အခန်း (၄၀၂)
Vol. 27 Ch. 402
၄င်းတို့မှလွဲ၍ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူများသည် တစ်ဖက်လူအား တစ်ယောက်ချင်းယှဉ်ပြိုင် တိုက်ခိုက်ရန် မည်သို့မှ မဖြစ်နိုင်ချေ။
“ဒီအင်ပါယာအဆင့်ကျင့်ကြံသူက ဘယ်လိုလဲ “
များပြားလှသည့် အင်ပါယာများသည် မျက်မှောင် ကုတ်မိလိုက်ကြ၏။ သူတို့သည် စတင်ကာ တွေးတောနေမိကြ၏။ အင်ပါယာ စာရင်းတွင် လူဆယ်ယောက်သာ ရှိ၏။ ပထမဦးဆုံးနေရာတွင် ရှိနေသော သူသည် သွေးနတ်ဆိုးလောကမှ ကျန်းထျန် ဖြစ်ပြီး ၎င်းသည် တစ်ချိန်က နန်းဆောင်တစ်ခု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ လက်ရှိ မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်ကိုပင် မသိရချေ။
နံပါတ်ကိုး နှင့်နံပါတ်တစ်ဆယ်မြောက် နေရာကို ပိုင်ဆိုင်ထားကြသည့် အင်ပါယာများသည် ခရမ်းရောင်နက်နဲလောက မှဖြစ်ပြီး ကျန်သော အင်ပါယာ ခုနှစ်ယောက်လုံးသည် အင်မော်တယ်လောက ကြီးမှ ဖြစ်၏။ ထို့ကြောင့် ၄င်းတို့ကို လာရောက် စိန်ခေါ်သည့်လူသည် မည်သူဖြစ်မှန်းမသိနိုင်ချေ။ သို့ပေမဲ့ သေချာတာတစ်ခုတော့ရှိသည်။ မည်သူမှသည် ယခုရောက်ရှိလာသော အင်ပါယာအား မယှဉ်နိုင်ခြင်းပင်။
“လောကကြီး နှစ်ခုကအခုမှပေါင်းစပ်ရုံပဲ ရှိသေးတယ်။ အင်ပါယာအဆင့်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က စပြီး လှုပ်ရှားနေပြီ။ တကယ့်ကို ရဲတင်းတဲ့ လှုပ်ရှားမှုပဲ။ သူတို့ တကယ်တမ်း ဘယ်လောက် အားအင်ရှိလဲ ဆိုတာကို ကြည့်ကြတာပေါ့ “ အင်ပါယာမိုယွမ်သည် စမ်းသပ်ကြည့်ရန် စိတ်အားတက်ကြွလျက်ရှိနေ၏။
သူ၏ တိုက်ပွဲ၀င် စိတ်ဆန္ဒများသည် ထိုးတက်လျက် ရှိနေ၏။ သူ၏ တင်းပုတ်ကြီးဆီမှ ရောင်စဉ် အလင်းတန်းများ ထွက်ပေါ်နေခဲ့ပြီး ပိုမိုကာပင် တောက်ပလာ၏။
အားလုံးသောသူတို့သည် သူ့အားပြန်လည်ရှင်သန်လာသော နတ်ဆိုး အင်ပါယာကြီးတစ်ယောက် ကဲ့သို့ပင် ထင်မှတ်မှားကြသည်။
“ဝုန်း”
လောက၏ အဆုံးဘက် တည်နေရာတွင်တော့ မှင်ရောင်ကဲ့သို့သော ရထားလုံးကြီးသည် လှုပ်ရှားလာ၏။ ၄င်းရထားလုံးကြီးဆီမှ အင်မော်တယ် အလင်းတန်းများ ထွန်းတောက်နေ၏။ ဆန်းကြယ်လှသည့် သင်္ကေတများသည် ပြိုးပြိုးပျက်ပျက် နှင့်ပင်။
၄င်းထွက်ပေါ်သွားသည့် လမ်းတလျှောက် မြေအင်မော်တယ်လောကမှ သက်ရှိသတ္တဝါများသည် လမ်းဖယ်ပေးရ၏။ သတ္တဝါ တစ်ကောင်ချင်းစီတိုင်း၏ အကြည့်များသည် ထိုရထားလုံးဆီ ရောက်ရှိချိန်မှာတော့ အဆုံးစွန်သော ကြောက်လန့်မှုများ ဖြစ်တည်လာကြသည်။
“ဂျိန်း”
အသံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ မင်ရောင် ရထားလုံးကြီးကရပ်တန့်သွားခဲ့၏။
