အခန်း (၁၀၉၆-၁၁၀၀)
Vol. 44 Ch. 1096-1100
အပိုင်း(၁၀၉၆)
ကြယ်သင်္ဘောအပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်တစ်ခုလုံး ကျင့်ကြံသူများ ကျောက်နက်သားရဲများကို သိုင်းပညာရပ်အမျိုးမျိုး၊ မှော်ရတနာအမျိုးမျိုးကို သုံး၍ တိုက်ခိုက်နေရာမှ ထွက်ပေါ်လာသော စွမ်းအင်အရောင် အမျိုးမျိုးတို့ဖြင့် လင်းလက် တောက်ပနေခဲ့သည်။
ကျောက်နက်သားရဲများသည် အလွန်တရာကိုမှ မာကျောလှသော အရေပြားကို ပိုင်ဆိုင်ထားသော်လည်း ထိုမျှ ပြင်းထန်လှသော တိုက်ခိုက်မှုများကို မခံနိုင်ကြချေ။ ထို့ကြောင့် တိုက်ပွဲစပြီး ခဏအကြာ၌ အဆင့်ငါး၊ အဆင့်ခြောက် ကျောက်နက်သားရဲ အကောင်နှစ်ဆယ်မက သေဆုံးသွားခဲ့သည်။
ကြယ်သင်္ဘောပေါ်မှ ကျင့်ကြံသူများသည် ဝူရီ၏ အမိန့်အတိုင်း ကျောက်နက်သားရဲအုပ်ကြီးမှ ခပ်ခွာခွာနေရင်း တစ်ယောက်နှင့် တစ်ယောက် အတိုင်အဖောက်ညီညီ တိုက်စစ်ဆင်နေခဲ့ကြသည်။
သူတို့တွင် စုစုပေါင်းမှ လူငါးဆယ်၊ ခြောက်ဆယ်လောက်သာ ရှိသည်။ ကျောက်နက်သားရဲအုပ်ကြီးနှင့် ယှဉ်လျှင် အရေအတွက်မှာ အလွန်ကိုမှ ကွာခြားနေခဲ့သည်။ ထိုမျှ များပြားလှသော အင်အား ကွာခြားမှုနှင့် ရင်ဆိုင်ရသော် မည်သည့် နည်းလမ်းမှ အလုပ်မဖြစ်တော့ချေ။
ကြယ်သင်္ဘောပေါ်တွင် ရှိနေသော ကျင့်ကြံသူများမှ သူတို့၏ အပေါင်းအပါများအား အော်ဟစ်အားပေးနေသည့် အသံများကို ရန်ကိုင် ကြားနေခဲ့ရသည်။ ထိုလူများ၏ ကျင့်ကြံခြင်းသည် အားလုံးထဲတွင် အနိမ့်ကျဆုံး ဖြစ်သည့်အတွက် ကြယ်သင်္ဘောပေါ်တွင် နေခဲ့ရခြင်း ဖြစ်သည်။
စူးစူးဝါးဝါး အော်ဟစ်သံတစ်သံနှင့်အတူ သူတော်စင်တတိယအဆင့် တစ်ယောက် ကျောက်နက်သားရဲတစ်ကောင်၏ စုတ်ဖြဲခြင်း ခံလိုက်ရသည်။
ချက်ချင်းဆိုသလို အခြားတစ်ယောက်မှ သေသွားသောလူ၏ နေရာကို အစားဝင်လိုက်ပြီး ခံစစ်လိုင်းကို ချိုးဖျက်လာသော ကျောက်နက်သားရဲကို ပြန်လှန် တွန်းလှန်တိုက်ခိုက်သည်။ ခဏအတွင်း ထိုကျောက်နက်သားရဲ ပေါ်သို့ အမျိုးမျိုးသော တိုက်ခိုက်မှုများ ကျဆင်းလာခဲ့ရာ ကျောက်နက် သားရဲလည်း တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့ရလေသည်။
ဝူရီ၏ စည်းစနစ်ကျနသော စီမံကွပ်ကဲပုံအရ သူမအတွက် ဤတိုက်ပွဲမှာ ပထမအဆုံးအကြိမ် မဟုတ်မှန်း သိသာလှသည်။ အကုန်လုံးသည် အတွေ့အကြုံ ရှိကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဤအတိုက်သာ ဆက်သွားနေမည်ဆိုပါက ဝူရီတို့ဘက်မှ လူအင်အား နည်းနေသည့်တိုင် အောင်ပွဲသည် သူတို့အတွက်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အပြင်ဘက်တွင် တိုက်ခိုက်နေသည့်လူတိုင်း စိုးရိမ်နေကြသည်ကို ရန်ကိုင် သတိပြုမိသည်။ သူတို့ ကြည့်ရသည်မှာ ကျောက်နက်သားရဲများ နောက်လုပ်မည့်အရာကို ထိတ်လန့်နေသည့် ပုံစံမျိုးပင်။
နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး အဖွဲ့ပုံစံ အခင်းအကျင်း၏ အစွန်ဘက်ပိုင်းတွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် သေသွားခဲ့ပြန်သည်။
ကျောက်နက်သားရဲများသည် ကျင့်ကြံသူများကို အသေသာ ကိုက်သတ်ကြပြီး မစားသောက်ကြချေ။ ထိုကောင်များသည် သတ္တုများကိုသာ စားသုံးကြသည်။ အသွေး၊ အသားကို မစားကြချေ။
ရွှစ်… ရွှစ်… ရွှစ်…
ရုတ်တရက် ကျောက်နက်သားရဲများက စိမ်းညစ်ရောင်အရည်များကို ထွေးထုတ်လိုက်ကြသည်။ မျက်တောင်တစ်ခတ်အတွင်း ဝူရီနှင့် သူမတို့၏ အဖွဲ့သားအားလုံးသည် ထိုအစွမ်းရောင်လှိုင်းလုံးများ၏ ဝိုင်းရံခြင်း ခံလိုက်ရလေသည်။ အကုန်လုံး မျက်နှာပျက်သွားကြပြီး ထိုလှိုင်းလုံးများကို ဝူရီ၏ အမိန့်အတိုင်း အလျင်စလို ရှောင်ရှားကြလေသည်။
ကံမကောင်းသော ကျင့်ကြံသူတစ်ယောက်မှာမူ ထိုအစိမ်းရောင် အရည်များနှင့် မတော်တဆ သွားထိမိခဲ့သည်။ ထိုသို့ ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ပေါ်တွင် ဝတ်ထားသော ကိုယ်ကြပ်ဝတ်စုံ စတင် အရည်ပျော်ကျသွားသည်။ ထို့နောက် သူ့အသွေးအသားများ တဖြည်းဖြည်း တိုက်စားခံလာခဲ့ရရာ နောက်ဆုံးတွင် အရိုးဖြူဖြူများသာ ကျန်တော့သည်။ ထိုအစိမ်းရောင်အရည်သည် အလွန်ကိုမှ တိုက်စားနိုင်စွမ်း ပြင်းထန်လှသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ဝူရီနှင့် အခြားသူများအတွက် စိုးရိမ်မိသွားသည်။
လောလောဆယ်ဤ ယခင်ခွန်အားကို သူပြန်မရရှိသေးချေ။ အများဆုံးမှ သာမန် သူတော်စင်တတိယအဆင့် တစ်ယောက်၏ ခွန်အားလောက်ကိုသာ ထုတ်ဖော်နိုင်သည်။ ဝူရီနှင့် အခြားသူများ ရှုံးနိမ့်သွား၍ ကြယ်သင်္ဘောသာ ဖျက်စီးခံလိုက်ရမည် ဆိုပါက အကုန်လုံး ဒုက္ခရောက်ကြရပေလိမ့်မည်။
သူတစ်ခုခု လုပ်ကို လုပ်ရပေတော့မည်။
ဒုန်း… ဒုန်း… ဒုန်း…
အသံကြားသဖြင့် လှည့်ကြည့်လိုက်သည် ကျောက်နက်သားရဲ များစွာသည် ဝူရီတို့၏ ခံစစ်စည်းကို ချိုးဖျက်၍ ကြယ်သင်္ဘောအား အစိမ်ရောင် အဆိပ်ရည်များဖြင့် ဖြန်းပက်ရင်း သင်္ဘောကိုယ်ထည်အား ကိုက်စားနေကြသည်ကို တွေ့လိုက်ရသည်။
ထိုကိုက်ဝါးသံတို့သည် ကြယ်သင်္ဘောတစ်စင်းလုံးအနှံ့ ပဲ့တင်ထပ်သွားခဲ့ပြီး ကြားလိုက်ရသူတိုင်းအား ကျောက်ရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
ဝူရီလည်း သူမ လူများကို တစ်နေရာတည်းတွင် အာရုံစိုက်ခိုင်း မနေတော့ဘဲ လူအနည်းငယ်ကို ကြယ်သင်္ဘေားအား ကိုက်စားနေကြသော ကျောက်နက်သားရဲများကို တားဆီးရန် လွှတ်လိုက်သည်။
အချိန်ကြာလာသည်နှင့် လူပိုပို သေလာကြသည်။ ယုဖုန်းသည် အခြားသုံးယောက်နှင့် လက်တွဲ၍ ဝူရီအား ကာကွယ်ပေးနေခဲ့ကြသည်။
ဝူရီသည် မီးဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားသည်။ တိုက်ပွဲအတွင်း သူမ၏ လက်သွယ်သွယ်လေးထက် ရဲရဲတောက်သော မီးလက်စွပ် နှစ်ကွင်းကို ဖန်တီး၍ ခန္ဓာကိုယ်အား ယိမ်းသမလေးနှယ် ပျော့ညွှတ်၊ ယိမ်းနွဲ့ရင်း မီးနဂါးများကို ဖန်တီးကာ တိုးဝင်လာနေသော ကျောက်နက်သားရဲများစွာကို တားဆီးနေခဲ့သည်။ အနီးကပ်လာသော ကျောက်နက်သားရဲများမှာမူ ပြာမှုန်ဘဝ ရောက်သည်အထိ လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရလေသည်။
ထိုကျောက်နက်သားရဲများသည် မီးကို ကြောက်သည့်ပုံပင်။
ထိုအချက်ကို သတိပြုမိသော် ကျောက်နက်သားရဲအုပ်လည်း ပိုပို၍ ပြေးဝင်လာကြသည်။
ယုဖုန်းနှင့် သူ့အပေါင်းအပါများသည် သူတို့ တတ်နိုင်သလောက် ကြိုးစားကြသော်လည်း ဒီရေလှိုင်းလုံးပမာ တိုးဝင်လာနေသော ကျောက်နက်သားရဲအုပ်ကြီးကို တားဆီးခြင်းငှာ မစွမ်းနိုင်ခဲ့။ ပိုဆိုးသည်ကား သူတို့အား တိုက်ခိုက်နေသည့် သားရဲအုပ်ထဲတွင် အဆင့်ခုနှစ် ကျောက်နက်သားရဲများစွာ ပါနေခြင်းပင်။
အဆင့်ခုနှစ် မွန်းစတားသားရဲများသည် သူတော်စင်ဘုရင်အဆင့်နှင့် ညီမျှသည်။ အဆင့်ခုနှစ် ကျောက်နက်သားရဲ နှစ်ကောင်သည် ယုဖုန်းနှင့် တိုက်ခိုက်နေချိန် ကျန်အဆင့်ခုနှစ်သားရဲများသည် ဝူရီနှင့် သူမတို့ အဖွဲ့ကို ဝိုင်းရံတိုက်ခိုက်နေကြသည်။
သူမလက်ရှိ မီးလက်စွပ်များဆီမှ ပို၍ ပြင်းထန်သော မီးစွမ်းအင် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပြီး အဆင့်ခုနှစ်သားရဲတစ်ကောင်ဆီ တိုးဝင်သွားခဲ့သည်။ ထိမှန်ခံလိုက်ရသည့် သားရဲမှာ နာနာကျင်ကျင် အော်ဟစ်မြည်တမ်းလိုက်သော်ငြား မသေသွားခဲ့ချေ။
ကျောက်နက်သားရဲများသည် အလွန်ကိုမှ မာကျောလှသော အရေပြားကို ပိုင်ဆိုင်ထားကြသည်။ ဝူရီအနေဖြင့် အဆင့်ငါး၊ အဆင့်၆ ကျောက်နက်သားရဲများကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း အဆင့်ခုနှစ်သားရဲများကိုမူ အချိန်တိုအတွင်း မသတ်နိုင်ပါချေ။
တိုက်ခိုက်ခံလိုက်ရသဖြင့် ထိုကျောက်နက်သားရဲ ဒေါသထွက်သွားပြီး ရှေ့မှတိုက်ခိုက်နေသော သူ့အပေါင်းအများကို အကာအကွယ်ယူလျက် ပါးစပ်ကိုကျယ်ကျယ်ဟကာ ဝူရီ အာရုံပျံလွင့်နေစဉ် သူမ၏ လက်ကောက်ဝတ်ကို လှမ်းကိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုသာ အောင်မြင်သရွေ့ ဝူရီ လက်ပြတ်သွားပေမည်။ လက်ပြတ်သွားရုံမက အစိမ်းရောင်အရည်များ၏ တိုက်စားခြင်းကိုပါ ခံရပေလိမ့်မည်။
ဝူရီလည်း ထိုအချက်ကိုသိသည်။ သို့သော် မည်သို့မှ မခုခံနိုင်ခဲ့။ ယုဖုန်းနှင့် အခြားသူသည် သူမအား သွားကူညီပေးခြင်းသော်ငြား လုံးဝ စွမ်းအားမဲ့နေခဲ့သည်။ ပါးစပ်ကြီးဟလျက် တိုးဝင်လာနေသော အဆင့်ခုနှစ် သားရဲကို ဝူရီ ကြောက်လန့်တကြီး ငေးကြည့်နေမိသည်။
ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခု သူမရှေ့ ရုတ်တရက် ပေါ်လာသည်။ ထိုရွှေရောင်အလင်းတန်း၏ တည်ရှိမှုကို ယခင်က သူမတို့ မခံစားခဲ့ရ။ သူမရှေ့ ဗြုန်းစားကြီး ပေါ်လာခြင်း ဖြစ်သည်။ ပေါ်လာပြီးသည်နှင့် လှံတံတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့လေရာ ၎င်းဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းကြောင့် အနီးအနားတွင် ရှိနေသူအားလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။
ထိုရွှေရောင်လှံသည် ပါးစပ်ဟထားသော အဆင့်ခုနှစ်သားရဲဆီ လျှပ်စီးတန်းတစ်စင်းပမာ တိုးဝင်သွားပြီး အာခေါင်မှနေ၍ နောက်ဘက် အထိကို သစ်ဆွေးတစ်ခုနှယ် ဖောက်ထွက်သွားခဲ့သည်။
ရွှေရောင်လှံတံသည် ထိုမျှနှင့်ပင် ရပ်တန့်မသွားဘဲ အခြားသော ကျောက်နက်သားရဲများကိုပါ ထိုးဖောက်သွားသည်။ မည်သည့် သားရဲမှ ထိုရွှေရောင်လှံတံ၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။ လှံတံ၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့် အဆင့်ငါး၊ အဆင့်ခြောက် သားရဲအားလုံး သွေးမြူအဖြစ် ချက်ချင်း ဘဝပြောင်းသွားခဲ့ရပြီး အားလုံးရှေ့မှ ပျောက်ကွယ်သွားရသည်။
ထိုအခြင်းအရာကြောင့် ယုဖုန်းသည် လောလောဆယ်၌ သူသည် အန္တရာယ်ရှိသော အခြေအနေထဲ ရောက်နေသည်ကိုပင် သတိမပြုမိတော့ဘဲ သူ့ဆီ တိုးဝင်လာနေသော ရွှေရောင်လှံကိုသာ စိုက်ကြည့်နေမိသည်။ အေးစက်စက် ခံစားချက်တစ်ခုသည် သူ့နှလုံးသားကို ဆုပ်ကိုင်လာခဲ့သည်။
မကြာမီ သူသေရတော့မည်မှန်း သိလိုက်သည်။
သို့သော်လည်း ရွှေရောင်လှံတံသည် အသိစိတ် ရှိနေသည့်အလား သူ့နားရောက်ခါနီးတွင် ချက်ချင်း ဦးတည်ရာပြောင်း၍ သူ့နောက်ဘက်ရှိ ကျောက်နက်သားရဲဆီ တိုးဝင်သွားခဲ့လေသည်။ ကျင့်ကြံသူအားလုံး ထိုမြင်ကွင်းကို ငေးကြောင် ကြည့်နေမိကြသည်။
