← Chapters

အခန်း (၉၃၆-၉၄၀)

Vol. 38 Ch. 936-940

အခန်း (၉၃၆-၉၄၀)

Vol. 38 Ch. 936-940

အပိုင်း (၉၃၆)

ဆေးဘုရင်တောင်ကြား၊ တိမ်ဖုံးတောင်ထွတ်ပေါ်တွင် ရန်ကိုင်ပေါ်လာခဲ့သည်။

တောင်ထွတ်ပေါ်သို့ တိုက်ရိုက်ပျံတက်မသွားဘဲ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်တက်သွားခဲ့သည်။

တိမ်ဖုံးတောင်ထွတ်ဆိုသည်မှာ ဤလောကကြီးမှ ဆေးပညာရှင်များအတွက် ထွတ်မြတ်နယ်မြတစ်ခု ဖြစ်သည်။ ထို့အပြင် မိုးမြေတစ်ခွင် နံပါတ်တစ်ဟု ကျော်ကြားသော ဆေးဝိဇ္ဇာကြီး ရှောင်ဖူချန်း နေသည့်နေရာလည်း ဖြစ်သည်။ ဤနေရာသို့ ရောက်လာသည့်သူတိုင်း ရှောင်ဖူချန်းအား လေးစားသမှုအနေဖြင့် တောင်ထိပ်ပေါ်သို့ လမ်းလျှောက်၍သာ တက်ကြသည်။

အတိတ်တွင် ရန်ကိုင်သည်လည်း ဆေးဘုရင်တောင်ကြား၌ နေထိုင်ခဲ့ဖူးသည်။ ရှောင်ဖူးချန်းလက်အောက်တွင် ဆေးပညာကို တစ်ကြိမ်တစ်ခါမှ မသင်ကြား၊ မလေ့လာခဲ့ဖူးသော်လည်း ထိုလူအိုကြီးသည် ရန်ကိုင်အား အကျိုးရှိသည့် သင်ခန်းစား များစွာကို သင်ကြားပေးခဲ့သည်။

ရန်ကိုင် ဘဝခရီးလမ်းတစ်လျှောက် ထိုသင်ခန်းစားများသည် သူ့အား အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။

ထိုလူအိုကြီးနှင့် သူ့အား စောင့်ရှောက်ပေးနေသော အမျိုးသမီးလှလှ နှစ်ယောက်ကို ရန်ကိုင် အမှန်တကယ်ကို လေးစားပေသည်။ သူတို့သည် သူ့အတွက် အကောင်းဆုံးသော အရင်းအမြစ်များနှင့် အထောက်အပံ့များကို တုန့်ဆိုင်းခြင်းမရှိ ပေးခဲ့ကြသူများ မဟုတ်ပေလော။

ထိုသုံးယောက်သည် သူဆေးဘုရင်တောင်ကြားတွင် ရှိစဉ်က သူ့ဆီမှ မည်သည့် အဖိုးအခမှမတောင်းဘဲ သူ့အား အလကား ကူညီပေးခဲ့သည်။

ယခုတစ်ကြိမ် ထိုသုံးယောက်ကိုပေါ ထုန်းရွှမ်လောကကြီးသို့ ခေါ်သွားရန် စီစဉ်ထားပေသည်။

ရှောင်ဖူချန်း၏ တစ်သက်လုံးမျှော်လင့်တောင်တခဲ့ရသည့် ဆန္ဒမှာ စိတ်ဝိဥာဉ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ရန် ဖြစ်သည်။ သို့သော် ဤလောကကြီး၏ အချုပ်အနှောင်များကြောင့် ထိုအဆင့်သို့ မရောက်ရှိနိုင်ခဲ့ချေ။

သို့သော် သူသာ ထုန်းရွှမ်လောကကြီးဆီသို့ ရောက်သွားသည်နှင့် စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်ရန်မှာ ရှောင်ဖူချန်းအတွက် အရမ်းကိုမှ လွယ်ကူသွားပေလိမ့်မည်။

ရန်ကိုင်သည် တိမ်ဖုံးတောင်ထွတ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်တက်နေခဲ့သည်။ တောင်ကြောတစ်လျှောက် ပေါက်ရောက်နေသော ဆေးပင်များကို ကြည့်ရင်း ဤနေရာတွင် နေခဲ့သော နှစ်လအချိန်ကို ပြန်သတိရမိလိုက်သည်။

အတိတ်အကြောင်း ပြန်စဉ်းစားမိသော် ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဆေးဘုရင်တောင်ကြားသည် သူရှိစဉ် အချိန်ကကဲ့သို့ ရှိနေဆဲပင်။ များများစားစား ပြောင်းလဲသွားခြင်းမရှိ။ ဝူကျုန်းသည် သူ့လက်အောက်ငယ်သားများကို ဦးဆောင်၍ ဤလောကထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ဆေးဘုရင်တောင်ကြားသို့ မရောက်သေးသည့်ပုံပင်။

ခဏအကြာ၌ တောင်ထိပ်ပေါ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ခါတိုင်းကဲ့သို့ပင် တောင်ထိပ်ပေါ်၌ ဟိုတစ်နေရာ၊ ဒီတစ်နေရာ တည်ဆောက်ထားသော အိမ်လေး အနည်းငယ်သာ ရှိနေခဲ့သည်။

ရက်ကျက်လှပသော အမျိုးသမီးနှစ်ယောက်သည် သစ်ရွက်ခြောက်များကို လှည်းကျင်းနေခဲ့သည်။ အလုပ်လုပ်နေစဉ် သူတို့ဆံပင်များကို မညစ်ပတ်လေရအောင် ပိုးချည်ကွင်းများဖြင့် စည်းနှောင်ထုံးချည်ထားလေသည်။

ခြေသံကြားသဖြင့် အမျိုးသမီးနှစ်ယောက်သည် နဖူးထက်တွင် ဝေ့သီနေသော ချွေးများကိုသုတ်လျက် ခေါင်းမော့ကြည့်လိုက်၏။

“ဒေါ်လေးရှန်၊ ဒေါ်လေးလန်” ရန်ကိုင်က အပြုံးကြီးပြုံးလျက် လှမ်းအော်ခေါ်လိုက်သည်။

“နင်က…” ဒေါ်လေးရှန်မှာ ရန်ကိုင်ကို မြင်မြင်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် လက်ထဲရှိ တံမြက်စည်းကို ခဏ ချထားလိုက်ပြီး အလျင်စလို မေးလိုက်လေသည် “ရန်ကိုင်လား”

“ကျွန်တော် မဟုတ်လို့ ဘယ်သူဖြစ်ရမှာတုန်း”

ဒေါ်လေးလန်လည်း အလျင်စလို ပြေးလာခဲ့သည်။ သူ့ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းလေး တညိတ်ညိတ်ဖြင့် နှုတ်ခမ်းလေးကိုကွေးလျက် ပြုံးကာ “နှစ်တွေကြာသွားတော့ နင့်ရုပ်ကိုတောင် မမှတ်မိချင်တော့ဘူး”

“အင်း။ အခုမှပဲ ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်တော့တယ်။ အရင်တုန်းကဆို ပိန်ညှောင်နေတာပဲ” ဒေါ်လေးရှန်က နွေးထွေးစွာ နှုတ်ဆက်လိုက်သည် “လာထိုင်လေ”

“အင်း”

တဲတစ်လုံးအတွင်း၊ ရိုးရှင်းသော စားပွဲတစ်လုံးကိုဝိုင်း၍ သုံးယောက်သား ထိုင်နေခဲ့ကြသည်။ သူတို့ရှေ့တွင်မူ လက်ဖက်ရည် သုံးခွက်ရှိနေခဲ့သည်။

ဒေါ်လေးလန်က ပြောလိုက်သည် “နင့်ကို ဧည့်ခံစရာ ဘာမှ များများစားစားတော့မရှိဘူး။ ဒါပေမယ့် နင့်အိမ်လိုပဲ သဘောထားနော်”

“ဒေါ်လေးလန်က အရမ်းဖော်ရွေတာပဲ” ရန်ကိုင်က သူ့ရှေ့ရှိ လက်ဖက်ရည်ကို မော့သောက်ချလိုက်ပြီး ပြုံး၍ “မတွေ့တာ ကြာသွားပေမယ့် ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်က နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး။ အရင်လို ငယ်တုန်း၊ လှတုန်းပဲ”

အမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

“နင်ကတော့ ပိုပြီးတော့တောင် အာသွက်၊ လျှာသွက် လာသေးတယ်။ အပြောလေးတွေဆိုရင်လည်း ချိုနေတာမှ တချိုချိုတောင် မြည်နေပြီ” ဒေါ်လေးရှန်က ကျီစယ်လိုသည့် အပြုံးကို ဆင်မြန်းလျက် “ကောင်မလေးတွေ အများကြီးကို လှည့်စားပြီးသွားပြီမလား”

“ဟာ… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဗျ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဗဟိုမြို့တော်ကနေ အခြား နေရာတစ်ခုကို ထွက်သွားတယ်ဆို။ အခု ပြန်လာတာလား”

“အင်း၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပြန်လာခဲ့တာ”

“နင်အဆင်ပြေပြေ အိမ်ပြန်လာနိုင်တာ ကောင်းတယ်။ အရင်တုန်းက ဆရာရှောင်ဖူချန်းက နင့်အကြောင်း ခဏခဏ ပြောတာ။ နင်က ဆေးပညာမှာ အရမ်း ပါရမီပါပေမယ့် ဆေးပညာအကြောင်း ဘာမှမသိဘူးတဲ့”

“အင်း၊ ပြောရရင် အဲ့တုန်းက တကယ်ကို ဘာမှ နားမလည်ခဲ့တာ။ ဒါနဲ့ ဆေးဝိဇ္ဇာကြီးရော မတွေ့မိပါလား။ တံခါးပိတ်ပြီး ဆေးဖော်စပ်နေပြန်တာလား” ရန်ကိုင်က မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်သည့်အခါ ဒေါ်လေးလန်ရှန်နှင့် ဒေါ်လေးလန်တို့ မျက်နှာလေးများ ညိုးကျသွားခဲ့သည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။

“ဆေးဝိဇ္ဇာ၊သူ… သူ လွန်ခဲ့တဲ့ငါးနှစ်က သေသွားပြီ” ဒေါ်လေးရှန်က အထစ်အထစ်နှင့် ပြောလိုက်သည်။ ပြောလိုက်ရင်း သူမမျက်လုံးထဲ မျက်ရည်စတို့ ဝေ့သီလာခဲ့လေသည်။

ရန်ကိုင် ကြောင်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ သူ့ရင်ထဲ အရမ်းကိုမှ ဝမ်းနည်းသွားခဲ့ရသည်။

ဆေးဝိဇ္ဇာကြီး သူ့နေရာကို အမွေဆက်ခံမည့် တပည့်ကို ဘာကြောင့် ရှာဖွေခဲ့မှန်း ယခုမှပဲ ရန်ကိုင် နားလည်သွားခဲ့သည်။ အကြောင်းမှာ သူ့တွင် နေရမည့်အချိန် သိပ်မကျန်တော့သည့် အတွက်ကြောင့်ပဲ ဖြစ်ပေသည်။

သို့တိုင် လွန်ခဲ့သော ငါးနှစ်ကတည်းက သေသွားပြီ ဆိုသောအချက်မှာ ရန်ကိုင်အား အတော့်ကိုမှ ထိတ်လန့် သွားစေခဲ့သည်။

“ဆေးဝိဇ္ဇာကြီး…” ရန်ကိုင် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

“သူလိုချင်တာ သူရသွားတယ်” ဒေါ်လေးရှန်က ဝမ်းနည်းမှုကို မြိုသိပ်လျက် သူမအိတ်ထဲမှ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်လိုက်သည်။

“သူမသေခင် တစ်ပတ်အလိုတုန်းက သူ့နောက်ဆုံး အသက်စွမ်းအားကို အသုံးပြုပြီး စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်ခဲ့တယ်။ ဒီဆေးလုံးက သူမသွားခင် ဖော်စပ်ခဲ့တဲ့ ဆေးလုံးပဲ”

ရန်ကိုင် ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်။ သို့သော် သူ့လက်ထဲရှိ သေတ္တာသည် ထူးထူးခြားခြားကို လေးလံနေသလို ခံစားရသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ ဆေးလုံးသည် ဆေးလုံးမဟုတ်ဘဲ မွေးဖွားလာသော သက်ရှိတစ်ခု ဖြစ်သည်ဟု ခံစားနေရသည်။

သေတ္တာကို ဖွင့်လိုက်သည့်အခါ သင်းပျံ့သော ရနံ့နှင့် အားကောင်းသော ဆေးအာနိသင်တို့ ကိန်းအောင်းနေသော စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။ အရမ်းကိုမှ ထူးချွန်သော ဆေးပညာရှင်တစ်ယောက်ပင်လျှင် ထိုကဲ့သို့သော ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဆေးဝိဇ္ဇာကြီးက သူ့ဘာသာ ကျေကျေနပ်နပ်နဲ့ ထွက်သွားခဲ့တာ” ဒေါ်လေးရှန်က မျက်ရည်သုတ်လိုက်ပြီး အားတင်းဖျစ်ညစ်ပြုံးလျက် “ဒါကြောင် ငါတို့ သူ့အတွက် ဝမ်းနည်းနေစရာ မလိုဘူး။ သူမသေခင် ပြောသွားတာ ရှိသေးတယ်။ စိတ်ဝိဥာဉ်အဆင့်ဆိုတာ ဆေးပညာရဲ့ အထွဋ်အထိပ် မဟုတ်ဘူးတဲ့။ အဲ့ထက် ပိုမြင်တဲ့အဆင့်တစ်ဆင့် ရှိသေးတယ်တဲ့”

ရန်ကိုင် ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ ရှောင်ဖူချန်း၏ မြင်နိုင်စွမ်းကို ရန်ကိုင် တကယ် အံ့အားသင့်မိပေသည်။

ယခုမှ ရှောင်ဖူချန်း စိတ်ဝိဥာဉ်အဆင့် ဆေးလုံတစ်လုံးကို ဘာကြောင့် သန့်စင်ချန်ခဲ့မှန်း ရန်ကိုင် နားလည်သွားဟန်ရ၏။ ရှောင်ဖူချန်း စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို ဖော်စပ်ချင်ခဲ့ခြင်းသည် သူ့ဆေးပညာ အရည်အသွေးကို မြှင့်တင်လိုသည့် အတွက်ကြောင့် မဟုတ်ဘဲ ဤလောက၏ အချုပ်အနှောင်မှ ရုန်းထွက်လိုသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် သူအောင်မြင်ခဲ့ပေသည်။

စိတ်ဝိဥာဉ်အဆင့် ဆေးလုံးတစ်လုံး ဤလောကတွင် တစ်ခါမှ မထွက်ပေါ်ဖူးခဲ့ချေ။ သို့သော် ရှောင်ဖူချန်းက ထိုဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်။

“ဆေးဝိဇ္ဇာကြီးကို ဘယ်မှာ မြုပ်ထားတာလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။

ဒေါ်လေးရှန်က ထ၍ ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့”

တိမ်ဖုံးတောင်ထွတ်၏ ချောင်ကျသော နေရာတစ်ခုတွ် မြေပုံလေးတစ်ပုံ ရှိနေခဲ့သည်။

ထိုကဲ့သို့ ရိုးရှင်းသော အုတ်ဂူသည် ဤလောကကြီး၏ အကြီးကျယ်ဆုံး ဆေးပညာရှင်ကြီး ရှောင်ဖူချန်း၏ အုတ်ဂူ ဖြစ်သည်မှာ တကယ်ကို ယုံနိုင်စရာ မရှိချေ။

“အကုန်လုံးကို ဆေးဝိဇ္ဇာကြီးရဲ့ ဆန္ဒအတိုင်း လုပ်ခဲ့တာ။ သူ့အရိုးတွေက ဒီမှာမရှိဘူး။ သူ့အရိုးပြာကို အနားက မြစ်တွေ၊ ကန်တွေထဲမှာ မျောပေးလိုက်ပြီ။ ဒီနေရာမှာက သူ့အမှတ်တရ အချို့ပဲ ရှိတာ”

ရန်ကိုင် အုတ်ဂူရှေ့ ဒူးထောက်၍ ရှောင်ဖူးချန်ကို ကန်တော့လိုက်သည်။

“သူ့အမည်ခံတပည့်ဖြစ်တဲ့ နင်ဒီကိုလာမှန်းသာ ဆေးဝိဇ္ဇာကြီး သိခဲ့ရင် သူကျိန်းသေပျော်မှာ” ဒေါ်လေးရှန်က သူမပါးစပ်ကို လက်ဖြင့်အုပ်လျက် ငိုကြွေးနေရင်း ပြောလိုက်သည်။ ဒေါ်လေးလန်သည်လည်း ငိုကြွေးနေပေသည်။

“ဒါကျွန်တော် လုပ်သင့်တာပဲလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

----------------------------------

နေ့တစ်ဝက်ကြာပြီးနောက် တိမ်ဖုံးတောင်ထိပ်ပေါ်တွင် ရန်ကိုင်သည် ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့ကို နှုတ်ဆက်စကား ပြောခဲ့သည်။

“တကယ် မလိုက်မှာ သေချာလား ဒေါ်လေးတို့။ ဒီနေရာက ငြိမ်းချမ်းတော့တာ မဟုတ်ဘူးနော်။ ဒီနေရာက ထုန်းရွှမ်လောကကြီးလို့ ခေါ်တဲ့နေရာနဲ့ ဆက်သွားပြီ။ နောက်ပိုင်းကျ ဒေါ်လေးတို့ စိတ်မကူးနိုင်အောင် အားကောင်းလွန်းတဲ့ ပညာရှင်တွေ ရောက်လာနိုင်တယ်” ရန်ကိုင်က နောက်ဆုံးအကြိမ်ဖြစ် ထပ်မံ စည်းရုံးကြည့်လိုက်သည်။

