← Chapters

အခန်း (၁၀၃၁-၁၀၃၅)

Vol. 42 Ch. 1031-1035

အခန်း (၁၀၃၁-၁၀၃၅)

Vol. 42 Ch. 1031-1035

အပိုင်း(၁၀၃၁) ကြယ်ဧကရာဇ်တံဆိပ်ပြား

ကြယ်ဧကရာဇ် တံဆိပ်ပြား တစ်ခုချင်းစီတိုင်းထဲတွင် တန်းခိုရှင်အဆင့် ပညာရှင်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သော ကြယ်တာရာကောင်းကင်မဟာဧရာဇ်၏ စွမ်းအားတို့ ပါဝင်နေသည်။ ထိုအမှန်တရားကို သိလိုက်ရချိန် ရန်ကိုင်မှာ အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

“ငါ့ခေတ်တုန်းက တစ်ယောက်ယောက်က ဒီကြယ်ဧကရာဇ် တံဆိပ်ပြားကိုသုံးပြီး တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးတယ်”

“ဒါက တန်ခိုးရှင်ဘုရင်ကိုတောင် သတ်နိုင်တာလား”

“ကောလဟာလတွေကတော့ အဲ့လို ပြောတာပဲ။ ငါကိုယ်တိုင်လည်း မမြင်ဖူးတော့ အသေအချာ မပြောနိုင်ဘူး။ ချဲ့ကားပြောတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲ့လို ဆိုရင်တောင် ဒီထဲမှာရှိနေတဲ့ စွမ်းအားကို သွားအထင်သေးလို့ မရဘူး။ အချိန်တွေလည်း တော်တော်ကြာသွားပြီးပြီ ဆိုတော့ ကြယ်ဧကရာဇ်တံဆိပ်ပြား အများစုလည်း အသုံးပြုပြီး သွားလောက်ပြီ။ ဒါကြောင့် သေချာဂရုစိုက်ပြီးသုံး။ မင်းလုံးဝ ဒုက္ခရောက်နေပြီဆိုရင် ဒါကို ထုတ်သုံးလိုက်။ မင်းအသက်ကို ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။ ဒါပေမယ့် ကြယ်ဧကရာဇ် အမိန့်ပြားကို တစ်ကြိမ်ပဲ သုံးလို့ရတယ် ဆိုတာကိုတော့ သေချာ မှတ်ထားနော်” ကွေ့ဇူက ရှင်းပြလိုက်သည်။

ရုတ်တရက် သူ့လက်ထဲရှိ ကြယ်ဧကရာဇ် အမိန့်ပြားသည် အလွန်ကိုမှ လေးလာသလို ခံစားလိုက်ရသည်။ ကွေ့ဇူအား အားနာနာဖြင့် ကြည့်၍ “စီနီယာ ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းကို ဘာလို့ ကျုပ်ကို ပေးတာလဲ”

ကွေးဇူက ပြုံးလိုက်ပြီး “ငါ့မှာ ကလေးလည်း မရှိသလို တပည့်လည်း မရှိဘူး။ ပြီးတော့ အခုငါ့ခွန်အားနဲ့ဆို ဒီကြယ်စီရင်စုကြီးထဲမှာ ငါ့ကို အန္တရာယ်ပေးနိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး။ ဒီတော့ ငါ့မှာ အဲ့ဒါ ရှိနေတောင် ဘာမှ အသုံးဝင်မှာမဟုတ်ဘူး။ မင်းမလိုချင်ရင် လွှင့်ပစ်လိုက်။ ဟိုမှရှိနေတဲ့လူတွေ ပျော်ပျော်ကြီး ပြေးကောက်လိမ့်မယ်”

ပြောပြီးသည်နှင့် မီတာတစ်ထောင်အကွာမှ သူတို့အား ကြည့်နေသော ရှန်တို့တို့အား ညွှန်ပြလိုက်သည်။

ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားကို နတ်ဆိုးစာအုပ်၏ အတွင်းပိုင်းထဲသို့ ထည့်သိမ်းလိုက်သည်။

ထိုအခြင်းအရာကိုမြင်သော် ကွေ့ဇူက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်။ ငါမင်းကို ဒီကနေ ခေါ်သွားပေးဖို့ လိုသေးလား”

“ရပါတယ်စီနီယာ၊ ဂျူနီယာ ကိုယ့်ဘာသာ ထွက်သွားလို့ ရပါတယ်” ရန်ကိုင်က ငြင်းလိုက်သည်။

ကွေ့ဇူလည်း ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ ပြုံး၍သာ ပြောလိုက်သည် “ကောင်းပြီ။ အသက်ရှင်အောင်နေနော်။ ငါအရင် သွားနှင့်ပြီ”

ပြောပြီးသည်နှင့် ကွေ့ဇူသည် အနက်ရောင်တိမ်တိုက်အသွင်သို့ ပြောင်းကာ ပျံသန်းထွက်သွားလေသည်။

ကွေ့ဇူ ထွက်သွားသည့် အရပ်ဆီ ကြည့်နေရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏအကြာ၌ ခေါင်းခါရမ်း၍ တခစ်ခစ်ရယ်မောရင်း ရှန်တုနှင့် အခြားသူများဘက်သို့ လှည့်လိုက်သည်။

ထိုငါးယောက်သည် ငြိမ်သက်တိတ်ဆိတ်စွာ စောင့်နေကြသည်။

ကွေ့ဖူ၏ လက်စာမြည်းစမ်းလိုက်ရသော ရှန်တုနှင့် ရွှယ့်ရှီသည် ယခုထိတိုင် အကြောက်မပြယ်သေး။ လူအိုကြီး၏ စွမ်းအားကို တွေးမိလိုက်ရုံဖြင့် သူတို့ ကျောချမ်းရသည်။

“ဟျောင့်ရန်ကိုင်… သူထွက်သွားပြီလား…” ရှန်က စိုးရိမ်တကြီး မေးလိုက်သည်။

“အင်း၊ သူထွက်သွားပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“တကယ်ကြီးလား” ရှန်တု အံ့ဩနေခဲ့သည်။ ယခုလေးတင် ကွေ့ဇူသည် ရန်ကိုင်ဆီသို့ ပျံသန်းသွားသဖြင့် အကုန်လုံး သူတို့ သေရတော့မည် ထင်နေချိန်၊ ကွေ့ဇူသည် ရန်ကိုင်နှင့် စကားလေးဘာလေး ပြောပြီး ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“သူတကယ် ထွက်သွားတာ” ရန်ကိုင်က ထပ်ပြောလိုက်သည် “ဒီလောက် စိုးရိမ်နေစရာမလိုဘူး။ တကယ်တော့ စီနီယာကွေ့ဇူက ဒီလောက်ကြီး ဆိုးတာမှမဟုတ်တာ။ နည်းနည်း စိတ်ဆတ်တာလေးပဲရှိတာ”

ရန်ကိုင်၏ နှစ်သိမ့်စကားကို ကြားပြီးမှပဲ အကုန်လုံး သက်ပြင်းချနိုင်တော့သည်။

“သူ့လို ပညာရှင်တွေက…” ရွှယ့်ရှီက ခါးသက်စွာပြုံးလျက် “လူတွေ သေသေ၊ရှင်ရှင် ဂရုစိုက်တာမှ မဟုတ်တာလေ”

“ရောင်းရင်၊ မင်းသူနဲ့ ဘာတွေပြောနေခဲ့တာလဲ။ ကြည့်ရတာ စကားဝိုင်း ကောင်းခဲ့တယ်နဲ့တူတယ်”

“ဘာမှတော့မဟုတ်ပါဘူး။ အရင်ဆုံး ငါ့ကို ကျေးဇူးတင်တယ်။ ပြီးတာနဲ့ အပြစ်တင်တယ်…” ရန်ကိုင်က ပခုံးတွန့်၍ လက်တန်း ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်သည်။ ကွေ့ဇူနှင့် သူ ပြောနေခဲ့သည်များကို ထိုလူများ မသိမှန်း ရန်ကိုင် ယုံကြည်၏။

ကြယ်ဧကရာဇ်တံဆိပ်ပြား သူ့လက်ထဲတွင် ရှိနေသည် ဆိုသော အကြောင်းကို ထိုလူများအား သွားပြော၍မဖြစ်ချေ။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် အလွန်တရာကိုမှ အဖိုးတန်လွန်းသည်။ သူ့တွင် ကြယ်ဧကရာဇ် တံဆိပ်ပြား ရှိနေသည့် အကြောင်းသာ သတင်းပြန့်သွားပါက တကယ်ကို ခေါင်းကိုက်စရာ ပြဿနာတစ်ခု အစပျိုးလာပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “သွားကြမယ်။ ဒီကနေ အရင်ဆုံး ထွက်သွားကြမယ်”

သူမှ သွားရန် ပြင်လိုက်သော်လည်း အကုန်လုံး တုတ်တုတ်မျှ မလှုပ်သွားကြ။ သူ့ကိုသာ ခါးခါးသီးသီး ကြည့်နေခဲ့သည်။

“ဒီကနေ ထွက်သွားဖို့လား။ ငါတို့က သေခြင်းတရား ချောက်နက်ထဲမှာ ရှိနေတာလေ။ ဓါးအဖွဲ့အစည်းကရော၊ ခရမ်းကြယ်က ကြယ်သခင်တွေမှ မရှိတာ။ ဘယ်လိုလုပ်ပြီး ထွက်သွားမှာလဲ” ရွှယ့်ရှီက ခါးသက်စွာ ပြုံးလိုက်သည်။

ပီယသည် သူမ၏ ကြယ်လွန်ပျံကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ပြီး “ငါကြယ်မြေပုံလည်း ပျက်စီးနေပြီ။ သုံးလို့ မရတော့ဘူး။ ကြယ်မြေပုံသာမရှိရင် ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး”

လွင့်မျောတိုက်ကြီးမှ လွတ်မြောက်လာသည့် အပျော်လေးများ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရကာ စိတ်ဓါတ်ကျမှုတို့က အစားထိုးဝင်ရောက်လာခဲ့သည်။

“အို၊ ဘာမှမဖြစ်ဘူး။ ငါ့နောက်သာလိုက်ခဲ့။ စီနီယာ ကွေ့ဇူ ငါ့ကို လမ်းပြောပြထားတယ်” ရန်ကိုင်က ပြောလိုက်သည်။

အကုန်လုံး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားသည်။

ရှန်တုက သင်္ကာမကင်း အမူအရာဖြင့် “ရန်ကိုင်၊ မင်းပြောချင်တာက ကွေ့ဇူက မင်းကို မသတ်တဲ့အပြင် လမ်းတောင် ပြောပြသွားသေးတယ်ပေါ့၊ ဟုတ်လား”

“အင်း” ရန်ကိုင်က အရှက်မရှိ ခေါင်းညိတ်လိုက်သည်။

“ဟတ်၊ သူဘယ်လိုလုပ်ပြီး ဒီလောက် သဘောကောင်းသွားတာလဲ” ရှန်တု မယုံကြည်နိုင်သေး “အဓိပ္ပါယ်မှ မရှိတာ”

“ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါက အမှန်ပဲ။ သွားကြရအောင်” ရန်ကိုင်က သူ့ကြယ်လွန်းပျံကိုထုတ်လိုက်သည်။ ချက်ချင်းဆိုသလို ရှန်တုက သူ့ကြယ်လွန်းပျံပေါ် ခုန်တက်လာပြီး အပြုံးဖြင့် “ရန်ကိုင်၊ ငါမင်းအပေါ် အားကိုးမယ်နော်။ ငါ့ကြယ်လွန်းပျံ မရှိတော့လို့”

“ကိစ္စမရှိဘူး”

ဤသို့ဖြင့် လူခြောက်ယောက်သည် ကြယ်လွန်းပျံလေးစီးဖြင့် သေခြင်းတရားချောက်နက်ထဲ လေအလျင်ပမာ စတင် ရွေ့လျားကြတော့သည်။

ရှေ့ဆုံးမှ ဦးဆောင်သွားနေသော ရန်ကိုင်သည် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်၍ ကြယ်မြေပုံမှတစ်ဆင့် သူတို့၏ တည်နေရာကို လေ့လာကြည့်ရှုနေခဲ့သည်။ ထိုကဲ့သို့ စစ်ဆေးကြည့်လိုက်သည့် အခါမှပဲ ဤကြယ်မြေပုံ မည်မျှ အဖိုးတန်ကြောင်း သူသိသွားခဲ့ရသည်။

အကြောင်းမှာ ဤကြယ်မြေပုံကို အသုံးပြုခြင်းအားဖြင့် သူ့လက်ရှိ တည်နေရာကို အလွယ်တကူ ရှာနိုင်သလို သေခြင်းတရား ချောက်နက်ထဲမှ ပရမ်းပတာအားစက်ကွင်းများ၏ သက်ရောက်ခြင်း မခံရဘဲ လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားနိုင်သည့် တိကျသေချာသော နည်းလမ်းတစ်ခုကိုပါ ရှာဖွေနိုင်သောကြောင့်ပင် ဖြစ်သည်။

ခရမ်းကြယ်၏ ကြယ်သခင်ဝူဆော့ ဤကြယ်မြေပုံကို မည်ကဲ့သို့ ရခဲ့မှန်း ရန်ကိုင် မသိသော်လည်း ထိုကြယ်မြေပုံကို လက်ရှိတွင် သူပိုင်နေခဲ့ပြီ။

ဝူဆော့ကိုပင် ကျေးဇူးတင်နေမိသည်။ အကြောင်းမှာ ဝူဆော့သာ သူ့အနီးအနားတွင် မသေသွားခဲ့လျှင် ဤကြယ်မြေပုံကို သူရခဲ့လိမ့်မည် မဟုတ်ချေ။ ထို့အတူ ကြယ်စီရင်စုထဲရှိ ထူးဆန်းအံ့ဩဖွယ်ရာများနှင့် အန္တရာယ်များကိုလည်း သိနိုင်တော့လိမ့်မည် မဟုတ်ပေ။

ဤကြယ်မြေပုံဖြင့် ကြယ်စီရင်စုထဲ သူသွားချင်သည့် နေရာကို သွားနိုင်လေပြီ။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး မရပ်မနား မမောတမ်း စကားပြောနေသော ရှန်တု တစ်ယောက်မှလွဲ၍ အကုန်လုံး ငြိမ်သက်၊ တိတ်ဆိတ်နေခဲ့သည်။ ပီယသည် ရှန်နတုနှင့် သွားစကားပြောသည်။ သို့သော် သူမဘက်မှ စလိုက်သည်နှင့် အဆက်မပြတ် ပေါက်ပေါက်ဖောက်နေသော ရှန်တုအကြောင်း သိလိုက်ရပြီးနောက် တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သွားသလို ရှန်တုနှင့် စကားဆက်မပြောတော့ဘဲ သူ့အား လျစ်လျူသာ ရှုထားလိုက်တော့သည်။

အခက်အခဲများစွာကို ကျော်ဖြတ်လာခဲ့ပြီးနောက် အကုန်လုံးသည် ရန်ကိုင်အား သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်လာကြသည်။ ရန်ကိုင် ချမှတ်သည့် ဆုံးဖြတ်ချက်တိုင်းကို ကန့်ကွက်ခြင်းမရှိဘဲ လိုက်နာကြသည်။

ရန်ကိုင်၏ ဦးဆောင်မှုနောက်မှလိုက်ရင်း သေခြင်းတရား ချောက်နက်ထဲ နှစ်လကြာအောင် ခရီးသွားခဲ့ကြသည်။

ယနေ့တွင် သူတို့ရှေ့ ယခင်နှင့်မတူသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာသည် သိပ်သည်းသော ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီး ဖြစ်သည်။ မရေမတွက်နိုင်သော ကြီးမား၊ သေးငယ်သည့် ဂြိုလ်သိမ်ဂြိုလ်မွှားများသည် မမြင်နိုင်သော အားတစ်ရပ်၏ လမ်းညွှန်ရာအတိုင်း အာကာသထဲ စီးမျော့လွင့်နေကြသည်။ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးသည် အလွန်တရာကိုမှ ကျယ်ပြောလှသဖြင့် မည်သည့်နေရာဟာအစ၊ မည်သည့် နေရာဟာ အဆုံးဖြစ်သလဲ ဆိုသည်ကို မပြောနိုင်သည်အထိပင်။

ဧရာမဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးကို မြင်ပြီးနောက် အကုန်လုံး၏ မျက်လုံးများ ဝင်းပသွားခဲ့ကြသည်။

“ငါတို့ ထွက်သွားလို့ရပြီဂ ရှန်တုက ဝမ်းသာအားရ အော်ဟစ်သည် “နောက်ဆုံးတော့ သောက်ကျိုးမပေးတဲ့ နေရာကြီးကနေ ထွက်လာနိုင်ပြီကွ”

“မင်းဘယ်လိုလုပ်ပြီး သိတာလဲ” ရန်ကိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သေခြင်းတရားချောက်နက်ကို ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီး တစ်ခုက ဝိုင်းရံထားတယ်ဆိုတာ လူတိုင်းသိတယ်” ရှန်တုက ပြန်ပြောသည်။

ရန်ကိုင် လှည့်ကြည့်လိုက်ရာ အကုန်လုံး သူ့အား ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

“ကြည့်ရတာ ငါတစ်ယောက်ပဲ မသိတဲ့ပုံပဲ” ရန်ကိုင်က ရှက်ရှက်ဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်သည်။

ရှန်တုက ရယ်ရယ်မောမောဖြင့် ရန်ကိုင်၏ ပခုံးကိုပုတ်ကာ “မင်းလာတဲ့နေရာက သီးခြားခွဲထွက်နေသလို ဖြစ်နေတာကိုး၊ စိတ်မပူနဲ့ အခုစပြီး မင်းဖြည်းဖြည်းချင်း လေ့လာလို့ရပြီ။ လီးပဲ၊ ဒီသောက်သေခြင်းတရားချောက်နက်နားကို ဘယ်တော့မှ ထပ်မလာတော့ဘူး။ ငါ့မှာ သေခါနီးနီးပဲ။ တွေးမိတိုင်း အခုထိ အကြောက်မပြယ်သေးဘူး”

“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက သခင်လေး တစ်ယောက်က လျူကွေ့ချန်ဖမ်းတား ဘယ်လိုလုပ်ပြီး ခံရတာလဲ။ နင့်အစောင့်တွေကော” ရွှယ့်ရှီက ရုတ်တရက် မေးလိုက်သည်။

“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက သခင်လေးလား” ပီယက သူမပါးစပ်ကို လက်ဖြင့်အုပ်၍ အလန့်ကြား ဆိုလိုက်သည်။

ရှန်တုက ရွှယ့်ရှီအား တစ်ခဏကြာသည်အထိ ငေးကြောင် ကြည့်လိုက်ပြီးနောက် စပ်ဖြဲဖြဲပြုံးလျက် “ကျုပ်ဘယ်သူမှန်း ခင်ဗျား ဘယ်လိုလုပ်ပြီး သိသွားတာလဲ”

“သိတာမဟုတ်ဘူး။ သံသယဝင်ရုံပဲ။ လွင့်မျောတိုက်ကြီးပေါ်မှာ ရှိနေတုန်းက ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းဆီ သတင်းပို့ပေးလို့ ရန်ကိုင်ကို နင်ပြောခဲ့တယ်လေ။ ပြီးတော့ နင့်ပုံစံက… ဟိုးနှစ်တွေတုန်းက ငါမြင်ခဲ့ဖူးတဲ့ လူကြီး တစ်ယောက်နဲ့ သွားဆင်နေတယ်။ အဲ့စီနီယာနာမည်က အိုင်အောင်ပဲ” ရွှယ့်ရှီက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အိုင်အောင်။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်လား” ပီယက အလန့်တကြား ထအော်လျက် ရှန်တုအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ဟဲမြောင်နှင့် ဟဲကျောင်ပင်လျှင် ရှန်တုအား အလန့်တကြား ကြည့်လိုက်ကြသည်။ ရှန်တု၏ နောက်ခံ ထိုမျှကြီးမားမည်ဟု သူမတို့ မထင်ထားခဲ့ချေ။

ထိုလူများ ပြောနေသည်ကို နားထောင်ရင်း ရှန်တုသည် မိသားစုကြီးတစ်ခုမှ လာသည်ဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။

ရှန်တုဆီမှ သိခဲ့ရသည်ကား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် ကြယ်စီရင်စု၏ မဟာအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်းနှင့် အဆင့်တူတွင် ရှိနေသည်။ သို့သော် ခရမ်းကြယ်၊ ဓါးအဖွဲ့အစည်းတို့နှင့် မတူသည်ကား ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် စီးပွာရေးကိုသာ အဓိကထားလုပ်ကိုင်သော အင်အားစု တစ်ခု ဖြစ်သည်။ သူတို့၏ လွှမ်းမိုးမှုသည် ကြယ်စီရင်စုကြီးအနှံ့ ပြန့်နေခဲ့ပြီး အရေးပါသော အင်အားစု များစွာနှင့်လည်း အဆက်အသွယ် ရှိကြသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် အရင်းအမြစ် အပေါကြွယ်ဝဆုံး ကြယ်များကို ပိုင်ဆိုင်ထားလေသည်။

“နင်က ခေါင်းဆောင်အိုင်အောင်ရဲ့သားလား” ပီယက ရှန်တုအား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည် “နင့်အကြောင်း ဘယ်လိုလုပ်ပြီး တစ်ခါမှ မကြားဖူးရတာလဲ”

“ငါက တရားမဝင်သားလေ။ ဒီတော့ ငါ့နာမည်ကို ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ကြေညာမှာလဲ” ရှန်တုက အဓိပ္ပါယ်ပါပါ ပြုံးလျက် “နင်ငါ့အကြောင်း မကြားဖူးတာ သဘာဝပဲ”

ရွှယ့်ရှီက ချောင်းဟန့်၍ မသက်မသာပြုံးလျက် “ခေါင်းဆောင် အိုင်အောင်က အရင်တုန်းက တော်တော်လေး ပွေရှုပ်ခဲ့တာတဲ့။ အပြင်မှာလည်း အချစ်ကြွေးတွေ အများကြီး ချန်ထားခဲ့တာတဲ့”

ပီယက ခါးသက်စွာပြုံးလျက် “နင်သာ သူ့သားဆိုရင် ဘာလို့ စီနီယာလျူကွေ့ချန်ကို သွားမပြောတာလဲ။ သူသာ နင်ဘယ်သူမှန်း သိခဲ့ရင် ဧည့်သည်တော်တစ်ယောက်လို့တောင် ဆက်ဆံဦးမှာ။ စွမ်းအင်ခန်းထဲ ပစ်ထားမှာ မဟုတ်ဘူး”

လျူကွေ့ချန်အကြောင်း ကြားလိုက်သည်နှင့် ရှန်တုက အံတင်းတင်းကြိတ်လျက် “ငါပြောတာပဲ။ သူမှ မယုံတာ။ အစ်ကိုရန်ကြောင့်သာ မဟုတ်ရင် နင်တို့ ခရမ်းကြယ် သင်္ဘောပေါ်မှာ ငါသေသွားရလောက်ပြီ”

အကုန်လုံး၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် ရှန်ုတု၏ စကားကို လျူကွေ့ချန် ဘာကြောင့်မယုံမှန်း သိလိုက်သည်။

ခေါင်းဆောင်အိုင်အောင်သည် သားများစွာရှိသော ကျော်ကြားသည့် လူတစ်ယောက်ဖြစ်သည်။ သူ့သား များစွာကို လူမသိကြချေ။ ထို့ကြောင့် ဘယ်ကမှန်း မသိသော လူငယ်လေး တစ်ယောက်သာ သူ့သားဟုဆိုလာပါက မည်သူမှ ထိုလူအား ယုံလိမ့်မည် မဟုတ်ချေ။ ထိုလူသည် ခေါင်းဆောင်အိုင်အောင်၏ သားဟူသော အဆင့်အတန်းကို ယူသုံးချင်နေသည့် လူတစ်ယောက် ဖြစ်သည်ဟုသာ ထင်မြင်ကြပေလိမ့်မည်။

“မင်းကံက တော်တော်ဆိုးတာပဲ” ရန်ကိုင်က ရှန်တုအား ဂရုဏာသက်စွာ စိုက်ကြည့်လိုက်သည်။

“ငါလည်း ဘာမှမှ မတတ်နိုင်တာ” ရှန်တုက မကျေမနပ်ဖြင့် “ငါဒီမှာ သေသွားခဲ့ရင်တောင် အဲ့လောက်ကြီး အဖြစ်ဆိုးမှာ မဟုတ်ဘူး”

စွမ်းအင်ခန်းထဲ ပစ်ထားခံရသည့် အဖြစ်ကို မကျေမနပ် ဖြစ်နေသည့် ရှန်တုအား ကြည့်ရင်း ဟဲမြောင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ဤသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သည် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးကို စတင် ကျော်ဖြတ်ကြတော့လေသည်။ ရက်အနည်းငယ်ကြာပြီးနောက် အခြားတစ်ဖက်တွင် သူတို့ ပြန်ပေါ်လာခဲ့သည်။

သူတို့ရှေ့ရှိ မြင်ကွင်းသည်လည်း ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတွင် ကြယ်များစွာရှိနေခဲ့သည်။ အချို့ကြယ်များသည် အလွန်ကိုမှ ပူပြင်းပြီး အချို့သည် ရေခဲတမျှ အေးစက်နေ၏။ အချို့ကြယ်များသည် အသက်စွမ်းအင်တို့ဖြင့် ပြည့်နေပြီး အချို့သည် ခြောက်ကပ်နေကြသည်။

“ငါတို့ထွက်လာနိုင်ပြီကွ” ရှန်တုက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၃၂) ခရီးတစ်ထောက်နားရာ

မိုးပြာရောင်အလင်းတန်း လေးခုသည် သေခြင်းတရားချောက်နက် အပြင်ဘက်တွင် ရပ်သွားခဲ့သည်။ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့် ရန်ကိုင်မှလွဲ၍ အခြားသူများအားလုံးသည် ရင်းနှီးနေသည့် ကြယ်စီရင်စုကြီးကိုကြည့်ရင်း ဝမ်းသာအားရ၊ ပျော်ရွှင်နေကြသည်။

ခဏကြာမှသာ အကုန်လုံး ငြိမ်သက်သွားကြသည်။

“ငါတို့ အခုဘယ်ရောက်နေပြီလဲ” ပီယက ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သေခြင်းတရားချောက်နက်မှ ထွက်လာနိုင်ခဲ့ပြီးမှန်း သိသော်လည်း မည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကိုမူ မသိ ဖြစ်နေခဲ့သည်။

“ဒီနေရာကို ငါသိတယ်။ ဒီနေရာမှာ ငါအဖမ်းခံခဲ့ရတာ။ ဒီကနေ ရေလကြယ်ဆီကို သိပ်မဝေးဘူး။ ကြယ်လွန်းပျံနဲ့သွားမယ်ဆို တစ်လကျော်လောက်ဆို ရပြီ” ရှန်တုက ရှင်းပြလိုက်သည်။

“ရေလကြယ်လား” ရွှယ့်ရှီက တွေးတွေးဆဆဖြင့် “အဲ့လိုဆို အကြမ်းဖျင်းတည်နေရာကို ငါခန့်မှန်းလို့ရပြီ။ ဓါးအဖွဲ့အစည်းရဲ့ ဓါးကြယ်က အဲ့ဘက်မှာ ဖြစ်လောက်တယ်” ရွှယ့်ရှီသည် ကြယ်တာရာကောင်းကင်ထဲသို့ အရပ်မျက်နှာတစ်ခုဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။

“ရေလကြယ်ဆီ လိုက်လည်ကြဦးမလား” ရှန်တုက လူအုပ်ကြီး ဘက်သို့လှည့်၍ ဖိတ်ခေါ်လိုက်သည်။ သေရေးရှင်ရေး အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်လာပြီးနောက် အချင်ချင်း ရဲဘော်ရဲဘက်များနှယ် ခံစားလာခဲ့ကြရသည်။

ရွှယ့်ရှီက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်သည်။ သဘောတူချင်သည့် ပုံပင်။ သို့သော် ခဏကြာတွင် ခါးသက်စွာပြုံးလျက် ခေါင်းခါပြီး “မလိုက်တော့ဘူး။ သူတော်စင်ဘုရင်အဆင့် ကြယ်သင်္ဘောနဲ့ လူတစ်ရာကျော် ဆုံးရှုံးသွားတာကို ဓါးအဖွဲ့အစည်းဆီ အမြန်ပြန်ပြီး တင်ပြမှဖြစ်မယ်”

ရှန်တုက ရွှယ့်ရှီအား သနားဂရုဏာအပြည့်ဖြင့် ကြည့်လိုက်ပြီး “ဓါးအဖွဲ့အစည်းမှာ မနေနိုင်တော့တဲ့ တစ်နေ့ ရောက်လာခဲ့ရင် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဆီကိုသာလာခဲ့။ ကျုပ်အဆင့်အတန်းက ကျုပ်ညီအစ်ကိုတွေလောက် မမြင့်ဘူး ဆိုပေမယ့် လူအနည်းအကျဉ်းလောက်ကိုတော့ အသာလေး လက်ခံထားလို့ရတယ်”

ရှန်တု ဘာကိုပြောနေမှန်း တစ်ခဏအတွင်း ရန်ကိုင် နားလည်သွားခဲ့သည်။ ရွှယ့်ရှီ ဓါးအဖွဲ့အစည်းဆီသို့ ပြန်ရောက်သွားသည့်အခါ အပြစ်ပေးခံရမည်မှာ သေချာသလောက် ရှိသည်။ ယခုတစ်ကြိမ် သူမ ဦးဆောင်လာသော အဖွဲ့တွင် ဓါးအဖွဲ့အစည်းဘက်မှ အကျအဆုံးများခဲ့ရသည်။ ခေါ်လာခဲ့သူများအနက် သူမနှင့် သူမ၏ တပည့်နှစ်ယောက်သာ အသက်ရှင်ခဲ့သည်။ အရေးကြီးသော ကြယ်ဧကရာဇ် တံဆိပ်ပြားကိုပင်လျှင် ဆုံးရှုံးခဲ့ရသည်။

“အဲ့နေ့ရောက်လာခဲ့ရင် စဉ်းစားကြည့်လိုက်ပါ့မယ်…” ရွှယ့်ရှီက အားတင်းပြုံးလျက် ပြန်ပြောလိုက်သည်။

ထို့နောက် ရန်ကိုင်ဘက်သို့လှည့်လိုက်သည်။ တစ်ခဏတာ ကြောင်ငေးကြည့်နေပြီးနောက် အသာအယာ သက်ပြင်းချလျက် “ရန်ကိုင်၊ အဲ့အကျဉ်းထောင်ဆီကနေ ငါတို့ ဆရာတပည့်တွေကို ပြန်ခေါ်လာပေးလို့ ကျေးဇူးပဲ”

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ထပ်၍ တိုးတိုးလေး ပြောလိုက်သည် “ပြီးတော့… တောင်းပန်ပါတယ်”

ပြောပြီးသည်နှင့် ဦးညွှတ်လိုက်သည်။ ယခင်က သူမနှင့် ရန်ကိုင်ကြား ဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးအတွက် ပွင့်ပွင့်လင်းလင်း တောင်းပန်လိုက်လေပြီ။

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ငါတို့သုံးယောက် အရင်သွားနှင့်မယ်” ပြောပြီးသည်နှင့် ဓါးအဖွဲ့အစည်းကြယ် ရှိသည့်ဘက်ဆီ ထွက်သွားလေသည်။

