← Chapters

အခန်း (၉၂၁-၉၂၅)

Vol. 37 Ch. 921-925

အခန်း (၉၂၁-၉၂၅)

Vol. 37 Ch. 921-925

အပိုင်း (၉၂၁)

ဆေးဝိဇ္ဇာကြီးငါးယောက်ကို ထိတ်လန့်သွားစေသည်ကား ရှနင်းချန်၏ ခွန်အားမဟုတ်။

သူမသည် အသက်ငယ်ငယ်နှင့် မသေမျိုး တတိယ အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ဆေးဝိဇ္ဇာကြီးများသည် သူမအား ရန်ကိုင်ကဲ့သို့ သိုင်းတာအိုဘက်တွင် ပါရမီပါသော ဂျီးနီးယပ်တစ်ယောက် အဖြစ်သာ မှတ်ယူလိုက်သည်။

သူမခန္ဓာကိုယ်မှ ဖြာထွက်လာသော ခွန်အား၏ အဓိကအချက်မှာ ထိုစွမ်းအင်သည် မီးဓါတ်လည်း မဟုတ်သလို ယန်ဓါတ်လည်း မဟုတ်ခြင်းပင်။

ဆေးပညာဘက်တွင်ဖြစ်စေ၊ လက်နက်သန့်စင်ရာတွင် ဖြစ်စေ၊ အရည်ဖျော်ပစ်ရန်၊ သန့်စင်ပစ်ရငန်၊ ဆေးအဆီအနှစ်များ၊ သို့မဟုတ် သတ္တုအဆီအနှစ်များကို အတူတကွ ပေါင်းစပ်ရန် လောင်ကျွမ်းနိုင်သည့် စွမ်းအင်ကို လိုအပ်ပေသည်။ ထိုကဲ့သို့ အပူပေးပေးမှသာ ထိုကုန်ကြမ်းပစ္စည်းများ၏ စစ်မှန်သော အာနိသင်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဆေးပညာရှင်များနှင့် လက်နက်သန့်စင်သည့် ပညာရှင်များသည် မီးဓါတ် သို့မဟုတ် ယန်ဓါတ် ကျင့်စဉ်များကို ကျင့်ကြံထားရပေသည်။

သို့သော် ရှနင်းချန်ဆီမှ ထုတ်လွှတ်နေသော အစစ်အမှန်ချီသည် အလွန်ကိုမှ ညင်သာသိမ်မွေ့လှသည်။ ထိုအစစ်အမှန်ချီသည် သဘောဝလောကကြီးနှင့် တစ်သားတည်း ကျနေသော အရှိန်အဝါကို ထုတ်လွှတ်နေပေ၏။

ထိုအရာက ဘယ်လိုလုပ်ပြီး ဆေးပညာ ဖြစ်ရလေသနည်း။ ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး ကြောင်အနေကြရလေပြီ။

သို့သော်လည်း ချက်ချင်းဆိုသလို အကုန်လုံး မှင်သက်၊ အံ့ဩသွားခဲ့ကြရပြန်သည်။

ထိုမမြင်နိုင်သော စွမ်းအား၏ ရစ်ပတ်ထားခြင်း ခံရသော သူတော်စင်အဆင့် ဆေးပင်များသည် ရှနင်းချန်ရှေ့ အသာအယာ မျော့လွင့်နေပြီး သူမ၏ ညင်သာသိမ်မွေ့သော၊ သဘာဝစွမ်းအား အောက်တွင် စတင် ပြိုပျက်လာခဲ့သည်။ ဆေးအဆီအနှစ်များသည် အလွန့်ကိုမှ သန့်စင်လှသော ဆေးအရည်စက်များအဖြစ်သို့ အတူတကွ စုစည်းသွားလေ၏။

ရှနင်းချန်၏ ခန္ဓာကိုယ်သည် မလှုပ်မယှတ် ရှိနေဆဲ။ ကျောက်စိမ်းကဲ့သို့ လက်သွယ်သွယ်လေး နှစ်ဖက်သည်သာ လှုပ်ရှားနေခဲ့သည်။ အစဉ်မပြတ်သော စွမ်းအင်စီးကြောင်းသည် သူမဆီမှ သန့်စင်ထားသော ဆေးပင်များဆီသို့ စီးဆင်းနေချိန် သူမ၏ လက်သွယ်သွယ်လေး နှစ်ဖက်မှာလည်း အမျိုးမျိုးသော နက်နဲဆန်းကြယ်သည့် လက်ကွက်များကို ဖော်ဆောင်နေခဲ့၏။

ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး၏ အမူအရာ လေးနက်တည်ကြည်လာခဲ့သည်။ အကုန်လုံးသည် ထိတ်လန့်၊ တုန်လှုပ်နေသည့် အမူအရာဖြင့် ရှနင်းချန်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့ကြသည်။ မျက်တောင် ခတ်လိုက်၍ သူမလုပ်ပြနေသည့် အရာတစ်ခုခုအား လွဲချော်သွားမည်ကိုပင် စိုးရွံ့ထိတ်လန့်နေခဲ့ကြသည်။

ဆေးဝိဇ္ဇာကြီးငါးယောက်သည် အမြင်အရ ရှနင်းချန်သည် ဆေးပညာအရာတွင် အလွန်ကိုမှ မြင့်မားသော အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ချက်ချင်း တန်းပြောနိုင်သည်။ သူမ ဆေးအရည်များစက်များကို သိပ်သည်းပုံသည် အလွန်ကိုမှ ထူးခြားလှ၏။ သူတို့ပင်လျှင် သူမထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ရဲကြချေ။

ကောင်မလေးသည် ဆေးတစ်ပင်ချင်စီတိုင်းကို စိုးစဉ်းမျှ အလေအလွင့် မဖြစ်ရလေအောင် အသုံးချပြသွားခဲ့သည်။ သူမ၏ မယုံကြည်နိုင်စရာ နည်းလမ်းများနှင့်တကွ အကုန်လုံးသည် တဖြည်းဖြည်းချင်း စုစည်းသွားခဲ့လေသည်။

ဆေးအရည်စက်များသည် ပုလဲလုံးလေးများပမာ ရှနင်းချန်ရှေ့တွင် ဝဲနေခဲ့သည်။

ထို့နောက် ရှနင်းချန်သည် သူမ၏ လက်ချောင်းလေးကို ငှက်မွှေးတောင်တစ်ချောင်းသဖွယ် မှတ်ယူလျက် လေထဲတွင်ပင် စိတ်ဝိဥာဉ်အစီအရင်များကို စတင် ရေးဆွဲတော့သည်။

စိတ်ဝိဥာဉ်အစီအရင်များကို သူမ ရေးဆွဲနေသည့် အမြန်နှုန်းမှာ အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းလှပေသည်။

သူမ အသုံးပြုနေသော စိတ်ဝိဥာဉ်အစီအရင်များသည် ရန်ကိုင် အသုံးပြုခဲ့သော စိတ်ဝိဥာဉ်အစီအရင်များနှင့် တူညီနေသည်ကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အသေအချာ သတိပြုမိလိုက်ကြသည်။ သူတို့ နှစ်ယောက်စလုံးအား တူညီသော ဆရာတစ်ယောက်တည်းကပင် သင်ပေးသွားခြင်း ဖြစ်ရပေမည်။

တဖြည်းဖြည်းနှင့် ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး ရှနင်းချန်၏ စွမ်းဆောင်ရည်ထဲ မျောပါသွားခဲ့ကြသည်။ မည်သူမှ အသံကျယ်ကျယ်ပင် အသက်မရှုဝံကြတော့။

ရှနင်ချန် ပြောသည့်အတိုင်း မလုပ်နိုင်ဘူးဟု မည်သူမှ မထင်တော့။ လက်ရှိ သူမ စွမ်းဆောင်ပြထားသည်ကပင် လုံလောက်သည်ထက် ပိုနေသော သက်သေ ဖြစ်နေခဲ့လေပြီ။

ဆေးပညာအကြောင်း ကျွမ်းကျွမ်းကျင်ကျင်၊ နက်နက်နဲနဲ နားလည်ထားခြင်း မရှိသရွေ့ သူမလုပ်ပြသွားသကဲ့သို့ လုပ်နိုင်ဖို့ ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်ပေ။

ထို့အပြင် ရှနင်းချန် အသုံးပြုသွားသည့် နည်းလမ်းများထဲ စွဲမက်ဖွယ် အလှတရားတို့ ပါဝင်နေခဲ့သည်။ သူတို့ငါးယောက်မှာ ထိုအလှတရားထဲ နစ်မြောသွားပြီး သူတို့၏ ကိုယ်ပိုင် တည်ရှိမှုကိုပင် မေ့လျော့သွားခဲ့ကြရသည်။ အသန့်စင်ဆုံးသော ဆေးပညာဆိုင်ရာ နိယာမသဘောတရာများဖြင့် ပြည့်နေသော လောကထဲသို့ ရုတ်တရက် ရောက်သွားသလို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ခံစားလိုက်ကြရသည်။

သူတို့ လျှောက်လှမ်းရမည့် လမ်းကြောင်းမှာလည်း ပို၍ ကြည်လင်ပြတ်သားလာခဲ့သည်။

တဖြည်းဖြည်းနှင့် ရှုပ်ယှတ်ခတ်နေသော စိတ်ဝိဥာဉ် အစီအရင်သည် ပုံသဏ္ဏာန်ပေါ်လာခဲ့သည်။ တစ်ခုနှင့်တစ်ခု ထပ်နေသော မျဉ်းကြောင်းများသည်လည်း တလက်လက် တောက်ပလာခဲ့ပြီး အနီးအနားတွင် ရှိနေသော ဆေးအရည်များကို ဆွဲယူကာ အလယ်တွင် စုဝေးစေလိုက်သည်။

သူတို့ ရှေ့တည့်တည့်မှာပင်၊ ထိုဆေးအရည်စက်များသည် တစ်ခုနှင့်တစ်ခု စတင် ပေါင်းစည်းလာကြပြီး ဆေးလုံးပုံစံ စတင် ဖြစ်ပေါ်လာခဲ့သည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ထိုဖြစ်စဉ်ကို စိတ်ဝင်တစားဖြင့် အသေအချာ စိုက်ကြည့်နေခဲ့ကြသည်။

သူတို့ ဆေးပညာကို လေ့လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့သော် ဆေးလုံးဖြစ်ပေါ်လာသည့်ပုံစံကို တစ်ခါမှ ဤမျှလောက် ရှင်းရှင်းလင်းလင်း မမြင်တွေ့ဖူးခဲ့ချေ။

သူတို့ ဖော်စပ်လိုက်သော ဆေးလုံးတိုင်သည် ဆေးမီးဖိုထဲတွင်သည် ဆေးလုံးဖြစ်သွားသည့်အတွက် ဆေးလုံးဖြစ်တည်သည့် ဖြစ်စဉ်ကို မျက်မြင်တပ်အပ် မမြင်ဖူးခဲ့ပေ။ ဆေးလုံး ဖြစ်ပေါ်လာမှသာ ဆေးလုံးပုံစံကို မြင်ရခြင်းဖြစ်သည်။

ယခုမှသာ ဆေးလုံး အခဲဖြစ်တည်သည့် ဖြစ်စဉ်သည် အရမ်းကိုမှ ရင်ဖိုလှိုက်မောဖွယ်ကောင်းကြောင်း ငါးယောက်စလုံး နားလည်လိုက်ကြသည်။ ဆေးလုံး ဖြစ်ပေါ်လာသည့် ဖြစ်စဉ်ကို ကြည့်ရသည်မှာ သက်ရှိတစ်ကောင် မွေးဖွားလာသည်ကို ကြည့်နေရသလိုပင်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့ကြသည်။ သူတို့အားလုံး စကားပင် မပြောနိုင်တော့။ လည်ပင်းကို ရှည်နိုင်သမျှ ရှည်ရှည်ဆန့်လျက် သေသေချာချာ အနီးကပ် လေ့လာနိုင်အောင် ကြိုးစားနေခဲ့၏။

ဆေးလုံးပုံစံ စယူလာသည်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ကြသည်။

အချိန်အတော်ကြာသွားပြီးသည်နောက် အခန်းထဲ ဆေးရနံ့တို့ သင်းပျံ့လာခဲ့သည်။ ထိုအချိန်မှပဲ ဆေးဝိဇ္ဇာကြီး ငါးယောက်တို့မှာ သူတို့ရင်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလို စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ရှနင်းချန်သည် သူမရှေ့ရှိ ဆေးလုံးကို ဖမ်းယူ၍ လက်နှစ်ချောင်းဖြင့်ညှပ်ကာ ထိုဆေးလုံးကို စိုက်ကြည့်နေသည်။ သို့သော်လည်း ဆေးလုံးရလဒ်ကို မကျေနပ်သည့် အတွက်ကြောင့်ပေလား မသိ၊ သူမ၏ မျက်ခုံးကြောလေးတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့သည်။ ခဏအကြာ၌ ဆေးလုံးကို ကျောက်စိမ်းပုလင်းထဲသို့ ထည့်ရန် လုပ်လိုက်၏။

တစ်ချိန်တည်းတွင် ရန်ကိုင်လည်း ဆေးဖော်စပ်လို့ ပြီးသွားခဲ့သည်။ ဆေးမီးဖိုကို ပုတ်လိုက်ရာ ဆေးလုံးတစ်လုံး ပျံထွက်လာပြီး သူကိုင်ထားသော ကျောက်စိမ်းပုလင်းထဲသို့ တည့်တည့် ကျသွားခဲ့သည်။

အခန်းတစ်ခန်းလုံး မဆိုသလောက်ကလေး ကွဲပြားသော ဆေးသင်းရနံ့ နှစ်မျိုးတို့ဖြင့် ပြည့်သွားခဲ့လေသည်။

ရုတ်တရက် အခန်းတစ်ခန်းလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။ အခန်းထဲ ဆေးဝိဇ္ဇာကြီး ငါးယောက်တို့၏ နှလုံးခုန်သံကိုသာ ကြားနေခဲ့ရ၏။

ယခုမှပဲ ရှနင်းချန်သည် သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲမှ ပြန်နိုးလာခဲ့လေသည်။ မော့ကြည့်လိုက်သည့်အခါ သူမအား အမဲဖျက်တော့မည့်နှယ် စိုက်ကြည့်နေသည့် အကြည့်ငါးစုံနှင့် မျက်လုံးချင်း သွားဆိုင်မိလေသည်။

“ဆေးဝိဇ္ဇာကြီးတို့ရှင့်…” ရှနင်းချန် ချက်ချင်း ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။

ရန်ကိုင် ပြုံးဖြီးနေခဲ့သည်။ ဆေးဝိဇ္ဇာကြီးတို့ လွန်စွာကိုမှ ထိတ်လန့်အံ့ဩနေသည်ကို သူမသိဘဲ နေမည်လော။ ဆေးဝိဇ္ဇာကြီးတို့အား ထိတ်လန့်နေချိန်ပင် မပေးတော့ဘဲ လှမ်းအော်ပြောလိုက်လေသည် “ဆေးဝိဇ္ဇာကြီးတို့၊ အခု ဒီဂျူနီယာပြောတာကို ယုံပြီလား”

တုဝမ်က ရန်ကိုင်အား လှမ်းကြည့်၍ အားတင်းပြုံးကာ “မြင်လိုက်ရတော့မှပဲ တကယ် ယုံနိုင်တော့တယ်”

ရန်ကိုင် စကားသံကို ကြားမှပဲ ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အသိပြန်ဝင်လာခဲ့ကြသည်။ ချန်ပေါင်က မျက်မှောင်ကြုံ့၍ နားမလည်နိုင်သည့် အမူအရာဖြင့် စမေးလိုက်လေသည် “ဒါပေမယ့် ဆေးလုံးကို မီးလည်းမပါ၊ ယန်စွမ်းအင်လည်း မပါဘဲ သူဘယ်လို ဖော်စပ်သွားတာလဲ ဆိုတာကို အခုထိ ငါတကယ်ကို နားမလည်နိုင်သေးဘူး… ပြီးတော့ ဆေးမီးဖို သုံးမသွားတာကိုတောင် ထည့်မတွက်ရင်တောင် သူ့ရဲ့ အစစ်အမှန်ချီက ဆေးဖော်စပ်ဖို့ အတွက် သင့်တော်တာ မဟုတ်ဘူး”

“ငါလည်း အဲ့ဒါကို နားမလည်နိုင် ဖြစ်နေတာ။ ဆေးဖော်စပ်ဖို့ မီးဓါတ်၊ ယန်ဓါတ် အစစ်အမှန်ချီကို မလိုအပ်တာ တကယ်ပဲလား” ဟဲဖုန်း ခေါင်းတရမ်းရမ်း ဖြစ်နေခဲ့သည်။

ရှနင်းချန် ဆေးဖော်စပ်သည်ကို ကြည့်ပြီးနောက် သူ့အနေဖြင့် အကျိုးအမြတ် များစွာ ရခဲ့သော်လည်း ဆေးပညာ၏ အခြေခံ ယေဘုယျအချက်များကို စတင်၍ သံသယဝင်စ ပြုလာခဲ့ရသည်။

ခုန်ရို့ယုကမူ အတွေးနက်နေခဲ့သည်။ အချိန်အတော် ကြာသွားမှာသာ “ဆေးပညာအတွက် သီးသန့် မွေးဖွားလာတာလို့တောင် ပြောလို့ရတဲ့ အထူးခန္ဓာကိုယ်ကို ရှင်တို့ ကြားဖူးလား”

“အထူးခန္ဓာကိုယ်လား” တုဝမ် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ရကာ “နင်ပြောချင်တာက…”

“ထွဋ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်လား” ဟုန်ဖန်းက အလန့်တကြား‌ အော်ပြောလိုက်သည်။

“ဟုတ်တယ်။ ထွဋ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ပဲ” ခုန်ရို့ယု၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး ရှနင်းချန်အား စိုက်ကြည့်ကာ “ဒီကောင်မလေးက ထွဋ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ရမယ်”