လိုက်ကာ တစ်ခုက အသာလှုပ်ခတ်သွားခဲ့ပြီးနောက် အထဲမှ စွမ်းအားမြင့်ကျင့်ကြံသူကို ခပ်ရေးရေး မြင်တွေ့ရပေသည်။ အထင်အမြင်နှင့် ကြည့်ရှု၍ မည်သူဖြစ်သည်ကို သတ်မှတ်ရန်မှာ ခက်ခဲလွန်းလှချေသည်။
သို့သော်လည်း တစ်ဖက်လူ ကြည့်လိုက်သော အကြည့်သည် တစ်လောကလုံးတွင် ရှိသော လူပေါင်းများစွာတို့၏ နှလုံးသားထဲသို့ ၀င်ရောက်လာသကဲ့သို့ပင်။
“အညံ့ခံမလား ၊ ဖျက်ဆီးခံမလား “
ထိုအသံသည် တလောကလုံးတွင်ရှိသော လူပေါင်းများစွာတို့အား အထင်အမြင် တစ်စက်လေးမှ မကြီးသည့် ပုံစံမျိုးပင်။ ပြောဆိုလိုက်သည့် လူသည် ခရမ်းရောင်နက်နဲ လောကမှ သက်ရှိသတ္တဝါ အားလုံးကို ရည်ညွှန်းသည် မဟုတ်ဘဲ ကြယ်စင်စု တစ်ခုပေါ်တွင် ရှိနေသည့် အင်ပါယာအဖွဲ့များကို ရည်ညွှန်းခြင်း ဖြစ်၏။
၄င်းသည် တိုက်ရိုက်ဆိုသလို အားလုံးသော အင်ပါယာ များကို စိန်ခေါ်နေခြင်းဖြစ်၏။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထိုကဲ့သို့ ရဲတင်းလှသည့်သူကို မည်သူမှ မတွေ့ခဲ့ရဖူးချေ။
“သေချင်နေတာလား”
အင်ပါယာမိုယွမ်သည် အေးစက်စက် အော်ဟစ်လိုက်၏။ ၄င်း၏ ဆံနွယ်များသည် လေထဲတွင် လှုပ်ခါလျက် ရှိနေ၏။ မည်သူမှသည် သူတို့ကို အထင်မြင်မသေးခဲ့ချေ။ တွေ့တွေ့သမျှသော လူတို့သည် သူတို့ကို အားကိုးပြီး သူတို့၏ လက်အောက်သို့ ၀င်ချင်စိတ်သာ ရှိခဲ့သည်။ သို့ပေမဲ့ လက်ရှိအခြေနေမှာတော့ တစ်စုံတစ်ယောက်သော သူသည် ရောက်ရှိလာသည်နှင့် တပြိုင်နက် သူတို့ကို အလုံးစုံ အထင်အမြင် သေးစွာဖြင့် စိန်ခေါ်လျက်ရှိနေသည်။
ဟူး …။
ကြီးမားလွန်းလှသည့် တင်းပုတ်ကြီးသည် ကောင်းကင်ယံသို့ဖြတ်သန်းသွားခဲ့ပြီးနောက် ၎င်းလက်နက်ဆီမှ အင်ပါရီယာ လက်နက် တစ်ခု၏ စိတ်ဆန္ဒများ ပျံ့နှံ့လာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသော အော်သံကြီး ဖြစ်တည်လာပြီးနောက် ရေတံခွန်မှ ရေများ ကျဆင်းလာသကဲ့သို့ပင် ဖိအားများစွာ ဖြစ်ပေါ်လာ၏။
ထိုဖိအား၏ လွှမ်းခြုံမှုအောက်တွင် မင်ရောင်ကဲ့သို့သော ရထားလုံးသာမက ၄င်း၏ အနောက်ဘက်တွင်ရှိသော စစ်တပ်ကြီး တစ်ခုလုံးကိုပါ လွှမ်းမိုးသွားသည်။ ထိုတင်သာ မကသေးချေ။ မြေအင်မော်တယ် လောက၌ ရှိသော သက်ရှိသတ္တဝါများကိုပင် လွှမ်းမိုးသွားခဲ့၏။ ဤအရာသည် အားလုံးသော သူများကို စုပေါင်းသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ မည်သူမှ ၀င်ရောက်မတားဆီးဘူးဆိုပါက မြေအင်မော်တယ်လောကထဲတွင်ရှိသည့် သက်ရှိ သတ္တဝါ အားလုံးသည် ဤ တိုက်ခိုက်ချက်အောက်တွင် တစ်ခါတည်း သေဆုံး ပျောက်ကွယ်သွားမည်မှာ သေချာလေသည်။
