အခန်း (၉၁၆-၉၂၀)
Vol. 37 Ch. 916-920
အပိုင်း (၉၁၆) တော်ဝင်သင်္ချိုင်း၏ ပြောင်းလဲမှု
တော်ဝင်နယ်မြေ၏ လေးထောင့်ကွပ်လပ်နေရာတွင် သူတော်စင်အဆင့် ပညာရှင်များ စုဝေးနေခဲ့ကြသည်။
ရန်ကိုင်က ဘဏ္ဏာထိန်းမန်နှင့် ရှနင်းချန်တို့အား မိတ်ဆက်ပေးခဲ့ရာ တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများကလည်း ပြန်၍ ဆီးကြိုနှုတ်ဆက်ကြသည်။
ရှနင်းချန်နှင့် ရန်ကိုင်သည် တစ်ဂိုဏ်းတည်းသားများ ဖြစ်ကြသည်ကို ကြားသည့်အခါ အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့ကြပြီး နည်းနည်းလေးမှ မရိုမသေ မလုပ်ရဲကြတော့ပေ။
ရန်ကိုင်နှင့် ရှနင်းချန်တို့ လွန်စွာကိုမှ ရင်းနှီးနေသည်ကို မြင်သော် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို အကုန်လုံး ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။
“တော်ဝင်သခင်က မိန်းမတွေကို စိတ်မဝင်စားဘူးလို့ ငါထင်နေခဲ့တာ။ လတ်စသတ်တော့ သူ့ရင်ထဲမှာ အခြား တစ်ယောက် ရှိနေပြီးသားကိုး” ယုယင်က အစွန်းဘက်တွင် ရပ်လျက် ဖွဖွလေး ရယ်လိုက်သည်။
“ငါ့ရဲ့ သနားစရာလင်းအာလေး…” ချုန်ယွဲ့ထုန် အန်လင်းအာအတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်။ အန်လင်းအာသည် ရန်ကိုင်နှင့်အတူ တော်ဝင်နယ်မြေ၏ အမွေအနှစ်ကျင့်စဉ်ကို စတင် လေ့ကျင့်နေကြပြီဟု အကုန်လုံး ထင်နေကြခြင်းဖြစ်သည်။ သူတို့ မသိသည်ကား အန်လင်းအာသည် ရန်ကိုင်နှင့် အတူ ပူးပေါင်း၍ သူတို့အား အရူးလုပ်နေသည် ဆိုသည်ကိုပင် ဖြစ်သည်။
“အန်လင်းအာလည်း ဒီအကြောင်းကို သိပြီးသား ဖြစ်လောက်တယ်” ယုယင်က ပြုံးလိုက်သည်။ “တော်ဝင်သခင်ဆိုတာ ဒါမျိုးပဲလေ။ မိန်းမ တစ်ယောက်မက ရှိတာ ဘာဆန်းလို့လဲ။ လင်းအာကလည်း သဘောထား သေးသိမ်တဲ့လူမှ မဟုတ်တာ။ ဒါကြောင့် သူ့အစား တွေးပူနေစရာ မလိုဘူး။ ပြီးတော့ ဒီမိန်းကလေက အရမ်းကို သိမ်မွေ့ယဉ်ကျေးတာ။ လင်းအာနှင့် ဖက်မပြိုင်နေလောက်ဘူး”
“ငါလည်း အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်တာပဲ” ချန်ုယွဲ့ထုန်က ခေါင်းညိတ်ရုံလေး ညိတ်လိုက်သည်။
“မန်ဝူရလား…” ထိုအချိန်မှာပဲ ရှုဟွေက အလန့်တကြား ထအော်လိုက်လေသည်။ ရှုဟွေသည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် မန်ဝူရအား မျက်လုံးပြုတ်ထွက်မတတ် စူးစိုက်ကြည်နေခဲ့သည်။
“ဘာလို့ သူ့နာမည်ကို အော်ခေါ်နေတာလဲ အကြီးအကဲချုပ်။ ကျုပ်အခုလေးတင်ပဲ မိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူးလား” ရန်ကိုင်လည်း ကြောင်နေခဲ့သည်။
“အဲ့နာမည်ကို အရင်းက ကြားဖူးနေပါတယ်လို့ စဉ်းစားနေတာ။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လူသားမျိုးနွယ်စုရဲ့ အားအကောင်းဆုံး ပညာရှင်ကို မန်ဝူရလို့ ခေါ်တယ်လေ။ ခင်ဗျားက…”
“အသန်မာဆုံးလူသားလား” မန်ဝူရ အားတင်းပြုံးလိုက်ပြီး “ဒီလောကကြီးက လူတွေက ခေါင်းစဉ်တွေ လိုက်ပေးရတာ ကြိုက်ကြတယ်လေ။ အသန်မာဆုံးပဲဖြစ်ဖြစ်၊ ဒုတိယ အသန်မာဆုံးပဲဖြစ်ဖြစ်၊ အဲ့ဒါတွေက အရေးပါတာမှ မဟုတ်တာ”
“ခင်းဗျားက တကယ်ကြီး အဲ့လူပဲ” ရှုဟွေက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
အခြားအကြီးအကဲများသည်လည်း မန်ဝူရမှာ မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ လျှပ်စစ်ဖြင့် တို့ခံလိုက်ရသည့်အလား အကုန်လုံး မှင်သေသေ ဖြစ်နေခဲ့ကြသည်။
ရှုဟွေ သတိပေးလိုက်တော့မှပဲ သူတို့လည်း မန်ဝူရ ဆိုသော နာမည်ကို ပြန်သတိရလိုက်ကြသည်။
“ကောင်းလိုက်တာ။ ကျုပ်ဘဝမှာ အစ်ကိုကြီးမန်ကို တွေ့ရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ ကျုပ်အတွက် တကယ်ကို ဂုဏ်ယူစရာပဲ” ရှဒဟွေက လက်သီးဆုပ်၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ ရန်ကိုင် မန်ဝူရကို မိတ်ဆက်ပေးခဲ့စဉ်က ရှုဟွေသာ သာမန်ကာလျှံကာသာ နှုတ်ဆက်ခဲ့သည်။
တကယ်တော့ ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ထုန်းရွှမ်လောကကြီးတစ်ခွင် လူသိများကျော်ကြားသော အင်အားစုတစ်ခု ဖြစ်ပေသည်။ တော်ဝင်နယ်မြေ၏ အကြီးအကဲချုပ် ဖြစ်သည်နှင့်အညီ သူ့အဆင့်အတန်းသာ သာမန်ပညာရှင်များထက် အများကြီး ပိုမြင့်ပေသည်။
မန်ဝူရသည် ရန်ကိုင်၏ စီနီယာ ဖြစ်နေသည့် အတွက်ကြောင့်သာ ရှုဟွေက ဘဏ္ဏာထိန်းမန်ကို အရင်စနှုတ်ဆက်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် တစ်ဖက်လူသည် ဘယ်သူမှန်း သေသေချာချာ သိသွားသည်နှင့် ရှုဟွေ၏ သဘောထား အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့အကြည့်ထဲ လေးစားသည့် အရိပ်အယောင်တို့ပင် ပါဝင်နေခဲ့လေပြီ။
“အင်း၊ ဘဏ္ဏာထိန်းမန်နဲ့ စီနီယာမမလေးက ဒီမှာ ခဏနေလိမ့်မယ်။ ဒါကြောင့် နောက်ပိုင်းကျ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရမယ့် အခွင့်အရေးတွေ အများကြီး ရှိလာမှာပဲ” ရန်ကိုင်က လက်ဝှေ့ရမ်း၍ တတွတ်တွတ် ပြောနေသော ရှုဟွေ၏ စကားလမ်းကြောင်းကို ဖြတ်ပစ်လိုက်သည်။
“အို၊ အစ်ကိုကြီးမန်က တော်ဝင်နယ်မြေမှာ နေဖို့ ရည်ရွယ်ထားတာလား။ ကြိုဆိုတာပေါ့ဗျာ” ရှုဟွေ၏ မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့သည်။
“ဘဏ္ဏာထိန်းမန်နဲ့ စီနိယာမမလေးတို့ ကျုပ်နေနေတဲ့ တော်ဝင်သခင်ရုံးတော်မှာ နေလို့ရတယ်။ ဘယ်လိုလဲ” ရန်ကိုင်က မန်ဝူရ၏ အထင်အမြင်ကို မေးမြန်းလိုက်သည်။
“သန့်ရှင်းသရွေ့ အဆင်ပြေတယ်” မန်ဝူရက ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုရင် ကျုပ်နဲ့လိုက်ခဲ့ပေတော့” ရန်ကိုင်က လက်ယပ်ပြလိုက်သည်။
“တော်ဝင်သခင်၊ ဒီကိစ္စကို အကြိးအကဲယုယင် လက်ထဲပဲ အပ်ထားလိုက်ပါတော့လား။ ကျုပ်တော်ဝင်သခင်ကို ပြောစရာ ရှိသေးလို့” ရန်ကိုင် ထွက်သွားဖို့ လုပ်နေသည်ကိုမြင်သော် ရှုဟွေက ချက်ချင်းပဲ လှမ်းတားလိုက်လေသည်။
“ဘာကိစ္စပဲဖြစ်ဖြစ် နည်းနည်းလေးတောင် စောင့်လို့ ရမဘူးလား”
“တကယ်ကို စောင့်လို့မရလို့ပါ တော်ဝင်သခင်ရယ်” ရှုဟွေက အလေးအနက် ပြန်ပြောလိုက်သည်။
ရန်ကိုင်လည်း ရှုဟွေစကားကြောင့် အံ့အားသ့င်သွားခဲ့ရ၏။ ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ သဘောတူရတော့လေသည် “ကဲ၊ အကြီးအကဲယုယင်၊ သူတို့ကို တော်ဝင်သခင်ရုံးတော်ဆီ ခေါ်သွားပြီး အန်လင်းအာကို သူတို့အတွက် နေရာတစ်ခုလောက် စီစဉ်ပေးခိုင်းလိုက်ပါဦး”
“ကောင်းပါပြီ၊ တော်ဝင်သခင်။ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါနော်” ယုယင်က ချက်ချင်းပဲ လှုပ်ရှားလိုက်သည်။
ရှနင်းချန်သည် ရန်ကိုင်ဆီမှ မခွာချင်ခွာချင်ဖြင့် ထွက်သွားခဲ့ရလေသည်။
“သခင်၊ အခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်မလည်း သွားလိုက်ဦးမယ်နော်” လီရုန်က ခွင့်ပြုချက်တောင်းပြီး ရှေးဟောင်းနတ်ဆိုးကလန်မှ အခြားခေါင်းဆောင်များကို ဦးဆောင်၍ သူတို့နေထိုင်ရာ တောင်ထွတ်ဆီ ပြန်ထွက်သွားလေသည်။
မကြာမီ မြေကွက်လပ်နေရာတွင် တော်ဝင်နယ်မြေမှ အကြီးအကဲများနှင့် ရန်ကိုင်သာ ရှိတော့သည်။
“ကဲ၊ ဘာအရေးကြီးကိစ္စလဲ ပြောပါဦး” ရန်ကိုင်က စိတ်ညစ်နေသည့် အမူအရာဖြင့် ရှုဟွေကို မေးလိုက်သည်။
“တော်ဝင်သင်္ချိုင်းကိစ္စပါ” ရှုဟွေက ချက်ချင်းပဲ ပြန်ပြောလိုက်သည် “တော်ဝင်သင်္ချိုင်းမှာ တစ်ခုခုဖြစ်နေလို့ပါ တော်ဝင်သခင်၊ မြင်ရင် တော်ဝင်သခင် နားလည်မှာပါ”
“တော်ဝင်သင်္ချိုင်းထဲမှာ ဘာဖြစ်နိုင်မှာမို့လို့လဲ” ရန်ကိုင်က စိတ်မဝင်စားဟန်ဖြင့် ပြန်မေးလိုက်သည်။
တော်ဝင်သင်္ချိုင်းသည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တာမြစ်နေရာတစ်ခုဖြစ်ကာ ယခင်တော်ဝင်သခင်များ လဲလျောင်းရာ သင်္ချိုင်းတစ်ခုလည်း ဖြစ်ပေသည်။ သို့သော် ထိုထဲသို့ ရန်ကိုင် ဝင်သွားပြီးနောက် တော်ဝင်သင်္ချိုင်းသည် ဘာမှမရှိသော ဗြောင်တလင်းခါနေသည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်ပိုင်း တော်ဝင်နယ်မြေမှ ထောင့်နှင့်ချီသော တပည့်များသည် ထိုထဲတွင် နှစ်နှစ်၊ သုံနှစ်မျှကြာအောင် ပုန်းခိုနေခဲ့သည်။
လွန်စွာကိုမှသေးငယ်ပြီး အရိုင်းဆန်သော ထိုနေရာသည် တံခါးပိတ်ကျင့်ကြံ၍ ကောင်းသည့် နေရာတစ်ခုဖြစ်သည်မှလွဲ၍ လူမနေသင့်သည့် နေရာတစ်ခု ဖြစ်ပေသည်။
ထိုနေရာတွင် မည်ကဲ့သို့သော ပြဿနာကများ ဖြစ်လာနိုင်သည်ကို ရန်ကိုင် မတွေးတတ်အောင် ဖြစ်နေခဲ့၏။
တော်ဝင်သင်္ချိုင်းရှေ့သို့ ရောက်သည့်အခါ ရန်ကိုင်သည် ကျောက်တုံးဝင်ပေါက်ကြီးအား လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
မူလက ထိုကျောက်တုံးပြားကြီးပေါ်တွင် စိတ်ဝိဥာဉ် အစီအရင်တစ်ခု ရှိနေခဲ့ပြီး တော်ဝင်သခင်၏ လက်စွပ်သာ ထိုဝင်ပေါက်ကို ဖွင့်နိုင်ပေသည်။
သို့သော်လည်း ယခုအချိန်၌ ထိုကျောက်ပြားကြီးပေါ်တွင် ပိန်းပိန်းပိတ် မည်းမှောင်နေသော လေဟာနယ်လိုဏ်ခေါင်း တစ်ခု ရှိနေပေသည်။
တော်ဝင်နယ်မြေမှ အကြီးအကဲများသည် အတူတကွ စုပေါင်း၍ တော်ဝင်သင်္ချိုင်းမှ မီတာတစ်ထောင် ပတ်လည်၌ အရံအတားတစ်ခု ဖန်တီးကာ မည်သည့် တပည့်ကိုမဆို ထိုနေရာသို့ လာရောက်ခြင်းအား ပိတ်ပင်ထားခဲ့သည်။
“ဘာဖြစ်တာလဲ” ရန်ကိုင်က မေးလိုက်သည် “တော်ဝင်သင်္ချိုင်းက ဘယ်လိုလုပ်ပြီး ပွင့်နေတာလဲ”
“ကျုပ်လည်း ဒီမှာဘာတွေဖြစ်နေလဲ မသိဘူး။ တော်ဝင်သင်္ချိုင်းက ရုတ်တရက်ကြီး သူ့ဘာသာ ပွင့်လာတာ။ ဒီနေရာကို တပည့်တွေ မလာအောင်လို့ အနားပတ်လည်မှာ အရံအတားတွေ ဖန်တီးထားခဲ့ရသေးတယ်”
“သွားစစ်ဆေးကြည့်ပြီးသွားပြီလား” ရန်ကိုင်က ရှုဟွေကို မေးလိုက်သည်။
“အကြီးအကဲရှီခွန်နဲ့တော့ သွားစစ်ဆေးကြည့်ထားတယ်”
“ဘာတွေ့လဲ”
“ဘာမှမတွေ့ဘူး။ တော်ဝင်သင်္ချိုင်းက အရင်အတိုင်းပဲ။ ဘာမှပြောင်းလဲမသွားဘူး”
“ကျုပ်တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့ ဒီမှာစောင့်နေ” ပြောပြီးသည်နှင့် ရန်ကိုင်သည် ထိုလေဟာနယ် လိုဏ်ခေါင်းထဲသို့ ဝင်သွားလေသည်။
အမွေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် ရန်ကိုင်သည် နားမလည်နိုင်သည့် အမူအရာဖြင့် တော်ဝင်သင်္ချိုင်းထဲမှ ပြန်ထွက်လာခဲ့သည်။
ရှုဟွေ ပြောခဲ့သလို၊ တော်ဝင်သင်္ချိုင်းသည် သူ့ဘာသာ ပွင့်လာသည်မှလွဲ၍ အခြားဘာမှ ပြောင်းလဲမသွားခဲ့ချေ။ တော်ဝင်သင်္ချိုင်းထဲရှိ မိုးမြေစွမ်းအင်မှာလည်း ယခင်ကကဲ့သို့ သိပ်သည်းနေဆဲပင် ဖြစ်ပြီး ဘာအန္တရာယ်လက္ခဏာကိုမှလည်း မတွေ့ခဲ့ပေ။
အချိန်အတော်ကြာသည်အထိ စဉ်းစားနေပြီးသည့်တိုင် ရေရေရာရာ ရှင်းပြချက်တစ်ခုလောက်ကိုမှ မစဉ်းစားနိုင်ခဲ့ရာ နောက်ဆုံး မေးလိုက်သည် “ဘယ်တုန်းက စဖြစ်တာလဲ”
“လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကပါ”
“နှစ်ရက်၊ သုံးရက်လောက်ကလား” ရန်ကိုင်မျက်လုံး မှေးစဉ်းလိုက်ပြီး တစ်ခုခုကို ပြန်စဉ်စားမိလိုက်သည်။
“အင်း၊ တော်ဝင်သခင် တစ်ခုခုကို တွေးမိလိုက်လို့လား”
ရန်ကိုင် ခေါင်းခါလိုက်သည်။
လွန်ခဲ့သော နှစ်ရက်သုံးရက်ခန့်သည် ဘဏ္ဏာထိန်းမန်နှင့် ရှနင်းချန်ကို သူကယ်ဆယ်ခဲ့သော အချိန်ဖြစ်ပေသည်။