“အဲ့လိုဆိုရင် ဆေးမီးဖိုနဲ့ လောင်ကျွမ်းနိုင်တဲ့ အစစ်အမှန်ချီ မပါဘဲ သူဘာလို့ ဆေးဖော်စပ်နိုင်လဲ ရှင်းပြလို့ရသွားပြီ” တုဝမ်က ခေါင်းညိတ်လိုက်သည်။

ထိပ်တန်းအဆင့် ဆေးပညာရှင်များ ဖြစ်သည်နှင့်အညီ ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ထွဋ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်အကြောင်း ကြားဖူးပေသည်။ ရှနင်းချန် လုပ်ပြသွားသည်နှင့် ထောက်ချင့်လိုက်သည့်အခါ သူတို့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပို၍ ယုံကြည်လာခဲ့သည်။

“ကောင်လေး။ မင်းစီနီယာအစ်မမှာ အထူးခန္ဓာကိုယ် ရှိနေတာလား” ချန်ပေါင်က ရန်ကိုင်ကို လှမ်းမေးလိုက်သည်။

ရန်ကိုင်က ပြုံးကာ ခေါင်းပြန်ညိတ်ပြလိုက်သည်။

“အံဩစရာ မဟုတ်တော့ပါဘူးလေ။ သူက ဒဏ္ဏာရီလာ အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကိုး”

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ရှနင်းချန်အား အဖိုးမဖြတ်နိုင်သော၊ အဖိုးအတန်ဆုံးသော ရတနာတစ်ပါးသဖွယ် စိုက်ကြည့်နေခဲ့ကြလေသည်။

“မင်းတို့ စီနီယာ၊ ဂျူနီယာ အတွဲက လူတွေကို ဘယ်လို စိတ်ဒုက္ခရောက်အောင် လုပ်ရမလဲ တယ်သိတာပဲနော်” တုဝမ်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “သူ့ကြောင့် ဒီလူအိုကြီးတောင် ကိုယ့်ဆေးပညာ အရည်အချင်းကို ပြန်သံသယဝင်နေရပြီ”

“အင်း။ ဟုတ်တယ်။ ငါလည်း ဒီနှစ်အတောအတွင်း အချိန်တွေ ထိုင်ဖြုန်းနေခဲ့တာပါလား ဆိုပြီးတော့တောင် ကိုယ့်ကိုယ်ကို သံသယ ဝင်မိနေပြီ”

“ဒါပေမယ့် မင်းနဲ့ယှဉ်ရင်တော့ သူက ပိုတော်တယ်” ဟုန်ဖန်းက ရယ်မောလိုက်ပြီး “သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်သွားတဲ့ အချိန်ချင်းယှဉ်ရင်တောင် မင်းရှုံးနေပြီ”

ရန်ကိုင်က ပခုံးတွန့်လိုက်ပြီး “ကျုပ်ဘာပြောနိုင်မှာလဲ။ စီနီယာအစ်မက ဆေးပညာပိုင်းမှာ ကျုပ်ထက် အမြဲသာနေတာလေ”

“မဟုတ်ဘူး။ ဂျူနီယာမောင်လေးက ဆေးပညာကို ခဏပဲ လေ့လာရသေးတာလေ။ ငါတို့ အရင်အကြိမ် တွေ့တုန်းကဆို ဂျူနီယာမောင်လေးက ဆေးတောင် ဖော်စပ်တတ်သေးတာမှ မဟုတ်တာ” ရှနင်းချန်က ချက်ချင်းပဲ ရန်ကိုင်ဘက်မှ ကာပြောလိုက်သည်။

“တော်လောက်ပြီ။ မင်းတို့ တစ်ယောက်ကိုတစ်ယောက် ဒီလောက် ချီးကျူးနေဆရာမလိုဘူး။ ဆက်ပြီးတော့သာ ဆေးဖော်စပ်ကြတော့။ တကယ်တော့ ငါတို့ ဒီနေ့ ဆေးလုံး အလုံးသုံးဆယ်ပြီးအောင် ဖော်စပ်ပေးရမှာနော်” ချန်ပေါင်မှာ ထိုမှော်ဆန်ဆန် မြင်ကွင်းကို ထပ်ကြည့်ရန်အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေပေပြီ။

“အင်း။ ဒါပေမယ့် အရင်ကြိုပြောထားလိုက်မယ်။ မင်းတို့ ပေးတဲ့ စိတ်ဒဏ်ရာကြောင့် ငါတို့ လူအိုကြီးတွေ အတူတူ ဆေးဖော်စပ်တော့မှာ မဟုတ်ဘူး။ မဟုတ်ရင် ဆေးပင်တွေ အလကား ဖြစ်ကုန်မှာ” ဟဲဖုန်းက ထပ်ပေါင်းပြောလိုက်သည်။

“ကောင်းပြီလေ။ ဒီနေ့ ဖော်စပ်ရမယ့် အလုံးသုံးဆယ်ကို ကျုပ်နဲ့ စီနီယာမမလေး လက်ထဲပဲ အပ်ထားလိုက်ပေါ့” ရန်ကိုင်နှင့် ရှနင်းချန်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီးနောက် ပြုံးလိုက်ကြသည်။ ထို့နောက် ဘာမှ ဆက်ပြောမနေတော့ဘဲ လုပ်စရာရှိသည်ကိုသာ စတင် လုပ်ဆောင်ကြလေတော့သည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့သည်။

ဆေးဝိဇ္ဇာကြီးငါးယောက်တို့သည် ရန်ကိုင်ကို အဖက်ပင် မလုပ်တော့။ ရှနင်းချန်နားသာ ကပ်၍ သူမဆေးဖော်စပ်သည်ကို မမောမပန်း သေသေချာချာ လေ့လာနေခဲ့ကြသည်။

ရန်ကိုင် နည်းလမ်းများကို သူတို့ တော်တော်လေး လေ့လာပြီးသွားလေပြီ။ ထို့ကြောင့် ယခု ရှနင်းချန်၏ နည်းလမ်း အဖုံဖုံကို လေ့လာရမည့်အချိန်ပင်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ပျော်နေခဲ့သည်။ ရှနင်းချန်ကမူ ရန်ကိုင်ထက်ပင် စိတ်လှုပ်ရှားနေသေး၏။

ယခင်က၊ ဆေးပညာကို လေ့ကျင့်ရန်အတွက် သူမတွင် သူတော်စင်အဆင့် ဆေးအမယ် များများစားစား မရှိခဲ့။ သို့သော် ယခုအချိန်တွင် သူမသည် ဘုံကိုးခုထွတ်မြတ်နယ်မြေထဲ ရောက်နေခဲ့လေပြီ။ ဆေးအမယ် မရှိသည့် ကိစ္စနှင့် ပက်သက်ပြီး ဆက်လက် တွေးပူနေစရာ မလိုတော့ပေ။ ဆေးပညာကိုသာ အပြည့်အဝ အာရုံစိုက်ထားနိုင်လေပြီ။

ထို့အပြင် ထွဋ်မြတ်စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်ကြောင့် ဆေးဖော်စပ်ခြင်းသည် သူမ၏ ခွန်အားကို တိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အမြန်ဆုံးနည်းလမ်း ဖြစ်ပေသည်။

တစ်နေကုန် မရပ်မနား ဖော်စပ်နေပြီးနောက် ညနေရောက်စ ပြုလာချိန်၌ ဆေးလုံး အလုံးသုံးဆယ်ကို ဖော်စပ်သန့်စင်ပြီးသွားခဲ့သည်။ ရန်ကိုင် တော်တော်လေးကို ပင်ပန်းနေလေပြီ။ သို့သော် ရှနင်းချန်မှာမူ နည်းနည်းလေးမှပင် ပင်ပန်းနွမ်းနယ်နေခြင်းမရှိဘဲ ဆေးဖော်စပ်၍ ပြီးသွားသည်ကိုပင် နောင်တရချင် ဖြစ်နေခဲ့သည်။

မကြာခင်မှာပဲ ရှုဟွေ ရောက်လာပြီး ဖော်စပ်ပြီး ဆေးလုံးကို လာယူကာ တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် စောင့်နေသော ဧည့်သည့်များဆီ ပေးလိုက်လေသည်။

ထိုကျင့်ကြံသူများမှာ တော်ဝင်နယ်မြေ၏ ဆေးဝိဇ္ဇာကြီးကို စတင် ချီးကျူးကြလေ၏။ ဆယ်ရက်လောက် အနားယူပြီးနောက် တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးသည် သန့်စင်ပေးသည့် ဆေးလုံး အရေအတွက်ကို အလုံးနှစ်ဆယ်မှ အလုံးသုံးဆယ်သို့ တိုးလိုက်လေသည်။

ထိုအဖြစ်အပျက်ကြောင့် အပြင်ဘက်တွင် တန်းစီ စောင့်နေသော ကျင့်ကြံသူများ အရမ်း ပျော်သွားခဲ့ကြသည်။

တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီး ဆေးလုံးများများကို ပိုသန့်စင်လေ၊ သူတို့ စောင့်ရသည့်အချိန် ပိုတိုလေပင်။

ယခုအချိန်တွင် ရန်ကိုင်၊ ရှနင်းချန်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် သူတို့၏ အခန်းအသီးသီးဆီ ပြန်သွားပြီး အနားယူနေကြလေပြီ။

ဒုတိယမြောက်နေ့လည်း ပထမရက်အတိုင်းပင်။

သုံးရက်ကြာပြီးနောက်မှသာ ဆေးဝိဇ္ဇာကြီး ငါးယောက် ပြန်လည် ဆေးစဖော်စပ်ကြတော့သည်။

ဆေးခန်းတစ်ခန်းလုံး စိတ်ဝိဥာဉ်အဆင့်၊ သူတော်စင်အဆင့် ဆေးရနံ့များဖြင့် သင်းပျံ့မွှေးကြိုင်နေလေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၂)

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ရာ မကြာမီ တစ်လ ပြည့်သွားခဲ့လေသည်။ သတင်းစုံစမ်းရန် ရှုဟွေ လွှတ်လိုက်သော တော်ဝင်နယ်မြေမှ တပည့်များလည်း ပြန်ရောက်လာကြသည်။ သူတို ပြန်လည် တင်ပြသော သတင်းများကို နားထောင်ပြီး ဤလောကကြီး စတင်ပြောင်းလဲစ ပြုနေပြီမှန်း သိလိုက်ကာ ရန်ကိုင်ကိုတွေ့ရန် တော်ဝင်ရုံးတော်ဆီ အပြေးသွားလေ၏။

ရန်ကိုင်သည် ထိုကဲ့သို့ ဖြစ်မည်မှန်း အစောကြီးကတည်းက မျှော်လင့်ထားပြီးသားပင်။ ထို့ကြောင့် ယနေ့၌ ဆေးဖော်စပ်ခန်းသို့ပင် မသွားခဲ့ချေ။

အဓိကခန်းမထဲတွင် ရှုဟွေက လေးနက်တည်ကြည်သည့် အမူအရာဖြင့် “တော်ဝင်သခင်၊ ကျုပ်လွှတ်လိုက်တဲ့ တပည့်တွေ ပြန်ပြောတဲ့ အကြောင်းအရတော့ ဒီလောကကြီးမှာ အရမ်းကို ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားနေမှန်း တွေ့ခဲ့ရပါတယ်”

“ဘယ်လို ဖြစ်စဉ်လဲ”

“လောကကြီးတစ်ခုလုံးမှာ ရှိနေတဲ့ ဆန်းကြယ်လောကငယ် ဝင်ပေါက်တွေအကုန်လုံး ပွင့်လာနေပါတယ်”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားပြီး သူ့ရင်ထဲ သိပ်မကောင်းတော့။

တော်ဝင်သင်္ချိုင်း၊ ကြယ်တာရာကောင်းကင်သို့ တံခါးပေါက်နှင့် တောင်ထွတ်ကိုးလုံးမှ ကီလိုမီတာ နှစ်ထောင် အကွာရှိ ဆန်းကြယ်လောကငယ် ဝင်ပေါက်များ ပွင့်လာသည့် အဖြစ်အပျက်များကို မြင်ပြီးနောက် ရန်ကိုင်ရင်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။ ထို့ကြောင့် တပည့်များကို လွှတ်ပြီး အခြေအနေကို သွားစုံစမ်းခိုင်းရန် ရှုဟွေအား အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

လေ့လာတွေ့ချက်ရှိသည် သူ့ခန်းမှန်းချက်သည် ယေဘုယျအားဖြင့် ကိုက်ညီနေခဲ့လေရာ ရန်ကိုင်စိတ်ထဲ ပို၍ စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။

ရှုဟွေက ဆက်ပြောလိုက်သည် “တပည့်တွေ ပြောတာကတော့ ဆန်းကြယ်လောကငယ်တွေ အကုန်လုံးက တစ်ချိန်တည်းမှာပဲ သူ့ဘာသာပွင့်လာကြတဲ့ ပုံပါပဲတဲ့။ အခုလောလောဆယ် ဒီလောကကြီးက ကျင့်ကြံသူတွေက ဆန်းကြယ်လောကငယ်ကို သည်းကြီးမည်းကြီး ရှာဖွေနေကြပါတယ်။ တွေ့ရတဲ့ ဆန်းကြယ်လောကငယ် အများစုက ဘာမှမရှိပါဘူးတဲ့။ ရိုးရိုးသက်ရှိတွေကိုတောင် မတွေ့ရတာတွေ ရှိပါတယ်တဲ့။ တစ်ခါတစ်လေမှပဲ ရှေးဟောင်းအပျက်အစီးနယ်မြေနဲ့ ရတနာတွေကို တွေ့ရတာပါတဲ့”

“အဲ့ဝင်ပေါက်တွေ ဘယ်တုန်းက ပွင့်လာလဲ ဆိုတာကို သူတို့ သေချာသိလား”

ရှုဟွေက ခေါင်းညိတ်လိုက်ပြီး “လွန်ခဲ့တဲ့ တစ်လခွဲလောက်ကနဲ့ တူတယ်”

လွန်ခဲ့သော တစ်လခွဲခန့်က… ထိုစကားသည် ရန်ကိုင်စိတ်ထဲ ကြီးစိုးနေသော သံသယတို့ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့သည်။ လွန်ခဲ့သော တစ်လခွဲခန့်က အချိန်သည် မန်ဝူရနှင့် ရှနင်းချန်တို့ကို သူကယ်ခဲ့သော အချိန် ဖြစ်ပေသည်။

အဲ့ဆန်းကြယ်တဲ့ လေဟာနယ်နဲ့ မဟာနတ်ဆိုးနတ်ဘုရား ကိုယ်ပွားက ဆန်းကြယ်လောကငယ်တွေ ရုတ်တရက် ပွင့်လာတာနဲ့ တကယ်ကြီး ပက်သက်နေတာလား

ကျောက်တိုင်ရှစ်တိုင်သည် ဤလောကကြီး၏ အချက်အချာ ဖြစ်ပြီး ထိုကျောက်တိုင်ရှစ်တိုင်ကို ဖျက်စီးလိုက်ပါက မခန့်မှန်းနိုင်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်ဟု မဟာနတ်ဆိုးနတ်ဘုရားက ပြောခဲ့သည်။

လက်ရှိ အခြေအနေသည် သူပြောခဲ့သော စကားများနှင့် အမှန်တကယ် ပက်သက်နေသည်လား။

ထုန်းရွှမ်လောကကြီး၏ အချက်အချာနေရာ ဖျက်စီးခံလိုက်ရသည့်အတွက် ပျောက်ကွယ်နေသော ဆန်းကြယ်လောကငယ်များ ပြန်ပေါ်လာခြင်းပေလား။ သို့သော် ဆန်းကြယ်လောကငယ်များ ပြန်ပေါ်လာခြင်းသည် အဆိုးကြီး မဟုတ်။ ထို့သို့ဆိုလျှင် မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားသည် ဘာကြောင့် ထိုကဲ့သို့ သတိပေးခဲ့သနည်း။

သူ့စကားအရ ကျောက်တိုင်များ ပျက်စီးသွားသည်နှင့် ဘေးဒုက္ခကြီးတစ်ခုကို ကြုံတွေ့ရတော့မယ့်နှယ် ဖြစ်နေရာ ရန်ကိုင်မှာ စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရသည်။

ရန်ကိုင် အမူအရာ မကောင်းသည်ကိုမြင်သော် ရှုဟွေ ဘာမှထပ်မပြောရဲတော့ဘဲ နေရာတွင် မတ်တပ်ရပ်၍ စောင့်နေလေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် အကြီးအကဲချုပ်က မေးလိုက်သည် “တော်ဝင်သခင်၊ အဲ့ဆန်းကြယ်လောကငယ်တွေဆီ အဖွဲ့တွေလွှတ်ပြီး စူးစမ်းခိုင်းလိုက်ရမလား။ ကံကောင်းရင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရနိုင်သေးတယ်။ အခုနောက်ပိုင်း တံခါးပိတ်ကျင့်စဉ်ဝင်နေတဲ့ တပည့်တွေ ထွက်လာကြတော့ သူတို့ကို နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှား လုပ်ခိုင်းလိုက်တာ ကောင်းမလားလို့”

ရန်ကိုင် ခေါင်းမော့လိုက်ပြီး တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက် ရုတ်တရက် ခေါင်းညိတ်လိုက်သည် “ကောင်းတယ်။ တော်ဝင်နယ်မြေက တပည့်တွေကို အဲ့ဆန်းကြယ်လောကငယ်တွေဆီ လွှတ်ပြီး စူးစမ်းခိုင်းလိုက်။ ဒါပေမယ့် ဒီတစ်ခုကိုတော့ သေချာ သတိထားခိုင်းလိုက်ဦး”

“ပြောပါ တော်ဝင်သခင်”