ဝူရီသည်လည်း ထိုမြင်ကွင်းကို ကြောင်ကြည့်နေမိသည်။ ထိုရွှေရောင်လှံသည် သူမအား သေမင်းခံတွင်းမှ ဆွဲခေါ်ပေးခဲ့သည်။ အစောပိုင်းက ‘ငါသေရတော့မှာပါလား’ ဟူသော ခံစားချက်ကြောင့် ယခုအချိန်အထိ သူမတစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်ရီနေမိသည်။ ထို့နောက် သင်္ကာမကင်း အမူအရာဖြင့် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
ထိုလှံပိုင်ရှင် ဘယ်သူလဲ ဆိုသည်ကို သူမ သိချင်မိသည်။ ထိုကဲ့သို့ အားကောင်းသော ပညာရှင်တစ်ယောက် သူမ၏ မိသားစုထဲတွင် ရှိနေမှန်း ဝူရီ မသိခဲ့ချေ။ ထိုလှံတစ်ချောင်းတည်းနှင့်ပင် သူမ မိသားစု၏ ထောက်တိုင်တစ်ခု ဖြစ်လာရန် လုံလောက်နေလေပြီ။
ထို့ကြောင့် ဝူရီလည်း ထိုကျင့်ကြံသူကို အသည်းအသန် လိုက်ရှာနေခြင်း ဖြစ်သည်။
ခဏလောက် ရှာကြည့်လိုက်သော်လည်း လှံပိုင်ရှင်ဖြစ်နိုင်သည့် လူတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့။ ရုတ်တရက် ပြတင်းပေါက်ဆီမှ သူမတို့အား လက်ဝှေ့ရမ်းရင်း တစ်ခုခု လှမ်းပြောနေသော ရန်ကိုင်ကို တွေ့လိုက်ရသည်။ သို့သော် သူဘာပြောနေမှန်း သူမ နားမလည်။ သူ့မျက်နှာထက် မည်သည့် စိုးရိမ်မှုမှ ရှိမနေသည်ကိုသာ ဝူရီ တွေ့လိုက်ရသည်။ သူမတို့အား အားပေးနေသည့်ပုံပင်။
ဝူရီက ခေါင်းခါလိုက်ပြီး ရန်ကိုင်ကို လျစ်လျူရှုထားလိုက်သည်။ ထို့အစား ငေးကြောင်ကြောင်နေသော ယုဖုတို့အဖွဲ့ကို ပြန်နှိုးပြီး ကျောက်နက်သားရဲများကို တိုက်ခိုက်ရန် လောဆော်လိုက်သည်။ တိုက်ခိုက်နေရင်း ရွှေရောင်လှံကိုလည်း တိတ်တဆိတ် လေ့လာနေခဲ့၏။
ရွှေရောင်လှံကြောင့် တိုက်ပွဲအခြေအနေ ပြောင်းလဲသွားခဲ့ရသည်။
ယခင်က အောက်စည်း ရောက်နေခဲ့သော ကျင့်ကြံသူများသည် အားတက်သရောဖြင့် ကျောက်နက်သားရဲများကို အကြမ်းပတမ်း တိုက်ခိုက်နေခဲ့ကြလေပြီ။
ရွှေရောင်လှံသည် တိုက်ပွဲကွင်းပြင်ထဲ လူးလွန့် လှုပ်ရှားနေသည်။ ၎င်းတွင် ကိုယ်ပိုင် အသိစိတ် ရှိနေသည့်အလား ကျောက်နက်သားရဲများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေရင်း အန္တရာယ်ကျရောက်နေသော ကျင့်ကြံသူများကိုလည်း ရံဖန်ရံခါ ကယ်ဆယ်ပေးနေခဲ့သည်။
အကုန်လုံးသည် ရွှေရောင်လှံတံနှင့် အတွဲညီညီ တိုက်ခိုက်နေခဲ့ကြ၏။ နောက်မှလိုက်၍ ဒဏ်ရာရနေသော ကျောက်နက်သားရဲများကို လိုက်လံ တိုက်ခိုက်ကြသည်။ ဝူရီသည်လည်း သူမလူများကို လှံနောက်မှလိုက်၍ တိုက်ခိုက်ကြရန် အမိန့်ပေးနေခဲ့သည်။ ဤသို့ဖြင့် စသွားလိုက်ရာ မကြာမီ ကျောက်နက်သားရဲ တစ်အုပ်လုံး အပြတ်ရှင်းခံလိုက်ရသည်။
ကြယ်သင်္ဘောပေါ်သို့ ခုန်တက်ကြသော ကျောက်နက်သားရဲများလည်း ရှင်းလင်းခံလိုက်ရသည်။ အခြေအနေ မကောင်းတော့သည့်မှန် သတိပြုမိရာ အခြားကျောက်နက်သားရဲများသည် ချက်ချင်း နောက်သို့ ပြန်ဆုတ်၍ အုပ်စုဖွဲ့လိုက်ကြသည်။ ရှေ့သို့ မတိုးတော့ဘဲ ထိုနေရာမှနေ၍သာ ကြယ်သင်္ဘောကို စိုက်ကြည့်နေကြသည်။
ဝူရီသည်လည်း သူမ လက်အောက်ငယ်သားများကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ကျောက်နက်သားရဲအုပ်သည် အတော်လေး လျော့သွားသော်ငြား လက်ကျန်အရေအတွက်မှာ ရာနှင့်ချီနေသေးသည်။ မဆင်မခြင် ပြေးဝင်သွားခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားချေ။
နှစ်ဖက်ကြားရှိ တိုက်ပွဲ မတိုးသာမဆုတ်သာ ဖြစ်သွားခဲ့သည်။ ကျောက်နက်သားရဲအုပ်သည် ရှေ့မတက်ရဲကြတော့သလို ဝူရီတို့ အဖွဲ့သည်လည်း ထိုကောင်များကို အလကားသက်သက် သွားရန်စမချင်ချေ။
ထိုမတိုးသာမဆုတ်သာ အခြေအနေသည် မကြာမီ ရွှေရောင်လှံကြောင့် ပျက်စီးသွားခဲ့ရသည်။ အခြား မည်သူမှ နားမလည်နိုင်သေးခင် ရွှေရောင် လှံတံ၏ အရှိန်အဝါ ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး မူလက သုံးမီတာသာ ရှိခဲ့သော ရွှေရောင်လှံတံသည် တစ်ခဏအတွင်း မီတာနှစ်ဆယ်ကျော် ဖြစ်သွားခဲ့သည်။
ထိုရွှေရောင်လှံတံသည် ရုတ်တရက် အစအနမကျန်အောင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အကုန်လုံးလည်း ရွှေရောင်လှံတံ ဘယ်များ ရောက်သွားပါလိမ့်မည်ဟု လိုက်ပတ်ရှာနေစဉ် ကျောက်နက်သားရဲအုပ်၏ အလယ်ဗဟိုမှ ရွှေရောင် အလင်းတို့ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအလင်းသည် သားရဲအုပ် တစ်ခုလုံးကို အလျင်အမြန် ဝါးမြိုသွားခဲ့ရာ အဆင့်ငါး၊ အဆင့်ခြောက် မွန်းစတားသားရဲများစွာ ရုတ်ချည်း အသက်ပျောက်သွားခဲ့ရသည်။ အဆင့်ခုနှစ် သားရဲများပင်လျှင် နာနာကျင်ကျင် အော်မြည်နေကြသည်။ ထိုကောင်များ၏ အနက်ရောင် အရေပြားများ စုတ်ပြဲနေကြပြီး သွေးစိမ်းရှင်ရှင် တရဟော ပန်းထွက်နေခဲ့သည်။
ထိုရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားသည့်အချိန်တွင် အရေအတွက်များစွာ ကျန်သော ကျောက်နက်သားရဲအုပ်ကြီး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကာ အနည်းငယ်သော သားရဲများသာ ကျန်ရစ်တော့သည်။ ကျန်ရစ်သော ကျောက်နက်သားရဲများသည် ဆက်မနေရဲတော့ဘဲ လက်ကျန် အဆင့်ခုနှစ်သားရဲများက ဦးဆောင်၍ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။
ဝူရီတို့အဖွဲ့သည် ထိုမြင်ကွင်းကို ကြောင်ကြည့်နေခဲ့ကြသည်။ ကျောက်နက်သားရဲများ သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါမှ အကုန်လုံး ပျော်ရွှင်စွာ ထအော်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၉၇)
ကျင့်ကြံသူအားလုံး ပျော်ရွှင်မြူးထူးနေကြသည်။ ဝူရီသည်ပင်လျှင် ယဲ့ယဲ့လေး ပြုံးနေခဲ့သည်။ ထိုသို့ ပြုံးနေရင်း လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ခဏအကြာ၌ သူမ၏ မျက်နှာလှလှလေးထက် အတွေးနက်သည့်အမူအရာ ပေါ်လာခဲ့သည်။ ထို့နောက် အားလုံးကို လက်ဝှေ့ရမ်း၍ အမိန့်ပေးလိုက်သည် “ပြန်ကြမယ်”
ဤသို့ဖြင့် ဝူရီသည် ရှေ့မှဦးဆာင်သည် ကျန်လူများသည် နောက်မှ လိုက်ကာ ကြယ်သင်္ဘောဆီသို့ ပြန်လာခဲ့ကြသည်။ ကြယ်သင်္ဘောတံခါး ဖြည်းဖြည်းချင်း ပွင့်လာခဲ့ပြီး သင်္ဘောပေါ်တွင် ကျန်ရစ်သူများသည် သူတို့အား ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။
ဤကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲမျိုး သူတို့ တစ်ခါမှ မတိုက်ခဲ့ဖူး။ ယခင်က ကျောက်နက်သားရဲများနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခု ကျောက်နက်သားရဲအုပ်သည် သူတို့ မြင်ခဲ့ဖူးသည့် သားရဲအုပ်များအနက် အကြီးဆုံး သားရဲအုပ်ဖြစ်သည်။ ထို့ကြောင့် ‘ဒီတစ်ကြိမ် ငါတို့ အသက်ရှင်မှ ရှင်နိုင်ပါ့မလား’ဟု တွေးခဲ့ရသည့်အထိပင်။ သို့သော်လည်း မည်သူကမှ မမျှော်လင့်ထားသော ရွှေရောင်လှံ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် သူတို့အားလုံး သေဘေးမှ ကင်းလွတ်ခဲ့ရသည်။ အကျအဆုံး နည်းနည်းနဲ့ ကျောက်နက်သားရဲအုပ်ကြီးကိုလည်း မောင်းထုတ်ပစ်နိုင်ခဲ့သည်။
“ယုဖုန်း၊ ဒဏ်ရာမရထားတဲ့လူအချို့ကို ခေါ်ပြီး သင်္ဘောကို သွားပြင်လိုက်။ နှစ်နာရီကြာတာနဲ့ တိုက်ပွဲမှာပါခဲ့တဲ့လူတိုင်း အဓိကခန်းမမှာ စုံကြမယ်။ ငါ့မှာ နင်တို့ကို ပြောစရာရှိတယ်” ဝူရီက ပြောလိုက်သည်။
ယုဖုန်းသည် စပ်ဖြဲဖြဲပြုံးလျက် သူမည်သို့မည်ပုံ တိုက်ခိုက်ခဲ့ကြောင်း ကြွားဝါးကောင်းပြနေတုန်း၊ ဝူရီ၏ အမိန့်ပေးသံကို ကြားလိုက်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည် “လုပ်လိုက်ပါ့မယ်”
ယုဖုန်း လူအချို့ခေါ်ပြီး ထွက်သွားသည်ကို မြင်ပြီးနောက် ဝူရီလည်း သူမအခန်းဆီ ပြန်သွားလိုက်သည်။ ယခုတိုက်ပွဲရလဒ်သည် သူမတို့ မထင်ထားသည့်ပုံစံနှင့် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘာတွေဖြစ်ခဲ့သလဲ ဆိုသည်ကို သေချာရှာဖွေ အဖြေထုတ်ရပေမည်။ သို့သော် ထိုသို့ မလုပ်ခင် အခန်းသို့ အရင်ပြန်ပြီး သွေးကွက်များကို ဆေးကြောပစ်ရပေမည်။
အခန်းတစ်ခန်းထဲတွင်၊ ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ သူ့ကိုယ်ထဲရှိ အစက်တစ်ရာသော ရွှေရောင်သွေးစက်များကိုကြည့်ရင်း ရန်ကိုင်ရင်ထဲ ပန်းပေါင်းစုံတို့ ပွင့်လန်းနေခဲ့သည်။ မျက်လုံး ပိတ်ထားသည့်တိုင် သူ့မျက်နှာကြီးသည် ပြုံးဖြီးနေခဲ့သည်။
ရွှေရောင်သွေးစက်တစ်စက်၏ စွမ်းအားသည် ထိုမျှ အားကောင်းလိမ့်မည်မှန်း သူမသိခဲ့ချေ။
ဝူရီတို့ အကြပ်တွေ့နေစဉ် ရန်ကိုင်သည် ရွှေရောင်သွေးစက်ကို အသုံးပြု၍ သူမတို့အား ကူညီပေးမည့် အကြံအစည်ကို စဉ်းစားမိလိုက်၏။ တစ်ချိန်တည်းတွင် အသစ်ရရှိထားသည့် ရွှေရောင်သွေးစက်၏ စွမ်းအားကိုလည်း စမ်သပ်နိုင်ပေသည်။ အစပိုင်းတွင် အကူအညီ နည်းနည်းသာပေးရန် စဉ်းစားထားခဲ့သော်လည်း ရလဒ်သည် သူ့မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ကာ ဝူရီတို့ လိုအပ်နေသော အကူအညီကို ပေးစွမ်းနိုင်ခဲ့ရုံမက အကြပ်အတည်း တစ်ခုလုံးကိုပင် ဖြေရှင်းပေးသွားနိုင်ခဲ့သည်။
ရန်ကိုင်သည် ရွှေရောင်သွေးစက်တစ်စက်ကို ကောင်းကင်နတ်ဘုရား ပညာရပ် ကိုးခုထဲမှ ကောင်းကင်အပြစ်ပေးလှံတံဟူသော ပညာရပ်နှင့် လေဟာနယ်တာအိုအပေါ် နားလည်သဘောပေါက်မှုများကို ပေါင်းစပ်၍ တွဲဖက်အသုံးပြုခဲ့သည်။
ရန်ကိုင် စိတ်အကျေနပ်ရဆုံးသည်ကား ရွှေရောင်သွေးစက်သည် သူ့ကိုယ်မှ ခွဲထွက်သွားသည့်တိုင် သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ် ခံစားမိနေနိုင်ခြင်းပင်။ ထို့ကြောင့် အတော်လှမ်းလှမ်း ကွာနေသည့်တိုင် မည်သည့် အတားအဆီးမှမရှိဘဲ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ခဲ့သည်။
ရွှေရောင်သွေးစက်တစ်စက်သည် ရန်ကိုင်၏ သုံးလတာ ကြိုးစားအားထုတ်မှုနှင့် ညီမျှပေသည်။ သုံးလတာ ကျင့်ကြံခဲ့ရသည့် သူတော်စင်ချီများသည် ရွှေရောင်သွေးစက်တစ်သက်သာ ဖြစ်နိုင်၏။ ထို့ကြောင့် ရွှေရောင်သွေးစက် ထိုမျှ အစွမ်းထက်နေရသည်မှာလည်း အထူးအဆန်းမဟုတ်။
ထိုရွှေရောင်သွေးစက်သည် ရန်ကိုင်တွင် ယခင်က ရှိခဲ့ဖူးသော ယန်အရည်စက်ထက် အဆပေါင်းတစ်ထောင် ပိုတန်ဖိုးရှိကာ ထိုနှစ်ခု၏ စွမ်းအားကို နည်းနည်းလေးပင် သွားယှဉ်၍ မရချေ။
သို့သော်လည်း တစ်စက်ကို သုံးလိုက်လျှင် တစ်စက် ကုန်သွားမည်။ အလွယ်တကူ ပြန်ဖြည့်နိုင်သော ယန်အရည်စက်နှင့် မတူဘဲ ရွှေရောင်သွေးစက်တစ်စက်ကို ဖန်တီးရန် အချိန်အကြာကြီး လိုအပ်သည်။ ထို့ကြောင့် ရန်ကိုင်အနည်းငယ် စိတ်ညစ်မိသည်။
