အခန်း (၃၉၅)
Vol. 27 Ch. 395
“အင်မော်တယ်တာအိုရဲ့ အော်ရာတွေပဲ”
ခရမ်းရောင်နတ်နဲလောကကြီး၏ စကြဝဠာအစွန်းဘက်မှာတော့ မိုးကောင်းကင်နတ်ဘုရားကဲ့သို့ ခန္ဓာကိုယ် နှင့် လူသည် တည်နေရာတစ်ခု၌ ပေါ်ပေါက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် အော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။
ကြီးမားလှသည့် ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ မိုးကောင်းကင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူများထဲမှ တစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ၎င်း၏ နောက်ကျောဘက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ ၎င်းတို့မျိုးနွယ်များသည် တည်နေရာထဲတွင် မတ်မတ် ရပ်လျက်ရှိသည့် မြေအင်မော်တယ်နယ်မြေကြီးကို လှမ်းကာကြည့်ရှုနေမိကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ခံစားချက် ကင်းမဲ့နေသလို မည်သည့် အဓိပ္ပာယ်မှ ရှိမနေချေ။
ဤလူသည် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာမှလွဲ၍ တခြားမဟုတ်ချေ။ ၎င်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် မြေအင်မော်တယ်လောကကြီး ချဉ်းကပ်လာသည်ကို ကြည့်ရှုနေ၏။
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာ ကဲ့သို့ပင် အင်ပါယာ မိုယွမ်နှင့် အင်ပါယာ တော်တော်များများတို့သည် တားမြစ်တည်နေရာထဲမှ ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ဆီသို့ ချဉ်းကပ်လာခဲ့ကြသည်။ တစ်ယောက်ချင်း စီတိုင်းသည် လေးနက်သည့် အမူအယာများ တည်ရှိနေကြ၏။ အစပိုင်းတုန်းက မည်သည့်စကားကိုမှ မပြောဆိုခဲ့ကြချေ။ သို့ပေမဲ့ ခရမ်းရောင်နက်နဲလောကကြီးသည် သေခြင်း၊ ရှင်ခြင်း အရေးကြီးသော အခြေအနေ၌ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့အားလုံးက နားလည်မိကြသည်။
“သွေးသစ္စာချောက်ကမ်းပါး... စည်းခတ်မယ်”
ခဏလောက်ကြာပြီးသည့်နောက် အသံအိုကြီးတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုလူသည် အင်ပါယာ ပိုင်လော်ပင်ဖြစ်၏။ ၎င်းသည် ခါးကုန်းကုန်းနှင့် ဖြစ်ပြီး ကျိုင်းတုတ်တစ်ခုကိုမှီကာ မတ်မတ်ရပ်လျက်ရှိ၏။ အချိန်မရွေး လဲကျမည့်ဟန်ပန် အမူအယာမျိုးပင်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ အင်ပါရီယာ အော်ရာများ ထွက်ပေါ်နေခြင်း မရှိချေ။ သို့ပေမဲ့ ၎င်းသည် အင်ပါယာ တစ်ယောက်ဖြစ်၏။
“ကျုပ် စီနီယာပိုင်လော်ကို နှုတ်ဆက်ပါတယ်” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် ဦးညွတ်လိုက်၏။ သူ၏ နှလုံးသားထဲတွင် လေးနက်သည့် ခံစားချက်များ ဖြစ်တည်နေခဲ့သည်။