“ဗဟိုမြို့တော်၊ တိမ်မိစ္ဆာနယ်မြေ၊ တန်းလန်မင်းဆက်၊ အဲ့လိုခေါ်တဲ့ နေရာတွေပါတဲ့ ဆန်းကြယ်လောကငယ်တွေကို တွေ့ရင် တော်ဝင်နယ်မြေဆီ ချက်ချင်း ပြန်သတင်းပို့ခိုင်းလိုက်”

“ဟုတ်ကဲ့ပါ” ရှုဟွေသည် ဘာအပိုမေးခွန်းမှ ထပ်မေးမနေခဲ့။ ရန်ကိုင် အမူအရာကို ကြည့်ရုံဖြင့် ထိုအရာများသည် သူ့အတွက် အရေးပါမှန်း ရှုဟွေ သိလိုက်၏။

“ပြီးတော့ ဝူကျဲဆီ ‘ကျုပ်သူ့ကို မေးစရာရှိတယ်’လို့ သွားပြောခိုင်းလိုက်ဦး” ရန်ကိုင်က ထပ်ပြောလိုက်သည်။

အကြီးအကဲချုပ် ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ပြန်ထွက်သွားလေသည်။

ယခု ရန်ကိုင် နှလုံးခုန်မြန်နေခဲ့ရလေပြီ။

ထိုအဖြစ်အပျက်သည် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်သော်လည်း သူ့အား ဗဟိုမြို့တော်ဆီ ပြန်နိုင်မည့် အခွင့်အရေးတစ်ခု ပေးစွမ်းကောင်း ပေးစွမ်းနိုင်ပေလိမ့်မည်။

ဗဟိုမြို့တော်တွင် ရှိနေသော သူ့မိတ်ဆွေနှင့် ဆွေမျိုးများကို ရန်ကိုင် အမြဲတစေ စိတ်ပူနေခဲ့ရသည်။ သို့သော်လည်း သူမည်မျှပင် စိတ်ပူနေစေကာမူ ထိုနေရာသို့ ပြန်သွားနိုင်မည့်နည်းလမ်း ရှာမတွေ့ခဲ့။ ထုန်းရွှမ်လောကကြီး ဆီသို့ စရောက်စဉ်က သူသည် အားနည်းသော လေလွင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ယခုမူ သူသည် မဟာအင်အားစုကြီး တစ်ခု၏ အရှင်သခင် ဖြစ်နေပြီး ခြေသလုံးအိမ်တိုင် လျှောက်သွားနေရသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက် မဟုတ်တော့။ နေစရာ အတည်တကျလည်း ရှိနေပေပြီ။ ထို့ကြောင့် သူချစ်ရသူများ အနေဖြင့် ပိုမို ကောင်းမွန်သော နေရာတွင် နေထိုင်ရစေရန်အတွက် ထိူလူများအား ဤနေရာသို့ ခေါ်ချင်သည်မှာ သဘာဝပင် ဖြစ်သည်။

ပျောက်ကွယ်နေသော ဆန်းကြယ်လောကငယ်များ၏ ဝင်ပေါက်အားလုံးသည့် သူ့အလိုလို ပွင့်လာခဲ့လေပြီ။ ထို့ကြောင့် ထိုထဲမှတစ်ခုသည် သူရှာနေသော လောကဆီသို့ ဦးတည်နေပေလိမ့်မည်။

အကြောင်းမှာ ရန်ကိုင် လာခဲ့သော နေရာသည် ဆန်းကြယ်လောကငယ်တစ်ခု ဖြစ်နေသည့် အတွက်ကြောင့်ပင်။

သို့သော် အခြားဆန်းကြယ်လောကငယ်များနှင့် မတူသည့်အချက်မှာ သူအရင်နေထိုင်ခဲ့သည့် နေရာသည် အခြားဆန်းကြယ်လောကငယ်များထက် ပိုကြီးပေသည်။

ရက်စက်ယုတ်မာသည့် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်သာ ဗဟိုမြို့တော်ဆီ ရောက်သွားခဲ့လျှင် မိသားစုကြီးရှစ်ခု ပျက်ကိန်း ဆိုက်ပေလိမ့်မည်။

ထို့ကြောင့် အရင်လောကဆီသို့ ပြန်သွားနိုင်မည့်လမ်းကို မြန်နိုင်သမျှမြန်မြန် ရှာတွေ့ရန် လိုအပ်ပေသည်။

တစ်နာရီကြာပြီးနောက် ဝူကျဲ‌ရောက်လာခဲ့သည်။

ရန်ကိုင်သည် မရဏဂိုဏ်းမှ တပည့်များကို ဗဟိုမြို့တော်နှင့် ပက်သက်သည့် သတင်းများ စုံစမ်းပေးခိုင်းရန် ဝူကျဲအား တောင်းဆိုလိုက်သည်။ ဝူကျဲလည်း ရန်ကိုင် တောင်းဆိုချက်ကို ဆောင်ရွက်ပေးရန် ချက်ချင်းပဲ ပြန်ထွက်သွားလေသည်။

ရန်ကိုင်နှင့် မဟာမိတ်ဖွဲ့ပြီးသည့် အချိန်မှစ၍ ဝူကျဲ၏ မရဏဂိုဏ်းသည် အတိုးတက်ကြီး တိုးတက်လာခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်၏ တောင်းဆိုချက်ကို သူငြင်းဆိုလိမ့်မည် မဟုတ်ချေ။

ထိုကိစ္စများကို ဆောင်ရွက်ပြီးနောက် ရှနင်းချန်အား စကားအနည်းငယ် ပြောခဲ့သည်။ ထို့နောက် ကောင်းကင်လွန်းပျံကို ထုတ်ကာ တစ်ယောက်တည်း ပျံထွက်သွားလေသည်။

တစ်ရက်ကြာပြီးနောက် ကောင်းကင်ဂိုဏ်းတော်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။

ရှုယဉ်သာတောင်ထွတ်ပေါ်တွင် ဖေးယုကို တွေ့လိုက်ပြီး ကောင်းကင်ဂိုဏ်းတော်၏ လူအင်အားကိုသုံး၍ ဗဟိုမြို့တော်နှင့် ပက်သက်သည့် သတင်းများကို စုံစမ်းပေးထားရန် သူမအား အကူအညီတောင်းလိုက်လေသည်။

ထို့နောက် ထပ်ထွက်သွားပြန်သည်။

နှစ်ရက်ကြာပြီးနောက် နဂါးဖီးနစ်နန်းတော်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

နဂါးစံအိမ်ထဲတွင် နဂါးဧကရာဇ်ဖြစ်သော စွန်းယုသည် တင်ပလင်ခွေထိုင်လျက် နးဂါးဖီးနစ်နန်းတော်၏ အဖိုးအတန်ဆုံး ကျင့်စဉ်ကို လေ့ကျင့်နေခဲ့သည်။

နဂါးတောင်ကြားထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်ပြီး နဂါးဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးသည့်အချိန်မှစ၍ စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ အကျော်ကြားဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။

နန်းတော်သခင် ချန်ကျိုးနှင့် အကြီးအကဲအားလုံးသည် သူ့အား နဂါးဖီးနစ်နန်းတော်အား ပြန်လည် ဦးမော့လာအောင် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြကာ သူ့အား အစွမ်းကုန် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးနေခဲ့ကြလေသည်။

နဂါးတောင်ကြားထဲမှ သူထွက်လာခဲ့သည်မှာ တစ်နှစ်ခွဲ ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း စွန်းယုမှာ သူ့ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်နိုင်ခဲ့သော်လည်း အများကြီး တိုးတက်လာအောင် လုပ်နိုင်ခြင်း မရှိခဲ့သဖြင့် အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရသည်။

နဂါးတောင်ကြားထဲသို့ ဝင်သွားစဉ်က နှစ်နှစ်အတွင်း အစစ်အမှန်ဒြပ်စင်အဆင့်(၇)မှ အင်မော်တယ်တက်လှမ်းခြင်း အဆင့်(၇)သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် ယခုအချိန်၌ အပြင်လောကကြီးတွင် တစ်နှစ်ခွဲ ကြာသွားသည့်တိုင် သူ့ကျင့်ကြံခြင်းသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့သာ ရောက်နိုင်ခဲ့သည်။

သို့သော်လည်း နဂါးဧကရာဇ်ဆိုသော သူ့အဆင့်အတန်းကြောင့် နန်းတော်သခင်နဲ့ အကြီးအကဲများသည် ဘာမှမပြောဘဲ သူတို့ နဂါးဖီးနစ်နန်းတော် တစ်ဖန်ပြန်လည် ဦးမော့လာနိုင်မည့် နေ့ကိုသာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

စွန်းယုသည်သာ အမှန်ကိုသိသည်။ သူက အစစ်အမှန် နဂါးဧကရာဇ်မဟုတ်ချေ။

နဂါးတောင်ကြားတွင် ရှိနေစဉ်ကာလအတွင်း သူ့ခွန်အား တစ်ဟုန်ထိုး တိုးတက်လာရခြင်းသည် ထိုစီနီယာ၏ ညွှန်ကြားပြသပေးမှုကြောင့်ဖြစ်သည်။ ထိုစီနီယာ ထွက်သွားပြီး နောက်တစ်နှစ်ခွဲအတွင်း၊ စွန်းယုသည် ကြိုးကြိုးစားစား လေ့ကျင့်သော်လည်း သူ့ခွန်အားသည် ထင်သလောက် တိုးတက်လာခဲ့ခြင်း မရှိချေ။

သူ့ခွန်အား တိုးတက်သည့်နှုန်းသည် နန်းတော်သခင်နှင့် အကြီးအကဲများကို သေချာပေါက် စိတ်ဓါတ်ကျသွားစေခဲ့သည်။ ထို့အပြင် နန်းတော်သခင်သည် သူ့အား ဖီးနစ်ဧကရီကို ရွေးပေးရန် မကြာခဏ တိုက်တွန်းနှိုးဆော်နေသည့်အတွက် စွန်းယုမှ ထိုကိစ္စကို ရှောင်ရှားရန်အတွက် တံခါးပိတ်ကျင့်စဉ်ဝင်ဦးမည်ဟု တောက်လျှောက် ဆိုနေခဲ့ရသည်။

စွန်းယု တခါးပိတ်ကျင့်စဉ်နေသည့်အတွက် ဖီးနစ်ဧကရီ ရွေးချယ်မည့် ကိစ္စမှာလည်း ဆိုင်းငံ့ထားခဲ့ရလေသည်။

သူတင်ပလင်ခွေထိုင် ကျင့်စဉ်နေစဉ် သူ့အနားပတ်လည်ရှိ အရှိန်အဝါ မဆိုသလောက်လေး ပြောင်းလဲသွားခဲ့သည်။

စွန်းယု မျက်လုံး ပွင့်လာခဲ့ပြီး ချက်ချင်း အော်မေးလိုက်သည် “ဘယ်သူလဲ”

စွန်းယုရှေ့တွင် လူငယ်လေးတစ်ယောက် ရပ်နေခဲ့သည်။ ထိုလူငယ်လေးက ခင်မင်ရင်းနှီးစွာပြုံးလျက် “မင်းရဲ့ အာရုံခံစွမ်းရည်က တကယ် ထက်တာပဲကွ။ ကြည့်ရတာ မင်းတော်တော်လေး တိုးတက်လာခဲ့တယ်နဲ့တူတယ်”

အသံကိုကြား လူကိုမြင်ပြီးနောက် စွန်းယု အရမ်းကိုမှ ပျော်သွားခဲ့သည်။ ချက်ချင်း ထိုင်ရာကနေထ၍ “စီနီယာရန်လား”

ရန်ကိုင် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ဘယ်ကတည်းက ရောက်နေတာလဲ” စွန်းယုက ရန်ကိုင်ဆီ ပြေးသွားရင်း စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“အခုလေးတင်ပဲ ရောက်လာတာ။ တိုးတိုးပြော၊ အပြင်မှာ မသေမျိုးအဆင့်နှစ်ယောက် စောင့်နေတယ်”

“အင်း” စွန်းယု အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်ပြီး လည်ပင်လေး ကျုံ့လိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် အနားရှိ ထိုင်ခုံကိုယူကာ “စီနီယာရန်၊ ထိုင်ပါဦး”

ရန်ကိုင်အား ထိုင်ခိုင်းလိုက်ပြီးနောက် စွန်းယုက သူ့အတွက် ရေတစ်ခွက်ငှဲ့ပေးလိုက်ပြန်သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် ရန်ကိုင်ဘးတွင် ရပ်နေလိုက်သည်။

စွန်းယုအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် ရန်ကိုင်က အသာအယာ ခေါင်းညိတ်လျက် “မင်းကျင့်ကြံခြင်းက တော်တော်လေး တိုးတက်လာတာပဲကွ။ ဒီလတ်တလောအတွင်း မင်းတကယ် ကြိုးစားခဲ့တယ်နဲ့တူတယ်”

စွန်းယုက ခါးခါးသီးသီးပြုံးလျက် ခေါင်းခါရမ်းပြီး “စီနီယာရန်၊ ကျုပ်ကို မနောက်ပါနဲ့ဗျာ။ ဒီတိုးတက်နှုန်းက သာမန်လူတွေထက် ပိုသာပေမယ့် နန်းတော်သခင်ချန်နဲ့ ဆရာ၊ မျှော်လင့်ထားတာနဲ့ ယှဉ်လိုက်ရင်တော့ တော်တော်လေး နှေးနေတယ်ဗျ။ တကယ်ကို စိတ်ညစ်စရာပဲ။ ကျုပ်တောင် ဒီရလဒ်နဲ့ပက်သက်ပြီး ကျေနပ်တာ မဟုတ်ဘူး”

“အလျင်မလိုနဲ့လေ။ ဖြည်းဖြည်းနဲ့ မှန်မှန်သွားတာ အကောင်းဆုံးပဲ”

“စီနီယာက ဒီကိစ္စတွေ အကုန်လုံးကို နန်းတော်သခင်ဆီ ရှင်းပြပေးလိုက်လို့ မရဘူးလား။ ဒီတစ်လောလုံး ကျုပ်အရမ်းကို စိတ်ဖိအား များနေရလို့ပါ” စွန်းယုက ကူကယ်ရာမဲ့စွာ တောင်းဆိုလိုက်သည်။

“မင်းဘယ်လိုခံစားနေရလဲ ဆိုတာကို ငါနားလည်ပါတယ်။ ဒါပေမယ့် အချိန်မတန်သေးဘူးကွ”

အစပိုင်းတွန်၊ သာမန်တပည့်ဘဝမှ တစ်ဂိုဏ်းလုံး၏ မျှော်လင့်ချက် ဖြစ်လာခဲ့အချိန်၊ လူများစွာ၏ အာရုံစိုက်ရာနှင့် ချီးကျူးခံ ဖြစ်လာချိန် စွန်းယု အတော့်ကိုမှ ပျော်ခဲ့သည်။ သို့သော် သူထမ်းပိုးထားရသော ဝန်ကို နားလည်သွားပြီးနောက် နဂါးဧကရာဇ် ဖြစ်လာရသည်မှာ ဘယ်လောက်တောင်မှ ခက်ခဲမှန်း သူသဘောပေါက်သွားခဲ့သည်။

ကြီးစွာသောဖိအား၊ ကြီးစွာသော မျှော်လင့်ချက်တို့သည့် သူ့နေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာနေခဲ့လေပြီ။

“နည်းနည်းလောက်ပဲ ထပ်စောင့်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။ စုယန်နှင့် အရင်ပြန်တွေ့ပြီး သူမအား ဤနေရာသို့‌ ခေါ်လာကာ ဖီးနစ်ဧကရီ၏ အမွေအနှစ်ကို ဆက်ခံခိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထို့နောက်မှသာ အမှန်တရားကို နဂါးဖီးနစ်နန်းတော်အား ချပြလိုက်ပေမည်။ နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့ ပြန်ပေါ်လာသည်ကို နဂါးဖီးနစ်နန်းတော်က ပျော်ပျော်ကြီး လက်ခံပေလိမ့်မည်။

“အဲ့လိုဆိုရင် အခုတစ်ကြိမ်လာတာ စီနီယာ ကျုပ်ဆီကနေ တစ်ခုခု လိုလို့လား”

“အင်း။ ငါမင်းကို အကူအညီတောင်းစရာရှိလို့” ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး စွန်းယုအား ဝူကျဲဆီ တောင်းဆိုခဲ့သလိုပဲ တောင်းဆိုလိုက်လေသည်။

စွန်းယုသည် ငြင်းပယ်ခြင်းမပြုဘဲ သူ့တောင်းဆိုချက်ကို လက်ခံခဲ့၏။

နေ့တစ်ဝက်ကြာပြီးနောက် နဂါးဖီးနစ်နန်းတော်မှ လက်ရွေးစင်များစွာတို့သည် နန်းတော်သခင်ချန်၏ အမိန့်ဖြင့် အဘက်ဘက်သို့ စတင် ထွက်ခွာကြလေသည်။

စွန်းယုကို နှုတ်ဆက်စကာပြောပြီးနောက် ကောင်းကင်းလွန်ပျံဖြင့် ပြန်ထွက်လာခဲ့လိုက်သည်။ သွားနေစဉ်အတောအတွင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ပတ်လည်ကို စစ်ဆေးကြည့်သွားခဲ့၏။

ရန်ကိုင်သည် ရသမျှ အဆက်အသွယ် အားလုံးကို အသုံးပြု၍ ဗဟိုမြို့တော်နှင့် ပက်သက်သည့် သတင်းများကို စုံစမ်းခဲ့သည်။

အစက ရေဝိဥာဉ်ဘုရားကျောင်းသို့ သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သေသေချာချာ စဉ်းစားပြီးနောက် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရွှေးလင်သည်လည်း ဗဟိုမြို့တော်အကြောင်း သိပေသည်။ ထို့ကြောင့် ရေဝိဥာဉ်ဘုရားကျောင်း အနီးတစ်ဝိုက်တွင် ဗဟိုမြို့တော်ဆီသို့ ဦးတည်နေသော ဆန်းကြယ်လောကငယ် တစ်ခုသာ ပွင့်လာခဲ့ပါက ရွှေးလင် သူ့အား ကျိန်းသေ လှမ်းအကြောင်းကြားပေလိမ့်မည်။

