← Chapters

အခန်း (၉၂၆-၉၃၀)

Vol. 38 Ch. 926-930

အခန်း (၉၂၆-၉၃၀)

Vol. 38 Ch. 926-930

အပိုင်း (၉၂၆) လူရိုင်းများ

ဟူညီအစ်မနှစ်ယောက် ထွက်လာခဲ့သော ဝင်ပေါက်သည် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်နှင့် အနီးဆုံးသာ ဖြစ်သည့်အတွက် ဝင်ပေါက်ကို အပိုင်သိမ်းထားသည့် အင်အားစုမှာ ထိုဂိုဏ်းသာ ဖြစ်ရပေမည်။ အခြား မိသားစုငယ်များနှင့် ဂိုဏ်းငယ်လေးများမှာ၊ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်၏ ခွန်အားကို မယှဉ်နိုင်သည့်အတွက် သားရေတမြောင်းမြောင်းဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

သူတော်စင်အဆင့် ပညာရှင်၏ အော်သံကို ကြားသည့်အခါ ရန်ကိုင် ရပ်လိုက်သည်။ တစ်ဖက်ရှိ အခြေအနေကို မသိရသေးဘဲနှင့် ပြဿနာရှာရန် မစဉ်းစားထားပါချေ။

သူတော်စင်အဆင့် ပညာရှင်က ခေါင်းညိတ်လိုက်ပြီး လက်ပိုက်လျက် အော်ပြောလိုက်သည် “ကျေးဇူးပြုပြီး ပြန်ထွက်သွားပေးကြပါ။ ဒီနေရာက ကျုပ်တို့ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်ရဲ့ ပိုက်နက်ပါ။ ဆန်းကြယ်လောကငယ်ထဲ ဝင်ချင်တယ်ဆိုရင် အခြားနေရာမှာ သွားရှာပါလို့ ကျုပ်ပြောချင်ပါတယ်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီနေရာက ကျုပ်တို့ဂိုဏ်းအပိုင် ဖြစ်နေတဲ့အတွက် ဝင်လို့မရပါဘူး”

လီရုန်နှင့် အခြားသူများ၏ ခွန်အားကို သတိပြုမိသည့် အတွက် စကားပြောနေစဉ်အတွင်း အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးဖြစ်အောင် ပြောနေခဲ့သည်။ တစ်ဖက်လူသာ သူ့ထက် အားမကောင်းကြည့်ပါလား၊ တစ်ခါတည်း အော်ဟစ်ဆူပူကာ မောင်းထုတ်ပေလိမ့်မည်။

ရှီခွန်က ရှေ့သို့ထွက်လိုက်ပြီး လက်သီးဆုပ်၍ “ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ”

ရှီခွန်ကို စူးစမ်းကြည့်လိုက်ပြီးနောက် သူတော်စင်အဆင့် ပညာရှင် မျက်မှောင်ကြုံ့သွားခဲ့ပြီး မပြောချင်ပြောချင်ဖြင့် “အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်က ယုချွန်ပါ”

ရှီခွန်က ပြုံးလိုက်ပြီး ရယ်ရယ်မောမောဖြင့် “ဒီတော့ ညီအစ်ကိုယုပေါ့၊ တွေ့ရတာဝမ်းသာပါဝယ်ဗျာ”

ယုချွန်က ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် မေးလိုက်၏ “ခင်ဗျား ဘယ်သူလဲ။ ကျုပ်တို့ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ် ကျောင်းတော် ပိုက်နက်ဆီ ဘာလို့ ရောက်လာတာလဲ”

“ဒီတစ်ယောက်က ဘုံကိုးခုထွတ်မြတ်နယ်မြေက ရှီခွန်ပါ”

“ဘုံကိုးခုထွတ်မြတ်နယ်မြေလား” အနီးနားရှိ ကျင့်ကြံသူများထံမှ အံ့အားသင့်တကြီး အော်သံသံတို့ ထွက်ပေါ်လာခဲ့သည်။ အကုန်လုံး၏ အကြည့်တို့သည် ရှီခွန်ပေါ်သို့ စုပြုံရောက်လာခဲ့သည်။ ယုချွန်သည်လည်း ရှီခွန် လိမ်နေလား၊ မလိမ်နေသလား သေချာသိရအောင် သေချော စစ်ဆေးနေခဲ့သည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ လက်ရှိ ဂုဏ်သတင်းသည် အလွန်ကိုမှ ကျော်စောပေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ အကြီးအကဲတစ်ယောက်ကို မလေးမစား သွားဆက်ဆံ၍ မရချေ။

တော်ဝင်သခင်ဟောင်း သေဆုံးသွားပြီးနောက် သူ့နေရာကို လူသစ်တစ်ယောက်က ဆက်ခံခဲ့သည်။ အသစ်တက်လာသူသည် နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သော ကောင်လေး တစ်ယောက်သာ ဖြစ်သော်လည်း မကြာမီမှာပင် တော်ဝင်နယ်မြေမှ အလွန် အဆင့်မြင့်သော ဆေးဝိဇ္ဇာကြီးတစ်ပါး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်…

ထိုဆေးဝိဇ္ဇာကြီး ထွက်ပေါ်လာသည့် အချိန်မှစ၍ တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းက မိုးထိအောင် မြင့်တက်သွားခဲ့ရလေသည်။

အနားတွင် ရှိနေသော ရန်ကိုင်ကို ယုချွန် ရုတ်တရက် သတိပြုမိသွားခဲ့ပြီး “ဒီတစ်ယောက် ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်သစ်ပါလား”

ရှီခွန် ထွက်မလာစဉ်က ရန်ကိုင်နောက်တွင်သာ ရပ်နေခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် တော်ဝင်သခင်သစ် ဖြစ်ရမည်ဟု ယုချွန် ခန့်မှန်းလိုက်ခြင်းပင်။

“တော်ဝင်သခင် အမှန်ပါပဲ” ရှီခွန်က ခေါင်းညိတ်လိုက်သည်။

“ဒီတော့ တော်ဝင်သခင်ရန်ပေါ့၊ ရင်းနှီးနေတယ်မှတ်တာ၊ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ယုချွန်က ထူးဆန်းစွာ ပြုံးလိုက်သည်။

“ကျုပ်တို့ အရင်က တွေ့ဖူးလား” ရန်ကိုင်က မျက်မှောင်ကြုံ့လျက် ယုချွန်ကို စိုက်ကြည့်လိုက်သည်။

“တော်ဝင်သခင်လို အဆင့်အတန်းမြင့် တဲ့ လူတစ်ယောက် ကျုပ်လို့ အရေးမကြီးတဲ့ လူတစ်ယောက်ကို မမှတ်မိတာ မဆန်းပါဘူး။ ကျုပ်ကို မမှတ်မိပေမယ့် အနည်းဆုံး ကျုပ်တို့ရဲ့ ကျောင်းသခင် ဝူကျုန်းကို မှတ်မိသင့်တယ်လို့ ထင်တယ်ဗျာ”

“ဝူကျုန်းလား” ရန်ကိုင် ပို၍ မျက်မှောင်ကြုံ့သွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားခန်းဝင်ပြီးနောက် ရုတ်တရက် မှတ်မိသွားခဲ့လေသည် “အဲ့တုန်းက တောင်ထွတ်ကိုးလုံး အပြင်ဘက်မှာ မြင်ခဲ့တဲ့ ဝူကျုန်းကို ပြောချင်တာလား”

လွန်ခဲ့သောတစ်နှစ်၊ ရှေးဟောင်းနတ်ဆိုးကလန်ကို အဆုံးမဲ့နှင်းတောင်တန်းမှနေ၍ ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ခေါ်လာခဲ့စဉ်က၊ လူသားမျိုးနွယ်စု ပညာရှင်များသည် သူတို့ နောက်သို့ လိုက်ကာ စူးစမ်းစုံစမ်းခဲ့ကြသည်။ တောင်ထွတ်ကိုးလုံး အပြင်ဘက်သို့ ရောက်သည့်အခါ ရန်ကိုင်သည် လီရုန်နှင့်အတူ ထိုလူသားများနှင့် သွားရောက် ညှိနှိုင်းခဲ့သည်။ ထိုစဉ်က လူသုံးယောက် ရှေ့ထွက်လာပြီး လူသားမျိုးနွယ်စုကိုယ်စား ပြောဆိုသွားခဲ့သည်။ ထိုသုံးယောက်မှာ ရောင်ပြန်ကောင်းကင်နန်းတော်မှ ချူးရီ၊ မြူနှင်းမှုန်မျှော်စင်မှ ဖန်ယွဲ့ပိုင်နှင့် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ ဝူကျုန်းတို့ပဲ ဖြစ်ပေသည်။

သုံးယောက်စလုံးသည် သူတော်စင်ဒုတိယအဆင့်များ ဖြစ်ကြသည်။

ရှေးဟောင်းနတ်ဆိုးကန်သည် မဟာနတ်ဆိုးဘုရင်၏ အမည်နာမကို တိုင်တည်ကာ သစ္စာဆိုခဲ့စဉ်က ချူးရီနှင့် ဖန်ယွဲ့ပိုင်မှာ လိုလိုလားလားဖြင့် ထွက်သွားကြသော်လည်း ဝူကျုန်းမှာမူ မကျေနပ်သေးသည့် အမူအရာဖြင့် ကျန်ရစ်ခဲ့သည်။

ထို့ကြောင့် ဝူကျုန်းကို ရန်ကိုင် ကောင်းကောင်း အမှတ်ရနေခဲ့သည်။

“အသေအချာပဲ” ယုချွန်က ခေါင်းညိတ်လိုက်ပြီး “တော်ဝင်သခင်ရန် ငယ်သေးပေမယ့် တော်တော်လေး မှတ်ဥာဏ်ကောင်းတဲ့ပုံပဲနော်။ တော်ဝင်သခင် မသိချင်ယောင် ဆောင်နေမယ်လို့ ကျုပ်ထင်ထားခဲ့တာ။ ဒါပေမယ့် ကျုပ်တို့ ကျောင်းသခင်ရဲ့ နာမည်ကို မှတ်မိနေဦးမယ်လို့ မထင်ထားဘူး”

သူပြောသည်ကို နားထောင်ရင်း ခွန်ရှီ တဖြည်းဖြည်း မျက်နှာပျက်လာခဲ့သည်။

ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို သူမသိပေ။ သို့သော် ယုချွန်၏ စကားသွားအလာအရ၊ ထိုကောင်သည် သူတို့၏ တော်ဝင်သခင်၏ သက်သက် ရန်စနေသည့်ပုံပင်။

“ကျုပ်မှတ်မိတာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ပြောရရင်၊ ခင်ဗျားတို့ရဲ့ ကျောင်းသခင်ကိုတောင် ကျေးဇူးတင်သင့်တာ။ ဆေးဝိဇ္ဇာကြီး မပေါ်လာခင်ကတည်းက ကျုပ်တို့ တော်ဝင်နယ်မြေက ခင်ဗျားတို့ကြောင့် ကျော်ကြားနေတာလေ”

“တော်ဝင်သခင် ဘာပြောချင်နေတာလဲ မသိဘူး” ယုချွန်မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့သော်လည်း သူ့အမူအရာကို ချက်ချင်း ပြန်ထိန်း၍ “ကျုပ်နားမလည်ဘူး”

“အို၊ ကျုပ်ပြောချင်နေတာကို ခင်ဗျား ကောင်းကောင်း သိပါတယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်သည်။

မနီးမဝေးအချိန်က၊ ကျင့်ကြံသူများစွာသည် မှော်ရတနာ ရှာချင်သည်ဟူသော အကြောင်းပြချက်ဖြင့် တော်ဝင်နယ်မြေ အပြင်ဘက်တွင် ရစ်သီရစ်သီ လာလုပ်နေခဲ့ကြသည်။ ထိုကဲ့သို့ ဖြစ်အောင် တစ်ယောက်ယောက်က နောက်ကွယ်မှ လက်မည်းကြီး လုပ်နေသည်မှာ အသေအချာပင်။

ယခင်က ဝူကျုန်း ဖြစ်မည်ဟုသာ ထင်ခဲ့သည်။ သို့သော် ယုချွန်၏ အမူအရာကို မြင်ပြီးနောက် လက်မည်းကြီးမှာ ဝူကျုန်း ဖြစ်မှန်း ရန်ကိုင်ချက်ချင်း အတည်ပြုလိုက်နိုင်သည်။

သို့သော်၊ ထိုကဲ့သို့သော ကိစ္စလေးတစ်ခုအတွက်နှင့် အလုပ်မရှုပ်ချင်တော့သည့်အတွက် ရန်ကိုင်သည် ထိုကိစ္စကို ဘေးချန်ထားခဲ့သည်။

ထိုကိစ္စအကြောင်း ဆက်လက် မဆွေးနွေးချင်တော့သည့် အတွက် ယုချွန်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်သည် “ပြောပါဦး၊ တော်ဝင်သခင်၊ ဘာအကြောင်းကြောင့်များ အကြီးအကဲကို ခေါ်ပြီး ကျုပ်တို့ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်ဆီ ရောက်လာရတာလဲ။ ပြီးတော့၊ ကျုပ်ထင်တာသာ မမှားရင် ဒီမိန်းက နတ်ဆိုးနဲ့တူတယ်၊ ဟုတ်တယ်မလား”

“နတ်ဆိုးလား” ဝင်ပေါက်တွင် စောင့်နေသော ကျင့်ကြံသူ အားလုံး၏ အမူအရာ ဖြူလျော်သွားခဲ့ကြပြီး အကုန်လုံး လီရုန်အား ဝိုင်းကြည့်လိုက်ကြသည်။

ယုချွန်က အကျယ်ကြီး အော်ရယ်မောလျက် “တော်ဝင်သခင်က တော်တော်လေးကို ရဲတင်းတာပဲ။ မိစ္ဆာကောင် နတ်ဆိုးတွေနဲ့တောင် ပွင့်ပွင့်လင်းလင်း ပူးပေါင်းနေရဲတယ် ဆိုတော့ ကျုပ်တို့ လူသားမျိုးနွယ်ကို တကယ်ကြီး အထင်သေးနေတာလား”

ယုချွန်က ထိုကဲ့သို့ အောက်လိုက်သည်အခါ အခြား သူတော်စင်လေးယောက်သည် သူတို့အား မုန်းမုန်းတီးတီး စိုက်ကြည့်လာကြသည်။

လူသားနှင့်နတ်ဆိုးများသည် အတူတကွ မတည်ရှိနိုင်ပေ။ သူတို့နှင့်လီရုန်ကြားတွင် မည်သည့် ရန်ငြိုးမှ မရှိသော်လည်း လီရုန်သည် နတ်ဆိုးဖြစ်နေသည် ဆိုသော အချက်ကပင် သူမအား သေမိန့်ပေးရန် လုံလောက်နေပေပြီ။

ရန်ကိုင် စိတ်မရှည်ဖြစ်လာခဲ့ပြီး ဒေါသထွက်လာသည့် လေသံဖြင့် “ကျုပ်ဒီကိုလာတာ ခင်ဗျားတို့ကို နှောင့်ယှတ်ဖို့ မဟုတ်ဘူး။ အဲ့ဝင်ပေါက်ထဲ ဝင်ချင်လို့ပဲ”

“တော်ဝင်သခင်က ဝင်ချင်တယ်လို့ ပြောလိုက်တာနဲ့ ကျုပ်တို့က ပေးဝင်လိုက်ရမယ်ပေါ့” ယုချွန်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်လေသည် “အားကောင်းတဲ့ နဂါးတွေက ဒေသခံမြွေကို မဖိနှိပ်ကြဘူး တော်ဝင်သခင်ရဲ့။ ကျုပ်တို့ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်က ခင်ဗျားတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ကြောက်နေတယ် ထင်နေလား။ အဲ့လို့လာမထင်နဲ့၊ မှားသွားမယ်၊ တော်ဝင်သခင်ရန်”

“ခင်ဗျားဘာသာ ကြောက်ကြောက်၊ မကြောက်ကြောက်၊ သောက်ဂရုမစိုက်ဘူး။ အဲ့လေဟာနယ်လိုဏ်ခေါင်းထဲ ကျုပ်ဝင်ရမှဖြစ်မယ်။ ကျုပ်လမ်းကို ဆက်ပိတ်နေဦးမယ် ဆိုရင်တော့ ကျုပ်ဘက်ကလည်း အားသုံးရတော့မှာပေါ့” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး လောဟာနယ်လိုဏ်ခေါင်းဆီ ခြေတစ်လှမ်းလှမ်းလိုက်သည်။

ယုချွန်အမူအရာ အေးစက်သွားခဲ့ပြီး အနားရှိ သူတော်စင် လေးယောက်ကို လှမ်းကြည့်လိုက်သည်။ သူတော်စင် လေးယောက်လည်း ရှေ့တက်လိုက်ကြပြီး သူတို့၏ အစစ်အမှန်ချီကို လှည့်ပတ်ထားလိုက်ကြသည်။ ထို့နောက် ယုချွန်က ပြန်အော်ပြောလိုက်သည် “တော်ဝင်သခင်ရန်၊ ရှေ့ဆက်တိုးနေဦးမယ်ဆိုရင်တော့ ကျုပ်တို့ကို ရိုင်းဆိုင်းတယ်ဆိုပြီး…”