သူ့အား အတိတ်တွင် ဂရုစိုက်ပေးခဲ့သော ထိုအမျိုးသမီး နှစ်ယောက်ကိုပါ ထုန်းရွှမ်လောကကြီးဆီသို့ ခေါ်သွားချင်ပေသည်။ သို့သော်လည်း ထိုနှစ်ယောက်သည် သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်၍ ဤနေရာတွင်သာ နေခဲ့မည်ဟု ပြောခဲ့သည်။

“မလိုက်တော့ဘူး။ ငါတို့ သေတဲ့အထိ ဒီမှာပဲ နေတော့မှာ။ ဘယ်ကိုမှ ထပ်မပြောင်းချင်တော့ဘူး… ပြီးတော့ ဆေးဝိဇ္ဇာကြီးလည်း ဒီမှာ ရှိတယ်လေ။ ငါတို့ သူ့ကို အဖော်ပြုပေးသင့်တတာပေါ့။ ငါတို့သာ ထွက်သွားရင် သူတစ်ယောက်တည်း အထီးကျန်နေမှာ”

“နင်ငါတို့အတွက် ဒီလောက် တွေးပေးတာနဲ့တင် လုံလောက်နေပြီ”

ရန်ကိုင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ထိုအမျိုးသမီး နှစ်ယောက်သည် သူမတို့၏ ဆုံးဖြတ်ချက်ကို နည်းနည်းလေးပင် ပြင်မည့်ပုံမရ။ သူတို့ကို ဆက်၍ ဖြောင့်ဖျနေ၍လည်း ထူးမည်မဟုတ်လေသဖြင့် ရန်ကိုင်လည်း “အဲ့လိုဆိုမှတော့ ကျွန်တော်လည်း မခေါ်တော့ပါဘူး။ နောက်ပိုင်း အချိန်ရရင် ဒေါ်လေးတို့ဆီ လာလည်ပါ့မယ်။ တစ်ယောက်ယောက် လာပြဿနာ ရှာရဲရင် ကျွန်တော့် နာမည်ကိုသာ ပြောလိုက်။ အသုံးဝင်ရင် ဝင်နိုင်တယ်”

“အင်း၊ ငါသိပြီ” ဒေါ်လေးရှန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆို ဂရုစိုက်ကြနော်” ရန်ကိုင် ဦးညွှတ်ကာ နှုတ်ဆက်ပြီးနောက် တောင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။

“နင်ကိုယ့်နင်လည်း ဂရုစိုက်ဦးနော်။ အရမ်းကြီး ယုံကြည်ချက် မလွန်ကဲမိစေနဲ့” ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့သည် သူ့အား တောင်ထိပ်မှ လက်ဝှေ့ရမ်းပြနေခဲ့သည်။

တောင်အောက်ခြေသို့ ရောက်သည်နှင့် ရန်ကိုင်သည် ရှောင်ဖူချန်း သန့်စင်ခဲ့သော စိတ်ဝိဥာဉ်အဆင့်ဆေးလုံး ပါသည့် ကျောက်စိမ်းသေတ္တာကို အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ သေသေချာချာ ထည့်သိမ်းလိုက်ပြီး ကောင်းကင်လွန်းပျံကို ထုတ်ယူ၍ အနောက်အရပ်သို့ ပျံသန်းထွက်သွားလေသည်။

နောက်သူသွားမည့် နေရာသည်ကား တိမ်မိစ္ဆာနယ်မြေပင် ဖြစ်လေသည်။

ဗဟိုမြို့တော်မှ ထွက်လာခြင်းသည် နေရာနှစ်ခုကို သွားလည်ချင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။ တစ်ခုမှာ ဆေးဘုရင်တောင်ကြား ဖြစ်ပြီး ကျန်တစ်ခုမှာ တိမ်မိစ္ဆာနယ်မြေ ဖြစ်ပေသည်။

ရှန်ချန်းလော့ကို သွားတွေ့တော့ပေမည်။

ထိုညို့ဓါတ်ပြင်းလှသည့် မိန်းကလေးသည် ရန်ကိုင်အပေါ် အမြဲတစေ ကောင်းခဲ့သည်။ နတ်ဆိုးအရှင်သခင်နှင့် နောက်ဆုံး တိုက်ပွဲတွင် သူမသည် သူ့အား အကူအညီ အကြီးကြီး ပေးခဲ့၏။

အရေးအကြီးဆုံးသည်ကား သူမ အဆင့်ချိုးဖျက်စဉ် ရန်ကိုင်၏ အသိစိတ်သည် သူမ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုမတော်တဆ အဖြစ်အပျက်ကြောင့် ရန်ကိုင်ပုံရိပ်သည် ရှနင်းချန်၏ နှလုံးသားထဲ တစ်သက်သာ စွဲထင်သွားတော့သည်။ ထို့ကြောင့် သူတို့ နှစ်ဦးကြား ဘယ်သောအခါမှ ဖျက်မရနိုင်သည့် နှောင်ကြိုးတစ်မျှင် ဖွဲ့တည်ခဲ့ရသည်။

သူပြန်ရောက်လာတုန်း သူမအနေဖြင့် ဤနေရာတွင် အနိုင်ကျင့် မခံရလေအောင် ရှန်ချင်းလော့ကိုပါ ထုန်းရွှမ်လောကကြီးဆီသို့ တစ်ပါတည်း ခေါ်သွားရပေမည်။

ထုန်းရွှမ်လောကကြီးသို့ ရောက်သည့်အခါ သူမ လုပ်ချင်သည်ကို လုပ်ခွင့်ပေးလိုက်ပေမည်။ သူမအား ချုပ်နှောင်ကန့်သတ်ထားလိုစိတ် သူ့တွင် မရှိချေ။

နှစ်နာရီကြာပြီးနောက် သင်းရနံ့မြို့တော် အပြင်ဘက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

ထို့မြို့သည် တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် အသာယာ၊ ဝပြောဆုံးနေရာတစ်ခု ဖြစ်ပြီး ရှန်ချင်းလော့၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိပေသည်။

နတ်ဆိုးအရှင်သခင်နှင့် ဘုရင်ခြောက်ပါး သေသွားခဲ့စဉ်က တိမ်မိစ္ဆာနယ်မြေတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး ရှန်ချင်းလော့ အုပ်ချုပ်သော သင်းရနံ့မြို့တစ်ခုသည်သာ အကောင်းအတိုင်း ရှိနေခဲ့ခြင်း ဖြစ်သည်။

တိမ်မိစ္ဆာနယ်မြေတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေချိန် ဤမြို့လေးမှာမူ ငြိမ်းငြိမ်းချမ်းချမ်းနှင့် တည်ရှိနေခဲ့သည်။

တိုက်ခိုက်ခြင်းဖြင့် အချိန်မကုန်ဆုံးလိုသူများ၊ ရန်သူ လိုက်သတ်သဖြင့် ထွက်ပြေးလာသူများသည် သင်းရနံ့မြို့တော်သို့ ရောက်ရှိလာခဲ့လေရာ မြို့လေးမှာ တစ်စထက်တစ်စ ပိုပို၍ လူနေထူထပ်လာခဲ့ရသည်။

ဤနေရာသို့ ရောက်သည်နှင့် သူ့ကဝေမလေးအား မည်သည့် ပုံစံမျိုးနှင့် သွားတွေ့လျှင် ကောင်းမလဲဟု စတွေးလိုက်သည်။

ထိုစုန်းမသည် အရမ်းကိုမှ ဆွဲဆောင်အား ပြင်းလှသည်။ သူမသာ ဆိုးဆိုးနွဲ့နွဲ့လုပ်ပြီး သူ့အား ညို့ငင်မည်ဆိုပါက ရန်ကိုင် လုံးဝ တောင့်ခံနိုင်လိမ့်မည်ချေ။ သူမ၏ ဆွဲဆောင်မှုကို မတောင့်ခံနိုင်လျှင် ‘ရိုးသားအပြစ်ကင်းပါသော’ သူလေး ဒုက္ခရောက်ရပေလိမ့်မည်။

ထို့အပြင် ရှန်ချင်းလော့က အခွင့်ရသည်နှင့် သူ့အပေါ် တစ်ခါတည်း အခွင့်အရေးအရယူမည်မှန်းကို ရန်ကိုင် ကောင်းကောင်းသိထားသည်။

ခဏအကြာ၌ ရှန်ချင်းလော့ နန်းတော်ရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။

နန်းတော်ဝင်ပေါက်နားတွင် မျက်လုံးနှစ်ဖက်ကိုမှိတ်၊ လက်နှစ်ဖက်ကို ဆုပ်လျက် နံရံကို ကျောမှီထိုင်နေသော စုတ်စုတ်ပြတ်ပြတ် အဝတ်အစားကို ဝတ်စားထားသည့် သူတောင်းစားတစ်ယောက် ရှိနေခဲ့သည်။ သူ့ဆံပင်ဟာ ဆိုလျှင်လည်း ရှုပ်ပွနေခဲ့ပြီး မုတ်ဆိတ်မွှေးများမှာလည်း ညစ်ပတ်ရှုပ်ထွေးနေခဲ့သည်။

အနားမှ ဖြတ်သွားသူတိုင်း မည်သူမှ သူ့အား ဂရုမစိုက်ကြချေ။

ရန်ကိုင်က ထိုသူတောင်းစားကို တစ်ချက်လှမ်းကြည့်၍ နှုတ်ခမ်းအစုံကို တွန့်ကွေးလိုက်သည်။ ထို့နောက် သူတောင်းစားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

ရန်ကိုင်က သူ့ရှေ့တည့်တည့်တွင် ပိတ်ရပ်လိုက်သဖြင့် နေရောင်ကို ကွယ်သွားခဲ့ရာ သူတောင်းစားလည်း မျက်လုံး ပွင့်လာပြီး ရန်ကိုင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ပြန်ပိတ်လိုက်သည်။

ရန်ကိုင်ကိုပဲ မမြင်လေသဘော၊ သို့မဟုတ် မရှိသလိုပဲ သဘောထားခြင်းပေလား မသဲကွဲ။

သို့သော် ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် “အရိပ်ဘုရင်၊ မတွေ့ရတာတောင် ကြာပြီနော်”

သူတောင်းစားခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ချက်ချင်း မျက်လုံးပွင့်လာခဲ့သည်။ ထို့နောက် ရန်ကိုင်ကို သေသေချာချာ ကြည့်ကြည့်လိုက်ရာမှ ရန်ကိုင်မှန်း သတိပြုမိသွားသည်နှင့် သူ့အမူအရာ အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီး ထိုင်နေရာမှ ချက်ချင်း ထပြေးတော့လေသည်။ လျှပ်စီးကြောင်းတို့ သူ့ခန္ဓာကိုယ်မှ တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင် ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၃7)

ရန်ကိုင် အရမ်း လွန်လွန်ကဲကဲ မလုပ်ခဲ့။ သူတောင်းစား ထွက်ပြေးသွားရာ အရပ်ဆီကြည့်၍ နှာခေါင်းတစ်ချက်ရှုံကာ ချက်ချင်း ပြေးလိုက်သွားသည်။

သင်းရနံ့မြို့တော်၏ ကောင်းကင်ပေါ်တွင် သူတောင်းစား တစ်ယောက်သည် အရှိန်ကုန်တင်လျက် ပျံသန်းနေခဲ့သည်။ ပျံသန်းနေရင်း စိုးရိမ်တကြီးဖြင့် နောက်သို့ လှည့်လှည့်ကြည့်နေ၏။ နောက်သို့ လှည့်ကြည့်နေသော်လည်း လူငယ်လေးကို မတွေ့ရချေ။ သို့သော် ရှေ့သို့ ပြန်လှည့်ချိန် သူ့ဘေး၌ လူတစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားခဲ့ရသည်။

“မင်း…” သူတောင်းစား မှင်သက်နေခဲ့သည်။ သူ့မျက်နှာဟာ ဆိုလျှင်လည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်နှယ် ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားလေသည်။ သူ့အရှိန်ကို ထိုမျှအလွယ်တကူ ဖြတ်ကျော်နိုင်သည့် လူတစ်ယောက် ရှိလိမ့်မည်ဟု တကယ်မထင်ထားခဲ့။

သူဂုဏ်အယူရဆုံးသည်ကား ဤလောကတွင် ရှိနေသော မည်သူမှ သူ့အမြန်နှုန်းကို လိုက်မမှီခြင်းပင်။ နတ်ဆိုးအရှင်သခင် ရန်ပိုင်ပင်လျှင် သူ့အမြန်နှုန်းကို ချီးကျူးခဲ့သည်။

သို့သော်လည်း ထိုလူငယ်လေးသည် သူ့ကို အကျောပေးပြီး နောက်မှပြေးလိုက်ခဲ့သော်လည်း ချက်ချင်း လိုက်မှီခဲ့သည်။ ထို့အပြင် သူ့ကြည့်ရသည်မှာ အရှိန်ကုန်သုံးပြီး ပျံသန်းနေဟန်မတူ။

သူမထိတ်လန့်ဘဲ ဘယ်နေနိုင်မည်နည်း။

“အရိပ်ဘုရင်၊ အားကုန်ခံမနေနဲ့။ ခင်ဗျား ဘယ်လိုပြေးပြေး၊ ပြေးလို့လွတ်မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအင်များကို ဖွင့်ထုတ်လိုက်သည်။ ထိုအပူစွမ်းအင်များသည် လက်သီးတစ်ခု အသွင်သို့ ပြောင်းလျက် သူတောင်းစားကို ရိုက်ချလိုက်ရာ သူတောင်းစားလည်း လေထဲ ကျွမ်းသုံးလေးပတ်လောင် ထိုးသွားလိုက်ရသည်။

ခဏကြာသွားမှပဲ လေထဲ ပြန်မတ်တပ်ရပ်နိုင်ခဲ့သည်။ အရိပ်ဘုရင်သည် ရန်ကိုင်အား တုန်လှုပ်ချောက်ချားမှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။

တစ်ဖက်လူသည် အမြန်နှုန်းပိုင်းတွင် သူ့အောက် မနိမ့်ကျရုံမက ခွန်အားပိုင်းတွင်လည်း သူ့ထက် အများကြီး ပိုအားကောင်းပေသည်။ ထိုလူဆီမှ သာမန်ကာလျှံကာ ရိုက်ချက်တစ်ချက်သည် သူ့အား အတော့်ကိုမှ အထိနာစေခဲ့၏။ ထို့ရိုက်ချက်နှင့် တစ်ဖက်လူနှင့်သူကြား ခွန်အားကွာခြားချက် မည်မျှကြီးမားကြောင်း သူတောင်းစား နားလည်သွားခဲ့သည်။

တစ်ဖက်လူပြောခဲ့သလိုဘဲ သူမည်သို့ပင် ပြေးစေကာမူ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ အကြွင်းမဲ့စွမ်းအား ရှေ့မှောက်၍ ရုန်းကန်ခြင်းသည် အချည်းနှီးပင်။

ရန်ကိုင်ဆီမှာ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် အောက်ဘက်တွင် ရှိနေသော သင်းရနံ့မြို့သူမြို့သားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး အကုန်လုံး ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။

ကောင်းကင်ထက်တွင် ဝဲနေသော လူတစ်ယောက်ကို မြင်ပြီးနောက် လူများစွာ အလန့်တကြား ထအော်ကြလေ၏။

“ဟျောင့်၊ အဲ့သူတောင်းစားက နတ်ဆိုးဘုရင်မက နန်းတော်ရှေ့မှာ အမြဲတွေ့နေရတဲ့ တစ်ယောက် မဟုတ်ဘူးလား”

“ဟုတ်တယ်။ တံခါးပေါက်မှာ တစ်နေ့လုံး ထိုင်နေတာ။ နတ်ဆိုးသခင်မ သူ့ကို ဘယ်လိုသည်းခံပြီး နေနေလဲ ငါတကယ်ကို မတွေးတတ်ဘူး”

“ငါသာဆိုရင် မောင်းထုတ်လိုက်တာကြာပြီ”

“ကြည့်ရတာတော့ သူက ရိုးရိုးသူတောင်းစားတစ်ယောက် မဟုတ်ဘူးနဲ့တူတယ်.. ဒီလောက် အားကောင်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး သူတောင်းစားဘဝ ရောက်နေတာလဲမသိဘူး”

“အဲ့လူငယ်လေးကိုကြည့်ကြည့်။ သူကတောင် ပိုအားကောင်းနေသလိုပဲ”

“…”

သင်းရနံ့မြို့တော်တွင်းရှိ ကျင့်ကြံသူများကြား တီးတိုး စကားသံတို့ ညံထွက်လာခဲ့သည်။ အောက်ဘက်မှ ကြည့်၍ အားမရသဖြင့် အပေါ်သို့ ပျံတက်ကာ အနီးကပ် လာကြည့်ကြသော သတ္တိသွေး ရဲရဲနီသည့် ကျင့်ကြံသူများပင် ရှိကြသေးသည်။

ရန်ကိုင်ကမူ ထိုလူများကို လုံးလုံး လျစ်လျူရှုထားခဲ့သည်။ သင်းရနံ့မြို့တော်၏ ခွန်အားသည် သူ့အား ဘာမှ မလုပ်နိုင်ချေ။

“ရန်မိသားစုကောင်လေး၊ မင်း ဒီလောက်တောင် မရမက လိုက်သတ်နေရမှ ကျေနပ်မှာလား” သူတောင်းစားက ရှုံ့မဲ့၊ နာကျည်းနေသည့် မျက်နှာအမူအရာဖြင့် ဝမ်းနည်းညိုးငယ်စွာ အော်ဟစ်လိုက်သည်။

