်ဖူးဘူး”

“အန်” လီရုန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ကြားလိုက်ရသည်ကို မယုံကြည်နိုင်သည့် အမူအရာဖြင့် “သခင်က သူ့မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးတာလား”

ရန်ကိုင် ခေါင်းခါလိုက်သည်။

ရှနင်းချန် ဝတ်ဆင်ထားသည့် ဇာပဝါသည် မှော်ရတနာ တစ်မျိုးမျိုး ဖြစ်လောက်သည်။ ယခင်က ထိုဇာပဝါကို မည်သည့် အရာဖြင့် ပြုလုပ်ထားသလဲ ဆိုသည်ကို မသိခဲ့သလို ဇာပဝါ၏ အရည်အသွေးကိုလည်း နားမလည်ခဲ့ချေ။ သို့သော် ယခု သူသိသွားခဲ့လေပြီ။

ထိုဇာပဝါကိုသာ ဝတ်ဆင်ထားသရွေ့ တစ်ယောက်ယောက်သည် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် သူမ၏ မျက်နှာကို စစ်ဆေးကြည့်ရန် ကြိုးစားလျှင်ပင် ဘာကိုမှ မြင်ရလိမ့်မည် မဟုတ်ချေ။

“သူ့အပေါ် သခင့်အချစ်က တကယ်ကို နက်ရှိုင်းလွန်းတာ ဖြစ်ရမယ်” လီရုန်က ပြတ်ပြတ်သားသား ကောက်ချက်ချလိုက်သည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် မျက်နှာပင် တစ်ခါမှ မမြင်ဖူးသော မိန်းကလေး တစ်ယောက်ကို အဘယ်ကြောင့် မမေ့လျော့နိုင် ဖြစ်နေရမည်နည်း။ ထို့အပြင် သူမကို မြင်သည့်အခါတွင်လည်း သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်သွားလိမ့်မည် မဟုတ်ချေ။

လီရုန် သိထားသလောက် ရန်ကိုင်သည် အလွန်ကိုမှ တည်ငြိမ်သည့် လူစားမျိုးဖြစ်သည်။ သူ့အား စိတ်လှုပ်ရှားအောင် လုပ်နိုင်သည့်အရာဆို၍ အနည်းအကျဉ်းသာ ရှိသည်။

“ကောင်လေး၊ သူသာ ရုပ်ဆိုးနေရင်း မင်းဘာလုပ်မှာလဲ” မိုးကြိုးနဂါးက ရုတ်တရက် မေးလာခဲ့သည်။

“ကိစ္စမရှိဘူး။ စီနီယာမမလေးရဲ့ နှလုံးသားက တုနှိုင်းမရအောင်ကို သန့်စင်တာ။ ကျုပ်မျက်လုံးထဲမှတော့ စီနီယာမမလေးက အမြဲတမ်း မိန်းမလှလေး တစ်ယောက်ပဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်သည်။

မိုးကြိုးနဂါးက တစ်ခဏကြာအောင် မျက်မှောင် ကြုံ့နေပြီးနောက် ရုတ်တရက် ခေါင်းညိတ်၍ “ဟုတ်တယ်နော်။ စိတ်ခံစားချက်က နက်ရှိုင်းလွန်းနေရင် ဆက်ဆံရေး ဆိုတာလည်း လှပသွားတတ်တယ်”

“ဒါပေမယ့် သူဘယ်လိုရုပ်ရှိလဲဆိုတာကို မင်းမသိချင်ဘူးလား” မြေကမ္ဘာနွားသိုးက ရုတ်တရက် ကောက်မေးလိုက်သည် “သူအခု သတိမေ့နေတာ။ အခုအချိန်က တကယ့်ကို ရွှေရောင်အခွင့်အရေးကြီးနော်”

“ဟင့်အင်း။ စီနီယာမမလေးကိုယ်တိုင် သူ့မျက်နှာကာကို ချွတ်ပြလာမယ့်နေ့ကို ကျုပ်စောင့်နေမှာ။ အဲ့အချိန်က ကျုပ်ကြည့်ချင်သလောက် ကြည့်လို့ရပြီလေ” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါလိုက်ပြီး “ကျုပ်သာ အခုနေ ချောင်းကြည့်လိုက်ရင် အကျိုးရှိသွားမယ့်လူက ခင်ဗျားတို့ နှစ်ယောက် ဖြစ်သွားမှာ”

ရန်ကိုင်စကားလုံး မိုးကြိုးနဂါး ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “မင်းချစ်တဲ့ မိန်းကလေးရဲ့ မျက်နှာကို အခြားသူတွေဆီ မပြချင်လောက်အောက် မင်းဒီလောက် ဥစ္စာရူးထလိမ့်မယ်လို့ ငါမထင်ထားဘူး”

“ကိုယ့်ဘာသာနေစမ်းပါဗျာ” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်သည်။ တကယ်တော့ ရှနင်းချန်၏ မျက်နှာအစစ်ကို သူကော မမြင်ချင်ဘဲ နေမလား။ မြင်ချင်လှပါဘိ၊ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် သူမ မျက်နှာကို မြင်ရသည့်သူမှာ သူတစ်ယောက်တည်း ဖြစ်နေလျှင် ပို၍ မကောင်းပေဘူးလား။

“ဒါပေမယ့် ဒီဘုရင်လည်း သိချင်မိသား။ မင်းတို့နှစ်ယောက် ဘယ်ဂိုဏ်းကနေလာတာလဲ။ ငယ်ငယ်လေးတွေနဲ့ ဒီလောက် ကျင့်ကြံခြင်းအဆင့် မြင့်နေတာ၊ ငါတစ်ခါမှ မမြင်ဖူးဘူး။ ကောင်းကင်ဂိုဏ်းတော်က လာတယ်လို့တော့ လာမပြောနဲ့။ ကောင်းကင်ဂိုဏ်းတောမှ အဲ့လိုစွမ်းရည် မရှိဘူး”

“ကျုပ်မှာ အခြား စီနီယာမတစ်ယောက် ရှိသေးတယ်။ သူကလည်း ကျုပ်တို့နှစ်ယောက်အောက် မညံ့ဘူး” ရန်ကိုင်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

မိုးကြိုးနဂါး၏မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး “အခွင့်အရေးသာရှိရင် ဘယ်လိုနေရာကများ မင်းတို့လို မွန်းစတားတွေကို ပျိုးထောင်ပေးနိုင်လဲ ငါတကယ် မြင်ချင်တယ်”

“အခွင့်အရေးရှိရင်လား…” ရန်ကိုင် ရုတ်တရက် စိတ်ဓါတ်ကျသွားခဲ့သည်။ ယခုထိတိုင် ဗဟိမြို့တော်ဆီ မည်ကဲ့သို့ ပြန်ရမည်ကို သူမသိသေးချေ။

“မေ့လိုက်တော့။ အခုလောလောဆယ် အဲ့ကိစ္စကို ဘေးဖယ်ထားလိုက်တော့” မိုးကြိုးနဂါးက ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်ပြီး အလေးအနက် အမူအရာဖြင့် “ကျောက်တိုင်ရှစ်တိုင်မှာတုန်းက ဟိုလူနဲ့ မင်းတို့ ဘာတွေ ပြောနေတာလဲ။ သူကကော ဘယ်သူလဲ”

ရန်ကိုင်နှင့် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် ကောင်းကင်စိတ်အာရုံဖြင့်သာ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေခြင်း ဖြစ်သည့်အတွက် သူတို့၏ အမူအရာ ပြောင်းလဲသွားသည်မှလွဲ၍ သူတို့ ဘာပြောနေလဲ ဆိုသည်ကို မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများ နားမလည်ခဲ့ကြပေ။

“သူဘယ်သူလဲ။ မိုးကြိုးနဂါးစီနီယာကြီး သိပြီးသား မဟုတ်ဘူးလား” ရန်ကိုင်က ပြုံးပြလိုက်သည်။

မိုးကြိုးနးဂါး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် “ဒီတော့… သူက မဟာနတ်ဆိုးနတ်ဘုရားကြီးလား”

“မဟာနတ်ဆိုးနတ်ဘုရာလား” မြေကမ္ဘာနွားသိုး အလန့်တကြား ထအော်လိုက်သည် “မဟုတ်သေးဘူး။ အဲ့လူက ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ကျော်ကတည်းက သေသွားပြီးပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလို နေရာမှာ ပေါ်လာရတာလဲ”

“သူက အကြွင်းအကျန် စိတ်ဝိဥာဉ်တစ်ခု ဖြစ်လောက်တယ်” မိုးကြိုးနဂါးက ခန့်မှန်း ပြောဆိုလိုက်သည် “သူ့မှာ ရုပ်ခန္ဓာမရှိတာတောင် သူ့အကြွင်းအကျန် ဝိဥာဉ်က အဲ့လောက်တောင် အားကောင်းတယ်။ သူအသက်ရှင်နေတုန်းက ဆိုရင် ဘယ်လောက်တောင် အားကောင်းမလဲ မသိဘူး”

မဟာနတ်ဆိုးနတ်ဘုရားသည် ဤလောကကြီး၏ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်ဟု ကောလဟာလများ ရှိကြသည်။

သို့သော် ထိုနေရာတွင် သူတို့မြင်ခဲ့၊ တွေ့ကြုံခဲ့သမျှ အရ မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်တတိယအဆင့် ပညာရှင်တစ်ယောက် လုပ်နိုင်စွမ်းထက် ပို၍ သာလွန်သော နည်းလမ်းများအား ပိုင်ဆိုင်ထားသည်ကို သူတို့ တွေ့ရှိလိုက်ရဿည်။

သူတော်စင် တတိယအဆင့် ပညာရှင်သုံးယောက်နှင့် ဒုတိယအဆင့် ပညာရှင်နှစ်ယောက်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူစီစဉ်ထားခဲ့သည် နည်းလမ်း တစ်ခုကြောင့် လုံးဝကို မကူနိုင်မကယ်နိုင် ဖြစ်သွားခဲ့ရသည်။

မဟာနတ်ဆိုးနတ်ဘုရားသာ သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် ဖြစနေမည်ဆိုပါက ထိုကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၁၃)

သူတို့ ကြုံတွေ့ခဲ့ရသမျှကို ပြန်စဉ်းစားမိရုံဖြင့် မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။

အစိမ်းရောင်ပင်လယ်ဖြစ်စေ၊ သွေးပင်လယ်ဖြစ်စေ၊ ကျောက်တိုင်ရှစ်တိုင် ဖြစ်စေ၊ အကုန်လုံးသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတော်စင် တတိယအဆင့် ဖြစ်ကြသော သူတို့သည်ပင် ပထမ အတားအဆီးနှစ်ခုကို ကျော်ဖြတ်ရုံလေး ကျော်ဖြတ်နိုင်ခဲ့ကြပြီး နောက်ဆုံးတစ်ခုကိုမူ လုံးဝ လက်မှိုင်ချခဲ့ကြရသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စီစဉ်ထားခဲ့သော အရာလေးများပင် ထိုမျှ အားကောင်းနေလျှင် မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင်သည် မည်မျှ အားကောင်းနေမည်နည်း။

မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသို့ မစဉ်းစားရဲတော့။

ထိုဒဏ္ဏာရီလာ ပုဂ္ဂိုလ်ရှေ့တွင် သူတို့ကိုယ်သူတို့ အားနည်းသည့် ကလေးလေးများလို ခံစားလိုက်ရသည်။

“သူဘယ်လောက်သန်မာလဲ ဘယ်သူသိမှာလဲ” ရန်ကိုင်က တောက်ပစွာပြုံးလိုက်ပြီး “သူက သူတော်စင်တတိယအဆင့် ဖြစ်နိုင်သလို အဲ့ထက်ပိုမြင့်တဲ့ အဆင့်မှာလည်း ဖြစ်နိုင်တာပဲ”

“ပိုမြင့်တဲ့အဆင့်လား” မိုးကြိုးနဂါး၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး “အဲ့အကြောင်းကို ဒီဘုရင် ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”

“လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက၊ အင်မော်တယ် တက်လှမ်းခြင်းအထက်မှာ မသေမျိုးအဆင့် ရှိတယ်ဆိုတာကို ကျုပ်သိခဲ့တာမဟုတ်ဘူး။ ကျုပ်လာခဲ့တဲ့ နေရာမှာဆိုရင် မသေမျိုးအဆင့်ကို မသေမျိုးအဆင့်လို့ ခေါ်ရကောင်းမှန်း မသိခဲ့ဘူး။ သူတော်စင်အဆင့် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”

မိုးကြိုးနဂါး စီနီယာကြီးက ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြောင်ကြည့်နေမိလိုက်သည်။ အချိန်အတော်ကြာသွားမှပဲ မှင်သေသေ အမူအရာဖြင့် ပြန်မေးလိုက်လေသည် “ဘယ်လို တောကြိုအုံကြားက လာလို့ အဲ့ဒါလေးတွေကိုတောင် မသိရတာလဲ”

“အဲ့အကြောင်းကို ခဏထားလိုက်။ ခင်ဗျားနှစ်ယောက် အားပြန်ပြည့်သွားပြီလား” ရန်ကိုင်က မေးလိုက်သည်။

“တော်တော်လေး ပြန်ဖြည့်ပြီးသွားပြီ။ မင်းပေးတဲ့ ဆေးလုံးက တော်တော်လေး အဆင့်မြင့်တဲ့ပုံပဲ။ အဲ့ဆေးလုံးရဲ့ ကုစားနှုန်းက တော်တော်လေး မြင့်တာဟ။ ဒီဘုရင်ဆီ နည်းနည်းလောက် ထပ်ပို့ပေးပါဦး။ ဘာပဲဖြစ်ဖြစ်၊ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေက ဆေးလုံးတွေ တောက်လျှောက် ထုတ်နေတာမလား” မိုးကြိုးနဂါးက နည်းနည်းလေးမှပင် ယဉ်ကျေးခြင်းမရှိဘဲ တောင်းဆိုလိုက်လေသည်။

ဆန်းကြယ်လောကငယ်အား စူးစမ်းရှာဖွေနေစဉ်အတွင်း မွန်းစတားမျိုးနွယ်စုဝင် လေးယောက်မှာ တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်၊ သဲကန္တာရကို ကျော်လွှားခဲ့ရသော်လည်း မည်သည့် အကျိုးအမြတ်မှ မရှိခဲ့ချေ။ ထို့အပြင် သေခါနီးဆဲဆဲပင် ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်ကမူ အကျိုးအမြတ် များစွာ ရရှိခဲ့လေသည်။

လီရုန်သည် ဈာန်ဝင်စားသည့် အခြေအနေထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး သူတော်စင်တတိယအဆင့်သို့ ချိုးဖျက်နိုင်ခဲ့၏။ ရန်ကိုင်ကမူ မတွေ့ရသည်မှာ ကြာပြီဖြစ်သော သူ့စီနီယာမမလေးကို ပြန်တွေ့ကာ ကယ်ဆယ်နိုင်ခဲ့သည်။

ရန်ကိုင်ဆီမှ တစ်ခုခုလောက် မညစ်ထုတ်ရလျှင် သူကြိုးစားထားခဲ့ရသမျှ အရာအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်ဟု မိုးကြိုးနဂါး ခံစားနေခဲ့ရသည်။

“အခု အရင်ပြန်ကြတာပေါ့။ ကျုပ်ပြန်ရောက်ရင် ခင်ဗျားဆီ ဆေးလုံးတွေ ပို့ပေးလိုက်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။ သူ့ဘက်မှ နည်းနည်းလောက် ပြန်မပေးလျှင် ထိုလူများ ကျေနပ်မည်မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။

“အင်း။ အဲ့လိုဆိုရင် ဒီဘုရင် သတင်းကောင်းကို စောင့်နေမယ်နော်” မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။

“ဒီနွားအိုကြီးရဲ့ ဝေစုကိုလည်း မမေ့နဲ့ဦးနော်” မြေကမ္ဘာနွားသိုးက ဝင်သတိပေးလိုက်သည်။

“ဟုတ်တာပေါ့၊ ဘယ်မေ့ပါ့မလဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “နောက်နောင် ကျုပ်တို့က အိမ်နီးချင်‌တွေ ဖြစ်နေဦးမှာလေ။ စီနီယာကြီးတို့ နှစ်ယောက်ကို အားကိုးရမယ့် အချိန်တွေလည်း ရှိလာဦးမှာပေါ့၊ ဟုတ်တယ်မလား”

“မင်းက အရမ်း ယဉ်ကျေးတာပဲ။ ဟားဟားဟား”

ပြောချင်သည်ကို ပြောပြီးသည့်နောက် မိုးကြိုးနဂါးနှင့် မြေကမ္ဘားနွားသိုးသည် တင်ပလင်ခွေ ပြန်ထိုင်ကာ ကိုင်တေနှင့် ကျင်းနီတို့ အားပြန်ပြည့်မည့်အချန်ကို စောင့်နေလိုက်သည်။

ရန်ကိုင်သည် ရှနင်းချန်ဘေးတွင် ထိုင်နေခဲ့သည်။ ရံဖန်ရံခါ မန်ဝူရအား လှမ်းလှမ်းကြည့်တတ်၏။

ဆယ်နှစ်ကြာပြီးသည့်တိုင် စီနီယာမမလေး၏ အရှိန်အဝါသည် ယခင်ကကဲ့သို့ ကင်းစင်သန့်ရှင်းနေဆဲပင်။ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်းမရှိ။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ ပိုပို၍ ပြီးပြည့်စုံလာခဲ့သည်။ သူမ ခန္ဓာကိုယ်ကောက်ကြောင်းများမှာ ပို၍ ဆွဲဆောင်မှု ရှိလာခဲ့လေပြီ။ ခပ်ကြပ်ကြပ် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားသည့်အတွက် သူမ၏ ကောက်ကြောင်းများကို ပို၍ ပေါ်လင်ထင်ရှားနေစေခဲ့သည်။ ထို့အပြင် သူမ အသက်တစ်ခါ ရှူလိုက်တိုင်း ရင်မို့မို့အစုံမှာ မြင့်မြင့်တက်လာခဲ့ရာ ရန်ကိုင်မှာ သူမလေးဆီမှ အကြည့်မခွာနိုင် ဖြစ်နေခဲ့ရသည်။

ထို့အပြင် သူ့စီနီယာမမလေး၏ သင်းပျံ့မွှေးကြိုင်သော ကိုယ်သင်းရနံ့လေးကြောင့် သူ့စိတ်ရောကိုယ်ပါ လန်းဆန်းသွားခဲ့ရသည်။

“သခင်… ဒီမိန်းကလေးကို ကြည့်ရတာ နိုးနေတဲ့ပုံပဲ” လီရုန်က ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။

ရန်ကိုင် ရှနင်းချန်အား ကြည့်ကြည့်လိုက်ရာ သူမ၏ မျက်တောင်လေးများ လှုပ်ခတ်လှုပ်ခတ် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ အရှိန်အဝါမှာလည်း သိပ်ပြီး မတည်မငြိမ် ဖြစ်နေခဲ့၏။ ထို့အပြင် သူမ၏ နှလုံးခုန်သံမှာ ပိုပို၍ အားကောင်းလာပြီး ပုံမှန်ထက် အနည်းငယ်လေး ပိုမြန်နေခဲ့သည်။

“ခင်ဗျား ဘယ်ကတည်းက သတိပြုမိလိုက်တာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“သခင် မိုးကြိုးနဂါးနဲ့ စကားပြောနေကတည်းကပါ”

“အဲ့ကတည်းကလား…” ရန်ကိုင် မဆိုသလောက်ကလေး အံ့အားသ့်သွားခဲ့ပြီး နောက်ဆုံးတွင် ပြုံး၍ “ဆက်ပြီးတော့သာ မသိချင်ယောင် ဆောင်နေလိုက်”

“အင်း” လီရုန်က ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်နှင့် သူ့စီနီယာမမလေးတို့ မည်သည့်ဇာတ် ကနေသည်ကို သူမ တကယ် နားမလည်နိုင်တော့ပေ။ တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာ ဆယ်နှစ်ကျော်ပင် ကြာခဲ့ပြီ ဖြစ်လေရာ နိုးနေလျှင် ဘာကြောင့် ထမတွေ့ဘဲ အိပ်ချင်ယောင် ဆောင်နေရသနည်း။

ရန်ကိုင်သည် ရှနင်းချန်အား ကြင်နာယုယစွာဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

သူ့စီနီယာမမလေးသည် နည်းနည်းလေးမှပင် မပြောင်းလဲသွားခဲ့ချေ။ ဆယ်နှစ်ကြာသွားပြီးနောက် သူမ၏ အိပ်ချင်ယောင်ဆောင်သည့် စွမ်းရည်သည် ယခင်ကကဲ့သို့ ထက်မြက်နေဆဲ။

နေ့တစ်ဝက်ကြာပြီးနောက် ကိုင်တေနှင့် ကျင်းနီတို့ အားပြန်ပြည့်လာခဲ့သည်။ သို့သော်လည်း ကျောက်တိုင် ရှစ်တိုင်၏ လူမဆန်သော နှိပ်စက်မှုကြောင့် ထိုအကြောင်း ပြန်စဉ်းစားမိလိုက်သည်နှင့် သူတို့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရ၏။

သူတို့၏ လက်ရှိအရည်အချင်းဖြင့် သူတို့အား သေအောင် လုပ်နိုင်သည့် နေရာမျိုး ဤလောကတွင် ရှိဦးမည်ဟု သူတို့ တစ်ခါမှ မစဉ်းစားဖူးခဲ့ချေ။

ကျင်းနီသည် လက်ရှိ နေရာအကြောင်း သွားစုံစမ်းခဲ့သည်။ သူ့စုံစမ်းချက်အရ သူတို့သည် သားရဲပင်လယ်တွင် မဟုတ်သည်ကို သိလိုက်ရသည်။ ထိုတွေ့ရှိမှုကြောင့် ရန်ကိုင်တို့ တစ်ဖွဲ့လုံး ကြောင်သွားခဲ့ရသည်။

“ဒါဆို ဒါက ဘယ်နေရာလဲ” ရန်ကိုင်က မေးလိုက်သည်။

“ဒီကနေ ကီလိုမီတာတစ်ရာအကွာမှာ မြို့သေးသေးလေး တစ်မြို့ရှိတယ်။ ကျုပ်အဲ့မှာ သွားမေးခဲ့တာ။ သူတို့ ပြောတာတော့ ဒီနေရာကနေ နှစ်လလောက် ခရီးသွားလိုက်ရင် တော်ဝင်နယ်မြေဆီ ရောက်တယ်တဲ့… ဒါပေမယ့် အဲ့ဒါက မသေမျိုးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမြန်နှုန်းပေါ် မူတည်ပြီး တွက်ချက်ထားတာ”

“အဲ့လောက်တောင် ဝေးတာလား” ရန်ကိုင်က အလန့်တကြား ဆိုလိုက်သည်။

မိုးကြိုးနဂါးနှင့် အခြားသူများသည်လည်း မထိန့်ဘဲ မနေနိုင်ခဲ့ကြ။ သူတို့သည် ထိုနေရာသို့ သားရဲပင်လယ်တောအုပ် မှတစ်ဆင့် ဝင်သွားခဲ့ခြင်း ဖြစ်သော်လည်း ကီလိုမီတာ သောင်းချီကွာဝေးသည့်နေရာတွင် ပြန်ပေါ်လာခဲ့ရသည်။ နောက်ဆုံးတွင် လေဟာနယ်လိုဏ်ခေါင်းကိုသာ အပြစ်တင်နိုင်တော့လေသည်။

လေ’ဟာနယ်လိုဏ်ခေါင်းသည် သူတို့ ဝင်ခဲ့သော နေရာနှင့် ကွာလှမ်းသည့် နေရာတစ်ခုသို့ ပို့လိုက်သည့်ပုံပင်။

“ထူးဆန်းလိုက်တာ။ ဒီလူအိုကြီးလည်း နတ်ဆိုးကုန်းမြေကနေ ဝင်သွားခဲ့တာ” ထိုအချိန်မှာပဲ မန်ဝူရ၏ အက်ရှရှအသံ ထွက်ပေါ်လာခဲ့သည်။

