← Chapters

အခန်း (၉၉၁-၉၉၃)

Vol. 67 Ch. 991-993

အခန်း (၉၉၁-၉၉၃)

Vol. 67 Ch. 991-993

အဆတစ်ရာစနစ် စာစဥ်(၆၇)

အခန်း(၉၉၁)

"ဆရာ ပြန်ရောက်လာပြီလား"

ရုတ်တရက် ပြန်ရောက်လာသော ရှောင်တုလီကို မြင်လျှင် ကျန်းချန်၏ မျက်နှာထက်တွင် ဝမ်းသာသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"အင်း.. အခုပဲ ပြန်ရောက်တာ ချစ်တပည့်"

ရှောင်တုလီက ခေါင်းညိမ့်လိုက်ပြီး ကျန်းချန်ကို တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။

"ချစ်တပည့်.. ဒီမှာ ဘာဖြစ်နေတာလဲ"

ကျန်းချန်က လျှို့ဝှက်မထားဘဲ မကြာသေးခင်က ဖြစ်ပျက်ခဲ့သမျှကို ရှောင်တုလီအား အကုန်အစင် ပြောပြလိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ရှောင်တုလီ၏ ရှောင်ထိုက်ယွင်ကို ကြည့်နေသော အကြည့်သည် ချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။

"ဟမ့်.. ရှောင်ထိုက်ယွင်.. ဒီရှောင်တုလီကို မျက်လုံးထဲ မထည့်ဘူးပေါ့လေ.. မင်းက ငါ့တပည့်ကိုတောင် ကြံစည်ရဲတယ်လား"

"ယန်ဒီမြို့မှာရှိတဲ့ တပည့်တွေအားလုံးက အချိန်အတိုင်းအတာတစ်ခု အတွင်းမှာ ဂိုဏ်းရဲ့မစ်ရှင်တွေကို ဆောင်ရွက်ရတယ်.. ယန်ဒီမြို့ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျန်းချန်က မစ်ရှင်တာဝန်ထမ်းဆောင်တာ သဘာဝကျတဲ့ ကိစ္စပဲ.. ဘယ်လိုလုပ်ပြီး ငါက ကြံစည်တာ ဖြစ်နိုင်ပါ့မလဲ.. မင်းရဲ့စကားက စွပ်စွဲလွန်းနေပြီ"

ရှောင်တုလီ ဒေါသထွက်နေသည်ကို မြင်လျှင် ရှောင်ထိုက်ယွင်သည် မျက်စိမျက်နှာ ပျက်နေခဲ့သည်။

သူက ရှောင်တုလီ ယန်ဒီမြို့မှ ထွက်ခွာသွားသည်ကို အခွင့်ကောင်းယူကာ ဂိုဏ်းမစ်ရှင်ကို အသုံးပြု၍ ကျန်းချန်ကို ယန်ဒီမြို့ကနေ ခေါ်ထုတ်သွားခဲ့ပြီး ဤအခွင့်အရေးကို မိမိရရ အသုံးချကာ ကျန်းချန်ကို ဖယ်ရှားပစ်ရန် ရည်ရွယ်ထားခဲ့သည်။

ဤတစ်ခေါက်တွင် သူ၏ တပည့်အရင်းဖြစ်သည့် ရှောင်နန်ကို စေလွှတ်ခဲ့ရုံသာမက နတ်ဝိညာဉ်နယ်ပယ် ဒုတိယအဆင့် ကြီးကြပ်ရေးမှူး တစ်ယောက်ကိုပါ စေလွှတ်ခဲ့သည်။

ထိုနှစ်ယောက်သည် ကျန်းချန်ကို ကိုင်တွယ်ရန် လုံလောက်မည်ဟု မူလက သူထင်ထားခဲ့သည်။

သို့သော်လည်း အဖြစ်မှန်သည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။

ရှောင်နန်နှင့် ကျန်းဟောင်တို့သည် ကျန်းချန်ကို မရှင်းလင်းနိုင်ရုံသာမက ကိုယ်တိုင်ပင် အသက်ဆုံးရှုံးခဲ့ရမည်ဟု ရှောင်ထိုက်ယွင် ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ထိုသတင်းကို ကြားကြားချင်းမှာဆိုလျှင် ရှောင်ထိုက်ယွင်သည် မှင်တက်သွားခဲ့ရသည် အထိပင်။