သို့သော်လည်း ထိုကိစ္စနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေရဲ့လေလော။ တကယ်တော့ နေရာနှစ်ခုသည် ကီလိုမီတာပေါင်း သောင်းနှင့်ချီ ကွာဝေးနေခြင်းပင် မဟုတ်ပေလော။ မသေမျိုးအဆင့် ပညာရှင်တစ်ယောက် အဖို့ နှစ်လသွားရသော ခရီးပင်။
“တိုက်ဆိုက်မှုသက်သက်ပဲလား”
“အခုလောလောဆယ်တော့ ဘယ်တပည့်ကိုမှ ဒီနား မလာခိုင်းနဲ့ဦး။ အန္တရာယ်တွေ မထွက်ပေါ်လာသေးတာလည်း ဖြစ်နိုင်တယ်။ အခြေအနေကိုပဲ အရင်တစ်ချက် စောင့်ကြည့်ထားလိုက်” ရန်ကိုင်လည်း ကူကယ်ရာမဲ့မဲ့ဖြင့်သာ ထိုကဲ့သို့ အမိန့်ပေးလိုက်ရသည်။ တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက် ဘာကြောင့် သူ့ဘာသာသူ ပွင့်လာမှန်း ရန်ကိုင်လည်း မစဉ်းစားတတ်ချေ။
ရန်ကိုင် အမိန့်ပေးလိုက်သည့်အခါ အကြီးအကဲများလည်း သူ့အမိန့်အတိုင်း အလျင်အမြန် ဆောင်ရွက်ကြတော့လေသည်။
တော်ဝင်သခင်ရုံးတော်သို့ ပြန်ရောက်သည့် အချိန်မှာပဲ သူ့အား အကြည့်များစွာ စိုက်ကြည့်နေသည်ကို ခံစားမိလိုက်၏။
ဆေးဝိဇ္ဇာကြီး ငါးယောက်သည် သူပြန်လာသည်ကို ကြားထားသည့် အတွက်ကြောင့်ပေလားမသိ၊ ထိုနေရာတွင် သူ့အား ရပ်စောင့်နေခဲ့ကြသည်။
“ကောင်လေး၊ မင်းငါ့တို့ကို လိမ်တယ်။ မင်းသုံးလ ခရီးကြောင့် ငါတို့လူအိုကြီးတွေ အကုန်လုံး အားပြတ်ပြီး သေတော့မယ်သိလား” ချန်ပေါင်းက ရန်ကိုင်ကို မြင်သည်နှင့် ချက်ချင်း အော်ပြောလေသည်။
လျျပ်စီးသွားမြို့တော် ဆေးပညာရှင်အစည်းအရုံးအခွဲ၏ တာဝန်ခံဖြစ်သလို သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်သည်နှင့်အညီ သူ့အဆင့်အတန်းသည် အရမ်းကိုမှ မြင့်မားလှပေသည်။ ဆေးဖော်စပ်ပေးပါဟု တစ်ယောက်ယောက် သူ့ဆီ လာရောက်အကူအညီ တောင်းလျှင်တောင်မှ သူသဘောတူမတူသည် သူ့စိတ်အခြေအနေပေါ် မူတည်ပေသည်။
လွန်ခဲ့သော သုံးလကကဲ့သို့ သူ့ဆီ လာအပ်သမျှ အားလုံးအတွက် ဆေးဖော်စပ်ပေးနေခဲ့ရသည့် အဖြစ်အပျက်မျိုး သူ့မှတ်တမ်းတွင် မရှိခဲ့ဘူး။
သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ လာပြီး ရန်ကိုင်အတွက် အလကား အလုပ်လုပ်ပေးသည်နှင့်ပင် တူနေသေးသည်။
သုံးလလုံးလုံး မရမ်းမနား ဆေးဖော်စပ်ခဲ့ရပြီးနောက် ချန်ပေါင် အဆီကီလိုဂရမ် ဒါဇင်ကျော်လောက် ကျသွားသလို သူ့ခန္ဓာကိုယ်မှာလည်း သိသိသာသာကို ပိန်သွားခဲ့သည်။
“ဟုတ်တယ်။ မင်းသာ စောစောပြန်မလာရင် ငါတို့လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်တော့ဘဲ ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတဲ့ တောင်းဆိုချက် အားလုံးကို လျစ်လျူရှုပြီး ဒီကနေ ထွက်သွားဖို့ ဆွေးနွေးနေကြတာ” ဟုန်ဖန်းကလည်း အော်ပြောလိုက်ပြန်၏။
“တော်လောက်ပြီ။ မသိရင် ရှင်တို့ကချည်းပဲ မတရား ခံစားနေရသလိုလို” ခုန်ရို့ယုက ထိုနှစ်ယောက်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “သုံးလလုံးလုံး ဆေးဖော်စပ်နေခဲ့လို့ ရှင်တို့လည်း အကျိုးအမြတ် အများကြီး ရခဲ့တယ် မဟုတ်ဘူးလား။ တုဝမ်ကို ကြည့်ပါလား၊ သူအခု သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီ။ ရှင်တို့ကကော သူ့လိုမျိုး မဖြစ်ချင်ကြတာလား။ ပင်ပန်းတာတော့ မှန်တယ်။ ဒါပေမယ့် ရှင်တို့ရခဲ့တဲ့ အကျိုးအမြတ်တွေကလည်း နည်းတာမှ မဟုတ်တာ”
ခုန်ရို့ယု၏ ပြစ်တင်စကားကြောင့် ထိုနှစ်ယောက် တိတ်သွားခဲ့သည်။ နှစ်ယောက်စလုံး သူမအား ဘာမှ ပြန်မပြောခဲ့။ ထို့အစား ရန်ကိုင်ကိုသာ မကျေမနပ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။
ရန်ကိုင်ကလည်း ရှေ့တက်၍ တောင်းတောင်းပန်ပန်ဖြင့် လက်သီးဆုပ်ကာ “ကျုပ်တကယ် တောင်းပန်ပါတယ်ဗျာ။ ဒီတစ်ကြိမ်ခရီး ဒီလောက် ကြာလိမ့်မယ်လို့ ကျုပ်လည်း တကယ်ကို မထင်ထားဘူး။ အစတော့ ရက်နည်းနည်းလောက်ပဲ ကြာမယ်ထင်ထားတာ။ ဆေးဝိဇ္ဇာကြီးတို့ကြောင့်ပဲ ကျုပ်တို့ တော်ဝင်နယ်မြေရဲ့ ဂုဏ်သတင်းကို အခုလိုဆက်ပြီး ထိန်းထားနိုင်တာ။ ကျုပ်တကယ် ကျေးဇူးတင်ပါတယ်”
“ဟန့်၊ မင်းနားလည်ရင်ပြီးရော” ဟဲဖုန်း ခေါင်းတညိတ်ညိတ် ဖြစ်သွားပြီး “ပြီးတော့ ငါတို့ မင်းအတွက် အလကားဆေးဖော်စပ်ပေးခဲ့ရတာ။ မင်းငါတို့ကို ဘယ်လို ပြန်ကျေးဇူးတင်မယ် စဉ်းစားထားလဲ”
ရန်ကိုင် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ အနားတွင် အန်လင်းအာနှင့် ပျော်ရွှင်စွာ စကားပြောနေသော သူ့စီနီယာ မမလေးကို မြင်သွားခဲ့လေသည်။ ထို့နောက် သွားပေါ်အောင် ပြုံးလိုက်ပြီး “နောက်ဆယ်ရက်အတွင်း ဘယ်ဆေးလုံးကိုမှ မဖော်စပ်ပေးတော့ဘူးလို့ ကျုပ်အမိန့်ပေးထားလိုက်ပြီး။ ဆေးဝိဇ္ဇာကြီးတို့ ကောင်းကောင်း နားလို့ရတာပေါ့”
“နားရုံလေးနဲ့ ငါတို့ကို ကျေနပ်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား” ချန်ပေါင်က ခေါင်းခါလိုက်သည်။
“အခုကနေစပြီး ဆယ်ရက်ကြပြီး ဆေးဝိဇ္ဇာကြီးတို့ စိတ်ကျေနပ်လောက်မယ့် လျော်ကြေးကို ဂျူနီယာပေးမှာပါ”
“ကောင်းပြီလေ” ယခုမှပဲ ချန်ပေါင်မျက်နှာ ပြန်လည် ဝင်းပပြုံးလာနိုင်တော့သည်။ “ငါတို့ အခြားဘာမှ မတောင်းဆိုချင်ဘူး။ မင်းငါတို့ရှေ့မှာ ဆေးဖော်စပ်ပြပေးရင်ကို ကျေနပ်ပြီ”
“ဆေးဝိဇ္ဇာကြီးတို့ ဆယ်ရက်လောက် စောင့်နေလိုက်။ တကယ့်အံ့အားသင့်စရာကြီးကို မြင်ရလိမ့်မယ်”
ဆေးဝိဇ္ဇာငါးယောက် သင်္ကာမကင်းအမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြရသည်။ ရန်ကိုင် ဘာတွေများ ကြံနေသလဲ ဆိုသည်ကို သူတို့စိတ်ထဲ အတွေးနယ်ချဲ့ နေမိခဲ့ကြ၏။
နောက်ဆုံးတွင် တုဝမ်က ပြုံးကာ ပြောလိုက်သည် “ငါတို့ ဆယ်ရက်နားချိန် ရသွားပြီဆိုတော့ မင်လည်း နားလိုက်ဦး။ အင်း။ မင်းကြည့်ရတာက အဲ့ကမိန်းကလေးဆီ အရမ်းကို သွားချင်နေတဲ့ပုံပဲ။ ကဲ၊ ငါတို့ လူအိုကြီးတွေ မရှုပ်တော့ပါဘူးလေ။ ငါတို့ ဒီကို ရောက်ကတည်းက ဒီက ရှုခင်းတွေကို တစ်ခါမှ သေချာ မကြည့်ရသေးဘူး။ ငါ့မိတ်ဆွေတို့၊ အပျင်းပြေ လမ်းလေးဘာလေးများ မလျှောက်ချင်ကြဘူးလား”
“ဟုတ်တယ်။ တောက်လျှောက် ထိုင်နေရတာ တစ်ကိုယ်လုံး တောင့်တင်းနေပြီ။ လမ်းလျှောက်ပြီး အကြောအချဉ်တွေ သွားလျှော့ကြရအောင်”
ဤသတို့ဖြင့် ဆေးဝိဇ္ဇာအားလုံး တော်ဝင်သခင်ရုံးတော်မှ ထွက်လာခဲ့ကြလေသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၇) ဒီလိုလည်း အဆင်ပြေတယ်
“နင်တို့နှစ်ယောက် စကားပြောနှင့်၊ ငါသွားလိုက်ဦးမယ်။ ညီမနင်းချန်၊ မေးချင်တာရှိရင် လာမေးနော်။ ကျွန်မလည်း တော်ဝင်သခင်ရုံးတော်မှာပဲ နေနေတာ” ဆေးဝိဇ္ဇာကြီး ငါးယောက် ထွက်သွားသည်ကိုမြင်သော် အန်လင်းအာသည် အလိုက်သိစွာပဲ ထွက်သွားပေးလိုက်သည်။
“အင်း၊ နောက်ကျ အစ်မကိုပဲ အလုပ်ရှုပ်စေရတော့မှာပေါ့” ရှနင်းချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး အန်လင်းအာ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
ကြည့်နေရင်း ရန်ကိုင်က ရုတ်တရက် သူမကို ပွေ့ချီလိုက်သဖြင့် ရှနင်းချန် တိုးတိုးလေး အော်မိလိုက်၏။ ချက်ချင်းပဲ သူမ၏ လက်ကလေးနှစ်ဖက်ဖြင့် ရန်ကိုင် လည်ပင်းကို သိုင်းဖက်လိုက်ပြီး အလျင်စလို မေးလိုက်သည် “ဂျူနီယာမောင်လေး၊ နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
“ကျွန်တော့်မှ စီနီယာမမလေးနဲ့ ပြောစရာ စကားတွေ အများကြီး ရှိနေလို့လေ” ရန်ကိုင်က ပြုံးကာ ရှနင်းချန်ကို သူ့အခန်းထဲသို့ ပွေ့ချီသွားလေသည်။
“ငါလည်းအတူတူပဲ…” ရှနင်းချန်က ရန်ကိုင်ပခုံးပေါ် ခေါင်းမှီထားလိုက်သည်။
အခန်းထဲသို့ ရောက်သည့်အခါ ရန်ကိုင်က ကုတင်ပေါ် အရင်ထိုင်လိုက်ပြီး သူ့စီနီယာမမလေးကို သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။
ထိုကဲ့သို့ ထိုင်နေသည့်အခါ တစ်ယောက်ရင်ဘတ်နှင့် တစ်ယောက် ထိကပ်မိနေကြလေ၏။ ရန်ကိုင် မျက်လုံးထဲ ရာဂမီးတောက်တို့ လောင်မြိုက်လာခဲ့ပြီး ညစ်ကျယ်ကျယ် ပြုံးလျက် သူ့လက်နှစ်ဖက်ကို မွှေနှောက်ဆော့ကစား တော့လေသည်။
စီနီယာမမလေးသည် ကြပ်သော အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့်အတွက် သူမ၏ ကောက်ကြောင်း အဖြာဖြာကို အထင်းသား ပေါ်လွင်နေစေခဲ့၏။ ရန်ကိုင်လက်များသည် သူမ၏ ခါးမှတစ်ဆင့် ပေါင်တံတစ်လျှောက် လူးလွန့်သွားလာနေခဲ့သည်။ ရန်ကိုင်၏ အထိအတွေ့တိုင်းသည် သူမခန္ဓာကိုယ်အား လျှပ်စစ်ဖြင့် တို့နေသည့်ပမာ ခံစားနေခဲ့ရသဖြင့် ရှနင်းချန်၏ ခန္ဓာကိုယ်လေး အလိုလို တုန်ရင်နေခဲ့ရသည်။ ရှက်လွန်းသဖြင့် ရန်ကိုင်နှင့် အကြည့်မဆုံမိအောင် ချက်ချင်း အကြည့်လွှဲလိုက်လေသည်။
သူမ၏ အသက်ရှူသံ လေးလံသည်ထက် လေးလံလာပြီး ကြည်နူးဖွယ်ကောင်းသော ထူးဆန်သည့် ခံစားချက်တစ်ခု သူမ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းလာခဲ့သည်။
ရန်ကိုင်သည် မသိချင်ယောင်ဆောင်ကာ သူ့စီနီယာမမလေးကို ဆက်လက် စနောက်နေခဲ့သည်။
“ဂျူနီယာမောင်လေး… တစ်မျိုးကြီး ထူးဆန်းနေသလို ငါခံစားနေရတယ်…” ရှနင်းချန်က နှုတ်ခမ်းလေးကို ကိုက်၍ ခြင်အော်သံကဲ့သို့ တိုးညင်းသည့် လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အို၊ ဘယ်လိုမျိုးလဲ” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးရင်း ပြန်မေးလိုက်သည်။ ဘာကြောင့်မှန်းမသိ၊ သူ့စီနီယာမမလေး ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို မြင်သော သူပို၍ စိတ်လှုပ်ရှားလာခဲ့ရသည်။
“ငါ… ငါမနေတတ်တော့ဘူး” ရှနင်းချန်က အားတင်း၍ ပြောလိုက်ပြီးနောက် ရန်ကိုင်လက်ကို သူမလက်ဖြင့် လှမ်းကိုင်တာ တားလိုက်သည်။
သူမ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် သူမ၏ ပေါင်ဆီမှ တစ်ခုခုကို ခံစားမိလိုက်ကာ ခြေထောက်နှစ်ဖက်ကို တင်းတင်း စေ့ထားမိလိုက်သည်။
ထိုအချိန်တွင် စီနီယာမမလေးသည် ယခင်ထက် အဆတစ်ရာမက ပို၍ ခံစားလွယ်လာသည့်အလား ရန်ကိုင် ကိုယ်တွင်းရှိ ပြောင်းလဲမှုမှန်သမျှကို သေသေချာချာ ခံစားမိနေခဲ့သည်။
သူမ၏ နှလုံးသားလေးဟာလည်း တိုက်ပွဲစည်ကြီးပမာ အဆက်မပြတ် ခုန်လာခဲ့လေသည်။
စိတ်ရော၊ ခန္ဓာကိုယ်ပါ လှုံ့ဆော်ခံနေရသဖြင့် ရှနင်းချန်၏ အတွေးတို့ ယောက်ယတ်ခတ်သွားခဲ့ပြီး နောက်ဘာဆက်လုပ်၍ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
“ဒီကို စကားပြောချင်လို့ ခေါ်လာတာကော ဟုတ်လို့လား” ရှနင်းချန်က တိုးတိုးလေး မေးလိုက်သည်။ အသိစိတ်မပျောက်အောင် ထိန်းထားသော်လည်း တလှိုက်လှိုက် တက်လာနေသော စိတ်ခံစားချက်များသည် သူမ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို တတိတိ တိုက်စားနေခဲ့သည်။
“အခု စကားပြောနေတာ မဟုတ်ဘူးလား” ရန်ကိုင်က ရှနင်းချန်အား အပြုံးလေးဖြင့် ကြည့်လိုက်သည်။
“အင်း…” ရှနင်းချန် ဆက်လက် မငြင်းဆန်နိုင်တော့။ သူမတစ်ကိုယ်လုံး အားအင်မဲ့ကာ နုံးခွေသွားသလို ခံစားလိုက်ရသည်။ အတွင်းပိုင်းမှ လှိုက်တက်လာနေသော အပူဓါတ်ကြောင့် သူမကိုယ်သူမ မီးတောင်ထဲ ရောက်နေသလို ခံစားနေခဲ့ရသည်။ တစ်ချိန်တွင် သူမ၏ အဖိုတန်ဆုံး တားမြစ်နေရာလေးသည်လည်း မသိလိုက်မသိဘာသာနှင့် အနည်းငယ် စိုထိုင်းထိုင်း ဖြစ်လာခဲ့လေသည်.