ပျံသန်းနေစဉ်အတောအတွင်း သူ့ပတ်ပတ်လည်ကို ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးသွား၏။ ဟင်းလင်းပြင် စွမ်းအင်လှိုင်းတို့ကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်း သွားစစ်ဆေးသည်။ ဆန်းကြယ်လောကငယ်သို့ ဦးတည်နေသည့် ဝင်ပေါက်တစ်ခုဖြစ်ပါက ချက်ချင်း အထဲသို့ဝင်ကာ သွားစစ်ဆေးလေသည်။

ကံမကောင်းစွာဖြင့် အကြိမ်တိုင်း စိတ်ပျက်ပျက်ဖြင့်သာ ပြန်ထွက်လာခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်မှာ စိုးလည်းစိုးရိမ်၊ စိတ်လည်းမရှည်ချင် ဖြစ်လာခဲ့လေသည်။

ဗဟိုမြို့တော်ရှိ မိသားစုကြီးရှစ်ခုသည် သူ့လောကကြီးတွင် ဘုရင်ဖြစ်သော်ငြား ထုန်းရွှမ်လောကကြီးရှိ အင်အားစုများနှင့် ယှဉ်လိုက်လျှင်မူ ပမွှားလေးသာ ဖြစ်သည်။ သူတို့ကိုသာ ဤလောကကြီး၏ အားကောင်းသော အင်အားစုတစ်ခုခုက ရှာတွေ့သွားခဲ့မည် ဆိုပါက မိသားစုကြီးရှစ်ခုစလုံး ကံဆိုးမိုးမှောင် ကျသွားပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၃)

နှစ်လကြာပြီးနောက် ပထမဆုံးနေ့တွင်၊ တော်ဝင်နယ်မြေသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

တော်ဝင်သခင်ရုံးတော်သို့ ပြန်ရောက်လာပြီးနောက် ရှုဟွေကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး သတင်းသွားစုံစမ်းသော တပည့်များဆီမှ ဘာထူးသလဲဟု မေးခဲ့သည်။ သို့သော် သူလိုချင်နေသည့် အဖြေကို မရရှိခဲ့ပေ။

ရန်ကိုင် လုံးဝကို စိတ်ပျက်သွားခဲ့ရသည်။

လွန်ခဲ့သောနှစ်လက၊ သူသည် ရှိရှိသမျှ အဆက်အသွယ်၊ လူအင်အားကို အသုံးချ၍ ဗဟိုမြို့တော်ဆီသို့ ဦးတည်နေသော ဆန်းကြယ်လောကငယ်နှင့် ပက်သက်သည့် သတင်းအကြောင်း စုံစမ်းခဲ့သည်။ ဘုံးကိုခုထွတ်မြတ်နယ်မြေမှ တပည့်များကိုလည်း စေလွှတ်၍ စုံစမ်းခိုင်းခဲ့သည်။ သို့သော် အချည်းနှီးသာ။

လွန်ခဲ့သော နှစ်လအတွင်း ရန်ကိုင်သည် တောက်လျှောက် ပျံသန်းကာ ဆန်းကြယ်လောကငယ်ဝင်ပေါက်များကို ရှာဖွေခဲ့သည်။

သူတွေ့ရှိခဲ့သည့် ဆန်းကြယ်လောကငယ် အရေအတွက်မှာ စုစုပေါင်း (၃၂)ခု ရှိခဲ့သည်။ သို့သော် ဘယ်တစ်ခုကမှ ဗဟိုမြို့တော်ဆီသို့ ဦးတည်မနေခဲ့ချေ။

ထိုစဉ်က ကောင်းကင်လွန်ပျံ၏ အမြန်နှုန်းမှာလည်း သူ့အား အကူအညီ အကြီးကြီးပေးခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သည် နှစ်လအတွင်း လူသားပိုင်နက်တစ်ဝက်လောက်ကို သွားလာနိုင်ခဲ့လေသည်။

သုံးရက်ကြာတိုင်း တော်ဝင်နယ်မြေသို့ ပြန်လာပြီး သတင်းထူးရှိမရှိ မေးမြန်းကြည့်သည်။

သို့သော် ယခုထိတိုင် သူလိုချင်နေသည့် သတင်းကို မရသေးချေ။

ရှုဟွေ ပြန်ထွက်သွားပြီး ခဏအကြာတွင် မွှေးပျံ့သည့် သင်းရနံ့လေးကို ရန်ကိုင် ရလိုက်သည်။ မော့ကြည့်လိုက်ရာ ကျော့ရှင်းကျက်သရေရှိလှဟော ဟန်အမူအရာလေးဖြင့် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော ရှနင်းချန်ကို တွေ့လိုက်ရသည်။ ရန်ကိုင် ရတက်မအေး ဖြစ်နေသည်ကို သတိပြုမိလေရာ ရှနင်းချန်လည်း ရန်ကိုင်အတွက် စိတ်ပူနေခဲ့လေသည်။

ရန်ကိုင်က ရှနင်းချန်ကို သူ့ရင်ခွင်တွင်းသို့ ဆွဲခေါ်လိုက်ပြီး သူမအား သူ့ပေါင်ပေါ်တွင် ထိုင်စေလိုက်ကာ မေးလိုက်၏ “ဒီနေ့အတွက် ဆေးဖော်စပ်လို့ ပြီးသွားပြီလား”

“အင်း” ရှနင်းချန်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “ဆန်းကြယ်လောကငယ်တွေ တောက်လျှောက် ပွင့်လာနေတော့ ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုတဲ့ လူတွေလည်း ပိုပို နည်းလာတယ်လေ။ ဒါကြောင့် အခုဆို တစ်နေ့ကို ဘယ်လောက်မှ ဖော်စပ်စရာ မလိုတော့ဘူး”

ဆန်းကြယ်လောကငယ်များစွာ ရုတ်တရက် ထွက်ပေါ်လာသည့် အတွက်ကြောင့် ကျင့်ကြံသူ အများစုမှာ ရတနာရှာဖွေရေးလုပ်ငန်းကို တက်တက်ကြွကြွ လုပ်ဆောင်လာကြသည်။ တောင်ထွတ်ကိုးလုံးတွင် စောင့်ဆိုင်းနေသော လူများစွာတို့သည်လည်း အခွင့်အရေး အရှာထွက်ကြလေသည်။ ထို့ကြောင့် ဆေးဖော်စပ်ပေးရသည့် ဆေးလုံးအရေအတွက်မှာလည်း သိသိသာသာကို လျော့ကျသွားခဲ့ရသည်။

ထိုမမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် ရှနင်းချန်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်တို့မှာ ပို၍ အားလပ်ချိန် ရလာခဲ့လေသည်။

စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးတို့ အတွဲသည် အတူတကွ ထိုင်လျက် တစ်ယောက်၏ ကိုယ်သင်းရနံ့ကို တစ်ယောက် ရှူရှိုက်ရင်း သူတို့၏ ပူပန်ကြောင့်ကြနေသော စိတ်နှလုံးသားကို တည်ငြိမ်အောင် လုပ်နေခဲ့သည်။

“ဂျူနီယာမောင်လေး၊ ဗဟိုမြို့တော်ဆီ ပြန်းသွားနိုင်မယ့် လမ်းကြောင်းကို နင်ရှာနေတာလား” ရှနင်းချန်က ရုတ်တရက် မေးလိုက်သည်။

“အကြီးအကဲချုပ်ကို မေးထားတာလား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံလေးဖြင့် ပြန်မေးလိုက်သည်။

ရှနင်းချန်က ခေါင်းခါလိုက်ပြီး “ငါ့ဘာသာငါသိတာ။ ရှင်းရှင်းပြောရရင် ငါတို့ အရင်နေခဲ့တဲ့ နေရာက ကြယ်လောကငယ်တစ်ခုပဲ။ အရင်တုန်းက အိမ်ပြန်လမ်းကို မရှာနိုင်ခဲ့ပေမယ့် အခုတော့ ဆန်းကြယ်လောကငယ်တွေ တစ်ခုပြီးတစ်ခု သူ့အလိုလို ပွင့်လာနေပြီလေ။ အဲ့ဆန်းကြယ်လောကငယ်တွေထဲက တစ်ခုက ငါတို့ အရင်နေခဲ့တဲ့ နေရာဆီ ဦးတည်နေမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် အဲ့နေရာနဲ့ ပက်သက်တဲ့ သတင်းတွေ မရသေးတော့ ဂျူနီယာမောင်လေး အရမ်းကို စိုးရိမ်နေမှာပေါ့။ ဒါကြောင့်ပဲ ဂျူနီယာမောင်လေးကို ကြည့်လိုက်တိုင်း အပြင်မှာချည်းပဲ ရှိနေတာ မဟုတ်ဘူးလား”

“ဟုတ်တယ်။ အရင်နေရာဆီ ဦးတည်နေသော ဆန်းကြယ်လောကငယ်ကို ကျွန်တော် တောက်လျှောက် လိုက်ရှာနေတာ။ ဒါပေမယ့် အခုထိ မတွေ့သေးဘူး”

“သဲလွန်စဆိုတာ တစ်ခုမဟုတ် တစ်ခုတော့ ရှိနေတာပဲ။ ဂျူနီယာမောင်လေး ဒီလောက် စိုးရိမ်နေစရာမလိုဘူး” ရှနင်းချန်က ရန်ကိုင်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ရန်ကိုင် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ဆက်ပြောလိုက်၏ “ဒီလို အရေးကြီးတဲ့အချိန်ကျမှ ဆရာလည်း ဘယ်သွားလို့ သွားနေမှန်းမသိဘူး။ သူသာ ဒီမှာရှိနေရင် ဒီအကြောင်းကို ဆွေးနွေးလို့ရမယ့် နောက်ထပ် လူတစ်ယောက် ရှိနေမှာ”

“ဘဏ္ဏာထိန်းမန်လား… သူ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေလို့ နေမှာပေါ့” ဘဏ္ဏာထိန်းမန် ဘာကြောင့်ထွက်သွားမှန်း ရန်ကိုင်လည်း မသိပေ။

သို့သော် ဘဏ္ဏာထိန်းမန်သည် တော်ဝင်နယ်မြေသို့ ရောက်ပြီးပြီးချင်းမှာပဲ ပြန်ထွက်သွားကာ ရှနင်းချန်ကိုပင် ရန်ကိုင်လက်ထဲ ယုံယုံကြည်ကြည် အပ်ထားခဲ့သဖြင့် သူ့တွင် လုပ်စရာ အရေးကြီးသည့် ကိစ္စတစ်ခုခု ရှိနေသည့် အတွက်ကြောင့်ပဲ ဖြစ်ရပေမည်။

ဘဏ္ဏာထိန်းမန် နတ်ဆိုးကုန်းမြေဆီကိုများ သွားသလားဟုပင် ရန်ကိုင် တွေးလိုက်မိသည်။

တကယ်တော့ အရင်အကြိမ်က လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကြောင့် သူကောင်းကောင်း ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပေလော။ ထို့ကြောင့် လက်ရှိ နတ်ဆိုးဗိုလ်ချုပ်ကို ပြဿနာ သွားရှာသည်မှာလည်း မဖြစ်နိုင်တာ မဟုတ်ချေ။

ထိုသို့သာဆိုလျှင် ဘဏ္ဏာထိန်း၏ လက်ရှိ အခြေအနေမှာ အတော့်ကိုမှ စိုးရိမ်နေစရာ ဖြစ်နေလေပြီ။

ဒေါက်… ဒေါက်… ဒေါက်… ဒေါက်… အလျင်လိုနေသော ခြေသံတို့ အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကြောက်လန့်နေသော ယုန်လေးတစ်ကောင်ပမာ ရှနင်းချန်သည် ရန်ကိုင်ပေါင်ပေါ်မှ အလျင်စလို ခုန်းဆင်းလိုက်၏။ ရှက်ရွံ့မှုကြောင့် သူမ၏ မျက်နှာမှစ၍ လည်တိုင်တစ်လျှောက် နီးမြန်းနေခဲ့ကာ ကိုးယိုးကားယား အမူအရာဖြင့် အနားတွင် ရပ်နေလေသည်။

အနားတွင် မည်သူမှ မရှိသည့်အတွက် ရန်ကိုင်နှင့် တရင်းတနှီး ပြုမူရဲသော်လည်း အခြားသူမှားရှေ့တွင်မူ ထိုကဲ့သို့ မပြုမူရဲချေ။

ရောက်လာသည့်လူသည် အခြားမဟုတ်၊ ရှုဟွေပင်။ သို့သော် သူ့အမူအရာအရ အနည်းငယ် အလျင်လိုနေဟန် ရ၏။

ရန်ကိုင်လည်း ရှုဟွေအား သိချင်စိတ်ပြင်းပြသည့် အကြည့်ဖြင့် စိုက်ကြည့်၍ “ဘာတွေဖြစ်လို့တုန်း အကြီးအကဲချုပ်ရဲ့”

ရှုဟွေသည် တပည့်တွေဆီမှ ရလာသော သတင်းများကို ရန်ကိုင်အား အစီခံပြီးသဖြင့် ယခုလေးတင် ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထွက်သွားပြီး မကြာသေးခင်မှာပင် ချက်ချင်းပဲ အလျင်စလို ပြန်ပြေးလာခဲ့သည်။ သူ့တွင် တင်ပြစရာ အရေးကြီးကိစ္စတစ်ခု ရှိကိုရှိရပေလိမ့်မည်။

“တော်ဝင်သခင်၊ အပြင်ဘက်မှာ မိန်းကလေးနှစ်ယောက် စောင့်နေတယ်။ တော်ဝင်သခင်ကို တွေ့ချင်လို့တဲ့” ရှုဟွေက ရှနင်းချန်အား သတိထားကြည့်လျက် ချောင်းဟန့်ရင်း ရန်ကိုင်အား တင်ပြလိုက်သည်။

“မိန်းမတွေလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “ဘယ်လိုမိန်းမတွေလဲ”

“အင်း… တော်တော်လေး ငယ်ပြီး အရမ်းလှတဲ့ မိန်းကလေး နှစ်ယောက်ပါ” ရှုဟွေက ကွေ့ပတ်ပြောမနေဘဲ တိုက်ရိုက်သာ ပြောလိုက်သည်။ စိတ်ထဲတွင်လည်း ထိုမိန်းကလေး နှစ်ယောက်သည် တော်ဝင်သခင်အပေါ် အချစ်အကြွေး တစ်မျိုးမျိုး ရစရာရှိ၍ သူ့အား လာရှာခြင်းဖြစ်သည်ဟု ထင်နေခဲ့သည်။

ရှနင်းချန်သည်လည်း ထိုကဲ့သို့ တွေးနေခဲ့သည်။ ထို့ကြောင့် တခစ်ခစ် ရယ်မောလျက် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည် “ဂျူနီယာမောင်လေး၊ ငါ့အခန်းဆီ ပြန်တော့မယ်နော်”

ရန်ကိုင် ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “အပြင်ဘက်က ဘယ်ငယ်ရွယ်ပြီး လှတဲ့မိန်းမကိုမှ ကျုပ်မသိဘူး… နေဦး၊ လွတ်လပ်သော အဖွဲ့အစည်းက ယွန်ရွှမ်နဲ့ ရွမ်ရှင်းယုတို့လား။ ဟိုအစောပိုင်းလေးကပဲ သူတို့ တော်ဝင်နယ်မြေဆီ လာသွားတာ မဟုတ်ဘူးလား။ အကြီးအကဲချုပ်လည်း သူတို့ကို တွေ့ခဲ့တယ်လေ၊ ဟုတ်တယ်မလား”

“သူတို့ မဟုတ်ပါဘူး တော်ဝင်သခင်” ရှုဟွေက ခေါင်းခါလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် “ဟုတ်သားပဲ။ အခုလာတဲ့ မိန်းကလေးနှစ်ယောက်က အမွှာတွေနဲ့ တူပါတယ်။ သူတို့နှစ်ယောက်က ရုပ်တူပေမယ့် စရိုက်ကတော့ နည်းနည်းလေး ကွဲပါတယ်။ တစ်ယောက်က ညို့အားကောင်းကြီး နောက်တစ်ယောက်က တော်တော်လေး မြူးမြူးကြွကြွ ရှိတယ်… တကယ်ကို ရှားတဲ့ အမွှာတွေပဲ”

ရန်ကိုင်သည် အချစ်ရေးတွင် ကံကောင်းသည်ဟု ရှုဟွေ တွေးနေမည်မှာ သေချာသလောက်ရှိ၏။ နှစ်ယောက်စလုံးသည် ရန်ကိုင်နှင့် ရင်းနှီးကျွမ်းဝင်သော အတွင်းကျကျ ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်ဟု သူထင်နေခဲ့သည်။

သို့သော် ရှုဟွေစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့ကာ ထိုင်ရာကနေ ချက်ချင်းထလိုက်ပြီး အော်မေးလိုက်လေသည် “အမွှာတွေလား၊ အမွှာတွေဆိုတာ သေချာတယ်နော်”

“အာ… အင်း” ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားမှန်း ရှုဟွေ နားမလည်နိုင်ခဲ့။ ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် “ဒီလူအိုကြီး မြင်သလောက်တော့ အဲ့မိန်းကလေး နှစ်ယောက်က သူတို့ နှစ်ယောက်ရဲ့ အသက်အရှိန်အဝါကို အတူတူ ဆက်သွယ်ပေးတဲ့ ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ထားသလိုပါပဲ တော်ဝင်သခင်။ သူတို့ဆီကနေ ခံစားမိတဲ့ အရှိန်အဝါကတောင် အတူတူပါပဲ။ ကျင့်ကြံခြင်းဆိုရင်လည်း နှစ်ယောက်စလုံး မသေမျိုး ပထမအဆင့် ကျင့်ကြံသူတွေပါ။ သူတို့နှစ်ယောက် အတူ ရပ်နေလိုက်ရင် သူတို့ဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက လျစ်လျူရှုခက်ခဲ့ အရှိန်အဝါမျိုး။ တော်တော်လေးကို ထူးဆန်းတာ။ အမွှာတွေဆိုရင်တောင် သူတို့ရဲ့ အရှိန်အဝါနဲ့ အစစ်အမှန်ချီက မတူသင့်ဘူးလေ၊ ဟုတ်တယ်မလား၊ တော်ဝင်သခင်”