ခရမ်းရောင်နက်နဲလောက၏ အရေးကြီးသော အခြေအနေတွင် အင်ပါယာတိုင်း၊ အင်ပါယာတိုင်းသည် အသေခံ၍ ခုခံရန် စိတ်ကူး မရှိကြချေ။ နှစ်သန်းထောင်ချီကျင့်ကြံပြီးသည့်နောက် ၎င်းတို့၏ အန္တိမရည်မှန်းချက်သည် ထာဝရအသက်ရှင် နေထိုင်ခြင်းဖြစ်၏။ ထို့ကြောင့် တချို့သော အင်ပါယာများသည် မသေချင်ကြပေ။
လက်ရှိ အခြေအနေ၌ မြေအင်မော်တယ်လောကကို ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုသည်မှာ အားလုံးတို့၏ မျက်လုံးထဲ၌ သေဆုံးခြင်းဆီသာ ရောက်ရှိနိုင်မည့် လမ်းတစ်ခုဖြစ်သည်။ သံသယရှိစရာမလိုပင်။ သွေးသစ္စာချောက်ကမ်းပါးသည် ခရမ်းရောင်နက်နဲလောကကြီး၏ တားမြစ်တည်နေရာတစ်ခုဖြစ်၏။ ထိုသူတို့သည် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မည့်အစား ဆုတ်ခွာပြီး ငြိမ်ငြိမ်သက်သက်ဖြင့် ပုန်းအောင်း ကြည့်ရှုရန်ကိုသာ ရွေးချယ်လိုက်ကြ၏။
“ဒီအချိန်မှာ လောကဝတ်တွေ လုပ်နေစရာ မလိုဘူး” အင်ပါယာပိုင်လော် သည် လက်ကို အသာ ယမ်းခါကာ ပြောလိုက်၏။ ၎င်း၏ အဖြူရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ ၎င်း၏ မျက်လုံးအကြည့်များသည် တကယ်ပင် စူးရှလွန်းလှ၏။ ထိုအကြည့်များသည် တစ်ရွေ့ရွေ့ချဉ်းကပ်လာပြီဖြစ်သော မြေအင်မော်တယ်လောကကြီးဆီသို့ စူးစိုက် ရောက်ရှိနေသည်။
“မြေအင်မော်တယ်လောကကြီးက တကယ့်ကို အလျင်စလိုနဲ့လာခဲ့တာပဲ။ စီနီယာနန်းဆောင်သခင်က ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးကို အသက်ရှူဖို့အချိန် နည်းနည်းလေးတောင် မပေးခဲ့ပါလား။ ကျုပ်သာ နောက်ထပ် နှစ်တစ်သောင်းလောက် ထပ်ပြီးနေရမယ်ဆိုရင် ကျိန်းသေပေါက် ဒီလောကကြီးထဲမှာ အင်မော်တယ် တစ်ယောက်ဖြစ်လာမှာ သေချာတယ်”
အင်ပါယာပိုင်လောင်၏ အသံအိုကြီးက ထွက်ပေါ်လာ၏။ ၎င်း၏ အသံထဲတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒ ဟူ၍ တစ်ချက်ကလေးမှမရှိဘဲ အကူအညီမဲ့သည့် ခံစားချက်မျိုးသာ တည်ရှိနေ၏။ သူ၏ စကားလုံးများသည် တကယ့်ကို ခန့်မှန်းရခက်စေ၏။
အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့ အားကောင်းမလာခင် အချိန်က ဤအဘိုးကြီးသည် ခေတ်ကြီး တစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အဆင့်တူချင်းတွင် မည်သူမဆိုထက် ပိုမိုကာ သာလွန်သည့် အားအင်ကို ပိုင်ဆိုင်ခဲ့သည်။
အင်ပါယာစာရင်းတွင် ၎င်း၏ နောက်မျိုးဆက် အင်ပါယာနှစ်ယောက်တို့သည်သာ ပေါ်ပေါက်မလာခဲ့ပါက အင်ပါယာပိုင်လော် သည် အားလုံးသောသူတို့၏ အားကိုးရာအဖြစ် သတ်မှတ်ခံရမည့် သူမျိုးဖြစ်သည်။ ထို့အပြင် ၎င်းသည် နှစ်ပေါင်းတစ်သောင်းလောက် အချိန်ရရှိမည်ဆိုလျှင် ကျိန်းသေပေါက် အင်ပါယာဖြစ်ရန် အခွင့်အရေးမျိုးကို ပိုင်ဆိုင်၏။