“နှစ်ပေါင်းတစ်သောင်းလောက်အတွင်း ကျွန်မကို စပြီးတိုက်ခိုက်ခဲ့တဲ့ ဘယ်သူမဆို သေဆုံးခဲ့ကြတယ်။ တချို့ဆို အရိုးတောင်ဆွေးနေကြပြီ”
မင်ကဲ့သို့သော အရောင်နှင့် ရထားလုံးဆီမှ ရှင်းလင်းပြီး ဆန်းကြယ်လွန်းလှသည့် အသံတစ်ခု ထွက်ပေါ်လာ သည်။ ၎င်းသည် ကျိန်စာ ရွတ်ဆိုလျက်ရှိသော နတ်ဆိုးအရှင်တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်း၏။
သူမ၏ စကားသံ ထွက်ပေါ်လာချိန်မှာတော့ လောကကြီးတစ်ခုလုံးတွင် များပြားလှသည့် ပတ်၀န်းကျင် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။ လေဟာနယ်ထဲတွင် ရေတွက်၍ မရအောင် များပြားလွန်းသည့် တော်ဝင် တာအို၏ သင်္ကေတများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် တဖြည်းဖြည်း နှင့် .ဖီးနစ်များ၊ အစစ်အမှန်နဂါးများ၊ ခွန်ဖန့်များအဖြစ် ပုံသဏ္ဏာန် ပေါ်လာကြသည်။
ထို့အပြင် မဲနက်လှသည့် မိုးကြိုးသဏ္ဌာန်များ ဖြစ်တည် လာခဲ့သည်။ သွေးရောင်ကဲ့သို့ လျှပ်စီးများသည် ကောင်းကင်ယံထက်တွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အရာအားလုံးတို့သည် ကမ္ဘာပျက်တော့မည့် သကဲ့သို့ပင်။
မင်ရောင်ကဲ့သို့သော ရထားလုံး၏ အရှေ့တွင်တော့ လိုက်ကာသည် အသာပွင့်သွားခဲ့၏။ သန့်စင်ပြီး ဖြူဖွေးနေသည့် ကျောက်စိမ်းကဲ့သို့သော လက်တစ်ဖက်က ထွက်ပေါ်လာ၏။ လက်ချောင်းများကိူ အသာ တောက်ထုတ်လိုက်သည့် အခါမှာတော့ နတ်ဘုရားသက်တံ့ရောင်စဉ်များ ဖြစ်တည်လာကာ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို နှစ်ပိုင်း ခွဲလေ၏။
အဆုံးအစမဲ့ များပြားလှသော သက်ရှိသတ္တဝါ တို့သည် ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့ချီးနပမ်း ဖြစ်နေ၏။ လောက၏ ဖန်တီးခြင်း ဖျက်ဆီးခြင်း အရာအားလုံးကို မျက်မြင် တွေ့နေရသကဲ့သို့ပင်။
“ဘုန်း”
မြည်သံနှင့်အတူ အင်ပါယာနှစ်ယောက်တို့၏ ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဘုရားစွမ်းအင်များသည် ထိပ်တိုက် တွေ့ဆုံကြ၏။ ထိုအချိန်တွင်တော့ ကောင်းကင်နှင့် မြေပြင်တစ်ခု လုံးတွင် အလင်းတန်းများ အဖြစ်သာ မြင်နေရ၏။
အရာအားလုံးတို့သည် စူးရှသည့် ရောင်စဉ်ရောင်ဝါများနှင့် ဖုံးလွှမ်းနေ၏။ ဤကဲ့သို့သော တိုက်ခိုက်မှုသည် အားလုံးသောသူတို့ တွေးထင်ထားသည်ထက် သာလွန်နေသော အရာမျိုးပင် ဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး အားလုံးသော သူတို့ကို အနောက်သို့ ဆုတ်ခွာစေ၏။ တချို့အားအင်နည်းပါးလှသည့် ကျင့်ကြံသူများသည် သွေးများပင် အန်ထွက်လာခဲ့ကြသည်။
