← Chapters

အခန်း (၉၆၆-၉၇၀)

Vol. 39 Ch. 966-970

အခန်း (၉၆၆-၉၇၀)

Vol. 39 Ch. 966-970

အပိုင်း (၉၆၆)

ထျန်းဇန်လူအိုကြီး တော်ဝင်နယ်မြေဆီသို့ ရောက်လာသည့် သတင်း တောင်ထွတ်ကိုးလုံးကြား တောမီးတောက်ပမာ ပျံ့နှံ့သွားခဲ့သည်။

တောင်ထွတ်ကိုးလုံးအနှံ့တွင် ရှိနေသော တပည့်များသည် လုပ်လက်စအလုပ်များကို ရပ်၍ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးကို မြင်ရရန်အတွက် ဧည့်ကြိုခန်းသို့ အပြေးအလွှား သွားကြတော့လေသည်။

ထျန်းဇန်လူအိုကြီး တော်ဝင်နယ်မြေသို့ ရောက်နေကြောင်း တပည့်များ သိသွားရခြင်းမှာ အကြီးအကဲချုပ်ရှုဟွေမှ လူအိုကြီးလီ၏ နာမည်ကို မတော်တဆ အော်ခေါ်လိုက်မိခြင်းကြောင့် ဖြစ်ပေသည်။

ရန်ကိုင်နှင့် ဆေးဝိဇ္ဇာကြီးငါးယောက်သည် လူအိုကြီးလီနှင့် တိယောင်ကို တော်ဝင်နယ်မြေဆီသို့ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးသည့်အခါ ရှုဟွေက ရောက်လာသည့် လူနှစ်ယောက်၏ အမည်ကို မေးမြန်းခဲ့သည်။ တကယ်တော့ သူသည် တော်ဝင်နယ်မြေ၏ အကြီးအကဲချုပ်ဖြစ်လေရာ တကယ့် ဧည့်သည့်တော်ကြီးများကို မှားယွင်းဆက်ဆံမိ၍ မဖြစ်ချေ။

ထိုလူအိုကြီးသည် ထျန်းဇန်လူအိုကြီးဖြစ်မှန်း သိလိုက်ရသည့်အခါ ရှုဟွေသည် လူအိုကြီးလီ၏ နာမည်ကို အလန့်တကြား အော်ခေါ်မိလိုက်သည်။ ရန်ကိုင် ဘာကြောင့် ထိုမျှအလျင်စလို ပြေးထွက်သွားမှန်း၊ ဆေးဝိဇ္ဇာကြီး ငါးယောက်သည် လိမ္မာနာခံသော တပည့်များနှယ် ဘာကြောင့် ပြုမူနေမှန်းကိုလည်း ရုတ်တရက် နားလည်သွားလိုက်သည်။

ဤလောကကြီးတွင် လူအိုကြီးလီသာ ဆေးဝိဇ္ဇာကြီး ငါးယောက်ဆီမှ ထိုကဲ့သို့သော လေးစားမှုမျိုး ရနိုင်ပေသည်။

ရှုဟွေက လက်ချက်ကြောင့် ထိုသတင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့ရသည်။

ထောင့်နှင့်ချီသော တပည့်များသည် လူအိုကြီးလီကို တွေ့ရရန်အတွက် ဧည့်ကြိုခန်းဆီသို့ အ‌ပြေးအလွှား ရောက်ရှိလာခဲ့လေရာ ယခုဆိုလျှင် ဧည့်ကြိုခန်းနားတစ်ဝိုက် တော်ဝင်နယ်မြေမှ တပည့်များဖြင့် ပြည့်ကြပ်သိပ်နေခဲ့လေပြီ။

ဤလောကကြီးတွင် မဟာပါရမီရှင်များ မရှားပါချေ။ လွန်ခဲ့သော နှစ်ထောင်ချီခန့်က နတ်ဆိုးမျိုးနွယ်စုသည် သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးဖြစ်သော မဟာနတ်ဆိုးနတ်ဘုရားကို မွေးထုတ်ပေးခဲ့သည်။ သို့သော် ယနေ့ခေတ်တွင် လူသားမျိုးနွယ်စုမှ လူအိုကြီးလီသည် ဤလောကကြီး၏ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

လူသားမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုနှင့် နတ်ဆိုးမျိုးနွယ်စုတို့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်ကြချေ။ မျိုးနွယ်စုသုံးခုကြား အမုန်းတရားသည် ဘယ်သောအခါမှ ရပ်တန့်သွားခြင်း မရှိဟု ပြောလျှင်ပင် မမှားချေ။ သို့သော် ဤလောကကြီးတွင် မျိုးနွယ်စုသုံးခုစလုံး လေးလေးစားစား ဆက်ဆံရသည့် လူတစ်ဦးရှိသည်။ ထိုလူသည် လူအိုကြီးလီမှ လွဲ၍ အခြားမဟုတ်ချေ။

နတ်ဆိုးဗိုလ်ချုပ်ကြီးကျန်းယွမ်နှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများပင်လျှင် လူအိုကြီးလီအား မလေးမစား မဆက်ဆံရဲကြချေ။

ကံမကောင်းစွာဖြင့် လူအိုကြီးသည် အမြဲတစေ ကိုယ်ယောင်ဖျောက်နေတတ်ပြီး လူမြင်ကွင်း၌ ပေါ်လာလေ့ မရှိချေ။ ထို့ကြောင့် လူအိုကြီးလီ၏ တကယ့်မျက်နှာကို မြင်ဖူးသူ အနည်းငယ်သာရှိသည်။ သူ့အကြောင်း မကြားရသည်မှာ နှစ်နဲ့ပင်ချီနေလေပြီ။ ဝဲပျံတိမ်တိုက်မြို့တွင် လူအိုကြီးလီသည် မြို့သခင်စံအိမ်တွင် လူမသိသူမသိ ပေါ်လာခဲ့ဖူးသည်။

လူအိုကြီးလီ သေသွားသည်မှာ ကြာပြီဟု ကောလဟာလများလည်း ထွက်နေခဲ့သည်။

သို့သော်ယည်း ယနေ့တွင် လူအိုကြီးလီသည် မည်သူမှ မဖိတ်ခေါ်ဘဲ သူ့ဘာသာ ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရောက်လာခဲ့သည်။

“မင်းတို့အားလုံး ကြည့်လို့ ဝပြီလား။ သောက်လုပ်မရှိ အားယားနေကြတာလား။ မင်းတို့ ဆက်ကြည့်နေဦးမယ်ဆိုရင် ငါမင်းတို့ မျက်လုံးတွေကို တူးထုတ်ပစ်တော့မှာနော်” ရှုဟွေက အေးစက်စက် အမူအရာဖြင့် နှာခေါင်ရှုံ့၍ လူအုပ်ကြီးကို အော်ပြောလိုက်သည်။

အကြီးအကဲချုပ်ရှုဟွေ၏ အော်သံကြောင့် တပည့်များလည်း လန့်ကာအသိပြန်ဝင်လာကြလေသည်။

ခန်းမထဲတွင်၊ ရန်ကိုင်က တောင်းပန်လိုက်သည် “အခုလို ဖြစ်သွားစေခဲ့လို့ လူအိုကြီးလီကို တောင်းပန်ပါတယ်။ တပည့်တွေကို ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြဖို့ ကျုပ်အမိန့်ပေးလိုက်ပါမယ်”

“မလိုဘူး၊ မလိုဘူး” လူအိုကြီးလီက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ပုံမှန်ဆိုရင် ငါကိုယ်ငါ သိပ်ပြီး လူသိခံလေ့ ရှိတာမဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့... ငါဒီမှာ ရောက်နေတာကို လူများများပိုသိလေ ကောင်းလေပဲ”

“ဟန်၊ ဘာလို့လဲ” တော်ဝင်နယ်မြေ၏ အကြီးအကဲများနှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် လူအိုကြီးလီကို နားမလည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။

လူအိုကြီး၏ ပေါ့ပေါ့ပါးပါး အမူအရာသည် ရုတ်တရက် လေးနက်သွားခဲ့ပြီး “အခုတလော၊ ဒီလူအိုကြီး သတင်းဆိုးတွေ ကြားနေရတယ်။ အဲ့သတင်းတွေက ဒီနေရာကနေ ပျံ့လာတာ မလား”

“အင်း”

“အဲ့လိုဆိုရင် အဲ့ကောလဟာလတွေက...”

“အမှန်တွေပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဟုတ်သွားပြီ” လူအိုကြီးလီက သက်ပြင်းချ၍ ပြောလိုက်သည် “ကျန်းယွမ်နှင့် မွန်းစတားမျိုးနွယ်စုက စီနီယာကြီး သုံးယောက်စလုံး စတင် လှုပ်ရှားနေပြီလို့ ငါသတင်းတွေ ကြားတယ်။ ဒါပေမယ့် လူသားမျိုးနွယ်စုက အင်အားစု အများစုကတော့ မီးစဉ်ကြည့်ကဖို့ပဲ စဉ်းစားနေကြတယ်”

“အင်း” ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့ပြီး “ကောလဟာလတွေကို ကြားရတာနဲ့ ကိုယ်တိုင်မြင်ရတာနဲ့က မတူဘူး။ ကျန်းယွမ်နဲ့ မွန်းစတားမျိုးနွယ်စုက စီနီယာကြီးတွေလို့ ရှေးခေတ် လျှို့ဝှက်ချက်တွေကို မသိတဲ့လူတွေကတော့ အခုကိစ္စကို သံသယဝင် မဆန်းပါဘူး”

ရန်ကိုင်က တစ်ချက်ရပ်၍ ဆက်ပြောလိုက်သည် “ဒါပေမယ့် အကုန်လုံးကတော့ ငြိမ်မနေကြဘူး။ ကောင်းကင်ဂိုဏ်းတော်၊ နဂါးဖီးနစ်နန်းတော်၊ အမွှာစိတ်ဝိဥာဉ် ကျောင်းတော်နဲ့ လွတ်လပ်သောအဖွဲ့အစည်းတွေက သူတို့ရဲ့ ပညာရှင်တွေကို ပို့လိုက်တယ်။ မကြာခင် ရောက်လိမ့်မယ်”

“မိတ်ဆွေလေးရန်နဲ့ ခင်တဲ့ အင်အားစုတွေသက်သက်နဲ့ ပညာရှင်ဘယ်လောက်လောက်ကို စုနိုင်မှာမို့လို့လဲ။ မွန်းစတားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုတွေ ရောက်လာရင် ငါတို့ လူသားမျိုးနွယ်စုက အလှောင်ပြောင်ခံစရာ ဖြစ်ကုန်မှာ။ အခုခေတ်မှာ ငါတို့ လူသားမျိုးနွယ်စုရဲ့ ပိုင်နက်က အကျယ်ဆုံးပဲ။ ပြီးတော့ အခုဖြစ်နေတဲ့ ကိစ္စကလည်း ငါတို့ လူသားမျိုးနွယ်စုရဲ့ ပိုက်နက်ထဲမှာပဲ ဖြစ်နေတာ။ အဲ့ဒါကိုတောင် နတ်ဆိုးမျိုးနွယ်စုနဲ့ မွန်းစတားမျိုးနွယ်စုက ဒီကိစ္စကို ဖြေရှင်းဖို့ အားတက်သရော အင်တိုက်အားတိုက် ဝင်ကူပေးနေပေမယ့် ငါတို့ လူသားမျိုးနွယ်စုက ငြိမ်နေရင် သင့်တော်ပါဦးမလား”

“ကံမကောင်းစွာနဲ့ ကျုပ်တို့မှာ အဲ့အင်အားစုတွေကို လှုပ်ရှားလာအောင် လုပ်နိုင်မယ့် နည်းလမ်းမရှိဘူးလေ” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

“မိတ်ဆွေလေးရန်၊ ဒီလောကကြီးမှာ ဘယ်အင်အားစုမှ အလွှမ်းမိုးနိုင်ဆုံးလို့ ထင်လဲ” လူအိုကြီးလီက ရုတ်တရက် ပြုံးကာ မေးလိုက်သည်။

“အလွှမ်းမိုးနိုင်ဆုံး အင်အားစုလား” ထိုမေးခွန်းကြောင့် ရန်ကိုင် အင်အားသင့်သွားခဲ့သည်။ သို့သော် ခပ်မြန်မြန် စဉ်းစားလိုက်ပြီးနောက် “အခုလောလောဆယ် တော်ဝင်နယ်မြေရဲ့ ဂုဏ်သတင်းက တော်တော်လေး ကျော်ကြားနေတယ်။ ဒီလောကကြီးရဲ့ ထိပ်တန်း အင်အားစုတွေထဲက တစ်စုလို့တောင် ပြောလို့ရနေပြီ။ ကောင်းကင်ဂိုဏ်းတော်ကလည်း တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် အဲ့အင်အားစုနှစ်ခု အခြား ထိပ်တန်းအင်အားစုတွေကြားမှာ ကွားခြားချက် ကြီးကြီးမားမား ရှိလိမ့်မယ်လို့တော့ မထင်ဘူး”

“အင်း၊ ဒီလောကကြီးမှာ ကျင့်ကြံရေးသုခံဘုံတွေ အများကြီးပဲ။ အားကောင်းတဲ့ အင်အားစုတွေဆိုရင်လည်း အများမှအများကြီးပဲ။ နှစ်ပေါင်းများစွာကြာအောင် မထွက်ပေါ်လာသေးတဲ့ ထိပ်တန်းအဆင့် ပညာရှင်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် သူတို့ သေသွားပြီလား၊ ရှင်နေသေးလား ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး” ဟဲဖုန်းက ဝင်ပြောလိုက်သည်။

“လူအိုကြီးလီ၊ ဘယ်အင်အားစုက အလွှမ်းမိုးနိုင်ဆုံးလဲ” တုဝမ်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

လူအိုကြီးလီက ရယ်မောလိုက်ပြီး တိုက်ရိုက် ပြန်မဖြေဘဲ မှတ်ချက်သာ ပေးလိုက်သည် “မိတ်ဆွေလေးရန်၊ မင်းတို့ ဘုံကိုးခုထွတ်မြတ်နယ်မြေ တိုးတက်လာတာကို ဒီလူအိုကြီး ကြားပြီးသွားပြီ။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆေးဝိဇ္ဇာကြီး တစ်ဦးကြောင့် မင်းတို့ တော်ဝင်နယ်မြေက အရင် အချိန်တွေကထက်တောင် ပိုပြီး ကျော်ကြားလာသေးတယ်”

“ဟတု်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လူအိုကြီးလီ မည်သည့်အရာအား ပြောချင်နေသလဲ ဆိုသည်ကို သူနားလည်သလိုလို ရှိလာခဲ့ချေပြီ။

“ဆေးဝိဇ္ဇာကြီး တစ်ယောက်တည်းနဲ့တောင် ထုန်းရွှမ် လောကကြီးတစ်ခုလုံးကို ဒီလောက် လှုပ်ခတ်သွားစေနိုင်ရင် တစ်လောကလုံးမှာ ရှိနေတဲ့ ဆေးပညာရှင်တွေသာ ဒီမှာ စုဝေးလိုက်မယ်ဆိုရင် ဘာဖြစ်သွားမယ်ထင်လဲ”

“ဆေးပညာရှင်အစည်းအရုံးလား”

လူအိုကြီးလီက ပြုံးကာ ခေါင်းညိတ်လိုက်သည် “မင်းသာ ဆေးပညာရှင်အစည်းအရုံကို ပါလာအောင် ဆွဲဆောင်နိုင်ရင် ဒီလောကကြီးက အင်အားစုတွေ၊ ပညာရှင်တွေလည်း ကျိန်းသေ လှုပ်ရှားလာကြလိမ့်မယ်”

“လူအိုကြီးလီ ဒီနေ့ရောက်လာတာ အဲ့ဒါကြောင့်ပေါ့” ရန်ကိုင်က လူအိုကြီးလီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

“ဟုတ်တယ်။ ငါကျော်ကြားလာကတည်းက ဒီလူအိုကြီးက အမြဲတမ်း လူမသိသူမသိအောင် နေထိုင်နေခဲ့ကာ။ ဒီလောကကြီးက အရှုပ်အရှင်းကိစ္စတွေမှာ ဝင်မပါဘူး။ ဒီနှစ်တစ်ထောင် အတောအတွင်း ဒီလောကကြီးအတွက် မှတ်ကျောက်တင်ထိုက်လောက်တဲ့ ဘာအမှုကိစ္စကိုမှ ငါမလုပ်ခဲ့ဘူး။ ဒါပေမယ့် လူတွေအများကြီး ငါ့ကို လေးစားရိုသေနေကြတယ်။ အဲ့ဒါကြောင့် ငါ့စိတ်ထဲ သိပ်ပြီး နေလို့ထိုင်လို့ မထိခဲ့ဘူး။ ဒီနေ့ ငါ့လွှမ်းမိုးနိုင်စွမ်းက အလှည့်အပြောင်း တစ်ခုခုကို ဖြစ်ပေါ်စေနိုင်မယ့် အခွင့်အရေး ရှိလာခဲ့ပြီ။ အင်း၊ ဒီလူအိုကြီးက ရုပ်ချောချောနဲ့ မွေးလာတာ မဟုတ်ဘူးဆိုပေမယ့် ငါ့တည်ရှိမှုက လူနည်းနည်းပါးပါး လောက်ကိုတော့ ဆွဲဆောင်နိုင်မယ်လို့ ထင်တာပဲ” လူအိုကြီးလီက ပြုံးကာ ရှင်းပြလိုက်သည်။

“ကျုပ်အခုပဲ ဆေးပညာရှင် ဌာနချုပ်ကိုသွားပြီး သူတို့နဲ့ သွားဆွေးနွေးကြည့်လိုက်မယ်” ဟုန်ဖန်းက အလျင်စလို မတ်တပ်ရပ်လိုက်သည်။