“ဘဏ္ဏာထိန်းမန်” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး မန်ဝူရဆီ ချက်ချင်း လှည့်ကြည့်လိုက်သည်။

မန်ဝူရက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ဒီတစ်ကြိမ် ဒီလူအိုကြီးကို ကယ်လိုက်တဲ့လူက မင်းဖြစ်နေမယ်လို့ ငါတကယ်ကို မင်ထားဘူး။ နောက်ကျရင် အခွင့်အရေးရှာပြီး ဒီအကြွေးကို ပြန်ဆပ်ရမယ့်ပုံပဲ”

ရန်ကိုင်က ပါးစပ်နားရွက်တက်ချိန်မတတ် ပြုံးဖြီးလိုက်ပြီး လက်ဝှေ့ရမ်း၍ “ကျုပ်တို့သာ တစ်မိသားစုတည်း ဖြစ်နေပြီကို၊ ဘာတွေ အကြွေးဆပ်စရာ လိုရဦးမှာလဲ”

မန်ဝူရမျက်နှာ တစ်မုဟုတ်ချည်း မည်းမှောင်သွားခဲ့ပြီး လေးငါးကြိမ်လောက် ချောင်းဟန့်၍ “မင်းစားချင်ရာ စားလို့ရတယ်။ ဒါပေမယ့် စကားကို လက်လွတ်စပယ် ပြောလို့ မရဘူးကွ။ ငါတို့ ဘယ်တုန်းက တစ်မိသားစုတည်း ဖြစ်သွားတာလဲ”

ရှနင်းချန်သည် ရန်ကိုင်ကိုသာ ချစ်မေတ္တာသက်ဝင်နေသည်ကို ယခုထိတိုင် လက်မခံချင်သေးသည့်ပုံပင်။

“သူတို့တွေက…” မန်ဝူရက မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးတို့ကို ချက်ချင်းပဲ မြင်သွားခဲ့သည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည်လည်း မန်ဝူရအား အလေးအနက်အမူအရာဖြင့် ကြည့်လာခဲ့သည်။ မည်သူမှ သူ့အား ပေါ့သေးသေး မမှတ်ရဲကြပေ။

သူတို့ရှေ့ရှိ လူသည် သွေးနဂါးစီနီယာကြီးအား အမွှေးတိုင်တစ်ချောင်းစာ အတွင်း အနိုင်ယူသွားခဲ့သည့် လူသားမျိုးနွယ်စု၏ နံပါတ်တစ် ပညာရှင် ဖြစ်ပေသည်။ ထို့အပြင် လူသားအားလုံးသည် ရန်ကိုင်ကဲ့သို့ မဟုတ်။ ထိုလူအိုကြီးသာ သူတို့ မွန်းစတားမျိုးနွယ်စုအပေါ် အာဃာတ ထားနေမည်ဆိုပါက…

မည်သို့ပင်ဖြစ်ကောမူ သတိပိုထားလိုက်၍ အရှုံးမရှိချေ။

“သူတို့တွေက မွန်းစတားမျိုးနွယ်စုက ကျုပ်မိတ်ဆွေပဲ” ရန်ကိုင်က ထိုလူများအား မန်ဝူရနှင့် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

“ဒီနားမှာ မွန်းစတားချီတွေ ဘာလို့ ဒီလောက် သိပ်သည်းနေလဲ အောက်မေ့နေတာ။ လတ်စတ်သတော့ မွန်းစတားမျိုးနွယ်စုကလူတွေ ရှိနေတာကြောင့်ကိုး” မန်ဝူရက ခေါင်းညိတ်လိုက်ပြီး မိုးကြိုးနဂါးက မယုံသင်္ကာဖြင့် ကြည့်ကာ “ငါတို့ တွေးဖူးလား။ မင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ”

မိုးကြိုးနဂါးက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်လေသည် “လွန်းခဲ့တဲ့ နှစ်ငါးရာတုန်းက သားရဲပင်လယ်တောအုပ်ထဲမှာ”

မိုးကြိုးနဂါးက သူ့အား ရန်စောင်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို သတိပြုမိသော် မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့၏။ ခဏလောက် စဉ်းစားပြီးနောက် သူ့မျက်လုံးများ တောက်ပသွားခဲ့ပြီး “မင်းက သွေးနဂါးနဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်မလား”

“ခင်ဗျားရဲ့ မှတ်ဥာဏ်က တကယ်ကောင်းတာပဲ” မိုးကြိုးနဂါးက ပြုံးလိုက်ပြီး “တစ်နေ့ကျရင် သွေးနဂါးစီနီယာကြီးအတွက် ဒီဘုရင် လက်စား ပြန်ချေပေးရလိမ့်မယ်”

မန်ဝူရက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်၏ “ဒီလူအိုကြိးက သူ့ကိုသတ်ခဲ့တာမှ မဟုတ်တာ။ သူ့ကိုယ်က အရမ်း အားနည်းနေတာကိုး။ တစ်ပွဲလောက် ရှုံးသွားတာနဲ့ လုံးဝကို နလန်ပြန်မထူနိုင်တော့ ငါ့အပြစ်မှ မဟုတ်တာ။ အားနည်းလွန်းတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်”

“သွေးနဂါးစီနီယာကို ခင်ဗျား ဘယ်လိုတောင် စော်ကားရဲတာလဲ” မိုးကြိုးနဂါးက ထရပ်ပြီး ဒေါသတကြီး အော်လိုက်လေသည်။

နှစ်ယောက်သား ထသတ်ကြတော့မည်ကို မြင်သော် ရန်ကိုင် အလျင်စလို ကြားဝင်တားလိုက်ရသည်။

သူတို့နှစ်ယောက်သာ တိုက်ခိုက်မည်ဆိုပါက သူ့အနေဖြင့် ကျိန်းသေ တားရပေလိမ့်မည်။ မန်ဝူရသည် အပြည့်အဝ ပြန်မကောင်းသေးလေရာ တိုက်ရန်ခန် မသင့်တော်သေးပေ။

“ကြည့်ရတာ နည်းနည်း‌တောင် စကားပြောလို့ရမယ့်ပုံ မပေါ်ပါလား” မိုးကြိုးနဂါးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ “ကောင်လေး၊ ငါတို့ အရင်သွားတော့မယ်။ အဲ့ဆေးလုံးတွေ ဒီဘုရင်ဆီ ပို့ပေးမယ်လို့ ပြောထားတဲ့ကတိကို မမေ့နဲ့နော်”

“အင်း၊ ကျုပ်မှတ်မိပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

မွန်းစတားမျိုးနွယ်စုဝင် လေးယောက်သည် ရန်ကိုင်အား ခေါင်းညိတ် နှုတ်ဆက်ပြီးနောက် ထွက်သွားကြလေသည်။

မန်ဝူရသည် ထူးမခြားနားဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ရန်ကိုင်အား ပြုံးပြကာ “ကောင်စုတ်လေး။ မတွေ့ရတနာ ကြာတာ အပေါင်းအသင်းတွေ စုံလှပါလား။ အဲ့လောက် အားကောင်းတဲ့လူတွေနဲ့ ဘယ်လိုလုပ်ပြီး ရင်းနှီးနေတာလဲ”

“ဘဏ္ဏာထိန်းမန် အသင်အပြင် ကောင်းလို့ပဲပေါ့” ရန်ကိုင်က အလျင်အမြန်ပဲ ပြန်ပြောလိုက်သည်။

“ဒီလူအိုကြီးကို လာဖားမနေနဲ့။ အဲ့ပုံစံကြီးကို ကြည့်ရတာ အရမ်း ရွံဖို့ကောင်းတယ်” မန်ဝူရက မျက်နှာမဲ့လိုက်ပြီး “မင်းဘာကြံနေလဲ ငါမသိဘူး မှတ်နေလား။ ကောင်စုတ်လေး၊ မင်းက လမ်းလျှောက်နေတဲ့ ပြဿနာအိုးကြီးကွ။ အားနေရင် ပြဿနာပဲ ပတ်ရှာနေတာ။ နင်းချန်လေးကို မင်းလက်ထဲ ထည့်ပေးလိုက်ရမှာ ငါစိတ်မချဘူး”

“ခင်ဗျားနောက် လိုက်ခိုင်းရင်တော့ လုံခြုံတယ်ပေါ့၊ ဟုတ်လား လူအိုကြီး” ရန်ကိုင်က ထီမထင်ဟန်ဖြင့် ပြန်ပက်လိုက်သည်။

သူ့စကားကြောင့်ပဲ မန်ဝရ အကြပ်ရိုက်နေခဲ့ရလေပြီ။ ထို့ကြောင့် ချောင်းဟန့်၍ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏ “ဒီက အမျိုးသမီးကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

ရန်ကိုင်က ခပ်မြန်မြန်ပဲ မန်ဝူရအား လီရုန်နှင့် မိတ်ဆက်ပေးလိုက်သည်။

မန်ဝူရသည် လီရုန်အား စိုက်ကြည့်နေလိုက်သည်။ အချိန်ကြာလသည်နှင့် သူ့မျက်လုံးထဲရှိ သံသယရိပ်တို့ ပိုပို၍ ထူထည်းလာခဲ့ပြီး “ဒီအမျိုးသမီးရဲ့ ကျင့်စဉ်က ပုံမှန်မဟုတ်ဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ”

မန်ဝူရ၏ စကားကို လီရုန် နားမလည်ဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် ယဲ့ယဲ့လေးပြုံးလျက် ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်လေသည် “စီနီယာက တကယ်ကို မျက်စိရှင်တာပဲနော်။ တကယ်တော့ ကျွန်မက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ပါ။ လူသားမျိုးနွယ်က မဟုတ်ပါဘူး”

မန်ဝူရ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည် “ကောင်လေး၊ မင်းဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။ ဒီလောက် အားကောင်းတဲ့ နတ်ဆိုးတွေ၊ မွန်းစတားတွေနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေတွေ ဖြစ်နေရတာလဲ။ မျိုးနွယ်ခြားတွေကို အလွယ်တကူ ယုံလို့မရဘူးဆိုတာကို မင်းမသိဘူးလား”

ရန်ကိုင် ပြန်မပြောရသေးခင်မှာဘဲ လီရုန်က “စီနီယာ၊ သခင့်အပေါ် ကျွန်မ မကောင်းကြံမှာကို စိတ်ပူစရာ မလိုပါဘူး။ ကျွန်မတို့ကလန်က သခင်ရဲ့ အမိန့်တွေကို သူအသက်ရှင်နေသမျှ ကာလပတ်လုံး လုံးဝ လိုက်နာပါမယ်လို့ သစ္စာဆိုးထားပြီးသားပါ”

“သခင်လား” မန်ဝူရ မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့ရသည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အားတစ်လှည့်၊ လီရုန်အား တစ်လှည့် ကြည့်နေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “နင်က သူ့ကို လိုလိုလားလားနဲ့ သခင်လို့ ခေါ်တယ်ပေါ့”

“ဟုတ်ပါတယ်” လီရုန်က ရိုးရိုးသားသား ဝန်ခံလိုက်သည်။

မန်ဝူရ၏ အမူအရာ အမျိုစုံ ပြောင်းလဲသွားခဲ့သည်။ အချိန် အတော်ကြာပြီးနောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ရန်ကိုင်အား ပြောလိုက်လေ၏ “နောက်တစ်နေ့ အခွင့်အရေးရှိရင် ငါတို့ စကားကောင်းကောင်း ပြောရလိမ့်မယ်”

ဆယ်နှစ်လောက် မတွေ့ရပြီးသည့်နောက် ပြန်တွေ့သည့်အခါ ရန်ကိုင်သည် နတ်ဆိုးများနှင့် အဆက်အသွယ် လုပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် မန်ဝူရ စိတ်မပူဘဲ ဘယ်နေမည်နည်း။ ထို့အပြင် ထိုနတ်ဆိုးမိန်းကလေး၏ ခွန်အားသည် ရန်ကိုင်ထက် အများကြီး ပိုမြင့်ပေသည်။ သူမအနေဖြင့် ရန်ကိုင်အား သတ်ချင်သည် ဆိုပါက အလွယ်လေးပင်။

