← Chapters

အခန်း (၃၈၉)

Vol. 27 Ch. 389

အခန်း (၃၈၉)

Vol. 27 Ch. 389

[ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်ဆယ့်ခုနှစ်သန်းကို ထုတ်နုတ်လိုက်သည်။ လက်ခံသူ၏ ကျင့်ကြံခြင်းအဆင့်သည် အန္တိမလမ်းစဉ် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်]

စနစ်၏အသံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လီယွင်၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခု ကွဲအက်သွားသလို အသံမျိုး ထွက်ပေါ်လာ၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သိန်းပေါင်းများစွာသော ဆဲလ်များသည် အသက်ဝင် နိုးထလာခဲ့၏။ အရိုးများ၊ ကိုယ်တွင်းကလီစာများ၊ အသား နှင့် ရိုးတွင်းခြင်ဆီများ၊ သွေးအဆီအနှစ်များ ... အားလုံးတို့သည် ပြောင်းလဲသွားခဲ့၏။

ခန္ဓာကိုယ်တစ်ခုလုံးတွင် ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကြည့်ရှုနေသူများ အားလုံးကို မျက်စိ တလက်လက် တောက်ပစေသည့် အရှိန်အဝါမျိုးပင်။ သွေးတစ်စက်ချင်းဆီတိုင်းသည် အရည်အသွေးအရ တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ ကြည့်ရသည်မှာ ထိုသွေးထဲတွင် ရှေးနဂါးများ၏ သွေးအဆီအနှစ်များ ပါဝင်နေသည့် ပုံပင်။

စကြဝဠာတစ်ခုလုံး ပျက်စီးသွားလျှင်တောင် မသေမျိုးအဖြစ် ကျန်ရှိခဲ့သည်ဆိုသော စိတ်ဆန္ဒမျိုးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းတွင် ဖြစ်တည်လျက် ရှိနေ၏။ အရာအားလုံးသော သင်္ကေတများ၊ တာအို၏ ပုံပန်းသွင်ပြင်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ ထိုအရာများ အားလုံးသည် လီယွင် ပိုင်ဆိုင်သည့် အရာများပင် ဖြစ်သည်။

ကြည့်ရသည်မှာ ၎င်းသည် အသင်္ချေ များပြားလှသည့် လောကများဆီသို့ ချိုးဖြတ်ကာ သွားလာနိုင်သည့် အစွမ်းကို ပိုင်ဆိုင်သွားပုံပင်။ လီယွင်သည် အချိန်အကြာကြီး မျက်လုံးကို ပိတ်ထား၏။ သူသည် အချိန်၏ မြစ်ရေစီးကြောင်း ထက်တွင် ရှိနေသည့် အစိတ်အပိုင်းအားလုံးကို ပြန်လည်ကာ စုစည်းပြီးနောက် အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အရာအားလုံးဆီသို့ လှည့်လည်ကာ ခရီးသွားလာနိုင်စွမ်းရှိသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာ၏။

သူ၏ ခန္ဓာကိုယ် ရောက်ရှိသွားရာနေရာသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ထိုအရာများ အားလုံးကို မရည်ညွှန်း နိုင်သော လူတစ်ယောက် အဖြစ်လည်း ပြောင်းလဲသွားနိုင်စွမ်း ရှိနေ၏။ မျက်လုံးကို မှိတ်လိုက်ပြီးသည့်နောက် အချိန်၏ မြစ်ရေစီးကြောင်းအထက်တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် တာအို၏ သင်္ကေတများသည် ၎င်းကို လွှမ်းခြုံလျက် ရှိနေပြီး အလွန့်အလွန်ကို စွမ်းအားကြီးမားလှသည့် အန္တိမ ကျင့်ကြံသူတစ်ယောက်အဖြစ် သိသာထင်ရှားစေသည်။