ရန်ကိုင် အမူအရာ တဖြည်းဖြည်း တောက်ပလာခဲ့ပြီး ရှနင်းချန်မှာလည်း သူမ၏ ပါးစပ်လေးကို လက်ဖြင့် အလန့်တကြား အုပ်လိုက်သည်။

ရန်ကိုင်နှင့် ရှနင်းချန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဖြစ်နိုင်ချေတစ်ခုကို နှစ်ယောက်စလုံး စဉ်းစားမိလိုက်ကြသည်။

“အခု အဲ့နှစ်ယောက်ဘယ်မှာလဲ” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်မေးလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ကောင်းကင်စိတ်အာရုံကိုပါ ဖြန့်ကျက်လိုက်လေသည်။

“သူတို့ တောင်ထွတ်ကိုးလုံးအပြင်ဘက်မှာ စောင့်နေပါတယ်”

“ကျုပ်ကို သူတို့ဆီ ခေါ်သွားပေး”

“ငါလည်းလိုက်မယ်” ရှနင်းချန်က ချက်ချင်း လှမ်းပြောလိုက်သ်။

“အန်…” ရှုဟွေ ထပ်မံ ဆွံ့အသွားရပြန်လေပြီ။ နေရာတွင် ကြောင်ကြောင်ဖြင့် ရပ်နေမိလိုက်သည်။ စိတ်ထဲတွင် တွေးနေသည်ကား ထိုတော်ဝင်သခင်၏ စီနီယာအစ်မပါ လိုက်သွားခြင်းသည် အပြင်ဘက်တွင် ရှိနေသော မိန်းကလေး နှစ်ယောက်ကို အခက်တွေ့အောင် လုပ်ဖို့လေလားမသိ။

သို့သော် ရှုဟွေ မြင်သလောက် ရှနင်းချန်သည် ထိုကဲ့သို့သော မိန်းကလေးမဟုတ်။

“ခင်ဗျား ဘာတွေကြောင်နေတာလဲ” ရန်ကိုင်က လှမ်းအော်ပြောလိုက်ပြီး ရှနင်းချန်နှင့် ထွက်သွားလိုက်သည်။

ရှုဟွေလည်း မိန်းကလေးသုံးယောက်ကြား ပြဿနာ ဖြစ်မည့် အရိပ်အယောင် မြင်သည်နှင့် ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။ တော်ဝင်သခင်၏ အရှုပ်ထုပ်ကြောင့် ခေါင်းကိုက်ခံရမည်ကို သူကြောက်၏။

မိန်းမလှလေးများ၏ အချစ်ခံရခြင်းသည်တိုင်းလည်း မကောင်းပါပေလား။

ဝါရင့်သမာရင့်ပီပီ၊ မိန်းမနှစ်ယောက်ကြား အမုန်းမီးပွားတို့ တောက်လောင်လာသည့်အခါ မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း ရှုဟွေ ကောင်းကောင်းသိထားသည်။

တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ကျော့ရှင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် မိန်းမလှလေးနှစ်ယောက် တိတ်တိတ်လေး မတ်တပ်ရပ်နေခဲ့သည်။ နှစ်ယောက်စလုံးသည် သွေးသွယ်သောခါး၊ မို့မောက်သော ရင်အစုံနှင့် လှပသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် အလှမင်းသမီးလေးများ ဖြစ်ကြသည်။ ရုပ်ရည်မှာတူသော်လည်း နှစ်ယောက်စလုံး၏ စရိုက်မှာ အရမ်းကိုမှ ကွဲပြားလှသည်။ တစ်ယောက်သည် အလှသွေးကြွယ် ရစ်မူဖွယ်ကောင်းလှသော ညို့ငင်နိုင်စွမ်းကို ထုတ်လွှတ်နေချိန် ကျန်တစ်ယောက်သည့် အဆော့မက်သော မိန်းမငယ်လေး တစ်ယောက်နှင့် တူနေ၏။ နှစ်ယောက်စလုံး အတူတကွ ရပ်နေသည့် မြင်ကွင်းမှာ လွန်စွာကိုမှ မျက်စိးဖမ်းစားစရာ ကောင်းလှပေသည်။

ထိုနေရာတွင် အစောင့်ကျသော တော်တင်နယ်မြေ၏ တပည့်များသည် ထိုနှစ်ယောက်အား မကြာခဏဆိုသလို ခိုးခိုးကြည့်နေခဲ့သည်။

သို့သော် မည်သူမှ အကြာကြီး မစိုက်ကြည့်ရဲ။ တစ်ကြိမ်တွင် ခဏလောက်သာ ချောင်းကြည့်ရဲသည်။ သူတို့အား သတိမပြုမိလောက်သည့် အချိန်တွင် ချောင်းကြည့်လိုက်၊ ပြီးသည်နှင့် ချက်ချင်း ပြန်လှည့်သွားလိုက်။ ထိုကဲ့သို့ လုပ်နေခဲ့ကြသည်။

“အစ်မကြီး၊ အဲ့လူတွေက အရမ်း စိတ်ညစ်စရာ ကောင်းတာပဲ။ ဘယ်အချိန်မှ ကျွန်မကိုကို ချောင်းကြည့်နေတာ ရပ်တော့မလဲ မသိဘူး” ညာဘက်တွင် ရှိနေသော မိန်းကလေးက သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် သူမအစ်မအား တိုးတိုးလေး ပြောလိုက်သည်။

“သူတို့ကို လျစ်လျူရှုထားလိုက်” ဘယ်ဘက်တွင် ရှိနေသော မိန်းကလေးက ခေါင်းခါလိုက်ပြီး ယဲ့ယဲ့လေး ပြုံးလျက် “ငါတို့ အခုလိုမျိုး အကြည့်ခံရတာ တစ်ကြိမ်မှ မကတော့တာ။ ပြီးတော့ သူတို့ ကြည့်လိုက်လို့လည်း ငါတို့ အသားပဲ့ပါသွားတာမှ မဟုတ်တာကို။ ယောကျာ်းတွေ အားလုံးက အတူတူပဲ။ အဲ့ကောင်တွေက အများကြီး ပိုဆိုးတဲ့ကောင်တွေတောင် ရှိသေးတယ်…”

“ဒါပေမယ့် အဲ့လူကတော့ မတူဘူးလေ…”

“အဲ့လူ…” အစ်မကြီး ဆိုသူ၏ အမူအရာ ပြောင်းလဲသွားပြီး အတိတ်အား ပြန်လည် အမှတ်ရဟန်ဖြင့် “အဲ့ကောင်က ငါတို့ကို ထားသွားတာ ဆယ်နှစ်တောင်ကျော်နေပြီ။ အခုအချိန်ထိ သူ့ဆီကနေ စကားတစ်ခွန်းတောင် မကြားရသေးဘူး။ ငါတို့ ဒီတစ်ကြိမ် လာရှာတာ သူဟုတ်မဟုတ် မသေချာဘူး”

“သူလို့တော့ ကျွန်မ ထင်တာပဲ”

အစ်မကြီးက သူ့ညီမလေးအား ကြည့်လိုက်ပြီး “ငါလည်း အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်မိပေမယ့် မဖြစ်နိုင်လောက်ဘူး။ သူများတွေ ပြောတာက ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်က မသေမျိုး တတိယအဆင့်တဲ့။ ငါတို့တောင် ဟိုအမွေအနှစ်ကိုရခဲ့လို့ အခုအဆင့်ကို ရောက်နေတာလေ။ သူက ငါတို့ထက် ပိုတော်တယ် ဆိုရင်တောင်မှ ငါတို့ကို အဲ့လောက်ကြီး ကျော်တက်သွားနိုင်ဖို့က မဖြစ်နိုင်ဘူး။ ငါတို့ ညီအစ်မ နှစ်ယောက် လေ့ကျင့်တဲ့ အမြန်နှုန်းက သာမန်လူတွေထက် နှစ်ဆတောင် ပိုမြန်တာနော်”

“အစ်မကြီး၊ ဗဟိုမြို့တော်မှတုန်းက သူဘယ်လိုတွေ လုပ်ပြသွားလဲ ဆိုတာကို မေ့နေပြီလား။ သူ့အတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”

“အဲ့လိုဖြစ်ပါစေလို့ မျှော်လင့်တာပဲ။ ဒါပေမယ့် သူဆိုရင်တောင်၊ ဆယ်နှစ်လေးပဲ ရှိသေးတာကို ဒီနေရာရဲ့ အရှင်သခင် ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်တာလဲ။ ဒီအင်အားစုက မိသားစုကြီးရှစ်ခုနဲ့ ယှဉ်လိုက်ရင် ဆင်နဲ့ဆိတ်လောက် ကွာနေတာကို” အစ်မကြီးက သက်ပြင်းချလိုက်သည်။ ဖြစ်ပါစေဟု မျှော်လင့်တောင့်တနေမိသော်လည်း မသိစိတ်က မဖြစ်နိုင်ဘူးဟု ပြောနေခဲ့သည်။

“သမီးတို့ဂိုဏ်း အခြေအနေလည်း ဘယ်လို ရှိနေမလဲ မသိဘူး…” ညီမလေးက စိုးရိမ်တကြီး ပြောလိုက်သည်။

“အဲ့ဘက်မျာ ဘာတွေဖြစ်ဖြစ် အခုလောလောဆယ်တော့ ငါတို့ မပြန်နိုင်သေးဘူး။ ဟိုကောင်ကို အရင်ရှာပြီး သူ့ကိုပဲ အဖြေရှာခိုင်းရလိမ့်မယ်… အင်း။ ဟိုမှာ လူတွေလာနေပြီ” ပြောနေစဉ်မှာပဲ အစ်မကြီးက မော့ကြည့်လိုက်ရာ လူသုံးယောက် သူမဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။

ထိုသုံးယောက် ပျံသန်းလာနေသည့် အမြန်နှုန်းမှာ အရမ်းကို မြန်လှပေ၏။ သူမ၏ ကျင့်ကြံခြင်းဖြင့်ပင်လျှင် ဝိုးတဝါးတာ ပုံရိပ်ကိုသာ လှမ်းမြင်ရ၏။

ထိုသုံးယောက် သူမရှေ့သို့ ရောက်လာသည့်အခါ ညီအစ်မ နှစ်ယောက်၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး မယုံကြည်နိုင်သည့် အမူအရာဖြင့် ရှေ့တည့်တည့်သို့ ငေးကြည့်နေမိလိုက်သည်။ တစ်ချိန်တည်းတွင် ထမ်းပိုးထားရသော ဝန်ထုပ်ကြီး မရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။

“တော်ဝင်သခင်နဲ့ အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်” ထိုနေရာကို စောင့်ကြပ်နေသည့် တပည့်များက လေးလေးစားစား ဦးညွှတ်လိုက်သည်။ အကြီးအကဲချုပ်က လက်သာ ဝှေ့ရမ်းပြလိုက်ပြီး ဘာမှမပြောခဲ့။ ရန်ကိုင် နောက်တွင် ရပ်၍သာ စောင့်ကြည့်နေခဲ့သည်။

မိန်းကလေးနှစ်ယောက်ကို မြင်သည်နှင့် ရန်ကိုင် ပြုံးလိုက်သည်ကို ရှုဟွေမြင်၏။ ဘာစကားမှမပြော်သော်လည်း သူပျော်နေသည်ကို ရှုဟွေ မြင်နိုင်ပေသည်။

“နင်တို့ပဲ” ရှနင်းချန့်က အလန့်တကြား ဆိုလိုက်သည်။

“ရန်ကိုင်လား” မိန်းကလေး နှစ်ယောက်စလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ပြိုင်တူအော်ဟစ်လျက် အကြီးအကဲချုပ်၏ မှင်သက်နေသည့် အကြည့်အောက်မှာပဲ ရန်ကိုင်အား ပြေးဖက်လိုက်ကြသည်။

နှစ်ယောက်စလုံး၏ လှုပ်ရှားမှုများသည် ကြိုတင် တိုင်ပင်ထားသည့်နှယ် လွန်စွာကိုမှ အတိုင်အဖောက် ညီနေခဲ့သည်။

သူ့လက်မောင်းနှင့် ရင်ဘတ်ဆီမှ အရမ်းကိုမှ နူးညံ့လှသော ပျော့အိအိ အထိအတွေ့ကို ရန်ကိုင် ခံစားမိလိုက်သည်။

အရမ်း နွေးထွေးတာပဲ…

ဆယ်နှစ်ကြာအောင် မတွေ့ရပြီးနောက်ပိုင်း ညီအစ်မ နှစ်ယောက်သည် အရမ်းကိုမှ နွေးထွေးသိမ်မွေ့လာကာ သူ့အား စ၍ပင် ပြေးဖက်နေကြလေပြီ။

ရှနင်းချန်သည် အနားတွင် ရပ်၍သာ တခစ်ခစ် တခစ်ခစ်ဖြင့် ရယ်မောနေခဲ့သည်။

အကြီးအကဲချုပ်မှာမူ ကောင်းကင်ကြီး မည်မျှ ကျယ်သည်ကို စဉ်းစားခန်း ဝင်နေသည့်အလား ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်နေခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၄) စောင့်ကြည့်

တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင်၊ ရန်ကိုင်အား ရုပ်ချင်းတူသော မိန်းမလှလေး နှစ်ယောက်မှ ဖက်ထားပြီး ဇာပဝါတပ်ဆင်ထားသော မိန်းကလေးသည် အနားတွင်ရပ်၍ ပြုံးနေခဲ့သည်။

ထိုနေရာကို စောင့်ကြည့်နေသော တော်ဝင်နယ်မြေ၏ တပည့်များသည် ရန်ကိုင်အား လေးစားအားကျစွာ ကြည့်နေခဲ့ကြသည်။ တော်ဝင်သခင်သည် တကယ်ကို ယောကျာ်းပီသပေသည်၊ ထိုကဲ့သို့ ရုပ်ချင်းတူသော မိန်းမလှလေး နှစ်ယောက်စလုံးကိုပင် တစ်ပြိုင်တည်း သိမ်းပိုက်နိုင်ပေသည်။

“တော်ပြီ၊ နင်တို့ မဝသေးဘူးလား” ရန်ကိုင်မှာ အသက်ရှူကြပ်မတတ် ခံစားနေရသလို သူ့ရင်ဘတ်ရှိ ပျော့အိအိ ခံစားချက်ကလည်း သူ့အား လွန်စာကိုမှ ကသိကအောက် ဖြစ်နေစေခဲ့သည်။ ထို့ကြောင့် ထိုမိန်းကလေး နှစ်ယောက်၏ ခါးသွယ်သွယ်လေးကို လက်ဖြင့် တို့လိုက်လေသည်။

မိန်းကလေး နှစ်ယောက်စလုံး ရန်ကိုင်ကို လွှတ်ပေးလိုက်ပြီး သူ့အား ခါးခါးသီးသီး စိုက်ကြည့်လိုက်သည်။

“ဘာလဲ” ရန်ကိုင်က မတရားခံရသည့်ပုံစံဖြင့် “နင်တို့ဘာသာ နင်တို့ လုပ်တာလေ။ ငါက ဒီကအတိုင်းပဲ မတ်တပ်ရပ်နေတာ”

“မတွေ့ရတာ ကြာသွားပေမယ့် နင်က တကယ်ကို စိတ်ပျက်စရာ ကောင်းနေတုန်းပဲ” ဆွဲဆောင်မှုရှိသော မိန်းကလေးက နှာခေါင်းရှုံ့၍ “ငါတို့မှာတော့ နင့်ကို စိတ်ပူနေလိုက်ရတာ။ နင်ကတော့ ဒီနေရာမှာတောင် လာကောင်းစားနေသေးတယ်။ ကြည့်ရတာ ငါတို့ အလကား သက်သက် စိတ်ပူနေမိတာနဲ့ တူပါတယ်”

‘ငါ့ကို စိတ်ပူနေတာလား” ရန်ကိုင်က အစ်မကြီးအား ကြောင်အနေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး “ငါ့ကိုယ်ငါတောင် ဂုဏ်ယူမိသွားပြီ”

“ဘယ်သူက နင့်ကို စိတ်ပူလို့လဲ… ငါမဟုတ်ဘူး… မေးအာကပဲ နင့်အကြောင်း အမြဲတမ်း တွေးနေတာ” ထိုမိန်းကလေး ရှက်သွားဖြာသွားခဲ့ပြီး ပျာသလဲလဲ ပြန်လည် ငြင်းချက်ထုတ်လေသည်။

“အစ်မကြီးလည်း အတူတူပါပဲနော်”

“ဘာတူလို့လဲ”

“တော်ပြီ။ တွေ့တာနဲ့ ရန်ဖြစ်ဖို့ လုပ်မနေကြနဲ့။ အထဲသွားပြီး စကားပြောကြရအောင်” ရှနင်းချန်က အလျင်အမြန်ပဲ ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။

ရနက်ိုင်က ပြုံးလိုက်ပြီး ညီအစ်မနှစ်ယောက်ကို လက်ယပ်ခေါ်လိုက်ကာ “ငါနဲ့လိုက်ခဲ့။ နင်တို့ကိုယ်နင်တို့ အပြင်လူလို သဘောထားနေစရာ မလိုဘူး”

“မလိုဘူး၊ ကျေးဇူးပဲ” အစ်မကြီးက နှာခေါင်းရှုံ့၍ သူ့ညီမလေးနှင့် ရှနင်းချန်၏ လက်ကိုဆွဲကာ အထဲသို့ ကျော့ကျော့မော့မော့ ဝင်သွားလေသည်။