ထို့ကြောင့် သူက ဆီလျော်မှု မရှိသော စွပ်စွဲချက်တစ်ခုဖြင့် ကျန်းချန်ကို ရှင်းပစ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်သာ သေဆုံးသွားလျှင် ရှောင်တုလီသည် မီးလျှံဓားဘုရင်၏ ထောက်ခံမှုကြောင့် သူ့ကို ဘာမှမလုပ်နိုင်ဟု သူထင်ခဲ့သည်။

သို့သော်လည်း ရှောင်တုလီသည် ဤကဲ့သို့ အရေးကြီးသည့်အချိန်တွင် ယန်ဒီမြို့ကို ပြန်လည် ရောက်ရှိလာမည်ဟု ရှောင်ထိုက်ယွင် မထင်ထားခဲ့ပေ။

"ရှောင်ထိုက်ယွင်.. မင်းငါ့ကို တကယ်ပဲ ငတုံးလို့ ထင်နေတာလား.. မင်းဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူး မထင်နဲ့"

ရှောင်တုလီက အေးစက်စက် ပြုံးလိုက်သည်။

"မင်းက ဂိုဏ်းထဲရောက်တာ မကြာသေးတဲ့ ကျန်းချန်ကို ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင် ထမ်းဆောင်ခိုင်းဖို့ စီစဉ်ခဲ့တယ်.. ငါဒီကိစ္စကို မစုံစမ်းရသေးဘူး.. ထားပါတော့.. အခု ကျန်းချန်က တာဝန်ပြီးစီးလို့ ပြန်လာခဲ့ပြီ.. ဘာလို့ သူ့ကို ပြဿနာရှာနေရတာလဲ"

"ရှောင်ယွဲ့ဂိုဏ်းရဲ့ မစ်ရှင်ကို ထမ်းဆောင်ဖို့ တပည့်ခြောက်ယောက် လွှတ်ခဲ့ပေမယ့် အခု သုံးယောက်ပဲ ပြန်ရောက်လာခဲ့တယ်.. ကျန်းချန်ရဲ့ စကားတွေထဲမှာ သံသယဖြစ်စရာတွေ အများကြီးရှိတယ်.. ငါ့အထင် ဒီထဲမှာ ကြီးမားတဲ့ ပြဿနာရှိနေတယ်"

ရှောင်ထိုက်ယွင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ယန်ဒီမြို့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်အနေနဲ့ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ ငါ့မှာ အခွင့်အရေးရှိတယ်.. ရှောင်ထိုက်ယွင်.. မင်းက အမြဲတစေ သက်သေအထောက်အထားကိုပဲ အဓိကထားတယ် မဟုတ်လား.. ရှောင်နန်ရဲ့ သေဆုံးမှုက ကျန်းချန်နဲ့ ပတ်သက်နေတယ်လို့ သံသယရှိတယ်ဆိုရင် ငါ့ကို သက်သေ အထောက်အထား ထုတ်ပြစမ်း"

ရှောင်တုလီက အမိန့်ပေးသော လေသံဖြင့် ပြောလိုက်သည်။

"မင်း သက်သေအထောက်အထား မပြနိုင်ရင် ငါနဲ့ ဝေးဝေးကို ထွက်သွားလိုက်တော့.. မဟုတ်ရင် ငါ့ကို ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့"

ထိုစကားကို ကြားလျှင် ရှောင်ထိုက်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော် ဖြစ်သွားခဲ့သည်။

ရှောင်တုလီက မည်ကဲ့သို့သော လူမှန်း ရှောင်ထိုက်ယွင် ကောင်းစွာသိသည်။

ယခု ရှောင်တုလီ ပြန်ရောက်လာပြီဖြစ်ရာ မီးလျှံဓားဘုရင်ကိုယ်တိုင်ပင် ရှောင်တုလီရှေ့တွင် ကျန်းချန်ကို ရှင်းပစ်နိုင်မည်မဟုတ်တော့ပေ။

"ကျန်းချန်.. မင်းနေနှင့်ဦးပေါ့.. ဂိုဏ်းသားအချင်းချင်း ထိခိုက်အောင် လုပ်ခဲ့တဲ့ သက်သေ အထောက်အထားတွေ ငါရှာတွေ့တာနဲ့ မင်းက ရှောင်တုလီရဲ့ တပည့် ဖြစ်နေရင်တောင် ဒီအကြီးအကဲက မင်းကို လုံးဝ ချမ်းသာပေးမှာမဟုတ်ဘူး"

ရှောင်ထိုက်ယွင်က ကျန်းချန်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၉၉၁)ပြီး၏။

အခန်း(၉၉၂)

