← Chapters

အခန်း (၉၆၁-၉၆၅)

Vol. 39 Ch. 961-965

အခန်း (၉၆၁-၉၆၅)

Vol. 39 Ch. 961-965

အပိုင်း (၉၆၁)

ကျန်းယွမ်သည် ရှေ့မှဦးဆောင်၍ နတ်ဆိုးနန်းတော်၏ ခန်းမလမ်းအတိုင်း လျှောက်သွားလိုက်ရာ မကြာမီ ခြံဝန်းတစ်ခုသို့ ရောက်လာပြီး အားလုံးနှင့်အတူ အထဲသို့ ဝင်သွားခဲ့လေသည်။

ထိုခြံဝန်းသည် ပုံမှန်အားဖြင့် ကျန်းယွမ် နေထိုင်သည့် နေရာဖြစ်ပေသည်။ တစ်ချိန်တည်းတွင်း မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်တို့ ရှိနေသည့် နေရာ၏ ဝင်ပေါက်လည်း ဖြစ်နေသည်။

လွန်ခဲ့သော နှစ်များအတွင်း နတ်ဆိုးဗိုလ်ချုပ်ကြီးများသာ ဤနေရာသို့ ဝင်ခွင့်ရှိခဲ့သည်။ သို့သော် ယနေ့တွင်မူ လူများစွာ ဝင်ရောက်လာခဲ့သည်။

ကျန်းယွမ်သည် ခြံဝန်းထောင့်တွင် ထိုးထွက်နေသော အဆောက်အဦး တစ်ခု၏ နံရံဆီသို့ နတ်ဆိုးချီများ ပို့လွှတ်လိုက်ရာ ဖုံးကွယ်ထားသော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ကျန်းယွမ်သည် စကားတစ်ခွန်းမှ မပြောဘဲ အထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။ မဟာနတ်ဆိုးဗိုလ်ချုပ် လေးယောက်သည် သူ့နောက်မှ အနီးကပ် လိုက်သွားခဲ့၏။ ရန်ကိုင်နှင့် မန်ဝူရသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စကား နည်းနည်းပါးပါး ပြောပြီးနောက် သတိထားလျက် အထဲသို့ ဝင်သွားလိုက်ကြသည်။

သူတို့နောက်မှ လီရုန်၊ ဟန်ဖေးနှင့် နတ်ဆိုးအိုကြီးတို့ လိုက်ဝင်လာခဲ့ကြသည်။

လမ်းကြောင်းသည် အောက်ဘက်သို့ နိမ့်ဆင်းနေခဲ့သည်။ အတွင်းပိုင်းထဲသို့ နေရောင်မဝင်နိုင်သော်လည်း မှိန်မနေခဲ့။ လမ်းတစ်လျှောက်ရှိ နံရံများတွင် အလင်းရောင် မှိန်မှိန်လေး ထုတ်လွှတ်နေသည့် ထူးဆန်းသော ကျောက်တုံးများစွာ စီတန်း တပ်ဆင်ထားပေသည်။

အရှေ့ဘက်မှ တီးတိုးသံများ ထွက်ပေါ်နေခဲ့သည်။ နတ်ဆိုးဗိုလ်ချုပ် လေးယောက်လည်း သူတို့ဘာသာ တိုးတိုး တိုးတိုးဖြင့် ဆွေးနွေးနေကြသည့်ပုံပင်။

လမ်းဘေးတစ်ဖက်တစ်ချပ်ရှိ နံရံများပေါ်တွင် ဆန်းကြယ်သော နံရံဆေးရေးပန်ချီများစွာကို ရန်ကိုင် တွေ့လိုက်ရသည်။ ထိုပန်းချီများသည် အနုစိတ် ရေးဆွဲထားခြင်း မဟုတ်သည့်အတွက် သေချာ သတိမထားလျှင် သတိပြုမိလိမ့်မည် မဟုတ်ချေ။

အရှေ့မှသွားနေသည့် ကျန်းယွမ်က လှမ်းရှင်းပြသည် “အဲ့ပန်းချီတွေက မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဇာတ်ကြောင်းကို သရုပ်ဖော်ထားတာ။ အဲ့ဒါတွေကို မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် ရေးဆွဲခဲ့တာတောင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ပန်းချီတွေမှာ ဘာလျှို့ဝှက်ချက်မှ ရှိမနေဘူး”

ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်သည် လမ်းလျှောက်နေရင်း ထိုပန်းချီများကို လေ့လာနေခဲ့သည်။ ကြည့်နေရင်း ကြည့်နေရင်း ထိုပန်ချီးမျာသည် အသက်ဝင်လာသည့်နှယ်... မဟာနတ်ဆိုး နတ်ဘုရား၏ ဘဝဇာတ်ကြောင်းကို သူ့အား တိတ်တဆိတ် ပြောပြနေသလို ခံစားလိုက်ရသည်။

မဟာနတ်ဆိုးနတ်ဘုရားသည် တော်ဝင်နယ်မြေ၏ တော်ဝင်သခင်နှင့် တိုက်ခိုက်နေသည့် အခန်းကိုပင် ရန်ကိုင် မြင်ခဲ့ရသည်။ မဟာနတ်ဆိုးနတ်ဘုရားသည် ဒဏ်ရာ ရခဲ့သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်မှာမူ သေလောက်အောင် ပြင်းထန်သော ဒဏ်ရာရခဲ့သည်။

ရွှေးနဂါးနှင့် ရေခဲဖီးနစ်တို့ကို ထုတ်ဖော်နိုင်သော ပညာရှင် နှစ်ယောက်နှင့် မဟာနတ်ဆိုးနတ်ဘုရား တိုက်ခိုက်နေသည်ကို သူမြင်တွေ့ခဲ့သေးသည်။

ကြံခိုင်သော အမွှာညီအစ်ကိုနှစ်ယောက်ကို မဟာ နတ်ဆိုးနတ်ဘုရား အနိုင်ယူခဲ့သည်ကိုလည်း သူမြင်တွေ့ခဲ့၏။

ရေခဲတုံးတစ်တုံးထက်၊ မဟာနတ်ဆိုးနတ်ဘုရားသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်နေခဲ့သည်။ သူ့ရှေ့တွင်မူကား နီးစွေးစွေး သွေးတို့ဖြင့် စိုရွှဲနေသော နှင်းဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့ပြီး ထိုအမျိုးသမီးသည် သူ့အား ချစ်လည်းချစ်၊ မုန်းလည်းမုန်းသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ အချိန် အတော်ကြာသွားပြီးနောက် မဟာနတ်ဆိုးနတ်ဘုရား ထွက်ခွာသွားခဲ့သည်။ အမျိုးသမီးမှာမူ မျက်ရည်ကြီးစွာ ကျလျက်ဖြင့်သာ ကျန်ရစ်ခဲ့ရသည်။

ထိုပန်ချီးများကို ကြည့်နေရင်း ရန်ကိုင် အကြီးအကျယ် တုန်ရီသွားခဲ့ရသည်။ ထိုပန်ချီများသည် ဖုံးကွယ်ထားသော အချက်အလက်များစွာ ပါဝင်နေပေသည်။

ရွှေနဂါးနှင့် ရေခဲဖီးနစ်ကို သုံး၍ တိုက်ခိုက်နေသော စုံတွဲဿည် နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီတို့ ဖြစ်ရပေမည်။

အမွှာညီအစ်ကိုနှစ်ယောက်သည်ကား အမွှာစိတ်ဝိဥာဉ် အိမ်တော်၏ ဂိုဏ်းချုပ်နှစ်ယောက် ဖြစ်သည်။

ရေခဲတုံးပေါ်တွင် ရပ်နေသော အမျိုးသမီးသည်ကား ရန်ကိုင် ခန့်မှန်းချက်သာ မှန်မည်ဆိုပါက ရေခဲဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လောက်ပေသည်။

ထိုဂိုဏ်းသုံးဂိုဏ်းစုံးသည် ထိုခေတ်အခါက ထိပ်တန်းအဆင့် ဂိုဏ်းများ ဖြစ်ကြပေသည်။ မဟာနတ်ဆိုး နတ်ဘုရားနှင့် တိုက်ခိုက်ခဲ့သော သူများဟာဆိုလျှင်လည်း သူတို့ခေတ် သူတို့အခါက အားအကောင်းဆုံးသော ပညာရှင်များ ဖြစ်ကြသည်။ သို့သော်လည်း မဟာနတ်ဆိုး နတ်ဘုရားသည် အောင်ပွဲအသီးအပွင့်ကိုသာ အဆက်မပြတ် စားသုံးခဲ့ပြီး ရှုံးနိမ့်ခြင်းဆိုသော အရသာကို တစ်ခါမှ မခံစားဖူးခဲ့ချေ။

ထိုပန်ချီးများကို ကြည့်နေရသည်မှာ အတိတ်အခါက အချိန်များဆီသို့ ပြန်ရောက်သွားသလို၊ သူကိုယ်တိုင်က မဟာနတ်ဆိုးနတ်ဘုရား ဖြစ်လာပြီး ကမ္ဘာလောကကြီးကို အထက်စီးမှ ငုံ့ကြည်နေရသလို ခံစားနေစေခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရားသည် ရှေးခတ်အချိန်မှ ယခုအချိန်ထိ မိုးမြေတစ်ခွင် နံပါတ်တစ်ဖြစ်ရန်အတွက် နှစ်အနည်းငယ်သာ အချိန်ယူခဲ့သည်။ နံပါတ်တစ်ဖြစ်ပြီးသည့် အချိန်မှစ၍ သူ့အား ကျော်ဖြတ်နိုင်သည့် တစ်ဦးမှ မရှိတော့ပေ။

သူသည် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို၏ လျှို့ဝှက်ချက်များကို ဆက်လက် လေ့လာရန်အတွက် ကြယ်တာရာကောင်းကင်သို့ ခရီးထွက်ခဲ့သည်။

ထို့နောက် သူ့ဆီမှ မည်သည့် သတင်းမှ မကြားရတော့။

သူသည် ကြယ်တာရာကောင်းကင်ထဲ ပျောက်ကွယ်သွားသည်ဟု ကောလဟာလများ ရှိကြသည်။

“တော်ဝင်သခင်ရန်... တော်ဝင်သခင်ရန်” ကျန်းယွမ်၏ အော်ခေါ်သံကြောင့် ရန်ကိုင် ငေးမောနေရာမှ အသိ ပြန်ဝင်လာခဲ့သည်။ နိုးလာသည့်အခါ လှည့်ကြည့်လိုက်ရာ အကုန်လုံးသည် သူ့အား ထူးထူးဆန်းဆန်းဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ပန်ချီကားများကို ငေးကြည့်နေရင်း မသိလိုက်မသိဘာသာထဲ ထိုပန်းချီများထဲ နစ်မြောသွားမှန်း ရန်ကိုင် ရုတ်တရက် နားလည်လိုက်၏။

“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်သည်။

ကျန်းယွမ် မဆိုသလောက်ကလေး မျက်မှောင်ကြုံ့လျက် ရန်ကိုင် မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။ ရန်ကိုင်၏ မျက်ဝန်းနက်များသည် နှစ်ပေါင်းများစွာသော အချိန်ကာလကို ကျော်ဖြတ်ခဲ့ဖူးသည့် လူတစ်ယောက်၏ မျက်လုံးများကဲ့သို့ ဖြစ်နေခဲ့သည်။

မန်ဝူရသည်လည်း ထိုအချက်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုံ့သွားခဲ့သည်။

သို့သော်လည်း ရန်ကိုင် မျက်လုံးထဲရှိ အတွေ့အကြုံ ရင့်ကျက်နေသည့် အကြည့်သည် အလျင်အမြန် ပျောက်ကွယ်သွားခဲ့လေရာ ကျန်းယွမ်သည် သူ့ဘာသာ အတွေးလွန်နေခြင်းသာဟု တွေးလိုက်ပြီး ယဲ့ယဲ့လေးပြုံးလျက် “ငါတို့ရောက်ပြီ။ ကျန်တဲ့ကိစ္စကတော့ တော်ဝင်သခင်ရန်ပေါ် မူတည်သွားပြီနော်”

“ရောက်ပြီလား” ရှေ့သို့ လှမ်းကြည့်လိုက်ရာ လမ်းကြောင်း မရှိတော့ည်ကို တွေ့လိုက်ရသည်။ သူတို့၏ လမ်းကြောင်းကို ထူထည်းသော နံရံကြီးတစ်ခုက ကာဆီးထားပေသည်။

နံရံပေါ်တွင် ချောမွတ်ပြီး လေးထောင့်ပုံစံ အပေါက် တစ်ပေါက်ရှိနေခဲ့သည်။

အကုန်လုံး သူ့အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ကြသည်။

သူဘာဆက်လုပ်ရမလဲ ဆိုသည်ကို ရန်ကိုင်သိသည်။ ထို့ကြောင့် နတ်ဆိုးစာအုပ်ကို ချက်ချင်းပဲ ထုတ်လိုက်သည်။

နတ်ဆိုးစာအုပ် ထွက်ပေါ်လာသည်နှင့် ကျန်းယွမ်နှင့် နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံး၏ အကြည့်များ လောင်မြိုက်လာခဲ့သည်။

“မဟုတ်တာတွေ မစဉ်းစားနဲ့နော်။ ဒီမှာ တိုက်ပွဲဖြစ်ရင် ဘယ်သူမှ သက်သာမှာမဟုတ်ဘူး” မန်ဝူရက ကြမ်းကြုတ်စွာ ပြုံးလျက် ပြောလိုက်သည်။

ဤနေရာသည် အလွန်ကိုမှ ကျဉ်းလှသည်။ သူတော်စင် ပညာရှင်များသာ ဤနေရာတွင် တိုက်ခိုက်မည်ဆိုပါက တစ်ခုသော အဆုံးသတ်သည်ကား နှစ်ဖက်စလုံး ထိခိုက်ခြင်းပင်။

ကျန်းယွမ်က မဲ့ပြုံးပြုံးလျက် “ညီအစ်ကိုမန်က အရမ်း သံသယကြီးလွန်းနေတာ မဟုတ်ဘူးလား။ ဒီရတနာကို လုယူဖို့ ဒီစီနီယာ တစ်ခါမှ မတွေးဖူးဘူး”

“သတိဆိုတာ ပိုတယ်မရှိဘူးလေ။ ဒါက နတ်ဆိုးစာအုပ်ပဲ ဟာကို။ မင်းဘာတွေးနေလဲ ဆိုတာကို ဘယ်သူသိမှာလဲ” မန်ဝူရက အေးစက်စက် အမူအရာဖြင့် နှာခေါင်ရှုံ့လိုက်ပြီး ရန်ကိုင်ဘေးသို့သွားကာ ပြောလိုက်သည် “ဆက်သာလုပ်၊ ငါသူတို့ကို စောင့်ကြည့်ထားမယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး နတ်ဆိုးစာအုပ်ကို လေးထောင့်အပေါက်ဆီသို့ ဖြည်းဖြည်းချင်း တွန်းလိုက်သည်။

အကုန်လုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် နတ်ဆိုးစာအုပ်ကို အသက်မရှူတမ်း စိုက်ကြည့်နေကြသည်။

အပေါက်နှင့် စာအုပ် နီးကပ်လာသည်နှင့် နတ်ဆိုးစာအုပ်ကို ကိုင်ထားသော ရန်ကိုင်လက် မသိမသာလေး တုန်ရင်လာခဲ့ပြီး ပြတ်တောင်းမပြတ်တောင်း မြည်သံတို့လည်း စာအုပ်ဆီမှ ထွက်ပေါ်လာသည်။ ရုတ်တရက်၊ နတ်ဆိုးစာအုပ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ပြောင်းလျက် အပေါက်ထဲသို့ တိုက်ရိုက် ဝင်သွားလေသည်။

နတ်ဆိုးစာအုပ် လေးထောင့်အပေါက်ထဲ ဝင်သွားသည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာခဲ့သည်။

တဝုန်းဝုန်း မြည်သံတို့နှင့်အတူ ကျောက်စကျောက်နတို့ မျက်နှာကြက်ပေါ်မှ ပဲ့ကြွေကျလာခဲ့သည်။

အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ သတိချပ်ထားလိုက်ကြသည်။

ခရက်ဆိုသော မြည်သနှင့်အတူ သူတို့ရှေ့တည့်တည့်ရှိ နံရံရုတ်တရက် နှစ်ပိုင်းဟထွက်သွားပြီး ထိုနေရာမှ မျက်စိ ကျိန်းမတတ် အလင်းရောင်တို့ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ထိုနံရံအက်ကွဲကြောင်းမှ တုနှိုင်းမရသည့် ဆွဲအားတို့ ထွက်ပေါ်လာပြီး အကုန်လုံးကို အထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ချက်ချင်းဆိုသလို အဖြူရောင်လောကကြီးတစ်ခုထဲ ရန်ကိုင်၊ မန်ဝူရနှင့် အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။

“ကောင်လေး၊ နတ်ဆိုးစာအုပ်ကော” မန်ဝူရက အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်အား အလျင်စလို မေးကြည့်လိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့တစ်ကိုယ်သူ တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် “ပြန်ရောက်လာပြီ”