ရန်ကိုင်ကမူ မဲ့ပြုံးပြုံးလျက် ခေါင်းလေး တရမ်းရမ်းဖြင့် ထွက်သွားသော သူတို့၏ နောက်ကျောကို ကြည့်နေလိုက်၏။ ထို့နောက် သူ့မျက်နှာအမူအရာ တဖြည်းဖြည်း လေးနက်သွားခဲ့လေသည်။

ထိုညီအစ်မနှစ်ယောက်သည် အခြားသူမဟုတ်၊ သွေးတိုက်ပွဲဂိုဏ်း၏ နာမည်ကျော် ဟူညီအစ်မနှစ်ယောက် ဖြစ်သော ဟူကျောင်းအာနှင့် ဟူမေးအာတို့ပင် ဖြစ်သည်။

ရန်ကိုင်သည် ဗဟိုမြို့တော်နှင့် ပက်သက်သည့် သတင်းများကို အဆက်မပြတ် စုံစမ်းနေသည့်အတွက် အကြီးအကဲချုပ်က အမွှာနှစ်ယောက် သူ့အား လာတွေ့ကြောင် လာတင်ပြန်ချိန် ဟူညီအစ်မနှစ်ယောက်အကြောင်း ရန်ကိုင် ချက်ချင်း တွေးလိုက်မိလေသည်။

ထို့နောက် အကြီးအကဲချုပ်၏ ဖော်ပြချက်အရ သူ့အား လာတွေ့သူနှစ်ယောက်သည် ဟူညီအစ်မနှစ်ယောက် ဖြစ်မှန်း ရန်ကိုင် အတပ်သိလိုက်သည်။

ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် ရန်ကိုင်နှင့် စုယန်သည် နဂါးဖီးနစ်နန်းတော်၏ အပိုင်ဖြစ်သော နံပါတ်တစ် အမွေအနှစ်ကို ရခဲ့သည်။

ဟူညီအစ်မနှစ်ယောက်သည်လည်း ဆန်းကြယ်သော အမွေအနှစ်တစ်ခုဖြစ်သည့် အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို ရရှိခဲ့လေသည်။ ထိုကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ညီအစ်မ နှစ်ယောက်၏ အရှိန်အဝါနှင့် အစစ်အမှန်ချီတို့မှာ တစ်ထပ်တည်း ဖြစ်သွားခဲ့လေသည်။

ဟူညီအစ်မနှစ်ယောက် ဤနေရာသို့ ရောက်နေခြင်းသည် ဗဟိုမြို့တော်နှင့် ထုန်းရွှမ်လောကကြီးတို့ ဆက်သွားသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ သူတို့ ပြဿနာ တစ်ခုခု တွေ့နေသည်မှာလည်း ဖြစ်နိုင်၏။

“တော်ဝင်သခင်… အဲ့မိန်းကလေး နှစ်ယောက်က…” အနားတွင် တစ်ချိန်လုံး ရှိနေသော ရှုဟွေက နောက်ဆုံးတွင် မေးလိုက်သည်။

“ခင်ဗျားထင်သလို မဟုတ်ဘူး” ရန်ကိုင်က ရှုဟွေအား စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။

“ကျုပ်နားလည်ပါပြီ” ရှုဟွေ ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်သည်။

တောင်ထွတ်ကိုးလုံးထဲတွင် ညီအစ်မနှစ်ယောက်သည် လမ်းလျှောက်ရင်း သူတို့၏ ပတ်ဝန်းကျင်ကို စူးစမ်းရင်း အဆက်မပြတ် အလန့်တကြား ဆိုနေခဲ့ရသည်။ ထုန်းရွှမ် လောကကြီးတွင်ပင် ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ထိပ်တန်းအင်အားစုတစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။ ထို့ကြောင့် တောင်ထွတ်ကိုးလုံးအတွင်ရှိ ရှုခင်အဖုံဖုံနှင့် မိုးမြေစွမ်းအင် သိပ်သည်းမှုသည် ဗဟိုမြို့တော်နှင့် လားလားမျှ မယှဉ်အပ်ချေ။

ဤနေရာသို့ ရောက်လာပြီးနောက် မိန်းကလေး နှစ်ယောက်စလုံး အမြင်ကျယ်သွားခဲ့ရသည်။ နှစ်ယောက်စလုံးမှာ တောသာမြို့ရောက်သည့်နှယ် ဖြစ်နေခဲ့ကြလေသည်။

တော်ဝင်ရုံးတော်သို့ ရောက်သည်အခါ ရှနင်းချန်သည် မိန်းကလေးနှစ်ယောက်အတွက် ထိုင်စရာ စီစဉ်ပေးလိုက်ပြီး ရန်ကိုင်ကမူ သူတို့နှစ်ယောက်အတွက် ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ မကြာမီ အန်လင်းအာသည်လည်း ရှားပါး သစ်သီးများကို လင်ဗန်းအပြည့်သယ်လျက် ရောက်လာခဲ့သည်။

ဟူညီအစ်မနှစ်ယောက်သည် အချိန်အတော်ကြာအောင် ကောင်းကောင်း မနားထားရသေးသည့်ပုံပင်။ သူတို့၏ မျက်နှာလှလှလေးများထက် အားအင်ကုန်ခမ်းနေသည့် အမူအရာကို အထင်းသား မြင်နေခဲ့ရသည်။ စိတ်ဝိဥာဉ် အသီးများ၏ အနံ့ကို ရလိုက်သည်နှင့် ညီအစ်မ နှစ်ယောက်စလုံး အလိုလို တံတွေးမြိုချလိုက်ကြသည်။

ဟူကျောင်းအာက အသီးနှစ်လုံးကို လှမ်းယူလိုက်ပြီး တစ်လုံးကို ဟူမေးအာဆီ ပေးကာ ကျန်တစ်လုံးကို သူမဘာသာ ကိုက်စားလိုက်သည်။

ရန်ကိုင်နှင့် ရှနင်းချန်သည် ဘေးချင်းကပ်ထိုင်လျက် ထိုညီအစ်မနှစ်ယောက်အား အနားယူခွင့် ပေးထားလိုက်သည်။

စိတ်ဝိဥာဉ်အသီးများကို တောက်လျှောက် စားပြီးနောက် နှစ်ယောက်စလုံး ပြန်လည် အားပြည့်သွားခဲ့ကြလေသည်။ ထိုအချိန်မှစ၍ ရန်ကိုင်က စမေးလိုက်သည် “နင်တို့ကြည့်ရတာ နည်းနည်းလေးတောင် မနားထားရတဲ့ ပုံပါလား”

ဟူညီအစ်မနှစ်ယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ပြီး “သုံးလလောက် ရှိသွားပြီ”

ရန်ကိုင် အသက်ဖျော့ဖျော့တစ်ချက် ရှူသွင်းလိုက်ပြီး “နင်တို့အတွက် တကယ်ကို ခက်ခဲခဲ့မှာပဲနော်”

နှစ်ယောက်စလုံးသည် မသေမျိုး ပထမအဆင့်များသာ ဖြစ်ကြသေးသည်။ သူတို့အတွက် သုံးသဆက် မနားတမ်း ခရီးနှင်ခဲ့ရသည်မှာ အရမ်းကိုမှ ပင်ပန်းရပေလိမ့်မည်။

“ရန်ကိုင်၊ နင်မြန်မြန် ပြန်ဖို့လိုတယ်။ ဟိုဘက်မှာ တစ်ခုခု ဖြစ်နေပြီ” ဟူကျောင်းအာက မျက်မှောင်ကြုံလျက် စိုးရိမ်တကြီး ပြောလိုက်သည်။

“ငါသိတယ်”

“နင်သိနေတာလား” ဟူညီအစ်မနှစ်ယောက်စလုံး ရန်ကိုင်အား ကြောင်ကြည့်နေမိလိုက်သည်။

“ရိုးရိုးသားသား ပြောရရင် အခုရက်ပိုင်း ဒီဘက်မှာ တစ်ခုခု ဖြစ်နေတယ်။ ငါလည်း အိမ်ပြန်လမ်းကို တောက်လျှောက် ရှာနေတော။ အခုထက်ထိ ရှာမတွေ့သေးဘူး။ နင်တို့ ရောက်လာတာ တကယ် ကံကောင်းသွားတယ်။ မဟုတ်ရင် ငါရှာလို့ တွေ့ဦးမှာ မဟုတ်ဘူး။ နင်တို့ ဒီကို ဘယ်လို ရောက်လာလဲ ဆိုတာကို ငါ့ကို သေချာရှင်းပြပေးလို့ ရမလား”

ဟူညီအစ်မနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဟူကျောင်းက စရှင်းပလြိုက်သည် “ကောင်းကင်အမွေအနှစ် လိုဏ်ဂူ ပွင့်တဲ့နေရာကို နင်မှတ်မိသေးလား။ ငါတို့ ဟူမိသားစု ပိုင်တဲ့ မိုင်းတွင်လေ”

“မှတ်မိတာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“လွန်ခဲ့တဲ့ သုံးလေးလတုန်းက အဲ့မှာ ထူးထူးဆန်းဆန်း ဖြစ်စဉ်ကြီးတစ်ခု ဖြစ်သွားတယ်”

ဟူကျောင်းအာ ပြောသည်ကို နားထောင်ပြီးနောက် ထိုညီအစ်မနှစ်ယောက် ထုန်းရွှမ်လောကကြီးဆီသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကိုရယ်၊ ဘုံကိုးခုထွတ်မြတ် နယ်မြေကို ရှာရန် မိုင်ပေါင်းသောင်းနှင့်ချီ ခရီးကို ဘာကြောင့်လာခဲ့ရမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

လွန်ခဲ့သော သုံးလေးလလောက်က၊ ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ရှိသည့်နေရာတွင် အနက်ရောင် အပေါက်တစ်ပေါက် ပေါ်လာခဲ့သည်။ ထို့ကြောင့် ဟူညီအစ်မ နှစ်ယောက်သည် အခြေအနေကို စူးစမ်းရန်အတွက် ထိုအနက်ရောင် အပေါက်ထဲသို့ ဝင်ခဲ့သည်။

လက်ရှိအချိန်တွင် ထိုလောကကြီးတစ်ခုလုံး၊ ဟူညီအစ်မ နှစ်ယောက်သည် အားအကောင်းဆုံးထဲ ပါပေသည်။

သူတို့ခွန်အားကို ယုံကြည်ချက်ရှိသည့်အတွက် အန္တရာယ်နှင့် တွေ့ရမည်ကို ဟူညီအစ်မနှစ်ယောက် စိတ်မပူ။ ထို့ကြောင့် ထိုအနက်ရောင် အပေါက်ထဲသို့ ရဲရဲသာ ဝင်သွားခဲ့သည်။

သူတို့ ထင်နေသည်ကား ထိုအပေါက်သည် ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ပွင့်လာစဉ်က အဖြစ်အပျက်နှင့် တူသည်ပေါ့။ သူတို့ မသိလိုက်သည်ကား ထိုအပေါက်သည် ထုန်းရွှမ်လောကကြီးဆီသို့ ဦးတည်နေသော လေဟာနယ်လိုဏ်ခေါင်းတစ်ခု ဖြစ်သည်ကိုပင်။

ဤသို့ဖြင့် သူတို့နှစ်ယောက် ထုန်းရွှမ်လောကကြီးဆီသို့ မတော်တဆ ရောက်လာခဲ့သည်။

နှစ်ရက်လောက် လျှောက်ပတ်စူးစမ်းကြည့်ပြီးနောက် လုံးဝကို ကွဲပြားခြားနားသော နေရာသစ်တစ်ခုသို့ သူတို့ ရောက်လာခဲ့ပြီဖြစ်မှန်း ညီအစ်မနှစ်ယောက်လုံး သိလိုက်ကြ၏။ ယခင်လောကကြီးတွင် မြင်ရခဲလှသည့် အားကောင်းလှသော ကျင့်ကြံသူများစွာကိုပါ တွေ့ခဲ့ရလေသည်။

သွေးတိုက်ပွဲဂိုဏ်းသို့ ပြန်မည်အပြု၊ သူတို့ ထွက်လာသော ဝင်ပေါက်ကို အင်အားစုတစ်ခုမှ ကျင့်ကြံသူများက အပိုင်သိမ်းထားလိုက်သည်ကို တွေ့လိုက်ရလေသည်။

ဝင်ပေါက်ကို စောင့်နေသည့် ကျင့်ကြံသူများထဲတွင် အားကောင်းသည့် ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။ သူတို့ နှစ်ယောက်တည်းထဲ ထိုထဲသို့ ပြန်ဝင်နိုင်တော့မည် မဟုတ်မှန်း ညီအစ်မ နှစ်ယောက် သိလိုက်ကြသည်။

ထို့ကြောင့် သူတို့နှစ်ယောက်၊ ထိုထဲသို့ ချောင်းဝင်နိုင်မည့် အခွင့်အရေး ပေါ်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

သို့သော် ထိုကဲ့သို့သော အခွင့်အရေး ဘယ်တော့မှ ပေါ်မလာခဲ့ပေ။

ထိုအချိန်မှာပဲ လွန်ခဲ့သော ဆယ်နှစ်က ဗဟိုမြို့တော်မှ ထွက်ခွာသွားသော ရန်ကိုင်ကို ပြန်သတိရလိုက်ကြသည်။ ဝင်ပေါက်ထဲ ပြန်ဝင်၍ မရတော့သည့်အတူတူ၊ ညီအစ်မ နှစ်ယောက်သည် ရန်ကိုင်အကြောင်း လိုက်လံ သတင်း စုံစမ်းတော့လေသည်။ ရန်ကိုင်သည် ဤလောကကြီးသို့ ရောက်နေကောင်း ရောက်နေနိုင်ပေသည်။ သူသာ ရောက်နေခဲ့လျှင် သူမတို့အား အိမ်ပြန်နိုင်အောင် ကူညီပေးနိုင်လောက်၏။

သို့သော် သိပ်ပြီးတော့ မျှော်လင့်ချက်မထား။ ကြံမိကြံရာဖြင့်သာ လိုက်မေးကြည့်ခဲ့ခြင်း ဖြစ်သည်။

ထုန်းရွှမ်လောကကြီးတွင် ဘုံကိုးခုထွတ်မြတ်နယ်မြေကို မသိသူမရှိသလောက် ရှားပေကာ တော်ဝင်နယ်မြေ၏ သခင်ဖြစ်သော ရန်ကိုင်သည်လည်း ထိုနည်းတူ လူသိများ၊ ကျော်ကြားပေသည်။

နည်းနည်းပါးပါးလောက် မေးမြန်းကြည့်ပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်သည် သူတို့သိသော ရန်ကိုင်နှင့် တူညီနေသည်ကို တွေ့လိုက်ရလေ၏။ ထိုသတင်းကို သိလိုက်ရလျှင်ရခြင်း ညီအစ်မနှစ်ယောက်စလုံး တော်ဝင်နယ်မြေသို့ ခရီးအပြင်းနှင်ကြတော့လေသည်။

ရန်ကိုင်ကို မြင်မြင်ချင်း သူမတို့နှစ်ယောက်စလုံး အရမ်းကိုမှ စိတ်လှုပ်ရှားသွားရခြင်းမှာ သူသည် သူမတို့ သိသော ရန်ကိုင် ဖြစ်နေသောကြောင့်ပင်။ ရန်ကိုင်ကို မြင်လိုက်ရမှပဲ သူမတို့ ရင်ထဲမှ ဝန်ထုပ်ပြီး ကျသွားသလို ခံစားလိုက်ရကာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ စိတ်လှုပ်ရှားတကြီးဖြင့် ရန်ကိုင်အား ပြေးဖက်မိလိုက်ကြခြင်း ဖြစ်ပေသည်။

“နင်ဒီနေရာရဲ့ တော်ဝင်သခင် ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ ဒါပေမယ့် နင်က ဒီနေရာရဲ့ သခင် ဖြစ်နေပြီဆိုမှတော့ အားလုံးက ဖြေရှင်းလို့ လွယ်သါားပြီ။ နင်က တော်ဝင်နယ်မြေကို အမိန့်ပေးနိုင်မှတော့ ဟိုအင်အားစုကိုလည်း ငါတို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ အဲ့ဘက်မှာ ရှိနေတဲ့ လူတွေကို ထိခိုက်အောင် မလုပ်ဖို့ ပြောလို့ရလောက်မှာပေါ့၊ ဟုတ်တယ်မလား” ဟူကျောင်းအာ ရန်ကိုင်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။

“အပြန်လမ်းကို နင်တို့ မှတ်မိသေးလား။ ပြီးတော့ နင်တို့ကို မောင်းထုတ်လိုက်တဲ့ အင်အားစု နာမည်ကောပဲ”

“အပြန်လမ်းကိုတော့ မမှတ်မိတော့ဘူး…” ဟူကျောင်းအာက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ဒီနေရာက အရမ်း ကျယ်လွန်းတယ်။ ဒါပေမယ့် အပြန်လမ်းကို ပိတ်ထားတဲ့ အင်အားစုကိုတော့ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် လို့ ခေါ်တယ်လို့တော့ ကြားမိတာပဲ”

“အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ ထိုနာမည်ကို တစ်နေရာရာတွင် ကြားဖူးနေသလိုလိုပင်။

“အဲ့နေရာက အဝေးကြီးပဲ” အနားတွင်ထိုင်ကာ ငြိမ်သက်စွာ နားထောင်နေသော အန်လင်းအာက ရုတ်တရက် ပြောလိုက်သည် “အဲ့နှစ်ယောက် ဝိုင်းကြီးပတ်ပတ် လာခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် အဲ့နေရာက တော်ဝင်နယ်မြေဆီကို နှစ်လအတွင်း ရောက်တယ်”