ပြောလို့မပြီးသေးခင်မှာပဲ မမြင်နိုင်သော လက်တစ်ဖက်သည် သူ့လည်ပင်းကို ဆွဲညစ်လိုက်သည့်အလား သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ဆက်၍ စကားမပြောနိုင် ဖြစ်သွားခဲ့ရသည်။ သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး ချွေးအေးတို့သည်လည်း နဖူးထက်မှ တတောက်တောက် စီးကျနေခဲ့၏။

ယုချွန်သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် အနားရှိ နတ်ဆိုးမိန်းမကို လှမ်းကြည့်လိုက်သည်။

သူမ မလှုပ်ရှားသေးစဉ်က ထိုနတ်ဆိုးမိန်းမ သန်မာသည်ဟုသည် ယုချွန် သိထားခဲ့သည်။ သို့သော် ထိုနတ်ဆိုးမိန်းမ သူ့အား ပစ်မှတ်ထားလာသည့် အခိုက် ထိုနတ်ဆိုးမိန်းမရှေ့ သူသည် ကျားရှေ့ရောက်နေသော သူမင်ငယ်နှင့် မခြားကြောင်း သိလိုက်ရသည်။

သူ့အဖော်လေးယောက်နှင့် ပူးပေါင်းလျှင်ပင် သူမအား နည်းနည်းလေးမျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုမိန်းမသည် သံသယရှိစရာ မလိုအောင်ကို ထိပ်တန်းအဆင့် သူတော်စင် တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်ပေသည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ယုချွန်၏ အမူအရာ ပြာရာမှ ဖြူလျော်သွားခဲ့သည်။

ရန်ကိုင်က ရှေ့ဆက်တိုးသွားလိုက်ပြီး ယုချွန်နားမှ ဖြတ်သွားသည့်အခိုက် ယုချွန်အား စောင့်ကြည့်၍ မေးလိုက်သည် “ကျုပ်ရှေ့ဆက်တိုးရင်၊ ပြောပါဦး၊ ဘာဆက်ဖြစ်မှာလဲ”

ယုချွန်မှာ လှုပ်လည်းမလှုပ်နိုင်၊ စကားလည်း မပြောနိုင် ဖြစ်နေလေရာ ရန်ကိုင်အမေးကို မည်ကဲ့သို့ ပြန်ဖြေနိုင်မည်နည်း။

ထိုမြင်ကွင်းကိုကြည့်ရင်း ဟူကျောင်းအာ အပြုံးကြီး ပြုံးနေခဲ့သည်။ သူမတို့ ထိုဝင်ပေါက်ထဲသို့ ပြန်ဝင်ချင်သည့် အခါက အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များသည် သူမတို့အား ရက်ရက်စက်စက် မောင်းထုတ်ခဲ့သည်။ ယခု သူတို့အလှည့်ပင်။

ရန်ကိုင် မိုက်ကြေးခွဲသည့် ပုံစံကိုကြည့်ရင်း သူမရင်ထဲ ဖိနှိပ်ထားခဲ့ရသည့် ဒေါသတို့ အထိုက်အလျောက် ပြေလျော့သွားခဲ့လေသည်။

အားကောင်းသော ယောကျာ်းသားများတွင် ကိုယ်ပိုင် ညို့ဓါတ်ဆိုသည်မှာ ရှိစမြဲပင်။ ရန်ကိုင်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းလေးမျာ မသိမသာ ဝင်းလက်သွဦးခဲ့သည်။

မကြာမီ၊ ရန်ကိုင်တို့အဖွဲ့ လေဟာနယ်လိုဏ်ခေါင်းရှေ့သို့ ရောက်လာခဲ့အခါ အနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။

ထိုအချိန်မှာဘဲ ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး လေဟာနယ်လိုဏ်ခေါင်း တည့်တည့်သို့ စိုက်ကြည့်လိုက်၏။

လေဟာနယ်လိုဏ်ခေါင်းဝင်ပေါက် ရုတ်တရက် တဖျက်ဖျက် လက်လာခဲ့ပြီး စတင် တွန့်လိမ့်လာခဲ့သည်။ ထို့နောက် ထိုအထဲမှ လူရိပ်များစွာ ထွက်ပေါ်လာခဲ့လေသည်။

ဦးဆောင်လာသည့်လူကား အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်များဖြစ်ကြသည်။ အပြင်သို့ ရောက်သည်နှင့် ကြည်နူးပျော်ရွှင်နေသည့် အမူအရာဖြင့် လေဟာနယ်လိုဏ်ခေါင်း အနီးတွင် စုဝေးလိုက်ကြသည်။

ခဏအကြာ လေဟာနယ်လိုဏ်ခေါင်းများ နောက်ထပ် လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြန်သည်။

သို့သော် နောက်မှာ ထွက်လာသည့်လူများမှာ မျက်နှာ အမူအရာ မကောင်းကြ။ အကုန်လုံးသည် စိတ်ပျက်အားလျော့ နေခဲ့ကြသလို သူတို့၏ ခွန်အားမှာလည်း ချိတ်ပိတ်ထားခံရလေသည်။

လေဟာနယ်လိုဏ်ခေါင်းထဲမှ ထွက်လာပြီးနောက် ထိုအကျဉ်းသားများသည် သူတို့၏ ပတ်ဝန်းကျင်ကိုပင် မစူးစမ်းချင်ခဲ့။ အကုန်လုံးသည် မျှော်လင့်ချက်မရှိတော့သည့် အလား ကူကျယ်ရာမဲ့နေသည့် အမူအရာဖြင့်သာ ရှိနေကြသည်။

“မြန်မြန်လုပ်ကြလေ၊ ဘာတွေ ရပ်လုပ်နေတာလဲ” အရင်ဆုံး စထွက်လာသည့် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်များသည် စတင်အော်ဟစ်ကြသည်။ အောက်နေရင်း အကျဉ်းသားများကို လက်ဖြင့် အကြမ်းပတမ်း ဆွဲခေါ်ကာ မြေကြီးပေါ်သို့ လွင့်ပစ်လိုက်ကြသည်။

ဘုတ်… ဘုတ်… ဘုတ်…

ခွန်အား ချိတ်ပိတ်ထားခံရသော အကျဉ်းသား တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားကာ နာနာကျင်ကျင် အော်ဟစ်နေကြလေသည်။

ဟူညီအစ်မနှစ်ယောက် သူမတို့၏ ပါးစပ်လေးကို အလန့်တကြား အုပ်လျက် အော်ပြောလိုက်သည် “သူတို့တွေက မုန်တိုင်းခန်းမရဲ့ တပည့်တွေပဲ”

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့ပြီး သူ့အမူအရာမှာလည်း အတော်လေးကိုမှ အရုပ်ဆိုးလာခဲ့သည်။

“ဒီခွေးမက တော်တော်လေး ကောင်းတာပဲကွ။ ဟားဟားဟား” လေဟာနယ်လိုဏ်ခေါင်းထဲမှ နောက်ထပ် မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။ ထိုမိန်းကလေးသည် ကိုယ်လုံးကိုယ်ပေါက် သေးသော်လည်း မို့သက်သည့် နေရာတွင်မို့၊ ကောက်သင့်သည့်နေရာတွင်ကောက်၊ ရုပ်လေးကလည်း ချောဖြစ်နေလေရာ အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များ၏ မျက်စိသားကောင် ဖြစ်သွားရသည်။

ထိုမိန်းကလေးနောက်မှ လူငယ်လေးတစ်ယောက် လိုက်ပါထွက်လာခဲ့ပြီး မိန်းကလေးရှေ့သို့ ချက်ချင်း သွားကာ ရယ်မောနေသော အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“တုရီရွှမ်၊ ဖန်ဇီကျိ” ရန်ကိုင် အော်ပြောလိုက်သည်။

ပထမဆုံး ထွက်လာသော မိန်းကလေးမှာ မုန်တိုင်းခန်းမ၏ ဂျူနီယာညီမလေးတုပဲ ဖြစ်ပေသည်။

ကောင်းကင်အမွေအနှစ်ထဲတွင် ရှိစဉ်က ရန်ကိုင်သည် သူမနှင့်အတူ အလုပ်တွဲလုပ်ဖူးပေသည်။ သူမအား ကာကွယ်ပေးခဲ့သူမှာ မုန်တိုင်းခန်းမှ၏ နံပါတ်တစ်တပည့် ဖြစ်သော ဖန်ဇီကျိပဲ ဖြစ်ပေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ဖန်ဇီကျိသည် အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့ ရောက်လာခဲ့လေပြီ။ သို့သော် ထိုကျင့်ကြံခြင်းဖြင့် အနှောင့်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို အံတုရန် မလုံလောက်သေး။ ထို့အပြင် ယခုလောလောဆယ်၌ သူ့ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံနေရသည်။

ဖန်ဇီကျိ၏ ပမာမခန့် အမူအရာကြောင့် အနှောင့်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့် ဒေါသထွက်သွားပြီး သူ့အား မြေကြီးပေါ်သို့ အားဖြင့်ဆွဲပစ်ပေါက်လိုက်ရာ ဖန်ဇီကျိုမှ မြေကြီးပေါ်၌ သုံးလေးပတ်လောက် ချာပလတ်လူးလိမ့် သွားခဲ့ရလေ၏။

“မင်းလို လူရိုင်းကောင်ကများ ငါ့ရှေ့လာကြီး မာန်တက်ချင်သေးတယ်” အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်က အထင်အမြင်သေးသေးဖြင့် ပြောလိုက်ပြီးနောက် ယုချွန်ဆီ အပြေးလာကာ လေးလေးစားစားဖြင့် လက်သီးဆုပ်လျက် “အကြီးအကဲယု၊ ကျောင်းသခင်က ဒီတပည့်တွေကို ပြန်ခေါ်သွားပြီး အကြီးအကဲယုကို သူတို့အတွက် နေစရာစီစဉ်ခိုင်းကို ကျုပ်ကို အမိန့်ပေးလိုက်ပါတယ်။ ဒီတပည့်တွေက ကျင့်ကြံခြင်း အဆင့်နိမ့်ပေမယ့် သူတို့ကို မိုင်းတူးတဲ့နေရာနဲ့ ကုန်တွေ သယ်ခိုင်းတဲ့နေရာမှာ သုံးလို့ရတယ်လို့ ကျောင်းသခင်က ပြောလိုက်ပါသေးတယ်။ ပြီးတော့ မိန်းမလှလေးတွေလည်း အများကြီးပါတော့ အဲ့မိန်းကလေးကို ထူးချွန်းတဲ့ တပည့်တွေဆီ လက်ဆောင်အဖြစ် ပေးလို့ရတယ်တဲ့”

“အကြီးအကဲယု”

အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်သည် တင်ပြစရာရှိသည်ကို တင်ပြလိုက်သည်။ သို့သော် ပြန်ပြောသံ မကြားရသဖြင့် အကြီးအကဲယခုကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ သို့သော်လည်း မကြားရသေးပြန်။ ထို့ကြောင့် ဘာဖြစ်နေသလဲဟုတွေး၍ မော့ကြည့်လိုက်ရာ အကြီးအကဲယုတစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲနေပြီး မျက်နှာအမူအရာမကောင်းသည်ကို မြင်လိုက်ရလေသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၇) ရန်ကိုင် ပြန်ရောက်လာတာလား

အကျဉ်းသားအဖြစ် ဖမ်းခေါ်လာခြင်း ခံရသော မုန်တိုင်းစံအိမ်မှ တပည့်များမှာ မျက်နှာထားညိုးလျော်၊ အကြည့်တို့မှာလည်း တက်ကြွမှုကင်းမဲ့၊ ရှက်ဖွယ်အတိဖြင့် လေဟာနယ်လိုဏ်ခေါင်းဝင်ပေါက်ရှေ့တွင် ရှိနေကြရသည်။

တစ်ချိန်တည်းတွင်၊ ယုချွန်ရှေ့ ရပ်နေသော တပည့်သည် တင်ပြစရာရှိသည်များကို တင်ပြပြီးသော်လည်း ယုချွန်ဘက်မှ ပြန်ပြောသံမကြားရသဖြင့် ဘာတွေများ ဖြစ်နေသလဲဟု အတွေးဝေနေရ၏။

“မင်းတို့ ကျောင်းသခင်က အဲ့လိုပြောလိုက်တာလား” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ ထိုတပည့်ကို ကြည့်လိုက်သည်။

“ခင်ဗျားဘယ်သူလဲ” ထိုတပည့်က ရန်ကိုင်ကို ကြည်ကာ ပြန်မေးလိုက်သည်။ ရန်ကိုင် ဘယ်သူမှန်း သူမသိသဖြင့် သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားလေသည်။

ရန်ကိုင်က ပြုံးသာပြုံးလိုက်ပြီး “ငါဘယ်သူလဲဆိုတာ အရေးမပါဘူး။ ငါမေးတာကိုသာဖြေ၊ မင်းရဲ့ ကျောင်းသခင်က ဒီလူတွေကို ဖမ်းပြီး ပြန်ခေါ်လာဖို့ အမိန့်ပေးလိုက်တာလား”

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ။ ဒီလူရိုင်းအုပ်က အရမ်းကို ကလန်ကဆန် လုပ်လွန်းတယ်။ ရူးရူးမိုက်မိုက်နဲ့ ခုခံဖို့တောင် ကြိုးစားလိုက်သေးတယ်။ ဒါပေမယ့်း နည်းနည်းလောက် သတ်ပြလိုက်လည်း သတ်ပြလိုက်ရော၊ ချက်ချင်း ငြိမ်ကုပ်သွားတော့တာပဲ” ထိုတပည့်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ ရန်ကိုင်သည် ထိုနေရာတွင် ရပ်နေသဖြင့် သူ့တို့ ဝိဥာဉ်ကျောင်းတော်၏ ဧည့်သည်ထင်ကာ စကား အနည်းငယ်သာ ပြောလိုက်ခြင်း ဖြစ်သည်။

“အဲ့လို့လား” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီး ရုတ်ချည်း သူ့မျက်လုံးများ အေးစက်သွားခဲ့သည်။

“သခင်…” ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသော် လီရုန် အမူအရာလည်း အေးစက်သွားခဲ့ပြီး ရန်ကိုင် အမိန့်ကို ချက်ချင်း စောင့်နေလိုက်သည်။

“အကုန်လုံးကို သတ်ပစ်လိုက်” ရန်ကိုင်က အော်ပြောလိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ ခေါင်းညိတ်လိုက်ကြသည်။ စကားတစ်ခွန်းမှပင် မပြောတော့ဘဲ နတ်ဆိုးချီကို လှည့်ပတ်၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုထဲသို့ ဆွဲသွင်းပစ်လေသည်။

ရုတ်တရက်ဆိုသလို မရဏလက်တစ်စုံက သူတို့ကို လက်တစ်ကမ်းရှေ့ ထွက်ပေါ်လာပြီး သူတို့အသက်ကို ခြွေယူတော့မလို အကုန်လုံး ခံစားလိုက်ရကြသည်။ ကြောက်ရွံ့မှုကြောင့် နှလုံးခုန်မြန်လာခဲ့ကာ အသက်ပင် ကောင်းကောင်း မရှူနိုင်ကြတာ့ချေ။

တိုက်ခိုက်သံများ မထွက်ပေါ်လာခဲ့သလို အော်ဟစ်သံတို့လည်း ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက် အမှောင်ထု ပြန်လည် ပျောက်ကွယ်သွားပြီး အလင်းရောင်က ပြန်လည် အစားထိုး ဝင်ရောက်လာခဲ့သည်။ အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်နှင့် ဆက်စပ်သည့် တပည့်များအားလုံး နေရာတွင် တောင်တောင့်ကြီး ရပ်နေခဲ့ကြသည်။ အကုန်လုံး အသက်မရှူကြတော့။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်သာ ရှေ့တည့်တည့်သို့ ကြောင်ကြည့်နေခဲ့ကြသည်။ တစ်သက်သာ အဆိုးရွားဆုံး အိမ်မက်ဆိုးကို ကြုံတွေ့လိုက်ရသည့်နှယ်…

အခြားသူများထက် ပိုမိုသန်မာသော သူတော်စင် ပထမအဆင့် ငါးယောက်မှာမူ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့လေသည်။

သူတို့ အသိပြန်ဝင်လာသည့်အချိန်၌ ယုချွန်က ရန်ကိုင်ကို စိုက်ကြည့်၍ အံကြိတ်ကာ “မင်းတကယ်…”

ရန်ကိုင် ထိုမျှ ရက်စက်လိမ့်မည်ဟု သူတကယ် မထင်ထားခဲ့သည့်ပုံပင်။ ရန်ကိုင်သည် ဆွေးနွေးညိနှိုင်းရန် နည်းနည်းလေးမှ မကြိုးစားဘဲ အကုန်လုံးကို သေမိန့် ချခဲ့သည်။ ယခုမှပဲ ရန်ကိုင်သည် ရက်စက်အဆိပ်ပြင်းသော မြေပွေး တစ်ကောင်ဖြစ်ကြောင်းကို ယုချွန် နားလည်သွားတော့သည်။

ခရက်… ခရက်… ခရက်… ဆိုသော အသံများနှင့်အတူ သူတော်စင်ငါးယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ရေခဲရုပ်ထုများ ဖြစ်သွားခဲ့ကြသည်။