ရွှေရောင်သွေးစက်ကို လက်နက်တစ်ခုအပြင် အခြားမည်ကဲ့သို့ အသုံးပြုနိုင်သေးသလဲ ဆိုသော နည်းလမ်းများကိုလည်း ရန်ကိုင် သိချင်နေမိသေးသည်။ မဟာနတ်ဆိုးနတ်ဘုရားသာ အသက်ရှင်နေပါက ရန်ကိုင်အနေဖြင့် သူ့ဆီမှ အကြောင်းအရာအချို့ကို မေးမြန်းနိုင်သည်။ တကယ်တော့ မဟာနတ်ဆိုးနတ်ဘုရားသည် ရွှေရောင်သွေးစက် အကြောင်းကို သူ့ထက် ပိုသိသည် မဟုတ်ပေလော။ ကံမကောင်းစွာဖြင့် မဟာနတ်ဆိုးနတ်ဘုရား သေသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် ရွှေရောင်သွေးစက်ကို သူ့ဘာသာ လေ့လာရုံမှတစ်ပါး အခြားမလုပ်နိုင်ခဲ့ချေ။
ရွှေရောင်သွေးစက်ကို သူ့ဘာသာ လေ့လာနေစဉ် တိုက်ပွဲတွင် ပါဝင်ခဲ့သော ကျင့်ကြံသူများသည် အဓိကခန်းမ၌ စုဝေးနေခဲ့ကြသည်။ အကုန်လုံးသည် သခင်မလေးမှ သူတို့အား ဆုတစ်ခုခု ပေးတော့မည် အထင်ဖြင့် တပြုံးပြုံး ဖြစ်နေခဲ့ကြသည်။
ယုဖုန်းနှင့် ဧည့်သည်အကြီးအကဲ ချန်ရီသည်သာ ဝူရီ သူတို့အား ဤနေရာတွင် စုဝေးခိုင်းရသည့် အကြောင်းအရင်းကို သတိပြုမိသည်။
ခဏလောက် စောင့်နေပြီးနောက် ဝူရီသည် အစိမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်လျက် ပေါ်လာခဲ့သည်။ သူမ ပေါ်လာသည်နှင့် အကုန်လုံး၏ အကြည့်သည် သူမပေါ်သို့ ရောက်ရှိသွားခဲ့သည်။ မြင်သူတာ ငေးမောရသည့် နတ်မိမယ်လေးတမျှ လှပနေသော ဝူရီပေတည်း…
ယုဖုန်းသည် သူကိုယ်တိုင်က ဝူရီ၏အလှကို ငေးမောနေသော်ငြား သူ့လက်အောက်ငယ်သားအချို့၏ ခေါင်းကို လိုက်ရိုက်ရင်း အံကြိတ်၍ အော်ပြောလိုက်သည် “မင်းတို့ ရုပ်တွေက ဘာဖြစ်နေတာလဲ။ မင်းတို့ ရုပ်တွေကို ချက်ချင်း ပြန်ပြင်လိုက်ကြစမ်း သောက်ရူးတွေ၊ မင်းတို့တွေ ဘယ်ကတည်းက အခုလို တဏှာထတဲ့ ခွေးရူးတွေ ဖြစ်သွားကြတာလဲ”
“အစ်ကိုဖုန်း၊ ဘာလို့ ကျွန်တော်တို့ကို ရိုက်တာလဲ။ အစ်ကိုမျက်နှာလည်း အတူတူပဲဟာကို” ခေါင်းရိုက်ခံလိုက်ရသည့် လူအချို့က အထွန့်တက်လိုက်သည်။
“ငါက မင်းတို့လို့ သားရေတမြောင်းမြောင်း ကျနေတဲ့ လူတွေလို မဟုတ်ဘူး။ ငါက သခင်မလေးကို လေးစားနေတာ။ ရသခံစားမှုဆိုတာ ဘာမှန်းမသိတဲ့ကောင်တွေ” ယုဖုန်းက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ဖားဖားယားယားပြုံးလျက် ဝူရီဆီ ပြေးသွားကာ ပြောလိုက်သည် “သခင်မလေး၊ အကုန်လုံး စုပြီးသွားပြီ ဖြစ်လို့ ပြောချင်တာ ပြောလို့ရပါပြီ”
“အင်း” ဝူရီက အသာအယာ ခေါင်းညိတ်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူမ၏ အကြည့် ဖြတ်သွားသည့် နေရာတိုင်းတွင် ရှိနေသော လူအားလုံး ရင်ကိုပင့်၊ ခါးကိုကော့၍ ပြုံးလိုက်ကြသည်။
ယုဖုန်းက ရိုးသားရိုးသာသည့် လူတစ်ယောက်ပမာ ခုံတစ်ခုံ ယူလာပေးလိုက်သည်။ ဝူရီက ထိုင်ခုံပေါ်တွင် ထိုင်၍ ပြောလိုက်သည် “နင်တို့တကယ် တကယ် အားကောင်းကြတာပဲ။ ငါဘာလို့ အရင်က သတိမပြုမိတာလဲမသိဘူး။ အရင်ကဆို နင်တို့အားလုံးက သေမင်းလာခေါ်မှာကို စောင့်နေတဲ့ ငပေငတေတွေလို့ ထင်နေခဲ့တာ။ ကြည့်ရတာ ငါအထင်မှားသွားတဲ့ပုံပဲ”
လူများစွာသည် ဝူရီလေသံထဲ ထေ့ငေါ့သည့် အရိပ်အယောင်တို့ ရစ်သိုင်းနေသည်ကို သတိမပြုမိခဲ့ချေ။ သခင်မလေး သူတို့အား ချီးကျူးနေသည်ဟုထင်ကာ အပြုံးကြီးပြုံးလျက် နိမ့်ချဟန် ဆောင်နေကြလေသည်။
ဝူရီက ကြိတ်ရယ်လိုက်သည်။ သူတို့ကိုယ်သူတို့ နှိပ်ချဟန်ဆောင်နေသော်လည်း ပိပိရီရီ မနှိမ်ချနိုင်သော သူမ၏ လက်အောက်ငယ်သားများကို ကြည့်ရင်း သည်းမခံနိုင်တော့သည့် အဆုံး ဝူရီက ထိုင်ခုံလက်မောင်းကို ရိုက်ချလိုက်ပြီး အံကြိတ်ကာ အော်ပြောလိုက်သည် “နင်တို့ ဘာလို့ ဒီမှာ ရပ်နေရလဲ ဆိုတာကို အခုထိ မသိကြသေးတာလား။ ငါနင်တို့ကို ချီးကျူးနေတယ်လို့ တကယ်ကြီး ထင်နေတာလား သောက်ရူးကောင်တွေရဲ့”
ဝူရီက ထိုကဲ့သို့ ဆူပူလိုက်သော်လည်း အကုန်လုံးသည် ဒေါသအလျင်း ထွက်ခြင်းမရှိဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရယ်မောနေဆဲပင်။
မိန်းမလှလေးတစ်ယောက်၏ ဆူပူခံရခြင်းသည် သူတို့အတွက် ဂုဏ်ယူစရာဖြစ်သည်။ ဝူရီ၏ စကားလုံးများသည် ပြင်းထန်သော်ငြား ထိုစကားလုံးများသည် သူမ၏ နှလုံးသားထဲမှ လာသော စကားများ မဟုတ်မှန်း အကုန်လုံး သိထားကြသည်။
“လုပ်တဲ့လူ ရှေ့ထွက်ခဲ့။ ကိုယ့်ကိုယ်ကို ဖုံးကွယ်လို့ရမယ်လို့ မထင်နဲ့။ နင်ဘယ်လိုလဲဆိုတာကို ဒီသခင်မလေး သိထားပြီးသား။ ငါ့ရှေ့မှာ လာပြီး ဝေ့လည်ကြောင်ပတ် လုပ်ပြလို့ရမယ် ထင်မနေနဲ့” ဝူရီက လူအုပ်ကြီးကို စိုက်ကြည့်လျက် အော်ပြောလိုက်သည်။
ယခင်တိုက်ပွဲတွင် ရုတ်တရက် ပေါ်လာသော ရွှေရောင်လှံအကြောင်း စဉ်းစားမိလိုက်သည်နှင့် အကုန်လုံး၏ အမူအရာ လေးနက်သွားခဲ့သည်။ ဝူရီ သူတို့အား ဘာကြောင့် ဤနေရာတွင် စုဝေးခိုင်းသလဲ ဆိုသည့် အချက်ကိုလည်း နားလည်သွားခဲ့လေပြီ။
သခင်မလေးသည် ရွှေရောင်လှံပိုင်ရှင်ကို ရှာလိုနေခြင်းဖြစ်သည်။
လူအုပ်ကြီးထဲမှာ ဒါဇင်နှင့်ချီသော လူများ ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။ အကုန်လုံးသည် တောင်းတောင်းပန်ပန် အမူအရာဖြင့် သက်ပြင်းအသီးသီးချလျက် အရှက်မရှိ ပြောလိုက်ကြသည် “သခင်မလေးရယ်၊ တကယ်တော့ ကျုပ်ဘာမှမပြောချင်လို့ပါ။ ဒါပေမယ့် သခင်မလေးက သိသွားမှတော့ ကျုပ်လည်း ပုန်းမနေတော့ပါဘူးလေ”
ဝူရီ စိတ်ညစ်ညစ်ဖြင့် သူမ၏ နားထင်နေရာကို ပွတ်သပ်လိုက်သည်။ အကြောင်းမှာ ထိုသို့ ရှေ့ထွက်ပြောလာသော လူများအနက် ယုဖုန်းပင်လျှင် ပါနေခဲ့သောကြောင့်ဖြစ်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ထိုလူအုပ် မည်မျှ အရှက်တရားကင်းမဲ့သည်ကို သူမ အထင်သေးမိနေမှန်း ဝူရီ နားလည်လိုက်သည်။
လူအုပ်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး လူအုပ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထပ်မံ ရှေ့သို့ ထွက်လာခဲ့ပြီး သူတို့ကိုယ်သူတို့ ရွှေရောင်လှံတံပိုင်ရှင် ဖြစ်သည်ဟု အရှက်မရှိ ပြောဆိုကြလေသည်။ ထိုရွှေရောင်လှံတဿည် သူတို့ တိတ်တဆိတ် လေ့ကျင့်ထားသည့် ပညာရပ်ဖြစ်ပြီး လူသိရှင်ကြား မထုတ်ဖော်ပြလိုသောကြောင့် ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း၊ အသီးသီး ပြောဆိုခဲ့ကြသည်။
“သခင်မလေး” ဧည့်သည်အကြီးအကဲချန်ရီက ဝူရီဆီ လျှောက်သွားလိုက်ပြီး မျက်မှောင်ကြုတ်လျက် “ဒီကောင်တွေမှာ အဲ့လိုအရည်အချင်း မရှိဘူးဆိုတာကို သခင်မလေး မသိဘူးလား။ အဲ့ရွှေရောင်လှံတံပိုင်ရှင်က သူတို့တွေထဲက လုံးဝ မဖြစ်နိုင်ဘူး”
ဝူရီက သက်ပြင်းချလိုက်ပြီး “အဲ့ဒါဆို ဘယ်သူ့ဟာလဲ။ ဒီလူအုပ်အပြင် ရန်ကိုင်ပဲ ရှိတော့တာလေ။ ဒါပေမယ့် တိုက်ပွဲတုန်းက ရန်ကိုင်က ကြယ်သင်္ဘောပေါ်မှာပဲ ရှိနေခဲ့တာ။ သူ့ကျင့်ကြံခြင်းကလည်း သူတော်စင် တတိယအဆင့်ပဲ ရှိသေးတာ။ လှံတံပိုင်ရှင်က သူလုံးဝ မဖြစ်နိုင်ဘူး”
ချန်ရီက ခဏလောက် စဉ်းစားလိုက်ပြီးနောက် “ကျုပ်တို့ တိုက်ပွဲကို အနားက ဖြတ်သွားတဲ့ ပညာရှင်တစ်ယောက်ကမြင်ပြီး ဝင်ကူညီပေးခဲ့တာကော မဖြစ်နိုင်ဘူးလား”
“ဖြတ်သွားဖြတ်လာ ပညာရှင်တစ်ယောက်လား” ဝူရီ မျက်မှောင် ကြုတ်သွားသည် “အရိပ်ကြယ်ပေါ်မှာ အဲ့လို မှော်ရတနာအမျိုး အသုံးပြုတဲ့ ပညာရှင်တွေကို အကြီးအကဲချန်ရီ သိလို့လား”
ချန်ရီက ခေါင်းခါလိုက်ပြီး “သခင်မလေး၊ အဲ့ရွှေရှောင်လှံက မှော်ရတနာနဲ့ သိပ်မတူဘူးနော်”
“မတူဘူးလား။ ဒါဆို သိုင်းပညာရပ်လား”
“အဲ့လိုလည်း မဟုတ်သေးဘူး။ အဲ့လှံတံ ပေါ်လာတုန်းက ဒီလူအိုကြီး အဲ့လှံကို သေချာ အာရုံစိုက်ထားခဲ့တယ်။ ရှင်းရှင်းပြောရရင် အဲ့လှံက မှော်ရတနာနဲ့သာတူတာ၊ တကယ်တော့ အဲ့ဒါဆီကနေ တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အသက်စွမ်းအင်ကို ကျုပ်ခံစားမိခဲ့တယ်။ လှံပုံစံသာ ပေါက်နေတာ၊ ဒါပေမယ့် သက်ရှိတစ်ကောင်နဲ့ အရမ်းတူလွန်းတယ်”
“ဟုတ်တယ်။ အဲ့မှာပါတဲ့ အသက်စွမ်းအင်က အရမ်း အံ့ဩဖို့ ကောင်းတယ် ဆိုတာကို ကျွန်မလည်း သတိပြုမိတယ်” ဝူရီက ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ကျွန်မတို့ ကယ်လိုက်တဲ့ ပညာရှင်က ဘာလို့ မျက်နှာ ထွက်မပြတာလဲ။ အနည်းဆုံး ကျွန်မတို့ကို ကယ်သွားတဲ့ လူက ဘယ်သူလဲ ဆိုတာကို သိခွင့်လေးတော့ ပေးသင့်တာပေါ့”
ချန်ရီက အသာအယာ ပြုံးလိုက်ပြီး “သူတို့ နာမည်ကို လူသိရှင်ကြား ထုတ်ဖော်ရတာ မကြိုက်တဲ့ ပညာရှင်တွေ အများကြီး ရှိတယ်လေ သခင်မလေးရဲ့။ အခုကျုပ်တို့ကို ကယ်သွားတဲ့ ပညာရှင်ကလည်း သူ့နာမည်ကို လူသိရှင်ကြား မထုတ်ဖော်ခြင်လို့ဖြစ်မယ်။ အဲ့တိုက်ပွဲက ကျုပ်တို့အတွက် အရမ်း ခက်ခဲခဲ့ပေမယ့် သူ့အတွက်တော့ နည်းနည်းလောက်ပဲ အားစိုက်ရတာလေ”
“ဟုတ်တယ်။ ဒါပေမယ့် သူနည်းနည်းလေး အားစိုက်လိုက်တို့ ကျွန်မတို့အားလုံး အသက်ရှင်နိုင်ခဲ့တာ”
“သခင်မလေး စိုးရိမ်နေစရာမလိုဘူး။ အဲ့လူသာ အရိပ်ကြယ်ကဆိုရင် တစ်နေ့ကျ ကျုပ်တို့ အဲ့လူကို သိရလိမ့်မယ်။ အဲ့ကျမှ ကျေးဇူးတင်စကားပြောလို့ နောက်ကျမနေဘူး။ ကျုပ်တို့ မိသားစုက ကျေးဇူးတရားကို မသိတတ်တဲ့လူတွေမှ မဟုတ်တာ။ ဒါပေမယ့် သခင်မလေး၊ နောက်ပိုင်း အဲ့လူဘယ်သူလဲ သိသွားတဲ့အခါကျ သူနဲ့ စကားပြောရင် သတိထားဖို့ လိုလိမ့်မယ်နော်။ သူတို့လို ပညာရှင်တွေက ခဏခဏ စိတ်အခြေအနေ ပြောင်းလဲနေကြတာ။ ဒီနေ့ကိစ္စကို သူမှတ်ချင်တောင် မှတ်မိပါ့မလားမသိဘူး”
“အကြီးအကဲချန်ပြောတာ အဓိပ္ပါယ်ရှိတယ်” ဝူရီက အသာအယာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လှံတံပိုင်ရှင်က သူဖြစ်သည်၊ ကိုယ်ဖြစ်သည်ဟု ငြင်းခုံနေကြသော သူမလူများကိုကြည့်၍ နှာခေါင်းရှုံ့ကာ အော်ပြောလိုက်သည် “နင်တို့ဆက်ပြီး အရှက်မရှိ လုပ်နေဦးမယ်ဆိုရင် ဒီတစ်ကြိမ် ခရီးကနေ နင်တို့ရမယ့် ဆုတွေကို ရုတ်သိမ်းပစ်လိုက်မှာနော်”
ထိုစကား ထွက်လာသည်နှင့် ဆူညံပွတ်လော ရိုက်နေသည့် လူအားလုံး တိတ်သွားခဲ့သည်။ မည်သူမှ အသံတစ်ချက်ပင် မထွက်ရဲတော့ချေ။ ခေါင်းကိုသာ ငုံ့ထားကြသည်။
“အရိပ်ကြယ်ဆီရောက်ဖို့ တစ်လလိုသေးတယ်။ ဒါကြောင့် အကုန်လုံး သေချာသတိထားနေကြ။ ဘာအမှားကိုမှ ငါလက်ခံမှာ မဟုတ်ဘူးနော်” ဝူရီက ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး ထထွက်သွားလေသည်။