“နောက်မှပြောတာပေါ့။ အခုလောလောဆယ်တော့ အရင်ပြန်ကြမယ်” မန်ဝူရ ဘာကိုစိုးရိမ်နေမှန်း ရန်ကိုင် သိပြီးသားပင်။

“ရော့၊ ဒီမှာ မင်းရဲ့ သွေးအဆီအနှစ်ကျောက်တုံး။ အထဲက သွေးချီတွေကတော့ ငါစုပ်ယူလိုက်လို့ ကုန်သလောက် ဖြစ်သွားပြီ” မန်ဝူရက ရန်ကိုင်အား သွေးအဆီအနှစ် ကျောက်တုံးအား ပြန်ပေးရင်း ပြောလိုက်သည်။

သွေးအဆီအနှစ်ကျောက်တုံးကို ယူပြီးနောက် ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး “ခင်ဗျားရဲ့ ကျင့်ကြံခြင်း ဘယ်ရောက်နေပြီလဲ ဘဏ္ဏာထိန်းမန်။ ဒီထဲကနေ သွေးချီတွေ ဘယ်လောက်များများကို ခင်ဗျား စုပ်ယူလိုက်တာလဲ”

မန်ဝူရက ပြုံးလိုက်ပြီး “ဒီနေရာကို ဝင်မလာတုန်းက ဒီလူအိုကြီးက သူတော်စင် ပထမအဆင့်ပဲ ရှိသေးတာ။ ဒါပေမယ့် အခုတော့… ငါ့ကျင့်ကြံခြင်းက အရင်အတိုင်း ပြန်ဖြစ်သွားပြီ။ ဟိုကျောက်တိုင်ရဲ့ ကျေးဇူးကြောင့်ပေါ့။ ငါ့ကိုယ်ထဲက စည်းတွေ အကုန် ထိခိုက်သွားတော့ ငါလည်း အဲ့ဒါတွေကို တစ်ခါတည်း ဖျက်စီးပစ်လိုက်တာပေါ့”

ရန်ကိုင် စိတ်အားတက်သွားခဲ့ပြီး “စည်းတွေ အကုန်လုံးကို ဖျက်စီးပစ်လိုက်နိုင်ပြီလား”

“အင်း” မန်ဝူရက ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် မျက်လုံးများ ဝင်းလက်သွားခဲ့၏။ မန်ဝူရအတွက် သူလည်း ပျော်မိပေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၁၄) အိမ်ပြန်ခြင်း

ကောင်းကင်စံအိမ်တွင် ရှိစဉ်က မန်ဝူရသည် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးဖြစ်ခဲ့သည်။ ဗဟိုမြို့တော်သို့ ရောက်သည့်တိုင် လျှို့ဝှက်ဆန်းကြယ်သော သူ့နောက်ခံကို မသိခဲ့ရပေ။

ထုန်းရွှမ်လောကကြီးဆီသို့လာ၍ ဘိုးဘေးတည်ထောင်သူ ချူလင်းရှောင်နှင့် စကားမပြောရသေးခင်အထိ မန်ဝူရ၏ အကြောင်းကို နည်းနည်းလေးမျှပင် မသိဟု ဆိုရပေမည်။

ယခုမှသာ မန်ဝူရ၏ အစစ်အမှန် ကျင့်ကြံခြင်းကို သိခဲ့ရ၏… သူတော်စင်တတိယအဆင့်ပင်။

နတ်ဆိုးဗိုလ်ချုပ်ကြီး၏ ကောင်းကင်စည်းတံဆိပ်ကြောင့် မန်ဝူရ၏ ကျင့်ကြံခြင်းသည် အင်မော်တယ်တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ လျော့ကျသွားလိမ့်မည်ဟု ချူလင်းရှောင် ခန့်မှန်းတွက်ချက်ခဲ့သည်။

ကောင်းကင်စည်းတံဆိပ်တွင် စုစုပေါင်း စည်းတံဆိပ် သုံးခုရှိကာ တစ်ခုချင်းစီသည် ပိုပို၍ အားကောင်းပေသည်။ မန်ဝူရသည် ထိုစည်းကို ဖျက်စီးနိုင်ရန်အတွက် နည်းလမ်းများ လိုက်လံရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ဗဟိုမြို့တော်တွင် ပထမစည်းကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ခဲ့ပြီး မသေမျိုး တတိယအဆင့်သို့ ပြန်ရောက်ခဲ့၏။

ထို့နောက် ထုန်ရွှမ်လောကကြီးဆီသို့ ပြန်လာပြီးနောက် ယခင်ဆယ်နှစ်အတွင်း ဒုတိယစည်းကို ဖျက်စီးနိုင်ခဲ့ပြီး သူတော်စင် ပထမအဆင့်သို့ ပြန်လည် တက်လှမ်းနိုင်ခဲ့သည်။

ယခု ကျောက်တိုင်၏ နှိပ်စက်မှုကို တောင့်ခံပြီးနောက် တတိယစည်းကို ဖျက်စီးနိုင်ခဲ့ကာ အထွဋ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“ဒီလူအိုကြီးက အရင်ခွန်အား ပြန်ရသွားရုံလေးလေ။ မင်းဘာတွေ ဒီလောက် အံ့ဩနေတာလဲ။ တကယ်အံ့ဩရမှာကွ ငါကွ။ ကောင်စုတ်လေး၊ ဆယ်နှစ်လောက် မတွေ့ရတာနဲ့ မင်းကျင့်ကြံခြင်းက နင်းချန်လေးကိုတောင် မှီလာပြီ။ ပြောပါဦး၊ ဒီအတောအတွင်း ဘယ်လို အခွင့်အတွေးများ ကြုံတွေ့ခဲ့တာလဲ” ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ပြီးနောက် မန်ဝူရလည်း အထိတ်လန့်ကြီး ထိတ်လန့်သွားခဲ့ရသည်။

ရှနင်းချန် ပါရမီ မည်မျှကောင်းမွန်ကြောင်းကို မန်ဝူရ ကောင်းကောင်း သတိပြုမိသည်။ ထို့အပြင် ယခင်နှစ်များအတွင် သူမအား တတ်စွမ်းသမျှ မြေတောင်မြှောက် ပြုစုပျိုးထောင် ပေးခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် ရှနင်းချန်၏ နောက်တွင် ကျန်ရစ်မနေခဲ့ပေ။ သူအဖိုးတန် ချစ်တပည့်တုံးလေးကို ကျော်တက်မည့် အရိပ်အယောင်များပင် ပြနေခဲ့လေပြီ။

ထို့အပြင် သူတို့ ဗဟိုမြို့တော်မှ ထွက်လာစဉ်က သူ့တပည့်လေး၏ ကျင့်ကြံခြင်းသည် ထိုကောင်လေးထက် ပိုမြင့်ပေသည်။

ထို့အခြင်းအရာကြောင့် မန်ဝူရ အတော့်ကိုမှ တုန်လှုပ်နေခဲ့ရသည်။

“ဟဲ ဟဲ၊ ကံလေး နည်းနည်းပါးပါးလောက် ကောင်းသွားလို့ပါဗျာ” ရန်ကိုင်က ခေါင်းကိုကုတ်လိုက်သည်။

မန်ဝူရ ရယ်လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့။ ရန်ကိုင် တွေ့ကြုံခဲ့ရသည့် အမျိုးမျိုးသော အခွင့်အရေးများသည် ကံကောင်းမှုတစ်ရပ်ဟု ဆို၍ရသည်။ သို့သော် သူ့ခွန်အားကို ဆယ်နှစ်အတွင်း ထိုအတိုင်းအတာအထိ တိုးတက်အောင် လုပ်ရန်မှာ ကံသက်သက်နှင့် လုပ်၍မရ။ သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနှင့် ပင်ကိုယ်အရည်အချင်းလည်း လိုပေသေးသည်။

ဒီကောင်စုတ်လေး… ဒီကောင် မိုင်ကုန်ကျုံးနေတာပဲ မန်ဝူရ သူ့ဘာသာ တွေးလိုက်သည်။

“ညီလေးလင်းသာ အခုလက်ရှိ မင်းအကြောင်းသိရင် သူတော်တော် ဝမ်းသာနေမှာ” မန်ဝူရက သက်ပြင်းချလျက် ပြောလိုက်သည်။

“ဘဏ္ဏာထိန်းမန်၊ ဒီကနေ ဗဟိုမြို့တော်ဆီ ဘယ်လို ပြန်ရမလဲ ခင်ဗျားသိလား” သူ့ဆရာဖိုးဖိုးအကြောင်း မန်ဝူရ စကားလာသည်ကို မြင်သော်၊ ရန်ကိုင်က အလျင်စလို ကောက်မေးလိုက်သည်။

“ညီလေးလင်းကိုပါ ဒီကို ခေါ်လာချင်နေတာလား” ရန်ကိုင် ဘာတွေးနေလဲ ဆိုသည်ကို မန်ဝူရ ချက်ချင်းပဲ ခန့်မှန်းမိလိုက်၏။

“အင်း။ ကျင့်ကြံဖို့ပြောမယ်ဆိုရင် ဒီနေရာက အရင် နေရာထက် အများကြီး ပိုသာတယ်လေ။ ဆရာဘိုးဘိုးသာ ဒီနေရာမှာ မွေးခဲ့ရင် အခုအချိန်လောက်ဆို သူ သူတော်စင် တစ်ယောက် ဖြစ်နေလောက်ပြီ”

“မင်းပြောတာမှန်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီလူအိုကြီးလည်း ဗဟိုမြို့တော်ဆီ ဘယ်လိုပြန်ရမလဲ မသိဘူး” မန်ဝူရက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး “ဒီလူအိုကြီး အဲ့ဘက်ကို ရောက်သွားတယ်ဆိုတာ မတော်တဆပဲ။ အဲ့တုန်းက ငါက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ။ အသိကလည်း အပြည့်ဝင်နေတာ မဟုတ်ဘူး။ ဒါကြောင့် အဲ့တုန်းက ငါဖြတ်သွားတဲ့ လေဟာနယ်လိုဏ်ခေါင်းကို ပြန်ရှာဖို့က မဖြစ်နိုင်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မဆိုသလောက်ကလေး စိတ်ပျက်သွားခဲ့ရသည်။

“သူတို့ကို ဒီနေရာဆီ ခေါ်လာချင်တာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် မင်းမှာ သူတို့ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ နေစရာ၊ ထိုင်စရာတွေကော ရှိလို့လား” မန်ဝူရက ရန်ကိုင်ကိုကြည့်၍ ပြုံးကာ “ဗဟိုမြို့တော်မှာ ရှိနေတဲ့လူတွေက အများကြီးပဲနော်။ သူတို့ကို ဒီခေါ်လာမယ်ဆိုရင် အခြားဘာမှကို မစဉ်းစားနဲ့။ သူတို့ကို လုံခြုံအောင် ကာကွယ်ပေးနိုင်မှာလား… အဲ့ဒါကိုပဲ အရင်စဉ်းစား။ ပြီးတော့ သူတို့ နေဖို့အိမ်တွေရယ်။ ကျင့်ကြံရေး အရင်းအမြစ်တွေရယ် လိုသေးတယ်။ မင်းတစ်ယောက်တည်းနဲ့ လူအများကြီးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ကိစ္စတွေကို မကိုင်တွယ်နိုင်ရင် အခုလောလောဆယ် သူတို့ကို ဗဟိုမြို့တော်မှာပဲ နေခိုင်းထားတာ ပိုကောင်းလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ အန္တရာယ်ကျမှာကို စိုးရိမ်စရာ မလိုတော့ဘူးလေ”

“အဲ့ကိစ္စကတော့ လူအိုကြီမင်း စိုးရိမ်နေစရာ မလိုပါဘူး” လီရုန်က နှုတ်ခမ်းလေးကိုကွေးလျက် “သခင်က ဒီလောကကြီးမှာ တစ်ယောက်တည်း မဟုတ်တော့ဘူး။ သူ့မှာ လူအများကြီးကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည် ရှိနေပြီ”

“ဟန်၊ နင်ဘာပြောချင်နေတာလဲ” မန်ဝူရက လီရုန်ကို မယုံသင်္ကာဖြင့် ပြန်ကြည့်လိုက်သည်။

“ဘာလို့လဲဆိုတော့ သခင်က ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေလို့လေ”