ဟန်ဖေးက သူမလက်ကို ဝှေ့ရမ်းလိုက်ရာ အေးခဲနေသော ရေခဲရုပ်ထုငါးခုစလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့လေသည်။

ယခုလေးတင် လေဟာနယ်လိုဏ်ခေါင်းမှ ထွက်လာသော မုန်တိုင်းစံအိမ် တပည့်များမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်ချောက်ချားနေခဲ့ကြသည်။ အကုန်လုံး၏ မျက်နှာများသည် သွေးမရှိတော့သည်နှယ် ဖြူလျော်နေကြ၏။

သူတို့အား ဖမ်းလာခဲ့သော ကျင့်ကြံသူများ မည်မျှ အားကောင်းကြောင်းကို ကောင်းကောင်း နားလည်ပေသည်။ သို့တိုင်၊ ထိုလူသစ်အဖွဲ့၏ ရှေ့မှောက်၌ သူတို့ ကြောက်လန့်ခဲ့ရသော လူများသည် ကျားနှင့်တွေ့သော ယုန်သူငယ်များပမာ ဖြစ်နေခဲ့ကြ၏။ ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။ ပြန်တိုက်ရန် မဆိုထားနှင့် စိုးစဉ်းမျှပင် ခုခံနိုင်ခြင်းမရှိခဲ့။

ထိုသို့ဆိုလျှင် ထိုလူသစ်အဖွဲ့ကား မည်မျှအထိပင် အားကောင်းနေလေသနည်း။

အကုန်လုံးသည် ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်တို့ အဖွဲ့ဆီ လှမ်းကြည့်လိုက်ကြသည်။

သို့သော် ကြည့်ပြီး မကြာမှီမှာဘဲ မုန်တိုင်းစံအိမ်မှ တပည့်များ အံ့အားသင့်ကုန်ကြရလေသည်။

“ဟူညီအစ်မနှစ်ယောက်ပဲကွ”

“သူတို့ အကူတွေ ရှာတွေ့လာတာလား”

“ဟျောင့်၊ အဲ့အဖွဲ့ကို ခေါင်းဆောင်လာတဲ့လူကို ရင်းနှီးတယ်လို့ မထင်ဘူးလား…”

“ဟုတ်တယ်နော်။ ရင်းနှီးနေတယ်။ ကျွတ်… ငါသူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ…”

တီးတိုးပြောသံတို့ မုန်တိုင်းစံအိမ် တပည့်များကြား ပျံ့လွင့်လာကြီး အချို့သည် ဟူညီအစ်မနှစ်ယောက်ကို အားတက်သရော ခေါင်းညိတ်ပြကြသည်။ တစ်ချိန်တည်း၌ တော်တော်များများသည် ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

သူမည်မျှမှန်း လူအချို့ မှတ်မိသွားလေရာ ထိုလူများ၏ စိတ်ထဲ မုန်တိုင်းထန်သွားခဲ့ရလေသည်။

တုရီရွှမ်းသည် ဖန်ဇီကျိကို ထူမပေးကာ သူမတ်တပ်ရပ်နိုင်အောင် ဖြည်းဖြည်းချင်း ကူညီပေးနေခဲ့သည်။

ရန်ကိုင်က အပြုံးလေးပြုံးလျက် ထိုနှစ်ယောက်ဆီ လမ်းလျှောက်သွားလိုက်သည်။

ရန်ကိုင် မျက်နှာကို မြင်လိုက်သည့်အခါ ဂျူနီယာ ညီမလေးတုမှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ပါးစပ်ကိုအုပ်လျက် အလန့်တကြား ထအော်လိုက်ပြီး ဖန်ဇီကျိုမှာမူ ပါးစပ်အဟောင်းသားဖြင့် ရန်ကိုင်ကို ကြောင်ပြီး ကြည့်နေခဲ့လေသည်။

“အစ်ကိုဖုန်း၊ မတွေ့ရတာတောင် ကြာပြီးနော်” ရန်ကိုင်က လက်ဝှေးရမ်းလျက် ဖန်ဇီကျိ၏ အစစ်အမှန်ချီအား ချိတ်ပိတ်ထားသည်ကို ဖြေပေးလိုက်ပြီး နှုတ်ဆက်လိုက်သည်။

ဖန်ဇီကျိကမူ ဘာမှပြန်မပြောဘဲ ရန်ကိုင်ကိုသာ ကြောင်ပြီး ကြည့်နေခဲ့သည်။ ခဏအကြာ၌ ရုတ်တရက်ကြီး တိုးတိုးလေး ပြောလိုက်သည် “ရွှမ်းအာ၊ ငါ့ကို ဆိတ်ကြည့်ပါလား”

“ဘာလို့ ဆိတ်ရမှာလဲ” တုရီရွှမ်းက နာမလည်နိုင်စွာ ပြန်မေးလိုက်သည်။

“ငါအိမ်မက်များ မက်နေသလား သိချင်လို့”

တုရီရွှမ်းမှာ ဖန်ဇီကျိစကားကြောင့် ငိုရခက်၊ ရယ်ရခက် ဖြစ်သွားခဲ့ရလေသည်။

“စီနီယာအစ်ကို၊ နင်အိမ်မက်မက်နေတာ မဟုတ်ဘူး…”

“ဒီတော့ နင်ပြောချင်တာလာ၊ ငါ့ရှေ့မှာ ရပ်နေတဲ့လူက တကယ့် ရန်ကိုင်အစစ်ပေါ့၊ ဟုတ်လား”

“ငါမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲကွ” ရန်ကိုင်က ဝင်အရွှန်းဖောက်လိုက်သည်။ သုန်မှုန်နေသော သူ့စိတ်အခြေအနေမှာလည်း သိသိသာသာကို ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဝမ်းသာအားရ ရယ်မောလိုက်လေသည်။

“ညီလေးရန်၊ နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့” ထမ်းပိုးထားရသည့် ဝန်ထုပ်ကြီးတစ်ခုကို လွှတ်ချလိုက်ရသည့်နှယ် ဖန်ဇီကျိ သက်ပြင်းချလိုက်သည်။ ထို့နောက် ရန်ကိုင် ပခုံးကိုလှမ်းကိုင်၍ အလျင်စလို ပြောလိုက်လေသည် “ကောင်းကင်စံအိမ်ဆီ မင်းမြန်မြန် ပြန်သွားရင်ကောင်းမယ်။ ငါတို့ ဂိုဏ်းသုံးဂိုဏ်းစလုံး ဖိနှိပ်ခံနေရတယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှေးစဉ်းလိုက်ကာ “အဲ့ဒါကြောင့်ပဲ ငါလာခဲ့တာ။ နောက်မှပြောကြမယ်။ ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး။ မင်းတို့အားလုံး ငါနဲ့ပြန်လိုက်ခဲ့ကြ”

ဖန်ဇီကျိက ခေါင်းညိတ်လိုက်ပြီး အံတင်းတင်းကြိတ်လျက် “အင်း၊ ငါကျိန်းသေ ပြန်သွားရမှာပေါ့”

လီရုန်က သူမလက်ကို ဝှေ့ရမ်းလိုက်ရာ မုန်တိုင်းစံအိမ် တပည့်များ၏ ခွန်အားကို ချိတ်ပိတ်ထားသော အချုပ်အနှောင် အားလုံး ပျက်စီးသွားရလေသည်။

“ဟန်ဖေးရယ်၊ မင်းရယ်၊ အကြီးအကဲရှီခွန်ရယ်၊ နောက်ကနေ လိုက်လာခဲ့။ ငါနဲ့လီရုန်က ရှေ့ကနေ သွားနှင့်မယ်” ပြောပြီးနောက် ရန်ကိုင်သည် လီရုန်နှင့်အတူ လေဟာနယ် လိုဏ်ခေါင်းထဲသို့ ဝင်သွားလေသည်။

နောက်ထပ် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်သုံးယောက် လေဟာနယ်လိုဏ်ခေါင်းထဲမှ ထပ်ထွက်လာပြန်သည်။ သို့သော် သူတို့အား စောင့်ကြိုနေသည်မျာ သာယာလှပသော ရှုခင်းမဟုတ်၊ လက်ဝါးကြီးတစ်ခုပင်။ ထိုလက်ဝါးချက်ကြောင့် အသစ်ထွက်လာသည့် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်များအားလုံး သွေးမြူအဖြစ် ပေါက်ကွဲသွားရလေသည်။

သွေးစိမ်းရှင်ရှင်ဖြင့် ရေချိုးရင်း ရန်ကိုင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လေဟာနယ်လိုဏ်ခေါင်းထဲသို့ ဝင်သွားလေသည်။

ထို့နောက် ရန်ကိုင်နှင့် လီရုန်တို့သည် မိုင်းတွင်းငယ်လေး တစ်ခုပေါ်တွင် ပြန်ပေါ်လာခဲ့သည်။

သွေးတိုက်ပွဲဂိုဏ်းမှ ယန်မီးတောက်ကျောက်တုံး မိုင်းတွင်းပင်။

ထိုနေရာတွင် စုဝေးနေသော လူအဖွဲ့သုံးဖွဲ့ ရှိနေခဲ့သည်။

လေထဲတွင်ရပ်လျက် ထိုအဖွဲ့သုံးဖွဲ့ကို စစ်ဆေးကြည့်လိုက်ရာ ထိုအဖွဲ့သုံးဖွဲ့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

အကုန်လုံး၏ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်မှာ ချိတ်ပိတ်ထားခြင်း ခံရသည်။ လေဟာနယ်လိုဏ်ခေါင်းနှင့် အနီးဆုံးသူများသည်ကား မုန်တိုင်းစံအိမ်မှ တပည့်များပင်။

သွေးတိုက်ပွဲဂိုဏ်းနှင့် ကောင်းကင်စံအိမ်မှ တပည့်များသည် အနီးအနားတွင် ရှိနေခဲ့သည်။ သူရင်းနှီးနေသော မျက်နှာ များစွာကို ရန်ကိုင် တွေ့ခဲ့ရသည်။

အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များသည် ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များကို မတူမတန် ဆက်ဆံပေသည်။ ကောင်းကင်စံအိမ်မှ အကြီးအကဲများစွာ အနှောင်အဖွဲ့ကင်းဂိုဏ်းမှ တပည့်များကို ပြန်အော်လိုက်လျှင် ဟိုက ထီမထင်ဟန်ဖြင့် ပြုံးကာ ကြာပွတ်ဖြင့် ပြန်ရိုက်သည်။

အကြီးအကဲများသည် လူငယ်လေးတစ်ယောက်ကို ကာကွယ်ပေးနေကြသည်။ ထိုလူငယ်လေး၏ အခြေအနေသည် အခြားသူများနှင့် နည်းနည်း ကွဲပြားပေသည်။ ထိုလူငယ်လေး၏ ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရရုံမက ကြိုးပါချည်ခံထားရ၏။ သူ့တစ်ကိုယ်လုံး မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များ နှင့်လည်း ပြည့်နေခဲ့သည်။ ဒဏ်ရာများစွာ ရထားသော်လည်း လူငယ်လေးသည် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ သူ့ကြည့်ရသည်မှာ ထိန်းမရအောင် ဒေါသထွက်နေသည့်ပုံပင်၊ ဒေါသထွက်လွန်းသဖြင့် သူ့မျက်လုံးများပင် ရဲရဲနီနေခဲ့သည်။

စုမူ…

စုမူကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။ စုမူဘာကြောင့် ထိုကဲ့သို့ နှိပ်စက်ထားခံရမှန်း သူမသိသော်ငြား၊ သူဒေါသထွက်သွားသည့်မှာတော့ အမှန်ပင်။ အစစ်အမှန်ချီကို လှံတစ်ချောင်းအသွင်သို့ စုစည်းလိုက်ပြီး ချက်ချင်း ပစ်လွှတ်လိုက်လေသည်။

ရွှစ်…

အသံမရောက်ခင်မှာပင် ကောင်းကင်အပြစ်ပေးလှံတံသည် ကောင်းကင်စံအိမ်မှ အကြီးအကဲများကို နှိပ်စက်နေသော အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို ထိုးဖောက်သွားခဲ့သည်။ လှံတံ၏ ပြင်းထန်သော အဖျက်စွမ်းအားသည် ထိုတပည့်၏ ခန္ဓာကိုယ်ကို တစ်စစီ စုတ်ဖြဲပစ်လိုက်ရာ သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့ရပြီး အဖျက်စွမ်းအင်လှိုင်းတို့သည်လည်း အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့လေသည်။

ဘာဖြစ်လို့ဖြစ်သွားမှန်း မသိသော အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များသည် ဖြာထွက်လာသော အဖျက်စွမ်းအင်လှိုင်းများကြောင့် နေရာမှာတင် ဘာကြောင့်မှန်းမသိသွားဘဲ တန်းအသက်ပျောက်ခဲ့ရသည်။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် အနားတွင် ရှိနေသူအားလုံး တိတ်ဆိတ်သွားကြပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ညအမှောင်ထဲ၊ လပြည့်ဝန်းသည် အာကာယံထက် ထိန်ထိန်သာနေခဲ့သည်။

ထိုငွေရောင်လစန္ဒရှေ့ လူတစ်ယောက် မတ်တပ်ရပ်နေပြီး တသုတ်သုတ် တိုက်ခတ်နေသော အေးစက်စက် လေညင်းသည် သူ့အဝတ်စများကို တဖျတ်ဖျတ် လွင့်ခါနေစေခဲ့သည်။

“ဘယ်သူလဲ”

အော်ဟစ်သံများနှင့်အတူ မသေမျိုးအဆင့် ပညာရှင်များစွာ ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့ကြသည်။

သို့သော်လည်း အပျံမကောင်းတစ်ချက် ဆိုသလို ယခုလေးတင် ပျံတက်လာသော မသေမျိုးအဆင့် ပညာရှင်များသည် ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ပြန်ရိုက်ချခံရကာ တစ်ခါတည်း တန်းအသက်ပျောက်သွားကြရသည်။

လေဟာနယ်လိုဏ်ခေါင်းထဲမှ ဖန်ဇီကျိ ထွက်လာပြီး ရန်ကိုင်ဘေးတွင်ရပ်လျက် အားလုံးကြားအောင် အော်ပြောလိုက်သည် “ရန်ကိုင် ပြန်လာပြီ၊ ငါ့ညီအစ်မကို မောင်နှမတို့။ အခု အဲ့ခွေးသူတောင်းစားတွေကို ကြောက်စရာ မလိုတော့ဘူး။ ပြန်သတ်ကြ”

အော်ပြောပြီးသည်နှင့် သူလည်း အနားတွင်ရှိနေသော ရန်သူဆီ ပြေးဝင်သွားလေသည်။

ဖန်ဇီကျိပြီးနောက် လေဟာနယ်လိုဏ်ခေါင်းထဲမှ ထွက်လာကြသော မုန်တိုင်းစံအိမ်မှ တပည့်များသည်လည်း ရူးသွပ်နေသော သားရဲများပမာ သူတို့ရန်သူများဆီ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေသည်။

“ရန်ကိုင် ပြန်လာတာလား”

ကြားကြားချင်း ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူအားလုံး ကြောင်သွားခဲ့ကြသည်။ သို့သော်လည်း တိုက်ခိုက်သံများကြောင့် အလျင်အမြန် ပြန်အသိဝင်လာခဲ့ပြီး လပြည့်ဝန်းရှေ့ ရပ်နေသော လူငယ်လေးကို မော့ကြည့်လိုက်သည်။

ခဏအကြာ၌ ဟစ်ကြွေးသံတို့ ညံထွက်လာခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများသည် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို အရူးအမူး ပြေးဝင်တိုက်ခိုက်ကြလေသည်။

သို့သော် သူတို့၏ အစစ်အမှန်ချီနှင့် စိတ်စွမ်းအင်မှာ ချိတ်ပိတ်ထားခြင်း ခံရသဖြင့် အနှောင်အဖွဲ့ကင်း စိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်များကို တိုက်ခိုက်ရန် သာမန်လက်သီး၊ ခြေထောက်များကိုသာ အသုံးပြုနိုင်လေသည်။

“လီရုန်၊ သူတို့ကို ကူညီပေးလိုက်ဦး” ရန်ကိုင်က လှမ်းအော်ပြောလိုက်ပြီးနောက် အစစ်အမှန်ချီကို စုစည်းကာ ရန်သူအုပ်ထဲ ပြေးဝင်သွားလေသည်။

အနှောင့်အဖွဲ့ကင်း စိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များ မှင်သက်နေခဲ့ကြသည်။ ‘ရန်ကိုင် ပြန်လာပြီ’ ဆိုသော အသံကို ကြားလိုက်သည်နှင့် ထိုလူရိုင်းတစ်သိုက် ဘာကြောင့် သွေးရူးတန်းရူး ဖြစ်သွားကြမှန်း သူတို့ တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

သူတို့အတွက် ရန်ကိုင်ဆိုတာ ဘယ်သူလဲ။

ဤနေရာတွင် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့် များများစားစား မရှိချေ။ ရှိသော မသေမျိုးအဆင့်များ မှာလည်း ရန်ကိုင်လက်ချက်ကြောင့် သေသွားခဲ့ကြလေပြီ။ ကျန်သူများမှာ သိပ်အားကောင်းခြင်း မရှိသော သာမန် တပည့်များသာ ဖြစ်ကြပေသည်။

