အခန်း (၁၀၇၆-၁၀၈၀)
Vol. 44 Ch. 1076-1080
အပိုင်း(၁၀၇၆)
ဇုန်းအောင် မှန်သည်မှာ တစ်ချက်ရှိသည်။ ရန်ကိုင် အနေဖြင့် ဤနေရာတွင် အကြာကြီးနေ၍ မဖြစ်ချေ။ ရွှယ့်ယွယ်၏ အခြေအနေကို သိပြီးနောက် ရေလကြယ်မှ မည်ကဲ့သို့ တုန်ပြန်မလဲ ဆိုသည်ကို ရန်ကိုင်မသိ။ ထိပ်တန်းအဆင့် ခေါင်းဆောင် တစ်ယောက်သာ လာရောက်စစ်ဆေးပါက သူ့အနေဖြင့် ရှင်းပြရ ခက်ပေလိမ့်မည်။
ရွှယ့်ယွယ်သည်လည်း သူမ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို လူသိမခံချင်ချေ။
လောလောဆယ်၌ ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ်ကို အမြန်ပြန်ရအောင် လုပ်ရမည်။ ထို့နောက် ဝိဥာဉ်ချိန်းကြိုးကို ဖြည်ကာ ဤနေရာမှ အမြန်ထွက်ပြေးရပေမည်။
နောက်လဝက်အတောအတွင်း ရန်ကိုင်၏ဘဝမှာ အလွန်ကိုမှ သာယာနေခဲ့သည်။ နေ့စဉ်နေ့တိုင်း၊ ခမ်းနားကြီးကျယ်သော ဧည့်နန်းတော်ကြီးထဲ အကောင်းစားဝိုင်၊ အစားအစာ၊ အသီးများဖြင့် နှပ်နေရသဖြင့် အားနည်းနေသော ရန်ကိုင်သည် အချိန်တိုအတွင်း အားပြန်ဖြည့်လာခဲ့ရသည်။
တကယ် မလိုအပ်လျှင် ဆေးတိမ်တိုက်ပါသော ဆေးလုံးအား နောက်ဘယ်တော့မှ ထပ်မဖော်စပ်တော့ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။ ဆေးဖော်စပ်နေတုန်း ကံကောင်းပြီး ဆေးတိမ်တိုက်ပါသော ဆေးလုံးကို ဖော်စပ်မိလျှင် ကိစ္စမရှိချေ။ သို့သော် ဆေးတိမ်တိုက် ပါသော ဆေးလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် ဘယ်တော့မှ ထပ်မံ ဖော်စပ်တော့မည် မဟုတ်ချေ။ ထိုဆေးလုံးကို ဖော်စပ်ရန်အတွက် ပေးဆပ်ရသည့်တန်ဖိုးမှာ အတော့်ကိုမှ ကြီးမားလှသည်။
ဟလီခသည် တောင်ကြားအတွင်း ဇုန်းအောင် နေရန်အတွက် နန်းတော်ကြီးတစ်ခုကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောက်လုပ်ပေးခဲ့သည်။ သို့သော် တောင်ကြားဆီသို့ ဇုန်းအောင် ချက်ချင်း ပြန်မသွားချေ။ အကြောင်းမှာ တောင်ကြားထဲရှိ မိုးမြေစွမ်းအင်သည် အတော်လေးကို နည်းပါးနေသောကြောင့် ဖြစ်သည်။ မိုးရေစင်ကြယ်ပေါ်ရှိ အခြားနေရာများကဲ့သို့ ပြန်ဖြစ်လာရန်အတွက် အချိန်အချို့ လိုအပ်ပေလိမ့်မည်။
ဆေးတိမ်တိုက်ပါသော ဆေးလုံးကို သူဖော်စပ်ခဲ့သည့် သတင်းသည် တောမီးပမာ ပျံ့နှံ့သွားခဲ့ရာ မိုးရေစင်ကြယ်ပေါ်ရှိ ဆေးပညာရှင်တိုင်း သူ့အား လာရောက်ဂါဝရပြုကြသည်။ ရောက်လာသူများသည် သူကဲ့သို့ ဆေးပညာရှင်များ ဖြစ်ကြသဖြင့် ထိုလူများကို ဇုန်းအောင် နှင်မထုတ်ခဲ့ချေ။ ထို့ကြောင့် ရက်တော်တော်များများလောက် ဇုန်းအောင်အနေဖြင့် ချီးကျူးစကားကို နားမဆံ့အောင် ကြားနေခဲ့ရလေသည်။ နားချိန်လည်း နည်းနည်းလေးမျှပင် မရချေ။
ထိုအခြင်းအရာကို မြင်လိုက်သော် သူ့ဆုံးဖြတ်ချက်နှင့် ပက်သက်ပြီး ရန်ကိုင် ကြိတ်ဝမ်းသာသွားခဲ့သည်။
ဆေးတိမ်တိုက်ပါသော ဆေးလုံးအား ဖော်စပ်သူသည် သူသာ ဖြစ်နေမည်ဆိုပါက ထိုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့အစား ထိုအိုကြီး၊ အိုမများသည် နည်းလမ်း အမျိုးမျိုးကိုသုံး၍ သူလိမ်နေသလား၊ အမှန်အတိုင်း ပြေနေသလား ဆိုသည်ကို စစ်ဆေးပေလိမ့်မည်။
ထိုလူများထဲမှ မည်သူမှက သူတို့သည် ရန်ကိုင်အောက် နိမ့်ကျပါသည်ဟု ဝန်ခံချင်ကြလိမ့်မည် မဟုတ်ချေ။ ထိုသို့ ဝန်ခံလိုက်ခြင်းသည် လူကြီးဖြစ်ပြီး အသက်သုံးဆယ်ပင် မပြည့်သေးသော ကလေးလောက်ပင် အသုံးမကျဟု အဓိပ္ပါယ် သက်ရောက်သွားနိုင်လေရာ သူတို့၏ မာနကို ထိခိုက်သွားနိုင်၏။
တစ်ခုသောအခန်းထဲတွင် ရန်ကိုင်သည် ရွှယ့်ယွယ် အိပ်နေသည့် ကုတင်းဘေးဝယ် တင်ပလင်ခွေ ထိုင်နေခဲ့သည်။
သူမ၏ စွဲမက်ဖွယ်ကောင်းလှသော မျက်နှာလေးကို စိုက်ကြည့်ရင်း ရွှယ့်ယွယ်အား အမှန်တကယ် နိုးမလာစေချင်ခဲ့ချေ။
အိပ်စက်နေသော ရွှယ့်ယွယ်သည် အကောင်းဆုံးပင်။ သူမအား သူ့စိတ်ရှိသလို လုပ်နိုင်သည်။ သူလုပ်သမျှတိုင်းကိုလည်း ခုခံမည် မဟုတ်သလို စောဒကလည်း တက်လိမ့်မည် မဟုတ်ချေ။ သို့သော် သူမသာ နိုးလာသည်နှင့် ရန်ကိုင်ဆီသို့ အဆုံးမရှိသော ပြဿနာနှင့် ဒုက္ခများစွာတို့ကို သယ်ဆောင်လာပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်အနေဖြင့် သူမအား နှိုးပြီး ဝိဥာဉ်ချိန်းကြိုး ဖြည်ရပေမည်။ လောလောဆယ်၌ ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ်သည် ပျောက်ခြင်းမလှ ပျောက်နေခဲ့သည်။ ဝိဥာည်ချိန်းကြိုးကို သူမ မရှိဘဲ သူတစ်ယောက်တည်း ဖြည်နိုင်မည် မဟုတ်ချေ။
စိတ်စွမ်းအင်ကို ထုတ်လွှတ်၍ ရန်ကိုင်သည် ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားလိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာခဲ့လေသည်။
ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲသို့ ရောက်ဖူးသည်မှာ ရန်ကိုင်အတွက် ပထမဆုံးအကြိမ် မဟုတ်တော့။ ယခင်က သူမ၏ အခြေအနေကို စစ်ဆေးရန်အတွက် ဤနေရာသို့ လာဖူးပေသည်။ သို့သော် သေသေချာချာတော့ လျှောက်မကြည့်ဖူးခဲ့။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်သား၏ အသိစိတ်ပင်လယ်ကို ခွင့်ပြုချက်မရဘဲ စစ်ဆေးခြင်းသည် ကျင့်ကြံသူတိုင်း မလုပ်အပ်သည့် အရာတစ်ခုဖြစ်သည်။ အသိစိတ်ပင်လယ်ထဲတွင် လူတစ်ယောက်၏ အတွေ့အကြုံအားလုံး၊ လျှို့ဝှက်ချက်အားလုံး ရှိနေခဲ့သည်။ အသိစိတ်ပင်လယ်ကို ရှာဖွေစစ်ဆေးခြင်းသည် အဝတ်ဗလာနှင့် အကြည့်ခံရခြင်းထက်ကို ပိုဆိုးပေသည်။
ယခင်အကြိမ် ဤနေရာသို့ လာခဲ့စဉ် ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ကို သိပ်ပြီး မစစ်ဆေးခဲ့ချေ။ ဤမိန်းမနှင့် ရန်ကိုင် သိပ်ပြီး မပက်သက်ချင်ပေ။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ရွေးချယ်စရာ မရှိတော့သည့်အတွက် လုပ်ရပေတော့မည်။
ပင်လယ်လေညင်းသည် အသာအယာ တိုက်ခတ်နေပြီး ရေပြင်သည် တည်ငြိမ်နေခဲ့သည်။ ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲတွင် ကျယ်ပြောလှသော ပင်လယ်ပြင်မှတစ်ပါး အခြားဘာမှ ရှိမနေခဲ့။
လူတစ်ယောက်၏ အသိစိတ်ပင်လယ်သည် လူတစ်ယောက်၏ ဘဝနှင့် စရိုက်ကို ရောင်ပြန်ဟပ်သည်။ ထို့ကြောင့် ရွှယ်ယွယ်သည် အထီးကျန်စရာကောင်းသော ဘဝတွင် နေခဲ့ရသည်မှာ အတော်လေးကိုမှ ဖြစ်နိုင်ချေ ရှိလှသည်။
ရွှယ့်ယွယ်သည် မိန်းမတစ်ယောက် ဖြစ်သော်ငြား ယောကျာ်း တစ်ယောက်အဖြစ် နေထိုင်ခဲ့ရသည်။ သူမတွင် တတိယသခင်လေး ရွှယ့်ယွယ်၏ ပုံစံနှင့် လွှမ်းမိုးနိုင်သော ဩဇာတိက္ကမရှိသည်။ သို့သော် ထိုဘဝကြီးတွင် နေရာသည်ကို သူမ အတော်လေး ငြီးငွေ့နေလေပြီ။ စိတ်ဓါတ်ခွန်အားကို အားကိုပြီးတော့သာ နေနေရတော့သည့် အခြေအနေမျိုးသို့ ရောက်နေခဲ့သည်။
“နင့်လျှို့ဝှက်ချက်တွေကို သိချင်တာ မဟုတ်ပေမယ့် နင့်ကို နှိုးဖို့ ဒီလိုလုပ်မှ ရမှာမို့လို့၊ နောက်ပိုင်း ငါ့ကို အငြိုးမထားပါနဲ့နော်” ထိုကဲ့သို့ ရေရွတ်ပြီးနောက် ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားလေသည်။
သူ့တစ်ကိုယ်လုံးအား နူညံ့ပျော့ပျောင်းလှသော ပိုးသားသဖွယ် ရစ်ပတ်လာသည့် နွေးထွေးထွေး ပင်လယ်ရေကြောင့် ရန်ကိုင်၏ တစ်ကိုယ်လုံး အလွန်ကိုမှ သက်သောင့်သက်သာ ရှိသွားရသည်။ သူ့စိတ်ထဲ ထိုနေရာတွင်သာ နေပစ်လိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာရသည်။
ဝိဥာဉ်နှစ်ခုပေါင်းစပ်ခြင်းသည် အလွန်ကိုမှ ထိတ်လန့်စရာ ကောင်းလှသည်။ ထိုသို့ ပေါင်းစပ်ခြင်းဖြင့် ကိုယ်ခန္ဓာချင်း ယှတ်စပ်ခြင်းထက် အဆပေါင်းတစ်ထောင်မက ပိုမိုသာယာ ကြည်နူးဖွယ်ကောင်းသော ခံစားချက်ကို ရနိုင်သည်။
ကံကောင်းစွာဖြင့် ဤကဲ့သို့ ဝိဥာဉ်ချင်း ထိတွေ့ဖူးသည်မှာ ရန်ကိုင်၏ ပထမဆုံးအကြိမ် မဟုတ်တော့။ ရေခဲဂိုဏ်းသို့သွားပြီး စုယန်အား သွားရှာစဉ်က သူမနှင့် ဝိဥာဉ်ချင်း ပေါင်းစပ်ခဲ့ဖူးပေသည်။ ထို့ကြောင့် ဤအလွန်ကိုမှ သက်သောင့်သက်သာ ဖြစ်လှသည့် အခြေအနေကို မည်ကဲ့သို ကိုင်တွယ်ရမလဲ ရန်ကိုင် အတော်လေး သိနေခဲ့သည်။
သူ့ဝိဥာဉ်ထဲဝယ် လှိုက်တက်လာသော စိတ်ခံစားချက်များကို အတင်းအကြပ် ထိန်းချုပ်၍ ဤနေရာသို့ ဘာကြောင့် လာရသလဲ ဆိုသည်ကို သူ့ကိုယ်သူ အဆက်မပြတ် သတိပေးနေသည်။ အခုအချိန်က ပျော်စရာရှာဖို့ အချိန် မဟုတ်သေးဘူး ဟူ၍ သူ့ကိုယ်သူ အထပ်ထပ်အခါခါ သတိပေးနေလေသည်။
တဖြည်းဖြည်း ထိုကြည်နူးဖွယ်ရာ ခံစားချက်တို့ ပျောက်ကွယ်သွားပြီး ရန်ကိုင်လည်း သူ၏ နာမ်ဝိဥာဉ်ကို ပြန်၍ ထိန်းချုပ်နိုင်လာခဲ့သည်။
ဘာကြောင့်မှန်းမသိ သူ့လက်ရှိ အပြုအမူသည် ရွှယ်ယွယ့်အား မတော်တရော် လုပ်နေသလို ခံစားရစေသည်။
ရွှယ့်ယွယ်သည် လောလောဆယ်၌ ဘာကိုမှ မခံစားနိုင်ချေ။ သူမ၏ နာမ်ဝိဥာဉ်မှာ ပျောက်နေသဖြင့် ရန်ကိုင် ပြုသမျှ ခံရသည့်ဘဝသို့ ရောက်ကာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ သူမ၏ အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်လာခြင်းကိုလည်း မတားဆီးနိုင်တော့ချေ။ ထိုပုံစံသည် ရန်ကိုင်မှ သူမအား မုဒိန်းကျင့်နေသည်နှင့် ဘာများ ကွာတော့သနည်း။ ထို့အပြင် ရိုးရိုးမုဒိန်းပင်၊ ရက်စက်လွန်းလှသည့် မုဒိန်းမျိုးပင်။
နာမ်ဝိဥာဉ်မရှိသည့် လူတစ်ယောက်သည် အရုပ်တစ်ရုပ်နှင့် မခြားချေ။ ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် ပေါက်တတ်ကရ အတွေးအားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
ထိုကဲ့သို့ တစ်ဖက်သတ် အပြုအမူမျိုးသည် စိတ်ပိုင်းစိတ်ရာ ထိခိုက်နေသည့် စိတ္တဇကောင်များသည် နှစ်သက်သည့်အရာမျိုး ဖြစ်ပေသည်။ ရန်ကိုင်သည် ပင်လယ်ပြင်တစ်လျှောက် အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲ ရေပေါ်မျောနေသော ရေပူပေါင်းများစွာ ရှိနေခဲ့သည်။ ထိုရေပူပေါင်း တစ်လုံးချင်းစီသည် ရွှယ့်ယွယ်၏ မှတ်ဥာဏ်တစ်ခုချင်းစီကို ကိုယ်စားပြုနေသည်။
ရန်ကိုင်သည် ထိုပူပေါင်းများကို စတင် ကြည့်ရှုတော့သည်။
များလှများလှစွာသော ပုံရိပ်များ၊ ဓါတ်ပုံများကို သူမြင်ခဲ့သည်…
မွေးကလေးစ ကလေးတစ်ယောက် ဤလောကကဲ့သို့ ရောက်လာချိန်၊ သူမအနား၌ အလွန်ကိုမှ အားနည်းနေသော ဖြူလျော်နေသော မျက်နှာထားဖြင့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ သို့သော် ကလေးငယ်လေး၏ အော်ငိုသံကို ကြားလိုက်ရချိန် အမျိုးသမီး၏ မျက်နှာထက် ပန်းပေါင်းတကာအနက် အလှပဆုံးသော အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့သည်။
အပြင်ဘက်တွင် စောင်နေသော တုတ်ခိုင်သန်မာသည့် လူကြီးသည် အထဲသို့ အလျင်စလို ပြေးဝင်လာလေသည်။ တုန်တုန်ရင်ရင်ဖြင့် ကလေးလေးကို ပွေ့ချီလိုက်ပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကလေးလေး၏ နဖူးကို အသာအယာ နမ်းရှုံ့လိုက်သည်။
ခုနှစ်လ၊ ရှစ်လလောက် ရှိသော ကလေးလေးကို မိခင်မှ ပွေ့ချီကာ နို့တိုက်နေခဲ့သည်။ ကလေးသည် မျက်လုံးကို အသာအယာ ပိတ်လျက် အငမ်းမရ နို့စို့နေခဲ့သည်။ အမေသည် ကျေနပ်စွာ ပြုံးလျက် ကလေးအား စနောက်ကျီစယ်နေခဲ့သည်။ အဖေဖြစ်သော လူသည် အနားတွင်ရပ်ကာ မိန့်မိန့်ကြီးပြုံးလျက် သားအမိ နှစ်ယောက်ကို ကြည့်နေခဲ့သည်။