ရှောင်ထိုက်ယွင် ထွက်သွားပြီးနောက်တွင် ရှောင်တုလီသည်ကျန်းချန်ကို သူ၏ နေအိမ်သို့ ပြန်ခေါ်လာခဲ့သည်။

"ကောင်လေး ဒီတစ်ကြိမ်က ဆရာ့ရဲ့ပေါ့ဆမှုပဲ သူတို့တွေက ဂိုဏ်းရဲ့ မစ်ရှင်ကို အသုံးချပြီး မင်းကို ဒုက္ခပေးလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး.. ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ရှောင်ယွဲ့ဂိုဏ်းက မစ်ရှင်မှာ မင်းကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်"

သူ့ရှေ့မှ ကျန်းချန်ကိုကြည့်ရင်း ရှောင်တုလီ၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှောင်တုလီသည် သူ၏တပည့်ကို တဖြည်းဖြည်းပို၍ ကျေနပ်လာမိသည်။

ဤတစ်ကြိမ်တွင် ရှောင်ထိုက်ယွင်သည် ကျန်းချန်ကို ရှင်းပစ်ရန် အတွက် လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။

၎င်းက တပည့်ရင်းဖြစ်သည့် ရှောင်နန်ကို စေလွှတ်ခဲ့ရုံသာမက နတ်ဝိညာဥ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ စေလွှတ်ခဲ့သည်။

ရှောင်ထိုက်ယင်၏ ကြံစည်မှုအောက်တွင် ကျန်းချန်သည် အသက်မသေခဲ့သည့်အပြင် ရှောင်နန်နှင့် ကျန်းဟောင် တို့ကိုပါ သတ်ပစ်နိုင်ခဲ့သည်ကို ရှောင်တုလီ ကိုယ်တိုင်ပင် အလွန်အမင်း အံ့အားသင့်နေမိသည်။

"ကံကောင်းသွားလို့ပါ ဆရာ"

ကျန်းချန်က အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ရှောင်တုလီကို မေးလိုက်သည်။

"ဆရာ ကျွန်တော်တို့ ရှောင်နန်တို့ အဖွဲ့ကို ရှင်းပစ်ခဲ့တာ ဆရာ့အတွက် ဘာပြဿနာမှ မဖြစ်စေဘူးမလား"

"ဘာလို့ ငါက ပြဿနာဖြစ်ရမှာလဲ.. ဒါက သူတို့ကိုယ်တိုင် ကိုယ့်ဒုက္ခ ကိုယ်ရှာလို့ ဖြစ်ရတာပဲ.. ရှောင်ထိုက်ယင်က သက်သေမရှိသေးတာတောင် မပြောနဲ့.. တကယ်ပဲ သူက သက်သေကိုရှာတွေ့ခဲ့တယ် ဆိုရင်တောင် သူက ငါ့ကို ဘာလုပ်န်ိုင်မှာမို့လို့လဲ.. ဒီကိစ္စကို မင်းစိတ်ပူစရာမလိုဘူး.. စိတ်အေးလက်အေးသာ ဆက်လက်ကျင့်ကြံပါ"

ရှောင်တုလီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"မင်းရဲ့ တိုက်ပွဲဝင် စွမ်းရည်က ယန်ဒီမြို့ရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါဝင်နေပေမဲ့ မြင့်မြတ်သော မြို့ကြီးငါးမြို့ရဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့ ယှဥ်ရင်တော့ ကွာဟချက်တွေ ရှိနေသေးတယ်.. ဒီလောက်နဲ့တော့ အင်ပါယာ အမွေအနှစ်နယ်မြေထဲမှာ ရလဒ်ကောင်းတွေရရှိဖို့ မလုံလောက်သေးဘူး "

ရှောင်တုလီထံမှ ထိုစကားကိုကြားလျှင် ကျန်းချန်သည် မငြင်းခဲ့ပေ။

အချိန်နှင့်အာကာသ ဓားနယ်မြေ တိုက်ကွက်ကို ဘေးဖယ်ထားလိုက်လျှင် သူအစွမ်းကုန် ကြိုးစားလျှင်ပင် ရှောင်နန်တို့ ညီအစ်ကို နှစ်ယောက်လောက်ကိုသာ ယှဥ်နိုင်ဖွယ် ရှိသည်။

ရှောင်နန်သည် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်ဆယ်ဦးထဲမှ တစ်ဦးသာ ဖြစ်ပြီး အင်ပါယာအဆင့် ပါရမီရှင်များနှင့် ယှဥ်လျှင် ကွာဟချက်ကြီးကြီးမားမား ရှိနေပါသေးသည်။