“မလိုဘူး။ ဆရာက သူဒီကိုလာမယ့်အကြောင်း ဆေးပညာရှင် အစည်းအရုံးကို သတင်းပို့ပြီးသွားပြီ။ ပြီးတော့ သူ့မိတ်ဆွေဟောင်းတွေ အများကြီးကိုလည်း ဆက်သွယ်ထားသေးတယ်” တိယောင်က ပြုံး၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည် “ကြည့်နေ၊ ဒီကို လူတွေ အများကြီး ရောက်လာဖို့ မကြာတော့ဘူး”

အကုန်လုံး၏ မျက်နှာထက် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေပြီ။

ရောက်လာသည့်လူများ ဝင်ကူညီချင်စိတ် ရှိရှိမရှိရှိ၊ သူတို့သာ လာသရွေ့ မျိုးနွယ်စုသုံးခု အတူပူးပေါင်းပြီး အရိုးမျိုးနွယ်စု ပြဿနာကို ဖြစ်နိုင်သမျှမြန်မြန် ဖြေရှင်းနိုင်ပေလိမ့်မည်။

“လူအိုကြီးလီကို ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က ပြောလိုက်သည်။

“ဒီလူအိုကြီးကသာ ဒီလောကကြီးရဲ့ သာမန်လူတွေ ကိုယ်စား မိတ်ဆွေလေးရန်ကို ကျေးဇူးတင်သင့်တာပါ။ မိတ်ဆွေလေးရန်ပဲ အခြားမျိုးနွယ်စု နှစ်ခုကို ပူးပေါင်းပါဝင်ပေးဖို့ သွားညှိနှိုင်းခဲ့တာလေ။ ဒီလောကကြီးရဲ့ လူတွေအပေါ် မိတ်ဆွေလေးထားတဲ့ အကြင်နာတရားက အရမ်းကို ကြီးမားလွန်းတယ်။ အဲ့ဘက်မှာ ဒီလူအိုကြီးတောင် မင်းကိုမမှီဘူး” လူအိုကြီးလီက ရန်ကိုင်အား ချီးကျူးဟန်ဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်ည် “တကယ်တော့ လူအိုကြီးလီ နားလည်မှု လွဲနေတာ။ အခြား မျိုးနွယ်စုနှစ်ခုနဲ့ သွားညှိနှိုင်းပြီး သူတို့တွေကို စစ်ကူလွှတ်ခိုင်း၊ လူသားမျိုးနွယ်စုတွေပါ ပါလာအောင် စည်းရုံးနေတာက ဒီလောကကြီးကို ကယ်တင်ချင်လို့ မဟုတ်ဘူး”

“အို၊ အဲ့လိုဆိုရင် မိတ်ဆွေလေးရန် ဘာလို့ ဒီလောက်တောင် ကြိုးစားနေတာလဲ။ ဒီလူအိုကြီး ကြားသလောက်ဆို နတ်ဆိုးမျိုးနွယ်စုနဲ့ မွန်းစတား မျိုးနွယ်စုတွေ ပါလာအောင် မိတ်ဆွေလေးရန်ကိုယ်တိုင် သွားစည်းရုံးခဲ့တာမလား”

“အင်း။ ဘာလို့လဲဆိုတော့ အရိုးမျိုးနွယ်စုကိစ္စကို မြန်နိုင်သမျှမြန်မြန် ဖြေရှင်းပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကို ကိုင်တွယ်စရာရှိလို့ပဲ။ အရိုးမျိုးနွယ်စုကိုသာ အရင်ဖြေရှင်းမထားရင် နောက်ပိုင်း မလိုလားအပ်တဲ့ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်တယ်လေ” ရန်ကိုင်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။

လူအိုကြီးလီသည် ရန်ကိုင်ကို တစ်ခဏကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။ သို့သော် ရန်ကိုင်၏ ဖြေရှင်းစရာ ရှိသည်ဆိုသော ကိုယ်ရေးကိုယ်တာကိစ္စအကြောင်း မမေးခဲ့ချေ။ ထို့အစား ရယ်သွမ်းသွေး၍သာ ပြန်ပြောလိုက်သည် “ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလောကကြီးအတွက် မင်းအကျိုးပြုခဲ့တာ အမှန်ပဲလေ။ နောက်မျိုးဆက်တွေ ဒီဇာတ်လမ်းကို ပြန်ကြားခဲ့အခါကျ သူတို့ သိသွားမှာက မိတ်ဆွေလေးရန်နဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ နာမည်ပဲ”

ရန်ကိုင် ရှက်ကိုးရှက်ကန်းသာ ရယ်မောလိုက်သည်။

ဆယ်ရက်ကြာပြီးသည့်တိုင် တော်ဝင်နယ်မြေသို့ မည်သည့် လူသားမျိုးနွယ်စုမှ ပညာရှင်များ ရောက်မလာသေးသော်ငြား ဆေးပညာရှင်အစည်းအရုံးမှ သူတော်စင်အဆင့် ဆေးပညာရှင် များစွာကမူ ရောက်လာခဲ့လေပြီ။

ပုံမှန်ဆိုလျှင် ထိုဆေးပညာရှင်များသည် ကိုယ့်နေရာ၊ ကိုယ့်အိမ်တွင်သာ နေလေ့ရှိသည်။ ဆေးဖော်စပ်ပေးရန် ကိစ္စဆိုလျှင်လည်း အခြားသူများကသာ သူတို့အား လာရောက်တောင်းဆိုခြင်းသာ ရှိသည်။ သို့သော် ယနေ့တွင်မူ ဘုံကိုးခုထွတ်မြတ်နယ်သို့ သူတို့အားလုံး ရောက်လာခဲ့သည်။

အကြောင်းမှာ ထျန်းဇန်လူအိုကြီးကြောင့်ပင် ဖြစ်သည်။

အကုန်လုံးသည် စိတ်လှုပ်ရှားမှု၊ လေးစားမှုအပြည့်ဖြင့် မျှော်လင့်တကြီး ရောက်လာခဲ့သည်။

နောက်ရက်အတောအတွင်း တစ်လောကလုံးတွင် ရှိနေသော သူတော်စင်အဆင့် ဆေးပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြလေသည်။

သတင်းများကို ကြားပြီးနောက် လူသားမျိုးနွယ်စုမှ ပညာရှင်များထက်ပင် ပို၍ မြန်မြန် ရောက်လာခဲ့သည်။

ဆယ်ရက်အတွင်း၊ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိနေသော သူတော်စင်အဆင့် ဆေးပညာရှင်မှာ သုံးဆယ်နီးပါး ရှိလာခဲ့သည်။ ထိုအရေအတွက်သည် တစ်လောကလုံးတွင် ရှိနေသော သူတော်စင်အဆင့် ဆေးပညာရှင် စုစုပေါင်း၏ (၉၀)ရာခိုင်နှုန်း ဖြစ်ပေသည်။

ကျန်ရှိနေသော (၁၀)ရာခိုင်နှုန်းမှာမူ လာနေဆဲပင်ဖြစ်သည်။

ထိုသူတော်စင်အဆင့် ဆေးပညာရှင်များနှင့်အတူ အမျိုးမျိုးသော အင်အားစုများမှ လူသားပညာရှင်များလည်း ရောက်လာခဲ့သည်။

သူတော်စင်တတိယအဆင့် ပညာရှင်များစွာပင် ပါသေးသည်။

ထိုပညာရှင် တစ်ယောက်ချင်းစီတိုင်းသည် အသက်အရွယ် အားဖြင့် နှစ်တစ်ထောင် ဝန်းကျင်လောက် ရှိကြပြီး လူအိုကြီးလီနှင့် အသိအကျွမ်းများ ဖြစ်ကြသည်။ လူအိုကြီးလီက ခေါ်ထားသဖြင့် တုန့်ဆိုင်းခြင်းမရှိ အပြေးလာခဲ့ကြခြင်း ဖြစ်ပေသည်။

ထိုထိပ်တန်းအဆင့် ပညာရှင်များသည် သူတို့၏ လက်အောက်ငယ်သားနှင့် တပည့်များကိုပါ တစ်ပါးတည်း ခေါ်ဆောင်လာခဲ့သည်။

ကောင်းကင်ဂိုဏ်းတော်မှ ချူလင်းရှောင်သည်လည်း ရန်ကိုင်၏ ဂိုဏ်းတူစီနီယာ လေးယောက်နှင့်အတူ ရောက်လာခဲ့သည်။

ချူလင်းရှောင်သည်လည်း ထိုလူအိုကြီးများနှင့် သိကျွမ်းသည့်ပုံပင်။ တွေ့တုန်းတွေ့ခိုက် တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း စကားစမြည်ပြောရင်း အချိန်ဖြုန်းနေခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ လူသားမျိုးနွယ်စုမှ ပညာရှင်များ ပိုပို၍ ရောက်ရှိလာခဲ့ကြသည်။ အကုန်လုံးသည် မသေမျိုးအဆင့်အောက် မနိမ့်ကျသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြပေသည်။

ဆေးပညာရှင်အစည်းအရုံးသည် အားလုံးအား ဤသို့ ခြိမ်းခြောက်ထားပေသည်။ သူတို့အား မျက်နှာသာမပေးသော မည်သည့်အင်အားစုကိုမဆို ဘာဆေးလုံးမှ ဖော်စပ်ပေးတော့မည် မဟုတ်သလို မည်သည့် ဆေးပင်များကိုလည်း ရောင်းချခြင်း ပြုတော့မည် မဟုတ်ချေ။

ထိုကြေညာချက်သည် တစ်လောကလုံးကို တုန်လှုပ်သွာစေပြီး အင်အားစုတိုင်းသည် ရွေးချယ်စရာ မရှိသည့်အလျောက် လူအင်အား အပြည့်အဝကို ခေါ်ဆောင်လျက် ရောက်လာခဲ့ရသည်။

အခြားသူများကို စော်ကားချင် စော်ကားနိုင်သော်ငြား တစ်လောကလုံးရှိ ဆေးပညာရှင်များကို စော်ကား၍ မဖြစ်ချေ။ အထူးသဖြင့် ထျန်းဇန်လူအိုကြီးပင် ကိုယ်တိုင် ဦးဆောင်နေသည့် အခါမျိုးတွင် မည်သည်။ တုန့်ဆိုင်းနေသူ အားလုံး စိတ်မပါသော်လည်း လှုပ်ရှားရတော့သည်။

ဆေးလုံးမရှိသော ကျင့်ကြံသူတစ်ယောက်၏ ဘဝမှာ အလွန်တရာကိုမှ စိတ်ပျက်ဖွယ်ကောင်းပေလိမ့်မည်။

ထို့အပြင် ယခုကိစ္စတွင် ဝင်ပါ၍ အကျိုးမရှိသည်မဟုတ်။ ဤကိစ္စပြီးသည်နှင့် တစ်လောကလုံးရှိ ဆေးပညာရှင်များသည် အားလုံးအတွက် သုံးနှစ်တိုင်တိုင် ဆေးအလကား ဖော်စပ်ပေးမည်ဟု ဆေးပညာရှင် အစည်းအရုံးက အတိအလင်း ကြေညာထားခဲ့သည်။ သူတော်စင်အဆင့် ဆေးလုံးများပင် အပါအဝင် ဖြစ်လေသည်။

ထိုကဲ့သို့သော အခွင့်အရေးကြီးကို မည်သူမှ လက်လွှတ် မခံချင်ချေ။

တစ်ခဏအတွင်း တောင်ထွတ်ကိုးလုံးသည် အလွန်တရာကိုမှ အသက်ဝင်လာခဲ့သည်။

လူအိုကြီးလီနှင့် ချူလင်းရှောင်၏ မိတ်ဆက်ပေးမှုကြောင့် ရန်ကိုင်သည်လည်း ထိပ်တန်းအဆင့် ပညာရှင်များစွာနှင့် အသိအကျွမ်း ဖြစ်လာခဲ့ရသည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့လေရာ တစ်လကြာပြီးနောက်၊ မိုးကုတ်စက်ဝိုင်း အစွန်ဖျားဆီမှ ကြောက်မက်ဖွယ်ရာ နတ်ဆိုးချီတို့ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် အခြားတစ်ဖက်ဆီမှ သိပ်သည်းလှသော မွန်းစတားချီတို့ ထွက်ပေါ်လာခဲ့သည်။

တောင်ထွတ်ကိုးလုံးတွင် ရှိနေသာ ပညာရှင်များသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြပြီးနောက် အကုန်လုံ၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ကြရသည်။

တစ်ဖက်တွင်မူ တဖိတ်ဖိတ်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ကောင်းကင်ပေါ်သို့ ကြည့်လျက် ရေရွတ်လိုက်သည် “မွန်းစတားမျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စုတွေ ရောက်လာကြပြီ”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၇)

မွန်းစတားမျိုးနွယ်စုသည် လွန်ခဲ့သော တစ်လကတည်းက ပြင်ဆင်ပြီးသွားခြင်းဖြစ်သည်။ သို့သော် နတ်ဆိုးမျိုးနွယ်စု ပေါ်မလာသေးသဖြင့် နည်းနည်းလောက် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ နတ်ဆိုးမျိုးနွယ်စု၏ အရှိန်အဝါများကို အာရုံခံမိလိုက်သည်နှင့် သူတို့လည်း တစ်ပြိုင်တည်း စထွက်လာတော့လေသည်။

တောင်ထွတ်ကိုးလုံးတွင် ရှိနေသော လူသားမျိုးနွယ်စုဝင် များသည် ချဉ်းကပ်လာနေသော နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် မွန်းစတားမျိုးနွယ်စုဝင်များကို ရွံ့ရှာစက်ဆုပ်မှု၊ မုန်းတီးမှု အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။

မတူညီသော မျိုးနွယ်ခြားများနှင့် ရင်ဆိုင်ရရာတွင် တစ်ဦးနှင့်တစ်ဦး မယုံကြည်ကြသည်မှာ အထူးအဆန်း မဟုတ်။ မျိုးနွယ်စုသုံးခုကြားရှိ အမုန်းတရားများ၊ ရန်ငြိုး၊ ရန်ကြွေးများသည် ညတွင်းချင်း ဖြေရှင်း၍ရသည့် အရာမျိုး မဟုတ်ချေ။

ခဏအကြာ၌ ကျန်းယွမ်သည် နတ်ဆိုးဗိုလ်ချုပ် လေးယောက်နှင့် နတ်ဆိုးသူတော်စင်များစွာကို ဦးဆောင်၍ တောင်ထွတ်ကိုးလုံးထဲသို့ ဝင်ရောက်လာခဲ့သည်။ မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီးများသည်လည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ရောက်ရှိလာခဲ့သည်။

ကျန်းယွမ်က အသံကျယ်ကျယ်လောင်လောင်ဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ဝိုး၊ လူတွေ အများကြီးပါလား။ ဒီလောက် လူများမယ်မှန်း သိခဲ့ရင် ဒီစီနီယာလည်း ငါ့လူတွေကိုခေါ်ပြီး နတ်ဆိုးကုန်းမြေကနေ ဒီကို မလာခဲ့ပါဘူးကွာ။ မင်းတို့ဘာသာ မင်းတို့ပဲ ရင်ဆိုင်ခိုင်းလိုက်ပါတယ်။ ဒီကိစ္စမှာ မင်းတို့ လူသား အများစုက ကြောက်သွေးပါနေကြမယ်လို့ ဒီစီနီယာ ထင်နေခဲ့တာ”

မိုးကြိုးနဂါးကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်၍ “ဟုတ်တယ်။ ဒီဘုရင်လည်း အတူတူပဲ”

နှစ်ယောက်စလုံးသည် သူတို့ကိုယ်သူတို့ “ဒီစီနီယာ”၊ “ဒီဘုရင်”ဟုသာ သုံးနှုန်းသွားခဲ့သည်။ သူတို့၏ စကား အသုံးအနှုန်းနှင့် လှောင်ပြောင်ထေ့ငေါ့စကားများကြောင့် လူသားမျိုးနွယ်စုမှ ပညာရှင်များ အရုပ်ဆိုးသွားကြပြီး နှစ်ယောက်စလုံးက ခါးခါးသီးသီး စူးရဲစွာ စိုက်ကြည့်လိုက်၏။

“အခြားပြောချင်တာ ရှိသေးလား”ရန်ကိုင်က လူအုပ်ထဲမှ ရှေ့ထွက်၍ “အခုလိုအချိန်မျိုးမှာတောင် တစ်ယောက်နဲ့တစ်ယောက် မမုန်းမုန်းအောင် လုပ်ကြနေတုန်းပဲလား။ ဘာလဲ၊ ဒီလောက် အဝေးကြီး လာပြီးမှ ဘာမှမလုပ်ဘဲ လှည့်ပြန်ချင်နေကြတာလား”

ကျန်းယွမ်က ရယ်သွမ်းသွေးလျက်ပြီး သတိထားလျက် “ဒီစီနီယာက အဲ့လိုဖြစ်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အရိုးမျိုးနွယ်စုကိစ္စကို ဖြေရှင်းပြီးသွားတာနဲ့ မင်းတို့ လူသားမျိုးနွယ်စုက ဒီအခွင့်အရေးကိုသုံးပြီး ငါတို့ နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်မယ်၊ မတိုက်ခိုက်ဘူးဆိုတာ မသေချာဘူးလေ။ မင်းတို့ လူသားတွေက အရမ်းကို ကောက်ကျစ်၊ ဥာဏ်များတဲ့လူတွေ။ ငါပြောသွားတာနဲ့ ပက်သက်ပြီး အာမမခံပေးနိုင်ရင် ဒီစီနီယာ ချက်ချင်း လှည့်ပြန်ရလိမ့်မယ်”

“ငါတို့မွန်းစတားမျိုးနွယ်စုကလည်း အတူတူပဲ” မိုးကြိုးနဂါးက ဝင်ပြောလိုက်သည်။

မသိလိုက်မသိဘာသာဖြင့် နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုသည် တစ်စုတည်း ဖြစ်နေခဲ့သည်။