ကလေးလေးသည် စတင်၍ ဗလုံးဗထွေး ပြောလာလေပြီ။ မကြာမီ ဆူညံ့တို့ စတင် ထွက်ပေါ်လာသည်။ ကလေးလေးသည် လမ်းလျှောက်ရန် ကြိုးစားနေစဉ် လဲကျသွားသည့်အခါ သူမအမေမှ အလျင်အမြန် ပြေးလာပြီး ကလေးအား ပွေ့ထူပေးကာ သူမအား ဖက်လိုက်သည်။ ကလေးအဖေသည် အနီးတွင်ရပ်၍ ထိုမြင်ကွင်းအား နွေးထွေးစွာ ပြုံး၍ ကြည့်နေခဲ့သည်။
တစ်နေ့တွင်၊ ကလေးလေးအား မုတ်ဆိတ်ဖြူနှင့် လူအိုကြီး တစ်ယောက်က လာရောက်စစ်ဆေးကြည့်ပြီး ရလဒ်ကို ကလေးအဖေဆီ အစီရင်ခံတင်ပြလိုက်သည်။ လူအိုကြီး ပြောသည်ကို ကြားပြီးနောက် ကလေးအဖေ၏ မျက်နှာပေါ်ရှိ အပြုံး၊ ပျော်ရွှင်မှုတို့ ပျောက်ကွယ်သွားသည့် လေးနက်တည်ကြည်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။
သုံးနှစ်သားကလေးလေးသည် ယောကျ်ားလေး တစ်ယောက်ကဲ့သို့ ဝတ်ဆင်၍ နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး ယောကျာ်းတစ်ယောက် အဖြစ် ပျိုးထောင်ခံခဲ့ရသည်။ မိန်းမငယ်လေးသည် နန်းတော်ကြီးထဲ ကြောင်တောင်တောင် ရပ်နေခဲ့သည်။ သူမနားတွင် အစေခံများစွာ ရှိနေခဲ့သည်။ သူမအား ဤနန်းတော်မှ ထွက်ခွာခွင့်မပေးသလို သူမချစ်ရသော အမေကိုလည်း မတွေ့ရတော့ချေ။ သူမ၏ အဖေကိုသာ တွေ့ရတော့သည်။
အမျိုးမျိုးသော ပညာရပ်များကို စတင် လေ့လာသင်ယူပြီး ကျင့်ကြံရေးလမ်းကြောင်းကို စတင် ခြေချသည်။ တဖြည်းဖြည်းနှင့် အားကောင်းသန်မာလာခဲ့သော်ငြား ယောကျာ်းတစ်ယောက် ကဲ့သို့သာ နေခဲ့ရသည်။
သူမ၏ ပါရမီသည် အရမ်းကိုမှ ကောင်းမွန်းလှသည်။ သူမ၏ ခွန်အား တိုးတက်လာသည့်အခါမှ သူမအဖေဆီမှ ရှားရှားပါးပါး အပြုံးကို မြင်ရသည်။ ကျန်အချိန်များတွင် သူမ၏အဖေမျက်နှာသည် ခက်ထန်၊ အေးစက်နေလေသည်။
မကြာမီ တတိယသခင်လေးရွှယ့်ယွယ်၏ ဂုဏ်သတင်းသည် ကြယ်စီရင်စုထဲ ကျော်ကြားလာခဲ့သည်။
လူစိမ်းများအား သူမ၏ ပြီးပြည့်စုံသော အပြုံးကိုသုံးလျက် မည်သို့မည်ပုံ ရင်ဆိုင်ရမလဲ ဆိုသည်ကို သိလာခဲ့သည်။ သူမ၏ ကျော့ရှင်းသော ပြုမူနေထိုင်ပုံနှင့် အလှတရားသည် မိန်းမရော၊ ယောကျာ်သားများကိုပါ ဆွဲဆောင်နိုင်လေသည်။
သို့သော်လည်း သူမ၏ မွေးမိခင်ကို မတွေ့နိုင်ခဲ့ချေ။ ညဘက် တစ်ယောက်တည်း ရှိနေသည့်အခါမှသာ မိန်းမအဝတ်အစားများကို ထုတ်ဝတ်နိုင်ခဲ့သည်။ ထိုအဝတ်အစားများကို သူမအမေမှ အခြားလူများ မသိအောင် တိတ်တိတ်လေး ပို့ပေးခဲ့ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းများကိုကြည့်ရင်း ရွှယ့်ယွယ်ဆိုသော မိန်းကလေးသည် သူကိုယ်တိုင် ဖြစ်နေသလို ခံစားရသည်။ ရွှယ့်ယွယ်ရင်ထဲ ခံစားနေရသော နာကျင်မှု၊ မကျေမနပ်မှု၊ ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှုတို့ကိုလည်း ခံစားမိနိုင်ခဲ့သည်။
ဤလောကစကြာဝဠာအတွင်းတွင် ရှိနေသော သက်ရှိသတ္တဝါ အားလုံးကို ငေးမောသွားအောင် လုပ်နိုင်သည် သူမ၏ ရစ်မူးဖွယ် အပြုံးအောက်ဝယ်၊ အတုအယောင် ခွန်အားဟူသော အလွှာပါးဖြင့် ဖုံးအုပ်ထားသည့် ခါးသီးဖွယ်ရာ ကြေကွဲလွယ်သော နှလုံးသားလေး ရှိနေခဲ့သည်။
နှစ်ပေါင်းများစွာ အယောင်ဆောင်လာခဲ့ရသည့် အတွက်ကြောင့် ကမ္ဘာလောကကြီးကိုသာမက သူမကိုယ် သူမပါ လှည့်စားတတ်လာသည်။
ကြယ်သေပေါ်တွင် ကြုံဆုံခဲ့ရသော သေရှေးရှင်ရေးအခြေအနေ မတိုင်မီ တစ်နေ့အထိပေါ့… ထိုစဉ်က ရွှယ့်ယွယ် အလွန်တရာကိုမှ ဒေါသပုံထွက်သွားပြီး သတ်ဖြတ်လိုစိတ်တို့သည် အထက် အာကာယံထိတိုင် မြင့်တက်သွားခဲ့သည်။ သို့သော်လည်း ထိုအကြိမ်သည် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။
အဝတ်ဗလာဖြင့် ပွေ့ဖက်ထားခြင်း ခံရပြီး နှင်းဖြူရောင် ရင်သားအစုံသည် တင်းတင်းကြပ်ကြပ် ဖျစ်ညစ်ထားခြင်း ခံရရာ သူမ၏နှလုံးခုန်သည် မြန်သည်ထက် မြန်လာခဲ့ရသည်။ ခန္ဓာကိုယ် သွယ်သွယ်လေး တစ်ကိုယ်လုံး အဆက်မပြတ် တုန်ရီနေပြီး ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသော ရှင်းပြမရနိုင်သည့် ခံစားချက်တို့နှင့်အတူ သူမတစ်ကိုယ်လုံး အားမရှိတော့သလို နုံးခွေသွားခဲ့ရသည်။ ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်း ရွှယ့်ယွယ် ရှက်သွေးဖြာရသည်။
ထိုရှက်ဖွယ်၊ ဒေါသထွက်ဖွယ် ကောင်းသော်လည်း ပျော်ရွှင်၊ လွတ်လပ်စရာ ကောင်းသော ကြယ်သေပါ်မှ အချိန်များသည် သူမဘဝ၏ မေ့မရနိုင်သည့် နေရက်များ ဖြစ်လာခဲ့သည်။ ကြယ်သေပေါ်တွင် ရှိနေစဉ်က အချိန်ကို ထာဝရ ရပ်တန့်ပြီး ထိုနေရာတွင်သာ ရှိနေချင်စိတ်တို့လည်း သူမစိတ်ထဲ ဖြစ်ပေါ်လာခဲ့ရသည်။
အကြောင်းမှာ ထိုလူတစ်ယောက်တည်း၏ ရှေ့တွင်သာ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး နေနိုင်သောကြောင့် ဖြစ်လေသည်။
ရန်ကိုင်သည် ရွှယ့်ယွယ်၏ ကိုယ်ထဲသို့ အသက်စွမ်းအင် ပို့လွှတ်ပေးနေခဲ့သည်။
ရှေးဟောင်းအပျက်အစီးနယ်မြေကို လေ့လာရှာဖွေနေစဉ် အတောအတွင်း သူမ၏ နောက်လိုက်ငယ်သားများ သေသေရှင်ရှင်ကို ဂရုမစိုက်ဘဲ လွတ်လပ်သော အချိန်လေးဆီ ပြန်သွားနိုင်ရန်အတွက် ထိုနေရာမှ မြန်မြန် ထွက်သွားနိုင်ဖို့ရာ အဖွဲ့သားများကို မြန်မြန်လုပ်ရန် အဆက်မပြတ် အမိန့်ပေးခဲ့သည်။
သို့သော် သူမယူဆောင်ရန် ကြိုးစားလိုက်သော သိုလှောင်လက်စွပ် ပေါက်ကွဲသွားသည့်အခါ ရွှယ့်ယွယ် သတိလစ်သွားခဲ့ရသည်။ ရန်ကိုင်၏ နာမ်ဝိဥာဉ်အဖို့ ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲမှ ပြန်ထွက်လာနိုင်ရန်အတွက် အတော်လေး အချိန်ယူခဲ့ရသည်။
ရွှယ့်ယွယ်၏ လျှို့ဝှက်ချက်အားလုံးကို ရန်ကိုင် သိသွားခဲ့လေပြီ။ ထိုရက်စက်သောမိန်းမတွင် ဂရုဏာသက်ဖွယ်ရာ အတိတ်တစ်ခု ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့။ သူမအတွက် သနားဂရုဏာ သက်မိသော်ငြား သူလုပ်ရမည့်အရာကို ထိုအတွက်နှင့် ပြောင်းလဲမပစ်နိုင်ချေ။
ထိုမိန်းမသည် သနားစရာကောင်းသော်လည်း ရက်စက်သောလူ တစ်ယောက် ဖြစ်သည်မှာ ငြင်းပယ်မရနိုင်သည့် အမှန်တရား ဖြစ်သည်။
လက်ရှိသူ့အပေါ် သူမ၏ သဘောထားသည် အစစ်အမှန်မဟုတ်။ ဝိဥာဉ်ချိန်းကြိုးများ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များသက်သက်သာ ဖြစ်သည်။
အချိန်အတော်ကြာအောင့် လေ့လာကြည့်လိုက်ပြီးနောက် ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ် ဘာကြောင့် ပျောက်နေသလဲ၊ သူမ၏ နာမ်ဝိဥာဉ်ပြန်လာအောင် မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်ကို ရန်ကိုင်သိသွားခဲ့သည်။
ထိုနှလုံးသားအရှုပ်အထွေးသည် ရုပ်ဒဏ်ရာတစ်ခု မဟုတ်လေရာ ထိုအရှုပ်အထွေးကို ရွှယ့်ယွယ် ဖြေရှင်းလိုက်နိုင်သရွေ့ တစ်ဖန် ပြန်နိုးလာပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၇) ငါ့ကိုကိုက်
ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ရန်ကိုင်၏ နာမ်ဝိဥာဉ်ဆီမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်နေခဲ့သည်။ ရန်ကိုင်သည် ပုံရိပ်ယောင်များကို စတင် ဖန်တီးပြီး ဖန်တီးထားသော ပုံရိပ်ယောင်များကို ပင်လယ်ရေထဲသို့ မျောချလိုက်သည်။
ထိုပုံရိပ်ယောင်များထဲ၊ ရွှယ့်ယွယ်ဘဝသည် ယောကျာ်းလေးကဲ့သို့ နေစရာမလိုသော ဘဝဖြစ်သည်။ မွေးရာပါအတိုင်း မိန်းကလေး တစ်ယောက်ကဲ့သို့သာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည့် ဘဝမျိုးဖြစ်ပေသည်။
သူမ၏အဖေ၊ အမေ၊ ညီအစ်ကိုမောင်နှမများဖြင့် လွတ်လွတ်လပ်လပ် ကြီးပြင်းလာနိုင်ခဲ့သည်။ အလှပဆုံးသော အဝတ်အစားများ၊ လက်ဝတ်တန်ဆာများကို ဝတ်ဆင်နိုင်ပြီး ယခင်ကကဲ့သို့ နေ့ရော၊ညပါ မနားမနေ ကြိုးစားလေ့ကျင့်နေစရာ မလိုတော့ချေ။
ထိုပုံရိပ်ယောင်များထဲ သူမမှာ ဤလောကကြီးတွင် အပျော်ရွှင်ဆုံး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ရသည်။ အစေခံများကိုခေါ်၍ နေ့တိုင်း လမ်းလျှောက်ဈေးဝယ်ထွက်သည်။ ပျော်စရာတစ်ခုခု ကြုံလိုက်တိုင်း တောက်ပစွာပြုံးမိလိုက်ရာ ထိုအပြုံးကြောင့် လမ်းတွင် ရှိနေသူယောကျာ်းသားအားလုံး၏ သွေးများ ဆူပွက်၊ လောင်မြိုက်သွားခဲ့ရသည်။
နေ့တိုင်လည်း အိမ်ပြန်နိုင်ပြီး သူမ တစ်နေ့တာ ကြုံတွေ့ခဲ့ရသမျှ အကြောင်းစုံအားလုံးကို သူမ၏ အဖေနှင့်အမေအား ပြန်ပြောနိုင်သည်။ သူမပြောသည်ကို သူမ၏ မိဘနှစ်ပါးမှ မိန့်မိန့်ကြီးပြုံးလျက် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ပေးနေခဲ့သည်။
သူမ၏ နှလုံးသားကို လှုပ်ခတ်သွားစေသော ယောကျာ်း တစ်ယောက်နှင့်ပင် တွေ့ခဲ့သေးသည်။ သို့သော် ရှက်နေသည့် အတွက်ကြောင့် ထိုယောကျာ်းကို အဝေးမှသာ ကြည့်နိုင်ခဲ့ပြီး အရင်ဆုံးသွားစပြီး စကားမပြောရဲ ဖြစ်ခဲ့ရသည်။
သူမ အံ့အားသင့်သွားရသည်ကား ထိုယောကျာ်းသည် သူမအား သတိပြုမိသွားပြီး ပြိုင်ဘက်အားလုံးကို အနိုင်ယူကာ သူမအဖေ၏ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်း၍ သူမအား လက်ထပ်ခွင့် တောင်းခဲ့သည့်အတွက် ဖြစ်သည်။
ထို့နောက် သူတို့နှစ်ယောက်သာ လင်မယား ဖြစ်လာခဲ့ကြပြီး ကလေးများ မွေးခဲ့ကြသည်။ နှစ်ယောက်စလုံးသည် အလွန်ကိုမှ ဇိမ်ပြေနပြေ ရှိလှသော ဘဝကြီးတွင် မနေခဲ့ရသော်ငြား အေးအတူပူအမျှ တူယှဉ်တွဲ နေထိုင်နေခဲ့ကြသည်။ ပျော်စရာရှိလျှင် အတူပျော်၊ ဝမ်းနည်းစရာရှိလျှင် အတူဝမ်းနည်း။
သူတို့၏ ကလေးများ ဖြည်းဖြည်းချင်း အသက်ကြီးလားပြီး သူတို့ နှစ်ယောက်လည်း တဖြည်းဖြည်း အိုမင်းလာခဲ့သည်။ နောက်ဆုံး သူတို့ သေသွားခဲ့သည်။ သေသွားခဲ့သည့်အခါ သူတို့၏ အုတ်ဂူ နှစ်ခုကို အတူတကွ ဘေးချင်းယှဉ် ထားပေးခဲ့သည်။ သေသွားသည့်တိုင် တစ်ယောက်နှင့် တစ်ယောက် ခွဲခွဲသွားခဲ့ရခြင်း မရှိချေ။
ထိုပုံရိပ်ယောင်များထဲရှိ ရွှယ့်ယွယ်၏ ဘဝသည် တကယ်ကို နောင်တရစရာမရှိသော ဘဝတစ်ခုပင် ဖြစ်လေသည်။
ရန်ကိုင်သည် ထိုပုံရိပ်ယောင်များကို ထပ်တလဲလဲ ဖန်တီးပြီး ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်နေခဲ့သည်။ စိတ်စွမ်းအင်း အသုံးပြုရပါ များလာသဖြင့် သူခေါင်းမူလာသည်ကိုပင် ဂရုမစိုက်၊ ရွှယ့်ယွယ် နိုးလာစေရန်အတွက်သာ သည်းကြီးမည်းကြီး ကြိုးစားနေခဲ့သည်။
အချိန်ကြာသွားခဲ့သော်ငြား ရွှယ့်ယွယ်၏ အသိစိတ်ပင်လယ်သည် တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။
သို့သော်လည်း ရုတ်တရက်ဆိုသလို တည်ငြိမ်နေသော ပင်လယ်ရေပြင်သည် စတင် လှိုင်းထန်လာခဲ့သည်။ ရေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ရေပူပေါင်းလေးများအားလုံးသည် ဗလာနတ္ထိအဖြစ် ပေါက်ကွဲသွားကုန်ကြလေသည်။
လေညင်းတသုန်သုန် တိုက်ခတ်လာခဲ့ပြီး ဖျော့တော့တော့ သင်းရနံ့တို့သည် ရန်ကိုင်၏ နှာခေါင်းဝသို့ ရောက်ရှိလာခဲ့သည်။ ရန်ကိုင်လည်း လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့အား စိတ်ဝင်တစားဖြင့် ကြည့်နေသော ရွှယ့်ယွယ်၏ နာမ်ဝိဥာဉ်ကို တွေ့လိုက်ရသည်။
ရန်ကိုင် မျက်ဖြူလှန်ပြလိုက်ပြီး သူမ၏ အသိစိတ်ပင်လယ်ထဲမှ ချက်ချင်း ပြန်ထွက်သွားလေသည်။
ရန်ကိုင် မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ရွှယ့်ယွယ်လည်း နိုးလာခဲ့ပြီး သူ့လက်ကို ချက်ချင်းဖမ်းဆွဲကာ ပြောလိုက်လေသည် “ဟေး၊ နင်ဘာလို့ သူခိုးလူမိသလို ကြောက်လန့်တကြား ထွက်ပြေးနေတာလဲ”