“ကျုပ်ရက်စက်ချင်တာ မဟုတ်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “မိစ္ဆာဘုရင် ခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လျှပ်စီးအရိပ်ဘုရင်က သူတောင်းစားယောင်ဆောင်ပြီး သင်းရနံ့မြို့ထဲမှာ ဘာလို့ ရစ်သီရစ်သီ လုပ်နေလဲပဲ ကျုပ်သိချင်တာ”

“လျှပ်စီးအရိပ်ဘုရင်လား” စောင့်ကြည့်နေသူအားလုံး အလန့်တကြား ထအော်ကြလေသည်။

“မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား”

“အဲ့သူတောင်းစားက လျှပ်စီးအရိပ်ဘုရင်ကြီးလား”

“သေချာကြည့်ကြည့်၊ လျှပ်စီးအရိပ်ဘုရင်နဲ့ အဲ့သူတောင်းစားက တော်တော်လေး ဆင်တယ်ဟ…”

“လွန်ခဲ့တဲ့ ဆယ်နှစ်က ပျောက်သွားတဲ့ တကယ့် လျှပ်စီးအရိပ်ဘုရင်ကြီးဟ။ ငါတို့အားလုံး သူသေပြီလို့ ထင်နေတာ။ လတ်စသတ်တော့ သူက သင်းရနံ့မြို့တော်ထဲ ရောက်နေတာကိုး”

“အိုး၊ ငါတော့သေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက၊ သူ့နားက ဖြတ်သွားတုန်း… ငါသူ့ပေါ် တံတွေးထွေးချခဲ့မိတယ်။ အဖေ၊အမေ ကယ်ကြပါဦးဗျာ” လူအုပ်ထဲရှိ တစ်ယောက် ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့သည်။

“ငါလည်း သူ့ခြေထောက်ကို တစ်ကြိမ် ကန်ခဲ့သေးတယ်… အရိပ်ဘုရင် ငါတို့ကို အကြွေးလာတောင်းမယ်လို့ မင်းထင်လား” အခြားတစ်ယောက်က ထပ်ပြောလိုက်ပြန်သည်။

အနီးအနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး ထိုလူများအား ဂရုဏာသက်စွာ ကြည့်လိုက်ကြသည်။ သေမိန့်ကျသူများကို ကြည့်နေသည့်ပမာ… ထိုလူများ၏ အကြည့်ကြောင့် ယခုလေးတင် စကားပြောလိုက်သော လူနှစ်ယောက် ပို၍ ထိတ်လန့်ကြောက်ရွံ့ သွားခဲ့ကြလေသည်။

“ငါက မင်းတို့နဲ့မတူဘူး။ အရင်တစ်ကြိမ် သူ့နားကနေ ငါဖြတ်သွားတုန်းက ငွေအချို့ ပစ်ပေးခဲ့တာ။ ကြည့်ရတာ ကြင်နာတတ်တဲ့ ငါ့နှလုံးသားလေးက ကံကောင်းမှုတွေ ငါ့ဆီ သယ်လာပေးတော့မယ့်ပုံပဲ။ ဟားဟားဟား” လူအချို့မှာ ထိတ်လန့်တုန်လှုပ်နေကြချိန် အချိန်မှာ ပျော်ရွှင်နေခဲ့ကြသည်။

လျှပ်စီးအရိပ်ဘုရင်၊ မိုးကြိုးသားရဲဘုရင်၊ အဆိပ်ဘုရင်၊ ယင်တစ္ဆေဘုရင်၊ တိုက်တန်ခွန်အားဘုရင်နှင့် ညို့ဓါတ်ဘုရင်မတိုသည် မိစ္ဆာဘုရင်ခြောက်ပါးအဖြစ် ကျော်ကြားပေသည်။

နတ်ဆိုးအရှင်သခင် မထွက်ပေါ်လာစဉ်က မိစ္ဆာဘုရင် ခြောက်ပါးသည် တိမ်မိစ္ဆာနယ်မြေအား နယ်မြေခြောက်ခုခွဲ၍ အုပ်ချုပ်ကြခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က၊ နတ်ဆိုးအရှင်သခင်ရန်ပိုင်နှင့် မိစ္ဆာဘုရင်ခြောက်ပါး ဦးဆောင်သော တိမ်မိစ္ဆာနယ်မြေသည် ဗဟိုမြို့တော်သို့ အင်အားအလုံးအရင်းဖြင့် ချီတက်ကာ ကျူးကျော်တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲအဆုံး၌၊ ရန်ကိုင် သေသွားခဲ့ရပြီး မိစ္ဆာဘုရင်ခြောက်ပါးသည်လည်း ပြင်းပြင်းထန်ထန် ထိခိုက်၊ ဒဏ်ရာရသွားခဲ့ကြသည်။ ရှန်ချင်းလော့ တစ်ယောက်သည်ကာ အကောင်းအတိုင်း ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ကျန်မိစ္ဆာဘုရင် ငါးယောက်မှာမူ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသည်။ မိစ္ဆာဘုရင် ငါးပါးအနက် လေးယောက်သေပြီး လျှပ်းစီးအရိပ်ဘုရင် တစ်ယောက်သာ ထွက်ပြေးနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ လျှပ်စီးအရိပ်ဘုရင်အကြောင်း ဘာသတင်းမှ မကြားရတော့ချေ။

လျှပ်စီးအရိပ်ဘုရင်သည် ဗဟိုမြို့တော်တိုက်ပွဲတွင် ရခဲ့သော ဒဏ်ရာများကြောင့် သေသွားသည်ဟု ပြောကြသည်။ အချို့ကမူ သူသည် လူမြင်ကွယ်ရာတွင် ပုန်းအောင်းလျက် တံခါးပိတ် ကျင့်ကြံနေသည်ဟု ပြောကြသည်။

တကယ်တော့ ဗဟိုမြို့တော်တွင် အားကောင်းသော ပညာရှင်များစွာ ရှိနေခဲ့လေရာ သူသာ နောက်တစ်ကြိမ် ပြန်ပေါ်လာမည်ဆိုပါက ထိုပညာရှင်များ၏ အမဲလိုက်ခြင်း ခံရပေလိမ့်မည်။

လျှပ်စီးအရိပ်ဘုရင်သည် သူတောင်းစားတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ကာ သင်းရနံ့မြို့တော်ထဲတွင်း ပုန်းအောင်းနေမည်ဟု မည်သူမှ မထင်ခဲ့ကြပေ။

ရန်ကိုင်သာ သင်းရနံ့မြို့တော်သို့ လာပြီး ရှန်ချင်းလော့အား လာမရှာခဲ့ပါက တံခါးပေါက်တွင် ထိုင်နေသော သူတောင်းစားသည် လျှပ်စီးအရိပ်ဘုရင် ဖြစ်သည်ဆိုသောအချက်ကို မည်သူမှ သိလိမ့်မည် မဟုတ်ချေ။

လျှပ်စီးအရိပ်ဘုရင်သည် အခြားသူများကိုသာ လိမ်လို့ ရချင်ရပေမည်။ ရန်ကိုင်ကိုမူ လိမ်၍ မရပေ။

မသေမျိုး ဒုတိယအဆင့်သည် ဤလောကကြီးတွင် အမြင့်ဆုံး အဆင့်ဖြစ်နေခဲ့သည်။ ရန်ကိုင်အနေဖြင့် သူ့အား သတိမပြုမိမှသာ ထူးဆန်းနေပေလိမ့်မည်။

“ရန်မိသားစုကောင်လေး၊ ငါလျှပ်စီးအရိပ်ဘုရင် မဟုတ်တော့သလို ဗဟိုမြို့တော်ရဲ့ ရန်သူလည်း မဟုတ်တော့ဘူး။ ငါ့လက်ကျန်ဘဝကို အေးအေးဆေးဆေးနဲ့ နေချင်ရုံပါပဲကွာ။ မင်းဘာလို့ ဒီလောက် ရက်စက်ချင်နေရတာလဲ”

“အဲ့လိုဆိုရင် ဘာလို့ ရုပ်ဖျက်ပြီး ရှန်ချင်းလော့ရဲ့ နန်းတော် အပြင်ဘက်မှာ ထိုင်နေတာလဲ။ ခင်ဗျား ဘာတွေကြံနေတာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ငါက ကြံနေတယ်” လျှပ်စီးအရိပ်ဘုရင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး “မင်းနားလည်မှုလွဲနေတာလား။ ငါဒီမှာ နေနေရတဲ့ အကြောင်းအရင်းက သူနဲ့ သဘောတူညီချက် လုပ်ထားလို့ပဲ။ မဟုတ်ရင် ဘာလို့ ဒီမှာ လာထိုင်နေရမှာလဲ”

“သူက ခင်ဗျားကို နေခွင့်ပြုတယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့လက်ဝှေ့ရမ်း၍ အစစ်အမှန်ချီဖြင့် ကြိုးတစ်ချောင်းဖန်တီးကာ အရိပ်ဘုရင်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် “ခင်ဗျားပြောတာ မှန်မမှန် မကြာခင် သိရလိမ့်မယ်။ ကျုပ်ကို လိမ်နေတယ်ဆိုရင်တော့ ဒီနေ့က ခင်ဗျားသေနေ့ပဲ”

အရိပ်ဘုရင် ရုန်းထွက်ရန် ကြိုးစားလိုက်သော်လည်း လုံးဝ မရုန်းထွက်နိုင်ခဲ့ချေ။ ထို့အပြင် သူ့အစစ်အမှန်ချီဟာလည်း ပိတ်ဆို့ထားခြင်း ခံရသည်။ ထိုအခြင်းအရာကြောင့် ရန်ကိုင် ဘယ်လောက်အထိတောင် အားကောင်းနေသလဲဟု တွေးရင်း သူ့စိတ်ထဲ ကြောက်ရွံ့စိတ်တို့ ကိန်းအောင်းလာခဲ့ရသည်။

ထို့ကြောင့် အဆောတလျင် အော်ပြောလိုက်သည် “သူဒီမှာမရှိတော့ဘူး”

“ဒီမှာမရှိဘူးလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် တစ်မြို့လုံးကို လွှမ်းခြုံလိုက်သည်။ မကြာခင် လျှပ်စီးအရိပ်ဘုရင်ပြောသလို သင်းရနံ့မြို့တော်ထဲတွင် ရှန်ချင်းလော့ မရှိသည်ကို တွေ့လိုက်ရသည်။

“သူဘယ်သွားတာလဲ”

“နန်းတော်ထဲမှာ လူအချို့ရှိသေးတယ်။ သူတို့ကိုသာ သွားမေးကြည့်” လျှပ်စီးအရိပ်ဘုရင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အရိပ်ဘုရင်ကို ခေါ်ကာ ရှန်ချင်းလော့၏ နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း သင်းရနံ့မြို့တော်ထဲရှိ ကျင့်ကြံသူ အားလုံး မှင်သက်နေခဲ့ကြကာ အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာနိုင်သည့်တိုင် မြင်လိုက်ရသော မယုံနိုင်စရာ အဖြစ်အပျက်ကြောင့် စိတ်မှာ မတည်ငြိမ်နိုင်သေးချေ။

မိစ္ဆာဘုရင်ခြောက်ပါးသည် တိမ်မိစ္ဆာနယ်မြေ၏ အားကောင်းဆုံး ပညာရှင်များဖြစ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းသည် ‘အထွဋ်အထိပ် ခွန်အား’ ဆိုသော အမှတ်သင်္ကေတကို ကိုယ်စားပြုသည်။ သို့သော် ယခုအချိန်တွင် ဘယ်ကမှန်းမသိသော် လူငယ်လေးတစ်ယောက် ပေါ်လာပြီး မိစ္ဆာဘုရင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သော လျှပ်စီးအရိပ်ဘုရင်ကို အနိုင်ယူကာ ဖမ်းခေါ်သွားခဲ့သည်။

တကယ် အံ့အားသင့်စရာကောင်းသည့် အချက်မှာ ထိုလူငယ်လေးသည် လျှပ်စီးအရိပ်ဘုရင်အား ထမင်းစား၊ ရေသောက်သလို အလွယ်တကူ ဖမ်းခေါ်သွားခြင်းပင်။

လျှပ်စီးအရိပ်ဘုရင်အနေဖြင့် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် အောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများမှာ သူတို့ အိမ်မက်များ မက်နေသလား၊ ပုံရိပ်ယောင်တွေကိုများ မြင်နေရလေသလား အထင်ဖြင့် အသားကို ဆိတ်ဆွဲကြည့်လိုက်၊ မျက်လုံးများကို ပွတ်သပ်ကာ နောက်တစ်ကြိမ် သေချာ ထပ်ကြည့်လိုက် လုပ်ကြသည်။ သို့သော် အကုန်လုံးဟာ တကယ့် အစစ်အမှန် ဖြစ်နေခဲ့ပေသည်။

အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ဘာဖြစ်နေသလဲ သိရရန်အတွက် နန်းတော်ထဲမှ အစေခံများ ပြေးထွက်လာခဲ့ကြသည်။ သူတို့ ပြေးထွက်လာသည့်အချိန် ရန်ကိုင်နှင့် သွားပက်ပင်းတိုးလေသည်။

ကျူးကျော်လာသူကို မြင်လိုက်ရချိန် အကုန်လုံး ထိတ်လန့်တကြား ထအော်မိကြသည်။

ရင့်ကျက်သော အလှလေး ယွန်လီ၊ အစေခံညီအစ်မ နှစ်ယောက် ရို့ယုနှင့် ရို့ချင်၊ ရန်ကိုင်နှင့် တစ်ချိန်က ရင်းနှီးခဲ့ဖူးသော လူသုံးယောက် ထွက်လာခဲ့ကြသည်။

“သခင်လေးရန်လား” ယွန်လီက သူမပါးစပ်ကိုအုပ်လျက် အလန့်တကြား ထအော်လေသည်။

ရန်ကိုင်က ပြုံး၍သာ ခေါင်းညိတ်လိုက်သည်။

“စီနီယာ အရိပ်ဘုရင်… ရှင်ဘယ်လိုလုပ်ပြီး…” ယွန်လီက စိတ်ဓါတ်ကျနေသော လျှပ်စီးအရိပ်ဘုရင်ကို မြင်သွားပြီး နားမလည်နိုင်စွာ လှမ်းမေးလိုက်သည်။

“ဒီရန်မိသားစုကောင်လေးကို နင်တို့ပဲ ရှင်းပြလိုက်တော့။ နင့်သခင်မကိုယ်တိုင်က ငါ့ကို သင်းရနံ့မြို့တော်ထဲမှာ နေခွင့်ပြုခဲ့တယ် ဆိုတာကို သူမယုံဘူး ဖြစ်နေတယ်” လျှပ်စီးအရိပ်ဘုရင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်က ယွန်လီဘက်သို့ လှည့်၍ ပြောလိုက်သည် “ခင်ဗျားတို့ သူ့ကို ကြောက်နေစရာမလိုဘူး။ အမှန်ကိုသာ ရဲရဲပြောချလိုက်”

ယွန်လီက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ “သခင်လေးရန်၊ သခင်မကိုယ်တိုင် သူ့ကို သင်းရနံ့မြို့တော်ထဲမှာ နေခိုင်းခဲ့တာပါ။ ဒီနန်းတော်ကို ကာကွယ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပေါ့။ သခင်မ ထွက်သွားကတည်းက လျှပ်စီးအရိပ်ဘုရင် သင်းရနံ့မြို့တော်ထဲမှာ ဆူပူသောင်းကျန်းမှုတွေ မဖြစ်အောင် စောင့်ကြပ်ပေးခဲ့တာပါ။ သခင်မ ထွက်သွားကြမှန်း အပြင်လူတွေ မသိကြဘူး။ သူတံခါးပိတ်ကျင့်ကြံနေတယ်လို့ပဲ ထင်နေကြတာ”

ရန်ကိုင်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ သို့သော် ယွန်လီက ထိုကဲ့သို့ ပြောလာမှဖြင့် လျှပ်စီးအရိပ်ဘုရင် သူ့အား လိမ်မပြောခဲ့သည်မှာ မှန်နေခဲ့လေပြီ။ ထို့ကြောင့် သူ့အား ချုပ်ထားသည်ကို လွှတ်ပေးလိုက်ပြီး ရန်ကိုင် ဆက်မေးလိုက်သည် “ခဏတုန်းက ရှန်ချင်းလော့ ထွက်သွားတယ်လို့ ပြောလိုက်တယ်နော်။ သူဘယ်ကို ထွက်သွားတာလဲ”

ယွန်လီ၊ ရို့ယုနှင့် ရို့ချင်တို့ သုံးယောက်စလုံး ခေါင်းခါလိုက်ကြပြီး “ကျွန်မတို့လည်း သခင်မ ဘယ်ထွက်သွားလဲ မသိဘူး။ သူမထွက်သွားခင်ကတော့ စီနီယာအရိပ်ဘုရင်ကို တစ်ခုခု ပြောခဲ့သေးတယ်။ ဒီတော့ စီနီယာအရိပ်ဘုရင်ပဲ သိလိမ့်မယ်”

ရန်ကိုင်က လျှပ်စီးအရိပ်ဘုရင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လာခဲ့သည်။

လျှပ်စီးအရိပ်ဘုရင်သည် ရန်ကိုင်အား ကြိတ်၍ ကျိန်ဆဲနေသည့်ပုံပင်။ ရန်ကိုင်က စိုက်ကြည့်လာသဖြင့် ဒေါသတကြီး ပြန်ပြောလိုက်လေသည် “မင်းကို သွားရှာမယ်လို့ ပြောသွားတာ။ ဘယ်သွားမယ် ဆိုတာကိုတော့ အတိအကျ ပြောမသွားဘူး”