သူတို့ အက်ကွဲကြောင်းထဲ ဆွဲသွင်းခံလိုက်ရစဉ် အရံအတားကို ဖွင့်ရန်အတွက် အသုံးပြုခဲ့သော နတ်ဆိုးစာအုပ်သည် ရန်ကိုင်ဆီသို့ ပြန်ရောက်လာခဲ့သည်။

“ကောင်းတယ်” မန်ဝူရ ခေါင်းညိတ်လိုက်သည်။

“ဘာကြီးလဲ” မန်ဝူရ ရုတ်တရက် အလန့်တကြား ထအော်လေသည်။ မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်လိုက်ရသည့်အလား သူ့အသံထဲ ထိတ်လန့်တုန်လှုပ်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့သည်။

မန်ဝူရ၏ အော်သံကြောင့် အကုန်လုံးသည် မန်ဝူရ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ အကုန်လုံး၏ မျက်လုံးများ မှေးကျဉ်းသွားခဲ့ရသည်။

အားလုံးရှေ့တွင် သင်္ဘောတစ်စင်း ရှိနေခဲ့သည်။

မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသော သင်္ဘောပင်။

သို့သော်လည်း ထိုသင်္ဘောဤနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့ပြီသလဲ မည်သူမှ မပြောတတ်။ သင်္ဘာတစ်စီးလုံး ပျက်စီးနေခဲ့လေပြီ။ သင်္ဘောကိုယ်ထည် ပေါ်တွင်ကျန်ရစ်ခဲ့သော သဲလွန်စများအရ ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့်ပုံပင်။

အထူးဆန်းဆုံးသည်ကား သင်္ဘောပေါ်တွင် ရွက်တိုင်မရှိခြင်းပင်။ သင်္ဘောပေါ်တွင် ရေညှိပင်များလည်း ပေါက်ရောက်နေခြင်းမရှိ။ သင်္ဘောသည် ပင်လယ်ထဲသို့ တစ်ကြိမ်တစ်ခါမျှ ရွက်လွှင့်ဖူးခဲ့ခြင်း မရှိသည့်နှယ်။

ခြောက်ကပ်ပျက်စီးနေသော သင်္ဘောကိုကြည့်ရင်း ထိုသင်္ဘော တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမှန်း အကုန်လုံး သိလိုက်ကြသည်။

သင်္ဘာအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် ဆွံ့အသွားရသည်။ သင်္ဘာတစ်စင်လုံးအား အဆင့်မြင့် ကုန်ကြမ်းပစ္စည်းများဖြင့်သာ လုပ်ထားခြင်း ဖြစ်သည်။ ပျက်စီးနေသော သင်္ဘောကိုယ်ထည်ဟာ ဆိုလျှင်လည်း သူတော်စင်အဆင့် ကုန်ကြမ်းပစ္စည်း ဖြစ်ပေသည်။

ထိုကဲ့သို့သော ကြီးမားလှသော သင်္ဘာတစ်စင်းကို ဆောက်ရန်အတွက် ကုန်ကြမ်းပစ္စည်း မည်မျှ လိုက်အပ်လိုက်မည်နည်း။ သင်္ဘောဆောက်ရန် လိုအပ်သော သူတော်စင်အဆင့် ပစ္စည်းများဖြင့် သူတော်စင်အဆင့် မှော်ရတနာ အခု(၁၀၀၀)လောက်ကို ဖန်တီးနိုင်ပေသည်။

“ဒါက မဟာနတ်ဆိုးနတ်ဘုရား ချန်ခဲ့တဲ့ လျှို့ဝှက်ချက်လား” ကျန်းယွမ်၏ လေသံထဲ စိတ်ပျက်သည့် အရိပ်အယောင်တို့ကို အထင်သား မြင်နေခဲ့ရသည်။ သူ့မျက်နှာ အမူအရာမှာလည်း ကောင်းမွန်ခြင်း ရှိမနေခဲ့ပေ။

ဤနေရာတွင် ရှိနေသည့် အရာများနှင့် ပက်သက်ပြီး မရေမတွက်နိုင်အောင် သူခန့်မှန်းခဲ့ဖူးသည်။ မဟာနတ်ဆိုး နတ်ဘုရားသည် သူအသုံးပြုခဲ့သော ကျင့်စဉ်များ၊ နတ်ဘုရား စွမ်းရည် ပညာရပ်များကို ဤနေရာတွင် ထားခဲ့မည်ဟုလည်း စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။

မည်သည့် ရတနာများကို ချန်ထားခဲ့သည် ဖြစ်ပါစေ ထိုရတနာများကို သူအရမ်း လိုချင်တောင့်တခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူနှိမ့်ချ၍ ရန်ကိုင်ဆီမှပင် အကူအညီ သွားတောင်းခဲ့သည်။

သို့သော်လည်း အရံအတားကို ဖွင့်လိုက်သည့်အခါ သူမျှော်လင့်ထားသည့် မည်သည့် ရတနာကိုမှ မတွေ့ရဘဲ သင်္ဘောပျက်တစ်စီးကိုသာ တွေ့ခဲ့ရသည်။

သင်္ဘောပျက်သည် သူတော်စင် မှော်ရတနာတစ်ခု၏ အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား မည်သည့်နေရာတွင် အသုံးဝင်နိုင်မည်နည်း။ ပင်လယ်ထဲ ထွက်ရန်လား။ ကျန်းယွမ်၏ ခွန်အားသည် ဤလောကကြီး၏ အထွဋ်အထိပ်သို့ ရောက်ရှိနေလေပြီ။ ပင်လယ်ထဲ ထွက်ရန်အတွက် သင်္ဘောတစ်စီး မလိုတော့ချေ။

အမှန်တရားကို သူလက်မခံနိုင်ပေ။

အကုန်လုံးသည် မဟာနတ်ဆိုးနတ်ဘုရား သူ့မျိုးဆက်များကို ဆော့ကစားရန်အတွက် လုပ်ခဲ့သည် ဟာသပျက်လုံး တစ်ခုဟုပင် သူထင်လာမိသည်။

“ကြည့်ရတာ သင်္ဘောပျက်တစ်စီးပဲ ရှိတယ်နဲ့တူတယ်” ကျန်းယွမ်၏ ကံမကောင်းမှုအပေါ် မန်ဝူရ ကြိတ်ပျော်နေခဲ့၏။

ကျန်းယွမ် ပိုစိတ်ညစ်နေလေ၊ သူပိုပျော်လေပင်။ ကျန်းယွမ် စိတ်ညစ်လွန်ပြီး သေသွားလျှင် မန်ဝူရ ပို၍ပင် ပျော်ပေဦးမည်။

“မဟုတ်လောက်ဘူး” ရန်ကိုင် မျက်မှောင်ကြုံ့နေခဲ့သည်။ နတ်ဆိုးမြို့တော်သို့သွားလျှင် သူစိတ်ထဲ မရှင်းမလင်း ဖြစ်နေသည့် ကိစ္စအားလုံး ရှင်းလင်းသွားလိမ့်မည်ဟု မဟာ နတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားက သူ့ကို ပြောခဲ့သည်။ ယခု မဟာနတ်ဆိုးနတ်ဘုရား၏ ကိုယ်ပွားပြောသည့်အတိုင်း နတ်ဆိုးမြို့တော်သို့လာပြီး မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သည်။ သို့သော် လက်တွေ့သည် သူထင်ထားသလို ဖြစ်မလာခဲ့ဘဲ သင်္ဘောပျက်တစ်စီးကိုသာ တွေ့ခဲ့ရသည်။

သူနည်းနည်း စိတ်ပျက်နေမိသည်။

ထောင်နှင့်ချီသော ခရီးကို ဖြတ်သန်းလာရခြင်းသည် ဤသင်္ဘောပျက်ကြီးကို မြင်တွေ့ရန် သက်သက်ပေလော။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်ငြား ဤနေရာ၌ သင်္ဘောပျက်မှလွဲ၍ အခြား ဘာမှမရှိချေ။

“လျှို့ဝှက်ချက်တွေက သင်္ဘောပျက်ထဲမှာ ရှိနေတာ ဖြစ်ရမယ်” ကျန်းယွမ် ရုတ်တရက် ထအော်ပြောလိုက်သည်။

နတ်ဆိုးဗိုလ်ချုပ် လေးယောက်သည် အကြည့်ချင်း ဖလှယ်၍ ချက်ချင်းပဲ သင်္ဘောပျက်ထဲသို့ ပြေးသွားကြသည်။

“ငါလည်း တစ်ချက်သွားကြည့်လိုက်ဦးမယ်” မန်ဝူရက ထူးထူးဆန်းဆန်း ပြုံးဖြီးလိုက်ပြီး နတ်ဆိုးဗိုလ်ချုပ် လေးယောက်နောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။

ရန်ကိုင်သည် မဲ့ပြုံးပြုံး၍သာ ခေါင်းတရမ်းရမ်း လုပ်နေခဲ့သည်။ သူတို့နောက်တော့ လိုက်မသွားခဲ့ချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၂) ကြယ်တာရာကောင်းကင်၏ လျှို့ဝှက်ချက်များ

မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးဗိုလ်ချုပ် လေးယောက်နှင့် မန်ဝူရတို့ သင်္ဘောပျက်ရှေ့သို့ ရောက်လာခဲ့သည်။ သို့သော် သင်္ဘောကုန်းပတ်ပေါ် ခြေချမည်အပြု၊ အားကောင်းလှသော နတ်ဆိုးချီတို့ သင်္ဘောအတွင်းပိုင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။

နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံး အချိန်မှီ ပြန်မဆုနိုင်သဖြင့် နောက်သို့ လွင့်ပျံထွက်သွားခဲ့ရသည်။ မန်ဝူရသည်ပင် လေထဲကျွမ်းသုံးလေးပတ်လောက် ထိုသွားရပြီး ရန်ကိုင်ဘေးသို့ ပြန်ရောက်လာခဲ့ရသည်။ မြေပေါ်ပြန်ရောက်သည်နှင့် သင်္ဘောပျက်အား တုန်လှုပ်ချောက်ချားနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

သူစိုက်ကြည့်နေရာအရပ်ဆီမှ အနက်ရောင်စွမ်းအင် အစုအဝေးတစ်ခု ထွက်ပေါ်လာပြီး ပုံသဏ္ဏာတစ်ခု စတင် ဖွဲ့တည်လာခဲ့သည်။

“မဟာနတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါလား” ရန်ကိုင် ရေရွတ်လိုက်ပြီး ချက်ချင်းပဲ သတိချပ်လိုက်သည်။

“အဲ့ဒါက မဟာနတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါလား” ရန်ကိုင် စကားကို ကြားကြားချင်း ကျန်းယွမ် ပျာတီးပျာယာ ဖြစ်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ အားပါးတရ ထရယ်၍ “ဒီမှာ သင်္ဘောပျက်တစ်ခုတည်း ရှိတာ မဟုတ်မှန်း ဒီစီနီယာ သိသားပဲ၊ ဟားဟားဟား”

ပြောပြီးသည်နှင့် တစ်ခုခုကို တွေ့လိုတွေ့ငြား ထိုစွမ်းအင် အစုအဝေးဆီ လှမ်းကြည့်လိုက်သည်။ သူတွေ့ရှိနိုင်သမျှ အရာမှန်သမျှ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိမည်ဟု ကျန်းယွမ် တထစ်ချ မှတ်ယူထားသည်။

ထိုစွမ်းအင်အစုအဝေးဆီမှ ထွက်ပေါ်နေသော ဖိအားကို ခံစားမိလိုက်သည်နှင့် အကုန်လုံး နိုးနိုးကြားကြား ဖြစ်သွား၏။

ခဏအကြာ၌ စွမ်းအင် အစုအဝေးသည် လူတစ်ယောက် ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ လူပုံစံမှာ ဝေဝါးနေသော်လည်း ထိုလူသည် မဟာနတ်ဆိုးနတ်ဘုရားဖြစ်မှန်း ရန်ကိုင် တန်းသိလိုက်သည်။

ထိုပုံရိပ်သည် လေထဲတွင် တစ်ခဏတာ ဝဲနေပြီးနောက် လူအုပ်ကြီးဆီ ပြေးဝင်လာလေသည်။

ချက်ချင်းဆိုသလို အကုန်လုံးသည် ဆန်းကြယ်သော အားတစ်ရပ်၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည်ပမာ နည်းနည်းမျှပင် မလှုပ်နိုင်တော့ချေ။ အနက်ရောင်ပုံရိပ်သည် မြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး အကုန်လုံးအား ဖုံးလွှမ်းသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့စိတ်ထဲ တစ်ခုခု ပေါ်လာသလို ခံဏားလိုက်ရသဖြင့် အကုန်လုံး မျက်လုံး ပိတ်လိုက်ကြသည်။

အဖြူရောင်လေဟာနယ်ထဲတွင်၊ အကုန်လုံးသည် သူတို့ စိတ်ထဲတွင် ပေါ်လာသော အကြောင်းအရာအသစ်ကို လေ့လာနေခဲ့ကြသည်။ ထို့နောက် အကုန်လုံး၏ အမူအရာများ တဖြည်းဖြည်း လေးနက်လာခဲ့လေသည်။

ရန်ကိုင်သည်လည်း ချွင်းချက်မဟုတ်။ သူ့အသိစိတ်သည် ကြယ်တာရာကောင်းကင်ထဲ ရောက်ရှိနေခဲ့သည်။

သူ့ပတ်လည်တွင် ဘာဆိုဘာမှမရှိ။ ခပ်လှမ်းလှမ်းမှ တလက်လက် တောက်ပနေသော ကြယ်ရောင်အချို့သာ ရှိသည်။ ရွှေရောင်တောက်နေသော လူတစ်ယောက်သည် ကြယ်တာရောင်ကောင်းကင်ကို ဖြတ်သန်းသွားလာနေခဲ့သည်။ ထိုလူ၏ အကြည့်မှာပြတ်သား၏။ ခန္ဓာကိုယ်မှာ ကြံ့ခိုင်၏။ မျက်နှာထက် မည်သည့် ခံစားချက် အမူအရာမှ ရှိနေခြင်းမရှိ။ ထိုလူသည် မည်သည့် မှော်ရတနာကိုမှ အသုံးပြုခြင်း မရှိသလို သူ့ခွန်အားကိုလည်း လှည့်ပတ်ထားခြင်း မရှိချေ။ သူ့အသွေးအသား သက်သက်ကို အသုံးပြု၍ ကြယ်တာရာ ကောင်းကင်၏ ဖိအားကို ခုခံရင်း သွားလာနေခဲ့သည်။

ထိုလူသည် မဟာနတ်ဆိုးနတ်ဘုရားပင် ဖြစ်လေသည်။

အနက်ရောင်အရိပ်သည် သူတို့ အသိစိတ်ထဲ မည်သည့် အရာကို ချန်ထားခဲ့မှန်း ရန်ကိုင် ရုတ်တရက် နားလည်သွား၏။

ချန်ထားရစ်ခဲ့သည်မှာ မဟာနတ်ဆိုးနတ်ဘုရား ကြယ်တာရာကောင်းကင်ထဲ စူးစမ်းရေးခရီးထွက်စဉ်က အတွေ့အကြုံများပင်။

ထိုဒဏ္ဏာရီလာပုဂ္ဂိုလ်သည် ကြယ်တာရာကောင်းကင်ထဲ သွားစဉ်က တွေ့ကြုံခဲ့ရသည်များကို သူ့မျိုးဆက်များ မြင်တွေ့ရအောင် ချန်ထားရစ်ခဲ့သည်။

ရန်ကိုင်သည် စောင့်ကြည့်သူ သက်သက်သာ ဖြစ်သည်။ သူကိုယ်တိုင် လုံးဝ ဝင်ပါ၍မရချေ။

အကုန်လုံးသည်လည်း သူ့ကဲ့သို့ ဖြစ်နေမှန်း ရန်ကိုင် ယုံကြည်ပေသည်။

ရန်ကိုင် သေသေချာချာ အာရုံစိုက်ထားလိုက်သည်။ သူ့ရှေ့ရှိ မြင်ကွင်းသည် နံရံပေါ်တွင် သူမြင်ခဲ့သည့် ပန်ချီများ၏ အဆက်ဖြစ်ပေသည်။ မဟာနတ်ဆိုးနတ်ဘုရား၏ ကြယ်တာရာကောင်းကင်ထဲသို့ ရွက်လွင့်ခဲ့သည့် ခရီးစဉ် အကြောင်းပင် ဖြစ်သည်။

မဟာနတ်ဆိုးနတ်ဘုရားသည် ရည်ရွယ်ချက်တစ်ခု မည်မည်ရရ မရှိဘဲ ကြွေလွင့်ပြီးသော ရော်ရွက်ဝါတစ်ရွက် ပမာ ကြယ်တာရာကောင်းကင်ထဲ ခရီးထွက်နေသည်။

လမ်းတစ်လျှောက် အာကာသမုန်တိုင်းနှင့် ကြုံခဲ့ရသည်။ သို့သော် သူ့ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ကြံ့ကြံ့ခံ ခုခံခဲ့သည်။

ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်တစ်ခုကို တွေ့ခဲ့သည်။ ထို့နောက် ဂြိုလ်သိမ်ဂြိုလ်မွှားများထဲမှ တစ်ခုပေါ်တွင် ထိုင်လျက် ကြယ်တာရာကောင်းကင်ထဲ ရွက်လင့်သွား၏။