“စီနီယာမမလေး ဘာအကြောင်း ပြောချင်တာလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။
“ငါ… ငါမသိတော့ဘူး။ ဒီအတိုင်း ဆက်သွားလည်း အဆင်ပြေတယ်” ရှနင်းချန်သည် မျက်လုံးကို စုံမှိတ်ကာ သူမကိုယ်သူမ ရန်ကိုင် လက်ထဲသို့ ပုံအပ်လိုက်လေသည်။ သူမတစ်ဘဝလုံး ဤမျှ ကျေနပ်သာယာခဲ့ရသည့် အခိုက်အတန့်မျိုး တစ်ခါမှ မရှိဖူးခဲ့။
သူမ၏ ပုံစံကိုကြည့်ရင်း သူ့ကိုယ်တွင်းရှိ သွေးများ တပွက်ပွက် ဆူပွက်လာသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့ကိုယ်သူပင် ထိန်းမထားနိုင်တော့လောက်သည်အထိ ဖြစ်လာခဲ့ရသဖြင့် ကျင့်စဉ်ကို အလျင်စလို လှည့်ပတ်၍ စိတ်ယုတ်၊ စိတ်ရိုင်းတို့ကို အလျင်အမြန် ဖယ်ရှားလိုက်ရ၏။
သူ့လက်နှစ်ဖက်သည်လည်း ရပ်တန့်သွားခဲ့ခြင်း ရှနင်းချန် စိတ်အခြေအနေ တည်ငြိမ်သွားမည့် အချိန်ကိုသာ စောင့်ကြည့်နေလိုက်တော့သည်။
ခဏအကြာ ရှနင်းချန် ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးလေး ပြန်ဖွင့်လာခဲ့သည်။ သို့သော် သိပ်ကျေနပ်သည့်ပုံမရ။
ရန်ကိုင်က ခါးကိုမတ်လိုက်ပြီး လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည် “ရက်နည်းနည်းလောက်ကြာပြီး ဒီနေရာမှာနေလို့ အခြေကျသွားတော့မှပဲ ဆက်ကြတာပေါ့”
ရှနင်းချန် အသာအယာ ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည် “အင်း၊ ဂျူနီယာမောင်လေး ဆန္ဒရှိသလိုပဲပေါ့”
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြိး ရှနင်းချန်အား ပို၍ တင်းတင်း ဖက်မိလိုက်သည်။ ရှက်ရွံ့တတ်သော သူ့စီနီယာမမလေးအဖို့ ထိုကဲ့သို့ ပြောရန်အတွက် အတော့်ကိုမှ ခက်ခဲခဲ့ရပေမည်။
“အခု စကားကောင်းကောင်း ပြောသင့်ပြီ။ ကျွန်တော့်မှာ စီနီယာမမလေးကို မေးစရာတွေ အများကြီးရှိတယ်”
“ဂျူနီယာမောင်လေး ဘာမေးချင်တာလဲ”
“ဒီဆယ်နှစ်အတွင်း စီနီယာမမလေး ဘာတွေလုပ်နေတာလဲ”
“ဆရာသွားတဲ့နောက်ပဲ တကောက်ကောက် လိုက်နေတာ…” ရှနင်းချန်က သက်သောင့်သက်သာ ဖြစ်အောင် ထိုင်ပြီးနောက် ရန်ကိုင်ရင်ခွင်ပေါ် ခေါင်းမှီကာ ယခင် ဆယ်နှစ်အတွင်း သူမ၏ အတွေ့အကြုံများကို ရန်ကိုင်အား စပြောပြတော့လေသည်။ ရန်ကိုင်သည်လည်း ကြားဖြတ် ပြောဆိုခြင်းမပြုဘဲ သူ့စီနီယာမမလေး ပြောနေသည်ကိုသာ တိတ်တိတ်လေး နားစိုက်ထောင်နေခဲ့သည်။
အချိန်အတော်ကြာသွားတော့မှပဲ သူ့စီနီယာမမလေး ပြောလို့ပြီးသွားခဲ့သည်။ ယခု သူ့အလှည့်ပင်။ ရန်ကိုင်လည်း ဘာကိုမှ ကွယ်ဝှက်ထားခြင်းမရှိဘဲ သူကြုံတွေ့ခဲ့ရသမျှ အကြောင်းအရာ အားလုံးကို ပြန်ပြောပြလိုက်သည်။
အချိန်ကြာသွားသော်လည်း နှစ်ယောက်စလုံးမှာ ပြောလို့ စကားမကုန်နိုင်သေး။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပြောနေရင်း ထိုငြိမ်းချမ်းသော အခိုက်အတန့်ကို အတူတူ ကုန်ဆုံးသာယာနေခဲ့ကြသည်။
“ဟုတ်သားပဲ၊ စီနီယာအစ်မ စုယန်က ရေခဲဂိုဏ်းလို့ ခေါ်တဲ့နေရာမှာ ရှိနေတယ်နော်…” ရှနင်းချန် ရုတ်တရက် မှတ်မိသွားကာ ခေါင်းလေးမော့၍ ပြောလိုက်သည်။
“ကျွန်တော် သွားပြီးသွားပြီ” ရန်ကိုင်က ပြုံးလိုက်ပြီး “အဲ့နေရာက သူ့လေ့ကျင့်ဖို့အတွက် တော်တော်လေးကို သင့်တော်တဲ့ နေရာတစ်ခုပဲ။ ကျွန်တော်သူ့ကို သွားတွေ့တုန်းက သူက ကျင့်စဉ်ဝင်နေတော့ ကောင်းကင်စိတ်အာရုံနဲ့ပဲ အပြန်အလှန်ပြောပြီး ထွက်လာခဲ့ရတယ်။ သူအခု ဘယ်လို ရှိနေပြီလဲ မသိဘူး”
“ဂျူနီယာမောင်လေးက သူ့ကို ပြန်ခေါ်ချင်လို့လား”
“ဒီကကိစ္စတွေ ရှင်းပြီးသွားရင် သူ့ကို အတူတူ သွားခေါ်ကြမယ်လေ”
“အင်း” ရှနင်းချန်က ခေါင်းလေး တညိတ်ညိတ်ဖြင့် ရန်ကိုင် ရင်ခွင်ပေါ် ခေါင်းပြန်မှီလိုက်သည်။
“နတ်ဆိုးအိုကြီးကော။ သူအခု ဘာလုပ်နေလဲ” ရန်ကိုင်က မေးလိုက်သည်။
ရှနင်းချန်က ခေါင်းခါလိုက်ပြီး “ငါတို့ ဒီကို ရောက်တုန်းက နတ်ဆိုးအိုကြီးက ငါတို့နဲ့ လမ်းခွဲဿွားတယ်လေ။ နတ်ဆိုးကုန်းမြေဆီ သွားမယ်ဆိုပြီး ပြောသွားတာပဲ။ ဒါပေမယ့် ငါလည်း နတ်ဆိးကုန်းမြေဆီ ဆရာနဲ့အတူ သွားခဲ့သေးတယ်။ သူ့ကိုတော့ မတွေ့ခဲ့ဘူး။ သူ့သတင်းလည်း မကြားခဲ့ဘူး”
“အဲ့မိစ္ဆာအိုကကြီး… ကဲထားပါလေ။ သူ့ကို စိုးရိမ်နေစရာမှ မလိုတာ။ သူ့လိုလူမျိုးက အခြားတစ်ယောက်ရဲ့ လက်ကြောင့် သေမယ့်လူစားမျိုး မဟုတ်ဘူး” ရန်ကိုင်က ဖွဖွလေး ပြံးလိုက်သည်။
နတ်ဆိုးအိုကြီး၏ ကျင့်ကြံခြင်းသည် သိပ်မမြင့်သော်လည်း သူ့ခန္ဓာကိုယ်သည် အစစ်အမှန် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်၏ ခန္ဓာကိုယ်ဖြစ်ပေသည်။ ထိုခန္ဓာကိုယသ်ည သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ပင်။
အဆင့်တူ ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသော ပညာရှင်များသည်သာ သူ့ကို ထိခိုက်အောင် လုပ်နိုင်ပေလိမ့်မည်။
ထို့ကြောင့်ပဲ ရန်ကိုင်သည် နတ်ဆိုးအိုကြီးကို တစ်ခါမှ စိတ်မပူခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူတော်စင် တတိယအဆင့် ပညာရှင်များသည် အရမ်းကိုမှ ရှားပါလှသည် မဟုတ်ပေလော။
“အဲ့အကြောင်းပြောရင်း ကောင်းကင်စံအိမ်မှာ ရှိတုန်းက အချိန်တွေကိုတောင် ပြန်သတိရမိတယ်။ အဲ့တုန်းက ငါက အရမ်းကို အားနည်းခဲ့တာ။ မသေမျိုးအဆင့်နဲ့ သူတော်စင်အဆင့် ဆိုတာကိုတောင် သိခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် အဲ့မှာရှိနေတုန်းက အရမ်းကို လွတ်လပ်ပြီး ငြိမ်းချမ်းခဲ့တာ” ရှနင်းချန်က တိုးတိုးလေး ပြောလိုက်သည်။
“အင်း” ရန်ကိုင်လည်း သက်ပြင်းချလိုက်ပြီး “အားကောင်းလာတော့ လျစ်လျူရှုလို့ မရတဲ့ ကိစ္စတွေနဲ့ ပိုပိုပြီး ကြုံလာရတယ်”
ပြောနေရင်း တစ်ခုခုကို သတိရသွားကာ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဟုတ်သားပဲ။ စီနီယာမမလေးအတွက် လက်ဆောင်တစ်ခုရှိတယ်”
“ဘယ်လိုလက်ဆောင်မျိုးလဲ” ရှနင်းချန် ထထိုင်လိုက်ပြီး ရန်ကိုင်ကိုကြည့်ကာ ပြန်မေးလိုက်သည်။
ရန်ကိုင်က စမ်းရေကဲ့သို့ ကြည်လင်သော အရည်နှစ်စက် ရှိသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်လိုက်သည်။
ထိုအရည်စက်နှစ်စက်ကို မြင်လိုက်သည့်အခါ ရှနင်းချန်၏ အမူအရာ လေးနက်သွားခဲ့လေသည်။
“ဒါဘာလဲ”
“နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည်လေ”
ရှနင်းချန် သူမပါးစပ်လေးကို အလန့်တကြား အုပ်မိလိုက်သည်။ ထိုနာမည်ကျော်ကြားသည့် ရတနာ အကြောင်းကို သူမ မသိဘဲ နေမည်လော။ ချက်ချင်းပဲ “ဒါက ဟိုးနှစ်တုန်းက ဝဲပျံတိမ်တိုက်မြို့နားမှာ ပွင့်သွားတဲ့ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်ရဲ့ ဆေးအရည်လား”
“ဟုတ်တယ်။ စီနီယာမမလေးလည်း အဲ့အကြောင်း သိတာလား”
“အင်း။ အဲ့တုန်းက ဆရာက ငါ့ကို ပန်းပွင့်တာ မြင်ဖူးရယ်ရှိအောင်ရယ်၊ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်ကို သိပ်သည်းနိုင်တဲ့ အခွင့်အရေးများ ရှိမလားရယ် ဆိုပြီး ခေါ်သွားခဲ့တာ။ ဒါပေမယ့် လူတွေက အရမ်းများနေတော့ အန္တရာယ်များလို့ဆိုပြီး ဆရာက ငါ့ကို ဝင်မပါခိုင်းတော့တာ” ရှနင်းချန်က ရှင်းပြလိုက်သည်။ ထို့နောက် အံ့အားသင့်နေသည့် လေသံဖြင့် “ဂျူနီယာမောင်လေးလည်း အဲ့ကို ရောက်နေတာလား”
အလွန့်ကိုမှ ခါးသီးနေသည့် အမူအရာဖြင့် ရန်ကိုင်က သက်ပြင်းချက် “အင်း”
ရှနင်းချန် ဝမ်းနည်းစွာသာ ခေါင်းညိတ်လိုက်သည်။
ထိုသို့ဖြင့် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အတန်ကြာသည်အထိ စိုက်ကြည့်နေကြတော့သည်။ ဝဲပျံတိမ်တိုက်မြို့တွင် ရှိစဉ်က တစ်ယောက်နှင့်တစ်ယောက် မနီးမဝေးတွင် ရှိနေကြမှန်း နှစ်ယောက်စလုံး မသိသည့်အတွက် နီးနီးလေးနှင့် ဝေးသွားခဲ့ရသည်။ ထို့အတွက်ကြောင့် သူတို့ ပြန်လည် ဆုံးစည်းရသည့် အချိန်မှာလည်း နှစ်များစွာ နောက်ကျသွားခဲ့ရသည်။
“လတ်စသတ်တော့ အဲ့ကရတနာကို ဂျူနီယာမောင်လေး ရသွားတာကိုး”
“ကျွန်တော်ရခဲ့တယ် ဆိုပေမယ့် ကျွန်တော်နဲ့ တန်းတူ ရခဲ့သင့်တဲ့ လူတစ်ယောက်လည်း ရှိသေးတယ်။ စီနီယာမမလေး သိတဲ့လူတစ်ယောက်ပဲလေ” ရန်ကိုင်က ပြုံးကာ သူမအား မခန့်မှန်းခိုင်းတော့ဘဲ သူကသာ ဆက်ပြောလိုက်သည် “တိယောင်ဆိုတြ့ လူငယ်လေးလေ။ စီနီယာမမလေး သူ့ကို မှတ်မိလား”
“လူအိုကြီးလီရဲ့ တပည့်လား။ ငါ့သူ့ကို မှိတ်မိတယ်။ သူနဲ့ငါ ဆေးပညာချင်း ပြိုင်ခဲ့တာလေ”
ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်သည် “တိယောင်က အရှုံးကို မကျေနပ်သေးတဲ့ပုံပဲ။ နောက်တစ်ကြိမ် ပြန်တွေ့ရင် ထပ်ပြိုင်မယ် လုပ်နေတာလေ။ ဒါပေမယ့် စီနီယာမမလေးကို သူဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”
“အဲ့လိုတော့ မဟုတ်သေးဘူး။ အဲ့တုန်းက ငါသူ့ကို ကပ်ပြီး နိုင်သွားတာ။ သူက လူအိုကြီးလီရဲ့ တပည့်ပဲလေ။ ဆေးဖော်စပ်တဲ့ သူ့စွမ်းရည်က အဆင့်ဘယ်နိမ့်ပါ့မလဲ” ရှနင်းချန်က မာနထောင်ကြွားခြင်း အရှင်းမရှိ၊ အမှန်အတိုင်း ပြောလိုက်သည်။
“စီနီယာမမလေးက ထွဋ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကို ပိုင်ဆိုင်ထားတာလေ။ ဆေးပညာဘက်က ဘယ်သူက စီနီယာမမလေးရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ” ရန်ကိုင်က ခေါင်းခါလိုက်ပြီး နောက်ထပ် ကျောက်စိမ်းပုလင်းအလွတ် တစ်လုံးကို ထုတ်ကာ နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့် ဆေးအရည်တစ်စက်ကို သွန်ထည့်လိုက်ပြီး စီနီယာမမလေး လက်ထဲသို့ ထည့်ပေးလိုက်သည် “အချိန်တန်ရင် ဒီဆေးအရည်ကို သန့်စင်ပြီး သူတော်စင်အဆင့်ကို စီနီယာမမလေး ချိုးဖျက်လို့ရပြီ။ စီနီယာမမလေးရဲ့ ထွဋ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာက ဆေးမှန်သမျှကို ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ သန့်စင်နိုင်တယ်ဆိုတော့ ဒါကိုအသုံးပြုဖို့ စီနီယာမမလေးက အသင့်တော်ဆုံးပဲ”
“အင်း။ ကျေးဇူးပဲနော် ဂျူနီယာမောင်လေး။ ဒါပေမယ့် အခုငါ့ကျင့်ကြံခြင်းကို အရင်အခြေခိုင်သွားအောင် လုပ်ရဦးမယ်” ရှနင်းချန်က ရန်ကိုင်ပေးသည့် လက်ဆောင်ကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။
“လာခဲ့။ စီနီယာမမလေးအတွက် နောက်ထပ်လက်ဆောင် တစ်ခု ရှိသေးတယ်” ပြောပြီးသည် သူမအား ချီကာ အိပ်ရာပေါ် တင်လိုက်သည်။
သူ့စီနီယာမမလေးနှင့် မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်၍ ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “စီနီယာမမလေးရဲ့ အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့ပေးထားနော်”
ရှနင်းချန်သည် နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေဘဲ ရန်ကိုင် ပြောသည့်အတိုင်း လုပ်ပေးလိုက်သည်။
ထို့နောက် ရန်ကိုင်၏ စိတ်စွမ်းအင် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ စီးဝင်လာသည်ကို ခံစားမိလိုက်၏။