သူမ ထွက်သွားပြီးနောက် ယုဖုန်းက နှာခေါင်းရှုံ့၍ လူအုပ်ကြီးဘက် လှည့်ကာ “ကောင်းရော။ အခု ဘာမှ ငြင်းခုံနေစရာ မလိုတော့ဘူး။ သောက်ရူးတွေ၊ ဘာလို့ ဒီလောက်အများကြီး ရှေ့ထွက်လာတာလဲ။ မင်းအဖေကိုပဲ နေရာပေးလိုက်ပါလား။ မင်းတို့ကို ရဲဘော်ရဲဘက်တွေလို့ ခေါ်ရတာ တကယ်ကို ရှက်ဖို့ကောင်းလိုက်တာကွာ”
ယခုလေးတင် ငြင်းခုံနေကြသော လူအားလုံး ယုဖုန်းကို မျက်ဖြူလှန်ပြ၍ သူ့အား လျစ်လျုရှုလိုက်ကြသည်။ ထို့နောက် ခန်းမထဲမှ အလျင်အမြန် ထွက်သွားကြလေသည်။ ရန်ကိုင်သည် သူ့အခန်းထဲတွင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ဝူရီသည် ပုံမှန်အတိုင်း သူ့အခန်းထဲသို့ နည်းနည်းလေးမှ ယဉ်ကျေးမှုမရှိသည့်ပုံစံဖြင့် တံခါးမခေါက် ဘာမခေါက် ဝင်လာပြီး ထိုင်ခုံတစ်ခုံ ယူထိုင်လိုက်သည်။
ရန်ကိုင် မျက်လုံးဖွင့်လိုက်ပြီး သူမအား တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် မျက်လုံးပြန်ပိတ်လိုက်သည်။
ခဏလောက် စောင့်နေပြီးနောက် ရန်ကိုင် မလှုပ်မယှတ် ထိုင်နေသေးသည်ကိုမြင်သော် ဝူရီက စပြောလိုက်သည် “ငါတကယ် ဒေါသထွက်တယ်သိလား”
ရန်ကိုင် သက်ပြင်းချလိုက်သည်။ သူဆက်၍ ကျင့်ကြံနိုင်တော့မည် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ ထိုမိန်းကလှလေးသည် အလှဂဟေး တစ်ယောက်ဖြစ်သည်။ ထို့အပြင် အလွန်ကိုမှ ဇွဲကောင်းသည့် အလှလေး တစ်ယောက်ဖြစ်သည်။ သူမ ရောက်လာပြီဆိုတိုင်း သူမ၏ ရည်ရွယ်ချက် မပြီးမမြောက်မချင်း ဘယ်တော့မှ ပြန်မထွက်သွားခဲ့ချေ။ သူ့ဆီမှ ပုံပြင်၊ ဇာတ်လမ်းများကို မရရအောင် နားထောင်သည်။ ပြောစရာမရှိလျှင် မရရအောင် ပြောခိုင်းသည်။ မသိလျှင် နှစ်ပေါင်းတစ်ရာလောက် တစ်ကိုယ်တည်း အဖော်မဲ့ အထီးကျန်းစွာ နေနေခဲ့ရသည့်အလား။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၉၈) အရိပ်ကြယ်
ချဉ်တင်တင် မျက်နှာဖြင့် ဆက်ထိုင်နေသေးသည့် ဝူရီကိုမြင်သော် ရန်ကိုင်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် မေးလိုက်သည် “နင့်ကို ဘယ်သူရန်စလိုက်လို့လဲ”
“အဲ့ဦးနှောက်နေသေနေတဲ့ အရူးတစ်သိုက်လေ။ ဘာလို့ ဒီလောက်တောင် ကျပ်မပြည့်ကြတာလဲမသိဘူး။ သူတို့ အဲ့လို လုပ်ရုံနဲ့ ငါ့ကို လှည့်စားလို့ ရပြီ ထင်နေတာလား မသိဘူး။ ရန်ကိုင် အပြင်ဘက်မှာ ရှိနေတဲ့ လူတွေကကော သူတို့လိုပဲလား”
ရန်ကိုင်က ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည် “အခြားလူတွေကိုတော့ ငါမသိဘူး။ ဒါပေမယ့် ယောကျာ်းတွေ ဘယ်အချိန် သုံးစားမရအောင် တုံးလဲ ဆိုတာကိုတော့ ငါသိတယ်”
“ဘယ်အချိန်လဲ”
“သူတို့ ကြိုက်တဲ့ မိန်းကလေးနဲ့ တွေ့တဲ့အချိန်ပဲ။ အဲ့အချိန်ကျ အဲ့မိန်းကလေး အာရုံစိုက်လာအောင် ရူးကြောင်မူးကြောင်တွေ လုပ်တော့တာ”
ဝူရီက ခဏလောက် စဉ်းစားလိုက်ပြီး ဝါးလုံးကွဲ ထရယ်လေသည်။ ထို့နောက် ခေါင်းညိတ်၍ “နင်ပြောတာ ဟုတ်လောက်တယ်။ တကယ်တော့ အဲ့ကောင်တွေက ဒီလောက် တုံးတဲ့ကောင်တွေမဟုတ်ဘူး။ အနည်းဆုံးတော့ အဲ့အတိုင်းအတာအထိပေါ့။ ဒါပေမယ့် ငါသူတို့နားက ဖြတ်သွားတိုင်း သူတို့ ဦးနှောက်ချောင်သွားတဲ့ပုံပဲ”
“သူတို့သာ အဲ့လိုမလုပ်ရင် နင်ဘယ်လိုလုပ်ပြီး တော်ပြလို့ရတော့မှာလဲ”
“ငါတုံးတယ်လို့ နင်ပြောချင်နေတာလား။ သူတို့ အဲ့လိုလုပ်ပြမှပဲ ငါတော်ပြနိုင်မယ်လို့ နင်ပြောချင်နေတာလား” ဝူရီ မျက်နှာ မဲ့သွားသည်။
“အဲ့လိုမပြောပါဘူး။ နင့်ဘာသာ အတွေးလွန်နေတာ။ နင်သာ မတော်ရင် ဘယ်သူကမှ သူတို့အသက်ကို နင့်ဆီပုံအပ်ပြီး ဒီသင်္ဘောကို ဦးဆောင်ခိုင်းမှာ မဟုတ်ဘူး”
“နင်သိလို့ တော်သေးတာပေါ့” ဝူရီက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်လေသည် “နင်သိလား၊ အပြင်မှာ တိုက်ခိုက်နေတုန်းကလေ၊ ငါတို့အားလုံး သေရတော့မယ်လို့ ထင်နေခဲ့တာ။ ဒီလောက်များတဲ့ ကျောက်နက်သားရဲအုပ်မျိုး ငါတို့ တစ်ခါမှ မတွေ့ဖူးဘူး။ အဲ့ကောင်တွေသာ ကြယ်သင်္ဘောကို ဖျက်စီးလိုက်ရင် ငါတို့ထဲက သုံးပုံတစ်ပုံလောက်ပဲ ထွက်ပြေးကောင်း ထွက်ပြေးနိုင်မှာ။ ဒါပေမယ့် ရုတ်တရက်ကြီး ရွှေရောင်လှံတစ်ချောင်း ပေါ်လာပြီး ငါတို့ရဲ့ အကြပ်အတည်းကို ဖြေရှင်းပေးသွားတယ်ဟယ်။ အဲ့ရွှေရောင်လှံပိုင်ရှင်က ဘယ်လိုလူစားလို့ နင်ထင်လဲ။ နင်လည်း တိုက်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေတာမလား။ သံသယဝင်စရာကောင်းတာတွေ ဘာတွေများ မတွေ့ခဲ့ဘူးလား”
“မတွေ့ဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။
ဝူရီက ရန်ကိုင်အား သေချာ စိုက်ကြည့်နေပြီးနောက် “အဲ့လူသာ လူလုံးထွက်ပေးရင် ငါသူ့ကို တကယ် ကျေးဇူးတင်ချင်တာ”
ရန်ကိုင်ကသည် ဟန်မပြတ်အမူအရာဖြင့်သာ ထိုင်နေမြဲ ထိုင်နေခဲ့သည်။ လောကီ၊ လောကုတ္တရာ အရေးတို့ကို ဂရုမစိုက်တော့သည် ဈာန်ရသွားသည့် ဘုန်းကြီးတစ်ပါးနှယ်…
အချိန်အတော်ကြာသွားသည့်နောက် ဝူရီက သက်ပြင်းချလိုက်ပြီး “တစ်လလောက်ကြာရင် အရိပ်ကြယ်ကို ရောက်လိမ့်မယ်။ ကောင်းကောင်း အနားယူထားလိုက်။ နင်အပြည့်အဝ ပြန်မကြောင်းသေးမှန်း ငါသိတယ်။ နင့်အုတ်မြစ်ထိခိုက်သွားတာလား။ ဆေးလုံးတွေ၊ သလင်းကျောက်တွေ လိုရင်ပြောနော်၊ ငါ့လူတွေကို ပို့ခိုင်းလိုက်မယ်”
ရန်ကိုင် ခေါင်းသာ ပြန်ညိတ်ပြလိုက်သည်။
ဝူရီ ထွက်သွားပြီး မကြာမီ ကျင့်ကြံသူတစ်ယောက် ရောက်လာပြီး သူ့အား အထွဋ်အထိပ်အဆင့် သလင်းကျောက် ဆယ်တုံးနှင့် သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးလုံးအနည်းငယ် လာပို့ပေးခဲ့သည်။ သူတို့ အရိပ်ကြယ်ကို ပြန်မရောက်ခင် အပြည့်အဝ ပြန်ကောင်းနေဖို့ သခင်မလေးက မျှော်လင့်နေပါတယ် ဟူ၍လည်း ပြောသွားခဲ့သည်။
ရန်ကိုင်လည်း ကျေးဇူးတင်စကားပြောပြီး ထိုအရာများကို လက်ခံယူထားလိုက်လေသည်။
သူတော်စင်သလင်းကျောက် ဆယ်တုံးနှင့် လက်တစ်ဆုပ်စာ သူတော်စင် အထွဋ်အထိပ်အဆင့် ဆေးလုံးများကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ဝေခွဲမရ ဖြစ်သွားခဲ့သည်။
ယခင်က ဝူရီသည် သူ့ဆီမှ သူတော်စင် အထွဋ်အထိပ်အဆင့် သလင်းကျောက် အတုံးငါးရာကို ရရှိခဲ့သည်။ သို့သော်လည်း ထိုသလင်းကျောက်များကို သူမ တစ်ယောက်တည်း အပိုင်သိမ်းခဲ့ခြင်း မဟုတ်မှန်း ရန်ကိုင် သေချာသိတယ်။ ထိုသလင်းကျောက်များကို အကုန်လုံးဆီ ညီတူမျှတူ ခွဲဝေပေးခဲ့ခြင်း ဖြစ်ရပေမည်။
တစ်ယောက်လျှင် အနည်းငယ်သာ ရခဲ့သော်လည်း အကုန်လုံးသည် အပြုံးကြီး ပြုံးနေလျှက်၊ သူတို့၏ အမူအရာအရ ထိုလူများ၏ ဘဝမှာ အတော်ကိုမှ သနားစရာကောင်းမှန်း ရန်ကိုင် သိလိုက်သည်။
ယခု ဝူရီသည် သူ့အား သူတော်စင်သလင်းကျောက်ဆယ်တုံး ပို့ပေးလာခဲ့သည်။
ထိုသို့ဖြင့် ရန်ကိုင်သည် ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။ သူတော်စင်ချီများကို ပြန်လည် စုဆောင်းပြီးနောက် ကြယ်သင်္ဘောပေါ် လမ်းလျှောက်ထွက်ကြည့်လိုက်သည်။ ကြယ်သင်္ဘောသည် အတော်လေးကို သေးပြီး အိုဟောင်းနေသော်လည်း ဝူရီနှင့် သူမတို့ အဖွဲ့သားများသည် ဤကြယ်သင်္ဘောကို အတော်လေး တန်ဖိုးထားကြပေသည်။
ရန်ကိုင်သည် ဝူရီ၏ လက်အောက်ငယ်သား မဟုတ်သည့်အတွက် ကြယ်သင်္ဘော၏ တားမြစ်နေရာများဖြစ်သည့် စွမ်းအင်ခန်းကဲ့သို့သော နေရာများကို မသွားနိုင်သည်မှအပ အခြားနေရာများကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပေသည်။ သင်္ဘောပေါ်ရှိ အခြားကျင့်ကြံသူများနှင့်လည်း ရန်ကိုင် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ တစ်ခါတစ်ရံ ပြင်ပင်လောကရှိ အကြောင်းအရာများကို သူတို့အား ပြောပြရသည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ကြယ်သင်္ဘောသည် အရိပ်ကြယ်နှင့် တဖြည်းဖြည်း နီးကပ်လာနေခဲ့သည်။ အိမ်သို့ ပြန်ရောက်တော့မည် ဖြစ်လေရာ ကြယ်သင်္ဘောပေါ်ရှိ လူများလည်း အတော်လေးကိုမှ ပျော်ရွှင်နေခဲ့ကြသည်။
အနီးအနားရှိ သတ္တုကြယ်တွင် သတ္တုတူးရန် ခက်ခဲကြမ်းတမ်းသော ခရီးကို သွားခဲ့ရသည်။ လမ်းတွင်လည်း မရေမတွက်နိုင်သော ခက်ခဲ၊ ကြမ်းတမ်းမှုများကို ကြုံတွေ့ခဲ့ရသေးသည်။ ခက်ခဲမှုအပေါင်းကို ကျော်ဖြတ်ပြီး သူတို့၏ အိမ်ဆီသို့ ပြန်သွားရတော့မည့် ဖြစ်လေရာ အကုန်လုံး မပျော်ဘဲ ဘယ်နေကြမည်နည်း။
ဝူရီပင်လျှင် အတော်လေး ပျော်နေဟန်ရသည်။ ဤရက်ပိုင်းအတွင်း ရန်ကိုင်အား ကဂျီကဂျောင် လာမလုပ်တော့ချေ။ နောက်ဆုံးတွင် အကုန်လုံး၏ မျက်လုံးထဲ ဧရာမအရိပ်ကြယ်ကြီး ပေါ်လာခဲ့လေရာ ကြယ်သင်္ဘောပေါ်တွင် ရှိနေသူအားလုံး ဝမ်းသာအားရ ပျော်မြူးစွာ ထအော်ကြလေသည်။
အခန်းထဲတွင် တင်ပလင်ခွေထိုင် ကျင့်ကြံနေသော ရန်ကိုင်လည်း အော်သံကြောင်း အပြင်သို့ထွက်သွားကြည့်လိုက်သည်။
မယုံ်နိုင်စရာကောင်းလောက်အောင် ကြီးမားလှသော ကြယ်ကြီး တစ်လုံးကို ရန်ကိုင် တွေ့လိုက်ရသည်။ ကြီးလွန်းသဖြင့် ရန်ကိုင်ပင် အံ့အားသင့်သွားခဲ့ရလေသည် “ကြီးလိုက်တာ”
အရိပ်ကြယ်သည် မယုံနိုင်စရာကောင်းလောက်အောင်ကို ကြီးမားလှသည်။ ရန်ကိုင်သည် ကြယ်စီရင်စုထဲတွင် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီး ကျင့်ကြံရေး ကြယ်အမျိုးမျိုးကိုလည်း မြင်ခဲ့ဖူးသည်။ သို့သော် မည်သည့်ကြယ်မှ အရိပ်ကြယ်လောက် မကြီးချေ။ အရိပ်ကြယ်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ရေလကြယ်ထက် အနည်းဆုံး ဆယ်ဆပိုကြီးပေသည်။ ကြောက်မခန်းလိလိ ကြီးမားလှသည့် ကြယ်ကြီးပင်။
ဝေးကွာသော တစ်နေရာတွင် ပို၍ကြီးသော နေကြယ်ကြီးတစ်လုံး ရှိနေခဲ့သည်။ အရိပ်ကြယ်ကို လှည့်ပတ်နေသည်ကား တစ်လုံးလျှင် အနည်းဆုံး မိုးရေစင်ကြယ်မျှ ကြီးမားသော လကြယ် ခုနှစ်စင်း၊ ရှစ်စင်းပင်။
“အရိပ်ကြယ်က ဒီကြယ်စီရင်စုကြီး တစ်ခုလုံးမှာ အကြီးဆုံးကြယ်လို့ ငါကြားဖူးတယ်။ အဲ့ဒါ အမှန်ပဲလား” ဝူရီက ရန်ကိုင်ဘေးနား ရုတ်တရက် ပေါက်ချလာပြီး မေးလိုက်သည်။ ရန်ကိုင်၏ အံ့အားသင့်နေသည့် အမူအရာကို မြင်လိုက်သည့်အခါ ဝူရီ ဂုဏ်ယူချင်မိသွားသည်။
အရိပ်ကြယ်မှ ထွက်ပြီး ကျယ်ပြောလှသော ကြယ်စီရင်စုကြီးကို စူးစမ်းချင်ပါသည်ဟု မည်မျှပင် ပြောနေပါစေ အရိပ်ကြယ်သည် သူမ၏ မွေးရပ်မြေကြယ်ကြီး ဖြစ်နေသေးသည် မဟုတ်ပေလော။