အချိန်အတိုင်းအတား တစ်ခုထိ ကြာသွဦးပြီးနောက် ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ထဲ ထိုင်နေစဉ် ရုတ်တရက် မျက်လုံးပွင့်လိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

သူ့လှမ်းကြည့်နေသည့်ဘက်တွင် ကြယ်တာရာ ကောင်းကင်ထဲ ရွက်လွှင့်နေသော သင်္ဘောကြီးတစ်စင်း ရှိနေခဲ့သည်။ ထိုသင်္ဘောသည် ရန်ကိုင် ယခုလေးတင် မြင်ခဲ့သော သင်္ဘောပျက်ကြီးပင် ဖြစ်သည်။

မဟာနတ်ဆိုးနတ်ဘုရား၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပသွားခဲ့ပြီး သင်္ဘောကြီး ထွက်သွားရာနောက် ပြေးလိုက်သွားသည်။

သူ့ရည်ရွယ်ချက်မှာ၊ ထိုသင်္ဘောနောက်လိုက်ပြီး သူ့ကျင့်ကြံခြင်းကို ပိုတိုးတက်အောင် လုပ်ဆောင်နိုင်မည့် ပို၍အဆင့်မြင့်သော လောကတစ်ခုဆီသို့ သွားရန်ပင်။

သို့သော်လည်း မဟာနတ်ဆိုးနတ်ဘုရားကို အံ့အားသင့်သွားစေသည်ကြား ထိုသင်္ဘောသည်လည်း ကြယ်တာရာကောင်းကင်ထဲ လမ်းပျောက်နေသည့်ပုံပင်။

မဟာနတ်ဆိုးနတ်ဘုရားသည် နှစ်အနည်းငယ် ကြာသည်အထိ ထိုသင်္ဘောနောက် လိုက်နေခဲ့သည်။

တစ်နေ့၊ ထိုသင်္ဘောသည် တစ်ခုခုကို တွေ့သွားသည့် အလား ချက်ချင်းပဲ ဦးတည်ချက်ပြောင်းသွားသည်။

မဟာနတ်ဆိုးနတ်ဘုရားလည်း ပျော်သွားလေ၏။

သို့သော်လည်း ထိုသင်္ဘောရောက်သည့် ဂြိုလ်သည်ကား၊ သူနေခဲ့ဖူးသော ထုန်းရွှမ်လောကကြီး ဖြစ်နေသည်ကို မဟာ နတ်ဆိုးနတ်ဘုရား တွေ့ရှိလိုက်ရသည်။

ကြယ်တာရာကောင်းကင်ထဲ နှစ်ပေါင်းများစွာကြာအောင် ခရီးထွက်၊ ထိုသင်္ဘောနောက် လိုက်နေခဲ့သော်ငြား နောက်ဆုံး၌ မဟာနတ်ဆိုးနတ်ဘုရားသည် သူ့မွေးရပ်မြေ ဆီသို့သာ ပြန်ရောက်လာခဲ့ရသည်။

ထိုသင်္ဘောကြီးသည် နတ်ဆိုးကုန်းမြေ တစ်နေရာတွင် ဆင်းသက်လိုကသည်။ ထို့နောက် သင်္ဘောပေါ်မှ ပုံရိပ်များစွာ ထွက်လာခဲ့သညသ်။ အချို့သည် အစိမ်းရောင်တောက်သော မျက်လုံးများကို ပိုင်ဆိုင်ထားကြပြီး အချို့သည် နဖူးတွင် ဦးချိုတစ်ချောင်း ထွက်နေသူများ ဖြစ်ကြသည်။ အချို့တွင်မူ တွဲကျနေသော နားရွက်ကြီးများ ရှိပေသည်။ သို့သော် ယေဘုယျအားဖြင့် အကုန်လုံးသည် လူသားပုံစံ ရှိကြသည်။

သင်္ဘောပေါ်မှ ဆင်းလာသူတိုင်းသည် အလွန်ကိုမှ အားကောင်းကြကာ အားအနည်းဆုံးသည် မသေမျိုးအဆင့် ဖြစ်ပေသည်။

ခေါင်းဆောင်တော်တော်များများသည် သူတော်စင် အဆင့်ကိုပင် ကျော်လွန်နေကြသည်။

သူတို့ပေါ်လာသည်နှင့် နတ်ဆိုးကုန်းမြေတစ်ခုလုံး တိုက်ပွဲမီးတောက်တို့ဖြင့် လောင်မြိုက်သွားရသည်။ နတ်ဆိုးဗိုလ်ချုပ်တစ်ယောက် ရှေ့ထွက်၍ လာတားသော်ငြား ထိုသူတော်စင် တတိယအဆင့်သည် သင်္ဘောပေါ်မှာ ဆင်းလာသူများရှေ့တွက် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုချေ။ ထိုနတ်ဆိုးဗိုလ်ချုပ်သည် အစိမ်းရောင်မျက်လုံးနှင့် ကျင့်ကြံသူတစ်ယောက်၏ ရိုက်ချက်တစ်ချက်ကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေသွားခဲ့ရသည်။

နယ်ခြားကျူးကျော်သူများသည် တောင်တစ်လုံးပေါ်တွင် ရပ်လျက် ထုန်းရွှမ်လောကကြီးကို စူးစမ်းကြည့်နေကြသည်။ အမျိုးမျိုးသော တောင်စဉ်တောင်တန်းများနှင့် မြစ်များ၊ ချောင်းများကို စိတ်ဝင်တစားဖြင့် လက်ညိုးထိုး ပြောဆိုနေခဲ့ကြသည်။

မဟာနတ်ဆိုးနတ်ဘုရားသည် ထိုင်ရပ်ကြည့်မနေခဲ့။ နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်၍ ထိုနယ်ခြား ကျူးကျော်သူများကို ခုခံလေသည်။

အကုန်လုံးရှေ့ရှိ မြင်ကွင်း တစ်ဖန် ပြောင်းလဲသွားပြီး မဟာတိုက်ပွဲကြီး စတင်တော့လေသည်။ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသဖြင့် မဟာ နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်တောက်နေသော တစ်ကိုယ်လုံး သွေးရောင်တောက်နေခဲ့သည်။

တိုက်ပွဲအတွင်း အလောင်းများ တောင်ပမာ ပုံထပ်နေပြီး သွေးများသည်လည်း မြစ်သဖွယ် စီးဆင်းခဲ့ကြရသည်။

မဟာနတ်ဆိုးနတ်ဘုရား၏ သစ္စာရှိ အင်အားစုဖြစ်သော ရှေးဟောင်းနတ်ဆိုးကလန်သည် သူတို့၏ ခန္ဓာကိုယ်ကို အသုံးပြုလျက် မဟာနတ်ဆိုးနတ်ဘုရားဆီ ဦးတည်လာသော တိုက်ခိုက်မှုများအား တစ်ကြိမ်ပြီးတစ်ကြိမ် ကာကွယ်ပေးခဲ့သည်။

နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီသည်လည်း အားကောင်းသော အရိုးမျိုးမွယ်စုဝင် ပညာရှင် တစ်ယောက်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ရေခဲဂိုဏ်းမှ ပညာရှင်များသည်လည်း အတူတကွ ပူပေါင်းလျက် နှင်းရေခဲကမ္ဘာကြီးကို ဖန်တီးကာ ရန်သူများစွာကို တစ်ပြိုင်တည်း အေးခဲပစ်ခဲ့ကြသည်။

အမွှာစိတ်ဝိဥာဉ်အိမ်တော်မှ ဂိုဏ်းချုပ်နှစ်ယောက်သည် အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို သုံးလျက် နယ်ခြားကျူးကျော်သူ များကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများသည်လည်း သားရဲအသွင်သို့ ပြောင်းလျက် တိုက်ခိုက်ခဲ့ကြသည်။

ထုန်းရွှမ်လောကကြီးတစ်ခုလုံး တိုက်ပွဲသံတို့ဖြင့် မြည်ဟည်းနေခဲ့သည်။

ထိုတိုက်ပွဲတွင် နယ်ခြားကျူးကျော်သူများ ရှုံးနိမ့်သွားပြီး မည်သူမှ အသက်မရှင်နိုင်ခဲ့ချေ။

မြေပြင်ထက် အလောင်းများ ပြန့်ကျဲနေသည်။ နဂါးဧကရာဇ်နှင့် ဖီးနစ်ဧကရီသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ အမွှာစိတ်ဝိဥာဉ်အိမ်တော်မှ ဂိုဏ်းချုပ်နှစ်ယောက်သည်လည်း ထိုနည်းတူပင်။ မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီး များစွာတို့လည်း သေဆုံးခဲ့ကြရသည်။ နတ်ဆိုးကုန်းမြေသည်လည်း အထိအခိုက် များပြားခဲ့ပြီး မဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင်သည်ပင် မသေရုံတမယ် ကျန်ရစ်ခဲ့ရသည်။

ထိုတိုက်ပွဲပြီးသည့် နောက်နှစ်များအတွင်း မဟာနတ်ဆိုး နတ်ဘုရားသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော်ငြား ထုန်းရွှမ်လောကကြီးတစ်ခွင် ခြေဆန့်လျက် ပြန့်ကျဲနေသာ လေဟာနယ်လိုဏ်ခေါင်းများကို သုံးလျက် မဟာ အစီအရင်ကြီး တစ်ခုကို ခင်းကျင်းခဲ့သည်။

ထုန်းရွှမ်လောကကြီးတစ်ခုလုံးကို ချိတ်ပိတ်ခဲ့သဖြင့် ထုန်းရွှမ်လောကကြီးသည်လည်း ကြယ်တာရာကောင်းကင် ထဲမှ ပျောက်ကွယ်သွားရပြီး မည့်သည့် နယ်ခြားသက်ရှိမှ မြင်နိုင်တော့မည် မဟုတ်ချေ။

ထို့နောက် သူ့ဝိဥာဉ်ကိုယ်ပွားကို အစီအရင်၏ အလယ်ဗဟိုတွင်ထားကာ ထိုအစီအရင်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်စေခဲ့သည်။

နောက်ဆုံးတွင်၊ ရှေးဟောင်းနတ်ဆိုးကလန်ကို ပိတ်လှောင်ပစ်ခဲ့သည်။

ထို့နောက် သမိုင်းကြောင်းမှ သူပျောက်ကွယ်သွားခဲ့သည်။

အဖြူရောင်လေဟာနယ်ထဲ အကုန်လုံး မျက်လုံး ပြန်ပွင့်လာခဲ့သည်။ တစ်‌ယောက်ချင်းစီတိုင်းသည် သူတို့ မြင်လိုက်ရသည်များကို မယုံကြည်နိုင်သေးသည့် အမူအရာများဖြင့် ရှိနေခဲ့ကြသည်။

အကုန်လုံး မွန်းကြပ်သလို ခံစားနေရသည်။

ရွှစ်... ရွှစ်... ရွှစ်...

သူတို့ နိုးလာသည်နှင့် သူတို့ကိုယ်ထဲ ဝင်သွားသော အနက်ရောင် စွမ်းအင်များ ပြန်ထွက်ပေါ်လာပြီး ရန်ကိုင် ကိုယ်ထဲသို့ ရုတ်တရက် တိုးဝင်ပျောက်ကွယ်သွားသည်။

ရန်ကိုင် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူ့မျက်နှာသည်လည်း နာကျင်မှုကြောင့် ရှုံ့မဲ့လာသည်။ ချွေးသီးတို့ သူ့နဖူးထက်မှ စီးကျလာပြီး ခဏတအတွင်း သူ့အဝတ်အစာများ စိုရွှဲသွားခဲ့ရလေသည်။

“သခင်...” လီရုန်သည် ယခုလေးတင် သိလိုက်ရသော ထိတ်လန့်ဖွယ်ရာ အချက်အလက်များကို နည်းနည်းမျှပင် မစဉ်းစားနိုင်သေးဘဲ ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးလေသည်။

အကုန်လုံး နိုးလာသော်လည်း ရန်ကိုင် မနိုးလာသေး။ ထို့အပြင် အနက်ရောင်စွမ်းအင်များ ရန်ကိုင်ကိုယ်ထဲသို့ ဝင်သွားခြင်းသည် လီရုန်အား ပို၍ စိတ်ပူသွားစေသည်။ ရန်ကိုင်၏ အတွေ့အကြုံသည် အများနှင့်အတူ ဘာကြောင့် တစ်မူထူးခြားနေမှန်း သူမ နားမလည်ခဲ့ချေ။

“သူ့ကို မနှောင့်ယှတ်နဲ့” မန်ဝူရက ရုတ်တရက် လီရုန်ကို လှမ်းတားလိုက်သည်။ ထို့နောက် အတွေးနက်နေသည့် အမူအရာဖြင့် “မကောင်းတာ တစ်ခုခု ဖြစ်နေတာတော့ မဟုတ်လောက်ဘူး။ အပိုဆုရနေတာ ဖြစ်လောက်တယ်”

“ဟုတ်လောက်တယ်။ တကယ်တော့ သူက မဟာ နတ်ဆိုးနတ်ဘုရားရဲ့ ဆက်ခံသူပဲလေ။ ဒီတော့ အခုလို မျက်နှာသာ ပေးခံရတာ သိပ်တော့လည်း မထူးဆန်းပါဘူး” ကျန်းယွမ်က ရန်ကိုင်အား မနာလိုစွာကြည့်ရင်း ပြောသည်။ သူတို့ကိုယ်ထဲ ဝင်သွားခဲ့သော အနက်ရောင်စွမ်းအင်ထဲတွင် မဟာနတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်များသာမက များပြားလှသော စွမ်းအင်များလည်း ပါဝင်နေသေးသည်။

သူသာ ထိုစွမ်းအင်ကို စုပ်ယူပြီး သန့်စင်နိုင်မည်ဆိုပါက သူ့ခွန်အား သိသိသာသာ တိုးတက်လာမည်မှန်း ကျန်းယွမ် ယုံကြည်နေသည်။

ကံမကောင်းစွာဖြင့် ထိုစွမ်းအင်အားလုံးသည် ရန်ကိုင် ကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

ကျန်းယွမ် စိတ်ပျက်နေခဲ့သည်။

“မင်း၊ သူ့နားကနေ ဝေးဝေးနေ” မန်ဝူရက ကျန်းယွမ်အား စိုက်ကြည့်၍ ပြောလိုက်သည်။

ကျန်းယွမ်က ခါးသက်သက် အမူအရာဖြင့် “ညီအစ်ကိုမန်၊ ခုဏတုန်းကဟာတွေ အားလုံးကို မြင်ပြီးတာတောင် ရန်ကိုင် အပေါ် မကောင်းကြံမယ်လို့ မင်းတကယ်ကြီး ထင်နေတာလား”

“ငါမသိဘူး။ ဒါပေမယ့် ငါမင်းကိုမယုံဘူး” မန်ဝူရက နောက်ဆုတ်မသွားခဲ့။

“ကောင်းပြီ။ ကောင်းပြီ။ ငါသူနဲ့ ဝေးဝေး နေပေးပါ့မယ်” ကျန်းယွမ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ပြီးနောက် နတ်ဆိုးဗိုလ်ချုပ် လေးယောက်နှင့်အတူ ခပ်ဝေးဝေးသို့ ရွေ့သွားလေသည်။

ရန်ကိုင် ခံစားနေရသော နာကျင်မှုသည် အချိန်နှင့်အမျှ ပိုမို ပြင်းထန်လာနေသည့်ပုံပင်။ သူ့တစ်ကိုယ်လုံး အဆက်မပြတ် တုန်ရီနေပြီး သွေကြောများမှာလည်း ထောင်တက်နေသဖြင့် လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ရတက်မအေးနိုင် ဖြစ်နေခဲ့သည်။

“သူ့အစစ်အမှန်ချီ သန့်စင်ခြင်းအဆင့်ကို ဘယ်တုန်းက ရောက်သွားတာလဲ” မန်ဝူရက ရုတ်တက် မေးလိုက်သည်။ ရန်ကိုင်ကိုယ်မှ စီးထွက်လာနေသော အစစ်အမှန်ချီကို မြင်ပြီးနောက် ထိုအချက်ကို မန်ဝူရ သတိပြုမိလိုက်သည်။

“ကောင်းကင်စံအိမ်ကို သွားတုန်းကပဲ” လီရုန်က ပြန်ပြောလိုက်သည်။

“ကောင်းကင်စံအိမ်ကို သွားတုန်းကလား။ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် မြန်ရတာလဲ” မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့သည်။

ရန်ကိုင်၏ လက်ရှိပုံစံသည် အဆင့်ချိုးဖျက်တော့မည့် ပုံစံမျိုးပင်။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက် အစစ်အမှန်ချီ သန့်စင်ခြင်းအဆင့်ကို ရောက်ပြီးသည့်အခါ သူတော်စင်အဆင့်၏ သဘောတရားများကို နားလည်ရန် အနည်းဆုံး နှစ်နှစ်၊ သုံးနှစ် ကြာပေသည်။

ရန်ကိုင်သည် မယုံကြည်နိုင်ဖွယ်ရာ ပါရမီကို ပိုင်ဆိုင်ထားလျှင်ပင် အစစ်အမှန်ချီ သန့်စင်ခြင်းကို အချိန်တိုအတွင်း ပြီးမြောက်ရန်မှာ မဖြစ်နိုင်ချေ။