“ရန်ကိုင်၊ ဂရုစိုက်နော်။ တစ်နေ့ ပြန်တွေ့ဖို့ မျှော်လင့်တယ်” ဟဲမြောင်က ရန်ကိုင်အား အဆက်မပြတ် လက်ဝှေ့ရမ်းပြနေသည်။

“ဂရုစိုက်” ဟဲကျောင်က ခေါင်းညိတ်ပြသည်။

“နင်တို့လည်း အတူတူပဲ” ရန်ကိုင်က ပြုံး၍ ပြန်လက်ဝှေ့ရမ်းပြ၏။ ထိုသုံးယောက် ကြယ်တာရာကောင်းကင်ထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။

ထိုစဉ် ရှန်တုက “ငါ့ကမ်းလှမ်းချက်ကို သူတို့ လက်မခံပေမယ့် မင်းကတော့ လက်ခံသင့်တယ် ရန်ကိုင်”

“ဘာလို့ လက်မခံရမှာလဲ။ ငါက ကြယ်စီရင်စုထဲ အခုမှ စရောက်ဖူးတာ။ ဘယ်သွားရမှန်း မသိသလို နေရမယ့် နေရာလည်း ရှိသေးတာ မဟုတ်ဘူး” ရန်ကိုင်က ပြုံးဖြီး၍ “မင်းနဲ့ ရေလကြယ်ဆီ လိုက်သွားတာက ငါစဉ်းစားမိတဲ့ အကြံတိုင်းထက် ပိုကောင်းနေသေးတယ်”

“အဲ့လိုဆိုရင်တော့ ငါ့ရန်ကြီးကို ကြိုပြီး ကျေးဇူးတင်ထားရမှာပေါ့။ ရေလကြယ်ဆီသာ ငါ့ဘာသာတစ်ယောက် သွားမယ်ဆိုရင် လမ်းမှာတင် သေသွားချင် သေသွားနေမှာ” ရန်ကိုင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည် “သွားကြမယ်”

“ခဏနေဦး” ရန်ကိုင်က ပီယဘက်သို့လှည့်၍ ပြောလိုက်သည် “နင်လည်း ထွက်သွားသင့်တယ်”

“ငါဘယ်ကို သွားရမှာလဲ” ပီယက အံ့အားသင့်တကြီး ပြန်မေးသည်။

“ငါမသိဘူး။ နင်သွားချင်တဲ့နေရာကိုသွား။ ငါ့နောက်မလိုက်ရင် ပြီးရော”

ပီယ၏ မျက်ဝန်းလေးများ တဖျတ်ဖျတ် လက်သွားပြီး ရန်ကိုင်အား ထိတ်လန့်တကြား စိုက်ကြည့်လျက် “ဒီတော့… နင်ပြောချင်တာက ငါလွတ်လပ်သွားပြီပေါ့”

“တိုက်ကြီးပေါ်မှာ ရှိကတည်းက ငါပြောထားပြီးသားလေ။ အဲ့ကနေ ထွက်လာတာနဲ့ ငါတို့ လမ်းခွဲကြမယ်လို့။ နင့်ကို ငါ့နားခေါ်ထားဖို့ အစကတည်းကကို မတွေးထားတာ”

“ဒါဆိုရင် ဘာလို့…” ပီယက ရန်ကိုင်အား စိတ်ရှုပ်စွာ စိုက်ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင် ဘာကြောင့်များ သူမ၏ ဝိဥာဉ်အမှတ်အသားကို ယူထားရသနည်း။

“ဒါက ပြစ်ဒဏ်ပဲ။ နင်က အခြားလူတွေနဲ့ မတူဘူး။ နင်နဲ့ ငါကြားမှ ရန်ငြိုးကြီးကြီးမားမားရှိတယ်။ လျူကွေ့ချန်ကို အဲ့မှာသေအောင် ပစ်ထားခဲ့ပေမယ့် နင့်ကိုတော့ ခေါ်ထုတ်လာခဲ့တဲ့အတွက် တန်ဖိုး အနေနဲ့ နင့်ဝိဥာဉ်အမှတ်အသားကို ပြန်ပေးရမယ်” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည် “နောက်ပိုင်း ငါ့ကို ပြဿနာ လာမရှာအောင်၊ ငါ့လျှို့ဝှက်ချက်တွေကို အခြားလူတွေ သိအောင် လျှောက်မပြောအောင်၊ အဲ့ဒါတွေအားလုံးအတွက် ဒါကို ငါသိမ်းထားရမယ်။ နောက်ထပ် နှစ်တစ်ရာလောက် ကြာသွားလို့ ငါစိတ်ကောင်းဝင်ပြီး အဲ့ဒါကို နင့်ဆီ ပြန်ပေးရင်လည်း ပေးနိုင်တာပဲလေ။ ဘယ်သူ ပြောနိုင်မှာလဲ”

ပီယ၏ အမူအရာ ခါးသက်နေခဲ့သည်။ ရန်ကိုင်အား စိုက်ကြည့်နေရင်း သူမ၏ နီစွေးစွေး နှုတ်ခမ်လေးများကို အသာအယာ ကိုက်လျက် “နင်မတော်တဆ သေသွားရင်ရော”

“ငါ့အသက်က ကောင်းကင်ကိုကျော်လွန်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှည်လျားပါစေလို့ ထိုင်ပြီး ဆုတောင်းနေပေါ့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောသည်။

ထိုစကားကို ကြားသည့်အခါ ပီယပြုံးမိသွားပြီး “နင်က တကယ် လောဘကြီးတာပဲနော်… မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် အဲ့ကနေ လွတ်လာတာနဲ့တင် ကံကောင်းနေပြီ။ အဲ့ဒါကို သိပ်ထားချင်တယ် ဆိုရင်လည်း သိမ်းထားလိုက်။ ဒါပေမယ့် အခုလောလောဆယ် ငါ့မှာ သွားစရာနေရာ မရှိသေးဘူး။ ခရမ်းကြယ်ဆီကိုလည်း မပြန်ရဲဘူး… လူတွေအများကြီး သေသွားပြီး ငါတစ်ယောက်တည်း ပြန်သွားရင် ကျိန်းသေ မေးခွန်းထုတ်ခံရမှာ။ သခင်လေးရှန်တု၊ ငါ့ကို နင့်ရဲ့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဆီ မိတ်ဆက်ပေးလို့ရမလား။ အခုလောလောဆယ် ငါက သူတော်စင် တတိယအဆင့်ပဲ ရှိသေးပေမယ့် တိုက်ကြီးပေါ်မှာ ရှိနေတုန်းက လိုအပ်သလောက် စွမ်းအင်တွေကို စုစည်းခဲ့တော့ မကြာခင် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်တော့မှာ။ ဒီလောက်ဆို ငါ့လိုလူတစ်ယောက်ကို ခေါ်ဖို့ ထိုက်တန်လောက်ပြီမလား”

ရှန်တုက ခဏလောက် စဉ်းစားနေလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ် ဆိုရင် ငါတို့အဖွဲ့အစည်းက နင့်ကို ပျော်ပျော်ကြီး လက်ခံမှာ”

“ကောင်းလိုက်တာ။ အဲ့လိုဆို နင်နဲ့ ရေလကြယ်ဆီ လိုက်ခဲ့မယ်။ တစ်လကြာ တံခါးပိတ်ကျင့်ကြံပြီးရင် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မယ်လို့ ငါအာမခံရဲတယ်” ပီယက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပြီးနောက် ကလူညုတုတု အကြည့်ဖြင့် ရန်ကိုင်အား မျက်စိမှိတ်ပြလျက် “ဒီအစေခံကို တန်ဖိုးမထားတာ နင့်ရဲ့ ရွေးချယ်မှုပဲ။ နောက်မှ နောင်တမရနဲ့”

“မင်းတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ဒီလို မိန်းမတစ်ယောက်ကို လက်ခံတယ်လား” ရန်ကိုင် ရှန်တုအား ကြောင်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ” ရှန်တုက နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်မေးသည်။

ရန်ကိုင် ခေါင်းသာခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ ပီယ၏ ကျင့်စဉ်သည် ယင်ကိုအားဖြည့်ရန်အတွက် ယန်ကို စုပ်ယူရသော မိစ္ဆာကျင့်စဉ်တစ်မျိုးဖြစ်သည်။ ထိုကဲ့သို့သော မိန်းမ တစ်ယောက်သာ ထုန်းရွှမ်လောကကြီးတွင် ပေါ်လာပါက မျိုးနွယ်စုသုံးခုစလုံး၏ ဘုံရန်သူဖြစ်ကာ အားမကောင်းလာမီ အသတ်ခံရနိုင်ပေသည်။

ထုန်းရွှမ်လောကကြီးတွင် အမှန်တရားဘက်တော်သားများစွာ ရှိသည်မဟုတ်ပေလော။

ပီယသည် ထိုလူများ အရွံရှာဆုံးမိန်းမမျိုး ဖြစ်သည်။

သို့သော်လည်း ရှန်တုသည် ထိုကဲ့သို့သော ကိစ္စအား အရေးမစိုက်မှန်း သိသသာလှသည်။ သူမအား သူ့အဖွဲ့ထဲသို့ပင် ဖိတ်ခေါ်လိုက်သေးသည်။

ကြယ်စီရင်စုကြီးသည် ထုန်းရွှမ်လောကကြီးနှင့် အမှန်တကယ်ကို ကွာခြားပေသည်။ ဤနေရာသည် ကောင်းသည်ဆိုးသည်ကို သိပ်ဂရုမစိုက်ဘဲ အားကြီးသည်၊ အားနည်းသည်ကိုသာ ဂရုစိုက်ကြသည်။

“ဟန့်၊ ငါက ဘယ်လိုမိန်းမမျိုးမို့လို့လဲ” ပီယက ရန်ကိုင်အား မှုတ်သုန်သုန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်သည် သူမ၏ လွတ်လပ်မှုကို မချုပ်ချယ်တော့မှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ကကဲ့သို့ နာနာခံခံ မရှိလှတော့ဘဲ ချက်ချင်း စရိုက်ပြလာခဲ့သည်။

“နင့်ကိုယ်နင် ဘယ်လိုမိန်းမမှန်းတောင် မသိဘူးလား” ရန်ကိုင်က ပီယအား စောင့်ငဲ့ကြည့်လိုက်သည်။

“ငါက ယောကျာ်းအများကြီးနဲ့ ဟိုဒင်းလုပ်ခဲ့ မိန်းမဆိုတာ ဟုတ်ပြီထား။ ငါ့ဆန္ဒတွေကို ဘယ်တော့မှ မဖိနှိပ်ထားဘူး။ နင်တို့ ယောကျာ်းတွေ အားလုံးကလည်း အတူတူနဲ့ အနူနူပဲ မဟုတ်ဘူးလား။ မိန်းမတွေကိုပဲ ဘာလို့ ပြောချင်နေတာလဲ” ပီယက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“ကောင်ပြီ။ သွားကြရအောင်။ ငါရေလကြယ်ဆီပြန်ပြီး မြန်မြန် ပြန်နားချင်နေပြီ” ရှန်တုက ကြားဖြတ်ပြောလိုက်ပြီးနောက် လမ်းညွှန်ပြကာ ရန်ကိုင်အား သွားရန် လောဆော်လိုက်သည်။

လမ်းတစ်လျှောက်လုံး ပီယ၏ ရယ်သံတို့ဖြင့် ညံမစဲ ဖြစ်နေခဲ့သည်။ လှောင်အိမ်ထဲမှ လွတ်လာသော ငှက်တစ်ကောင်နှယ် ပီယ၏ မျက်နှာလေးထက် အပြုံးပန်းတို့ ဝေဝေဆာဆာ ဖူးပွင့်နေဲ့သည်။

သူမ စီးနေသော ကြယ်လွန်းပျံသည် သူစီးနေသည့် ကြယ်လွန်းပျံထက် ပိုမြန်သည်ကို မကြာမီ ရန်ကိုင် သတိပြုမိသွားခဲ့သည်။ ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းမှာ သူ၏ ကြယ်လွန်းပျံသည် ရှန်တုကိုပါ သယ်ထားသည့် အတွက်ကြောင့် မဟုတ်ဘဲ ပီယ၏ ကြယ်လွန်းပျံသည် သူ့ကြယ်လွန်းပျံထက် ပို၍ အဆင့်မြင့်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရေလကြယ်သို့ ရောက်သည်နှင့် အဆင့်မြင့် ကြယ်လွန်းပျံတစ်စင်းဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်လွန်းပျံ အဟောင်းကိုသာ အသုံးပြုနေဦးမည်ဆိုပါက ပျံသန်းရင်းဖြင့် အချိန်များစွာ ကုန်ဆုံးရပေလိမ့်မည်။ ကြယ်လွန်းပျံအသစ်နှင့် ဆိုလျှင် အချိန်အတော်များများ သက်သာသွားနိုင်သည်။

ရေလကြယ် အနီးအနားဝန်းကျင်အကြောင်းကို ရှန်တု ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် ရေလကြယ်ဆီသို့ အခက်အခဲမရှိ မြန်မြန်ဆန်ဆန် ရောက်သွားနိုင်ခဲ့သည်။

တစ်နေ့၊ သိပ်သည်းလှသော မိုးမြေစွမ်းအင်တို့ စီးဆင်းနေသည့် ငါးရောင်ခြယ်တစ်လုံးကို ရန်ကိုင်တို့ မြင်လိုက်ရသည်။

ထိုကြယ်သည် ရှန်တု ပြောပြောနေသည် ရေလကြယ်ဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ကြယ်တစ်လုံးလုံးကို တိမ်စိုင်တိမ်တိုက် တစ်လွှာက လွှမ်းခြုံထားသည်။ ကြယ်စီရင်စုထဲမှနေ၍ ကြည့်လိုက်မည် ဆိုပါက အမျိုးမျိုးသော ကုန်မြေများ၊ ပင်လယ်သမုဒ္ဒရာများ၊ စုပြုံနေသော အဆောက်အအုံများကိုပင် မြင်နိုင်သည်။ ထိုအဆောက်အအုံများကြား မရေမတွက်နိုင်သော အနက်ရောင် အစက်လေးများ လှုပ်ရှားသွားလာနေခဲ့သည်။

ထိုအနက်ရောင် အစက်လေးများသည် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

ထုန်းရွှမ်လောကကြီးမှ ထွက်လာပြီးနောက် ကြယ်စီရင်စုထဲ ဦးတည်ချက်မဲ့သွားလာခဲ့သည်။ သို့သော်လည်း ယခုမှသာ လူသူနေထိုင်သော ကျင့်ကြံရေး ကြယ်တစ်လုံးပေါ်သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်။

ရေလကြယ်သည် သူ့ခရီးလမ်း၏ ပထမဆုံးသော ခရီးတစ်ထောက် နားရာဖြစ်သည်။

ရန်ကိုင် စိတ်လှုပ်ရှားမိသွားသည်။

“အဲ့ဘက်ကိုပျံသွားလိုက်” ရှန်တုက နေရာတစ်ခုဆီ လက်ညိုးထိုး၍ “အဲ့ဘက်မှာ ငါ့နန်းတော်ရှိတယ်”

ရန်ကိုင်လည်း ရှန်တု ပြောသည့်ဘက်ဆီသို့ ပျံသန်းသွားသည်။ ခဏအကြာတွင် ရန်ကိုင်တို့ သုံးယောက်အဖွဲ့သည် ထူပြောသော တိမ်တိုက်များကို ဖြတ်ကျော်၍ ရေလကြယ်ပေါ်သို့ ဆင်းလိုက်ကြသည်။

တိမ်လွှာကြီးကို ဖြတ်ကျော်ပြီးသည်နှင့် ရေလကြယ်ပေါ်ရှိ အားလုံးကို မြင်လိုက်ရသည်။ ရန်ကိုင်သည် တောသား မြို့ရောက်သည့်နှယ် မြင်မြင်သမျှ အရာရာတိုင်းအား အံ့ဩစွာဖြင့် လိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်၏ အပြုအမူကိုမြင်သော် ပီယနှင့် ရှန်တုတို့ နှစ်ယောက်စလုံး ရယ်မောမိသွားကြသည်။ ကောင်းကင်ထက်တွင် မြောက်မြားလှစွာသော အပြာရောင်အလင်းတန်းလေးများ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။