ခံစားမှုသည် တကယ့်ကို နက်နဲလွန်းလှချေ၏။ အချိန်မှာ ဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့သော်လည်း လီယွင်၏ အော်ရာများသည် ဆက်လက် ပြောင်းလဲလျက် ရှိနေတုန်းပင်။ ၎င်းသည် မြန်မြန်ဆန်ဆန်ပဲ အဆင့်တက်လျက် ရှိ၏။

အန္တိမလမ်းစဉ် - စဦးအဆင့်

အန္တိမလမ်းစဉ် - အလယ်အလတ်အဆင့်

အန္တိမလမ်းစဉ် - ထိပ်ဆုံးအဆင့်

နောက်ဆုံးအဆင့်သို့ ရောက်သည့်အချိန်မှာတော့ လီယွင်၏ ခန္ဓာကိုယ်တွင် ရောင်စဉ်အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုရောင်စဉ်အလင်းတန်းများသည် ၎င်း၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို ဖုံးအုပ်ထားခဲ့၏။ ၎င်း၏ သွေးအဆီအနှစ် တစ်ခုလောက်သည်သာ အပြင်ဘက်သို့ တစ်ချက်လောက် လွင့်စင်သွားသည် နှင့်တပြိုင်နက် ကောင်းကင်မူလလောကကြီး တစ်ခုလုံး ပျက်စီးသွားနိုင်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိမှုသာ မရှိဘူးဆိုပါက လက်ရှိ ကောင်းကင်မူလလောကကြီးမှာ သူအဆင့် ချိုးဖြတ်လိုက်သည်နှင့်တပြိုင်နက် သမိုင်းမှတ်တမ်းထဲမှ ပျောက်ကွယ်သွားသည့် လောကကြီးတစ်ခုအဖြစ် ဖြစ်ပျက်သွားမှာ သေချာ၏။

လီယွင်သည် လက်နှစ်ဖက်ကို အနောက်သို့ ပစ်ကာဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်နေ၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို တုန်ခါစေပေလိမ့်မည်။ အသင်္ချေ များပြားလှသည့် လောက၏ နိယာမများ အားလုံးတို့သည် ၎င်း၏ ခြေထောက်အောက်တွင် လာရောက်ကာ စုဝေးနေသည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြီး ဖြစ်တည်လာခဲ့ပြီး ထိုအရာကို မျက်မြင်တွေ့သည့် လူအားလုံးသည် ကျိန်းသေပေါက် ထိတ်လန့် ကြောက်ရွံ့ကြမှာ သေချာ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်အတွင်း မတ်မတ်ရပ်လျက် ရှိနေတုန်းမှာပဲ သူသည် အပြင်ဘက် တည်နေရာတစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။

သူ၏ မျက်လုံးများသည် အလွန်ဝေးကွာသည့် ကြယ်စင်စုများဆီသို့ပင် ရောက်ရှိလျက် ရှိနေလေသည်။ သူ၏ မျက်လုံးအောက်မှ လွတ်မြောက်သွားသည့်လူဟူ၍ တစ်ယောက်တစ်လေမှ မရှိလှပေ။ ဤလောကကြီးထဲတွင် လျှို့ဝှက်ချက်ဟူ၍ မည်သည့်အရာမှ မရှိတော့ပုံပေါ်သည်။

“အင်း... အန္တိမလမ်းစဉ်ကို ရရှိပြီးတဲ့နောက်မှာ တကယ့်ကို အံ့အားသင့်စရာကောင်းသလို ခံစားရတာပဲ” လီယွင်က တီးတိုးရေရွတ်လိုက်၏။ သူသည် သူရရှိနေသည့် အရာအားလုံးကို အိမ်မက်ကဲ့သို့ပင် ခံစားနေမိ၏။ အားလုံးကို တွေ့ကြုံခံစားပြီးသည့်နောက် သူသည် မယုံကြည်နိုင်စရာ ကောင်းလှသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လာကြောင်းကို သတိပြုမိ၏။