“မှန်မမှန်တော့ မသိပေမယ့် ဒီလောက်ကြီးတဲ့ ကျင့်ကြံရေး ကြယ်တစ်လုံးကို ထပ်ရှာတွေ့ဖို့က အရမ်း ခက်ခဲလိမ့်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“တကယ်တော့ အရိပ်ကြယ်ပေါ်က မိုးမြေစွမ်းအင်က သိပ်မဆိုးတဲ့အထဲ ပါတယ်။ ဒါပေမယ့် ဂြိုလ်ကြီးက အရပ်ကြီးနေတော့ အခြားကျင့်ကြံရေးကြယ်တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေး နည်းသွားရတာပဲ” ဝူရီက ပြောလိုက်သည် “ငါကြားခဲ့တာလည်း ရှိသေးတယ်။ အရင်တုန်းက ဒီဘက်နားက အခြား ကျင့်ကြံရေးကြယ်တွေ အများကြီး ရှိတယ်တဲ့။ ဒါပေမယ့် ကြယ်စီရင်စုထဲမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကြီး တစ်ခုကြောင့် ကျင့်ကြံရေးကြယ်လေးတွေ ပျောက်ကုန်ပြီး အကြီးဆုံးကြယ်ဖြစ်တဲ့ အရိပ်ကြယ်ပဲ ကျန်ခဲ့တာတဲ့။ အဲ့ဒါနဲ့တင်မကသေးဘူး။ ကပ်ဘေးတွေက တောက်လျှောက်ကို လိုက်လာတော့တာပဲ။ အရင်းအမြစ်တွေ တဖြည်းဖြည်းနဲ့ ရှားပါလာတယ်လေ။ အထူးသဖြင့် သူတော်စင်သလင်းကျောက်တွေပဲ။ အဲ့လိုနည်းလာတော့ ဂြိုလ်ပေါ်က ကျင့်ကြံသူတွေလည်း အရင်လို ကျင့်ကြံခြင်း အမြင့်ကြီးတွေ မရောက်နိုင်တော့ဘူး။ ပြီးတော့ ပြင်ပလောကကြီးနဲ့ပါ တဖြည်းဖြည်း အဆက်အသွယ် ပြတ်လာတယ်။ အခုဆို အပြင်လူတွေပဲ ငါတို့ဆီ ရောက်လာတာ။ ငါတို့ဆီကနေ အပြင်လောကကြီးဆီ ထွက်သွားတဲ့လူ မရှိလောက်အောင်ကို ရှားတယ်”
ရန်ကိုင်သည် ဝူရီ ပြောနေသည်ကိုသာ တိတ်တိတ်လေး နားထောင်နေခဲ့သည်။ တစ်ခွန်းမှ ဝင်မပြောခဲ့။
ရုတ်တရက် ဝူရီက ရန်ကိုင်ဘက်သို့လှည့်၍ ယုံကြည်ချက် အပြည့်ဖြင့် “ငါ့အိမ်မက်က အရိပ်ကြယ်လူတွေ အပြင်လောကကြီးဆီ အချိန်မရွေး ဝင်ထွက်သွားလာနိုင်အောင်လို့ အရိပ်ကြယ်ကို ကြယ်စီရင်စုကြီးရဲ့ အခြားအစိတ်အပိုင်းနဲ့ ပြန်ဆက်သွယ်ဖို့ပဲ။ အဲ့လိုဆို သူတို့တွေလည်း သူတော်စင်သလင်းကျောက်တွေ ပြတ်လပ်မှာကို ပူစနေစရာ မလိုတော့ဘူး”
ရန်ကိုင် ဝူရီအား လက်မ ထောင်ပြလိုက်သည်။
ထိုကဲ့သို့ အများအကျိုးအတွက် သယ်ပိုးလိုသော ဝူရီနှင့်ယှဉ်လျှင် ရန်ကိုင်တွင် ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ပိုမို သန်မာလာရန်ပင်။
“ငါမိသားစုက အားမကောင်းဘူး။ ငါ့အဆင့်အတန်းကလည်း အဲ့လောက်ကြီး မမြင်ဘူး။ ဒီတော့ ရန်ကိုင်၊ နင်ငါ့ကို ကူညီပေးစေချင်တယ်”
ရန်ကိုင် မျက်နှာအမူအရာ တောင့်တင်းသွားခဲ့သည်။ မကြာမီ ခါးသက်သက်ပြုံးလျက် ပြန်မေးလိုက်သည် “အစကတည်းက အခုလို ပြောနေတာ နောက်ဆုံးစကားအတွက် အစချီနေတာမလား”
ဝူရီက လျှာလေးတစ်လစ်တစ်လစ် ထုတ်ပြလိုက်သည်။
ရနက်ိုင် ခြောက်ကပ်ရယ်မောလိုက်သည်။ ဝူရီ ဘာကြောင့် ဒီလောက် စကားပြောနေသလဲ မှတ်ပါလေတယ်၊ လတ်စသတ်တော့ သူမတွင် သူ့အား သူမဘက်သို့ ခေါ်လိုသည့် ရည်ရွယ်ချက် ရှိနေသောကြောင့် ဖြစ်နေသည်ကိုး။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က ခေါင်းခါ၍ “ငါက သူတော်စင်တတိယအဆင့်လေးပဲ ရှိသေးတာလေ။ နင့်ကို ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာလဲ”
“နင်ဘာကူညီပေးနိုင်လဲ ငါမသိပေမယ့် နင်က အပြင်လောကကြီးကနေ လာတာဆိုတော့ အဲ့ကအကြောင်းတွေကို ငါထက် ပိုသိမှာပေါ့၊ ဟုတ်တယ်မလား။ ဘယ်လို အင်အားစုတွေနဲ့ ငါပူးပေါင်းသင့်လဲ၊ ငါဘာတွေ မသိသေးဘူးလဲ ဆိုတာကို နင်သိတယ်လေ။ ဒါကြောင့် နင့်ခွန်အား နိမ့်ကျနေရင်တောင် ကိစ္စမရှိဘူး” ဝူရီက ပြောလိုက်သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ ထိုအပြင်ပန်းတွင် အားနည်ဟန် ရသော်လည်း စိတ်ဓါတ်ကြံခိုင်သော ထိုအမျိုးသမီးကို သူအတော်လေး လေးစားမိသပေသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူသည် အခြားသူများ ကိစ္စတွင် ဝင်ပါသည်ကို မနှစ်သက်ချေ။ သူသည် အရိပ်ကြယ်ကို ဖြတ်သွားသည့် ခရီးသွားတစ်ယောက်သာ ဖြစ်ပြီး မကြာခင်တွင် အရိပ်ကြယ်မှ ပြန်လည် ထွက်သွားသွားမည့်သူဟု ယုံကြည်နေသည်။
ဝူရီ၏ တောင်းဆိုချက်ကို အလျင်စလို သဘောတူလိုက်ခြင်းသည် တာဝန်မသိတတ်ရာရောက်သည်။ သို့သော်လည်း ကြည်လင်းရွှန်းလဲ့သော သူမ၏ မျက်ဝန်းလေးများသည် ရန်ကိုင်အား သူမ၏ တောင်းဆိုချက်ကို ငြင်းပယ်မရအောင် လုပ်နေခဲ့သည်။
ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် နောက်ဆုံးတွင် ရန်ကိုင်က ပြောလိုက်သည် “နင်တို့ မိသားစုက အရိပ်လခန်းမလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်ထားတယ်ဆို၊ ဟုတ်လား”
“ဟုတ်တယ်။ အရိပ်လခန်းမက အရိပ်ကြယ်ပေါ်က အားအကောင်းဆုံး အင်အားစုတွေထဲက တစ်ခုပဲ။ ငါတို့ ဟိုင်ဟဲမိသားစုက အရိပ်လခန်းမနဲ့ ဆက်သွယ်ထားတယ်။ ငါတို့မိသားစုလိုမျိုး အသက်ရှင်သန်နိုင်ဖို့အတွက် အခြားအားကောင်းတဲ့ အင်အားစုကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့ မိသားစုလေးတွေလည်း အများကြီးပဲ”
“ငါနားလည်သွားပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးသည် ထုန်းရွှမမ်လောကကြီးတွင် ပုံမှန်ဖြစ်နေကျ ဖြစ်သည်။ ဝူရီပြောသော ဟိုင်ခဲမိသားစုသည် လက်အောက်ခံ မိသားစု တစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့ ခွန်အားသည် အတော်လေး နိမ့်ကျမည် ဖြစ်သလို အဆင့်အတန်းလည်း သိပ်မြင့်လိမ့်မည် မဟုတ်ချေ။
“နင်တို့မိသားစုက အားအကောင်းဆုံး ပညာရှင်တွေက ဘယ်အဆင့်မှာရှိလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။
ရန်ကိုင် ဘာကြောင့် ထိုကိစ္စများကို ရုတ်တရက် စိတ်ဝင်စားလားမှန်း ဝူရီ မသိသော်လည်း အလျင်အမြန်ပဲ ပြန်ဖြေပေးလိုက်လေသည် “ဧည့်သည့် အကြီးအကဲချန်ရီ ငါတို့မိသားစုရဲ့ အားအကောင်းဆုံးတွေထဲက တစ်ယောက်ပဲ”
ရန်ကိုင် ကြောင်သွားခဲ့ပြီး “နင်တို့မိသားစုမှာ တန်ခိုးရှင်အဆင့်တောင် မရှိဘူးလား”
ဝူရီက မျက်လုံးလေးစောင်းလျက် “တန်ခိုးရှင်အဆင့်တွေကို လမ်းဘေးက ဂေါ်ဖီထုပ်တွေလို မှတ်နေလား။ နင်ငါ့ကို ကူညီပေးနိုင်မလား”
ရန်ကိုင်က ခါးသက်စွာပြုံးလျက် “ကြည့်ရတာ နင့်အိမ်မက်နဲ့ လက်တွေက အလှမ်းကြီး ကွာနေတဲ့ပုံပဲ။ နင်လုပ်ချင်တာကို လုံလောက်တဲ့ လူအင်အား၊ အားကောင်းတဲ့ ပညာရှင်တွေ မရှိဘဲနဲ့ လုပ်လို့မရဘူး။ နင်သာ နင့်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်အောင်သာ အရင်ဆုံးလုပ်။ အဲ့လို ဖြစ်လာခဲ့ရင် ငါနင့်ကို ကူညီပေးဖို့ စဉ်းစားပေးမယ်”
“ငါ့ကို ကူညီပေးဖို့ စဉ်းစားပေးမယ်ဟုတ်လား” ဝူရီ တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီသွားခဲ့သည်။ သူမဘက်မှ သူ့အား ရိုးရိုးသားသား ဖိတ်ခေါ်ခဲ့သော်လည်း ရန်ကိုင်ကမူ ဝတ်ကျေတမ်းကျေသာ လုပ်ပြနေခဲ့သည်။ အံကိုတင်းတင်းကြိတ်ရင်း ထိုသကောင့်သားအား စိတ်ရှိလက်ရှိ ထကိုက်ပစ်ချင်စိတ်တို့ ပေါက်လာခဲ့ရသည်။
“ဟုတ်ပြီ။ နင့်မိသားစုကို ထိန်းချုပ်နိုင်တဲ့တစ်နေ့ နင့်မှာ အဲ့လို ရည်ရွယ်ချက်ရှိသေးရင် ငါနင့်ကို ကူညီပေးမယ်” ရန်ကိုင်က သူမ၏ မီးတောက်မတတ်အကြည့်ကို အကြောက်အလန့်ကင်းကင်းဖြင့် ပြန်စိုက်ကြည့်လိုက်သည်။
“နင့်စကားနင်မမေ့နဲ့နော်” ဝူရီ ချက်ချင်း ကောက်ပြုံးလိုက်ပြီး လက်ဆန့်ထုတ်ပြလိုက်သည်။
ရန်ကိုင်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး လက်ဆွဲ နှုတ်ဆက်လိုက်လေသည်။
“စောင့်နေလိုက်။ နှစ်နှစ်၊ သုံးနှစ်အတွင်း မိသားစုခေါင်းဆောင် ဖြစ်အောင် ငါကြိုးစားပြမယ်” ဝူရီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူမ ထိုကဲ့သို့ဖြစ်နေသည်ကို မြင်သော် သူမ မိသားစုခေါင်းဆောင် ဖြစ်လာသည့်တစ်နေ့ သူမတွင် ရာထူးအာဏာအပြင် အခြား ထည့်သွင်း စဉ်းစားရမည့် ကိစ္စများ ရှိနေသည် ဆိုသည့်အချက်ကို ရန်ကိုင် မပြောပြရက်တော့ချေ။
လောလောဆယ်တွင် ဝူရီသည် သူမ၏ အိမ်မက်နောက်ကို ဘာကိုမှ စိုးရိမ်စရာမလိုဘဲ လိုက်နိုင်နေသေးသည်။ သို့သော် နောင်အနာဂတ်တွင် သူမ တစ်မိသားစုလုံးအတွက်ကို စဉ်းစားပေးရတော့ပေမည်။ ထိုဝန်ထုပ်ဝန်ပိုးများနှင့် တားမြစ်ကန့်သတ်ချက်များသည် သူမ၏ တောင်ပံများကို ရက်ရက်စက်စက် ချုပ်နှောင်ပေလိမ့်မည်။
အချိန်သည် လူတစ်ယောက်၏ စိတ်ဝိဥာဉ်ကို တဖြည်းဖြည်း ကြိတ်ချေပြီး အလွန်တရာကိုမှ သွေးဆူလွယ်သော လူတစ်ယောက်ကိုပင် ရင့်ကျက်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၀၉၉) ဝူရီ၏ဒေါသ
ကြယ်သင်္ဘောသည် အရိပ်ကြယ်ကို လွှမ်းခြုံထားသည် လေထုကို ဖြတ်ကျော်၍ မြေကွက်လပ်ကျယ်ကြီးဆီသို့ ဖြည်းဖြည်းချင်း ဆက်သက်ခဲ့သည်။
မြေကွက်လပ်တွင် သူတို့ ပြန်လာမည်ကို စောင့်ကြိုနေသော လူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူကို လှမ်းမြင်လိုက်သော် ဝူရီက ပြတင်းပေါက်မှနေ၍ လက်ဝှေ့ရမ်းပြကာ ပျော်ရွှင်စွာ အော်ခေါ်လိုက်သည် “ဦးလေးဟောင်အန်းလား”
ယုဖုန်းက အပြုံးကြီးပြုံးလျက် “ငါတို့ခရီးက ဒီလောက် အရေးကြီးတာ စီနီယာဟောင်အန်းကိုယ်တိုင် လာကြိုတာ သဘာဝပဲလေ။ သခင်မလေး၊ ကျုပ်တို့ ပြန်ရောက်ရင် ကောင်းကောင်း ချီးမြှင့်ခံရလောက်တယ်၊ ဟုတ်တယ်မလား”
“နင်တို့ခေါင်းထဲ ဘာဆုရမလဲ ဆိုတာကိုပဲ စဉ်းစားနေ” ဝူရီက မျက်စိစောင့်လျက် ကြည့်လိုက်ပြီး အသာအယာ ရယ်မောလိုက် “စိတ်ချထားလိုက်။ ငါတို့ ဒီတစ်ကြိမ် တူးလာတဲ့ သတ္တုတွေက တော်တော်လေး အဖိုးတန်တယ်။ သူတို့ ကျိန်းသေ ဆုပေးလိမ့်မယ်”
ထိုစကားကို ကြားလိုက်သည့်အခါ အနီးအနားတွင် စုဝေးနေသော ကျင့်ကြံသူအားလုံး ပျော်မြူသွားကြသည်။
ကြယ်သင်္ဘော မြေပေါ်ရောက်ပြီး သင်္ဘောတံခါး ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ ဝူရီက ရှေ့ဆုံးမှဦးဆောင်၊ ချန်ရီက ဒုတိယနေရာမှ လိုက်၍ လူအုပ်ကြီးသည် စစ်ပွဲမှပြန်လာသော စစ်သားများနှယ် ခေါင်းမော့၊ ရင်ကော့ကာ ဆင်းလာလိုက်ကြသည်။
ဟောင်အန်းဆိုသော လူအိုကြီးက အလျင်အမြန် နှုတ်ဆက်လိုက်ပြီး သူ့နောက်တွင် ရပ်နေသော ဟိုင်ကဲမိသားစုဝင် ကျင့်ကြံသူများကလည်း ရှေ့သို့တက်ကာ ဦးညွှတ်လိုက်ကြသည် “အခုလိုကြိုးစားပေးတဲ့အတွက် သခင်မလေးကို ကျေးဇူးအများကြီးတင်ပါတယ်”
“ငါလုပ်သင့်တာပဲလေ။ ဦးလေးဟောင်အန်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”