သူတို့ တကယ်ကို မတွေးတတ်တော့ချေ။

အကုန်လုံး သံသယဝင်နေစဉ်မှာပဲ ရန်ကိုင်၏ ဘယ်ဘက် မျက်လုံးမှ သွေးစီးကျလာခဲ့သည်။ ထိုသွေးစီးကြောင်းသည် မဆိုသလောက်လေး ရွှေရောင်တောက်နေသည်။

“ဘာဖြစ်တာလဲ” မန်ဝူရ ထိတ်လန့်သွားလေပြီ။

“သခင်လေး အန္တရာယ်ရှိနေတာလား” နတ်ဆိုးအိုကြီးလည်း ရင်တမမ ဖြစ်နေရချေပြီ။

မန်ဝူရသည် စကားတစ်ခွန်းမှမပြော၊ ရန်ကိုင်သာ သေချာအာရုံစိုက် လေ့လာနေခဲ့သည်။ ရန်ကိုင်ကို ကြည့်လေ၊ ကြည့်လေ ပိုပို၍ ယုံကြည်ချက် မဲ့လာလေပင်။

ရန်ကိုင်ကဲ့သို့ အခြေအနေမျိုး သူတစ်ခါမှ မတွေ့ဖူးချေ။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၃) နတ်ဆိုးမျက်လုံးပြောင်းလဲခြင်း

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် မမျှော်လင့်ထားသည့်အရာ တစ်ခုခု ဖြစ်သွားခဲ့သည်။

မဟာနတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်များကို လေ့လာပြီးသည့် အချိန်၌ မြောက်များလှစွာသော စွမ်းအင်များသည် လှိုင်းလုံးပမာ သူ့အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာခဲ့သည်။

သူ့အသိစိတ်ပင်လယ်တစ်ခုလုံး မုန်တိုင်းထန်သွားပြီး ရေမျက်နှာပြင်ထက် မျောနေသော ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းသည်လည်း အချိန်မရွေး နစ်မြုပ်သွားနိုင် သကဲ့သို့ လူးလွန့်နေခဲ့သည်။

ရန်ကိုင်သည် သူ့အသိစိတ်ပင်လယ်ကို တစ်ဖန်ပြန်လည် ငြိမ်သက်သွားအောင် ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ။

ထိုစွမ်းအင်များသည် သူ့အသိစိတ်ပင်လယ်ထဲသို့ ချိုးဖျက်ဝင်လာသော မိုးကြိုးလျှပ်စီးများနှယ် သူ့အား အလွန်ကိုမှ မသက်မသာ ဖြစ်စေသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ရုတ်တရက် သူ့အသိစိတ်ပင်လယ်အား ကသောင်းကနင်း ဖြစ်အောင် လုပ်နေသော စွမ်းအင်အားလုံးကို စုပ်ယူပစ်လိုက်သဖြင့် သူ့အသိစိတ်ပင်လယ်တစ်ခုလုံး မှောင်မိုက်သွားရလေသည်။

ဤနေရာသည် ရန်ကိုင်၏ ပိုင်နက်ဖြစ်သည်။ သူသာလျှင် အကြွင်းမဲ့ အုပ်စိုးသူဖြစ်သည်။ သူအမိန့်ပေးလိုက်လျှင်၊ သူစိတ်ကူးလိုက်လျှင် မဖြစ်နိုင်သည့်အရာမရှိ။ ရှုခင်အား ပြောင်းလဲခြင်းဖြစ်စေ၊ နေရာပုံသဏ္ဏာန်အား ပြန်လည် စီမံခြင်း ဖြစ်စေ၊ သူ့စိတ်ကြိုက် လုပ်နိုင်သည်။

သို့သော်လည်း ယောက်ယတ်ခတ်နေသော စွမ်းအင်များကို သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးက စုပ်ယူလိုက်သည့်အခါ သူ့အသိစိတ်ပင်လယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။

အမှောင်ထုထဲဝယ်၊ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးမှ ထုတ်လွှတ်နေသော ရွှေရောင်အလင်းသာ ရှိနေခဲ့သည်။

သူ့ဝိဥာဉ်ပုံရိပ်ကို ထိုရွှေရောင်အလင်းများက လွှမ်းခြုံလာခဲ့သည့်အခါ သူ့ကိုယ်သူ ထိုအလင်းရောင်များ၏ ဝါးမြိုခြင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် စိတ်စွမ်းအင်ပုံစံ အမျိုးမျိုးကို နိုင်နင်းသည်။ အကြွင်းအကျန် စိတ်ဝိဥာဉ်များကို ဤနေရာသို့ ဆွဲခေါ်ပြီး ထိုရွှေရောင် အလင်းဖြင့် သန့်စင်ကာ ပညာရှင်များစွာကို ရန်ကိုင် သတ်ခဲ့ဖူးသည်။

ထိုရွှေရောင်အလင်းသည် ရန်ကိုင်အား တစ်ခါမှ ဒုက္ခမပေးဖူးချေ။

သို့ရာတွင် ယခုတစ်ကြိမ်၌ မတူတော့ချေ။ သူသာ မြန်မြန်ဆန်ဆန် မလှုပ်ရှားလျှင် ယခင်လူများကဲ့သို့ သူ့ဝိဥာဉ်လည်း သန့်စင်ခံလိုက်ရမည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရသည်။

ထိုသို့သာဖြစ်လာခဲ့လျှင် သူကျိန်းသေ သေရပေလိမ့်မည်။

အားကုန်သုံးပြီး ခုခံရန်လုပ်နေစဉ်မှာပဲ အမှောင်ထုထဲ ရောင်စဉ်ခြောက်သွယ် အလင်းရောင်ကို မြင်လိုက်ရပြီး ထိုနေရာဆီသို့ အလျင်စလို ပြေးသွားလေသည်။

ခဏအကြာ၌ သူ့ဝိဥာဉ်ပုံရိပ်သည် ခြောက်ရောင်ခြယ် ကျွန်းပေါ်သို့ ရောက်လာခဲ့သည်။

ခြောက်ရောင်ခြယ်ကျွန်းပေါ်တွင် မရေမတွက်နိုင်သော ဝိဥာဉ်ဝါးမြိုအင်းဆက်များ ရှိနေခဲ့သည်။ ဤနေရာမှ စွမ်းအင်များကို အချိန်အတော်ကြာအောင် ဝါးမြိုပြီးနောက် ထိုကောင်များသည် ယခင်ကထက် ပိုမို သန်မာလာခဲ့သည်။

လက်ရှိအချိန်၌ ရန်ကိုင်အနေဖြင့် ထိုကောင်များကို အာရုံမစိုက်နိုင်သေး။ ကောင်းကင်စိတ်အာရုံကိုသာ သေချာအာရုံစိုက်လျက် ခြောက်ရောင်ခြယ်ကျွန်းအား မူရင်းပုံစံ ခြောက်ရောင်ခြယ်ကြာပန်းအဖြစ် ပြန်ပြောင်းစေ၏။ ထို့နောက် ကြာပန်း၏ပွင့်ချပ်များဖြင့် သူအား လွှမ်းခြုံစေလိုက်သည်။

အဆက်မပြတ် ဖြာထွက်လာနေသော ရွှေရောင် အလင်းများကြောင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် နေတစ်စင်းပမာ ထင်မှတ်ရသည်။ ထိုရွှေရောင်အလင်းကြောင့် ရန်ကိုင်၏ အသိစိတ်ပင်လယ်သည် အလျင်အမြန် ခမ်းခြောက်သွားခဲ့ရလေသည်။

မခံမရပ်နိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုတို့ သူ့ဝိဥာဉ်အတွင်းပိုင်းမှ လှိုက်တက်လာခဲ့သည်။

ရန်ကိုင်သည် လက်သီးတင်းတင်းဆုပ်၊ အံတင်းတင်း ကြိတ်၍ သူ့အသိစိတ်ပင်လယ်မှ အဆက်မပြတ် ဆုံးရှုံးနေသော စိတ်စွမ်းအင်များကို ဝိဥာဉ်ကြာပန်း၏ စွမ်းအင်ဖြင့် အဆက်မပြတ် ပြန်ဖြည့်ပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် နာကျင်မှုတို့ လျော့ပါးလာချိန် သူ့ဝိဥာဉ်နှင့် တစ်ချိန်က မဟာနတ်ဆိုးနတ်ဘုရား ပိုင်ဆိုင်ခဲ့သော သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကြား ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို စတင် ရရှိခဲ့သည့် အချိန်မှစ၍ ရန်ကိုင်သည် ထိုမျက်လုံးကို သန့်စင်ရန် ကြိုးစားခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ချေ။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ သန့်စင်ခြင်း စွမ်းအားကို အသုံးပြုနိုင်သော်လည်း ထိုရွှေရောင်မျက်လုံးသည် သူ့အသိစိတ်ပင်လယ်နှင့် အတူတကွ ပူးတွဲတည်ရှိနေသော ပြင်ပပစ္စည်းသက်သက် တစ်ခုသာဖြစ်သည်။ သူအမိန့်ပေး၊ ထိန်းချုပ်နိုင်သော သူ့အပိုင်ပစ္စည်းတစ်ခု မဟုတ်ချေ။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် သူပိုင်ဆိုင်ထားသော ခြောက်ရောင်ခြယ်ကြာပန်းနှင့် ကွာခြားပေသည်။

ပြင်းထန်လှသော နာကျင်မှုကို ခံစားပြီးသည့်နောက်တွင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ဆက်နွှယ်မှုတစ်ခု ဖန်တီးနိုင်ခဲ့သည်။ သူ့အသိစိတ်ပင်လယ်ထဲမှ အငွေ့ပျံသွားသော စွမ်းအင်များသည် သူနှင့် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကြားတွင် တံတားတစ်စင်း ဖြစ်ပေါ်စေခဲ့ကာ ထိုမျက်လုံးကို သူ့အား သခင်အဖြစ် အသိအမှတ် ပြုစေခဲ့သည်။

ထိုတွေ့ရှိမှုကြောင့် ရန်ကိုင် ရုတ်တရက် ပျော်သွား၏။

ဝိဥာဉ်ကြာပန်းကို အဆက်မပြတ် ထိန်းချုပ်ရင်း ရန်ကိုင်သည် ခြောက်ကပ်သွားသော သူ့အသိစိတ်ပင်လယ်ကို အသစ်အသစ်သော ရေများဖြင့် ပြန်ပြည့်စေခဲ့သည်။ သို့သော် ထိုရေများသည် ခဏအကြာ၌ ခမ်းခြောက်သွားခဲ့ပြီး သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ စုပ်ယူခြင်း ခံလိုက်ရပြန်သည်။

ထိုကဲ့သို့ အဖန်တလဲလဲ ဖြစ်ပျက်နေပြီးနောက် သူ့ဝိဥာဉ်မှ နာကျင်မှုသည် ပိုပို၍ သက်သာလာခဲ့သည်။ နောက်ဆုံးတွင် နာကျင်မှု လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ပေါ့ပါးလန်းဆန်းသော ခံစားချက်တို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည် သူ့အပိုင်လုံးလုံး ဖြစ်လာခဲ့လေသည်။

လေထဲတွင် အမြဲတမ်း ဝဲလျက် တည်ရှိနေသော သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် အလင်းတန်း အသွင်သို့ ပြောင်းလျက် ရန်ကိုင်ဆီ တိုးဝင်သွားခဲ့သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ခြောက်ရောင်ခြယ် ကြာပန်း၏ ပွင့်ချပ်များထဲတွင် ရှိနေသော ရန်ကိုင်ကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

အဖြူရောင်လေဟာနယ်ထဲတွင် ရှိနေသော ရန်ကိုင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

သူ့ဘယ်ဘက်မျက်လုံး တဆစ်ဆစ် ကိုက်လာခဲ့သည်။ ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရာ အနားတွင် ရှိနေသော မန်ဝူရနှင့် အခြားသူများ သူ့အား စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေသည်ကို ရန်ကိုင် တွေ့ရ၏။

“ရန်ကိုင်၊ ဘာဖြစ်လို့လဲ” မန်ဝူရက အလျင်စလို မေးလိုက်သည်။

ထိုမေးခွန်းကို မေးပြီးသည်နှင့် ချက်ချင်းဆိုသလို မန်ဝူရက အလန့်တကြား ထအော်၍ သူ့အား လက်ညိုး တထိုးထိုးဖြင့် ပြောလိုက်သည် “မင်းဘယ်ဘက်မျက်လုံး...”

သူ့ဘယ်ဘက်မျက်လုံးသည် မူလကကဲ့သို့ အနက်ရောင် မဟုတ်တော့ဘဲ ရွှေရောင်ဖြစ်နေခဲ့ချေပြီ။ ထိုမျက်လုံးကို ကြည့်လိုက်သည့်အခါ မဟာနတ်ဆိုးနတ်ဘုရား ကိုယ်ပွားကို ကြည့်နေလိုက်ရသလိုမျိုး မန်ဝူရ ခံစားလိုက်ရသည်။

ရွှေရောင်မျက်လုံးဆီမှ မမြင်နိုင်သော ဝဲကတော့တစ်ခု ထွက်ပေါ်လာပြီး မန်ဝူရ၏ ဝိဥာဉ်ကို စတင် ဆွဲယူတော့ရာ မန်ဝူရ၏ ဝိဥာဉ်မှာလည်း မတည်မငြိမ် ဖြစ်လာရလေသည်။

ဘဏ္ဏာထိန်းမန်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ချက်ချင်းပဲ လှမ်းအော်ပြောလေသည် “မင်းဘယ်ဘက် မျက်လုံးကို မြန်မြန်ပိတ်လိုက်”

ရန်ကိုင်လည်း မန်ဝူရ၏ အော်သံကို ကြားကြားချင်း ကြောင်သွားခဲ့သည်။ သို့သော် ဘာဖြစ်နေမှန်း နားလည်လိုက်ပြီးနောက် သူ့ဘယ်ဘက်မျက်လုံးကို လက်ဖြင့် ချက်ချင်း လှမ်းအုပ်လိုက်လေသည်။

မျက်လုံးအား အုပ်ထားသော သူ့လက် ပူနွေးနွေး၊ စိုစွတ်စွတ် ဖြစ်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ခဏအကြာ၌ သွေးနံ့ကို ရလိုက်သည်။

ယခုမှသာ လီရုန်၊ ဟန်ဖေးနှင့် နတ်ဆိုးအိုကြီးတို့ သက်ပြင်းအရှည်ကြီး ချလိုက်နိုင်တော့သည်။ သို့တိုင် သူတို့၏ အကြည့်များထဲ ထိတ်လန့်မှုတို့ မပြယ်ပျောက်သေး။

“သခင်လေးရဲ့ ဘယ်ဘက်မျက်လုံး ဘာဖြစ်သွားတာလဲ” နတ်ဆိုးအိုကြီးက ပျာယာခတ်နေသည့် အမူအရာဖြင့် မေးလိုက်သည် “ဒီအစေခံအိုကြီးရဲ့ ဝိဥာဉ်တောင် အစုပ်ယူခံရနီးနီးပဲ...”

“သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၊ မဟာနတ်ဆိုး နတ်ဘုရားရဲ့ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးပဲ” ကျန်းယွမ်က အလန့်တကြား ထအော်လေသည်။ ရန်ကိုင်နှင့် ခပ်ခွာခွာတွင် ရပ်နေသော်ငြား ရန်ကိုင်အား လှမ်းကြည့်လိုက်သည့်အခိုက် သူ့ဝိဥာဉ် ခန္ဓာကိုယ်မှ လွတ်ထွက်သွားတော့မလို ခံစားလိုက်ရ၏။

မဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင်ကို မြင်နေရသည့် အလား သူခံစားလိုက်ရသည့်ဖိအားသည် တောင်တစ်ရာတမျှ ကြီးမားလွန်းလှပေသည်။

နတ်ဆိုးဗိုလ်ချုပ်လေးယောက်သည်လည်း ဖြူဖပ်ဖြူလျော် အမူအရာများဖြင့် ရှိနေခဲ့ကြသည်။

မဟာနတ်ဆိုးနတ်ဘုရားသည် နတ်ဘုရားစွမ်းရည် များစွာကို ပိုင်ဆိုင်ထားပြီး ထိုထဲမှ တစ်ခုသည် သူ့ဘယ်ဘက် မျက်လုံးတွင် နစ်မြုပ်နေကာ ရန်သူ၏ ဝိဥာဉ်ကို ရှင်းလင်းပစ်နိုင်သည့် ရွှေရောင်အလင်းကို ထုတ်လွှတ်နိုင်၏။ ရှေးဟောင်းသမိုင်းမှတ်တမ်းများအရ မဟာနတ်ဆိုး နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးသည် လောကကြီး၏ လျှို့ဝှက်ချက်၊ ဆန်းကြယ်မှုများကို ထိုးထွင်းသိမြင်နိုင်ပြီး ကြည့်လိုက်သည့် မည်သည့် ဝိဥာဉ်ကိုမဆို ဖိနှိပ်နိုင်သည်။

နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူစိတ်ညစ်သွားရသည့် အချက်သည်ကား ထိုသုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် လူသားကောင်လေး တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းပင်။

ရန်ကိုင်ဆိုသော ကောင်းလေး ဘာကြောင့် ထိုမျှ ကံကောင်းမှန်း သူနားမလည်နိုင်ပေ။

“ခဏလောက် ကျင့်ကြံလိုက်ဦးမယ်” ပြောပြီးနောက် သူ့မျက်လုံးမှ စီးကျလာသော သွေးများကို သုတ်လိုက်သည်။

မန်ဝူရ ခေါင်းညိတ်လိုက်သည်။ ရွှေရောင်မျက်လုံးသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ ရန်ကိုင်သည် ထိုအရာကို စိတ်ရှိတိုင်း မထိန်းချုပ်နိုင်ပါက သူ့နားတွင် ရှိနေသူများကိုပင် ဒုက္ခပေးနိုင်သည်။

“အဲ့လိုဆို မင်းဒီမှာ လေ့ကျင့်နေနှင့်။ ငါတို့ အရင် ထွက်သွားနှင့်မယ်။ အပြင်ရောက်မှ ဟိုကိစ္စနဲ့ပက်သက်ပြီး ထပ်ဆွေးနွေးကြမယ်” ပြောပြီးနောက် မန်ဝူရသည် ကျန်းယွမ်ဘက်သို့ လှည့်လိုက်ပြီး “မင်းရော ဘယ်လိုထင်လဲ”

ကျန်းယွမ်က ခေါင်းသာခါလိုက်သည်။

ထို့နောက် ရန်ကိုင်သည် နတ်ဆိုးစာအုပ်ကို သုံး၍ အားလုံးအတွက် ထွက်ပေါက်ကို ဖွင့်ပေးလိုက်သည်။

အကုန်လုံး ထွက်သွားပြီးနောက် ရန်ကိုင်သည် ချက်ချင်းပဲ သုတ်သင်ခြင်းမျက်လုံးကို သေသေချာချာ စတင် လေ့လာတော့လေသည်။

----------------------------------

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ယခု တစ်လကြာသွားခဲ့လေပြီ။ နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်၊ နတ်ဆိုးဗိုလ်ချုပ် လေးယောက်၊ မန်ဝူရနှင့် နတ်ဆိုဗိုလ်ချုပ်ကြီး လေးယောက်တို့သည် အပြင်ဘက်တွင် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

ရန်ကိုင် တံခါးပိတ်ကျင့်ကြံနေသည့် ယခင်လအတွင်း သူတို့အားလုံးသည် လုပ်စရာမရှိ၊ ကိုင်စရာမရှိ ဖြစ်နေသည်။

သို့သော်လည်း ရန်ကိုင်၏ အရှိန်အဝါ ရုတ်တရက် ပြန်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်နှင့် သူအောင်မြင် သွားပြီးမှန်း သိလိုက်ကြသည်။ ထို့ကြောင့် အကုန်လုံးသည် ကျန်းယွမ်၏ ခြံဝန်းရှိရာဆီသို့ ပြေးထွက်သွားကြပြီး လျှို့ဝှက်ခန်း၏ ဝင်ပေါက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ကြသည်။

ခဏအကြာ၌ ခြေသံယဲ့ယဲ့လေးများကို ကြားလိုက်ရ၏။

မကြာမီ အားလုံးရှေ့ ရန်ကိုင် ပေါ်လာခဲ့သည်။ အကုန်လုံးသည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရန်ကိုင်၏ ဘယ်ဘက် မျက်လုံးဆီ အလိုလို လှမ်းကြည့်မိလိုက်သည်။ သို့သော် သူ့ဘယ်ဘက်မျက်လုံးသည် ယခင်အတိုင်း အဖြူ၊ အနက် ပြန်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

“အောင်မြင်သွားပြီလား” မန်ဝူရက အလျင်စလို မေးလိုက်သည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

တစ်လကြာ ကြိုးစားလေ့ကျင့်ပြီးနောက် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို သူ့စိတ်ရှိတိုင်း ထိန်းချုပ် နိုင်ခဲ့လေပြီ။ ထိုနတ်ဘုရားစွမ်းရည်သည် သူ့ခွန်အားကို အကြီးအကျယ် တိုးတက်သွားစေခဲ့သည်။

“တော်ဝင်သခင်ရန် ထွက်လာပြီဆိုမှတော့ ကျုပ်တို့ မြင်ခဲ့တာတွေနဲ့ ပက်သက်ပြီး ဆွေးနွေးကြတာပေါ့” ကျန်းယွမ်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးအကြောင်း ဆက်မပြောချင်တော့။ သူ့လေသံထဲ ခါးသက်သည့် အရိပ်အခြေတို့ ပါဝင်နေခဲ့သည်။

အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။

အကုန်လုံးသည် ယခင်လအတွင်း သူတို့ မြင်ခဲ့ရသည်များနှင့် ပက်သက်ပြီး သေသေချာချာ စဉ်းစားခဲ့သည်။

ခန်းမကြီးတစ်ခုထဲတွင်၊ နတ်ဆိုးမျိုးနွယ်စုဝင်တို့သည် စားပွဲခုံ၏ တစ်ဖက်တွင် ထိုင်နေပြီး ရန်ကိုင်တို့ အဖွဲ့သည် ဆန့်ကျင်ဘက်တွင် ထိုင်နေခဲ့သည်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကျန်းယွမ်က ချောင်းဟန့်၍ စကားဝိုင်းကို စတင်လိုက်သည် “ဒီစီနီယာ မြင်ခဲ့တာတွေကို မင်းတို့အားလုံး မြင်ခဲ့မယ်လို့ ငါထင်တယ်”

အကုန်လုံး ခေါင်းညိတ်လိုက်သည်။

“မဟာနတ်ဆိုးနတ်ဘုရား သေဆုံးသွားခဲ့တယ်။ ကြယ်တာရာကောင်းကင်ထဲက အန္တရာယ်ကြောင့်တော့ မဟုတ်ဘူး၊ ထုန်းရွှမ်လောကကြီးကို ကာကွယ်ချင်တာ ကြောင့်ပဲ” ကျန်းယွမ်က သက်ပြင်းတစ်ချက် ချလျက် “ဆရာ မဟာနတ်ဆိုးနတ်ဘုရားက တကယ် လေးစားခံထိုက်တဲ့လူပဲ”

မန်ဝူရက နှာခေါင်းရှုံ့လိုက်ပြီး “သေသွားတာ နှစ်နဲ့ချီနေတဲ့ လူတစ်ယောက်ကို ဒီလောက် ချီးကျူးနေစရာ မလိုဘူး”

ကျန်းယွမ်က မန်ဝူရအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လိုက်ပြီး “ဒါက ဆရာမဟာနတ်ဆိုးနတ်ဘုရားရဲ့ အောင်မြင်မှုအထိမ်းအမှတ်ပဲ။ ဘယ်သူမှ ငြင်းလို့မရဘူး။ ဆရာမဟာနတ်ဆိုးနတ်ဘုရားသာ တစ်ကိုယ်ကောင်းဆန်ပြီး မတိုက်ခိုက်ခဲ့ဘူးဆိုရင် ဒီလောကကြီးတစ်ခုလုံး ကျူးကျော်သူတွေရဲ့ လက်ထဲရောက်သွားပြီ”

“မင်းကြိုက်သလိုသာပြောတော့” မန်ဝူရက ထပ်၍ နှာခေါင်းရှုံ့လိုက်ပြန်သည်။ နတ်ဆိုးမျိုးနွယ်စုကို မကြိုက်သော်ငြား မဟာနတ်ဆိုးနတ်ဘုရား၏ အပြုအမူသည် ထုန်းရွှမ်လောကကြီး၏ ကံကြမ္မာအား ပြောင်းလဲစေခဲ့သည် ဆိုသော အချက်မှာမူ ငြင်း၍မရချေ။

ကံမကောင်းစွာဖြင့် အရိုးမျိုးနွယ်စုသည် အမှန်တကယ် သေဆုံးသွားခဲ့ခြင်းမရှိချေ။ မဟာနတ်ဆိုးနတ်ဘုရားသည် ထုန်းရွှမ်လောကကြီးသို့ ကျူးကျော်လာသူအားလုံး သေသွားပြီဟု ပြောခဲ့သော်လည်း မဟာနတ်ဆိုးနတ်ဘုရား လက်မှ လွတ်မြောက်သွားသည့်၊ ပုန်းကွယ်နေသည့် အရိုးမျိုးနွယ်စုဝင်အချို့ ကျန်ရှိနေပေသေးသည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်နောက် ထိုကောင်များ တစ်ဖန်ပြန်လည် ရှင်သန်လာခဲ့လေပြီ။

“ဆရာ မဟာနတ်ဆိုးနတ်ဘုရားကြောင့်ပဲ သူတော်စင် အထက်မှာ သူတော်စင်ဘုရင်အဆင့် ရှိတယ်ဆိုတာကို သိလိုက်ရတာ” ကျန်းယွမ်က ခံစားချက်အပြည့်ဖြင့် “မဟာနတ်ဆိုးနတ်ဘုရားလည်း သူတော်စင်ဘုရင်အဆင့်ကို ရောက်ခဲ့တယ်”

သူထိုအဆင့်ကို ရောက်ခဲ့သည့်အတွက်ကြောင့်သာ သူချန်ထားခဲ့သည့် အရံအတားများကို မန်ဝူရ၊ ကျန်းယွမ်ကဲ့သို့ ပညာရှင်များ မဖျက်စီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအဆင့်နှစ်ဆင့်ကြားမှ ကွာခြားချက်သည် အလွန်တရာကိုမှ ကြီးမားလွန်းလှသည်။

“ကျူးကျော်သူတော်ထဲမှ သူတော်စင်ဘုရင်အဆင့် ပညာရှင်တွေလည်း အများကြီးပါတယ်။ ဒါပေမယ့် အဲ့လူတွေ အကုန်လုံး မဟာနတ်ဆိုးနတ်ဘုရား သတ်ပစ်လိုက်လို့သေပြီ”

“ငါနားမလည်တာက ဆရာမဟာနတ်ဆိုးနတ်ဘုရားက လေဟာနယ်လိုဏ်ခေါင်းတွေ အကုန်လုံးကိုသုံးပြီး ဘာလို့ ထုန်းရွှမ်လောကကြီးကို ပိတ်လှောင်ခဲ့လဲ ဆိုတာပဲ” မန်ကဲက သိချင်စိတ်အပြည့်ဖြင့် ဝင်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ သူက ကြယ်တာရာကောင်းကင်က ကျူးကျော်သူတွေရဲ့ အန္တရာယ်ကို သိနေတာကိုး” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “မဟာနတ်ဆိုးနတ်ဘုရား သုံးသွားတဲ့ နည်းလမ်းက ပိတ်လှောင်တာတစ်ခုထက် မကဘူး။ ဒီထုန်းရွှမ်လောကကြီး တစ်ခုလုံးကို အခြားသူတွေ မမြင်နိုင်အောင် ဖုံးကွယ်ပေးတဲ့ အစီအရင်ကိုပါ သုံးသွားတာ။ ထုန်းရွှမ်လောကကြီးကို ကျူးကျော်လာတဲ့ သူတွေထဲမှာ သူတော်စင်ဘုရင်အဆင့်တွေ အများကြီးပါတယ်။ သူသေသွားတဲ့အချိန် အဲ့လို ပညာရှင်တစ်ယောက်သာ ဒီလောကကြီးဆီ ရောက်လာရင် အကုန်လုံး သေမယ်မှန်း သူသိထားပြီးသား။ ဒါကြောင့်ပဲ အဲ့လို အစီအရင်ကြီးကို ခင်းကျင်းခဲ့တာ။ အဲ့လိုဆိုရင် ကြယ်တာရာကောင်းကင်ထဲက ကျင့်ကြံသူတွေ ထုန်းရွှမ်လောကကြီးနားက ဖြတ်သွားရင်တောင် ထုန်းရွှမ်လောကကြီးကို မြင်နိုင်တော့မှာ မဟုတ်ဘူး။ မဟာနတ်ဆိုးနတ်ဘုရားက ဒီလောကကြီးကို ကာကွယ်ပေးမယ့် အလွှာတစ်ခုကို ဖန်တီးခဲ့တာပဲ”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၃) ပေါင်းစည်းခြင်း

ရန်ကိုင်၏ ရှင်းပြချက်သည် အားလုံး၏ စိတ်ထဲတွင် တွေးနေသည်နှင့် ကိုက်ညီပေသည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။

“ငါနားလည်သွားပြီ၊ ဟုတ်တယ်” ရန်ကိုင် ရုတ်တရက် အတွေးနက်သွားသည့်ဟန်ဖြင့် “မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွား ပြောခဲ့တဲ့ စကားတွေကို နားလည်သွားပြီ”

“မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွားလား” ထိုစကားကို ကြားလိုက်သည်နှင့် အသေးစိတ်ကို ကျန်းယွမ် ချက်ချင်းပဲ မေးတော့သည်။

ရန်ကိုင်သည် ဖုံးကွယ်ထားရန် မကြိုးစားဘဲ မန်ဝူရတို့အား မည်သို့မည်ပုံ ကယ်ခဲ့သည့်အကြောင်း ပြန်ပြောပြခဲ့သည်။

“နောက်ဆုံး မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကိုယ်ပွား ပြောခဲ့တာက ဒီလောကကြီးက ပိတ်လှောင်ခံထားရတာက ကြာနေပြီ။ အလင်းရောင်ထဲ ပြန်အခြေချဖို့ အချိန်ကျပြီတဲ့။ အစတုန်းကတော့ ဆန်းကြယ်လောကငယ်တွေကို ပြောနေတယ်ထင်တာ။ ဒါပေမယ့် အခုမှပဲ ထုန်းရွှမ် လောကကြီးကို ပြောနေမှန်း နားလည်သွားတော့တယ်။ ဒါကြောင့်ပဲ အချိန်ရရင် နတ်ဆိုးမြို့တော်ဆီ သွားလည်ဖို့ သူပြောခဲ့တာကိုး”

အစီအရင်ကြီး ပျက်စီးသွားမှုနှင့်အတူ ဆန်းကြယ်လောကငယ်အားလုံး ပြန်ပေါ်လာခဲ့သည်။ ထုန်းရွှမ်လောကကြီးသည်လည်း ကြယ်တာရာကောင်းကင်ထဲ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

ညကောင်းကင်သည် ပြောင်းလဲလာကြောင်းနှင့် ကြယ်များကို ပိုမိုရှင်းရှင်းမြင်တွေ့လာကြောင်း၊ ကြယ်အရေအတွက် ပိုများလာကြောင်း၊ ချူလင်းရှောင် ပြောခဲ့သည်ကို ရန်ကိုင် ပြန်အမှတ်ရလိုက်သည်။

ထိုကဲ့သို့ ဖြစ်လာခြင်းသည် မဟာနတ်ဆိုးနတ်ဘုရား ခင်းကျင်းထားခဲ့သည့် အစီအရင် ပျက်းစီးသွားသောကြောင့် ဖြစ်ပေသည်။ သူတို့အား ဖုံးကွယ်ပေးထားသည့် အလွှာ ပျောက်ကွယ်သွားပြီ ဖြစ်လေရာ ထုန်းရွှမ်လောကကြီးနှင့် ကြယ်တာရာကောင်းကင်ကြား မည်သည့် အလွှာမှ မရှိတော့ချေ။ ထို့ကြောင့် ကြယ်များသည် ယခင်ထက် ပိုမို တောက်ပလာပြီး အရေအတွက် များလာခြင်းဖြစ်သည်။

“ဒီတော့ ဆိုလိုတာက...” မန်ဝူရက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “လက်ရှိ အဖြစ်အပျက်တွေက ဒီလူအိုကြီးနဲ့ ရန်ကိုင်လေးတို့ရဲ့ လုပ်ရပ်ကြောင့်ပေါ့”

ရန်ကိုင်နှင့် မန်ဝူရတို့ နှစ်ယောက်စလုံး အကြည့်ချင်း ဖလှဘ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ အမူအရာမှာ ကိုးယိုးကားယား ဖြစ်နေခဲ့သည်။

“အစီအရင် ပျက်စီးသွားတာက မင်းတို့ကြောင့် ဟုတ်ပေမယ့် အရိုးမျိုးနွယ်စုတွေ နိုးထားလာတက မင်းတို့နဲ့ ဘာမှမဆိုင်လောက်ဘူး။ အချိန်က ကွက်တိဖြစ်နေတယ် ဆိုပေမယ့်...” နတ်ဆိုးအိုကြီး မျက်မှောင်ကြုံ့လိုက်သည်။

“အဲ့လိုလည်း မဟုတ်သေးဘူး။ မဟာနတ်ဆိုးနတ်ဘုရားက အစီအရင်ကို ခင်းကျင်းခဲ့တဲ့လူ။ ဒီတော့ သူ့အရှိန်အဝါက ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို လွှမ်းခြုံနေမှာပဲ။ ဒါကြောင့် အရိုးမျိုးနွယ်စုဝင်တွေ မပေါ်လာရဲတာ။ အစီအရင် ပျက်စီးသွားတော့ မဟာနတ်ဆိုးနတ်ဘုရားရဲ့ အရှိန်အဝါ ပျောက်ကွယ်သွားတာကို အရိုးမျိုးနွယ်စုတွေ ကျိန်းသေ သတိပြုမိမှာလဲ” ရန်ကိုင်က ခန့်မှန်းတွေးတော့လိုက်သည် “ဒါက ခန့်မှန်းချက်သက်သက် ဆိုပေမယ့် ဖြစ်နိုင်ချေ တော်တော်များတယ်”