မန်ဝူရ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်း ရန်ကိုင်ကို ကြည့်လိုက်သည်။ ရန်ကိုင် ခေါင်းညိတ်ပြနေသည်ကို မြင်သော် မန်ဝူရ မျက်နှာတစ်ခုလုံး မဲ့ရွဲ့သွားခဲ့ပြီး “မင်းက အဲ့နေရာရဲ့ တော်ဝင်သခင် ဖြစ်နေတာလား။ အဲ့က သူတော်စင်မတွ အကုန်လုံး ကန်းနေတာပဲလား၊ ဒါမှမဟုတ် တစ်ခုခုပဲ ဖြစ်နေကြတာလား။ ဘာလို့ မင်းကိုကောင်ကို သွားရွေးလိုက်တာလဲ”

မန်ဝူရစကားကြောင့် ရန်ကိုင် မျက်နှာမဲ့သွားခဲ့ပြီး ဆွံ့အသွားခဲ့ရသည်။ လီရုန်မှာမူ ပါးစပ်လေးကို လက်ဖြင့်အုပ်လျက် မရယ်မိအောင် မနည်းထိန်းနေခဲ့ရသည်။

ချက်ချင်းဆိုသလို မန်ဝူရ၏ အမူအရာ လေးနက်သွားပြီး “ဒီတော့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ အရင်တော်ဝင်သခင် သေသွားပြီပေါ့”

“အင်း။ ခင်ဗျား တော်ဝင်နယ်မြေကနေ ထွက်သွားပြီး မကြာဘူး၊ သူသေသွားတာ”

မန်ဝူရ သက်ပြင်းချလိုက်ပြီး “အရင်တစ်ကြိမ် ငါသူ့ကို တွေ့လိုက်ကတည်းက သူသိပ်ကြာကြာ နေရတော့မှာ မဟုတ်ဘူး ငါသိခဲ့တာ။ ဒါပေမယ့် ဒီလောက်မြန်မြန် ကွယ်လွန်သွားလိမ့်မယ်လိုတော့ ငါမမျှော်လင့်ထားခဲ့ဘူး။ ကောင်လေး၊ မင်းခွန်အား ဒီလောက် မြန်မြန် တိုးတက်လာတာ တော်ဝင်နယ်မြေရဲ့ အမွေအနှစ်ကျင့်စဉ်ကို လေ့ကျင့်ထားလို့လား”

“မဟုတ်ဘူး”

“အေး၊ မဟုတ်တာကောင်းတယ်။ ငါသိထားသလောက်ဆို အဲ့ကျင့်စဉ်က အသက်စွမ်းအင်ကို စတေးပြီး ကျင့်ကြံခြင်းကို မြန်အောင်လုပ်ပေးတာ။ မင်းခွန်းအားတိုးတက်တာမြန်လေ ပိုပြီး အသက်တိုလေပဲ။ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလို့ ငါ့နင်းချန်လေး သူ့တစ်ဘဝလုံး ဝမ်းနည်းကျန်ရစ်နေမှာကို ငါမမြင်ချင်ဘူး။ ဘာပဲဖြစ်ဖြစ်၊ မင်းအရည်အချင်းနဲ့ဆို မင်းသာ ကြိုးစားလိုက်တာနဲ့ ဒီလူအိုကြီးအဆင့်ကို အနှေးနဲ့အမြန် ရောက်လာမှာ။ နှစ်တစ်ထောင်လောက် နေဖို့ဆိုတာ အသာလေးပဲ။ ဒါကြောင့် ကိုယ့်ခွန်အား မြန်မြန်တိုးတက်ဖို့ အတွက်နဲ့ အသက်တိုအောင်လုပ်တဲ့ ကျင့်စဉ်မျိုးကို လေ့ကျင့်နေစရာ မလိုူး”

“ကျုပ်လည်း အဲ့လိုပဲ တွေးနေတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကောင်တယ်” မန်ဝူရမှာ လုံလုံလောက်လောက် အနားယူပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဖြစ်လေရာ သူ့အသားအရေမှာ ယခင်ကကဲ့သို့ ခြောက်သွေ့မနေတော့ဘဲ အနည်းငယ် သွေးရောင်ပြန်သမ်းလာပြီး သူ့အရှိန်အဝါမှာလည်း ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းကာ တည်ငြိမ်လာခဲ့ပြီး “မင်းမှာနေစရာ ရှိနေမှတော့ ဒီလူအိုကြီးနဲ့ နင်းချန်လည်း အဲ့မှာပဲ ခဏနေရတာပေါ့။ ဒီနှစ်အတောအတွင်း ငါတို့ အခြေအနေ အတော်လေးကို ဆိုးခဲ့တာ။ အရှေ့သွားလိုက်၊ အနောက်သွားလိုက်နဲ့ အလုပ်ရှုပ်နေတော့ ဒီမိန်းကလေးလည်း တစ်ခါမှ ကောင်းကောင်း မနေခဲ့ရဘူး”

ပြောနေရင်း အိပ်ချင်ယောင် ဆောင်နေသော ရှနင်းချန်ဆီ လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါလိုက်၏။

ငါ့တပည့်လေး အဘက်ဘက်မှာ တော်မှန်း ငါသိပေမယ့်… ဒီကေင်စုတ်နဲ့ ပက်သက်လာရင်တော့ အချစ်ရူးရူးနေတယ်ပဲ ပြောရတော့မလား… မတွေ့ရတာ ဆယ်နှစ်လောက် ကြာသွားလိုက်တာနဲ့ မျက်လုံးဖွင့်ပြီး မျက်နှာချင်းဆို စကားပြောဖို့တောင် ရှက်နေလိုက်တာ… သူသာ ဒီကောင်စုတ်လေးနောက် လိုက်သွားရင်း သေလောက်အောင် အနိုင်ကျင့်ခံနေရမလားမသိဘူး

ထိုအကြောင်း တွေးမိလိုက်သည်နှင့် မန်ဝူရ၏ အသက်ရှုသံ လေးလံလာခဲ့ပြီး သူ့လည်ပင်းတွင် ငါးရိုးဆူးနေသလို နေမထိ၊ ထိုင်မထိ ဖြစ်လာခဲ့သည်။ သူ့ရှေ့တွင် ထိုင်နေသော ရန်ကိုင်ကို ချက်ချင်းပဲ မသေမချင်း လည်ပင်းညစ်သတ်ပစ်ချင်စိတ်တို့ ပေါက်လာခဲ့ရသည်။

ရန်ကိုင်သည် ရှနင်းချန်ကို သူ့လက်မောင်းထဲ အသာအယာ ထွေးပွေ့ထားခဲ့လေပြီ။

စီနီယာမမလေး၏ ခန္ဓာကိုယ်သွယ်လျလျလေး၏ ကိုယ်အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။

“ရှေ့ကနေသွား” မမြင်ရလေအေးလေးဟုတွေးရင် မန်ဝူရက အားမရှိသည့်လေသံဖြင့် ပြောလိုက်သည်။

ရန်ကိုင်နှင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်တို့ ပြောနေသည်ကို မန်ဝူရလည်း ကြားခဲ့သဖြင့် ဤနေရာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် တော်တော်လေး ဝေးကွာမှန်း မန်ဝူရ သိပေသည်။

သို့သော်လည်း ရန်ကိုင် ပျံသန်းသွားရန် မစဉ်းစား။ အရောင်တောက်သော အရာလေးတစ်ခုကိုသာ ထုတ်လိုက်၏။ အပြာရောင်တောက်တောက်လေးသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီးနောက် ရှည်လျားသော လွန်းပျံယာဉ် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

“အင်၊ ဒီမှော်ရတနာအဆင့်က တော်တော်လေး မြင့်တာပဲ” မန်ဝူရသည် အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်ရာ လွန်းပျံယာဉ်ကို မြင်လိုက်သည့်အခါ အမွမ်းတင်ချီးကျူးလိုက်၏ “ကြည့်ရတနာ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ဘဝကို တော်တော်လေး ကောင်းတဲ့ပုံပဲ”

ထိုမှော်ရတနာသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ယခင် တော်ဝင်သခင်တစ်ပါးပါး ချန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု မန်ဝူရ ထင်နေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုလွန်းပျံယာဉ်ကို မြင်လိုက်သည့်အခါ လီရုန်က အလန့်တကြား ဆိုလိုက်သည် “ဒါက ဟိုဟာ မဟုတ်ဘူးလား”

“ဟုတ်တယ်။ သန်စင်ပြီးတော့မှပဲ ပျံသန်းရေ မှော်ရတနာ တစ်ခုဖြစ်နေမှန်း သိလိုက်ရတာ”

“ပျံသန်းရေးမှော်ရတနာလား” မန်ဝူရ မဆိုသလောက်ကလေး မျက်ခုံးပင့်လိုက်ပြီး “တကယ်ကို မြင်ရခဲတယ်”

“ဒါက အရမ်းကို မြန်တာ”

“အို၊ ဘယ်လောက်တောင် မြန်လို့လဲ” မန်ဝူရက ရန်ကိုင်ကို ငေးကြောင်ကြည့်လိုက်သည်။

“စမ်းကြည့်ရင် သိမှာပေါ့” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။ သေသေချာချာ ရှင်းပြမနေခဲ့။ လွန်းပျံယာဉ်၏ အမြန်နှုန်းကို စကားဖြင့် ရှင်းပြ၍မရ။ ကိုယ်တိုင် ခံစားကြည့်ခိုင်းမှသာ သိနိုင်ပေလိမ့်မည် “တက်လေ”

မန်ဝူရနှင့် လီရုန်တို့ ဘာမှ ထပ်ပြောမနေတော့ဘဲ ကောင်းကင်လွန်းပျံပေါ်သို့ တက်လိုက်သည်။

ရန်ကိုင်သည် ရှနင်းချန်ကို ပွေ့ချီလျက် လွန်းပျံယာဉ် နောက်ဘက်တွင် ထိုင်လိုက်သည်။ ရှနင်းချန်အား သူ့လက်မောင်းထဲ သက်သောင့်သက်သာ ဖြစ်သွားအောင် နေရာချပေးလိုက်ပြီးနောက် အော်ပြောလိုက်သည် “သေချာကိုင်ထားကြနော်”

သူ့ကောင်းကင်စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်လွန်းပျံသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ကီလိုမီတာ တစ်ရာအကွာအဝေးကို မျက်တောင် တစ်ခတ်အတွင်း ကျော်ဖြတ်သွားလေသည်။

ကောင်းကင်လွန်းပျံ ထိပ်ပိုင်းတွင် ထိုင်နေသော မန်ဝူရမှာ ထိုအမြန်နှုန်းကြောင့် မျက်လုံးပြူးသွားခဲ့ရသည်။ ထိုမှော်ရတနာ မည်မျှ မြန်ဆန်မှန်း သေသေချာချာ သိရလေအောင် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာမှ မန်ဝူရ ပို၍ ထိတ်လန့်သွားခဲ့ရသည်။

လီရုန်သည်လည်း သူမပါးစပ်အား လက်ဖြင့် အလန့်တကြား အုပ်မိလိုက်သည်။

“ကောင်လေး၊ ဒီမှော်ရတနာက ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ။ ဒါကို ဘယ်သူ သန့်စင်ခဲ့တာလဲ” အချိန် အတော်ကြာသွားပြီးနောက် မန်ဝူရက ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းမေးလိုက်သည်။

ကောင်းကင်လွန်းပျံ၏ အမြန်နှုန်းသည် ဤလောကကြီးရှိ မည်သည့် အထွဋ်အထိပ် ပညာရှင်မဆို ပျံသန်းနိုင်သည့် အမြန်နှုန်းထက် အဆအများကြီး ပိုမို မြန်ဆန်ပေသည်။

“ဒါကို ဘယ်သူသန့်စင်ခဲ့တာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။ ဒါကို လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကြယ်တာရာကောင်းကင်ထဲမှာ လီရုန်နဲ့ကျုပ် တွေ့ခဲ့တာ” ရန်ကိုင်က ထိုကောင်းကင်လွန်းပျံအား မည်ကဲ့သို့ ရလာကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်လေသည်။ မန်ဝူရအား ဘာကိုမှ ကွယ်ဝှက်ထားစရာ မလိုပေ။