အသက်သုံးဆယ်ရှိုက်စာ အတွင်း၊ ရှီခွန်နှင့် ဟန်ဖေးတို့ မရောက်လာခင်မှာဘဲ ဤနေရာတွင် ရှိနေသော အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များ အားလုံး အသတ်ခံလိုက်ကြရသည်။

အလောင်းများ နေရာအနှံ့ ပြန်ကျဲနေခဲ့ပြီး သွေးနီရဲရဲ တို့မှာလည်း မြစ်များ၊ ချောင်းများသဖွယ် စီးနေခဲ့သည်။ ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များသည် စိတ်အားတက်ကြွနေသည့် အမူအရာမျာဖြင့် လူအုပ်ကြီးထဲ တစ်ယောက်ယောက်ကို လိုက်ရှာနေကြသည်။

ခဏအကြာ၌ သူတို့ရှာနေသောလူကို တွေ့လိုက်လေပြီ။ အားလုံး၏ အကြည့်ဆိုက်ရာရှိသော ရန်ကိုင်သည် ကောင်းကင်စံအိမ်မှ အကြီးအဲကဲများဆီသို့ လမ်းလျှောက်သွားနေခဲ့သည်။

အကြီးအကဲချုပ် ဝေရှီတုန်း၊ ဒုတိယအကြီးအကဲ စုရွှမ်းဝူ၊ တတိယအကြီးအကဲ ဟဲပေရွှေ၊ ငါးယောက်မြောက် အကြီးအကဲ ရို့ဇီဇိုက်၊ လေးယောက်မြောက် အကြီးအကဲ ကျိုးဖေးမျာမူ နတ်ဆိုးအရှင်သခင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။ ထိုအကြီးအကဲမှအပ ကျန်အကြီးအကဲ လေးယောက်စလုံး စုံစုံလင်လင် ရှိနေခဲ့ကြသည်။

အကြီးအကဲ လေးယောက်စလုံးမှ ယခုအချိန်အထိ မှင်သက်နေကြဆဲ။ ရန်ကိုင် သူတို့ရှေ့ရပ်၍ နှုတ်ဆက်လိုက်သည့် အခါမှသာ အသိပြန်ဝင်လာခဲ့ကြသည်။

ဝေရှီတုန်းက မျက်ရည်ရွဲလဲဖြင့် ပြောလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ မင်းပြန်လာတာ တကယ် ကောင်းတယ်”

ရန်ကိုင်က ဝေရှီဝုန်းကို စိုက်ကြည့်နေပြီးလိုက်ပြီး အနည်းငယ် စိတ်ဆင်းရဲနေသည့် လေသံဖြင့် “တပည့် ပြန်လာတာ နောက်ကျသွားတယ်။ စောစောသာ ရောက်လာခဲ့ရင် အကြီးအကဲတွေနဲ့ ဂိုဏ်းလည်း အခုလို ဖြစ်ခဲ့ရမှာ မဟုတ်ဘူး”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၇)

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းလုံးဝ နောက်မကျဘူး။ ကွက်တိကို ရောက်လာတာ” စုရွှမ်းဝူက သူ့မျက်လုံးကို ပွတ်သပ်ရင်း ကျေးဇူးတင်တင်ဖြင့် ပြောလိုက်သည်။

သူတို့၏ အမှောင်မိုက်ဆုံးအချိန်တွင် ရန်ကိုင်သည် သူတို့ရှေ့သို့ ရောက်လာပြီး အားလုံးကို ကယ်ဆယ်ခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်အခါကလည်း ထိုကဲ့သို့ပင်။ အတိတ်အခါက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အားလုံး၏ စိတ်ထဲ အစီအရီ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်ကနှင့် ယခုယှဉ်လျှင် အများကြီး ပြောင်းလဲနေခဲ့ပြီ ဖြစ်သော်လည်း အားလုံးသည် ရန်ကိုင်အပေါ် အလုံးစုံ ယုံကြည်နေကြဆဲ။

ရန်ကိုင်သာ ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ဘာကိုမှ စိုးရိမ်နေစရာ မလိုပေ။

“ယောက်ဖ” စုမူသည် ယိုင်တိယိုင်တိုင်ဖြင့် မတ်တပ်ရပ်လျက် ရန်ကိုင်အား အပြုံးကြီးပြုံးပြလိုက်သည်။ လက်ရှိ ပုံစံကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်မိသော်လည်း စိတ်လှုပ်ရှားမိသည်မှာတော့ အမှန်ပင်။

ဆယ်နှစ်ကျော်ကြာပြီးနောက် စုယန်မသည် မသေမျိုး ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။

ရန်ကိုင်အမူအရာ တောက်ပသွားခဲ့ပြီး စုမူ၏ ပခုံးကို ပုတ်လျက် ပျော်ရွှင်စွာရယ်မောရင်း ပြောလိုက်သည် “မတွေ့ရတာကြာတာနဲ့ မင်းခွန်အား တိုးတက်လာတာပဲကွ”

ပြောနေရင်း စုမူအား ချည်ထားသော ကြိုးကို ဖျက်လိုက်ပြီး သူ့ကျင့်ကြံခြင်းကို အသုံးပြုမရအောင် ချိတ်ပိတ်ထားသော အချုပ်အနှောင်ကိုလည်း ဖျက်စီးလိုက်လေသည်။

စုမူ တိုးတက်သည့်နှုန်းသည် ဖန်ဇီကျိထက် အများကြီး ပိုမြန်ပေသည်။ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှ ရခဲ့သော အကျိုးအမြတ်များကြောင့် ဖြစ်လောက်ပေသည်။

စုမူသည်လည်း ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် ကံကောင်းမှုအချို့ကို ရရှိခဲ့သည်။ သို့သော် မည်ကဲ့သို့ အခွင့်အလမ်းအား သူရရှိခဲ့သလဲ ဆိုသည်ကိုမူ မည်သူမှ မသိချေ။

ထို့အပြင် ရန်ကိုင်သည် စုယန်အား ဆေးပေါင်းရည် အများကြီး ပေးခဲ့သေးသည်။ သူမ၏ မောင်လေးဖြစ်သော စုမူသည်လည်း နည်းနည်းလောက် ရပေလိမ့်မည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်လည်း တိုးတက်လာသလို သူ့အရည်အချင်းလည်း တိုးတက်လာရပေမည်။ ထိုအချက်အားလုံးကို ခြုံငုံကြည့်လိုက်ပါက ဆယ်နှစ်ကျော်လေးဖြင့် ဤအဆင့်သို့ ရောက်လာသည်မှာ အထူးအဆန်းမဟုတ်ပေ။

“အစ်မကြီးရော၊ သူရော ပါလာသေးလား” စုမူမှာ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သော်လည်း စုယန်ကို မတွေ့သဖြင့် စိတ်ပျက်သွားခဲ့ရသည်။

“မပါဘူး။ ဒါပေမယ့် စိတ်မပူနဲ့။ စုယန်က အလုံခြုံဆုံးနေရာမှာ ရှိနေတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် သူ့မိတ်ဆွေဟောင်းများနှင့် စကားပြောနေစဉ် လီရုန်နှင့် အခြားသူတော်စင်များသည် ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များ၏ ကျင့်ကြံခြင်းကို ပိတ်လှောင်ထားသော အချုပ်အနှောင်များကို ဖြေပေးလိုက်ကြသည်။

လီယွင်ထန်နှင့် ကျောင်းဟူတို့သည်း ရန်ကိုင်ကို ပြန်တွေ့လိုက်ရသဖြင့် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

သူတို့ခွန်အားသည် များများစားစား တိုးတက်လာခဲ့ခြင်း မရှိ။ အင်မော်တယ်တက်လှမ်းခြင်း အဆင့်သို့ပင် မရောက်သေးချေ။ အစစ်အမှန်ဒြပ်စင်အဆင့်၌သာ ရှိသေးသည်။ အမှန်အတိုင်း ဆိုရလျှင် သူတို့သည် စုမူကဲ့သို့ ကောင်းမွန်သော အခွင့်အလမ်းများ ကြုံတွေ့ခဲ့ခြင်း မရှိသလို ပင်ကိုယ်အရည်အချင်းပိုင်းမှာလည်း နိမ့်ကျနေခဲ့သည်။ ထို့ကြောင့် သူတို့ ဘဝတက်လှမ်းမှာ အရမ်းကြီး မြင့်မားနေခဲ့ခြင်း မရှိပေ။

“ဆရာဘိုးဘိုးရော” လင်းတိုင်ရှု မရှိသည်ကို သတိပြုမိသော် ရန်ကိုင် မျက်မှောင်ကြုံ့လိုက်သည်။

“အရင်ဂိုဏ်းချုပ်က စစ်ကူသွားတောင်းဖို့ဆိုပြီး လွန်ခဲ့တဲ့ လနည်းနည်းလောက်က ဗဟိုမြို့တော်ကို ထွက်သွားတယ်။ ဒါပေမယ့် ဗဟိုမြို့တော်ကလည်း…” စုရွှမ်းဝူက ရှင်းပြလိုက်သည်။

“အရင်ဂိုဏ်းချုပ်လား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး “အခု ဂိုဏ်းချုပ်က ဘယ်သူလဲ”

စုမူက ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။

ရန်ကိုင် စုမူကို အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။ သို့သော် ခဏအကြာ၌ ခေါင်းညိတ်ပြလိုက်၏။

စုမူ၏ လက်ရှိခွန်အားသည် ကောင်းကင်စံအိမ်၏ ဂိုဏ်းချုပ်ဖြစ်ရန် လုံလောက်နေလေပြီ။ အမှန်အတိုင်း ပြောရလျှင် ဂိုဏ်းအကြီးအကဲများထဲ မသေမျိုးအဆင့်သို့ ရောက်ထားသူ တစ်ယောက်တစ်လေပင် မရှိချေ။ အကုန်လုံးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၌သာ သောင်တင်နေကြသည်။

စုမူက ခါးသီးနေသည့် အမူအရာဖြင့် “ဂိုဏ်းချုပ်ဖြစ်ရတာ ဘယ်လောက် ပြဿနာများမှန်း မင်းမသိပါဘူးကွာ ယောက်ဖရာ။ မင်းထွက်သွားပြီးကတည်းက ဂိုဏ်းချုပ်က လျှောက်ပတ်ပြီးတော့ပဲ သွားနေတော့တာ။ ဂိုဏ်းကိစ္စတွေကို နည်းနည်းလေးတောင် အာရုံမစိုက်တော့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ လနည်းနည်းလောက်က ရုတ်တရက်ကြီး ပြန်လာပြီး ဂိုဏ်းချုပ်ရာထူးကို ငါ့ဆီ ပေးသွားတယ်လေ။ ငါသဘောတူ၊ မတူတောင် မေးမသွားဘူး… ဟူး…”

“မင်းတစ်ကိုယ်လုံး ဖူရောင်နေအောင် ရိုက်ခံထားရတာလည်း အံ့အားသင့်စရာ မဟုတ်တော့ပါဘူးလေ။ ကြိုတောင် ချည်ခံထားရသေးတယ်။ မင်းအခု အဆက်ဆံခံရတာ မင်းရဲ့ အဆင့်အတန်းကြောင့် ဖြစ်နေတာကိုး” ရန်ကိုင်က ရဘ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“ငါ့ကို မရယ်နဲ့ကွ၊ ယောက်ဖရ” စုမူက ခေါင်းကုတ်လိုက်ပြီး “ငါက မင်းလောက်တော်တာမှ မဟုတ်တာ။ ဟုတ်သားပဲ၊ ယောက်ဖ၊ မင်းဘယ်အဆင့်ရောက်နေပြီလဲ။ မင်းခွန်အားကို ငါနည်းနည်းလေးတောင်မှတောင် မမြင်နိုင်တော့ပါလား”

“မသေမျိုး တတိယအဆင့်လေ”

“ဘယ်လို”

ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး ထိတ်လန့်သွားခဲ့ကြသည်။

လင်းတိုင်ရှုသည်ပင် မသေမျိုး ဒုတိယအဆင့်သာ ရှိသေးသည်။ ယခင်နှစ်များအတွင် ဟူညီအစ်နှစ်ယောက်သည် ဤလောကကြီး၏ အားအကောင်းဆုံး ပညာရှင်များ ဖြစ်လာခဲ့ကြသည်။ သို့တိုင် သူတို့နှစ်ယောက်သည်ပင် မသေမျိုး ပထမအဆင့်သာ ရှိသေးသည်။ သို့သော်လည်း ရန်ကိုင်သည် မသေမျိုးတတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။

ဗဟိုမြို့တော်မှ သူထွက်သွားစဉ်က ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)သာ ရှိသေးသည်။ သူ့တိုးတက်နှုန်းသည် ကြောက်မခန်းလိလိကို မြန်ဆန်လွန်းလှပေသည်။

“ငါ့အစ်မကြီးရော။ သူလည်း မဆိုးလောက်ဘူးမလား” စုမူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“သူလည်း မသေမျိုးတတိယအဆင့် ဖြစ်နေလောက်ပြီ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒါပေမယ့် ငါသူ့ကိုမတွေ့တာ နှစ်နဲ့ချီနေပြီဆိုတော့ တပ်အပ်တော့ မပြောနိုင်ဘူး”

ခဏလောက် ရပ်တန့်၍ ရန်ကိုင်က ဆက်ပြောလိုက်သည် “အခု ဂိုဏ်းအခြေအနေ ဘယ်လိုရှိလဲ။ ဂိုဏ်းလည်း အသိမ်းခံလိုက်ရပြီလား”

“အင်း” စုမူက ခါးခါးသီးသီးပြုံးလျက် “ကောင်းကင်စံအိမ်တင် မဟုတ်ဘူး။ သွေးတိုက်ပွဲဂိုဏ်းရော၊ မုန်တိုင်းစံအိမ်ပါက အသိမ်းခံထားရတာ။ လာတဲ့လူက သိပ်များလှတာ မဟုတ်ဘူး။ အများဆုံးမှ တစ်ရာလောက်ပဲ ရှိမယ်။ ဒါပေမယ့် သူတို့လူတွေက ငါတို့ထက် အများကြီး ပိုအားကောင်းနေတော့ ငါတို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး…”

အကုန်လုံး တစ်ယောက်တစ်ပေါက်ဖြင့် လက်ရှိ အခြေအနေကို စတင် ရှင်းပြကြတော့လေသည်။

ရန်ကိုင် ခန့်မှန်းထားခဲ့သလိုပင် ဝင်ပေါက်သည် အနှောင်အဖွဲ့ကင်းမဲ့ စိတ်ဝိဥာဉ်ကျောင်းတော် အနီးတွင် ပေါ်လာခဲ့သည့်အတွက် ထိုဂိုဏ်းသည် အထဲသို့ အရင်လူလွှတ် စစ်ဆေးခိုင်းကြည့်ပေလိမ့်မည်။

ဤဆန်းကြယ်လောကငယ် မည်မျှကျယ်ပြောကြောင်း မြင်တွေ့လိုက်ရပြီးနောက် ဒေသခံအင်အားစုများကို ဖိနှိပ်ရန် ပညာရှင်အချို့က ဦးဆောင်လာပေလိမ့်မည်။

ဤဆန်းကြယ်လောကငယ်တစ်ခုလုံးကို အပြည့်အဝ အပိုင်သိမ်းထိန်းချုပ်နိုင်ရန်အတွက် အနှောင်အဖွဲ့ကင်းမဲ့ စိတ်ဝိဥာဉ်ကျောင်းတော်သည် အခြားအင်အားစု နှစ်ခု၊ သုံးခုကိုပင် အကူခေါ်လိုက်သေးသည်။

ထိုအဖြစ်အပျက်အားလုံးသည် လွန်ခဲ့သည့်တစ်လက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိ ဗဟိုမြို့တော် ဘယ်လို ရှိနေသလဲ ဆိုသည်ကို ဘယ်သူမှ မသိကြပေ။ သတင်းလည်း မကြားရသေး။ သို့သော် ရန်သူ့ခွန်အားအရ ဗဟိုမြို့တော်လည်း ခုခံနိုင်လောက်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်သာ မဟုတ်လျှင် လင်းတိုင်ရှု ပြန်လာလောက်ပေပြီ။ အဖြစ်နိုင်ဆုံးသည်ကား လင်းတိုင်ရှုသည် မတော်တဆ တစ်ခုခု ကြုံတွေ့ခဲ့ခြင်း ဖြစ်လောက်သည်။

ဂိုဏ်းသုံးဂိုဏ်းသည် အကြိမ်ပေါင်းများစွာ တွန်းလှန်ခဲ့သော်လည်း သူတို့တစ်ကြိမ် ပြန်တိုက်လိုက်တိုင်း လူပေါင်းများစွာ အသတ်ခံခဲ့ရသည်။