နတ်ဆိုးမျိုးနွယ်စုဝင် ငါးယောက် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ခဏအကြာ၌ ကျန်းယွမ်က ပြောလိုက်သည် “အဲ့လိုသာဆိုရင် တော်ဝင်သခင်က ဒီလောက ပျက်ကိန်းကို ရင်ဆိုင်ရမယ့် တာဝန်ကို ယူရတော့မှာပေါ့”

“မင်းဘာပြောချင်နေတာလဲ” မန်ဝူရက ကျန်းယွမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်လေသည် “မင်းက ဒီကိစ္စကနေ ဘေးထွက်နေချင်တာလား။ အရိုးမျိုးနွယ်စုမှာ သူတော်စင်အဆင့် ပညာရှင်တွေ အများကြီး ရှိတယ်။ ပြီးတော့ အဲ့ကောင်တွေက သေသွားတဲ့ ပညာရှင်တွေရဲ့ အသွေးအသားကိုသုံးပြီး အဖွဲ့ဝင်အသစ်တွေကို ဖန်တီးနိုင်တယ်လို့ ရန်ကိုင် ပြောထားပြီးသား။ ဒီကောင်တွေကိုသာ အချိန်ထပ်ပေးမယ်ဆိုရင် ဘယ်လိုမှ တားလို့ရတော့မှာ မဟုတ်ဘူး။ ”

အရိုးမျိုးနွယ်စုသည် မြက်ခင်းပြင်ထဲ ကျသွားသည့် မီးပွားလေး တစ်ခုဖြစ်သည်။ အချိန်မှီမတားလျှင် လုံးဝ ရပ်တန့်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ကျန်းယွမ်က နှာခေါင်းရှုံ့လိုက်သည် “ဘယ်သူက ဘေးထွက်နေမယ်လို့ ပြောလို့လဲ။ မဟာနတ်ဆိုးနတ်ဘုရားက ဒီလောကကြီးကို အသက်ပေးပြီး ကာကွယ်ပေးသွားခဲ့တာ။ သူ့မျိုးဆက်တွေဖြစ်တဲ့ ငါတို့တွေက သူအရှက်ရအောင် ဘယ်လိုလုပ်ပြီး လုပ်မှာလဲ။ ငါတို့ နတ်ဆိုးမျိုးနွယ်စုကလည်း တော်ဝင်သခင်ရန်ကို ကူညီပေးမယ်”

ထိုကဲ့သို့ ပြောလိုက်သော်လည်း သူ့လေသံထဲ တုန့်ဆိုင်းနေသည့် အရိပ်အယောင်တို့ ပါနေသည်ကို ကြားသူတိုင်း ပြောနိုင်ပေသည်။

ရန်ကိုင်က ကျန်းယွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မတ်တပ်ရပ်၍ ပြောလိုက်သည် “လက်ရှိ အဖြစ်အပျက်တွေရယ်၊ ဒီလောကကြီးရဲ့ အမှန်တရားရယ်ကို ကျုပ်နားလည်သွားပြီ။ ခင်ဗျားတို့ ကူကူမမကတော့ ခင်ဗျားတို့ပေါ်ပဲ မူတည်တယ်။ ခင်ဗျားတို့ရဲ့ နောက်မျိုးဆက်တွေ ကျွန်ပြုခံရမှာကို စိတ်ထဲမထားဘူး ဆိုရင်တော့ ဘေးကနေပဲ ရပ်ကြည့်နေပေါ့”

ပြောပြီးသည်နှင့် ခန်းမထဲမှ လမ်းလျှောက်ထွက်သွား၏။

မန်ဝူရနှင့် အခြားသူများသည်လည်း သူ့နောက်မှ အလျင်အမြန် လိုက်သွားကြလေသည်။

ကျန်းယွမ် အမူအရာ ညိုးကျသွားခဲ့ပြီး ချက်ချင်းပဲ လှမ်းအော်ခေါ်လေသည် “တော်ဝင်သခင်ရန်၊ နေပါဦး”

“ဘာပြောချင်သေးလို့လဲ” ရန်ကိုင်က ပြန်လှည့်၍ မေးသည်။

“တော်ဝင်သခင်ရန် ပြန်သွားတာနဲ့ အရိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားလားဆိုတာကို သိလို့ရမလား”

ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် “တော်ဝင်နယ်မြေ တစ်ခုတည်းနဲ့ ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ခွန်အားကွာခြားချက်က အရမ်း များလွန်းတယ်။ မဟာမိတ်ဆွေ ရှာဖို့လိုလိမ့်မယ်။ ဘယ်လောက်ရှာနိုင်မလဲ ဆိုတာကတော့ ကံပေါ်ပဲ မူတည်တယ်”

ကျန်းယွမ် မျက်မှောင်ကြုံ့သွားခဲ့ပြီး တစ်ခဏလောက် စဉ်းစားပြီးနောက် “ဒီလောကကြီးမှာ အရိုးမျိုးနွယ်စုရဲ့ ခွန်အားကို ငါတို့ထက်ပိုသိတဲ့လူ ရှိမှာမဟုတ်ဘူး။ ဒါကြောင့်ပဲ ဒီစီနီယာ တုန့်ဆိုင်းနေခဲ့ရတာ။ အင်း၊ တော်ဝင်သခင်ရန် ပြန်သွားရင် မဟာမိတ် ရသလောက် ရှာထားလိုက်။ ဒီစီနီယာလည်း အကူရသလောက် ရှာမယ်။ ဒီစီနီယာရဲ့ အင်အားစုတွေကို စုစည်ပြီးသွားပြီဆိုရင် တော်ဝင်သခင်ရန်နဲ့ အတူ ပူးပေါင်းဖို့ တော်ဝင်နယ်မြေဆီ ခေါ်လာခဲ့မယ်”

ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “အကူအညီ လိုချင်လို့လား”

ကျန်းယွမ်က အားတင်းပြုံးလိုက်ပြီး “ဒီစီနီယာက ကောင်းကင်ဘုံမှာရှိနေတဲ့ ဆရာမဟာနတ်ဆိုးနတ်ဘုရားရဲ့ ဝိဥာဉ်ကို စိတ်မပျက်စေချင်ဘူး။ ငါက ဒီခေတ် နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဗိုလ်ချုပ်ကြီးပဲ။ ဒါတောင်မှ ဆရာ မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ အကျန်တွေကို မရှင်းနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးလေ”

ရန်ကိုင် ကျန်းယွမ်အား သေချာစိုက်ကြည့်လိုက်ပြီးနောက် သူ့နောက်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်လေးယောက်ကို ဝေ့ကြည့်လိုက်သည်။ အကုန်လုံးသည် ယတိပြတ် ဆုံးဖြတ်ချက် ချထားပြီးသည်ကို တွေ့မြင်ရလေသည်။

ထို့ကြောင့် အသာအယာ ခေါင်းညိတ်လျက် ရန်ကိုင်က ပြန်ပြောလိုက်သည် “ဘာတွေပဲဖြစ်ဖြစ်၊ ဒီအဖြစ်အပျက်ကြီး ပြီးသွားတာနဲ့ ကျုပ်တို့ကြားက ရန်ငြိုးတွေ ကျေသွားပြီပဲ”

“အဲ့အချိန်ရောက်လာရင် ဒီစီနီယာလည်း တော်ဝင်သခင်ရန်နဲ့ ဆွေးနွေးရဦးမယ်။ အထူးသဖြင့် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အကြောင်းပေါ့” ကျန်းယွမ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် ကျုပ်သွားတော့မယ်။ လိုက်ပို့ပေးစရာ မလိုဘူး”

ရန်ကိုင် ထွက်သွားပြီးနောက် ကျန်းယွမ်၏ အမူအရာ လေးနက်တည်ကြည်သွားပြီး နတ်ဆိုးဗိုလ်ချုပ်လေးယောက် ဘက်သို့လှည့်၍ “ဒီကိစ္စ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို မင်းတို့ သိပြီးသား။ ဒီစီနီယာ ကိုယ်တိုင် ပြောနေစရာ မလိုတော့ဘူး။ သွား၊ မင်းတို့ ပိုက်နက်တွေဆီ ပြန်ပြီး အားအကောင်းဆုံး စစ်သည်တော်တွေကို ခေါ်လာခဲ့။ ဒီမှာ လဝက်ကြာရင် ပြန်တွေ့မယ်”

“ဟုတ်ကဲ့ပါ” နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံး ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ရန်ကိုင်တို့သည် ကြယ်လွန်းပျံပေါ်တွင် ထိုင်ရင်း လျင်မြန်စွာ ပျံသန်းနေခဲ့ကြသည်။

မန်ဝူရက အံ့အားသင့်နေသည့် လေသံဖြင့် “ကျန်းယွမ်က အခုလိုမျိုး ပူးပေါင်းပါဝင်မယ်လို့ မထင်ထားဘူး။ အစကတုန်းက အဲ့ကောင် အင်တင်တင် လုပ်နေဦးမယ် ထင်ထားတာ”

“သူကိုယ်တိုင်က ပူပေါင်းချင်တာ မဟုတ်ဘူး။ အခြေအနေက ဘယ်လောက် အရေးကြီးနေမှန်း သိလို့သာ ပူးပေါင်းတာ။ ကျုပ်တို့ အရိုးမျိုးနွယ်စုနဲ့ တိုက်မယ်မှန်း သူသိတယ်လေ။ ကျုပ်တို့သာ ရှုံးသွားရင် နောက်ပစ်မှတ်က သူတို့ ဖြစ်လာမှာ။ ကျုပ်တို့ နိုင်ရင်လည်း နောက်ပိုင်းကျ အကြွေးတွေ ရှင်းကြရမှာလေ။ ကျုပ်တို့ နိုင်နိုင်ရှုံးရှုံး၊ သူသာဘာမှမလုပ်ဘူးဆိုရင် ရှုံးမှာ အသေအချာပဲ” ရန်ကိုင်က ကျန်းယွမ်၏ အတွေးများကို ရှင်းပြလိုက်သည်။

ကျန်းယွမ်သည် အစပိုင်းတွင် မရေရာမသေချာ လုပ်ပြခဲ့သည်။ တကယ်ဆိုရင် သူဝင်မပါချင်ချေ။ ဝင်ပါလိုက်သည်နှင့် နတ်ဆိုးမျိုးနွယ်စုတစ်ခုလုံး ဆိုးဆိုးရွားရွား အထိနာမည်မှန်း သူသိထားသည်။

သို့သော်လည်း ရန်ကိုင်က ပြတ်ပြတ်သားသား ထထွက်တော့မည်ကို မြင်သည့်အခါ သူ့အနေဖြင့် မပူးပေါင်းဘဲ နေ၍ မရတော့ချေ။

ကျန်းယွမ်သည် လက်ရှိ အခြေအနေကို အသုံးချ၍ ရန်ကိုင်ဆီမှ အကျိုးအမြတ်အချို့ လိုချင်နေသည့်ပုံပင်။ သူတို့နှစ်ယောက်သည် မိတ်ဆွေ မဟုတ်ကြသည့် သူများ မဟုတ်ပေလော။ ရန်ကိုင်တွင် သူလိုချင်နေသည့် ပစ္စည်းများစွာ ရှိပေသည်။

နတ်ဆိုးစာအုပ်၊ နတ်ဘုရားစွမ်းရည်များ၊ နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေး၊ ထိုပစ္စည်း တစ်ခုချင်းစီတိုင်းသည် ကျန်းယွမ်အား သားရေကျအောင် လုပ်နိုင်ပေသည်။

“ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ်ကပ်ဘေးက ဒီလူအိုကြီးရဲ့ အပြစ်မကင်းဘူး” မန်ဝူရက သက်ပြင်းအရှည်ကြီး ချလိုက်၏။

သူသာ ရှနင်းချန်နှင့်အတူ ထိုဆန်းကြယ်လောကငယ်ထဲ မဝင်သွားခဲ့လျှင် ရန်ကိုင်အနေဖြင့် သူ့ကို ကယ်ရန်အတွက် ထိုကျောက်တိုင်ရှစ်တိုင်ကို ဖျက်စီးခဲ့ရလိမ့်မည် မဟုတ်ချေ။ ထိုကျောက်တိုင်ရှစ်တိုင်သည် အစီအရင်ကြီး လည်ပတ်ရန် အတွက် အုတ်မြစ်ဖြစ်လေရာ ကျောက်တိုင်ရှစ်တိုင် ပျက်စီးသွားသည့်အတွက် အစီအရင်လည်း ရပ်တန့်သွားရသည်။ အစီအရင် ပျက်စီးသွားသည့်အတွက် ယခုလို အဖြစ်အပျက်များ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအတွက်ကြောင့် မန်ဝူရ သူ့ကိုယ်သူ အပြစ်တင်မိသည်။

“တစ်ဦးတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ဒီတစ်ကြိမ် ကျောက်တိုင် ရှစ်တိုင်ကို ကျုပ်မဖျက်စီးလိုက်ဘူး ဆိုရင်တောင် အစီအရင်က တစ်နေ့နေ့တော့ ရပ်တန့်သွားဦးမှာပဲ။ ကွာသွားတာဆိုလို့ အချိန်ပိုစောသွားတာပဲ ရှိတယ်”

“မင်းသာ တာဝန်ခံစိတ်မရှိရင် ဒီကိစ္စကို ကိုင်တွယ်ဖို့ ဘာလို့ ဒီလောက် စိတ်အားထက်သန်နေမှာလဲ” မန်ဝူရက ရယ်မောလိုက်သည်။

“ကျုပ် အရမ်းကို စိတ်အားထက်သန်နေတာလား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။

လီရုန်နှင့် ဟန်ဖေးတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်သည်။

နတ်ဆိုးအိုကြီးကလည်း ရယ်မောလျက် “သခင်လေးက တကယ်ကို စိတ်အားထက်သန်နေတာ”

ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီး “ဆန်းကြယ် လောကငယ်ထဲကနေ ကျုပ်ခေါ်လာတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားမှာကို မမြင်ချင်လို့ ဖြစ်နိုင်တာပဲ။ အခြားကိစ္စသာ ဆိုရင် ကောင်းကင်ကြီး ပြိုကျလာရင်တောင် အခြားလူတွေက ဝင်ထမ်းထားပေးမှာ။ ဒါပေမယ့် ကျုပ်ခေါ်လာတဲ့ လူတွေကို ကျုပ်မှဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်ပေးမှာလဲ”

ရန်ကိုင် စကားကို ကြားသည့်အခါ မန်ဝူရ တုန်ရီသွားသည်။ ဟန်မင်းဆက်မှ လူများကို ရန်ကိုင် ပြောနေမှန်း မန်ဝူရ နားလည်ပေသည်။ ခေါင်းအသာလေး ညိတ်လျက် “မင်းအတော်လေး ရင့်ကျက်လာပြီ”

လီရုန်နှင့် ဟန်ဖေးတို့သည်လည်း နွေးထွေး၊ တောက်ပသော မျက်ဝန်းများဖြင့် ရန်ကိုင်ကို ကြည့်လိုက်သည်။ ရန်ကိုင်နောက်သို့ လိုက်ခဲ့သည်မှာ မှန်သွားလေပြီ။

ညကောင်းကင်ယံအောက် ကြယ်လွန်းပျံသည် ဥက္ကာပျံတစ်စင်းပမာ ပျံသန်းနေခဲ့သည်။

ရန်ကိုင် ကြယ်များကို မော့ကြည့်လိုက်သည်။ သို့သော် သူမြင်တွေ့ချင်နေသည့် လှပသော ပုံရိပ်လေးကို မတွေ့နိုင်ခဲ့။ သူမ ဤနေရာတွင် မရှိတော့ချေပြီ။

စုယန် မည်သည့် နေရာသို့ ရောက်နေလဲ သူမသိချေ။ ကြယ်တာရာ ကောင်းကင်ထဲရှိ တစ်နေရာရာတွင် ရှိနေလောက်၏။

ရက်အနည်းငယ်ကြာပြီးနောက် ဘုံကိုးခုထွတ်မြတ် နယ်မြေသို့ ရန်ကိုင်တို့အဖွဲ့ ပြန်ရောက်လာခဲ့သည်။

တော်ဝင်နယ်မြေ၏ လေထုသည် အနည်းငယ် မွန်းကြပ်သလို ဖြစ်နေခဲ့သည်။ သူထွက်သွားစဉ်ကကဲ့သို့ မဟုတ်တော့ချေ။ ရန်ကိုင် ပြန်ရောက်လာသည်ကို မြင်သည်နှင့် ရှုဟွေက အလျင်အမြန် တင်ပြလိုက်သည် “တော်ဝင်သခင်၊ သတင်းဆိုး။ ရေဝိဥာဉ်ကျောင်းတော်ရဲ့ မိုင်တစ်သောင်း ပတ်လည်လုံး ကျတ်တီးမြေ ဖြစ်သွားပြီး ဘာသက်ရှိမှ မရှိတော့ဘူးတဲ့။ ဒီသတင် ပြန့်သွားတော့ လောကကြီး တစ်ခုလုံး တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ပြီးတော့ အရိုးမျိုးနွယ်စုဝင်တွေကလည်း သူတို့ ပိုင်နက်ကို ဆက်ချဲ့နေတယ်”

“ချဲ့ပါစေ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “သူတို့ ငြိမ်ငြိမ်မနေလေ၊ အခြားသူတွေကို စည်းရုံးဖို့ ပိုလွယ်လေပဲ”