၎င်းအင်မော်တယ် ဖြစ်မလာခဲ့ခြင်းသည် အင်မော်တယ်တစ်ယောက် ဖြစ်လာရန် အခွင့်အရေး မရရှိခဲ့သောကြောင့်ပင်။ ယခု လောကကြီး၏ အဆင့်အတန်းက အင်မော်တယ်ဖြစ်ရန် ခွင့်ပြုလာပြီဆိုပါက သူ့အနေနှင့် အဆင့်ချိုးဖြတ်နိုင်ရန်အတွက် တချို့သောပြင်ဆင်မှုများကို ပြုလုပ်ရန် လိုအပ်လာပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ကို ပြင်ဆင်ရန်အတွက် အချိန်မပေးခဲ့ချေ။
သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား စိတ်ထဲ၌ မကျေမနပ် ဖြစ်ရုံသာရှိ၏။ ထုတ်ဖော်ကာ စောဒကတော့ မတက်ရဲပေ။ လောကကြီး၌ တချို့သောသူများသည် ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း ပြုလုပ်နိုင်စွမ်း ရှိသည့်လူများ ဖြစ်၏။ ပုရွက်ဆိတ်ကလေးများ၏ အတွေးကို မည်သူက ဂရုစိုက်မည်နည်း။ ကိုယ်ကိုယ်ကိုယ်ပဲ အရင် ဦးဆုံး စဉ်းစားကြည့်သင့်၏။ အင်ပါယာများသာ အဆင့်အမြင့်ဆုံးအဖြစ် ရှိခဲ့သည့် အချိန်က ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူများ၏ အတွေးကိုပင် သူတို့ စိတ်ထဲ၌ ထည့်သွင်း တွေးတော စဉ်းစားခဲ့ခြင်း မရှိခဲ့ကြချေ။ ဤအရာသည် လောက၏ သဘာဝပင်။
“ဒါပေမဲ့”
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အင်ပါယာမိုယွမ်သည် လေးနက်သည့် အသံဖြင့် ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “အင်ပါယာပိုင်လော် က အစစ်အမှန် အင်မော်တယ်တစ်ယောက် မဖြစ်သေးဘူးဆိုတော့ အင်မော်တယ်အဆင့် လောကကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျုပ်တို့ အနိုင်ရဖို့ အခွင့်အလမ်း မရှိဘူးလေ”
“ဒါကတော့ အမှန်ပဲ” တခြားသော အင်ပါယာတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။
“ကျုပ်တို့ ဒီတစ်ကြိမ် မြေအင်မော်တယ်လောကကြီးကို ခုခံမယ်ဆိုရင် သေသွားလိမ့်မယ်။ မြေအင်မော်တယ်လောကကြီး ရဲ့အရှိန်အဝါက တကယ့်ကို ကြီးမားပြီး ပြင်းထန်လွန်းတယ်။ ဘယ်သူက ခုခံနိုင်မှာလဲ”
ပထမဦးဆုံးအနေနှင့် ခေါင်းပေါ်တွင် ဦးချိုကြီးတစ်ခု တည်ရှိနေသော အင်ပါယာ တစ်ယောက်သည် လက်ပိုက်ကာဖြင့် ပြောဆိုလိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ သွေးစွမ်းအင်များသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လျက်ရှိ၏။ သူသည် သူ့ကိုယ်သူ အမြဲတမ်း အထင်ကြီးတတ်သည့် လူတစ်ယောက်ဖြစ်၏။ တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် အင်ပါယာပိုင်လီနှင့် အင်ပါယာယုညို တို့ကိုပင်လျှင် စိန်ခေါ်တိုက်ခိုက်ရဲသည့် အစွမ်းအစကို ပိုင်ဆိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏ မောက်မာမှုများသည် ယုတ်လျော့ သွားခဲ့ပြီဖြစ်၏။