“အဲ့ကောင်တွေက ငါတို့ကို လူလို့တောင် မြင်တာ မဟုတ်ဘူး။ သူတို့ စိတ်ညစ်ရင်ညစ်သလို ငါတို့ကို နှိပ်စက်သတ်ဖြတ်နေတာ။ အကြောင်းအရင်းမရှိဘဲ အလကားသက်သက် အသတ်ခံလိုက်ရတဲ့ လူတွေလည်း အများကြီးပဲ။ ဒီကောင်တွေက ငါတို့ကို သားသတ်ရုံက ဝက်တွေ၊ ခွေးတွေလို သဘောထားနေတာ…” စူမူက ဒေါသတကြီး အံကြိတ်လိုက်သည်။

“သွေးတိုက်ပွဲဂိုဏ်းက မိန်းကလေး တပည့်တွေဆိုရင်လည်း အဲ့ခွေးတိရစ္ဆာကောင်တွေ စော်ကားတာ ခံခဲ့ရတယ်လေ” ဟူမန်ကလည်း အံတကြိတ်ကြိတ်ဖြင့် ဝင်ပြောလိုက်သည်။ သူ့စကားကြောင့် ဟူညီအစ်မနှစ်ယောက်၏ မျက်နှာ မှုန်ကုပ်သွားခဲ့ရသည်။

လေဟာနယ်လိုဏ်ခေါင်း ပွင့်စဉ်က သူတို့နှစ်ယောက် အရင်ဝင်ကာ သွားစူးစမ်းလိုက်သည်မှာ ကံကောင်းသွား၏။ မဟုတ်လျှင် ရန်ကိုင်ကိုရှာပြီး တပ်ကူ ခေါ်လာရန် မဆိုထားနှင့်၊ ထိုကြမ္မာဆိုးလက်မှပင် သူမတို့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

“တူလေးရန်၊ မင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။ ငါတို့ မင်းပြောတဲ့အတိုင်း လုပ်မယ်” မုန်တိုင်းစံအိမ်သခင်၊ ရှောင်ရို့ဟန်က ရန်ကိုင်ဆီလာပြီး ပြောလိုက်သည်။

“အဲ့ကောင်တွေက ဒီလောက်တောင် သောက်ကျင့်ယုတ်ကြတာလား” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “အစကတော့ အရမ်းကြီး မလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် သူတို့တွေက ဒီလောက် လူမဆန်မှတော့၊ ငါလည်း လုပ်ပေးရတော့မှာပေါ့၊ လီရုန်”

“ရှိပါတယ် သခင်” လီရုန်က လှမ်းအော်ပြောလိုက်သည်။ ထိုလူများ ပြောသည်ကို နားထောင်ပြီးနောက် မသူပင် ဒေါသထွက်မိနေပြီ။

“နင်နဲ့ဟန်ဖေးသွားပြီး ဂိုဏ်းသုံးဂိုဏ်းနားမှာ ရှိနေတဲ့ ရန်သူတွေ အကုန်လုံးကို သတ်ပစ်လိုက်။ တစ်ယောက်တောင် မချန်နဲ့”

“ဟုတ်ကဲ့ပါ သခင်” လီရုန်က အခိုင်အမာ ပြောဆိုလိုက်ပြီး ဟန်ဖေးနှင့်အတူ လူအုပ်ထဲမှ ပျံထွက်သွားလေသည်။

လူအုပ်ကြီးတစ်ခုလုံး မှင်သက်နေကြသည်။ သူတို့ဘာမှ ပြန်မပြောနိုင်သေးခင်မှာဘဲ လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထွက်ခွားသွားနှင့်ကြပေပြီ။

“တူလေးရန်၊ မင်းအလျင်စလို မလုပ်သင့်ဘူးနော်” ရှောင်ရို့ယု ထိတ်လန့်သွားခဲ့ပြီး ကမန်းကတန်း ဝင်တားလိုက်သည်။ ရန်ကိုင် ထိုမျှ အလျင်စလို လုပ်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူသည် ရန်သူ့ခွန်အားကိုပင် ထောက်လှမ်းခြင်းမပြုဘဲ တိုက်ခိုက်ရန် တိုက်ရိုက် အမိန့်ပေးလိုက်လေသည်။

“အဲ့လူတွေထဲမှာ အရမ်း အားကောင်းတဲ့လူတွေ အများကြီး ရှိတယ်နော်”

“ဟုတ်တယ်။ သူတို့ဘက်မှာ မသေမျိုးအဆင့် ဒါဇင်ကျော်လောက်ရှိတယ်။ တော်တော်များများက ဒုတိယအဆင့်၊ တတိယအဆင့်တွေ။ မသေမျိုးအဆင့် ကျော်နေတဲ့ သူတော်စင် အဆင့် ပညာရှင်တွေတောင် ရှိတယ်တဲ့” ဟူမန်ကလည်း အကြံပေးလိုက်သည် “အဲ့မိန်းကလေးနှစ်ယောက်ကို ဒီအတိုင်း လွှတ်လိုက်တာ အရမ်း အလျင်လိုသွားတယ်”

“သူတော်စင်အဆင့်လား” ရန်ကိုင်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည် “စိတ်မပူနဲ့။ သူတော်စင်အဆင့်တွေ ရှိနေရင်တောင် အဲ့နှစ်ယောက်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး”

“အဲ့အမျိုးသမီးနှစ်ယောက်က ဘယ်အဆင့်တွေလဲ” ဝေရှီတုန်း တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီး ရန်ကိုင်အား မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။

“သူတော်စင်အဆင့်တွေပဲ။ ဒါပေမယ့် ရန်သူဘက်က သူတော်စင်အဆင့်တွေထက် အများကြီး ပိုသန်မာတယ်။ သူတော်စင် တစ်ယောက်ကို အသာထားလိုက်။ အယောက် (၁၀၀) ရှိနေရင်တောင် အဲ့နှစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

အကုန်လုံး လုံးဝကို မှင်သက်ကြက်သေသေနေရလေပြီ။ အကုန်လုံးသည် ရန်ကိုင်အား ထူးထူးဆန်းဆန်း မွန်းစတား တစ်ကောင်ကို ကြည့်နေသလို စိုက်ကြည့်နေခဲ့ကြသည်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၇)မှ မသေမျိုး တတိယအဆင့်သို့ ဆယ်နှစ်အတွင်း တက်သွားသော သူ့ကျင့်ကြံခြင်း အမြန်နှုန်းကိုပင် အံ့ဩလို့ မပြီးသေးခင်မှာဘဲ ရန်ကိုင် ခေါ်လာသော မိန်းကလေး နှစ်ယောက်ကြောင့် ထပ်မံ အံ့ဩရပြန်လေသည်။

ထိုအမျိုးသမီးနှစ်ယောက် ရန်ကိုင်အား ခေါ်သည့်ပုံစံအရ၊ ရန်ကိုင်အပေါ် သူမတို့၏ သဘောထားအရ၊ ရန်ကိုင်သည် သူမတို့အား စိတ်ရှိတိုင်း အမိန့်ပေးနိုင်သည့်ပုံပင်။

သို့သော်လည်း ထိုအမျိုးသမီး နှစ်ယောက်သည် ရန်ကိုင် ပေးသည့်အမိန့်တိုင်း တသဝေမသိမ်း လုပ်ဆောင်ခဲ့သည်။

သူတို့သည် ရန်ကိုင်ထက် ပိုအားကောင်းသည် မဟုတ်ပေလော။ သူ့အမိန့်ကို ဘာကြောင့် ထိုကဲ့သို့ လိုက်နာနေရသနည်း။

ထိုထူးဆန်းသော အဖြစ်အပျက်သည် အကုန်လုံးကို စိတ်ရှုပ်သွားခဲ့သည်။ ဘာတွေဖြစ်ပျက်နေမှန်း သူတို့ လုံးဝကို နားမလည်နိုင်တော့။

“ငါ့သမီးတော်လေး နှစ်ယောက်ရေ…” ဟူမန်က ဟူညီအစ်မနှစ်ယောက်နား တိတ်တိတ်လေး ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည် “ကြည့်ရတာတော့ နင်တို့ နှစ်ယောက်ရဲ့ ရှေ့ခရီးက တော်တော်လေး ခက်ခဲတော့မယ့်ပုံပဲ”

“ဘာလို့လဲ” ဟူမေးအားက သူမအဖေကို နားမလည်နိုင်စွာ ပြန်ကြည့်လိုက်သည်။

ဟူမန်က ရှင်းပြလိုက်သည် “အဲ့အမျိုးသမီးနှစ်ယောက်က အရမ်းလည်း သန်မာတယ်။ လှလည်းလှတယ်။ ပြီးတော့ သူခိုင်းတဲ့အတိုင်းလည်း လုပ်သေးတယ်။ အခုလောလောဆယ် နင်တို့နှစ်ယောက် သူတို့နဲ့ လုံးဝ မယှဉ်နိုင်သေးဘူး”

“ဘာလို့ ယှဉ်ရမှာလဲ” ဟူမေးအား ပို၍ စိတ်ရှုပ်သွားခဲ့သည်။

ဟူကျောင်းအားလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားကြည့်ပြီးနောက် ဟူမန်အား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြန်ပြောလိုက်သည် “အဖေက အပိုတွေ လျှောက်ပြောလွန်းနိုင်တာပဲ”

ဟူမန်က ရယ်သွမ်းသွေးကာ ပြန်ပြောလိုက်သည် “ကိုယ့်သမီး တစ်ဘဝတာ ပျော်ရွှင်ရေးကို အဖေ စိတ်ပူတာ သဘာဝပဲ မဟုတ်ဘူးလား။ ဒီလို အခွင့်အရေးကောင်းကြီးဆိုတာ လက်လွှတ်သင့်တာမျိုး မဟုတ်ဘူးနော်။ အင်း။ ဘာပဲဖြစ်ဖြစ် အဖေနောက်မှာ ရှိတယ်။ သမီးတို့တာဝန်က အခွင့်အလမ်း တစ်ခုရှာပြီး လက်ဦးမှုရယူဖို့ပဲ။ ဒါပေမယ့် အရမ်းကြီး ငြိမ်ခံနေလို့လည်း မဖြစ်ဘူး။ ယောကျာ်းတွေမှာ မိန်းမဆိုတာ ရှားတာမဟုတ်ဘူး”

သူမအဖေ ပြောနေသည်ကို ယခုမှပဲ ဟူမေးအာ နားလည်သွားခဲ့သည်။ ထို့ကြောင့် ရှက်ကိုးရှက်ကန်းဖြင့် “အ… အဖေဘာတွေ ပြောနေတာလဲ”

ဟူကျောင်းအာက အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည် “သွားမနိုင် ထမရဖြစ်တဲ့အချိန် စောင့်ရှောက်ပေးမယ့်လူ လိုချင်သေးရင် အခုအချိန် ပါးစပ်ပိတ်ထားလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်နော်၊ အဖေ”

“ကောင်းပြီ။ ကောင်းပြီ။ ငါဘာမှ မပြောဘူးလို့သာ သဘောထားလိုက်” ဟူမန်က ချက်ချင်း သက်ပြင်းချလိုက်ပြီး တိတ်နေလိုက်သည်။ စိတ်ထဲတွင် ‘ငါနဲ့ငါ့မိန်းမတွေ ဒီလောက် ကြိုးစားခဲ့တာတောင် ဘာလို့ ဒီသမီးနှစ်ယောက်ပဲ ရခဲ့တာလဲ မသိဘူး’ ဟူ၍ တွေးနေခဲ့လေသည်။ ထိုတာဝန်မကျေပွန်သည့် သမီးနှစ်ယောက်အစား ရန်ကိုင်ကဲ့သို့ သားလိမ္မာလေး တစ်ယောက် ဘာကြောင့် မပေးခဲ့ရသနည်းဟု တွေးပူနေခဲ့လေသည်။

“အားလုံး” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်သည် “အခုအားလုံး ကိုယ့်ဂိုဏ်းဆီ ပြန်လို့ရပါပြီ။ မလုံခြုံသေးဘူးလို့ ထင်ရင်တော့ ကောင်းကင်စံအိမ်မှာ ခဏလာနေလို့ ရပါတယ်။ စုမူ၊ ဂိုဏ်းသုံးဂိုဏ်းက လူတွေ လာနေရင် နေရာမလောက်မယ့် ပြဿနာမျိုး ရှီလား”

စုမူ ခဏလောက် စဉ်းလိုက်ပြီးနောက် ပြန်ပြောလိုက်၏ “အကုန်လုံးကို ဖျစ်ညစ်နေခိုင်းရင်တော့ ပြဿနာ မရှိလောက်ဘူး။ ဒါပေမယ့် နေစရာကောင်းကောင်းတော့ ရမှာမဟုတ်ဘူး”

“အဲ့လိုဆိုရတယ်။ ခန်းမသခင်ရှောင်၊ ဂိုဏ်းချုပ်ဟူ၊ ကောင်းကင်စံအိမ်ကို လာမယ်၊ မလာမယ် ဆိုတာကိုတော့ ခင်ဗျားတို့ပဲ ဆုံးဖြတ်လိုက်တော့။ ဂိုဏ်းက အကြီးအကဲတွေနဲ့ ကျုပ်အရင်သွားလိုက်ဦးမယ်” ပြောပြီးနောက် ကောင်းကင်စံအိမ်ဆီ ထွက်သွားလေသည်။

ဟူမန်နှင့် ရှောင်ရို့ဟန်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ချက်ချင်း ပြေးလိုက်သွားကြလေသည်။

အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်၏ ကျူးကျော်မှုကြောင့် အကုန်လုံး အကြောက်မပြေကြသေးပေ။ ရန်ကိုင်နား ရှိနေမှသာလျှင် သူတို့ စိတ်သက်သာရာ ရနိုင်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၂၉)

ကောင်းကင်စံအိမ်၊ သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်ထဲတွင် ရှိနေသည့်ရန်သူအားလုံး တစ်ယောက်မကျန အသတ်ခံလိုက်ရသည်။

သူတို့ကဲ့သို့ သာမန်အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ် ကျောင်းတော်မှ တပည့်များက လီရုန်နှင့် ဟန်ဖေးကဲ့သို့ ပညာရှင်နှစ်ယောက်ကို မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ဘာဖြစ်လို့ဖြစ်သွားမှန်း မသိခင်မှာဘဲ သူတို့၏ အသက် ပျောက်နှင့်နေခဲ့ချေပြီ။

အကြွင်းမဲ့စွမ်းအား‌ ရှေ့မှောက်၌ ခုခံခြင်းသည် အချည်းနှီးပင်။

သူတို့မသေခင်၊ ထိုကျင့်ကြံသူများသည် လွန်ခဲ့သည့် လအတောအတွင်း ကောင်းကင်စံအိမ်၊ သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်မှ တပည့်များကို တောက်လျှောက် လှောင်ပြောင်နေခဲ့ခြင်း ဖြစ်သည်။

ဤနေရာသည် ဘာဆိုဘာမှ မထူးခြားချေ။ သို့သော် ရန်ကိုင်ကဲ့သို့သော မွန်းစတားဆန်သော ဂျီးနီးယပ်တစ်ယောက် ဘာကြောင့် ထွက်ပေါ်လာခဲ့ရလေသနည်း။

ကောင်းကင်စံအိမ်တပည့်အားလုံးသည် လေဟာနယ် လိုဏ်ခေါင်းထဲသို့ ခေါ်သွားခြင်းမခံရ။ တော်တော်များများသည် ဂိုဏ်းတွင် ရှိနေဆဲပင်။ လီရုန်နှင့် ဟန်ဖေးတို့သည် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များကို လျှပ်စီးတမျှ အမြန်နှုန်းဖြင့် သတ်ဖြတ်ပြသွားခဲ့ရာ ထိုအမျိုးသမီးနှစ်ယောက် မည်သည့်နေရာမှ ရောက်လာသလဲဟု ထိုတပည့်များ အတွေးလွန်သွားခဲ့ရသည်။

ခဏအကြာ၌ လူအုပ်ကြီးတစ်ဖွဲ့ ဂိုဏ်းထဲသို့ ဝင်လာခဲ့သည်။ ထိုလူများကို မြင်လိုက်သည့်အခါ ဂိုဏ်းထဲတွင် ရှိနေသော တပည့်များက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်ကြလေသည် “ဂိုဏ်းချုပ်နဲ့ အကြီးအကြတွေပဲ”

“သူတို့ ပြန်လာကြီပဲ”

“ဟျောင့်၊ ဂိုဏ်းချုပ်ဘေးနားကနေ လမ်းလျှောက်လာနေတဲ့ တစ်ယောက်က ဂျူနီယာညီလေးရန် မဟုတ်ဘူးလား”

“တကယ်ကြီး ဂျူနီယာညီလေးရန်ဟ”

“…”

ပျော်ရွှင်စွာ အော်ဟစ်သံတို့ ကောင်းကင်စံအိမ် တပည့်များကြား ပဲ့တင်ထပ်သွားခဲ့သည်။ ယခုလေးတင် တုန်လှုပ်ချောက်ချား၊ ကြောက်လန့်နေခဲ့ကြသော ကောင်းကင်စံအိမ် တပည့်များသည် အဘက်ဘက်မှ ပြေးထွက်လာကြပြီး မျက်ရည်ရွဲလဲဖြင့် ထိုလူများကို နှုတ်ဆက်လိုက်လေသည်။

စုမူက သူ့ရောင်းရင်း ညီအစ်ကိုမောင်နှမများကို အရင်ဆုံး စိတ်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်။

