← Chapters

အခန်း (၁၀၉၁-၁၀၉၅)

Vol. 44 Ch. 1091-1095

အခန်း (၁၀၉၁-၁၀၉၅)

Vol. 44 Ch. 1091-1095

အပိုင်း(၁၀၉၁) ယဇ်ပုလ္လင်

ရန်ကိုင်တို့အဖွဲ့သည် ဤနေရာ၌ ရက်ပေါင်းများစွာကြာအောင် သွားနေသည့်တိုင် မည်သည့် အန္တရာယ်နှင့်မှ မကြုံခဲ့ရခြင်းမှာ သူတို့ အဖွဲ့သည် ကျိဖုန်း၏ ဘိုးဘေး ချန်ရစ်ခဲ့သည့် မြေပုံကို အမှီ၌ပြု၍ သွားခဲ့သောကြောင့် ဖြစ်ပေသည်။

သို့သော် တိကျီတို့ကမူ ဤနေရာရှိ ရတနာများကို ရရန်အတွက် စမ်းတဝါးဝါးနှင့် သွားလာခဲ့ရသည်။ မည်သည့် နေရာသည် အန္တရာယ်များလဲ ဆိုသည်ကိုလည်း မသိချေ။ ထို့ကြောင့် လမ်းတစ်လျှောက်၌ အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရကာ ယခု သူတစ်ယောက်တည်းသာ ကျန်ခဲ့ရတော့သည်။

အလစ်ချောင်းပြီး ကျိဖုန်းကို သတ်ဖြတ်ချင်သော်လည်း ရန်ကိုင်က ကျိဖုန်းကို သတိပေးလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

တိကျီက ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

“မင်းဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ” ကျိဖုန်းက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

တိကျီက နှာခေါင်းရှုံ့လိုက်ပြီး “ငါနားပင်မနေဘူး။ ဒီလောက် ထအော်နေတဲ့ အသံတွေကို ငါမကြားဘူး ထင်နေတာလား”

ပြောပြီးသည်နှင့် သူ့အမူအရာ ကြမ်းကြုတ်သွားခဲ့ပြီး ကျိဖုန်းအား စိုက်ကြည့်ကာ မေးလိုက်သည် “မင်းပြောတာ အမှန်ပဲလား။ ဒီခန္ဓာသန့်စင်ကန်က ကျင့်ကြံသူတစ်ယောက် ခန္ဓာကိုယ်ကို တိုးတက်အောင် လုပ်ပေးနိုင်တယ် ဆိုတာလေ။ မင်းဘိုးဘေးက ဒါရဲ့ အကူအညီကြောင့် တန်ခိုးရှင်တတိယအဆင့်ကို ရောက်နိုင်ခဲ့တာ အမှန်ပဲလား”

“အဲ့တော့ဘာဖြစ်လဲ” ကျိဖုန်း ဝေ့ပတ်ပြောမနေတော့။ တိကျီသည် သူပြောနေသည်ကို ချောင်းနားထောင်နေခဲ့လေရာ ထိုအရာအားလုံးကို သိထားပြီး ဖြစ်နေလေပြီ။ ထို့ကြောင့် လိမ်နေလည်း ဘာမှမထူး။

“ကောင်းတယ်၊ ကောင်းတယ်” တိကျီ အူမြူးသွားခဲ့သည် “လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက မင်းတို့နောက်ကိုသာ လိုက်ခဲ့တာ။ မင်းတို့ ဘာကို ရှာနေလဲ ဆိုတာကို မသိခဲ့ဘူး။ မင်းတို့ အဖိုးတန်ရတနာ တစ်ခုခုကို ရှာနေမှန်းပဲ သိခဲ့တယ်။ အခုတော့ ငါလုံးဝ နားလည်သွားပြီ။ ကျိဖုန်း၊ မင်းငါ့ပြိုင်ဘက်မဟုတ်ဘူး။ အသက်ရှင်ချင်တယ်ဆိုရင် လိမ်လိမ်မာမာနဲ့ ထွက်သွားလိုက်။ မဟုတ်ရင် ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့”

ကျိဖုန်း၏ မျက်နှာထက် ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွားသည်။ သူသည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးပြီး တိကျီသည် သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် တိကျီ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မကြာမီ ထိုထိတ်လန့်ရိပ်တို့ ပျောက်ကွယ်သွားခဲ့ပြီး ကျိဖုန်းက ပြန်၍ လှောင်ပြောင်လိုက်သည် “မင်းသေချာလို့လား။ ငါ့ကို အလွယ်တကူ သတ်နိုင်တယ်ဆိုရင် ဘာလို့ အပိုစကားတွေ လာပြောနေတာလဲ။ ငါတို့ နှစ်ယောက်သာ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကို မင်းမသေချာလို့မှန်း ငါမသိဘူး ထင်နေလား”

“မင်းသိသွားတာလား” တိကျီက အသာအယာ ပြုံးလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “မင်းမှန်တယ်။ အဲ့လိုဆို ငါဆက်ပြီး အချိန်ဖြုန်းမနေတော့ဘူး။ အခု ငါတို့နှစ်ယောက်ပဲရှိတယ်။ တိုက်သာ တိုက်ကြမယ်ဆိုရင် ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာကို တပ်အပ် ပြောလို့ရတာ မဟုတ်ဘူး။ ဒီတော့ ဘာလို့ အေးအေးဆေးဆေး ထိုင်မဆွေးကြမှာလဲ”

“မင်းဘာလိုချင်တာလဲ” ကျိဖုန်းက တိကျီအား ဒေါသတကြီး ကြည့်လိုက်သည်။

တိကျီ ဤနေရာသည့် ဝင်လာမှန်း သူသိထားသော်လည်း နောက်ဆုံးအချိန်ရောက်မှ ထိုကောင်နှင့် သွားတိုးလိမ့်မည်ဟု ကျိဖုန်း မထင်ထားခဲ့ချေ။ တိကျီကို ကျိဖုန်း ပြေးသတ်ချင်နေမိသည်။ သို့သော် အနိုင်အရှုံး မသေချာသဖြင့် မဆင်မခြင် မလှုပ်ရှားရဲခဲ့ချေ။

“ရှင်းပါတယ်။ ခွဲဝေယူမယ်လေ။ ဘာပဲဖြစ်ဖြစ်၊ ဒီကန်က အကြီးကြီးပဲဟာကို။ ငါတို့နှစ်ယောက်စလုံး အေးအေးဆေးဆေး ခွဲသုံးလို့ရတယ်။ အဲ့လို လုပ်လို့ရနေတာကို ဘာလို့ အသေအကြ တိုက်ခိုက်နေရဦးမှာလဲ၊ မဟုတ်ဘူးလား” တိကျီက ပြောလိုက်သည်။

“ကောင်းပြီလေ။ ငါသဘောတူတယ်။ အခြေအနေက ဒီလို ဖြစ်နေပြီဆိုမှတော့ ငါလည်း ဘယ်တတ်နိုင်တော့မလဲ” ကျိဖုန်းက ခေါင်းညိတ်လိုက်သည်။

“ဒီတော့ အဆင်ပြေသွားပြီနော်” တိကျီက ရယ်သွမ်းသွေးလိုက်သည်။

ကျိဖုန်းက ခေါင်းထပ်ညိတ်လိုက်သည်။

နှစ်ယေဦက်စလုံး ဆယ်မီတာကျော် အကွာခန့်မှနေ၍ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် နက်ရွှေရောင် အကွာအကွယ် မှော်ရတနာတစ်ခု ကျိဖုန်း ကိုယ်ပေါ်တွင် ပေါ်လာခဲ့ပြီး တိကျီအား သူ့လက်ဖြင့် ခုတ်ချလိုက်ရာ ထက်ရှသော သူတော်စင်ဓါးချီးများ တရစပ် ဖြစ်ပေါ်လာခဲ့ပြီး တိကျီဆီ တိုးဝင်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် တိကျီလက်ထဲ ငွေရောင်အလင်းတစ်ချက် လက်သွားပြီး ငွေရောင်လှံတစ်ချောင်း ပေါ်လာခဲ့သည်။ လှံပေါ်ရှိ အစီအရင်များ စတင် အသက်ဝင်လာပြီး ရေဓါတ်စွမ်းအင်တို့‌ ပေါက်ကွဲထွက်လာခဲ့ကာ ကျိဖုန်း၏ တိုက်ခိုက်မှုဆီ ဆူနာမနီ လှိုင်းလုံးတစ်ခုပမာ တိုးဝင်သွားလေသည်။

ယခုလေးတင် သဘောတူညီချက်ရပြီးသော လူနှစ်ယောက် အချင်းချင်း တိုက်ခိုက်နေကြလေပြီ။

ရန်ကိုင်သည် ခန္ဓာသန့်စင်ကန်ထဲမှနေ၍ ထိုတိုက်ပွဲကို လှောင်ပြုံးပြုံးလျက် ကြည့်နေခဲ့သည်။ အစကတည်းက ထိုနှစ်ယောက် အတူတူ ရှိနိုင်မှန်း ရန်ကိုင်မသိချေ။ ကျိဖုန်းသည် တိကျီအား အားပြန်ဖြည့်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။ တိကျီ အားပြန်ပြည့်သည်နှင့် ကျိဖုန်း ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် တိကျီကို အနိုင်ယူနိုင်၊ မယူနိုင် မသေချာလျှင်ပင် တိုက်ခိုက်ပေလိမ့်မည်။

ကျိဖုန်း၏ ကျင့်ကြံခြင်းသည် တိကျီထက် ပိုနိမ့်ကျသော်လည်း တိကျီသည် ဒဏ်ရာရထားသည်။ ထို့ကြောင့် နောက်ဆုံး မည်သူနိုင်မလဲ ဆိုသည်ကို နှစ်ဖက်စလုံး မသိကြချေ။

ခဏလောက် စောင့်ကြည့်နေပြီးနောက် ရန်ကိုင်လည်း သူတို့ နှစ်ယောက်တိုက်ပွဲကို ဂရုမစိုက်တော့ချေ။ သူ့အား အောက်ခြေသို့ ဆွဲချနေသည့်အားကို မခုခံတော့ဘဲ အားအတိုင်း စီမျောလိုက်ပါ၍ ကန်အောက်ခြေသို့ ငုံ့လျှိုးသွားလေသည်။ ကန်အောက်ခြေတွင် မည်သည့်အရာ ရှိနေမလဲ ဆိုသည်ကို သူသိချင်မိသည်။

အနီရောင်ရေများသည် အဆက်မပြတ် ဆူပွက်နေခဲပြီး ထိုထဲရှိ ထူးဆန်းသော စွမ်းအင်တစ်မျိုးသည် ရန်ကိုင်ကိုယ်ထဲသို့ စဉ်ဆက်မပြတ် စီးဝင်နေခဲ့သည်။

မကြာမီ ရန်ကိုင် ကန်အောက်သို့ ရောက်သွားခဲ့သည်။ ကြမ်းပြင်နှင့် သူ့ခြေထောက် ထိသွားသည်နှင့် တစ်ပြိုင်နက် သူ့အား အောက်သို့ ဆွဲချနေသော ဆွဲအားလည်း ရပ်တန့်သွားခဲ့သည်။

ကန်အောက်ခြေသည် အလွန်တရာကိုမှ မည်းမှောင်လွန်းသဖြင့် ဘာကိုမှ မမြင်ရချေ။ ရန်ကိုင်က အလင်းကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ကန်ထဲရှိ ထူးဆန်းသော စွမ်းအင်များကို ထုတ်လွှတ်ပေးနေသည့် ပင်မ အရင်းအမြစ်ကို ရှာတွေ့သွားခဲ့သည်။ ထိုအရာသည် ကျိဖုန်း ပြောခဲ့သည် ယဇ်ပုလ္လင် ဖြစ်လောက်ပေသည်။

ယဇ်ပုလ္လင်ဆီ ပြေးမသွားဘဲ အရင်းဆုံး ကန်အောက်ခြေကို တစ်ချက် လျှောက်ကြည့်လိုက်သည်။ ခဏအကြာ၌ ကြမ်းပြင်ပေါ်တွင် သိုလှောင်လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ ထိုသိုလှောင် လက်စွပ်ကို ကောက်ယူ စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အပြုံးကြီးပြုံးလိုက်သည်။

သိုလှောင်လက်စွပ်ထဲတွင် အဆင့်တစ်ဆယ်သားရဲ ဖြစ်သော မိုးကြိုးလွမ် သေရာမှ ဖြစ်ပေါ်လာသော ငှက်သစ်သား၊ မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ ကျောခွံ၊ မရေမတွက်နိုင်သော ဆေးပင်များနှင့် အဆင့်ခုနှစ်၊ အဆင့်ရှစ် သားရဲများ၏ အမြူတေများ ရှိနေခဲ့သည်။

ထိုသိုလှောင်လက်စွပ်သည် ကွေ့ချဲ၏ သိုလှောင်လက်စွပ် ဖြစ်သည်။

ရန်ကိုင်လည်း ထိုလက်စွပ်ကို ကျေကေကျနပ်ဖြင့် သူ့အိတ်ထဲသို့ ထည့်လိုက်သည်။ သိုလှောင်လက်စွပ်များတွင် ကိုယ်ပိုင် လေဟာနယ် ရှိသည့်အတွက် ထိုအရာများကို နတ်ဆိုးစာအုပ်ထဲ ထည့်သိမ်းထား၍ မရပေ။

သိုလှောင်လက်စွပ်များကို နတ်ဆိုးစာအုပ်ထဲ ထည့်သိမ်း၍ မရသော်လည်း သိုလှောင်အိတ်များကိုမူ ထည့်သိမ်းနိုင်ပေသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်။ သို့သော် ခေါင်းရှုပ်ခံပြီး စဉ်းစားမနေခဲ့။

ကွေ့ချဲ၏ သိုလှောင်လက်စွပ်ထဲတွင် ခရီးတစ်လျှောက် ရလာသော ပစ္စည်းများအနက် အကောင်းဆုံး ပစ္စည်းများ ရှိနေခဲ့သည်။ ကွေ့ချဲ၏ သိုလှောင်လက်စွပ်ကို ရပြီးနောက် ဆက်လက်၍ လျှောက်ပတ် စူးစမ်းကြည့်ပြန်သည်။

ခန္ဓာသန့်စင်ကန်သည် သိပ်မကျယ်၊ အချင်းအားဖြင့် မီတာ တစ်ရာလောက်သာရှိသည်။ သို့သော်လည်း အနက်မှာမူ မီတာ တစ်ထောင်ကျော် နက်ပေသည်။

ဤနေရာတွင် သိုလှောင်လက်စွပ်အချို့ကို ရှာတွေရန် မခက်ခဲချေ။ မကြာမီ ကန်းကျီနှင့် လော့ယောင်တို့၏ သိုလှောင်လက်စွပ်များကိုလည်း သွားတွေ့သည်။

ကန်ရေပြင်ထက် စွမ်းအင်လှိုင်းတို့ တလက်လက် ဖြာထွက်နေပြီး ကျိဖုန်းနှင့် တိကျီတို့၏ အော်ဟစ်သံများဖြင့် ညံနေခဲ့သည်။ ရန်ကိုင်လည်း သူတို့ နှစ်ယောက်တိုက်ပွဲကို ထပ်ကြည့်ကြည့်လိုက်၏။ သို့သော်လည်း အချိန်တိုတွင်း ပြီးမည် မထင်ရလေရာ ယဇ်ပုလ္လင်ဆီ အကြည့်ရွှေ့လိုက်သည်။

ခဏအကြာ၌ ထူးဆန်းသော ယဇ်ပုလ္လင်ရှေ့သို့ ရောက်လာပြီး ထိုအရာကို စတင် စူးစမ်းလေ့လာတော့သည်။ ယဇ်ပုလ္လင်ပေါ်တွင် အလွန်တရာကိုမှ နက်နဲဆန်းကြယ်သော အစီအရင်တစ်ခု ထိုးထွင်းထားပြီး တလက်လက် တောက်ပနေသော သူတော်စင် သလင်းကျောက်များက ၎င်းကို ဝန်းရံထားသည်။

သို့သော်လည်း အနီးကပ် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအရာများသည် သူတော်စင်သလင်းကျောက်များ မဟုတ်သည်ကို တွေ့လိုက်ရသည်။

ထိုအရာများသည် အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက်များထက် ပို၍ စွမ်းအင်သိပ်သည်း၊ သန့်စင်သည်။ သူတော်စင်သလင်းကျောက်ထက် တစ်ဆင့်မြင့်သည့်အရာများ ဖြစ်နေလေမလား။ ရန်ကိုင် စဉ်းစားကြည့်လိုက်သည်။ သို့သော် အဖြေမထွက်ခဲ့။