“ကျုပ်ကိုရှာဖို့လား။ ကျုပ်ဗဟိုမြို့တော်မှာ မရှိတော့မှန်း သူသိတယ်။ ကျုပ်ကို ဘယ်လိုလုပ်ပြီး ရှာမှာလဲ”

“ဗဟိုမြို့တော်ဆီ သူသွားတာမဟုတ်ဘူး။ သူမသွားခင်တုန်းက ငါ့ကို ထူးထူးဆန်းဆန်း စကားတွေ ပြောသွားသေးတယ်။ ပိုပြီးအဆင့်မြင့်တဲ့ လောကလား ဘာလားမသိဘူး။ အရင်တုန်းက ရန်ပိုင် ပြောခဲ့တာနဲ့ ခပ်ဆင်ဆင်ပဲ”

ရန်ကိုင် တုန်ရီသွားခဲ့ပြီး သူမထွက်သွားခင်က ရှန်ချင်းလော့အား အကြောင်းအရာအချို့ ပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။

သူဘယ်တုန်းက ထွက်သွားတာလဲ”

“မင်းပျောက်သွားပြီး နှစ်နှစ်ကြာပြီးတာ ထွက်သွားတာပဲ။ မင်းမှာ သူ့ဝိဥာဉ်ရှာအမှတ်အသား ရှိနေတော့ မင်းရောက်နေတဲ့ လောကကြီးကိုသာ ရောက်သွားနိုင်ရင် မင်းကို အလွယ်တကူ ရှာလို့ရပြီတဲ့”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လျှပ်စီးအရိပ်ဘုရင် လိမ်မနေချေ။

သူ့ကိုယ်ပေါ်တွင် ရှန်ချင်းလော့၏ ဝိဥာဉ်ရှာအမှတ်အသား ရှိနေသည်ကို သူနှင့် ရှန်ချင်းလော့ နှစ်ယောက်သာ သိထားသည်။ ထို့ကြောင့် လျှပ်စီးအရိပ်ဘုရင် သိနေရခြင်းသည် ရှန်ချင်းလော့ သူ့အား ပြောပြခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

“ပီလော့ကော”

“ပီလော့လည်း သခင်မနဲ့အတူ တစ်ခါတည်း လိုက်သွားတယ်”

ရန်ကိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုကသ်ည်။

ထိုစုန်းမသည် သူ့ကိုရှာရန်အတွက် တိမ်မိစ္ဆာနယ်မြေမှ ထွက်ပြီး ပိုမြင့်သည့် လောကတစ်ခုဆီသို့ သွားသည့် လမ်းကြောင်းကို ရှာဖွေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

သူမ အောင်မြင်ခဲ့လား ဆိုသည်ကို သူမသိချေ။ သူမသာ အောင်မြင်ခဲ့လျှင် ထုန်းရွှမ်လောကကြီးတွင် ရောက်နှင့်နေရပေမည်။ ထိုသို့သာဆိုလျှင် ဤမျှ ကြာသွားသည့်တိုင် အဘယ်ကြောင့် သူ့အား လာမတွေ့ရသနည်း။

သူမ ဘယ်သွားလဲ ဆိုသည့်ကိစ္စနှင့် ပက်သက်၍ ရန်ကိုင် လုံးဝ သဲလွန်စ ရှာမတွေ့ ဖြစ်နေခဲ့သည်။

ထိုစုန်းမ၏ အချစ် သူ့အပေါ် မည်မျှ နက်ရှိုင်းကြောင်းကို ရန်ကိုင် ကောင်းကောင်း သိလေရာ သူ့နှလုံးသား မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ယခင်ကမူ၊ သူမအား သူ့နားမှ အတင်းမောင်းထုတ်ပစ်ချင်ခဲ့သည်။ သို့သော် သူမအား မတွေ့လိုက်သည့်အချိန်တွင်မူ သူ့စိတ်ထဲ အထီးကျန်သလို ခံစားလိုက်ရသည်။

သူ့စိတ်ထဲ သူမအပေါ် အပြစ်မကင်းသို ခံစားလိုက်ရ၏။

“အဲ့ဒါပဲ။ ငါသိတာအားလုံး မင်းကို ပြောပြပြီးသွားပြီ။ ငါ့ကို သတ်မယ်ဆိုရင်လည်း သတ်လိုက်တော့” လျှပ်စီးအရိပ်ဘုရင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၃၈)

ရှန်ချင်းလော့၏ နန်းတော်ထဲတွင်၊ လျှပ်စီးအရိပ်ဘုရင်သည် တုန်လှုပ်ခြင်း အလျင်းကင်းစွာ ရပ်နေခဲ့သည်။

လျှပ်စီးအရိပ်ဘုရင်ကို ကြည့်၍ ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည် “သွားတော့၊ ကျုပ်ခင်ဗျားကို သတ်ချင်စိတ် မရှိဘူး”

ရန်ကိုင် စကားကြောင့် လျှပ်စီးအရိပ်ဘုရင် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ ကြားလိုက်ရသည့် စကားကို မယုံနိုင်သေးသည့် အမူအရာဖြင့် ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်နေလေသည်။

လွန်ခဲ့သည့်ဆယ်နှစ်အတွင်း သူ့ကိုယ်သူ နိမ့်ကျသော သူတောင်းစား တစ်ယောက်အဖြစ် ရုပ်ဖျက်ထားရခြင်းသည် ဗဟိုမြို့တော်မှ ပညာရှင်များ သူ့အား လာရှာမည်ကို ကြောက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော် မမျှော်လင့်ဘဲ ရန်ကိုင်လက်ထဲတွင် အဖမ်းခံလိုက်ရသည်။ သူ့တွင် တကယ်ကော အသက်ရှင်ခွင့် ရှိသေးရဲ့လား။

“မသွားသေးဘူးလား” ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။

အရိပ်ဘုရင် အံ့ကြိတ်လိုက်ပြီး နဖူးကြောတို့ ထောင်တက်လာခဲ့သည်။ သူသည် တစ်ချိန်က ဤလောကကြီးရှိ လူများ၏ ရင်ထဲသို့ အကြောက်တရား ရိုက်သွင်းပေးနိုင်ခဲ့သည့် မိစ္ဆာဘုရင်တစ်ပါး ဖြစ်ပေသည်။ သို့သော်လည်း ယခုအချိန်၌ သူ့ရှေ့တွင် ရှိနေသော လူငယ်လေး၏ အထင်အမြင်သေးခြင်းကို ခံနေခဲ့ရသည်။ သူ့ကို သတ်ဖို့ပင် မထိုက်တန်ဟု သဘောထားနေခဲ့သည်။ သူ့တစ်ဘဝလုံး တစ်ကြိမ်တစ်ခါမှ ဤကဲ့သို့ အရှက်ခွဲမခံရခဲ့ဖူးချေ။

သူ့စိတ်ထဲ ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း နောက်ဆုံး၌၊ အသက်ရှင်ချင်စိတ်က သူ့ဒေါသကို အနိုင်ယူသွားခဲ့လေသည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် “ရှန်ချင်းလော့ ထွက်မသွားခင် ပင့်ကူအမေကြီးရဲ့ အသိုက်ဆီ သွားခဲ့သေးတယ်။ သူအဲ့မှာ တစ်ခုခု တွေ့ခဲ့တာ ဖြစ်လောက်တယ်။ သူ့ကို ရှာချင်တယ်ဆိုရင် အဲ့ကို သွားကြည့်သင့်တယ်။ တစ်ခုခု ရှာတွေ့ရင် ရှာတွေ့နိုင်တယ်”

ပြောပြီးသည်နှင့် လျှပ်စီးကြောင်းတစ်ခု အသွင်သို့ ပြောင်းလျက် ချက်ချင်း ထွက်သွားလေသည်။

“ပင်ကူအမေကြီးရဲ့ အသိုက်လား…” ရန်ကိုင် သူ့ဘာသာ ရေရွတ်လိုက်သည်။ ထိုနေရာကို သူကောင်းကောင်း မှတ်မိ၏။ ထိုနေရာသည် အဆင့်မိစ္ဆာ မွန်းစတားသားရဲဖြစ်သော ပင့်ကူအမေကြီး နေသည့်နေရာ ဖြစ်ပေသည်။

ရှန်ချင်းလော့ အဆိပ်မုဆိုးမ အထူးခန္ဓာကိုယ်သည် ထိုပင့်ကူအမေကြီးဆီမှ အရင်းခံလာခြင်းဖြစ်သည်။ သူမကိုယ်ထဲရှိ အဆိပ်ကို ကုသနိုင်သည့် တစ်ခုတည်းသော အရာသည်ကား ပင့်ကူအမေကြီး၏ အမြူတေပင်။

“သခင်လေးရန်… သခင်မ နတ်ဆိုးဘုရင်ကို သွားရှာမလို့လား” ယွန်လီက မေးလိုက်သည်။

“အင်း၊ တစ်ချက်သွားကြည့်မလို။ သူအဲ့မှာတော့ မရှိလောက်ဘူး။ အစောကြီးကတည်းက ထွက်သွားလောက်ပြီ”

“အင်း။ အဲ့လိုဆိုရင် သခင်လေးရန် လမ်းမှာ သတိထားသွားဦးနော်” ယွန်လီ၊ ရို့ယုနှင့် ရို့ချင်တို့ သုံးယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်က ထိုသုံးယောက်ကို ဝေ့ကြည့်လိုက်ပြီး “ခင်ဗျားတို့ သခင်မက ဒီမှာမရှိတော့ဘူးလေ။ ဘာလို့ ဒီမှာ နေနေသေးတာလဲ”

ယွန်လီက မဲ့ပြုံးပြုံးလိုက်ပြီး “ကျွန်မတို့ ဘယ်သွားနိုင်မှာလဲ။ ဒီမှာဆိုရင် အနည်းဆုံးတော့ နေစရာမရှိမှာ ပူစရာမလိုဘူးလေ။ ဒါပေမယ့် ဒီနေရာကနေသာ ထွက်သွားခဲ့ရင် ကျွန်မတို့ရဲ့ ရုပ်ရည်၊ ခွန်အားနဲ့ ဆိုရင် ဘယ်လို ကံကြမ္မာကို ရင်ဆိုင်ရမလဲ သခင်လေးရန် ကောင်းကောင်း သိလောက်ရောပေါ့”

ရင့်ကျက်သော အမျိုးသမီးနှင့် မိန်းကလေး နှစ်ယောက်စလုံးသည် အတော်လေးကို လှပကြသော်လည်း သူတို့၏ ခွန်အားမှာမူး မြင့်မားလှခြင်းမရှိချေ။ သူတို့သာ ဤနေရာမှထွက်၍ အပြင်လောကကြီးတွင် ခြေဆန့်မည် ဆိုပါက ကောက်ကျစ်ယုတ်မာသော ယောကျာ်းသားများ၏ ကစားစရာ အဖြစ်သို့ ရောက်ရှိသွားရပေလိမ့်မည်။

“ကျုပ်ခေါ်သွားမယ်ဆိုရင်ရော လိုက်မှာလား” ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်သည်။

ယွန်လီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ရို့ယု၊ ရို့ယင်တို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သုံးယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည် “အင်း။ သခင်လေးရန်က ခေါ်မယ်ဆိုရင်တော့ ပျော်ပျော်ကြီး လိုက်မှာပေါ့။ သခင်လေးရန်နောက်သာ လိုက်မယ်ဆိုရင် တစ်နေ့ သခင်မနဲ့ ပြန်တွေ့ကောင်း ပြန်တွေ့နိုင်တယ်လေ”

“အဲ့လိုဆိုရင်၊ ထုပ်စရာရှိတာတွေ ထုပ်ထားလိုက်။ ကျုပ်မြန်မြန် ပြန်လာခဲ့မယ်။ အို၊ ဟုတ်သားပဲ။ ခင်ဗျားတို့ သုံးယောက်အပြင် အခြား အိမ်ဖော်လည်း ရှိသေးတယ်မလား။ သူတို့ကိုလည်း လိုက်ဦးမလား မေးကြည့်လိုက်ပါဦး” ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားလေသည်။

နာရီဝက်ကြာပြီးနောက် ပင့်ကူအမေကြီး၏ အသိုက်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

လေထဲတွင်ရပ်လျက်‌ အောက်ဘက်ရှိ ပင့်ကူရုပ်ထုကို ငုံ့ကြည့်နေခဲ့သည်။

ယခင်ကမူ တစ်ခါမှ မစဉ်းစားဖူးခဲ့။ ယခု ဆယ်နှစ်ကြာသွားပြီး ပြန်စဉ်းစားကြည့်လိုက်တော့မှပဲ တွေးဖြစ်ခဲ့သည်။ ထိုပင့်ကူရုပ်ထု မည်သည့် နေရာမှ ရောက်လာသနည်း။ တစ်ခုခုတော့ ထူးဆန်းနေပေသည်။

ဤနေရာတွင် ပင့်ကူအမေကြီးနှင့် ပင့်ကူပေါင်းများစွာ ရှိနေသည် ဆိုသော်ငြား ထိုပင့်ကူများသည် မွန်းစတား သားရဲများသာ ဖြစ်ကြသည်။ လူများမဟုတ်ကြ။ ထို့ကြောင် ရုပ်ထုကို တည်ဆောက်ထားသူများ ပင့်ကူများ မဟုတ်ကြပေ။

ထို့အပြင် ထိုရုပ်ထုသည် တော်တော်လေး ရှေးဆန်၏။ ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာသော အနာအဆာများကို ကြည့်၍ ထိုရုပ်ထုသည် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းခန့် သက်တမ်းရှိမည်ဟု ရန်ကိုင် ခန့်မှန်းလိုက်သည်။

လက်ရှိအချိန်၌ ပင့်ကူအမေကြီး၏ အသိုက်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ပင့်ကူတစ်ကောင်ကိုမှ မတွေ့ရ။ ပင့်ကူအမေကြီး သေသွားပြီးသည့်နောက်ပိုင်း ဤနေရာတွင် ရှိနေသော ပင့်ကူအားလုံး တကွဲတပြား ဖြစ်သွားခဲ့ကြသည်။ ထို့ကြောင့် ရန်ကိုင် ရောက်လာသည့်အချိန်တွင် မည်သည့် ပင့်ကူကိုမှ မမြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

မြေပေါ်သို့ ဆင်း၍ ရုပ်ထုရှေ့သို့ လျှောက်သွားကာ အထဲသို့ ဝင်သွားလိုက်သည်။

ရုပ်ထုထဲတွင်၊ နေရာလပ်ကျယ်ကြီးတစ်ခု ရှိနေခဲ့သည်။ နေရာတစ်ခုလုံး ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေပြီး ကြမ်းပြင် ဆိုလျှင်လည်း ဖုန်အလိမ်းလိမ်းနှင့် ဖြစ်နေခဲ့သည်။ ဤနေရာသို့ ဘယ်သူမှ မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီနှင့် တူသည်။

အတွင်းပိုင်းကို စူးစမ်းကြည့်ရင်း တစ်ခုခုက ရန်ကိုင် အာရုံကို ဖမ်းစားသွားခဲ့သည်။ ရုပ်ထုထဲတွင် မျက်နှာပြင်ထက် ထူးဆန်းသော ဇယားကွက်ကဲ့သို့ ကားချပ်တစ်ခု ထိုးထွင်းထားသည့် ယဇ်ပုလ္လင်ကြီးတစ်ခု ရှိနေခဲ့သည်။ ထို့အပြင် ထိုယဇ်ပလ္လင်ပေါ်၌ သွေးကွက်များ စွန်းထင်းနေခဲ့သည်။ သို့သော် အချိန်ကြာပြီ ဖြစ်သဖြင့် သွေးကွက်များမှာ မဲညစ်နေလေပြီ။

ယဇ်ပုလ္လင်သည် အရမ်းကြီး မကြီးချေ။ အများဆုံးမှ လူနှစ်ယောက်၊ သုံးယောက်လောက် တက်ရပ်နိုင်ရုံသာ ကျယ်၏။ ယဇ်ပုလ္လင်အား ခဏလောက် စူးစမ်းကြည့်ပြီးနောက် သိသာ ထင်ရှားသော ခြေရာနှစ်စုံကို တွေ့လိုက်ရသည်။

ထိုခြေရာနှစ်စုံသည် ရှန်ချင်းလော့နှင့် ပီလော့တို့၏ ခြေရာများလေလား။

သေတော့မသေချာချေ။ သို့သော် ယဇ်ပုလ္လင်ထက် ကျန်ရစ်နေခဲ့သော ဝိုးတဝါးတား လေဟာနယ်စွမ်းအင်ကိုမူ ရန်ကိုင် ခံစားမိနေပေသည်။

ယဇ်ပုလ္လင်တစ်ခုလုံး အက်ကြောင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ရန်ကိုင်လက်နှင့် လှမ်းထိခိုက်သည့်အခိုက်၊ အားများများစားစား မသုံးလိုက်သော်လည်း ယဇ်ပုလ္လင်တစ်ခုလုံး တစ်စစီ ပျက်စီးသွားခဲ့သည်။

သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် နှလုံးခုန် မြန်လာခဲ့သည်။

ယဇ်ပုလ္လင်ပေါ်တွင် ထိုးထွင်းထားသော ထူးဆန်းသော ကားချပ်မှ အကြွင်းအကျန် ဟင်းလင်းပြင် စွမ်းအင်များကို ရန်ကိုင် အာရုံခံမိလိုက်သည်။ ဤအရာသည် တစ်ချိန်က လေဟာနယ် လိုဏ်ခေါင်းတစ်ခု၏ ဝင်ပေါက်ဖြစ်ခဲ့သည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။

