အခန်း (၄၀၃)
Vol. 27 Ch. 403
“မိုယွမ်ကို လွှတ်လိုက်စမ်း”
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။
သူ၏ ဟန်ပန်အမူအရာသည် တကယ်ပင် ကြောက်ခမန်းလိလိ ဖြစ်လို့နေခဲ့ပြီး ၎င်း၏ မီးခိုးရောင်ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေ၏။ အမဲရောင်ဆံနွယ်များသည် အနောက်ဘက်သို့ လွင့်ကာဖြင့် လောကနှင့် မြေပြင် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း သိသာထင်ရှားလွန်းလှ၏။ မျက်လုံးများသည် ထက်ရှလွန်းလှသည့် ကောင်းကင်၏ ဓားသွားနှစ်ခုကဲ့သို့ပင်။ လက်တစ်ဖက်ကို အသာမြှောက်ပြီးနောက် လေဟာနယ်ထဲသို့ အသာလှမ်းဆွဲလိုက်သည်။
ရှည်လျားလှသည့် ဓားရှည်နှစ်ချောင်းသည် သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ဓားနှောင့်ကို အသာဆွဲကိုင် ပြီးသည့်နောက် သူ၏ အော်ရာများသည် ချက်ချင်းဆိုသလိုပဲ ပြောင်းလဲသွားခဲ့၏။ ကြမ်းတမ်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားဓားသွားနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသည့် ရှေးအင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာသကဲ့သို့ပင်။
“ကျွန်မကို တိုက်ခိုက်ရဲတာလား”
မင်ကဲ့သို့သော စစ်ရထားလုံး အတွင်းဆီမှ တည်ငြိမ်လွန်းလှသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အသံသည် ကြားရသူများ အားလုံး၏ နှလုံးသားများကို တုန်ခါသွားစေခဲ့၏။ ဘုံကိုးပါးတွင် ရှိနေသည့် သက်ရှိများကို ပုရွက်ဆိတ်များကဲ့သို့သာ သတ်မှတ်ထားသည့် ဖီးနစ်ငှက်တစ်ကောင်၏ အသွင်အပြင် အမူအရာ ဟန်ပန်မျိုးပင်။
“တာအိုရောင်းရင်း မိုယွမ်ကို ပေးစမ်း” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက ထပ်မံကာ ပြောလိုက်သည်။
“ကျွန်မလာပြီ ဆိုတာနဲ့ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မရှိတော့ဘူး”
အေးစက်ပြီး ထူးမခြားနားလှသည့်အသံသည် ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အားလုံးသော သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူမ၏ နတ်ဘုရားသိစိတ်သည် နေကဲ့သိုပင် ခြစ်ခြစ်တောက် ပူလောင်လွန်းလှပြီး အားလုံးသော သူတို့ကို လွှမ်းခြုံထား၏။ သူမ ထုတ်လွှတ်ထားသော ဖိအားကပင်လျှင် လောကတစ်ခုလုံး တွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အသက်ရှုကျပ်စေ၏။
“လုပ်ရဲတယ် ဟုတ်လား”
မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးနောက် အင်ပါယာနှစ်ယောက် ထပ်မံ ပေါ်ပေါက်လာခဲ့၏။ တစ်ယောက်သည် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အလွန်ကြီးမားလှသော ဒေါသတရားများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ အရှိန်တငြီးငြီးဖြင့် ထွက်ပေါ်နေ၏။ ၎င်းခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လေဟာနယ်ကြီး တစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ အသွင်အပြင် အမူအရာကို ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ရာပင်။