အသိစိတ်ပင်လယ်သည် လူတစ်ယောက်၏ အတွင်းစိတ် နှလုံးသားကို ထင်ဟပ်နေပေသည်။ ထို့ကြောင့် ရှနင်းချန်၏ အသိစိတ်ပင်လယ်သည် သူမကဲ့သို့ လန်းဆန်းသစ်လွင်၊ သန့်ရှင်းလတ်ဆတ်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေခဲ့သည်။
နှစ်ယောက်စလုံး၏ ဝိဥာဉ်ပုံရိပ်တို့သည် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြသည်။ ထို့နောက် ရန်ကိုင်က စမေးလိုက်၏ “ကျွန်တော် အရင်တုန်းက သင်ပေးခဲ့တဲ့ အစစ်အမှန် ဆေးပညာနည်းလမ်းကို စီနီယာမမလေး မှတ်မိလား”
“မှတ်မိတာပေါ့။ အဲ့ဒါကြောင့်ပဲ ငါအခုလိုမျိုး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာလေ”
“တိုက်ပွဲမြို့တော်မှာတုန်းက အဲ့အစစ်အမှန်ဆေးပညာ နည်းလမ်းကို အပြည့်အဝ နားမလည်သေးတော့ စီနီယာမမလေးကို နည်းနည်းပါးပါးလောက်ပဲ သင်ပေးနိုင်ခဲ့တယ်။ အခု ကျန်တဲ့ဟာတွေ အကုန်လုံးကို လွှဲပြောင်းပေးတော့မယ်”
ထိုစကားကို ကြားသည့်အခါ ရှနင်းချန် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“စီနီယာမမလေး၊ အခု ဘယ်အဆင့် ရောက်နေပြီလဲ”
“ဆေးပညာရှင် အစည်းအရုံးမှာတော့ မှတ်တမ်း မတင်ရသေးဘူး။ ဒါပေမယ့် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်ပြီ” ရှနင်းချန်က စိတ်ညစ်နေသည့် အမူအရာဖြင့် “ဒါပေမယ့် ဒီအဆင့်ရောက်ပြီးတဲ့နောက်ပိုင်း ဘယ်လို ရှေ့ဆက်တက်ရတော့မလဲ မသိတော့ဘူး။ သူတော်စင်အဆင့် ဆေးအမယ်တွေ ရှားပါးလွန်းတော့ ငါလည်း သိပ်ပြီး မလေ့ကျင့်နိုင်တော့ဘူး”
ခန့်မှန်းပြီးထားပြီ ဖြစ်သော်ငြား ရှနင်းချန်၏ လက်ရှိ အဆင့်ကြောင့် ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၈) ဝူကျဲရောက်လာခြင်း
ရန်ကိုင်နှင့် ရှနင်းချန်တို့ နှစ်ယောက်စလုံးသည် သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်များ ဖြစ်ကြသော်ငြား သူတို့နှစ်ယောက် သုံးစွဲခဲ့သော အချိန်ပမာဏ၊ အရင်းအမြစ်မှာမူ တူညီခြင်း မရှိကြပေ။
ရှနင်းချန်သည် ယခင်ဆယ်နှစ်တာ အတောအတွင်း မန်ဝူရနောက် တကောက်ကောက် လိုက်နေရခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဆေးပညာကို ကောင်းကောင်း မလေ့ကျင့်ခဲ့ရ။ ထို့အပြင် မန်ဝူရသည် သူမလေ့ကျင့်ရန် လိုအပ်သော ဆေးအမယ်များကိုလည်း များများစားစား စုဆောင်းပေးနိုင်ခဲ့ခြင်း မရှိပေ။
ရန်ကိုင်အနေဖြင့် ဆေးပညာတွင် ယခုလက်ရှိ အဆင့်သို့ ရောက်လာနိုင်ခဲ့ခြင်းမှာ အရမ်းကိုမှ များပြားလှသော အရင်းအမြစ်များနှင့် အချိန်ပမာဏကြောင့် ဖြစ်ပေသည်။
တစ်ဖက်တွင်မူ သူ့စီနီယာမမလေးသည် မွေးရာပါ အရည်အချင်းနှင့် အထူးခန္ဓာကိုယ်ကို အသုံးပြု၍ လက်ရှိ အဆင့်သို့ ရောက်လာခဲ့ခြင်း ဖြစ်ကာ သူမအသုံးပြုခဲ့သော အရင်းအမြစ်နှင့် အချိန်ပမာဏမှာ ရန်ကိုင် အသုံးပြုခဲ့သည်၏ တစ်စိတ်တစ်ပိုင်းလောက်သာ ရှိပေသည်။
သို့တိုင် ထိုမျှလောက်လေးနှင့် သူတော်စင် အလယ်အလတ် အဆင့်သို့ ရောက်လာနိုင်ခဲသည်။
သူတို့နှစ်ဦးသားကြား အရည်အချင်း ကွာခြားချက်မှာ အတော့်ကိုမှ ကြီးလှပေ၏။
အံ့အားသင့်သွားသော်လည်း သိမ်ငယ်စိတ်ဝင်သွားခြင်းမရှိ။ သူ့စီနီယာမမလေးအတွက်ပင် ပျော်သွားသေး၏။ သူ့စီနီယာမမလေး ပိုအံ့ဩစရာကောင်းလေ သူပိုပျော်လေပင်။
သူတို့ ချစ်ရသော မိန်းမသည် တစ်နေရာရာတွင် သူတို့ထက် ပိုတော်နေလျှင် စိတ်ညစ်၊ မနာလိုတတ်ကြသော သာမန်လူများ ကဲ့သို့မဟုတ်ဘဲ ရန်ကိုင်သည် ဂုဏ်ပင်ယူနေတတ်သည့် လူစားမျိုးဖြစ်သည်။
“အဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်ပူမနေတော့နဲ့ စီနီယာမမလေး၊ အခုအချိန်ကနေစပြီး စီနီယာမမလေး လေ့ကျင့်ဖို့အတွက် အရင်းအမြစ်တွေ ပြတ်လပ်နေတော့မှာ မဟုတ်ဘူး။ မကြာခင်မှာပဲ စီနီယာမမလေးလည်း လူအိုကြီးလီ အဆင့်ကို ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံတယ်” ရန်ကိုင်က အပြုံးကြီးပြုံးလျက် သူ့လက်ကို ဆန့်ထုတ်၍ အဖြူရောင် အလင်းလုံးလေးတစ်လုံးကို သူ့လက်ဝါးထက် စုစည်းစေလိုက်ကာ သူ့စီနီယာမမလေး၏ ဝိဥာဉ်ပုံရိပ်ထဲသို့ ပို့လွှတ်ပေးလိုက်လေသည် “ဒီထဲမှာ အစစ်အမှန်ဆေးပညာ နည်းလမ်းနဲ့ ပက်သက်တာတွေ အားလုံးပါတယ်။ စီနီယာမမလေးကိုယ်တိုင် လေ့လာကြည့်လိုက်”
“အင်း” ရှနင်းချန်သည် သူမစိတ်တစ်ခုလုံးကို ဖြေလျော့ပေးထားလိုက်ပြီး စိတ်စွမ်အင်းအလင်းလုံးကို စုပ်ယူလိုက်သည်။ ပြီးသည်နှင့် ထိုအရာကို ချက်ချင်း စတင်လေ့လာတော့လေသည်။
ရန်ကိုင်သည် သူမအား မရှုပ်တော့ဘဲ သူ့ဘာသာ တိတ်တိတ်လေး ထွက်သွားလေသည်။
အခန်းထဲမှ ထွက်လာပြီးနောက် တော်ဝင်သခင် ရုံးတော်ရှိရာ အဓိကခန်းမဆီ လျှောက်သွားလိုက်သည်။
အန်လင်းအာသည် တင်ပို့လာသော အစီအရင်ခံစားများကို ဖတ်ရင်း ပြုံးပျော်ရွှင်မြူးနေခဲ့သည်။
ရန်ကိုင် ရောက်လာသဖြင့် ထိတ်လန့်သွားခြင်းမရှိ။ သူမအလုပ်ကိုသာ ဆက်လုပ်နေခဲ့သည်။
ရန်ကိုင် သူမရှေ့တည့်တည့်တွင် ထိုင်ပြီး သူ့အတွက် ရေတစ်ခွက် ငှဲ့လိုက်တော့မှပဲ အန်လင်းအာ ခေါင်းမော့လာခဲ့ပြီး ပြုံးဖြီးကာ “ဘာဖြစ်လို့လဲ။ နောက်ဆုံး အချိန်အကြာကြီးနေမှ ပြန်တွေ့ရတာကို ဘာလို့ အတူတူမနေဘဲ ထွက်လာတာလဲ။ အခုမှ နှစ်ရက်ပဲရှိသေးတာ၊ ဆက်နေလို့ ရသေးတယ်”
ရန်ကိုင် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည် “ပြောစရာရှိတာတွေ အာလုံး ပြောပြီးသွားတာကို ဘာဆက်လုပ်ရဦးမှာလဲ”
“အို၊ စကားပဲ ပြောခဲ့တာလား” အန်လင်းအာ၏ အပြုံး ပို၍ ပီပြင်လာခဲ့သည်။
“ငါတို့ ဘာလုပ်နေတယ်လို့ နင်ထင်လို့လဲ” အန်လင်းအာ၏ အမူအရာ ထူးဆန်းနေသည်ကို မြင်သော် ထိုကောင်မလေး မဟုတ်တရုတ် တွေးနေမည်မှန်း ရန်ကိုင် သိလိုက်သည်။
“ဘယ်သူသိမှာလဲ၊ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း အချိန်အကြာကြီး ယူနေတယ်ဆိုကတည်းက တစ်ခုခုတော့ ဖြစ်ကို ဖြစ်ခဲ့ရမှာပဲလေ” အန်လင်းအာက ရန်ကိုင်ကို စနောက်လိုက်သည်။
“နင်မနာလိုနေတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင်က အန်လင်းအာကို အသေအချာ စိုက်ကြည့်လိုက်သည်။
အန်လင်းအာက နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည် “နင့်ကိုယ်နင် မြှောက်မနေစမ်းပါနဲ့ဟယ်၊ တော်ကြာ အကြီးအကဲတွေ ငါတို့ကို ဟိုလိုဖြစ်နေတယ်ဆိုပြီး ထင်နေကြဦးမယ်”
“တော်ဝင်သခင်ကို ဒီလိုပြောရဲတဲ့ သူတော်စင်မဆိုတာ နင်ပထမဆုံးလူပဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“နင်ကကော အရင်တော်ဝင်သခင်တွေနဲ့ ဘာလို့ မတူတာလဲ။ အခုလိုဖြစ်အောင် နင်ပဲ လုပ်လိုက်တာ မဟုတ်ဘူးလား။ ကောင်းတယ်၊ တော်လောက်ပြီ။ အရင်လက တော်ဝင်နယ်မြေရဲ့ ဝင်ငွေအားလုံးကို ဒီမှာ မှတ်တမ်းတင်ထားတယ်။ နင်ကြည့်ဦးမလား”
“ဘာလို့ မကြည့်ရမှာလဲ” ရန်ကိုင်သည် ထိုစာရင်းစာအုပ်ကို ယူကာ စတင် လှန်ကြည့်တော့လေသည်။ ထိုစာရင်းစာအုပ်ကို အကြမ်းဖျင်း လှန်ကြည့်ပြီးနောက် တော်ဝင်နယ်မြေမှ သန့်စင်ပေးခဲ့သော အမျိုးမျိုးသော ဆေးလုံများနှင့် ရရှိခဲ့သော အခကြေးများကို မြင်ခဲ့ရသည်။ အကုန်လုံးကို အသေးစိတ် မှတ်တမ်း တင်ထားပေသည်။
အခကြေးအများစုကို သလင်းကျောက်တုံးများဖြင့် ပေးချေကြပြီး ရှားပါးဆေးအမယ်များ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ၊ မှော်ရတနာများနျင့် အခြားထူးဆန်းသော ပစ္စည်းများဖြင့် ပေးချေကြသည်များလည်း ရှိပေသည်။
တောက်လျှောက် လှန်လှောကြည့်လိုက်ပြီးနောက် ထိုစာရင်းစာအုပ်ကို ရန်ကိုင် စိတ်မဝင်စားတော့ချေ။ စာအုပ်ကို အန်လင်းအာဆီသို့ပြန်ပေးလိုက်ပြီး “နင်ပဲ ကြည့်ပေတော့”
တော်ဝင်သခင်ရုံးတော်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုံ့သွားခဲ့ပြီး အန်လင်းအာကို မေးလိုက်လေသည် “ဘဏ္ဏာထိန်းမန်ကော။ ငါဘာလို့ သူ့ကို မတွေ့တာလဲ”
အန်လင်းအာက ချက်ချင်းပဲ ပြန်ဖြေလိုက်သည် “နင်မမေးရင် ငါလည်း မေ့တော့မလို့။ စီနီယာမန်က သူအပြင်တစ်ချက်သွားဦးမယ်တဲ့။ နင်သူ့တပည့်ကို ဂရုစိုက်ထားပေးဖို့ ငါ့ကို ပြေားခိုင်းထားတယ်။ သူ့တပည့်ကို အနိုင်ကျင့်ရဲရင် နင်မစားနိုင်၊ မသောက်နိုင်၊ လမ်းမလျှောက်နိုင်အောင် လုပ်ပစ်မယ်တဲ့”
“သူအပြင်သွားတာလား။ သူဘယ်သွားတာလဲ။ သူပြန်လာမယ်လို့ကော ပြောသွားသေးလား”
“မနေ့တုန်းက ထွက်သွားတာ။ ဘယ်အချိန် ပြန်လာမယ် ဆိုတာကိုတော့ ဘာမှပြောမသွားဘူး” အန်လင်းအာက ခေါင်းခါလိုက်သည်။
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။ တော်ဝင်နယ်မြေသို့ ရောက်ရောက်ချင်း မကြာခင်မှာဘဲ မန်ဝူရ ဘာကြောင့် ထွက်သွားသလဲ ဆိုသည်ကို သူမသိသော်လည်း သူတို့ အရင်ဝင်ခဲ့သည့် ထူးဆန်းသော ဆန်းကြယ်လောကငယ် နှင့် ပက်သက်နေမည်ဟု ရန်ကိုင် ခန့်မှန်းမိပေသည်။ မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွား ပြောသွားခဲ့သော စကားများနှင့်ပင် ပက်သက်နေနိုင်သေးသည်။
သို့သော်လည်း ဘဏ္ဏာထိန်းမန်သည် သူ့အရင်ခွန်အားကို ပြန်ရသွားပြီ ဖြစ်လေရာ နတ်ဆိုးမြို့တော်သို့သွားပြီး နတ်ဆိုးဗိုလ်ချုပ်ကြီးကို သွားစိန်မခေါ်သရွေ့ သူ့အတွက် အန္တရာယ်ရှိလိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကို ရန်ကိုင် စဉ်းစားနေစဉ်မှာပဲ ရှုဟွေက အပြင်မှ အထဲသို့ အလျင်စလို လမ်းလျှောက်ဝင်လာပြီး “တော်ဝင်သခင်၊ ဝူကျဲက သခင့်ကို တွေ့ချင်လို့တဲ့”
ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “ဝူကျဲလား”
“သူ့ကြည့်ရတာက စိတ်အနှောင်အယှတ်ဖြစ်စရာ တစ်ခုခု ကြုံနေရတဲ့ပုံပဲ။ မျက်နှာအမူအရာလည်း မကောင်းဘူး” ရှုဟွေက ဆက်ပြောလိုက်သည်။
“သူ့ကို ဝင်လာခိုင်းလိုက်” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဝူကျဲပေါ်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် “တော်ဝင်သခင်ကို နှုတ်ဆက်ပါတယ်”
“ဂိုဏ်းချုပ်ဝူ၊ တစ်ခုခု ဖြစ်လို့လား”
ဝူကျဲက ခေါင်းညိတ်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အင်း။ အခုဖြစ်နေတာက ကြယ်ရောင်ဖြာ နန်းတော်ထဲက ကျောက်တုံးတောအုပ်နဲ့ ပက်သက်နေပါတယ်”
ရန်ကိုင် အမူအရာ ချက်ချင်း လေးနက်သွားခဲ့ပြီး “ကျောက်တုံးတောအုပ် ဘာဖြစ်သွားလို့လဲ”
“အဆင်ပြေမယ်ဆိုရင် တော်ဝင်သခင်ကိုယ်တိုင် လိုက်ကြည့်လိုက်ပါလား” ဝူကျဲက ချက်ချင်း ရှင်းမပြခဲ့ပေ။
သို့သော် သူ့အမူအရာနှင့်လေသံအရ၊ ဘာအကြောင်းလဲ ဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ ဘာမှ ထပ်ပြောမနေတော့ဘဲ ရန်ကိုင်သည် ဝူကျဲနှင့်အတူ တော်ဝင်သခင် ရုံးတော်မှ ထွက်သွားလိုက်လေသည်။
တစ်ချိန်တည်းတွင် လီရုန်အား သူ့ဆီလာရန် ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအကြောင်းကြားလိုက်သည်။ ထို့နောက် သုံးယောက်သား ကြယ်ရောင်ဖြာနန်းတော်ဆီသို့ ထွက်သွားလေသည်။