“ယောက်… အင်း၊ စီနီယာအစ်ကိုရန် ပြန်လာခဲ့ပြီး။ ဒီတော့ ဟိုတိရစ္ဆာန်အုပ်ကို ကြောက်နေစရာ မလိုတော့ဘူး။ ငါ့ညီအစ်ကို၊ မောင်နှမတို့။ အခု ငါတို့ အကြွေးပြန်ဆပ်ရမယ့် အလှည့်ပဲ။ ငါတို့ အတူပူပေါင်းပြီး အဲ့ခွေးကောင်တွေကို သတ်ပစ်ကြမယ်”

“သတ်ပစ်မယ်၊ သတ်ပစ်မယ်” တပည့်ပေါင်းများစွာက ပြန်လည်အော်ဟစ်လိုက်ကြသည်။

စိတ်အားတက်ကြွသွားသော လူအုပ်ကြီးထဲ ချက်ချင်း ဆိုသလို သွေးဆုတ်ဖြူလျော်သွားသော လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူသည် ချက်ချင်းပဲ လူအုပ်ကြီးထဲ ဝင်ပုန်းရန် ထွက်ပြေးရန် ကြိုးစားလေသည်။

စုမူ၏ အကြည့်သည် ရုတ်တရက်ဆိုသလို ထိုလူဆီ ရောက်ရှိလာခဲ့ပြီး လှမ်မော်မေးလိုက်လေသည် “ဘယ်သွားမလို့တုန်း စီနီယာအစ်ကိုရှဲ့ရဲ့”

ထိုစကားကို ကြားလိုက်သည့်အခါ ကောင်းကင်စံအိမ် တပည့်အားလုံး တိတ်သွားခဲ့ပြီး ရှဲ့ဟုန်ချန်ကို စိုက်ကြည့်လိုက်ကြသည်။

အားလုံး၏ ရွံရှာစက်ဆုပ်၊ အထင်အမြင်သေးသော အကြည့်များကြောင့် ရှဲ့ဟုန်ချန်မျက်နှာ ရှက်ရွံ့မှုကြောင့် ပူစပ်ပူလောင် ဖြစ်လာခဲ့ရလေသည်။

ကောင်းကင်စံအိမ်၏ အကြီးအကဲများသည်လည်း ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်ကြသည်။ အကုန်လုံးသည် စိတ်ပျက်နေသည့် အကြည့်ဖြင့် ရှဲ့ဟုန်ချန်ကို ကြည့်နေခဲ့သည်။

“စီနီယာအစ်ကိုရှဲ့လား” ရန်ကိုင် မဆိုသလောက်ကလေး မျက်ခုံးပင့်လိုက်ပြီး ရှဲ့ဟုန်ချန်ဆီ လှမ်းကြည့်လိုက်သည်။

စီနီယာအစ်ကိုရှဲ့ ဆိုသူသည် ယခင်က ကောင်းကင်စံအိမ် လူငယ်မျိုးဆက်၏ ဒုတိယအားကောင်းဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ ရန်ကိုင် ကောင်းကင်စံအိမ်တပည့်တစ်ယောက် ဖြစ်စဉ်က သူနှင့်ရန်ကိုင်ကြား ပြဿနာများစွာ ဖြစ်ခဲ့ရသည်။

သို့သော်လည်း ရန်ကိုင်အနေဖြင့် သူသန်မာသည်ထက် သန်မာလာသည့်အခါ ထိုလူအကြောင်း တဖြည်းဖြည်း မေ့လျော့သွားခဲ့ရသည်။

ယခု ဂိုဏ်းတပည့်များနှင့် အကြီးအကဲများ၏ အမူအရာအရ ရှဲ့ဟုန်ချန်သည် ခွင့်လွှတ်၍မရသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သည့်ပုံပင်။

နှဏ်ပေါင်းများစွာကြာပြီးနောက် ရှဲ့ဟုန်ချန်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်(၆) ပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့ကျင့်ကြံခြင်းသည် အရမ်းနိမ့်ကျခြင်း မရှိသလို အရမ်း မြင့်မားနေခြင်းလည်း မရှိပေ။

“စီနီယာအစ်ကိုရှဲ့” စုမူက လှောင်ပြုံးပြုံးလျက် ရှဲ့ဟုန်ချန်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်ပြီး အံတင်းတင်းကြတ်လျက် “အရင်လတွေတုန်းက စီနီယာအစ်ကိုရှဲ့ ကျုပ်တို့အပေါ် ‘ကောင်းကောင်းဂရုစိုက်ပေးတာကို’ ကျုပ်တို့တွေ သေချာ မှတ်ထားတယ်ဗျ”

“ဂျူနီယာညီလေးစု၊ ငါ့ကို ရှင်းပြခွင့်ပေးပါကွဦ…” စုမူ တစ်လှမ်းတိုးလိုက်တိုင်း ရှဲ့ဟုန်ချန် တစ်လှမ်း ဆုတ်သွားခဲ့သည်။ စုမူ၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသည့်အခါ သူ့နဖူးပြင် တစ်လျှောက် ချွေးအေးတို့ဖြင့် စိုရွှဲလာခဲ့လေသည်။

“မင်းလိုအမှိုက်ကောင်က ငါ့ကို ဂျူနီယာညီလေးလို့ ခေါ်ဖို့ တန်တယ်ထင်လား” စုမူက ဒေါသတကြီး ပြန်အော်ပြောလိုက်သည်။

“ဂိုဏ်းချုပ်” ရှဲ့ဟုန်ချန်၏ ခြွေနှစ်ဖက်စလုံး ပျော့ခွေသွားခဲ့ပြီး ချက်ချင်း ဒူးထောက်ချလိုက်ကာ ရုပ်ပျက်ဆင်းပျက် တောင်းပန်တော့လေသည် “စီနီယာအစ်ကို အခုထိ ကိုယ့်ဂိုဏ်းအပေါ် သစ္စာရှိပါသေးတယ်ကွာ။ သူတို့ကို အညံ့ခံပြီး အခုလို အရှက်အခွဲခံခဲ့တယ်ဆိုတာက သူတို့ အားနည်းချက်ကို ရှာပြီး အားလုံးကို ကယ်တင်ခဖို့ နည်းလမ်းရှာချင်လို့ပါ။ ငါ့ကို ယုံကြည်ပေးပါ စုမူရာ”

“သည်းညည်းခံပြီး အရှက်ခွဲခံခဲ့တယ်ပေါ့” စုမူ ရုတ်တရက် ရယ်မောလိုက်ပြီး “တကယ်ကြီးလား၊ ငါကတော့ စီနီယာအစ်ကိုရှဲ့ သူတို့အတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ပေးနေတာကိုပဲ မြင်ပါလား။ အရမ်းကို သစ္စာရှိတဲ့ ခွေးလေ။ စီနီယာအစ်ကိုရှဲ့ အဲ့သူတောင်းစာတွေအပေါ် ဘယ်လောက်တောင်မှ သ္စာရှိပါတယ်ကို ပြချင်လို့ ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို ပေးချင်တိုင်းပေး။ အဲ့ဒါတင်မကသေးဘူး ဂျူနီယာညီလေးဝေ ကိုတောင် သတ်ခဲ့သေးတယ် မဟုတ်ဘူးလား။ ဂျူနီယာညီလေးစွန်းလည်း စီနီယာအစ်ကိုရှဲ့ လက်နဲ့ပဲ သေခဲ့ရတာလေ။ မဟုတ်ဘူး လာမငြင်းနဲ့။ မင်း ငါတို့ကို သောက်ရှက်မရှိ၊ အောက်တန်းကျကျနဲ့ သစ္စာဖောက်သွားတာကို အကုန်လုံး မြင်ပြီးသား”

“ငါ…” ရှဲ့ဟုန်ချန် ပြောစရာစကား မဲ့နေခဲ့ရလေပြီ။ စုမူ၏ သတ်ဖြတ်လိုစိတ် ပိုပို၍ မြင့်တက်လာသည်ကို သတိပြုမိသော် ရှဲ့ဟုန်ချန် ထိတ်လန့်တုန်လှုပ်လာခဲ့သည်။ ထို့ကြောင့် အကြီးအကဲများဘက်သို့ လှည့်၍ ချက်ချင်း တောင်းပန်တိုးလျှိုး တော့လေသည် “အကြီးအကဲတို့၊ ဒီတပည့် ကိုယ့်အမှား ကိုယ်သိပါပြီ။ ကျေးဇူးပြုပြီး ချမ်းသားပေးပါ”

သို့သော် အကြီးအကဲများကမူ သူ့အား အေးစက်စက် အကြည့်ဖြင့်သာ ပြန်၍ စိုက်ကြည့်နေခဲ့သည်။ ဝေရှီတုန်းဆိုးလျှင် ဒေါသတကြီးပင် ပြန်ပြောလိုက်သေးသည် “မင်းကို ချမ်းသာပေးရမှာလား။ ငါကိုယ်တိုင်တောင် မင်းကို တစ်စစီ ဖြစ်အောင် နုတ်နုတ်စင်းပစ်ချင်နေတာကွ။ ရှဲ့ဟုန်ချန်၊ ရှဲ့ဟုန်ချန်၊ ငါမင်းကို တကယ် စိတ်ပျက်မိတယ်။ အရင်တုန်းက မင်းကို ဂိုဏ်းရဲ့ မျှော်လင့်ချက်ဆိုပြီး သတ်မှတ်ထားခဲ့တာ။ အခုလို သောက်ရှက်မရှိ၊ ကျေးဇူးမသိတတ်တဲ့ ငကြောက်ကောင်တစ်ကောင် ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒီလူအိုကြီး တကယ်ကို အမြင်မှားသွားတယ်”

ကျန်အကြီးအကဲ သုံးယောက်သည်လည်း သူ့အား သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် ထိုခွေးကောင်သည် အနှောင်အဖွဲ့ကင်းစိတ်ဝိဥာဉ်ကျောင်းတော်မှ တပည့်များထက်ပင် ပို၍ ရွံ့ရှာစက်ဆုပ်စရာ ကောင်းနေသေးသည်။

“ဂျူနီယာညီလေးရန်၊ ဂျူနီယာညီလေးရန်…” အကြီးအကဲ တစ်ယောက်တစ်ယောင်တောင်မှ သူ့ဘက် မရပ်တည်ပေးသည်ကို မြင်သော် ရှဲ့ဟုန်ချန်သည် သွေးရူးသွေးတန်းဖြင် ရန်ကိုင်အား လှမ်းအကူအညီ တောင်းပြန်လေသည် “ဒီနေရာ အမှန်တကယ် ဆုံးဖြတ်ချက်နိုင်တဲ့လူက မင်းဆိုတာ ငါသိတယ်။ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦးကွာ။ အခုကစနေပြီး ငါရှဲ့ဟုန်ချန် မင်းအပေါ် အကြွင်းမဲ့ သစ္စာရှိမယ်လို့ ကျိန်ဆိုပါတယ်ကွာ…”

ရန်ကိုင်က ရှဲ့ဟုန်ချန်အား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေလိုက်ပြီး အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “စီနီယာအစ်ကိုရှဲ့… ဒီလောက်ပြောရင် တော်လောက်ပြီ”

ရှဲ့ဟုန်ချန်အမူအရာ မည်းမှောင်သွားခဲ့သည်။

“ကေင်းကင်စံအိမ်ရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ငါစုမူ ကြေညာချက် ထုတ်ပြန်မယ်။ ဂိုဏ်းဒုက္ခရောက်နေတဲ့အချိန် တပည့် ရှဲ့ဟုန်ချန်က သူ့အသက်ရှင်ဖို့အတွက်နဲ့ တစ်ကိုယ်ကောင်းဆန်ဆန်၊ သူ့ညီအစ်ကိုတွေကို သတ်ဖြတ်ခဲ့တယ်။ ရန်သူတွေကို မိတ်ဆွေလို သတ်မှတ်ပြီး ကိုယ့်ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့အတွက် သူ့ကို သေမိန့်ချလိုက်တယ်။ ဂိုဏ်းချုပ်ဖြစ်တဲ့ ငါကိုယ်တိုင် ဒီသစ္စာဖောက်ကို ရှင်းပစ်မယ်။ ရောင်းရင်ညီအစ်ကို၊ မောင်နှမတို့၊ သူ့ကို ဥပမာထားကြည့်၊ ဂိုဏ်းနာမည်ပျက်အောင် လုပ်ဖို့၊ ဂိုဏ်းကို သစ္စာဖောက်ဖို့ မလုပ်မိအောင် ကြိုးစားနေကြပါ” စုမူက ရှဲ့ဟုန်ချန်အား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်၍ အစစ်အမှန်ချီဖြင့် လေပွေတစ်ခု ဖန်တီးလိုက်သည်။

လက်ဝါးချက်သည် တဖြည်းဖြည်းချင်း ကြီးမား

လာပြီး မကြာမီ လေပွေသည် ရှဲ့ဟုန်ချန် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ရှဲ့ဟုန်ချန်အဖြစ်ကို မည်သူမှမသနား၊ ပျော်ပင် ပျော်နေကြသေးသည်။

ထိုအားကောင်းသော လေပွေပျောက်ကွယ်သွားသည်နှင့် ရှဲ့ဟုန်ချန် လွင့်ထွက်လာခဲ့ပြီး ခဏအကြာ သူ့တစ်ကိုယ်လုံး သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။

“သခင့်ရဲ့ ဂျူနီယာမောင်လေးက ဂိုဏ်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ” လီရုန်က နှုတ်ခမ်းလေးကို ကွေးလျက် တခစ်ခစ် ရယ်မောရင်း စုမူအား အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

စုမူသည် အတော်လေးကိုမှ ငယ်ပေသည်။ ရန်ကိုင်ထက်ပင် ငယ်လောက်၏။ သို့သော်လည်း သူသည် ဂိုဏ်းချုပ်တစ်ယောက် ရှိရမည့် အရည်အချင်း၊ ဟန်အမူအရာကို လုပ်ပြသွားနိုင်ခဲ့သည်။

“ဂိုဏ်းချုပ်စု၊ ငါတို့ ဂိုဏ်းနှစ်ဂိုဏ်းက တပည့်တွေကို ဘယ်မှာ နေခိုင်းမယ် ဆိုတာကို မင်းအပေါ်ပဲ အပ်ထားလိုက်မယ်နော်” ဟူမန်နဲ့ ရှောင်ရို့ယုက စုမူနား လမ်းလျှောက်သွားကာ မေးလိုက်သည်။

စုမူက ခေါင်းညိတ်လိုက်ပြီး အကြီးအကဲများနှင့် ထိုကိစ္စအကြောင်း ဆွေးနွေးတိုင်ပင်ရန် ထွက်သွားလေသည်။

အကုန်လုံး သူ့အလုပ်နှင့်သူ အလုပ်ရှုပ်နေကြစဉ် ရန်ကိုင်သည် ကောင်းကင်စံအိမ်ထဲ တစ်ယောက်တည်း လျှောက်သွားနေခဲ့သည်။

ကောင်းကင်စံအိမ်သည် ချူမိသားစု၏ ပထမသခင်မလေး ချူရီမန်ကြောင့် တစ်ကြိမ် ဖျက်စီးခံခဲ့ရသည်။

ထိုအဖြစ်အပျက်ပြီး မကြာမီ ကောင်းကင်စံအိမ်ကို နောက်တစ်ကြိမ် ပြန်လည် တည်ဆောက်လာခဲ့သည်။

သို့သော် သမိုင်းသည် သူ့ဘာသာ တစ်ပတ် ပြန်လည်လာခဲ့ပြန်သည်။

သူတစ်ကြိမ်က အိမ်ဟု ခေါ်ခဲ့ဖူးသော သစ်သားအိမ်လေး ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ထိုသစ်သားအိမ်လေးသည့် သူ့အမှတ်တရများစွာကို သယ်ဆောင်ထားပေသည်။ ထိုနေရာသည် သူကူကယ်ရာမဲ့၊ အားနည်းနေစဉ်က နေထိုင်ခဲ့သော နေရာလည်း ဖြစ်သည်။

တရားမဝင်တပည့် တစ်ယောက် ဖြစ်ခဲ့စဉ်က၊ သူ့ဗိုက်ကိုပင် ဖြည့်နိုင်ရန်အတွက် အနိုင်နိုင် ကြိုးစားခဲ့ရသည့် နေ့ရက်များကို ရန်ကိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေပေသေးသည်။

ထိုအိမ်လေးထဲမှာပင် အနက်ရောင်စာအုပ်၏ ပထမ စာမျက်နှာကို ဖွင့်နိုင်ခဲ့ပြီး သူ့ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲစေနိုင်ခဲ့သည်။

ထိုအချိန်ကတည်းက သစ်သားအိမ်လေးကို ပြန်လည် ပြုပြင်ထားခဲ့ပြီးလေပြီ။ သို့သော် အိမ်တွင်းရှိ စားပွဲခုံးမျာ၊ ထိုင်ခုံများသည် ယခင်အတိုင်း ရှိနေဆဲ။ သို့သော် ဤနေရာသို့ လူမရောက်သည်မျာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သဖြင့် အကုန်လုံး ဖုန်တလိမ်းလိမ်းနှင့် ဖြစ်နေခဲ့သည်။