ယဇ်ပုလ္လင်၏ အပေါ်တည့်တည့်တွင် ရှုပ်ယှတ်ခတ်အောင် ရေးဆွဲထားသော စိတ်ဝိဥာဉ်အစီအရင်များ ရှိနေသည်။ ဤနေရာသည် သဘာဝအတိုင်း ဖြစ်လာသည့်နေရာတစ်ခု မဟုတ်တန်ရာ။ လူတစ်ယောက်ယောက်သာ ဖန်တီးထားခြင်း ဖြစ်ရပေမည်။ မည်သည့် ပညာရှင်က ဖန်တီးသွားခဲ့သလဲ ဆိုသည်ကိုမူ သူလည်း မသိချေ။

မရေမတွက်နိုင်သော အလင်းစက်လေးများသည် ညအချိန်၌ လေထဲဝဲနေသော ပိုးစုန်းကြူးလေးများပမာ ယဇ်ပုလ္လင်ကို ဝန်းရံနေကြသည်။ အလင်းစက်လေးများသည် စွမ်းအင်စီးကြောင်း တစ်ခုကို ဖြစ်ပေါ်စေပြီး ယဇ်ပုလ္လင်ထဲသို့ အဆက်မပြတ် စီးဝင်နေစေခဲ့သည်။

ယဇ်ပုလ္လင်ပေါ်တွင် အမျိုးအမည် မသိရသော ရှားပါးအဖိုးတန် ရတနာများစွာလည်း ရှိနေခဲ့သည်။ ယဇ်ပုလ္လင်ကြောင့် ထိုအဖိုးတန် ရတနာများ အသက်ဝင်လာပြီး ရန်ကိုင်၏ သွေးကို သန့်စင်ပေးနိုင်သော စွမ်းအင်ကို ထုတ်ပေးသည်။ ထိုစွမ်းကြောင့် ရန်ကိုင်လည်း ရွှေရောင်သွေးစက်များကို မြန်မြန် ဖန်တီးလာနိုင်ခဲ့သည်။

ရန်ကိုင် ဝမ်းသာအူမြူးသွားပြီး ယဇ်ပုလ္လင်ဘေးတွင် ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်သည်။

သို့သော်လည်း သူထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ယဇ်ပုလ္လင် စတင်တုန်ခါလာခဲ့ကာ ကန်တစ်ကန်လုံး လှုပ်ခါလာခဲ့သည်။ ရုတ်တရက် ကန်ထဲတွင် ရှိနေသော သွေးနီရောင်အရည်အားလုံးသည် ယဇ်ပုလ္လင်ဆီသို့ စတင် စီးဆင်းကုန်ကြလေသည်။

ထိုကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ထားသဖြင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့သည်။ ယဇ်ပုလ္လင်မှာ ထွက်သွားရန် အကောင်းဆုံး ကြိုးစားလိုက်သော်ငြား သွေးနီရောင်အရည် ဝဲကတော့ကြောင့် လက်တစ်ချောင်းပင် မမနိုင် ဖြစ်နေခဲ့ရသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ကန်ရေပြင် အလျင်အမြန် လျော့ကျလာနေသည်ကို တွေ့လိုက်ရသည်။ ရေပမာဏ လျော့ကျသွားခြင်းမဟုတ်၊ ယဇ်ပုလ္လင်၏ ဆွဲအားကြောင့် ရေထုသည် ပို၍ကျစ်လစ်သိပ်သည်းသော အရည်အဖြစ်သို့ ဖိနှိပ်ခံနေရခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်ကြောင့် ကျိဖုန်းနှင့် တိကျီတို့သည်လည်း ဆက်လက်မတိုက်ကြတော့ဘဲ ကန်အား ထိတ်လန့်တကြားဖြင့် ကြည့်လိုက်သည်။

ကန်ရေ အလျင်အမြန် လျော့ကျနေသည်ကို မြင်လိုက်သည့်အခါ ကျိဖုန်း အရူးတစ်ပိုင်းနှယ် ဖြစ်သွားပြီး လက်ရှိ အဖြစ်အပျက်ကို ရပ်တန့်ရန် ကန်ဆီသို့ သွေးရူးသွေးတန်း ပြေးဝင်သွားသည်။

သူ့ခန္ဓာကိုယ်ကို သန့်စင်နိုင်ဖို့ရာ အလွန်ကြိုးစားအားစိုက်ခဲ့ရသည်။ လူများစွာကို အကွက်ချ ကြံစည်ခဲ့ရသည်။ သူ့ရည်ရွယ်ချက် ဖြစ်မြောက်ခါနီးမှ တိကျီက ဝင်ရှုပ်ခဲ့သော်ငြား ကျိဖုန်း ငြိမ်နေနိုင်သေးသည်။ သို့သော် ခန္ဓာသန့်စင်ကန်ကြီး ပျောက်ကွယ်သွားသည့် အဖြစ်မျိုးနှင့် ကြုံရသော် ကျိဖုန်း ငြိမ်ငြိမ်မနေနိုင်တော့။ ဤကန်ကြီးသာ ပျောက်ကွယ်သွားပါက သူကြိုးစားခဲ့ရသမျှ၊ ရင်းနှီးထားခဲ့ရသမျှ အားလုံး ရေစုန်မျောသွားပေလိမ့်မည်။

ကျိဖုန်းသည် တိကျီကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ကန်ရေပြင် နိမ့်ကျနေသည်ကို ရပ်တန့်ရန် အရူးအမူး ကြိုးစားနေခဲ့သည်။ သို့သော် သူမည်မျှပင် ကြိုးစားပါစေ မည်သို့မှ မရပ်တန့်နိုင်ခဲ့ပေ။

တိကျီလည်း ထိုမြင်ကွင်းကြောင့် မှင်သက်နေခဲ့ရသည်။

အသက်ဆယ်ရှိုက်စာအတွင်းတွင် မီတာတစ်ထောင်နက်သော ကန်ရေသည် လုံးဝ ခမ်းခြောက်သွားခဲ့သည်။ အနီရောင်အရည် အားလုံးသည် သွေးနီရောင် သလင်းပိုးအိမ်လေးတစ်ခုအဖြစ်သို့ ဖိနှိပ်ခြင်းခံလိုက်ရလေသည်။

ကန်အောက်ခြေသို့ ရောက်သည့်အခါ သွေးနီရောင် ပိုးအိမ်ထဲ ပိတ်မိနေသော ရန်ကိုင်ကို ကျိဖုန်း မြင်လိုက်သည်။ ထိုနေရာတွင် ရှိသင့်သော ယဇ်ပုလ္လင်မှာမူ မရှိတော့ချေပြီ။

ကျိဖုန်းသည် အသိစိတ်မဲ့သွားသည့်အလား ထိုနေရာတွင် ကြောင်ကြောင်ကြီး ရပ်နေမိသည်။

ခဏအကြာ၌ အရူးအမူး ထအော်၍ သလင်းပိုးအိမ်ကို ဒေါသတကြီး တိုက်ခိုက်တော့လေသည်။ ထိုမြင်ကွင်းကြောင့် တိကျိ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ကျိဖုန်း၏ ထိုအရူးအမူး တိုက်ခိုက်မှုကို သူထိပ်တိုက် မရင်ဆိုင်ရဲချေ။

သို့သော်လည်း ထူးဆန်းသည်ကား ကျိဖုန်း မည်သို့ပင် တိုက်ခိုက်နေပါစေ ထိုသွေးနီရောင်ပိုအိမ်ထက် ခြစ်ရာ၊ ပဲ့ရာလေးပင် ထင်မသွားခဲ့။ အကြောင်းအတိုင်းသာ ရှိနေသေးသည်။

မြေပြင် ရုတ်တရက် တုန်ခါလာပြီး ကပ်ဘေး ဆိုက်တော့မည်မှန်း သိလိုက်လေရာ မွန်းစတားသားရဲအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။ တိကျီ၏ အမူအရာလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး နေရာတွင် ဆက်မနေရဲတော့ဘဲ အလျင်အမြန် ထွက်ပြေးလေသည်။

ကျိဖုန်းလည်း ပိုးအိမ်အား တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ တစ်ခုခု မှားယွင်းနေမှန်း သိလိုက်သည့်နောက် နောက်ဆုံးအကြိမ်အဖြစ် ပိုအိမ်ကို တိုက်ခိုက်လိုက်သည်။ ထို့နောက် ထွက်ပြေးရန် ပြင်လိုက်၏။

သို့သော်လည်း သူနောက်ကျသွားခဲ့သည်။ သွေးနီရောင်ပိုးအိမ်ထဲမှ အလွန်တရာကိုမှ အားကောင်းလှသော ဆွဲအားတစ်ရပ် ထွက်ပေါ်လာပြီး ဤထူးဆန်းသော ကမ္ဘာထဲတွင် ရှိနေသော သားရဲ၊ အပင်မှအစ သက်ရှိ အားလုံး၏ အသက်စွမ်းအင်ကို စတင် စုပ်ယူတော့လေသည်။ ထိုအသက်စွမ်းအင်များသည် အလင်းစက်လေးများအဖြစ် ပြောင်းလဲ၍ ပိုအိမ်ထဲသို့ ရောက်ရှိသွားခဲ့သည်။

သူ့အရေပြား တဖြည်းဖြည်း ခြောက်သွေ့လာပြီး ခန္ဓာကိုယ်ပါ တဖြည်းဖြည်း ခြောက်သွေ့လာနေသည်ကို ကျိဖုန်း ကြည့်နေခဲ့ရသည်။ သူ့အသက်စွမ်းအင်လည်း အလျင်အမြန် ယုတ်လျော့လာနေခဲ့ပြီး တစ်ခဏအတွင်း နှစ်တစ်ထောင်ကျော်ကို ဖြတ်သန်းလိုက်ရသည့်နှယ် သူ့အရိုးများ ကျိုးကြေကုန်ပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ လေနှင့်အတူ လွင့်မျောသွားကြကုန်လေသည်။

သူမသေခင် ထိတ်လန့်ကြောက်ရွံ့နေသော တိကျီနှင့် အကြည့်ချင်း ဆုံမိလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၉၂) သယ်လာခဲ့လိုက်

ကြယ်တာရာကောင်းကင်ထဲ ကြယ်သင်္ဘောတစ်စင်သည် ဂြိုလ်သိမ်ဂြိုလ်မွှားများကို‌ ရှောင်ရှားရင်း ရွက်လွှင့်နေခဲ့သည်။

ကြယ်သင်္ဘောသည် သိပ်မကြီးလှ။ အရှည် မီတာနှစ်ရာပင် မရှိသော ကြယ်သင်္ဘောတစ်စင်းဖြစ်ကာ ကြယ်စီရင်စုကြီးထဲတွင် အသေးဆုံး ကြယ်သင်္ဘောဟုပင် ပြောနိုင်သည်။ ထိုကြယ်သင်္ဘောသည် သူတော်စင်ဘုရင် အဆင့်နိမ့် ကြယ်သင်္ဘော ဖြစ်ဖို့ရာပင် သိပ်ဖြစ်နိုင်ချေ မရှိလှပေ။ ထို့အပြင် ကြယ်သင်္ဘော၏ ကိုယ်ထည်မှာလည်း သိပ်ခိုင်ပုံမရ၊ ကိုယ်ထည်တစ်ခုလုံး ချိုင့်ရာ၊ ပွန်းရာ တို့ဖြင့် ပြည့်နေခဲ့သည်။

အဆင့်မြင့် ကြယ်သင်္ဘောတစ်စင်းသာ ဆိုပါက မည်သို့မှ ထိုကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်ချေ။

ကြယ်သင်္ဘောတစ်စင်းလုံး ကုန်ပစ္စည်းများဖြင့် ပြည့်နေသည့်အလား ထိုကြယ်သင်္ဘောသည် အလွန်တကိုမှ သတိထားလျက် ဖြည်းဖြည်းချင်း သွားနေခဲ့သည်။ သင်္ဘောထဲတွင် ခွန်အားအမျိုးမျိုး ရှိကြသော ကျင့်ကြံသူ အယောက် ခြောက်ဆယ်လောက် ရှိနေခဲ့ကြသည်။

ယခုခရီးစဉ်တွင် သူတို့အားလုံးသည် အနီးနားရှီ သတ္တုကြယ်တွင် နှစ်ဝက်ကြာမျှ သတ္တုတူးရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှန်သာ ကုန်အပြည့်တင်ပြီ းပြန်လာခဲ့ခြင်းဖြစ်သည်။

မူလက စုစုပေါင်း လူအရေအတွက်မှာ တစ်ရာရှိခဲ့သော်လည်း ယခုမူ တစ်ဝက်ကျော်ကျော်လောက်သာ ကျန်တော့ပေသည်။ ဘာကြောင့်မှန်းမသိ သူတို့ သတ္တုသွားတူးခဲ့သော သတ္တုကြယ်တွင် ကြမ်းကြုတ်သော သားရဲ များစွာ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့်ပဲ သူတို့၏ အပေါင်းအပါများစွာ သေဆုံးသွားခဲ့ရခြင်း ဖြစ်လေသည်။

အသက်ရှင်ကျန်ရစ်သူများသည် အသက်ရှင်နေသည်ကိုပင် ကျေးဇူးတင်နေလေရာ မည်သည့် အထွန့်တက်စကားမှ ပြောမနေခဲ့ချေ။

ခြောက်လကြာ အလုပ်ကြိုးစားမှုသည် နှစ်ပေါင်းမျာစွာ လွတ်လပ်မှုနှင့် လဲလှယ်နိုင်ရာ သူတို့ အတော်လေး ကျေနပ်မိနေသည်။ ဤခရီးပြီးနောက် သူတို့အားလုံး ဆုကြေးကြီးကြီး ရပေလိမ့်မည်။ ထိုဆုကြေးဖြင့် ပိုမို ကောင်းမွန်သော ကျင့်စဉ်များ၊ သိုင်းပညာရပ်များ ဝယ်နိုင်ကာ အဆင့်မြင့် မှော်ရတနာများကိုပင် ရနိုင်ချေ ရှိသေးသည်။ တောက်ပသော အနာဂတ်ကို မျှော်တွေးရင်း ကြယ်သင်္ဘောပေါ်ရှိလူများ အပျော်ကြီး ပျော်နေခဲ့ကြသည်။

သူတော်စင်ဘုရင် ပထမအဆင့်ဖြစ်သော ဝူရီသည် ကြယ်သင်္ဘော၏ ကပ္ပတိန်ဖြစ်သည်။ သူမ အသက်အရွယ်ဖြင့် သူတော်စင်ဘုရင် ပထမအဆင့်သို့ ရောက်နေခြင်းကြောင့် အရိပ်ကြယ်ရှိ လူငယ်များအနက် မဆိုးလှသော အရည်အချင်းကို ပိုင်ဆိုင်ထားသူဟု ပြောနိုင်သည်။ မိသားစုကြီး အကြီးအကဲများသည် သူမသာ ကြိုးကြိုးစားစား လေ့ကျင့်မည်ဆိုပါက အနာဂတ်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ မလွဲမသွေ ရောက်လိမ့်မည်ဟု ပြောကြသည်။

သူမသည် ကြယ်သင်္ဘောတွင် အားအကောင်းဆုံးဖြစ်သည်။ အားအကောင်းဆုံးလူသည် သူမ မိသားစု၏ ဧည့်သည့်အကြီးအကဲ ဖြစ်သော သူတော်စင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ထိုဧည့်သည် အကြီးအကဲသည် အတော်လေးကို အိုမင်းနေလေပြီ။ သင်္ဘော၏ လုံခြုံရေကို စောင့်ကြည့်နေရုံမှတစ်ပါး အခြား မည်သည့်ကိစ္စတွင်မှ ဝင်မပါချေ။ ဝူရီပင်လျှင် ထိုလူအိုကြီးကို အမိန့်ပေးခိုင်းစေရန် အရည်အချင်း မရှိချေ။

အခြားသူတော်စင်ဘုရင်များလည်း ရှီ‌ေးသည်။

ဝူရီသည် လောလောဆယ်၌ ကြယ်သင်္ဘော၏ စွမ်းအင်ခန်းထဲတွင် ရပ်၍ ထွင်းဖောက်မြင်နိုင်သော ပြတင်းပေါက်မှတစ်ဆင့် ကြယ်တာရာ ကောင်းကင်ကြီးကို ငေးကြည့်နေခဲ့သည်။ သူမ မျက်ဝန်းလှလှလေးများထဲ မျှော်လင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။

အရိပ်ကြယ်သည် သူမ၏ မွေးရပ်မြေကြယ်တစ်လုံး ဖြစ်သည်။ သို့သော် ထိုကြယ်ပေါ်ရှိ မိုးမြေစွမ်းအင်သည် ကြယ်စီရင်စုကြီးထဲရှိ အဓိက ကျင့်ကြံရေး ကြယ်ကြီးများထက် နိမ့်ကျပေသည်။ ထို့အပြင် အရင်းအမြစ်များ ရှားပါလှသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အရိပ်ကြယ်ပေါ်တွင် အဆင့်မြင့် အဖိုးတန်ရတနများ မရှိသလို အားကောင်းသော ပညာရှင်များလည်း မရှိကြပေ။