“သခင်၊ တစ်ခုခုဖြစ်လို့လား” လီရုန်က မေးလိုက်သည်။
“ဝူကျဲပြောတာ ကျောက်တုံးတောအုပ်ထဲမှာ တစ်ခုခု ဖြစ်နေလို့တဲ့။ အဲ့ဒါကြောင့် ငါကိုယ်တိုင်ကြည့်ရအောင် လာခေါ်တာ”
“ကျောက်တုံးတောအုပ်ကို ပြောတာလား” လီရုန်က လှမ်းအော်ပြောလိုက်သည် “ကြယ်တာရာကောင်းကင်ဆီ ဦးတည်နေတဲ့ ကျောက်တုံးတောအုပ်ကို ပြောတာလား”
“အင်း”
“အဲ့မှာ ဘာဖြစ်နေလို့လဲ”
“ငါလည်းမသိဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။
အမွှေးတိုင်တစ်ချောင်းစာကြာပြီးနောက် သူတို့အဖွဲ့ ကျောက်တုံးတောအုပ်ဆီသို့ ရောက်လာခဲ့သည်။ အောက်သို့ ငုံ့ကြည့်လိုက်သည်နှင့် ရန်ကိုင်မျက်လုံး ချက်ချင်း မှေးစဉ်းသွားခဲ့ရသည်။
ကျောက်တုံးတောအုပ် အလွယ်တွင် အနက်ရောင်ဝင်ပေါက် တစ်ခု ပွင့်နေခဲ့သည်။
လီရုန်က အလျင်စလို မေးလိုက်သည် “အဲ့ဝင်ပေါက်ကို ဘယ်သူဖွင့်တာလဲ”
ဝူကျဲက ခေါင်းခါ၍ ပြန်ရှင်းပြလိုက်သည် “အဲ့ဝင်ပေါက် ပွင့်နေတာကို ကျုပ်တို့ဂိုဏ်းက တပည့်တစ်ယောက် မတော်တဆ တွေ့ခဲ့တာ။ ဒီနေရာက တော်ဝင်သခင်အတွက် အရေးကြီးမှန်း ကျုပ်သိထားလို့၊ အရင်တစ်ကြိမ် လာပြီးကတည်းက ဂိုဏ်းက တပည့်တွေကို ကြယ်ရောင်ဖြာ နန်းတော်ဆီ အဝင်၊အထွက် မလုပ်ဖို့ တားမြစ်ထားလိုက်တယ်။ ကျုပ်တို့ မရဂိုဏ်းက တပည့်တစ်အုပ်က ဒီနားက ဖြတ်ပျံသွားတုန်း ဒီဝင်ပေါက် ပွင့်နေတာကို ရုတ်တရက် တွေ့သွားတယ်လေ။ အကုန်လုံးက သိချင်နေကြတော့ အောက်ဆင်းပြီး အချို့က ဝင်ပေါက်ထဲဝင်ပြီး သွားစူးစမ်းကြတယ်။ ဒါပေမယ့် ဘယ်သူမှ ပြန်မလာခဲ့ကြဘူး။ အဲ့လိုနဲ့ အပြင်မှာ စောင့်နေတဲ့လူတွေက ဂိုဏ်းဆီ ချက်ချင်း ပြန်သတင်းပို့ကြရော။ အဲ့ကနေ အကြီးအကဲတစ်ဦးက ကျုပ်ကို ပြန်ပြောပြတာ။ ကျုပ်လည်း သိသိချင်းပဲ တော်ဝင်နယ်မြေဆီ ချက်ချင်း လာခဲ့တာပဲ”
ဝူကျဲပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားကိုယ်တိုင် အထဲမဝင်သွားတာ ကံကောင်းသွားတယ်မှတ်”
ဝူကျဲက ပြုံးလိုက်ပြီး “ဒီဝူ ကိုယ့်အကန့်အသတ် ကိုယ်သိပါတယ်။ ဒီတော့ ဒါက ကြယ်တာရာကောင်းကင်ဆီ သွားတဲ့ ဝင်ပေါက်လား”
“ဟုတ်တယ်။ အရင်အကြိမ် လီရုန်နဲ့ ကျုပ် သွားစစ်ဆေးတုန်းက ဒီဝင်ပေါက်က ကြယ်တာရာကောင်းကင်ဆီ ဦးတည်နေမှန်း တွေ့ခဲ့ရတယ်လေ။ သူတော်စင်တတိယအဆင့် အောက်မှာရှိနေတဲ့ ဘယ်သူမဆို အဲ့ထဲ ဝင်သွားလိုက်တာနဲ့ ကျိန်းသေ သေမှာပဲ။ ခင်ဗျားတပည့်တွေ ပြန်လာမှာ မဟုတ်တော့ဘူး”
ဝူကျဲမျက်နှာ ဖြူလျော်သွားခဲ့ပြီး “သူတော်စင်တတိယ အဆင့်တွေပဲ ဝင်နိုင်တာလား”
“ကြယ်တာရာကောင်းကင်ထဲက ဖိအားက အရမ်း ကြောက်ဖို့ကောင်းတယ်။ အဲ့ဖိအားကို သူတော်စင်တတိယ အဆင့်နဲ့ ယှဉ်နိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲ တောင့်ခံနိုင်တာ” လီရုန်က ရှင်းပြလိုက်သည်။
ဝူကျဲ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး သူ့နဖူးထက် ချွေးအေးတို့ ဝေ့သီလာခဲ့သည်။
ကံကောင်းစွာဖြင့် သတင်းရရခြင်း သူကိုယ်တိုင် သွားမစစ်ဆေးဘဲ ရန်ကိုင်ဆီ အရင်သတင်း လာပို့လိုက်သည်မှာ ကံကောင်းသွားပေသည်။ မဟုတ်လျှင် သူ့ကျင်ကြံခြင်းဖြင့် ထိုထဲသို့ ဝင်သွားလိုက်ပါက ကျိန်းသေ သေရပေလိမ့်မည်။
“ဒါပေမယ့် မေးစရာက… ဒီဝင်ပေါက်ကို ဘယ်သူ ဖွင့်လိုက်တာလဲ” လီရုန်က နားမလည်နိုင်စွာ ရေရွတ်လိုက်၏။
“သူ့ဘာသာ ပွင့်လာတာ ဖြစ်လိမ့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“သူ့ဘာသာ ပွင့်လာတာလား” လီရုန်နှင့် ဝူကျဲတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။
“ဟုတ်တယ်။ တော်ဝင်နယ်မြေမှာလည်း တော်ဝင်သင်္ချိုင်း လို့ခေါ်တဲ့ ဆန်းကြယ်လောကငယ်တစ်ခုရှိတယ်။ အဲ့နေရာက အရင်တော်ဝင်သခင်တွေ လဲလျောင်းနေတဲ့ နေရာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက အဲ့နေရာရဲ့ ဝင်ပေါက်က သူ့ဘာသာ ပွင့်လာတယ်လေ။ အကြီးအကဲချုပ်လည်း အလန့်ကြီး လန့်သွာတးာပေါ့။ အဲ့နေရာက အခုထိ ပွင့်နေတုန်းပဲ။ ဘယ်လိုပြန်ပိတ်ရမှန်း ဘယ်သူမှ မသိကြသေးဘူး” ရန်ကိုင်က သာမန်ကာလျှံကာ လေသံဖြင့် ရှင်းပြနေသော်လည်း သူ့စိတ်ထဲတွင်မူ ပိုပို၍ စိုးရိမ်ပူပန်လာနေခဲ့ရသည်။
တော်ဝင်သင်္ချိုင်း၏ ဝင်ပေါက်သည် သူ့ဘာသာ ပွင့်လာခဲ့သည်။ ကြယ်တာရာကောင်းကင်သို့ ဦးတည်နေသည့် ဝင်ပေါက်လည်း သူ့ဘာသာ ပွင့်လာခဲ့သည်။ ထိုဝင်ပေါက် နှစ်ခုစလုံးသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ပွင့်လာခဲ့ခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် မန်ဝူရအား ဖမ်းချုပ်ထားသည့် နေရာကို ဖျက်စီးပြီးနောက် ပွင့်လာခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ရခြင်းသည် ထိုထူးဆန်းသော ဆန်းကြယ်လောကငယ် ပျက်စီးသွားခြင်းနှင့် ဆက်စပ်နေသလော။ သို့သော် ထိုနေရာနှစ်ခုသည် အရမ်းကိုမှ ဝေးကွာလှလေရာ မည်ကဲ့သို့ ဆက်စပ်နေလေသနည်း။
“တော်ဝင်သခင်၊ အခု ကျုပ်တို့ ဘာလုပ်ကြမလဲ။ ဒီနေရာမှာ အစောင့်တွေ ချထားလိုက်ရမလား”
“မလိုဘူး။ ပြန်သွားပြီး မရဂိုဏ်းက ခင်ဗျား တပည့်တွေကို ဒီနေရာဆီ မလာဖို့သာ သတိပေးထားလိုက်။ အဲ့ထဲဝင်သွားရင် သူတော်စင် တတိယအဆင့် ပညာရှင်အောက် ဘယ်သူမဆို သေသွားရလိမ့်မယ်ဆိုတာ ကျုပ်ချဲ့ကား ပြောနေတာ မဟုတ်ဘူး”
“ကျုပ်နားလည်ပါတယ် တော်ဝင်သခင်” ဝူကျဲက ခေါင်းညိတ်လိုက်သည်။
“တော်ဝင်နယ်မြေက တပည့်တွေကိုလည်း ဒီနေရာနဲ့ ဝေးဝေးနေခိုင်းရမယ်။ အပြင်လူတွေကတော့… ဝင်ချင်၊ ဝင်ပါစေပေါ့။ သူတို့ သေသေရှင်ရှင် ကျုပ်နဲ့ ဆိုင်တာမှ မဟုတ်တာ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး “အရင်ဆုံး ပြန်ကြတာပေါ့”
“ဒါဆို ဒီဝူလည်း သွားလိုက်ပါဦးမယ်။ ဒီတစ်ကြိမ် တော်ဝင်နယ်မြေဆီ လာရတာက ဒီအကြောင်းကို တော်ဝင်သခင်ဆီ သတင်းပေးချင်လို့ သက်သက်ပါပဲ”
“ကောင်းပြီလေ၊ ပြန်ချင်ပြန်ပေါ့… အို၊ ဟုတ်သားပဲ။ ခင်ဗျား သန့်စင်ချင်တဲ့ သူတော်စင်အဆင့် ဆေးလုံးတွေရှိရင် တော်ဝင်နယ်မြေဆီလာပြီး ကျုပ်ကိုသာ လာရှာလိုက်။ ကျုပ်ခင်ဗျားအတွက် ဦးစားပေး သန့်စင်ပေးမယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ဝူကျဲ ပျော်သွားပြီး ရန်ကိုင်ကို ထပ်တလဲလဲ ကျေးဇူးတင်လိုက်လေသည်။ လိုအပ်သော ပစ္စည်းများကို ရသည်နှင့် တော်ဝင်နယ်မြေဆီ လာမည်ဟုလည်း ပြောသွားခဲ့သေးသည်။
တကယ်တော့ ဝူကျဲအနေဖြင့် တော်ဝင်နယ်မြေဆီသွားပြီး ဆေးဖော်စပ်ပေးရန် တောင်းဆိုချင်သည်မှာ ကြာပေပြီ။ သို့သော် သူနှင့်ရန်ကိုင်ကြားရှိ မိတ်ဆွေ ဆက်ဆံရေးကြောင့် သူသာ ထိုကဲ့သို့ ရုတ်တရက် တောင်းဆိုလိုက်ပါက အတော်လေးကို ရှက်စရာကောင်းပေလိမ့်မည်။ ထို့အပြင် တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းကို ထိခိုက်ကောင်း ထိခိုက်သွားနိုင်ပေသေး၏။
သို့သော် ရန်ကိုင်ဘက်မှစတင်၍ သူ့အား ကမ်းလှမ်းလာပြီ ဖြစ်လေရာ ဝူကျဲဘက်ကကော ဘာကြောင့် ငြင်းနေရမည်နည်း။ နှုတ်ဆက်စကားပြောပြီးနော် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ထွက်သွားလေသည်။
ဝူကျဲ ထွက်သွားပြီးနောက် ရန်ကိုင်နှင့် လီရုန်တို့ နှစ်ယောက်စလုံး တော်ဝင်နယ်မြေဆီ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံး နှစ်ယောက်စလုံး ဘာစကားမှ မပြောခဲ့။ ရန်ကိုင်သည် အတွေးထဲနစ်မြောရင်း မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားပြောခဲ့သော စကားများကို ပြန်စဉ်းစားနေခဲ့သည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၁၉) ဆန်းကြယ်လောကငယ်
ရန်ကိုင်နှင့် လီရုန်တို့ အတူတူ ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ရန်ကိုင်သည် သူ့အတွေးကမ္ဘာထဲ သူ့ဘာသာ နစ်မြောနေသဖြင့် လီရုန်လည်း ရန်ကိုင်အား နှောက်ယှတ်မိမည် စိုးသည့်အတွက် စကားတစ်ခွန်းမှ မပြောခဲ့ချေ။
မကြာမီ တောင်ထွတ်ကိုးလုံးဆီသို့ သူတို့ ပြန်ရောက်လာခဲ့သည်။
ရောက်သည့်အခါ လီရုန်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “သခင်၊ ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတဲ့ လူတွေနဲ့ ပက်သက်ပြီး တစ်ခုခု ဖြစ်နေကြတဲ့ပုံပဲ”
“အန်” လီရုန် စကားကြားမှပဲ ရန်ကိုင်လည်း သူ့အတွေးကမ္ဘာထဲမှ ပြန်နိုးလာခဲ့သည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံသူ တော်တော်များများသည် အတူတကွ စုဝေးလျက် တိုးတိုး တိုးတိုး ပြောဆိုနေကြပြီး အချို့ဆိုလျှင် လူအုပ်ကြီးထဲမှထွက်၍ တောင်ထွတ်ကိုးလုံးမှ အဝေးသို့ပင် ပျံသန်းသွားနေခဲ့ကြသည်။
သူတို့ ထိုမျှ အလျင်သွားနေသည်ကို ကြည့်လျှင် အရေးကြီးသည့်အရာ တစ်ခုခုကို တွေ့ရှိသွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။
တော်ဝင်နယ်မြေသည် ဆေးဖော်စပ်ပေးခြင်းကို ဆယ်ရက် ရက်နားထားမည်ဟု ကြေညာထားသဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကျင့်ကြံသူတို့အဖို့ အတော့်ကိုမှ ပျင်းရိငြီးငွေ့လာခဲ့ကြသည်။ သို့သော်လည်း သူတို့ထဲက မည်သူမှ ထွက်မသွားသေးချေ။ သို့သော် ယခုအချိန်၌ အကြောင်းပြချက် တစ်ချို့ကြောင့် လူများစွာသည် သူတို့၏ နေရာများကို လက်လွှတ်၍ ပျံသန်းထွက်သွားကြကုန်လေသည်။
ထို့အပြင် ထွက်သွားသည့် ကျင့်ကြံသူ အရေအတွက်မှာလည်း အတော့်ကိုမှ များပြားလှပေသည်။
ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း ရန်ကိုင် နားမလည်ခဲ့။ မျက်မှောင်ကြီးကြုံ့လျက် တောင်ထွတ်ကိုးလုံး အပြင်ဘက်ရှိ ကျောက်တုံးအိမ်တော်ရှိရာဆီသာ ပျံဆင်းသွားလိုက်လေသည်။
ကျောက်တုံးအိမ်တော်ထဲတွင် မန်ထျန်ဖေးနှင့် လော့ရှုန်းတို့သည် လူအုပ်ကြီးကို စိတ်ဝင်တစား အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ခဏအကြာ၌ ရန်ကိုင် သူတို့နှစ်ယောက်ရှေ့တွင် ပေါ်လာခဲ့လေသည်။
အကြီးအကဲနှစ်ယောက်စလုံး အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်ကြသည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ” ရန်ကိုင် သူတို့ နှစ်ယောက်ကို အေးအေးသက်သာ ထိုင်ရန် အချက်ပြပြီးနောက် မေးလိုက်သည်။
“ဒီငယ်သားလည်း သေချာမသိပါဘူး တော်ဝင်သခင်။ မကြာသေးခင်တုန်းက လေလွင့်ကျင့်ကြံသူတစ်ယောက် လာပြီး တန်းစီတယ်လေ။ ပြီးတော့ သူ့နားကလူကို ဘာတွေ ပြောလိုက်လဲ မသိပါဘူး။ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတော့တာပဲ” လော့ရှုန်းက ပြန်ဖြေလိုက်သည်။
“အဲ့လူ အခုဘယ်မှာလဲ” ရန်ကိုင်က မေးလိုက်သည်။
“လူတန်းရဲ့ နောက်ဆုံးမှာပါ” လော့ရှုန်းက ထိုလူအား ညွှန်ပြလိုက်လေသည်။ ရန်ကိုင်လည်း လော့ရှုန်း ညွှန်ပြရာ အရပ်ဆီ လှမ်းကြည့်လိုက်ရာ လူတန်းနောက်ဆုံးဘက်တွင် ဥာဏ်များသည့်ရုပ်နှင့် မသေမျိုးအဆင့် သက်လတ်ပိုင်း လူကြီးတစ်ဦးကို တွေ့လိုက်ရသည်။ လူတန်းရှည်ကြီးထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားချိန် သူက တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးသွားနေခဲ့သည်။