လူသားမျိုးနွယ်စုဘက်မှ ဤမျှ လူအင်အား များလိမ့်မည်ဟု နတ်ဆိုးနှင့်မွန်းစတားမျိုးနွယ်စုမှ ခေါင်းဆောင်များ မထင်ထားခဲ့။ လူသားမျိုးနွယ်စုသည် သူတို့၏ သဘာဝအတိုင်း ညီညွှတ်ခြင်း ရှိလိမ့်မည် မဟုတ်ဟု တွေးထင်နေခဲ့ကြခြင်း ဖြစ်သည်။ အင်အားစု ဒါဇင်ကျော် ရောက်ရှိနေလျှင်ပင် အတော်လေးကို အင်အားတောင့်နေလေပြီ။ သို့သော် ရောက်သည့်အခါမှ သိလိုက်ရသည်ကြား တောင်ထွတ်ကိုးလုံးတွင် လူသား မျိုးနွယ်စုမှ ပညာရှင်များ အားလုံးလိုလို စုဝေးနေကြခြင်းပင်။

ဤနေရာ၌ သူတော်စင် တတိယအဆင့် ငါးယောက်၊ ခြောက်ယောက်လောက် ရှိနေပေသည်။ ထိုသည်မှာ ရန်ကိုင်၏ လူများကို ထည့်မတွက်ထားသေးချေ။

အရိုးမျိုးနွယ်စုကိစ္စအား ဖြေရှင်းပြီး၍ ထိုလူများသာ သူတို့အား ရုတ်တရက် တိုက်ခိုက်မည်ဆိုပါက သူတို့ ခေါ်လာသည့် လူအင်အားဖြင့် လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်၊ မပြေးနိုင်က သိပ်၍ မသေချာချေ။

လက်ရှိအချိန်တွင် ခေါင်းဆောင်နှစ်ယောက်စလုံး သူတို့ နေရပ်ဆီသာ ပြန်ချင်တော့သည်။ ရန်ကိုင်အား ကူညီပေးမည်ဟု အလျင်စလို သဘောတူခဲ့မိသည်ကို သူတို့စိတ်ထဲ ကြိတ်၍ နောင်တရနေခဲ့သည်။

“ကျုပ်ကတိပေးတယ်ဆိုရင်ကော ခင်ဗျားတို့က ယုံမှာလား” ရန်ကိုင်က နှစ်ယောက်သားကိုကြည့်၍ ပြောလိုက်သည်။

ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ နှစ်ယောက်စလုံး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ ရန်ကိုင်၏ လွှမ်းမိုးမှုသည် အတော်လေးကိုမှ ပြင်းထန်လှသည် ဆိုသော်လည်း သူသည် သူ့လက်အောက်တွင် ရှိနေသော အင်အားစုများကိုသာ အမိန့်ပေးနိုင်ခြင်းဖြစ်သည်။ သူမထိန်းချုပ်နိုင်သည့် လူသားမျိုးနွယ်စု ပညာရှင်များစွာ ရှိနေပေသေးသည်။

အောက်ဘက်တွင် ရှိနေသော လူအုပ်ကြီးထဲမှ လူအချို့က လှမ်းအော်ပြောလာကြသည် “ခင်ဗျားတို့ နှစ်ယောက်က ကျုပ်တို့ကို ထင်ချင်သလို ထင်နေကြတာပဲ‌ဗျ။ အစတုန်းက အဲ့လိုမျိုး မစဉ်းစားမိခဲ့ဘူး။ ခင်ဗျားတို့ ပြောလိုက်တော့မှပဲ အဲ့လိုလုပ်ရင် ကောင်းမလားလို့တောင် တွေးမိသွားတယ်”

ပြောပြီးသည်နှင့် အတော်များများ စပ်ဖြဲဖြဲ ပြုံးလိုက်ကြသည်။

ကျန်းယွမ်နှင့် မိုးကြိုးနဂါး၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။

“ဒီလူအိုကြီးက အာမခံပေးမယ်ဆိုရင်ကော” အိုမင်းနေသော်လည်း တည်ငြိမ်သော် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အသံထွက်ပေါ်ရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ယဲ့ယဲ့လေး ပြုံးလျက် သူတို့ဆီ လမ်းလျှောက်လာနေသော လူအိုကြီးတစ်ယောက်ကို မိုးကြိုးနဂါးနှင့် ကျန်းယွမ်တို့ မြင်တွေ့လိုက်ရသည်။ ထိုလူအိုကြီးကို မြင်လိုက်သည့်အခါ ကျန်းယွမ်နှင့် မိုးကြိုးနဂါးတို့ နှစ်ယောက်စလုံး လေးလေးစားစား လက်သီးဆုပ်လိုက်ပြီး “လူအိုကြီးလီကို နှုတ်ဆက်ပါတယ်”

လူအိုကြီးလီက ရှေ့တက်၍ တည်တည်ငြိမ်ငြိမ်ဖြင့် အတိအလင်း ပြောဆိုလိုက်သည် “မင်းတို့ နှစ်ယောက်က အရမ်း ယဉ်ကျေးနေတာပဲ။ ဒီကိစ္စပြီးသွားရင် မင်းတို့ မျိုးနွယ်စုနှစ်ခုစလုံး လုံလုံခြုံခြုံနဲ့ ပြန်ဆုတ်ခွင့်ရမယ်လို့ လူသားမျိုးနွယ်စု တစ်ခုလုံးကိုယ်စား ငါအာမခံပေးမယ်။ မင်းတို့နှစ်ယောက် ဒီလူအိုကြီးကို ယုံပေးချင်စိတ် ရှိလား”

မိုးကြိုးနဂါးနှင့် ကျန်းယွမ်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

မိုးကြိုးနဂါးက စိတ်လက်ပေါ့ပါးသွားသည့် အမူအရာဖြင့် “လူသားမျိုးနွယ်စုထဲမှာ မေးခွန်းထုတ်စရာ မလိုအောင်ကို ကျုပ်ယုံကြည့်လို့ရတဲ့ လူနှစ်ယောက်ပဲရှိတယ်။ လူအိုကြီးလီနဲ့ တော်ဝင်သခင်ရန်ပဲ”

“ငါလည်း သဘောတူတယ်” ကျန်းယွမ်ကလည်း ဝင်ထောက်ခံလိုက်သည်။

လူအိုကြီးလီက အသာအယာ ခေါင်းညိတ်၍ “အသေးစိတ်ကိုတော့ မိတ်ဆွေးရန်ဆီကနေ ငါသိပြီးသွားပြီ။ အရိုးမျိုးနွယ်စု ပြန်ပေါ်လာတဲ့ကိစ္စက ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ဘူး။ ဒီကပ်ဘေးကို ငါတို့ လူသားမျိုးနွယ်စု၊ နတ်ဆိုး မျိုးနွယ်စုနဲ့ မွန်းစတားမျိုးနွယ်စု သုံးခုပူးပေါင်းပြီး ခုခံမှရမယ်။ ဒါကြောင့် အခုလောလောဆယ် မင်းတို့ကြားက ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး အချင်းချင်း ရိုးရိုးသားသားပြီး နယ်ခြား ကျူးကျော်သူတွေကို တိုက်ခိုက်ကြမယ်လို့ ငါမျှော်လင့်တယ်”

“လူအိုကြီးလီ ပြောသလိုပါပဲ”

“လူအိုကြီးလီ ပြောတာ အမှန်ပါပဲ”

“ကျုပ်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်”

လူသားမျိုးနွယ်စုဘက်မှ ပညာရှင်များက ဝင်ရောက် ထောက်ခံပြောဆိုလိုက်ကြသည်။ မည်သူမှ လူအိုကြီးလီကို မဆန့်ကျင်ရဲကြချေ။

ယခုမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့သည်။ မွန်းစတားနှင့် နတ်ဆိုးမျိုးနွယ်စုတို့ ရောက်ရှိလာသည့်အခါ လူသားမျိုးနွယ်စုဝင်များနှင့် ပြဿနာတက်မည်ကို သူစိုးရိမ်နေခြင်းဖြစ်သည်။ အရိုးမျိုးနွယ်စုနှင့်ပင် မတိုက်ခိုက်ရသေးဘဲ အချင်းချင်း ပြဿနာ ဖြစ်နေမည် ဆိုပါက တကယ်ကို ရယ်စရာကောင်းနေပေလိမ့်မည်။

လူအိုကြီး၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် ထိုပြဿနာကို ဖြေရှင်းပေးသွားခဲ့သည်။

အနည်းဆုံး မျိုးနွယ်စုသုံးခု ယာယီပူးပေါင်းနိုင်ခဲ့လေပြီ။

“ဒီစီနီယာသိချင်နေတာ တစ်ချက်ရှိသေးတယ်” ကျန်းယွမ်က ရုတ်တရက် အော်ပြောလိုက်သည် “မျိုးနွယ်စုသုံးခု ပူးပေါင်းတယ် ထားပါတော့။ ဘယ်သူက ဦးဆောင် အမိန့်ပေးမှာလဲ”

ထိုစကား ထွက်ပေါ်လာချိန် အကုန်လုံး တိတ်ဆိတ်သွားခဲ့ကြသည်။ ခဏကြာ စဉ်းစားပြီးနောက် အကုန်လုံး၏ အကြည့်သည် လူအိုကြီးလီဆီသို့ ရောက်ရှိလာခဲ့လေသည်။

လူအိုကြီးလီမှလွဲ၍ မျိုးနွယ်စုသုံးခုစလုံး သဘောတူ လက်ခံနိုင်မည့် ခေါင်းဆောင်မရှိချေ။

သို့သော် လူအိုကြီးလီက ခေါင်းသာခါလိုက်ပြီး “မင်းတို့ ဒီလူအိုကြီးကို တိုက်ပွဲကွင်းပြင်မှာ ဝင်ရပ်စေချင်တာလား။ ငါ့အရိုးတွေက မခိုင်တော့ဘူးကွ။ တိုက်ပွဲမှာသာ ဝင်ပါရင် ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲ ဖြစ်သွားမှာ”

လူအိုကြီးလီ၏ စကားကို ကြားသည့်အခါ အကုန်လုံး အနည်းနှင့်အများဆိုသလို စိတ်ပျက်သွားသကြသည်။ သို့သော် တကယ်တမ်း မည်သူမှ လူအိုကြီးကို ရှေ့ထွက် မတိုက်ခိုက်စေရဲချေ။

လူအိုကြီးလီသာ တစ်ခုခုဖြစ်သွားခဲ့လျှင် မည်သူမှ တာဝန်ခံနိုင်လိမ့်မည် မဟုတ်ပေ။

လူအိုကြီးလီက သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောလိုက်သည် “ဒီလူအိုကြီးကိုယ်တိုင် တိုက်ပွဲထဲ မပါနိုင်ဘူးဆိုပေမယ့် ငါထောက်ခံပေးချင်တဲ့ လူတစ်ယောက်တော့ ရှိတယ်။ မင်းတို့လည်း စဉ်းစားကြည့်ပေါ့”

“ဘယ်သူလဲ” အားလုံး၏ အကြည့်သည် လူအိုကြီးလီဆီ ရောက်ရှိလာခဲ့သည်။

“မိတ်ဆွေးလေးရန်ကို ဦးဆောင်ခိုင်းလိုက်ရင်ကော။ အခုလို ပူးပေါင်းဖို့ ကိစ္စကို သူပဲစတင်ခဲ့တာလေ။ သူသာ ဒီလောကကြီးက လူတွေကို သတင်းမပေးခဲ့ရင် ငါတို့အားလုံး ဘာမှမသိဘဲ သေသွားခဲ့မှာ။ ပြီးတော့ လက်ရှိ အခြေအနေကို သူက အားလုံးထက် ပိုသိတယ်။ အရေးအကြီးဆုံးက မိတ်ဆွေးရန်က နတ်ဆိုး၊ မွန်းစတားဆိုပြီး ခွဲခြားနေတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ သူကိုယ်တိုင်က လူသားတစ်ယောက် ဖြစ်နေပေမယ့် နတ်ဆိုးမျိုးနွယ်စုနဲ့ရော၊ မွန်းစတား မျိုးနွယ်စုနဲ့ပါ မိတ်ဆွေဖွဲ့နိုင်တယ်။ သူ့ထက် ပိုသင့်တော်တဲ့လူ ရှိလိမ့်မယ်လို့ ငါမထင်ဘူး”

လူသားမျိုးနွယ်စုဝင်များကြား တီးတိုးစကားသံတို့ ထွက်ပေါ်လာခဲ့သည်။ အချို့သည် ခေါင်းညိတ်နေခဲ့ကြပြီး အချို့မှာ ခေါင်းခါနေခဲ့ကြသည်။

ရန်ကိုင်လည်း ကြောင်သွားခဲ့ပြီး ခေါင်းခါရမ်း “လူအိုကြီးလီ၊ ဒါက မသင့်တော်ဘူးနဲ့တူတယ်နော်။ ကျုပ်က အခြားသူတွေကို အမိန့်ပေးဖို့ မသင့်တော်ဘူး။ ပြီးတော့ ကျုပ်က ဒီမှာရှိနေတဲ့ စီနီယာအများစုထက် အသက်အများကြီး ပိုငယ်သလို ပိုလည်း အားနည်းတယ်။ ဘယ်လိုလုပ်ပြီး အားလုံးကို အမိန့်ပေးတဲ့လူက ကျုပ်ဖြစ်နိုင်မှာလဲ”

လူအိုကြီးလီက ပြန်၍ ပြောလိုကသ်ည် “ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့ မိတ်ဆွေလေးရန်ရာ။ မင်းခွန်အားက အရမ်းကြီး မမြင့်ဘူးဆိုပေမယ့် ဒီလောက် အသက်အရွယ်နဲ့ အခုလို အောင်မြင်မှုတွေ ရထားတယ်ဆိုကလည်း ဒီလောကကြီးရဲ့ အတော်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်ဖို့ထက်တောင် ပိုနေပြီ။ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်က ပေါ်ခဲ့တဲ့ မဟာနတ်ဆိုးနတ်ဘုရားကလွဲပြီး ဘယ်သူမှ မင်းလောက် မတော်လောက်ဘူး။ အနာဂတ်က မင်းရဲ့ အောင်မြင်မှုတွေက ဒီမှာ ရှိနေတဲ့ ဘယ်စီနီယာအောက်ကိုမှ နိမ့်ကျမှ မဟုတ်ဘူး။ ပြီးတော့ မင်းက ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်လေ။ မင်းရဲ့ အဆင့်အတန်းက ဒီမှာရှိနေတဲ့ ဘယ်သူ့အောက် နိမ့်ကျနေလို့လဲ”

“ဒါပေမယ့် နောက်ဆုံးတော့လည်း...” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ အာလူးပူပူကြီးကို သူမကိုင်ချင်ချေ။

လူအိုကြီးလက်က လက်မြှောက်လိုက်၍ “မျိုးနွယ်စုသုံးခုက ဘယ်သူ့ဘက်ကိုမှ ဘက်မလိုက်ဘဲ အခြေအနေတစ်ခုလုံးကို ခြုံကြည့်ပြီး အကျိုးအမြတ်ကို ချင့်တွက်တတ်တဲ့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပေးနိုင်တဲ့ လူတစ်ယောက်ကို လိုနေတာ။ မင်းသာ ဒီတာဝန်ကို လက်မခံနိုင်ဘူးဆိုရင် မျိုးနွယ်စုသုံးခုလည်း ကောာင်းကောင်း ပူးပေါင်းနိုင်မှာ မဟုတ်ဘူး”

ကျန်းယွမ် ခေါင်းညိတ်လိုက်ပြီး “ဒီစီနီယာ သဘောတူတယ်”

မိုးကြိုးနဂါးက ပခုံးတွန့်လိုက်ပြီး “ငါတို့ မွန်းစတား မျိုးနွယ်စုလည်း သဘောတူတယ်”

ဤနေရာတွင် ရှိနေသော အခြားသူများနှင့် နှိုင်းစာလျှင် ရန်ကိုင်နောက်ကို လိုက်ခြင်းသည် ပို၍ စိတ်သက်သောင့် သက်သာ ရျိပေသည်။ တကယ်တော့ ဤနေရာတွင် ရှိနေသော ရှိနေသော လူသားမျိုးနွယ်စုဝင်များအနက် သူတို့နှင့် ရင်းနှီးကာ ပြောဆိုဆက်သွယ်၊ အဆက်အဆံ လုပ်ဖူးသူဆို၍ ရန်ကိုင်တစ်ဦးတည်းသာ ရှိသည်။ အခြားသူများနှင့် သူတို့ကြားတွင် အမုန်းတရားသာ ရှိပေသည်။

“ကောင်းကင်ဂိုဏ်းတော်လည်း သဘောတူတယ်” ချူလင်းရှောင်က ဝင်ရောက်ထောက်ခံလိုက်သည်။

“ရန်ကိုင်လည်း၊ မင်းလုပ်နိုင်တယ်ဆိုရင် ဒီတာဝန်ကို လက်ခံလိုက်သင့်တယ်နော်” မန်ဝူရကလည်း အကြံ ဝင်ပေးလိုက်သည်။

ထိုနှစ်ယောက်က ပြောလာမှဖြင့် လူသားမျိုးနွယ်စုဝင် ပညာရှင်များစွာ စတင် စဉ်းစားခန်းဝင်ကြရလေပြီ။

ချူလင်းရှောင်ဖြစ်စေ၊ မန်ဝူရဖြစ်စေ၊ နှစ်ယောက်စလုံးသည် လူသားမျိုးနွယ်စု၏ အားအကောင်းဆုံး ပညာရှင်များ ဖြစ်ကြသည်။ ထို့ကြောင် ထိုနှစ်ယောက်၏ စကားသည် သူတို့အပေါ် အနည်းနှင့်အများဆိုသလို အကျိုး သက်ရောက်မှုရှိပေသည်။

ခဏအကြာ၌ တုန့်ဆိုင်းနေသော ပညာရှင်များ၏ အမူအရာ ခက်ထန်သွားခဲ့ကြရသည်။ အကြောင်းမှာ ဘုံကိုးခုထွတ်မြတ်နယ်မြေမှ တော်ဝင်သခင်သည် အသက်မကြီးသလို အားကောင်းခြင်းလည်း မရှိသော်ငြား သူ့အဆက်အသွယ်သည် ဤနေရာတွင် ရှိနေသည့် မည်သူထက်မဆို ပို၍ ကျယ်ပြန်သည်ကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင်။