အရိပ်ကြယ်ပေါ်ရှိ အားအကောင်းဆုံး လူများသည် တန်ခိုးရှင်ဒုတိယ အဆင့် ပညာရှင်များ ဖြစ်ကြပြီး ထိုလူအားလုံးသည် အနည်းဆုံး အသက် နှစ်ထောင်ကျော်နေကြလေပြီ။

အရိပ်ကြယ်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အစွန်အဖျားနေရာတွင် တည်ရှိပြီး ထိုကြယ်ကို မရေမတွက်နိုင်သော ကြယ်သေများက ဝိုင်းရံထားကြသည်။ သတ္တုကြယ်တစ်လုံးကို ရှာရန်အတွက် လများစွာကြာမြင့်သော ခရီးကိုသွားကြသည်။ ထိုသို့ သွားနေစဉ်တွင်လည်း မည်သည့်အချိန် သင်္ဘော ဖျက်စီးခံရမည်ကို တွေးရင်း ကြောက်လန့်နေကြသည်။

အစွန်အဖျားကျလွန်းသည်က တစ်ကြောင်း၊ အဖိုးတန်ပစ္စည်း ရှားပါသည်က တစ်ကြောင်းတို့ကြောင့် ကြယ်စီရင်စုထဲရှိ အင်အားစုကြီးများသည် ဤနေရာအား သိပ်ဂရုစိုက်လေ့ မရှိကြချေ။ ကြယ်စီရင်စု၏ အဆိုးသွမ်းဆုံးသော လူဆိုးဓါးပြများပင် ဤနေရာကို ဓါးပြလာမတိုက်ကြချေ။

ကြယ်သေသည် ကြယ်စီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ယခုဆို လူတိုင်းမေ့လျော့နေသည့် သီးခြားကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့လေပြီ။

ဝူရီသည် အရိပ်ကြယ်မှထွက်ကာ အပြင်လောကကြီးကို လျှောက်ပတ် ကြည့်ချင်မိသည်။ သူမ ငယ်ရွယ်စဉ်က ကြယ်စီရင်စုကြီးထဲရှိ အခြား ကျင့်ကြံရေးကြယ်များ၏ ထူးဆန်းအံ့ဩဖွယ်ရာ ရှုခင်းများ၊ မြင်ကွင်းများ၊ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ကြီးများအကြောင်းနှင့် ပက်သက်သော ပုံပြင်များစွာကို နားထောင်ခဲ့ရသည်။

အရိပ်ကြယ်ပေါ်တွင် ရှိနေသည်ထက် အဆပေါင်း ပိုမို မြန်ဆန်အောင် ကျင့်ကြံနိုင်သော ထို့ကျင့်ကြံရေးကြယ်များ၏ မယုံကြည်နိုင်ဖွယ်ရာ အလှတရား၊ အံ့ချီးဖွယ်ရာများ၊ အမျိုးအနွယ် မတူသော လူမျိုးအသီးသီးနှင့် သုံးမကုန်နိုင်သော သူတော်စင် သလင်းကျောက်များနှင့် ဆေးလုံးများ…

ထိုကျင့်ကြံရေးကြယ်များနှင့် ယှဉ်လိုက်လျှင် ဝူရသည် တကယ့် လောကကြီးတစ်ခုကို ဘယ်သောအခါမှ မမြင်ဖူးသော တောသားလေး တစ်ယောက်နှင့်ပင် တူနေသေးသည်။

အပြင်လောကရှိ အရာအားလုံးကို ကိုယ်ကိုယ်တိုင် မြင်တွေ့၊ ခံစားမိချင်သော်လည်း မိသားစု၏ အဆင့်အတန်းသည် သူမ၏ လွတ်လပ်မှုကို ချုပ်နှောင်ထားခဲ့သည်။ သိတတ်စ အရွယ်ကတည်းက စိတ်ကူးယဉ်အိမ်မက် မက်နေမည့်အစား မိသားစုအတွက် အကျိုးဆောင်ပေးခဲ့သည်။ အနီးအနားရှိ သတ္တုကြယ်ဆီသို့ သွားသော ခရီးကိုပင် ဦးဆောင်ပေးခဲ့သည်။

သတ္တုကြယ်ဆီသို့ သွားသော ကြယ်သင်္ဘော ဆယ်စင်အနက် ငါးစင်း ပြန်လာလျှင်ပင် ကံကောင်းနေလေသဖြင့် မည်သူမှ ဤတာဝန်ကို လက်မခံချင်ကြချေ။ မိသားစု၏ အကြီးအကဲများအမြင်တွင် ဤတာဝန်သည် တာဝန်တစ်ခုထက် အပြစ်ပေးခံရခြင်းနှင့်ပင် ပိုတူနေသေည်။

သို့သော်လည်း ဝူရီသည် မိန်းမဖြစ်သည့်အတွက်ကြောင့် မိသားစု၏ အကြီးအကဲများသည် သူမ မတော်တဆ သေသွားခဲ့လျှင်ပင် မိသားစု၏ အုတ်မြစ်ကို ထိခိုက်နိုင်မည် မဟုတ်ဟု ထင်ထားသည့်အတွက်ကြောင့် သူမအား ဤခရီးကို အလွယ်တကူ ဦးဆောင်ခွင့် ပေးခဲ့သည်။

အခြားတိုက်ရိုက်မျိုးဆက် ယောကျာ်းလေး တစ်ယောက်သာ ဆိုပါက အကြီးအကဲများ လုံးဝ ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။

အမြင်မရှိတဲ့ အရူးအိုကြီးတွေ… အရိပ်ကြယ်မှာပဲ သေမှာကို ထိုင်စောင့်နေရတာလည်း အံ့ဩစရာမရှိဘူး

ငါက မိန်းမဖြစ်တော့ရော ဘာဖြစ်လဲ ဝူရီက အသာအယာ နှာခေါင်းရှုံ့လိုက်သည်။ တစ်နေ့ကျ အရိပ်ကြယ်မှ ထွက်ကာ ထိုမွန်းကြပ်စရာကောင်းသည့် မိသားစုအကျဉ်းထောင်မှ လွတ်မြောက်နိုင်၍ သူမ၏ လွတ်လပ်မှုကို ရှာဖွေမည်၊ ပို၍ စိတ်လှုပ်ရှားစရာကောင်းသော လောကကြီးတစ်ခုကို ရှာဖွေမည်ဟု ကြုံဝါးလိုက်သည်။

“သခင်မလေး” သူတော်စင်တတိယအဆင့် တစ်ယောက်က ဝူရီဆီ အလျင်အမြန် ပြေးလာခဲ့သည်။ ပြေးလာနေစဉ် သူ့အကြည်သည် ဝူရီ၏ မက်လောက်စရာ ရင်မို့မို့အစုံနှင့် နှစ်လိုစွဲမက်ဖွယ်ရာ တောင်ကြားတစ်ဝိုက် အကြည့်ရစ်သိုင်းနေခဲ့ပြီး ရှေ့သို့ ရောက်သည်နှင့် ခေါင်းကို အလျင်အမြန်ပဲ ငုံ့လိုက်သည်။

“ဘာဖြစ်လို့လဲ” ဝူရီက ထိုလူကိုကြည့်၍ “ယုဖုန်း လူအချို့ခေါ်ပြီး အပြင်ထွက်သွားတာ ငါတွေ့လိုက်တာ။ သူတို့ ဘာလုပ်နေတာလဲ”

“စီနီယာဝူဖုန်းက သွေးနီရောင် သတ္တုတစ်ခုကို တွေ့လိုက်လို့ အဖိုးတန်မယ်ထင်ပြီး လူခေါ်ပြီး ထွက်သွားတာပါ။ ဒါပေမယ့် အဲ့ဒါကြီးက ကျုပ်တို့ထင်ထားတာထက် ပိုထူးဆန်းနေပါတယ်” ထိုကျင့်ကြံသူက အလျင်အမြန် ရှင်းပြလိုက်သည်။

“ဟင်၊ ဘယ်လို ထူးဆန်းတာလဲ” ဝူကျီ သိချင်မိသွားသည်။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်နေစဉ် ယုဖုန်းသည် လူတစ်သိုက်နှင့် အတူ အပြင်သို့ ထွက်သွားသည်ကို မြင်လိုက်သည်။ ယခု သူတို့သည် ထူးဆန်းသော အနီရောင် သတ္တုတစ်မျိုးမျိုးကို ပြန်သယ်လာသည့်ပုံပင်။

“သခင်မလေး ကိုယ်တိုင်သွားကြည့်ရင် ပိုကောင်းလိမ့်မယ်။ ဒီလက်အောက်ငယ်သားလည်း ဘာမှန်း သေချာမပြောတတ်လို့” ထိုကျင့်ကြံသူက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ဝူရီ၏ မျက်ခုံးကြောလေး တွန့်ကွေးသွားပြီး ခေါင်းညိတ်ကာ “ရှေ့ကနေသွား”

ကြယ်သင်္ဘောထဲတွင်သာ တစ်နေကုန် နေနေရလေရာ သူမ အလွန်ကိုမှ ပျင်းရီငြီးငွေ့နေလေပြီ။ ယခု အသစ်အဆန်း တစ်ခုခု တွေ့လိုက်ပြီ ဖြစ်ရာ ဝူရီ စိတ်မဝင်စားဘဲ ဘယ်နေမည်နည်း။

ကြယ်သင်္ဘော၏ တစ်နေရာရာတွင် လူအုပ်ကြီးတစ်အုပ်သည် အချင်း ဆယ်မီတာအရွယ်ရှိသော သွေးနီရောင် သလင်းကျောက်တစ်တုံးဘေးတွင် ရပ်နေကြသည်။ အကုန်လုံးသည် ထိုသလင်းကျောက်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ ထိုသလင်းကျောက် ဘာမှန်း သိချင်မိသော်ငြား ထိုအရာကို ယူဆောင်လာသည့် ယုဖုန်းမှတစ်ပါး မည်သူမှ အနီးသို့ မကပ်ရဲခဲ့ကြချေ။

ယုဖုန်းက သူ့အပေါင်းအပါများကို အထင်တသေးဖြင့် ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ဒီထဲမှ လူသေတစ်ယောက် ရှိနေရင်တောင် ဘာကြောက်စရာ ရှိလို့လဲ”

ပြောပြီးသည်နှင့် ထိုသွေးနီရောင်သလင်းကျောက်ကို သူ့လက်ဝါးနှင့် အသာအယာ ပြုတ်လိုက်သည်။

“ယုဖုန်း၊ နင်ဘာရှာတွေ့လာတာလဲ” ကြည်လင်ချိုမြသော အသံတစ်သံ နောက်ဘ်မှ ထွက်ပေါ်လာခဲ့သည်။ ပျင်းရိပျင်းတွဲ ရပ်နေကြသော သင်္ဘောသားအားလုံး ချက်ချင်း ခါးကိုမတ်၊ ရင်ကိုကော့၊ မျက်နှာကို တည်လိုက်ကြသည်။ ယုဖုန်းပင်လျှင် ရင့်ကျက်အားကိုးထိုက်သော ပုံစံမျိုးပေါ်အောင် ခါးကိုမတ်မတ်ထားကာ ရပ်လိုက်သည်။

လူအုပ်ကြီးတစ်ခုလုံး ဝူရီအတွက် အလိုလို လမ်းဖယ်ပေးလိုက်သည်။ သူမဆီမှ ပျံ့လွင့်လာသော သင်းပျံ့ပျံ့ ကိုယ်သင်းရနံ့လေးကို ထိုယောကျာ်းသား အားလုံး လောဘတကြီး ရှူသွင်းရှူရှိုက်နေကြသည်။

ဝူရီ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ ကြယ်သင်္ဘောပေါ်တွင် မိန်းမဆို၍ သူမတစ်ယောက်တည်းသာ ရှိသည်။ ထိုသားရဲကောင် ယောကျာ်းသားများသည် လပေါင်းများစွာ အလုပ်လုပ်ခဲ့ရပြီးနောက် ဆန့်ကျင်ဘက်လိင်ကို ဆာလောင်နေကြသည်။ ဝူရီပင်လျှင် ထိုကိစ္စနှင့် ပက်သက်၍ ဘာမှ မတတ်နိုင်ချေ။ ထိုကောင်များကို သွားဆူလျှင်ပင် သူမဆီမှ အဆူပူခံရသည်ကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်နေရာ ဝူကျီထိုကောင်များအား ဘာမှ မပြောတော့သည်မှာ ကြာသွားခဲ့လေပြီ။

အချိန်ကြာလာသည်နှင့် သူတို့၏ အပြုအမူကို မျက်ကွယ်ပြုလာသည်။ သူမ ပို၍ လျစ်လျူရှုလေ ထိုကောင်များက ပို၍ ရောက်တက်လာလေသည်။

ယုဖုန်းကမူ ပွင့်ပွင့်လင်းလင်း လေကို အလောတကြီး ရှူသွင်းနေသော ကောင်များကို ထိုးကြိတ်လိုက်ပြီး ခက်ထန်သည့် အမူအရာဖြင့်‌ အော်ဟစ်ကြိမ်းမောင်းလိုက်လေသည် “သခင်မလေးကို မလေးမစား လုပ်ရဲတဲ့လူအားလုံးကို ငါသတ်ပစ်မယ်။ အခုချက်ချင်း နောက်ပြန်ရပ်ပြီး မင်းတို့ သောက်အပြုအမူကို ထိန်းကြစမ်း”

ယုဖုန်းသည် သူများကိုသာ ဆူပူနေခြင်းဖြစ်သော်ငြား သူကိုယ်တိုင်သည်လည်း ဝူရီကိုကြည့်ရင်း တံတွေး တစ်လုပ်ပြီးတစ်လုပ် မြိုချနေခဲ့သည်။

“ဘာမှမဖြစ်ဘူး၊ ထားလိုက်တော့” ဝူရီက လက်ဝှေ့ရမ်းပြလိုက်ပြီး သွေးနီရောင်သလင်းကျောက်နားဆီ လျှောက်သွားလိုက်ကာ မေးလိုက်၏ “ဒါ နင်ရှာတွေ့လာတဲ့ဟာလား”

“ဟုတ်ပါတယ်၊ သခင်မလေး” ယုဖုန်းက ဝူရီနားဆီ ပြေးသွားပြီး သွေးနီရောင် သလင်းကျောက်ကို လက်ညိုးထိုးလျက် “အစကတော့ ရတနာထင်ပြီး သွားခဲ့တာ။ အနားရောက်တော့မှပဲ အထဲမှာ လူသေ တစ်ယောက် ရှိနေမှန်း သိလိုက်ရတာ။ ဒီကောင် သူဘယ်လိုသေလို့ သေသွားမျန်းတောင် မသိလောက်ဘူး။ ဒါပေမယ့် သူဒီအတိုင်း ကြယ်တာရာကောင်းကင်ထဲ လွင့်မျောနေမှာကို မကြည့်ရက်လို့ကို သူ့ကို အရိပ်ကြယ်မှာ မြုပ်ပေးလိုက်ပါမယ်ဆိုပြီး သယ်လာခဲ့တာ”

ဝူရီက အသာအယာ ခေါင်းညိ်လိုက်ပြီး “အခုလို စိတ်ဓါတ်မျိုး ရှိတာကောင်းတယ်။ နင့်လို စိတ်တိုစရာကောင်းတဲ့ ကောင်မျိုးမှာ အခုလို စိတ်ရင်းကောင်းတဲ့ ဘက်ခြမ်းမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားဘူး”

ချီဂကျူးခံလိုက်ရကာ ယုဖုန်း ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးဖြီးသွားခဲ့သည်။ ရှက်ရွံ့ရကောင်းမှန်းမသိ အရှက်မရှိပင် ထပ်ကြွားလိုက်သေးသည် “တကယ်တော့၊ ငါက ရုပ်သာကြမ်းတာ၊ စိတ်ရင်းကတော့ ကောင်းတဲ့လူတစ်ယောက်ပဲ”

လူအုပ်ကြီးထဲ ဆူညံသံတို့ ပွတ်လောရိုက်သွားသည်။

ဝူရီမှာ ရယ်ချင်သော်လည်း ထိုကဲ့သို့ ရယ်ရမည်ကို ရှက်လွန်းသဖြင့် ပါးစပ်လေးကိုလက်ဖြင့်အုပ်လျက် ရယ်ချင်စိတ်ကို အတင်းအောင့်အည်းရင်း ပြုံးကာ ပြောလိုက်သည် “ဒီလူ သေပြီဆိုတာ နင်သေချာလား”

ယုဖုန် တစ်ခဏတာ ကြော်ငအမ်းအမ်း ဖြစ်သွားပြီး ပြန်မေးလိုက်၏ “ဒီလိုဖြစ်နေတာ သူတကယ်ပဲ အသက်ရှင်နေနိုင်လို့လား”