ကုတင်ပေါ်တွင် ထိုင်ရင်း ညတစ်ညအကြောင်း သူပြန်စဉ်းစားမိလိုက်သည်။ ထိုည၌ သူအိမ်သို့ ပြန်လာသည့်အခါ ခေါင်းမိုးအပေါက်များစီမှ ဖြာကျနေသော လမင်းအလင်းရောင်၏ ပက်ဖြန်းမှုအောက်၌ သူ့ကုတင်ထက်၌ လဲလျောင်းအိပ်စက်နေသော သူ့စီနီယာမမလေး ရှနင်းချန်ကို တွေ့လိုက်ရသည်။ ထိုအချိန်က စီနီယာမမလေး၏ အလှကြောင့် သူတကယ်ကို မှင်သက်အံ့ဩခဲ့ရသည်။

ထိုအချိန်မှစ၍ သူမ၏ လှပသော ပုံရိပ်လေးသည် သူ့ရင်ထဲ မှတ်ကျောက်တင်ထားသည့်နှယ် ထာဝရ စွဲမြဲသွားတော့သည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူ့ရင်တစ်ခုလုံး နွေးထွေးသွားရ၏။ ထိုအရာ သူဘယ်တော့မှ မမေ့ပစ်နိုင်မည့် အဖိုးတန်မှတ်ဥာဏ်တစ်ခုပင် ဖြစ်လေသည်။

သူ့သစ်သားကုတင်ပေါ်တွင် ခဏလောက် ထိုင်နေပြီးနောက် စုယန်အိမ်လေးဆီ ထွက်သွားလိုက်သည်။

ထိုအိမ်လေးသည် စုယန်အဝတ်လဲနေစဉ် သူမ၏ နောက်ကျောအလှကို သူမတော်တဆ မြင်တွေ့ခဲ့သည့်နေရာ ဖြစ်သည်။ သူမ၏ နောက်ကျောအလှလေးကို ပြန်တွေးလိုက်တိုင်း သူ့ရင်တဒုတ်ဒုတ် ခုန်လာရပြီး အသက်ရှူသံပင် မြန်ဆန်လာရသည်။

ထိုအချိန်က စုယန်မှာ သူ့အား ဒေါသထွက်ပြီး ရေခဲတုံး လုပ်ပစ်ခဲ့သည်။ သို့သော်လည်း စိုင်ကော်၍ ချုံပေါ်ရောက် ဆိုသလို ထိုအဖြစ်အပျက်မှ သိုင်းပညရပ်သစ်တစ်ခုဖြစ်သော မယိမ်းယိုင်သော စိတ်ဆန္ဒကို သူနားလည်ခဲ့ရလေသည်။

ရှနင်းချန်နှင့် စုယန်သည် သူ့အတွက် အရေးအကြီးဆုံး မိန်းကလေးနှစ်ယောက် ဖြစ်သည်။ ဤနေရာတွင် သူကြီးပြင်းခဲ့သလို သူချစ်ရသူ နှစ်ယောက်နှင့်လည်း ရေစက်ဆုံခဲ့ရသည်။

ကောင်းကင်စံအိမ်တွင် ရန်ကိုင်အတွက် အမှတ်တရများစွာ ရှိနေခဲ့သည်။

ထိုရင်းနှီးနေသော လမ်းများပေါ် လျှောက်ရသည်မှာ လွန်ခဲ့သော နှစ်များစွာက ကောင်းကင်စံအိမ်၏ တပည့် တစ်ယောက်အဖြစ်သို့ ပြန်ရောက်သွားသလို ခံစားရသည်။

ထောက်ပံ့ရေးခန်းမသည် အရင်းအတိုင် ရှိနေဆဲပင်။ စားပွဲခုံနောက်တွင် ပျင်းရိပျင်းတွဲဖြင့် ထိုင်နေလျက် ဖြတ်သွားဖြတ်လာ မိန်းမလှလေးများကို အားပါးတရ ငမ်းနေရင်း ရင်သားအရွယ်အစား၊ တင်သားအရွယ်အစားတို့ကို ခန့်မှန်း ပြောဆိုနေသည်ကို ဘဏ္ဏာထိန်းမန်ကို ပြန်မြင်နေရသလို။

သိုင်းပညာရပ်ခန်းမသည်လည်း မပြောင်းမလဲ ရှိနေဆဲပင်။

လက်ရှိရန်အတွက်အတူ ထိုအရာများသည် အမှတ်တရ အဖြစ်သာ ကျန်ရစ်တော့ကာ ဘာမှ အသုံးမဝင်တော့ချေ။

မကြာမီ ရစ်ခွေနဂါးစမ်းချောင်းဆီသို့ သူရောက်လာခဲ့သည်။ အစွန်းတွင်ရပ်နေသည့်အခါ အဆုံးမရှိတမျှ နက်ရှိုင်းလှသော ချောက်နက်တွင်းမှ တဝီဝီဖြင့် တိုက်ခတ်နေသော လေတိုးသံများကို ကြားနေရသည်။

အနားတွင် ရှိနေသော အသီးပင်များသည်လည်း လေနှင့်အတူ ယိမ်းနွဲ့နေခဲ့သည်။ အသီးများပင် ရန်ကိုင် အတိတ်က စိုက်ခဲ့သော အပင်များ ဖြစ်ပေသည်။ ယခင်ကမူ ထိုအပင်များသည် သူထက် ရှည်ရုံလေးသာ ရှည်ခဲ့သော်လည်း ယခုမူ သူ့တစ်ရပ်စာကို ကျော်လွန်၍ သူ့အား အရိပ်အာဝါသ ပေးနိုင်သည့် အမြင့်ထိ ကြီးထွားနေခဲ့လေပြီ။

ရပ်နေရာမှ ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြီး ရစ်ခွေနဂါး စမ်းချောင်းထဲသို့ ခုန်ဆင်းသွားလိုက်သည်။

လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ပြီး ဟိုးယခင်က သူကြိုးစားပန်းစား ဖန်တီးထားခဲ့ရသော နေရာအိမ်လေးထဲသို့ ဝင်လိုက်သည်။

ထိုလိုဏ်ဂူလေးထဲ ရှနင်ချန်း စိုက်ပျိုးထားသော သစ်ပင်လေးများ ရှင်သန်ကြီးထွဦးနေဆဲ။ နတ်ဆိုးချီများ ပျောက်ကွယ်သွားပြီးနောက် ထိုအပင်များ တစ်ဖန်ပြန်လည် ရှင်သန်ကြီးထွားလာခဲ့ရာ ယခုဆိုလျှင် လိုဏ်ဂူတစ်ခုလုံး အစိမ်ရောင်သန်းနေခဲ့လေပြီ။

လိုဏ်ဂူဝင်ပေါက်ဘေးတွင် စိုက်ပျိုးထားသော ပန်းပွင့်အချို့လည်း ရှိနေခဲ့သည်။

ဤလိုဏ်ဂူလေးထဲ ရှနင်းချန်နှင့် စုယန်တို့၏ ကိုယ်သင်းရနံ့တို့ကိုပင် ရနေသေး၏။

ဤနေရာသည် သူတို့သုံးယောက် ပျော်ရွှင်ကြည်နူးခဲ့ရာ နေရာတစ်ခုလည်း ဖြစ်သည်။ သူနှင့်စုယန်တို့ ကုတင်ပေါ် လုံးထွေးနေချိန်၊ သူ့စီနီယာမမလေးသည် ကျောက်ကုတင်ထက် လှဲကာ အိမ်နေခဲ့သည်။

ဝင်ပေါက်ကို မျက်နှာမူလျက် ကုတင်ပေါ် တင်ပလင်ခွေ ထိုင်လိုက်ကာ စိတ်နှင့်ခန္ဓာကိုယ် အေးငြိမ်းသွားအောင် လုပ်လိုက်သည်။ ထိုအမှတ်တရများအကြောင်း ပြန်စဉ်းစားလိုက်ပြီးနောက် သူ့ဝိဥာဉ်သည် အရမ်းကိုမှ သက်သောင့်သက်သာ ဖြစ်သွားလို ခံစားလိုက်ရသည်။

တဝှီဝှီ မြည်သံနှင့်အတူ ရန်ကိုင် ခန္ဓာကိုယ် စတင် တုန်ရီလာခဲ့ပြီး သူ့ကိုယ်တွင်းရှိ အစစ်အမှန်ချီသည်လည်း အားကောင်းလှသော မြစ်တစ်စင်းနှယ် သူ့သွေးကြောများထဲ တဝေါဝါး စီးဆင်းလာခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၃၀)

နှစ်ရက်ကြာပြီးသည့်အခါ ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့သည်။ ထို့နောက် သူစိတ်ရှုပ်ထွေးသွားခဲ့သည်။

လက်ရှိ အခြေအနေကို သူနားမလည်နိုင် ဖြစ်နေခြင်းပင်။

ကောင်းကင်စံအိမ်သို့ ပြန်ရောက်ပြီး ရင်းနှီးနေသည့် နေရာများကို ပြန်သွားရင်း ထူးဆန်းသည့် အခြေအနေထဲသို့ ရုတ်တရက် ရောက်သွားခဲ့သည်။ အစကမူ အဆင့်ချိုးတော့မည်ဟု ထင်သဖြင့် သူ့ခန္ဓာကိုယ်ကို ဒီအတိုင်း လွှတ်ပေးထားလိုက်သည်။ အဆင့်ချိုးဖျက်မည် ဖြစ်ရာ ချိုးဖျက်တော့ပါစေပေါ့။ သို့သော် သူပြန်နိုးလာပြီးနောက် သူတော်စင်အဆင့်သို့ မရောက်သေးကြောင်း တွေ့လိုက်ရ၏။

သူသည် မသေမျိုးတတိယအဆင့် ဖြစ်နေတုန်းပင်။ သို့သော် ကိုယ်တွင်းရှိ အစစ်အမှန်ချီစီးကြောင်းသည် ယခင်ကနှင့် သိပ်မတူတော့ပေ။

မျက်လုံးမှိတ်၍ သူ့ကိုယ်တွင်းကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သွေးကြောထဲရှိ အစစ်အမှန်ချီသည် သန့်စင်မှုပိုင်းတွင်ရော၊ သိပ်သည်းမှု ပိုင်းတွင်ပါ ပို၍ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။ ယခင်အစစ်အမှန်ချီသည် မြစ်တစ်စင်းထဲရှိ ရေနှင့် တူသည်ဆိုပါက လက်ရှိ အစစ်အမှန်ချီသည် အခဲအသွင်လုလု ဖြစ်တည်လုနိးနီး ဖြစ်သော အရည်နှင့် တူနေပေသည်။

မသုံးသည့်အခါ လွတ်လွတ်လပ်လပ် မစီးဆင်းတော့။ သို့သော် ရန်ကိုင်က လှည့်ပတ်လိုက်သည်နှင့် ၎င်းသည် ပို၍ အားကောင်းလာ၍မက အဖျက်စွမ်းအင်မှာလည်း ပို၍ ပြင်းထန်လာပေသည်။

ဒန်တန်ထဲတွင် သိုလှောင်ထားသော ယန်အရည်လည်း ပြောင်းလဲသွားခဲ့သည်။ လက်ရှိ ယန်အရည်စက်များသည် အရည်ဖျော်ထားသော ရွှေနှင့်မတူတော့ဘဲ တလက်လက် တောက်ပနေသော ရွှေရောင်ကျောက်လုံးလေးများနှင့်ပင် တူနေသေးသည်။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားမှန်း ရန်ကိုင် တကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူ့ခန္ဓာကိုယ် အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် ပက်သက်၍ မူမမှန်သည့် အရာတစ်ခုတစ်လေကိုမှ ရှာမတွေ့ခဲ့ပေ။ နေရထိုင်ရသည်မှာ ယခင်ကထက်ပင် ပို၍ သက်သောင့်သက်သာ ရှိလာသေးသည်။ ထိုအစစ်အမှန်ချီ ပြောင်းလဲသွားမှုသည် သူ့အား ဘေးဒုက္ခမဖြစ်စေဘဲ ကောင်းကျိုးသာ ဖြစ်စေသည့် ပုံပင်။

အနည်းဆုံး ပိုသန်မာလာသလို သူခံစားရသည်။

ထို့နောက် ရန်ကိုင်သည် လီရုန်နှင့် ဟန်ဖေးတို့အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းခေါ်လိုက်သည်။ ခဏအကြာ၌ လီရုန်နှင့် ဟန်ဖေးတို့ ရောက်ရှိလာခဲ့လေ၏။

“သခင်၊ ဘာအမိန့်ပေးချင်လို့ပါလဲ”

ထိုနှစ်ရက်အတောအတွင်း လီရု်နှင့် ဟန်ဖေးတို့သည် ကောင်းကင်စံအိမ်၏ ဧည့်သည်များ ဖြစ်နေခဲ့ကြသည်။ ရံဖန်ရံခါ ဂိုဏ်းအတွက်လိုအပ်သည့် ကိစ္စအချို့နှင့် ပက်သက်၍ ဝင်ရောက် ကူညီပေးကြသည်။ ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေမှန်း သူတို့လည်း သတိပြုမိသဖြင့် သူ့အား လာရောက်မနှောက်ယှတ်ကြပေ။

“ခင်ဗျားတို့ နှစ်ယောက်ကို မေးစရာရှိလို့” ရန်ကိုင်က သူမတို့ နှစ်ယောက်ကို ထိုင်ရန် အချက်ပြလိုက်သည်။

မိန်းကလေး နှစ်ယောက်စလုံး ပြုံးလိုက်သည်။ အေးစက်စက် မျက်နှာထားပိုင်ရှင် ဟန်ဖေးပင်လျှင် နွေးထွေးဖော်ရွေစွာ ပြုံးနေခဲ့သည်။

သူမတို့၏ အမြင်တွင် ရန်ကိုင်သည် အကုန်သိ၊ အကုန်တတ်ပင်။ သို့သော် ယခုတစ်ကြိမ်၌ သူသည် သူမတို့ဆီမှ အကြံဥာဏ်တောင်းလာခဲ့လေပြီ။ ထို့ကြောင့် သူမတို့လည်း အံ့အားသင့်နေခဲ့ရသည်။

နှစ်ယောက်သား ထိုင်လိုက်ပြီးနောက် လီရုန်က မေးလိုက်လေသည် “ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး သခင် မရှင်းလင်းတာ တစ်ခုခုများ ရှိလို့လား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ကျုပ်အစစ်အမှန်ချီကို စစ်ဆေးကြည့်ပေးပါလား”

“အစစ်အမှန်ချီနဲ့ ပက်သက်ပြီး တစ်ခုခု ဖြစ်နေလို့လား” ဟန်ဖေး ထိတ်လန့်သွားခဲ့သည်။

“ကောင်းပါပြီ၊ သခင်။ ကျွန်မတို့ စပြီနော်” လီရုန်သည် ဘာအပိုစကားမှ ထပ်ပြောမနေတော့ဘဲ ရန်ကိုင်၏ အစစ်အမှန်ချီကို သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လေသည်။

ခဏအကြာ၌ လီရုန်၏ မျက်လုံးလေးများ ရုတ်တရက် ဝင်းပသွားခဲ့ပြီး “အစစ်အမှန်ချီသန့်စင်ခြင်းလား”

ဟန်ဖေးလည်း အံ့အားသင့်နေခဲ့သည်။ ရန်ကိုင်အား ပျော်ရွှင်စွာပြုံးပြ၍ ပြောလိုက်လေသည် “ဂုဏ်ယူပါတယ်သခင်။ ဒီအမြန်နှုန်းနဲ့ဆိုရင် သခင့်အတွက် သူတော်စင်အဆင့်ကို ချိုးဖျက်ဖို့က သိပ်ကြာတော့မှာ မဟုတ်ဘူး”

“အင်း။ အစစ်အမှန်ချီသန့်စင်ခြင်းကိုတောင် ရသွားပြီဆိုတော့ သခင်ရဲ့ အမြန်နှုန်းအရ တွက်ကြည့်မယ် ဆိုရင် နောက်နှစ်နှစ်၊ သုံးနှစ်အတွင်း သူတော်စင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်။ အဲ့ဒါက ဒီအတိုင်းပဲ တွက်တားထာ။ ဈာန်ဝင်စားတာတို့၊ အခြား အခွင့်အရေးတွေကို ထည့်တွက်မထားသေးဘူး”

“ရပ်လိုက်တာ့” ရန်ကိုင် မျက်မှောင်ကြုံ့လျက် ပြန်မေးလိုက်သည် “အစစ်အမှန်ချီသန့်စင်ခြင်းဆိုတာ ဘာလဲ အရင်ရှင်းပြဦးမယ်။ ကျုပ်သူတော်စင်အဆင့်နဲ့ သိပ်မဝေးတော့ဘူးလို့ ဘာလို့ ဒီလောက် သေချာနေတာလဲ”

ထိုမေးခွန်းကြောင့် လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။ ထို့နောက် နှစ်ယောက်စလုံး ရုတ်တရက် ကောက်ရယ်ချတော့လေသည်။ လိုဏ်ဂူလေးထဲ ဆည်းလည်းသံကဲ့သို့ ချိုသာသော သူမတို့၏ ရယ်သံလေးများ ပဲ့တင်ထပ်သွားခဲ့လေသည်။