ဤကဲ့သို့သော အဆင့်သည် ခေတ်အဆက်ဆက် ရေတွက်လို့ မရအောင် များပြားလှသည့် ကျင့်ကြံသူများ စိတ်ကူးယဉ် တောင့်တရသည့် အဆင့်မျိုးပင် ဖြစ်၏။ ရှေးယခင်ကတည်းက အခုအချိန်အထိ ရေတွက်လို့ မရအောင် များပြားလှသည့် အင်ပါယာများ၊ အစစ်အမှန် အင်မော်တယ်များ ရှိခဲ့သော်လည်း အန္တိမ လမ်းစဉ်ဆီသို့ တက်လှမ်းနိုင်သည့်လူဟူ၍ ရှားပါးလွန်းလှသည်။

လီယွင်သည် လက်ရှိအချိန်၌ တခြားသူများ တစ်ဘဝတာလုံး မရရှိခဲ့သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလျက် ရှိနေ၏။ သူသည် အန္တိမ ကျင့်ကြံခြင်းအဆင့်ဆီသို့ ရောက်အောင် ကျင့်ကြံခဲ့ပြီးသည့်နောက် လောက၏ သက်တမ်း ဆိုသည်မှာ လီယွင်အတွက် အရေအတွက် တစ်ခုမျှသာ ဖြစ်လာခဲ့၏။

တစ်သက်လုံး အသက်ရှင်နေထိုင်ပြီး အရာအားလုံးကို စောင့်ကြည့်နိုင်စွမ်းရှိသည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ မိမိထက် အဆပေါင်းများစွာ အားကောင်းသော ကျင့်ကြံသူများနှင့် ပြဿနာ မတက်ရန်တော့ လိုအပ်သည်။ သို့ပေမဲ့ ဤကဲ့သို့ ဖြစ်နိုင်ချေသည် အမှန်ပင် နည်းပါးလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလောက ဆိုသည်မှာ အမြဲတမ်း ရှုပ်ထွေးလွန်းနေသည် မဟုတ်ပါလား။ လောကကြီးထဲတွင် ပုန်းအောင်းနေနိုင်သည် ဆိုလျှင်တောင်မှ ပြဿနာသည် မိမိ၏ တံခါးကို လာရောက်ခေါက်မှာ သေချာသည်။

“ငါ့ရဲ့လက်ရှိ အားအင်အဆင့်အရဆိုရင် မြေအင်မော်တယ်လောကကြီးနဲ့ ပေါင်းစပ်နိုင်စွမ်း ရှိနေလောက်ပြီ” လီယွင်က သုံးသပ်လိုက်၏။ ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်လည်ကာ ကြည့်ရှုပြီးသည့်နောက် သူသည် မြေအင်မော်တယ်လောက တည်ရှိရာနေရာဆီသို့ လှမ်းမျှော် ကြည့်ရှုလိုက်၏။

တစ်စုံတစ်ခုကို အာရုံခံမိသွားပုံဖြင့် လက်ကို အသာမြှောက်ကာ လေဟာနယ်ထဲသို့ လှမ်းလိုက်သည်။

ဘုန်း

ကျယ်လောင်လွန်းလှသည့် မိုးကြိုးပစ်သံကြီး ထွက်ပေါ်လာ၏။ ကောင်းကင်ယံ တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ တည်ငြိမ်လွန်းလှသည့် ရေကန်ကြီးတစ်ခုထဲသို့ ကြီးမားလွန်းလှသည့် ကျောက်တုံးကြီးတစ်ခု ပစ်ချလိုက် သကဲ့သို့ပင် လှိုင်းများသည် အရှိန်အဟုန် ပြင်းပြင်းနှင့် ဖြစ်တည်လာခဲ့၏။

အခိုးအငွေ့များသည် လောကကြီး တစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။ လေဟာနယ်ထဲကို လှမ်းကြည့်မည်ဆိုပါက အဆုံးမဲ့ ကြီးမားလွန်းလှသည့် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့ပြီး အစိတ်အပိုင်းတစ်ခုချင်းစီ သည်မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ပွင့်လှစ်လာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ။ လောကကြီးရဲ့ အဆုံးသတ်ကို ထပ်ပြီး ရောက်ပြန်ပြီလား”