ဝူရီသည် သွေးနီရောင်သလင်းကျောက်ထဲတွင် ပိတ်မိနေသည့်လူကို သေသေချာချာ လေ့လာကြည့်လိုက်သည်။ ထိုလူသည် အတော်လေးကို ငယ်ရွယ်ကာ အများဆုံးမှ အသက်သုံးဆယ်လောက်သာ ရှိပေဦးမည်။ အရမ်းကြီး ရုပ်မချော်သော်ငြား သင်္ဘောပေါ်ရှိ အနုတ်စုတ်၊ဂုတ်စုတ် အသုံးမဝင်သည့်ကောင်များနှင့် ယှဉ်လျှင် တော်တော်လေး ကြည့်ကောင်းသည်ဟု ပြော၍ရပေမည်။ မျက်လုံးစုံမှိတ်ထားသော လူငယ်လေးသည်၏ အမူအရာသည် တစ်မျိုးတစ်ဖုံ စွဲမက်ဖွယ် ကောင်းနေခဲ့သည်။

ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ လူငယ်လေး အသက်ရှိမရှိ စစ်ဆေးကြည့်ချင်သော်ငြား သွေးနီရောင် သလင်းကျောက်သည် သူမ၏ ကောင်းကင်စိတ်အာရုံကို တားဆီးထားခဲ့သည်။

“ဒီလူငယ်လေး သေလား၊ ရှင်လား ဆိုတာကို လာကြည့်ပေးဖို့ ဧည့်သည်အကြီးအကဲချန်ရီကို သွားဖိတ်ခေါ်လိုက်စမ်း” ဝူရီက အလျင်အမြန် ပြောလိုက်သည်။

ချက်ချင်းပဲ အဖွဲ့သားများထဲမှ တစ်ယောက် ထွက်သွားလိုက်သည်။ ဧည့်သည်အကြီးအကဲချန်ရီသည် ကြယ်သင်္ဘောပေါ်တွင် အသန်မာဆုံး လူတစ်ယောက်ဖြစ်သည်။ အသက်အရမ်း ကြီးနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဧည့်သည်အကြီးအကဲသည် တန်ခိုးရှင်အဆင့်သို့ပင် ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပေသည်။ ထို့ကြောင့် ထိုသွေးနီရောင် သလင်းကျောက်ဟာ မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကို ဧည့်သည်အကြီးအကဲချန်ရီ သိလောက်ပေသည်။

“ဘာလို့ ဧည့်သည်အကြီးအကဲကို အလုပ်ရှုပ်ခံပြီး သွားခေါ်နေသေးတာလဲ” ယုဖုန်းက ရယ်ရယ်မောမောဖြင့် သလင်းကျောက်ဆီ လက်လျှောက်သွားလိုက်ပြီး ထိုအရာကို အသာအယာ ပုတ်လျက် “ဒီကောင် အသက်ရှင်မယ်ဆိုရင်တောင် သူထွက်လာနိုင်တာ မဟုတ်ဘူး။ ခဏတုန်းက ကြိုးစားကြည့်ပြီးပြီ။ ဒီသလင်းကျောက်ကို ဘယ်လောက်ထိုးထိုး ခြစ်ရာ၊ ချိုင့်ရာလေးတောင် ထင်မသွားဘူး။ ဒါကို ဘာနဲ့လုပ်ထားတာလဲ မသိဘူး”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၉၃)

သွေးနီရောင်သလင်းကျောက်ကို အဆက်မပြတ်ပုတ်ကာ အရှက်မရှိ ကြွားဝါရင်း ယုဖုန်း ရယ်မောနေခဲ့သည်။

ဝူရီ ခေါင်းညိတ်လိုက်သည်။ ယုဖုန်းသည် သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက်ဖြစ်သည်။ သူမထက် အသက်အများကြီး ပိုကြီးပြီး သူမထက် နောက်ကျပြီးမှ သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သော်လည်း သူ့ခွန်အားကို သံသယရှိစရာမလိုချေ။ သူက ထိုသွေးနီရောင်သလင်းကျောက်ကို ချိုင့်ရာပင်ထင်အောင် မလုပ်နိုင်ဘူး ဆိုမှဖြင့် ထိုသလင်းကျောက် အလွန်မာသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

သို့သော်လည်း ယုဖုန်း ထိုကဲ့သို့ ပြောပြီးရုံတင်ရှိသေး၊ အနီရောင် သလင်းကျောက်ပေါ်၌ အက်ရာများ ထွက်ပေါ်လာခဲ့သည်။ ယုဖုန်း၏ ရယ်သံသည်လည်း လည်ပင်းညစ်ခံလိုက်ရသည့်ပမာ တစ်အတစ်အ ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ မျက်လုံးကြီး နှစ်လုံးကို ပြူးကျယ်ပြီး ထိုမြင်ကွင်းကို စိုက်ကြည့်နေသည်။ ထို့နောက် ဝူရီရှေ့သို့ အလျင်စလို ပြေးသွားလိုက်ပြီး တိုက်ခိုက်ဟန်ပြင်လျက် သွေးနီရောင် သလင်းကျောက်ကို သတိကြီးကြီးထားကာ စိုက်ကြည့်လိုက်သည်။

အနားတွင် ရှိနေသော ကျင့်ကြံသူအားလုံးသည်လည်း ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားကြသည်။

ဝူရီက ယုဖုန်း၏ တုတ်ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်နောက်မှ နေ၍ ခေါင်းလေးပြူထွက်ကြည့်သည်။ ဘာတွေ ဖြစ်နေသလဲဆိုသည်ကို မြင်ပြီးနောက် အလန့်တကြား ထအော်လေသည် “ယုဖုန်း၊ နင်အဲ့ဒါကို ကွဲအောင်လုပ်လိုက်တာလား”

လက်ရှိအချိန်တွင် မယုံကြည်နိုင်စရာကောင်းလောက်အောင် မာကျောလှဟန်ထင်ရသော သွေးနီရောင်သလင်းကျောက်၏ မျက်နှာပြင်ထက် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာနေခဲ့သည်။ တစ်ခဏအတွင်း အလွန်ကိုမှ မာကျောဟန်ရသော သလင်းကျောက်တစ်ခုလုံး အက်ရာတို့ဖြင့် ပြည့်လာခဲ့ပြီး အချိန်မရွေး ပျက်စီးတော့မလို ဖြစ်လာခဲ့သည်။

ယုဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည် “ခုဏတုန်းက ငါဘာခွန်အားမှ သုံးလိုက်တာမဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး အက်ရာတွေ ပေါ်လာရတာလဲ။ အပြင်မှာတွေ့တုန်းကဆို ငါတို့ အဲ့ဒါကို ဘယ်လောက်ပဲ ထုထု၊ ဘာမှမဖြစ်တာ။ သခင်မလေး၊ ကျေးဇူးပြုပြီး ပြန်ဆုတ်နေနော်။ ဒါကို ကြည့်ရတာ သိပ်ပြီး အခြေအနေကောင်းတဲ့ ပုံမပေါ်ဘူး”

ဝူရီက ခေါင်းညိတ်လိုက်ပြီး နောက်ပြန်ဆုတ်နေလိုက်သည်။ သို့သော်လည်း သွေးနီရောင်သလင်းကျောက်ဆီမှ ခဏလေးပင် အကြည့်မခွာသွားခဲ့။

“အကြီးအကဲချန် လာနေပြီ” တစ်ယောက်ယောက် စိတ်လှုပ်ရှားစွာ ထအော်သည်။

အကုန်လုံး နောက်သို့ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွှေးကို တဖွဖွ ပွတ်သပ်လျက် လာနေသော အကြီးအကဲချန်ရီကို တွေ့လိုက်ရသည်။ ကြယ်သင်္ဘောပေါ်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ဦးညွှတ်လိုက်ကြသည်။ အကြီးအကဲချန်ရီ သူမဘေးသို့ ရောက်လာသည့် အခါ ဝူရီက မေးလိုက်သည် “ဧည့်သည်အကြီးအကဲချန်၊ ဒါဘာလဲဆိုတာကို သိလား။ အဲ့ထဲမှာ လူတစ်ယောက် ဘာလို့ ရှိတောလဲ”

ချန်ရီ မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။ သို့သော် ခဏအကြာ၌ ခေါင်းခါရမ်း၍ “သခင်မလေး အားတော့နာပေမယ့် ကျုပ်လည်း မသိဘူး။ ဒါဘယ်လို ပစ္စည်းအမျိုးအစားမှန်း မခွဲတတ်ဘူး။ ကျုပ်တို့ အရိပ်ကြယ်ပေါ်မှာ မရှိတဲ့ဟာ တစ်ခုခု ဖြစ်လောက်တယ်”

“အပြင်ဘက်ကလား” ဝူရီ၏ မျက်လုံးများ တောက်ပသွားသည်။

“ဟုတ်လောက်တယ်”

ခရက်…

အက်ကွဲသံတို့နှင့်အတူ အက်ရာထက်နေသော သွေးနီရောင် သလင်းကျောက် ရုတ်တရက် ပေါက်ကွဲထွက်သွားသဖြင့် သလင်းကျောက် အစအနများ အဘက်ဘက်သို့ လွင့်စင်ထွက်ကုန်ရာ အကုန်လုံး သူတို့၏ မျက်နှာကို လက်ဖြင့် ကမန်းကတန်း အုပ်လိုက်ကြရသည်။

ချက်ချင်းဆိုသလို သလင်းကျောက်ထဲတွင် ရှိနေသောလူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလားခဲ့ပြီး ဖြည်းဖြည်းချင်း မျက်လုံး ပွင့်လာခဲ့သည်။ မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်ငြား အလွန်ကိုမှ အားနည်းနေလွန်းသဖြင့် မတ်တပ်မရပ်နိုင်ဘဲ ဖင်ထိုင်လျက် ပြန်လဲကျသည်။ နောက်ဆုံး ကြမ်းပြင်ပေါ်တွင်သာ ထိုင်လိုက်ရ၏။

“သူအသက်ရှင်နေတယ်ဟ” ကျင့်ကြံသူအားလုံး ဖြူလျော်သွား၏။ သလင်းကျောက်အား အလွန်ကိုမှ စိတ်ဝင်စားနေသည့် ဝူရီပင်လျှင် လေးနက်တည်ကြည်သွားသည်။

သေသင့်နေပြီဖြစ်သော လူတစ်ယောက်သည် ရုတ်တရက် ပြန်အသက်ရှင်လာခဲ့သည်။ ထိုကဲ့သို့ မှော်ဆန်ဆန် အဖြစ်အပျက်ကို ထိုလူအုပ် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။

မြောက်မြားလှစွာသော ကောင်းကင်စိတ်အာရုံတို့ လူငယ်လေးပေါ် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ထိုလူတွင် မည်သည့် ခွန်အားမှ ရှိမနေမှန်း နားလည်လိုက်သည့်အခါ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ခွန်အားမရှိသောလူသည် သူတို့အတွက် အန္တရာယ်မရှိချေ။ ထို့ကြောင့် သတိထားနေစရာ မလိုတော့။

“သူက သာမန်လူမဟုတ်ဘူး” ချန်ရီက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “သာမန်လူတစ်ယောက်အနေနဲ့ သလင်းကျောက်ထဲမှာ အခုလို အပိတ်ခံရပြီး အသက်ရှင်လျက် ထွက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အခုလောလောဆယ်လောက်ပဲ သူအားနည်းနေတာ။ သ့ကျင့်ကြံခြင်းကိုလည်း မသိရတော့ သူ့ကိုသာ ပြန်သက်သာခွင့် ပေးလိုက်မယ်ဆိုရင်…”

ယုဖုန်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှေ့တစ်လှမ်းတိုး၍ အော်ပြောလိုက်သည် “ကျုပ်သူ့ကိုသတ်လိုက်မယ်”

သွေးနီရောင်သလင်းကျောက်ထဲမှ ထွက်လာသောလူ၏ ကျင့်ကြံခြင်းကို မသိရ၊ သူ့ဇာတ်မြစ်ကိုလည်း မသိရလေရာ ထိုကဲ့သို့သော လူတစ်ယောက်ကို ယုဖုန်း ပေါ့သေးသေး မမှတ်ပါချေ။

“မလိုဘူး” ဝူရီက အလျင်အမြန် ဝင်ပြောလိုက်သည် “သူ့ကြည့်ရတာ ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီလောက် ငယ်ငယ်လေးပဲ ရှိသေးတာကို သူဘယ်က လာမှန်း မသိရရင်တောင် သူ့ကျင့်ကြံခြင်းက အရမ်းကြီး မြင့်လောက်မှာ မဟုတ်ဘူး။ သူ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားရုံနဲ့တင် လုံလောက်နေပြီ”

“သခင်မလေး သူ့အကြောင်း သိချင်နေတာလား” ချန်ရီက ဝူရီအား ကြည့်ကာ မေးလိုက်သည်။

“ဧည့်သည်အကြီးအကဲချန်ကော မသိချင်လို့လား” ဝူရီက ပြုံး၍ ပြန်မေးလိုက်သည်။ ထို့နောက် အမည်မသိရသော လူငယ်လေးဆီ လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည် “ငါတို့ ပြောနေတာကို နင်နားလည်လား”

ထိုလူငယ်လေး ခေါင်းညိတ်လိုက်သည်ကို မြင်သော် ဝူရီက ထပ်မေးသည် “နင့်နာမည်ဘယ်လိုခေါ်လဲ။ နင်ဘယ်က လာတာလဲ”

“ရန်ကိုင်၊ မိုးရေစင်ကြယ်က” ရန်ကိုင်က ရိုးရိုးသားသား ပြန်ပြောလိုက်သည်။

“မိုးရေစင်ကြယ်လား” ဝူရီ မျက်ခုံးပင့်လိုက်ပြီး “နင့်ကြည့်ရတာ အပြင်ဘက်က လာတာနဲ့တူတယ်။ မိုးရေစင်ကြယ်က ဒီကနေ နှစ်ပေါင်းများစွာသွားရတဲ့ ခရီးမှာရှိနေတာ။ နင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ကျုပ်နောက်ဆုံး မှတ်မိလိုက်တာက ထူးဆန်းတဲ့ နေရာတစ်ခုကို ဝင်သွားလိုက်မိတယ် ဆိုတာပဲ။ ပြီးတော့ သွေးနီရောင်ကန်ကြီးတစ်ကန်ကို တွေ့တယ်။ အဲ့မှာပဲ စိတ်ဝိဥာဉ်အစီအရင်ကြီး တစ်ခုခုကို အသက်ဝင်အောင် လုပ်လိုက်မိတာနဲ့တူတယ်။ ပြီးတာနဲ့ သတိလစ်သွားတော့တာပဲ။ အခုမှပဲ ကျုပ်ပြန်နိုးလာခဲ့တာ”

ဝူရီ မျက်မှောင်ကြုတ်သွားပြီး “အဲ့ဒါဆိုနင်က ကြယ်တာရာကောင်းကင်ထဲ ဒီအတိုင်း မျောနေခဲ့တာပေါ့”

“ထင်ရတာပဲ။ ဒါ ဘယ်နေရာလဲ” ရန်ကိုင်က အသာအယာ မျက်မှောင်ကြုတ်လျက် ပြန်မေးသည်။ အဆက်မပြတ် မေးခွန်း ထုတ်ခံရသည်ကို သူမကြိုက်ချေ။

“ကောင်လေး၊ မေးတာကိုပဲဖြေ၊ ဘာအပိုတွေ လာမေးနေတာလဲ” ယုဖုန်းက အော်ဟစ်လိုက်ပြီး ခြိမ်းခြောက်ဟန်ဖြင့် လက်သီးလက်မောင်း တန်းပြလိုက်သည်။

“နင်အခု အရိပ်ကြယ်နားကို ရောက်နေတာ။ အရိပ်ကြယ်အကြောင်း ကြားဖူးလား”

ရန်ကိုင်က ခေါင်းခါလိုက်သည်။ အရိပ်ကြယ်ကို သူတစ်ခါမှ မကြားဖူးခဲ့ချေ။

“နင်မကြားဖူးတာလည်း အထူးအဆန်း မဟုတ်ပါဘူးလေး။ အရိပ်ကြယ်က အရမ်းချောင်ကျတာကိုး။ ကြယ်စီရင်စုထဲက လူအများစုက အရိပ်ကြယ်ကို မသိကြဘူး။ ဟဲဟဲ၊ နင့်က သတ္တိကောင်းတဲ့လူပဲ။ အခုလို ပုံစံမျိုးနဲ့ ရှိနေတာတောင် နည်းနည်းလေးမှ စိုးရိမ်တဲ့ပုံမပေါ်ဘူး။

“ကျုပ်က ဘာကိုကြောက်နေရမှာလဲ။ ခင်ဗျားက ကျုပ်ကို မကောင်းတာ တစ်ခုခု လုပ်မှာမှ မဟုတ်တာ” ရန်ကိုင်က ပြုံး၍ ပြန်ပြောသည်။