သူ့လက်အောက်တွင် သူတော်စင်အဆင့် ပညာရှင် များစွာ ရှိပေသည်။ ထို့အပြင် ကောင်းကင်ဂိုဏ်းတော်နှင့် ရင်းနှီးသလို လူသားမျိုးနွယ်စု၏ အားအကောင်းဆုံး ပညာရှင် မန်ဝူရနှင့်လည်း ရင်းနှီးနေပေသည်။ ထိုမျှသာမက လူအိုကြီးလီ၏ မျက်နှာသာပေးခြင်းကိုလည်း ခံထားရသည်။ ကျန်းယွမ်နှင့် မွန်းစတားမျိုးနွယ်စုမှ စီနီယာကြီးများ ကဲ့သို့သော ပုဂ္ဂိုလ်များနှင့်လည်း မိတ်ဆွေ ဖွဲ့ထားနိုင်သည်။

မသိလိုက်မသိဘာသာနှင့် ထိုလူငယ်လေးသည် ဤလောကကြီး၏ တစ်စိတ်တစ်ပိုင်းကို အပြည့်အဝ အမိန့်ပေးနိုင်ကြောင်းကို သူတို့ နားလည်သွားခဲ့ရသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် မည်သူမှ ရန်ကိုင်ကို အထင်မသေးရဲတော့ချေ။

ချက်ချင်းဆိုသလို အကုန်လုံးသည် လူအိုကြီးလီ၏ အကြုံပြုချက်ကို လက်ခံလိုက်ကြသည်။

ရန်ကိုင် အတော့်ကိုမှ စိတ်ညစ်နေလေသည်။ ခေါင်းဆောင် ရာထူးကိုရလိုက်၍ သူမပေါ်။ ပြန်၍သာ ငြင်းလိုက်ချင်မိသည်။

ထို့နောက် အကုန်လုံး၏ အကြည့်သည် သူ့အပေါ်သို့ စုပြုံရောက်ရှိလာခဲ့လေသည်။

လက်ရှိ အခြေအနေရ သူ့အနေဖြင့် ငြင်းချက်ထုတ်ရန် မဖြစ်နိုင်ချေ။

သူသာငြင်းလိုက်ပါက လူအိုကြီးလီ ပြောခဲ့သလို မျိုးနွယ်စု သုံးခုသည် ထိထိရောက်ရောက် ပူးပေါင်းနိုင်တော့လိမ့်မည် မဟုတ်ချေ။

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က သူ့ကိုယ်သူ အားတင်း၍ ခေါင်းညိတ်လိုက်လေသည် “အဲ့လိုဆိုမှတော့ ဒီဂျူနီယာ ယဉ်ကျေးမနေတော့ဘူးနော်။ ဒါပေမယ့် စီနီယာကြီးတို့တွေ အနေနဲ့ ကျုပ်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်”

လူအိုကြီးလီက ပြုံးလိုက်ပြီး ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက် “သိပ်ပြီး စိတ်မပူနေနဲ့။ သင့်တော်မယ်လို့ ထင်သလိုသာ လုပ်လိုက်”

ရန်ကိုင်အသာအယာ ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်၍ အော်ပြောလိုက်သည် “အားလုံး စုစည်းပြီးသွားပြီ ဆိုမှတော့ ကျုပ်တို့ နှောင့်နှေးမနေသင့်တော့ဘူး။ သွားကြတာပေါ့”

“ကံကောင်းပါစေကွာ” လူအိုကြီးလီက လက်သီးဆုပ်၍ ဆုတောင်းပေးလိုကသ်ည်။

“လူအိုကြီးလီ ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ” ရန်ကိုင်က အသက်ပြင်းပြင်းရှူ၍ တောင်ထွတ်ကိုးလုံးမှ ပျံသန်းထွက်လာခဲ့သည်။ လီရုန်နှင့် ဟန်ဖေးသည် သူ့နောက်မှ အနီးကပ် လိုက်လာခဲ့ကြသည်။

လူသားမျိုးနွယ်စုမှ ပညာရှင်များသည်လည်း အစစ်အမှန်ချီ၊ သူတော်စင်ချီ အသီးသီးကို လှည့်ပတ်၍ ငှက်အုပ်ပမာ ရန်ကိုင်နောက်မှ လိုက်သွားကြသည်။

ကျန်းယွမ်နှင့် မိုးကြိုးနဂါးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး စပ်ဖြဲဖြဲပြုံးလျက် ရန်ကိုင် နောက်မှ အလျင်အမြန် ပြေးလိုက်သွားကြသည်။

လေခွင်းသံတို့နှင့်အတူ တောင်ထွတ်ကိုးလုံးဆီမှ ရောင်စုံအလင်းတန်းတို့ ပျံသန်း ထွက်ပေါ်လာလေသည်။

အရှိန်မြှင့်ရန်အလို့ငှာ ပညာရှင်များစွာတို့သည် သူတို့၏ ပျံသန်းရေး မှော်ရတနာများကို ထုတ်လိုက်ကြရသည်။

လှည်းလုံးများ၊ ဓါးပျံများ၊ လှေပျံများ၊ အစရှိသဖြင့် အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးရှိသော မှော်ရတနာများစွာတို့ ထွက်ပေါ်လာခဲ့လေသည်။

လူသားမျိုးနွယ်စုဝင် ပညာရှင်များနောက်မှ နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်များ လိုက်လာခဲ့ကြသည်။

နောက်ဆုံးတွင်ကား မွန်းစတားမျိုးနွယ်စုဝင်များ ရှိနေကြသည်။ အချို့သာ လူသားအသွင်ဖြင့် ရှိနေကြသလို အချို့သည် သားရဲအသွင်ဖြင့် ရှိနေကြသည်။

လူအိုကြီးလီသည် တောင်ထွတ်ကိုးလုံးမှနေ၍ ပျံသန်း ထွက်သွားသော ဤလောကကြီး၏ ထိပ်တန်းအဆင့် ပညာရှင် အုပ်ကြီးကို ကြည့်နေခဲ့သည်။ အကုန်လုံး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားချိန် သူ့နောက်ဘက်တွင် ရပ်နေသော သူတော်စင်အဆင့် ဆေးပညာရှင်များဘက်သို့ လှည့်၍ ပြောလိုက်သည် “ငါတို့လည်း တတ်နိုင်သလောက် ဝင်ကူပေးသင့်တယ်။ သူတော်စင်အဆင့် ဆေးလုံးတွေကို တတ်နိုင်သလောက် များများဖော်စပ်ထား။ သူတို့ ပြန်လာတဲ့ အခါကျ ကုသရေးဆေးလုံးတွေ၊ အားပြန်ဖြည့်ဖို့ ဆေးလုံးတွေ အများကြီး လိုအပ်မှာ”

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၈) ဦးဆောင်ခြင်း

ကောင်းကင်တစ်ခုလုံး မှုန်ရီပျိုးနေခဲ့ပြီး မြေပြင်သည် လှုပ်ခါနေခဲ့သည်။ မြင်သူတိုင်း ကမ္ဘာပျက်တော့မည်လားဟု တွေးမိကြမည့် မြင်ကွင်းပင်တည်း။

မျိုးနွယ်စုသုံးခုမှ ပညာရှင်များသည် မြို့တစ်မြို့ကို ဖြတ်သွားကြသည်။ အကုန်လုံးသည် သူတို့၏ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်သော်လည်း သက်ရှိအရှိန်အဝါ တစ်ခုတစ်လေကိုပ်င မတွေ့ခဲ့ရချေ။ အကုန်လုံး ရင်ထဲအသည်းထဲမှ ထိတ်လန့်သွားရသည်။

ဤမြို့သည် သူတို့တွေ့ခဲ့သော ဆယ်မြို့မြောက် မြို့ပျက်ဖြစ်ပေသည်။

ထိုမြို့များသည် တစ်ချိန်က လူများစွာတို့ဖြင့် သက်ဝင်စည်းကားသိုက်မြိုကနေခဲ့ဖူးသည်။ သို့သော်လည်း လက်ရှိအချိန်တွင် အလောင်းမရှိ၊ သွေးစွန်းနေသော အဆောက်အဦးပျက်များသာ ရှိသည့် မြို့ပျက်များ ဖြစ်သွားခဲ့ကြလေပြီ။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ထွက်လာပြီးနောက် ထုန်းရွှမ်လောကကြီးမှ ပညာရှင်များသည် တစ်လလုံးလုံး မနားတမ်း ခရီးဆက်ခဲ့ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရေဝိဥာဉ်ကျောင်းတော် ပိုင်နက်၏ အစပ်နားသို့ သူတို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း အခြေအနေမှာ သူတို့ထင်ထားသည်ထက် ပိုဆိုးနေကြောင်း မျိုးနွယ်စုသုံးခုမှ ပညာရှင်များ တွေ့ရှိလိုက်ရသည်။

အရိုးမျိုးနွယ်စု နယ်ချဲ့သည်မှာ အလွန်တရာကိုမှ မြန်ဆန်လှပေသည်။ ရေဝိဥာဉ်ကျောင်းတော်ကို ဗဟိုပြု၍ ပတ်ပတ်လည် မိုင်သောင်းကျော်သည် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှပင် မရှိသော ဖုန်းဆိုးမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။

ထိုနေရာတစ်ဝိုက်သည် မည်သည့် သက်ရှိများ ရှင်သန်၊ ပေါက်ရောက်၊ ကျက်စားခြင်း မရှိတော့သော သေခြင်းတရားဇုံ တစ်ခု ဖြစ်လာသည်ဟု ပြောလျှင်ပင် မမှားချေ။

အနည်းဆုံး သိန်းနှင့်ချီသော လူသားများ ထိုနယ်မြေမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုသိန်းနှင့်ချီသော အလောင်းများမှ အရိုးမျိုးနွယ်စုဝင် အသစ် ဘယ်လောက်များများ ထပ်မံ မွေးဖွားလာသလဲ ဆိုသည်ကိုမူ မည်သူမှ မပြောနိုင်ချေ။

အပြာရောင်အလင်း တစ်ချက်လက်သွားခဲ့ပြီး လူအုပ်ကြီး၏ရှေ့ ရန်ကိုင်ပေါ်လာခဲ့သည်။ သူ့အမူအရာသည် အလွန်တရာကိုမှ လေးနက်သုန်မှုန်နေလေသည်။

“အခြေအနေ ဘယ်လိုရှိလဲ” ချူလင်းရှောင်က အလျင်စလို မေးလိုက်သည်။

ရန်ကိုင်သည် ကြယ်လွန်းပျံကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူတစ်ယောက်ထည်း ကင်းထောက်သွားစစ်ဆေးကြည်ကာ ယနေ့မှသာ ပြန်လာခဲ့သည်။

“မကောင်းဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး သူ့ရှေ့တွင် ရှိနေသော ပညာရှင်အုပ်ကြီးကို ကြည့်လျက် “အရိုးမျိုးနွယ်စုမှာ အခုလောလောဆယ် အဖွဲ့သားပေါင်း အနည်းဆုံး သုံးထောင်ရှိနေပြီ။ အကုန်လုံးက အနည်းဆုံး မသေမျိုးအဆင့်တွေချည်းပဲ”

ထိုစကားကို ကြားလိုက်ရသည့်အခါ အကုန်လုံး၏ အမူအရာ သွေးဆုတ်ဖြူလျော်သွားကြသည်။

အရိုးမျိုးနွယ်စုဝင် အသစ်များ မွေးဖွားစဉ်က သူတို့တွင် သူတော်စင်အဆင့် ဒါဇင်ကျော်နှင့် မသေမျိုးအဆင့် တစ်ရာ ကျော်ကျော်လောက်သာ ရှိကာ စုစုပေါင်း အရေအတွက်မှာ နှစ်ရာပင်မပြည့်ချေ။

သို့သော်လည်း နှစ်ဝက်အတွင်းမှာပင် သူတို့၏ စုစုပေါင်း အရေအတွက်သည် သုံးထောင်မက ရှိလာခဲ့သည်။

ထိုထိတ်လန့်ဖွယ်ရာ တိုးတက်နှုန်းကို အကုန်လုံး လက်ခံရန် ခဲယဉ်းနေကြရသည်။

ထို့အပြင် ထိုသုံးထောင်သော အရိုးမျိုးနွယ်စုဝင်များသည် အနည်းဆုံး မသေမျိုးအဆင့်များ ဖြစ်ကြသည်။

ထိုကဲ့သို့သော အင်အားသည် ဤလောကကြီး တစ်ခုလုံးကို ရှင်းထုတ်ပစ်ရန် လုံလောက်ပေသည်။

“ငါတို့ဘက်မှ လူတစ်ထောင်ကျော်လောက်ပဲ ရှိတယ်။ သူတို့ထက် နှစ်ထောင်ကျော်တောင် နည်းနေသေးတယ်” ချူလင်းရှောင်က အလိုလို ရေရွတ်မိလိုက်သည်။ အကုန်လုံး၏ အမူအရာ သုန်မှုန်သွားခဲ့ကြရလေပြီ။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “သတင်းဆိုပေမယ့် သတင်းကောင်းအချို့လည်း ရှိတယ်။ သူတို့အရေအတွက်က အရင်ကထက် ပိုများလာတယ် ဆိုပေမယ့် အများစုက မသေမျိုးအဆင့်တွေပဲလေ။ သူတို့ ပိုင်ဆိုင်ထားတဲ့ သူတော်စင်အဆင့် အရေအတွက်က အများကြီး မတိုးလာသေးဘူး။ လွန်ခဲ့တဲ့ ခြောက်လကဆိုတော့ အခုလောလောဆယ် သူတို့မှာ သူတော်စင် အယောက် နှစ်ဆယ်၊ နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမယ်။ ကျုပ်တို့မှာ နှစ်ရာကျော်တော်င ရှိတာလေ။ ထိပ်တန်းအဆင့် ပညာရှင် အရေအတွက်မှာတော့ ကျုပ်တို့ဘက်က လုံးဝကို အပြတ်အသတ် သာတယ်”

“ဒါပေမယ့် မသေမျိုးအဆင့်တွေက ကောင်းကောင်း ဒုက္ခပေးမှာ” မန်ဝူရ မျက်မှောင်ကြုံ့သွားခဲ့သည်။

ရန်ကိုင်က ကြမ်းကြုတ်စွာပြုံးလိုက်ပြီး “အဲ့မသေမျိုးတွေကို ကျုပ်တာဝန်ထားလိုက်”

အကုန်လုံး ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။ ရန်ကိုင်ဘာကြောင့် ထိုမျှ ယုံကြည်ချက်ရှိနေမှန်း သူတို့ နားမလည်နိုင်ချေ။

မန်ဝူရနှင့် ချူလင်းရှောင်သည်ပင်လျှင် ထိုမသေမျိုးအဆင့် နှစ်ထောင်ကျော်ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု မပြောရဲချေ။

“ကျုပ်တို့ အကုန်လုံး စုစည်းဖို့ တစ်နှစ်တောင် မလိုတာကို ဝမ်းသားသင့်တယ်။ အဲ့ကောင်တွေကို နောက်ထပ် အချိန် ခြောက်လလောက် ထပ်ပေးလိုက်ရင် ကျုပ်တို့တွေ လုံးဝ နိုင်တော့မှာမဟုတ်ဘူး” ရန်ကိုင်မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ အရိုးမျိုးနွယ်စု၏ တိုးတက်နှုန်းသည် ကြောက်မခန်းလိလိ မြန်းလွန်းလှ၏။

အခုလောလောဆယ် မျိုးနွယ်စုသုံးခုပေါင်း အင်အားဖြင့် အရိုးမျိုးနွယ်စုဝင်များကို သုတ်သင်ပစ်နိုင်သည်။ သို့သော် ထိုအရိုးမျိုးနွယ်စုများကို ပြင်ဆင်ချိန် နောက်ထပ် နှစ်ဝက်၊ သို့ တစ်နှစ်လောက် ပေးလိုက်ပါက၊ အောင်ပွဲမှ အာမခံချက် မရှိတော့ချေ။

“သူတို့တွေ အကုန်လုံးက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ ဌာနချုပ်၊ ဒီနေရာကနေ မိုင်တစ်ထောင်လောက် ဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ရှိနေကြတာ။ ကျုပ်တို့ ထွက်လာတာ တော်တော်လေး ကြာနေပြီဆိုတော့ ဒီမှာ ခဏလောက် နားပြီး နောက်နှစ်ရက်နေမှ ထွက်ခွာကြတာပေါ့” ရန်ကိုင်က အားလုံးကြားအောင် အော်ပြောလိုက်သည်။

မည်သည်မှ ကန့်ကွက်စကား မဆိုခဲ့။ လက်ရှိနေရာသည် ရေဝိဥာဉ်ကျောင်းတော် ဌာနချုပ်နှင့် သိပ်ကွာတော့သည် မဟုတ်လေရာ ဆက်သွားလျှင် တိုက်ပွဲဖြစ်ဖို့သာ ရှိတော့သည်။ တိုက်ပွဲဖြစ်မည်မှန်း သိနေလျှက်နှင့် ဘာကြောင့် အားပြန်မဖြည့်ထားရမည်နည်း။ ယခုတိုက်ပွဲတွင် တစ်ချက်ကလေး သတိမထားလိုက်ရုံဖြင့် အသက် ဘယ်ကပျောက်လို့ ပျောက်သွားမှန်းမသိ ပျောက်သွားနိုင်ပေသည်။

ထို့ကြောင့် ပညာရှင်များစွာတို့သည် လေထဲမှ မြေပေါ်သို့ ပျံဆင်းလာပြီး ထိုင်စရာနေရာတစ်ခုရှာကာ သူတို့ဘာသာ သူတို့ အားပြန်ဖြည့်နေခဲ့ကြသည်။

ရေဝိဥာဉ်ကျောင်းတော်တွင်းရှိ သိပ်သည်းလှသော သွေးမြူတို့ဖြင့် လွှမ်းခြုံနေသော ကျွန်းတစ်ခုထက်ဝယ်...