“နင်နိုးလာပြီပဲဟာကို ငါက ဘာဆက်လုပ်ရဦးမှာလဲ။ နင်နှိပ်စက်တာကို ထိုင်စောင့်နေရမှာလား။ ငါသာ အဲ့မှာနေရင် နင်လုပ်တာခံရမယ့် ဘဝမျိုး ရောက်သွားမှာပေါ့” ရန်ကိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
လူတိုင်း၏ အသိစိတ်ပင်လယ်သည် သူတို့ အပြည့်အဝပိုင်စိုးသော နယ်ပယ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အဆင့်တူကျင့်ကြံသူများသည် တစ်ဖက်လူ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်ရန် ဘယ်တော့မှ မကြိုးစားကြခြင်း ဖြစ်သည်။ ထိုသို့ လုပ်လိုက်လျှင် ဝင်သွားသည့် လူသာ ခံရပေလိမ့်မည်။ ခွန်အားကွာခြားချက် ကြီးမားလွန်းမှသာ အခြားတစ်ယောက်၏ အသိစိတ်ပင်လယ်ထဲသို့ အတင်းအကြပ် ထိုးဖောက်ဝင်ရောက်နိုင်ပေမည်။
“ငါက နင့်ကို နှိပ်စက်မယ်ဟုတ်လား။ ငါဘာလို့ နင့်ကို နှိပ်စက်ရမှာလဲ။ နင်သာ အမှားမလုပ်ထားရင် ငါဘာလို့ နင့်ကို အလကားသက်သက် နှိပ်စက်ရမှာလဲ” ရွှယ့်ယွယ်က သူမ၏ မျက်ဝန်းလေးများကို မှေးစဉ်းလျက် မေးလိုက်သည်။
“ဟုတ်ပြီ။ နင့်အသိစိတ်ပင်လယ်ထဲသို့ နင့်ခွင့်ပြချက်မရဘဲ ခိုးဝင်ခဲ့မိတယ်ဆိုတာကို ငါဝန်ခံတယ်။ နင့်လျှို့ဝှက်ချက်တွေကို ကြည့်လိုက်မိတာမျိုးလည်း ငါမလုပ်ခဲ့သင့်ဘူး။ ဒါပေမယ့် နင်မှ နိုးမလားတာ။ ဒီတော့ ငါလည်း အဲ့လိုလုပ်ရုံပဲ ရှိတော့တာပေါ့” ရန်ကိုင်က သူ့လက်ကို ခါရမ်း၍ ရွှယ်ယွယ်လက်မှ ရုန်းထွက်လိုက်သည်။
“ငါ့လျှို့ဝှက်ချက်တွေကို ချောင်းကြည့်ပြီးတာတောင် အဲ့အကြောင်း ငြင်းချင်သေးတယ်ပေါ့” ရွှယ့်ယွယ်က အံတင်းတင်း ကြိတ်လိုက်ပြီး ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“ငါသိပ်မြင်ခဲ့တာမှ မဟုတ်တာ…” ရန်ကိုင်က အကြည့်လွှဲဖယ်ရင်း ပြောလိုက်သည်။
ရွှယ့်ယွယ်သည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ရန်ကိုင်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။
“ကောင်းပြီ၊ ကောင်ပြီ။ နင့်ခန္ဓာကိုယ်မှာ အမွှေးဘယ်နှစ်ချောင်း ရှိတယ်ကအစ ငါမြင်ခဲ့တယ် ဟုတ်ပြီလား။ အခု နင်ဘာလုပ်မှာလဲ။ ငါ့ကို ကိုက်မှာလား” ရန်ကိုင်က အရှက်မရှိ ပြန်ပြောလေသည်။
“ခွေးသူတောင်းစားကောင်” ရွှယ့်ယွယ်သည် ယမ်းမီးပုံကျ ဒေါသ အမျက်ချောင်းချောင်း ထွက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် အိပ်ရာပေါ်မှ ခုန်ထလျက် ရန်ကိုင်ဆီသို့ ပြေးသွားကာ သူ့လက်ကို ကိုက်ချလိုက်လေသည် “ငါမကိုက်ရဲဘူး ထင်နေလား”
ရန်ကိုင်သည် သူမကိုက်သည်ကို ခုခံမနေနဲ့။ သူမအား ကိုက်ခွင့်သာ ပေးထားလိုက်ပြီး စပ်ဖြဲဖြဲပြုံးလျက် “လက်ကို ကိုက်လို့ မကျေနပ်သေးရင် အခြားတစ်နေရာ ကြိုးစားကြည့်လို့ ရတယ်နော်”
ရွှယ့်ယွယ် ရှက်သွေးဖြာသွားပြီး မျက်နှာနီနီဖြင့် ရန်ကိုင့်လက်ကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး “အိမ်မက်သာ မက်နေလိုက်”
ရန်ကိုင် ဖန်တီးထားခဲ့သည့် ပုံရိပ်ယောင်များထဲ သူမ လက်ထပ်ခဲ့သည့် ယောကျာ်းနှင့် တစ်ခါမှ မကြုံတွေ့ဖူးသော အတွေ့အကြုံများစွာကို ရခဲ့သည်။ အမျိုးမျိုးသော ပုံစံများ၊ နေရာအနေအထားများကို ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်မိနေတုန်းပင်။ ရန်ကိုင်ကြောင့် လိင်ကိစ္စနှင့်ပက်သက်၍ ရွှယ့်ယွယ် ပညာ တော်တော်ရသွားခဲ့သည်။
ထို့ကြောင့် ရန်ကိုင် ဘာကိုပြောနေလဲ ဆိုသည်ကို သူမမသိဘဲ ဘယ်နေမည်နည်း။
ထိုအရာအားလုံးသည် ရန်ကိုင် ဖန်တီးထားသည့် ပုံရိပ်ယောင်များ သက်သက်သာဖြစ်ပြီး အပြင်လောကတွင် အမှန်တကယ် ဖြစ်ခဲ့ခြင်း မရှိသည့် အရာများမှန်း သိသော်ငြား သူမ မရှက်ဘဲ မနေနိုင်ချေ။ တကယ်တော့ ထိုပုံရိပ်ယောင်လောကထဲရှိ မိန်းမသည် သူမနှင့် ချွတ်စွတ်တူသည် လူတစ်ယောက်ပင် မဟုတ်လေလော။
သူမကိုယ်တိုင်ကကို ထိုမိန်းမနေရာတွင် ရောက်နေသလို ခံစားရလေရာ သူမစိတ်ထဲ မရှက်ဘဲ ဘယ်နေမည်နည်း။
“နင်အမြဲတမ်း အဲ့လို ညစ်ပတ်တာလား” ရွှယ့်ယွယ်သည် ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။ ရန်ကိုင်သည် ထိုကဲ့သို့ အကျင့်မကောင်းသော တဏှာရူးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကြည့်ရတာ ငါနင့်ကို အထင်လွဲသွားတဲ့ပုံပဲ”
“ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ချစ်တာ ဘာတွေ ညစ်ပတ်နေလို့လဲ” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် “နင်ကိုယ်တိုင် ကြိုးစားကြည့်မှပဲ အဲ့ဒါ ဘယ်လောက် ကောင်းကြောင်း နားလည်သွားလိမ့်မယ်”
“အဲ့လိုဆိုရင်တောင် နင့်ကိုယ်ထဲ အဲ့ပုံရိပ်ယောင်ထဲ ထည့်ထားစရာ မလိုဘူးလေ” ရွှယ့်ယွယ်က ချိုသာစွာပြုံးလိုက်သည်။ စိတ်ဝင်စားစရာ တစ်ခုခုကို ရှာတွေ့သွားသည့်အလား “အဲ့ပုံရိပ်ယောင်ထဲမှာ နင်က တော်တော်လေး ရုပ်ချောပြီး ရိုးသားကြိုးစားတာ။ ဘာလဲ နင်ငါ့ကို လက်ထပ်ချင်နေတာလား”
“ဘာလို့ လက်ထပ်ချင်ရမှာလဲ။ နင်လို့ မိန်းမတစ်ယောက်နဲ့ အတူနေမယ့်အစား သေသာသေလိုက်မယ်” ရန်ကိုင်က သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်သည်။
“ထွက်သွားစမ်း” ရွှယ့်ယွယ်၏ မျက်နှာ ဒေါသကြောင့် ရဲရဲတောက် နီမြန်းသွားပြီး ရန်ကိုင်အား ကုတင်ပေါ်မှ ကန်ချတော့လေသည်။ ဒေါသကြောင့် သူမ၏ အသားများပင် တဆတ်ဆတ် တုန်ရီနေခဲ့သည်။
ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကို သပ်ရပ်အောင် လုပ်ကာ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည် “ကောင်းကောင်းနားလိုက်ဦး။ နားပြီးတာနဲ့ ငါနင့်ကိုပြောစရာရှိတယ်”
ထိုစကားကို ကြားလိုက်ရသည့်အခိုက် ရန်ကိုင် ဘာပြောမလဲ ဆိုသည်ကို ကြိုသိနေသည့်အလား ရွှယ့်ယွယ်၏ အမူအရာ အေးခဲသွားခဲ့သည်။ ချက်ချင်းဆိုသလို ဘာတစ်ခွန်းမှ ပြန်မပြောတော့ဘဲ မျက်လုံးများကို ပိတ်ချလိုက်လေသည်။
အခန်းအပြင်ဘက်သို့ ထွက်လာသည့်အခါ အခန်းနံရံကပ်၍ ချောင်းနားထောင်နေသော ဇုန်းအောင်ကို တွေ့လိုက်ရသည်။ ရန်ကိုင်ကို မြင်လိုက်သည့်အခါ ဇုန်းအောင်သည် သူ့အပြုအမူ အတွက် တောင်လည်းမတောင်းပန်သလို ရှက်ရွံ့ခြင်းလည်း မရှိဘဲ မသိနားမလည်သည့် ပုံစံမျိုးဖြင့် မေးလိုက်လေသည် “ကယ်ပြီးသွားပြီလား”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
“အထင်းကြီးစရာပဲ” ဇုန်းအောင်က ရန်ကိုင်က လက်မ ထောင်ပြလိုက်ပြီး “ကောင်လေး၊ အထဲမှာ မင်းဘာတွေ လုပ်နေလို့ ဒီလောက်တောင် စည်ကားနေရတာလဲ။ မင်းက သူ့သက်တော်စောင့် မဟုတ်ဘူးလား။ အင်း၊ ငါပြောရမယ်ဆို မင်းသတ္တိက တကယ် မသေးဘူးကွ။ တတိယသခင်လေး ရွှယ့်ယွယ်ရဲ့ မိန်းကလေးကိုတောင် ကြံရဲတယ်။ ငါသာ မင်းနေရာမှာဆို ဝေးနိုင်သမျှ ဝေးဝေးကို ထွက်ပြေးနေလောက်ပြီ။ ငါမင်းကို စောစော မသေစေချင်ဘူး။ ရွှယ့်ယွယ် ဒေါသထွက်ရင် ကြယ်စီရင်တစ်ခုလုံး ဗြောင်းဆန်ကုန်မှာနော်”
ဇုန်းအောင်သည် တစ်ယောက်တည်း နေရပါ များသောကြောင့် အသက်ကြီးသော်ငြား အတင်းပြောရ၊ စပ်စုရသည်ကို အလွန် နှစ်သက်ခြင်း ဖြစ်ဟန်တူသည်။ အခြားစုံတွဲများ တစ်တီတူး လုပ်နေသည်အား ချောင်းကြည့်ရသည်မျိုးကို သူအလွန်ကြိုက်သည်။ ထိုသို့ ချောင်းကြည့်လိုက်ခြင်းဖြင့် သူ့ကိုယ်သူ ပိုငယ်သွားသလို ခံစားရလေသည်။
အရှက်မရှိလိုက်တာ
ရန်ကိုင်ကမူ ဇုန်းအောင်ကို လျစ်လျူရှုထားလိုက်ပြီး ဟလီခကို လက်ရှိအခြေအနေကြောင်း သတင်ပေးရန်အတွက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အဖွဲ့ခွဲဆီသို့သာ ထွက်သွားလေသည်။
ရွှယ့်ယွယ် နိုးလာကြောင်း ကြားပြီးနောက် ဟလီခ ထခုန်မတတ် ပျော်သွားခဲ့ပြီး ရန်ကိုင်အား အရမ်းကိုမှ ကျေးဇူးတင်ကြောင်း ရင်းရင်းနှီးနှီး ပွေ့ဖက်၍ ပြောလိုက်လေသည်။
ရွှယ့်ယွယ် နိုးလာပြီဖြစ်သဖြင့် သူတို့ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ချေ။ ဇုန်းအောင်သည်လည်း ဆေးပညာတွင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ယင်နေကြာရေစင် ကိစ္စကိုသာ ကောင်းကောင်း လုပ်နိုင်သရွေ့ အားလုံး အဆင်ပြေလေပြီ။
ယင်နေကြာရေစင်ကိစ္စကို ကိုင်တွယ်မည့် ရွှယ့်ယွယ် ရှိနေပြီ ဖြစ်သဖြင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ သူတို့အား အပြစ်ပေးမည်ဆိုလျှင်ပင် အပြစ် နည်းနည်းလေးသာ ပေးခံရမည် ဖြစ်လောရာ ဘာကိုမှ ကြောက်နေစရာ မလိုတော့ျေ။
ထိုသတင်းကောင်းကို ကြားလိုက်မှဖြင့် သူမပျော်ဘဲ ဘယ်နေမည်နည်း။ ခေါင်းဆောင်များအားလုံး ရွှင်ရွှင်ပျပျ ဝမ်းပန်းတသာ ဖြစ်နေကြသဖြင့် အဖွဲ့ခွဲတစ်ခုလုံးလည်း အလွန်အမင်း ပျော်ရွှင်နေကြသည်။
ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း တစ်လ ကုန်သွားခဲ့သည်။
ရွှယ့်ယွယ်သည် နိုးလာသည့်နေ့မှစ၍ ဒဏ်ရာများကို ကုသရန် လိုအပ်သေးသည်ဟုဆိုကာ တစ်လလုံးလုံး အခန်းတွင်း အောင်းနေခဲ့သည်။
သို့သော် ယင်နေကြာရေစင်၏ အအေးဓါတ်များသည် လောင်ကျွမ်းမီးတောက် ဆေးလုံးကြောင့် ပျောက်ကွယ်သွားပြီ ဖြစ်သလို သူမ၏ ဝိဥာဉ် ဒဏ်ရာရထားခြင်းလည်း မရှိလေရာ သူမဘာကို ကုသရန် လိုအပ်နေပါသေးသနည်း။ တစ်လလုံးလုံး သတိလစ်နေခဲ့သော်ငြား သူမ၏ ကျင့်ကြံခြင်းဖြင့် တစ်ရက်၊ နှစ်ရက်မျှ အနားယူလိုက်လျှင် ပြန်ကောင်းနိုင်ပေသည်။
တစ်ခုတည်းသော အကြောင်းပြချက်သည်အား ရန်ကိုင်အား ရှောင်လိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရန်ကိုင်လည်း ထိုအချက်ကို နားလည်သည်။ သို့သော် သူဘာလုပ်နိုင်မည်နည်း။ ရွှယ့်ယွယ်ကို သွားရှာလိုက်တိုင်း သူတော်စင်ဘုရင်အဆင့် တံခါးစောင့်များ တားဆီးခြင်း ခံရသည်။ ထိုလူများသည် ရန်ကိုင်အား ပြဿနာရှာခြင်း မရှိဘဲ ပြုံး၍သာ မိန်းကလေးရွှယ့်ယွယ်က သူ့အခန်းထဲ ဘယ်သူ့ကိုမှ မဝင်ခိုင်းဖို့ ပြောထားလို့ပါ ဟူ၍သာ ပြန်ပြောသည်။ သူတို့၏ ဆက်ဆံပုံမှာ ကောင်းသော်ငြား သူအား ဝင်ခွင့်မပေးချေ။
အစောင့်များ၏ ပြုံးနေသောမျက်နှာကိုကြည့်ရင်း ထိုလူများ၏ မျက်ခွက်ကို လေးငါးဆယ်ချက်မက ထထိုးချင်စိတ်တို့ သူ့စိတ်ထဲ ပေါက်လာခဲ့ရသည်။ ရန်ကိုင် ပျော်မနေသလို ဇုန်းအိုကြီးလည်း အတူတူပင်။
သူ့ယင်နေကြာရေစင်တစ်ဝက်ကို ရန်ကိုင် ယူသွားခဲ့သည်။ ယင်နေကြာရေစင်မက ဆေးမီးဖိုများစွာကိုလည်း တစ်ခါတည်း မသွားခဲ့သေးသည်။ ထို့ကြောင့် ဇုန်းအောင်၏ နှလုံးသားလေး သွေးယိုစီးနေခဲ့ရသည်။ သို့သော် ကတိမတည်ဘဲ ကမ်းကုန်အောင် အရှက်မဲ့သည့် အပြုအမူမျိုးလည်း မလုပ်ချင်သည့် အတွက်ကြောင့် နာနာကျင်ကျင်ဖြင့်သာ ထိုပစ္စည်းများကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်ရလေသည်။
ဇုန်းအောင်သည် ယုံကြည်ထိုက်သူဖြစ်သည်။ အလောင်းအစား လုပ်ပြီးနောက် သူရှုံးရှုံး၊ နိုင်နိုင်၊ လောင်းကြေးအတိုင် လျော်ကြေးပေးသည်။ ခွန်အားသုံးပြီး အနိုင်ကျင့်သည့် ရွှယ့်ယွယ် ကဲ့သို့ မဟုတ်ချေ။
ယင်နေကြာရေစင်အား မည်ကဲ့သို့ သန့်စင်ရမလဲ ဆိုသည့် နည်းလမ်းကို ဇုန်းအောင်အား ရန်ကိုင် မေးကြည့်လိုက်သည်။ ဇုန်းအောင်သည် ဘာကိုမှ မဖုံးမကွယ်ဘဲ ယင်နေကြာရေစင်အား သန့်စင်ရမည့် နည်းလမ်းကို ရန်ကိုင်အား သင်ပေးလိုက်သည်။