“ကြယ်တာရာကောင်းကင်လား။ ကြယ်တာရာကောင်းကင်ဆီ မင်းရောက်ဖူးတာလား” မန်ဝူရ ထပ်မံ ထိတ်လန့်အံ့အားသင့်သွားရပြန်သည်။

“အင်း။ ဘဏ္ဏာထိန်းမန်၊ ခင်ဗျား မြင်ချင်တယ်ဆိုရင် နောက်ရက် လိုက်ပြပေးလို့ရတယ်” မန်ဝူရလည်း ဒဏ္ဏာရီလာ ကြယ်တာရာကောင်းကင်အကြောင်း သိချင်မည်ဟု ထင်သဖြင့် ရန်ကိုင်က ပြောလိုက်သည်။

“မလိုဘူး…” သို့သော် မန်ဝူရက ဖြည်းဖြည်းချင်းသာ ခေါင်းခါလိုက်သည်။ သူ့အမူအရာ လေးနက်သွဦးခဲ့ပြီး တစ်ခဏတာမျှ တုန့်ဆိုင်းနေပြီးနောက် “ဒီလူအိုကြီးလည်း ကြယ်တာရာကောင်းကင်ကို မြင်ဖူးလောက်တယ်”

“လူကြီးမင်း သေချာလို့လား” မန်ဝူရ၏ စကားကြောင့် လီရုန် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့တုန်းက ဒီလူအိုကြီးရဲ့ အသိစိတ်က ဝေဝါးဝါး ဖြစ်နေတာကိုး။ တကယ်တော့ အဲ့အချိန်က ကျောက်တိုင်မှာ ငါချုပ်ခံထားရတဲ့အချိန်ပဲ” မန်ဝူရက အရင်အကြောင်းကို ပြန်စဉ်းစားရင်း ရှင်းပြလိုက်သည် “အဲ့နေရာက အရမ်းကို အရေးကြီးပြီး ဆန်းကြယ်လွန်းတယ်လို့ ငါအမြဲထင်နေမိတယ်။ ငါနှိပ်စက်ခံနေရတုန်းကဆို ငါ့ဝိဥာဉ်က ခန္ဓာကိုယ်ထဲကနေထွက်ပြီး နေရာအများကြီးဆီ ရောက်သွားခဲ့တာ။ ကြယ်တာရာကောင်းကင်လည်း အပါအဝင်ပဲ။ ငါရောက်သွားတဲ့ နေရာတွင် ထုန်းရွှမ်လောကကြီးရဲ့ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်ဘက်တွေမှာ ရှိနေတာ။ တစ်နေရာနဲ့ တစ်နေရာက ကီလိုမီတာပေါင်း သောင်းနဲ့ချီပြီး ခြားနေတာ။ ဒါပေမယ့် အဆက်မပြတ် နှိပ်စက်ခံနေရတော့ ငါတစ်ကိုယ်လုံး နာကျင်နေတာနဲ့ ဘာမှ သေသေချာချာ မမှတ်မိခဲ့ဘူး”

ပြောနေရင်း တစ်ချက်ရပ်လိုက်ပြီး လေးနက်တည်ကြည်သည့် လေသံဖြင့် ဆက်ပြောလိုက်သည် “ရန်ကိုင်လေး၊ တကယ်ကို အဲ့နေရာကို မင်းမဖျက်စီးခဲ့သင့်ဘူး”

“ခင်းဗျားလည်း အဲ့လလို ထင်နေတာလား ဘဏ္ဏာထိန်းမန်” ရန်ကိုင် ကြောင်သွားခဲ့သည်။

“မင်းကို အခြားဘယ်သူက ပြောသေးလို့လဲ”

“မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဝိဥာဉ်ကိုယ်ပွား။ သူပြောတာက အဲ့နေရာက ထုန်းရွှမ်လောကကြီးတစ်ခုလုံးရဲ့ အချက်အချာနေရာတဲ့။ ကျုပ်သာ အဲ့နေရာကို ဖျက်စီးလိုက်ရင် မခန့်မှန်းနိုင်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်တဲ့”

“အချက်အချာနေရာလား” မန်ဝူရ မျက်မှောင်ကြုံ့သွားပြီး ပြန်မေးလိုက်သည် “အဲ့အပြင် အခြားသူဘာပြောသေးလဲ”

ရန်ကိုင်လည်း တစ်ခဏလောက် ပြန်စဉ်းစားလိုက်ပြီး “ဒီလောကကြီးက ပိတ်လှောင်ခံရတာ ကြာပြီဆိုတော့ အလင်းထဲ ပြန်ခြေချချိန် တန်ပြီလို့လည်း ပြောသွားသေးတယ်”

မန်ဝူရ တိတ်ဆိတ်သွားခဲ့ပြီး သူ့အတွေးကမ္ဘာထဲ သူ့ဘာသာ နစ်မြောသွားခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၁၅)

မန်ဝူရ အမူအရာ လေးနက်သွားသည်ကိုမြင်သော် ရန်ကိုင်က အလျင်အမြန်ပဲ မေးလိုက်လေသည် “ဘဏ္ဏာထိန်းမန်၊ ခင်ဗျား ဘာပြောချင်နေတာလဲ။ ဒီလောကကြီးက ပိတ်လှောင်ထားခံရတယ်လို့ ခင်ဗျား ဘာလို့ ပြောတာလဲ”

“ဒီလူအိုကြီးလည်း မသိဘူး” မန်ဝူရက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒါပေမယ့် အခုလောလောဆယ် ဒီအကြောင်းကို အခြားသူတွေကို လိုက်မပြောနဲ့ဦး။ ငါနည်းနည်းလောက် စဉ်းစားလိုက်ဦးမယ်”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားပြောခဲ့သော နတ်ဆိုးနတ်ဘုရားမြို့တော်အား သွားလည်သင့်သည် ဟူသော စကားကို ပြန်သတိရလိုက်သည်။

သို့သော နတ်ဆိုးနတ်ဘုရားမြို့တော်သည် သူဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်၍ရသော နေရာတစ်ခု မဟုတ်ချေ။

ဤသို့ဖြင့် ကောင်းကင်လွန်းပျံသည် အလင်းတမျှ အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့သည်။

မန်ဝူရသည် ထိုမှော်ရတနာ၏ အမြန်နှုန်းကြောင့် တောက်လျှောက် အံ့အားသင့်နေခဲ့ရသည်။

ရန်ကိုင်သည် ကောင်းကင်လွန်းပျံ၏ နောက်ဘက်တွင် ထိုင်ရင်း သူမလေး၏ ကိုယ်သင်းရနံ့ကို အသာအယာ ရှူရှိုက်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူမ ခန္ဓာကိုယ်၏ ပျော့အိစက်မှုနှင့် အနွေးဓါတ်ကိုလည်း ခံစားမိနေခဲ့သည်။

အချိန်ကြာလာသည်နှင့် သူမအား ပိုပို၍ တင်းတင်းကြပ်ကြပ် ဖက်မိသည်။

စီနီယာမမလေး၏ ခန္ဓာကိုယ်သွယ်သွယ်လေး တုန်ရင်သွားခဲ့ပြီး သူမ၏ မျက်တောင်လေးများ တဆတ်ဆတ် တောက်လျှောက် လှုပ်ခါလာခဲ့သည်။ သူမ ခန္ဓာကိုယ် အပူအချိန်သည်လည်း ပိုပို၍ မြင့်တက်လာခဲ့ကာ သူမ၏ ကျောက်စိမ်းဖြူရောင် အသားအရေမှာ မဆိုသလောက်ကလေး နီမြန်းလာခဲ့လေသည်။

ရန်ကိုင်က ပွေ့ဖက်ထားသည့်အတွက် သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်မှ အချင်းချင်း ထိတွေ့ပူးကပ်နေခဲ့ကာ တစ်ယောက်၏ ကိုယ်အပူအချိန်နှင့် နှလုံးခုန်သံကို အခြားတစ်ယောက်၏ ခံစားမိနေခဲ့သည်။ ရိုးသားလှသည့် သူ့စီနီယာမမလေးမှာ ထိုအထိအတွေ့ကြောင့် ကျိန်းသေ နေမထိ၊ ထိုင်မထိ ဖြစ်နေပေတော့မည်။

ရန်ကိုင်သည် သူမအား မနိုးခဲ့။ ထိုရှားပါးလှသည့် အေးချမ်းသည့် အခိုက်အတန့်လေးကို ခံစား၊ သူမ၏ မျက်နှာလေးကို တစိမ့်စိမ့် စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည် “စီနီယာမမလေးက အရမ်းလှတာပဲ”

ထိပ်ပိုင်းတွင် ထိုင်နေသော မန်ဝူရ ထိုစကားကို ကြားလိုက်သည့်အခါ လက်သီးတင်းတင်းဆုပ်၍ မကျေမနပ် ညည်းတွားလိုက်လေသည် “အရှက်မဲ့ချက်ကွာ”

ထိုချစ်ရည်ရွှန်းလဲ့နေသော စကားလုံးလေးများသည် သူ့အား သည်းမခံနိုင်လောက်အောင် ဒေါသထွက်စေသည်။

လီရုန်၏ မျက်လုံးလေးများသည် ယခင်အတိုင်း ကြည်လင်ရွှန်းလဲ့နေဆဲ။ နီစွေးစွေး သူမ၏ နှုတ်ခမ်းလေးများကို အသာအယာ သပ်လျက် ရှေ့သို့နည်းနည်းတိုးကာ ရန်ကိုင်နှင့် ရှနင်းချန်တို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း ရသွားအောင် လုပ်ပေးလိုက်သည်။ ထို့နောက် မန်ဝူရအား ပြောလိုက်သည် “လူကြီးမင်း၊ အချိန်ရှိတုန်းလေး ကျွန်မးကို သခင့်အတိတ် အကြောင်း ပြောပြပေးပါလား။ ကံမကောင်းစွာနဲ့ ကျွန်မက သခင့်အကြောင်း ဘာမှ သေချာမသိထားဘူး”

“သူ့အတိတ်အကြောင်း သိချင်တာလား” မန်ဝူရ မျက်ခုံးပင့်သွားခဲ့သည်။ ထို့နောက် မကောင်းဆိုးရွားအပြုံး ပြုံးလျက် “အဲ့ကောင်အတိတ်အကြောင်း ဒီလူအိုကြီး သိထားပေါ့။ ကောင်းကောင်းကို သိထားတာ။ လာခဲ့၊ လာ။ လာခဲ့။ အဲ့ကောင် ဘယ်လောက်တောင် ကောက်ကျစ်၊ ဥာဏ်များ၊ ယုတ်မာ၊ မာနကြီး၊ အရှက်မဲ့လဲ ဆိုတာကို ငါနင့်သိအောင် ပြောပြပေးမယ်။ ဒီကောင်စုတ်လေးက ပြုပြင်လို့မရတော့အောင် ဆိုးရွားလွန်းတဲ့ မိန်းမ ပွေရှုပ်လွန်းတဲ့ လူပေလူတေ တစ်ယောက်ပဲ။ သူသွားတဲ့ နေရာတိုင်းကို ပြဿနာ ပတ်ရှာတာ”

လီရုန် သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး တခစ်ခစ် ရယ်မောနေလေသည်။ မန်ဝူရ ပြောနေသည်ကို ကြားဖြတ်ဝင်ရောက် ပြောဆိုခြင်းမပြုခဲ့။ တခစ်ခစ် တခစ်ခစ်ဖြင့် ရယ်မောလျက်သာ နားစိုက်ထောင်နေခဲ့သည်။

မန်ဝူရသည် သူပြောနေသည့် ဆိုးရွားသော မှတ်ချက်များအား ရန်ကိုင် ကြားသွားမည်ကို စိုးရွံ့သည့်အလား ချက်ချင်းပဲ သူ့လက်ကိုဝှေ့ရမ်း၍ လီရုန်နှင့် သူ့ပတ်လည်တွင် အရံအတားတစ်ခု ဖန်တီးလိုက်လေသည်။