“အခြေအနေကို သွားစစ်ဆေးပေးရမလား တော်ဝင်သခင်” လော့ရှုန်းက မေးလိုက်သည်။
“သွားစစ်ဆေးကြည့်လိုက်” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ လော့ရှုန်းလည်း ချက်ချင်းပဲ ထွက်သွားလေသည်။
ခဏအကြာတွင် လော့ရှုန်းသည် ထူးဆန်းသော မျက်နှာ အမူအရာဖြင့် ပြန်ရောက်လာပြီး သူသိလာခဲ့သော အကြောင်းအရာများကို တင်ပြလိုက်လေသည် “တော်ဝင်သခင်၊ အဲ့လူပြောတာတော့ ဒီကို လာနေတုန်း ဆန်းကြယ်လောကငယ် တစ်ခုရဲ့ ဝင်ပေါက်ကို မတော်တဆ တွေ့ခဲ့တယ်တဲ့။ အခု ထွက်သွားကြတဲ့လူတွေက အဲ့ဆန်းကြယ်လောကငယ်ကို စစ်ဆေးဖို့ သွားကြတာတဲ့”
“ဆန်းကြယ်လောကငယ်ရဲ့ ဝင်ပေါက်လား” ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်သည်။
“အင်း။ သူကြည့်ရတာ လိမ်နေတဲ့ပုံတော့ မပေါက်ဘူး”
“ဝင်ပေါက်ကိုတွေ့မှာတော့ ဘာလို့ ကိုယ်တိုင် သွားမစူးစမ်းဘဲ သတင်းတွေ လိုက်ဖြန့်နေရတာလဲ။ အခြားသူတွေသာ သိသွားလို့ အထဲမှာ ရှိနေတဲ့ အဖိုးတန် ပစ္ညည်းတွေ အကုန်လုံး မသွားခံရမှာကို သူမကြောက်ဘူးလား” မန်ထျန်ဖေးက မယုံသင်္ကာဖြင့် “အဲ့ကောင် တစ်ခုခုများ ကြံနေတာလား”
“သူ့ခွန်အားက နိမ့်ကျပြီး တစ်ယောက်တည်း ဖြစ်နေလို့တဲ့။ အဲ့ဒါကြောင့် အထဲကို မဝင်သွားခဲ့တာတဲ့” လော့ရှုန်းက ပခုံးတွန့်ပြလိုက်သည်။
ရန်ကိုင် အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး အတွေးထဲ နစ်မြောသွားခဲ့သည်။ တစ်ခါတစ်ရံ ထိုလူဆီ မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် လှမ်းလှမ်းကြည့်၍ ခဏအကြာ၌ ပြန်မေးလိုက်လေသည် “အဲ့ဝင်ပေါက် ဘယ်မှာ ရှိလဲဆိုတာကို သူသေသေချာချာ ပြောခဲ့လား”
“ဒီနေရာရဲ့ အရှေ့ဘက် ကီလိုမီတာ နှစ်ထောင်အကွာမှာပါ” လော့ရှုန်းက အရှေ့ဘက်ကို ညွှန်ပြလိုက်သည်။
“လီရုန်၊ တစ်ချက်သွားကြည့်ရအောင်” ရန်ကိုင် ချက်ချင်း ထရပ်လိုက်သည်။
“တော်ဝင်သခင်။ အကြီးအကဲချုပ်ကိုကော လှမ်းခေါ်ပေးရမလား” လော့ရှုန်းက မေးလိုက်သည်။
“မလိုဘူး။ သွားကြည့်ရုံပဲ သွားကြည့်မှာ။ ကျုပ်ထင်တာသာ မှန်ရင်၊ အဲ့ဆန်းကြယ်လောကငယ်ထဲမှာ ဘာအဖိုးတန်ပစ္စည်းမှ ရှိမှာမဟုတ်တော့ဘူး” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီး လီရုန်နှင့်အတူ ထွက်သွားလေသည်။
လူသူကင်းမဲ့သည့် နေရာသို့ ရောက်သည်နှင့် ကောင်းကင်းလွန်းပျံကို ထုတ်ကာ ထိုအပေါ်သို့ တက်၍ လျှပ်စီးတန်းတစ်ခုပမာ မိုးကုတ်စက်ဝိုင်းအောက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ကောင်းကင်လွန်းပျံပေါ်တွင် ထိုင်နေစဉ် လီရုန်က မေးလိုက်လေသည် “သခင်က အဲ့လူပြောတာကို ယုံတာလား။ ဆန်းကြယ်လောကငယ်တွေဆိုတာ အမြဲတမ်း ဖုံးကွယ်နေကြတာလေ။ ရှာတွေ့ဖို့ဆိုတာ အရမ်းကို ခက်ခဲတယ်။ အဲ့လူပြောသွားတာနဲ့ ပက်သက်ပြီး ဟာကွက်တွေ ရှိနေလားလို့”
ဤလောကကြီးတွင် ဖုံးကွယ်နေသော၊ သီးခြား ဖြစ်တည်နေသော လေဟာနယ်များစွာ ရှိသည်။ အချို့သည် ကြီးမားကြပြီး အချို့မှာ သေးငယ်ကြသည်။ အကုန်လုံးကို စုစည်း၍ ဆန်းကြယ်လောကငယ်များဟု ခေါ်ကြပေသည်။ အချို့ဆန်းကြယ်လောကငယ်များသည် ဖုန်းဆိုးမြေများ ဖြစ်ကြပြီး အထဲတွင် မည်သည့် အဖိုးတန် ရတနာမှ မရှိပေ။ အချို့မှာမူကား နေထိုင်ရာ ဒေသခံသက်ရှိများ ရှိကြသလို အချို့ဆန်းကြယ်လောကငယ်များဆိုလျှင် ရှေးဟောင်း အပျက်အစီးနယ်မြေများ၊ အကြွင်းအကျန် နယ်မြေများပင် ရှိနေတတ်ကြသည်။
အကျဉ်းချုံးဆိုရလျှင် ထိုဆန်းကြယ်လောကငယ်များ ထဲတွင် သူတောင်းစားအား နေ့ချင်းညချင်း ကျိကျိတက် ချမ်းသာသော သူဌေးဖြစ်အောင် လုပ်ပေးနိုင်သည့် အဖိုးတန်ရတနာများ ရှိနေတတ်သည်။
ထုန်းရွှမ်လောကကြီးထဲတွင် ဆန်းကြယ်လောကငယ်များကို သီးသန့် လိုက်ရှာကြသော ကျင့်ကြံသူအချို့ရှိကြပေသည်။
သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ဆန်းကြယ်လောကငယ်များသည် နည်းသည်ထက် နည်းပါးလာပြီး ရှာရလွယ်ကူသော ဝင်ပေါက်များမှာ အခြားလူများ၏ ဦးစွာရှာဖွေသွားခြင်း ခံရကာ အခြား ဝင်ပေါက်များမှာမူ လုံးဝကို ရှာမတွေ့နိုင်သော နေရာများတွင် ဖုံးကွယ်နေကြသလို ဝင်ရန်လည်း အရမ်းခက်ခဲကြ၏။
ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသော ကျင့်ကြံသူသည် ဆန်းကြယ်လောကငယ်တစ်ခုကို မတော်တဆ တွေ့ခဲ့သည်ဟု ဆိုလိုက်ခြင်းသည် အနည်းငယ် သံသယဝင်စရာ ကောင်းနေခဲ့သည်။
သို့သော်လည်း လူတို့သည် စည်းစိမ်ချမ်းသာ၊ အကျိုးအမြတ်ကို တပ်မက်ကြသည် ဖြစ်လေရာ ထိုလူပြောသာ စကားကို အဟုတ်ထင်၍ သူပြောပြရာ အရပ်ဆီ ပြေးထွက်သွားသူ အချို့လည်း ရှိပေသည်။
မရှာဖွေရသေးသော ဆန်းကြယ်လောကငယ် တစ်ခုသာ အမှန်တကယ် တည်ရှိနေမည်ဆိုပါက ထိုထဲဝင်ရှာလျှင် အဖိုးတန်သည့်အရာ တစ်ခုခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။ ဘာမှမရှိနေခဲ့လျှင်ပင် အချိန်လေး နည်းနည်းပါးပါးလောက် ကုန်သွားခဲ့ခြင်းသာ ဖြစ်၏။
“ငါသိတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် သူတကယ်ပြောနေမှန်း သေချာတယ်။ အဲ့လူရဲ့ ခွန်အားက သိပ်မြင့်တာ မဟုတ်ဘူး။ အဲ့ဒါကိုတောင် မဟုတ်တုတ်က သတင်းတွေ လိုက်ဖွနေလို့၊ ဟိုလူတွေကလည်း သူပြောတဲ့အတိုင်း သွားရှာပြီး ဘာမှမတွေ့ရင် သူ့ကို ဝိုင်းအပြစ်တင်ကြမှာပေါ့။ သူ့ခွန်အားနဲ့ဆိုရင် အကုန်လုံး ဝိုင်းသတ်လို့ သေမှာ။ သူ့လို ဥာဏ်များတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ်သေတွင်း ကိုယ်တူးပါ့မလဲ”
ရန်ကိုင် ပြောသည်မှာလည်း ဟုတ်သလိုလို ဖြစ်သည်ဟု လီရုန် ခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်းညိတ်၍ “ဒီတော့၊ သူက ဖုံးကွယ်နေတဲ့ ဝင်ပေါက်တစ်ခုကို ရှာတွေ့ခဲ့တာပေါ့။ သူ့ကံက တကယ်ကို ကောင်းတာပဲ”
ရန်ကိုင်က ခေါင်းခါလိုက်ပြီး “သူနဲ့ဘာမှမဆိုင်ဘူး။ အဲ့ဆန်းကြယ်လောကငယ်ရဲ့ ဝင်ပေါက်က သူ့ဘာသာ ပွင့်လာတာ ဖြစ်လိမ့်မယ်။ သူက ဖြတ်သွားရင် မတော်တဆ တွေ့ခဲ့တာ သက်သက်ပဲ”
“သူ့ဘာသာ ပွင့်လာတာလား” လီရုန်က သူမ၏ ပါးလေးကို လက်ဖြင့် အလန့်တကြား အုပ်လိုက်ပြီး “သခင်ပြောချင်တာက အဲ့ဆန်းကြယ်လောကငယ်က တော်ဝင်သင်္ချိုင်းနဲ့ ကြယ်တာရာ ကောင်းကင်ဆီ ဦးတည်နေတဲ့ ဝင်ပေါက်နဲ့ အတူတူပဲပေါ့”
“ငါ့ခန့်မှန်းချက် သက်သက်ပဲ။ ဒါကြောင့် အခုကိုယ်တိုင် သွားစစ်ဆေးကြည့်ဖို့ လိုနေတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
“အထဲမှာ ပစ္စည်းကောင်းလေး ဘာလေးများ ရှိမလား မသိဘူး” လီရုန် စိတ်ကူးယဉ်ကြည့်လိုက်သည်။
“ဘာမှရှိမှာ မဟုတ်ဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး “သူ့ခွန်အား နိမ့်ကျလို့ အထဲကို သွားမစစ်ဆေးရဲဘူးဆိုတာ လိမ်ပြောနေတာ။ သူ့ကိုယ်တိုင် အထဲကို တစ်ချက်လောက် အရင်ဝင်ကြည့်ပြီးရင်ပြီး၊ မဟုတ်ရင် အထဲကို ဝင်သွားတဲ့ အခြားလူတွေ ရှိပြီးနေတာပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့်ပဲ အထဲမှာ ဘာအဖိုးတန်တာမှ မရှိတော့မှန်း သူသိသွားရော။ အဲ့လူက ငပါး။ သူဘာမှမရမှန်းလည်းသိရော ဒီသတင်းကို သူ့ရှေ ကြိုရောက်နေတဲ့ လူတွေကို လိုက်ပြောတယ်လေ။ ဟိုလူတွေ စိတ်မပါပါအောင် ဆွဲတာပေါ့။ ဟိုလူတွေက ထွက်သွားလည်း ထွက်သွားရော သူက အဲ့လူတွေနေရာ ဝင်ဦးလိုက်ရော။ တကယ်ကို အကြံပိုင်တာ”
“သခင်က တကယ်ကို မြင်တတ်တာပဲနော်” လီရုန်က ရန်ကိုင်အား လေးလေးစားစားဖြင့် ကြည့်လိုက်သည်။
“ဘာလို့လဲဆိုတော့ သူ့ရှေ့က လူတစ်ယောက် ထွက်သွားတိုင်း သူ့မျက်နှာ ပြုံးပြုံးသွားတာလေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “သူ့အတွေးတွေ အကုန်လုံးက သူ့မျက်နှာမှာ ပေါ်နေတော့ ငါလည်း မသိဘဲ ဘယ်နေတော့မလဲ။ ထွက်သွားတဲ့လူတွေက လောဘကြောင့် စုံလုံးကန်းပြီး အဲ့အချက်ကို သတိမပြုမိလိုက်ကြတဲ့ လူတွေပဲ”
မကြာခင်မှာပဲ ကောင်းကင်လွန်းပျံသည် တောင်ထွတ်ကိုးလုံး၏ အရှေ့ဘက် ကီလိုမီတာ (၂၀၀၀) အကွာသို့ ရောက်ရှိလာခဲ့လေသည်။
မိုးပြာရောင် အလင်းတန်းသည် လေထဲတွင် ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်နှင့် လီရုန်သည် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ သူတို့ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။
ခဏအကြာတွင် ရန်ကိုင်က ပြုံးလျက် ကောင်းကင်လွန်းပျံကို အရပ်မျက်နှာတစ်ခုစီ ဦးတည်စေလိုက်သည်။
အသက်နှစ်ရှိုက် ကြာသွားပြီးနောက် သူတို့နှစ်ယောက်ရှေ့ ဝင်ပေါက်တစ်ခု ပေါ်လာခဲ့သည်။
ရန်ကိုင် ခန့်မှန်းခဲ့သလိုပင် ထိုနေရာ၌ လူအများကြီး ရှိနေခဲ့သည်။ ကျင့်ကြံသူများစွာသည် ဝင်ပေါက်တွင် စုဝေးလျက် တစ်ယောက်ကိုတစ်ယောက် သတိတကြည့်ကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။
ဝင်ပေါက်တွင် စုနေသော လူများ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်လှ၊ အကုန်လုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ မသေမျိုးအဆင့် ပညာရှင် တစ်ယောက်ပင် မရှိချေ။ ထိုအခြင်းအရာကို သတိပြုမိလိုက်သည့်အခါ ရန်ကိုင်သည် ပုန်းကွယ်ရန် မကြိုးစားတော့ဘဲ ပေါ်ပေါ်တင်တင်သာ လမ်းလျှောက်ထွက်သွားလိုက်တော့သည်။
“ရပ်လိုက်စမ်း၊ ဘယ်သူလာတာလဲ” သူတို့ လူလုံး ထွက်ပြလိုက်သည်နှင့် ဝင်ပေါက်ကို စောင့်နေသော ကျင့်ကြံသူများ ချက်ချင်း သတိချပ်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်က လှမ်းအော်ပြောလိုက်လေသည် “ဒါက ငါတို့ ချန်မိသားစုရဲ့ တားမြစ်နေရာပဲ။ ဘယ်အပြင်လူမှ ဝင်ခွင့်မရှိဘူး။ ဒီကပုဂ္ဂိုလ်တို့ လှည့်မပြန်ဘူးဆိုရင် ကျုပ်တိုလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူးနော်”
“သခင်၊ ဘယ်လိုလုပ်လိုက်ရမလဲ…” လီရုန်က မေးလိုက်သည်။
“လျှော့လျှော့ပေါ့ပေါ့လေး လုပ်နော်” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်၏။
မမြင်နိုင်သော စွမ်းအင်လှိုင်းတို့ လီရုန်ဆီမှ ဖြာထွက်လာပြီး ဝင်ပေါက်တွင် စောင့်နေသော ကျင့်ကြံသူအားလုံး၏ မျက်လုံးများ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သွားခဲ့ကြသည်။ အကုန်လုံးသည် နေရာတွင်စ, ကျောက်ရုပ်ကြီးများပမာ ရပ်နေခဲ့ကြပြီး ရန်ကိုင်နှင့် လီရုန်တို့အား တားရန် နည်းနည်းလေးမှပင် ထပ်မကြိုးစားတော့။