အင်ပါယာအဆင့် ပါရမီရှင်ငါးဦး၏ အားအနည်းဆုံး ကျင့်ကြံသူပင် သိုင်းသခင်နယ််ပယ် သတ္တမအဆင့် နှောင်းပိုင်းတွင်ရှိပြီး အသန်မာဆုံးသူသည် သိုင်းသခင်နယ်ပယ် နဝမအဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအင်ပါယာအဆင့် ပါရမီရှင်တစ်ဦးချင်းစီသည် အလွန် အင်မတန်ပင် အစွမ်းထက်ကြသည်။

အခြားမြင့်မြတ်သော မြို့များ၏ ထိပ်တန်း ပါရမီရှင်များသည် ယန်ဒီမြို့၏ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးထက် နိမ့်ကျမည် မဟုတ်ပေ။

သူ၏ လက်ရှိခွန်အားဖြင့် ကြယ်လေးပွင့် သူတော်စင်နယ်မြေငါးခု၏ ထိပ်တန်း ပါရမီရှင်များနှင့် ယှဥ်လျှင် တကယ်ကို ဘာမျှမဟုတ်သေးပေ။

"ငါ ဒီတစ်ခေါက် ယန်ဒီမြို့ကနေ ထွက်သွားတာက မင်းအတွက် လက်ဆောင်တစ်ချို့ ပြင်ဆင်ဖို့အတွက်ပဲ.. ရော့ ဒါတွေက မင်းရဲ့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ် "

ထိုစကားကို ပြောပြီးနောက်တွင် ရှောင်တုလီ၏ လက်ဖဝါးထဲတွင် သေတ္တတစ်လုံး ပေါ်လာခဲ့ပြီး ကျန်းချန်က ရှောင်တုလီထံမှ ထိုသေတ္တာကို ယူကာ ဖွင့်လိုက်သည်။

အထဲတွင် ဆေးလုံး ထည့်သွင်းထားသော ဘူးတစ်ဘူး၊ ကျောက်စိမ်းပုလင်း တစ်လုံးနှင့် အစီအရင်တံဆိပ်ပြား တစ်ခု ပါရှိသည်။

"ဆေးဘူးထဲက ဆေးလုံးက ဆရာကိုယ်တိုင် ပြုလုပ်ထားတဲ့ သတ္တမအဆင့် ဆေးလုံးဖြစ်တဲ့ ကောင်းကင်သန့်ရှင်းဆေးလုံးပဲ.. ဒီဆေးလုံးက ကျင့်ကြံခြင်းအဆင့်ကို အများကြီး မြှင့်တင်ပေးနိုင်တယ်"

"ဆေးဖက်ဝင်စွမ်းအားက အရမ်းကို နက်နဲသိမ်မွေ့ပြီး သိုင်းသခင်နယ်ပယ် ဘယ်အဆင့်မဆို သောက်သုံးနိုင်တယ်.. ကျောက်စိမ်းပုလင်းထဲက အရည်က ကျောက်စိမ်းကန်သူတောင်စင် နယ်မြေကနေ လဲလှယ်ခဲ့တဲ့ ကျောက်စိမ်းကန် ဝိညာဥ်အရည်ပဲ.. ဒါကလည်း ကျင့်ကြံခြင်းကို အများကြီး မြှင့်တင်ပေးနိုင်တဲ့ ဆေးတစ်မျိုးပဲ"

"ဒီအစီအရင်တံဆိပ်ပြားကတော့ နာမည်ကျော် အစီအရင်သခင် ပြုလုပ်ထားတဲ့ သတ္တမအဆင့် ဝိညာဥ်စုဆောင်းခြင်း အစီအရင်ပဲ.. ပစ္စည်းသုံးမျိုးနဲ့ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မကြာခင်မှာ အများကြီး တိုးတက်လာလိမ့်မယ်"

ရှောင်တုလီက ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဆရာ.. ကျန်းချန်က ဆရာ့ကို စိတ်ပျက်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး"

ကျန်းချန်က အသက်ကို ရှူသွင်းလိုက်ပြီး ကျေးဇူးတင်စိတ် အပြည့်ဖြင့် ရှောင်တုလီကို ဦးညွှတ် ဂါ၀ရပြုလိုက်သည်။

ဤတစ်ကြိမ် ရှောင်တုလီ ယန်ဒီမြို့ကနေ ထွက်သွားသည်မှာ သူ့အတွက် လက်ဆောင်များ ပြင်ဆင်ရန် အတွက်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