ရန်ကိုင်သည် ထိုနှစ်ယောက်ကို မသိကျေးကျွန်ပြုလျက် သူ့လောကထဲတွင်သာ ပျော်မွေ့နေခဲ့သည်။ သူ့အပြုအမူများမှာ ပိုပို၍ ရဲတင်းလာခဲ့သည်။

စီနီယာမမလေး၏ ပျော့အိပြီး အရိုးပင် မရှိဟန် ထင်ရသော လက်ကလေးကို ဆုပ်ကိုင်၍ သူမ၏ မျက်နှာလေးအား အသာအယာ ပွတ်သပ်ပေးရင်း နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဒီဆယ်နှစ်လုံးလုံး စီနီယာမမလေးကို မတွေ့ချင်တဲ့ တစ်ရက်တစ်လေတောင် မရှိခဲ့ဘူး။ နောက်ဆုံး အနှစ်နှစ်အလလ တောင့်တနေခဲ့ရတဲ့ ဆန္ဒ ဖြစ်လာတဲ့ အခါကျတော့လည်း ဒီလိုမျိုးကြီး ဖြစ်နေတယ်။ စီနီယာမမလေး၊ ဒါက ကံကြမ္မာလားဟင်။ စီနီယာမမလေးကို ကျွန်တော် လာကယ်လို့ ရအောင် ကောင်းကင်ကပဲ အခုလိုမျိုး တိတ်တဆိတ် စီစဉ်ပေးလိုက်တာလား”

စီနီယာမမလေး၏ မျက်တောင်လေးများ ပို၍မြန်မြန် လှုပ်ခတ်လာခဲ့သည်။ ရန်ကိုင် စကားများကြောင့် သူမ၏ လည်တိုင်လေးမှာ ပိုပို၍ နီမြန်းလာခဲ့ကာ နှင်းဖြူရောင် အသားအရေးမှာလည်း ဆွဲဆောင်မှုရှိစာ အရောင်စို တောက်ပလာခဲ့သည်။

“ပြန်တွေးလိုက်မိတော့ ဒီဂျူနီယာမောင်လေး အရမ်း ကံကောင်းတယ်လို့ တွေးမိသာ။ ကျွန်တော်သာ အဲ့တုန်းက လီရုန်နဲ့အတူ မသွားခဲ့ရင် စီနီယာမမလေးကို နောက်ဘယ်တော့မှ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး” ရန်ကိုင်က ကြောက်ရွံ့နေသည့် လေသံဖြင့် ပြောလိုက်သည်။

မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးနှစ်ယောက်သည် သူတို့နှင့်အတူ ထိုနေရာသို့သွားရန် လီရုန်ကို ဖိတ်ခေါ်လိုခြင်း ဖြစ်သည်။ ရန်ကိုင်သည် အပိုသက်သက် လိုက်ပါလာခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ လိုက်လာခဲ့သဖြင့် မန်ဝူရနှင့် ရှနင်းချန်တို့အား ထိုနေရာတွင် တွေ့နိုင်ခဲ့လေသည်။

နည်းနည်း တိုက်ဆိုင်လွန်းနေများလေသလား။

“အင်း၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မိန်းမလှတွေ အမျိုးမျိုးကို ကျွန်တော် တွေ့ခဲ့တယ်သိလား။ အကုန်လုံးက ကိုယ့်အလှနဲ့ကိုယ် လှနေကြတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် အဲ့လူတွေအကုန်လုံး စီနီယာမမလေးနဲ့ စုယန်ရဲ့ ခြေဖျားတောင် မမှီကြဘူး။ စီနီယာမမလေးနဲ့ စုယန်တို့က ကျုပ်တစ်ဘဝလုံး ဘယ်တော့မှ မမေ့နိုင်တော့တဲ့လူတွေ ဖြစ်နေကြပြီ။ ကျုပ်နှလုံးသားထဲမှာ ထာဝရမှတ်မိနေမှာ။ စီနီယာမမလေး ဒီမှာ ရှိနေတော့ ကျွန်တော် အရမ်း အရမ်းကို ပျော်မိတယ် သိလား…”

ထိုပျားသကာကဲ့သို့ ချိုသာသော စကားလုံးများသည် သိမ်မွေ့လှသော စမ်းရေကြောင်းတစ်ခုလုံး ရန်ကိုင်၏ ချစ်မေတ္တာအားလုံးကို သယ်ဆောင်လျက် ရှနင်းချန်၏ နှလုံးသားလေး တည့်တည့်ဆီသို့ စီးဝင်သွားခဲ့လေသည်။ ရှနင်းချန်မှာ ရန်ကိုင် ပြောလိုက်သော စကားများကြောင့် သူ့အား ပို၍ တင်းတင်းကြပ်ကြပ် ဖက်လာခဲ့လေသည်။

ရန်ကိုင် ခေါင်းမော့လိုက်ပြီး ကြည်လင်နေသော သူ့စီနီယာမမလေး၏ မျက်လုံးများ၊ ရှက်သွေးဖြာနေသော ပါးလေးများ၊ ရှက်သွေးရောင် သန်းနေသည့် လည်တိုင်လေးကို ကြည့်လိုက်မိသည်။

တစ်ယောက်မျက်လုံးတစ်ယောက် စိုက်ကြည့်နေရင်း စီနီယာမမလေးက ရှက်ရွံ့စွာဖြင့် အကြည့်လွှဲလိုက်ပြီး တိုးနိုင်သမျှ အတိုးဆုံးလေသံလေးဖြင့် “ဂျူနီယာမောင်လေး၊ အဲ့စကားတွေကို ကြားရတာ အရမ်း နားဝင်ချိုတာပဲ… ထပ်ပြီး ပြောလို့ရသေးလားဟင်…”

ထိုကဲ့သို့ တောင်းဆိုပြီးသည်နှင့် စီနီယာမမလေးသည် ချက်ချင်းပဲ မျက်လုံးပိတ်ကာ ရန်ကိုင် ရင်ခွင်ထဲ ခေါင်းတိုးလျှိုဝင်လိုက်လေသည်။ ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဲတော့ပေ။

“ရတာပေါ့” စီနီယာမမလေးက ထိုကဲ့သို့ တောင်းဆိုလာမှဖြင့် ရန်ကိုင်ကကော သူမလေး စိတ်ပျက်သွားအောင် ဘာကြောင့် လုပ်ရမည်နည်း။ ထို့ကြောင့် ခေါင်းခြောက်မတတ် စဉ်းစားရင်း စကားလုံးများကို များနိုင်သမျှ များလေအောင်ဖန်ကာ မမောတမ်း၊ မပန်းတမ်း အဆက်မပြတ် ပြောဆိုတော့လေသည်။ ထိုကဲ့သို့ ပြောနေရင်း ထိုနာဝင်ချိုလှသော စကားလုံးလေးများကြောင့် သူ့စီနီယာ မမလေး၏ ခန္ဓာကိုယ်လေး တုန်တုန်သွားခဲ့လေသည်။

ရန်ကိုင် ကိုယ်နွေးဓါတ်ကို ခံစားရင်း သူ့အသံကို နားထောင်နေရသည်မှာ ရှနင်းချန်အတွက် အရမ်းကိုမှ ကျေနပ်ပီတိ ဖြစ်ရမိပေသည်။ ယခုနေ သေသွားရလျှင်ပင် သူမ ပျော်ပျော်ကြီး သေလိုက်မည်သာ။

“ခွေး… သူ… တောင်း… ကောင် ကတော့ကွာ” မန်ဝူရက မျက်လုံးကျယ်ကျယ်ပြူးလျက် အံကို ကြိတ်နိုင်သမျှ ခပ်တင်းတင်း ကြိတ်လိုက်သည်။

လီရုန်က ဖွဖွလေး ရယ်မောလျက် “လူအိုကြီးက ဒီလောက် စိတ်ပူနေစရာ မလိုပါဘူး။ သခင့် အရည်အချင်း၊ စရိုက်နဲ့ ဆိုရင် အဲ့မိန်းကလေးကို ကျိန်းသေ ပျော်ရွှင်အောင် ထားနိုင်မှာပါ”

“ဟူး…” မန်ဝူရက သက်ပြင်း အမောကြီး ချလိုက်ပြီး “ဒီကောင်မလေးက မိန်းမတစ်ယောက် ဖြစ်လာပြီ။ သူ့ကို နောက်ထပ် ခေါ်ထားလို့မရနိုင်တော့။ ဒီလူအိုကြီး ဘုံကိုးခုထွတ်မြတ်နယ်မြေမှာ အခြေချပြီး အကြီးအကဲ တစ်ယောက်ရဲ့ စည်းစိမ်ကို ခံစားရတော့မယ့် အချိန်နဲ့တူပါတယ်”

“လူအိုကြီး ဘယ်လိုလုပ်ပြီး ဒီလို ပြောနိုင်ရတာလဲ။ လူကြီးမင်းက ဒေါင်ဒေါင်မြည် ရှိနေတုန်းပဲလေ။ နောက်ပိုင်းကျန် သခင်တောင် လူကြီးမင်းရဲ့ အကူအညီကို ယူရမယ့် အချိန်တွေ ရှိလာဦးမှာ”

မန်ဝူရက မဲ့ရယ်ရယ်မောလိုက်ပြီး လီရုန်ဘက်သို့ လှည့်၍ “နင်က အဲ့ကောင်လေးကို ဒီလောက်တောင် သစ္စာရှိနေတာလေ။ နင်သူ့ဘေးမှာ ရှိနေမှတော့ ဒီလူအိုကြီးလည်း စိတ်သက်သာရာ ရပြီပေါ့။ ဒါပေမယ့် အဲ့ကောင်စုတ်လေးရဲ့ အပြောအဆိုတွေ အောက်မှာ အလိမ်မခံရစေလိုက်နဲ့နော်။ ငါ့တပည့်တုံးလေကို နမူနာယူ။ တော်ကြာ သူ့ကိုမှ တမ်းတမ်းစွဲ ဖြစ်နေဦးမယ်။ အဲ့ကောင်က လူငယ်လေးနဲ့သာ တူတာ။ တကယ်တော့ လူမဟုတ်ဘူး၊ သားရဲတစ်ကောင်ပဲ”

လီရုန်၏ မျက်နှာလေး နီမြန်းသွားခဲ့ပြီး “လူကြီးမင်း နောက်နေတာပဲ။ ကျွန်မတို့ ရှေးဟောင်းနတ်ဆိုးကလန်ဆိုတာ သခင့်အတွက် ဓါးတစ်ချောင်းပဲလေ၊ သူ့ကို ကာကွယ်ပေးတဲ့ ဒိုင်းတစ်ခုဆိုလည်း ဟုတ်တယ်။ အဲ့ထက်ပိုပြီး ဘာမှ မမျှော်လင့်ရဲပါဘူး”

“ငါ့ကို လူကြီးမင်းလို့ ခေါ်နေစရာ မလိုပါဘူး။ နင်နဲ့ငါက သူတော်စင် တတိယအဆင့်တွေပဲလေ။ ဒါကြောင့် အဆင့်တူလို့ပဲ ပြောသင့်တယ်” မန်ဝူရက ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“အဲ့လိုတော့မဖြစ်ဘူး။ လူကြီးမင်းက သခင့်ရဲ့ စီနီယာလေ၊ ဒီတော့ ကျွန်မရဲ့ စီနီယာပဲပေါ့” လီရုန်က ခပ်မြန်မြန်ပဲ လက်ဝှေ့ရမ်းလိုက်သည်။

သူမ အမူအရာကိုမြင်သော် မန်ဝူရ ရုတ်တရက် စိတ်ညစ်သွားခဲ့ပြီး မျက်လုံးကိုသာ ပိတ်လျက် ငြိမ်ငြိမ်လေး နေနေလိုက်တော့သည်။

နောက်ဘက်မှ ရန်ကိုင်နှင့် ရှနင်းချန်တို့၏ တီးတိုး‌ စကားသံများမှာ တစ်ချက်ကလေးမှ ရပ်တန့်သွားခြင်းမရှိ၊ တရစပ် ထွက်ပေါ်နေခဲ့သည်။