ထုန်းရွှမ်လောကကြီးနှင့် မတူညီစွာ၊ ဤနေရာတွင် လူတိုင်းလိုလို ကြယ်လွန်းပျံများ ပိုင်ဆိုင်ထားကြသည်။

ရှန်တုသည် ရန်ကိုင်တို့အား ရှေ့ဆုံးမှ ဦးဆောင်ခေါ်သွားသည်။

လမ်းတစ်လျှောက်သည် ကြီးကျယ်ခမ်းနားလှသော မြို့ကြီးများ၊ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အတူယှဉ်တွဲ နေထိုင်ကြသော မျိုးနွယ်စုများစွာကို မြင်ခဲ့ကြရသည်။

လူသားမျိုးနွယ်စု၊ နတ်ဆိုးမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုနှင့် မဟာနတ်ဆိုးနတ်ဘုရား၏ မှတ်ဥာဏ်ထဲတွင် မြင်ခဲ့ရသော ဦးချိုမျိုးနွယ်စုများကိုပင် တွေ့ခဲ့ရသည်။ ထိုသည်မှာ အစသာ ရှိသေးသည်။ သူအမည်မဖော်နိုင်သည့် အခြားအခြားသော မျိုးနွယ်စုများစွာလည်း ရှိနေသေးသည်။

ထိုမျိုးနွယ်စုအားလုံးသည် တစ်မျိုးနွယ်နှင့် တစ်မျိုးနွယ် ခိုက်ရန်ဖြစ်ပွား၊ အငြင်းပွားခြင်းမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်နေကြသည်။

“အင်အားစုတစ်ခုတည်းက ကျင့်ကြံရေးကြယ်တွေ အများကြီးကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တာလဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာစဉ်က တော်ဝင်နယ်မြေတစ်ခုကို အုပ်ချုပ်ရင်းဖြင့် သူ့မှာ လုံးလည်ချာလည် လိုက်ခဲ့ရသည်။ တစ်နေကုန် အလုပ်နှင့်မပြတ် ဖြစ်ခဲ့ရသည့် အခါမျိုးမှာလည်း မနည်း။ ထုန်းရွှမ်လောကကြီး တစ်ခုလုံးကိုသာ စီမံကွပ်ကဲရမည် ဆိုလျှင်ဖြင့်… မည်မျှ ခက်ခဲလိုက်လေမည်နည်း။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၃၃) ငြင်းပယ်ရင် မယဉ်ကျေးရာရောက်မယ်

အင်အားစုတစ်ခု၏ ခေါင်းဆောင်သည် ကျင့်ကြံရေးကြယ် များစွာကို မဆိုထားနှင့် ကျင့်ကြံရေးကြယ်တစ်လုံးကိုပင် မည်ကဲ့သို့ အုပ်ချုပ်သလဲ ဆိုသည်ကို ရန်ကိုင် လုံးဝ မစဉ်းစားနိုင်ချေ။ သူတို့တွင် နားချိန်လေးပင် ရှိလေရဲ့လား။ သူတို့ ဘယ်အချိန် ကျင့်ကြံကြသနည်း။

“အလွှာတွေ၊ အဆင့်တွေနဲ့ အုပ်ချုပ်တာပေါ့ကွ” ရှန်တုက အပြုံးဖြင့် ရှင်းပြလိုက်သည် “အဆင့်မြင့် ရာထူကြီးသမားတွေ ရှိမယ်။ ပြီးရင် အလယ်အလတ်။ နောက်ဆုံး အဆင့်နိမ့်တွေပေါ့။ အဆင့်တစ်ဆင့်ချင်းစီတိုင်းက ကိုယ့်အောက်အဆင့်က လူတွေကို တာဝဣ်ယူရတယ်။ ထိပ်ဆုံးကလူ ဖြစ်နေရုံနဲ့ အကုန်လုံးကို လိုက်ပြီး တာဝန်ယူနေစရာ မလိုဘူး”

ထိုရှင်းပြချက်ကို ကြားလိုက်သည့်အခါ မည်မျှ တုံးအသော မေးခွန်းကို မေးလိုက်မိပြီမှန်း ရန်ကိုင် သိလိုက်သည်။

ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ သူတစ်ခါမှ မရောက်ဖူးခဲ့သလို ထိုအဆင့်အတန်းမျိုး ရရန်အတွက်လည်း တစ်ကြိမ်တစ်ခါမှ မကြိုးစားဖူးခဲ့ချေ။ ထို့ကြောင့် ထိုကဲ့သို့သော အရာများသည် အပိုကိစ္စများဟု ရန်ကိုင် ထင်သည်။ သို့သော်လည်း လူဆို၍ ဖြစ်လာသည်နှင့် အကုန်လုံးသည် အမြင့်ကိုသာ မျှော်မှန်းကြသူ ချည်းများသာ။ တစ်နည်းဆိုရသော ဤအရာသည်လည်း ထိပ်ဆုံးသို့ ရောက်ရှိနိုင်သော နည်းလမ်းတစ်ခုပင်တည်း။

သားရဲအုပ်ကို ခေါင်းဆောင်တစ်ကောင်က ဦးဆောင်သလို တိုင်းပြည်များကိုလည်း ရှင်ဘုရင်များက အုပ်ချုပ်ကြသည်။ တောင်ထိပ်ပေါ်တွင် ရပ်ခြင်းဖြင့် အောက်ဘက်ရှိ ရှူခင်းများကို ခံစားသက်ဝင်နိုင်သည်လို ကိုယ့်အောက်ခြေရှိ လူများကိုလည်း အမိန့်ပေးခိုင်းစေနိုင်သည်။ သို့သော် ထိုအရာသည် ရန်ကိုင် လိုချင်သည့်အရာမျိုး မဟုတ်ချေ။

တစ်နာရီကြာပြီးနောက် သူတို့ရှေ့ အဆောက်အဦး အုံလိုက်ကြီး ပေါ်လာခဲ့သည်။ ရှန်တုလည်း ရန်ကိုင်အား ထိုနေရာတွင်ဆင်းရန် ပြောလိုက်သည်။

အဆောက်အဦးများသည် သူမြင်ဖူးသည့် အဆောက်အဦးများနှင့် အတော်လေးကိုမှ ကွဲပြားနေခဲ့သည်။ အတော်များများသည် ဧရာမ မိုးမျှော်တိုက်ကြီးများကဲ့သို့ ပုံစံမျိုးဖြစ်ကြကာ မီတာ ထောင်ပေါင်းများစွာ မြင့်မားကြလေသည်။

“ငါတို့ရောက်ပြီ။ ဒီမီတာသုံးထောင်ပတ်လည်က ငါ့ပိုင်နက်ပဲ” ရှန်တုက ကြယ်လွန်းပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး လေတဝကြီး ရှူသွင်းလိုက်သည်။

ရန်ကိုင်နှင့် ပီယသည်လည်း ကြယ်လွန်းပျံမှ ဆင်းလိုက်ကြသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ အနီးအနား ဝန်းကျင်တွင် ကျင့်ကြံသူရာပေါင်းများစွာ ရှိသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုကျင့်ကြံသူများသည် အမျိုးမျိုးသော ကျင့်ကြံခြင်းများကို ပိုင်ဆိုင်ထားကသည်။ အချို့သည် မသေမျိုးအဆင့်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွင်သာ ရှိသေကြကာ အစစ်အမှန်ဒြပ်စင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများပင် ရှိကြသည်။ ရွှယ့်ရှီ၊ လျူကွေ့ချန်တို့နှင့် ယှဉ်နိုင်သော အားကောင်းလှသည့် ကျင့်ကြံသူများစွာလည်း ရှိပေသေးသည်။

သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများပင်။

ကြယ်စီရင်စုထဲ ပညာရှင်များစွာ ရှိမှန်း ရန်ကိုင်သိသည်။ သို့သော် ထိုပညာရှင်များသည်ပင် စဦးဒြပ်စင်အဆင့်မှ သူတို့လက်ရှိ ရှိနေသည့် အဆင့်သို့ရောက်အောင် တစ်လှမ်းခြင်း လှမ်းခဲ့ရခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း ဆိုသည်မှာ ပိုပို၍ သန်မာသော ခွန်အားကို ရရှိရန်အတွက် မိမိ၏ အကန့်အသတ်ကို ချိုးဖျက်ရသည့် အဆက်မပြတ် လေ့ကျင့်ယူရသော ဖြစ်စဉ်တစ်မျိုး ဖြစ်သည်။

သို့သော်လည်း မွေးဖွားသည့် ကျင့်ကြံရေးကြယ်မှနေ၍ ကြယ်တာရာကောင်းကင်ထဲသို့ ခရီးသွားရန် အနည်းဆုံး သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ထို့ကြောင့် ကြယ်များထဲ ရန်ကိုင် မြင်ခဲ့သည့်လူများထဲတွင် အားနည်းသူ တစ်ယောက်မှ မပါချေ။

သူတော်စင်အဆင့်အောက်ရှိ လူအားလုံးသည် ကြယ်လွန်းပျံ၏ အကူအညီဖြင့်လျှင် ကြယ်တာရာကောင်းကင်ထဲ မသွားရဲကြချေ။

ကြယ်တာရာကောင်းကင်၏ စွမ်းအားဖြင့် တဒင်္ဂ ထိတွေ့ရုံဖြင့် တစ်ခါတည်း တန်းသေသွားနိုင်ပေသည်။ ထို့ကဲ့သို့သော ကျင့်ကြံသူများဖြင့် ကြယ်သင်္ဘောများဖြင့်သာ ကြယ်တာရာ ကောင်းကင်ထဲ သွားရဲကြသည်။

ရန်ကိုင်တို့သုံးယောက် ရောက်လာသည်ကို အခြားကျင့်ကြံသူများ သတိပြုမိသွားကြသည်။ အနက်ရောင်အဝတ်အစားနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် အထဲမှ အလျင်အမြန် ထွက်လာခဲ့လေသည်။ သို့သော်လည်း ရှန်တုကို မြင်ပြီးနောက် ထိုလူကြီးက ဝမ်းသာအားရဖြင့် အော်ပြောလိုက်လေသည် “သခင်လေးရှန်တု၊ ပြန်လာပြီလား”

“အင်း၊ ကျုပ်ပြန်လာပြီ” ရှန်တုက ခေါင်းညိတ်၍ စပ်ဖြဲဖြဲ ပြုံးလျက် “ကျုပ်ထွက်သွားတုန်း ဘာတွေဖြစ်သေးလဲ”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ဘာမှမဖြစ်ဘူး။ တစ်ခုပဲ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက ခေါင်းအောင် အိုင်အောင်က သခင်လေးကို လာရှာတယ်။ ဒါပေမယ့် သခင်လေးက ပျောက်နေတော့ ခေါင်းဆောင် ဒေါသပုန်ထသွားတယ်လေ…”

ထိုစကားကို ကြားသည့်အခါ ရှန်တုမျက်နှာ ဖြူလျော်သွားပြီး လည်ပင်းကို ကျုံ့လျက် “အဖျကကျုပ်ကို လာရှာတာလား။ သူဘာပြောသွားလဲ”

သက်လတ်ပိုင်းလူကြီးက ခေါင်းခါ၍ “ဘာမှပြောမသွားဘူး။ ပြန်လာတာနဲ့ သူ့ကို ချက်ချင်း လာတွေ့ဖို့ပဲ ပြောသွားတယ်”

ရှန်တုမျက်နှာ ရှုံ့မဲ့သွားပြီး “သွားပြီ၊ ငါတော့သွားပြီ။ အဖေကျိန်းသေ ငါ့ကို အရေခွံဆုတ်တော့မှာ”

သူတို့နှစ်ယောက် စကားပြောနေသည်ကို ရန်ကိုင်က ဘေးမှ တိတ်တိတ်ဆိတ် လေ့လာနေခဲ့သည်။ သက်လတ်ပိုင်းလူကြီးသည် ရှန်တုကို ကာကွယ်ပေးရန်အတွက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ခန့်အပ်ထားသော လူများထဲမှ တစ်ယောက် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

သက်လတ်ပိုင်းလူကြီးသည်လည်း ရန်ကိုင်နှင့် ပီယအားတို့ လေ့လာနေခဲ့သည်။ ရန်ကိုင်ကိုတော့ ဘာထူးထူးခြားခြား အမူအရာမှ လုပ်မပြ။ သို့သော် ပီယကို မြင်သည့်အခိုက် သူ့မျက်နှာ မဲ့ရွဲ့သွားခဲ့သည်။

အကြည့်တစ်ချက်နှင့် ပီယမည်ကဲ့သို့သော မိန်းမမှန်း တန်သိသွားသည့်ပုံပင်။ ပီယသည် သူတို့ သခင်လေးကို မြူဆွယ်ထားခြင်း ဖြစ်မည်ဟုလည်း ထင်သွားသည့်ပုံပင်။

“သခင်လေး၊ ဒီနှစ်ယောက်က…” သက်လတ်ပိုင်းလူကြီးက ရန်ကိုင်နှင့် ပီယကို ကြည့်ကာ မေးလိုက်သည်။

“ဟုတ်တယ်။ သူက ရန်ကိုင်” ရန်ကိုင်က ရန်ကိုင်ပခုံးကိုဖက်၍ ရင်းရင်းနှီးနှီး အမူအရာဖြင့် ပြောလိုက်သည် “သူက ကျုပ်အပြင်မှာ တွေ့ခဲ့တဲ့ ကျုပ်ရဲ့ သေဖော်ရှင်ဖက်မိတ်ဆွေ တစ်ယောက်ပဲ။ အင်း၊ ဦးလေး ကျလုံ၊ သူ့ကို ကျုပ်ရဲ့ အသက်ကျေးဇူးရှင်အဖြစ် သဘောထားပေးနော်”

“သခင်လေးရဲ့ အသက်သခင်လား” သက်လတ်ပိုင်းလူကြီး ကြောင်သွားခဲ့သည်။ သို့သော် ဘာမှပြန်မပေးဘဲ လက်သီးသာ ဆုပ်၍ ပြောလိုက်သည် “ကျုပ်တို့ရဲ့ သခင်လေးကို ဂရုစိုက်ပေးတဲ့အတွက် ဒီက ညီငယ်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ သခင်လေးက ငယ်ငယ်တည်းက ခေါင်းမာပြီး ဆိုးသွမ်းတော့ ညီငယ်လေးကို ဒုက္ခအများကြီး ရောက်စေခဲ့မှာပဲ။ ညီငယ်လေးဘက်ကပဲ စိတ်သဘောထားကြီးပေးဖို့ မျှော်လင့်ပါတယ်”

“မဟုတ်ပါဘူး စီနီယာရယ်၊ ရှန်တုနဲ့ ကျုပ်က တစ်ယောက်နဲ့ တစ်ယောက် ကူညီခဲ့တာပါ” ရန်ကိုင်က ပြန်၍ ပြုံးပြလိုက်သည်။

ကျလုံက အသာအယာ ခေါင်းညိတ်လိုက်သည်။

“ဒီအမျိုးသမီးကတော့…” ရှန်တုက ပီယအား လက်ညိုးထိုး၍ “အင်း၊ သူက အစက ခရမ်းကြယ်က ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမယ့် အခု ကျုပ်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းထဲ ဝင်ချင်နေတယ်။ သူ့အတွက် စီမံပေးလိုက်ပါဦး ဦးလေးလုံ”

“ခရမ်းကြယ်လား” ကျလုံ မျက်မှောင်ကြုံ့သွားပြီး “သူ့ခွန်အားက နည်းနည်း နိမ့်နေသလိုပဲ…”