“မဖြစ်နိုင်ဘူး။ အင်ပါယာကျန်းထျန်နဲ့ တိုက်ပွဲ ဖြစ်ခဲ့တာ မကြာသေးဘူးလေ။”

“အခု နောက်ထပ် အင်ပါယာ ကျန်းထျန်နဲ့ နှိုင်းယှဉ်လို့ရတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ထပ်ပြီးတော့ ပေါ်လာပြန်ပြီလား”

“ကောင်းကင်မူလလောကကြီးက တကယ့်ကို များပြားလွန်းတဲ့ ဘေးဒုက္ခတွေ ကြုံနေကြရတာပဲ”

ကောင်းကင်မူလလောကကြီး၏ အသင်္ချေများပြားလှသော မျိုးနွယ်များ အားလုံးတို့သည် စိတ်ထဲ၌ အကြိတ်အခဲကြီးများ ဖြစ်တည်လို့နေ၏။ အပေါ်တွင် ဖြစ်တည်လျက် ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အားလုံးတို့သည် နဝေတိမ်တောင် ဖြစ်လို့နေသည်။

သူတို့သည် ဘာတွေဖြစ်နေသည်ကို သေသေချာချာ မသိရှိခဲ့ကြချေ။ ဘာမှန်းမသိသည့် လောကကြီး တစ်ခုသည် သူတို့၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ မည်သည့်သတိပေးမှုမှကို မပြုလုပ်ဘဲ ရုတ်တရက် ပေါ်ပေါက် လာခဲ့ခြင်းလည်း ဖြစ်၏။ တချို့သော အင်ပါရီယာကလန်နှင့် အင်ပါယာအဆင့်တွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ဘာတွေဖြစ်နေသည်ကို သဲလွန်စ ရှာမတွေ့ခဲ့ချေ။

ဘုန်း

လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။ လေဟာနယ်ကြီးတွင် အဆုံးအစ ကင်းမဲ့လွန်းလှသည့် ကုန်းမြေကြီး တစ်ခုက ပေါ်ပေါက်လာ၏။ ထိုအရာသည် တည်နေရာအက်ကွဲကြောင်းကြီးကို ချိုးဖြတ်ကာ ရုတ်တရက် ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ တည်နေရာတစ်ခုလုံးသည် ကြက်သွေးရောင်စဉ်များ တောက်ပလျက် ရှိနေပြီး အဆုံးစွန်သော တိတ်ဆိတ်မှုကိုလည်း ထုတ်ဖော်လျက် ရှိနေလေ၏။

အဝေးမှ လှမ်းကာ ကြည့်ရှုလိုက်ရုံနှင့် ကြောက်လန့်မှုကို ခံစားရစေ၏။ အနီးသို့ မကပ်ဘူး ဆိုလျှင်တောင်မှ ထိုလောကကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရာတစ်ခုဖြစ်ပြီး ရိုးရှင်းလှသည့် အရာမဟုတ်ကြောင်း အားလုံးက နားလည်လာမိသည်။

ထိုလောကကြီး ပေါ်ပေါက်လာခဲ့သည့် အချိန်တွင်တော့ လီယွင်၏ နှုတ်ခမ်းထက်တွင် အပြုံးပန်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။ သူ့သည် လက်ကို အသာမြှောက်ပြီးသည့်နောက် အသာဆွဲလိုက်ပြန်၏။ ကြီးမားလွန်းလှသည့် လက်ဝါးကြီး တစ်ခုသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့၏။