“အဲ့ဒါကတော့ နင့်ပေါ်ပဲမူတည်တယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်က အပြောင်းအလဲ မြန်တယ်ဆိုတာကို နင်မကြားဖူးဘူးလား။ အခုချက်ချင်း ငါနင့်ကို ထသတ်ချင်တာလည်း ဖြစ်နိုင်တာပဲ။ တကယ်တော့ ငါနင့်အကြောင်း ဘာဆိုဘာမှ သိထားတာ မဟုတ်ဘူးလေ။ နင့်လို လူစိမ်းတစ်ယောက်ကို ဘာလို့ ငါတို့ ကြယ်သင်္ဘောပေါ် ခေါ်ထားရမှာလဲ” ဝူရီက ပြန်ပြောသည်။

ရန်ကိုင်မျက်နှာထက်ရှိအပြုံး ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ဝူရီက တခစ်ခစ် ရယ်လိုက်ပြီး ကျေနပ်သွားသည့်ပုံဖြင့် “အဲ့ဒါ ပိုကောင်းတယ်။ ကဲ၊ နောက်မေးခွန်းတစ်ခု၊ နင့်ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ။

“သူတော်စင်တတိယအဆင့်”

ထိုစကားကို ကြားလိုက်သည့်အခိုက် အကုန်လုံး စိတ်သက်သာရာ ရသွားကြသည်။ သူတော်စင်တတိယအဆင့်လေးကို စိုးရိမ်နေစရာ ဘာအကြောင်းမှ မရှိချေ။ ရန်ကိုင် လိမ်နေသည်မှာ ဖြစ်နိုင်သော်ငြား သူ့အသက်အရွယ်အရ အမှန်ကို ပြောနေခြင်း မဟုတ်လျှင်ပင် သူ့ကျင့်ကြံခြင်းသည် အရမ်းကြီး မြင့်လောက်စရာ အကြောင်းမရှိချေ။

“ထပ်မေးချင်သေးပေမယ့် နင့်ကြည့်ရတာ အရမ်းအားနည်းနေတော့ ဒီနေ့တော့ ဒီလောက်နဲ့ တော်လိုက်ပါတော့မယ်။ ယုဖုန်း၊ သူ့ကို အခန်း တစ်ခန်းဆီ ခေါ်သွားပြီး အနားယူခိုင်းလိုက်။ စားစာရာတွေလည်း ပို့ပေးလိုက်ဦး” ရန်ကိုင် အလွန်တရာကိုမှ အားနည်းနေသည်ကို သတိပြုမိသဖြင့် ဝူရီလည်း သူမ၏ သိချင်စိတ်ကို အောင့်အည်းထားရန် ဆုံးဖြတ်လိုက်သည်။

ယုဖုန်းလည်း ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို ပခုံးပေါ် ထမ်းပိုး၍ ထွက်သွားလေသည်။

မကြာမီ အခန်းတစ်ခန်းဆီသို့ ရောက်လာခဲ့သည်။ ယုဖုန်းက အခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး ရန်ကိုင်အား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ခက်ထန်စူးရဲသည့်အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “ကောင်လေး၊ ဒီမှာ ငြိမ်ငြိမ်လေးနေ၊ ရုတ်ရုတ်ရုတ်ရုတ် လုပ်ဖို့တော့ မကြိုးစားနဲ့နော်။ မဟုတ်ရင် ငါမင်းကို ချက်ချင်း သစ်ပစ်မှာ”

“ကျုပ်သိတယ်” ရန်ကိုင်က‌ ခေါင်းညိတ်လိုက်သည် “ကျုပ် ဆင်ဆင်ခြင်ခြင်နေမှာ”

ယုဖုန်း လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် မထွက်မှီ ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်သည် “မင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဘာတွေရှိနေတာလဲ”

“သူတော်စင်သလင်းကျောက်နဲ့ ဆေးလုံး နည်းနည်းပါးပါးပဲ”

ယုဖုန်းအား ဘေးပတ်လည်ကို ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်လိုက်သည်။ အနားတွင် တစ်ယောက်မှ ရှိမနေမှန်း အတည်ပြုပြီးနောက် တစ်ခုခု ပြောတော့မည်အပြု ရန်ကိုင်က သူ့သိုလှောင်လက်စွပ်ကို ယုဖုန်းဆီ ပစ်ပေးလိုက်လေသည်။

ယုဖုန်းလည်း သိုလှောင်လက်စွပ်ကို လှမ်းဖမ်းလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အပြုံးကြီးပြုံးလျက် ရန်ကိုင်အား ခေါင်းညိတ်လိုက်ပြီး “ကောင်လေး၊ မင်းက ဘာလုပ်ရမယ်မှန်း သိသားပဲကွ။ ကောင်းပြီ၊ ဒီမှာစောင့်နေ၊ ငါမင်းအတွက် စားစရာတစ်ခုခု သွားယူပေးမယ်”

ပြောပြီးသည်နှင့် အခန်းထဲမှ ပြေးထွက်သွားလေသည်။

သွားနေရင်း ယုဖုန်း အပြုံးကြီးပြုံးနေခဲ့သည်။ ဝူရီသည် ရန်ကိုင်အား ချမ်းသာပေးလိုက်သည့်အတွက်ကြောင့် အနည်းငယ် စိတ်ပျက်သွားမိသောငြား သူတော်စင်သလင်းကျောက် များစွာအား အလွယ်တကူ ရနိုင်သည့်အပေါ် ယုဖုန်း အလွန်ကို ကျေနပ်နေမိ၏။

လမ်းထောင့်တစ်ချိုးသို့ ကွေ့လိုက်ပြီးနောက် သူ့အား ပြုံးပြုံးကြီး ရပ်စောင့်နေသော ဝူရီကို တွေ့လိုက်ရသည်။

သိုလှောင်လက်စွပ်ကို နောက်ဘက်တွင် အလျင်အမြန် ဖွက်လိုက်ပြီး အပြုံးကြီးပြုံးပြလိုက်သည်။

“ငါ့ကိုပေး” ဝူရီက လက်ဆန့်ထုတ်ပေးလိုက်သည်။

“သခင်မလေး ဘာကို ပြောနေတာလဲ” ယုဖုန်း မသိချင်ယောင် ဆောင်လိုက်သည်။

“နင့်လက်ထဲမှာ ရှိနေတဲ့ အဲ့လူရဲ့ သိုလှောင်လက်စွပ်ကို ပြောနေတာ” ဝူရီက ချိုသာစွာ ပြုံးပြုလိုက်သည်။

ယုဖုန်းက သက်ပြင်းချလိုက်ပြီး စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ဝူရီဆီ လျှောက်သွားလိုက်ပြီး ရန်ကိုင်၏ သိုလှောင်လက်စွပ်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် အားမရှိသည့် လေသံဖြင့် “သခင်မလေးက ဘာလို့ ဒီလောက်တောင် တော်နေရတာလဲဗျာ။ သခင်မလေးသာ ဒီလိုမျိုး ဆက်တော်နေမယ်ဆိုရင် ကျုပ်တို့ ယောကျာ်းတွေ ခေါင်းဖော်နိုင်တော့မှာ မဟုတ်ဘူး”

“ငါတို့တွေက ဓါးပြတွေမဟုတ်ဘူး။ အခြားလူတွေရဲ့ ပိုင်ဆိုင်မှုကို လုယူတယ်ဆိုတာ ပြဿနာတွေကိုပဲ ဖြစ်စေမှာ။ နင်တို့လို လူတွေသာ မိသားစုကြီးတစ်ခုကို စီမံကွပ်ကဲနေမယ်ဆိုရင် အဲ့မိသားစု ဘယ်လိုလုပ်ပြီး အကြာကြီး ရှင်သန်နိုင်မှာ” ဝူရီက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ယုဖုန်း ခေါင်းလေး ငုံ့သွားပြီး ရိုးရိုးသားသား တောင်းပန်လိုက်လေသည်။

ဝူရီမှ ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် ယုဖုန်းသည် နောက်တစ်ကြိမ် ထိုသို့ မလုပ်တော့ပါဘူးဟု ကြိမ်ဆိုလျက် စိတ်ဓါတ်ကျ၊ အားငယ်နေသည့် အမူအရာဖြင့် လျှောက်ထွက်သွားလေသည်။ ရန်ကိုင်၏ သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ဝူရီ မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်သည် “အပြင်ဘက်မှာ သလင်းကျောက်တွေ သုံးမကုန်အောင် ရှိနေတယ်လို့ ပြောကြတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ သူတော်စင် တတိယအဆင့်လေးတောင် ဒီလောက်အထိ ပိုင်ဆိုင်ထားတယ် ဆိုတော့ ကောင်းကင်က တကယ်ကို တရားမျှတမှုမရှိတာပဲ။ ငါဒါကို လုမယူနိုင်ပေမယ့် သူ့ဘက်က လိုလိုလားလားနဲ့ ပေးလာရင်တော့ မဆိုးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့သူ့အသက်ကို ကယ်ခဲ့တာပဲလေ”

ခဏအကြာ၌ သိုလှောင်လက်စွပ်ထဲမှ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်တစ်ကြိမ် ရန်ကိုင်နှင့်တွေ့မှ ဤအကြောင်းကို ဆွေးနွေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

အခန်းထဲတွင်သည် ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့် ထိုင်နေခဲ့သည်။ သူဝတ်ဆင်ထားသော သိုလှောင်လက်စွပ်သည် အယောင်ပြသာ ဖြစ်သည်။ တကယ်တော့ ကြယ်စီရင်စုထဲတွင် အားနည်းနည်းကောင်းသည့် လူတိုင်း သိုလှောင်လက်စွပ် တစ်ကွင်းကို ပိုင်ဆိုင်ထားကြနိုင်သည် မဟုတ်ပေလော။

ရန်ကိုင်လက်ပေါ်ရှိ သိုလှောင်လက်စွပ်ထဲတွင် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် ငါးရာနှင့် သာမန်ဆေးပုလင်း အချို့သာ ရှိသည်။ ဆုံးရှုံးသွား၍ ဝမ်းနည်းနေစရာ မလိုသည့် ပစ္စည်းများပင်။

သို့သော်လည်း ယုဖုန်းဆိုသောလူ၏ ပုံစံကြောင့် ရန်ကိုင် နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ သူ့အိတ်ကပ်ကို အလျင်အမြန် ရှာဖွေလိုက်ရာ သိုလှောင်လက်စွပ်သုံးကွင်း ယခင်အတိုင်း ရှိနေသေးသည်ကို မြင်လိုက်ရမှာပဲ စိတ်သက်သာရာ ရသွားခဲ့သည်။

အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ထိုသိုလှောင်လက်စွပ် သုံးကွင်းသည် ကွေ့ချဲနှင့် သူ့အဖွဲ့သားများ ကျကျန်ခဲ့သည့် လက်စွပ်များ ဖြစ်ပေသည်။

မည်သူမှ သူ့အား စောင့်ကြည့်မနေမှန်း အတည်ပြုပြီးနောက် သိုလှောင်လက်စွပ်သုံးကွင်းထဲရှိ ပစ္စည်းများကို နတ်ဆိုးစာအုပ်ထဲသို့‌ ရွှေ့ပြောင်းလိုက်သည်။

ထိုသိုလှောင်လက်စွပ်ကိုသာ ဆုံးရှုံးလိုက်ရလျှင် ရန်ကိုင် အမှန်တကယ် စိတ်ဓါတ်ကျမိပေလိမ့်မည်။ အားလုံး ပြီးစီးသွားသည့်နောက် သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်သည်။

နိုးလာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး သူတော်စင်ချီ လုံးဝ ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ ရှင်းရှင်းပြောရလျှင် သူ့တွင် ကျင့်ကြံခြင်း လုံးဝ ရှိမနေခဲ့ချေ။ ထို့ကြောင့် ရန်ကိုင် အလွန်ကိုမှ စိတ်ပူသွားခဲ့ရသည်။ ကျင့်ကြံခြင်းမရှိသော ကျင့်ကြံသူတစ်ယောက်သည် သာမန် သေမျိုးတစ်ယောက်သာ ဖြစ်သည်။ သေချာ စစ်ဆေးပြီးမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၉၄)

ရန်ကိုင်ကိုယ်ထဲတွင် သူတော်စင်ချီ မရှိတော့ခြင်း မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာအောင် သူစုဆောင်းလာသည့် သူတော်စင်ချီ အားလုံး ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူ့အုတ်မြစ် အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့ရှိလိုက်ရပြီးနောက် ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သည့်အခါ မိုးမြေစွမ်းအင်ကို စုပ်ယူနိုင်သေးကြောင်း တွေ့ရှိလိုက်ရသဖြင့် ရန်ကိုင် စိတ်သက်သာရာ ရမိသွားသည်။

သူ့အုတ်မြစ် အကောင်းအတိုင်း ရှိနေသရွေ့ ယခင် ခွန်အားကို ပြန်လည်ရရှိနိုင်ဖို့ရာ အချိန်သာ လိုအပ်ပေလိမ့်မည်။ သူ့တွင် ရှိနေသော ဆေးလုံးများ၊ သူတော်စင်သလင်းကျောက်များ၏ အကူအညီဖြင့် ယခင်ခွန်အားကို ပြန်လည်ရရှိဖို့အတွက် အချိန် များများစားစား လိုလိမ့်မည် မဟုတ်ချေ။ အများဆုံးမှ ရက်အနည်းငယ်လောက်သာ ကြာပေလိမ့်မည်။ သို့သော်လည်း တစ်ချိန်က သူ့တွင် ရှိခဲ့ဖူးသော မကုန်ဆုံးနိုင်လုနီးပါး များပြားလှသည့် စွမ်းအင်များကို ပြန်လည် အစားထိုးရန်အတွက်မူ အချိန်အကြာကြီး လိုပေလိမ့်မည်။

ရန်ကိုင်၏ စိတ်စွမ်းအင်မှာမူ ယုတ်လျော့သွားခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလာသေးသည်။ ကောင်းကင်စိတ်အာရုံကို သုံး၍ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

သူ့သွေးကြောထဲတွင် စီးဆင်းနေသော ရွှေရောင်သွေးများသည် ယခင်ကထက်ပို၍ သိပ်သည်းသန့်စင်နေခဲ့သည်။

ထို့အပြင် ယခု သူ့တွင် အသန့်စင်ဆုံးသော နတ်ဆိုးနတ်ဘုရား၏ ရွှေရောင်သွေးစက်ကဲ့သို့သော သွေးစက်မျိုး အစက်တစ်ရာနီးပါး ရှိနေခဲ့သည်။ ထိုသွေးစက်တစ်ရာသည် ရန်ကိုင်တွင် ရှိနှင့်ပြီးဖြစ်သော အခြားသွေးများနှင့်ယှဉ်လျှင် ပိုမိုအားကောင်းသော ပြန်လည် ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

ထိုသွေးစက်များထဲ ရန်ကိုင်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို အပေါ် နားလည်သဘောပေါက်မှုများ ပါဝင်နေခဲ့သည်။ သူတော်စင်ချီများ မရှိတော့သဖြင့် စိတ်ညစ်နေရာမှ အသစ်ရှာတွေ့လိုက်ရသည့် အရာကြောင့် ရန်ကိုင် ပျော်သွားခဲ့သည်။

ခန္ဓာသန့်စင်ကန်၌ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင်မသိ။ သို့သော် ကန်ထဲတွင် ရှိနေစဉ်အတွင်း ယဇ်ပုလ္လင်နှင့် ချိတ်ဆက်ထားသော စိတ်ဝိဥာဉ်အစီအရင် တစ်မျိုးမျိုးကို မတော်တဆ အသက်သွင်းလိုက်မိသည့် အတွက်ကြောင့် ကန်ထဲရှိ ရေအားလုံးသည် သူ့အား ပိတ်လှောင်ထားခဲ့သော သွေးနီရောင် သလင်းကျောက် အဖြစ်သို့ ဖိသိပ်ခံလိုက်ရခြင်း ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ ထို့နောက် သူ့အသွေးအသားကို ထိုသလင်းကျောက်မှ သန့်စင်ပေးရင်း ကြယ်တာရာကောင်းကင်ထဲ လွင့်မျောနေခြင်း ဖြစ်ရမည်။

သူတော်စင်ချီများသည် အကြောင်းမဲ့ ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ထိုသွေးစက် အစက်တစ်ရာ ဖြစ်ပေါ်လာစေရန်အတွက် ကူညီရာတွင် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်လောက်သည်။

ယခု သူ့သွေးသည် ပို၍ သန်စင်လာခဲ့လေပြီ။ ခန္ဓာကိုယ် ကြ့ခိုင်မှု၊ ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့သည်လည်း ပို၍ အားကောင်းလာမည်မှန်း ရန်ကိုင် သိသည်။

သူ့တွေးတောချက် မှန်မမှန် စစ်ဆေးကြည့်ရန် အနည်းငယ် စုဆောင်းရရှိထားသော ခွန်အားကိုသုံး၍ သူ့လက်ဝါးထက် အရိုးထိ နက်သည့် ဒဏ်ရာတစ်ခု ဖန်တီးလိုက်သည်။