သူတို့ ပြောဆိုနေရင်းမှာပဲ လူသုံးယောက်တို့သည် လေဟာနယ်ထဲမှ အသာချဉ်းကပ်လာ၏။ တစ်ယောက်ချင်းစီ တိုင်းသည် တားမြစ်တည်နေရာထဲမှ ထွက်ပေါ်လာခဲ့သော အင်ပါယာများပင်ဖြစ်၏။ ပုံမှန်အားဖြင့် ၎င်းတို့သည် တားမြစ်တည်နေရာ၏ အပြင်ဘက်သို့ ထွက်ပေါ်မလာတတ်ကြချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုနေရာဆီမှ ထွက်လာရန် ဆုံးဖြတ်ခဲ့ရသည်။
အင်ပါယာ တစ်ယောက်ချင်းစီတိုင်းသည် အလွန်အားကောင်းလှသော အရှိန်အဝါမျိုးကို ပိုင်ဆိုင်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံး၌ နတ်ဘုရားအလင်းတန်းများ တောက်ပလျက် ရှိနေပြီး အားလုံးသော သူတို့သည် ၎င်းတို့၏ မျက်နှာသွင်ပြင်များကို ထင်ထင်ရှားရှား မြင်ခွင့် မရကြချေ။
ရောက်ရှိလာခဲ့ပြီးသည့်နောက် အင်ပါယာမိုယွမ်နှင့် တခြားသူများ၏ဘေးတွင် မတ်မတ်ရပ်လိုက်ကြပြီး မြေအင်မော်တယ်လောကကြီး၏ တည်နေရာဆီသို့ တိတ်တဆိတ် လှမ်းကာ ကြည့်ရှုနေ၏။
ရှုပ်ထွေးလှသည့် လေဟာနယ်မြူများကြားထဲတွင် ဖြစ်တည်လာသည့် စွမ်းအင်လှိုင်းများသည် ပိုမိုကာ အားကောင်းလာခဲ့သည်။ ကြီးမားလွန်းလှသော လောကကြီးတစ်ခုလုံး၏ ဖိနှိပ်မှုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်သည့် အရှိန်အဝါမျိုးပင်။
အလွန့်အလွန်ကို ကြီးမားလွန်းလှသည့် လက်ကြီးတစ်ဖက်သည် အားလုံးသောသူတို့၏ မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ကြယ်စင်စုများ အားလုံးပင်လျှင် မှေးမှိန်လျက် ရှိနေလေ၏။ ထိုလက်ကြီးသည် မြေအင်မော်တယ်လောကကြီးကို ကိုင်ဆောင်ကာဖြင့် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဟုန်နှင့်အတူ ရွေ့လျားလာခဲ့သည်။
“စီနီယာနန်းဆောင်သခင်ပဲ”
အင်ပါယာမိုယွမ်က ပြောဆိုလိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိဖူးပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အော်ရာများကို ကောင်းကောင်းနားလည်ခဲ့၏။ ဤကြီးမားလွန်းလှသည့် လက်ကြီးကို ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် သံသယရှိစရာပင် မလိုဘဲ သူ၏ အတွေးကို တထစ်ချ အတည်ပြုနိုင်၏။
“အင်း... ကပ်ဘေးဆိုတာ ရှောင်ရှားလို့ မရဘူးပဲ” အင်ပါယာတစ်ယောက်က ပြောဆိုလိုက်၏။ လက်ရှိ အခြေအနေတွင် အသစ်ဖြစ်သော တောင်များ၊ ချောင်းများ၊ နေ၊ လနှင့် ကြယ်စင်စုများ အားလုံးသည် ခရမ်းရောင်နက်နဲလောကကြီး၏ အစပ်တည်နေရာ၌ ထင်ထင်ရှားရှား ပေါ်လာသည်။ ထိုအရာ အားလုံးတို့သည် မြေအင်မော်တယ် လောကဆီမှ အရာများပင် ဖြစ်သည်။
နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံထားသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မတ်မတ်ရပ်လျက် ရှိနေသည်ကို မြင်ရ၏။ ဤလူများကို မြင်ရသည့် အချိန်မှာတော့ ၎င်းတို့၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်များကို ခံစားနေမိကြ ၏။
ထိုကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ခရမ်းရောင်နက်နဲလောကကြီးကို အထင်အမြင်သေးစွာဖြင့် ကြည့်ရှုလျက် ရှိနေကြ၏။ တစ်ယောက်ချင်းစီတိုင်း၏ အော်ရာများသည် သူတော်စင်ထက် မည်သို့မှ အားမနည်းသည့် အော်ရာများကို ပိုင်ဆိုင်နေသည်။
အင်ပါယာအဆင့် သို့မဟုတ် ကွာစီအင်ပါယာများပင်လျှင် ပါဝင်နေ၏။ သို့ပေမဲ့ တည်ရှိနေသည့် လူများသည် စွမ်းအားမြင့် ကျင့်ကြံသူများဟူ၍ သတ်မှတ်၍ရသည့်လူမျိုး မဟုတ်ချေ။ အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်၏။
လောကကြီး အလုံးစုံ ပေါင်းစပ်သွားသည့်အချိန်တွင်မှ မြေအင်မော်တယ်လောကကြီး၏ အစစ်အမှန် အားအင် အဆင့်သည် ပေါ်ပေါက်လာမှာဖြစ်၏။ ထိုကဲ့သို့ ပေါ်ပေါက်လာသည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးသည် ကပ်ဘေးကြီးကို စတင်ကာ ရင်ဆိုင်လာရပေမည်။
အဘယ်ကြောင့်ဆိုသော် မြေအင်မော်တယ်လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မိမိကိုယ်ကိုယ် အင်မော်တယ်မျိုးနွယ်များအဖြစ် သတ်မှတ်ထားသည့် လူများဖြစ်၏။ သူတို့၏ အမြင်တွင် တခြားသော မျိုးနွယ်စု များသည် လုံးဝကို အရေးမကြီးချေ။
“လက်ရှိမှာ ကျုပ်တို့အနေနဲ့ အင်ပါယာပိုင်လီနဲ့ အင်ပါယာယုညိုတို့ကို အားကိုးဖို့ပဲ ရှိတော့တယ်” အင်ပါယာမိုယွမ် က ပြောဆိုလိုက်၏။ သူ၏ အမူအရာများသည် လေးနက်လျက် ရှိနေသည်။
ခရမ်းရောင်နက်နဲလောကကြီးဆီမှ ထိုအင်ပါယာနှစ်ယောက်တို့သည် အင်ပါယာစာရင်းတွင် ပါဝင်ကြပြီး အင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်မည့် အလာအလာကောင်းကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည်သာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးကို ဝယ်ယူနိုင်သည်ဆိုပါက ကျိန်းသေပေါက် ခရမ်းရောင်နက်နဲ လောကကြီးကို ကယ်တင်နိုင်ပေလိမ့်မည်။
“စီနီယာနန်းဆောင်သခင်က လောကအသီးသီးကို ပေါင်းစပ်နေတယ်ဆိုတော့ ဒီလိုအခြေအနေ ဖြစ်မယ်ဆိုတာ ကြိုသိမှာပဲ။ စီနီယာရဲ့ ဂုဏ်သိက္ခာအရ ခရမ်းရောင်နက်နဲလောကကြီးကို အဆုံးသတ်အထိရောက်အောင် တွန်းပို့ မှာတော့ မဟုတ်ပါဘူး”
အင်ပါယာ ပိုင်လော် က စဉ်းစားလိုက်၏။ “ဖြစ်နိုင်တာ ပိုင်လီနဲ့ ယုညိုတို့က ခရမ်းရောင်နက်နဲလောကကြီးအတွက် နန်းဆောင်သခင် ချန်ခဲ့တဲ့ ဂယ်ပေါက်တစ်ခု ဖြစ်လိမ့်မယ်”