တဂျိန်းဂျိန်းနှင့် ပေါ်ပေါက်လာခဲ့သော မိုးခြိမ်းသံများနှင့်အတူ ဤလောကကြီးသည် ကောင်းကင်မူလလောကကြီး နှင့် တိုက်ရိုက်ဆိုသလိုပဲ ပေါင်းစပ်သွားခဲ့၏။ ကြည့်ရှုနေသူများ အားလုံးသည် ရူးသွပ်သွားမလိုပင် ခံစားနေမိကြ သည်။

လောကကြီးနှစ်ခု ပေါင်းစပ်ခြင်းဆိုသည်မှာ ဤမျှ လွယ်ကူနေလေသည်လား။ လောကကြီးထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ဘာတွေဖြစ်နေမှန်း ကောင်းကောင်း မသိရှိခဲ့ကြပေ။

ကောင်းကင်မူလလောကကြီး၊ တော်ဝင်ရင်နိုင်ငံတော်၏ နန်းတော်တွင်းမှာတော့ ရှန်းတုရှင်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်ကာ တန်ခိုးကျင့်လျက် ရှိနေ၏။ သူသည် ခက်ခက်ခဲခဲဖြင့် သွေးနတ်ဆိုးလောကကြီး ဆီမှ လွတ်မြောက်လာခဲ့ခြင်းဖြစ်၏။ သူသည် အသက်ရှင်လျက် ကျန်ရစ်ခဲ့သည်ဆိုသော်လည်း အင်ပါယာကျန်းထျန် ကြောင့် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် သူသည် ကောင်းကင်မူလလောကကြီး ထဲ၌ မည်သည့်မိတ်ဆွေ၊ အပေါင်းအသင်း၊ မိတ်ဆွေမှ မရှိကြောင်း သတိပြုမိလိုက်သည်။

မည်သည့်နေရာကို သွားရမှန်းမသိဘဲ စဉ်းစားရခက်နေတုန်းမှာပဲ ပိုင်ချမ်းဟန်သည် သူ့ကို ဖိတ်ခေါ်ပြီး တော်ဝင်ရင်နိုင်ငံတော်ဆီသို့ ခေါ်လာခဲ့၏။

သွေးနတ်ဆိုးလောကကြီးတွင်သာ ဆိုပါက ရှန်းတုရှင်းသည် တော်ဝင်ရင်နိုင်ငံကဲ့သို့သော သေးငယ်လှသည့် နိုင်ငံတစ်ခုအား အထင်အမြင်သေးမှာ သေချာ၏။ တော်ဝင်သူတော်စင် တစ်ယောက်သည် အမိန့်ပေးနိုင်သည့် နယ်မြေဆိုသည်မှာ တကယ့်ကို နိမ့်ကျလွန်းလှ၏။ သိုပေမဲ့ တော်ဝင်ရင်နိုင်ငံတော်၏ လွှမ်းမိုးမှု တည်နေရာအောက်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေသည်ကို သုံးသပ်ပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန်ပဲ လက်ခံလိုက်သည်။

ရှန်းတုရှင်းအနေနှင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်အောင် ကြိုးစားလျက် ရှိနေတုန်းမှာပဲ ကျယ်လောင်လှသည့် မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး နန်းတော်ကြီးတစ်ခုလုံး တုန်ခါလာခဲ့၏။ တပြိုင်နက်တည်းမှာပဲ သူသည် ရင်းနှီးလျက် ရှိနေသည့် အော်ရာများကိုလည်း ရရှိခဲ့၏။ ရှန်တုရှင်း၏ မျက်လုံးများသည် ပွင့်လာခဲ့၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် အပြင်ဘက်သို့ လှမ်းထွက်လိုက်၏။

ကျယ်ပြောပြီး အဆုံးအစမဲ့သော ကုန်းမြေတိုက်ကြီး တစ်ခု ပေါ်ပေါက်လာသည်ကို သူက မျက်စိဖြင့် တပ်အပ်မြင်လိုက်ရ၏။ သူသည် အံ့အားသင့် ထိတ်လန့်စွာဖြင့် ထအော်လိုက်မိသည်။ “သွေးနတ်ဆိုး လောကကြီးလား”

All Chapters