ရန်ကိုင် မျက်နှာ အောက်သိုးသိုး ဖြစ်သွားခဲ့သည်။

သူမတို့၏ ရယ်မောနေသည့်ပုံစံသည် သူအား လှောင်ပြောင်နေသလို ရန်ကိုင် ခံစားနေရ၏။ အစစ်အမှန်ချီ သန့်စင်ခြင်းကို မသိခြင်းသည် ထိုမျှ ရယ်စရာကောင်းရလေသလား။

သို့သော်လည်း အလှောင်ပြောင်ခံဖြစ်သော ရန်ကိုင်၊ ဘာမှမသိသည်မှာတော့ အမှန်ပင်။

“ခင်ဗျားတို့နှစ်ယောက် ရယ်လို့ဝပြီလား” ရန်ကိုင်က ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

ရန်ကိုင် ရှက်ရှက်နှင့် ဒေါသထွက်လာသည်ကို သတိပြုမိသော်၊ လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး အရယ်ပိုးကို ချက်ချင်း သတ်လိုက်ကြသည်။ သို့သော် မရယ်မိအောင် ပါးစပ်ကို လက်ဖြင့် အုပ်ထားရဆဲ။ ပုခုံးလေးများကမူ ရယ်ချင်စိတ်ကြောင့် တသိမ့်သိမ့် တုန်နေခဲ့သည်။

ရန်ကိုင်အဖို့ စိတ်ညစ်ညစ်ဖြင့် ကိုယ်နဖူးကိုယ် ပွတ်နေရုံသာ တတ်နိုင်တော့သည်။

ခဏအကြာမှပဲ လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက် အရယ်ပိုးကို သတ်နိုင်ခဲ့ကြလေသည်။ လီရုန်က မေးလိုက်သည် “သခင် ကျင့်ကြံတဲ့နေရာမှလေ တစ်ယောက်ယောက်က ညွှန်ကြားပေးတာမျိုး ရှိဖူးလား”

“ဘာလို့ အဲ့လိုမေးတာလဲ”

“ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်သာ သခင့်ကို ညွှန်ကြားပေးဖူးခဲ့ရင် အစစ်အမှန်ချီသန့်စင်ခြင်း ဆိုတာကို သခင်သိလိမ့်မယ်။ အစစ်အမှန်ချီ သန့်စင်ခြင်းဆိုတာ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ လမ်းစပဲ”

“သူတော်စင်အဆင့်ရောက်ဖို့လမ်းစပဲ၊ ဟုတ်လား” ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားသွားပြီး “ဆက်ပြောပါဦး”

လီရုန်နှင့်ဟန်ဖေးတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆက်ရှင်းပြလိုက်သည်။

“ဒီလောကကြီးမှာ မသေမျိုးအဆင့် ပညာရှင်တွေ အများကြီးပဲ။ ဒါပေမယ့် သူတော်စင်အဆင့်ကို အမှန်တကယ် ချိုးဖျက်သွားနိုင်တဲ့လူကတော့ တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ သူတော်စင်အဆင့်ကို မရောက်တဲ့လူ ဘာလို့ ဒီလောက်တောင် မများတာလဲ ဆိုတော့ အစစ်အမှန်ချီသန့်စင်ခြင်းကို သူတို့ မရရှိနိုင်ခဲ့လို့ပဲ”

“ကျင့်ကြံသူတစ်ယောက် စတင်လေ့ကျင့်ပြီ ဆိုတာနဲ့ သူတော်စင်အဆင့်ကို မရောက်ခင်အထိ အဆင့်တစ်ဆင့်ပြီး တစ်ဆင့်ကို ချိုးဖျက်ရလိမ့်မယ်။ အတားအဆီးတွေကိုလည်း တစ်ခုပြီးတစ်ခု ကြုံတွေ့ရလိမ့်မယ်။ နောက်ပိုင်းကတော့ ပိုပိုပြီး ခက်ခဲလာတာပေါ့။ အဆင့်ကြီး တစ်ဆင့်ချိုးဖျက်သွားတိုင်း ခန္ဓာကိုယ်က အသစ်ပြန်မွေးဖွားလိုသလိုပဲ။ ဒါပေမယ့် ဒီဖြစ်စဉ် တစ်လျှောက် အဓိကျတဲ့ ပြောင်းလဲမှုနှစ်ခုကို ကြုံတွေ့ရမယ်”

“တစ်ခုက၊ ချီသန့်စင်ခြင်းအဆင့်ကနေ အစစ်အမှန်ဒြပ်စင် အဆင့်ကို ချိုးဖျက်တဲ့အချိန် ယွမ်ချီကနေ အစစ်အမှန်ချီအဖြစ်ကို ပြောင်းလဲသွားတာပဲ။ အဲ့ချီနှစ်ခု ဘယ်လောက်တောင် ကွာလဲ ဆိုတာကို သခင်လည်း ကောင်းကောင်းသိမယ်လို့ ကျွန်မ ထင်တယ်”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။

“ဒုတိယတစ်ခု သူတော်စင်အဆင့်ကနေ မသေမျိုးအဆင့်ကို ချိုးဖျက်တဲ့အချိန်ပဲ” လီရုန်က စိတ်အားတက်ကြွနေသည့် လေသံဖြင့် “ဘာလို့လဲဆိုတော့ သူတော်စင်တစ်ယောက်ရဲ့ ကိုယ်ထဲမှာ စီးဆင်နေတာက အစစ်အမှန်ချီမဟုတ်ဘူး”

“အစစ်အမှန်ချီ မဟုတ်ဘူးလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ သူနားသူ မယုံကြည်နိုင် ဖြစ်နေခဲ့ပြီ။

ထိုအကြောင်းကို သူ့အား မည်သူ တစ်ဦးတစ်ယောက်မှ မပြောပြခဲ့ဖူးပေ။

“ဟုတ်တယ်။ သူတော်စင်တစ်ယောက်ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေတာ သူတော်စင်ချီပဲ။ သူတော်စင်ချီနဲ့ အစစ်အမှန်ချီ ကြားက စွမ်းအား ကွာခြားချက်ကလည်း အရမ်းကို ကြီးမားတယ်”

ရန်ကိုင် ထပ်မံ ထိတ်လန့်သွားရပြန်သည်။ ယခုတစ်ကြိမ်၌ အတော်ကြာသည်အထိ စကားပင် ပြန်မပြောနိုင် ဖြစ်ခဲ့ရသည်။

ဟန်ဖေးက ခဏလောက် စဉ်းစား၍ ဆက်ပြောလိုက်သည် “နမူနာပြောရရင် အရွယ်အစားတူတဲ့ အဆင့်နိမ့် သလင်းကျောက် တစ်တုံးထဲမှာ ပါတဲ့စွမ်းအင်က အဆင့်မြင့် သလင်းကျောက်တုံး တစ်တုံးထဲမှာ ပါတဲ့ စွမ်းအင်ထက် ပိုနည်းတယ်။ ဒါပေမယ့် အဲ့အဆင့်မြင့် သလင်းကျောက်ထဲမှာ ပါတဲ့ စွမ်းအင်က သူတော်စင်အဆင့် သလင်းကျောက်ထဲမှာ ပါတဲ့ စွမ်းအင်ကို နည်းနည်းလေးတောင် မယှဉ်နိုင်ဘူး။ ယွမ်ချီဆိုတာ အဆင့်နိမ့်ကျောက်တုံးပဲ။ အဆင့်မြင့်ကျောက်တုံးကတော့ အစစ်အမှန်ချီပေါ့။ နောက်ဆုံး သူတော်စင်သလင်းကျောက်က သူတော်စင်ချီပဲ”

ထိုအခြေခံကျသည့် အချက်ကို ရန်ကိုင် လုံးဝ မသိခဲ့ပေ။

“အခွင့်အရေးတစ်ခုခုကြောင့် သခင့်ကိုယ်ထဲမှာ ရှိနေတဲ့ အစစ်အမှန်ချီတွေက သူတော်စင်ချီအဖြစ် ပြောင်းလဲသွားပြီ။ အဲ့ပြောင်းလဲခြင်းဖြစ်စဉ် ပြီးသွားပြီဆိုတာနဲ့ သူတော်စင် အဆင့်ကို သခင် ချိုးဖျက်နိုင်လိမ့်မယ်” လီရုန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အရင်တုန်းက ဘယ်သူကမှ သခင့်ကို မပြောပြဖူးဘူးလား” ဟန်ဖေးက အံ့ဩတကြီးဖြင့် မေးလိုက်သည်။

အစစ်အမှန်ချီသန့်စင်ခြင်းနှင့်ပက်သက်၍ တစ်ခွန်းပင် မဟခဲ့ခြင်းမှာ ရန်ကိုင်သည် ထိုအကြောင်းကို သိနှင့်ပြီးပြီဟု သူတို့ ထင်နေသောကြောင့်ပင်။ ထိုအကြောင်းမှာ လူတိုင်း သိသည့် အချက်ပင် မဟုတ်လေလော။ သို့သော်လည်း ရန်ကိုင်သည် ထိုအကြောင်းကို နည်းနည်းမျှပင် မသိ ဖြစ်နေလိမ့်မည်ဟုတော့ သူတို့ မထင်ခဲ့ချေ။

“ဘယ်သူမှ မပြောခဲ့တာလည်း မထူးဆန်းပါဘူးလေ” လီရုန်က ပြုံးလိုက်ပြီး “သခင့် ကျင့်ကြံနှုန်းက တအား မြန်နေတာကိုး။ သခင့်နားမှာ ရှိနေတဲ့ အကြီးအကဲတွေက သခင် ဒီလောက် မြန်မြန် အဆင့်တက်လိမ့်မယ်လို့မှ မထင်ထားတာ။ သခင့်ကို ဒီအကြောင်း နောက်မှ ပြောပြဖို့ လုပ်ထားတာနဲ့ တူတယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။

“အခု ကျုပ်ဘာလုပ်ရမလဲ” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

“ဘာမှလုပ်စရာမ လိုဘူး။ ဒီအတိုင်းသာ ဆက်သွားနေလိုက်” လီရုန်က ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒီအစစ်အမှန်ချီသန့်စင်ခြင်း ဖြစ်စဉ်ကို အရှိန်မြှင့်လို့ကော ရလား” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး “ကျုပ်အစစ်အမှန်ချီကို ယွမ်ချီအဖြစ် ပြောင်းလဲတုန်းက သန့်စင်နှုန်းမြင့်အောင်၊ ပြောင်းတာ ပိုမြန်အောင်ဆိုပြီး ဆေးအချို့ သုံးခဲ့သေးတယ်”

“သခင့် အုတ်မြစ်ကိုမှ မတည်ဆောက်ရသေးတာ၊ အဲ့တော့ အမြန်နှုန်းကို မြှင့်လို့ရတာပေါ့။ ဒါပေမယ့် အစစ်အမှန်ချီ သန့်စင်ခြင်း ဆိုတာက ကိုယ့်ရဲ့ အုတ်မြစ် တည်ဆောက်ပြီးတဲ့ နောက်ပိုင်းမှပဲ ဖြစ်ပေါ်လာတာ။ ဒါကြောင့် ဒါကို အရှိန်မြှင့်လို့ မရဘူး။ ဒီပုံမှန်နှုန်းအတိုင်း သွားလို့ပဲရတယ်”

“ကျုပ်နားလည်ပြီ” ရန်ကိုင် သက်ပြင်းချလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ပျော်နေမိပေသည်။

အစစ်အမှန်ချီသည် သူတော်စင်ချီအဖြစ်သို့ ပြောင်းလဲသွားသည့်နောက်၊ သူတော်စင်အဆင့်၏ နက်နဲဆန်းကြယ်မှုများကို နားလည်သဘောပေါက်နိုင်ကာ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

သူတော်စင်အဆင့်နှင့် ပက်သက်သော သဘောတရား၊ ဆန်းကြယ်မှုများအား နားမလည်နိုင်မည်ကို သူစိတ်မပူ။ သူ့အတွက်တော့ ထိုအရာသည် ခက်ခဲသည့် ကိစ္စမှ မဟုတ်လေရာ။

သူတော်စင်အဆင့် ပညာရှင်များစွာ၏ နားလည်သဘောပေါက်မှု၊ ထိုးထွင်းဆင်ခြင်မှုများကို လေ့လာပြီးသည့်တိုင် ထိုမျှလောက်ကိုမှ နားမလည်နိုင်လျှင် သူလူမလုပ်သင့်တော့။

ယခု သူ့ကိုယ်ထဲရှိ အစစ်အမှန်ချီ လုံးလုံးလျားလျား အသွင်ပြောင်းလို့ ပြီးသည်အထိသာ စောင့်ရန် လိုတော့သည်။ ထို့ကြောင့် သူတော်စင်အဆင့်သို့ သူချိုးဖျက်နိုင်မည့် အချိန်သည် လီရုန် တွက်ချက်ထားခဲ့သည်ထက် ပိုနည်းလောက်၏။

သူ့အတွေးကမ္ဘာထဲ သူ့ဘာသာ နစ်မြောနေပြီးနောက် ရန်ကိုင်က သူတောစင်အဆင့်ကိစ္စကို ဘေးချထားလိုက်ပြီး မတ်တပ်ရပ်၍ “ကောင်းကင်စံအိမ် အခြေအနေကော ဘယ်လိုရှိလဲ”

“အခြေကျသွားပြီလို့ ပြောလို့ရတယ်” လီရုန်က ပြန်ပြောလိုက်သည်။

“ကောင်းတယ်။ အဲ့လိုဆိုရင် ထွက်လို့ရပြီပေါ့” ပြောပြီးနောက် လိုဏ်ဂူလေးထဲမှ အပြင်သို့ ပျံသန်း ထွက်သွားလေသည်။

ကောင်းကင်စံအိမ်ကိစ္စကို ဖြေရှင်းပြီးနောက် ဗဟိုမြို့တော်သို့ ချက်ချင်း ထွက်ခွာရန် စဉ်းစားထားခြင်း ဖြစ်သည်။ သို့သော် ထိုမမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် သူ့မှာ နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။

ကောင်းကင်စံအိမ်သည် ဂိုဏ်းသုံးဂိုဏ်းမှ တပည့်များ၊ အကြီးအကဲများဖြင့် ပြည့်နေခဲ့လေပြီ။ နေစရာအိမ် အလုံအလောက် မရှိသဖြင့် တပည့်များစွာတို့မျာ မြေကြီးကို အိပ်ရာအဖြစ်သုံး၍ ကောင်းကင်ကို စောင်အဖြစ် အသုံးပြုနေခဲ့ရသည်။

အဓိကခန်းမထဲတွင် စုမူနှင့် ကောင်းကင်စံအိမ်မှ အကြီးအကဲများသည် သွေးတိုက်ပွဲဂိုဏ်းမှဟူမန်၊ ဟူညီအစ်မနှစ်ယောက်၊ မုန်တိုင်းစံအိမ်မှ ရှောင်ရို့ဟန်၊ ဖန်ဇီကျိတို့နှင့် ထိုင်နေခဲ့သည်။

ရန်ကိုင် ရောက်လာသည့်အချိန်တွင် သူတို့သည် တစ်ခုခု အကြောင်း ဆွေးနွေးနေကြသည့်ပုံပင်။

သူအခန်းထဲသို့ ဝင်လာလိုက်သည်နှင့် အကုန်လုံး၏ အကြည့်သည် သူ့ပေါ်သို့ စုံပြုံရောက်ရှိလာခဲ့သည်။

“ယောက်ဖ၊ မင်းဗဟိုမြို့တော်ဆီ သွားတော့မလို့လား” စုမူက မေးလိုက်သည်။

“ဟုတ်တဘ်”

“အဲ့လိုဆိုရင် အောင်ပွဲမြန်မြန်ယူပြီး မြန်မြန် ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွဦ”

ရန်ကိုင် စုမူကို အံ့အားသင့်တကြီး စိုက်ကြည့်နေလိုက်သည်။

စုမူက သွားပေါ်အောင် ပြုံးပြလိုက်ပြီး “ငါတို့ ကိုယ့်အကြောင်း ကိုယ်သိပါတယ်ကွာ။ ငါတို့သာ လိုက်လာရင် မင်းကို ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမှာ။ ဒါပေမယ့် ယောက်ဖရေ၊ အဲ့ကောင်တွေကို တစ်သက်မမေ့လောက်မယ့် သင်ခန်းစာ ပေးဖို့တော့ မမေနဲ့နော်။ နည်းနည်းလေးတောင် မညှာပေးနဲ့”

ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “စိတ်ချထားလိုက်။ တစ်ယောက်ကိုမှ အသက်ရှင်လျက် လွှတ်မပေးဘူး”

ပြောပြီးသည်နှင့် ရှီခွန်ကို လှမ်းခေါ်လိုက်သည်။

“ပြောပါ တော်ဝင်သခင်”

“ခင်ဗျား ဒီမှာနေပြီး ဒီနေရာကို စောင့်ရှောက်ထားလိုက်။ တစ်ယောက်ယောက် ကျူးကျော်လာရင် တော်ဝင်နယ်မြေရဲ့ နာမည်ကိုသာ ပြောလိုက်။ ကျုပ်တော်ဝင်နယ်မြေကို ဘယ်သူစိန်ခေါ်ရဲလဲ ကြည့်ချင်သေးတယ်”

“ဟုတ်ကဲ့ပါ”

All Chapters