နှစ်ရက်ကြာပြီးနောက် တောင်ထွတ်ကိုးလုံးကို သူတို့ ပြန်မြင်လာရသည်။

ကောင်းကင်းလွန်းပျံ၏ အမြန်နှုန်းမှာ တကယ့်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။

အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းလျက် တောင်ထွတ်ကိုးလုံးဆီသို့ ဝင်ရောက်လာခဲ့၏။

ထိုအလင်တန်းနှင့်အတူ လိုက်ပါလာသော ပညာရှင်များကို သတိပြုမိလိုက်သည်နှင့် တော်ဝင်နယ်မြေ တစ်ဝိုက်တွင် ရှိနေသော သူတော်စင်အဆင့် ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ပျံသန်းလာခဲ့ကြလေသည်။

မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ မယုံသင်္ကာဖြင့် မေးမြန်းလိုက်သည် “ကောင်းလေး၊ ရန်ကိုင်ရေ၊ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ အပြင်ဘက်မှာ ဘာလို့ ဒီလောက် လူတွေအများကြီး ရှိနေတာလဲ”

“ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုကြတာလေ” ရန်ကိုင်က ပြုံးဖြီးလိုက်သည်။

“ဆေးဖော်စပ်ပေးဖို့လား” မန်ဝူရ မျက်ခုံးပင့်သွားခဲ့ပြီး အထင်အမြင် သေးသေးဖြင့် “မင်းတို့ ဘုံးကိုးခုထွတ်မြတ် နယ်မြေမှ ဆေးဝိဇ္ဇာတစ်ယောက်တောင် ရှိလို့လား”

“သခင်ကိုယ်တိုင်က သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်လေ” လီရုန်က ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည် “ဒီကိုရောက်လာတဲ့လူတွေက သခင့် ဂုဏ်သတင်းကြောင့် ရောက်လာကြတာ။ ဒါပေမယ့် အဲ့ဆေးဝိဇ္ဇာက ဘယ်သူလဲ ဆိုတာကိုတော့ အပြင်လူတွေ မသိကြဘူး”

“အို၊ မင်းလည်း ဆေးပညာကို လေ့လာထားတာလား” မန်ဝူရက ရန်ကိုင်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။

“နည်းနည်းပါးပါးပဲ။ စီနီယာမမလေးနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး” ရန်ကိုင် ရှနင်းချန်ကိုကြည့်ကာ ပြောလိုက်သည်။

“ဟန့်၊ ကိုယ်အကြောင်းကိုယ်သိသားပဲ” မန်ဝူရက ခေါင်းညိတ်လိုက်သည်။

လီရုန်၏ မျက်ခုံးသွယ်သွယ်လေး ပင့်တက်သွားခဲ့၏။ ထို့နောက် သင်္ကာမကင်း အမူအရာဖြင့် ရှနင်းချန်အား ထိတ်လန့်တကြီး လှမ်းကြည့်မိလိုက်သည်။

ရန်ကိုင် ဆေးပညာဘက်တွင် မည်မျှ တော်ကြောင်းကို အားလုံးထက်သူမ ပိုသိပေသည်။ သို့တိုင် ရန်ကိုင် ပြောသည်ကို သူမ သေချာနားလည်လိုက်သည်။ ရန်ကိုင်သည် ဆေးပညာ အရာတွင် သူ့စီနီယာမမလေးထက် နိမ့်ကျသည်ဟု ပြောနေခဲ့၏။

တကယ်ကော ဖြစ်နိုင်ရဲ့လား…

သူတို့ စကားတပြောပြော လုပ်နေစဉ်မှာပဲ ဘုံးကိုခုထွတ်မြတ်နယ်မြေနှင့် ရှေးဟောင်းနတ်ဆိုးကလန်မှ သူတော်စင်များ သူတို့ဆီသို့ ရောက်လာခဲ့ကြသည်။

ရန်ကိုင် ပြန်ရောက်လာသည်ကိုမြင်သော် အကုန်လုံး ပျော်သွားခဲ့ကြသည်။ ရှုဟွေနှင့် အခြားသူများသည် အလျင်အမြန်ပဲ ရှေ့တက်၍ ဦးညွှတ်လိုက်ကြလေသည်။ ရန်ကိုင် မြင်လိုက်သည့်အခါမှပဲ ဝန်ထုပ်ကြီးတစ်ခုကို ထမ်းပိုးထားဟန် ရသည့် သူတို့၏ အမူအရာများ ပြေလျော့သွားခဲ့ရသည်။

“တော်ဝင်သခင် ပြန်လာတာ တကယ်ကို ကောင်းလိုက်တာ။ တော်ဝင်သခင်က ဆက်ပြီး ကြာနေရင် ဒီလူအိုကြီးတော့ ရူးလောက်တော့မှာ”

“ဘာဖြစ်လို့လဲ။ တော်ဝင်နယ်မြေမှာ မတော်တဆ တစ်ခုခု ဖြစ်လို့လား” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။

“အဲ့လောက် အရေးကြီးတာတော့ မဟုတ်ပေမယ့် တော်တော်လေးကို အလေးအနက်ထားရမယ့် ကိစ္စပါ၊ တော်ဝင်သခင်၊ ဆေးဝိဇ္ဇာကြီးတွေက တော်ဝင်သခင် ဘယ်ရောက်နေကြလဲ တောက်လျှောက် မေးနေကြတာ။ ပြီးတော့ တော်ဝင်သခင်ကို မြန်မြန် ပြန်လာခိုင်းဖို့လည်း ပြောနေကြသေးတယ်။ တော်ဝင်သခင် ထွက်သွားတာ သုံးလတောင် ရှိနေပြီလေ။ အဲ့အချိန်အတွင်း အကြီးအကဲတွေက တောက်လျှောက် ဆေးဖော်စပ်ပေးနေရတော့ အကုန်လုံး ခြေကုန်လက်ပမ်း ဖြစ်နေကုန်ကြပြီ။ သူတို့ စောဒက တက်ချင်တိုင်း ဒီလူအိုကြီးကိုပဲ လိုက်ရှာနေတာ ဒီလူအိုကြီးလည်း ပုန်းချင်ရင်တောင် ပုန်းလို့ မရဘူး ဖြစ်နေတယ်”

“အာ…” ရန်ကိုင် တိတ်သွားခဲ့သည်။

တုဝမ်နှင့် အခြားသူများကို သူလုံးလုံး မေ့နေခဲ့သည်။

ရှုဟွေ သတိပေးမှပဲ တော်ဝင်နယ်မြေ၏ ဆေးဖော်စပ်ပေးသည့် အမှုကိစ္စများကို ရှုဟွေတို့လက်ထဲ သူအပ်ခဲ့မှန်း ရန်ကိုင် သတိရလိုက်သည်။ လွန်ခဲ့သော သုံးလအတွင်း သူတို့ တောက်လျှောက် ဆေးဖော်စပ်ခဲ့ရသဖြင့် အားကုန်ကာ အရုပ်ကြိုးပြတ် ဖြစ်သည်မှာလည်း မထူးဆန်းပေ။

ဆေးဝိဇ္ဇာကြီးများသည် လေးစားရသော စီနီယာပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သို့သော် လက်ရှိ အချိန်၌ တော်ဝင်နယ်မြေအတွက် လက်တိုလက်တောင် အလုပ်သမားများ ဖြစ်နေခဲ့ရလေသည်။

ရန်ကိုင်လည်း အားနာမိသွားခဲ့သည်။

“နောက်ဆယ်ရက်အတွင်း တော်ဝင်နယ်မြေက ဘယ်ဆေးဖော်စပ်ပေးတာကိုမှ မလုပ်သေးဘူးလို့ ချက်ချင်း ကြေညာလိုက်” ရန်ကိုင်က ပြောလိုက်သည်။

“ဒါပေမယ့် နေ့တိုင်း လူတွေ ပိုပိုပြီး ရောက်လာနေတာ။ အခုလိုသာ ရုတ်တရက် ရပ်လိုက်ရင် စောင့်နေတဲ့လူအားလုံး ဒေါသထွက်ကုန်ကြလိမ့်မယ်” ရှုဟွေက စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ ထို့အကြောင်းကြောင့်ပဲ ရန်ကိုင် ထွက်သွားသည့်အချိန်မှစ၍ ဆေးဖော်စပ်ပေးသည့် အလုပ်ကို တစ်ခဏလေးမှ မရပ်တန့်ခဲ့ခြင်းဖြစ်သည်။

“တော်ဝင်နယ်မြေရဲ့ ဆေးဝိဇ္ဇာကြီးက အနားယူဖို့ လိုနေတယ်လို့သာ ပြောလိုက်။ သူတို့က လာတောင်းဆိုတဲ့ လူတွေလေ။ စိတ်ရှည်ရမှာပေါ့။ မစောင့်နိုင်ရင်လည်း ဘာမှမဖြစ်ဘူး။ ထွက်သာထွက်သွားလိုက်။ အခြာသူတွေဆီကနေ သွားတောင်ဆိုလို့ မရဘူးလို့ ကျုပ်တို့က ပြောနေတာမှ မဟုတ်တာ။ နောက်ထပ် ရက်နည်းနည်းလေး စောင့်ရုံပဲ။ ကျုပ်ပြောတဲ့အတိုင်းသာ ပြောလိုက်၊ သူတို့ ရုတ်ရုတ်ရုတ်ရုတ် မလုပ်လောက်ဘူး”

ထို့အပြင် ဤနေရာမှထွက်၍ အခြားနေရာတွင် သွားရောက် တောင်းဆိုပါက အချိန်အကြာကြီး ပိုကြာအောင် စောင့်ရပေလိမ့်မည်။

“ဟုတ်ကဲ့ပါ” ထို့ကြောင့် ရှုဟွေက အနားတွင် ရှိနေသော တပည့်အချို့ကို တာဝန်ကျနေသော အကြီးအကဲများဆီ သွားသတင်းပါးခိုင်းလိုက်ပေသည်။

စီစဉ်စရာရှိသည်များကို စီစဉ်ပြီး နောက်ဆုံးမှပဲ ရှုဟွေ မန်ဝူရကို မြင်မိ၏ “ဒါက တော်ဝင်သခင်ဟောင်းရဲ့ မိတ်ဆွေမလား”

ယခင်တစ်ကြိမ် ဤနေရာသို့ လာခဲ့စဉ်က မန်ဝူရသည် တော်ဝင်သခင်ဟောင်းနှင့်သာ စကားပြောခဲ့ခြင်း ဖြစ်သည်။ တော်ဝင်နယ်မြေတွင် ရက်အနည်းငယ် နေသွားခဲ့သော်လည်း သူဘယ်သူဘယ်ဝါ ဆိုသည်ကို ရှုဟွေတို့ မသိရခဲ့။ သူ့ရုပ်ကိုသာ ရှုဟွေတို့ မှတ်မိပေသည်။

“ကျုပ်မိတ်ဆက်ပေးဖို့ မေ့နေတာ။ သူက ကျုပ်ဂိုဏ်းက စီနီယာတစ်ယောက်လေ၊ မန်ဝူရတဲ့” ရန်ကိုင်က ပြောလိုက်၏။

“ကြိုဆိုပါတယ်ဗျာ” ရှုဟွေက လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ သူ့ရှေ့ရှိလူ မည်မျှ အားကောင်းသည်ကို ခံစားမိသဖြင့် ထိုလူအား ရှုဟွေ နည်းနည်းလေးမှ မလေးမစား မလုပ်ရဲ။ ထိုလူသည် ယခင်အကြိမ် တော်ဝင်နယ်မြေသို့ လာခဲ့စဉ်ကထက် အများကြီး ပိုသန်မာလာမှန်း ရှုဟွေ ပြောနိုင်ပေသည်။

သို့သော်လည်း ထိုလူ၏ နာမည်သည်… ထိုနာမည်ကို ကြားဖူးနားဝါးရှိသလို ရှုဟွေ ခံစားလိုက်ရသည်။ သို့သော် ဘယ်နေရာတွင် ကြားခဲ့ဖူးမှန်း မမှတ်မိတော့။ ခဏလောက် စဉ်းစားပြီးသည့်တိုင် မမှတ်မိတော့သဖြင့် ဖြည်းဖြည်းချင်းသာ ခေါင်းခါလိုက်လေသည်။

All Chapters