“သခင်မလေး လုံလုံခြုံခြုံ ပြန်လာနိုင်တော့ အခု ဒီလူအိုကြီး စိတ်သက်သာရာ ရနိုင်သွားပြီ” ဟောင်းအန်းက စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ သတ္တုကြယ်ဆီ သတ္တုရှာထွက်ရသည့်ခရီး မည်မျှ အန္တရာယ်များမှန်း အကုန်လုံး သိထားကြသည်။ ဝူရီအား ဂရုစိုက်သူအားလုံး သူမထွက်သွားသည့် နေမှစ၍ စားမဝင်အိပ်မပျော် ဖြစ်ခဲ့ကြရသည်။ ဟောင်အန်းသည်လည်း ထိုလူများထဲ တစ်ယောက် အပါအဝင် ဖြစ်သည်။ “သခင်မလေး၊ မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲတွေ သခင်မလေးကို စိတ်ပူနေကြတယ်။ ကျေးဇူးပြုပြီး မိသားစုဆီ ပြန်လာပေးပါဦး။ သခင်မလေး လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာမှန်းသိရင် သူတို့ ကျိန်းသေ ဝမ်းသာကြမှာပါ”
ဝူရီက ပြုံးလိုက်သော်ငြား ခေါင်းခါလိုက်ပြီး “လောနေစရာမလိုဘူး။ ဒါတွေ အရင်ချကြီးမှ ပြန်တော့မယ်”
ထိုစကားကို ကြားလိုက်သည့်အခါ ဟန်အောင်း မျက်နှာပျက်သွား၏။ သို့သော်လည်း သူ့အမူအရာကို အလျင်အမြန် ပြန်ပြင်လိုက်ပြီး အားတင်းပြုံးလျက် “ဒီလိုကိစ္စတွေကို သခင်မလေးကိုယ်တိုင် လိုက်လုပ်နေစရာမလိုဘူး။ အခြားတစ်ယောက် လုပ်လိမ့်မယ်”
ဝူရီလည်း ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ”
ပြောပြီးသည်နှင့် သူမလူများကို လှမ်းအော်ပြောလိုက်သည် “နင်တို့ ဒီမှာနေပြီး သတ္တုရိုင်းတွေကို ချပေးလိုက်”
“ဟုတ်ကဲ့” ယုဖုန်းနှင့် အခြားသူအားလုံး အသံအကျယ်ကြီး အော်ဟစ်လိုက်ကြသည်။
“မလိုဘူး။ ငါတို့ဘာသာလုပ်မယ်” အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။ ထိုအသံကို ကြားလိုက်သည့်အခါ ဝူရီ မျက်နှာထက်ရှိ အပြုံး ပျောက်ကွယ်သွားပြီး ရွံရှာစက်ဆုပ်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။ သူမ၏ မျက်ဝန်းလှလှလေးများသည် ဘေးဘက်သို့ ဝေ့ကြည့်လိုက်သည်။
အသံထွက်ပေါ်လာရာ အရပ်ဆီမှ ငပုတစ်ကောင် ဦးဆောင်၍ လာနေသော လူတစ်သိုက်ကို တွေ့လိုက်ရသည်။ ထိုငပုကောင်သည် အလွန်ကိုမှ ပုတိုလှသည်။ သူ့ခေါင်းသည် ရန်ကိုင်၏ ရင်ဘတ် တစ်ဝက်လောက်သာ ရောက်၏။ အရပ်ပုသော်ငြား ခေါင်းကိုမော့၊ ရင်ကိုကော့လျက် ဆရာကြီးပုံစံဖြင့် လျှောက်လာနေသည်။ ဘေးနာရှိ လူတိုင်းကိုလည်း အထင်တသေး အမူအရာဖြင့် ကြည့်သွားသည်။
“ရှဲ့ဟုန်ဝမ်လား” ဝူရီ၏ မျက်လုံး မှေးစဉ်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည် “နင်ဘာလို့ ဒီရောက်နေတာလဲ”
“ငါဘာလို့ ဒီကို မလာနိုင်ရမှာလဲ” ရှဲ့ဟုန်ဝမ်ဆိုသော လူငယ်လေးက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒီနေရာက နင်တို့ဟိုင်ခဲ မိသားစုအပိုင် ဆိုပေမယ့် ဒါကို ငါတို့ အရိပ်လခန်းမရဲ့ ပိုင်နက်လို့ ယူဆလို့ရတယ်။ ငါ့ဘာသာ ဒီကိုလာလာ၊ နင့်ကိစ္စမဟုတ်ဘူး။ အင်း၊ ဒီတစ်ကြိမ် ညီမလေးဝူက တကယ်ကို အလုပ်ကြိုးစားခဲ့တာပဲ။ ကြယ်စီရင်စုရဲ့ အနက်ပိုင်းထဲအထိတောင်သွားပြီး သတ္တုသွားတူတာဆို”
“အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ” ဝူရီ ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားသည်။
“ငါနဲ့ဘာဆိုင်လဲဟုတ်လား” ရှဲ့ဟုန်ဝမ်က ရယ်မောလိုက်ပြီး ကြယ်သင်္ဘောကို လက်ညိုးထိုးကာ “အဲ့သင်္ဘောပေါ်က သတ္တုတွေက ငါတို့ အရိပ်လခန်းမအပိုင်ဆိုတာ နင့်ကို ဘယ်သူမှ မပြောခဲ့ဘူးလား”
ဝူရီ မျက်နှာ ဖြူလျော်သွားပြီး ယုဖုန်းနှင့် အခြားသူအားလုံး ဒေါသပုန် ထသွားကြသည်။
ဝူရီ ဟောင်အန်းကို မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ဟောင်အန်းလည်း ဝူရီကို အားတုံ့အားနာဖြင့် ကြည့်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းအရှည်ကြီးချလျက် “သခင်မလေး၊ အရင်ပြန်ကြရအောင်၊ မိသားစုခေါင်းဆောင် ရှင်းပြလိမ့်မယ်”
“ရှင်ပြဖို့လား” ဝူရီက လှောင်ပြောင်နှာခေါင်းရှုံ့လိုက်သည်။ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို သူမ နားလည်သွားခဲ့လေပြီ။ ဆူပွက်နေသော သွေးများ ရုတ်ချည်း အေးစက်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည် “အဲ့သတ္တုတွေကို တူးဖို့အတွက် လူတစ်ရာကျော် ထွက်သွားတာ တစ်ဝက်လောက်ပဲ ပြန်လာနိုင်တယ်။ ကျွန်မတို့ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ ဆိုတာကို ဦးလေးသိလား။ အဲ့သတ္တုတွေကို ဒီကို ပြန်သယ်လာဖို့အတွက် ကျောက်နက်သားရဲအုပ်တွေ ဘယ်လောက်ကို ဖြတ်ကျော်ခဲ့ရလဲ သိလား။ ကျွန်မတို့ အကုန်လုံး သေခါနီး ဖြစ်သွားတယ် ဆိုတာကိုကော ဦးလေးသိလား။ အဲ့သတ္တုတွေကို ဘယ်သူ့အတွက် သွားတူးပေးတယ် ထင်နေတာလဲ။ အခု ဒီလောက် ကြိုးစားပမ်းစား လုပ်ပြီး အိမ်ပြန်ရောက်တော့ ဒီသတ္တုတွေက ကျွန်မတို့အပိုင် မဟုတ်တော့ဘူးတဲ့။ ဦးလေးတို့ ကျွန်မတို့ကို ဘယ်လို ရှင်းပြချက်မျိုး ပေးချင်နေတာလဲ”
မေးခွန်းများစွာ မေးလိုက်သော်ငြား တစ်ခုကိုပင် ဟောင်းအန် ပြန်မဖြေနိုင်ခဲ့ပေ။ သူအလွန်ကိုမှ ရှက်ရွံ့နေခဲ့ရသည်။ တွင်းတစ်တွင်း တူးပြီးတော့သာ ပြေးပုန်းလိုက်ချင်လေပြီ။
ဝူရီပင် ဒေါသပုန်ထနေခြင်းမဟုတ်၊ ငါးဆယ်၊ ခြောက်ဆယ်သော သူမအဖွဲ့သားများသည်လည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှဲ့ဟုန်ဝမ်ကို စိုက်ကြည့်နေကြသည်။
ရှဲဟုန်ဝမ်ကမူ အထင်အမြင်သေးသေးဖြင့် ဟန်မပျက်ရှိနေဆဲ။ ယုဖုန်းတို့က ရန်စလိုသည့် အကြည့်ဖြင့်ပင် ကြည့်လိုက်သေးသည်။
“သခင်မလေး၊ ဒါက မိသားစုရဲ့ ဆုံးဖြတ်ချက်ပါ” နောက်ဆုံးတော့ ဟောင်းအန်လည်း စကားအနည်းငယ် ပြောထွက်လိုက်နိုင်ခဲ့သည်။ ထို့နောက် ဆက်၍ ပြောလိုက်သည် “သခင်မလေးရယ်၊ ကျေးဇူးပြုပြီး အဓိကနဲ့ သာမညကို ခွဲပေးပါ”
ဝူရီသည် ဘာမှမစဉ်းစား မတွေးခေါ်တတ်သည့် မိန်းကလေး တစ်ယောက် မဟုတ်ချေ။ မိသားစု ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ရခြင်းသည် အရိပ်လခန်းမကို တွန်းလှန်နိုင်စွမ်း မရှိသောကြောင့်မှန်း သူမသိသည်။ သူမသာ ဆက်၍ ခေါင်းမာနေမည်ဆိုပါက မိသားစုကိုသာ ပြဿနာ ဖြစ်စေပေလိမ့်မည်။ လက်ကလေးနှစ်ဆက်ကို ကျစ်နိုင်သမျှ ကျစ်ကျစ် ဆုပ်ထားခဲ့သည်။ နောက်ဆုံး သက်ပြင်းအရှည်ကြီးချလျက် “ကျွန်မ နားလည်ပြီ”
“သခင်မလေး” ယုဖုန်းက တစ်ခုခု ပြောချင်နေသည့်အလား လှမ်းအော်ခေါ်လိုက်သည်။
“တော်လိုက်တော့။ မိသားစုက နင်တို့ကို ဘာမှ မပေးဘူးဆိုရင်တောင် ငါနည်းငါ့ဟန်နဲ့ နင်တို့ကို ပြန်အလျော်ပေးမယ်” ဝူရီက ပြောလိုက်သည်။
ယုဖုန်း၏ မျက်လုံးထဲမှ မျက်ရည်စတို့ စီးကျလာခဲ့သည်။
ရှဲ့ဟုန်ဝမ်က ပြပွဲကောင်းကောင်းကို ကြည့်လိုက်ရသည့်နှယ် လက်ခုပ်အသာအယာ တီးလျက် ရယ်မောလျက် “ညီမလေးဝူက စိတ်သဘောထား ကြီးမြတ်တယ်လို့ သတင်းတွေ ကြားနေတော့ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့မှပဲ တကယ်မှန်း သိလိုက်ရတယ်။ သူတို့လို ထိန်းမရတဲ့ယောကျာ်းတွေတောင် ညီမလေးရီနောက် နာနာခံခံနဲ့ လိုက်နေတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ”
“ဘယ်သူက နင့်ညီမလေးလ” ဝူရီက ရှဲ့ဟုန်ဝမ်အား ရွံ့ရှာစက်ဆုပ်စွာဖြင့် “ရှဲ့ဟုန်ဝမ်၊ အခုကနည်းက ငါနင့်ကို ပြောလိုက်မယ်။ ဒီကြယ်သင်္ဘောက သတ္တုတွေကို ငါတို့ ဟိုင်ခဲမိသားစုဝင်တွေရဲ့ သွေးနဲ့ချွေးကို ရင်းပြီးမှ ရလာခဲ့တာ။ ဒီသတ္တုတွေကို ယူပြီးတဲ့နောက် နင်အိမ်မက်ဆိုးတွေ မမက်ပါစေနဲ့လို့ ငါဆုတောင်းပေးတယ်”
ရှဲ့ဟုန်ဝမ်မျက်နှာ တစ်ခဏတာ အေးစက်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ပြန်ပြုံးလိုက်ပြီး “ဝူရီ နင်မကျေနပ်မှန်းငါိသတယ်။ ဒါပေမယ့် ဘာဖြစ်လဲ။ အပြစ်တင်ချင်ရင် အားနည်းတဲ့ နင့်မိသားစုကိုသာ အပြစ်တင်လိုက်။ တစ်နေ့ နင့်မျိုးရိုးနာမည်တောင် ရှဲ့ဆိုပြီး ဖြစ်သွားချင် ဖြစ်သွားမှာ။ စောင့်ကြည့်နေလိုက်”
ပြောပြီးသည်နှင့် အားရပါးရ ရယ်မောလိုက်ပြီး လက်ဝှေ့ရမ်း၍ “သွား၊ သတ္တုတွေကို သွားသယ်လာခဲ့။ တားတဲ့ကောင်မှန်သမျှကို သတ်ပစ်လိုက်၊ ညှာမနေနဲ့”
ရှဲ့ဟုန်ဝမ်နောက်က ကျင့်ကြံသူအားလုံး ချက်ချင်းပဲ ကြယ်သင်္ဘောဆီ ပြေးသွားကြလေသည်။
“ပြန်ကြမယ်” ထိုအရုပ်ဆိုးဆိုး မြင်ကွင်းကို ထပ်မမြင်ချင်တော့လေရာ ဝူရီလည်း အားလုံးကိုပြန်ရန် အမိန့်ပေးလိုက်လေသည်။
သတ္တုကြယ်ဆီ သက်စွန့်ဆံဖျား သွားခဲ့ပြီး တစ်နှစ်လောက် ကြိုးစားပြီးမှ ရလာခဲ့သော အသီးအပွင့်ကို အခြားတစ်ယောက်မှ ဖြတ်တုတ်သွားခဲ့သည်။ သို့သော်လည်း ဘာမှပြန်မလုပ်ခဲ့။ ထိုအရာသည် သူတို့အတွက် နှိပ်စက်မှုတစ်မျိုးပင် ဖြစ်လေသည်။
ဝူရီတို့ အဖွဲ့သားအားလုံး အလွန်ကိုမှ စိတ်ဓါတ်ကျနေခဲ့သည်။ သို့သော်လည်း အကုန်လုံး၏ မျက်လုံးများသည် ရူးသွပ်မှုတို့ဖြင့် ပြည့်နေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ဝူရီသာ အမိန့်ပေးလိုက်သရွေ့ အကုန်လုံးသည် သူတို့အသက် သေလျှင်သေပါစေ၊ ရှဲ့ဟုန်ဝမ်ကို တိုက်ခိုက်ရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။
အရိပ်ကြယ်သို့ ရောက်သည်နှင့် ဝူရီနှင့် လမ်းခွဲရန် ကြံခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ထွက်သွားလျှင် မသင့်တော်ရာ ရောက်နိုင်၏။ ထို့ကြောင့် သူမတို့အဖွဲ့နှင့်အတူ လိုက်သွားခဲ့လေသည်။
ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ယုဖုန်းကို တိုးတိုးလေး ကပ်ပြောလိုက်သည် “ရှဲ့ဟုန်ဝမ်နဲ့ မင်းတို့ သခင်မလေးကြားမှ ရန်ငြိုး ရှိလို့လား”
ယုဖုန်း ဒေါသမပြယ်သေး၊ ရန်ကိုင်၏ မေးခွန်းကို ကြားလိုက်သည်နှင့် ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည် “သူတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ ဟိုသောက်ဂျပုကောင်ကသာ သူနဲ့မတန်တဲ့ ငါတို့ သခင်မလေးကို လက်ထပ်ချင်နေတာ။ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက သခင်မလေးကို လက်ထပ်ခွင့် တောင်းခဲ့သေးတယ်။ ဒါပေမယ့် သခင်မလေးက သူ့ကို ငြင်းလိုက်လို့ ဒေါသထွက်ထွက်နဲ့ ငါတို့မိသားစုကို လိုက်ဖိနှိပ်တော့တာပဲ”
“အဲ့ကောင်က အဲ့လောက်တောင် သန်မာတာလား”
“အဲ့ကောင်လား သန်မာမှာ၊ အဲ့သောက်ဂျပုကောင်က ဘာမှဟုတ်တာ မဟုတ်ဘူး” ယုဖုန်းက အထင်အမြင်သေးသေးဖြင့် “အရိပ်လခန်းမကြောင့်သာ မဟုတ်ရင် ငါသူ့ကို လက်ချင်း သတ်ပစ်လိုက်လို့ ရတယ်။ ဒါပေမယ့် သူ့အဖေက အရိပ်လခန်းမရဲ့ ရာထူးကြီးတဲ့ လူတစ်ယောက် ဆိုတော့ ငါတို့လည်း ငြိမ်ခံနေရတာ။ ဒီကောင်က သူ့အဖေအားကိုးနဲ့ ထင်ရာစိုင်းနေတာ။ ငါတို့ ဟိုင်ခဲမိသားစုက အရိပ်လခန်းမရဲ့ လက်အောက်ခံအင်အားစု တစ်ခုဆိုတော့ သူငါတို့ကို ဘယ်လိုပဲ အနိုင်ကျင့်ကျင့်၊ ဘယ်သူကမှ ငါတို့ဘက်ကမှ မရပ်တည်ပေဘူး… ကောင်လေး၊ ဒီအကြောင်းကို မင်းအရမ်း သိချင်နေတယ်မလား။ ငါမင်းကို ကြိုသတိပေးထားလိုက်မယ်။ သခင်မလေးဝူရီကို ငါ့ဆီကနေ လုယူဖို့ နည်းနည်းလေးမှတောင် မစဉ်းစားလိုက်နဲ့။ မဟုတ်ရင် မင်းအမေတောင် မမှတ်မိတဲ့အထိ ငါမင်းကိုရိုက်ပေးလိုက်မှာ”
ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရုတ်တရက် ထရယ်ကာ “အဲ့အတွက်တော့ စိတ်မပူနဲ့။ ငါသူ့ကို မင်းဆီကနေ ခိုးယူမှာမဟုတ်ဘူး။ ငါ့မှာ မိန်းမတွေ ရှိပြီးသား”
ယုဖုန်း မျက်လုံးကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့ပြီး ရန်ကိုင်အား ထိတ်လန့်တကြား စိုက်ကြည့်လိုက်လေသည်။ ထို့နောက် မယုံကြည်ဟန်ဖြင့် ပြန်မေးလိုက်သည် “တကယ်ကြီးလား။ မင်းရဲ့ မဖြစ်စလောက် ခွန်အားလေးနဲ့ မိန်းမအများကြီး ဘယ်လိုလုပ်ပြီး ရှိနိုင်တာလဲ။ သူတို့တွေ အကုန်လုံးကို မင်းဘယ်လို ကာကွယ်ပေးမှာလဲ”
ယုဖုန်း ပခုံးတွန့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
ယုဖုန်းသည် အရေးကြီးသည့် သတင်းတစ်ခုခုကို ရသွားသည့်အလား ဝူရီဆီသို့ ချက်ချင်း ပြေးသွားပြီး သူမနားနားကပ်ကား တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
ခဏအကြာ၌ ဝူရီက ရန်ကိုင်အား မျက်မှောင်လေးကြုတ်လျက် မယုံနိုင်သည့် အမူအရာဖြင့် လှည့်ကြည့်လာခဲ့သည်။
ယုဖုန်းသူ့အား ချောက်ချနေပြီးမှန်း သိလိုက်သည်နှင့် ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့သည်။ သို့သော်လည်း ယုဖုန်း ပြောသည်ကို ကြားပြီးနောက် ဝူရီ၏ ခက်ထန်နေသော အမူအရာ တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး မကြာမီ အပြုံးယဲ့ယဲ့လေးတစ်ခု သူမ မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။
ဟိုင်ခဲမိသားစုစံအိမ်သည် ကြယ်သင်္ဘောဆင်းသက်ရာ မြေကွပ်လပ်နှင့် သိပ်မဝေးဘဲ မိုင်ငါးဆယ်အကွာလောက်တွင်သာ ရှိသည်။ ထို့ကြောင့် မကြာမီ သူတို့အားလုံး ဟိုင်ခဲမိသားစုဆီသို့ ရောက်လာခဲ့သည်။
ဝူရီ၊ ဟောင်အန်းနှင့် ချန်ရီတို့သည် အခြားအကြီးအကဲများကို သူတို့ ပြန်ရောက်ကြောင်း ရှင်ပြရန်နှင့် ရှင်းပြချက်တောင်းရန် ထွက်သွားကြ၏။ အကုန်လုံး လူခွဲသွားလိုက်ကြပြီးနောက် မကြာမီ ယုဖုန်းနှင့် ရန်ကိုင်တို့ နှစ်ယောက်သာ ကျန်တော့သည်။
ယုဖုန်းက ခေါင်းကုတ်၍ ရေရွတ်လိုက်သည် “အင်း၊ သခင်မလေးက မင်းကို ကူညီပေးဖို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ပြောသာပြေးသွားတာ။ ငါက ဘာကူညီပေးလို့ ကူညီပေးရမှန်းမသိဘူး”
ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး လက်ဝှေ့ရမ်း၍ “မင်းဘာသာ လုပ်စရာရှိတာသွားလုပ်။ ငါ့ဘာသာ လျှောက်ပတ်ကြည့်လိုက်မယ်”
“မင်းဘာသာ ကြိုက်သာတာလုပ်။ ဒီအဖေမှာလည်း လုပ်စရာ ရှိနေတာနဲ့အတော်ပဲ။ အင်း။ ဒေသကျေးရွာတွေဆီတော့ မသွားနဲ့နော်။ အဲ့နေရာက မိသားစုဝင်တွေ နေတဲ့နေရာ။ အခြားကြိုက်တဲ့နေရာဆီ သွားလို့ရတယ်။ ပျင်းနေရင် ထန်းယွင်မြို့ဆီသွားလိုက်။ ဒီနေရာနဲ့ မိုင်နှစ်ရာအကွာ၊ အဲ့ဘက်မှာရှိတယ်”
“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အတွဲ(၅)- ကြယ်တာရာကောင်းကင်
အပိုင်း(၁၁၀၀)
အရိပ်ကြယ်၏ မြေဆွဲအားသည် အခြားကျင့်ကြံရေးကြယ်များနှင့် ယှဉ်လိုက်လျှင် ပို၍ အားကောင်းပေသည်။ ကြယ်တစ်လုံးသည် အရွယ်အစား ပိုကြီးမားလျှင် ပိုမိုအားကောင်းသော မြေဆွဲအားကို ပိုင်ဆိုင်ပေသည်။ အရိပ်ကြယ်၏ မြေဆွဲအားသည် အတော့်ကိုမှ ပြင်းထန်ခြင်းဖြစ်သည်။
ဤကြယ်ပေါ်တွင် ကျင့်ကြံခြင်းသည် အခြားကြယ်များပေါ်တွင် ကျင့်ကြံခြင်းထက် ပို၍ အကျိုးကျေးဇူးများသည်။
ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် ရန်ကိုင် ထင်သလောက် မနည်းပါးချေ။ မိုးရေစင်ကြယ်နှင့် ရေလကြယ်တို့လောက် မကောင်းသော်ငြား ထုန်းရွှမ်လောကကြီးနှင့် ယှဉ်လိုက်လျှင် အများကြီး ပိုကောင်းပေသည်။
ဤနေရာကို ရန်ကိုင် အတော်လေး အကြိုက်တွေ့နေမိသည်။
ကြယ်စီရင်စုထဲ နှစ်ပေါင်းများစွာကြာအောင် ဦးတည်ချက်မဲ့ သွားလာနေပြီးနောက် သေသေချာချာ ထိုင်ကျင့်ကြံရန်အတွက် နေရာကောင်း တစ်ခုလောက် ရှာသင့်ပြီဟု ရန်ကိုင် စဉ်းစားမိလာသည်။ သူသန်မာလာသည့် အခါမှသာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပေလိမ့်မည်။
ဤကျယ်ပြောလှသော ကြယ်စီရင်စုကြီးထဲ စုယန်ကို ရှာရန်မှာ ကျောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်နှင့် မခြားချေ။
သို့သော်လည်း သူ့တွင် စုယန်အား ရှာနိုင်မည့် နည်းလမ်း ရှိပေသည်။ ထိုနည်းလမ်းကို ယခင်ကလည်း အသုံးပြုဖူးသည်။
နည်းလမ်းသည်ကား သူ့နားမည်ကို ကြယ်စီရင်စုအနှံ့ ပြန့်အောင်လုပ်ရန်ပင်။ ထိုနည်းဖြင့်ဆိုလျှင် စုယန် မည်သည့်နေရာတွင် ရောက်နေပါစေ သူ့အား ရှာတွေ့နိုင်ပေလိမ့်မည်။ ဘူးမသိဘားမသိ ရှာနေခြင်းထက် အများကြီး ပိုသာသည့် နည်းလမ်းဖြစ်သည်။
ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ဟူကျောင်းအာနှင့် ဟူမေးအာတို့ သူ့အား ရှာတွေ့နိုင်ခဲ့ခြင်းမှာ ဘုံးကိုးထွတ်မြတ်နယ်မြေနှင့် ထိုနေရာ၏ တော်ဝင်သခင်ဖြစ်သော ရန်ကိုင်ကို ထုန်းရွှမ်လောကကြီးတစ်ခုလုံးနီးပါး သိနေသောကြောင့် ဖြစ်သည်။
ထိုနည်းလမ်းကို အသုံးပြုရန် အချိန်ယဓရသော်လည်း ခေါင်းမပါသည့် ယင်တစ်ကောင်ကဲ့သို့ ပျံသန်းနေခြင်းထက် အများကြီး ပိုသာပေသည်။ ထိုဆန္ဒကို ဖြစ်မြောက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းတွက်ချက်ထားခဲ့သည်။
အချိန်ကိုဂရုမစိုက်၊ အကြောင်းမှာ အချိန်မည်မျှ ကြာသွားပါစေ၊ စုယန်နှင့် သူ့ကြားရှိ နှောင်ကြိုးသည် အားနည်းလျော့ပါးသွားလိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။
သူ့စီနီယာမမလေးနှင့်လည်း ထိုနည်းလည်းကြောင်းပင်။ ရန်ကိုင် လုံလုံလောက်လောက် သန်မာသည့်အခါ ထုန်းရွှမ်လောကကြီးသို့ပြန်ပြီး သူ့စီနီယာမမလေးနှင့် သူချစ်ရသူများကို ဤကြယ်စီရင်စုထဲသို့ ခေါ်လာပေမည်။
အရိပ်ကြယ်သည် သူ့ဆန္ဒကို ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် ပထမဆုံးသော ခရီးတစ်ထောက်နားရာ ဖြစ်သည်။
ဟိုင်းခဲမိသားစုအနီးတွင် လျှောက်ပတ်လျှောက်နေပြီးနောက် ပျင်းလာသဖြင့် ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားမည်အပြု မြေပြင်ပေါ်မှ ကြယ်လွန်းပျံတစ်စီး ပျံတက်သွားသည်ကို မြင်လိုက်ရသည်။ ကြယ်လွန်းပျံပေါ်တွင် ရပ်နေသည့်လူသည် ဝူရီ ဖြစ်ပေသည်။
ခဏလောက် စဉ်းစားပြီးနောက် သူ့ကိုယ်ပိုင် ကြယ်လွန်းပျံကိုထုတ်၍ ဝူရီနောက် လိုက်သွားလိုက်သည်။
ဘာတွေဖြစ်ပျက်ခဲ့သလဲ မသိသော်ငြား ဝူရီ၏ ပုံစံအရ သူမ အလွန်အမင်း စိတ်ဓါတ်ကျနေလေသည်။ ပျံသန်းနေရင်း သူမ ငိုရှိုက်သံကို ရန်ကိုင် ကြားနေခဲ့ရသည်။ ခဏကြာ ပျံသန်းနေပြီးနောက် စိမ်းလန်းစိုပြည်သော သစ်ပင်တို့ ပေါက်ရောက်နေခြင်း မရှိသည့် တောင်တစ်လုံးပေါ် ဆင်းသက်လိုက်သည်။ ထို့နောက် တောင်ထိပ်ပေါ်၍ ဒူးနှစ်ချောင်းကိုကွေး၍ ဒူးပေါ်ခေါင်းတင်ရင်း တစ်ယောက်တည်း ထိုင်နေလိုက်သည်။
ရန်ကိုင် သူမဘေးတွင် ဆင်းလိုက်သည်။ သို့သော် မည်သို့ နှစ်သိမ့်ပေးရမလဲ မသိသဖြင့် တိတ်တိတ်လေးသာ ရပ်နေလိုက်သည်။
ဝူရီ၏ ပခုံးလေးများ တဆတ်ဆတ် တုန်ရီနေခဲ့သည်။ တစ်ယောက်ယောက် ချဉ်းကပ်လာနေမှန်း သိသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင် ဖြစ်နေမှန်း သိပြီးနောက် ပို၍ပင် အော်ငိုတော့လေသည်။
ရန်ကိုင် ချက်ချင်းကို ပျာယာခတ်သွားရလေသည်။
ခဏအကြာမှပဲ ဝူရီ အငိုရပ်သွားခဲ့သည်။ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ရန်ကိုင်အား သနားစဖွယ် စိုက်ကြည့်လျက် ပြောလိုက်သည် “ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်”
ရန်ကိုင် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“တကယ်ကို မတရားနိုင်လွန်းတယ်” ဝူရီက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း ပြောလိုက်သည် “အဲ့သတ္တုတွေကို ရဖို့အတွက် ငါတို့လူတွေ အများကြီး သေပေးခဲ့ရတာ။ အဲ့ဒါကို ဟိုက စကားလေး နည်းနည်း ပြောလိုက်တာနဲ့ မိသားစုက ချက်ချင်း ကောက်ပေးလိုက်တော့တာပဲ။ ငါတို့ကို ဆုလေး နည်းနည်းတောင် ပြန်မပေးဘူး”
“မိသားစုငယ်လေးတိုင်းက ဒီလိုပါပဲလေ။ ဒီလို ဖြစ်တာ တစ်ကြိမ်၊ နှစ်ကြိမ် မကတော့ဘူးမလား”
“အားကောင်းတဲ့လူတွေက ဘာလို့ အားနည်းတဲ့လူတွေကို လိုက်ပြီး အနိုင်ကျင့်ရတာလဲ။ ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား။ ငါသာ သူတို့လိုဖြစ်ရင် အဲ့လို အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး” ဝူရီက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည် “အခြားသူတွေကို စိတ်ဓါတ်ကျအောင် ဘာလဲ သူတို့ မသိဘူးလား။ ငါတို့သာ လုံးဝ စိတ်ဓါတ်ကျသွားပြီဆိုရင် မိသားစုတာလည်း ရှိတော့မှာ မဟုတ်ဘူး။ သူတို့ဘာလို့ ဒီလောက်တောင် အမြင်ကျဉ်းရတာလဲ။ သူတို့ အသက်ရှင်ဖို့ အတွက်လေးနဲ့ ဘာလို့ ဒီလောက်တောင် ခယဝပ်တွားနေရတာလဲ”
“နင်အမြင့်တဲ့အခါမှ သူတို့လို့ မလုပ်နဲ့ပေါ့”
“နင်ကကော ဘယ်ဘက်ကလဲ” ဝူရီက ရန်ကိုင်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ရန်ကိုင်က ချက်ချင်း လက်မြှောက်ပြလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ နင်ပဲပြောတော့၊ ငါနားထောင်ပေးမယ်”
ခွင့်ပြုချက်ရလိုက်သည့်အလား ဝူရီသည် သူမ၏ ရင်တွင်း ခံစားချက်များကို မီးကုန်ယမ်းကုန် ဖွင့်ထုတ်တော့လေသည်။ ယခု ကိစ္စတင်ပါမဟုတ်၊ ယခင်နှစ်များအတွင် ခံစားခဲ့ရသော မတရားမှုများ၊ မကျေနပ်ချက်အားလုံးကို ဖွင့်ထုတ်ပြောဆိုနေခဲ့သည်။ ရန်ကိုင် နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်ဖြစ်စေ၊ ရပ်ပြီးတော့သာ နားထောင်နေရသည်။ သူမ မိသားစု မည်မျှ အားနည်းကြောင်း၊ အရိပ်လခန်းမ သူမတို့အား မည်ကဲ့သို့ အနိုင်ကျင့်ကြောင်း၊ စသဖြင့် အမျိုးမျိုုးသော အကြောင်းအရာများကို ဖွင့်ဟ ပြောဆိုတော့လေသည်။