လီရုန်အဖို့ ထိုကျင့်ကြံသူများကို ကိုယ်တွယ်ရန်မှာ အရမ်းကိုမှ လွယ်ကူလှပေသည်။ သူတို့အား မေ့မိုက်သွားအောင် လုပ်ရန်မှာ ငှက်ပျောသီးအခွံ့နွှာစားသည်ထက်ပင် ပိုလွယ်နေ၏။ ထို့ကြောင့်ပဲ ရန်ကိုင်သည် လီရုန်အား ထိုလူများကို မသတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက် လေဟာနယ်လိုဏ်ခေါင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက် မိန်းမောနေသော ကျင့်ကြံသူများ ပြန်အသိဝင်လာခဲ့ကြသည်။ နိုးလာချင်းချင်း အစောပိုင်းက တွေ့လိုက်ရသည့် ယောကျာ်းနှင့် မိန်းကလေး အတွဲကို ရှာကြည့်လိုက်သော်လည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့သဖြင့် ပညာရှင်ကြီး နှစ်ယောက်နှင့် ကြုံလိုက်ရမှန်း သိနားလည်သွားကာ သူတို့၏ ကျောပြင်တစ်လျှောက် ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့ကြသည်။
ရန်ကိုင်နှင့် လီရုန်သည် ဆန်းကြယ်လောကငယ်ထဲ ရုတ်တရက် ပေါ်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ရတနာရှာနေကြသော ကျင့်ကြံသူ များစွာကို တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် ကောင်းကင်လွန်းပျံကို ထပ်မံ ထုတ်ယူ၍ လီရုန်နှင့်အတူ ပျံထွက်သွားခဲ့သည်။
နာရီဝက်ကြာပြီးနောက် သူတို့နှစ်ယောက် ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။
ဤဆန်းကြယ်လောကငယ်ထဲတွင် အပျက်အစီးနယ်မြေ အချို့ ရှိနေပေသည်။ သို့သော် လူသူအရိပ်အယောင် မတွေ့ရ။ ယခုလေးတင်မှ အတွင်းထဲသို့ ဝင်လာသော ကျင့်ကြံသူများသည် ထိုအပျက်စီးနယ်မြေ ရှိရာဆီသို့ အပြေးသွားနေခဲ့ကြသည်။
ဤဆန်းကြယ်လောကငယ်သည် သိပ်ပြီးမကြီးလှ၊ နတ်ဆိုးနတ်ဘုရား မြို့တော်၏ သုံးပုံတစ်ပုံသာ ရှိပေသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချန်မိသားစုသည် တော်တော်လေး မြတ်သွားလောက်၏။ သူတို့ မိသားစုသည် အားနည်းသော မသေမျိုးအဆင့် ပညာရှင် အနည်းငယ်သာ ရှိကာ ဗဟိုမြို့တော်ရှိ မိသားစုကြီးရှစ်ခုနှင့် အင်အားချင်း တူညီသည့် အင်အားစုတစ်ခုသာ ဖြစ်ပေသည်။ ထို့ကြောင့် ထိုအပျက်အစီးနယ်မြေထဲ သူတို့ ရရှိခဲ့သော မှော်ရတနာများ၊ အဖိုးတန် ပစ္စည်းများသည် သူတို့မိသားစု၏ အင်အားကို သိသိသာသာ တိုးတက်လာနိုင်စေပေလိမ့်မည်။
“သွားကြမယ်။ ဒီမှာဘာမှ ကြည့်စရာ မရှိတော့ဘူး” ရန်ကိုင်က သက်ပြင်းလေးတစ်ချက်ရှိုက်လိုက်ပြီး လီရုန်နှင့်အတူ ဝင်ပေါက်ထဲမှ ထွက်လိုက်သည်။
သူတို့ပြန်ပေါ်လာခဲ့သည့်အခါ အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး သူတို့အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ မည်သူမှ သူတို့အား ‘ရပ်လိုက်ကြစမ်း’ ဆိုပြီး မပြောရဲတော့။ အစောင့်များမှာ စကားပြောဖို့ပင် ကြောက်နေကြလေပြီ။
တစ်ဖက်အဖွဲ့သည် အရမ်းကိုမှ အားကောင်းလှသော ကျင့်ကြံသူများဖြစ်သည်။
အစောင့်များကို စိတ်သက်သာရာ ရသွားစေသည်ကား ထိုယောကျာ်းနှင့် မိန်းမအတွဲသည် သူတို့အား အခက်တွေ့အောင် လုပ်လိုသည့်ပုံမပေါ်။ ဆန်းကြယ်လောကငယ်မှ လမ်းလျှောက် ထွက်လာပြီးနောက် ထိုနှစ်ယောက်သည် အေးအေးဆေးဆေး လမ်းလျှောက် ထွက်သွားခဲ့ကြသည်။
“ဟုတ်သားပဲ။ ဒီကို မသေမျိုးအဆင့်တွေ၊ သူတော်စင် အဆင့်တွေ အများကြီး လာနေတယ်။ နေ့တစ်ဝက်လောက် ကြာရင် သူတို့ ရောက်လာကြလိမ့်မယ်။ မင်းတို့ မိသားစု ခေါင်းဆောင်ကို ဒီကနေ မြန်မြန် ထွက်သွားဖို့ သွားသတိပေးလိုက်ဦး။ တော်ကြာ ဖြစ်လာမယ့် အကျိုးဆက်ကို မင်းတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး” ရန်ကိုင် ရုတ်တရက် ပြန်လှည့်၍ သတိပေးလိုက်သည်။ ထို့နောက် လီရုန်နှင့်အတူ ထွက်သွားလေသည်။
ရန်ကိုင်တို့ ထွက်သွားတော့မှပဲ ရန်ကိုင်တို့ လာခဲ့စဉ်က တာခဲ့သောအစောင့် သက်ပြင်းချနိုင်ခဲ့၏။ သူ့နဖူးထက် ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့လေပြီ။ ယောက်ယတ်ခတ်နေသော အတွေးများကို ပြန်စုစည်းလိုက်ပြီးနောက် ဆန်းကြယ်လောကငယ်ထဲသို့ အလျင်စလို ပြေးဝင်သွား၏။ ရန်ကိုင် သတိပေးချက်ကို သူ့မိသားစု အကြီးအကဲများအား သွားသတိပေးရပေမည်။
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၉၂၀)
တော်ဝင်နယ်မြေသို့ ပြန်ရောက်သည်နှင့် ရှုဟွေကိုခေါ်ပြီး မကြာသေးခင်အချိန်က အမျိုးမျိုးသော သတင်းများကို စုဆောင်းရန် လူလွှတ်ခိုင်းလိုက်လေသည်။
ဘာသတင်း လိုချင်လဲ ဆိုသည်ကို ရန်ကိုင် မပြောခဲ့။ ဖြစ်ပျက်သမျှ သတင်းစုံကို စုဆောင်း၍ တော်ဝင်နယ်မြေသို့ တစ်လကြာလျှင် ပြန်လာခဲ့ဟုသာ မှာကြားခဲ့သည်။
ရှုဟွေသည် ဘာမှပြန်မေးမနေဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာ လုပ်ပေးလိုက်သည်။
ရန်ကိုင် မျက်နှာအမူအရာအရ ယခုကိစ္စသည် အရေးကြီးသည့် ကိစ္စတစ်ခုဖြစ်မှန်း ရှုဟွေ ပြောနိုင်သည်။ တော်ဝင်သခင် ယခုကဲ့သို့ အမိန့်ပေးလာခြင်းသည် တစ်ခုခုကို ရှာတွေ့ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ မဟုတ်လျှင် ယခုကဲ့သို့ အမိန့်မျိုး ပေးလိမ့်မည် မဟုတ်။
ရက်အနည်းငယ်ကြာပြီးနောက်…
မနက်စောစောပိုင်း၌၊ ရန်ကိုင်သည် သူ့အခန်းဆီသို့ သွားကာ ကုတင်ဆီသို့ ခြေဖွဖွလေး နင်းလျှောက်သွားခဲ့သည်။
ကုတင်ပေါ်တွင် ရှနင်းချန်သည် မလှုပ်မယှတ် တင်ပလင်ခွေထိုင်နေသေးဆဲ။
ရန်ကိုင်မှာ ခဏလောက် တိတ်တိတ်လေး စောင့်နေသေးလိုက်သော်လည်း ရှနင်းချန် နိုးမလာသည်ကို မြင်သော် သူ့အသိစိတ်ကို သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လိုက်လေသည်။
ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသည့်အခါ ရှနင်းချန်၏ ဝိဥာဉ်ပုံရိပ် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့၏။ သူမ၏ မျက်ဝန်းလေးများ လခြမ်းကွေးသဖွယ် ကွေးတက်သွားသည်မှာ တကယ်ကို ရင်တွင်းမှတ်ကျောက် တင်ထားလောက်ဖွယ် ကောင်းလောက်အောင် လှပလွန်းလှပေသည်။
“ဘယ်လိုနေလဲ” ရန်ကိုင်က မေးလိုက်သည်။
“အားလုံးကိုတော့ လေ့လာပြီးသွားပြီ။ ဒါပေမယ့် ပိုပြီး ရင်းနှီးသွားအောင် လက်တွေ့ လေ့ကျင့်ဖို့တော့ လိုနေသေးတယ်” ရှနင်းချန်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်၏။
ရန်ကိုင် ခေါင်းပြန်ညိတ်ပြလိုက်သည်။
“ကျွန်တော်နဲ့ လိုက်ခဲ့လေ။ အခုကနေစပြီး ဆေးပညာကို လေ့ကျင့်ကြမယ်။ လေ့ကျင့်နေတုန်း စီနီယာမမလေးကို ဆေးဝိဇ္ဇာကြီးတွေနဲ့လည်း မိတ်ဆက်ပေးရဦးမယ်” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး ရှနင်းချန်၏ အသိစိတ်ပင်လယ်ထဲမှ သူ့အသိစိတ်ကို ပြန်ရုတ်လိုက်သည်။
ထို့နောက် ခဏအကြာတွင် နှစ်ယောက်စလုံး မျက်လုံး ပွင့်လာခဲ့လေသည်။
ရန်ကိုင်နှင့် ရှနင်းချန်သည် လက်ချင်းချိတ်လျက် တော်ဝင်သခင်ရုံးတော်ထဲရှိ ဆေးဖော်စပ်ခန်းထဲသို့ လမ်းလျှောက် ဝင်သွားကြလေသည်။
ထိုနေရာတွင် ဆေးဝိဇ္ဇာကြီးငါးယောက် စောင့်နေသည်မျာ အတော့်ကိုမှ ကြာနေလေချေပြီ။ တစ်ယောက်ချင်းတိုင်၏ ရှေ့တွင် ကိုယ်ပိုင်ဆေးမီးဖို တစ်ခုစီ ရှိနေခဲ့ကြသည်။ ဆေးမီးဖိုများမှာ သေးသော်လည်း အရည်အသွေးမှာ မြင့်မားလှ၏။ ဆေးမီဖိုများအား လှည့်ပတ်နေသော အရောင် တလက်လက်ထနေသည့် မျဉ်းကြောင်းလေးများကို ကြည့်ရုံဖြင့် ထိုဆေးမီးဖိုများ သာမန် ဆေးမီးဖိုများမဟုတ်ကြဘဲ သူတော်စင် အဆင့် ဆေးမီးများဖြစ်မှန်း ခန့်မှန်းကြည့်နိုင်ပေသည်။ ဆေးမီးဖိုတစ်လုံးသည် ဆေးပညာရှင်တစ်ယောက်အတွက် အရေးအပါဆုံးသော မှော်ရတနာတစ်ခု ဖြစ်ပေသည်။
ဆယ်ရက်ကြာမျှ အနားယူပြီးနောက် ဆေးဝိဇ္ဇာကြီးတို့ အားအင်ပြန်လည် ပြည့်ဖြိုးနေခဲ့ကြလေပြီ။
ရန်ကိုင် ဝင်လာသည်ကို မြင်သည်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။
ချန်ပေါင်က နံရံကိုမှီရင်း စနောက်လိုက်သည် “ဆယ်ရက်လောက် ဆေးမဖော်လိုက်ရတာနဲ့ ဒီလူအိုကြီး လက်တွေတောင် ကိုက်ချင်နေပြီကွာ။ ကောင်လေး၊ မြန်မြန်လာကွာ၊ ဆေးဖော်ကြရအောင်”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည် “ကျုပ်လည်း အဲ့လို စဉ်းစားနေတာ”
“ဒါပေမယ့် ဒီနေရာက ဆေးဖော်တဲ့နေရာ မဟုတ်ဘူးလေ။ ပြီးတော့ မင်းကောင်မလေးကို ခေါ်လာပြီး ဘာလာလုပ်တာလဲ။ ဘာလဲ မင်းတို့ နှစ်ယောက်က ခဏလေးတောင် မခွဲနိုင်ဘူးလား” ဟဲဖုန်းက ရယ်သွမ်းသွေးလျက် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းရင်း ပြောလိုက်သည် “လူငယ်တွေများကွာ၊ တက်ကြွနေလိုက်ကြတာ”
“ငါတို့လို လူအိုကြီးတွေရှေ့လာပြီး ရိုပြမနေနဲ့ကွာ။ ငါတို့က ငယ်တော့တာမဟုတ်ဘူး။ အရမ်း စိတ်လှုပ်ရှားတာက ငါတို့လို လူအိုကြီးတွေအတွက် မကောင်းဘူးကွ” ဟုန်ဖန်းကလည်း ရယ်မောလိုက်သည်။
သူတို့စကားကြောင့် ရှနင်းချန် ချက်ချင်း ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ရသည်။ ချက်ချင်းပဲ အားကိုးရာဖြစ်သော ရန်ကိုင်အား ကူကယ်ရာမဲ့နေသည့် အမူအရာလေးဖြင့် ကြည့်လိုက်သည်။
“ကောင်မလေး… လာ… လာ၊ ငါ့ဘေးနား လာထိုင်။ အဲ့ထိပ်ပြောင်လူအိုကြီးတွေကို ဂရုစိုက်မနေနဲ့” ခုန်ရို့ယုက ရှနင်းချန်ကို လှမ်းခေါ်လိုက်သည်။
ရှနင်းချန် ရန်ကိုင်အား ထပ်ကြည့်လိုက်ပြန်သည်။ ရန်ကိုင် ခေါင်းညိတ်ပြနေသည်ကို မြင်မှပဲ ခုန်ရို့ယုဆီသွားကာ သူမဘေးနားတွင် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။
“ဘယ်လောက်သာ ရိုးသားလိုက်တဲ့ မိန်းကလေးလ။ မျက်လုံးလေးတွေဆိုရင်လည်း ကြည်လင်သန့်ရှင်းနေတာပဲ။ အပြစ်ကင်းလိုက်တာ။ ရန်ကိုင်၊ နင်ဒီကောင်မလေးကို ကောင်းကောင်း ဆက်ဆံရမယ်နော်” ခုန်ရို့ယုက ရန်ကိုင်အား လှမ်းသတိပေးလိုက်သည်။
“စိတ်ချထားလိုက်စမ်းပါ စီနီယာရယ်။ ဒီဂျူနီယာက စီနီယာမမလေးကို အသက်နဲ့တမျှ ချစ်တာပါဗျ။ သူ့ကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ဘူး”
ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ရန်ကိုင်အား ကြောင်ကြည့်နေကြသည်။ သူတို့ရှေ့တွင် ရန်ကိုင်သည် ထိုကဲ့သို့သော စကားများကို ပြောလာလိမ့်မည်ဟု ငါးယောက်စလုံး မမျှော်လင့်ထားခဲ့။ သို့သော် သူက ထိုကဲ့သို့ ပြောလာမျှဖြင့် သူ့စိတ်ရင်းထဲမှ လာသည့်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်ရပေမည်၊ မဟုတ်လျှင် ထိုကဲ့သို့ ပြောတန်ဖွယ်ရာမရှိ။
ထိုဇာပဝါ တပ်ထားသည့် မိန်းမငယ်လေးအပေါ် ထားရှိသည့် ရန်ကိုင်ခံစားချက် မည်မျှ နက်ရှိုင်းကြောင်းကို နားလည်သွားပြီးနောက် အကုန်လုံး ခေါင်းညိတ်လိုက်မိကြ၏။
ရှနင်းချန်၏ မျက်လုံးလေးများ ရီဝေလာပြီး သူမ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“ကဲ၊ ကဲ၊ အလာပသလာပတွေ တော်လောက်ပြီ။ လုပ်စရာရှိတာ လုပ်ကြမယ်” တုဝမ်က ပြုံးလိုက်ပြီး ချက်ချင်းပဲ လိုရင်းဆီ ဆွဲခေါ်လိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အကြီးအကဲချုပ်ကို လှမ်းခေါ်လိုက်လေသည်။
ရှုဟွေလည်း အခန်းထဲသို့ ချက်ချင်း ဝင်လာခဲ့ပြီး အလေးအနက် အမူအရာဖြင့် “ငယ်သား၊ အားလုံးကို ပြင်ဆင်ထားပြီးပါပြီ၊ တော်ဝင်သခင်”