သွေးကန်ကြီးတစ်ကန်သည် ကျွန်း၏ အလယ်တွင် ရှိနေခဲ့သည်။

အရိုးဖြူများစွာနှင့် မရေမတွက်နိုင်သော ဆေးပင်များသည် သွေးကန်ထဲ မျောနေခဲ့ကြသည်။ ရန်ကိုင် တစ်ချိန်က မြင်ခဲ့ရသည့် မြင်ကွင်းမျိုးပင်။

ရန်ကိုင် မြင်ခဲ့ရသည်နှင့် ကွာခြားသွားသည်ကား လက်ရှိ သွေးကန်သည် ရန်ကိုင် မြင်ခဲ့သည့် သွေးကန်ထက် အရွယ်အစား ပိုကြီးခြင်းပင်။ ထိုသွေးကန်သည် ကျွန်း၏ တစ်ဝက်လောက်ကို နေရာယူထားပေသည်။

သွေးကန်ဘေးတွင်၊ အရိုးမျိုးနွယ်စုဝင်များ ရှိနေကြပြီး အကုန်လုံးသည် သူတို့၏ အသက်စွမ်းအင်ကို သွေးကန်ထဲသို့ ပို့လွှတ်ပေးနေခဲ့ကြသည်။

မရေမတွက်နိုင်သော အကျည်းဝန်ရုပ်ဆိုးလှသည့် မျက်နှာများစွာတို့သည် ကန်ထဲတွင် နာဝင်စူးရှစွာ အော်မြည်ရင်း ရုန်းကန်လှုပ်ရှား ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့အော်သံများကြောင့် ကျွန်းတစ်ကျွန်းလုံးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

ကဲလော့သည် ကျွန်း၏ အမြင့်ဆုံးနေရာတွင် ထိုင်လျက် အောက်ဘက်တွင် ရှိနေသော သွေးကန်ကြီးကို မိန့်မိန့်ကြီး ပြုံးလျက် ငုံ့ကြည့်နေခဲ့သည်။

ရုတ်တရက် အရိုးမျိုးနွယ်စုဝင်တစ်ယောက် အလျင်စလို ပြေးလာပြီး အစီခံလိုက်သည် “ဆရာ၊ ကျုပ်တို့တွေက ဒီလောကကြီးက လူတွေကို ဆွဲဆောင်လာအောင် လုပ်လိုက်မိသလိုပဲ။ အခု သူတို့ ဒီနေရာနဲ့ မနီးမဝေးမှာ စခန်းချနေကြပါတယ်”

ကဲလော့ ချောက်ချားဖွယ် အစိမ်းရောင်မျက်လုံးများထဲ ရက်စက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သွားပေါ်အောင် ပြုံးဖြီးကာ ပြန်ပြောလိုက်သည် “နောက်ဆုံးတော့ သူတို့ ရောက်လာပြီပေါ့။ ဒါပေမယ့် အရမ်းကို နောက်ကျလွန်းနေပြီ”

ပြောပြီးနောက် ထိုင်ရာမှထ၍ “ဒီလောကကြီးရဲ့ ဒေသခံတွေက အရမ်းကို တုံးလွန်းတယ်။ ငါတို့တွေကို အခုလို ပြင်ဆင်ချိန် ပေးရတယ်လို့။ အရင်ခြောက်လအချိန်သာ မရှိခဲ့ရင် ငါတို့ကလန် အပြည့်အဝ အားပြန်ဖြည့်လာရင်တောင် ဘာမှဒီလောက် လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ မတူတော့ဘူး။ သူတို့ လာရဲမှတော့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမှာပေါ့။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ကြိတ်ချေပြီး ငါတို့ကလန်သားအသစ်တွေ ပြန်လည်မွေးဖွားလာဖို့အတွက် အသုံးပြုရမယ်”

သူ၏ ယုံကြည်ချက်ရှိလှသော လေသံကြောင့် လာအစီအရင်ခံသော အရိုးမျိုးနွယ်ဝင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားဿွားခဲ့ရသည်။ ဤလောကကြီး တစ်ခုလုံးကို အုပ်စိုးပြီး ဒေသခံများကို သူတို့ကလန် ကျွန်ပြုနေသည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေမိသည့်အလား။

“ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကလန်သားအားလုံး သွေးကန်ထဲကို အသက်စွမ်းအင်တွေ မထည့်သွင်းတော့နဲ့။ အသစ်မွေးလာတဲ့ အဖွဲ့သားတွေကို ကန်ထဲက စွမ်းအင်တွေကို စုပ်ယူနိုင်သမျှ စုပ်ယူကြဖို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ” ထိုအရိုးမျိုးနွယ်စုဝင်သည် ချက်ချင်း ပြန်ထွက်သွားပြီး ခေါင်းဆောင်၏ အမိန့်ကို ပြန်ပြောလိုက်သည်။

ခဏအတွင်းဆိုသလို သွေးကန်ပတ်လည်တွင် စုဝေးနေကြသော အရိုးမျိုးနွယ်စုဝင်များသည် ကန်တွင်းသို့ အသက်စွမ်းအင် ဖြည့်သွင်းနေခြင်းကို ရပ်တန်လိုက်ပြီး သွေးကန်ထဲမှ စွမ်းအင်များကို စတင် စုပ်ယူတော့လေသည်။

အသွေးအသားကို ပိုင်ဆိုင်ထားခြင်း မရှိသော အရိုးခြောက်များတွင် အသွေးအသားတို့ ဖြစ်တည်လာသည်။

အသွေးအသားရှိပြီးသော အရိုးမျိုးနွယ်စုဝင်များမှာမူ သွေးကန်ထဲမှ စွမ်းအင်များကို စုပ်ယူပြီးနောက် ယခင်ထက် ပိုမိုသန်မာလာခဲ့သည်။

အရိုးမျိုးနွယ်စုဝင်သည် ယခုတစ်ကြိမ်၌ ရေကုန်ရေခန်း တိုက်ခိုကရန် ပြင်ဆင်နေလေပြီ။

ရေဝိဥာဉ်ကျောင်းတော် အဓိကကျွန်းကြီး၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းနေသော ကြောက်လန့်ဖွယ်ရာ သွေးတိမ်တိုက်များသည် အရိုးမျိုးနွယ်စုဝင်များ၏ ကိုယ်ထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။

မျိုးနွယ်စုသုံးခုပေါင်းမှ ပညာရှင် တစ်ထောင်ကျော်သည် အဆုံးမဲ့ပင်လယ်ပြင်ကို ဖြတ်လျက် ရေဝိဥာဉ်ကျောင်းတော် ရှိရာဆီ ပျံသန်းလာနေခဲ့ကြသည်။

သူတို့ရှေိ့ရှိ ကျွန်းပေါ်တွင် အရိုးမျိုးနွယ်စုဝင်များ ရှိနေခဲ့ကြသည်။ အကုန်လုံးသည် ချဉ်းကပ်လာနေသော ဒေသခံများကို စားကောင်းသောက်ဖွယ်များသဖွယ် ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့ကြသည်။

အတော်များများသည် သူတို့၏ နှုတ်ခမ်းများကိုပင် လျှာဖြင့်သပ်နေခဲ့ကြသည်။

ကျွန်းမှ ဆယ်မိုင်အကွာသို့ အရောက်တွင် ရန်ကိုင် ရပ်တန့်လိုက်သည်။

သိချင်စိတ်ပြင်းပြနေသော မရေမတွက်နိုင်သည့် မျက်လုံးများသည် ရှေ့တည့်တည့်သို့ ရောက်သွားခဲ့သည်။

ဤနေရာသို့ ရောက်လာသူများနက် အများစုသည် အရိုးမျိုးနွယ်စုဝင်များကို မမြင်ဖူးကြချေ။ ထို့ကြောင့် ယခုအကြိမ်သည် သူတို့၏ ရန်သူများကို ပထမဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် မြင်ဖူးကြခြင်းဖြစ်ပေသည်။

အရိုးမျိုးနွယ်စုဝင်များသည် အပြင်ပန်းတွင် သာမန်လူ တစ်ယောက်နှင့် မကွာခြား။ အစိမ့်ရင့်ရောင် တောက်နေသော သူတို့၏ မျက်လုံးများသာ ကွာခြားခြင်းဖြစ်သည်။ သူတို့၏ မျက်လုံးထဲမှ ထွက်ပေါ်နေသော သွေးဆာရက်စက်သည့် အေးစက်စက် အရှိန်အဝါသည် အရိုးမျိုးနွဘ်စုဝင်နှင့် ရင်ဆိုင်ရသူတိုင်းကို စိတ်မသက်မသာ ဖြစ်စေနိုင်ပေသည်။

“သူတို့တွေက အရိုးမျိုးနွယ်စုဝင်တွေလား” လူများစွာက အံ့အားသင့်တကြီး ရေရွတ်လိုက်ကြသည်။

“တကယ်တော့ ဘာမှမဟုတ်လည်း မဟုတ်ပါလားကွာ။ ငါမှာတော့ အရိုးမျိုးနွယ်စုဝင်တွေကို ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ လူတွေကို ထင်နေခဲ့တာ။ တကယ်တော့ ငါတို့လို လူတွေနဲ့ ဘာမှမကွာဘူးပဲ”

“ဟား ဟား ဟား။ ခဏကြာအောင် အဲ့ကောင်တွေကို ကြောက်ရွံ့မှုဆိုတာ ဘာလဲသိအောင် လုပ်ပေးလိုက်ကြတာပေါ့ကွာ”

အကုန်လုံးသည် အရိုးမျိုးနွယ်စုဝင်များကို မျက်လုံးထဲ မထည့်သည့်အလား စိတ်ရှိတိုင်း အော်ဟစ် လှောင်ပြောင်ကြတော့သည်။

“ရန်ကိုင် မင်းဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။ မင်းက ခေါင်းဆောင်ဆိုတော့ မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်” ကျန်းယွမ်က ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ရန်ကိုင်ကို မေးလိုက်သည်။

ထိုလူများသည် မဟာနတ်ဆိုးနတ်ဘုရား တစ်ချိန်က တိုက်ခိုက်ခဲ့သော ရန်သူများဖြစ်ပေသည်။ ယခု နှစ်ပေါင်း ထောင်နှင့်ချီကြာသွားပြီးသည့်နောက် နတ်ဆိုးဗိုလ်ချုပ်ကြီး ကျန်းယွမ်ဖြစ်သော သူသည်လည်း ထိုကောင်များကို တစ်ဖန် ပြန်လည် တိုက်ခိုက်နေရလေပြီ။ တစ်ချိန်က မဟာ နတ်ဆိုးနတ်ဘုရား အမြစ်ဖြတ် မသုတ်သင်နိုင်ခဲ့သော ထိုအရှုပ်များကို အစွမ်းကုန်သုံး၍ ရှင်းပစ်မည်ဟု သူ့စိတ်ထဲ ကြုံးဝါးနေခဲ့သည်။

“ကျုပ်အရင်ဆုံး လှုပ်ရှင်းမယ်။ ခင်ဗျားတို့အားလုံး စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေ” ရန်ကိုင်က ပြောလိုက်သည်။

“ဘယ်လိုလ” ကျန်းယွမ် ကြောင်သွားခဲ့ပြီး ရန်ကိုင်ကို လှည့်ကြည့်လိုက်သည်။ မိုးကြိုးနဂါးနှင့် လူသားမျိုးနွယ်စုမှ အခြားပညာရှင်များသည်လည်း သူ့အား ထူးထူးဆန်းဆန်းဖြင့် စိုက်ကြည့်လာကြသည်။

ကျန်းယွမ်က ဖြည်းဖြည်းချင်း ခေါင်းခါရင်း ပြန်ပြောလိုက်လေသည် “ဒီစီနီယာက မင်းကို အထင်သေးတာ မဟုတ်ပေမယ့် မင်းရဲ့ လက်ရှိခွန်အားနဲ့ ဒီအတိုင်း ပြေးဝင်သွားရင် ကျိန်းသေမုချ သေရလိမ့်မယ်”

“ဟုတ်တယ်၊ ရန်ကလေး၊ မင်းက ငါတို့ မျိုးနွယ်စု သုံးခုပေါင်း မဟာမိတ်ကို အမိန့်ပေးနေရတဲ့လူဆိုတာ မမေ့သင့်ဘူးနော်။ ဒီတော့ မင်းကိုယ်မင်း သေသေချာချာ ဂရုစိုက်နိုင်ရင် အကောင်းဆုံးပဲ” မန်ဝူရက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည် “ဒီလူအိုကြီးက အရင်ရှေ့ထွက်ရင်ကော”

မတော်တဆ ရန်ကိုင် တစ်ခုခု ဖြစ်သွားမည်ကို သူစိုးရိမ်ပေသည်။

“မလိုဘူး။ အခုလို အရင်ရှေ့ထွက်ရာ ကျုပ်အကြောင်းနဲ့ ကျုပ်ရှိတယ်။ စောင့်သာကြည့်နေ” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်သည်။

ပြောပြီးသည်နှင့် ကြယ်လွန်းပျံကို ထုတ်ကာ ရေဝိဥာဉ်ကျောင်းတော်ရှိရာ ကောင်းကင်ပေါ်ဆီ ပျံတက်သွားသည်။

အောက်ဘက်တွင် ရှိနေသော မရေမတွက်နိုင်သည့် အရိုးမျိုးနွဘ်စုဝင်များက မော့ကြည့်လာခဲ့သည်။ ရန်ကိုင်အား မြင်လိုက်သည့်အခါ ကဲလော့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည် “မင်းပဲ”

သူ့အား အရူးတစ်ယောက်ပမာ လှည့်စားသွားခဲ့သော ရန်ကိုင်ကို ကဲလော့ မမေ့ချေ။ ထို့နောက် နောက်ပိုင်း ထိုကောင်စုတ်လေးအား ဖမ်းမိသည့်အခါ တစ်သက် မမေ့လောက်မည့် သင်ခန်းစာမျိုး ပေးမည်ဟု စိတ်ထဲတွင် ကြိတ်၍ ကြုံးဝါးခြ့သည်။

သို့သော်လည်း ရန်ကိုင်သည် သူ့ကိုယ်သူ သူ့ရှေ့သို့ အရောက်ပို့လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကဲလော့ ပျော်သွားခဲ့ပြီး ချက်ချင်းပဲ သူ့လက်ကိုဝှေ့ရမ်း၍ အော်ပြောလိုက်သည် “သူ့ကိုဖမ်းကြ။ အဲ့ကောင်လက်ထဲမှာ ရှိနေတဲ့ ကြယ်လွန်းပျံကို ငါလိုချင်တယ်”

ကဲလော့က ထိုကဲ့သို့ ပြောလိုက်သည့်အခါ သူတော်စင် ဒုတိယအဆင့် ကလန်သားတစ်ယောက် ကောင်းကင်ပေါ်သို့ ပျတက်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထိတွေ့ကိုင်တွယ်လုနီးပါး ရသော သားရဲတစ်ကောင် ဖြစ်စေလျက် ရနက်ိုင်အား ကိုက်ခိုင်းလိုက်သည်။

ထိုမွန်းစတားသည် အလွန်တရာကိုမှ ကြီးမားလှသည်။ သားရဲပုံစံမှာမူ ထုန်းရွှမ်လောကကြီးရှိ မည်သူမှ မမြင်ဖူးသော သားရဲမျိုးဖြစ်သည်။ ၎င်းမှ ပေးစွမ်းနေသော မိစ္ဆာချီသည် ကောင်းကင်နှင့် မြေပြင်ကိုပင် စားသုံးနိုင်သယောင်...