ခဏကြာပြီးနောက် ဝူရီ ပါးစပ်ညောင်းလာပြီး ဆက်မပြောတော့။ သူမ၏ မျက်လုံးများဆိုလျှင်လည်း ငိုရလွန်းသဖြင့် မို့အစ်နေခဲ့လေပြီ။
ထို့နောက် ရန်ကိုင် မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည် “အဲ့ရွှေရောင်လှံပိုင်ရှင်က နင်မလား”
ရန်ကိုင် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
ထိုမိန်းမသည် ယခုထိတိုင် သူ့အား သံသယဝင်နေဆဲ။ သူမ လက်အောက်ငယ်သားများတွင် ထိုကဲ့သို့ အရည်အချင်း မရှိမှန်း ဝူရီသိသည်။ သူမ မသိသည်ကား လမ်းတစ်ဝက်တွင် ကြယ်သင်္ဘောပေါ် ခေါ်တင်ခဲ့သော ရန်ကိုင် အကြောင်းကိုပင်။
“နင်တကယ် မဟုတ်တာလား” ဝူရီ သိပ်မယုံကြည်နိုင်သေး “နင့်ကြည့်ရတာ မြင်ရသလောက် အားမနည်းဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ”
မိန်းမတို့၏ ဆဠမအာရုံသည် တကယ်ကို ကြောက်ဖို့ကောင်းပေသည်။ သို့သော်လည်း ရန်ကိုင်ကမူ ဟန်မပျက်ပြုံးလျက် “ငါက သူတော်စင် တတိယအဆင့်ပဲရှိတာလေ။ ငါ့မှာ ဝှက်ဖဲတွေဘာတွေ ရှိတယ်ဆိုရင်တောင် အဲ့လို ခွန်အားမျိုးကို ဘယ်လိုမှ မထုတ်ဖော်နိုင်ဘူး”
ဝူရီသည် ရန်ကိုင်အား ခဏကြာအောင် ဆက်စောင့်ကြည့်နေပြီးနောက် ခေါင်းခါရမ်း “ငါမသိတော့ဘူး။ ငါနင်နဲ့တွေ့တိုင်း အမြဲတမ်း ဖိအားတစ်ခုခုကို ခံစားနေရတယ်။ ငါတို့သာ တိုက်ကြရင် ရှုံးမ့ယ်လူက ငါပဲလို့ ငါမသိစိတ်က ပြောနေတယ်။ ငါမသိစိတ်ကို ငါယုံတယ်”
“နင်ငါ့ကို အရမ်းအမြင့်ကြီး တွေးနေတာပဲ” ရန်ကိုင်က ဆက်ငြင်းလိုက်ပြီး အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည် “ငါနင့်ကို နှုတ်ဆက်စကားပြောဖို့ လာခဲ့တာ”
“နှုတ်ဆက်စကားလား” ဝူရီ ကြောင်သွားပြီး “နင်ဘယ်သွားမလို့လဲ။ အရိပ်ကြယ်ပေါ်မှာ နင်သိတဲ့လူရှိလို့လား”
“မရှိဘူး။ ဒါပေမယ့် ငါ့ကို ခေါ်ဖို့ မကြိုးစားနဲ့။ နင်တို့ မိသားစုထဲ ငါမဝင်ချင်ဘူး”
ဝူရီက ပြုံးလိုက်ပြီး “ကြည့်ရတာ ငါ့မိသားစုလေးကို နင်သိပ်အထင်မကြီးဘူးနဲ့ တူတယ်။ နင့်ကျင့်ကြံခြင်းက မမြင်ပေမယ့် နင်က အပြင်လောကကြီးက လာတဲ့လူပဲလေ။ ဒီထက် ပိုပြီး ကြီးကျယ်တဲ့ အရာတွေကို မြင်ဖူးခဲ့မှာပေါ့၊ ဟုတ်တယ်မလား။ ဟုတ်ပြီလေ၊ နင်က ထွက်သွားချင်နေမှတော့ ငါလည်း နင့်ကို တားမနေတော့ချေ။ ဒါပေမယ့် နင့်ကို ကတိပေးထားတာကို မမေ့နဲ့နော်”
“မမေ့ပါဘူး”
“အဲ့လို မထွက်သွားတော့နဲ့” ဝူရီက မတ်တပ်ရပ်လိုက်ပြီး ခါးကြော ဆန့်လိုက်သည်။ ထိုသို့ လုပ်လိုက်လေရာ သူမ၏ စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကောက်ကြောင်းကို ရန်ကိုင်အား ပြသသလို ဖြစ်သွားခဲ့သည်။ ရန်ကိုင်၏ ထူးဆန်းသွားသော မျက်နှာထားကို ဂရုပင်မစိုက်ဘဲ သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်သည် “ဒီမြုံနေတဲ့တောင်ကို နင့်ဆီ ပေးမယ်ဆိုရင်ကော”
“ငါ့ကို ပေးမှာလား” ရန်ကိုင် ကြောင်သွားသည်။
“ဒီနဂါးလိုဏ်ဂူတောင်က ငါတို့မိသားစုရဲ့ အပိုင်ပဲ။ ဒီတောင်မှာ သမိုင်းကြောင်းအရှည်ကြီးရှိတယ်။ ဒီမှာ ရတနာတွေ၊ သတ္တုတွေ မထွက်ဘူးဆိုပေမယ့် မိုးမြေစွမ်းအင်ကတော့ အခြားနေရာတွင် သွားယှဉ်ရင်တောင် အောက်မကျဘူး။ တံခါးပိတ်ကျင့်ကြံတော့မယ်ဆို ငါဒီကိုလာပြီးတော့ပဲ ကျင့်ကြံတယ်။ ရှုခင်းကလည်း လှတယ်လေ။ ယုဖုန်းနဲ့ သူ့အဖွဲ့သားတွေလည်း ဒီကို ခဏခဏလာတယ်။ ဘာပြဖြစ်ဖြစ်၊ နင့်မှာသွားစရာနေရာမ ရှိသေးရင် ဒီမှာနေလို့ရတယ်။ နင်လိုချင်ရင် အခုကနေစပြီး ဒီနေရာက နင့်အပိုင်ပဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ဝူရီအား စိုက်ကြည့်လိုက်သည်။ သူမ မနောက်နေမှန်း သိလိုက်ရပြီးနောက် အံ့ဩတကြီးဖြင့် ပြန်မေးလိုက်သည် “နင်ဒါကို ငါ့ကို တကယ်ကြီး ပေးမှာလား”
ဝူရီက ရယ်သွမ်းသွေးလိုက်ပြီး “တကယ်တော့ နင်မသိလို့၊ အရိပ်ကြယ်ပေါ်မှာလေ။ ဒီလို မြေမျိုးဆိုတာ ဘာမှ အဖိုးတန်တာ မဟုတ်ဘူး။ အရိပ်ကြယ်ကြီးက အကျယ်ကြီးပဲ။ ငါတို့ ဟိုင်ခဲမိသားစုက မိသားစုလေး တစ်ခုဆိုရင်တောင် ငါတို့ပိုင်ဆိုင်ထားတဲ့ မြေနေရာ အကျယ်အဝန်းက မိုင်ပေါင်းသောင်းနဲ့ချီတယ်။ ဒီလို တောင်တစ်လုံးကို ဘာလို့ထည့်တွက်စဉ်းစားနေရဦးမှာလဲ။ အခြားကျင့်ကြံရေးကြယ်တွေ ပေါ်မှာကော ဒီလို အဖြစ်မျိုး မကြုံဖူးဘူးလား”
ရဣ်ကိုင် ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့သော မြေမျိုးသည် အရိပ်ကြယ်ပေါ်တွင် အဖိုးမတန်ကြောင်းကို ရန်ကိုင် နားလည်သွားခဲ့သည်။
“နင်ဘာလို့ ငါ့ကို ခေါ်ထားချင်နေတာလဲ။ နင်ငါ့ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်”
ထိုစကားကို ကြားကြားချင်း ဝူရီ ကြောင်းအမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် ဝါးလုံးကွဲ ထရယ်ပါတော့လေသည်။
ရန်ကိုင်မျက်နှာ မဲ့ရွဲ့သွားပြီး ချက်ချင်းပဲ ပြန်မေးလေသည် “နင်ဘာကို ရယ်နေတာလဲ”
ဝူရီက သူမလက်ကို ဝှေ့ရမ်း၍ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည့် ပုံစံဖြင့် “နင့်မှာ မိန်းမတွေ အများကြီးရှိမှန်း ငါသိတယ်။ အဲ့မိန်းမတွေကလည်း နင့်ကိုကြိုက်မှန်း ငါသိတယ်။ ဒါပေမယ့် နင့်ကိုယ်နင် ဒီလောက် အမြင့်ကြီး မတွေးလို့ မရဘူးလား။ ငါ… ငါက၊ ငါ့မိသားစုကို ထောက်ပံ့ပေးချင်ရုံပဲ။ ယောကျာ်း၊ မိန်းမကြားက ကိစ္စတွေကို မစဉ်းစားသေးဘူး။ စဉ်းစားမယ်ဆိုရင်တောင် မိန်းမအများကြီး ရှိပြီးတဲ့ လူတစ်ယောက်ကို ထည့်စဉ်းစားမှာမဟုတ်ဘူး”
“အဲ့လိုဆို အကောင်းဆုံးပဲ” ရန်ကိုင် နှာခေါင်းရှုံ့လိုက်သည်။ ထိုကဲ့သို့ အဖဲ့ခံလိုက်ရသည့်အတွက် စိတ်ထဲ နည်းနည်းတော့ မကျေမနပ် ဖြစ်မိသည်။
“ဒီတော့ အဆင်ပြေသွားပြီပေါ့” ဝူရီက ပြုံး၍ မေးလိုက်သည်။
“အခုလောလောဆယ်တော့ ဒီမှာပဲ နေရဦးမှာပေါ့။ နင်ပြောသလိုပဲ၊ ငါ့မှာ သွားစရာနေရာမှ မရှိသေးတာ” ရန်ကိုင်က ပခုံးတွန့်လိုက်သည်။
“တကယ်တော့ ဒီနေရာက တော်တော်လေးကောင်းတာ။ ကောင်းကင်ကံကြမ္မာမြို့တော်က ဒီနေရာက မိုင်ငါးဆယ်လောက်ပဲ ဝေးတာ။ ဝယ်စရာရှိရင် အဲ့သွားပြီး ဝယ်လိုက်ရုံပဲ ။ အဝေးကြီး သွားနေစရာ မလိုဘူး။ နင့်မှာ နေဖို့အသုံးအဆောင်တွေဘာတွေ ဘာမှ မရှိသေးဘူး မလား။ ယုဖုန်းတို့ကို ယူလာပေးဖို့ ငါပြောလိုက်မယ်။ နင်ဒီမှာ စိတ်အေးအေးနဲ့ နေလို့ရတယ်။ အများကြီး တွေးမနေနဲ့။ ခရီးတစ်ထောက် နားတယ်လို့သာ စဉ်းစားထားလိုက်။ ငါ့မိသားစုကို ထိန်းချုပ်နိုင်တဲ့နေ့မှ နင့်စကားကို ပြန်ရုတ်သိမ်းဖို့ မလုပ်နဲ့”
ရန်ကိုင်က ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် သဘောမတူချင်လိုလို ဖြစ်နေသည့်တစ်ချက် ရှိပေသည်။ ဝူရီအနေဖြင့် ဟိုင်ခဲမိသားစုကို တာဝန်ယူရန်အတွက် အနည်းဆုံး နှစ်ပေါင်းများစွာ လိုအပ်လိမ့်မည်ဟု သူခံစားနေရသည်။
ရန်ကိုင်သည် ဝူရီနောက်မှ လိုက်သွားလိုက်ရာ မကြာမီ လိုဏ်ဂူတစ်လုံး ရှိရာဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် တင်ပလင်ခွေထိုင်ကျင့်ကြံရန် နေရာလေးတစ်ခု ရှိနေခဲ့သည်။ ထိုနေရာသည် သူမလက်ရာဖြစ်ကြောင်း ဝူရီက ရှင်းပြလိုက်သည်။
ထိုလိုဏ်ဂူသည် တော်တော်လေးနက်ပြီး တောင်အလယ်ဗဟိုအထိ လမ်းကြောင်းပေါက်နေသည်။ အနီးအနားတွင် ရေကန်လေးတစ်ကန်အဖြစ် စုစည်းနေသည့် စမ်းချောင်းလေးတစ်ခုပင် ရှိနေသေးသည်။
ပုံစံက သိပ်မကောင်းပေမယ့် နေရာကတော့ တော်တော်ေလေး ကျယ်တယ်။ နင်ဘက်က ဆန္ဒရှိရင်တော့ ငါ့အိမ်မှာ ယုဖုန်းတို့နဲ့အတူ လာနေလို့ရတယ်”
“မလိုဘူး။ ဒီနေရာဆို အဆင်ပြေတယ်” ရန်ကိုင်က ခေါင်းခါလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူလိုနေသည်မှာ နေစရာနေရာသာ ဖြစ်လေရာ မည်သည့်နေရာပင် ဖြစ်ပါစေ အရေးမကြီးချေ။ ဤနေရာသည် အခြားနေရာများနှင့်ယှဉ်လျှင် တစ်ကိုယ်တည်း ခွဲထွက်နေသလို ဖြစ်သော်လည်း မိုးမြေစွမ်းအင်သည် အခြားနေရာများထက် အတော်လေး ပိုသိပ်သည်းပေသည်။
“အဲ့ဒါဆို ငါသွားတော့မယ်နော်။ နင့်ဘာသာ ဒီနေရာနဲ့ ရင်းနှီးအောင် လုပ်ထားလိုက်။ ငါပြန်သွားရဦးမယ်။ ဟိုကောင်တွေကို ကတိပေးထားတဲ့ အတိုင်း ဆုပေးဖို့ လိုသေးတယ်” ဝူရီက ပြောလိုက်သည်။
ဝူရီ ထွက်သွားပြီးနောက် သူ့အိမ်သစ်ကို သေချာစလေ့လာတော့သည်။
တောင်စမ်းချောင်းသည် လိုဏ်ဂူကို ဖြတ်သန်းစီးဆင်းနေသော်ငြား ပတ်ဝန်းကျင်သည် စိုထိုင်းထိုင်း ဖြစ်နေခြင်းမရှိဘဲ နေထိုင်ရန် အလွန်ကိုမှ သင့်လျော်ပေသေည်။ လိုဏ်ဂူသည် သဘာဝအတိုင်း ဖြစ်လာခြင်းဖြစ်၏။ လမ်းကြောင်းမှာ တွန့်လိမ်ကောက်ကွေးနေခဲ့ပြီး သေသေချာချာ ပြုလုပ်ထားသည့် အခန်းတစ်ခန်းမှလည်း မရှိပါချေ။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ ပတ်ပတ်လည် မိုင်တစ်ထောင်အကွာတွင် ဝူရီပြောသကဲ့သို့ မည့်သည့် ဆေးပင်၊ သတ္တုတွင်းမှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ မိုးမြေစွမ်းအင် အနည်းငယ် ကြွယ်ဝသည်မှာလွဲ၍ ဤနေရာသည် တောင်တစ်လုံး သက်သက်သာ ဖြစ်လေသည်။
ဤနေရာကို သူ့ဆီ အလွယ်တကူ ပေးလိုက်သည်မှာလည်း အံ့ဩစရာ မဟုတ်တော့ျချေ။
သူသည် အပြင်လောကကြီးမှလာပြီး ဤနေရာတွင် ရှိသူတိုင်းထက် အပြင်လောကကြီးအကြောင်း ပိုသိထားသည့်အတွက် အရေးကြုံသော် သူ့ဆီမှ အပြင်လောကကြီးအကြောင်း မေးမြန်းရန်အတွက် ဝူရီသူ့အား ခေါ်ထားလိုခြင်းဖြစ်မှန်း ရန်ကိုင်သည်။ သူသည် အပြင်လောကကြီးမှ လာသည်ဆိုသော အချက်ကိုသာ ဝူရီ ဂရုစိုက်သည်။ သူ့ခွန်အားကိုမူ ခေါင်းထဲထည့်လိမ့်မည် မဟုတ်ချေ။
ဝူရီတွင် သူမ မိသားစုကို အားကောင်းလာစေချင်သည့် ဆန္ဒရှိသည်။ ရန်ကိုင်တွင်လည်း ဆန္ဒတစ်ခုရှိသည်။ ကြယ်စီရင်စုတစ်ခုလုံအနှံ့ ထင်ရှား ကျော်ကြားလာရန်ပင်။ နှစ်ယောက်သား၏ ရည်ရွယ်ချက်မှာ ကွဲပြားသော်ငြား သူတို့၏ ရည်ရွယ်ချက် ဖြစ်မြောက်ရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရန် လိုပေသည်။
ရန်ကိုင် ရုတ်တရက် အစီအစဉ် တစ်ခု စဉ်းစားမိလိုက်သည်။ သူ့နာမည်ကို ဟိုင်ခဲမိသားစုတွင် အရင်ကျော်ကြားအောင် လုပ်ရမည်။ ထို့နောက် အရိပ်လခန်းမ၊ ထိုမှတစ်ဆင့် အရိပ်ကြယ်တစ်ခုလုံး၊ နောက်ဆုံးတွင် ကြယ်စီရင်စုတစ်ခုလုံး သိအောင် လုပ်ရမည်။ နောက်ဆုံးအချိန်သို့ ရောက်လာသည့်အခါ စုယန် သူ့အကြောင်း မသိမှာကို စိုးရိမ်စရာ မလိုတော့ချေ။
ထိုကဲ့သို့ တွေးလိုက်မိသည့်အခါ ရန်ကိုင်စိတ်ထဲ အနာဂတ်နှင့် ပက်သက်သည့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။