ခြေရာနှစ်စုံသည် ရှန်ချင်းလော့နှင့် ပီလော့တို့၏ ခြေရာများ ဖြစ်သည်ဆိုပါက သူတို့သည် ဤလောကကြီးမှ ထိုလေဟာနယ် လိုဏ်ခေါင်းဖြင့် ထွက်သွားခြင်း ဖြစ်ရပေမည်။

သို့သော် သူတို့ ဘယ်နေရာသို့ သွားလေသနည်း။

ထိုစုန်းမနှင့် စခွဲခွာခဲ့စဉ်က သူမသည် မသေမျိုးပထမ အဆင့်သာ ရှိသေးသည်။ ထိုခွန်အားသည် ထုန်းရွှမ်လောကကြီး၌ ဘာဆိုဘာမှ မဟုတ်ချေ။

ခဏလောက် စစ်ဆေးပြီးနောက် အသုံးဝင်သည့် သဲလွန်စ တစ်ခုတစ်လေကိုမှ ရှာမတွေ့တော့သဖြင့် စိတ်ပျက်ပျက်နှင့်သာ ပင့်ကူအမေကြီး၏ အသိုက်ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် လေပေါ် ပျံတက်သွားလိုက်ပြီး သူ့လက်ဝါးဖြင့် အောက်သို့ ရိုက်ချလိုက်သည်။

ကောင်းကင်ဖုံးလက်…

သူ့လက်ဝါးချက်ကြောင့် ရုပ်ထုတစ်ခုလုံး ကျိုးကြေ၊ ပျက်စီးသွားပြီး ဖုန်အလိမ်းလိမ်း ထသွားကာ မြေအောက်ထဲ ထာဝရ နစ်မြုပ်သွားခဲ့ရသည်။

ရန်ကိုင် အတော်လေးကို စိတ်ညစ်နေခဲ့သည်။

ဗဟိုမြို့တော်မှ ထွက်လာခြင်းသည် နေရာနှစ်နေရာသို့ သွားပြီး ထိုနေရာရှိ လူများကို ထုန်းရွှမ်လောကကြီးဆီသို့ ပြန်ခေါ်သွားဖို့ပင်။ သို့သော် ဆေးဘုရင်တောင်ကြားမှ ရှောင်ဖူးချန်းသည် လွန်ခဲသည့် ငါးနှစ်ကတည်းက သေသွားခဲ့သည်။ ဒေါ်လေးရှန်နှင့် ဒေါ်လေးလန်တို့သည်လည်း ဤနေရာတွင်သာ နေရစ်ခဲ့မည်ဟုဆိုသည်။ ရှန်ချင်းလော့ကို လာခေါ်ပြန်သည့် အခါတွင်လည်း သူမသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက သင်းရနံ့မြို့တော်မှ ထွက်သွားခဲ့သည်။

ယခုတစ်ကြိမ် သူထွက်လာရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားခြင်း မရှိခဲ့ပေ။

ရန်ကိုင်က ကူကယ်ရာမဲ့မဲ့ဖြင့်သာ သင်းရနံ့မြို့တော်သို့ ပြန်သွားရလေသည်။ သူရောက်သွားသည့်အခါ ယွန်လီနှင့် အခြားအစေခံများ ထွက်ခွာရန် အဆင့်သင့် ဖြစ်နေကြလေပြီ။ ယွန်လီ၊ ရို့ယု၊ ရို့ယင်နှင့် အခြား အစေခံနှစ်ယောက်လည်း ပါလာခဲ့သည်။

နေ့တစ်ဝက်ကြာပြီးနောက် ရန်မိသားစုသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

မိန်းမချောလေး ငါးယောက်ကို ပြန်ခေါ်လာသည့် ရန်ကိုင်ကို ကြည့်ရင်း လီရုန်နှင့် ဟန်ဖေးတို့၏ အမူအရာ ထူးဆန်းသွားခဲ့၏။

ရန်ကိုင်အနေဖြင့် ရှင်းပြရမည်ကို ပျင်းလွန်းနေခဲ့သည်။ ထို့ကြောင့် ယွန်လီနှင့် အခြားသူများအတွက် တစ်ခုခု စီစဉ်ပေးရန်ကိုသာ သူ့အဖေအား တောင်းဆိုလိုက်သည်။ ရှန်ချင်းလော့အား ပြန်မတွေ့ခင် အချိန်ထိ ထိုအမျိုးသမီး ငါးယောက်သည် ရန်မိသားစု၏ အိမ်ဖော်များအဖြစ် အလုပ်လုပ်ကြပေလိမ့်မည်။

ရန်ရင်ဖုန်းက အလွယ်တကူပဲ သဘောတူခဲ့သည်။

“ရန်ကိုင်ရေ”

“ဝမ်းကွဲလား”

သူ့နာမည် ခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ဒေါင်ချင်းဟန်နှင့် ဒေါင်ချင်းယန်တို့ ပြေးလာနေသည်ကို တွေ့လိုက်ရလေသည်။

ဝတုတ်ဒေါင်သည် ယခင်ကကဲ့သို့ မဝတော့။ အတော့်ကိုမှ ဝိတ်ကျသွားလေသည်။ ယခုသူ့ပုံစံသည် အတော်လေးကိုမှ ကြည့်ကောင်းနေသည်။

ဒေါင်ချင်းယန်ကမူ မိန်းမချောလေး တစ်ယောက်အဖြစ်သို့ ပြောင်းလဲလာခဲ့လေပြီ။ ကြီးသင့်သည့်နေရာကြီး၊ သေးသင့်သည့် နေရာသေး၊ အတော်လေးကိုမှ လှပနေခဲ့သည်။

ထိုနှစ်ယောက်ကို မြင်သည့်အခါ ရန်ကိုင် အတော်လေး ပျော်သွားခဲ့ပြီး ချက်ချင်းပဲ နွေးထွေးစွာ ပြုံးပြလိုက်သည်။

ပြန်ရောက်လာခဲ့စဉ်က မိတ်ဆွေဟောင်းများစွာနှင့် တွေ့ခဲ့သော်လည်း ဒေါင်မိသားစုဝင်များနှင့် မတွေ့ရသေးချေ။ ယနေ့မှပဲ သူ့ဝမ်းကွဲနှစ်ယောက် ပေါ်လာခဲ့သည်။

ရန်ကိုင်ဆီသို့ ရောက်သည်နှင့် ဒေါင်ချင်းယန်က သူမ၏ မျက်ဝန်းလှလှလေးများဖြင့် ရန်ကိုင်ကို သေချာ စိုက်ကြည့်လိုက်ပြီး “ဆယ်နှစ်လောက် မတွေ့လိုက်ရတာနဲ့ ဝမ်းကွဲက ပိုပြီးတော့တောင် ရုပ်ချောလာတာပဲ”

“နင့်အပြောလေးကလည်း အရမ်းကို ချိုလာတာပဲနော်” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် ဒေါင်ချင်းယန်က သွားပေါ်အောင် ပြုံးလိုက်ပြီး လက်ဆန့်ထုတ်၍ “ဒီတော့၊ ကျွန်မအတွက် ဘာလက်ဆောင်တွေ ပြင်လာလဲဟင်”

ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

ဝတုတ်ဒေါင်ကမူ ရန်ကိုင် အကြပ်ရိုက်နေသည်ကိုကြည့်ရင်း အားပါးတရ ရယ်မောနေခဲ့သည်။

“ရော့၊ ငါနင့်ကို ဒါပေးမယ်” ရန်ကိုင်က သလင်းကျောက် တစ်တုံးကို ထုတ်ယူ၍ ဒေါင်ချင်းယန်ကို ပေးလိုက်သည်။ ထို့နောက် လေးလေးနက်နက် လေသ့ဖြင့် “ဒါက ရှားပါးပြီး အဖိုးတန်တဲ့ ရတနာတစ်ခုပဲ။ အဲ့ထဲမှာ သန့်စင်တဲ့ စွမ်းအင်တွေ အများကြီးပါတယ်။ အဲ့စွမ်းအင်တွေကို စုပ်ယူပြီး အစစ်အမှန်ချီ အဖြစ် ပြောင်းလို့ရတာဆိုတော့ ကျင့်ကြံတဲ့နေရာမှာပဲသုံးသုံး၊ အားပြန်ဖြည့်တဲ့ နေရာမှာပဲသုံးသုံး၊ ကြိုက်တဲ့နေရာမှာ သုံးလို့ရတယ်”

ဒေါင်ချင်းယန်၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး ထိုသလင်းကျောက်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် အားပါးတရ ချီးမွမ်းလိုက်သည် “ဒီကျောက်တုံးလေးက အရမ်း လှတာပဲ။ ဝမ်းကွဲ ကျွန်မကို တကယ်ပေးမှာ သေချာလား”

“နင့်ဝမ်းကွဲက ပေးပြီးသားလက်ဆောင်ကို ပြန်ယူမယ်လို့ ထင်လား”

“ဝမ်းကွဲကို ကျေးဇူးအရမ်းတင်တာပဲ” ဒေါင်ချင်းယန်က ပျော်ရွှင်အော် အော်ပြောလိုက်ပြီး ထိုသလင်းကျောက်ကို သူမ အိတ်ထဲ သေသေချာချာ ထည့်သိမ်းလိုက်သည်။

ထိုမိန်းကလေး ရန်ကိုင်၏ လှည့်စားခြင်း ခံရမည်ကို မမြင်ရက်သဖြင့် လီရုန်နှင့် ဟန်ဖေးတို့သည် ထိုကျောက်တုံးမှာ သာမန်ပစ္စည်းသာဖြစ်ကြောင်း အလျင်အမြန် ရှင်းပြလိုက်ရ၏။ ပြီးသည်နှင့် ခေါင်းလေး တရမ်းရမ်းဖြင့် တခစ်ခစ် ရယ်မောလိုက်ကြလေသည်။

“ညီမလေး၊ အပြင်မှာ သွားဆော့နှင့်ပါလား။ အစ်ကို ရန်ကိုင်နဲ့ တစ်ခုခု ဆွေးနွေးချင်လို့” ဒေါင်ချင်းဟန်က ဒေါင်ချင်းဟန်အား အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဟန့်၊ တိုးတိုးကြိတ်ကြိတ်နဲ့၊ သိတာပေါ့၊ မကောင်းတဲ့ အကြောင်းတွေ ပြောတော့မှာမှန်း” ဒေါင်ချင်းယန်က နှာခေါင်းရှုံ့လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားလေသည်။

ရန်ကိုင်နှင့် ဒေါင်ချင်းဟန် နှစ်ယောက်တည်း ရှိတော့သည့် အချိန်၌၊ ဒေါင်ချင်းဟန်၏ အမူအရာ လေးနက်သွားခဲ့ပြီး ရန်ကိုင်အား အသေအချာ စိုက်ကြည့်၍ မေးလိုက်လေသည် “မင်း ရန်မိသားစု တစ်ခုလုံးကို ထုန်ရွှမ်လောကကြီးဆီ ခေါ်သွားချင်တာ တကယ်ကြီးလား”

“ဒေါ်လေးနဲ့ ဦးလေးဆီက သတင်းကြားပြီး ချက်ချင်း ပြေးလာတာ။ ကျန်တဲ့ ဒေါင်မိသားစုဝင်တွေလည်း မင်းနောက် လိုက်ဖို့ အထုပ်အပိုးတွေ ပြင်နေကြပြီ” ဒေါင်ချင်းဟန်က တည်ကြည်လေးနက်သည့် လေသံဖြင့် မေးလိုက်သည် “မင်းတကယ် သေချာတာလား”

“မသေချာရင် ငါ့တစ်မိသားစုလုံးကို သွားခိုင်းမလားဟ။ ငါ့မိသားစုရဲ့ အသက်ကို လောင်းကြေးထပ်ပြီး ဘာလို့ အဲ့လို လုပ်ရမှာလဲ” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ငါနားလည်တာပေါ့။ ဒါပေမယ့် ဒီကိစ္စက နည်းနည်း… ကိုယ့်မွေးရပ်မြေကို ရုတ်တရက် စွန့်ခွာပြီး အခြား နေရာအသစ် တစ်ခုဆီ ပြောင်းရမှာဆိုတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့ကွာ”

“နောက်ပိုင်းကျ အသားကျသွားလိမ့်မယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်မယ် “ငါဆိုရင်လည်း ဟိုဘက်စရောက်တုန်းက တော်တော်လေးကို လမ်းပျောက်ခဲ့တာ။ ဒါပေမယ့် အဲ့ဘက်မှာ ငါတို့လို လူငယ်တွေအတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီးပဲကွ”

“ဟားဟား” ဒေါင်ချင်းဟန် ရယ်မောလိုက်ပြီး “မေးကြည့်ရုံ မေးကြည့်တာပါကွာ။ ချူရီမန်တောင် သွားမယ်လို့ ဆုံးဖြတ်ထားမှတော့ ဘာပြဿနာမှ မရှိတာ သေချာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ မင်းစကားထက် ချူမိသားစု ပထမသခင်မလေးရဲ့ အမြင်ကို ပိုယုံတယ်ကွ”

ရန်ကိုင် ကြက်သေသေသွားခဲ့သည်။

“မင်းတို့ ရန်မိသားစု ဘယ်အချိန် ထွက်ခွာမှာလဲ”

“မြန်နိုင်သမျှ မြန်မြန်ထွက်မှာ။ သွားရမယ့်ခရီးက တော်တော်လေး ဝေးတယ်ကွ။ ဒီကနေ ငါတို့သွားမယ့် နေရာဆီ ရောက်ဖို့ဆိုရင် အနည်းဆုံး သုံး၊လေးလလောက် လိုလိမ့်မယ်။ လမ်းမှာ နှောင့်နှေးတာတွေရှိရင် ပိုပြီးတော့တောင် ကြာနိုင်သေးတယ်”

“အဲ့လောက်တောင် ကြာတာလား” ဒေါင်ချင်းဟန် အံ့ဩသွားခဲ့သည်။

“ကြာတာပေါ့ဟ။ ထုန်းရွှမ်လောကကြီးဆိုတာ မင်းစိတ်ကူးနိုင်တာထက်တောင် ပိုကျယ်သေးတယ်။ အဲ့ဒါကြောင့် မင်းတို့ ဒေါင်မိသားစု ရန်မိသားစုဆီ မလာတော့နဲ့။ အထုပ်အပိုး ပြင်ပြီး ကောင်းကင်စံအိမ်ကနေသာ စောင့်နေ။ အဲ့ကလူတွေကိုလည်း အထုပ်အပိုး ပြင်ထားဖို့ ပြောလိုက်ဦး။ ရန်မိသားစုကော၊ အဲ့က လူတွေကိုပါ တစ်ခါတည်း ခေါ်သွားမှာ”

“ကောင်းပြီ” ဒေါင်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆို ငါသွားပြင်ဆင်လိုက်ဦးမယ်”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၃၉)

ရန်မိသားစု၊ ချူမိသားစုနှင့် ဟော်မိသားစုတို့ ထွက်ခွာရန်အတွက် အထုပ်အပိုး ပြင်နေကြပြီ ဖြစ်သဖြင့် ဗဟိုမြို့တော်တစ်ခုလုံး အတော်လေးကိုမှ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။ ရန်ကိုင်က ‘အထုပ်အပိုးပြင်ထား’ ဟူ၍ လွယ်လွယ်နှင့် ပြောလိုက်သော်လည်း ထိုရိုးရှင်းသော စကားအတိုင်း လုပ်ရန် အရမ်းကိုမှ အချိန်ကုန်လှပေသည်။

ဆယ်ရက်ကြာအောင် စောင့်ပြီးနောက်တွင် အကုန်လုံး ထွက်ခွာရန် အဆင့်သင့် ဖြစ်နေကြလေပြီ။

ဤသို့ဖြင့် လူတစ်ထောင်နီးပါး ရှိသော မိသားစုကြီး သုံးခုနှင့်အတူ ရန်ကိုင်သည် ဗဟိုမြို့တော်မှ ကောင်းကင်စံအိမ်သို့ စတင် ထွက်ခွာတော့လေသည်။

သို့သော် မိသားစုကြီး သုံးခုစလုံးမှ လူအကုန်လုံး လိုက်လာခဲ့ကြခြင်း မဟုတ်ချေ။ မလိုက်ချင်၍ ကျန်ခဲ့သည့် လူများလည်း ရှိပေသည်။ လိုက်လာသူများ၏ (၉၀) ရာခိုင်နှုန်းမှာ ရန်မိသားစုဝင်များ ဖြစ်ကြပြီး ခရီးရှည် မသွားချင်သည့် အကြီးအကဲအချို့နှင့် သူတို့၏ မိသားစုဝင်အချို့သာ ကျန်နေရစ်ခဲ့သည်။

ဟော်မိသားစုနှင့် ချူမိသားစုအတွက်မူ၊ သူတို့ မိသားစု၏ တစ်ဝက်လောက်သာ လိုက်ပါလာကြသည်။ အများစုမှာ ဟော်ရှင်းချန်နှင့် ချူရီမန်တို့နောက် လိုက်ချင်ကြသော လူငယ်မျိုးဆက်များပင် ဖြစ်ပေသည်။

ရန်ကိုင်နှင့် ရင်းနှီးသော မိတ်ဆွေများလည်း လိုက်လာခဲ့ကြသည်။ ဂိုဏ်းတို့ သူတို့ ပြန်အကြာင်းကြားပြီးပေပြီ။ သူတို့၏ အင်အားစုများ မည်ကဲ့သို့ ဆုံးဖြတ်မလဲ ဆိုသည်ကမူ ဂိုဏ်းချုပ်နှင့် အကြီးအကဲများပေါ်တွင်သာ မူတည်ပေသည်။