တစ်ချက်လောက်ရပ်၍ ရန်က်ိုင်က ပြန်မေးလိုက်သည် “သတင်းတွေ လိုက်ဖြန့်တုန်းက လူသားမျိုးနွယ်စုကဘက်က အခြေအနေ ဘယ်လိုရှိလဲ”

ရှုဟွေ မကျေမချမ်း ဖြစ်သွားပြီး “တော်တော်များများက မယုံကြဘူး။ မယုံချင်ယုံချင်နဲ့ ယုံတဲ့လူတွေတောင် ဝင်ပါဖို့ စိတ်မကူးကြဘူး”

“အကုန်လုံးက ကိုယ့်ကိစ္စပဲ ကိုယ်ဂရုစိုက်ကြတယ်” ရန်ကိုင်က လှောင်ရယ်ရယ်လိုက်ပြီး “သူတို့ဘာသာ နေနှင့်ပါစေ၊ အချိန်တန်ရင် ကျုပ်တို့ကို ယုံလာရလိမ့်မယ်”

“မယုံဖို့က ဖြစ်မှမဖြစ်နိုင်တာ” ရှုဟွေက ခါးခါးသီးသီး ပြုံးလျက် “ရေဝိဥာဉ်ဘုရားကျောင်းကနေ ထွက်ပြေးလာတဲ့ မရေမတွက်နိုင်တဲ့ လူတွေက ဒီအကြောင်းကို လိုက်ဖြန့်နေကြတယ်လေ။ တော်ဝင်နယ်မြေက လူသားပိုင်နက် အစွန်အဖျားပိုင်းမှ ရှိတာဆိုတော့ အခုလောလောဆယ် အဲ့ကိစ္စကို စိုးရိမ်နေစရာ မလိုသေးဘူး”

“ကောင်းတယ်။ ဆက်ပြီးတော့ သတင်းဖြန့်ထား။ အရိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်ချင်ရင် ဘုံကိုးခုထွတ်မြတ် နယ်မြေဆီ လာခဲ့လို့။ ဒီတစ်ကြိမ် လူသားမျိုးနွယ်စုတင် မဟုတ်ဘူး။ မွန်းစတားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုလည်း ပါမယ်လို့ သတင်းဖြန့်လိုက်။။ ဒီတစ်ကြိမ် ဒီလောကကြီး တစ်ခုလုံးမှာရှိတဲ့ အင်အားစုတွေ ပေါင်းစည်းဖို့လိုတယ်”

“နတ်ဆိုးမျိုးနွယ်စုနဲ့ မွန်းစတားမျိုးနွယ်စုလည်း ပါမျာလား” ရှုဟွေ အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။ လက်ရှိ အရေးကိစ္စသည် သူထင်ထားသည်ထက် ပို၍ အရေးကြီးနေမှန်းလည်း ရုတ်တရက် နားလည်သွားသည်။

တော်ဝင်နယ်မြေတွင် ခဏနားပြီးနောက် သားရဲပင်လယ် တောအုပ်ဆီ ရန်ကိုင် ထပ်ထွက်သွားလေသည်။

မိုးကြိုးသစ်ပင်နန်းတော်ထိပ်တွင် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးသုံးယောက် စုဝေးနေခဲ့ကြသည်။ သုံးယောက်သည် တစ်ခုခုနှင့် ပက်သက်၍ ဆွေးနွေးနေကြဆဲ။ ထို့ကြောင့် ရန်ကိုင် ရောက်လာသည့်အခါ သုံးယောက်စလုံး အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

မိုးကြိုးနဂါးက အံ့ဩနေသည့် အမူအရာဖြင့် “မင်းနတ်ဆိုးကုန်းမြေဆီ သွားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြန်လာတာလဲ”

“ဟိုကိုသွားပြီးလို့ ကျွန်းယွမ်နဲ့တောင် စကားပြောပြီးသွားပြီ”

“သူဘယ်လိုလုပ်မယ်ပြောလဲ”

“သူ့အင်အားစုတွေကို ပို့ပေးမယ်တဲ့။ အခု စီနီယာကြီးတို့ ဘယ်လိုလုပ်မလဲဆိုတာကို လာမေးတာ”

“ကျန်းယွမ်လည်း လူလွှတ်မှာလား” သုံးယောက်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးက အံ့အားသင့်တကြီး အော်ပြောလိုက်သည်။

“ငါနင့်ကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ရန်ကိုင်၊ နင်သူနဲ့ မတွေ့ဖူးဘူးမလား ယုအာ”

ထိုစွဲမက်ဖွယ်ကောင်းလှသော မိန်းမလှလေသည် တင့်တယ်သော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။ သွယ်လျသေးသွယ်သောခါး၊ မို့မောက်မောက် နို့နှစ်ရောင် ရင်အစုံနှင့် လှပသော မျက်ဝန်းလေးများမှာ တကယ်ကို တစ်သက်မမေ့စရာ အလှတရားလေးများပင်။

သူမသည် မွန်းစတားမျိုးနွယ်စု၏ စီနီယာကြီး သုံးယောက်ဖြစ်ပြီး သားရဲအသွင်မှာ ရေခဲကျောက်စိမ်းစပါးအုံ ဖြစ်သည်။ ခွန်အားပိုင်းအရ၊ သူမသည် မိုးကြိုးနဂါးနှင့် မြေကမ္ဘာနွားသိုးအောက် မနိမ့်ကျချေ။

လူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ ခဏအကြာ၌ ယုအာက သူမ၏ နှုတ်ခမ်းလေးများကိုကွေးလျက် လှပသိမ်မွေ့စွာ ပြုံးလိုက်ပြီး “တော်ဝင်သခင်ရန်က ထူးချွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်လို့ ကျွန်မ ကြားဖူးနေတာကြာပြီ။ ဒီနေ့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့မှပဲ ဂုဏ်သတင်းက တကယ်ထိုက်တန်မှန်း သိလိုက်ရတယ်။ အင်း၊ ဖျက်ဖျက်လတ်လတ်လည်းရှိ၊ ရုပ်ကလည်းချော။ တော်ဝင်သခင်ရန်၊ ကျွန်မတို့ဆီမှာ ရက်နည်းနည်းလောက် လာမနားချင်ဘူးလား”

ပြောပြီးသည်နှင့် သူမ၏ စွဲမက်ဖွယ်ရာ မျက်ဝန်းလေးများဖြင့် ရန်ကိုင်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။

“အခွင့်အရေးရတဲ့တစ်နေ့၊ ကျိန်းသေ လာလည်ပ့ါမယ်” ရန်ကိုင်က ပြံဖြီးလိုက်သည်။

“အဲ့လိုဆို ဒီအတိုင်း မှတ်ထားလိုက်မယ်နော်။ တော်ဝင်သခင်ရန် ရောက်လာမှာကို ကျွန်မ တကယ် စောင့်နေမှာနော်” ယုအာက ညတုတု အပြုံးဖြင့် ရန်ကိုင်ကို ပြောလိုက်သည်။

မိုးကြိုးနဂါးမျက်နှာ မည်းမှောင်သွားပြီး ချက်ချင်းပဲ ဝင်အော်ပြောလိုက်လေသည် “ငါ့ရှေ့မှာ ပွင့်ပွင့်လင်းလင်းကြီး လာကလူကျီစယ် လုပ်နေတာ မသင့်တော်ရာရောက်တယ်လို့ နည်းနည်းလေးမှ မတွေးဘူးလား”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၅) အကြီးတစ်ယောက်၊ အငယ်တစ်ယောက်

မိုးကြိုးနဂါးစီနီယာကြီး၏ လေသံက ခါးသက်သက် ဖြစ်နေခဲ့သည်။ ရန်ကိုင် သူ့အား လှမ်းကြည့်လိုက်ရာ မိုးကြိုးနဂါးစီနီယာကြီးသည် ထိုစုန်းမအား ခပ်လန့်လန့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ချောင့်ဟန့်၍ ပြောလိုက်သည် “လိုရင်းသွားကြရအောင်”

စီနီယာကြီး သုံးယောက်စလုံး၏ အမူအရာ လေးနက်သွားကြသည်။

“စကားနဲ့ပြောလို့ မလုံလောက်ဘူး။ စီနီယာကြီး သုံးယောက်ကိုယ်တိုင် ကြည့်ရင်း အကောင်းဆုံးပဲ” ရန်ကိုင်က ခပ်မြန်မြန်ပဲ စပြောလိုက်သည်။

“ငါတို့ဘာသာ ကြည့်ရမှာလား” မိုးကြိုးနဂါး မျက်ခုံးပင့်လိုက်သည်။ ရန်ကိုင် မည်သည်အား ပြောချင်နေသလဲ ဆိုသည်ကို သူနားမလည်နိုင်ပါချေ။

“စီနီယာကြီးတို့ ကျုပ်ကို ယုံတယ်ဆိုရင် ခင်ဗျားတို့ရဲ့ အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့ထားပေးလို့ ရမလား” ရန်ကိုင်က သူ့လက်ချောင်းထိပ်တွင် တလက်လက် တောက်ပနေသော အလင်းလုံးလေးတစ်လုံးကို စုဝေးလျက် ပြောလိုက်သည်။ ထိုအလင်းလုံးလေးသည် ရန်ကိုင်၏ စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့် သူ့မှတ်ဥာဏ် တစ်စိတ်တစ်ပိုင်း၏ မူပွားဖြစ်ပေသည်။

မွန်းစတားမျိုးနွယ်စု စီနီယာကြီး သုံးယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်သည် စီနီယာကြီး၏ သုံးယောက်စလုံးဆီ လက်ညိုးညွှန်လျက် သူ့မှတ်ဥာဏ်အစိတ်အပိုင်းအချို့ ပါဝင်နေသော အလင်းလုံးလေးကို သူတို့၏ အသိစိတ် ပင်လယ်ထဲ ပို့ပေးလိုက်လေသည်။

စီနီယာကြီး သုံးယောက်၏ခန္ဓာကိုယ် မဆိုသလောက် ကလေး တုန်ခါသွားပြီး မျက်လုံးပိတ်လျက် ရန်ကိုင် ပို့ပေးလာသော မှတ်ဥာဏ်များကို စတင် လေ့လာတော့သည်။

ရန်ကိုင် ပို့ပေးလိုက်သည်မှာ နတ်ဆိုးမြို့တော်တွင် မြင်တွေ့ခဲ့ရသည်များသာမဟုတ်၊ ရေဝိဥာဉ်ဘုရားကျောင်းတွင် ကြုံတွေ့ခဲ့ရသည်များလည်း ဖြစ်ပေသည်။

အချိန်အတော်ကြာပြီးနောက် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးသုံးယောက် မျက်လုံးပြန်ပွင့်လာခဲ့သည်။ သုံးယောက်စလုံး၏ အမူအရာမှာ အလွန်တရာကိုမှ လေးနက်နေခဲ့ကြလေသည်။

အရိုးမျိုးနွယ်စုကို ရင်ဆိုင်ရန် မည်မျှခက်ခဲမှန်း သူတို့ နားလည်သွားခဲ့လေပြီ။

“ဒီကိစ္စက မဟာနတ်ဆိုးနတ်ဘုရားနဲ့လည်း ဆက်စပ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” မိုးကြိုးနဂါးက သူ့ဘာသာ ရေရွတ်လိုက်သည်။

“ပြီးတော့ ငါတို့ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးတွေလည်း နယ်ခြား ကျူးကျော်သူတွေကို တိုက်ခိုက်ခဲ့သေးတယ်” ယုအာ၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး “ဘာလို့ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ။ အမှန်တကယ်ဆို ဒီကိစ္စတွေက မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့သင့်တဲ့ ဂုဏ်ယူစရာ အဖြစ်အပျက်တွေလေ”

“သူတော်စင်အဆင့်အထက်မှာ သူတော်စင်ဘုရင်အဆင့် ရှိနေတာလား။ ရှေးခတ်ကတည်းက မဟာနတ်ဆိုးနတ်ဘုရား တစ်ယောက်ပဲ အဲ့အဆင့်ကို ရောက်ခဲ့တယ်” မြေကမ္ဘာနွားသိုးက ရေရွတ်လိုက်သည် “တကယ်ကို မယုံကြည်နိုင်စရာပဲ”

“မင်းငါတို့ကို ဘာလုပ်စေချင်လဲ” မိုးကြိုးနဂါးက ရန်ကိုင်ကို ကြည့်လိုက်သည်။

“ကျုပ်ကိုကူညီပေးမယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းသာ ပြောချလိုက်သည် “ကျုပ်သိသလောက်ဆို အရိုးမျိုးနွယ်စုမှာ သူတော်စင်ဘုရင်အဆင့် တစ်ယောက်မှ မရှိဘူး။ အားအကောင်းဆုံး သူတော်စင် တတိယအဆင့်တွေပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ သူတော်စင်အဆင့်က အရမ်းများလွန်းတယ်။ အဆိုးဆုံး ပြဿနာက သူတို့ ကလန်သားတွေကို ဖန်တီးနိုင်တဲ့နည်းလမ်းပဲ”

“သူတို့တွေက အရမ်းကို အားကောင်းလွန်းတယ်၊ ထူးဆန်းလွန်းတယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် လူသားမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စု တွေသာ ပူးပေါင်းပြီး တွန်းလှန်မယ်ဆိုရင်တော့ သူတို့ကို အနိုင်မယူနိုင်စရာ အကြောင်းမရှိဘူး”

မိုးကြိုးနဂါးက ခေါင်းညိတ်လိုက်ပြီး “လုပ်မယ်ဆိုရင် မြန်မြန်လုပ်တာကောင်းတယ်။ စောင့်နေလေ၊ ငါတို့အတွက် ပိုပြီး အရေးမသာလေပဲ”

“ဟုတ်တယ်”

“နွားအိုကြီးနဲ့ယုအာ၊ မင်းတို့ကော ဘယ်လိုထင်လဲ” မိုးကြိုးနဂါက အခြားနှစ်ယောက်ကို လှည့်မေးလိုက်သည် “ဒီကိစ္စက ငါတို့ မွန်းစတားမျိုးနွယ်စု တစ်ခုလုံးနဲ့ သက်ဆိုင်နေတာဆိုတော့ ငါတစ်ယောက်တည်း ဆုံးဖြတ်ချက် ချလို့မဖြစ်ဘူး”

“နင်လုပ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ယုအာက ဆုံးဖြတ်ပိုင်ခွင့်ကို မိုးကြိုးနဂါးဆီ ပေးလိုက်သည်။ မြေကမ္ဘာနွားသိုးသည်လည်း အရေးမစိုက်သည့်အလား ပခုံးသာတွန့်ပြခဲ့သည်။

မိုကြိုးနဂါးက ပြုံးဖြီးလိုက်ပြီး “ကျန်းယွမ်တောင် ပါမှတော့ ငါတို့ကကော ဘယ်လိုလုပ်ပြီး ဘေးထွက် ထိုင်နေလို့ ဖြစ်ပါ့မလဲ။ ဒီအကြောင်းသာ ပြန့်သွားရင် ငါတို့ မွန်းစတားမျိုးနွယ်စုက သွေးကြောင်တယ်ဆိုပြီး ဝိုင်းရယ်ကြမှာ။ ငါတို့ကိုပါ ထည့်တွက်လိုက်”

ရန်ကိုင် စိတ်အားတက်သွားပြီး ခေါင်းတဆတ်ဆတ် ညိတ်လျက် “ကောင်းပြီလေ။ မိုးကြိုးနဂါးစီနီယာကြီးက ဖြောင့်မတ်မှန်ကန်တဲ့ လူမှန်း ကျုပ်သိပြီးသား”

မိုးကြိုးနဂါးက ခေါင်းခါ၍ ပြန်ပြောသည် “ဒီကိစ္စက မင်းကို ကူညီတာ မဟုတ်ဘူး။ ငါတို့ မျိုးနွယ်စုအတွက် ရှင်သန်နိုင်ဖို့ လမ်းကြောင်းရှာတာပဲ။ ထုန်းရွှမ်လောကကြီးက အဲ့အရိုးခြောက်သူတောင်းစားတွေရဲ့ ပိုင်နက်မဟုတ်ဘူး။ ငါတို့ပိုင်နက်ပဲ”

စီနီယာကြီးသုံးယောက် ပါဝင်ရန် သဘောတူပြီးနောက် သူတို့၏ အင်အားစုများကို ချက်ချင် စုစည်းစေတော့သည်။

သားရဲပင်လယ်တောအုပ်သည် ဘုံကိုးခုထွတ်မြတ် နယ်မြေနှင့် မဝေးသည့်အတွက် သူတို့ အင်အားစုများကို စုစည်းပြီးသည်နှင့် ခဏအတွင်း ရန်ကိုင်ဆီ လာနိုင်ပေသည်။ အနည်းဆုံး မွန်းစတားမျိုးနွယ်စုထက် ပို၍ မြန်မြန် ရောက်လာနိုင်ပေသည်။

မွန်းစတားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုသည် သူတို့ တတ်စွမ်းသမျှ ဝင်ရောက်ကူညီမည်ဟု သဘောတူခဲ့လေပြီ။ သို့သော် မလှုပ်မယှတ် ဖြစ်နေကြသော လူသားမျိုးနွယ်စုဝင် ပညာရှင်များကိုကြည့်ရင်း ရန်ကိုင် စိတ်ပျက်နေခဲ့ရသည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၊ သို့မဟုတ် ရန်ကိုင်နှင့် ရင်းနှီးသည့် အင်အားစုများမှလွဲ၍ လူသားမျိုးနွယ်စုမှ အင်အားစုအများစုသည် မီးစဉ်ကြည့်ကကြရန် စဉ်းစားနေကြသည်။