“အဲ့အင်အားစုကို နင်သိတာလား” ရန်ကိုင်က အန်လင်းအာကို ကြည့်လိုက်သည်။

အန်လင်းအာက ပြုံးလိုက်ပြီး “သူတော်စင်မတွေက အများကြီး သင်ထားရတယ်လေ။ ဒီလောကကြီးရဲ့ အရေးကြီးတဲ့ အင်အားစုနာမည်တွေ၊ တည်နေရာတွေ၊ သူတို့ရဲ့ ခွန်အားတွေ အပါအဝင်ကိုပေါ့။ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် ဆိုတာ သူတော်စင်အဆင့် ပညာရှင်တွေရှိတဲ့ တော်တော်လေးကို အားကောင်းတဲ့ အင်အားစုတစ်ခုလို့ ပြောလို့ရတယ်။ အဲ့အင်အားစုရဲ့ အားအကောင်းဆုံးက သူတော်စင် ဒုတိယအဆင့် ပညာရှင်ပဲ”

“တော်ဝင်နယ်မြေနဲ့ အပြန်အလှန်လောက် ရှိတာပေါ့”

“အဲ့လိုပြောလို့ရတယ်” အန်လင်းအာက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ဂုဏ်သတင်းပိုင်းမှာ ဆိုရင်တော့ ငါတို့လက်ရှိ တော်ဝင်နယ်မြေနဲ့ လုံးဝ ယှဉ်လို့မရဘူး။ ဒါပေမယ့် သူတို့ကိုလည်း အထင်သွားသေးလို့ မရဘူး”

သူမပြောသည်ကို နားထောင်ပြီးနောက် ဟူညီအစ်မ နှစ်ယေဦက်၏ အမူအရာ လေးနက်သွားခဲ့ကြသည်။

သူမတို့၏ မျက်လုံးထဲ ဘုံကိုးခုထွတ်မြတ်နယ်မြေ ဆိုသည်မှာ အတော့်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော မဟာအင်အားစုကြီးတစ်ခုဖြစ်သည်။ ထိုအနှောင်အဖွဲ့ကင်းမဲ့ စိတ်ဝိဥာဉ်ကျောင်းတော်သာ တော်ဝင်နယ်မြေနှင့် ခွန်အားချင်း တူညီသလောက် ရှိသည်ဆိုပါက တော်ဝင်နယ်မြေ၏ လွှမ်းမိုးမှုကို မှီခို၍ ဟိုဘက်လောကရှိ အခြေအနေကို ဖြေရှင်းနိုင်၊ မဖြေရှင်းနိုင် မသေချာတော့ပေ။

“သူတို့ အကန့်အသတ်ကို သိ၊မသိ ကြည့်ကြတာပေါ့။ သူတို့ဘက်က ပြန်ဆုတ်ပေးရင် ငါတို့ကလည်း သူတို့ကို ဘာမှမလုပ်ဘူး။ ဒါပေမယ့် သူတို့ဘက်က ရောက်တက်လာတယ် ဆိုရင်တော့…”

“အဲ့လိုဆိုရင် ဘာဖြစ်လဲ”

“စောင့်ကြည့်လိုက်” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်သည်။ သူ့အကြည့်ဟာ ဆိုလျှင်လည်း အေးစက်စက် ဓါးတစ်စင်းသဖွယ် ထက်ရှသွားခဲ့သည်။

ဟူညီအစ်မနှစ်ယောက်၏ မျက်ဝန်းလှလှလေးများ ဝင်းပလာခဲ့ပြီး ရန်ကိုင်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

ထိုလူသည် ယခင်ကကဲ့သို့ အရှိန်အဝါ ကြီးမားနေဆဲပင်။

သူ့အား အထင်သေး၊ ဒုက္ခပေးရန် ကြံရွယ်သူအားလုံး ဒုက္ခအကြီးကြီး ရောက်သွားရပေလိမ့်မည်။

ညီအစ်မနှစ်ယောက် စိတ်ပြန်ငြိမ်သွားခဲ့သည်။ ရန်ကိုင်သာ ရှိနေသရွေ့ သူတို့ ဂိုဏ်းအခြေအနေကို လုံးဝ စိုးရိမ်စရာ မလိုတော့သလို ခံစားလိုက်ရသည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ချက်ချင်းပဲ လှမ်းအကြောင်းကြလိုက်ရာ ခဏအကြာ၌ လေတိုးသံနှင့်အတူ ခန်းမထဲသို့ လူတစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့လေ၏။

တော်ဝင်နယ်မြေ၏ အကြီးအကဲ ခြောက်ယောက်နှင့် ရှေးဟောင်းနတ်ဆိုးကလန်၏ ခေါင်းဆောင် လေးယောက် တစ်ပြိုင်တည်း ပေါ်လာခဲ့သည်။

“တော်ဝင်သခင်၊ အမိန့်ရှိပါလား”

“သခင်၊ ကျုပ်တို့ ရောက်ပါပြီ”

အကုန်လုံး ရန်ကိုင်အား ဦးညွှတ်လိုက်ကြသည်။ တော်ဝင်နယ်မြေတွင် ရှိနေသော အဆင့်မြင့် ပုဂ္ဂိုလ်အားလုံးကို ရန်ကိုင်ဘာကြောင့် ဆင့်ခေါ်လိုက်မှန်း သူတို့ မသိသော်လည်း ခန်းမထဲရှိ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်၏။

ထိုလူဆယ်ယောက်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို ခံစားမိလိုက်သည်နှင့် ဟူညီအစ်မနှစ်ယောက် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။

ယခင်လောကကြီးတွင် ရှိစဉ်က သူမတို့နှစ်ယောက်၏ ခွန်အားသည် ထိပ်ဆုံးအဆင့်ထဲ ပါပေသည်။ သူမတို့ နှစ်ယောက်သာ အတူပူးပေါင်းလိုက်ပါက ပြိုင်ကင်းလုနီးနီးဟုပင် ပြော၍ရသည်။ သို့သော်လည်း ယခုမှ သူမတို့နှစ်ယောက် အတူပူးပေါင်းလိုက်လျှင်ပင် ထိုဆယ်ယောက်ထဲရှိ ဘယ်သူ့ကိုမဆို အနိုင်ယူမယူနိုင်မှန်း တွေ့ရှိလိုက်ရသည်။

ထိတ်လန့်မိသွားခဲ့သော်လည်း ရန်ကိုင်သည် ထိုကဲ့သို့သော စွမ်းအားကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်မှန်း သိလိုက်ရချိန် စိတ်လည်း လှုပ်ရှားသွားခဲ့ရသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၅) ယဉ်ကျေး၍မရလျှင် လက်သီးကိုသုံးရ၏

“သခင်၊ ကျွန်မတို့အားလုံးကို ဘာလို့ ခေါ်လိုက်တာလဲ” ခန်းမထဲသို့ ရောက်သည်နှင့် လီရုန်သည် ဟူညီအစ်မ နှစ်ယောက်အား တစ်ချက်လှမ်းကြည့်ရင်း မေးလိုက်လေသည်။

သူမ၏ လက်ရှိခွန်အားဖြင့် ထိုညီအစ်မနှစ်ယောက်သည် သိပ်ပြီး မသန်မာမှန်း တန်းသိလိုက်သည်။ သို့သော် ထိုညီအစ်မ နှစ်ယောက် ကျင့်ကြံထားသည့် ကျင့်စဉ်မှာ အတော့်ကိုမှ ထူးဆန်းလှပေသည်။ အမွှာဖြစ်နေလျှင်ပင် လူနှစ်ယောက၏ အသက်စွမ်းအင် အရှိန်အဝါနှင့် အစစ်အမှန်ချီစွမ်းအင်မှာ တစ်ထပ်တည်း ကျမနေသင့်ပေ။

သူတော်စင်အဆင့် ပညာရှင်အားလုံးသည်လည်း ထိုထူးခြားသော အချက်ကို သတိပြုမိလိုက်ကြပေသည်။ ထို့ကြောင့် ဟူညီအစ်မနှစ်ယောက်အား တစ်ကြိမ်ထက်မက ပို၍ ကြည့်မိလိုက်ကြသည်။

“ကျုပ်အပြင်သွားဖို့ လိုနေလို့” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး “လီရုန်၊ ဟန်ဖေး၊ ခင်ဗျားတို့နှစ်ယောက် ကျုပ်နောက်လိုက်ခဲ့”

ဗိုလ်ချုပ်ကြီးနှစ်ယောက်စလုံး ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကြသည်။

“ပြီးတော့ ကျုပ်သွားချင်တဲ့လမ်းနဲ့ ရင်းနှီးတဲ့ အကြီးအကဲ တစ်ယောက်လည်း လိုသေးတယ်” ရန်ကိုင်က တော်ဝင်နယ်မြေမှ အကြီးအကဲခြောက်ယောက်ကို ကြည့်၍ မေးလိုက်လေသည် “အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် ဆီသွားတဲ့လမ်းကို ခင်ဗျားတို့ထဲက ဘယ်သူသိကြလဲ”

“ဒီငယ်သားသိပါတယ် တော်ဝင်သခင်” ခွန်းရှီက လူအုပ်ထဲမှ ရှေ့ထွက်၍ ပြောလိုက်သည်။

“အဲ့လိုဆိုရင် အကြီးအကဲခွန်းရှီလည်း ကျုပ်နဲ့လိုက်ခဲ့။ ကျန်တဲ့လူတွေ အားလုံးကတော့ တော်ဝင်နယ်မြေမှာပဲ ကျန်နေခဲ့ရလိမ့်မယ်”

“တော်ဝင်သခင်၊ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်နဲ့ ပြဿနာ တစ်ခုခု ဖြစ်ထားလို့လား” ရှုဟွေက မျက်မှောင်ကြုံ့လျက် မေးလိုက်သည်။ ရန်ကိုင် အမူအရာသည် ထူးထူးခြားခြား လေးနက်တည်ကြည်နေပြီး သူ့လေသံမှာလည်း အေးစက်နေသည်။ ထို့ကြောင့် တစ်ခုခု မှားယွင်းနေပြီးမှန်း ရှုဟွေ ချက်ချင်း တန်းသိလိုက်သည်။

“ကျုပ်တို့ကြားမှာ ဘာပြဿနာမှတော့ မရှိသေးဘူး။ ဒါပေမယ့် သိပ်မကြာခင် ရှိလာနိုင်တယ်။ ဒါကြောင် ကျုပ်နဲ့အတူ ပညာရှင်နည်းနည်းပါးပါးကို ခေါ်သွားဖို့ လိုနေတာ”

“အဲ့လိုဆိုရင် ဒီငယ်သားလည်း…”

“အကြီးအကဲချုပ် လိုက်လို့မရဘူး” ရန်ကိုင်က ကြားဖြတ်ပြောလိုက်လေသည် “တော်ဝင်နယ်မြေကို စီမံဖို့ တစ်ယောက်ယောက် ရှိနေမှဖြစ်မယ်။ အကြီးအကဲချုပ်က ဒီမှာနေပြီး ဂိုဏ်းကိစ္စတွေကိုသာ စီမံထားလိုက်”

ရန်ကိုင် ပြောသည်မှာ အဓိပ္ပါယ်ရှိသည့်အတွက် ရှုဟွေလည်း ငြင်းဆန်မနေတော့ဘဲ ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။

“စီနီယာမမလေးလည်း ဒီမှာ ကျန်ခဲ့နော်” ရန်ကိုင်က ရှနင်းချန်ဘက်သို့လှည့်၍ ပြောလိုက်သည် “ဘဏ္ဏာထိန်းမန်၊ မကြာခင် ပြန်လာလောက်တယ်”

“အင်း၊ ဒီမှာနေပြီး ဆေးဖော်စပ်ရင်း ဆရာပန်လာတာကို စောင့်နေလိုက်မယ်” ရှနင်းချန်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ငါတို့လည်း နင်နဲ့လိုက်မယ်” ဟူညီအစ်မနှစ်ယောက်က ပြိုင်တူပြောလိုက်သည်။

ဆုံးဖြတ်ချက် ယတိချထားသည့် ထိုညီအစ်မနှစ်ယောက်၏ အမူအရာကိုမြင်သော် ရန်ကိုင်လည်း ငြင်းဆိုမနေတော့ဘဲ ခေါင်းညိတ်လိုက်၏။

ဟူကျောင်းအာနှင့် ဟူမေးအာတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ပြုံးလိုက်ကြသည်။

“ဒီကိစ္စကို နှောင့်နှေးနေလို့ မဖြစ်ဘူး။ အခုချက်ချင်း သွားမှ ဖြစ်လိမ့်မယ်” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်ပြီး ရှေ့မှ ဦးဆောင်၍ ထွက်သွားလိုက်သည်။

တော်ဝင်သခင်ရုံးတော်အပြင်သို့ ရောက်သည်အခါ ရန်ကိုင်သည် အကြီးအကဲချုပ်နှင့် ဗိုလ်ချုပ်ကြီးများအား ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားလိုက်ပြီး ကောင်းကင်လွန်းပျံကို ထုတ်ယူလိုက်သည်။ ထို့နောက် ခြောက်ယောက်စလုံး ကောင်းကင်လွန်းပျံပေါ်သို့ တက်လိုက်ကပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

ကောင်းကင်လွန်းပျံသည် ဆယ်မီတာလောက် ရှည်သဖြင့် လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကို အသာလေး သယ်နိုင်ပေသည်။ ထို့အပြင် ယာဉ်ပျံ၏ အကာအကွယ် အရံတားကြောင့် အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းနေသည့်တိုင် လေရိုက်ခတ်ဒဏ်ကို သူတို့ မခံစားရပေ။

သို့သော် လူများများ တင်လိုက်သည့်အတွက်ကြောင့် ကောင်းကင်လွန်းပျံကို လည်ပတ်စေရန်အတွက် သူသုံးစွဲရသော စွမ်းအားမှာလည်း ပို၍ များပြားလာကြောင့် ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ရှီခွန်သည် လွန်းပျံယဉ်ရှေ့ဘက်တွင် ရပ်၍ ဘယ်ဘက်သို့၊ သွားရမည် ဆိုသည်ကို ညွှန်ကြားနေပြီး ကျန်ငါးယောက်မှာမူ အနောက်ဘက်တွင် ထိုင်နေခဲ့ကြသည်။

သွားနေစဉ်အတောအတွင်း ဟူညီအစ်မနှစ်ယောက် ဘယ်က ရောက်လာသလဲ ဆိုသည်ကို လီရုန်နှင့် ဟန်ဖေးတို့အား အကြမ်းဖျင်း ရှင်းပြထားခဲ့သည်။ ထို့အပြင် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်ဆီ သူဘာကြောင့် သွားနေရသလဲ ဆိုသည်ကိုပါ တစ်ခါတည်း ရှင်းပြသွားခဲ့သည်။

သူကိုမွေးဖွား၊ ကြီးပြင်းလာစေခဲ့သော နေရာသည် ရန်ကိုင်အတွက် အရေးပါသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။ ထိုဆန်းကြယ်လောကငယ်ဆီသို့ သွားလာနိုင်သော တံခါးပေါက် ပွင့်သွားခဲ့ပြိ ဖြစ်လေရာ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော် အနေဖြင့် ထိုဘက်သို့ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ခွန်အားကွာခြားချက်ကို အသုံးချင တစ်ဖက်လောကရှိ လူများကို စိတ်ရှိတိုင်း ဖိနှိပ်ကာ ကျွန်ပြုနိုင်ပေသည်။

ထိုလူများသည် ရန်ကိုင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ ဖြစ်လေရာ သူအနေဖြင့် ဘာကြောင့် ထိုကဲ့သို့ အဖြစ်ခံရမည်နည်း။

ပျံသန်းစဉ်အတွင်း ရှီခွန်သည် နောက်သို့ မကြာမကြာ လှည့်ကြည့်ပြီး မျက်မှောင် ကြုံကြုံ့သွားခဲ့သည်။

“ရှီခွန်၊ ပြောစရာရှိရင် ပြောလေ” ရှီခွန်၏ တုန့်ဆိုင်းတွေဝေနေသည့် အမူအရာကို မြင်သော် ရန်ကိုင်က လှမ်းမေးလိုက်သည်။

ရှီခွန်က ပြုံး၍ “ဘာမှတော့ မဟုတ်ပါဘူး။ အဲ့မိန်းကလေး နှစ်ယောက်ရဲ့ အရှိန်အဝါက ဘာလို့ ဒီလောက်တူနေလဲလို့ စဉ်းစားနေတာ”

“တူရမှာပေါ့။ သူတို့က အရမ်းအရမ်းကိုမှ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြတာလေ”

“အဲ့လိုကိုး” ရှီခွန်က ခေါင်းကုတ်လိုက်ပြီး “တော်ဝင်သခင် ပြောထားလို့သာပေါ့၊ မဟုတ်ရင် သူတို့ကို အမွှာစိတ်ဝိဥာဉ် အိမ်တော်ရဲ့ တပည့်တွေလို့ ထင်မိနေမှာ”

“အမွှာစိတ်ဝိဥာဉ်အိမ်တော်လား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး ထိုနာမည်ကို ပြန်စဉ်းစားလိုက်သည်။

ကောင်းကင်နဂါးနန်းတော်တွင် ရှိစဉ်က၊ စွန်းယု နဂါးတောင်ကြားမှ ပြန်ထွက်လာပြီးနောက်၊ သူ့ဆရာဖြစ်သော လင်းကျန်းသည် အမွှာစိတ်ဝိဥာဉ်အိမ်တော်တွင် ခဏ ခိုလှုံမည်ဟု ပြောခဲ့ဖူးသည်။ နဂါးဖီးနစ်နန်းတော်နှင့် အမွှာစိတ်ဝိဥာဉ်အိမ်တော်သည် ဆက်ဆံရေးကောင်းကြသော အင်အားစုနှစ်ခု ဖြစ်သည်ဟုလည်း ပြောခဲ့ပေသည်။