ဒဏ်ရာတစ်ခုလုံး ရွှေရောင်ယဲ့ယဲ့လေး တောက်လာပြီး သွေးမထွက်လာရသေးခင်မှာပဲ ဒဏ်ရသည် လက်ဖက်ရည် ခွက်တစ်ဝက်စာ အတွင်း သူ့ဘာသာ အလိုလို ပြန်ပိတ်သွားခဲ့သည်။ အမာရွတ်ပင် မကျန်ခဲ့ချေ။

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ဖိနှိပ်လိုက်ရသည်။

ထိုဒဏ်ရာများကို ယခင်ကတည်းက မမှုခြင်းဖြစ်သည်။ သို့သော် ထိုဒဏ်ရာများ ပြန်လည်ကောင်းမွန်ဖို့ရာ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီလောက် ကြာသည်။ သို့သော်လည်း ယခုမူ လက်ဖက်ရည် ခွက်တစ်ဝက်စာပင် မကြာတော့ချေ။

သူ့ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပြီး လက်ရှိ အခြေအနေသည် ရေတိုပြဿနာ တစ်ခုသာဖြစ်မှန်း အတည်ပြုလိုက်ပြီးနောက် ရန်ကိုင် စိတ်ပူမနေတော့ဘဲ သူတော်စင်သလင်းကျောက် တစ်တုံးကို ထုတ်လိုက်၏။ ထို့နောက် သူတော်စင်သလင်းကျောက်ကို လက်ထဲတွင်ကိုင်ရင်း ပါးစပ်ထဲသို့ အားပြန်ဖြည့်ဆေးများစွာကို ပစ်ထည့်လိုက်သည်။ သည့်နောက် ကျင့်စဉ်ကို စတင် လှည့်ပတ်လိုက်လေသည်။ တဖြည်းဖြည် ပြန်လည် တိုးတက်လာနေသော ခွန်အားကို ခံစားမိသော် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ရသလို ရန်ကိုင် ခံစားလိုက်ရသည်။

သူ့ရင်ဘတ်ရှိ ကောင်းကင်တစ္ဆေသစ်ခွမှာ မရှိတော့ချေပြီ။ ထို့ကြောင့် အနီရောင်သလင်းကျောက်ထဲ သူပိတ်မိနေခဲ့သည်မှာ အချိန် အတော် ကြာနေပြီဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။ အချိန်မည်မျှ ကြာခဲ့ပြီလဲ ဆိုသည်ကိုမူ သူမသိချေ။

အစောပိုင်းက သူနှင့် စကားပြောခဲ့သော အမျိုးသမီး ပြောပုံအရ သူလက်ရှိရောက်နေသော နေရာတွင် အရိပ်ကြယ်အနီးတွင် ဖြစ်သည်။ အရိပ်ကြယ်သည် မိုးရေစင်ကြယ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာသော ခရီးတွင် တည်ရှိသည်။ ဆိုလိုသည်ကား သူသည် ကြယ်တာရာကောင်းကင်ထဲ နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန် အတောအတွင်း သွေးနီရောင် သလင်းကျောက်ထဲရှိ စွမ်းအင်များသည် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများနှင့် ပေါင်းစပ်၍ သူ့သွေးကို အဆင့်မြှင့်တင်ပေးခဲ့သည်။ သလင်းကျောက်ထဲရှိ စွမ်းအင်နှင့် သူတော်စင်ချီတို့ ကုန်ဆုံးသွားသည့်အခါ ယဇ်ပုလ္လင်၏ ဂုဏ်သတ္တိ အဆုံးသတ်သွားပြီး သလင်းကျောက်လည်း ကွဲကြေသွားခဲ့ရသည်။ ယဇ်ပုလ္လင်ကိုမူ ရန်ကိုင် မတွေ့တော့ချေ။

ယဇ်ပုလ္လင်ပေါ်တွင် သူမြင်ခဲ့ရသော အဖိုးတန် ရတနာများသည် သူ့သွေးကို အဆင့်မြှင့်တင်ရန်အတွက် သန့်စင်သော စွမ်းအင်များအဖြစ် သန့်စင်ခံလိုက်ရခြင်း ဖြစ်လောက်သည်။ အဖြစ်အပျက် တစ်ခုလုံးသည် ဝေဝေဝါးဝါး ဖြစ်နေသော်ငြား ရန်ကိုင် အကျိုးအမြတ်များစွာ ရခဲ့သည် ဆိုသောအချက်မှာ အမှန်တရား ဖြစ်ပေသည်။

ယုဖုန်းသည် နည်းနည်းရိုင်းပြီး ခက်ထန်သော်ငြား ပြောထာသည့် အတိုင်း စားစရာအချို့ ယူလာခဲ့လေသည်။ ရန်ကိုင်လည်း ကိန်းကြီးခန်းကြီး လုပ်မနေဘဲ သူ့ရှေ့ရောက်လာသမျှ အစားအစား အားလုံးကို အလျင်အမြန် ဝါးမြိုပစ်လေသည်။

သူတော်စင်တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် အစားစားနေစရာ မလိုတော့ချေ။ သို့သော် သူ့တွင် အစားစားချင်စိတ် မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ ယုဖုန်း ယူလာသော အစားအသောက်များထဲ သူ့ခန္ဓာကိုယ်အတွက် အကျိုးရှိသည့် စွမ်းအင်များ ပါဝင်နေလေရာ ရန်ကိုင်ကကော ဘာကြောင့် တုန့်ဆိုင်းနေရဦးမည်နည်း။

နောက်တစ်ညလုံးလုံး ရန်ကိုင်သည် အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် သုံးတုံးကို စုပ်ယူခဲ့သည်။ ထို့ကြောင့် သူ့သွေးကြောထဲ သူတော်စင်ချီ တော်တော်များများ ပြန်ရှိလာခဲ့လေပြီ။ သို့သော် မူလ အခြေအနေနှင့် အဝေးကြီး လိုပေသေးသည်။

နောက်တစ်နေ့ အခန်းအပြင်ဘက်မှ ခြေသံတို့ ထွက်ပေါ်လာပြီး ယမန်နေ့က သူ့အား မေးခွန်းများ မေးခဲ့သော အမျိုးသမီးသည် အခန်းတံခါးကိုပင် မခေါက်ဘဲ အခန်းထဲသို့ လမ်းလျှောက်၍ ဝင်လာခဲ့လေသည်။ သူမနှင့်အတူ အခြား ကျင့်ကြံသူ တစ်ယောက်ပါ ပါလာခဲ့သည်။ ထိုကျင့်ကြံသူသည် ဖားဖားယားယားဖြင့် အပြုံးကြီးပြုံးလျက် သူမထိုင်ဖို့ရာ ထိုင်ခုံးတစ်လုံးကို အမြန် ယူပေးလိုက်သည်။

ထိုင်လိုက်ပြီးနောက် ဝူရီက ထိုကျင့်ကြံသူကို ထွက်သွားရန် အချက်ပြလိုက်သည်။

ထိုကျင့်ကြံသူက တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည် “သခင်မလေး၊ သူနဲ့ တစ်ယောက်တည်း နေခဲ့လို့ သင့်တော်ပါ့မလား”

“ဘာပြဿနာရှိလို့လဲ” ဝူရီက ထိုကျင့်ကြံသူကို မှုန်ကုတ်ကုတ် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး “ဘာလဲ၊ နင်က ငါ့ထက် ပိုသန်မာတယ်လို့ ထင်နေတာလား။ အဲ့ဒါကြောင့်ကို ငါ့ကို ကာကွယ်ပေးနိုင်မယ်ပေါ့”

ထိုကျင့်ကြံသူ ရှက်သွားပြီး ဆက်မနေရဲတော့ဘဲ လေးလေးစားစား ဦးညွှတ်၍ အခန်းအပြင်ဘက်သို့ ထွက်သွားလိုက်လေသည်။

နံရံကိုမှီလျက် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ရန်ကိုင်ကိုကြည့်၍ ဝူရီက တခစ်ခစ် ရယ်မောလျက် ပြောလိုက်သည် “ပိုကောင်းလာပြီလား”

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုမိန်းမ သူ့ကို ဘာမေးချင်နေမှန်း သူမသိ။ ကြယ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူအားလုံး သူ့အပေါ် မကောင်းကြံလိုစိတ် မရှိသည်ကို ရန်ကိုင် သတိပြုမိသည်။ ယုဖုန်းသည် သူ့အား သတ်မည်ဟု ပြောခဲ့သော်ငြား ထိုအရာသည် ခြိမ်းခြောက်စကား သက်သက်သာ ဖြစ်သည်။

“နင့်ကြည့်ရတာ ပိုကောင်းလာတယ်။ ကြယ်တာရာကောင်းကင်ထဲမှာ နင်မျောနေသော ဘယ်လောက်ကြာနေပြီမှန်း ငါမသိပေမယ့် ငါ့လူတွေ ကြောင့်သာ မဟုတ်ဘူးဆိုရင် နင်ဒီအတိုင်း ဆက်မျောနေဦးမှာ။ ကံသာဆိုးရင်း အားကောင်းတဲ့ သားရဲတစ်ကောင်နဲ့တွေ့ပြီး စားခံလိုက်ရမှာ။ အဲ့လိုသာဆိုရင် နင့်အဖြစ်က မတွေးရဲစရာပဲ” ဝူရီက ပြောလိုက်သည်။

စကားပြောနေစဉ် အတောအတွင်း ဝူရီသည် သိုလှောင်လက်စွပ် တစ်ကွင်းနှင့် ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ သူမ ဘာကို ပြောချင်နေမှန်း ချက်ချင်း နားလည်လိုက်ရာ ရန်ကိုင်က သွားပေါ်အောင် ပြောလိုက်ပြီး ခေါင်းညိတ်လိုက်သည် “ခင်ဗျားက ကျုပ်အသက်ကို ကယ်ခဲ့တာဆိုတော့ ကျုပ်ဘက်ကလည်း ကျေးဇူးတင်သင့်တာပေါ့။ ဒါပေမယ့်ဗျာ၊ ကျုပ်မှာရှိတဲ့ တစ်ခုတည်းသော သိုလှောင်လက်စွပ်ကို ဟိုယုဖုန်းဆိုတဲ့လူက မနေတုန်းက ယူသွားခဲ့တယ်လေ…”

“ဒီတော့ ဒီသိုလှောင်လက်စွပ်ကို ငါ့ကို ကျေးဇူးတင်လက်ဆောင် အဖြစ် ပေးမယ်ပေါ့” ဝူရီ ပျော်သွားပြီး “ဟုတ်ပြီနော်။ အဲ့ဒါဆို ဒီသိုလှောင်လက်စွပ်က ငါ့အပိုင် ဖြစ်သွားပြီ။ နင့်စကားကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး”

“မရုတ်သိမ်းဘူး။ အဲ့သိုလှောင်လက်စွပ်က ခင်ဗျားအပိုင်ပဲ” ရန်ကိုင် ခေါင်းခါလိုက်သည်။

ဝူရီသည် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို ထုတ်လိုက်ပြီး သိုလှောင်လက်စွပ်အခွံကို ရန်ကိုင်ဆီ ပြန်ပေးလိုက်သည်။

“နင်တကယ်ကို ချမ်းသာတာပဲ။ အဲ့လက်စွပ်ထဲမှာ အထွဋ်အထိပ် သူတော်စင်သလင်းကျောက် ငါးရာကြီးတောင်။ ချမ်းသာလွန်းရင် အာရုံစိုက်ခံရတတ်တယ် ဆိုတာကို နင်မသိဘူးလား။ ငါတို့ ကြယ်သင်္ဘောနဲ့ တိုးလို့သာပေါ့။ အခြားကြယ်သင်္ဘောနဲ့သာ သွားတိုးလို့ကတော့ နင်အခုထိ အသက်ရှင်နေရင်တောင် ကံကောင်း”

“အဲ့ဒါက ချမ်းသာတာလား” ရန်ကိုင်က ခေါင်းကုတ်လိုက်သည်။

“မဟုတ်ဘူးလား” ဝူရီက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်မေးလိုက်သည် “အင်း၊ ဟုတ်ပါတယ်လေ။ နင်တို့ အပြင်လူတွေမှာ သူတော်စင် သလင်းကျောက်တွေ အများကြီးပဲ ရှိတာကိုး။ ငါတို့ အရိပ်ကြယ်မှာက အဲ့လိုမှ မဟုတ်တာ။ ဟိုမှာဆို သူတော်စင်သလင်းကျောက်တွင်းတွေ နည်းနည်းလေးပဲ ရှိတာ။ ပြီးတော့ အဲ့ဒါတွေ အကုန်လုံးကိုလည်း အင်အားစုကြီးတွေကချည်းပဲ အပိုင်သိမ်းထားတာ။ ငါတို့လို မိသားစုလေး အတွက်ကတော့ တစ်ခုတောင် ပိုင်ဆိုင်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် အခုလိုပဲ အသက်စွန်းပြီး သတ္တုကြယ်တွေဆီ သွားပြီး သတ္တုတူးနေရတာ”

“ခင်ဗျားတို့ အဲ့လာက်တောင် ဆင်းရဲတာလား” ရန်ကိုင် တကယ်ကို အံ့ဩသွားခဲ့သည်။ ကြယ်စီရင်စုသို့ ရောက်ကတည်းက သူတော်စင် သလင်းကျောက်နှင့် ပက်သက်၍ နည်းနည်းလေးမှ စိုးရိမ်စရာ မလိုခဲ့ချေ။ လွင့်မျောတိုက်ကြီးတွင် ရှိစဉ်က ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများ၏ သူတော်စင်သလင်းကျောက်များကို အပိုင်သိမ်းခဲ့၏။ မိုးရေစင်ကြယ်သို့ ရောက်ပြန်သည့်အခါတွင်လည်း ရွှယ့်ယွယ်၏ နာမည်ကိုအသုံးပြုလျက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း အဖွဲ့ခွဲ၏ ရတနာဂိုဒေါင်ကို စိတ်ကြိုက်မွှေနှောက်ခဲ့သည်။

အထွဋ်အထိပ် သူတော်စင်သလင်းကျောက် ငါးရာလေး ရရုံဖြင့် ထိုမျှပျော်နေသည့်လူမျိုး ရှိလိမ့်မည်ဟု သူမထင်ခဲ့။ ထို့အပြင် ထိုမိန်းကလေးသည် အဆင့်အတန်းနိမ့်သည့် လူဟုတ်ပုံလည်း မရချေ။

“နင်မိုးရေစင်ကြယ်ကနေ လာခဲ့တာလို့ ပြောခဲ့တယ်နော်။ ငါသိသလောက်ဆို အဲ့ကျင့်ကြံရေးကြယ်ကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းလို့ခေါ်တဲ့ အင်အားစုတစ်ခုက ပိုင်တာမလား”

“ဟုတ်တယ်”

“ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းက အကြီးအကြီးပဲလား။ အဲ့မှာ ပညာရှင်တွေကော ဘယ်လောက်ရှိလဲ။ အားအကောင်းဆုံးတွေက တန်ခိုးရှင်ဘုရင်အဆင့်ဆိုတာ တကယ်ပဲလား။ အဲ့က နန်းတော်တွေကို သူတော်စင်သလင်းကျောက်တွေနဲ့ ဆောက်ထားတာဆို၊ ပြီးတော့ အဲ့ကလူတွေက ဆေးလုံးတွေကို မုန့်တွေလို စားကြတာဆို။ အဲ့ဒါ အမှန်ပဲလား” ဝူရီက မေးခွန်း မြောက်များစွာကို တရစပ်တည်း မေးမြန်းသွားခဲ့ရာ ရန်ကိုင်ခေါင်း ချာချာလည်းသွားရသည်။

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ပြန်မေးသည် “ခင်‌ဗျား အပြင်ကို တစ်ခါမှ မရောက်ဖူးဘူးလား”

ဝူရီက ခေါင်းခါလိုက်ပြီး “အရိပ်ကြယ် အနီးအနားလောက်ပဲ သွားဖူးတယ်။ အဝေးကြီးတော့ မသွားဖူးဘူး။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ လက်တံတွေက ကြယ်စီရင်စုအနှံ့မှာ ရှိတယ်လို့ ငါကြားဖူးတယ်။ ဒါပေမယ့် သူတို့ကို အရိပ်ကြယ်မှာ သွားမရှာနဲ့။ တွေ့မှာ မဟုတ်ဘူး။ တကယ်ကို စိတ်ပျက်စရာပဲ။ သူတို့ ငါတို့ကို အရမ်း အထင်သေးလွန်းတယ်”

“ဒါဆိုရင် ဘာလို့ အရိပ်ကြယ်ပေါ်မှာပဲ နေနေသေးတာလဲ။ အပြင်ထွက်ချင်မှတော့ ကိုယ်ဘာသာကိုယ် ထွက်သွားလိုက်ပါလား” ထိုမိန်းကလေးသည် အတော်လေး သနားစရာကောင်းသည်ဟု ရန်ကိုင် ရုတ်တရက် တွေးမိလိုက်သည်။ သူမမှာ အပြင်သို့ ထွက်ချင်သော်ငြား မထွက်နိုင် ဖြစ်နေခဲ့ရသည်။