မိုးပြာရောင်အလင်းတန်းတစ်ချက် လက်သွားပြီး ရန်ကိုင်၏ ကြယ်လွန်းပျံသည် ထိုတိုက်ခိုက်မှုကို အလွယ်လေး ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် ရေဝိဥာဉ်ကျောင်းတော် အပေါ်သို့ ပျံသန်းသွားပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် ကျွန်းပေါ်တွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များကို လွှမ်းခြုံလိုက်သည်။

ကဲလော့မျက်လုံး မှေးကျဉ်းသွားခဲ့ပြီး ရန်ကိုင်အား လှောင်ပြောင်လိုက်လေသည် “ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုလား”

ပြောပြီးသည်နှင့် သူ့ဆီမှ ရန်ကိုင်နောက် မနိမ့်ကျသော စိတ်စွမ်းအင်တို့ ထွက်ပေါ်လာပြီး မမြင်နိုင်သော ဓါးတစ်ချောင်း အသွင်ကို ဖြစ်ပေါ်စေကာ ရန်ကိုင်၏ အသိစိတ်ပင်လယ်ကို ထိုးစိုက်လိုက်သည်။

ရန်ကိုင်တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွား၏။

“ဟန့်၊ သေချင်နေတဲ့ကောင်။ ငါ့ရှေ့မှာတောင် လာပြီး ကောင်းကင်စိတ်အာရုံနဲ့ တိုက်ခိုက်ပြချင်သေးတယ်။ ကိုယ့်အတိုင်းအဆ ကိုယ်မသိတဲ့ကောင်ပဲ” ကဲလော့က လှောင်ပြောင်ရယ်မောလိုက်သည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၆၉) ထိပ်တိုက်ရင်ဆိုင်ခြင်း

ရေဝိဥာဉ်ကျောင်းတော်၏ ကောင်းကင်ယံထက်တွင် ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်ထက် နာကျင်နေသည့်ဟန်ဖြင့် မလှုပ်မယှတ် ထိုင်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ဖြူလျော်သွားခဲ့ပြီး မြေကမ္ဘာနွားသိုးက အလျင်အမြန် အော်ပြောလိုက်လေသည် “မကောင်းတော့ဘူး။ ဒီကောင်လေး လှုပ်လို့မရတော့ဘူး။ ငါတို့ သူ့ကို သွားကယ်မှရမယ်”

“နောက်ကျသွားပြီ” ရန်ကိုင်ဆီ အလျင်အမြန် ချဉ်းကပ်သွားနေသော အရိုးမျိုးနွယ်စုဝင်ကို ကြည့်ရင်း နတ်ဆိုးဗိုလ်ချုပ်မန်ကဲ မျက်နှာပျက်သွားသည်။

အစောပိုင်းက ရန်ကိုင်သည် ထူးဆန်းသော မှော်ရတနာ အားကိုးဖြင့် အရိုးမျိုးနွယ် သူတော်စင်၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။ သို့သော်လည်း ယခုတွင် သူသည် မလှုပ်ရှားနိုင်တော့ပြီ ဖြစ်သဖြင့် အရိုးမျိုးနွယ်စုဝင် သူတော်စင်သည် ကြမ်းကြုတ်စွာ ပြုံးလျက် သူ့ဆီ အလျင်အမြန် ချဉ်းကပ်လာပြီး သူ့လည်ပင်းကို ဖမ်းချုပ်ရန် ပြင်လိုက်သည်။

ရန်ကိုင် သေတော့မည်ဟု အကုန်လုံး တထစ်ချ ယုံကြည်နေခဲ့သည်။

ထိုရက်စက်သည့် မြင်ကွင်းကို မမြင်ရက်သူများသည် ချက်ချင်းပဲ အကြည့်ရှောင်လွဲသွားကြလေသည်။

သို့သော် ထိုတစ်ခဏအတွင်း အပူစွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာပြီး ရေဝိဥာဉ်ကျောင်းတော် တစ်ခုလုံးကို အနီရင့်ရောင်ဖြင့် တောက်ပသွားစေခဲသည်။ မရေမတွက်နိုင်သော အရှိန်တညီးညီး တောက်လောင်နေသည့် မီးတောက်မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာပြီး ဥက္ကာမိုး ရွာသည့်နှယ် ကျွန်းပေါ်သို့ ကျဆင်းလာလေသည်။ မီးတောက် တစ်ခုချင်းစီတိုင်းထဲတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်တို့ ကိန်းအောင်းပါဝင်နေလေရာ မြေပြင်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး တစ်ခဏအတွင်း မည်းနက်သွားခဲ့ရလေသည်။

အရိုးမျိုးနွယ်စုဝင်များ၏ အစိမ်းရောင် မျက်လုံးများထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားပြီး ကောင်းကင်ပေါ်သို့ အလန့်တကြား ပျံပြေးကြတော့လေသည်။

သူတို့ အကြောက်ဆုံးသည်ကြား မီးပင်၊ အလွန်ကိုမှ လောင်ကျွမ်းနိုင်စွမ်း ပြင်းထန်သည့် မီးတောက်များသည် သူတို့အား အပြီးတိုင် သတ်ဖြတ်နိုင်သော အရာများထဲမှ တစ်ခုဖြစ်ပေသည်။

တစ်ချိန်တည်းတွင် အဖမ်းခံရတော့မည်ဟု အားလုံး ထင်နေကြသော ရန်ကိုင်သည် ရုတ်တရက် လှုပ်ရှားလာခဲ့၏။ သူ့ဆီ ချဉ်းကပ်လာနေသော အရိုးမျိုးနွယ် သူတော်စင်အား လှောင်ပြုံးပြုံးပြလျက် သူ့အဖွဲ့သားများ ရှိရာဆီ ချက်ချင်း ပြန်ပြေးလေသည်။

“ကောင်စုတ်လေး၊ မင်းဒီလူအိုကြီးကို လန့်ပြီး သေအောင် လုပ်နေတာပဲ” မန်ဝူရ ချဲ့ကားပြောနေခြင်းမဟုတ်။ ရန်ကိုင်ကို ယုံကြည်သော်ငြား ယခုမြင်လိုက်သော မြင်ကွင်းသည် သူ့အား ရင်တမမ ဖြစ်သွားစေခဲ့သည်။

“အဲ့ကောင်တွေကို ခြောက်ချင်ရုံ သက်သက်နဲ့ အရင်ဆုံး ပြေးထွက်သွားတာလား” ကျန်းယွမ်က ရန်ကိုင်အား မကျေမနပ် ဖြစ်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “စောင့်ကြည့်နေ”

“ဘာကို စောင့်ကြည့်ရမှာလဲ” ကျန်းယွမ် မျက်မှောင် ကြုံ့သွားခဲ့သည်။ ရန်ကိုင် ဘာတွေ ကြံနေမှန်း သူတကယ်ကို နားမလည်နိုင်ချေ။

တကယ်တော့ အရိုးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သော ကဲလော့အပါအဝင် ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို မည်သူမှ နားမလည်ချေ။

ရန်ကိုင်၏ စိတ်စွမ်းအင်သည် သူ့အောက် မနိမ့်ကျမှန်း ကဲလော့ သိသွားလေပြီ။ မဟုတ်လျှင် ရန်ကိုင် အနေဖြင့် သူ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုမှ လွတ်လွတ်ကျွတ်ကျွတ် ပြန်ဆုတ်ခွာသွားနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ကဲလော့ နားမလည်သည်ကာား ရန်ကိုင်၏ ရည်ရွ်ချက်ပင်။ သူ့ဝိဥာဉ်မည်မျှ အားကောင်းကြောင်း ပြချင်ရုံ သက်သက်ဖြင့် သူတို့ ရပ်နေသည့် ကောင်းကင်ပေါ်သို့ ပျံတက်လာခြင်းလား။

သူစိတ်ရှုပ်နေပြီး အသက်ဆယ်ရှိုက်စာ အကြာ၌ အရိုးမျိုးနွယ်စုဝင်များဆီမှ နာနာကျင်ကျင် အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်စ၊ နှစ်ယောက်စ အော်ဟစ်နေရာမှ တစ်ယောက်ပြီးတစ်‌ယောက် တောက်လျှောက် အော်ဟစ်လာခဲ့ကြသည်။

အကုန်လုံးသည် မခံမရပ်နိုင်လှအောင် နာကျင်နေသည့်နှယ်၊ ခဏအကြာ၌ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။ ထိုအဖြစ်အပျက်ကောင့် အရိုးမျိုးနွယ်စုဝင် ငါးရာ၊ ခြောက်ရာလောက် ကျဆုံးသွားခဲ့ရသည်။

“ဘာတွေ ဖြစ်နေတာလဲ” ကဲလော့ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လေသည်။

“ကျုပ်တို့လည်း မသိပါဘူး ဆရာ” အနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် တစ်ယောက်က ပြန်ပြောလိုက်သည်။

မျိုးနွယ်စုသုံးခုသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေကြသည်။ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို အကုန်လုံး နားမလည်နိုင် ဖြစ်နေကြလေသည်။

သို့သော်လည်း နာနာကျင်ကျင် အော်ဟစ်ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အရိုးမျိုးနွယ်စုဝင် များသည် မသေမျိုးအဆင့်များသာ ဖြစ်ကြမှန်း အကုန်လုံး သတိပြုမိလိုက်ကြသည်။ အဖွဲ့ထဲတွင် ရှိနေသော အားအနည်းဆုံးသူများပင်။

“ကောင်းကင်စိတ်အာရုံတိုက်ခိုက်မှုပဲ” သူတော်စင် ပထမအဆင့် တစ်ယောက်၏ အမူအရာ ဖြူလျော်သွားခဲ့သည်။ ခေါင်းတဆစ်ဆစ် ကိုက်နေသည်ကို တောင့်ခံရင်း အံကြိတ်၍ တင်ပြလိုက်သည် “သူ့ကောင်းကင်စိတ်အာရုံထဲမှာ ထူးဆန်းတဲ့ အင်းဆက်တွေ ပါနေပါတယ်။ အဲ့ကောင်တွေက ကျုပ်တို့ရဲ့ ဝိဥာဉ်တွေကို စားသောက်နေတာ။ အကောင်ကလည်း အရမ်းသေးတော့ ရှာရအရမ်းခက်တယ်။ ကျုပ်တောင်မှ အခုမှ သတိပြုမိတာ”

“ဝိဥာဉ်ဝါးမြိုအင်းဆက်တွေလား” ကဲလော့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူ့လက်အောက်ငယ်သား တင်ပြချက်နှင့် ကိုက်ညီသော အင်းဆက်တစ်မျိုးကို သွားစဉ်းစားမိလိုက်သည် “ဒီလို ချောင်ကျတဲ့ နေရာမှ အဲ့ကောင်တွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”

ပို၍ ထိတ်လန့်စရာကောင်းသည်ကား ဝိဥာဉ်ဝါးမြို အင်းဆက်များကို ထိုလူငယ်လေး အသုံပြုနိုင်ပုံနှင့် သူ့ကောင်းကင်စိတ်အာရုံထဲသို့ပင် ထည့်သွင်း အသုံးပြုနိုင်သည့် အချက်ပင်။

သူ့အသံကို ဆယ်မိုင်အကွာကပင် ကြားရလေရာ မျိုးနွယ်စုကြီး သုံးခုမှပညာရှင်အားလုံး ရန်ကိုင်အား ထိတ်လန့်၊ တုန်လှုပ်နေသည့် အမူအရာများဖြင့် အံ့ဩတကြီး ကြည့်လိုက်ကြသည်။

သူတို့လည်း ဝိဥာဉ်ဝါးမြိုအင်းဆက်များ အကြောင်းကို ကြားဖူးပေသည်။ ထိုရှေးဟောင်းအင်းဆက်များသည် စိတ်စွမ်းအင်ကိုသာ စားသုံးသော အင်းဆက်များ ဖြစ်သည်။ ထိုအင်းဆက်၏ ကူးစက်ခြင်း ခံလိုက်ရပါက ကူးစက်ခံရသူ၏ ဝိဥာဉ်သာ လုံလောက်အောင် သန်မာခြင်းမရှိပါက ကျိန်းသေ သေရပေလိမ့်မည်။

သို့သော်လည်း သူတို့ကို ပို၍ အံ့အားသင့်စေသည်ကား ရန်ကိုင် ထုတ်လွှတ်လိုက်သော အင်းဆက်များသည် ကောလဟာလများထက် ပို၍ အားကောင်းနေခြင်းပင်။ ရှေးဟောင်းမှတ်တမ်းများထဲ ဖော်ပြထားသည်ကား သူတော်စင်အဆင့် ပညာရှင်များသည် သူတို့၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ထိုအင်းဆက်များကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟုပင်။

သို့သော်လည်း အရိုးမျိုးနွယ်စုဝင်များထဲတွင် ရှိနေသော သူတော်စင်အဆင့် ပညာရှင်များလည်း ရန်ကိုင် လွှတ်လိုက်သော ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ သက်ရောက်ခြင်း ခံနေခဲ့ရသည်။ ထိုပညာရှင်များကို ကြည့်ရသည်ကား မသေမျိုးအဆင့်များလောက် အမူအရာ ဆိုးရွားခြင်းမရှိသော်လည်း အခြေအနေ ကောင်းသည့်ပုံ မပေါ်ချေ။

“အဲ့ဝိဥာည်ဝါးမြိုအင်းဆက်တွေကာ မင်းဟာတွေလား” မန်ဝူရက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “အဲ့ကောင်တွေကို ကျုပ်စိတ်စွမ်းသုံးပြီး မွေးထားတာ”

“မင်းမွေးထားတာလား...” မန်ဝူရ အမူအရာ မဲ့သွားခဲ့ပြီး တစ်ချိန်တည်းတွင် ရန်ကိုင်၏ သတ္တိကိုလည်း လေးစားမိသွား၏။

“အရိုးမျိုးနွယ်စုက မသေမျိုးအဆင့်တွေကို မင်းတာဝန် ထားလိုက်လို့ ပြောတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ မင်းလက်ထဲမှ ဒီလို ဝှက်ဖဲအကြီးကြီးတစ်ခု ရှိနေတာကိုး” မိုးကြိုးနဂါးစီနီယာကြီး ရုတ်တရက် နားလည်သွားသည်။ ထိုဝိဥာဉ်ဝါးမြို အင်းဆက်များသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းကာ သတိမထားလျှင် မျိုးနွယ်စု တစ်ခုလုံးကိုပင် သုတ်သင်ပစ်နိုင်ပေသည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် မိုးကြိုးနဂါးနှင့် ကျွန်းယွမ်တို့၏ ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွဲသွားသည်။

ရန်ကိုင်နှင့် ရန်သူဖြစ်မလာဘဲ သူနှင့် မိတ်ဆွေဖြစ်အောင် ကြိုးစားမိခဲ့သည်ကို ကြိတ်ပျော်သွားသည်။ ရန်ကိုင်နဲ့သာ ရန်သူဖြစ်လာပါက သူ့ဝိဥာဉ်ဝါးမြိုအင်းဆက်များနှင့်ပင် နတ်ဆိုး သို့ မွန်းစတားမျိုးနွယ်စု တစ်ခုလုံးကို ဖျက်စီးပစ်နိုင်ပေသည်။

သူတော်စင်များသည် ထိုအင်းဆက်များကို ကြောက်မည် မဟုတ်သော်လည်း သူတို့ မျိုးနွယ်စုနှစ်ခုတွင် သူတော်စင် အဆင့် ဘယ်လောက်များများ ရှိပါလိမ့်မည်နည်း။ သူတော်စင် အဆင့်အောက်တွင် ရှိနေသော ကလန်သားအားလုံး ထိုဝိဥာဉ်ဝါးမြိုအင်းဆက်များကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

လူသားမျိုးနွယ်စုဝင်များသည် ထိုအချက်ကို သတိပြုမိလိုက်သည်။ ရန်ကိုင်ကို ကြည့်သော သူတို့၏ အကြည့်များသည်လည်း မသိလိုက်မသိဘာ ပြောင်းလဲ၍ သွားခဲ့လေသည်။ ဘုံးကိုးခုထွတ်မြတ်နယ်မြေနှင့် ဆက်ဆံရေးကောင်းအောင် မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်နှင့် ပက်သက်၍ သေချာ စဉ်းစားရန် လိုလာလေပြီ။

“တိုက်ပွဲအဖွင့်ကတော့ ချောချောမွတ်မွတ်နဲ့ ပြီးသွားပြီ” ချူလင်းရှောင်က နှစ်ထောင်းအားရစွာ ပြုံးလိုက်ပြီး “အဖွဲ့သား ရာနဲ့ချီ တစ်ပြိုင်တည်း အသကတ်ခံလိုက်ရတယ်။ ကြည့်ရတာ ဒီနေ့ ဒီကောင်တွေ ဒီမှာသေဖို့ ကံကြမ္မာပါလာတာနဲ့တူတယ်”

“ဒီကောင်တွေမှာသာ ဦးနှောက်ရှိတယ်ဆိုရင် ဒီအတိုင်း သေဖို့ ထိုင်စောင့်နေကြမှာမဟုတ်ဘူး” ရန်ကိုင်က ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်၏။ တိုက်ပွဲအဖွင့်အဖြစ် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို အောင်အောင်မြင်မြင် အသုံးချနိုင်လိုက်သော်လည်း အနီးကပ်တိုက်ပွဲသာ စတင်ခဲ့မည်ဆိုပါက သူ့ဝိဥာဉ်ဝါးမြို အင်းဆက်များသည် ထင်သလောက် အကျုံးဝင်တော့မည် မဟုတ်ချေ။

ထိုအင်းဆက်များသည် သူတို့၏ မသိစိတ်အရ စိတ်စွမ်းအင်ကို ဝါးမြိုကြသည်။ အနီးကပ်တိုက်ပွဲ စသည့်အခါ မတော်တဆ မျိုးနွယ်စုသုံးခုမှ ပညာရှင်များကိုလည်း တိုက်ခိုက်မိကောင်း တိုက်ခိုက်နိုင်ပေသည်။

အရိုးမျိုးနွယ်စုဝင်များ ဆက်လက် စိတ်ရှုပ်နေစေရန် ရန်ကိုင် ဆုတောင်းနေမိသည်။ အချိန်သာ လုံလောက်ရင် ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် သူတော်စင်အဆင့် အောက်တွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် အားလုံးကို သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။

ထိုအခါမှ တစ်ရာကျော်လောက်သာ ရှိတော့သော သူတော်စင်အဆင့်များကို ရှင်းပစ်ရန်မှာ မျိုးနွယ်စုသုံးခု စုပေါင်းထားသော အင်အားစုအတွက် အလွန်ကိုမှ ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်ပေသည်။

အသက်သုံးဆယ်ရှိုက်စာအတွင်း ငါးရာ၊ ခြောက်ရာသော အရိုးမျိုးနွယ်စုများသည် ပင်လယ်ထဲသို့ ပြုတ်ကျ၊ ကုန်းပေါ်သို့ ပြုတ်ကျ သေဆုံးခဲ့ကြရသည်။ အစိမ်းရောင်တောက်ခဲ့ဖူးသော သူတို့၏ မျက်လုံးများသည် အရောင်အဆင်း ကင်းမဲ့သွားချေပြီ။

ဝိဥာဉ်ဖျက်စီးခံရလျှင် ထူးဆန်းပါသည်ဆိုသော အရိုးမျိုးနွယ်စုဝင်များပင် သေကြရသည်။

သူ့ကလန်သားများစွာ သေဆုံးသွားကြသည်ကို မြင်သော် ကဲလော့ အမျက်ဒေါသချောင်းချောင်း ထွက်သွားခဲ့သည်။ ဒေါသထွက်ထွက်နှင့် ကောင်းကင်ပေါ်သို့ မော့ကာ အော်ဟစ်လိုက်ရာ သိပ်သည်းလှသော သွေးမြူခိုးများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံသွားလေသည်။

ထိုသွေးမြူခိုးများထဲ သိပ်သည်းလှသော ပြင်ပစွမ်းအင်များကာမက ကြောက်မက်ဖွယ်ကောင်းလှသော ကဲလော့၏ စိတ်စွမ်းအင်များလည်း ပါဝင်နေခဲ့သည်။