“စီနီယာ၊ ကျွန်မတို့ကို အမွှာစိတ်ဝိဥာဉ်အိမ်တော်ကလို့ ဘာလို့ ထင်တာလဲ” ဟူကျောင်းအာက မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အမွှာစိတ်ဝိဥာဉ်အိမ်တော်မှာလည်း နင်တို့တွေလို အမွှာတွေအများကြီး ရှိတယ်လေ” ရှီခွန်က ပြုံးကာ ရှင်းပြလိုက်လေသည် “အဲ့အင်အားစုက အရမ်းကို ထူးခြားတာ။ သူတို့ တပည့်လက်ခံတဲ့ လူတွေအကုန်လုံးက အမွှာတွေချည်းပဲ။ ဒါကြောင့် သူတို့ဂိုဏ်းက အရမ်းကြီး မကြီးပေမယ့် သူတို့လေ့ကျင့်တဲ့ ထူးခြားတဲ့ ကျင့်စဉ်ကြောင့် အဲ့နေရာက အမွှာတိုင်းက အတူတူပူပေါင်းတိုက်ခိုက်ကြပြီ ဆိုရင် သူတို့ထက် ပိုအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကိုတောင် တိုက်ခိုက်နိုင်ကြတယ်။ သူတို့ကျင့်စဉ်ကို အထွဋ်အထိပ်အထိ လေ့ကျင့်ပြီးသွားပြီ ဆိုရင်တော့ သူတို့ရဲ့ အသက်အရှိန်အဝါနဲ့ အစစ်အမှန်ချီစွမ်းအင်ပါ တစ်ထပ်တည်း ဖြစ်သွားတာ။ ဒါပေမယ့် နင်တို့ မိန်းကလေး နှစ်ယောက်လိုတော့ မဟုတ်ဘူး။ နင်တို့ နှစ်ယောက်က လုံးဝကို ခွဲမရအောင် တူနေတာ။ ငါငယ်ငယ်တုန်းက အဲ့အမွှာစိတ်ဝိဥာဉ်အိမ်တော်က အမွှာနှစ်ယောက်ကို တွေ့ခဲ့ဖူးတယ်လေ။ ဒါကြောင့် အဲ့ဂိုဏ်းအကြောင်း နည်းနည်းလေးပဲသိတယ်။ အဲ့ဒါကြောင့်ပဲ နင်တို့နှစ်ယောက်ကို အဲ့အမွှာစိတ်ဝိဥာဉ်အိမ်တော်ကလို့ ထင်သွားတာ”

“ကျွန်မတို့ အဲ့ဂိုဏ်းအကြောင်း ကြားတောင် မကြားဖူးဘူး” ဟူကျောင်းက ပြုံးကာ ခေါင်းခါလိုက်သည်။ ညီအစ်မ နှစ်ယောက်သည် ထုန်းရွှမ်လောကကြီးဆီသို့ လွန်ခဲ့သော လအနည်းငယ်ခန့်ကမှ ပထမဆုံးအကြိမ် စရောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရောက်ကတည်းက တစ်ခါမှ နားနားနေနေ မနေရဘဲ တောက်လျှောက် ခြေထောက်အလုပ်ပေးနေခဲ့ရ၏။ ထို့ကြောင့် သူတို့ ဤလောကကြီးနှင့် ဤလောကကြီးရှိ အင်အားစုများအကြောင်း သိပ်မသိသည်မျာ အထူးအဆန်း မဟုတ်ပေ။

ရန်ကိုင် မျက်လုံးများ တောက်ပသွားခဲ့ပြီး တစ်ခုခုကို စဉ်းစားမိသွားဟန်ရကာ မေးလိုက်လေသည် “အကြီးအကဲရှီခွန်၊ အမွှာစိတ်ဝိဥာဉ်အိမ်တော်ကကော အရမ်းအားကောင်းလား”

“အရမ်းကြီးတော့ မဟုတ်ဘူး။ သူတို့မှာ သူတော်စင်အဆင့် ပညာရှင်တွေ ရှိပေမယ့် ဂိုဏ်းတစ်ခုလုံးရဲ့ စုစုပေါင်းစွမ်းအားက အဲ့လောက်ကြီး မမြင့်ဘူး… အို၊ ဟုတ်တယ်၊ ကျုပ်ငယ်ငယ်တုန်းက တွေ့ခဲ့တဲ့ အမွှာနှစ်ယောက် ပြောတာတော့၊ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက အမွှာစိတ်ဝိဥာဉ် အိမ်တော်ဆိုတာ အရမ်းကို အားကောင်းတဲ့ အင်အားစုတစ်ခု ဖြစ်ခဲ့တာတဲ့။ ဒါပေမယ့် ဘာကြောင့်လဲတော့ မသိပါဘူး။ သူတို့ရဲ့ ပင်တိုင်အမွေအနှစ် ပျောက်သွားတယ်လေ။ အဲ့ကနေစပြီး သူတို့ဂိုဏ်းက တဖြည်းဖြည်း ယုတ်လျော့ ကျငဆး်လာတာပဲ။ သူတို့ပြောတာ တကယ် ဟုတ်၊မဟုတ်တော့ ကျုပ်လည်း မသိဘူး”

“သူတို့ရဲ့ အမွေအနှစ် ပျောက်ဆုံးသွားတာလား” ဟူကျောင်းအာ အလန့်တကြား ဆိုလိုက်သည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားဟန်ရကာ သူမ၏ မျက်ဝန်းလေးများ လင်းလက်တောက်ပလာလေတော့သည်။

ဟူညီအစ်မနှစ်ယောက် လေ့ကျင့်နေသော အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်သည် အမွှာစိတ်ဝိဥာဉ်အိမ်တော်မှ ပျောက်ဆုံးသွားသည့် အမွေအနှစ်ကျင့်စဉ် ဖြစ်လိမ့်မည်ဟု ရန်ကိုင်လည်း ထင်နေခဲ့သည်။

ထိုနှစ်ယောက်၏ အခြေအနေသည် သူနှင့် စုယန်ကဲ့သို့ပင်၊ သူတို့ နှစ်ယောက် ရခဲ့သည်မှာလည်း နဂါးဖီးနစ်တော်၏ အစစ်အမှန် အမွေအနှစ်ပင် ဖြစ်လေသည်။

ထိုအချက်သည် နဂါးဖီးနစ်နန်းတော်နှင့် အမွှာစိတ်ဝိဥာဉ် အိမ်တော် ဘာကြောင့် ဆက်ဆံရေး ကောင်းနေရသလဲ ဆိုသည်ကို ရှင်းပြသွားခဲ့သည်။ ထိုအင်အားစုနှစ်ခုသည် ယခင်က အရမ်းကို ရင်းနှီးခဲ့သော အင်အားစုနှစ်ခု ဖြစ်ရပေမည်။ သို့သော် အကြောင်းပြချက်တစ်ခုကြောင့် သူတို့၏ ပင်မအမွေအနှစ်များ ပျောက်ဆုံးသွားခဲ့ရသည်။ အင်အားစုနှစ်ခုစလုံးမှာ ပင်မအမွေအနှစ်များကို ပျောက်ဆုံးသွားကြသည့် ဂိုဏ်းများ ဖြစ်နေကြသဖြင့် ယခုအချိန်ထိ ဆက်ဆံရေး ကောင်းနေကြခြင်း ဖြစ်လောက်သည်။

“အခွင့်အရရင် အမွှာစိတ်ဝိဥာဉ်အိမ်တော်ဆီ သွားကြည့်ရမယ်” ဟူကျောင်းအာက တိုးတိုးလေး ပြောလိုက်သည်။

“ဟိုဘက်ကိစ္စတွေ ရှင်းပြီးသွားရင် ငါနင့်ကို အဲ့နေရာဆီ ခေါ်သွားပေးမယ်” ရန်ကိုင်က ပြောလိုက်သည်။

“အင်း” ဟူကျောင်းအာက ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ရန်ကိုင် နားနားသို့ကပ်ကာ တိုးတိုးလေး မေးလိုက်သည် “ရန်ကိုင်၊ ငါနင့်ကို မေးချင်နေတာ။ နင်ခေါ်လာတဲ့ လူတွေရဲ့ကျင့်ကြံခြင်းက ဘယ်လောက်လဲဟင်၊ ငါဘာလို့ သူ့တို့ခွန်အားကို နည်းနည်းလေးတောင် မခန့်မှန်းနိုင်ရတာလဲ”

“သူတော်စင်အဆင့်”

“သူတော်စင်အဆင့်လား” ဟူညီအစ်မနှစ်ယောက် ရန်ကိုင်အား ကြောင်ကြည့်နေကြသည်။

“မသေမျိုးအဆင့် အထက်မှာ သူတော်စင်အဆင့် ရှိတယ်လေ” လီရုန်က ပြုံးကာ ရှင်းပြလိုက်လေသည် “နင်တို့ နှစ်ယောက်က မသေမျိုး ပထမအဆင့်တွေ ဖြစ်နေပြီး၊ အင်း၊ ကြည့်ရတာ မသေမျိုးဒုတိယအဆင့်နဲ့ သိပ်မဝေးတော့တဲ့ပုံပဲ။ ဒုတိယအဆင့်ပြီးရင် တတိယအဆင့်ကို ရောက်မယ်။ အဲ့ကနေ ဆက်သွားမယ်ဆိုရင်တော့ သူတော်စင်အဆင့်ကို ရောက်လိမ့်မယ်။ ကြည့်ရတာ သခင်မွေးလာတဲ့ နေရာမှာ သူတော်စင်အဆင့် ပညာရှင်တွေပဲ မရှိတဲ့ပုံပဲနော်”

“သူတော်စင်တွေ မပြောနဲ့။ မသေမျိုးအဆင့်ရဲ့ နာမည်ကိုတောင် သိတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကဆို မသေမျိုးအဆင့်ကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ဆိုပြီးတော့ပဲ သိသေးတာ” ရန်ကိုင်က ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။

“သူတော်စင်အဆင့်ရဲ့ အထက်မှာ ကျတော့ကော” ဟူကျောင်းအာက ထပ်မေးလိုက်သည်။ သူမ၏ မျက်ဝန်းများဟု စူးစမ်းလိုစိတ်ဖြင့် တဖျက်ဖျက် လက်နေခဲ့လေပြီ။

“သူတော်စင်အဆင့် အထက်မှာလား” ရန်ကိုင်နှင့် လီရုန်တို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ကြသည်။ လီရုန်က အပြုံးလေးဖြင့် ဆက်ပြောလိုက်လေသည် “ငါတို့လည်းမသိဘူး။ ငါတို့တင် မဟုတ်ဘူး။ ဘယ်သူမှမသိဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူမှ သူတော်စင်ကို မကျော်နိုင်ကြသေးဘူးလေ”

ဟူညီအစ်မနှစ်ယောက်စလုံး တိတ်သွားကြ၏။

သူတော်စင်အဆင့်ကြောင်း သိလိုက်ရချိန် ညီအစ်မ နှစ်ယောက် တော်တော်လေး ထိတ်လန့်သွားကြသည့်ပုံပင်။ ဤလောကကြီးနှင့် နေသားကျနိုင်ရန် သူတို့အတွက် အချိန်နည်းနည်းလောက် လိုလောက်ပေဦးမည်။

ယခင်လောကကြီးတွင်၊ သူတို့နှစ်ယောက်သာ အတူပူးပေါင်းလိုက်ပါက ပြိုဘက်ကင်းလုနီးနီး ဖြစ်ခဲ့သည်။ သို့သော် ဤလောကကြီးသို့ ရောက်ပြီးနောက် ဤနေရာတွင် သူတို့ လုံးဝ မယှဉ်ပြိုင်နိုင်သည့် ပညာရှင်များစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ပြိုင်ဘက်ကင်းဘဝမှ ဘာမှသိပ်မဟုတ်လှသော အားနည်းသူအဖြစ်သို့ ရုတ်တရက် ရောက်ရှိသွားခြင်းသည် သူတို့ ညီအစ်မနှစ်ယောက်၏ ထင်မြင်ယူဆချက်တို့အပေါ် ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်သွားလောက်သည်။

သူတို့၏ စိတ်ပိုင်းဆိုင်ရာကို သေချာပြန်လည် ပြင်ဆင်ပြီး ထုန်းရွှမ်လောကကြီးနှင့် အသားကျအောင် လုပ်ဖို့ လိုပေသည်။

လမ်းခရီးတစ်လျှောက်လုံးနီးပါး အကုန်ဆုံး တိတ်နေကြ၏။ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်အကြောင်း ခွန်ရှီအား တောက်လျှောက် မေးနေသော ရန်ကိုင်တစ်ယောက်မှ လွဲ၍…

နှစ်ရက်ကြာပြီးနောက် ကောင်းကင်လွန်းပျံ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်သည် သူ့အောက်ဘက်အား ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

ခဏအကြာ၌ ဟူကျောင်းအာ၏အသံ ထွက်လာခဲ့သည် “အောက်ကမြို့ကို ငါမမှတ်မိတယ်။ မေးအာနဲ့ငါ ခရီးစထွက်ပြီး နှစ်ရက်ကြာတော့ ဒီကို ရောက်လာခဲ့တာ”

“နင်တို့ ဘယ်ဘက်ကနေ လာခဲ့တာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ဟူကျောင်းအာက ပတ်ဝန်းကျင်ကို သေသေချာချာ လိုက်ပတ်ကြည့်လိုက်ပြီးနောက် အရပ်မျက်နှာတစ်ခုဆီ ညွှန်ပြလိုက်ကာ “အဲ့ဘက်ဘဲ”

အပြင်ရောင်အလင်း ထပ်မံ လက်သွားခဲ့ပြန်သည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက် မြေပြင်အထက် မီတာအနည်းငယ်လောက်တွင် ဝဲနေဿာ လေဟာနယ် လိုဏ်ခေါင်း ဝင်ပေါက်တစ်ခုကို တွေံလိုက်ရလေသည်။ ထိုဝင်ပေါက်အနီးတွင် စောင့်ကြည့်နေသော ကျင့်ကြံသူများစွာ ရှိနေခဲ့ကြပြီး တစ်ယောက်ယောက်သာ အနားတိုးလာခဲ့ပါက ချက်ချင်း မောင်းထုတ်ပေလိမ့်မည်။

“အဲ့နေရာပဲ” ဟူမေးအာက နှုတ်ခမ်းလေးကိုကိုက်လျက် အော်ပြောလိုက်သည် “အစ်မကြီးနဲ့ငါက အဲ့ကနေ လာခဲ့တာ”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ကောင်းကင်လွန်းပျံကို မြေပေါ် ဆင်းလိုက်သည်။ ဤသို့ဖြင့် သူတို့ခြောက်ယောက် လေဟာနယ်လိုဏ်ခေါင်းဆီ လမ်းလျှောက်သွားလိုက်လေသည်။

“သခင်၊ အဲ့နေရာကို စောင့်ကြပ်နေတဲ့ သူတော်စင်အဆင့် ငါးယောက်ရှိနေပေမယ့် အကုန်လုံးက ပထမအဆင့်တွေချည်းပဲ။ ဘာမှစိုးရိမ်စရာမရှိဘူး” လီရုန်က အစောင့်များကို သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဒီမှာ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်တင် ရှိတာ မဟုတ်ဘူးနဲ့ တူတယ်” ရှီခွန်က စဉ်းစဉ်းစားစားဖြင့် “အခြားအကူအညီတွေကိုလည်း ခေါ်ထားသေးတယ်။ အနည်းဆုံး ဒီနေရာမှာ အင်အားစုသုံးခုကလူတွေ ရှိနေတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး “ဟိုဘက်က အသားတုံးကြီး တစ်တုံးပဲလေ။ အင်အားစုတစ်ခုတည်း ဘယ်စားနိုင်ပါ့မလဲ”

“ကျွန်မတို့ အခုဘာလုပ်ကြမလဲ” လီရုန်က ရန်ကိုင်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

“အရင်ဆုံး စကားလေးဘာလေးပြောပြီး ကျိုးကြောင်း ညိနှိုင်းကြည့်မယ်လေ။ မရမှပဲ လက်သီးသုံးရတာပေါ့”

ထိုအချိန်မှာပဲ သူတို့ခြောက်ယောက်ကို အစောင့်များ သတိပြုမိသွားကြသည်။

တကွဲတပြား ဖြစ်နေသော အစောင့်များထဲ၊ ငါးယောက်၏ မျက်လုံးများ မှေးစည်းသွားခဲ့ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် သူတို့၏ ခွန်အားကို စုစည်းထားလိုက်ကြသည်။

ခဏအကြာ၌ ငါးယောက်ထဲမှ တစ်ယောက် ရှေ့သို့ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ့လက်ကိုမြှောက်ကာ အော်ပြောလိုက်သည် “ရပ်လိုက်စမ်း၊ ဒါက ငါတို့ အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော် ရှာတွေ့ထားတဲ့ ဆန်းကြယ်လောကငယ်ပဲ။ ကျေးဇူးပြုပြီး အခြား တစ်နေရာမှာ သွားရှာပေးကြပါ”

ဆန်းကြယ်လောကငယ်များအားလုံး ပွင့်လာသည့်အတွက် အင်အားစုတိုင်းနှင့် ကျင့်ကြံသူတိုင်းသည် ထိုဆန်းကြယ်လောကငယ်များကို ရှာဖွေခဲ့ကြသည်။

ဆန်းကြယ်လောကငယ်တစ်ခုကို ပထမဆုံးတွေ့သည့် ဂိုဏ်းများသည့် ဝင်ပေါက်တွင် တပည့်များကို စောင့်ကြပ်စေကာ အပြင်လူများ မဝင်လာနိုင်အောင် လုပ်ထားကြသည်။

အားကောင်းသော ဂိုဏ်းများသည် ဆန်းကြယ်လောကငယ် အတွင်းရှိ အကျိုးအမြတ် အားလုံးကို သူတို့ တစ်းဂိုဏ်းတည်းသာ လိုချင်ကြသည်။ ထို့ကြောင့် အခြားမည်သူကိုမှ သူတို့ ရှာတွေ့ထားသော ဆန်းကြယ်လောကငယ်ထဲသို့ ဝင်ခွင့်မပေးချေ။

All Chapters