ဤလက်ဆောင် သုံးခု စလုံးသည် ရှားပါးပြီး အဖိုးထိုက်တန်သော ရတနာများ ဖြစ်ကြ၏။

သူ့တွင် စနစ် ရှိနေသောကြောင့် ကျန်းချန်သည် ပြင်ပအကူအညီ မရလျှင်ပင် နှစ်လအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် နှောင်းပိုင်းအထိ မြှင့်တင်နိုင်မည်ဟု ယုံကြည်ချက် ရှိခဲ့သည်။

ယခု သူ့ဆရာပြင်ဆင်ပေးထားသည့် ပစ္စည်းသုံးခု ရှိနေပြီ ဖြစ်ရာ ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် သိုင်းသခင်နယ်ပယ် သတ္တမ အဆင့်ထိပင် မြှင့်တင်နိုင်မည်ဟု ယုံကြည်မှု အပြည့်အဝ ရှိလာခဲ့သည်။

ထို့ကြောင့် အင်ပါယာ အမွေအနှစ် နယ်မြေ ဖွင့်လှစ်သော အချိန်တွင် သူသည် မြင့်မြတ်သော မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင်များနှင့် ယှင်ပြိုင်နိုင်မည့် ခွန်အား ရှိလာလိမ့်မည် မဟုတ်ပါလား။

အခန်း(၉၉၂)ပြီး၏။

အခန်း(၉၉၃)

"ဒီနှစ်လအတွင်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်ထိ မြှင့်တင်နိုင်မယ်လို့ ငါထင်တယ်.. အချိန်တန်ရင် မင်းက မြင့်မြတ်သော မြို့တော် ငါးမြို့ရဲ့ အင်ပါယာအဆင့် ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်"

ရှောင်တုလီက ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်၏ ထူးခြားသော သွေးစွမ်းအားသည် သူမြင်ဖူးသမျှ အင်ပါယာအဆင့် ပါရမီရှင်များထက် မနိမ့်ကျပေ။

ထို့ကြောင့် ကျန်းချန်သာ သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်အထိ ကျင့်ကြံနိုင်မည် ဆိုလျှင် သူထုတ်ဖော်လိုက်သည့် တိုက်ပွဲဝင်စွမ်းရည်သည် မြင့်မြတ်သော မြို့တော် ငါးမြို၏ ပါရမီရှင်များကို လုံးဝဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပါလား။

"သွားတော့ ငါ့တပည့်.. အေးအေးဆေးဆေး သွားကျင့်ကြံတော့"

"ဟုတ်ကဲ့ ဆရာ"

ကျန်းချန်က ဦးညွှတ် အရိုအသေပြုလိုက်ပြီး ရှောင်တုလီ၏ နေအိမ်ကနေ ထွက်ခွာလာခဲ့သည်။

သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါတွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် သတ္တမအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို စတင် အသက်သွင်းလိုက်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ယန်ဒီမြို့သည် ကျုံးကျိုးကုန်းမြေ၏ ကျင့်ကြံရန် အကောင်းဆုံး မြို့တော်ငါးမြို့ထဲမှ တစ်မြို့ ဖြစ်သည်။

ကျန်းချန်တွင် အဆတစ်ရာစနစ် အပြင် သတ္တမအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ အထောက်အပံ့ပါ ရှိနေခဲ့ရာ သူ၏ ကျင့်ကြံခြင်းသည် သဘာဝကျစွာပင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ရက်ပေါင်း နှစ်ဆယ်ကြာပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် တတိယအဆင့်ကို ထိုးဖောက်သွားခဲ့သည်။

နှစ်လခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ထပ်မံ၍ အောင်မြင်မှုကို ရရှိသွားခဲ့ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့၏။

သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သတ္တမအဆင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ စွမ်းအင်များလည်း ကုန်ဆုံးသွားခဲ့သည်။

ထိုအခါ ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး သူ့ဆရာပေးထားသည့် ကောင်းကင်သန့်စင်ဆေးလုံးနှင့် ကျောက်စိမ်းကန် ဝိညာဉ်ဆေးရည် တို့ကို ထုတ်ယူလိုက်သည်။

ထို့နောက်တွင် သူက ကောင်းကင်သန့်စင် ဆေးလုံးကို မျိုချလိုက်တော့သည်။

"ဒင်.. သင်က သတ္တမအဆင့် ဝိညာဉ်ဆေးလုံးဖြစ်တဲ့ ကောင်းကင်သန့်စင် ဆေးလုံးကို သောက်သုံးလိုက်တဲ့ အတွက် အတွေ့အကြုံရမှတ် ၇၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ"