ထိုသွေးမြူခိုးများ ထွက်ပေါ်လာသည်နှင့် သူနှစ်ပေါင်း များစွာ ပျိုးထောင်လာခဲ့ရသော ဝိဥာဉ်ဝါးမြိုအင်းဆက်များစွာ ဆိုးဆိုးရွား၇ွား ထိခိုက်သွားခဲ့ရသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ရန်ကိုင် မျက်နှာပျက်သွားပြီး အသက်ရှင်ကျန်ရစ်သော အကောင်းများကို ချက်ချင်း ပြန်ဆင့်ခေါ်လိုက်သည်။

လက်ရှိအချိန်တွင် အရိုးမျိုးနွယ်စုဝင် နှစ်ထောင်ကျော် ကျန်ရစ်နေပေသေးသည်။ တစ်ယောက်ချင်းစီတိုင်းသည် ရန်ကိုင်အား မုန်းမုန်းတီးတီး၊ ခါးခါးသီးသီး စိုက်ကြည့်နေခဲ့ကြသည်။

အားကောင်းလှသော ဆွဲငင်အားတို့ အရိုးမျိုးနွယ်စုများမှ ထွက်ပေါ်လာခဲ့သည်။ သေဆုံးသွားသော အရိုးမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်များသည် အလျင်အမြန် ခြောက်သွေ့သွားခဲ့ပြီး အသက်စွမ်းအင်များအဖြစ်သို့ ပြောင်းကာ ရှင်သန်နေသော အရိုးမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

ထိုတစ်ခဏအတွင်း သေဆုံးသွားခဲ့သော အရိုးမျိုးနွယ်စုဝင်များအားလုံးသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အပြီးတိုင် ပျောက်ကွယ်သွားလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ကြောင်သွားခဲ့ပြီး ရေရွတ်မိလိုက်သည် “သူတို့ ဒီလိုလည်း လုပ်နိုင်တာပဲလား”

မျိုးနွယ်စုသုံးခုမှ ပညာရှင်များမှာလည်း မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေခဲ့ကြသည်။

ထိုထူးဆန်းသော စွမ်းအင်ကြောင့်၊ သေသည့်လူများလေ၊ ကျန်ရှိနေသော အရိုးမျိုးနွယ်စုဝင်များ ပိုအားကောင်းလာလေ ဖြစ်သည်ကို ရန်ကိုင်တို့ တွေ့ရှိလိုက်ရသည်။

ခက်ခဲသော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရတော့မည်မှန်း အကုန်လုံး နားလည်လိုက်ကြသည်။

“သူတို့ ပိုပြီး အားကောင်းလာပြီနေ” မန်ဝူရက အော်ပြောလိုက်သည်။

“ထိပ်တိုက်ရင်ဆိုင်ကြပေတော့” ရန်ကိုင်က မျက်လုံး မှေးစဉ်း၍ အော်ပြောလိုက်သည် “သာမန်တိုက်ခိုက်မှုတွေက သူတို့အပေါ် သက်ရောက်မှုမရှိဘူးဆိုတာကို သတိရနော်။ သာမန် သေလောက်တဲ့ ဒဏ်ရာတွေလည်း သူတို့ကို ဘာမှမလုပ်နိုင်ဘူး။ သူတို့ကို သတ်ချင်ရင် ဆွဲဖြဲပစ်တာ၊ တစ်စစီ ဖျက်စီးပစ်တာ၊ အမှုန့်ဖြစ်အောင် လောင်ကျွမ်းပစ်တဲ့ နည်းလမ်းတွေက အကောင်းဆုံးပဲ”

ထိုအကြောင်းကို တစ်ကြိမ် ပြောခဲ့ပြီးပြီး ဖြစ်သော်ငြား တိုက်ပွဲစတော့မည် ဖြစ်လေရာ နောက်တစ်ကြိမ် မပြောဘဲ မနေနိုင်အောင် ဖြစ်ခဲ့သည်။

“ငါကသိတယ်။ အဲ့လမ်းလျှောက်နေတဲ့ အရိုးခြောက်တွေ ဒီစီနီယာအကြောင်း ကောင်းကောင်း သိသွားအောင် လုပ်ပေးလိုက်မယ်” ကျန်းယွမ်က ပြုံးဖြီးလိုက်သည်။

အရိုးမျိုးနွယ်စုဝင် နှစ်ထောင်ကျော်သည်လည်း ရန်ကိုင်တို့ဆီ ပျံသန်းလာနေခဲ့ကြသည်။ အကုန်လုံးသည် ဘာစကားတစ်ခွန်းမှဆို။ ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေကြရသည်။ သူတို့၏ အမူအရာအရ အကုန်လုံးသည် သေမည်ကို မကြောက်သည့်ပုံပင်။

မျိုးနွယ်စုသုံးခုမှ ပညာရှင်များ မလှုပ်ရှားကြသေး။ သူတို့ အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏ ခွန်အားကို စုစည်းထားကြလေပြီ။

အဖွဲ့နှစ်ဖွဲ့ကြားမှ ဆယ်မိုင်အကွာအဝေးသည် တစ်ခဏ အတွင်း ကျဉ်းမြောင်းသွားခဲ့သည်။

အရိုးမျိုးနွယ်စုဝင်များသည် လမ်းတစ်ဝက်သို့ ရောက်လာသည့်အခါ လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုမှ ပညာရှင်များ စတင် လှုပ်ရှားလိုက်ကြသည်။ သိပ်သည်းလှသော သူတော်စင်ချီ၊ နတ်ဆိုးချီနှင့် မွန်းစတားချီ စီးကြောင်းများသည် တလက်လက် တောက်ပနေသော မှော်ရတနာများနှင့်အတူ တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။

စွမ်းအင်များပေါက်ကွဲရာမှ ထွက်ပေါ်လာသော အလင်းများကြောင့် ကောင်းကင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။ လောကကြီးသည်ပင် ထိုစုပေါင်း တိုက်ခိုက်မှုကြောင့် တုန်ခါလာခဲ့ရသည်။

ပုံသဏ္ဏာန်အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိသော မှော်ရတနာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

နှစ်ထောင်ကျော်သော အရိုးမျိုးနွယ်စုဝင်များသည် သူတို့၏ ပါးစပ်များကို ဟ၍ ချောက်ချားဖွယ်ကောင်းစွာ အော်ဟစ်မြည်ကြွေးလိုက်ကြသည်။ ထိုအော်သံကြောင့် ပင်လယ်လှိုင်းတို့ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့ပြီး ချဉ်စုပ်စုပ် အနံ့ထွက်နေသော သွေးချီများသည် အော်သံနှင့် ရောယှတ်လျက် မျိုးနွယ်စုသုံးခုမှ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုများကို တန်ပြန် တိုက်ခိုက်လိုက်ကြသည်။

အထွဋ်အထိပ်သိုင်းဧရာဇ်

အတွဲ(၅)- ထုန်းရွှမ်လောကကြီး

အပိုင်း (၉၇၀) ပညာရပ်အသီးသီးကို ထုတ်ပြခြင်း

မြေပြင်တစ်ခွင် လှုပ်ခါလာပြီး ပင်လယ်ရေလှိုင်းတို့ မြင့်တက်လာခဲ့သည်။ ရှေ့ပိုင်းတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် တစ်ရာသည် မျိုးနွယ်စုသုံးခုမှ ပညာရှင်များ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရကာ လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ရသည်။

ပိုများသော အရိုးမျိုးနွယ်စုဝင်များသည် ဒီရေလှိုင်းများသဖွယ် ထွက်ပေါ်လာပြီး မျိုးနွယ်စုသုံးခုဆီ အကြောက်အရွံ့ကင်းမဲ့စွာ ပြေးဝင်သွားကြသည်။

လှိုင်းလုံးအကူအညီနှင့် သူတို့အဖွဲ့သား တစ်ရာကို စတေးခြင်းဖြင့် အရိုးမျိုးနွယ်စုသည် မျိုးနွယ်စုသုံးခု၏ စုပေါင်းတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ အနီးကပ်တိုက်ပွဲကြီး စတင်တော့ပေမည်။ အရိုးမျိုးနွယ်စုဝင် နှစ်ထောင်ကျော် ရှေ့သို့ ပြေးတက်လာသည့် မျိုးနွယ်စု သုံးခုသည် ချက်ချင်း အဖွဲ့ခွဲလိုက်ပြီး ရန်သူကို ထိပ်တိုက် ရင်ဆိုင်လေသည်။

လက်ရှိတိုက်ပွဲသည် ဤလောကကြီး၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် တိုက်ပွဲဖြစ်မှန်း အရိုးမျိုးနွယ်စုဝင်များ နားလည်ထားကြသည်။

သူတို့သာ ရှုံးနိမ့်သွားလျှင် အမြစ်ပြတ် သုတ်သင်ခြင်း ခံရပေလိမ့်မည်။ သူတို့ အနိုင်ရခဲ့လျှင်တော့ ဤလောကကြီးကို သူ့တို့ လက်အောက်သို့ သိမ်းသွင်းနိုင်ပေလိမ့်မည်။

ထို့ကြောင့် ကဲလော့ မီးကုန်ယမ်းကုန် ကြမ်းလေပြီ။ ကလန်သား နည်းနည်းပါးပါး ဆုံးရှုံးရသည်ကို ဂရုမထားဘဲ နိုင်ပွဲရရန်ကိုသာ အာရုံစိုက်ထားသည်။

မြည်ကြွေးသံ၊ နာနာကျင်ကျင် အော်ဟစ်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့ကာ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံး၊ ပျောက်ကွယ်နေကြရသည်။ သွေးပန်းပွင့်တို့သည်လည်း ကောင်းကင်နှင့် မြေပြင်ထက် ဝေဝေဆာဆာ ပွင့်လန်းလာကြသည်။

အရိုးမျိုးနွယ်စုဝင်များသည် အရေအတွက်ပိုင်းတွင် အားသာချက်ရထားသည်။ ရန်ကိုင်သည် ဝိဥာဉ်ဝါးမြို အင်းဆက်များကို သုံးပြီး တိုက်ခိုက်ခဲ့သည့်တိုင် အရိုးမျိုးနွယ်စုဝင် များစွာကို သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိကာ သူတို့၏ လက်ရှိအရေအတွက်သည် မျိုးနွယ်စုသုံးခုပေါင်း၏ နှစ်ဆရှိနေခဲ့သေးသည်။

ထို့အပြင် အရိုးမျိုးနွယ်စုဝင်များသည် သာမန် ဒဏ်ရာ၊ ဒဏ်ချက်များကို မကြောက်ရွံ့ချေ။ အရိုးသာ မပျက်စီးသရွေ့ သေလောက်အောင် ပြင်းထန်သည့် ဒဏ်ရာများရလျှင်ပင် မမှုပါချေ။

သို့သော်လည်း သူတို့တွင် မှော်ရတနာများ မရှိချေ။

ဤလောကကြီးသို့ ပထမဆုံးအကြိမ် စတင် ခြေချခဲ့စဉ် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီခန့်က သူတို့တွင် ကိုယ်ပိုင် မှော်ရတနာများ ရှိခဲ့လောက်သည်။ သို့သော် နှစ်ပေါင်း ထောင်နှင့်ချီ ကြာသွားပြီးသည့်နောက် ထိုမှော်ရတနာများမှာ အချိန်၏ တိုက်စားမှုကို မလွန်ဆန်နိုင်ဘဲ ပျက်စီး၊ ပျောက်ကွယ်သွားခဲ့ကြရလေပြီ။

လက်ရှိတွင် သူတို့၏ ကိုယ်ပိုင်ခွန်အားကိုသာ အားကိုး၍ တိုက်ခိုက်နေကြရသည်။

မျိုးနွယ်စုသုံးခုပေါင်းစည်းထားသော ပညာရှင်များတွင်မူ တိုက်ခိုက်ရေး မှော်ရတနာများ၊ ကာကွယ်ရေး မှော်ရတနာများ အသီးသီး ရှိနေခဲ့ကြသည်။

အရိုးမျိုးနွယ်စုဝင်များတွင် ရှိနေသော သူတော်စင် အရေအတွက်သည် လူသား၊ နတ်ဆိုးနှင့် မွန်းစတား မျိုးနွယ်စုဝင်များထက် ပိုနည်းပေသည်။

တစ်ဖက်ချင်းစီတွင် ကိုယ်ပိုင် အားသာချက်နှင့် အားနည်းချက်များ ရှိနေခဲ့သည်။ ထို့ကြောင့် တိုက်ပွဲစသည့် အခါ ထုန်းရွှမ်လောကကြီး၏ အနာဂတ်ကို ခန့်မှန်းရန် ခဲယဉ်းသွားခဲ့သည်။

အရိုးမျိုးနွယ်စုဝင်များ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေခဲ့ရသည်။ တစ်ယောက်ချင်းစီတိုင်းသည် တစ်စစီ ဖျက်စီးခံရလျှင်ခံရ၊ မခံရလျှင် ပြာဖြစ်အောင် လောင်ကျွမ်းပစ်ခံရသည်။

မျိုးနွယ်စုသုံးခုပေါင်းဘက်မှလည်း အကျအဆုံးများ ရှိပေသည်။ သို့သော် အရိုးမျိုးနွယ်စုဝင်များနှင့် ယှဉ်လျှင် သူတို့သည် ပို၍ အကျအဆုံး နည်းသည်။

လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်များသည် သူတို့၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည် အသီးသီးကို ထုတ်ပြလာခဲ့ကြလေပြီ။

သိပ်သည်းထူပိန်းနေသော အနက်ရောင် တိမ်တိုက်သည် ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံထားလေရာ ညရောက်ပြီးသလားဟုပင် ထင်မှတ်ရသည်။

နေမင်း၏ တောက်ပသော အလင်းတန်းများသည် ထိုတိမ်တိုက်ကို ထိုးဖောက်နိုင်ခြင်း မရှိလေရာ ပင်လယ်ပြင် တစ်ခုလုံး အမှောင်ကျနေခဲ့ရသည်။

ပတ်ဝန်းကျင်လေထုသည်လည်း ထူးထူးခြားခြားကို အေးစိမ့်နေခဲ့သည်။ အနက်ရောင် တိမ်တိုက်များ ကျဆင်းလာသည့်အခါ တောင်ပေါင်းတစ်ရာ ကျဆင်းလာသည်နှင့် မခြားသော ဖိအားကို သယ်ဆောင်လာရာ အောက်ဘက်တွင် ရှိနေသည့် ရာပေါင်းများစွာသော အရိုးမျိုးနွယ်စုဝင်များ၏ လှုပ်ရှားမှုများ နှေးကွေးလေးလံလာခဲ့ရလေသည်။

တိမ်တိုက်အောက်တွင် ကျန်းယွမ်သည် သူကိုယ်တိုင် ဦးဆောင်၍ နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်များစွာကို ခမ်းနားကြီးကျယ်သော အခင်းအကျင်းဖြင့် နေစေလျက် ကြောက်မခန်းလိလိ တိုက်ခိုက်မှုများကို ထုတ်ဖော်နေခဲ့သည်။

သိပ်သည်းလှသော အနက်ရောင် စွမ်းအင်တို့ ကိန်းအောင်းနေသော ဧရာမ ဥက္ကာခဲကြီးတစ်စင်းသည် အနက်ရောင်တိမ်တိုက်များဆီမှ အောက်ဘက်တွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များဆီသို့ ကျဆင်းလာခဲ့သည်။

ထိုအနက်ရောင်ဥက္ကာခဲသည် ကမ္ဘာပျက်မတတ် ကြောက်မခန်းလိလိ အဖျက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ထိုဥက္ကာခဲသည် ဖိနှိပ်ခံနေရသော အရိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများဆီ ပြုတ်ကျသွားသည့်အခါ ပိန်းပိန်းပိတ် မည်းမှောင်နေသော အနက်ရောင် လှိုင်းလုံးများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။

ထိုအနက်ရောင်လှိုင်းများသည် ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး အနီးအနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် ကျင့်ကြံသူများကို သုတ်သင်ပစ်သွားသည်။

အောက်ဘက်ရှိ ပင်လယ်ပြင်လျှိုဝင်သွားပြီး ဧရာမ ရေလျှိုမြောင်ကြီးတစ်ခု ဖြစ်လာခဲ့ရသည်။

ဆယ်မိုင်အကွာတွင် ရှိနေသာ ရေဝိဥာဉ်ကျောင်းတော်၏ အဓိကကျွန်းမကြီးသည်ပင်လျှင် ထိုတိုက်ခိုက်မှုကြောင့် တစ်စစီ ပဲ့ကြွေပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ရသည်။

ခရက်...