ဇုန်းအောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ယင်နေကြာရေစင်သည် ရှားပါးသော ရတနာတစ်ခု ဖြစ်သော်ငြား အကိုင်အတွယ် မတတ်လျှင် ကိုယ့်ရှူးကိုယ်ပြန်ပတ်နိုင်သည့် အန္တရာယ်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအရာကို သန့်စင်ရန်အတွက် အကူပစ္စည်းများစွာကိုသာမက အလွန်ကိုမှ ပူပြင်းသော ပတ်ဝန်းကျင်ကိုလည်း လိုအပ်ပေသည်။ မဟုတ်လျှင် သူ၏ ချစ်လှစွာသော အသက်လေးကို လက်လွှတ်လိုက်ရပေလိမ့်မည်။
ရွှယ့်ယွယ်၏ လူချင်းတွေ့ရန် အဆက်မပြတ် ငြင်းပယ်မှုသည် ရန်ကိုင်အား စိတ်တိုလာစေခဲ့သည်။
နောက်တစ်နေ့၊ ရွှယ့်ယွယ်၏ အခန်းအပြင်ဘက်သို့ ရန်ကိုင် ရောက်လာသည့်အခါ သူတော်စင်ဘုရင်အဆင့် အစောင့်များက သူ့အား ပြုံးပြခဲ့သည်။ သို့သော် လမ်းကိုမူ မဖယ်ပေးချေ။
ထိုရင်းနှီးနေသည့် ထပ်တလဲလဲ အတွေ့အကြုံကို ထပ်မံ ကြုံလိုက်သည့်အခါ ရန်ကိုင်မျက်နှာ သုန်မှုန်သွားရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၈) ငါက အကျင့်သိက္ခာရှိတဲ့ ယောကျာ်းတစ်ယောက်ပဲ
အစောင့်များက ရန်ကိုင်အား တားလိုက်သည်။ ဤသည်မှာ သူတို့ လုပ်ရမည့် တာဝန်ဖြစ်သည့်အတွက် ခွှင့်လွှတ်ပေးပါရန် ပြောတော့မည်အပြု အခန်းထဲမှ အသံထွက်လာခဲ့သည် “သူ့ကို ဝင်လာခိုင်းလိုက်”
ထိုစကားကို ကြားလိုက်သည့်အခါ အစောင့်အားလုံး သက်ပြင်း အသာအယာ ချလိုက်ပြီး ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။ ရန်ကိုင်လည်း ချက်ချင်းပဲ အခန်းတံခါးကိုဖွင့်ကာ အေးစက်စက် အမူအရာဖြင့် အထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
အခန်းသည် ယခင်အတိုင်း ရှိနေဆဲ။ ဘာမှ ပြောင်းလဲသွားခြင်းမရှိ။ ရွှယ့်ယွယ်မှာမူ မျက်နှာသိပ်မကောင်း။ အနည်းငယ် ဝမ်းနည်း၊ ညိုးငယ်နေသည်။ ရန်ကိုင်၏ ဒေါသထွက်နေသည့် မျက်လုံးများကို တိုက်ရိုက်ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကိုအသာအယာ ကိုက်လျက် ပြောလိုက်သည် “လာထိုင်၊ စကားပြောကြရအောင်”
သူမ၏ အမူအရာကိုမြင်သော် ရန်ကိုင်၏ ဆူပွက်နေသော ဒေါသများ ပျောက်ခြင်းမလှ ပျောက်ကုန်လေသည်။
မိန်းမများသည် အမှန်တကယ်ကို မတရားလှချေ။
သူမ၏ခွန်အားသည် သူ့ထက် အများကြီး ပိုမြင့်သည့်အတွက် နှစ်ယောက်သား တိုက်ခိုက်ကြမည်ဆိုပါက ခံရမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။ သူမစိတ်ရှိတိုင်း သူ့အား ထိုနှက်နိုင်သည်။ သို့သော်လည်း လောလောဆယ်၌ ရွှယ့်ယွယ်သည် အားနည်းသည့် မိန်မသားတစ်ယောက်၏ ပုံစံမျိုး လုပ်ပြနေခဲ့သည်။
မသိလျှင် လောကကြီးကပဲ သူမအပေါ် မတရားသလို…
----------------------------------
ရန်ကိုင်က စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကိုယူကာ သူ့အတွက် တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် တစ်ငုံသောက်လိုက်လေသည်။ သောက်ပြီးနောက် စကားစပြောတော့မည်အပြု ရွှယ့်ယွယ်၏ ကျောက်စိမ်းသဖွယ် ချောမွေတောက်ပြောင်သော လက်ချောင်း သွယ်သွယ်လေးက သူ့နှုတ်ခမ်းပေါ် ရောက်လာခဲ့သည်။
သူမ၏ လက်ချောင်းလေးများသည် ရေခဲတမျှ အေးစက်နေသည်။ သို့သော် လက်ချောင်းထိပ်ထက် သင်းပျံ့သော ရနံ့တို့ ရှိနေခဲ့သည်။
“ဘာမှမပြောနဲ့၊ ငါပြတာကို အရင်ကြည့်” ရွှယ့်ယွယ်က သာမန်ထက် ပျော့ပျောင်းသည့် လေသံဖြင့် ပြောလိုက်သည်။
“ဘာလဲ” ရန်ကိုင် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သည်။ ရွှယ့်ယွယ်အား အထက်အောက် အစုံအဆန် ဝေ့ကြည့်လိုက်ပြီး “နင့်ခန္ဓာကိုယ်ဆိုရင်တော့ မလိုတော့ဘူးလို့။ နင်တစ်ကိုယ်လုံး ငါမမြင်ဖူးတဲ့နေရာ မရှိတော့ဘူး။ အကုန်လုံးကို မြင်ဖူးပြီးသွားပြီ။ အခုချက်ချင်း နင့်ပုံကို ကောက်ဆွဲခိုင်းရင်တောင် ဆွဲပြလို့ရတယ်”
“ခွေးပါးစပ်ကာ စကားကောင်းကို မထွက်ဘူး” ရွှယ့်ယွယ် ရှက်ရှက်နှင့် ဒေါသထွက်သွားခဲ့ပြီး “ငါ့က ယောကျာ်းတွေကို ခန္ဓာကိုယ်နဲ့ လိုက်ပြီး မြူဆွယ်တတ်တဲ့ မိန်းမလို့ နင်ထင်နေတာလား”
“အဲ့ဒါဆို နင်ငါ့ကို ဘာပြချင်နေတာလဲ” ရန်ကိုင်က ရွှယ့်ယွယ်၏ မေးခွန်းကို မေးခွန်းဖြင့် ပြန်မေးလိုက်သည်။
ရွှယ့်ယွယ်က ရန်ကိုင်အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူ့ရှေ့တည့်တည့်သို့ စာရွက်တစ်ရွက် တွန်းပို့ပေးလိုက်သည်။
ရန်ကိုင်သည် လက်ဖက်ရည်သောက်ရင်း စာရွက်ပေါ်ပါ အကြောင်းအရာများကို စတင် ဖတ်ရှုတော့သည်။
ခဏအကြာ၌ သူ့မျက်နှာ အမူအရာ ထူးဆန်းသွားခဲ့ပြီး စပ်ဖြဲဖြဲပြုံးလျက် “ရွှယ့်ယွယ်၊ ဒါတွေက အရမ်း ကောင်းမနေလွန်းဘူးလား။ နင့်သက်တော်စောင့် ဖြစ်လာရုံနဲ့ တစ်နှစ်ကို အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် တစ်သိန်းရမယ်။ ပြီးရင် မိုင်ငါးရာ အကျယ်အဝန်းရှိတဲ့ မြေနေရာတစ်ခုလည်း ရဦးမယ်”
“အဲ့လောက်ကြီး မဟုတ်ပါဘူး။ ငါ့သက်တော်စောင့်တွေ အကုန်လုံးက အကျိုးအမြတ်အသီးသီး ရကြတာချည်းပဲ။ တစ်ယောက်နဲ့တစ်ယောက် မတူတာတစ်ချက်ပဲ” ရွှယ့်ယွယ်က သူမရှေ့ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် တစ်ငုံစုပ်သောက်လိုက်သည်။ တည်ငြိမ်ချင်ဟန် ဆောင်နေသော်ငြား တုန်ရင်နေသော သူမ၏လက်ကလေးများသည် သူမ၏ စိတ်အခြေအနေကို မီးမောင်းထိုးပြနေခဲ့သည်။
ယခင်ကဆိုလျှင် ရန်ကိုင်အပေါ် သူမ၏ ခံစားချက်များသည် ဝိဥာဉ်ချိန်းကြိုးကြောင့် ဖြစ်သည်ဟုသာ ပြောနိုင်သည်။ သို့သော် ယခုမှ ဝိဥာဉ်ချိန်းကြိုးမပါလျှင်ပင် ထိုခံစားချက်များ လုံးဝ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်မှန်း ရွှယ့်ယွယ် ပြောနိုင်သည်။ ထိုခံစားချက်များသည် သူမ၏ ဝိဥာဉ်ထဲ အမြစ်တွယ်နေခဲ့လေပြီ။
အတင်းအကြပ် လုပ်ယူရသော အပြုအမူနှင့် ခံစားချက်များသည် ပုံမှန်အလေ့အထများ ဖြစ်လာသည့်အခါ ထိုအရာများကို ပြောင်းလဲရန် မလွယ်ကူတော့ချေ။
ပိုဆိုသွားသည်ကား ရန်ကိုင်သည် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ကာ သူမ၏ လျှို့ဝှက်ချက်အားလုံးကို ကြည့်သွားခဲ့သည်။ ထို့ကြောင့် သူ့ရှေ့ထိုင်နေရသည်မှာ အဝတ်ဗလာနှင့် ထိုင်နေသရလို ခံစားနေရပြီး အချိန်နှင့်အမျှ ရွှယ့်ယွယ် ပိုပို၍ ရှက်ရွံ့လာနေခဲ့ရသည်။
ရန်ကိုင် သူမနားတွင် တစ်စက္ကန့်လေးပင် ထပ်မနေချင်တော့မှန်း ရွှယ့်ယွယ်သိထားသော်ငြား သူမ၏ တစ်ကိုယ်ကောင်းစိတ်သည် သူ့အား သူမနားတွင်သာ နေစေချင်မိသည်။ လက်ဖက်ရည် သောက်ချင်ဟန်ဆောင်နေရင်း ရန်ကိုင်၏ အပြုအမူကို သေချာ အကဲခတ် လေ့လာနေခဲ့သည်။ သူမ၏ ကမ်းလှမ်းချက်များကို ရန်ကိုင် စိတ်ဝင်စား၊မစားပေါ့။
သို့သော်လည်း သူမစိတ်ပျက်သွားရသည်ကား ရန်ကိုင်၏ အပြုအမူသည် နည်းနည်းလေးမှ ပြောင်းလဲမသွားခြင်းပင်။ သူသည် စာရွက်ပေါ်ပါ အချက်အလက်များကို သိချင်ရုံ သက်သက်ဖြင့်သာ လေ့လာနေသည့်ပုံစံမျိုး လုပ်နေခဲ့သည်။
“ငါ့ကို ပြုစုပေးဖို့အတွက် အစေခံ အယောက်နှစ်ဆယ်လည်း ရဦးမယ်ပေါ့” ရန်ကိုင်က ရွှယ့်ယွယ်အား မျက်ခုံးပင့်ကာ ကြည့်လိုက်သည် “ငါက သက်တော်စောင့်တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘာလို့ အစေခံလှလှလေးတွေက ရတာလဲ”
“အဲ့ဒါနဲ့ ပက်သက်ပြီး ဘာထူးဆန်းနေလို့လဲ။ သာမန် သက်တော်စောင့် တစ်ယောက်ဆိုရင် အဲ့လို အခွင့်အရေး ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါရွှယ့်ယွယ်ရဲ့ သက်တော်စောင့် တွေကတော့ မတူဘူးလေ” ရွှယ့်ယွယ်က ရန်ကိုင်၏ မျက်လုံးထဲ မျှော်လင့်ချက်အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လာသည်ကို မြင်လိုက်သည့်အလား မိစ္ဆာဆန်ဆန်ပြုံး၍ သကာပေါ် အချိုရည်ထပ်လောင်းလေသည် “နင့်အတွက် အကောင်းဆုံး မိန်းကလေးတွေကို ရွေးပေးလို့ရတယ်။ နင်သိလားမသိလားတော့ ငါမသိဘူး။ ဒါပေမယ့် ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ကျွန်ကုန်သွယ်ရေးလုပ်တယ်။ ပျက်စီးသွားတဲ့ မိသားစုကြီး၊ မိသားစုငယ်တွေက သူတို့ရဲ့ သခင်မလေးတွေကို ငါတို့ဆီခေါ်လာပြီး လာရောင်းကြတယ်လေ။ မိန်းကလေးတွေ အကုန်လုံးက သေသေချာချာ သင်ကြားပေးထားခံရတဲ့ လူတွေကြီးပဲနော်။ အရည်အချင်းကလည်း ဆိုးလှတာ မဟုတ်ဘူး။ ငါသိသလောက်ဆို အားအကောင်းဆုံးက သူတော်စင်ဘုရင် အဆင့်ကိုတောင် ရောက်နေပြီ”
သူမမှာတော့ ရွှန်းရွှန်းဝေဝေအောင် ရှင်းပြနေသော်ငြား ကျောက်ရုပ်ကြီးကဲ့သို့ မပြောင်းလဲသော ရန်ကိုင်၏ အမူအရာကြောင့် ရွှယ့်ယွယ်စိတ်ထဲ ရန်ကိုင်အား ကြိတ်ကာ ကျိန်ဆဲနေမိလေသည်။ ထိုသကောင့်သားအား ချက်ချင်း ထလည်ပင်းညစ်ပစ်ချင်စိတ်တို့ သူမစိတ်ထဲ ဖြစ်ပေါ်လာရသည်။
သူ့ကြည့်ရတာ ယောကျာ်းကောင်းတစ်ယောက် ဖြစ်တဲ့ပုံပဲ…
ရွှယ့်ယွယ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်” ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ အစေခံ လှလှလေးများ၏ ပြုစုပေးခြင်းခံရသည်ကို သူအမှန်တကယ် စိတ်ဝင်စားပေသည်။ ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က သူနှင့် အသိအကျွမ်းများစွာ ရှိနေသည့်အတွက် စိတ်ရှိတိုင်း မပျော်ရဲခဲ့ချေ။ သို့သော်လည်း လက်ရှိတွင် သူသည် ကြယ်စီရင်စုသို့ ရောက်နေခြင်းဖြစ်သည်။ ဤနေရာ၌ သူနှင့်သိသည့်လူ တစ်ယောက်မှ မရှိချေ။
ထို့အပြင် စီနီယာမမလေးနှင့် အိပ်ပြီးသည့်အချိန်မှစ၍ ယောကျာ်းနှင့် မိန်းမကြားမှ ဆက်ဆံရေးအပေါ် ရန်ကိုင်၏ သဘောထား တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့ရလေသည်။ အနည်းဆုံး အခြားမိန်းမများနှင့် အိပ်ရမည်မျိုးကို သူစိတ်က မငြင်းဆန်တော့ချေ။
ရှန်တု၏ နန်းတော်တွင် ရှိနေစဉ်က သူသည် အစေခံမလေး တစ်ယောက်နှင့် မအိပ်ခဲ့သော်ငြား အနည်းအကျဉ်းတော့ ပျော်ပါးခဲ့သေးသည် မဟုတ်ပေလော… (သိကြတယ်နော်)
“နင်လည်း အဲ့လိုထင်တာလား” ရွှယ့်ယွယ်က ပြုံးမြဲပြုံးလျက် အံကြိတ်ကာ လေသံပျော့ပျော့ဖွယ် ဆွယ်လိုက်သည် “သဘောတူတယ်ဆိုရင် ဒီနေရာမှာ လက်မှတ်ထိုးလိုက်။ လက်မှတ်ထိုးလိုက်တာနဲ့ နင်ငါ့လူဖြစ်လာပြီး ငါ့အကာအကွယ်ကို ရရှိလိမ့်မယ်။ အခုကနေစပြီး တစ်ယောက်ယောက် နင့်ကို လာရန်စရဲရင် ငါ့နာမည်ကိုသာပြောလိုက်။ ဘယ်သူမှ နင့်ကို ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး”
“ငါက လိပ်မှမဟုတ်တာ” ရန်ကိုင်က ပြုံး၍ စာရွက်ကို အောက်ပြန်ချထားလိုက်သည်။ ရွှယ့်ယွယ်သည် မျက်မှောင် ကြုတ်၍ ရန်ကိုင်အား တည့်တည့် စိုက်ကြည့်လိုက်သည်။
ရန်ကိုင်က သက်ပြင်းတစ်ချက်ချ၍ ရွှယ့်ယွယ်၏ အကြည့်ကို ရှောင်ဖယ်ကာ ပြောလိုက်သည် “နင်ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ။ ငါဘာလိုချင်လဲ ဆိုတာကို နင်သိတာပဲ။ အဲ့ဒါကိုတောင် ငါ့ကို နင့်ဆီ ဘာလို့ အတင်း ရောင်းစား ခိုင်းစေချင်နေတာလဲ”
“နင့်ကိုယ်ကို ငါ့ဆီ ရောင်းစားတယ်လို့ ဘယ်သူပြောလဲ” ရွှယ့်ယွယ်၏ မျက်ဝန်းလေးများ ညိုးကျသွားပြီး ခါးကို မတ်မတ်ထားလျက် ပြန်ပြောလိုက်သည် “ဒီစာချုပ်က ငါးနှစ်ပဲ အသက်ဝင်မယ်လို့ ထပ်ဆုံးမှာ ရေးထားတယ်လေ။ ငါးနှစ်နေလို့ မကျေနပ်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ဆွေးနွေးလို့ ရတာပဲ”