“ကျွန်မသာ တံခါးပိတ်ကျင့်ကြံလိုက်ရင် လဝက်အတွင်း သူတော်စင်ဘုရင့်အဆင့်ကို ချိုးဖျက်နိုင်တယ်” ပီယက အလျင်အမြန် ပြန်ပြောလိုက်သည်။

“လဝက်အတွင်း သူတော်စင်ဘုရင်အဆင့်ကို‌ ရောက်မှာလား” ကျလုံ၏ မျက်ခုံးကြောများ တွန့်ကွေးသွားပြီး “သူတော်စင်ဘုရင် အဆင့် ဖြစ်လာရင် ငါတို့ အဖွဲ့အစည်းက နင့်ကို ဝမ်းပန်းတသာနဲ့ ကြိုဆိုမှာ။ အင်း။ နင့်ဘက်က သေချာနေမှတော့ ဒီမှာ ခဏတာ တံခါးပိတ်ကျင့်ကြံလိုက်ပေါ့”

ပြောပြီးသည်နှင့် လက်ခုပ်တီးလိုက်ရာ နန်းတော်ဆီမှ အစောင့် တစ်ယောက်ရောက်လာခဲ့သည်။

“ဒီက မိန်းကလေးကို ကျင့်ကြံရေးအခန်းတစ်ခန်းထဲ လမ်းပြပေးလိုက်။ သူတော်စင်သလင်းကျောက်တွေနဲ့ ဆေးလုံးအချို့ပါ ပေးလိုက်” ကျလုံက ပြောလိုက်သည်။

“ဟုတ်ကဲ့”

“သခင်လေးရှန်တုကို ကျေးဇူးတင်ပါတယ်၊ စီနီယာ ကျလုံကို ကျေးဇူးတင်ပါတယ်” ပီယက ဝမ်းသာအားရဖြင့် ကျော့မော့စွာ ဦးညွှတ်လိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ “နောက်မှပြန်တွေ့ကြတာပေါ့”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ပီယ ထွက်သွားပြီးနောက် ရှန်တုက ရန်ကိုင်အား တက်ကြွစွာဖြင့် သူ့နန်းတော်ဆီသို့ ခေါ်သွားလေသည်။ ကျလုံဟုခေါ်သော သက်လတ်ပိုင်းလူကြီးသည် နောက်မှ လိုက်လာခဲ့သည်။

အစောင့်များနှင့် အစေခံများသည်သည် ရှန်တုအား‌ တွေ့သည်နှင့် လေးလေးစားစား ဦးညွှတ်လိုက်ကြသည်။

“ရန်ကိုင်၊ ငါရေမိုးချိုးပြီး အဝတ်အစား သွားလဲလိုက်ဦးမယ်။ မင်းလည်း ရေချိုးပြီး အဝတ်အစားလဲလိုက်ဦး။ ပြောချင်တာ တစ်ခုခုရှိရင် နောက်မှ ပြောကြတာပေါ့” နန်းတော်ထဲသို့ ရောက်သည့်အခါ ရှန်တုက ပြောလိုက်သည် “ကိုယ့်အိမ်လို သဘောထားပြီးတော့သာနေ။ အပြင်လူလို့ သဘောမထားနဲ့”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ရှန်တုက ပြုံးလိုက်ပြီး မိန်းမငယ်လေးနှစ်ယောက်အား ပွေ့ဖက်ကာ စပ်ဖြဲဖြဲပြုံးလျက် အတွင်းပိုင်းထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။

“သခင်လေး၊ ဒီဘက် ကြွပေးပါ” လှပကျက်သရေရှိသော နောက်ထပ် မိန်းမလှလေး တစ်ယောက် ရောက်လာပြီး ရန်ကိုင်အား သူမနောက် လိုက်လာရန် အချက်ပြလိုက်သည်။

ရန်ကိုင်လည်း ထိုမိန်းကလေးနောက် လိုက်သွားလေသည်။

သူသည် အိုင်အောင်၏ တရားမဝင်သား ဖြစ်သည့်အတွက် သူ့တည်ရှိမှုကို လူသိရှင်ကြား ချမပြဟု ရှန်တုမှ ပြောခဲ့သော်ငြား သူပိုင်ဆိုင်သည့်‌ နေရာအကျယ်အဝန်းကို ကြည့်လျှင် ခေါင်းဆောင် အိုင်အောင်သည် သူ့သားကို အတော်လေး တန်ဖိုးထားမှန်း ရန်ကိုင်သိလိုက်သည်။

ထို့ကြောင့်သာမဟုတ်လျှင် ဤနန်းတော်တွင် သူတော်စင်ဘုရင် အဆင့် အစောင့်များ ရှိနေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှန်တုသည်လည်း မိုင်သုံးထောင် နယ်မြေတစ်ခုအား အပိုင်စား ရထားလိမ့်မည် မဟုတ်ချေ။

အခြားလူများကိစ္စကို ရန်ကိုင် သိပ်စိတ်မဝင်စားလှ။ ထို့ကြောင့် အစေခံမလေး လမ်းပြသည့်အတိုင်းသာ လိုက်သွားလိုက်သည်။

အခန်းထဲတွင် ထွင်းဖောက်မြင်နိုင်သော ပန်းရောင် လိုက်ကာများ ချထားသည့် ကုတင်ကြီးတစ်လုံး ရှိနေခဲ့သည်။

အခန်းတစ်ခန်းလုံး ပန်းပေါင်းစုံတို့ဖြင့် ပြည့်နေပြီး လှမ်းလှမ်းတွင် ကျောက်ဖြူသားဖြင့် ထုလုပ်ထားသော ရေကန်ကြီးတစ်ကန် ရှိနေခဲ့သည်။ ရေကန်ကြီးတစ်ခုလုံးက ရေနွေးများဖြင့် ဖြည့်ထားကာ ကန်မျက်နှာဖြူထက် ပါးလျလျ မြူခိုးလေးများ ရစ်သိုင်းနေခဲ့သည်။

ရောင်စုံပန်းပွင့်ချပ်တို့သည် ရေကန်မျက်နှာပြင်ထက် မျောနေပြီး ဖော်လွန်းသော ညအိပ်ဝတ်ရုံကဲ့သို့ အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီးလှလှလေးများလည်း ရှိနေခဲ့သည်။ ရန်ကိုင် ဝင်လာသည့်ကိုမြင်သည့်အခါ ထိုအမျိုးသမီးအားလုံးသည် ပြုံးကာ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်လိုက်ကြသည်။

ဖြူလွလွ မြူခိုးလေးများကြောင့် သူမတို့၏ အလှမှာ တစ်မူးထူး၍ စွဲမက်ဖွယ်ကောင်းနေခဲ့သည်။

ထိုဖြူလွလွ ရေမြူခိုးငွေ့များကြောင့် ထိုအမျိုးသမီးများ ဝတ်ဆင်ထားသည့် ပါးလျလွန်းလှသော အဝတ်အစားများသည် ခန္ဓာကိုယ်နှင့် ကပ်နေခဲ့ပြီး အံ့ဩဖွယ်ကောင်းလှသော သူမတို့၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်သား ပေါ်နေစေခဲ့သည်။

အထဲသို့ ဝင်လာချင်းချင်း ထိုကဲ့သို့ မြင်ကွင်းကို မြင်ရမည်ဟု မထင်ထားသဖြင့် ရန်ကိုင်လည်း ကြောင်သွားခဲ့ရသည်။ နှလုံးခုန်သံ မဆိုသလောက်ကလေး မြန်ဆန်လာခဲ့ပြီး အသက်ရှူသံဟာလည်း အနည်းငယ် လေးလံနှေးကွေးလာခဲ့ရ၏။

အမျိုးသမီးအားလုံးသည် အသက်ငယ်ငယ်လေးများသာ ဖြစ်ကြပြီး အကုန်လုံးသည် ပြီးပြည့်စုံသော ပန်းဆီရောင် မဆိုသလောက် သန်းနေသည့် နှင်းဖြူရောင် အသားအရေများကို ပိုင်ဆိုင်ထားကြသည်။ ရုပ်ရည်ရူပကာမှာလည်း အပြစ်ဆိုဖွယ်ရာ မရှိ။ သူမတို့၏ စွဲမက်ဖွယ်အပြုံးများ၊ ညို့ငင်ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကောက်ကြောင်း အလှတရားများသည် မြင်လိုက်သည့် ယောကျာ်းသားတိုင်းကို ဆွဲဆောင်နိုင်ပေသည်။

ရန်ကိုင်၏ အကြည့်အား အချို့အမျိုးသမီးများသည် ရဲရဲပင် ပြန်၍ ကြည့်လိုက်ကြသလို အချို့ကမူ ရှက်သွေးဖြာသွားခဲ့ကြသည်။ အချို့ကမူ သူတို့၏ မဖော်အပ်သော နေရာလေးများကို လက်ဖြင့် အုပ်ကာထားကြသည်။

ငိုးမ ရှန်တုက ဒီလိုဘဝမျိုးမှာ နေနေတာလားဟ

ရန်ကိုင် ရေရွတ်မိလိုက်သည်။

“သခင်လေး အဝတ်တွေကို ဒီအစေခံ ချွတ်ပေးရမလား” ရန်ကိုင်သည် တုတ်တုတ်မျှမလှုပ်ဘဲ နေရာတွင် ငေးကြောင် ရပ်နေသည်ကိုမြင်သော် သူ့အား ဦးဆောင်ခေါ်လာသည့် အစေခံမလေးက မေးလိုက်သည်။

ရန်ကိုင်က ခေါင်းခါ၍ “ဒါတွေကို နင်တို့ သခင်လေး စီစဉ်ထားတာလား”

“ဒီအစေခံ စီစဉ်ပေးထာတာပါ…” အစေခံမလေးက ပြန်ပြောသည် “ဒါပေမယ့် သခင်လေးရှန်ရဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ သခင်လေးကို ဂုဏ်သရေရှိ ဧည့်သည်အဖြစ် သဘောထားကြီး အစေခံတွေကလည်း သခင်လေးကို အကောင်းတကာ့ အ‌ကောင်းဆုံး ပြုစုပေးရမယ်လို့ ညွှန်ကြားထာပါတယ်။ အင်း။ သခင်လေးက ဒီလိုပြုစုမှုမျိုးခံရတဲ့ ဒုတိယလူပဲ”

“အို၊ ဒါဆို ဒီမတိုင်ခင် အခြားတစ်ယောက် ရှိသေးတယ်ပေါ့”

“ဟုတ်ပါတယ်” အစေခံမလေးက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် သခင်လေး စိတ်ချထားလို့ရါတယ်။ ဒီက ညီအစ်မတွေအားလုံးက အပျိုစင်တွေချည်းပဲ ရှိပါသေးတယ်။ သူတို့ကို ဘယ်သူမှ မထိရသေးပါဘူး။ သခင်လေးရှန်တုရဲ့ ဧည့်သည်ကို ပြုစုရတဲ့ အတွက်လည်း သူတို့လည်း ပျော်နေမှာပါ”

“သူတို့ ဘာလို့ ပျော်တာလဲ” ရန်ကိုင်က ပြန်မေးသည်။

“ဘာလို့လဲဆိုတော့ အကုန်လုံးပေါ်မှာ သခင်လေးရှန်တုရဲ့ ကျေးဇူးကြွေးတွေ ရှိနေတယ်လေ။ အကုန်လုံးက သူတို့ဘာသာ သူတို့ ဒီမှာ အစေခံလာလုပ်ကြတယ်။ တွန်းအားပေးခံရလို့ လာလုပ်တဲ့လူ တစ်ယောက်မှ မပါဘူး။ ဒီအစေခံက သူတို့ အားလုံးရဲ့ သဘောတူညီချက်ကို ရပြီးမှ အခုလို လုပ်ခဲ့တာပါ”

သူ့ရှေ့ရှိ အမျိုးသမီးကို ရန်ကိုင် ပြန်ကြည့်လိုက်သည်။ ယခုမှပဲ အကုန်လုံးသည် တွန့်ဆုတ်တုန့်ဆိုင်းနေခြင်းမျိုး မရှိသည်ကို သတိပြုမိလိုက်သည်။

“သူတို့နဲ့ ပက်သက်ပြီး မကျေနပ်ရင်ပြောနော်၊ သခင်လေး။ သခင်လေး ကြိုက်လောက်မယ့် လူတွေနဲ့ ချက်ချင်း အစားထိုးပေးမယ်”

“မလိုဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ဒါဆိုရင်…”

ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြုံးကာ “ကောင်းပြီလေ။ ရှန်တုဘက်မှ ပေးလာပြီဆိုမှတော့ ငါ့ဘက်မှ ငြင်းပယ်ရင် ရိုင်းရာကျသွားမှာပေါ့”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၃၄)

ရေချိုးကန်ထဲရှိ မိန်းမပျိုအားလုံးသည် အတွေ့အကြုံမရှိသော အပျိုစင်လေးများ ဖြစ်ကြသည်။ ယခင်က ကြိုတင် လေ့ကျင့်ထားခြင်းများ ရှိသော်ငြား ပထမဆုံးသော သူတို့၏ တကယ့်တိုက်ပွဲစတင်လာချိန် သူတို့၏ အပြုအမူများသည် ဇာတ်တိုက်ထားသည်နှင့် ဟန်ကိုက်မဖြစ်တော့သည်မှာ သဘာဝင်ပင်။ သို့သော်လည်း ရန်ကိုင်အတွက်ကမူ အေးအေးဆေးဆေးပင်။ ရေချိုးကန်ထဲဝင်ပြီး ကန်ထောင့်ကို ကျောမှီကာ မျက်လုံးပိတ်၍ အေးအေးဆေးဆေး ရေစိမ်နေ၏။ သူဘာသာ ဘာမှလုပ်စရာမလို။ မိန်းမပျိုလေးကများက သူ့ခန္ဓာကိုယ်ကို ဆေးကြောပေးပေလိမ့်မည်။

ရန်ကိုင်အား ခေါ်လာသော အစေခံမိန်းကလေးသည်. ပန်းခြင်းတစ်ခြင်းကို ယူလာကာ ကန်ထဲသို့ ပန်းပွင့်ချပ်များ ကြဲချပေးလျက် ရှင်းပြလိုက်သည် “ဒီဝိဥာဉ်ဖြေသိမ့်ပန်းတွေက လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သလို ခန္ဓာကိုယ်ကိုလည်း အားကောင်းလာအောင် လုပ်ပေးနိုင်တာ… ပြီးတော့ ဟိုကိစ္စနဲ့ ဟိုဒင်းရဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်တယ်”

ပြောပြီးသည်နှင့် သူမ၏ မျက်နှာတစ်ပြင်လုံး ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့သည်။

ရုတ်တရက် ရန်ကိုင်က သူမအား ကန်ထဲသို့ ဆွဲချလိုက်သဖြင့် ကောင်မလေး အလန့်တကြား ထအော်မိသည်။ သို့သော်လည်း ချက်ချင်းပဲ ပြန်ထလိုက်ပြီး မျက်နှာထက်ရှိ ရေကိုသုတ်၍ ရန်ကိုင်အား ရှက်ရှက်ဖြင့် ကြည့်လိုက်သည်။

အဝတ်အစားများ ခန္ဓာကိုယ်တွင် ကပ်သွားသည်ဖြစ်ရာ ဤနေရာတွင် ရှိနေသော မိန်းကလေး အားလုံးထက် ပိုမို သာလွန်သော မဟာတောင်ထွတ်ကြီးများကို အထင်းသာ ပေါ်လွင်နေစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ဤနေရာရှိ အပျိုစင်မိန်းကလေးများ အပိုင်ဆိုင်သော ရင့်ကျက်၊ ကျက်သရေရှိလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“နင်က အပျိုစင်မဟုတ်တော့ဘူးလား” ရန်ကိုင်က သူမအား ပြုံးကာမေးိုက်သည်။