လိုက်ချင်သည့်သူများ ကောင်းကင်စံအိမ်သို့ တိုက်ရိုက် သွားလိုက်ပါဟု ရန်ကိုင် ပြောပြီးသွားလေပြီ။ ကောင်းကင်စံအိမ်၌ နည်းနည်းလောက် ထပ်စောင့်ပေမည်။ သူမ အလျင်မလိုပေရာ။

ဗဟိုမြို့တော် ဂိတ်ပေါက်မှ လူတန်းရှည်ကြီး စီတန်း ထွက်လာနေခဲ့သည်။ လူများစွာတို့သည် ဂိတ်ပေါက်ဝတွင် စုဝေးလျက် ထိုလူများ ထွက်ခွာနေသည်ကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

ထိုလူအများစုမှ မိသားစုကြီးငါးခုမှ အဖွဲ့ဝင်များ ဖြစ်ကြပေသည်။

“အစ်ကိုမန်၊ ငါတို့ နေခဲ့ဖို့ ရွေးချယ်လိုက်တာ မှန်ပါ့မလား” ခန်မိသားစုခေါင်းဆောင် ခန်ကျန်းက မေးလိုက်သည်။ တဖြည်းဖြည်း ထွက်ခွာသွားနေသော လူတန်းရှည်ကြီးကို ကြည့်ရင်း သူ့မျက်နှာထက် မပြတ်သား၊ တွေဝေသည့် အမူအရာတို့ ရှိနေခဲ့လေသည်။

ထိုလူများသည် ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်သည့် အဆင့်မြင့် လောကတစ်ခုဆီ သွားတော့ပေမည်။ သို့သော် သူတို့ကမူ ကျန်နေရစ်ရန် ရွေးချယ်ခဲ့ကြသည်။

မန်မိသားစုခေါင်းဆောင် မန်ရှန်းရီက ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက် “နေဖို့ ရွေးချယ်လိုက်တာ မှန်လား၊ မှားလား ငါမသိဘူး။ ငါတို့… ရန်ကိုင်နဲ့ အရမ်းကြီး မရင်းနှီးဘူး ဆိုတာတော့ မှန်တယ်။ သူ့နောက်လိုက်သွားလို့လည်း ဒီမှာ နေတာထက် ပိုကောင်းမှဦမဟုတ်ဘူး။ သူ့မှာ ပစ္စည်းကောင်းတွေ ရှိရင် ရန်၊ ချူနဲ့ ဟော်မိသားစုတွေကိုပဲ ဦးစားပေးမှာ။ ငါတို့ မိသားစုငါးခုကို နည်းနည်းလေးတောင် မပေးတာလည်း ဖြစ်နိုင်တာပဲ။ ငါတို့ မိသားစုငါးခုစလုံးကို သူ့လက်အောက်ကို သွတ်သင်းတာမျိုးတောင် လုပ်နိုင်သေးတယ်”

“အစ်ကိုမန်ပြောတာ မှန်တယ်” ရီမိသားစုခေါင်းဆောင် ရီကျင်းက ခေါင်းညိတ်လိုက်ပြီး “အဲ့လို တွေးပူစရာတွေ ရှိနေလို့ပဲ သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာ။ သူလည်း ဒီအချက်ကို နားလည်မယ်လို့ ငါထင်တယ်။ အဲ့ဒါကြောင့်ပဲ ငါတို့ကို ဆက်ပြီး ခေါ်မနေတော့တာ”

“ငါတို့ အတွေးလွန်နေတာကော မဖြစ်နိုင်ဘူးလား။ အဲ့နေရာက ဒီလောကကြီးထက် ပိုအဆင့်မြင့်မှတော့ ငါတို့ရဲ့ ခွန်အားနဲ့ အရင်းအမြစ်တွေက ရန်ကိုင်အတွက် ဘာမှ အသုံးမဝင်လောက်ဘူးလေ” ခန်ကျန်း တုန့်ဆိုင်းနေဆဲ။ “ဒီတစ်ကြိမ် ငါတို့ကို ကမ်းလှမ်းလိုက်တာလည်း ငါတို့ သူတောင်းဆိုချက်ကို လက်ခံခံ၊ လက်မခံခံ၊ အရေးမကြီးလို့လည်း ဖြစ်နိုင်တာပဲ”

“အဲ့လိုတွေးနေလို့ ဘာထူးမှာလဲ။ သူ့တောင်းဆိုချက်ကို ငြင်းပယ်ပြီးသွားပြီလေ။ ဘာလဲ၊ အခုမှ သူ့နောက် ပြေးလိုက်ချင်နေတာလား”

“အစ်ကိုလျူ၊ မင်းကော ဘယ်လိုထင်လဲ” ကောင်းမိသားစု ခေါင်းဆောင် ကောင်းရန်ရှန်းက လျူချင်းယောင်ဘက်လှည့်၍ မေးလိုက်သည်။

လျူချင်းယောင်သည် တစ်ချိန်က ဗဟိုမြို့တော် လူငယ်မျိုးဆက် အားအကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ့အထင်အမြင်မှာလည်း သူတို့၏ ဆုံးဖြတ်ချက် အပေါ် အနည်းနှင့်အများ သက်ရောက်နိုင်ပေသည်။

“ငါမှာ ဘာမှ ပြောစရာမရှိဘူး” လျူချင်းယောင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

----------------------------------

ဗဟိုမြို့တော်မှ ဆယ်မိုင်အကွာတွင်၊ ရန်ကိုင်၊ ဟော်ရှင်းချန်နှင့် ချူရီမန်တို့ ဘေးချင်းယှဉ် လမ်းလျှောက်နေခဲ့ကြသည်။

ဟော်ရှင်းချန်က နောက်သို့ ရုတ်တရက် ပြန်လှည့်ကြည့်၍ “သခင်လေးရန်၊ အဲ့လူတွေကို မင်းတကယ်ကြီး ဒီအတိုင်း ထားခဲ့လိုက်တော့မလို့လား”

“မင်းငါ့ကို ဘာလုပ်စေချင်တာလဲ။ သူတို့မှ မလိုက်ချင်တာကို၊ ငါက အတင်းအကြပ် လိုက်ခိုင်းရမှာလား။ သူတို့လမ်း သူတို့ လျှောက်တာပဲလေ။ သူတို့ကြိုက်သလို လုပ်ပါစေပေါ့”

“ဟုတ်တယ်။ သူတို့ပဲ ဒီလို ရွေးချယ်ခဲ့တာလေ။ ဘာလို့ စိတ်ထဲထားနေသေးတာလဲ” ချူရီမန်က ဟော်ရှင်းချက်ကို ကြည့်၍ ဝင်ပြောလိုက်သည်။

ဟော်ရှင်းချက်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး “ငါသူတို့ကို ကူညီပေးချင်လို့ပါဟာ။ တကယ်တော့ ငါတို့တွေက ငယ်ငယ်လေးကတည်းက တစ်မြို့တည်းမှာ နေလာခဲ့ကြတာလေ။ အခုလို ရုတ်တရက်ကြီး ခွဲရမယ်ဆိုတော့ နည်းနည်းလေး တုန့်ဆိုင်းနေမိတာ… ကဲ။ ဘာပဲဖြစ်ဖြစ် ထားလိုက်ပါတော့လေ။ သခင်လေးရန်၊ ငါ့မိန်းမနဲ့ကိုယ်လုပ်တော် (၁၅)ယောက်နဲ့ မင်းကို မိတ်ဆက်ပေးမယ်။ အကုန်လုံးက မင်းကို တွေ့ချင်နေကြတာ။ ငါ့ကို မင်းနဲ့ မိတ်ဆက်ပေးပါဆိုပြီး တပူပူ တစာစာ လုပ်နေကြတာကွာ”

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး “ရပါတယ်၊ မလိုပါဘူးကွာ”

အမျိုးသမီး ဆယ်ယောက်ကျော်နှင့် တွေ့ဆံရမည်မှာ အတော့်ကိုမှ ဗျာများရမည့်ကိစ္စပင်။ တော်ကြာ မသကာမှ ‘အခုမှ ပထမဆုံး အကြိမ်တွေ့ရတာ၊ လက်ဆောင်လေး ဘာလေးများ မပေးချင်ဘူးလား’ ဆိုပြီး လုပ်နေမှဖြင့်…

“မင်းဘယ်လို ပြောရက်တာပဲ။ မင်းသူတို့နဲ့ သွားမတွေ့ရင် ဒီညငါ့ကို လာရှာကြီး စိတ်ဒုက္ခရောက်အောင် လုပ်ကြမှာကွ”

ကူကယ်ရာမဲ့မဲ့နှင့် ရန်ကိုင်လည်း ဟော်ရှင်းချန်၏ တောင်းဆိုချက်ကို သဘောတူလိုက်ရလေသည်။ ရုတ်တရက် ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး တစ်ဖက်ဆီ လှမ်းကြည့်လိုက်သည်။

“သခင်” လီရုန် အမူအရာလည်း လေးနက်သွားခဲ့သည်။

“ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဟော်ရှင်းချန်နှင့် ချူရီမန်တို့ဘက်လှည့်၍ “နင်တို့ အရင်ဆက်သွားထားနှင့်၊ ငါတစ်နေရာ သွားလိုက်ဦးမယ်”

ပြောပြီးသည်နှင့် သွားနေရာမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လီရုန်နှင့် ဟန်ဖေးတို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချက်ချင်း ပြေးလိုက်သွားကြသည်။

ချူရီမန်နှင့် ဟော်ရှင်းချန်တို့မှာ နေရာတွင်သာ ကြောင်တောင်တောင်ဖြင့် ရပ်နေကြလေသည်။ ရုတ်တရက်ကြီး ရန်ကိုင် ဘာကြောင့် ပြေးထွက်သွားမှန်း သူတို့ နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

“ကိုင်အာ ဘယ်ထွက်သွားတာလဲဟင်” ဒေါင်စုကျုက လမ်းလျှောက်လာပြီး မေးလိုက်သည်။

“သမီးလည်း မသိဘူး ဒေါ်လေးရဲ့။ တစ်ခုခု ရှာတွေ့သွားလို့နဲ့ တူတယ်” ချူရီမန်က စဉ်းစဉ်းစားစားဖြင့် ပြန်ပြောလိုက်သည်။

“အန္တရာယ်တစ်ခုခုကို သတိပြုမိလိုက်တာလား” ဒေါင်စုကျု စိုးရိမ်တကြီး ပြန်မေးလိုက်သည်။

“စိတ်အေးအေးထားပါ ဒေါ်လေးရယ်၊ ရန်ကိုင်နားမှာ ဟိုပညာရှင်နှစ်ယောက် ရှိနေတယ်လေ။ အဲ့နှစ်ယောက် ဘယ်လောက် အားကောင်းလဲ သေချာမသိပေမယ့် အရမ်း အားကောင်းတာတော့ သေချာတယ်” ချူရီမန်က ပြုံးကာ ဒေါင်စုကျု၏ စိတ်မပူရအောင် နှစ်သိမ့်ပေးလိုက်သည်။

သူမပြောသည်ကို ကြားမှပဲ ဒေါင်စုကျု အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

ရန်ရင်ဖုန်းက ရယ်မောလို့ပြီး ခေါင်းညိတ်၍ “ငါတို့သားက လူကြီးဖြစ်နေပါပြီကွာ မိန်းမရာ၊ ဒီလောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့။ သူ့ဘာလုပ်ဖို့ပဲ ထွက်သွားသွား၊ ဒီကောင်က သူ့အကြောင်းသူ ကောင်းကောင်းသိတဲ့လူပါ”

လူတန်းရှည်ကြီးသည် ဆက်လက် သွားလာနေဆဲ။ ရန်ကိုင် ထွက်သွားသည်ကို မြင်လိုက်သည့် လူအနည်းငယ်မှလွဲ၍ အခြား ဘယ်သူမှ ရန်ကိုင် ထွက်သွားသည်ကို သတိမပြုမိခဲ့ချေ။

မိုင်တစ်ရာကွာ၌…

နီကြင့်ကြင့်နှင့် အနက်ရောင် အလင်းတန်းနှစ်ခုသည် လူတန်းရှည်ကြီးဆီ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။

ထိုအလင်းတန်းနှစ်ခု၏ အရှိန်မှာ အရမ်းကိုမှ မြန်လှသည်။ သူတို့ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် ရှိနေသော မြက်ပင်၊ ပန်းပင် အားလုံး ခြောက်သွေ့ညိုးလျော်သွားကြရသည်။

ထိုနှစ်ယောက်ဆီမှ ဖြာထွက်နေသော ထိတ်လန့်ဖွယ်ရာ နတ်ဆိုးချီကို အာရုံခံသူများအဖို့ ချက်ချင်း နေရာတွင်ပင် လဲပြိုကျသွားနိုင်သည်။

ထိုဆိုးရွားလှသော နတ်ဆိုးချီသည် ဤလောကကြီး၏ ကျင့်ကြံသူများ ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

“အို…” အာမေဋိတ်သံနှင့်အတူ အနက်ရောင်အလင်းတန်း ရုတ်ချည်း ရပ်တန်းသွားခဲ့သည်။ အနက်ရောင် အလင်တန်းဆီမှ တောင်တစ်လုံးကဲ့သို့ မယိမ်းယိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် တုတ်ခိုင်ထွားကြိုင်းသော လူကြီးတစ်ယောက် ပေါ်လာခဲ့သည်။

သွေးနီရောင် အလင်းတန်းလည်း ရပ်တန့်သွားခဲ့ပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်‌ ပေါ်လာခဲ့သည်။

“တစ်ယောက်ယောက် ငါတို့ရှေ့ ကြိုရောက်နေတာလား” လူကြီး မျက်မှောင်ကြုံ့လိုက်သည် “အဲ့လူက ငါတို့ နတ်ဆိုး မျိုးနွယ်စုကပဲ။ ကျိုးချဲလားမသိဘူး”

အမျိုးသမီးက ခေါင်းခါလိုက်ပြီး “မဖြစ်နိုင်ဘူး။ ကျိုးချဲသာ ဒီကိုလာချင်ရင် ငါတို့နဲ့အတူ တစ်ခါတည်း လိုက်လာခဲ့မှာ။ သူ့ဘာသာ တစ်ယောက်တည်း လာခဲ့မှာမဟုတ်ဘူး”

“ကျိုးချြမဟုတ်ဘူးလား။ နတ်ဆိုးမျိုးနွယ်စုထဲမှာ ဒီလောက် ကျင့်ကြံခြင်းမြင့်တဲ့လူ ဘယ်သူ ရှိသေးလို့လဲ” လူကြီး စိတ်ရှုပ်သွားခဲ့သည်။ သို့သော် မကြာခင် ထပ်မံ မျက်မှောင်ကြုံ့သွားခဲ့ပြန်ပြီး “မဟုတ်သေးဘူး။ တစ်ခုတည်း မကဘူး။ လူသားတစ်ယောက်ပါ လာနေသေးတယ်… ဒါပေမယ့် ဒီလူသားရဲ့ အရှိန်အဝါက ရင်းနှီးနေသလိုပဲ”

လူကြီးက သူ့ဘာသာ ရေရွတ်လိုက်သည်။ သို့သော် ထိုလူသားကို ယခင်က မည်သည့် နေရာတွင် တွေ့ခဲ့ဖူးမှန်း မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

သူဘာသာ အတွေးနက်နေစဉ်မှာပဲ အမျိုးသမီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး “ဘယ်သူလာနေလဲ၊ ငါသိသွားပြီ”

“ဘယ်သူလဲ”

အမျိုးသမီးက လှောင်ပြုံးပြုံးလျက် “လောကကြီးက တကယ်ကို ကျဉ်းကျဉ်းလေးပါလား… လတ်စသတ်တော့ အဲ့မိန်းမ ဖြစ်နေတာကိုး”

“ရှင်းရှင်းလင်းလင်းပြော” လူကြီးက စိတ်မရှည်သည့်ဟန်ဖြင့် အော်ပြောလိုက်သည်။

အမျိုးသမီးက ထိုလူကို အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ “လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်က ငါဒဏ်ရာရလာခဲ့တာကို နင်မှတ်မိသေးလား”

ထိုလူ၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး “အော်၊ နင်လူသား ပိုင်နက်ထဲ ခိုးဝင်သွားပြီး ဟိုက လူသားပညာရှင်တစ်ယောက် ပြန်တိုက်လို့ ခွေးပြေး၊ ဝက်ပြေး၊ ထွက်ပြေးလာခဲ့ရတာကို ပြောတာလား။ ငါမှတ်မိတာပေါ့၊ မမှတ်မိဘဲ ဘယ်နေပါ့မလဲ။ ဘာလဲ၊ အခုလာနေတဲ့လူက အဲ့လူနဲ့ ဘာဆိုင်လို့လဲ”

အမျိုးသမီးက အံ့ကြိတ်လိုက်ပြီး “ဘာလို့ မဆိုင်ရမှာလဲ။ အဲ့တုန်းက ငါနဲ့တိုက်ခိုက်ခဲ့တဲ့လူက အခုလာနေတဲ့ အမျိုးသမီးပဲ။ သူက နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပေမယ့် ဘာမဟုတ်တဲ့ လူသားတစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ထားတယ်လေ။ ကျက်သရေ တုံးလိုက်တာ”

လူကြီး မျက်ခုံးပင့်လိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးလျက် “ဒါဆို နင်ဒီနေ့ လက်စားပြန်ချေခွင့် ရှိပြီပေါ့”