ထိုအနက်ရောင်ပေါက်ကွဲမှုထဲ ပါသွားသော မရေမတွက်နိုင်သည့် အရိုးမျိုးနွယ်စုဝင် ကလန်သားများသည် ထောင်နှင့်ချီသော ဓါးသွားများ၏ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည့် ပမာ တစ်စစီ ဖြစ်ကုန်ကြလေသည်။

မသေမျိုးအဆင့် အရိုးမျိုးနွယ်စုဝင်များသည် ထိုကဲ့သို့ ပြင်းထန်လှသည့် တိုက်ခိုက်မှုမျိုးကို မခုခံနိုင်ကြချေ။

ထိုတိုက်ခိုက်မှုကြောင့် သူတော်စင်အဆင့် အရိုးမျိုးနွယ်စုဝင်များပင် ပြင်းပြင်းထန်ထန် ထိခိုက်၊ ဒဏ်ရာရသွားခဲ့ကြရသည်။ အပြေးမြန်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့၏ ကံကြမ္မာသည် မသေမျိုးအဆင့်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကျန်းယွမ်၏ ကြောက်မက်ဖွယ်ရာ ခွန်အားကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရပြီးနောက် အသက်ရှင် ကျန်ရစ်သော အရိုးမျိုးနွယ်စုဝင် ပညာရှင်များ၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားခဲ့သည်။

နတ်ဆိုးဗိုလ်ချုပ်လေးယောက်သည်လည်း ငြိမ်မနေခဲ့။ လေးယောက်စလုံးသည် နတ်ဆိုးချီကို အဆုံးစွန်ထိ မြှင့်တင်၍ အရိုးမျိုးနွယ်စု အုပ်ထဲ ပြေးဝင်သွားကာ သိုးအုပ်ထဲ ရောက်နေသည့် ကျားတစ်ကောင်နှယ် စိတ်လွတ်ကိုယ်လွတ် သတ်ဖြတ်နေခဲ့ကြသည်။

မန်ဝူရသည် တစ်ယောက်တည်း တိုက်ခိုက်နေခဲ့သည်။

သူ့လက်များသည် ကောင်းကင်ကို ဖမ်းဆုပ်နိုင်သည့်ပမာ၊ သူ့လှုပ်ရှားမှုများသည် အရိုင်းဆန်ကာ လွတ်လပ်သော သဘောကို သယ်ဆောင်ထားသည်။ အံ့ဩဖွယ်ကောင်းလှသော အရှိန်အဝါသည် သူ့ကို ဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့လွင့်နေခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် မည်သည့် အရိုးမျိုးနွယ်စုဝင် ပညာရှင်မှ သူ့နားသို့ မချဉ်းကပ်ရဲချေ။

မန်ဝူရ၏ ခေါင်းထက်တွင်၊ နက်နဲသော စွမ်းအင်တို့ စုဝေးလာခဲ့ပြီး များပြားလှသော သားရဲကြီးများအဖြစ်သို့ တဖြည်းဖြည်း သိပ်သည်းသွားခဲ့သည်။ ထိုသားရဲများသည် အတော့်ကိုမှ ကြီးမားလှပြီး ထိတ်လန့်ဖွယ်ရာ ရှေးဟောင်း အရှိန်အဝါကို သယ်ဆောင်ထားကြသည်။

ခဏအကြာတွင် သားရဲအားလုံး အသက်ဝင်လာရာ အကုန်လုံး၏ မျက်လုံးများ ပွင့်လာခဲ့ပြီး ကြီးစိုးနိုင်သော အဖျက်စွမ်းအင် အရှိန်အဝါတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရလေသည်။

စုစုပေါင်း သားရဲရှစ်ကောင်ရှိပြီး အချို့သည် မြေပြင်တစ်လျှောက် ပြေးလွှားသွားကြကာ အချို့သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြပြီး အချို့မှာမူ ပင်လယ်ထဲတွင် ကူးခတ်နေကြသည်။

ထိုသားရဲရှစ်ကောင်သည် တကယ့် အစစ်အမှန် သားရဲများနှင့် ခွဲမရအောင် တူပေသည်။ ခဏအကြာတွင် ထိုသားရဲများသည် အရိုးမျိုးနွယ်စုဝင်များသည် ပြေးဝင်သွားပြီး အရိုးမျိုးနွယ်စုဝင်များကို တစ်စစီ နင်းခြေပစ်၊ အကောင်းလိုက် ဝါးမြိုပစ် လုပ်ကြသည်။

ချူလင်းရှောင်သည် ကောင်းကင်ဂိုဏ်းတော်မှ သူတော်စင်များကို ဦးဆောင်၍ အရိုးမျိုးနွယ်စုဝင်များဘက်မှ သူတော်စင်တတိယအဆင့် ပညာရှင်များကို သီးသန့်၊ ပစ်မှတ်ထားကာ လိုက်လံ သတ်ဖြတ်ကြသည်။

မီးတောက်နီမိုးကြိုးနဂါး၊ မြေကမ္ဘာနွားသိုးနှင့် ရေခဲကျောက်စိမ်းစပါးအုံတို့သည် သားရဲအသွင်ပြောင်းလျက် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များကို ဦးဆောင်လျက် အရိုးမျိုးနွယ်စုဝင်များကို အားကုန်သုံး တိုက်ခိုက်နေကြ၏။

မီးတောက်နီမိုးကြိုးနဂါးသည် မီးတောက်မီးလျှံများကို တောက်လျှောက် မှုတ်ထုတ်နေခဲ့သည်။ သူသွားသည့် နေရာတိုင်းတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များ ပြာအဖြစ်သို့ ပြောင်းရသည်။ အရွယ်ရောက်ယောကျာ်းတစ်ဦး၏ လက်မောင်းလုံးလောက် ရှိသော လျှပ်စီးတန်းများသည် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ တဖျတ်ဖျတ် လက်နေခဲ့ကာ ကောင်းကင်ထက်မှ မိုးကြိုးများကို အဆက်မပြတ် ဆွဲယူ၍ အနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များကို တစ်စစီ ဖျက်စီးပစ်နေခဲ့သည်။

မြေကမ္ဘာနွားသိုး ခြေချလိုက်သည့် နေရာတိုင်းတွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာရသည်။ ထိုထဲမှ ပြင်းထန်လှသော မြေကမ္ဘာချီဓါတ် ဝဲကတော့များ ပေါ်လာပြီး အနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင်များကို မြေကြီးထဲသို့ ဆွဲခေါ်သွားကြသည်။

ရေခဲကျောက်စိမ်းစပါးအုံ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လှပသော ကျောက်စိမ်းဖြူ အကြေးခွံများက ဖုံးအုပ်ထား၏။ ထိုအကြေးခွံများကြောင့် သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အသစ်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး အရိုးမျိုးနွယ်စုများ၏ တိုက်ခိုက်မှုတိုင်းသည် သူမပေါ် အကျိုးမရှိ ဖြစ်ကုန်ရသည်။ တိုက်ခိုက်မှုတိုင်းသည် မီးပွားများကိုသာ ဖြစ်ပေါ်စေပြီး သူမအား ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

သူမ၏ အမြီးရှည်ကို မွှေးရမ်းလိုက်တိုင်း ကံမကောင်း အကြောင်းမလှရှာသည့် အရိုးမျိုးနွယ်စုများမှ တစ်စစီ ပေါက်ကွဲထွက်ကုန်ကြရလေသည်။

ရှေးဟောင်းနတ်ဆိုးကလန်ဘက်တွင်လည်း လီရုန်သည် ကျော့ရှင်းသိမ်မွေ့သော အကွက်များကို ထုတ်ဖော်လျက် သူမ၏ ကျောက်စိမ်းသဖွယ် ချောမွတ်လှသော လက်သွယ်သွယ်လေးများဖြင့် အရိုးမျိုးနွယ်စုဝင်များ၏ အသက်များကို ချွေယူနေခဲ့သည်။

ဟန်ဖေးသည် အေးစိမ့်လှသော အရှိန်အဝါကို ထုတ်ဖော်လျက် တိုက်ပွဲကွင်းပြင်ထဲ ဝင်သွားခဲ့သည်။ သူမသွားသည့် နေရာတိုင်း နှင်းတို့ ကျဆင်းလာရပြီး ရေခဲပြင်အဖြစ် ပြောင်းလဲသွားရသည်။ သူမ၏ ရိုက်ချက် ခံလိုက်ရသည့် အရိုးမျိုးနွယ်စုဝင်တိုင်း၏ ရင်ဘတ်မှ ကျော့ရှင်းလှပသော ရေခဲပန်းများ ပွင့်လန်းလာသည်။ ထို့နောက် ထိုအရိုးမျိုးနွယ်စုဝင်များသည် တဖြည်းဖြည်း အေးခဲသွားကြရပြီး မကြာမီ အလင်းစက်လေးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားရလေသည်။

မည်သည့် လူသား၊ နတ်ဆိုးနှင့် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်မှ သူတို့၏ ခွန်အားကို မလျှို့ထားတော့ချေ။ သူတို့၏ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြသည်။

သူတို့ဘက်မှ လူဘယ်လောက်လောက် သေသွားသလဲ ဆိုသည်ကိုလည်း ဂရုမစိုက်တော့။ ကျူးကျော်သူ အရိုးမျိုးနွယ်စုဝင်များကိုသာ မြန်နိုင်သမျှ မြန်မြန် ရှင်းထုတ်ပစ်နိုင်ရန် ကြိုးစားနေကြသည်။

ရန်ကိုင်၏ အဖွင့်တိုက်ကွက်သည် အကုန်လုံး၏ စိတ်အခြေအနေကို သက်ရောက်သွားသည့်ပုံပင်။

ရန်ကိုင်သည် မသေမျိုးတတိယအဆင့်သာ ဖြစ်သော်ငြား ရန်သူအုပ်ထဲသို့ တစ်ယောက်တည်း ပျံသန်းသွားပြီး ရာနှင့်ချီသော အရိုးမျိုးနွယ်စုဝင်များကို တစ်ခဏအတွင်း သတ်ဖြတ်ပြသွားခဲ့သည်။

ဤနေရာသို့ ရောက်နေသည့် မည်သည် ပညာရှင်မှ သူတို့ အားနည်းကြောင်း မပြလိုကြချေ။

မထွက်ခွာစဉ်က ရန်ကိုင်အား မျိုးနွယ်စုသုံးခုပေါင်း စစ်တပ်၏ ဗိုလ်ချုပ်ကြီးအဖြစ် သတ်မှတ်ခဲ့သည်။ သို့‌သော် သူသည် တိုက်ပွဲတွင် နောက်မှနေ၍ အမိန့်များ ပေးမနေခဲ့။

စကားလုံးများကို သုံးနေမည့်အစား အပြုအမူကို သုံး၍သာ မျိုးနွယ်စုသုံးခုမှ ပညာရှင်များကို စိတ်အား တက်ကြွလာအောင် လုပ်ပေးခဲ့သည်။

သူ့အနေဖြင့် မျိုးနွယ်စုသုံးခုအား သူတို့ကြားမှ အမုန်းတရားကို ယာယီမေ့စေ၍ ကျူးကျော်သူများကို တွန်းလှန်တိုက်ခိုက်ရေး၌သာ အာရုံစိုက်လာအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။

အကုန်လုံးသည် ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ခိုက်နေကြသည်။ ရန်ကိုင်သည်လည်း ချွင်းချက် မဟုတ်။

ကံမကြောင်းစွာဖြင့် မသေမျိုးတတိယအဆင့် တစ်ယောက်သည် ဤတိုက်ပွဲအား ရလဒ်အား ထူးထူးခြားခြား ပြောင်းလဲသွားအောင် မလုပ်ဆောင်ပေးနိုင်ချေ။ အရိုးမျိုးနွယ်စု တစ်ယောက်ချင်းစီတိုင်းသည် မသေမျိုး အဆင့်သို့ ရောက်နေကြသည်။ ထို့အပြင် ထိုအကောင်းများသည် အလွန်ကိုမှ သတ်ရခက်လှသည်။ ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုစလုံးကို ထုတ်သုံးသည့်တိုင် တိုက်ပွဲစသည့် အချိန်မှနေ၍ လက်ရှိ အချိန်ထိ အရိုးမျိုးနွယ်စုဝင် ပညာရှင် ဆယ်ယောက်ကိုသာ သူထပ်သတ်နိုင်သေးသည်။

ထိုရလဒ်ကြောင့် ရန်ကိုင် အတော်လေး စိတ်ပျက်နေမိကာ သူ့ကိုယ်တွင်းမှ ပူးပြင်းလှသော အစစ်အမှန်ချီများကို အလျင်အမြန် စုစည်းလိုက်သည်။

သူ့ကျောဘက်ရှိ ရွှေနဂါးတက်တူးသည် ရုတ်တရက် အသက်ဝင်လာပြီး သူ့အရေပြားထက် လွတ်လွတ်လပ်လပ် ကူးခတ်တော့သည်။

ထို့နောက် ရွှေနဂါးတက်တူးဆီမှ တလက်လက် တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာရာ အနားတွင်ရှိနေသူအကုန်လုံး မျက်စိကျိန်းသွားရသည်။

ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

အားကောင်းလှသော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံထိတိုင် ပဲ့တင်ထပ်သွားသည်။

တိုက်ပွဲကွင်းပြင် တစ်နေရာမှ ဧရာမရွှေနဂါးကြီး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုရွှေနဂါးသည် နေအသေးစားလေးပမာ အရှိန်ညီးညီး တောက်လောင်နေသော အပူစွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့ကာ အနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် ပညာရှင်များကို လောင်ကျွမ်းပစ်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း အရိုးမျိုးနွယ်စုမှ မသေမျိုးအဆင့် ပညာရှင် လေး၊ငါးယောက် ပြာအဖြစ် ပြောင်းသွားခဲ့ရသည်။

“နဂါးဧကရာဇ်ရဲ့ စွမ်းအားပဲ” ထိုရွှေနဂါး ထွက်ပေါ်လာသည်ကိုမြင်သော် နဂါးဖီးနစ်နန်းတော်မှ နန်းတော်သခင် ချန်ကျို့ သက်ပြင်းရှိုက်လိုက်သည်။ ထိုရွှေးနဂါးသည် အနီးအနားတွင် ရှိနေသော အရိုးမျိုးနွယ်စုဝင် ပညာရှင်များအား စတင် သတ်ဖြတ်နေသည်ကို မြင်သော် ချန်ကျို့ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလေသည် “ငါတို့ နဂါးဖီးနစ်နန်းတော်ရဲ့ နဂါးဧကရာဇ် နောက်တစ်ကြိမ် ပေါ်လာပြီကွ”

နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ချန်ကျို့သည် ထိုမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲ။ ထိုနေ့တွင် နဂါးဖီးနစ်နန်းတော်ကို အေးခဲမရဏလိုဏ်ဂူ ကျူးကျော်ခဲ့သည်။ ဂိုဏ်းတစ်ခုလုံး ပျက်စီးလုနီးနီး ဖြစ်နေစဉ်တွင် နဂါးဧကရာဇ်ထွက်ပေါ်လာပြီး တိုက်ပွဲ အခြေအနေကို အထက်အောက်ပြောင်းပြန် လှန်ပစ်ကာ နဂါးဖီးနစ်နန်းတော်ကို ကယ်တင်ခဲ့သည်။

ယနေ့ အရိုးမျိုးနွယ်စုဝင်များနှင့် တိုက်ပွဲတွင် နဂါးဧကရာဇ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

“ရှောင်လင်” စိတ်လှုပ်ရှားတကြီး အော်ဟစ်နေပြီးနောက် ချန်ကျို့က ဒေါသတကြီး အော်ခေါ်လိုက်သည်။

“ရှိပါတယ် နန်းတော်သခင်” ချန်ကျို့အနားတွင် တိုက်ခိုက်နေသော အကြီးအကဲရှောင်လက် ချက်ချင်းပဲ ပြေးလာခဲ့သည်။

“စွန်းယုလိုက်လာလား” ချန်ကျို့က အဆောတလျင် မေးလိုက်သည်။

“မလိုက်လာပါဘူး။ နဂါးဧကရာဇ်ရဲ့ ခွန်အားက မလုံလောက်သေးလို့ ဒီတိုက်ပွဲမှာ မပါခိုင်းခဲ့တာပါ”

“အဲ့လိုဆိုရင် အဲ့ကိစ္စကကော” ချန်ကျို့က ဧရာမ ရွှေနဂါးကြီးကို ကြောင်ကြည့်နေခဲ့သည်။

စွန်းယုသည် နဂါးဖီးနစ်နန်းတော်၏ နဂါးဧကရာဇ် ဖြစ်သည်။ သူလိုက်မလာခဲ့လျှင် နဂါးဧကရာဇ်သည် မည်ကဲ့သို့ ဤနေရာတွင် ပေါ်လာရသနည်း။

ချန်ကျို့ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

“အစစ်အမှန် နဂါးတစ်ကောင်ရဲ့ အရှိန်အဝါ”

တစ်ချိန်တည်းတွင်၊ တိုက်ခိုက်နေသော မိုးကြိုးနဂါး စီနီယာကြီး၏ တစ်ကိုယ်လုံး တောင့်တောင်ကြီး ဖြစ်သွားပြီး ရွှေနဂါးဆီလှမ်းကြည့်ကာ အလန့်တကြား ထအော်လိုက်၏။

သူသည်လည်း နဂါးအသွင်သို့‌ ပြောင်းနိုင်ပေသည်။ သို့သော် ထိုရွှေနဂါးနှင့်ယှဉ်လျှင် သူ၏ မီးတောက်နီ မိုးကြိုးနဂါးသည် အရွှယ်အစာပိုင်းတွင်ရော၊ မွန်းစတားချီ သန့်စင်မှုပိုင်းတွင်ပါ ပို၍ နိမ့်ကျပေသည်။

ရွှေနဂါးသည် မွန်းစတားမျိုးနွယ်စု၏ အသန့်စင်ဆုံးသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

သူ့တစ်သက် ထိုကဲ့သို့သော အရှိန်အဝါကို ခံစားမိနိုင်သည့် နေ့မျိုးကို ဘယ်သောအခါမှ ကြုံတွေ့နိုင်မည် မဟုတ်ဟု ထင်ထားသည့်အလား မိုးကြိုးနဂါးသည် ထိုတစ်ခဏတာ လုံးဝကို အအံ့ဩကြီး အံ့ဩနေခဲ့သည်။

မြေကမ္ဘာနွားသိုးနှင့် ရေခဲကျောက်စိမ်းစပါးအုံပင်လျှင် ထိုရွှေနဂါးအား လေးစားကြည်ညိုစွာဖြင့် ကြည့်နေကြသည်။

ထိုမြင်ကွင်းကြောင့် မွန်းစတားမျိုးနွယ်စုဝင်များ စိတ်အားတက်ကြွသွားကြပြီး သားရဲအသွင်သို့ ပြောင်းလျက် ဟိန်းဟောက်အော်ဟစ်လိုက်ရင်း အရိုးမျိုးနွယ်စုဝင်များကို ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။

ထိုအစစ်အမှန်နဂါး၏ အရှိန်အဝါသည် မွန်းစတား မျိုးနွယ်စုများကို ပို၍ စိတ်အားတက်ကြွသွားစေခဲ့သည်။

All Chapters