“ငါလက်မှတ်ထိုးလိုက်တာနဲ့ နင့်ဆီကနေ ဘယ်တော့မှ ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူးလေ။ ရွှယ့်ယွယ်၊ အပိုတွေ လျှောက်လုပ်မနေတော့နဲ့။ ဝိဥာဉ်ချိန်းကြိုးပဲ ဖြည်ရအောင်။ အခုကနေစပြီး နင်လည်း နင့်လမ်းနင်လျှောက်၊ ငါလည်း ငါ့လမ်းငါလျှောက်မယ်။ တွင်းရေဆိုတာ ပင်လယ်ရေနဲ့ မရောသင့်ဘူး” ရန်ကိုင်က ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည့်အခိုက် ရွှယ့်ယွယ်၏ နှလုံးသားလေး ဝမ်းနည်းသွားရသည်။ ငိုချင်စိတ်တို့သည်လည်း သူမရင်ထဲ လှိုက်တက်လာခဲ့ရသည်။ သို့သော် ခေါင်းမာမာနှင့် မျက်ရည် မကျအောင် ခေါင်းကို နောက်ပြန်မော့ချလိုက်သည်။
ကျလုဆဲဆဲ မျက်ရည်စတို့ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထို့နောက် အံတင်းတင်းကြိတ်၍ ပြောလိုက်သည် “ငါဂရုမစိုက်ဘူး။ နင်ငါ့တစ်ကိုယ်လုံးကိုလည်း ထိကိုင်ပြီးသွားပြီ။ ငါ့အသိစိတ်ပင်လယ်ထဲ ဝင်ပြီး ငါ့လျှို့ဝှက်ချက်တွေ အားလုံးကိုလည်း ကြည့်ပြီးသွားပြီ။ ဒါကြောင့် ဒီစာချုပ်မှာ နင်လက်မှတ်ထိုးကို ထိုးရမယ်”
“နင့်လျှို့ဝှက်ချက်ကြောင့်ဆိုရင် စိတ်ချထားလိုက်။ ဘယ်သူ့ကိုမှ ငါလျှောက်မပြောဘူး။ ငါက ငါ့အသက်ကို အရမ်းချစ်တာ။ ဒါကြောင့် ငါ့အသက်နဲ့ အလောင်းအစားထပ်ပြီး နင့်လျှို့ဝှက်ချက်တွေကို လျှောက်ပြောမှာမဟုတ်ဘူး။ နင်ပိုင်ဆိုင်ထားတဲ့ ခွန်အားနဲ့ လွှမ်းမိုမှုအကြောင်းကို ငါကောင်းကောင်းသိတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရွှယ့်ယွယ် ပိုပြီး မကျေမနပ်ဖြစ်သွားပြီး “အဲ့လျှို့ဝှက်ချက်ကိုတောင် နင်သိထားတဲ့ပုံပဲ”
ရန်ကိုင်က ခေါင်းကုတ်လိုက်ပြီး ရိုးသားအပြစ်ကင်းသည့် ပုံစံဖြင့် “ငါလည်း တကယ်မသိချင်းဘူး။ နင်မှာ မိန်းမတစ်ယောက် ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ထက် ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ခေါင်းအောင်အိုင်အောင် နင့်ကို ယောကျာ်း တစ်ယောက်လို့ ဝတ်စားနေထိုင်ခိုင်းတာ အံ့အားသင့်စရာ မဟုတတော့ပါဘူးလေ။ သူနင့်အတွက် လုပ်ပေးခဲ့တာ။ နင်သူ့ကို အပြစ်မတင်သင့်ဘူး”
“ငါ့အတွက်လား” ရွှယ့်ယွယ်၏ မျက်လုံးထဲ အေးစက်စက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး “ငါ့အမေနဲ့ နှစ်ပေါင်းများစွာ ကြာအောင် မတွေ့ဘဲ နေခဲ့ရတာ၊ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ အတွက် သူအပါအဝင် အကုန်လုံးကို သတ်ပစ်ခဲ့တာကလည်း ငါကောင်းဖို့ အတွက်ပဲလား”
ရန်ကိုင် မည်ကဲ့သို့ ပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထိုအကြောင်းအရာအားလုံးကို သူမ၏ အသိစိတ်ပင်လယ်ကို လေ့လာရင်းမှ သူသိပြီးသွားခဲ့လေပြီ။ သူ့အနေဖြင့် သူမ၏ မိသားစုရေးအခြေအနေကို ကြားဝင် မှတ်ချက်ပေး၍ မကောင်းချေ။ ထို့အပြင် ရွှယ့်ယွယ်၏အမေ သေသွားခဲ့သည့် အခြေအနေအရပ်ရပ်သည် အဆန်းတကြယ် ဖြစ်နေဆဲပင်။ ရွှဘ့်ယွယ်ပင်လျှင် ကောလဟာလများကိုသာ ကြားခဲ့ရခြင်း ဖြစ်သည်။
“ဖီးနစ်နဂါးခန္ဓာကိုယ်ကို ငါရထားတော့ကော ဘာအရေးလဲ။ လူတိုင်းက ငါ့ခန္ဓာကိုယ်ကို ဖောက်မြင်ပြီး ငါ့ဆီကနေ လာလုနိုင်မှာ မို့လို့လား” ရွှယ့်ယွယ်က ဒေါသတကြီး ထအော်လေသည်။ ဒေါသထွက်လွန်းသဖြင့် သူမ၏ မို့မောက်မောက် ရင်အစုံပင် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။
“နင့်အသံကိုတိုးတိုးပြော” ရန်ကိုင်က ကြောက်လန့်တကြား ထပြောလေသည် “နင်အသက်မရှင်ချင်တော့ဘူးလား။ ဘာလို့ ဒီလောက်အသံအကျယ်ကြီး ထအော်တာလဲ”
ပျာယာခတ်သွားသည့် ရန်ကိုင်၏ ပုံစံကိုမြင်သော် ရွှယ့်ယွယ် စိတ်ထဲ ကြိတ်ကာကျေနပ်သွားရသည်။ အစောပိုင်းက ရှိနေသည့် ဒေါသတို့သည်လည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကာ အပြုံးလေးပြုံးလျက် “ဒါနဲ့နေပါဦး။ အဲ့လျှိုဝှက်ချက်ကို သိနေတာတောင် နင်ဘာလို့ မလှုပ်ရှားခဲတာ့လဲ။ နဂါးဖီးနစ် ခန္ဓာကိုယ်က နင့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးနိုင်တယ် ဆိုတာကို နင်သိတယ်မလား”
“ငါသိတာပေါ့” ရန်ကိုင်က ပြန်ပြောသည် “နင့်မှတ်ဥာဏ်ထဲက လူတွေပြောတာကတော့ နင့်ရဲ့အပျိုစင်ကို ရယူနိုင်တဲ့ လူတိုင်းက မခန့်မှန်းနိုင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်တဲ့။ နင်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လကျွန်စီးပွားရေးအောင် နင့်ရဲ့ အထူးခန္ဓာကိုယ်ကို အခြေခံပြီး ဖြစ်ပေါ်လာရတာလေ”
ရွှယ့်ယွယ်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ ရှင်းရှင်းပြောရင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက ငါက အဆင့်အမြင့်ဆုံး လကျွန်လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်သူမှ အဲ့အကြောင်းမသိဘူး။ ငါသတိလစ်နေတဲ့အချိန် နင့်မှာ အခွင့်အရေး အများကြီးရှိတယ်။ အဲ့လိုအခွင့်ကောင်းကို နင်စိတ်မဝင်စားဘူးလို့ ငါမယုံဘူး။ နင်က လူကောင်း တစ်ယောက်မှ မဟုတ်ာ”
ပြောပြီးသည်နှင့် ‘နင့်အကြောင်း ငါကောင်းကောင်းသိပါတယ်’ ဆိုသော အမူအရာဖြင့် ရန်ကိုင်အား ကြည့်လိုက်သည်။
“နင်ပြောတာအမှန်ပဲ။ အဲ့အခွင်းအရေးကို ငါအမှန်တကယ် လိုချင်မိတာ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လျှို့ဝှက်ချက်ကို သိလိုက်ရတုန်းက ငါပထမဆုံး တွေးမိလိုက်တာက နင့်အဝတ်တွေကိုဆွဲချွတ်ပြီး နင့်ကို ငါ့အပိုင်လုပ်ပစ်ဖို့ပဲ”
“ဒါဆို ဘာလို့ မလုပ်ခဲ့တာလဲ” ရွှယ့်ယွယ်က သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည် “နင်အဲ့လိုလုပ်ခဲ့မယ် ဆိုရင်တောင် အများဆုံး နင့်ကို နည်းနည်းပါးပါးလောက် ထုရိုက်ရုံကလွဲပြီး နင့်ကို အပြစ်တင်မှာမဟုတ်မှန်း နင်သိတာပဲ”
ရွှယ့်ယွယ်သည် ထိုစကားကို အလွန်ကိုမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသွားလိုက်ခြင်းဖြစ်သည်။ မသိလျှင် သူမ၏ အပျိုစင်ကို ယူသွားမည့်သူမှာ သူမနှင့် အလွန်တရာကိုမှ ရင်းနှီးသည့် လူတစ်ယောက် ဖြစ်နေသလိုလို။
ရန်ကိုင် ခေါင်းကိုက်မိချင်သွားသည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ငါက ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ယောကျာ်းတစ်ယောက်လေ”
ရွှယ့်ယွယ်က သရော်လိုသည့်ဟန်ဖြင့် သူမ၏ နှုတ်ခမ်းလေးကို ကွေးလိုက်သည်။
“နင့်ရဲ့ အထူးခန္ဓာကိုယ်ကို အရင်ရှာတွေ့ခဲ့တဲ့ လူအိုကြီးပြောတဲ့ ပုံအရ၊ နင့်ခွန်အားမြင့်လေ၊ နင့်အပျိုစင်ကိုရတဲ့လူက အကျိုးအမြတ် ပိုရလေတဲ့။ နင်က အခု သူတော်စင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာ။ ငါသာ နင့်အပျိုစင်ကို ယူလိုက်မယ် ဆိုရင် အများဆုံးမှ သူတော်စင်ဘုရင်အဆင့်ပဲ ရောက်နိုင်လိမ့်မယ်” ရန်ကိုင်က ပြောလိုက်သည် “ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ။ နင့်အကူအညီပါမှ သူတော်စင်ဘုရင်အဆင့်ကို ငါရောက်နိုင်မှာ မဟုတ်ဘူးလေ။ ငါ့ဘာသာလည်း ရောက်နိုင်တာပဲ။ နင့်လက်ရှိ အခြေအနေကိုရောက်ဖို့ ငါ့အတွက် သုံးနှစ်တောင် မလိုဘူး ဆိုတာကိုနင်ယုံလား”
ရွှယ့်ယွယ်က ရန်ကိုင်အား မှင်သက်နေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ရန်ကိုင်၏ ကြီးကျယ်သော စကားများကို နားထောင်ပြီးနောက် သူမ၏ မျက်ဝန်းလှလှလေးများထဲ နားမလည်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ထို့နောက် ထပ်တလဲလဲ ခေါင်းညိတ်၍ မေးလိုက်သည် “ငါက သူတော်စင်ဘုရင်အဆင့် မဟုတ်ဘဲ တန်ခိုးရှင်အဆင့် ဆိုရင်ကော”
ရန်ကိုင်က ရွှယ့်ယွယ်အား နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြီး “အဲ့လိုဆိုရင်တော့ နင်ငါ့မိန်းမ ဖြစ်နေပြီပေါ့”
ရွှယ့်ယွယ်၏ မျက်လုံးထဲရှိ နားမလည်ရိပ်တို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အထင်သေးရိပ်တို့က အစားထိုး ဝင်ရောက်လာခဲ့သည်။ ထို့နောက် ချိုးချိုးဖဲ့ဖဲ့ အထင်အမြင် သေးသေးဖြင့် ပြောလိုက်လေသည် “ဒီတော့ နင်စိတ်ထဲမှာ အကျိုးအမြတ်ပဲ ရှိတာပေါ့ ဟုတ်တယ်မလား”
“ဟုတ်တယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
“နင်ပြောနေတဲ့ ကိုယ်ကျင့်သိက္ခာရှိလှပါတယ် ဆိုတဲ့ စကားကကော ဘယ်ရောက်သွားတာလဲ” ရွှယ့်ယွယ်က အထင်တသေးဖြင့် လှောင်ပြောင်လိုက်သည်။
“အဲ့ကိုယ်ကျင့်သိက္ခာက ဘာလုပ်လို့ရလို့လဲ။ ပိုက်ဆံနဲ့ ရောင်းစားလို့ရလို့လား” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၇၉) နာမည်အလွဲသုံစားလုပ်ခြင်း
နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပြိုင်ငြင်းနေခဲ့ကြသည်။ သို့သော် မည်သူကမှ တစ်ဖက်သူ၏ သဘောထားကို မလိုက်လျောချင်ကြ။
ရန်ကိုင်က ရွှယ့်ယွယ်က ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေချိန် ရွှယ့်ယွယ်က သူမ၏ စိတ်လျော့နိုင်ဖို့ရာအတွက် လက်ဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ လက်ဖက်ရည်ခွက်ထဲတွင် မည်သည့် လက်ဖက်ရည်မှ ရှိမနေတော့ချေ။
နှစ်ဦးသားကြားရှိ အခြေအနေသည် အတော်လေးကိုမှ တင်းမာနေခဲ့သည်။
“နင်အဲ့လောက်တောင် အေးစက်၊ ရက်စက်မှ ကျေနပ်မှာလား” ရွှယ့်ယွယ်က ရန်ကိုင်အား ရေခဲတမျှအေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း ရုတ်တရက် ကောက်ပြောလိုက်သည်။
ရန်ကိုင်ကမူ ခေါင်းသာခါ၍ “နင်ဘယ်လိုပဲပြောပြော ရမှာမဟုတ်ဘူး။ ငါတကယ် ထွက်သွားချင်နေတာ။ နင့်ကြောင့် ငါ့မှာသေလုနီးပါးပဲ။ ငါ့အသက်ကို အခြားလူတစ်ယောက်ရဲ့ လက်ထဲ ဘယ်တော့မှ ထည့်မထားတော့ဘူး။ အထူးသဖြင့် လျှို့ဝှက်ချက်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နင့်လို မိန်းမတစ်ယောက်ရဲ့ လက်ထဲကိုပေါ့။ နင့်လျှို့ဝှက်ချက်တွေသာ ပေါက်ကြားသွားတာနဲ့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတောင် နင့်ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ နင်သေရင် ငါလည်း သေရမှာ”
ရွှယ့်ယွယ်၏ နဂါးဖီးနစ်ခန္ဓာကိုယ်သည် အလွန်တရာကိုမှ ထူးခြားသော ခန္ဓာကိုယ်တစ်ခုဖြစ်သည်။ သူမသည် ကုန်သွယ်ရေးအဖွဲ့အစည်းရှိ အကောင်းဆုံး လအစေခံ ဖြစ်သည်ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
ထိုလအစေခံများသည် သူမတို့နှင့် လိင်ယှတ်စပ်သည့် ယောကျာ်းသားများကို အကျိုးအမြတ် များများစားစား မပေးနိုင်ချေ။
သို့သော် ရွှယ့်ယွယ်ကမူ ကွာခြားသည်။ သူမ၏ လက်ရှိခွန်အားအရ ရန်ကိုင်သာ သူမ၏ အပျိုစင်ကို ရလိုက်မည်ဆိုလျှင် သူတော်စင် ဘုရင်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်ပေလိမ့်မည်။ သူမ၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ နဂါးဖီးနစ်ခန္ဓာကိုယ်မှ ပေးသော အကျိုးအမြတ်သည်လည်း ပိုမို များပြားလာပေလိမ့်မည်။
ထို့အပြင် ထိုအရာသည် ခွန်အားသက်သက်ကို တိုးမြှင့်ပေးခြင်း မဟုတ်။ အဆင့်တစ်အဆင့်ကို တိုးမြှင့်ပေးခြင်းဖြစ်သည်။