အညှာအတာ ကင်းမဲ့လှသည့် တိုက်ခိုက်မှု အောက်တွင် အဆင့်နိမ့်ပါးသော ကျင့်ကြံသူများအားလုံးသည် မည်သို့မျှ မနေနိုင်ကြချေ။ အားလုံးသောသူတို့သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ သေဆုံးကုန်၏။ ထိုအချိန်မှာ တော့ ပုံရိပ်တစ်ခုသည် အနောက်သို့ လွင့်စင်သွား၏။ ၎င်း၏ ခန္တာကိုယ်တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိ၏။ ဒဏ်ရာများ ဗလပွနှင့်ပင်။ ထိုသူသည် ခရမ်းရောင်နက်နဲလောက အတွင်းပိုင်းအထိ လွင့်စင်သွားခဲ့၏။
“မိုယွမ်”
ကောင်းကင်၀မ်းနည်းခြင်း အင်ပါယာ သည် မယုံနိုင်စွာဖြင့် ထအော်လိုက်သည်။
မိုယွမ် တစ်ယောက် မည်ကဲ့သို့ ဖြစ်သွားကြောင်း သူခန့်မှန်း၍မရချေ။ အဘယ့်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရှုံးနိမ့်သွားရသနည်း။ အခြေအနေမှာလည်း ဆိုးဝါးလွန်းလှ၏။ သူတို့ အနေဖြင့် တုံ့ပြန်ရန်အချိန်ပင် မရခဲ့ပေ။
“မိုယွမ့်ကို ကယ်ကြ” အင်ပါယာပိုင်လော် သည် မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူသည် မြန်ဆန်သည်။ သို့ပေမဲ့ သူ့ထက် မြန်ဆန်သည့်သူက ရှိနေသေး၏။
မင်ကဲ့သို့သောအရောင်ဖြင့် လက်တစ်ဖက်သည် ရုတ်တရက် ထွက်ပေါ်လာပြီး ရိုက်ချက်တစ်ခုကို ထုတ်ဖော်သည်။
လက်ဝါးရိုက်ချက် ကျမလာသေးခင်မှာဘဲ လေဟာနယ်ကြီးတစ်ခုလုံးသည် ချုပ်နှောင်ခြင်း ခံလိုက်ရပြီး မည်သူမှသည် မလှုပ်ရှားနိုင်ခဲ့ကြပေ။ စွမ်းအားမြင့် အင်ပါယာ တစ်ယောက်ပင်လျှင် အချိန်အတိုင်းအတာ တိုအတွင်း ချုပ်နှောင်ခြင်းမှ မလွတ်မြောက်ခဲ့ပေ။
"လုပ်ရဲတယ်ဟုတ်လား "
ခရမ်းရောင်နက်နဲ လောကဆီမှ အင်ပါယာများနှင့် အခြားသောသူများ သည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ၎င်းတို့သည် ဝင်ရောက် တားဆီးရန် ကြိုးစားလိုက်ကြ၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လက်ဝါးရိုက်ချက်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်ကိုသာ အတိုင်းသား ကြည့်နေရ၏။
“ဘုန်း”
ကျယ်လောင်လှသော အသံသည် ထပ်မံထွက်ပေါ်လာသည်။ ခရမ်းရောင်နက်နဲ လောက၏ အတွင်းဘက် သို့ မီးရှူးမီးပန်းများဖြင့် ပစ်လွှတ်လိုက်သကဲ့သို့ စူးရှသည့် အလင်းတန်းများ ပေါ်ပေါက်လာခဲ့သည်။
အားလုံးသောသူတို့သည် နားလည်လိုက်မိ၏။ ဤလက်ဝါးရိုက်ချက်ကြီး သည် အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည့် လက်ဝါးရိုက်ချက်ကြီးပင်။ အေးစက်ခြင်း၊ အကြင်နာတရားကင်းမဲ့ခြင်း၊ ရက်စက်ခြင်း ထိုကဲ့သို့သောအရာများ ပါဝင်နေ၏။