ပြောပြီးသည်နှင့် ဆေးပင်အစုံလိုက်၊ အစုံလိုက်ဆီကို ထုတ်ယူလိုက်ပြီး “ဒါက ဒီနေ့အတွက် ဆေးအစုံနှစ်ဆယ်ပါ။ တော်ဝင်သခင်နဲ့ ဆေးဝိဇ္ဇာကြီးတို့ ကြိုးစားလိုက်ကြပါဦး။ ညနေရောက်ရင် ကျုပ်ဆေးလုံးတွေ လာယူပါ့မယ်”
“အကြီးအကဲချုပ်၊ နောက်ထပ်ဆယ်စုံ ထပ်လက်ခံလိုက်ဦး” ရန်ကိုင်က အမိန့်ပေးလိုက်သည်။
ရှုဟွေကြောင်သွားခဲ့ပြီး “နောက်ထပ်ဆယ်စုံလား”
ဆေးဝိဇ္ဇာကြီး ငါးယောက်လည်း ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ချန်ပေါင်ကမူ ကြည့်ရုံတင် မဟုတ်တော့ဘဲ ထပါ ပြောလိုက်၏ “ကောင်လေး၊ ဆေးပညာကို လေ့လာရင်း လုပ်တာနဲ့ နားတာနဲ့ ညီမျှနေရမယ်ကွ။ လုပ်ချည်းပဲ လုပ်နေလို့မရဘူး။ အဲ့နှစ်ခု မညီမျှရင် ကိုယ်ဖော်စပ်တဲ့ ဆေးလုံးတွေက အရည်အသွေး နိမ့်ကျကုန်မှာ၊ မအောင်မြင်တာတွေတောင် ဖြစ်လာနိုင်သေးတယ်။ မင်းတစ်နေ့ကို ဆေးလုံးဆယ်လုံး ဖော်စပ်နိုင်မှန်း ငါသိတယ်။ ဒါပေမယ့် ငါတို့ လူအိုကြီး ငါးယောက်ပေါင်းမှ ဆေးလုံးဆယ်လုံးပဲ သန့်စင်နိုင်တာလေ။ ကျန်တဲ့ဆယ်လုံးကို ဘာလုပ်ဖို့ စဉ်းစားနေတာလဲ”
“ဟုတ်တယ်။ ဆေးလုံးကောင်းကောင်း မသန့်စင်နိုင်ရင် လုံးဝ မသန့်စင်တာ ပိုကောင်းလိမ့်မယ်နော်” တုဝမ်ကလည်း စိတ်ရင်းဖြင့် ဝင်သတိပေးလိုက်သည်။ ကျွမ်းကျင်သော ဆေးပညာရှင်များသည် သူတို့ ဖော်စပ်သော ဆေးလုံးများနှင့် ပက်သက်၍ ကန့်သတ်ချက်များ ရှိပေသည်။ သူတို့ ဖော်စပ်လိုက်သည့် ဆေးလုံးများ၏ အရည်အသွေးသာ ညံ့ဖျင်းနေပါက သူတို့ အပတ်တကုတ် ရှာဖွေထားရသည့် ဂုဏ်သတင်းကို ထိခိုက်သွားနိုင်သည်။
ထို့ကြောင့် တကယ်တော်သည့် ဆေးပညာရှင်များသည် အရည်အသွေးနိမ့် ဆေးလုံးများကို အပြင်လူလက်ထဲသို့ အရောက်မခံကြ။ အဆင့်နိမ့် ဆေးလုံးတစ်လုံးကို သန့်စင်မိလျှင် ထိုဆေးလုံးကို ထုတ်ရောင်းမည့်အစား ပြန်ဖျက်စီးလိုက်ကြသည်သာ များသည်။
ရန်ကိုင်က အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြုံး၍ “ဆေးဝိဇ္ဇာကြီးတို့ ပြောတာမှန်တယ်။ ဒါပေမယ့် အခုကိစ္စကို စိတ်ပူနေစရာ မလိုဘူး။ ကျုပ်ထပ်တောင်းတဲ့ ဆေးဆယ်စုံစာ ဆိုတာ ကျုပ်သန့်စင်ဖို့ မဟုတ်သလို ဆေးဝိဇ္ဇာကြီးတို့ သန်စင်ဖို့လည်း မဟုတ်ဘူး”
“အဲ့ဒါဆို ဘယ်သူသန့်စင်မှာလဲ” ဟဲဖုန်း မျက်လံဒးပြူးသွားပြီး ရုတ်တရက် ရှုဟွေဆီ လှမ်းကြည့်လိုက်သည်။
အကြီးအကဲချုပ်က ကမန်ကတန်း လက်ဝှေ့ရမ်းရင်း မဲ့ပြုံးပြုံးလျက် “ကျုပ်ကို ထည့်တွက်စရာ မလိုဘူးနော်။ ကျုပ်က ဆေးဘယ်လို သောက်ရမလဲပဲ သိတာ။ ဆေးပညာကို နည်းနည်းလေးတောင် နားလည်တာမဟုတ်ဘူး”
ဟဲဖုန်းက ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး “ဟုတ်တယ်။ ခင်ဗျားပုံစံကလည်း ဆေးပညာကို ဘာမှသိတဲ့ပုံ မပေါက်ဘူး”
ရှုဟွေမျက်နှာ ရှုံမဲ့သွားခဲ့သည်။ ထိုဆေးဝိဇ္ဇာကြီးများသည် အရမ်းကိုမှ တည့်တိုးဆန်လွန်းနေပေသည်။
“ရန်ကိုင်…” ခုန်ရိုယုက တွေးတွေးဆဆ အမူအရာဖြင့် ရှနင်းချန်အား လှမ်းကြည့်လိုက်ပြီး “အဲ့အပိုဆေးလုံး ဆယ်လုံးကို နင့်စီနီယာအစ်မက သန့်စင်ပေးလိမ့်မယ်လို့ ပြောချင်နေတာလား”
ထိုစကား ထွက်လာသည်နှင့် အကုန်လုံး ရှနင်းချန်အား လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကမူ ပြုံးရုံလေးသာပြုံး ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်”
“သူလည်း သူတော်စင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တာလား” ချန်ပေါင်း မျက်လုံးနှစ်လုံး ပြုတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့သည်။ ထိုနောက် အသံအကျယ်ကြီးဖြင့် “မဖြစ်နိုင်ဘူး။ သူ့အသက်က မင်းထက် ဘယ်လောက်မှ ကြီးတာမှ မဟုတ်တာ။ သူ့အမွေဗိုက်ထဲမှာကတည်းက ဆေးပညာကို စလေ့လာခဲ့ရင်တောင် ဒီအရွယ်လေးနဲ့ သူတော်စင်အဆင့် ဆေးလုံးတွေကို သန့်စင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ရန်ကိုင်ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ခါးခါးသီးသီး ပြုံးလျက် “ကျုပ်လည်း အမေ့ဗိုက်ထဲမှာကလည်း ဆေးပညာကို စလေ့လာခဲ့တာမှ မဟုတ်တာ…”
ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြပြီး “မင်းကတော့ မတူဘူးလေး။ မင်းလို လူထူးလူဆန်းကို သာမန်အမြင်နဲ့ တိုင်းတာလို့မှ မရဝါ”
“သူတကယ်ပဲ သူတော်စင်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တာလား”
“ဒီလူအိုကြီး မယုံဘူး”
“ကောင်လေး၊ ငါတို့တွေကို လာလှည့်စားဖို့ မကြိုးစားနဲ့နော်။ ငါတို့အကုန်လုံး မင်းကို စိတ်ပျက်သွားတာပဲ အဖတ်တင်လိမ့်မယ်”
ဤနယ်ပယ်သည် သူတို့ ကျွမ်းကျင်သည့် နယ်ပယ် ဖြစ်သည်။ ရန်ကိုင်ကဲ့သို့သော လူငယ်လေး တစ်ဦး၏ ကျော်ဖြတ်ခံရခြင်းကာ ထိုလူငယ်လေးသည် ဤလောကတွင် မရှိဖူးသည် တစ်ဦးတည်းသော မဟာဂျီးနီးယပ်ကြီးအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် သူတို့၏ မကျေနပ်မှုကို ဖြေဖျောက်နိုင်သည်။ သို့သော် သူ့စီနီယာအစ်မ၏ ထပ်မံ ကျော်ဖြတ်ခြင်းကိုပါ ခံရဦးမည်ဆိုပါက ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ဘယ်လိုတွေးကြတော့မလဲ မစဉ်းစားတတ်တော့။
အနည်းဆုံး စိတ်ဓါတ်တော့ ကျသွားပေလိမ့်မည်၊ ဆေးဖော်စပ်ချင်စိတ်ပင် ပျောက်သွားနိုင်သည်အထိ ဖြစ်သွားနိုင်ကောင်း ဖြစ်သွားနိုင်သေး၏။
“ကျွန်မ လုပ်နိုင်တယ်…” ရှနင်းချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
တုဝမ် မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုကို သတိရသွားကာ ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်သည် “သူက မင်းပြောပြောနေတဲ့ ဆေးပညာမှာ မင်းထက်တော်တယ် ဆိုတဲ့ မင်းရဲ့ စီနီယာအစ်မလား”
ကျောက်တုံးမြို့တော်တွင် ရှိစဉ်က သူ့ထက်ပင် ဆေးပညာ၌ ပိုတော်သော သူ့စီနီယာအစ်မအကြောင်းကို ရန်ကိုင် တစ်ခါ ပြောခဲ့ဖူးသည်။ ထိုစဉ်က ရန်ကိုင် ပြောသည်ကို တုဝမ် မယုံကြည်ခဲ့။ ယခု ထိုအကြောင်းကို ရုတ်တရက် သူပြန်မှတ်မိလိုက်သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
တုဝမ် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး လေးနက် တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည် “စကားတွေက မယုံရဘူး။ လက်တွေ့လုပ်ပြမှ ယုံလို့ရမယ်။ အကြီးအကဲချုပ်၊ နောက်ထပ် ဆေးဆယ်စုံစာ သွားထပ်ယူပေးပါလား”
ရှုဟွေ ဘာမှထပ်မပြောတော့၊ အလျင်အမြန်ပဲ ထွက်သွားလေသည်။ ခဏအကြာတွင် ဆေးဆယ်စုံစာနှင့်အတူ ရှုဟွေ ပြန်ရောက်လာခဲ့သည်။
ဆေးဖော်စပ်ခန်း တံခါးများကို ပိတ်ထားလိုက်ရာ အခန်းထဲတွင် ဟိုတစ်နေရာ၊ ဒီတစ်နေရာ ထိုင်နေကြသော လူခုနှစ်ယောက်သာ ရှိတော့သည်။ တင်ပလင်ခွေ ထိုင်လိုက်ပြီး ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ချက်ချင်း ဆေးမဖော်စပ်ကြသေး။ ရှနင်းချန်ကိုသာ အာရုံစိုက်နေခဲ့၏။ ထိုမိန်းကလေး သူတော်စင်အဆင့် ဆေးလုံးများအား မည်ကဲ့သို့ သန့်စင်မည်ကို သူတို့ တော်တော်လေး သိချင်နေမိသည်။
ထိုငါးယောက်၏ အကြည့်ကြောင့် ရှနင်းချန်သည် ကြောက်လန့်နေသော ယုန်သူငယ်၏ အကြည့်ဖြင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။
သို့သော်လည်း ရန်ကိုင်သည် ဆေးစတင် ဖော်စပ်နေပြီမှန်း တွေ့လိုက်ရသဖြင့် နှုတ်ခမ်းလေးဆူရုံသာ တတ်နိုင်တော့သည်။
“ကောင်မလေး၊ နင်ဘယ်ဆေးမီးဖိုသုံးလဲ။ ငါတို့ကို တစ်ချက်ပြလို့ရမလား” ခုန်ရို့ယု့ သိမ်မွေ့ညင်သာသော လေသံဖြင့် မေးလိုက်သည်။ ရှနင်းချန် စိုးရိမ်၊ ကြောက်လန့် နေသည်ကို သတိပြုမိသဖြင့် သူမလေသံကို အတတ်နိုင်ဆုံး ညင်သာအောင် ထိန်းထားခဲ့လေ၏။
“ကျွန်မမှာ ဆေးမီးဖိုမရှိဘူး” ရှနင်းချန်က ပြန်ပြောလိုက်၏။
“ဘယ်လို၊ ဆေးမီးဖို မရှိဘူး၊ ဟုတ်လား” ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ထိတ်လန့်သွားခဲ့သည်။ ချက်ချင်းပဲ ချန်ပေါင်က မကျေမနပ်ဖြင့် စတင် ရေရွတ်ပြောဆိုတော့သည် “ဆေးမီးဖိုမရှိဘဲ ဆေးဘယ်လို သန့်စင်မှာလဲ။ ဒီကောင်စုတ်လေး ငါတို့ လူအိုကြီးတွေကိုတောင် အရူးလုပ်ရဲတယ်။ ငါတို့ကို ဘာမှမသိတဲ့ ငါးနှစ်သားကလေးတွေများ မှတ်နေလား မသိဘူး”
“ရှင့်ပါးစပ်ပိတ်ထားစမ်း” ခုန်ရို့ယုက ချန်ပေါင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီးနောက် ရှနင်းချန်ဘက်သို့လှည့်ကာ အပြုံးလေးဖြင့် “နင်ဆေးဖော်စပ်ရင်း ဆေးမီးဖို မသုံးတာလား”
ရှနင်းချန် ခေါင်းညိတ်ပြလိုက်သည်။
ယခုတစ်ကြိမ် ခုန်ရို့ယုကပင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ ရှနင်းချန် ပြောသောစကားမှာ ယုံကြည်ဖွယ် မရှိသော်လည်း သူမ၏ မျက်လုံးလေးများသည် မုသားကင်းမဲ့ကာ ကြည်လင်သန့်စင်သော အလင်းရောင်တို့ဖြင့် ရွှန်းရွှန်းစို လင်းလက်တောက်ပနေသည်။ ထိုမိန်းမငယ်လေးသည် မလိမ်ညာတတ်သော ရိုးသားဖြောင့်မတ်သည့် စိတ်နှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု ခုန်ရို့ယု ပြောနိုင်သည်။
ထို့ကြောင့် စိတ်ရှည်ရှည်ထား၍ မေးလိုက်သည် “ပုံမှန်ဆို နင်ဘယ်လိုဆေးဖော်စပ်လဲ။ ငါတို့ကို လက်တွေ့ လုပ်ပြပေးနိုင်မလား။ ငါတို့ သက်ကြားအိုကြီးတွေက ဆေးဖော်စပ်တာကလွဲပြီး ဘာမှစိတ်ဝင်စားတာ မဟုတ်တော့ ဆေးမီးဖိုမပါဘဲ သူတော်စင်အဆင့် ဆေးလုံးကို ဘယ်လို သန့်စင်လဲ၊ ငါတို့ကို သန့်စင်ပြပေးနိုင်မလား”
ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးပိတ်ကာ စိတ်ငြိမ်အောင် အရင်လုပ်လိုက်သည်။
ခဏအကြာတွင် မျက်လုံးပြန်ဖွင့်လိုက်သည်။ လက်ရှိ ရှနင်းချန်သည် အစောပိုင်းကကဲ့သို့ ကြောက်လန့်စိုးရိမ်နေသော မိန်းမငယ်လေး တစ်ယောက် မဟုတ်တော့ချေ။
လက်ရှိရှနင်းချန်သည် နည်းနည်းလေးမျှပင် ထိတ်လန့်တုန်လှုပ်နေခြင်း မရှိတော့ဘဲ သူမ၏ မျက်ဝန်းများမှာ ယုံကြည်ချက်တို့ဖြင့် ပြည့်လျမ်းနေခဲ့သည်။
ဆေးအမယ်များကို ရှေ့တွင်ထားလိုက်ပြီး ဆေးအမယ် တစ်ခုချင်းစီတိုင်းကို သေချာစတင် စစ်ဆေးတော့လေသည်။
“သူတော်စင်အဆင့် ဆေးအမယ်တွေလား…” ခုန်ရို့ယုက တိုးတိုးလေး ပြောလိုက်သည် “သူပထမဆုံး ယူလိုက်တာက သူတော်စင်အဆင့် ဆေးအမယ်တွေလား။ သူတော်စင်အဆင့် ဆေးလုံးကို သူတကယ်ရော သန့်စင်နိုင်ရဲ့လား”
ဆေးဝိဇ္ဇာကြီးငါးယောက်သည် ရှနင်းချန်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြသည်။
သို့သော် ရှနင်းချန်သည် နည်းနည်းလေးမှပင် ရင်ခုန်စိတ်လှုပ်ရှားနေခြင်းမရှိ၊ သူမ၏ စိတ်အစဉ်သည် ရှေးဟောင်းကန်ရေပြင်တစ်ခုပမာ တည်ငြိမ်နေခဲ့သည်။ လက်ရှိ သူမ၏ မျက်လုံးထဲ ရှိသည့်အရာဆို၍ သူတော်စင်အဆင့် ဆေးအမယ်များသာ ရှိတော့သည်။
ရုတ်တရက် ရှနင်းချန်၏ ခန္ဓာကိုယ်မှ သိမ်မွေ့သော ခွန်အားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
ထိုစွမ်းအားကို ခံစားမိသည်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ကြောင်သွားခဲ့ကြသည်။