ဤလောကကြီးတွင် နှစ်ပေါင်းများစွာကြာအောင်၊ သေသည်ထိတိုင် အသည်းအသန် ကြိုးစားသွားခဲ့သော်လည်း နောက်တစ်ဆင့်သို့ မချိုးဖျက်နိုင်ခဲ့သည့် ကျင့်ကြံသူများစွာ ရှိပေသည်။ ထိုသူများအတွက် ရွှယ့်ယွယ်၏ အကောင်းဆုံး ဆေးလုံးတစ်လုံး ဖြစ်သည်။
ထိုအခြင်းအရာကို ကြိုသိနေသည့်အတွက် ခေါင်းဆောင် အိုင်းအောင်၏ ရွှယ့်ယွယ်အား သုံးနှစ်သားကတည်းကစ၍ ယောကျာ်းလေး တစ်ယောက်ကဲ့သို့ နေခိုင်းခဲ့ခြင်း ဖြစ်သည်။
“နင်ငါ့ကို ဘယ်လောက်ကြာအောင် ခေါ်ထားမှာလဲ” ရန်ကိုင်က ရွှယ့်ယွယ်အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ နည်းနည်းလေးမှ အောက်ကျခံဟန်မပြဘဲ “မရရအောင် အားသုံးပြီး ခူးတဲ့ ဖရဲသီးက မချိုဘူးဆိုတာကို နင်သိသင့်တယ်။ ပြီးတော့ ငါတို့ တစ်ယောက်ကိုတစ်ယောက် အခုလို ခံစားနေရတယ် ဆိုတာက ဝိဥာဉ်ချိန်းကြိုးကြောင့်မှန်း နင်ရောငါရော သိပြီးသား။ နင်အခုလို လုပ်နေတယ်ဆိုတာက နင့်ကိုယ်ပိုင် ခံစားချက်ကြောင့်မလား။ နင့်တစ်ဘဝလုံး အမြဲတမ်း ယောကျာ်းလေးလို နေလာခဲ့ရတာ။ ငါနားရှိတဲ့အချိန်မှပဲ လွတ်လွတ်လပ်လပ် နေလို့ရတာ။ နင့်ငါ့ကို ခေါ်ထားချင်တယ်ဆိုတာ နင့်ခံစားချက်ကြောင့် မဟုတ်ဘဲ ငါ့နားရှိနေရင် လွတ်လပ်တယ်လို့ ခံစားရလို့မလား”
ရွှယ့်ယွယ် တိတ်ဆိတ်နေခဲ့သည်။
ရန်ကိုင်၏ စကားလုံးများသည် အမှန်တရားများပင် ဖြစ်သည်။ ထို့ကြောင့် မည်သို့ပြန်တုန့်ပြန်ရမလဲ ရွှယ့်ယွယ်မသိ။
ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း တည်ကြည်သွားပြီး သူ့လေသံသည်လည်း လေနက်သွားခဲ့ကာ “နင့်အမြင်မှာတော့ ငါက နင်စိတ်ကြိုက်အမိန့်ပေးလို့ရတဲ့ သူတော်စင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် သာသာပဲမလား။ ဒါပေမယ့် ငါ့နေရာကနေကော နင်ဝင်ခံစားဖူးလား။ ငါက ငါမွေးရပ်မြေကနေ ကြယ်စီရင်စုထဲ ပထမဆုံး ရောက်လာနိုင်ခဲ့တဲ့လူ… ရှင်းရှင်းပြောရရင် အဲ့လောကကြီးရဲ့ အားအကောင်းဆုံးလူပဲ။ အဲ့နေရာမှာဆို ငါက အရှင်သခင်။ ဖွတ်ချာချာကောင်တစ်ကောင် မဟုတ်ဘူး”
ရန်ကိုင်၏ စကားများကို ကြားလိုက်သည့်အခါ ရွှယ့်ယွယ် အတွေးနက်သွားခဲ့သည်။
“နင်အရင်တုန်းက မွန်းစတားသားရဲတွေကို ဖမ်းခဲ့ဖူးတယ်မလား။ အဲ့မွန်းစတားသားရဲဘုရင်ကို နင်မှတ်မိသေးလား” ရန်ကိုင်က မေးလိုက်သည် “နင်ဖမ်းခဲ့တဲ့ မွန်းစတားသားရဲဘုရင် ဘာဖြစ်သွားလဲ။ နင်သူ့ကို ထိန်းကျောင်းလို့ ရခဲ့လား”
မွန်းစတားသားရဲအုပ် တစ်အုပ်၏ သားရဲဘုရင်အား ဖမ်းခဲ့သည့် အဖြစ်အပျက်ကို ရွှယ့်ယွယ် ပြန်အမှတ်ရလိုက်သည်။ ထိုမွန်းစတား သားရဲဘုရင်သည် သူမအမိန့်ကို နာခံခြင်းမရှိ။ ရန်စသင့်သူများကို ရန်စခဲ့သည်။ သူမ မည်မျှပင်ကြိုးစားစေကာမူ ထိုသားရဲအား ထိန်းကျောင်းနိုင်ခြင်း မရှိခဲ့ချေ။ အဆုံး၌ ထိုမွန်းစတားသားရဲ ဘုရင်အား သတ်ပစ်လိုက်ခဲ့ရသည်။
“ငါ…” ရွှယ့်ယွယ် တစ်ခုခု ပြန်ပြောရန် လုပ်လိုက်သော်ငြား ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
“သေချာစဉ်းစားထားလိုက်။ ငါနင့်ကို အချိန်သုံးရက်ပေးမယ်။ အဲ့သုံးရက်အတွင်း ငါ့ကိုအဖြေပြန်ပေး။ ငါသိပ်ပြီး အခြေအနေ ဆိုးအောင်မလုပ်ချင်ဘူး” ရန်ကိုင်က သူမအား တစ်ချက် ကြည့်လိုက်ပြီး ထရပ်ကာ ထွက်သွားလေသည်။
ရန်ကိုင်၏ အကြည့်သည် ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မာသည်။ ဆိုလိုသည်ကား ထိုသုံးရက်အတွက်း သူမ မည်သို့ပင် ဆုံးဖြတ်စေကာမူ ရန်ကိုင်ကတော့ ရအောင် ထွက်သွားပေလိမ့်မည်။
ဝိဥာဉ်ချိန်ကြိုးကို မဖြည်ဘဲ သူ့အား ထွက်သွားခွင့် ပေးလိုက်ခြင်းသည် သူမအား ဒုက္ခရောက်စေနိုင်သည်။
သူတော်စင်တတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် ကြယ်စီရင်စုထဲ တစ်ကိုယ်တည်း ခရီးသွားခြင်းသည် မည်မျှ အန္တရာယ်များသလဲ ဆိုသည်ကို ရွှယ့်ယွယ် အားလုံးထက် ပိုသိပ်သည်။ သူမအသက်ကို ထိုမျှ အန္တရာယ်များသည့် အခြေအနေထဲ မည်ကဲ့သို့ ပို့ရက်မည်နည်း။
စဉ်းစားရင်း ခေါင်းခြောက်လာသည့်အခါ ရွှယ့်ယွယ်သည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ပစ်ပေါက်ပစ်လိုက်လေသည်။ အချိန် အတော်ကြာအောင် အံတကြိတ်ကြိတ် လုပ်နေပြီး နောက်ဆုံး၌ ရေရွတ်လိုက်သည် “နှလုံးသားမရှိတဲ့ကောင်”
ငယ်စဉ်ကတည်းက ယခုကဲ့သို့ အောက်စည်းရခဲ့ရသည့် အဖြစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ချေ။ သူမကသာ အမြဲတမ်း အပေါ်စီးကသာ။ တစ်ဖက်လူသည် ယောကျာ်းဖြစ်ပါစေ၊ မိန်းမဖြစ်ပါစေ၊ သူမ၏ ဆန္ဒကို အကုန် လိုက်လျောပေးကြသည်။ သူမလက်ထဲသို့ ရောက်လာသည်နှင့် ထိုလူများကို သူမစိတ်ကြိုက် ပုံသွင်းနိုင်ပေ၏။
ကုန်သွယ်ရေးအဖွဲ့အစည်းမှ စီနီယာခေါင်းဆောင် ခြောက်ယောင်ပင် သူမသည် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်လာနိုင်ချေ အရှိဆုံး ရွေးချယ်ခံတစ်ယောက်ဟု တစ်ညီတည်း သတ်မှတ်ထားကြသည်။
ရွှယ့်ယွယ်အတွက်တော့ ထိုအရာများသည် သဘာဝသာ ဖြစ်သည်။ အကြောင်းအရင်းကို မေးလာလျှင် သူမသည် ရွှယ့်ယွယ် ဖြစ်နေသောကြောင့်ဟု ဆိုရပေမည်။ ရွှယ့်ယွယ်အတွက် ထိုကဲ့သို့သော အရာများသည် ဖြစ်သင့်ဖြစ်သည်သည်များချည်းသာ။
သို့သော်လည်း ရန်ကိုင်နှင့် တွေ့လိုက်သည့်အခါတွင်မူကား တစ်ခါမှ မကြုံဖူးသေးသော အောက်စည်းသို့ ရောက်ခဲ့ရသည်။ အစောပိုင်းက အဖြစ်အပျက်လေးတွင်ပင် သူမဘက်မှ မည်သို့မှ တုန့်ပြန် မပြောနိုင်သည့် အခြေအနေသို့ ရောက်ခဲ့ရးသေည်။ တစ်ခါမှ မရှုံးနိမ့်ဖူးသေးသော လူတစ်ယောက် ထပ်ခါထပ်ခါ အရှုံးနှင့် ကြုံနေရသည့်အခါ မည်ကဲ့သို့ စိတ်မညစ်၊ စိတ်မပျက်ဘဲ နေမည်နည်း။
စိတ်ညစ်ညစ်ဖြင့် ကုတင်ပေါ် တင်ပလင်ခွေ ထိုင်ချလိုက်ကာ ကျင့်စဉ်ကိုလှည့်ပတ်၍ ယောက်ယတ်ခတ်နေသော စိတ်ကို တည်ငြိမ်သွားအောင် ပြန်လုပ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူမ၏စိတ် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။ ပြန်လည် တည်ငြိမ်သွားသည့်အခါမှ သူမနှင့် ရန်ကိုင်ကိစ္စကို အမျိုးမျိုးသော ရှုထောင့်များမှ ပြန်လည် လေ့လာကြည်သည်။ ဘယ်လိုလုပ်လျှင် ဘယ်လိုဖြစ်သွားနိုင်သည်၊ စသည်ဖြင့် အမျိုးမျိုး လေ့လာကြည်သည်။
ရွှယ့်ယွယ်၏ အခန်းအပြင်ဘက်… ရန်ကိုင်သည် အခန်းထဲမှ ထွက်လာသည်နှင့် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
ရွှယ့်ယွယ်အား အချိန်သုံးရက် ပေးလိုက်လေပြီ။ အချိန်ကျလာသည့် အခါ သူမဘက်မှ မည်သို့ပင် ဆုံးဖြတ်ပါစေ၊ သူကတော့ သူမဆီမှ ထွက်သွားရပေမည်။ ဝိဥာဉ်ချိန်းကြိုး၏ အစွမ်းကြောင့်လားတော့ မပြောတတ်ရာ၊ သူ့ရင်ထဲ အနည်းငယ် ခါးသီးနေခဲ့ရသည်။
အခန်းအပြင်ဘက်တွင် ရပ်နေသော လူများက သူ့အား သိလိုစိတ် ပြင်းပြသော အကြည့်များဖြင့် စိုက်ကြည့်လာသဖြင့် ရန်ကိုင် ပို၍ စိတ်ညစ်သွားရသည်။
ထိုလူများသည် အလုပ်မရှိ၊အကိုင်မရှိ ပွဲကောင်းကြည့်ရန် ရောက်လာကြသူများသာ ဖြစ်သည်။ အကုန်လုံးသည် မြင်ခဲ့၊ ကြားခဲ့ရသည့် အကြောင်းအရာများကို မြင်သမျှ၊ တွေ့သမျှ လူတိုင်းနှင့် သောက်တင်းပြန်ပြောကြသည်။ ထို့ကြောင့် ယခု ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ အထဲတွင် မည်သည့်ကိစ္စအကြောင်း ပြောနေသလဲ ဆိုသည်ကို မေးကြည့်ချင်သော်ငြား မမေးရဲ ဖြစ်နေခဲ့ကြလေသည်။
“ဟွာအိုကြီး” သည်းမခံနိုင်တော့သည့်အဆုံး ရန်ကိုင်က လှမ်း၍ အော်ခေါ်လိုက်သည်။
ဟလီခ၏မျက်နှာ နီးသွားခဲ့သည်။ သို့သော် အခြားသော ခေါင်းဆောင်များနှင့် အလွန်ကိုမှ အရေးကြီးသည့် ကိစ္စ တစ်ခုခုအကြောင်းကို ဆွေးနွေးနေဟန်ဆောင်လျက် ရန်ကိုင်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေသည်။
“ဟွာအိုကြီး” ရန်ကိုင်က ထပ်အော်ခေါ်လိုက်ပြန်သည်။
“ညီငယ်လေး…” ဟလီက သိပ်မကျေနပ်သည့် အမူအရာဖြင့် “အဲ့သက်ကြားအိုကြီးတွေက ငါ့ကို ဟွာအိုကြီးလို့ ခေါ်တာ အဆင်ပြေပေမယ့် မင်းကတော့ ငါ့ကို အဲ့လို မခေါ်သင့်ဘူးလေ။ ငါကတော့ မင်းဘယ်လိုခေါ်ခေါ် စိတ်ထဲမထားပါဘူး။ ဒါပေမယ့် အပြင်လူတွေ ကြာသွားရင် မကောင်းဘူးလေ”
“မိန်းကလေးရွှယ့်ယွယ် သူကျင့်ကြံဖို့ အရင်းအမြစ်တွေ လိုတယ်လို့ ပြောခိုင်းလိုက်လို့” ရန်ကိုင်က ဟလီခ ပြောသည်ကို ဂရုမစိုက်ဘဲ သူပြောချင်သည်ကိုသာ ပြောလိုက်သည်။
“မိန်းကလေးရွှယ့်အာက အဲ့လို တောင်းဆိုလိုက်တာလား” ဟလီခ ကြောင်သွားခဲ့သည်။ သို့သော် ဘာမှပြန်မေးမနေဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့။ ဂိုဒေါင်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ။ ဒါပေမယ့် မိန်းကလေးရွှယ့်အာ ကြိုက်မကြိုက်တော့ မပြောတတ်ဘူး”
“မိန်းကလေးရွှယ့်အာက အဲ့လောက် ချေးမများပါဘူးနော်” ရန်ကိုင်က သူ့ခေါင်းကိုကြုတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သုံးရက်အတွင်း ဤနေရာမှ သူထွက်သွားပေတော့မည်။ ယခုတစ်ကြိမ် ရွှယ့်ယွယ်ကို နှိုးရန်အတွက် သူ့အသက်ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရသည်။ ထို့အပြင် မိုးရေစင်ကြယ်ပေါ်၌လည်း အကြာကြီး မနေနိုင်လေရာ မသွားခင်လေး ရနိုင်သမျှ အမြတ်ထုတ်သွားရပေမည်။
အထူးသဖြင့် သူတော်စင်သလင်းကျောက်များပင်… ရန်ကိုင်တွင် သူတော်စင်သလင်းကျောက်များ မရှိသလောက် ဖြစ်နေခဲ့လေပြီ။
ထို့ကြောင့် ရွှယ့်ယွယ်၏ နာမည်ကို အခွင့်ကောင်းယူရန် ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်းကို ရွှယ့်ယွယ် ရှာတွေ့သွားသည့် အချိန်တွင် သူသည် မိုးရေစင်ကြယ်မှ အဝေးသို့ ရောက်နေလောက်ပေပြီ။
ဂိုဒေါင်ရှေ့သို့ ရောက်သည့်အခါ ဟလီခနှင့် လင်းမူဖုန်းသည် သော့တစ်ချောင်းစီ ထုတ်လိုက်ပြီး ဂိုဒေါင်တံခါးကို ဖွင့်လိုက်သည်။
ဟွာအိုကြီးသည် ပြတ်သားသည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မည်သည့် အပိုစကားမှ ပြောမနေဘဲ ရိုးရိုးလေးသာ ပြောလိုက်သည် “အထဲဝင်သွားကြည့်ပေတော့။ သင့်တော့်မယ့်ဟာ တွေ့ရင် ယူသာယူလိုက်၊ တုန့်ဆိုင်းမနေနဲ့။ ငါတို့ အပြင်မှာ စောင့်နေယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဂိုဒေါင်ထဲသို့ ဝင်သွားလေသည်။
ခဏအကြာ၌ ရန်ကိုင်ရှေ့ဝယ် တောက်ပသော ရောင်စုံအလင်းတို့ ထွက်ပေါ်လာခဲ့လေရာ ရန်ကိုင်အဖို့ မျက်လုံးဖွင့်ဖို့ရာပင် ခက်ခဲသွားခဲ့ရသည်။
ဤနေရာသည် မိုးရေစင်ကြယ်ပေါ်ရှိ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအဖွဲ့ခွဲ၏ ရတနာဂိုဒေါင်ဖြစ်သည်။ အထဲတွင် အတန်းလိုက်၊ အတန်းလိုက် စီထားသော စင်များစွာ ရှိနေခဲ့သည်။ ထိုစဉ်းများပေါ်တွင် ဆေးလုံးများ၊ မှော်ရတနာများ၊ ဒြပ်စင်ငါးမျိုး စုံလင်သော သတ္တုရိုင်းများ၊ သိုလှောင်လက်စွပ်များ ပြုလုပ်သော လေဟာနယ်ဝိဥာဉ်ကျောက်တုံးများ ရှိနေခဲ့ကြသည်။
ရတနာအပုံလိုက်ကြီးကို ကြည့်ပြီးနောက် သူတော်စင် သလင်းကျောက် ရှိသည့်နေရာဆီ တန်းလျှောက်သွားလိုက်၏။
သူတော်စင်သလင်းကျောက်များကို အဆင့်နိမ့်၊ အလယ်အလတ်၊ အထွဋ်အထိပ်အဆင့်ဆို၍ သုံးမျိုးခွဲကာ ပုံထားကြသည်။