“ဒီနေရာက ထွက်သွားဖို့ အဲ့လောက် လွယ်တယ် ထင်နေလား” ဝူရီက ရန်ကိုင်အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ရာ ရန်ကိုင် ကျော့တစ်ချက် ကော့လိုက်မိသည်။

“ကြယ်မြေပုံတစ်ခုရယ်၊ တောင့်တင်းခိုင်မာတဲ့ ကြယ်သင်္ဘော တစ်စင်းရယ်၊ ရိက္ခာ အလုံလောက်ရယ် မပါဘဲနဲ့ နှစ်နဲ့ချီတဲ့ ခရီးကို ဘယ်လိုလုပ်ပြီး သွားနိုင်မှာလဲ။ ဒီက လူတွေက အပြင်ထွက်ခဲတယ်။ အဲ့လိုပဲ အပြင်က လူတွေလည်း ဒီကို လာလေ့မရှိဘူး။ အရိပ်ကြယ်က အားလုံးအတွက် အမေ့လျော့ခံနေရာတစ်ခုပဲ”

ဝူရီ၏ စကားကို ကြားလိုက်သည့်အခါ ထုန်းရွှမ်လောကကြီးအကြောင်း ရန်ကိုင် ပြန်တွေးလိုက်မိသည်။

အရိပ်ကြယ်နှင့် ထုန်းရွှမ်လောကကြီးသည် တော်တော်လေး ဆင်တူပေသည်။ သို့သော် ထုန်းရွှမ်လောကကြီးက ပို၍ အခြေအနေ ဆိုးသည်။ အနည်းဆုံး အရိပ်ကြယ်ပေါ်ရှိ လူများသည် ကြယ်စီရင် အကြောင်း သိထားကြသည်။ ထုန်းရွှမ်လောကကြီးမှ ကျင့်ကြံသူများမှာမူ ထုန်းရွှမ်လောကကြီး အကြောင်းကိုသာ သိသည်။

ကျယ်ပြောလှသော ကြယ်စီရင်စုထဲတွင် ထုန်းရွှမ်လောကကြီးနှင့် အရိပ်ကြယ်ကဲ့သို့သော တည်ရှိမှုများသည် အမေ့လျော့ခံ တည်ရှိမှုများ ဖြစ်ကြသည်။ လူမသိ၊ သူမသိ နေရာမျိုးတွင် ရှိနေသည့် ထိုကဲ့သို့သော ကျင့်ကြံရေးကြယ်ပေါင်း များစွာ ရှိနေနိုင်ပေသည်။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ရေရွတ်လိုက်သည် “တကယ်တော့ ခင်ဗျားက ကျုပ်ထက်တောင် ပိုပြီး အခြေအနေ ကောင်းသေးတယ်”

“ဘယ်လိုလုပ်ပြီးတော့လဲ” ဝူရီက ပြန်မေးသည်။

“ခင်ဗျားသိလား။ ကျုပ်ဆို အားအကောင်းဆုံး ကျင့်ကြံသူက သူတော်စင် တတိယအဆင့်ပဲ ရှိတဲ့ နေရာကနေ လာခဲ့တာ…”

ဝူရီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“မယုံဘူးလား” ရန်ကိုင်က ပြုံး၍ ပြောလိုက်သည် “အဲ့ဒါ အမှန်ပဲ။ ကျုပ်တို့က ကြယ်လွန်းပျံ၊ ကြယ်သင်္ဘောအကြောင်း ဘာမှကို မသိတာ။ ကြယ်စီရင်စုထဲမှ အခြား ကျင့်ကြံရေးကြယ်တွေ ရှိတယ် ဆိုတာကိုတောင် သိတာ မဟုတ်ဘူး။ အကုန်လုံးက သူတော်စင် တတိယအဆင့်ဆိုတာ သိုင်းတာအိုရဲ့ အထွဋ်အထိပ်လို့ပဲ ထင်နေကြတာ။ ကျုပ်သာ ကြယ်လွန်းပျံ အပျက်တစ်စင်းကို မတော်တဆ ရလိုက်ပြီး အဲ့နေရာကနေ ထွက်သွားနိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာကြောင့်သာ မဟုတ်ရင် အခုလိုလုပ်ဖို့ ဖြစ်နိုင်တယ်ဆိုတာကို ဘယ်သူမှ သိခဲ့ကြမှာ မဟုတ်ဘူး။ ကျုပ်က ကျုပ်မွေးရပ်မြေကနေ ကြယ်စီရင်စုထဲကို ပထမဆုံး ရောက်လာဖူးတဲ့ ကျင့်ကြံသူပဲ။ အများစုကတော့ သူတော်စင်တတိယအဆင့်ကို အမြင့်ဆုံးထင်ပြီး နေလို့ကောင်းကြတုန်း”

ဝူရီ ရန်ကိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီး နောက်ဆုံး၌ ပြောလိုက်သည် “နင့်ဘဝက တော်တော်လေး သနားစရာကောင်းတာပဲ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၀၉၅) ကျောက်တုံးနက်သားရဲများ

လူဆိုသည်လည်းမှာလည်း တစ်မျိုးပင်။ သူတို့၏ ကံကြမ္မာသည် အခြားတစ်ယောက်ထက် ပိုဆိုးသည်မှန်း သိလိုက်ရသည့်အခါ ချက်ချင်း ဆိုသလို နောင်တရ မှိုင်တေနေခြင်း မရှိတော့ချေ။ ရန်ကိုင်၏ စကားသည် ဝူရီအား နှစ်သိမ့်ပေးလိုက်နိုင်ခဲ့သည်။

ရန်ကိုင်၏ မွေးရပ်မြေနှင့် ယှဉ်လျှင် အရိပ်ကြယ်သည် သုခဘုံဟုပင် ပြော၍ ရသည်။

ရန်ကိုင်သည် ကိုယ့်အားကိုယ်ကိုး၍ ထုန်းရွှမ်လောကကြီးမှ တစ်ယောက်တည်း ထွက်လာခဲ့သည့်အကြောင်းကို ကြားပြီးနောက် ဝူရီ၏ မျက်လုံးထဲ လေးစားအားကျရိပ်တို့ ဖြတ်ပြေးသွားသည်။ ထိုကဲ့သို့ အကြောက်အရွံ့ ကင်းမဲ့သည့်စရိုက်ကို ကြိုက်နှစ်သက်ပေသည်။ သူမတွင်သာ အခွင့်အရေးရှိလျှင် ထိုကဲ့သို့ပဲ ရွေးချယ်လိုက်မိမလား စဉ်းစားမိသည်။

သို့သော် အမျိုးမျိုးသော ဝန်ထုပ်ဝန်ပိုးတို့သည် သူမအား ဤနေရာမှ ထွက်မသွားနိုင်အောင် ဆွဲထားခဲ့သည်။

စကားပြောနေရင်း နှစ်ယောက်သား ရွှင်ရွှင်မြူမြူး ဖြစ်လာသည်။ ဝူရီသည် အစကတည်းက ရန်ကိုင်အပေါ် ရန်လိုမှုမရှိခြင်း ဖြစ်သည်။ ရန်ကိုင်သည် လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး နေတတ်သော လူစားမျိုး ဖြစ်သည်။ နှစ်ယောက်သား စကားဝိုင်း ကောင်းနေခဲ့ရာ နောက်ဆုံး ယုဖုန်းက ဝူရီအား တစ်ခုခု လာပြောတော့မှပဲ ဝူရီလည်း မထွက်ချင်၊ ထွက်ချင်ဖြင့် ထွက်သွားလိုက်ရလေသည်။

ဝူရီ ထွက်သွားပြီးနောက်သည် ရန်ကိုင်သည် သူ့ကိုယ့်သူ ဆက်လက် အားဖြည်နေလိုက်သည်။

အချိန်သည် တဖြည်းဖြည်း ကုန်နေခဲ့ပြီး ကြယ်သင်္ဘောပေါ်သို့ ရန်ကိုင် ရောက်နေခဲ့သည်မှာ တစ်လ့ ရှိနေခဲ့လေပြီ။ သူ့ကျင့်ကြံခြင်းသည် နောက်ဆုံး၌ သူတော်စင် တတိယအဆင့်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ သို့သော် ယခင်က စုဆောင်းထားခဲ့သော မြောက်မြားလှစွာသည့် သူတော်စင်ချီများကိုမူ ပြန်မစုဆောင်းနိုင်သေးချေ။

ထို့ကြောင့် ရန်ကိုင်သည် သူတော်စင် သလင်းကျောက်များကို ဆက်လက်သန့်စင်၍ အားပြန်ဖြည့်နေခဲ့သည်။

ယခင်က အကန့်အသတ်မရှိ စိတ်ကြိုက် အသုံးပြုနိုင်ခဲ့သော သူတော်စင်ချီသည် ယခုအခါ အကန့်အသတ်နှင့် ဖြစ်သွားသဖြင့် လက်ရှိ အခြေအနေနှင့် ရန်ကိုင် သိပ်ပြီး အသားမကျနိုင် ဖြစ်နေခဲ့သည်။

သူတော်စင်သလင်းကျောက် တစ်တုံးချင်းစီထဲရှိ စွမ်းအင်များသည် ရန်ကိုင်၏ ခွန်အားအဖြစ်သို့ အလျင်အမြန် ပြောင်းလဲနေခဲ့သည်။ သူတော်စင်ချီများသည် သူ့သွေးကြောတစ်လျှောက် စီးဆင်းနေသည့် သူ့စိတ်သည် အကြွင်းမဲ့ တည်ငြိမ်နေခဲ့သည်။ ကျင့်ကြံနေစဉ် အတောအတွင်း ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အသစ်စက်စက် ဖြစ်ပေါ်ထားသော ရွှေရောင်သွေးစက် အစက်တစ်ရာကို အဆက်မပြတ် လေ့လာနေခဲ့သည်။

ထိုသွေးစက် အစက်တစ်ရာသည် ယဇ်ပုလ္လင်၏ ထူးဆန်းသော စွမ်းအင်နှင့် မကုန်ခမ်းနိုင်အောင် များပြားလှသော စွမ်းအင်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအစက်တစ်ရာသည် သုံးလိုက်လျှင် ကုန်သွားပေလိမ့်မည်။ သို့သော် မည်သို့ ပြန်ဖြည့်ရမည်နည်း။

ယဇ်ပုလ္လင်သည် မရှိတော့ချေပြီ။ ထို့အပြင် ယဇ်ပုလ္လင်ပေါ်တွင် ရေးထွင်းထားသည့် စိတ်ဝိဥာဉ်အစီအရင်ကိုလည်း သူမမှတ်မိ။ ထို့ကြောင့် ထိုသွေးစက်များကို မည်ကဲ့သို့ ပြန်ထုတ်လုပ်ရမည်နည်း။

သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော ရွှေရောင်သွေးကို အာရုံစိုက်နေစဉ် ထိုသွေးသည် ရုတ်တရက် အသက်ဝင်လာပြီး သူတော်စင်ချီများကို ဝါးမြိုတော့သည်။

အားပြန်ပြည့်ပြီးသည်မှာ မကြာသေးသော ရန်ကိုင်၊ အသစ်စက်စက် စုဆောင်းထားသော သူတော်စင်ချီများ အစုပ်ယူခံလိုက်ရသည့်အတွက် သူ့မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး လုပြိုကျလုမတတ် ဖြစ်သွားခဲ့၏။

အလျင်အမြန်ပဲ သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

ယခုလေးတင် သူသန့်စင်ထားခဲ့သော သူတော်စင်ချီတစ်ဝက် ပြောင်သွားခဲ့လေပြီ။ ထိုသူတော်စင်ချီများကို သွေးကြောထဲရှိ ရွှေရောင်သွေးစက်မှ စုပ်ယူလိုက်ပြီး အပ်ထိပ်အရွယ်အစားရှိ ရွှေရောင်သွေးစက်တစ်စက်ကို ပြန်ထုတ်ပေးခဲ့သည်။

ဤသည်မှာ သန့်စင်သော နတ်ဆိုးနတ်ဘုရားရွှေရောင်သွေး၏ အစဖြစ်ပေသည်။

ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက် ရန်ကိုင် နားလည်သွား၏။ ဆက်လက် ထိန်းချုပ်မထားတော့ဘဲ ထိုရွှေရောင်သွေးစက်ကို သူ့ကိုယ်ထဲရှိ သူတော်စင်ချီများအား ဝါးမြိုခွင့်ပေးလိုက်သည်။

သူအားထုတ်၍ စုဆောင်းထားခဲ့ရသော သူတော်စင်ချီအား ရုတ်ချည်း လျော့ကျလာခဲ့ပြီး အပ်ထိပ်အရွယ်အစားရှိသော ရွှေရောင်သွေးစက်သည် တဖြည်းဖြည်း ကြီးမားလာခဲ့သည်။

ဟုတ်သွားပေပြီ။

ရန်ကိုင် ကြိတ်ပျော်သွားသည်။ သန့်စင်သော ရွှေရောင်သွေးစက်ကို သူတော်စင်ချီဖြင့် ဖန်တီးနိုင်သည် ဆိုပါက သူ့ကိုယ်ထဲရှိ မြောက်မြားလှစွာသော သူတော်စင်ချီများ ဘာကြောင့် ပျောက်ကွယ်သွားခဲ့ရသလဲ ဆိုသည့် အဖြေကို သူသိသွားပေပြီ။ ထိုသူတော်စင်ချီအားလုံးကို သူ့သွေးကြောထဲရှိ ရွှေရောင်သွေးစက် အစက်တစ်ရာကို ဖန်တီးရန်အတွက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

နောင်အနာဂတ်တွင် သန့်စင်သော ရွှေရောင်သွေစက်များကို သိပ်သည်းချင်သည်ဆိုပါက သူတော်ချီ လုံလုံလောက်လောက် ရှိနေရန် လိုအပ်ပေသည်။

သို့သော်လည်း ထိုစွမ်းအင် ကုန်ဆုံးခြင်းကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ် အတော်လေး အားနည်သွားရသည်။ တစ်လလောက် အားပြန်ဖြည်ပြီး စုဆောင်းထားခဲ့ရသော သူတော်စင်ချီသည် ဆန်စေ့အရွယ်အစားရှိသော ရွှေရောင်သွေးစက်ကိုသာ ထုတ်ပေးနိုင်ခဲ့သည်။ ဆိုလိုသည်ကား ပြီးပြည့်စုံသော သွေးစက်တစ်စက်ကို ရရှိရန်အတွက် သူ့အနေဖြင့် အနည်းဆုံး သုံးလ ကျင့်ကြံရန် လိုအပ်ပေသည်။

သို့တိုင် ရန်ကိုင် တည်ငြိမ်နေသေးသည်။

သူတော်စင်ချီကို ကျင့်ကြံခြင်း၊ ဆေးလုံးများ သောက်သုံးခြင်း၊ သူတော်စင်သလင်းကျောက်များကို သန့်စင်ခြင်းဖြင့် ပြန်လည် ဖြည့်တင်းနိုင်သည်။ နေရာမှန်၊ နည်းလမ်းမှန်ကိုသာ ရှာတွေ့လျှင် သူတော်ချီကို ပြန်လည် ဖြည့်တင်းရန် မခက်ချေ။ သို့သော်လည်း နတ်ဆိုးနတ်ဘုရား ရွှေရောင်သွေးသည် လုံးဝကို ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားသည်။ ယခု သူ့တွင် သူတော်စင်ချီကို ရွှေရောင်သွေးစက်အဖြစ် ပြောင်းလဲပစ်နိုင်သည့် နည်းလမ်း ရှိနေပြီ ဖြစ်လေရာ ရန်ကိုင် ဘာကိုမှ အထွန့်တက်မနေတော့ချေ။

လောလောဆယ်၌ သူ့ကိုယ်ထဲတွင် ရွှေရောင်သွေးစက် အစက်တစ်ရာ ရှိနေသဖြင့် နောက်ထပ် သွေးစက်များကို ထပ်ထုတ်လုပ်ရန် ရန်ကိုင် အလျင် မလိုသေးချေ။ ထို့ကြောင့် သူတော်စင်ချီကို ပြန်လည့် ဖြည့်တင်းရာတွင်သာ အာရုံစိုက်ထားလိုက်သည်။

စိတ်ပျော်လာသည့်အတွက်ကြောင့် သူ့ကျင့်ကြ့ခြင်းသည် ပို၍ မြန်ဆန်လာခဲ့ပြီး တစ်နေ့အတွင်း သူတော်စင်သလင်းကျောက် ဆယ်တုံးအထိ စုပ်ယူနိုင်ခဲ့သည်။ မကြာမီ ဝူရီ ပေါ်လာခဲ့သည်။