အမျိုးသမီးလေ၏သံ ပြတ်ကျသွားပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “သူက အားမနည်းဘူး။ ငါနဲ့ တိုက်တုန်းက သူတော်စင် ဒုတိယအဆင့်ပဲ ရှိသေးတယ်။ ဒါပေမယ့် ငါနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်တယ်။ သူအားနည်းလား၊ မနည်းဘူးလား နင့်ဘာသာနင်ပဲ စဉ်းစားကြည့်ပေတော့”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲ့တုန်းက နင့်ဘာသာ လမ်းလျှောက်ရင်း အိမ်မက်မက်နေတာလားမှ မသိတာ” လူကြီး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည် “နင်က နတ်ဆိုးဗိုလ်ချုပ် တစ်ယောက်လေ။ နင့်ထက် အဆင့်တစ်အဆင့် နိမ့်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး မနိုင်ရတာလဲ”

“အဲ့မိန်းမက အခြားလူတွေနဲ့ မတူဘူး။ ငါထင်တာသာ မှန်ရင် သူက အဲ့ကလန်ကပဲ”

“ဘယ်ကလန်လဲ”

အမျိုးသမီးက လူကြီးကြည့်၍ လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ဘယ်ကလန် ရှိရမှာလဲ။ မဟာနတ်ဆိုးနတ်ဘုရား လက်အောက်မှာ တိုက်ရိုက် အမှုထမ်းခဲ့တဲ့ ကလန်ပေါ့”

ထိုစကားကို ကြားလိုက်သည်နှင့် လူကြီး၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး တုန့်ဆိုင်းနေသည့် အမူအရာတို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ ‘အဲ့ကလန်’လို့ ပြောလိုက်ရုံဖြင့် သူ့အား တော်တော့်ကိုမှ ကြောက်သွားစေသည့် ပုံပင် “အဲ့ကလန်ကဆိုတာ သေချာလား”

“ငါကိုယ်တိုင် သူနဲ့တိုက်လာတာ။ မသေချာဘဲ နေမလား။ သူသုံးသွားတဲ့ နတ်ဘုရားစွမ်းရည်က မဟာနတ်ဆိုးနတ်ဘုရား အဲ့ကလန်ဆီ ချီးမြှင့်ပေးခဲ့တဲ့ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းပဲ”

“ထူးဆန်းလိုက်တာ။ အဲ့ကလန်ရဲ့ သွေးမျိုးဆက်က ဒီနေ့ထိတောင် ရှိနေသေးတာလား” ထိုလူ၏ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ ရှားပါရတနာတစ်ခုကို တွေ့လိုက်ရသည့် အလား သူ့မျက်လုံးများမှာ လောဘကြောင့် တလက်လက် တောက်ပလာခဲ့လေသည်။

“မန်ကဲ၊ နင်အဲ့မိန်းကို စိတ်ဝင်စားနေတာလား” အမျိုးသမီးက ထိုလူကြီးကို ကြည့်၍ မေးလိုက်သည်။

“သူ့ကို စိတ်ဝင်စားတာ မဟုတ်ဘူး။ နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကိုပဲ စိတ်ဝင်စားတာ” မန်ကဲဆိုသော လူကြီးက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

“ငါလည်း စိတ်ဝင်စားနေတာရှိတယ်” အမျိုးသမီးက ရယ်သွမ်းသွေးလိုက်ပြီး “ဒီလိုလုပ်ကြရအောင် နင်နဲ့ငါ ပူပေါင်းကြမယ်။ အခုလာနေတဲ့လူ သုံးယောက်ရှိတယ်။ နှစ်ယောက်က အဲ့ကလန်ကပဲ။ ဒါကြောင့် နင်နဲ့ငါ တစ်ယောက်စီ ခွဲယူလို့ရတယ်။ လူသားကိုတော့…”

“နင်အဲ့လူသားကိုလည်း စိတ်ဝင်စားနေတာလား” မန်ကဲ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ချက်ချင်း နိုးကြားသွားပြီး “ရွှယ့်လီ၊ နင်ဘာတွေ ကြံနေတာလဲ။ နင်သူ့ကို အာရုံစိုက်ရအောင် အဲ့လူသားက ဘာမို့လို့လဲ”

ထိုမြွေဟောက်မအကြောင်း ကောင်းကောင်း နားလည်ထားရာ ထိုလူသားသည် တစ်ခုခုကို ထူးခြားနေရပေမည်။ မဟုတ်လျှင် ရွှယ့်လီ အနေဖြင့် သူ့အား အာရုံစိုက်လိမ့်မည် မဟုတ်။ ယခု သူတို့ဆီ လာနေသော လူသားသည် မသေမျိုးတတိယအဆင့်သာ ရှိသေးသည်။ သူတို့ နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်ရှေ့ ထိုသူသည် ပုရွက်ဆိတ်နှင့်မခြား၊ သူတို့ သတ်ချင်လျှက် အလွယ်လေး ကောက်သတ်၍ ရပေသည်။

ရွှယ့်လီက သာယာချိုမြစွာ ရယ်မောလိုက်ပြီး “မန်ကဲ၊ နင်ဘာတွေ အတွေးလွန်းနေတာလဲ။ တကယ်တော့ အဲ့လူသားက ဟိုနှစ်တုန်းက ငါ့သဲမြို့တော်ကနေ လွတ်သွားတဲ့ တစ်ယောက်ပဲ။ သူ့ကြောင့်ပဲ ဒီဘုရင်မ မျက်နှာပျက်ခဲ့ရတာလေ။ ဒီတော့ သူ့ကို သဲမြို့တော်ဆီ ပြန်ခေါ်သွားပြီး ငါစိတ်ကျေနပ်တဲ့အထိ နှိပ်စက်ချင်နေတာ”

သူမစကားကြောင့် မန်ကဲ ကြောင်သွားခဲ့ပြီး ထိုအဖြစ်အပျက်ကို ပြန်သတိရလိုက်သည်။

ယခင်က၊ သဲမြို့တော်မှ လူသားတစ်ယောက် ထွက်ပြေး လွတ်မြောက်သွားသဖြင့် နတ်ဆိုးကုန်းမြေတစ်ခုလုံး လှုပ်လှုပ်ယှတ်ယှတ် ဖြစ်သွားခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် ရွှယ့်လီလည်း ကျန်နတ်ဆိုးဗိုလ်ချုပ်သုံးယောက်၏ လှောင်ပြောင်၊ ရယ်မောခြင်း ခံခဲ့ရသည်။ သူတို့ တွေ့သည့်အခါတိုင်း ထိုကိစ္စအကြောင်း အစဖော်၍ ရွှယ့်လီအား လှောင်ပြောင်ကြသည်။

“နင်ကြိုက်သလိုသာလုပ်” မန်ကဲက စိတ်မရှည်သည့်ဟန်ဖြင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါ့ဝေစုကို လာမထိခိုက်သရွေ့ နင်ဘာလုပ်လုပ် ငါဂရုစိုက်နေမှာမဟုတ်ဘူး။ မဟုတ်ရင်တော့ ငါ့ကို မယဉ်ကျေးဘူးဆိုပြီး လာအပြစ်မတင်နဲ့”

ရွှယ့်လီက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ မျက်ဝန်းနက်များထဲ ကောက်ကျစ်ဥာဏ်များသည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားသည်ကိုမူ မန်ကဲ သတိမပြုမိခဲ့ချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၄၀)

ထိုလူသားကောင်လေး သဲမြို့တော်မှ ထွက်ပြေးသွားသည့် အချက်နှင့်ပက်သက်၍ ရွှယ့်လီ စိတ်ပျက်မိသော်လည်း၊ သူမ၏ တကယ့် ရည်ရွယ်ချက်မှာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးနတ်ဘုရား သွေးပင်။ ထိုလျှို့ဝှက်အား ဘယ်သူ့ကိုမှ ရွှယ့်လီ မပြောခဲ့ချေ။

ရန်ကိုင်ကို ဖမ်းပြီး သူ့ကိုယ်ထဲမှ နတ်ဆိုးနတ်ဘုရားသွေးကို စုပ်ယူလိုက်သည်နှင့် လက်ရှိနတ်ဆိုးဗိုလ်ချုပ်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိပေသည်။ ထိုအခါ သူမသည် နတ်ဆိုးကုန်းမြေ၏ ပထမဆုံး အမျိုးသမီး ဗိုလ်ချုပ်ကြီး ဖြစ်လာပေလိမ့်မည်။

ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လိုက်မည်နည်း။

ထိုအကြောင်းကို စဉ်းစားရင်း ရွှယ့်လီသွေးများ ဆူပွက်လာခဲ့ရသည်။

“သူတို့ လာနေပြီ။ ဒီကောင်တွေရဲ့ သတ္တိတွေက မသေးပါလား” မန်ကဲက အကြောက်အလန့် ကင်းကင်းနှင့် လေထဲတွင်ရပ်လျက် လှောင်ပြုံးပြုံးနေခဲ့သည်။

နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ရှိနေသည်ကို ဘာကို ကြောက်ရမည်နည်း။

“ရွှယ့်လီပဲ” အဖွဲ့နှစ်ဖွဲ့ကြား အကွာအဝေး ကျဉ်းမြောင်းလာသည့်အခါ နတ်ဆိုးပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်ကို ရန်ကိုင် တန်းသိလိုက်သည်။ ထို့နောက် မျက်မှောင်ကြုံ့လျက် “ဒါပေမယ့် အခြားတစ်ယောက်ကို… ငါရင်းနှီးနေသလိုပဲ။ ဘယ်မှာတွေ့ဖူးတာလဲ မသိဘူး”

ရန်ကိုင်နှင့် မန်ကဲတို့ နှစ်ယောက်စလုံး တစ်ယောက်နှင့် တစ်ယောက် မြင်လိုက်သည့်နှင့် ရင်းနှီးနေသလို ခံစားလိုက်ကြရသည်။

“သခင်။ သူတို့နားရောက်ရင် သတိထားနော်”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သူ့ခေါင်းထဲ အတွေးများစွာတို့ ဖြတ်ပြေးသွားခဲ့သည်။ အစောပိုင်းက ပညာရှင် နှစ်ယောက်၏ အရှိန်အဝါကို ခံစားမိလိုက်သဖြင့် လီရုန်နှင့် ဟန်ဖေးကိုခေါ်ကာ လာစစ်ဆေးကြည့်သည်။

နှစ်ယောက်ထဲမှ တစ်ယောက်သည် ရွှယ့်လီ ဖြစ်နေမှန်း သိလိုက်သည့်အခါ ရန်ကိုင် အတော်လေး စိုးရိမ်သွားခဲ့သည်။

ဤလောကကြီးသည် မကျဉ်းလှ။ ထို့ကြောင့် ထုန်းရွှမ်လောကကြီးဆီသို့ ဦးတည်နေသည့် ဝင်ပေါက် တစ်ခုထက်မက ရှိနေရပေမည်။ သူသည် ကောင်းကင်စံအိမ်မှ လာခဲ့သည်။ ထိုသို့ဆိုလျှင် ရွှယ့်လီသည် မည်သည့်နေရာမှ လာခဲ့သနည်း။

ခဏအကြာ၌ ရန်ကိုင်သုံးယောက် နတ်ဆိုးဗိုလ်ချုပ် နှစ်ယောက်ရှေ့သို့ ရောက်လာခဲ့သည်။

သွားနေခြင်းကို ရပ်လိုက်ပြီး အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မီတာတစ်ထောင်အကွာမှ စိုက်ကြည့်လိုက်ကြသည်။

“လူသားကောင်လေး၊ နင့်ကို ဒီနေရာမှာ ထပ်တွေ့ရမယ်လို့ မထင်ထားဘူး။ ရန်သူတွေအတွက် လောကကြီးက တကယ်ကို ကျဉ်းတာပဲ” ရွှယ့်လီ၏ မျက်ဝန်းလေးများ ဒေါသတရားတို့ဖြင့် လောင်မြိုက်လာခဲ့သည်။ သူမ၏ အကြည့်သည် လောကကြီး တစ်ခုလုံးကို ပြာပုံအတိရောက်အောင် လောင်ကျွမ်းပစ်နေချင်သည့် အလား။

“ရန်သူတွေအတွက် လောကကြီးက တကယ်ကို ကျဉ်းလွန်းတယ်။ အရင်အကြိမ်တုန်းက ပြေးလို့လွတ်ပေမယ့် ဒီတစ်ကြိမ်တော့ အဲ့လောက် ကံကောင်းတော့မှာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“အပြောကတော့ ကြီးချက်ပဲ” မန်ကဲက ပျော်ရွှင်စွာ ရယ်မောရင်း ရန်ကိုင်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လျက် “ကောင်းလေး၊ ငါတို့ အရင်တုန်းက တွေ့ဖူးလား။ မင်းကြည့်ရတာ ရင်းနှီးနေသလိုပဲ”

“ခင်ဗျားဘယ်သူလဲ” ရန်ကိုင်လည်း မျက်မှောင် ကြုံ့သွားခဲ့သည်။ ထိုလူကြီးကိုလည်း သူရင်းနှီးနေသလိုပင်။

ထိုလူကို တစ်နေရာရာတွင် သူကျိန်းသေ တွေ့ဖူးရပေမည်။

“ဒီဘုရင်က နတ်ဆိုးဗိုလ်ချုပ်ကြီးရဲ့ လက်အောက်ငယ်သား၊ နတ်ဆိုးဗိုလ်ချုပ် မန်ကဲပဲ” မန်ကဲက ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။

“မန်ကဲလား” ရန်ကိုင်က ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ စပ်ဖြဲဖြဲပြုံးလျက် “ရင်းနှီးနေပါတယ်လို့ မှတ်နေတာ။ လတ်စသတ်တော့ ခင်ဗျားကြီး ဖြစ်နေတာကိုး”

မန်ကဲ ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ဘာလဲ၊ ကျုပ်ကို မမှတ်မိဘူးလား” ရန်ကိုင်က အားပါးတရ ရယ်မောရင်း “ခင်ဗျားရဲ့ ဝိဥာဉ်ကိုယ်ပွားအကြောင်းကို မမှတ်မိတော့ဘူးလား”

မန်ကဲ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင် မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ နောက်ဆုံး ရန်ကိုင် မျက်နှာကို မှတ်မိသွားသည့် အခိုက် ဒေါသတကြီး ထအော်တော့လေသည် “လတ်စသတ်တော့ မင်းကို။ ဖိနပ်စီးပြီး ကိုယ့်ဖိနပ်ကိုယ် လိုက်ရှာမိနေတာပါလား။ ဘယ်လိုတွေတောင် ကံကောင်းလိုက်တာပါလိမ့်”

မန်ကဲသည် တိမ်မိစ္ဆာနယ်မြေ မိစ္ဆာလိုဏ်ဂူထဲသို့ သူ့ဝိဥာဉ်ကိုယ်ပွားကို စေလွှတ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုဝိဥာဉ်ကိုယ်ပွားကို ရန်ကိုင်က နတ်ဆိုးချုပ်နှောင်ချိန်းကြိုး၏ အကူအညီဖြင့် ဖျက်စီးပစ်ခဲ့သည်။

ထိုအဖြစ်အပျက်သည် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း မန်ကဲသည် သူအရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည့် ထိုအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ချေ။ ထို့ကြောင့် ရန်ကိုင်ကို ရင်းနှီးနေပါသည်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် သူ့ဝိဥာဉ်ကိုယ်ပွားကို ဖျက်စီးခဲ့သူမှန်း မှတ်မိသွားသည်နှင့် မန်ကဲ ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး ကြမ်းကြုတ်စွာ ပြုံးလျက် “အဲ့ကတည်းက ငါမင်းကို တောက်လျှောက် လိုက်ရှာနေခဲ့တာ။ မင်းဘာသာ ငါ့ရှေ့ရောက်လာမယ်လို့တော့ မထင်ထားဘူး။ ကောင်းတယ်။ ဒီနေ့ မင်းကိုသတ်ပြီး ငါ့ရင်ထဲက အမုန်းတရားကို‌ ဖြေဖျောက်ရမယ်”

ပြောနေရင်း သူ့သတ်ဖြတ်လိုစိတ်သည် ပုံသဏ္ဍာန် ဖွဲ့တည်လုနီးပါးအထိ ဖြစ်လာပြီး ရန်ကိုင်အား ရိုက်ချလာ၏။

ရွှယ့်လီ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူမလက်ကို ဝှေ့ရမ်း၍ မန်ကဲ၏ တိုက်ခိုက်မှုကို တားဆီးလိုက်ရင်း လှမ်းအော်ပြောလိုက်သည် “မန်ကဲ၊ နင်နဲ့ငါ သဘောတူထားတယ်လေ။ ဒီလူသားကောင်လေးက ငါ့အပိုင်လို့။ နင်သူ့ကို သတ်ရဲရင် ငါ့အဆိုးမဆိုနဲ့နော်”

မန်ကဲသည် ရွှယ့်လီ၏ ခြိမ်းခြောက်မှုကို နည်းနည်းလေးမှပင် ဂရုမစိုက်၍ ပြန်၍သာ လှောင်ပြောင်ပြောဆိုလိုက်သည် “ဒီနေ့ သူသေကို သေရမယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး။ ရွှယ့်လီ၊ နင်ဝင်ရှုပ်ရဲရင် ငါ့ကို ရိုင်းတယ်ဆိုပြီး လာမပြောနဲ့နော်”

သူ့ဝိဥာဉ်ကိုယ်ပွား ဖျက်စီးခံလိုက်ရသည့် အဖြစ်အပျက်သည် မန်ကဲအတွက် အရှက်ရှစရာ တစ်ခုဖြစ်သည်။ ထိုအဖြစ်အပျက်သည် သူ့ရင်ထဲ ငါးအရိုးစူးသလို နှစ်ပေါင်းများစွာ မပျောက်မပျက် တည်ရှိနေခဲ့သည်။ ယခု တရားခံကို တွေ့ပြီ ဖြစ်လေရာ သူဘာကြောင့် လွှတ်ပေးလိုက်ရမည်နည်း။ ရန်ကိုင်ကို ကြည့်နေရင်း ထိုသကောင့်သားကို တစ်စစီဖြစ်အောင် ဆွဲဖြဲပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။