အထွဋ်အထိပ်အဆင့် သလင်းကျောက်များ ရှိရာသို့ ရောက်ပြီးနောက် အတုံးငါးသောင်းလောက်ကို ယူကာ နတ်ဆိုးစာအုပ်ထဲ ထည့်လိုက်သည်။ ထိုမျှလောက်ဆို လုံလောက်ပေပြီ။ ကြယ်စီရင်စုထဲ ရှိနေသည်မှာ အတော့်ကိုမှ ကြာနေပြီဖြစ်သဖြင့် သူတော်စင်သလင်းကျောက်များ၏ တန်ဖိုးကို ရန်ကိုင်လည်း အတော်လေး နားလည်နေခဲ့လေပြီ။
အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် ငါးသောင်းသည် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခု ဝယ်ယူရန် လုံလောက်သည်။
လိုအပ်သည့် သူတော်စင်သလင်းကျောက်ကို ယူပြီးနောက် ဆေးပင်များထာသည့် နေရာဆီ သွားလိုက်သည်။ ရန်ကိုင်တွင် တန်ခိုးရှင်၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များစွာ ရှိသည်။ သို့သော် သူ့ကျင့်ကြံခြင်း အဆင့်နိမ့်နေသေးသဖြင့် ထိုဆေးပင်များကိုသုံး၍ ဆေးမဖော်စပ်နိုင်သေးချေ။
လောလောဆယ်၌ သူ့တွင် ရှားနေသည်ကား သူတော်စင်ဘုရင် အဆင့် ဆေးပင်များပင်။ ရန်ကိုင်သည် သူတော်စင်ဘုရင် အလယ်အလတ်အဆင့် ဆေးပင်များကို နည်းနည်းလောက် အားစိုက်ရုံဖြင့် အလွယ်တကူ ဖော်စပ်နိုင်ပြီး သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်သည်။
ထို့ကြောင့် သူ့ဆေးပညာစွမ်းရည်ကို တိုးမြှင့်နိုင်စေရန်အတွက် သူတော်စင်ဘုရင်အဆင့် ဆေးပင်များကို များနိုင်သမျှများများ စုဆောင်းသွားရပေမည်။
ရန်ကိုင်သည် ရှိသမျှပစ္စည်းအားလုံးကို သိပ်းကျုံးယူမသွားခဲ့ချေ။ ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ကမ္ဘာမကြေရန်သူ မဖြစ်ရလေအောင် လိုအပ်မည်ထင်ရသည်များကိုသာ ယူသွားခဲ့သည် ကျန်ပစ္စည်းများကို မူလပုံစံအတိုင်း ချန်ထားပေးခဲ့သည်။
သူတော်စင်သလင်းကျောက်၊ ဆေးပင်များကို စုဆောင်းပြီးသည့်အခါ သတ္တုရိုင်းဘက်သို့ လှည့်လိုက်သည်။
နတ်ဆိုးစာအုပ်ထဲရှိ အနက်ရောင်ကျောက်တုံးနှစ်တုံးသည် သတ္တုရိုင်းများကို အလွန်နှစ်သက်ကြသည်။ ရေလကြယ်ပေါ်တွင် ရှိစဉ်က ဝယ်ယူခဲ့သော သတ္တုရိုင်းများအားလုံး ထိုကျောက်တုံး နှစ်တုံး ဝါးမြိုသဖြင့် ပြောင်သွားခဲ့လေပြီ။ ထို့ကြောင့် အခွင့်အရေး ရတုန်း နည်းနည်းလောက် ထပ်ဖြည့်ရပေမည်။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဖွဲ့ခွဲဆိုသည့်အတိုင်း ဤနေရာတွင် စုဆောင်းထားသော ပစ္စည်းအားလုံးသည် အတော့်ကိုမှ အဆင့်မြင့်သည့် အရာချည်းများသာ။ ထို့ကြောင့် ရေငတ်တုန်းရေတွင်းထဲကျဆိုသလို သတ္တုရိုင်းများကို ယူနိုင်သမျှ သိမ်းကျုံးယူတော့လေသည်။
သတ္တုရိုင်းများ ပြီးသွားသည့်အခါ မှော်ရတနာများဘက်သို့ ခြေဦးလှည့်လိုက်သည်။
သူ့စိတ်ထဲ ကာကွယ်ရေး မှော်ရတနာကောင်းအချို့ ရရန် မျှော်လင့်နေမိသည်။ တိုက်ခိုက်ရေး မှော်ရတနာများကိုမူ ရန်ကိုင် စိတ်မဝင်စားချေ။ ထိုပြင်ပအကူပစ္စည်းများထက် သူ့ခွန်အားကို တိုးမြှင့်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း အကာအကွယ် မှော်ရတနာများမှာမူ မတူတော့ချေ။ ထိုကဲ့သို့ မှော်ရတနာများများရှိလေ တကယ့် အရေးကြုံသည့် သေရေးရှင်ရေး အခြေအနေများတွင် သူအသက်ရှင်နိုင်ချေ ပိုမြင့်လေပင်။
တစ်လက်လောက် လှန်လောကြည့်လိုက်ပြီးနောက် ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။
ထိုနေရာတွင် မှော်ရတနာများစွာ ရှိနေသော်လည်း အကြိုက်တွေ့သည့် ပစ္စည်း များများစားစား ရှိမနေခဲ့ချေ။
ဂိုဒေါင်ထဲတွင် ရှိနေသော အကောင်းဆုံး မှော်ရတနာသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် အသွားရှည်လှံပုဆိန်သာ ဖြစ်လေသည်။
ထိုကဲ့သို့သော လက်နက်ကြီးမျိုးကို ရန်ကိုင် စိတ်မဝင်စားချေ။ တစ်ကိုယ်လုံး၊ ဦးခေါင်းပါမကျန် ကြွက်သားများဖြင့် ပြည့်နေသူများသာ ထိုကဲ့သို့သော လက်နက်မျိုးကို အသုံးပြုပေလိမ့်မည်။ ထို့ကဲ့သို့သော လက်နက်များသည် ရန်ကိုင်အတွက် အသုံးမဝင်ချေ။
နည်းနည်းပါးပါး လျှောက်ပတ်ကြည့်လိုက်သော်လည်း စိတ်ဝင်စားသည့်အရာ မတွေသဖြင့် လက်ဗလာဖြင့်သာ လှည့်ပြန်လာလိုက်လေသည်။
အပြင်ဘက်တွင် စောင့်နေသော ဟလီခနှင့် လင်းမူဖုန်းသည် ရန်ကိုင် ထွက်လာသည်ကိုမြင်သော် မင်းဘာတွေယူလာလဲဟု မမေးဘဲ ခေါင်သာညိတ်ပြ၍ ဂိုဒေါင်တံခါးကို ပိတ်လိုက်လေသည်။
ပင်မကြယ်မှ ကိုယ်စားလှယ်များ ရောက်လာသည့်အချိန်တွင် မိန်းကလေးရွှယ့်အာ သူတို့ဘက်မှ စကားဝင်ပြောပေးရန် မျှော်လင့်နေမိလေသည်။ ထို့ကြောင့် ယခု မိန်းကလေးရွှယ့်အာ သူတို့ဆီမှ တစ်ခုခုလိုအပ်သည်ဟု ပြောလာသည့်အခါ အပိုစကား တစ်ခွန်းပင် ပြောမနေဘဲ ဂိုဒေါင်တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်ကမူ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။ အဖွဲ့ခွဲတိုင်း၏ ခေါင်းဆောင်များသည် ဟလီခကဲ့သို့ တာဝန်မယူတတ်ပါက မကြာမီ အချိန်အတွင်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း မွဲပြာကျသွားနိုင်သည် မဟုတ်ပေလော။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၈၀) နင်တကယ်ကို သွေးအေးရက်စက်လွန်းတယ်
ဇုန်းအောင်၏ အခန်းထဲတွင်…
ရန်ကိုင်သည် ဇုန်းအောင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ဇုန်းအောင်လည်း ရန်ကိုင် ငှဲ့ပေသော လက်ဖက်ရည်ခွက်ကို တစ်ငုံမော့သောက်လိုက်ပြီးနောက် သွားပေါ်အောင်ပြုံးဖြဲလျက် ပြောလိုက်သည် “ပြောစရာရှိရင်ပြော။ ငါ့ရတနာတွေကို လာမတောင်းသရွေ့ပေါ့”
ရန်ကိုင်က ပြန်ပြုံးလိုက်ပြီး “ခင်ဗျားရတနာတွေကို ဘာလို့ တောင်းရမှာလဲ။ ခင်ဗျား အတွေးလွန်နေပြီ ဇုန်းအိုကြီး။ အခု ခင်ဗျားဆီလာတယ်ဆိုတာက နှုတ်ဆက်စကား ပြောချင်လို့ပဲ။ အခုအတောအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဖူးအများကြီးတင်ပါတယ်”
ဇုန်းအောင်သည် လူကောင်းတစ်ယောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဤရက်ပိုင်းအတောအတွင်း ဇုန်းအောင်ဆီမှ အကူအညီ အများကြီး ရခဲ့သည်မှာ ငြင်း၍မရသော အမှန်တရား ဖြစ်သည်။ ဇုန်းအောင်၏ အကူအညီမပါဘဲ ရွှယ့်ယွယ်အား ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ။
ဇုန်းအောင်သည်လည်း သူ့ဆီမှ အကျိုးအမြတ် အတော်လေး ရသွားခဲ့သော်ငြား သူ့အား ကူညီသူကို ကျေးဇူးပြန်ဆပ်သည်မှာ သဘာဝသာဖြစ်သည်။
“နှုတ်ဆက်စကားလား” ဇုန်းအောင် ကြောင်သွာပြီး “မင်းထွက်သွားတော့မလို့လား”
“ဟုတ်တယ်။ ဒီနှစ်ရက်အတွင်း ကျုပ်ထွက်သွားတော့မှာ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ဇုန်းအောင်၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး ပြန်မေးလိုက်သည် “တတိယသခင်လေးရွှယ့်ယွယ် မင်းဆီ လာပြဿနာရှာမှာကို ကြောက်နေတာလား။ အင်း။ မင်းထွက်သွားသင့်တာ အမှန်ပဲ။ ရေလကြယ်က တစ်ယောက်ယောက်သာ မင်းကို ပြဿနာ ရှာမယ်ဆိုရင် မင်းကျိန်းသေ သေမှာ”
ရွှယ့်ယွယ်၏ မိန်းကလေးကို ထိရဲလောက်အောင် ရန်ကိုင်ကို ဘာသားဖြင့်ထုထားသလဲဟု အံ့ဩခဲ့ရသေးသည်။
ရန်ကိုင်ကလည်း ပြန်ရှင်းပြမနေခဲ့။ ဇုန်းအောင်ကို သူစိတ်ကူး ပေါက်သလိုသာ တွေးခွင့်ပေးထားလိုက်သည်။
“ကောင်လေး၊ ငါ့နောက်ကော မလိုက်ချင်ဘူးလား” ဇုန်းအောင်က ရုတ်တရက် ကမ်းလှမ်းလိုက်သည် “မိန်းမတစ်ယောက်ပဲဟာကို။ ရွှယ့်ယွယ်က ခေါင်းဆောင် အိုင်အောင်ရဲ့ သားဖြစ်မှတော့ သူလည်း ဘယ်ကိစ္စကို အရေးပေးသင့်လဲ၊ ဘယ်ကိစ္စကို အရေးမပေးသင့်ဘူးလဲ ဆိုတာကို နားလည်မှာပဲ။ မင်းသာ ငါ့နောက် လိုက်မယ်ဆိုရင် မင်းကိစ္စကို ငါကူဖြေရှင်းပေးလို့ရတယ်။ မဟုတ်ရင် မင်းလို့ သူတော်စင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း လက်ကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ။ ဒီကြယ်စီရင်စုက မင်းပုန်းဖို့အတွက် အဲ့လောက် ကျယ်တာမဟုတ်ဘူးနော်”
ဘာလို့ လူတိုင်းက ငါ့ကို သူတို့နောက်ပဲ လိုက်ခိုင်းချင်နေရတာလဲ
ရန်ကိုင် သူ့စိတ်ထဲ အထွန့်တက်လိုက်သည်။ သို့သော်လည်း မျက်နှာ အမူအရာ နည်းနည်းလေးမှ ပျက်မသွား။ ဇုန်းအောင် သူ့အား ကမ်းလှမ်းရခြင်းသည် သူ့ဆေးပညာ အရည်အချင်းကို လေးစားသည့်အတွက်ကြောင့်ဖြစ်မှန်း ရန်ကိုင်သိသည်။ ထို့ကြောင့် ခေါင်းသာခါ၍ ပြောလိုက်လေသည် “အခုလို ကမ်းလှမ်းပေးတာ ကျေးဇူးပဲ။ ဒါပေမယ့် ကျုပ်ကျိန်းသေ ထွက်သွားတော့မှာ”
ဇုန်းအောင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုမှတော့ ငါလည်း တားမနေတော့ပါဘူးလေ။ ဒီမှာမင်းအတွက်။ မင်းဆေးပညာ အရည်အချင်းက အတော်လေး မြင့်ပေမယ့် မင်းပုံစံက ဆေးပညာကို ဟုတ်တိပတ်တိ တစ်ခါမှ မသင်ဖူးသလိုပဲ။ ဒါကြောင့် အဆင့်မြင့် ဆေးပင်တွေနဲ့ ဆေးလုံးတွေအကြောင်းကို မင်းသိလောက်မှာမဟုတ်ဘူး။ အခုငါပေးတဲ့ဟာတွေက မင်းအတွက် အတော်လေး အသုံးဝင်လိမ့်မယ်”
ပြောနေရင်း သိုလှောင်လက်စွပ်ထဲမှ စာအုပ်ပုံကြီးတစ်ပုံကို ထုတ်လိုက်လေသည်။
ရန်ကိုင်၏ မျက်လုံးများ ဝင်းလက်သွားပြီး အားနာပါးနာ ဟန်ဆောင် ပြန်ငြင်းဖို့ရာပင် မလုပ်တော့ဘဲ ထိုစာအုပ်အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းပစ်လိုက်လေသည်။
ထိုဆေးစာအုပ်များနှင့် ရန်ကိုင် အတော်လေး ရင်းနှီးပေသည်။ ဇုန်းအောင်၏ နန်းတော်တွင်ရှိစဉ်က ထိုစာအုပ်များကို သူဖတ်ခဲ့ဖူးသည် မဟုတ်ပေလော။ အချို့စာအုပ်များကို ဇုန်းအောင်မှ ရေးသားထားခြင်းဖြစ်ပြီး အချို့မှာမူ အခြားဆေးပညာရှင်များမှ ရေးသားထားခြင်း ဖြစ်ပေသည်။ ထိုစာအုပ်များထဲ ဆေအာနိသင် အမျိုးအစားများ၊ ဆေးလုံး၊ ဆေးပင်များ၏ အဆင့်များ၊ ဆေးပင်များ ပေါက်ရောက်ရာနေရာများ အကြောင်းကို ရေးသားထားသည်။
သူသာ ထိုစာအုပ်ပါ အကြောင်းအရာများကို ကြေကြေညက်ညက် နားလည်သွားမည်ဆိုပါက ကြယ်စီရင်စုထဲ အဆင့်မှီ ဆေးပညာရှင် တစ်ယောက် ဖြစ်လာပေလိမ့်မည်။
မိုးရေစင်ကြယ်မှမထွက်မီ ထိုစာအုပ် အကုန်အစင်ကို မဖတ်လိုက်နိုင်ခြင်းသည် ရန်ကိုင်အတွက် နောင်တရစရာ တစ်ချက်ဖြစ်သည်။ ထိုကဲ့သို့သော အခွင့်အရေး မည်သည့် အချိန်မှ ပြန်ရနိုင်မလဲ ဆိုသည်ကို သူမှ မသိလေပဲ။ သို့သော် လက်ရှိတွင် ဇုန်းအောင်မှ သူ့ဆီ ထိုစာအုပ်ပုံကြီးကို ထုတ်ပေးလာခဲ့သည်။
ရန်ကိုင်က ဘာကြောင့် ငြင်းနေရမည်နည်း။
“ကောင်လေး၊ မင်းဆေးပညာကို ဘယ်ကနေ သင်ယူခဲ့တာ။ မင်းသုံးတဲ့ စိတ်ဝိဥာဉ်အစီအရင်တွေက ဒီကြယ်စီရင်စုထဲမှ သုံးနေတဲ့ဟာတွေနဲ့ သိပ်မတူဘူး။ ဇာတ်မြစ် တူတယ်ဆိုပေမယ့် မတူတာတွေလည်း အများကြီးပဲ” ဇုန်းအောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကျုပ်က အဆင့်နိမ့်ကမ္ဘာတစ်ခုကနေ လာတာပဲ။ အဲ့မှာ သူတော်စင်တတိယအဆင့်တွေက အားအကောင်းဆုံးပဲ၊ ကျုပ်ရဲ့ အခုလက်ရှိအဆင့်နဲ့ အတူတူပဲပေါ့။ အဆင့်အမြင့်ဆုံး ဆေးပညာရှင်ဆိုရင်လည်း သူတော်စင်အထွဋ်အထိပ်အဆင့်ပဲ ရှိတာ။ အဲ့ဒါတင်မဟုတ်သေးဘူး။ အဲ့မှာပေါက်တဲ့ ဆေးပင်တွေ၊ ရှိတဲ့ မှော်ရတနာတွေ၊ သတ္တုရိုင်းတွေ အကုန်လုံးကလည်း အမြင့်ဆုံး သူတော်စင်အထွဋ်အထိပ်အဆင့်ပဲ။ အဲ့ထက်ပိုမြင့်ပြီး မရှိနိုင်ဘူး။ ဒါကြောင့်ပဲ သူတော်စင်အဆင့်ထက် မြင့်တဲ့ ပစ္စည်းတွေကို ကျုပ်မသိတာ…” ရန်ကိုင်က ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်းသာ ပြောလိုက်လေသည်။
ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ဇုန်းအောင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ထိုမျှအဆင့်နိမ့်သော ကမ္ဘာငယ်လေးတစ်ခုက ဂျူနီယာလေး တစ်ယောက်သည် သူပင် မလုပ်နိုင်သော ဆေးသွေးကြောပါသည့် ဆေးဖော်စပ်နည်းကို သိနေခဲ့သည်။ ထိုဂျူနီယာလေးကြောင့်ပင် နှစ်တစ်ရာတိုင်တိုင် သူ့အား ခေါင်းခြောက်စေခဲ့သော ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့ပြီး ဆေးသွေးကြောပါသည့် ဆေးလုံး ဖော်စပ်နိုင်ချေ (၁၀)ရာခိုင်နှုန်းပါသည့် ဆေးဖော်စပ်နည်းကို သိခဲ့ရခြင်းဖြစ်သည်။
သူသာ ထိုအဆင့်နိမ့်ကမ္ဘာလေးတွင် မဟုတ်ဘဲ ကြယ်စီရင်စုထဲရှိ ကျင့်ကြံရေး ကြယ်တစ်လုံးလုံးပေါ်တွင်သာ မွေးခဲ့မည်ဆိုလျှင်ဖြင့်… ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ဇုန်းအောင် ရန်ကိုင်ကို ပို၍လေးစားအထင်ကြီးမိသွားသည်။
သုံးခွက်လောက် သောက်ပြီးနောက် ရန်ကိုင်က ထိုင်ခုံမှ ထလိုက်သည်။ ဇုန်းအောင်လည်း သူ့အား မတားခဲ့ချေ။ ရန်ကိုင်၏ ခွင့်ပြုချက်မရှိဘဲ ဆေးသွေးကြောပါသည့် ဆေးဖော်စပ်နည်းကို လျှောက်မပြောဘူးဟုသာ ပြောခဲ့သည်။
ရန်ကိုင်က လက်သာ ဝှေ့ရမ်းပြလိုက်သည်။ ဘာမှတော့ ပြန်မပြောခဲ့။
နှစ်ရက်ကြာပြီးနောက် ဇုန်းအောင်သည် သူဆေးပင်များကို သွားပြန်စိုက်ရဦးမည်ဟုဆိုလျှက် သူနေသည့် တောင်ကြားဆီ ပြန်သွားလေသည်။ ဇုန်းအောင်၏ ကျင့်ကြံခြင်းသည် မနိမ့်လှ။ ထို့ပြင် သူ့တွက် အသက်ရှင်နိုင်မည့် အချိန်နှစ်ပေါင်းများစွာ ကျန်ရှိနေသေးသည်။ ထိုအချိန်ပမာဏသည် နောက်ထပ် ဆေးပင်တစ်သုတ် ကောင်းကောင်းကြီး ဖွံ့ဖြိုးရန် လုံလောက်ပေသည်။
ထိုနှစ်ရက်အတောအတွင်း ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် သူတို့၏ အခန်းထဲတွင်သာ ရှိနေခဲ့ကြသည်။
အခြေအနေ မူမမှန်သည်ကို သတိပြုမိသော် ဟလီခနှင့် အခြားသူများသည်လည်း ပင်မကြယ်မှ တစ်ယောက်ယောက် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူတို့ဘာသာ လုပ်စရာရှိသည်များကိုသာ လုပ်နေခဲ့ကြသည်။
နှစ်ရက်ကြာပြီးနောက် ရွှယ့်ယွယ်၏ အခန်းဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရောက်သည်နှင့် ဘာတစ်ခွန်းမှ မပြောဘဲ အထဲသို့ တိုက်ရိုက်လျှောက်ဝင်သွားလိုက်လေသည်။
အခန်းတစ်ခုလုံးသည် ခြောက်ကပ်ကပ်၊ အေးစိမ့်စိမ့် ဖြစ်နေသည်။ ရွှယ့်ယွယ်သည် ယခင်ထိုင်နေကျ စားပွဲခုံတွင် ထိုင်နေခဲ့သည်။ ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါ သူ့အား တစ်ချက် လှမ်းကြည့်လိုက်သည်။
ရွှယ့်ယွယ် သူ့အား အတော်လေး အခဲမကြေ ဖြစ်နေမှန်း ရန်ကိုင် နားလည်သည်။ ယခု သူမဆီမှ ထွက်ပေါ်နေသော အရှိန်အဝါထဲ အေးစက်မှုတို့ ကိန်းအောင်းနေခဲ့လေပြီ။ ရန်ကိုင်သည် အားတင်းပြီး ရွှယ့်ယွယ်ရှေ့ ထိုင်လိုက်သည်။
“အရင်သောက်” ရွှယ့်ယွယ်က ရန်ကိုင်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ့ရှေ့ ချလိုက်သည်။
“အဆိပ်ခတ်ထားတာလား” ရန်ကိုင်က ရွှယ့်ယွယ်အား မသင်္ကာဟန်ဖြင့် ကြည့်လိုက်သည်။
“နင့်ကိုအဆိပ်ခတ်လို့ ငါ့အတွက် ဘာအကျိုးရှိမှာလဲ” ရွှယ့်ယွယ်က ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် ပြန်စိုက်ကြည့်သည်။
ရန်ကိုင်က သူ့ရှေ့ရှိ ကြည်လင်နေသော ဝိုင်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းခါ၍ “မေ့လိုက်တော့။ ငါဒီကိုလာတာ ဝိုင်သောက်ဖို့ မဟုတ်ဘူး။ လိုရင်းကိုပဲ သွားကြရအောင်”
ထိုဝိုင်နှင့် ပက်သက်ပြီး တစ်ခုခု မှားနေသည်မှန်း သေချာသည်။ သူသိသလောက် ရွှယ့်ယွယ်သည် အလွယ်တကူ လက်လျှော့တတ်သည့် လူတစ်ယောက် မဟုတ်ချေ။ ရန်ကိုင်သည် ဘာပဲဖြစ်ဖြစ်၊ သူမနားမှ ထွက်သွားရန် ဆုံးဖြတ်ထားပြီးလေပြီ။
ရန်ကိုင်ထိုမျှ နိုးနိုးကြားကြား ဖြစ်နေသည်ကိုမြင်သော် ရွှယ့်ယွယ်က လှောင်ပြုံးပြုံးလိုက်သည်။ ရန်ကိုင်ရှေ့ ချပေးထားသော ဝိုင်ခွက်ကို ကောက်ယူလိုက်ပြီး သူမဘာသာ မော့သောက်လိုက်ကာ ခွက်အခွံကို ထိုင်ခုံပေါ် ဆောင့်ချလိုက်သည်။
“နင်စဉ်းစားပြီးသွားပြီလား”
“မင်ကော စဉ်းစားပြီးသွားပြီလား” ရွှယ့်ယွယ်က သူ့စကားအတိုင်း ပြန်မေးလိုက်သည်။
“လျှောက်ပြီး လှည့်ပတ်မနေတော့နဲ့။ ငါ့အဖြေကို လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပြောထားပြီးသား”
“တကယ် မဆွေးနွေးချင်တော့ဘူးလား” ရွှယ့်ယွယ် လက်မလျှော့သေး။
“မဆွေးနွေးချင်တော့ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။
ရွှယ့်ယွယ်က အံကြိတ်၍ ပြန်ပြောလေသည် “ဟုတ်တယ်။ နင်မှန်တယ်။ အတင်းအကြပ်ခူးတဲ့ ဖရဲသီးဆိုတာ မချိုဘူး။ ငါတို့ နှစ်ယောက်ကို ဝိဥာဉ်ချိန်းကြိုးနဲ့ ချိတ်ဆက်ထားတာ။ ငါသာ နင့်ကိုအတင်းနေခိုင်းလို့ တစ်နေ့ နင်ဘာသာ သေကြောင်းကြံရင် ငါပါရောပြီး သေရမှာ။ အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး။ နင်က အဲ့လောက်တောင် ထွက်သွားချင်နေမှတော့ ဝိဥာဉ်ချိန်းကြိုးကို အခုပဲ ဖြည်လိုက်ကြတာပေါ့”
“နင်နားလည်တာကောင်းတယ်” ရန်ကိုင် ပျော်သွားသည်။
“အဲ့လောက်ကြီး ပျော်မနေနဲ့” ရွှယ့်ယွယ်က ထရပ်လိုက်သည်။ ထို့နောက် ရန်ကိုင့်နောက်ဘက်သို့ လျှောက်သွားကာ ပြောလိုက်သည် “နင်နဲ့ အတူရှိနေချင်တဲ့ အကြောင်းအရင်းက ဝိဥာဉ်ချိန်းကြိုးကြောင့်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့လို ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ငါ့မိန်းကလေး နှလုံးသားက အဲ့လို ဖြစ်စေချင်နေလို့ပဲ။ သုံးနှစ်သားအရွယ်ကစပြီး ယောကျာ်းလေးလို နေလာခဲ့ရတာ။ မိန်းကလေးတစ်ယောက်ကလို တစ်ခါမှ လွတ်လွတ်လပ်လပ် မနေခဲ့ရဘူး။ ကျန်တဲ့လူတွေနဲ့ ရှိနေရင် သတိထားပြီး နေနေရတယ်။ နင်တစ်ယောက်နားမှာပဲ ငါ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေလို့ရတာ။ အဲ့ရက်တွေက ငါ့အတွက် အပျော်ဆုံး ရက်တွေပဲ။ ဇုန်းအိုကြီး ငါ့ကို ပြေသွားတယ်။ ငါ့ကို နှိုးဖို့အတွက် နင်အသက်ကိုတောင် ဆုံးရှုံးခါနီး ဖြစ်သွားတယ်တဲ့။ အသေးစိတ်တော့ မသိပေမယ့် ဇုန်းအိုကြီးက အဲ့လိုပြောမှတော့ သူလိမ်နေတာ မဟုတ်လောက်ဘူး၊ ဟုတ်တယ်မလား။ အဲ့အတွက် ငါနင့်ကို တကယ် ကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ အခုလိုမိန်းမပုံစံနဲ့ ငါ့အတွက် ဘယ်သူကမှ အဲ့လောက် မလုပ်ပေးဖူးလို့ပဲ။ ငါအခုလို မိန်းကလေးပုံစံနဲ့ ရှိနေတုန်းမှာ တစ်ယောက်ယောက်က ငါ့ကို အဲ့လောက် ဂရုစိုက်ပေးတာ ပထမဆုံးအကြိမ်ပဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ ကြိတ်၍ သတိထားနေလိုက်သည်။
ရွှယ့်ယွယ် ထိုကဲ့သို့ ပြောနေလေ သူ့စိတ်ထဲ မကောင်းသည့်အရာ တစ်ခုခု ဖြစ်တော့မည်ဟု ခံစားရလေပင်။ သူမကဲ့သို့ မိန်းမတစ်ယောက်အတွက်၊ သူမ၏ နှလုံးသားတွင်းမှ ခံစားချက်များကို ထုတ်ဖော်ဖွင့်ဟ ပြောဆိုခဲ့သော်လည်း လိုချင်နေသည့်အဖြေကို ပြန်မရချေ။ သူမသာ စိတ်ပေါက်ပေါက်နှင့် ရူးရူးမိုက်မိုက် ထလုပ်လျှင် အကျိုးဆက်ကား မတွေးရဲစရာပင်။
“ဝိဥာဉ်ချိန်းကြိုးတွေ ဖြည်သွားတာနဲ့ ငါဘာလုပ်မိလိမ်မလဲ ငါတကယ် မပြောတတ်ဘူး။ ဒါပေမယ့် ငါ့ခေါင်းထဲ ပထမဆုံး ပေါ်လာမယ့်အရာက နင့်ကို သတ်ဖို့ဆိုတာတော့ သေချာတယ်” ရွှယ်ယွယ်က ရန်ကိုင်ပခုံးပေါ် ခေါင်းမှီရင်း ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ အဲ့အတွက် ငါပြင်ဆင်ပြီးသွားပြီ။ ချိန်းကြိုး ပြေသွားတာနဲ့ နင်နားကနေ ဝေးနိုင်သမျှ ခပ်ဝေးဝေးကို ငါထွက်ပြေးမှာ။ နင်ငါ့ကို ဘယ်တော့ ပြန်ရှာလို့ မတွေ့အောင်ကို ငါပြေးမှာ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“နင့်ခွန်အားက နိမ့်နိမ့်လေးပဲဟာကို။ ငါတကယ် နင့်ကိုရှာချင်ရင် နင်ဘယ်လောက်ပဲပုန်းပုန်း လွတ်အောင် ပုန်းနိုင်မှာမှ မဟုတ်တာ” ရွှယ့်ယွယ်၏ ဝင်သက်ထွက်သက် လေပူနွေးနွေးသည် ရန်ကိုင်၏ နားသီးလေးကို ပွတ်တိုက်သွားခဲ့သည်။ သူမ၏ အေးစက်စက် လေသံသည် တဖြည်းဖြည်း အရည်ပျော်ကျသွားပြီး ရန်ကိုင်၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ငါလို မိန်းမ တစ်ယောက်က နင်မထွက်သွားစေဖို့အတွက် မလုံလောက်ဘူးလား”
ရန်ကိုင် ဘာမှ ပြန်မပြောခဲ့။ သို့သော် သူ့စိတ်ထဲ အနည်းငယ်တော့ ဝမ်းနည်းမိသည်။
“နင်တကယ်ကို သွေးအေးရက်စက်လွန်းတယ်” ရွှယ့်ယွယ်က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
ချက်ချင်းဆိုသလို သူ့လည်ပင်းနေရာ ဆစ်ခနဲ နာကျင်သွားခဲ့ပြီး နွေးထွေးသော အရည်စက်လေးများ သူ့အသားအပေါ် စီးကျလာခဲ့သည်။
သူ့စိတ်ထဲ နောက်သို့လှည့်ကာ သူမအား နှစ်သိမ့်ပေးချင်မိသည်။ သို့သော် ထိုသို့ မလုပ်မိအောင် စိတ်ကို အနိုင်နိုင်း ထိန်းထားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ရန်ကိုင်ကို ရွှယ့်ယွယ် လွှတ်ပေးလိုက်လေသည်။ ရန်ကိုင်၏ ရွှေရောင်သွေးများကို မျိုချပစ်လိုက်ပြီးနောက် အံကြိတ်၍ ပြောလိုက်သည် “ဒီနင့်သွေးတွေက နင်ငါ့အပေါ် မလေးမစား လုပ်ခဲ့တာတွေအတွက် လျော်ကြေးပဲ။ နောက်တစ်ကြိမ် နင့်ကို ထပ်တွေ့ရဲတွေ့ကြည့်၊ နင်အရေခွံကိုစုတ်ပြီး အသားကို ဝါးစားပစ်မှာ မယုံမရှိနဲ့။ ငါ့စကားကို သေချာမှတ်ထားလိုက်။ သွားတော့။ ငါ့ရှေ့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ပေါ်မလာတော့နဲ့။ ဘာလို့လဲဆိုတော့ ပေါ်လာတာနဲ့ ငါနင့်ကို သတ်မှာ မို့လို့ပဲ”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကျောပေးလိုက်သည်။ သူမ၏ ပခုံးသားလေးများသည် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။ လေသံမှာလည်း အနည်းငယ် အက်ဝင်နေလျက်…
ရန်ကိုင် သက်ပြင်း အသာအယာ ချလိုက်ပြီး တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။
တဖြည်းဖြည်း တိုးညင်းပျောက်ကွယ်သွားနေသော ရန်ကိုင်၏ ခြေသံများကိုနားထောင်ရင်း ရွှယ့်ယွယ်၏ မျက်ဝန်းများဆီမှ မျက်ရည်စတို့သည် ရေတံခွန်နှယ် တရဟော စီးကျလာတော့သည်။
သူမဘဝတွင် ယခုကဲ့သို့ နောက်ဘယ်တော့မှ ပြန်နေနိုင်တော့မည် မဟုတ်မှန်း ရွှယ့်ယွယ် သိလိုက်သည်။ ယနေ့မှစ၍ တတိယသခင်လေး ရွှယ့်ယွယ်ဆိုသော ဇာတ်ရုပ်ကို ပြန်လည် သရုပ်ဆောင်ရပေတော့မည်။
ကြယ်လွန်းပျံတစ်စင်းသည် အာကာယံကို ထိုးဖောက်လျက် ကြယ်တာရာကောင်းကင်ထဲသို့ အလျင်အမြန် ရွေ့လျားနေသည်။
တစ်နာရီကြာပြီးနောက် ရန်ကိုင် ရပ်လိုက်ပြီး အရောင်အသွေး စုံလင်လှသော မိုးရေစင်ကြယ်ကြီးကို ပြန်ငုံ့ကြည့်သည်။
ချက်ချင်းဆိုသလို သူ့အား ချုပ်နှောင်ထားသော မမြင်နိုင်သည့် နှောင်ကြိုးတစ်မျှင် ပြေသွားသလို ခံစားလိုက်ရသည်။ တစ်ပြိုင်တည်းဆိုသလို သူ့ခေါင်းထဲ မေးခွန်းတစ်ခုကို ကြားယောင်လိုက်ရသည်။
ရန်ကိုင်က အခိုင်အမာ ပြန်ဖြေလိုက်လေသည်။
ထိုသို့ ဘုန်းဆိုသော မြည်သံနှင့်အတူ သူ့ဝိဥာဉ်ပေါ်ရှိ မမြင်နိုင်သော အချုပ်အနှောင်အားလုံး ကျိုးကြေပျက်စီးသွားခဲ့သည်။ ရွှယ့်ယွယ်ကို ထားခဲ့ရသည့်အတွက် သူ့စိတ်ထဲ ခံစားနေရသော ဝမ်းနည်းမှု၊ စိုးရိမ်မှုတို့ အားလုံးသည်လည်း လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ရလေသည်။