လွန်ခဲ့သော တစ်လအတွင်း ဝူရီသည် သူ့ဆီ အချိန်ရှိလျှင်ရှိသလို လာလည်တတ်သည်။ ရန်ကိုင် ပြောပြသော ပုံပြင်များကို သူမ အလွန် နှစ်သက်သည်။ ရန်ကိုင် ပြောသမျှ အကြောင်းအရာ အားလုံးကိုလည်း မပျင်းမရိတမ်း နားထောင်သည်။ နားထောင်လေ နားထောင်လေ၊ အပြင်လောကကြီးဆီ ပိုသွားချင်လာလေ။ ဖြစ်သာ ဖြစ်နိုင်လျှင် ဤကြယ်သင်္ဘောကို ထိုအံ့ဩဖွယ်ကောင်းသည် လောကကြီးဆီ ဦးလှည့်ရန် အမိန့်ပေးလိုက်ချင်မိသည်။

သိချင်စိတ် ပြင်းပြနေသော ကလေးလေး တစ်ယောက်ပမာ ထိုင်နေသည့် ဝူရီကို ကြည့်ရင်း ရန်ကိုင် ခေါင်းကိုက်ချင်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် “ဝူရီ, ငါလည်း ကြယ်စီရင်စုထဲ ရောက်တာ နည်းနည်းလေးပဲ ရှိသေးတယ်။ ငါနင့်ကို ပြောပြခဲ့တာ‌တွေ အကုန်လုံးက ငါသိထားတာ အကုန်ပဲ”

ရန်ကိုင် ဆက်ပြီး မတောင့်ခံနိုင်တော့ချေ။ လူတစ်ယောက်၏ သိချင်စိတ် ထိုမျှ ပြင်းပြနေခြင်းသည် သူ သို့မဟုတ် သူမ၏ ကံဆိုးမှုလား ဆိုသည်ကို ရန်ကိုင်ကို မပြောတတ်။

“နင်သေချာ စဉ်းစားကြည့်လိုက်၊ ငါ့ကို မပြောရသေးတဲ့ အခြားအရာတွေ ရှိချင်ရှိနေဦးမှာ။ အပြင်လောကကြီးနဲ့ ပက်သက်တဲ့ ဘယ်အရာပဲဖြစ်ဖြစ် အဆင်ပြေတယ်” ဝူရီက ရန်ကိုင်အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူမဘက်မှ ထိုစကားကိုပြောလိုက်တိုင်း ရန်ကိုင်အနေဖြင့် ခေါင်းခြောက်အောင် စဉ်းစားပြီး မပြောရသေးသော အကြောင်းအရာများကို ရှာကြံပြောဆိုသာ သူမအား မောင်းထုတ်ရသည်။ သို့‌သော်လည်း ဤနေ့တွင်တော့ ထိုကဲသို့ မလုပ်နိုင်တော့ချေ။

ထိုမိန်းမငယ်လေးသည် ဗိုက်မဝနိုင်သည့် ဝံပုလွေလေးတစ်ကောင် ဖြစ်သည်။ သူသာ ယခင်အတိုင်း ဆက်လုပ်နေပါက သူမ မနက်ဖြန် ပြန်လာပေလိမ့်မည်။

“မရှိတော့ဘူး။ ငါ့မှာ တကယ်မရှိတော့။ မိန်းမတွေနဲ့ ငါလိင်ဆက်ခံတာက လွဲပြီး အခြားဘာမှ ငါ့မှာ ပြောစရာ မရှိတော့ဘူး”

“အဲ့ဒါဆို ငါ့ကို အဲ့အကြောင်းပြောပြ။ အပြင်လောကကြီးက ယောကျာ်းနဲ့ မိန်းမ လိင်ဆက်ဆံတဲ့ပုံနဲ့ ငါတို့ အရိပ်ကြယ်ပေါ်က ယောကျာ်းနဲ့ မိန်းမ လိင်ဆက်ဆံပုံ ဘယ်လို ကွာခြားလဲ ငါသိချင်တယ်” ဝူရီသည် ရန်ကိုင်၏ ချီးမှန်ထားသကဲ့သို့ ရှုံ့မဲ့နေသော မျက်နှာကို လျစ်လျူရှုလျက် သိချင်စိတ်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် ယုဖုန်း အချိန်မှီ ရောက်လာပြီး ရန်ကိုင်အား လာကယ်သွားခဲ့သည်။

ယုဖုန်း၏ ထိတ်လန့်နေသည့် အမူအရာကိုမြင်သော် ဝူရီ၏ အမူအရာ လေးနက်သွားပြီး မေးလိုက်သည် “ဘာဖြစ်လို့လဲ”

“ကြယ်သင်္ဘောကို ကျောက်နက်သားရဲအုပ်ကြီး လိုက်နေလို့”

ဝူရီမျက်နှာ ဖြူလျော်သွားပြီး ချက်ချင်း ပြတင်ပေါက်ဆီ ပြေးကြည့်လိုက်သည်။ အပြင်ဘက်ရှိ အခြေအနေကို မြင်ပြီးနောက် သူမ၏ အမူအရာ ပို၍ အရုပ်ဆိုးသွားခဲ့ရသည်။

ရန်ကိုင်ဆီမှ သိချင်သည်ကို ဆက်မေးမနေတော့ဘဲ အခန်းထဲမှ ယုဖုန်းနျင့်အတူ အလျင်စလို ပြေးထွက်သွားလေသည်။

သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်လည်း ပြတင်းပေါက်ဆီ သွားကြည့်လိုက်ရာ မကြာမီ အနက်ရောင် မွန်းစတားသားရဲအုပ်ကြီး ကြယ်သင်္ဘောနောက် လိုက်နေသည်ကို တွေ့လိုက်ရသည်။ ထိုအုပ်ထဲတွင် အနည်းဆုံး မွန်းစတားသားရဲ အကောင်း လေးငါးရာလောက် ရှိပေသည်။ လေးငါးရာလောက်ကိုသာ ရန်ကိုင် မြင်ခြင်းဖြစ်ပြီး ထိုအုပ်ထဲတွင် ထို့ထက်မက များပြားသော မွန်းစတားသားရဲများ ရှိနေနိုင်သေးသည်။

ယခင်လအတွင်း ဝူရီဆီမှ ကျောက်နက်သားရဲများအကြောင်းကို ရန်ကိုင် သိခဲ့ရသည်။ ကျောက်နက်သားရဲများသည် ကြယ်တာရာ ကောင်းကင်ထဲတွင် နေထိုင်သော မွန်းစတားသားရဲများ ဖြစ်ကြပြီး အလွန်ကိုမှ ခုခံနိုင်စွမ်း မြင့်မားလှသည်။ ထို့အပြင် ထိုကောင်သည် သတ္တုများကို စားသုံးသည်။ ထို့ကြောင့် ဂြိုလ်သိမ်ဂြိုလ်မွှားများ၊ ကြယ်သေများ၊ သတ္တုကြယ်များပေါ်တွင် ကျောက်နက်သားရဲများကို မြင်တွေ့ရလေ့ရှိသည်။

ဝူရီသည် ထိုမွန်းစတားသားရဲများကို ကြယ်သားရဲများဟုခေါ်သည်။

ကျောက်နက်သားရဲများသည် အရမ်းကြီး အားမကောင်းချေ။ အားအနည်းဆုံးသည် အင်မော်တယ် တက်လှမ်းခြင်းအဆင့်နှင့် ညီသော အဆင့်ငါးသားရဲအဆင့် ဖြစ်ပြီး အားအကောင်းဆုံးသည် သူတော်စင်ဘုရင်အဆင့်နှင့် ညီမျှသော အဆင့်ခုနှစ်သားရဲဖြစ်သည်။ အများစုသည် အဆင့်ခြောက် သားရဲများသာ ဖြစ်ကြသည်။

သို့သော်လည်း ဝူရီတို့ ခေါင်းအကိုက်ရဆုံး ပြဿနာသည်ကား ထိုကျောက်နက်သားရဲများသည် အုပ်စုဖွဲ့ကာ နေထိုင်ခြင်းပင်။ ထိုကောင်များသည် သတ္တုများကို စားသုံးရုံမက ကြယ်သင်္ဘောများကိုလည်း စားသုံးကြသည်။

ကြယ်သင်္ဘောများကို အမျိုးမျိုးသော ရှားပါးအဖိုးတန် သတ္တုများမှ ပြုလုပ်ထားခြင်း ဖြစ်သည့်အတွက် ကြယ်သင်္ဘောများသည် ထိုကောင်များ အတွက် အရသာရှိလှသည့် စားကောင်းသောက်ဖွယ်များ ဖြစ်ကြသည်။ သူတို့၏ မာကျောထူထဲသော အရေပြားကြောင့် ကျောက်နက်သားရဲများကို အလွယ်တကူ မသတ်နိုင်ချေ။ အရိပ်ကြယ်အနီးတစ်ဝိုက် ရွက်လွှင့်ရင်း ကြယ်သင်္ဘောများ ပျောက်ဆုံးရခြင်းသည် အာကာသမုန်တိုင်းများကြောင့် မဟုတ်ဘဲ ထိုကျောက်နက်သားရဲများကြောင့် ဖြစ်ပေသည်။

ကြယ်သင်္ဘော စားသုံးခံလိုက်ရသည့်အတွက် အထဲတွင် ရှိနေသူများ အတွက် နေစရာမရှိတော့ချေ။ ထိုအခါ ပြဿာနာပေါင်းစုံ တက်တော့၏။ အရိပ်ကြယ်ပေါ်ရှိ အင်အားစုများသည် ထိုကျောက်နက်သားရဲများကြောင့် ဒုက္ခကောင်းကောင်း ရောက်ကြရသဖြင့် အင်အားစုများ စုပေါင်းပြီး ထိုကျောက်နက်သားရဲများကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော်လည်း ထိုကျောက်နက်သားရဲများသည် မည်မျှ သတ်သတ် မကုန်နိုင်အောင် ဖြစ်နေသည်မှာ ခက်နေရပေသည်။

ကျောက်နက်သားရဲများသည် အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများ၏ အကြီးမားဆုံး ရန်သူဟု ပြော၍ရသည်။ ထိုကောင်းများသည် အရိပ်ကြယ်နှင့် ကြယ်စီရင်စုအား မပေါင်းစည်းနိုင်အောင် လုပ်ကြေခြင်းဖြစ်သည်။ သူတို့ကိုသာ ရှင်းထုတ်နိုင်လျှင် ကြယ်စီရင်စုထဲသို့ လွတ်လွတ်လပ်လပ် သွားလာကောင်း သွားလာနိုင်ပေလိမ့်မည်။

ဝူရီ၏ ကြယ်သင်္ဘောသည် သူတော်စင် အဆင့်နိမ့် သင်္ဘောသာ ဖြစ်သဖြင့် ထိုကျောက်နက်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျောက်နက်သားရဲအုပ် သူတို့ ကြယ်သင်္ဘောနောက် လိုက်နေကြောင်း ကြားလိုက်ရသည့်အခါ ဝူရီ အလွန်ကိုမှ စိုးရိမ်၊ ထိတ်လန့်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်လည်း ခဏလောက် စဉ်းစားပြီးနောက် အခန်းထဲမှ ထွက်သွားလိုက်လေသည်။

လွန်ခဲ့သော လအတွင်း ကြယ်သင်္ဘောပေါ်ရှိ အခြား သင်္ဘောသားများနှင့် ပြောဆိုဆက်ခံခြင်း သိပ်မရှိခဲ့သော်လည်း သူ့ကျင့်ကြံခြင်း နိမ့်ကျနေသည့်တိုင် မည်သူမှ သူ့အား ပြဿနာ လာမရှာခဲ့ချေ။ ဝူရီသည် သူ့အား ကြယ်သင်္ဘောပေါ် လွတ်လွတ်လပ်လပ် သွားခွင့်ပေးထားသည်။ တားမြစ်နေရာများမှ လွဲ၍ပေါ့။

သင်္ဘောစင်္ကြန်ပေါ်တွင် ကျင့်ကြံသူများ ယှတ်ရှုပ်ခတ်နေသည်။ အကုန်လုံးကို ယုဖုန်းမှ ဦးဆောင်လျက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ထွက်ပေါက်ဆီ သွားနေကြသည်။

တော်တော်များများသည် ကျောက်နက်သားရဲများကို အော်ဟစ် ကျိန်ဆဲနေကြပြီး ထိုကောင်များကို သေသည်အထိ တိုက်ခိုက်သွားမည်ဟု ကြုံးဝါးနေကြသည်။

အကုန်လုံးသည် ရန်ကိုင်ကို လျစ်လျုရှုထားကြပေသည်။

ထိုစဉ် ကြယ်သင်္ဘော ရုတ်တရက် တုန်ခါသွားသည်။ စွမ်းအင်လှိုင်းတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ရာ ကြယ်သင်္ဘောပေါ်တွင် ရှိနေသော သင်္ဘောသားများ ပြုံးမိသွားကြသည်။ အနီးရှိ ပြတင်းပေါက်ဆီ လှမ်းကြည့်လိုက်ရာ ကြယ်သင်္ဘောဆီမှ အဖြူရောင်အလင်းတန်း တစ်စင်း ထွက်သွားပြီး ကျောက်နက်သားရဲအုပ်ဆီ တိုးဝင်းသွားသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။

ကျောက်နက်သားရဲပေါင်းများစွာသည် တစ်မုဟုတ်ချည်း သွေးမြူအဖြစ် ဘဝပြောင်းသွားခဲ့ရသည်။ ထိုအလင်းတန်း ဖြတ်သွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော လေဟာနယ်သည် ဗလာကျင်းသွားခဲ့ရသည်။ ဖုန်မှုန့်ပင် ကျန်မနေခဲ့ချေ။

ပုံဆောင်ခဲအမြောက်…

ပုံဆောင်ခဲအမြှောက်များကို ကြယ်သင်္ဘောပေါ်တိုင်းတွင် မြင်ရလေ့ရှိသည်။ ထိုအမြှောက်များကို ပစ်လွှတ်ရန်အတွက် သလင်းကျောက်ကို အသုံးပြုရသည်။ ထိုပုံဆောင်ခဲ အမြှောက်များသည် အားကောင်းသော်လည်း အသုံးပြုရန်အတွက် အသုံးပြုရသည့် သလင်းကျောက် ပမာဏမှာ အလွန်ကိုမှ များပြားလှသည်။

ဝူရီတို့တွင် ရှိနေသည့် သလင်းကျောက်ပမာဏအရ တစ်ချက်သည် သူတို့၏ အကန့်အသတ်ဖြစ်သည်။

ထိုပုံဆောင်ခဲအမြောက်ကို ပစ်ပြီးသွားသည်နှင့် ကြယ်သင်္ဘောပေါ်တွင် ရှိနေသော ကျင့်ကြံသူအားလုံး အပြင်သို့ ပြေးထွက်သွားကြလေသည်။

ဝူရီပင် မီးကဲ့သို့ ရဲရဲတောက်သော ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်လျက် ပြေးထွက်သွားသည်။ သူမ၏ ကိုယ်ကြပ်ဝတ်စုံပေါ်ရှိ မီးတောက်များသည် သူတော်စင်ဘုရင် အဆင့်နိမ့်နှင့် ညီမျှသော ပြင်အားကို ထုတ်ဖော်နေ၏။ မီးရောင်အောက် သူမ၏ မျက်နှာလေး တလက်လက် တောက်ပနေသည်။

ထိုကျင့်ကြံသူများ ထွက်သွားပြီးနောက် သင်္ဘော၏ တံခါးပေါက် တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့သည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကြယ်သင်္ဘောကို စစ်ဆေးကြည့်လိုက်သည်။ ကြယ်သင်္ဘောပေါ်တွင် သူမှလွဲ၍ အခြား သင်္ဘောသား ဆယ်ယောက်သာ ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။ ထိုဆယ်ယောက်သည် ကြယ်သင်္ဘောအား မောင်းနှင်းရန်အတွက် လိုအပ်သော အနည်းဆုံး လူပမာဏဖြစ်သည်။ ထိုဆယ်လောက်မှလွဲ၍ အကုန်လုံးသည် ကျောက်နက်သားရဲများကို တိုက်ခိုက်ရန် ထွက်သွားကြလေပြီ။

ဤကြယ်သင်္ဘောသည် ရွှယ့်ယွယ်၏ ကြယ်သင်္ဘောသာ ဖြစ်ပါက သူမအနေဖြင့် အခန်းထဲမှပင် ထွက်လိမ့်မည်မဟုတ်ချေ။ ရွှယ့်ယွယ်၏ လုံခြုံရေးသည် ကြယ်သင်္ဘောတစ်စင်းထက် ပို၍ အဖိုးတန်ပေသည်။

သို့သော်လည်း ဤကြယ်သင်္ဘောသည်သာ ရွှယ့်ယွယ်၏ ကြယ်သင်္ဘော ဖြစ်ခဲ့လျှင် ထိုအရူးမသည် ကျောက်နက်သားရဲ တစ်အုပ်လုံး မပျောက်မခြင်း ပုံဆောင်ခဲအမြောက်များကို တောက်လျှောက် ပစ်ခိုင်းနေပေလိမ့်မည်။

All Chapters