ကောင်းကင်သန့်စင် ဆေးလုံးကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နောက်ထပ် အဆင့်တစ်ဆင့် မြှင့်တက်လာခဲ့ပြီး သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

ထို့အပြင် ဤသည်မှာ သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်၏ နှောင်းပိုင်းအဆင့် ဖြစ်ရာ ဆဋ္ဌမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

ဤအချိန်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်း အဆင့် ခုန်ပေါက်၍ တိုးတက်လာသည်ကို ကျေနပ်ပီတိ ဖြစ်နေခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် မဆိုင်းမတွပင် ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး ထိုပုလင်းထဲမှ ကျောက်စိမ်းကန် ဝိညာဉ် အရည်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

"ဒင်.. သင်က ကျောက်စိမ်းကန် ဝိညာဉ်အရည် တစ်စက်ကို သောက်သုံးလိုက်သည့် အတွက် အတွေ့အကြုံရမှတ် ၁၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ကျောက်စိမ်းကန် ဝိညာဉ်အရည် တစ်စက်ကို သောက်သုံးလိုက်သည့် အတွက် အတွေ့အကြုံရမှတ် ၁၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ကျောက်စိမ်းကန် ဝိညာဉ်အရည် တစ်စက်ကို သောက်သုံးလိုက်သည့် အတွက် အတွေ့အကြုံရမှတ် ၁၀၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

ကျောက်စိမ်းကန် ဝိညာဉ်အရည် သုံးစက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီး သူ့ဆရာ ပြင်ဆင်ပေးထားသည့် လက်ဆောင်သုံးခု၏ အကူအညီဖြင့် ကျန်းချန်သည် နှစ်လ ဟူသောအချိန်အတွင်း ကျင့်ကြံခြင်းအဆင့်ငယ် လေးဆင့် တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်ကနေ ဆဋ္ဌမအဆင့်ထိ ခုန်ပေါက် တိုးတက်သွားခဲ့သည်။

"သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်နဲ့ ဆိုရင် မြင့်မြတ်သောမြို့တော် ငါးမြို့ရဲ့ ပါရမီရှင်တွေနဲ့ ရင်ဆိုင်ဖို့ အရည်အချင်း ပြည့်မီလောက်ပြီ ထင်တယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က အဆင့်ငယ် လေးဆင့် တိုက်ရိုက်တိုးတက်လာခဲ့သည် ဖြစ်ရာ သူ၏ လက်ရှိ ခွန်အားသည် လွန်ခဲ့သော နှစ်လကထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်၏။

အကယ်၍ ယခုအချိန်၌ ရှောင်နန်ကို ထပ်မံ ရင်ဆိုင်ရမည်ဆိုလျှင် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးမပြုလျှင်ပင် ကျန်းချန်သည် တိုက်ကွက် တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်မည်ဟု ယုံကြည်မှု ရှိသည်။

သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် အလျင်စလို အပြင်သို့ မထွက်သေးပေ။

သူက သူ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် အထိုင်ကျအောင် နှစ်ရက်ကြာ အချိန်ယူ၍ ထပ်မံ ကျင့်ကြံခဲ့ပြီးမှ သူ၏ နှစ်လတာ ကျင့်ကြံမှုကို အဆုံးသတ်ခဲ့သည်။

ထိုအချိန်မှာပင် ရှောင်တုလီ၏ စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်သော စကားသံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"ကျန်းချန်.. အင်ပါယာ အမွေအနှစ် နယ်မြေက မကြာခင်မှာ ဖွင့်လှစ်တော့မယ်.. မင်းလေ့ကျင့်ပြီးပြီ ဆိုရင် ငါ့ကို အမြန်ဆုံး လာတွေ့ပါ"

"အင်ပါယာအမွေအနှစ် နယ်မြေတောင် ဖွင့်လှစ်တော့မှာပါလား"

ရှောင်တုလီ၏ စကားသံကို ကြားလျှင် ကျန်းချန်သည် စိတ်လှုပ်ရှားလာခဲ့သည်။

သူလုံးဝ တုံ့ဆိုင်းမနေဘဲ အခန်းထဲကနေ တိုက်ရိုက် ထွက်ခွာသွားပြီး ရှောင်တုလီ၏ နေအိမ်ဆီသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။

အခန်း(၉၉၃)ပြီး၏။

All Chapters