သူ့ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေါ်လာရန် အချိန်လည်း ကုန်သလို လူလည်း ပင်ပန်းခဲ့ရသည်။ သို့သော် ဝိဥာဉ်ကိုယ်ပွား ဖြစ်ပေါ်လာချင်းချင်းမှာပဲ ဖျက်စီးခံခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်ပင် နောက်ထပ် ဝိဥာဉ်ကိုယ်ပွားတစ်ခု ထပ်မံ မဖန်တီးနိုင်ခဲ့ချေ။

ရန်ကိုင်၏ လုပ်ရပ်သည် သူ့အား ကြီးကြီးမားမား နစ်နာစေခဲ့ပေသည်။

“သူ့ကိုသတ်ချင်ရင် ငါ့ကို အရင်ကျော်မှပဲ ရလိမ့်မယ်” ရွှယ့်လီကလည်း နည်းနည်းလေးမှ မလျှော့မပေးချေ။

ရန်ကိုင်ကမူ ထိုနတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ကိုက်နေသည်ကို အားပါးတရဖြင့် ရပ်ကြည့်နေခဲ့သည်။ လီရုန်နှင့် ဟန်ဖေးတို့ပင်လျှင် ထိုနှစ်ယောက်ကို ကြည့်ရင် အံ့ဩတကြီးဖြင့် ခေါင်းရမ်းနေမိကြသည်။

တိုက်ပင် မတိုက်ရသေးသော်လည်း တစ်ဖက်အဖွဲ့မှ နှစ်ယောက်သည် အချင်းချင်း စကားများနေခဲ့ကြလေပြီ။ တကယ်ကို ရယ်စရာပင်။

ရွှယ့်လီနှင့် မန်ကဲတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကို စိုက်ကြည့်နေခဲ့ကြသည်။ မည်သူမှ အလျှော့ပေးလိုစိတ် မရှိကြ။ သို့သော် ရုတ်တရက် နှစ်ယောက်စလုံး သဘောတူညီချက်တစ်ခု ရသွားသည့်အလား သူတို့၏ ရန်လိုစိတ်တို့ ပျောက်ကွယ်သွားခဲ့ရသည်။

မန်ကဲက ခေါင်းညိတ်လိုက်ပြီး “အဲ့မိန်းမနှစ်ယောက်ကို အနိုင်ယူပြီးမှပဲ ဒီလူသားကို ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ကြမယ်”

“ငါလည်း အဲ့လိုတွေးနေတာ” ရွှယ့်လီက ခေါင်းညိတ်လိုက်ပြီး လီရုန်နှင့် ဟန်ဖေးဆီ လှမ်းကြည့်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီး နှစ်ယောက်စလုံးသည် အကြောက်အရွံ့ကင်းကင်းဖြင့် ထိုနှစ်ယောက်အား ပြန်စိုက်ကြည့်လိုက်ကြသည်။

“သွားကြတော့၊ နည်းနည်းလေးတောင် ညှာမနေနဲ့” ရန်ကိုင်က အမိန့်ပေးလိုက်သည်။

လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

မန်ကဲက ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး “ကောင်လေး၊ မင်းသတ္တိက မသေးပါလား။ နတ်ဆိုးဗိုလ်ချုပ်ကိုတောင် မျက်လုံးထဲ မထည့်ဘဲ နေရဲတယ်။ အဲ့မိန်းမနှစ်ယောက် ငါတို့ကို အနိုင်ယူနိုင်တယ်လို့ တကယ်ကြီး ထင်နေတာလား”

“အရင်အကြိမ်တုန်းက အရမ်း အလျင်လိုနေတော့ ကောင်းကောင်း မတိုက်လိုက်ရဘူး ဖြစ်သွားတယ်။ ဒီတစ်ကြိမ်တော့ သေချာ ဂရုစိုက်ဖို့လိုမယ်နော်” ရွှယ့်လီက အေးစက်စက် လေသံဖြင့် လီရုန်ကို တည့်တည့် စိုက်ကြည့်လျက် ပြောလိုက်သည်။

“ကောင်းပြီလေ” လီရုန်က ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် ရပ်နေရာမှ ပျောက်သွားပြီး ရွှယ့်လီ၏ နံဘေးတွင် ပြန်ပေါ်လာကာ သူမ ရင်ဘတ်အား အသာအယာ ရိုက်ချလိုက်သည်။

ရွှယ့်လီ မျက်နှာထက်ရှိ အေးအေးဆေးဆေး အမူအရာ ပျောက်ကွယ်သွားခဲ့ပြီး အားကောင်းလှသော သွေးချီဖြင့် လီရုန်၏ ရိုက်ချက်ကို အလျင်အမြန် တန်ပြလိုက်ရသည်။

တစ်ချိန်တည်း၌ ရွှယ့်လီ၏ မျက်နှာထက် နတ်ဆိုးအမှတ်အသားများ ထွက်ပေါ်လာပြီး သူမ လက်ဝါးရိုက်ချက်မှာလည်း အဆပေါင်းများစွာ ပိုမို ပြင်းထန်သွားကာ ရွှယ့်လီ၏ သွေးချီ အကာအကွယ်ကို အလွယ်တကူ ချိုးဖျက်၍ သူမ ရင်ဘတ်ပေါ်သို့ တိုက်ရိုက်ကျသွားလေသည်။

အလန့်တကြား ထအော်လျက် လီရုန်၏ ရိုက်ချက်ကို ရွှယ့်လီ ကမန်းကတန်း ရှောင်တိမ်းလိုက်ရသည်။ ရှောင်တိမ်းပြီးသည်နှင့် မီတာတစ်ထောင်အကွာသို့ ချက်ချင်း ပြန်ဆုတ်လိုက်သည်။

လီရုန်သည် ရွှယ့်လီနောက်သို့ ဆက်မလိုက်ဘဲ နေရာတွင်ရပ်၍ ရွှယ့်လီအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“နင့်ကျင့်ကြံခြင်းက…” ရွှယ့်လီ စိုးရိမ်စိတ်ဝင်လာလေပြီ။ သူမ၏ လေသံမှာလည်း အရမ်းကို အံ့ဩနေသည့်ဟန် ပေါက်နေခဲ့သည်။

ယခင်အကြိမ် တိုက်ခိုက်သည့်အခါက နတ်ဆိုးအမှတ်အသား အသုံးပြုထားသော လီရုန်သည် ရွှယ့်လီနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်၌ လီရုန်၏ ရိုးရှင်းသော လက်ဝါးချက်သည် ရွှယ့်လီအား ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားစေခဲ့သည်။

လီရုန်ဆီမှ ခံစားနေရသော ဖိအားသည် နတ်ဆိုးဗိုလ်ချုပ်ကြီးနှင့် ရင်ဆိုင်နေရသည့် အခါမျိုးတွင်သာ ရတတ်သော ဖိအားမျိုးဖြစ်သည်။

ထို့ကြောင့် ရွှယ့်လီ လုံးဝကို မှင်သက်နေရလေသည်။

သူတို့သာ နောက်တစ်ကြိမ် ထပ်တိုက်မည် ဆိုပါက သူမ ကျိန်းသေ သေရပေလိမ့်မည်။ ထိုအကြောင်းကို ရွှယ့်လီ ဆက်မစဉ်းစားရဲတော့။

ထိုကဲ့သို့ တွေးမိရုံဖြင့်လျှင် ရွှယ့်လီ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး အသံကုန် လှမ်းအော်ပြောလိုက်လေသည် “နင်သူတော်စင် တတိယအဆင့် ရောက်သွားတာလား”

လီရုန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်”

ရွှယ်လီမျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ဖြစ်သည်နှင့်အညီ မဟာနတ်ဆိုးနတ်ဘုရား၏ လက်အောက်တွင် အမှုထမ်းခဲ့သော ကလန်၏ စွမ်းအားကို အခြားသူများထက် ပိုနားလည်ပေသည်။ မဟာနတ်ဆိုးနတ်ဘုရား ပေးထားသော နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကြောင့် တစ်ယောက်ချင်းစီတိုင်းသည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြပေသည်။

မသေမျိုးဒုတိယအဆင့်တွင် ရှိစဉ်က ထိုလီရုန်ဆိုသော အမျိုးသမီးသည် သူမနှင့် လက်ရည်တူ ယှဉ်တိုက်နိုင်သည်။ ယခု သူမသည် မသေမျိုးတတိယအဆင့်သို့ ရောက်သွားပြီ ဖြစ်လေရာ ရွှယ့်လီအနေဖြင့် နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။

မန်ကဲဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်သည်။

သူမ လီရုန်နှင့် တိုက်ခိုက်နေစဉ်၊ ရန်ကိုင်နှင့်အတူ ပါလာသော အခြားအမျိုးသမီး တစ်ယောက်သည် မန်ကဲနှင့် တိုက်ခိုက်ခဲ့သည်။ ထိုအမျိုးသမီးသည် မိုင်ဒါဇင်ကျော် ကျယ်ဝန်းသော ရေခဲနယ်ပယ် တစ်ခုကို ဖန်တီးထားပြီး တိုက်ခိုက်နေခဲ့လေရာ ကောင်းကင်နှင့် မြေပြင်ပင် အေးခဲတော့မယောင် ထင်ရသည်။ သိမ်မွေ့သော နှင်းပွင့်လေးများသည် မြေပြင်ထက်ဆီသို့ အသာအယာ ကျဆင်းနေခဲ့လေရာ မြေပြင်တစ်ခုလုံး နှင်းဖြူရောင် သန်းနေခဲ့ရသည်။

ထိုအအေးဓါတ်ကို နတ်ဆိုးဗိုလ်ချုပ်ကြီး နှစ်ယောက်ပင် လျစ်လျူမရှုဝံ့။ သူတော်စင်ချီကို အဆုံးစွန်ထိ လှည့်ပတ်၍ ခုခံနေခဲ့၇သည်။

ယခင်က မာနတစ်ခွဲသားဖြင့် လေကြီးလေကျယ်စကား ဆိုခဲ့သော မန်ကဲသည် ယခုအချိန်၌ လုံးဝကို အကြပ်ရိုက်နေခဲ့သည်။ အမျိုးသမီးကို တိုက်ခိုက်ရန် ထုတ်လွှတ်လိုက်သော နတ်ဆိုးချီများသည် သူမဖန်တီးထားသော ရေခဲနယ်ပယ်ကြောင့် တောက်လျှောက် အေးခဲနေခဲ့ရသည်။ သူ့မျက်နှာထက်တွင်ပင် ရေခဲစလေးများ ညိတွယ်စ ပြုနေပေပြီ။ အအေးဓါတ်ကြောင့် သူ့လှုပ်ရှားမှုများသည်လည်း အတော့်ကိုမှ နှေးကွေးနေခဲ့ရလေရာ မန်ကဲမှာ ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေခဲ့သည်။

ထိုအမျိုးသမီးသည် သူ့လောက် အားမကောင်းပင်လျှင် သူတို့ကြားရှိ ကွာခြားချက်သည် သိသိသာသာ ကြီးမားခြင်းမရှိပေ။

မန်ကဲအနေဖြင့် သူမကို သတ်ချင်သော်လည်း မသတ်နိုင်၊ ဖမ်းချင်သော်လည်း မဖမ်းနိုင် ဖြစ်နေခဲ့သည်။

မန်ကဲ ဒုက္ခရောက်နေသည့် မြင်ကွင်းကိုကြည့်ရင်း ရွှယ့်လီ စိတ်ဓါတ်လုံးလုံး ကျသွားခဲ့သည်။ သူမ စိတ်ကူးထားသည့် နိုင်ပွဲကို ရနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူမနှင့် မန်ကဲသည် တစ်ဖက်အဖွဲ့၏ ခွန်အားကို လုံးဝ အထင်သေးခဲသည့်အတွက် ဒုက္ခကောင်းကောင်း ရောက်ခဲ့ရနေခဲ့ရလေပြီ။

တစ်ဖက်လူ ဤနေရာသို့ လာရဲခြင်းမှာ မောက်မာမှုကြောင့် မဟုတ်ဘဲ သူတို့၏ ခွန်အားအပေါ် ယုံကြည်ချက် အပြည့်အဝ ရှိသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။

“ရွှယ့်လီ၊ ငါတို့ ပြန်ဆုတ်မှ ဖြစ်တော့မယ်” မန်ကဲသည်လည်း ထိုအချက်ကို နားလည်လိုက်ကာ ဟန်ဖေးကိုသာ ဒေါသတကြီး စိုက်ကြည့်နေတော့လေသည်။

“သွားကြမယ်” ရွှယ့်လီသည် နည်းနည်းလေးမှပင် တုန့်နှေးမနေတော့ဘဲ သူမတစ်ကိုယ်လုံးကို သွေးအလင်းရောင်ဖြင့် ခြုံရံလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

မန်ကဲသည်လည်း သူ့ကိုယ်သူ အနက်ရောင်အလင်းဖြင့် လွှမ်းခြုံလျက် ရွှယ့်လီနောက် ပြေးလိုက်သွားသည်။

နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက်သည် လေပြင်းမုန်တိုင်း တစ်ခုသဖွယ် ရောက်ရှိလာခဲ့သော်လည်း မိုးနည်းနည်းမှ မရွာနိုင်ခဲ့။ တိုက်ပွဲစပြီး အသက်ဆယ်ရှိုက်စာ အတွင်းမှာပဲ ပြန်ထွက်ပြေးသွားခဲ့ရသည်။

“မလိုက်တော့နဲ့” ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်။ ထိုအခါမှပဲ လီရုန်နှင့် ဟန်ဖေးတို့ ရပ်တန့်လိုက်ပြီး နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

တစ်ဖက်လူနှစ်ယောက် မသေမျိုးတတိယအဆင့် သူတော်စင်များ ဖြစ်ကြသည်။ သူတို့သာ မလွတ်လွတ်အောင် ထွက်ပြေးမည်ဆိုပါက လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ထိုနှစ်ယောက်အား တားနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ဘေးသို့ ပြန်သွားလိုက်ပြီးနောက်၊ သုံးယောက်သား နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ထွက်ပြေးသွားရာ အရပ်ဆီ လှမ်းကြည့်နေလိုက်ကြသည်။

“အဲ့ဘက်မှာ ယန်မင်းဆက်ဆိုတာလား၊ ဘာလားမသိဘူး မင်းဆက်တစ်ခုတော့ ရှိတယ်” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။

ဤလောကကြီးနှင့်ပက်သက်၍ သူသည် ဟန်မင်းဆက်နှင့် အိမ်နီးနားချင်း တန်လန်းမင်းဆက် အကြောင်းကိုသာ ကောင်းကောင်း သိသည်။ ယန်မင်းဆက်ကိုမူ တစ်ခါမှ မရောက်ဖူးချေ။

“သခင်၊ နတ်ဆိုးဗိုလ်ချုပ်နှစ်ယောက် ပေါ်လာတာက…” လီရုန်က စိုးရိမ်တကြီး မေးမြန်းကြည့်လိုက်သည်။

“သူတို့ ကောင်းကင်စံအိမ်ဆီ လာတာ မဟုတ်လောက်ဘူး။ ဒီလောကကြီးကနေ ထုန်းရွှမ်လောကကြီးဆီ ဦးတည်နေတဲ့ လမ်းကြောင်းတစ်ခုထက်မက ရှိတယ်။ ပြီးတော့ အဲ့ထက တစ်ခုက နတ်ဆိုးကုန်းမြေဆီ ဦးတည်နေတာပဲ။ နတ်ဆိုးမျိုးနွယ်စုက လူတွေရဲ့ စရိုက်နဲ့ဆိုရင်တော့ အဲ့ဘက်က လူတွေ အကုန် ဒုက္ခရောက်ပြီပဲ”

“ဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ”

“ဘာမှမလုပ်ဘူး။ သူတို့ ဒီတစ်ကြိမ် ဒီကိုလာခဲ့တာ ဗဟိုမြို့တော်ကို စူးစမ်းဖို့ဖြစ်လောက်တယ်။ ဒါပေမယ့် အခု တိုက်ပွဲကြောင့် ဒီကို နောက်တစ်ကြိမ် ပြန်လာရဲမယ်လို့တော့ ကျုပ်မထင်ဘူး” ရန်ကိုင်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး “ပြန်ကြမယ်။ လောကကြီးက အကျယ်ကြီးပဲ။ လူတိုင်းမှာ ကိုယ့်လမ်းနဲ့ကိုယ် ရှိပြီးသား။ လူတိုင်းကို ကျုပ်လိုက်မကယ်နိုင်ဘူး။ ကျုပ်မှာ ကိုယ်ချစ်ရသူတွေနဲ့ မိသားစုကို ကာကွယ်နိုင်တဲ့ စွမ်းအားပဲ ရှိသေးတယ်။ သူတို့ကို ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပြန်ခေါ်သွားနိုင်ဖို့က အရေးအကြီးဆုံးပဲ”

“သခင်ပြောတဲ့အတိုင်းပါပဲ” လီရုန်က ခေါင်းညိတ်လိုက်၏။

ခဏအကြာ၌ လူတန်းရှည်ကြီးဆီသို့ ရန်ကိုင်တို့အဖွဲ့ ပြန်ရောက်လာခဲ့သည်။ ရန်ရင်ဖုန်း မေးသော မေးခွန်းအချို့ကို ရန်ကိုင်က ကျွမ်းကျွမ်းကျင်ကျင်ပဲ ရှောင်တိမ်း ဖြေဆိုသွားခဲ့လေသည်။

တစ်လကြာသွားပြီးနောက် လူတစ်ထောင်လောက်ရှိသော လူတန်းရှည်ကြီးသည် ကောင်းကင်စံအိမ်သို့ ရောက်လာခဲ့သည်။

All Chapters