အစေခံမလေး၏ မျက်နှာ ရဲသထက်ရဲသွားခဲ့ပြီး ရှက်ရှက်ဖြင့် ခေါင်းညိတ်၍ “ဒီအစေခံက အပျိုမစစ်တော့တဲ့အတွက် သခင်လေးကို ပြုစုမပေးနိုင်တော့ပါဘူး”

“ပြုစုပေးနိုင်နိုင်၊ မနိုင်နိုင် ဘယ်သူက ဂရုစိုက်မှာလဲ။ ငါကပဲ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလား”

သူမ၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး သူမခန္ဓာကိုယ်မှ အဝတ်အစားများကို အသာအယာ ဖယ်ရှားလျက် ရေထဲသို့ ငုံ့သွားခဲ့သည်။

မကြာမီ ရန်ကိုင်မျက်နှာထက် ကျေနပ်အားရ ပီတီဖြာဝေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

----------------------------------

ခမ်းနားသောခန်းမတစ်ခုထဲ၊ အမျိုးမျိုးသော တူရိယာ တန်ဆာပလာတို့နှင့်အတူ မိန်းမလလှလေးများသည် သီဆို၊ ကကြိုးဆင်နေခဲ့ကြသည်။

စားပွဲခုံတန်းတစ်လျှောက်တွင် အဖိုးတန် အစားအစာများ၊ အကောင်းစားဝိုင်များ ရှိနေခဲ့ပြီး ရှန်တုနှင့် ရန်ကိုင်သည် ဘေးချင်ယှဉ်ထိုင်လျက် သောက်စားရင်း မိန်းမပျိုလေးက သီဆိုကပြဖျော်ဖြေနေသည်ကို ကြည့်ရှူနေကြသည်။

အစေခံမလေးများသည် အသစ်အသစ်သော စားသောက်ဖွယ်ရာများကို စားပွဲခုံဆီသို့ မကြာခဏ ယူဆောင်လာကြသည်။

ဟင်းအများစုကို ရန်ကိုင်မသိ။ သို့သော် ထိုဟင်းတိုင်းဆီမှ သိပ်သည်းလှသော စွမ်းအင်လှိုင်းများကို အာရုံခံမိသည်။ ထိုအစားသောက်များသည် စားချင်စိတ်ကို ပြည့်စေရုံမက ကျင့်ကြံခြင်းကိုလည်း အားဖြည့်ပေးနိုင်ပေသည်။

ရန်ကိုင်သည် ဟိတ်ကြီးဟန်ကြီး လုပ်မနေဘဲ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် သောက်စားနေခဲ့သည်။

ကျလုံဟူသော သက်လတ်ပိုင်းလူကြီးသည် ခမ်းလှမ်းလှမ်းနေ၍ ရန်ကိုင်ကို လေ့လာစောင့်ကြည့်နေခဲ့သည်။ သူတို့သခင်လေး၏ ပြောဆိုဆက်ဆံပုံကိုကြည့်ရင်း ရှန်တုသည် ထိုသူတော်စင် ဒုတိယအဆင့် လူငယ်လေးကို အလွန်တန်ဖိုးထားမှန်း ကျလုံ နားလည်လိုက်သည်။

ထိုလူငယ်လေးသည် မည်ကဲ့သို့သော အရည်အချင်းကို ပိုင်ဆိုင်ထားရှသဖြင့် သူတို့ သခင်လေးမှ ထိုလူအား ဤမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံနေရသနည်း။

ရန်ကိုင်အား ပြုစုပေးခဲ့သော အစေခံမလေးသည် ရှန်တု၏ နားနားသို့ကပ်၍ စကားအချို့ကို တိုးတိုးလေး ပြောသွားသည်။ ထို့နောက် ရန်ကိုင်အား ရှက်ရှက်ဖြင့် လှမ်းကြည့်လိုက်ပြီး နောက်ပြန်ဆုတ်သွားလေသည်။

ရှန်တုလည်း စပ်ဖြဲဖြဲပြုံးသွားပြီး သူ့မျက်နှာထက် အဓိပ္ပါပါသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို အစမဖော်ခဲ့။ ရန်ကိုင်ဘက်သို့သာလှည့်၍ မေးလိုက်သည် “ရန်ကိုင်၊ မင်းဘာဆက်လုပ်မယ် စဉ်းစားထားလဲ”

“မစဉ်းစားရသေးဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။

ရန်ကိုင်သည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြယ်စီရင်စုသို့ ရောက်ဖူးခြင်းဖြစ်မှန်း ရှန်တုသိသည်။ ထို့ကြောင့် သူ့စိတ်ထဲ နောက်ဘာဆက်လုပ်မည်ကို မစဉ်းစားရသေးသည်မှာ ဖြစ်နိုင်၏။

သူသည် ရန်ကိုင်အား ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထဲသို့ ဖိတ်ခေါ်ရန် ကြံနေခြင်းဖြစ်သည်။

ရေလကြယ်သည် ကြယ်စီရင်စုထဲ ရန်ကိုင် ပထမဆုံးနားသည့် နေရာဖြစ်သည်။ သူနှင့် ရန်ကိုင်သည်လည်း ဆက်ဆံရေးကောင်းသည်။ ထို့ကြောင့် ရန်ကိုင်သာ ဤနေရာ၌ ကြာကြာနေပါက သူ့အား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ဝင်ရန် ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်၏။

အခက်အခဲများစွာကို အတူတူ ရင်ဆိုင်လာခဲ့ရပြီးနောက် ရန်ကိုင်၏ ပါရမီနှင့် အလားအလာကို ရှန်တု ကောင်းကောင်း သိသွားခဲ့လေပြီ။ ရန်ကိုင်သော မဝေးတော့သော အနာဂတ်တွင် ကြောက်မက်ဖွယ်ရာ ပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

“အဲ့လိုဆိုမှတော့ ဒီလောက်ကြီး လောမနေနဲ့ဦး။ ငါနဲ့ဒီမှာ အတူနေလို့ရတယ်။ မင်းလုပ်ချင်တာ စဉ်းစားမိလို့ရှိရင် ငါ့ကိုလာပြောပေါ့” ရှန်တုက သူ့အား ပွင့်ပွင့်လင်းလင်းကြီး သွားဖိတ်ခေါ်မခေါ်ခဲ့ဘဲ ရန်ကိုင်ကိုသာ ဆုံးဖြတ်ချက် ချစေသည်။ တကယ်တော့ ရန်ကိုင်အား လက်အောက်ငယ်သွား တစ်ယောက်အဖြစ် သွားဆက်ဆံ၍ မရချေ။

“အင်း။ စဉ်းစားမိရင် ငါမင်းကိုပြောမယ်” ရန်ကိုင်က ပြုံးလိုက်ပြီး ကပြဖျော်ဖြေနေကြသော မိန်းမလှလေးများကို ဆက်ကြည့်သည်။

အချိန်အတောလေး ကြာသွားပြီးနောက် နှစ်ယောက်စလုံး ဗိုက်ပြည့်သွားခဲ့ကြလေပြီ။ ရှန်သည် ယိုင်တိယိုင်တိုင်ဖြင့် သူ့အခန်းဆီသို့ ပြန်သွားသည် ရန်ကိုင်သည် အစေခံမလေး တစ်ယောက်၏ ဦးဆောင်မှုဖြင့် သူ့အခန်းဆီသို့ ပြန်သွားသည်။

အခန်းသည် အတော်လေးကျယ်ပြီး မြေပြင်ထက် မီတာ တစ်ထောင်အမြင့်နီးပါးတွင် တည်ရှိသည်။ အခန်းထဲမှနေ၍ ထွင်းဖောက်မြင်နိုင်သော ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်မည်ဆိုပါက အောက်ဘက်တွင် ရှိနေသော စည်ကားသိုက်မြိုက် လင်းလက်တောက်ပနေသည့် မြို့တော်နှင့် ခေါက်တုံ့ခေါက်ပြန်သွားလာနေသော ကျင့်ကြံသူများကို မြင်နိုင်ပေသည်။ ထိုကဲ့သို့ ကြည့်နေရင်း သူ့ရင်ထဲ အထီးကျန်လာခဲ့သည်။

ဟန်မင်းဆက်မှ ထုန်းရွှမ်လောကကြီးသို့ ရောက်စဉ်က ဤကဲ့သို့ မခံစားခဲ့ရချေ။ အကြောင်းမှာ ဟန်းမင်းဆက်နှင့် ထုန်းရွှမ် လောကကြီးသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသောကြောင့် ဖြစ်သည်။

သို့သော် လက်ရှိတွင် သူသည် ကြယ်စီရင်စုထဲ ခရီးနှင်လာခဲ့သည်။ ယခုအချိန်ထိ ထုန်းရွှမ်လောကကြီး မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကိုပင် မသိချေ။

တစ်ယောက်တည်းရှိနေသည့် အဖော်မဲ့ ခံစားချက်သည် ရန်ကိုင်အား ရုတ်တရက် စိတ်ဓါတ်ငေးငိုင်သွားစေခဲ့သည်။

သူ့စိတ်ထဲ ခံစားချက်မျိုးစုံ၊ ပူပန်စရာမျိုးစုံတို့ဖြင့် ပြည့်နေခဲ့သည်။

ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကုတင်ဆီသို့ ချက်ချင်း ပြန်သွားကာ တင်ပလင်ခွေထိုင်ချလိုက်သည်။ ထို့နောက် အသိစိတ်ပင်လယ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်သည်။

အသိစိတ်ပင်လယ်ထဲသို့ ရောက်သည်နှင့် ကြယ်မြေပုံထဲ ကောင်းကင်စိတ်အာရုံကို ပို့လွှတ်ကာ ထုန်းရွှမ်လောကကြီး၏ တည်နေရာကို စတင်ရှာဖွေသည်။

ကြယ်မြေပုံသည် အလွန်တရာကိုမှ အသေးစိတ်ကျသည်။ ကြယ်စီရင်စုထဲတွင် ရှိနေသော ကြယ်အားလုံးနှင့်တကွ အခြားခြားသော အရာများကို ဖော်ပြထားရုံမက ကြယ်များ၏ လှုပ်ရှားပုံကိုပင် ဖော်ပြထားသည်။

ကြယ်မြေပုံထဲ ကြယ်များ တစ်နေရာမှ တစ်နေရာသို့ ရွေ့နေလျှင် ကြယ်စီရင်စုထဲတွင်လည်း ထိုကြယ်များ အမှန်တကယ် ရွေ့နေ၏။

ကြယ်စီရင်စု ဖြစ်ပျက်နေသည့် အရာအားလုံးကို ကြယ်မြေပုံမှ တစ်ဆင့် သိနိုင်သည်။ ထို့ကြောင့် ဤကြယ်မြေပုံကိုသုံးကာ ထုန်းရွှမ်လောကကြီးကို ရှာနိုင်လောက်ပေသည်။

သူ့ကောင်းကင်စိတ်အာရုံသည် ကြယ်တစ်လုံးပြီး တစ်လုံးကို ခုန်ကျော်၍ ထုန်းရွှမ်လောကကြီးမှ သူထွက်လာခဲ့သည့် လမ်းကြောင်းကို ခြေရာကောက်ကြည့်သည်။ တစ်နာရီလောက် ကြိုးစားပြီးနောက် သူ့စိတ်စွမ်းအင် ကုန်ဆုံးသွားသဖြင့် ရန်ကိုင်လည်း ထုန်းရွှမ်လောကကြီးအား ရှာဖွေသည့်အလုပ်ကို ရပ်တန့်ထားလိုက်ရသည်။

အားပြန်ဖြည့်ပြီးသည်နှင့် ထုန်းရွှမ်လောကကြီးအား ပြန်ရှာသည်။ ထိုကဲ့သို့ ထပ်တလဲလဲ လုပ်ခဲ့သည့်တိုင် ထုန်းရွှမ်လောကကြီးကို မရှာတွေ့ခဲ့ချေ။ သို့သော်လည်း ကြယ်စီစုရင်ထဲရှိ ကြယ်များနှင့် အန္တရာယ်သည့် နေရာများစွာအကြောင်းကို တော်တော်လေး သိသွားခဲ့ရသည်မှာ အမြတ်ပင်။

ဤကြယ်မြေပုံကို အထင်သေမိနေမှန်းကိုလည်း သူသိလိုက်၏။ ထပ်တလဲလဲ ရှာဖွေခဲ့သည့်တိုင် ကြယ်မြေပုံတစ်ခုလုံးကို မစူးစမ်းနိုင်သေးချေ။ ကြယ်မြေပုံတစ်ခုလုံးသည် အဆုံးမဲ့သည့်အလား။ ထိုကြယ်မြေပုံအား တစ်ညလုံး စူးစမ်း လေ့လာခဲ့သော်ငြား ကြယ်စီရင်စုကြီးအနည်း အနည်းငယ်သော အစိတ်အပိုင်းကိုသာ လေ့လာနိုင်ခဲ့သည်။

သူ့ခွန်အား မလုံလောက်သေးမှန်း ရန်ကိုင် နားလည်လိုက်သည်။ သူ့ကျင့်ကြံခြင်းသာ ပိုမြင့်ပါက စူးစမ်းလေ့လာနိုင်သည့် အမြန်နှုန်းမှာလည်း ပို၍ မြင့်လာပေလိမ့်မည်။

မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် နေထွက်နေခဲ့လေပြီ။ သူ့ကျင့်ကြံခြင်း မြင့်လာတော့မှသာ ထုန်းရွှမ်လောကကြီးကို ပြန်ရှာရန် စဉ်းစားလိုက်သည်။ ယခုလောလောဆယ်တော့ ထုန်းရွှမ်လောကကြီးအား ရှာမည့်အတွေးကို ဘေးဖယ်ထားရမည်။

သူမျက်လုံးဖွင့်ပြီး မကြာမီ တံခါးခေါက်သံတစ်သံကို ကြားလိုက်ရသည်။ ရန်ကိုင်လည်း ဝင်လာရန် ပြောလိုက်သည်။

တံခါးပွင့်သွားသည့်အခါ သူရင်းနှီးနေသော အစေခံမလေးကို မြင်လိုက်ရသည်။ အစေခံမလေးက ကျော့ရှင်းစွာ ဦးညွှတ်လျက် ပြုံး၍ ပြောလိုက်သည် “သခင်လေးရန်၊ သခင်လေးရှန်တုက သူ့အဖေခေါ်လို့ သွားရမှာမို့လို့ အချိန်တိုအတွင်းတော့ ပြန်လာဖြစ်မှာ မဟုတ်သေးဘူးလို့ ပြောခိုင်းလိုက်ပါတယ်။ သူပြန်လာတာကိုစောင့်ရင်း ဒီမှာ စိတ်ရှိတိုင်း ပေါ့ပေါ့ပါးပါး နေလို့ရပါတယ်လို့လည်း ပြောခိုင်းလိုက်ပါတယ်”

“အင်း၊ ကျုပ်နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

အစေခံမလေးက ချက်ချင်း ထွက်သွားမသေးဘဲ နှုတ်ခမ်းလေးကို ကွေ့လျက် ရှက်တစ်ဝက်၊ တောင့်တစ်တစ်ဝက် အမူအရာမျိုးဖြင့် “သခင်လေးရန်၊ အခြားတောင်းဆိုချင်တာများ ရှိသေးလား”

သူမ ဘာပြောချင်နေလဲ သိသာလှသည်။

“အခုလောလောဆယ်တော့ မရှိသေးဘူး၊ နောက်လိုရင် ခေါ်လိုက်မယ်” ရန်ကိုင်က ပြန်ပြုံးပြလိုက်သည်။

အစေခံမလေး၏မျက်နှာ ရှက်သွေးဖြာသွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လျက် တံခါးကိုပြန်ပိတ်သွားသည်။

သူမထွက်သွားပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

ရှန်တု မရှိတော့သဖြင့် သူလည်း ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့ချေ။ ဦးတည်ရာမဲ့ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည့် ခံစားချက်မျိုးကို ရန်ကိုင် မုန်းသည်။

ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံ ပစ်ထည့်၍ အားပြန်ဖြည့်လိုက်သည်။ ခဏအကြာတွင် သူလုပ်ဖို့ရည်ရွယ်ထားသည့် ကိစ္စတစ်ခုကို ရုတ်တရက် မှတ်မိလိုက်သည်။ ကြယ်လွန်းပျံအသစ် ဝယ်ရန်ပင်။

သူလက်ရှိသုံးနေသော ကြယ်လွန်းပျံကို လီရုန်နှင့်အတူ ကြယ်တာရာကောင်းကင်ထဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။ ဤကြယ်လွန်းပျံသည် ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ကောင်းကောင်း အစွမ်းပြနိုင်ခဲ့သော်လည်း ကြယ်စီရင်စုထဲ ရောက်လာသည့်အခါ အစွယ်ကျိုးနေသည့် မြွေတစ်ကောင် ဖြစ်သွားရသည်။ ပီယတွင်ပင် သူ့ထက်ပိုကောင်းသော ကြယ်လွန်းပျံ ရှိပေသည်။

ထို့အပြင် အဖိုးတန်သတ္တိအချို့လည်း ဝယ်ရပေဦးမည်။

ထိုအနက်ရောင်ကျောက်တုံး နှစ်တုံးကို ကောင်းကောင်း ပျိုးထောင်ရန် ၊တစ်နေ့ကျ ထိုကျောက်တုံးနှစ်တုံးသည် သူ့အား ကြီးကြီးမားမား အံ့အားသင့်စေလိမ့်မည် ဖြစ်ကြောင်း ကွေ့ဇူ သူ့အား ပြောပြသွားခဲ့သည်။

ထိုကျောက်တုံးနှစ်တုံးကို ပျိုးထောင်ရန်အတွက် အဆင့်မြင့် သတ္တုများကို လိုအပ်ပေသည်။

အနက်ရောင်ကျောက်တုံးက မည်သည့်အရာများ ဖြစ်သလဲ ဆိုသည်ကို ကွေ့ဇူအား မမေးလိုက်မိသည့်အပေါ် ရန်ကိုင် နောင်တရနေခဲ့သည်။

နောက်ဆုံးပိုင်းတွင် သူနှင့် ကွေ့ဇူကြားမှ ဆက်ဆံရေးသည် အတော်လေးကိုမှ ကောင်းမွန်သွားခဲ့သည် မဟုတ်ပေလော။ ထို့ကြောင့် ထိုအချိန်မျိုးနွင် သူသိချင်နေသည့် မေးခွန်းကို မေးလိုက်ပါက ကွေ့ဇူက ပြန်ဖြေပေးလောက်သည်။ သို့သော် ထိုစဉ်က ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားကြောင့် အလွန်ကိုမှ မှင်သက်နေသဖြင့် ထိုအကြောင်းကို မေ့သွားခဲ့သည်။

လုပ်စရာရှိသည်များကို စဉ်းစားပြီးနောက် ရန်ကိုင် မတ်တပ်ရပ်လိုက်သည်။

မျှော်စင်အောက်သို့ ရောက်လာပြီး ရှန်တု၏ နန်းတော်ထဲမှ ထွက်သွားမည်အပြု၊ ကျလုံဟုသော ကျင့်ကြံသူ ရုတ်တရက် ပေါ်လာပြီး ပြုံးကာ မေးလိုက်သည် “ညီငယ်လေး အပြင်သွားချင်လို့လား”

“အင်း။ တစ်ခုခု ဝယ်ချင်လို့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“တစ်ခုခု ဝယ်ချင်တာလား” ကျလုံက ရုတ်တရက် ပြုံး၍ “ညီငယ်ဘေး ဘာဝယ်ချင်တာလဲ။ အဆင်ပြေရင် ငါ့ကို ပြောပြပေးလို့ရမလား”

“ပိုကောင်းတဲ့ ကြယ်လွန်းပျံတစ်စင်းနဲ့ သတ္တု နည်းနည်းပါးပါးပေါ့”

“ကြယ်လွန်းပျံတစ်စင်းနဲ့ သတ္တုနည်းနည်းပါးပါးပေါ့” ကျလုံသည် ရန်ကိုင်ဘာကြောင့် သတ္တုများ လိုချင်နေသည် ဆိုသည်ကို မမေးခဲ့ဘဲ ပြန်၍သာ ပြောလိုက်သည် “ညီငယ်လေးက အခုမှ ဒီကိုရောက်ဖူးတာဆိုတော့ ဒီနေရာနဲ့ သိပ်ပြီး ရင်းနှီးဦးမှာ မဟုတ်သေးဘူး။ ခဏလောက် စောင့်ပေးပါလား။ ညီငယ်လေး အတွက် တစ်ယောက်ယောက် စီစဉ်ပေးလိုက်မယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ဝမ်းသာသွားပြီး “အဲ့လိုဆိုရင် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

ကျလုံကြောင့် သူစိုးရိမ်နေသည့် ကိစ္စတစ်ခု ရှင်းသွားလေပြီ။

“ညီငယ်လေးက အရမ်း ယညဉ်ကျေးတာပဲ။ သခင်လေးရှန်တုက သူထွက်မသွားခင် သခင်လေးရန် တောင်းဆိုသမျှ အတတ်နိုင်ဆုံး ဖြည်ဆည်းပေးဖို့ ေ ပြသွားတယ်လေ” ပြောပြီးသည်နှင့် ဆက်သွယ်ရေး မှော်ရတနာတစ်ခုကို ထုတ်ယူ၍ အထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်သည်။

ခဏအကြာ၌ ထိုသံလိုက်အိမ်မြောင်ပုံစံ မှော်ရတနာကို ပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကိုင်အား ပြုံးကာပြောလိုက်သည် “ခဏလောက်စောင့်နော်၊ ခဏကြာရင် တစ်ယောက်ယောက် ရောက်လာလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်ပြီး စောင့်နေလိုက်သည်။

ခဏအကြာတွင် သူတို့ဆီသို့ လူတစ်ယောက် ပျံသန်းရောက်ရှိလာပြီး ရန်ကိုင်နှင့် ကျလုံရှေ့ ဆင်းကာ မျက်ခုံးပင့်၍ မေးလိုက်သည် “တစ်ခုခု လိုလို့လား”

ထိုလူတစ်ကိုယ်လုံး ကြက်သွားအဖုအထစ်များနှင့် ဖြစ်၍ အရိုင်းဆန်ကာ သားရဲဆန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ မျက်နှာထက်ပေါက်နေသော ထူလပြစ်ခဲနေသည့် ပါးသိုင်းမွှေးများသည် သူ့အား ခြင်္သေတစ်ကောင်နှင့် တူသွားစေသည်။

မွန်းစတားမျိုးနွယ်စုဝင်လား ထိုလူ၏ ပုံပန်းသွင်ပြင်နှင့် စွမ်းအင် အရှိန်အဝါအရ ထိုလူ မည်သည့်မျိုးနွယ်စုမှဖြစ်မှန်း ရန်ကိုင် ချက်ချင်းတန်းသိလိုက်သည်။

အကြောင်းမှာ သူ့ဆီမှ သိပ်သည်းလှသော မွန်းစတားမျိုးများ ဖြာထွက်နေသောကြောင့် ဖြစ်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၃၅)

ရှန်တု၏ နန်းတော်အပြင်ဘက်၊ ကျလုံက ရန်ကိုင်ကို လက်ညိုးထိုး၍ ပြောလိုက်သည် “သခင်လေးရန်က တစ်ခုခု ဝယ်ချင်လို့တဲ့။ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးလိုက်”

“သခင်လေးရှန်တုရဲ့ ဧည့်သည်လား” မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်က ရန်ကိုင်ဘက်သို့လှည့်၍ အသာအယာ ခေါင်းညိတ်လိုက်သည် “ပြဿနာမရှိဘူး”

ရန်ကိုင်အကြောင်း သူသိပြီးသားပုံပင်။ တကယ်တော့ ရှန်တုသည် သူ့နန်းတော်ဆီသို့ လူခေါ်လာခဲသည် မဟုတ်ပေလော။ သူခေါ်လာသည့် လူတိုင်းဟာလည်း အဖိုးတန် ဧည့်သည်များ ဖြစ်ကြပေသည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့” မွန်းစတားမျိုးနွယ်စုမှလူက ပြောလိုက်သည်။

“ကြိုပြီး ကျေးဇူးတင်ထားရပါစေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ဤသို့ဖြင့် နှစ်ယောက်သား ရှန်တုနန်းတော်မှ ထွက်သွားကြသည်။ လမ်းတွင် ရန်ကိုင်က အရင်စမေးလိုက်သည် “ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ”

ဤမွန်းစတားမျိုးနွယ်စုဝင် ပညာရှင်သည် သူတော်စင်ဘုရင် တစ်ယောက် ကျိန်းသေ ဖြစ်ရပေမည်။ မဟုတ်လျှင် သူ့ဆီမှ ဖိအားခံစားရမည်ဟုတ်။ သူတော်စင်ဘုရင်အဆင့်နှင့် အထက်များသည်သာ ရန်ကိုင်အား ဖိအားခံစားရစေသည်။

သို့သော် သူသည် ရှန်တု၏ လက်အောက်ငယ်သား ဖြစ်သဖြင့် သူ့အား မိတ်ဆွေဟု ခေါ်သည်မှာ ရိုင်းပြရာမကျချေ။

“သခင်လေးရန်က အရမ်းယဉ်ကျေးနေတာပဲ။ ကျုပ်ကို ရွှယ့်ထုန်လို့ ခေါ်လို့ရပါတယ်”

“ရွှယ့်ထုန်” ရန်ကိုင်က မျက်လုံးပင့်လိုက်ပြီး “ခင်းဗျား ဘယ်မွန်းစတားမျိုးနွယ်စုကနေ ဆင်းသက်လာတာလဲ”

“မျက်လုံးနီအမွှေးရှည်ခြင်္သေ့” ရွှယ့်တုန်က ပြန်ရှင်းပြသည်။

ရွှယ့်ထုန်န်၏ မျက်လုံးများ အနည်းငယ် နီနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သို့သော် လူပုံစံဖြင့် ရှိနေသဖြင့် ထိုကဲ့သို့ နီရုံလေးနီနေခြင်းသာ ဖြစ်သည်။ သားရဲအသွင်သို့ ပြောင်းပါက သူ့မျက်လုံးများသည် သွေးကဲသို့ ရဲရဲတောက် နီးသွားပေမည်။ သူ့ခွန်အားသည်လည်း တစ်ဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။

“မင်းက လူသားမျိုးနွယ်စုပဲဟာ။ ဘာလို့ မင်းဆီကနေ မွန်းစတားချီကို ခံစားမိနေတာလဲ…” ရွှယ့်ထုန်န်က ရန်ကိုင်အား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး “ပြီးတော့ မင်းရဲ့ သွေးမျိုးဆက်က အရမ်း သန့်စင်လွန်းတယ်။ ရှင်းရှင်းပြောရင် ငါ့ထက်တောင် ပိုပြီး အဆင့်မြင့်သေးတယ်။ မွန်းစတားဧကရာဇ် တစ်ယောက်နီးနီးပါပဲ။ ငါတို့ မွန်းစတားမျိုးနွယ်စုနဲ့ ပက်သက်တဲ့ ကံကောင်းမှု တစ်ခုခုများ မင်းကြုံတွေ့ခဲ့တာလား”

“အင်း။ အဲ့လိုပြောလို့ရတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

သူ့ကိုယ်ပေါ်ရှိ ရွှေနဂါးနှင့် ရေခဲဖီးနစ်တက်တူးများတွင် မွန်းစတားချီ အရှိန်အဝါများ ပါဝင်နေသဖြင့် သူ့ဆီမှ မွန်းစတားချီ အရိပ်အယောင်ကို ရွှယ့်ထုန် ခံစားမိသည်မှာ အထူးအဆန်း မဟုတ်ချေ။ ထို့အပြင် ရွှေနဂါးနှင့် ရေခဲဖီးနစ်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးထဲရှိ မွန်းစတားမျိုးနွယ်စုများကို ထည့်တွက်လျှင်ပင် ထိပ်ခေါင်းများ ဖြစ်ကြသည်။

ရွှယ့်ထုန်သည် ဘာမှဆက်မပြောတော့။ သို့သော် ရန်ကိုင်ဆီမှ မွန်းစတားချီအရှိန်အဝါကို အာရုံခံမိလိုက်သည့် အတွက်ကြောင့်လား မသိရာ၊ သူ့သဘောထားသည် ပို၍ ဖော်ရွေလာခဲ့သည်။

ခဏအကြာတွင်၊ စိမ်းနုရောင် အလင်းတန်းများ လူးလွန့်သွားလနေသော မြို့ကြီးတစ်မြို့ဆီသို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။ ထိုစိမ်းနုရောင် အလင်းတန်းများသည် ကျင့်ကြံသူများ စီးနေသည့် ကြယ်လွန်းပျံများ ဖြစ်ကြသည်။

ရွှယ့်ထုန်က ရန်ကိုင်နှင့်အတူ ထိုမြို့ဆီ လမ်းလျှောက်သွားပြီး မေးလိုက်သည် “သခင်လေး ဘာဝယ်ချင်တာလဲ”

“ကြယ်လွန်းပျံကောင်းကောင်းတစ်စီးနဲ့ ရှားပါးသတ္တုအချို့ပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ရိုးရိုးလေးပဲ” ရွှယ့်ထုန်က ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည် “ဒီမှာပဲ ဝယ်ချင်လား။ အခြားနေရာမှာ ဝယ်ချင်လား”

“ဘာကွာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဒီမြို့က ရေလကြယ်ပေါ်မျာ တော်တော်လေးသေတဲ့ မြို့လို့ ပြောလို့၇တယ်။ ဒါကြောင့် ဒီမှာရောင်းတဲ့ ပစ္စည်းတွေကို သိပ်ပြီး အဆင့်မြင့်မှာ မဟုတ်ဘူး။ ဝယ်မယ်ဆို အနည်းဆုံး သူတော်စင် ဘုရင်အဆင့်လောက်ကို ဝယ်ဖို့ အကြံပေးချင်တယ်။ အဲ့လို ကြယ်လွန်းပျံနဲ့သာဆို အချိန်အတော်ကြာတဲ့အထိ နောက်ထပ် တစ်စီးနဲ့ အစားထိုးစရာလိုမှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင် သူတော်စင်ဘုရင်အဆင့်ပဲ ဝယ်တာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“အဲ့လိုဆိုရင် ဒီကနေ မိုင်သုံးသောင်းလောက်ဝေးတဲ့ မြို့ဆီ သွားရလိမ့်မယ်”

“နည်းနည်းဝေးတယ်နော်” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်သည်။ ကြယ်လွန်းပျံနှင့် ပျံသွားလျှင် ထိုမြို့ဆီသို့ရောက်ရန် အချိန် အတော်ကြာ ယူရပေလိမ့်မည်။

သို့သော် ရွှယ့်ထုန်ကပြုံးလျက် “သိပ်မဝေးပါဘူး။ ချက်ချင်းတောင် ရောက်အောင် သွားလို့ရတယ်”

ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သို့သော် ဘာမှ ထပ်မမေးဘဲ ရွှယ့်ထုန်နောက်သို့သာ လိုက်သွားခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်တို့ အဆောက်အဦးတစ်လုံးရှေ့ ရောက်လာခဲ့သည်။ သို့သော် အထဲသို့မဝင်ခင် အထဲမှ ထူးဆန်းသော စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်ကို သတိပြုမိလိုက်သည်။ ထိုစွမ်းအင်လှိုင်းများကို သေချာ စစ်ဆေးကြည့်လိုက်ရာ ထိုစွမ်းအင်များသည် ဟင်းလင်းပြင် စွမ်းအင်များ ဖြစ်နေမှန်း တွေ့ရှိလိုက်ရသည်။

ဤနေရာတွင် ဘာကြောင့် ဟင်းလင်းပြင်စွမ်းအင် ရှိနေမှန်း ရန်ကိုင် နားမလည်နိုင် ဖြစ်သွားသည်။