လက်ဝါးရိုက်ချက်ကြီးကို မြင်ရချိန်မှာတော့ အားလုံးသော သူတို့သည် မင်ရောင် ရထားလုံးပိုင်ရှင်ကို တကယ်ပဲ အထင်ကြီးမိကြ၏။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်ချက်တစ်ခုတည်းနှင့်ပင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပျက်ဆီးသွားအောင် ပြုလုပ်နိုင်စွမ်းရှိနေသူပင် ဖြစ်သည်။
မိုယွမ်၏ အင်ပါယာ ခန္ဓာကိုယ်ကိုပင် စုတ်ပြတ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။
အနာဂတ်တွင် မိုယွမ်၏ ကံကြမ္မာ မည်သို့ဖြစ်မည်နည်း ဆိုသည်ကို မည်သူမှ မသိရှိချေ။ အင်ပါယာမိုယွမ် ဆိုသည့်သူသည် လောကကြီးမှ ပျောက်ကွယ်သွားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
"ခင်ဗျားဘယ်သူလဲ"
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက ရုတ်တရက်လှည့်လိုက်၏။ သူသည် မျက်တောင်တစ်ချက်မှ မခတ်ပဲ မင်ရောင် ရထားလုံးကြီးကို စူးစိုက်စွာ ကြည့်ရှုနေ၏။ သူ၏ အသံသည် အေးစက်နေ၏။
"လောကကြီးကတော့ ကျွန်မကို နိရယ အင်ပါယာလို့ ကင်ပွန်းတပ်ထားတယ်" ရထားလုံးဆီမှ မထူးခြားနားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံသည် တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့နေသည်။
"နိရယ အင်ပါယာ ဟုတ်လား”
ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ ခရမ်းရောင်နက်နဲလောက၏ အင်ပါယာ အများအပြားတို့၏ မျက်နာ အမူအရာများသည် ပြောင်းလဲသွားခဲ့၏။
သူမသည် အင်ပါယာစာရင်း၏ ဒုတိယမြောက်နေရာတွင်ရှိသူတစ်ယောက် ဖြစ်၏။ တော်၀င်အင်ပါယာ ထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံ သူတစ်ယောက်ဖြစ်ပြီး အင်ပါယာကျန်းထျန် မှလွဲလျှင် သူမသည် အားအကောင်းဆုံးဖြစ်သည်။ အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိသည့် အခွင့်အရေးအား အများဆုံး ပိုင်ဆိုင်သောသူလည်း ဖြစ်သည်။
အစစ်အမှန် အင်မော်တယ် အဆင့်သို့ရောက်ရှိရန် အတွက် အလွန်နီးစပ်သော အခြေအနေသို့ ရောက်ရှိနေသည့် သူလည်း ဖြစ်၏။ ခရမ်းရောင်နက်နဲလောက တွင်ရှိနေသည့် တော်ဝင်အင်ပါယာ မိုယွမ်သည် အင်ပါယာဖြစ်လာသည်မှာ သိပ်မကြာသေးသော ကောင်းကင်မူလ လောကကြီးဆီမှ မုန့်ရှင်းချီ ကဲ့သို့သော သူထက် ပိုမိုကာ အားကောင်းသည်ဆိုသော်လည်း ဤကြောက်မက်ဖွယ် ကောင်းလှသော နိရယ အင်ပါယာ နှင့် ထိပ်တိုက် ရင်ဆိုင်သည့် အချိန်မှာတော့ သံသယရှိစရာမလိုဘဲ ရှုံးနိမ့်သွားခဲ့သည်။ ဤအရာသည် လက်သင့်ခံရမည့် ကိစ္စမျိုးပင်။
မိုယွမ်သည် တကယ်ပဲ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ ပြင်းထန်လွန်းသည့် ရိုက်ချက်သည် ခရမ်းရောင်နက်နဲ လောကတွင် ရှိနေသည့် အင်ပါယာအားလုံး၏ မျက်နှာကို ပိတ်ရိုက်လိုက်သည်နှင့် ဆင်တူသည်။