အကုန်လုံးသည် အရိုးမျိုးနွယ်စုအား သိပ်၍ အန္တရာယ်မရှိဟု ထင်နေကြသည်။

ထိုအင်အားစုများ၏ ရေရာပြတ်သားခြင်းမရှိသည့် သဘောထားကြောင့် အကြီးအကဲချုပ်ရှုဟွေ အလွန်ကိုမှ ဒေါသထွက်၊ စိတ်ချဉ်ပေါက်ခဲ့ရလေရာ ရက်ရက်စက်စက်ကို ကျိန်ဆဲပစ်ခဲ့လိုက်သည်။ သို့သော်လည်း သူမည်မျှပင် ကျိန်ဆဲနေပါစေ၊ ထိုအခြေအနေကို မပြောင်းလဲနိုင်ခဲ့ချေ။

တစ်နေ့၊ ဘုံကိုးခုထွတ်မြတ်နယ်မြေ အပြင်ဘက်သို့ လူနှစ်ယောက် ရောက်လာခဲ့သည်။ တစ်ယောက်သည် အသက်ကြီးပြီး တစ်ယောက်သည် ငယ်သည်။ လူကြီးမှာ တစ်ခေါင်းလုံးဖြူဖွေးနေပြီး ဝိဇ္ဇာတစ်ပါးနှင့် တူလှသည်။ လူငယ်လေးမှာမူ မိန်းမသားများပင် မနာလိုလောက်သည့် အလွန်တရာမှ လှပသော ရုပ်ရည်ကို ပိုင်ဆိုင်းထားသည်။

“ဆရာ၊ ကျွန်တော်တို့ ရောက်ပြီ” ရုပ်ချောချော လူငယ်လေးက တောင်ထွတ်ကိုးလုးကို ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ “ဒီကောင်က တကယ်ကို ကောင်းစားနေတာပဲ”

လူအိုကြီးက သူ့မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်လျက် ပြုံးကာ ပြန်ပြောလိုက်သည် “အခြားသူတွေကို မနာလိုစရာ မလိုဘူး။ ဒီလောကကြီးကို လျှောက်ပတ်နေတုန်းက ငါတို့လည်း အများကြီး ရခဲ့တာပဲလေ”

“အင်း။ ဆရာပြောတာ အမှန်ပဲ” လူငယ်လေးက လေးလေးစားစား ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် ရုတ်တရက်ကြီး ဆရာဘာလို့ ဒီကို လာချင်တာလဲ”

လူအိုကြီးက ရယ်မောလိုက်ပြီး “ဒီမှာ ဆေးဝိဇ္ဇာကြီး တစ်ပါးရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်လေ။ သူ့ကို မြင်ချင်လို့ ရောက်လာတာပေါ့”

“ဆရာနဲ့ယှဉ်နိုင်တဲ့ ဆေးပညာရှင် ဘယ်လိုလုပ်ပြီး ရှိမှာလဲ” လူငယ်လေးက ရယ်မောလိုက်သည်။ သူ့ဆရာ စကားကို အလေးအနက်မထားချေ။ သို့သော်လည်း ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားဟန်ရကာ လူငယ်လေး၏ အမူအရာ လေးနက်သွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဆရာက လူသားမျိုးနွယ်စုကို အရှက်မရအောင် လုပ်ပေးချင်နေတာလား”

“သိနေရင် ဘာလို့ မေးနေသေးတာလဲ” လူအိုကြီးက သက်ပြင်းအသာအယာ ချလျက် “ဒီလောကကြီးရဲ့ လက်ရှိ အခြေအနေက တကယ်ကို ရင်ပူစရာဖြစ်နေပြီ။ ဒါပေမယ့် သူက ငယ်ငယ်လေးပဲ ရှိသေးတယ်။ လူဘယ်လောက်များများ ကို သူဆွဲခေါ်နိုင်မှာမို့လို့လဲ။ မွန်းစတားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စု နှစ်ခုစလုံးက စတင် လှုပ်ရှားနေကြပြီ။ ဒါပေမယ့် ငါတို့ လူသားမျိုးနွယ်စုကတော့ မသိချင်ယောင် ဆောင်နေကြတယ်။ ဒါကြောင့် ဒီလူအိုကြီးလည်း ဒီအတိုင်း ကိုယ်ယောင်ဖျောက်နေလို့ မဖြစ်တော့လို့ ပေါ်လာရတာ”

“ဆရာဒီကို ဘာလို့ ရောက်လာလဲ ကျွန်တော် သိသားပဲ” လူငယ်လေးက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဟုတ်ပြီ။ ဟိုမှာ အစောင့်တပည့်တွေရှိတယ်။ ငါတို့ ရောက်လာတာကို သွားသတင်းပေးလိုက်” လူအိုကြီးက ပြောလိုက်ရာ လူငယ်လေးသည် တော်ဝင်တပည့်များဆီ သွားပြီး စကားနည်းနည်းပါးပါး ပြောလိုက်လေသည်။

အစောင့်တာဝန်ကျသော တပည့်က လူငယ်လေး ပြောသည်ကို သေသေချာချာ နားထောင်ပြီးနောက် ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည် “ကျေးဇူးပြုပြီး ခဏ စော်င့နေပေးနော်။ အကြီးအကဲချုပ်ကို ကျုပ် သွားအကြောင်းကြားလိုက်ဦးမယ်”

တော်ဝင်သခင်ရုံးတော်၏ ဆေးဖော်စပ်ခန်းထဲ၊ ရန်ကိုင်သည် သူ့စီနီယာမမလေး၊ ဆေးဝိဇ္ဇာကြီး(၅)ယောက်နှင့် ဆေးဖော်စပ်နေစဉ် အပြင်ဘက်မှ ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

မျက်မှောင်ကြုံ့လျက် လုပ်လက်စအလုပ်ကို ရပ်ကာ အခန်းအပြင်ဘက်သို့ ထွက်သွားလိုက်သည်။

ရှုဟွေသည် အခန်းအပြင်ဘက်တွင် စောင့်နေလေသည်။

“ဘာလို့လဲ” ရန်ကိုင်က မေးလိုက်ရာ ရှုဟွေက “တော်ဝင်သခင်နဲ့ တွေ့ချင်တဲ့ ဧည့်သည်တွေ ရောက်နေလို့ပါ”

“ဘယ်သူတွေလဲ”

“အစောင့်ကျနေတဲ့ တပည့် လာပြောတာကတော့ တိယောင်ဆိုတဲ့လူတစ်ယောက် တော်ဝင်သခင်နဲ့ တွေ့ချင်နေတယ်တဲ့”

“တိယောင်လား” ရန်ကိုင် ခန္ဓာကိုယ် တုန်ရိသွားခဲ့ပြီး အလျင်စလို ပြန်မေးလိုက်လေသည် “သူတစ်ယောက်တည်း လာတာလား။ ဒါမှမဟုတ် လူအိုကြီးတစ်ယောက်ပါ ပါသေးလား”

ရှုဟွေ ကြောင်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားမှန်း သူနားမလည်နိုင်ခဲ့။ သို့သော် အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည် “သူနဲ့အတူ လူအိုကြီးတစ်ယောက်ပါ ပါလာပါတယ်”

ရှုဟွေ ပြော၍မဆုံးသေးခင်မှာပင် ရန်ကိုင်သည် တောင်ထွတ်ကိုးလုံး အပြင်ဘက်ဆီသို့ ပြေးထွက်သွားလေပြီ။

ရန်ကိုင် စိတ်ရှုပ်ရှုပ်ဖြင့်သာ ခေါင်းကုတ် ကျန်ရစ်ခဲ့သည်။

ဧည့်သည့်တစ်ယောက်နှင့်တွေရန် ရန်ကိုင် ထိုမျှ အလျင်လိုသည်ကို သူတစ်ခါမှ မတွေ့ဖူးချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ လက်ရှိအဆင့်အတန်းအရ တော်ဝင်သခင်ကိုယ်တိုင် ထွက်ကြိုရသည့် ဧည့်သည် အနည်းငယ်သာ ရှိပေသည်။

တော်ဝင်သခင် ထိုမျှ အလျင်လိုနေရအောင် တိယောင် ဆိုသော လူငယ်လေးသည် ဘယ်သူများလေလဲ။

သူအတွေးနက်နေစဉ်မှာပဲ ရန်ကိုင် ရုတ်တရက် ပြန်လာခဲ့သည်။

ရှုဟွေ ကြောင်သွားခဲ့ပြီး လှမ်းအော်ပြောလေသည် “တော်ဝင်သခင်ရန်...”

သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် ရန်ကိုင်သည် သူ့ကိုကျော်၍ ဆေးဖော်စပ်ခန်းထဲ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ခဏအကြာ၌ ဆေးဖော်စပ်ခန်းထဲမှ ဆေးဝိဇ္ဇာကြီး ငါးယောက်တို့ဩ ဒေါသတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး၊ မင်းကြောင့် ငါ့ဆေးလုံးတွေ အကုန်လုံး ပျက်စီးကုန်ပြီ။ အကြောင်းပြချက် ကောင်းကောင်းပေးရင်ပေး၊ မပေးရင်တော့ မင်းနဲ့ငါ တွေ့ပြီသာမှတ်”

“ငါ့ဆေးလုံးလည်း ပျက်စီးသွားပြီ။ အဲ့ဒါက သူတော်စင် အဆင့် ဆေးအမယ်သုံးစုံစာကွ”

“မိုးကောင်းကင်ရေ၊ မင်းဘာတွေ လျှောက်လုပ်နေတာလဲကွာ။ ကောင်းကင်က ပေးထားတဲ့ လက်ဆောင်တွေကို ဖျက်စီးပစ်ရတယ်လို့ကွာ”

“ငါ့ကို လာမဆွဲနဲ့။ ငါဒီမှာပဲနေပြီး ဆေးဖော်စပ်မှာ။ ဘယ်ကိုမှသွားမှာ မဟုတ်ဘူး”

“ဘယ်သူ့ကို သွားတွေ့ရမှာလဲ။ မတွေ့ချင်ဘူးကွာ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်လိုလူကများ ငါတို့ ဆေးဖော်စပ်တာထက် ပိုအရေးကြီးမှာလဲ”

“ထပ်ပြောနေပြန်ပြီ။ ငါတို့ လူအိုကြီးတွေ ကိုယ်တိုင် ထွက်တွေ့ရအောင် အဲ့လူက ဘာကောင်မို့လို့လဲ။ ငါသူ့ကို မတွေ့ချင်ဘူးလို့ သွားပြောလိုက်”

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြောချင်တိုင်း ပြောနေခဲ့ကြသည်။

ထို့နောက် ရန်ကိုင် တိုးတိုးလေး တစ်ခုခု ပြောလိုက်သည်ကို ရှုဟွေ ကြားလိုက်ကြသည်။

ရုတ်တရက် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး တိတ်သွားကြသည်။ မည်သူမှ မအော်ဟစ်ကြတော့။

ထို့နောက် အခန်းတွင်မှ အလျင်လိုနေသည့် ခြေသံများစွာ ထွက်ပေါ်လာသည်ကို ရှုဟွေ ကြားလိုက်ရသည်။

ချက်ချင်းဆိုသလို ဆေးဖော်စပ်ခန်းမှ ဆေးဝိဇ္ဇာကြီး ငါးယောက် အလုအယက် ပြေးထွက်လာကြလေသည်။ ဝတုတ်ကြီး ချန်ပေါင်ပင်လျှင်လည်း နှေးကွေးလေးလံ မနေခဲ့။ ပြေးနေသည်များ ယုန်ထက်ပင် မြန်နေသေးသည်။ ထိုမျှသာလျှင်မဟုတ်၊ သူ့ဝတုတ်တုတ် ခန္ဓာကိုယ်ကြီးနှင့် လမ်းတွင် ပိတ်နေသူမှန်သမျှကိုလည်း တွန်းထုတ်သွားသေး၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှုဟွေ မှင်သက်နေချေပြီ။

ကမ္ဘာကျော် ထိုပုဂ္ဂိုလ်ကြီးများ ထိုမျှ ပျာတီးပျာယာ ဖြစ်နေသည်မျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ဆေးဝိဇ္ဇာကြီးတို့ ခဏနေပါဦး” ရှုဟွေ အော်ပြီးသည်နှင့် ငါးယောက်စလုံး သူ့မြင်ကွင်းမှ ပျောက်သွားလေပြီ။

ရန်ကိုင်နှင့် ရှနင်းချန်သည်လည်း သူ့အား အလျင်စလို ဖြတ်ကျော်သွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ” ရှုဟွေ သူ့ဘာသာ ရေရွတ်ရင်း အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့သည်။

ရန်ကိုင်နှင့် ရှနင်းချန်တို့ တောင်ထွတ်ကိုးလုံး အပြင်သို့ ရောက်လာသည့်အချိန်တွင် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ဆံဖြူလူအိုကြီးတစ်ယောက်နား ဝိုင်းပြုံနေသည်ကို တွေ့လိုက်ရသည်။ ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး၏ မျက်နှာထက် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နေခဲ့ကြပြီး စကားပြောဆိုရာတွင်လည်း သေသေချာချာ သတိထား ဆင်ခြင်၍ ပြောဆိုနေခဲ့ကြသည်။

ချန်ပေါင်းသည် အပြုံးကြီးပြုံးလျက် သူ့နဖူးထက်မှ ချွေးသီးများကို သုတ်လိုက်သည်။ လူအိုကြီးထံမှ ချီးကျူးမှုအချို့ ရလိုက်သည့်အလား စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာကြီး နီမြန်းလာခဲ့သည်။

“ဟေး ညီလေးရန်” လူအိုကြီးဘေးတွင် ရပ်နေသော လူငယ်လေးက ရန်ကိုင်ကို လှမ်းနှုတ်ဆက်လိုက်သည်။

“အစ်ကိုတိ” ရန်ကိုင်က ပျော်ရွေပျူငှာစွာ ပြန်လည် နှုတ်ခွန်းဆက်လိုက်သည် “မတွေ့ရတောင် ကြာပြီနော်”

“ဟုတ်တယ်။ ဝဲပျံတိမ်တိုက်မြို့တော်က ကိစ္စတွေ ပြီးကတည်းက မတွေ့ရတာ ဆယ်နှစ်လောက်တောင် ရှိနေပြီ၊ အို...” ပြောနေရင်း ရှနင်းချန်ကို ရုတ်တရက် မြင်လိုက်ကာ အလန့်တကြား ထအော်ပြောလေသည် “နင်က အဲ့တုန်းက မိန်းကလေး မဟုတ်ဘူးလား။ ဘာလို့ ဒီရောက်နေတာလဲ”

“သူက ကျုပ်စီနီယာအစ်မ ရှနင်းချန်လေ”

“စီနီယာအစ်မ...” တိယောင် တစ်ကိုယ်လုံး တောင့်တောင်ကြီး ဖြစ်သွားပြီး ချက်ချင်းပဲ တစ်ခုခုကို ပြန်သတိရသွားကာ “နောက်ဆုံးတော့ သူ့ကို တွေ့သွားပြီပေါ့၊ ဂုဏ်ယူပါတယ် ညီလေးရန်”

“အစ်ကိုတိကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ပြုံးလျက် လူအိုကြီးဆီ လှမ်းလျှောက်သွားလိုက်ပြီး လေးလေးစားစားဖြင့် ဦးညွှတ်၍ “ဂျူနီယာရန်ကိုင်က လူအိုကြီးလီကို နှုတ်ဆက်ပါတယ်”

ရှနင်းချန်သည်လည်း ကျော့ရှင်းသေသပ်စွာ နှုတ်ဆက်စကား ဆိုလိုက်သည်။

“မိတ်ဆွေးလေးရန် အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး” လူအိုကြီးလီက ပြုံးလိုက်ပြီး ခေါင်းညိတ်၍ “ဒီလူအိုကြီး အကြောင်းမကြားဘဲ ရောက်လာလို့ မိတ်ဆွေလေးရန် စိတ်ထဲမထားနဲ့နော်”

“လူအိုကြီးက နောက်နေတာပဲ။ လူအိုကြီးလီ ကျုပ်တို့ဆီ ရောက်လာတာကိုတောင် ဂုဏ်ယူနေစရာမှာ။ ဘယ်လိုလုပ်ပြီး စိတ်ကွက်ရမှာလဲ။ လာ၊ အထဲဝင်ဦးလေး လူအိုကြီးလီ” ရန်ကိုင်က တော်ဝင်နယ်မြေထဲသို့ ဖိတ်ခေါ်လိုက်သည်။

လူအိုကြီးက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဆေးဝိဇ္ဇာကြီး၏ ငါးယောက်နှင့်အတူ ဘုံကိုးခုထွတ်မြတ် နယ်မြေထဲသို့ ဝင်လာခဲ့လေသည်။

အစောင့်ကျနေသော တပည့်များသည် ထိုမြင်ကွင်းကို မြင်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ တော်ဝင်သခင်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်ပင် ထိုမျှ လေးစားနေရလေအောင် ထိုလူအိုကြီးသည် မည်သို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားလေသနည်း။

All Chapters