အဆောက်အဦး အပြင်ဘက်တွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အစောင့်များ ရှိနေခဲ့သည်။ ရွှယ့်ထုန် ရောက်လာသည့်အခါ ထိုလူအားလုံး ဦးညွှတ်လိုက်ကြသည်။

ရွှယ့်ထုန်သည် အထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။ ဂိတ်ပေါက်များစွာကို ဖြတ်ကျော်ပြီးနောက် ဟင်းလင်းပြင် စွမ်းအင်များသည် ပိုပို၍ ထင်ရှားလာခဲ့သည်။

အတွင်းအကျဆုံးအခန်းဆီသို့ ရောက်လာသည့်အခါ ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားခဲ့ပြီး အံ့အားသင့်တကြီး ပြောမိလိုက်သည် “ဟင်းလင်းပြင်အစီအရင်လား”

သူ့ရှေ့တွင် လွင့်မျောတိုက်ကြီး၌ ကွေ့ဇူ ဖန်တီးခဲ့သော အစီအရင်နှင့်တူသည် အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။ ကွာခြားသွားသည်ကား ဤဟင်းလင်းပြင် အစီအရင်သည် ကွေ့ဇူဖန်တီးခဲ့သည့် ဟင်းလင်းပြင် အစီအရင်ထက် ပို၍ အသေးစိတ်ကျခြင်းပင်။

ရန်ကိုင်ရှေ့ရှိ ဟင်းလင်းပြင်အစီအရင်သည် အခြားဘာကိုမှ ထည့်မတွက်လျှင်ပင် အဆင့်မြင့်သည့် ဟင်းလင်းပြင်အစီအရင် တစ်ခုဖြစ်သည်။ အစီအရင်၏ အလယ်ဗဟိုတွင် လေဟာနယ် ဝိဥာဉ်သလင်းကျောက်များဖြင့် ဖုံးအုပ်ထားသည် ကြေးမုံကဲ့သို့ အရာဝတ္ထုတစ်ခု ရှိနေခဲ့သည်။

ထိုကြေးမုံ၏ အောက်ခြေသည် သူတော်စင်သလင်းကျောက်များ ထည့်ရန် ပြင်ဆင်ထားသည့် မြောင်းများ ရှိနေခဲ့သည်။

“ဒါကို သံးလို့၇တာလား” ရန်ကိုင်က ရွှယ့်ထုန်အား မှင်သက်စွာ ကြည့်လိုက်သည်။

“ရတာပေါ့။ ဒီဟင်းလင်းပြင်အစီအရင်ကိုသုံးပြီး အခြားမြို့ဆီ သွားမှာလေ”

“ဟင်းလင်းပြင်အစီအရင်တွေကို ရေးဆွဲတဲ့နည်းလမ်းတွေက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား” ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။

“ဟုတ်တယ်။ ဒီဟင်းလင်းပြင် အစီအရင်တွေက ရှေးခေတ်က အကြွင်းအကျန်တွေပဲ။ ဒီလို ဟင်းလင်းပြင် အစီအရင်တွေက ကျင့်ကြံရေးကြယ်တွေပေါ်မှာ အများကြီးပဲ။ ဒီဟင်းလင်းပြင် အစီအရင်တွေကို ဘယ်တုန်းက ဖန်တီးခဲ့တာလဲ ဘယ်သူမသိဘူး။ ဒါပေမယ့် သုံးလို့တော့ရတယ်။ ဟင်းလင်းပြင်တာအို အနည်းအကျဉ်းကို နားလည်ထားတဲ့ မဟာပညာရှင်ကြီးတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီလို ဟင်းလင်းပြင်အစီအရင်မျိုးဆိုတာ ငါတို့လိုလူမျိုးတွေ လုပ်နိုင်တာမျိုး မဟုတ်ဘူးလေ”

သူရှင်းပြသည်ကို နားထောင်ပြီး ဤဟင်းလင်းပြင် အစီအရင်သည် ရှေးခတ်ကတည်းက ကျန်ရစ်ခဲ့သော အမွေအနှစ်တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

“ဒါရှိနေမှတော့ ကျင့်ကြံရေးကြယ်တစ်ခုနဲ့တစ်ခုကို အလွယ်လေး သွားလို့ရပြီပေါ့” ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ကျင့်ကြံရေး ကြယ်တစ်လုံးနှင့် တစ်လုံးကြား မည်မျှ ဝေးသည်ကို ရန်ကိုင် ကောင်းကောင်းသိသည်။ ကြယ်စီရင်စုကြီးကို ဖြတ်၍သာ သွားလာနေမည်ဆိုပါက အချိန်တော်တော် ကုန်ပေလိမ့်မည်။ သို့သော် ဟင်းလင်းပြင် အစီအရင်ဖြင့်ဆိုပါက မတူညီသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလေပြီ။ ဟင်းလင်းပြင်အစီအရင်ကို သုံး၍ သွားလာမည်ဆိုပါက အချိန်တစ်ခဏသာ ကြာပေမည်။

ရွှယ့်ထုန်က ကိုးယိုးကားယား ပြုံးလျက် ခေါင်းခါလိုက်ပြီး “အဲ့လိုတော့ မရဘူး။ ဟင်းလင်းပြင်အစီအရင်တွေက အများဆုံးမှ မိုင်တစ်သိန်းလောက်ကိုပဲ ပို့ပေးနိုင်တာ။ ကျင်ကြံရေး ကြယ်တွေပေါ်မှာ ရှိနေတဲ့ ဟင်းလင်းပြင် အစီအရင်တွေက အဲ့ကြယ်ပေါ်မှာရှိနေတဲ့ အခြားနေရာတွေဆီကိုပဲ သွားနိုင်တယ်”

ပြောပြီးသည်နှင့် အဆင့်မြင့်သူတော်စင်သလင်းကျောက် အချို့ကို ထုတ်၍ ကြေးမုံ၏ အောက်ခြေတွင် ရှိနေသော မြောင်းထဲ ထည့်လိုက်သည် “ကျေးဇူးပြုပြီး လိုက်ခဲ့ပါ သခင်လေးရန်”

ရန်ကိုင်လည်း ရွှယ့်ထုန်နှင့် ဘေးချင်းယှဉ် ရပ်လိုက်သည်။

ထို့နောက် ရွှယ့်ထုန်သည် ဟင်းလင်းအစီအရင်ကို အသက်သွင်းလိုက်သည်။ သူတို့ရှေ့ရှိ ကြေးမုံပြင်ထက် တည်ငြိမ်နေသော ကန်ထဲ ခဲတစ်လုံး ကျသွားသည့်နှယ် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတော်စင်သလင်းကျောက်ထဲရှိ စွမ်းအင်များမှာလည်း အလျင်အမြန် ယုတ်လျော့လာခဲ့သည်။

ခဏအကြာ၌ မှန်ချန်ကွဲကြေသွားခဲ့ပြီး အနက်ရောင်ဝင်‌ပေါက် တစ်ခုပေါ်လာခဲ့သည်။

“သွားကြမယ်” ရွှယ့်ထုန်က အော်ပြောလိုက်ပြီး အထဲသို့ အရင်လှမ်းဝင်သွားလိုက်သည်။ ရန်ကိုင်လည်း သူ့နောက်မှ လိုက်သွားခဲ့သည်။

ဤဟင်းလင်းပြင်ကို အစီအရင်ကို အသုံးပြုရာတွင် လေဟာနယ်ကို ဆုတ်ဖြဲရသကဲ့သို့ မခံစားရချေ။ ဟင်းလင်းပြင် အစီအရင်ကိုသုံးရသည်မှာ အလွန်ကိုမှ ရိုးရှင်းသည်။ အထဲသို့ ဝင်သွားလိုက်သည်နှင့် နောက်တစ်နေရာသို့ ရောက်လာခဲ့သည်။

နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် နောက်ထပ် ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေသည်ကို‌ တွေ့လိုက်ရသည်။ သို့သော် ထိုဟင်းလင်းပြင်အစီအရင်သည် ယခင် ဟင်းလင်းပြင် အစီအရင်နှင့် မတူတော့ချေ။

ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်းပဲ နားလည်သွားခဲ့သည်။ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်သည်နှင့် မတူညီသော နေရာနှစ်ခုကို ဆက်ပေးသည့် ယာယီလေဟာနယ်လိုဏ်ခေါင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုဟင်းလင်းပြင်အစီအရင် အားလုံးသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ အပိုင်များဖြစ်ကြသည်။

ရွှယ့်ထုန်က ပြုံး၍ “ဒီဟင်းလင်းပြင်အစီအရင်တွေက သုံးရ အရမ်းလွယ်တယ်ဆိုပေမယ့် ဘယ်အပြင်လူကမှ အရမ်းကြီး မသုံးကြဘူး

“ဘာလို့လဲ”

“ဟင်းလင်းပြင်က အရမ်း ဆန်းကြယ်လွန်းတယ်။ ဟင်းလင်းပြင် အစီအရင်ကို ထပ်တလဲလဲ အသုံးပြုတာက အန္တရာယ်များတယ်။ ဟင်းလင်းပြင်တာအိုကို မကျွမ်းကျင်တဲ့လူတွေဆိုရင် တစ်လမှ တစ်ကြိမ်လောက်ပဲ သုံးကြတယ်။ အများစုကတော့ ကိုယ့်ဘာသာ ကြယ်လွန်းပျံတွေနဲ့ပဲ သွားကြတယ်”

“ကျုပ်နားလည်ပြီ” ရန်ကိုင်က ပြုံးလိုက်ပြီး “ဒီတော့ ကျုပ်တို့ ဟိုမှာ ဝယ်စရာရှိတာတွေ ဝယ်ပြီးသွားရင် ဒီအတိုင်း ပျံပြီး ပြန်လာမှာပေါ့”

“အသေအချာပဲ” ရွှယ့်ထုန်က ခေါင်းညိတ်လိုက်သည် “သွားကြမယ်။ ကြယ်လွန်းပျံတွေကို သန့်စင်ပေးတဲ့ ဆရာကြီး တစ်ယောက်ဆီ ငါမင်းကိုခေါ်သွားပေးမယ်။ ဒီရေလကြယ် တစ်စင်လုံးက သူ့လက်ရာအကောင်းဆုံးပဲ။ သူ့ဆိုင်မှာ မင်းနဲ့ သင့်တော်မယ့် ကြယ်လွန်းပျံကိုတောင် ရှာတွေ့နိုင်တယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် စိတ်လှုပ်ရှားသွား၏။

ဤမြို့သည် ယခင်မြို့ထက် ပို၍ စည်းကားပေသည်။ လမ်းဘေး တစ်လျှောက်တွင် အမျိုးမျိုးသော ဆိုင်များရှိနေသည်ကို တွေ့ရပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း မဆုံးနိုင်သော မြစ်တစ်စင်းနှယ် လမ်းမထက် သွားလာနေကြသည်။ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများကိုပင် သူတွေ့ခဲ့သည်။

ဤနေရာသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သည့်အတွက် ကြယ်စီရင်စုကြီးတစ်ခုလုံးက အဓိကကုန်သွယ်ရေးနေရာ တစ်ခုလည်း ဖြစ်ပေသည်။

ကြယ်စီရင်စုကြီးအနှံ့ တည်ရှိနေကြသော အင်အားစုများသည် လိုအပ်သော အရင်းအမြစ်များ၊ အထောက်အပံ့များ ရနိုင်ရန် အတွက် ဤနေရာတွင် ဆိုင်ခန်းများ ဖွင့်ထားကြသည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဆီမှ သူတို့လိုအပ်သည်ကို ဝယ်ယူကြသလို့ သူတို့ဘက်မှ ပြန်ရောင်းသည့် အခါများလည်း ရှိသည်။

မြို့ကြီးများမှ ကြယ်သင်္ဘောများစွာတို့သည် နေ့စဉ်နှင့်အမျှ ရေလကြယ်သို့ လာရောက်ကြသလို ကြယ်တာရာကောင်းကင် ထဲသို့လည်း ထွက်ခွာကြသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ရန်ကိုင် အတော့်ကိုမှ အံ့ဩနေခဲ့ရသည်။

ရွှယ့်ထုန်၏ ဦးဆောင်မှုဖြင့် မကြာမီ ရန်ကိုင်သည် အထပ်ပေါင်း များစွာရှိသည့် ဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ ဆိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ယောက်ယောက်က သူတို့အား လာရောက် ကြိုဆိုနှုတ်ဆက်လေသည် “ဆရာရွှယ့်ထုန်၊ မတွေ့ရတာ ကြာပြီနော်။ သခင်လေး ရှန်တု တစ်ခုခု လိုလို့လား”

ရွှယ့်ထုန်က ခေါင်းခါလိုက်ပြီး “သခင်လေးလေးရှန်တု မဟုတ်ဘူး။ သူ့ဧည့်သည်က ကြယ်လွန်းပျံတစ်စင်းလောက် ဝယ်ချင်လို့တဲ့။ ငါတို့ကို တတိယအထပ်ဆီ ခေါ်သွားပေး”

ဆိုင်ဝန်ထမ်းက ရန်ကိုင်အား တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည် “ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ”

ရန်ကိုင်သည် ဆိုင်ဝန်ထမ်းနောက်မှ လိုက်သွားရင်း ဆိုင်အပြင်အဆင်ကို လေ့လာကြည့်သွားသည်။ ဤဆိုင်သည် ကြယ်လွန်းပျံများကို အထူးသီးသန့်ရောင်းသည့် ဆိုင်ဖြစ်သည့်ပုံပင်။ ကြယ်လွန်းပျံတစ်စင်းချင်းစီတိုင်းကို လူမြင်အောင် ပြသထားပြီး လူပေါင်းများစွာတို့သည် ထိုနေရာတွင် အုံခဲကာ ဆိုင်ဝန်ထမ်းများ အပြန်အလှန် ဈေးဆစ်နေကြသည်။

“ဒီဆိုင်က ငါတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အပိုင်ပဲ။ မင်းလိုချင်တဲ့ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကြယ်လွန်းပျံတွေက သုံးထပ်မှာရှိတာ။ ပထမအထပ်နဲ့ ဒုတိယ အထပ်က ဟာတွေက သာမန်အဆင့်အောက်တွေပဲ” ရွှယ့်ထုန်က ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ဤအောက်ဘက်တွင် ရှိနေသော ကြယ်လွန်းပျံများသ်ည စိတ်ဝိဥာဉ်အဆင့်သာ ရှိသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုကြယ်လွန်းပျံကို ဝယ်ယူနေကြသည့် ကျင့်ကြံသူများမှာလည်း မသေမျိုးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အနည်းငယ်သာ သူတော်စင်များ ဖြစ်ကြသည်။

စိတ်ဝိဥာဉ်အဆင့် ကြယ်လွန်းပျံများသည် အမြန်နှုန်းတွင်ရော၊ စွမ်းဆောင်မှုပိုင်းတွင်ပါ အနိမ့်ကျဆုံးဖြစ်သည်။ ထိုကဲ့သို့သော ကြယ်လွန်းပျံများဖြင့် ကြယ်တာရာကောင်းကင်ထဲသို့ သွား၍ မရချေ။ ထိုကြယ်လွန်းပျံများသည် ကြယ်တာရာကောင်းကင်၏ အဖျက်စွမ်းအားနှင့် ထိမိသည်နှင့် ပျက်စီးသွားနိုင်ပေသည်။

ဒုတိယအထပ်သည် သူတော်စင်အဆင့် ကြယ်လွန်းပျံများနှင့် ပြည့်နေခဲ့သည်။ ဤအထပ်ရှိ ကြယ်လွန်းပျံများသည် ပထမ အထပ်နှင့် ရန်ကိုင်ပိုင်ဆိုင်ထားသည့် ကြယ်လွန်းပျံထက် ပိုမို အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသည်။

ဤအထပ်တွင်လည်း ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။

All Chapters