ဟုတ်ပေသည်။ သို့ပေမဲ့ ထိုကဲ့သို့သော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် မှင်ကဲ့သို့သော စစ်ရထားလုံးဆီသို့ မရောက်ရှိခဲ့ပေ။ လေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့၏။
“အားနည်းလိုက်တာ” ခပ်ဖျော့ဖျော့အသံသည် ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ဟုတ်လား”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက ပြောလိုက်၏။ “ကျုပ်အနေနဲ့ အင်ပါယာစာရင်းရဲ့ ဒုတိယမြောက် အင်ပါယာကို တွေ့ချင်နေခဲ့တာ ကြာပြီ”
ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက် သူ၏ အကြည့်များသည် ပိုမိုကာ စူးရှလာခဲ့သည်။
မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကွဲအက်လာခဲ့၏။ သွေးများ အန်ထွက်လာခဲ့ကြ၏။ တော်တော်များများ တို့သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့၏။ အင်ပါယာတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သတ်ဖြတ်ခြင်း အော်ရာများ ထွက်ပေါ်လာသည့် အချိန်မှာတော့ အားနည်းလွန်းလှသည့် လူများသည် မည်သို့မှ မခုခံနိုင်ခဲ့တော့ချေ။
လောက၏ အထက်တွင် ကောင်းကင်ဘုံ ဓားသွားတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် ကောင်းကင်ဘုံပေါ်မှ ဆင်းသက်လာခဲ့သည် နတ်ဘုရားဓားသွား ပုံစံမျိုးပင်။ တည်ရှိသမျှသော အရာအားလုံးကို ပိုင်းဖြတ်ရန် ပြင်ဆင်လို့နေ၏။ ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် ရှေ့ဆီသို့ အသာလက်လှမ်းပြီးသည့်နောက် အားလုံးသော သူတို့ကို ကြောက်လန့်စေခဲ့သည်။
“အင်ပါယာစာရင်းရဲ့ ဒုတိယမြောက် ဟုတ်လား”
ရထားလုံးဆီမှ ပထမဦးဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားသည့်အသံ ထွက်ပေါ်လာ၏။ ဘာကိုဆိုလိုသနည်း။ မြေအင်မော်တယ်လောကကြီး တွင် သူမ၏ ဂုဏ်သိက္ခာတရားသည် သိသာထင်ရှားလှသည့်အရာမျိုး ဖြစ်ခဲ့သည် ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကဆီမှ လူများသည် သူမကို မကြားဖူးဘဲ ဖြစ်ရပေလိမ့်မည်။ မြေအင်မော်တယ်လောက တွင် ရှိနေသည့် သူမ၏အောင်မြင်မှုများသည် တခြားသော လောကများဆီသို့ပါ ပျံ့နှံ့နေလေသည်လား။
လက်ရှိ အခြေအနေမှာတော့ အင်ပါယာစာရင်း၏ ဒုတိယမြောက်ဆိုသော မှတ်ချက်သည် သူမကို ဇဝေဇဝါ ဖြစ်စေခဲ့၏။ သူမသည် သေသေချာချာ နားမလည်ခဲ့ချေ။ သို့ပေမဲ့ ထိုအရာကို ဆက်လက်ကာ မစဉ်းစားရန် ဆုံးဖြတ်လိုက်၏။ ခရမ်းရောင်နက်နဲလောကကြီးကို အုပ်စိုးနိုင်သည်ဆိုပါက လျှို့ဝှက်ချက် အကုန်လုံးကို သူမက ပိုင်ဆိုင်မှာပင်။ ထို့ကြောင့် မကြာခင်တွင် အရာအားလုံးကို သိရှိလာပေလိမ့်မည်။
“သတ်စမ်း”
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် မိုးကောင်းကင်ဓားကြီးနှင့် ခုတ်ပိုင်းလိုက်၏။
ချလွမ်
ဓားတိုက်ခိုက်ချက် တစ်ခုသည် အရာအားလုံးသော သူတို့ကို ပိုင်းဖြတ်နိုင်သော စွမ်းရည်များ ပါဝင်လျက် ရှိနေ၏။ အားလုံးသော သူတို့သည် ၎င်းတို့ခန္ဓာကိုယ်ဆီသို့ ဓားသွားကြီး ကျဆင်းမလာဘူး ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကို ခံစားနေရပြီး မကြာခင် သေဆုံးတော့မည့် ခံစားချက်မျိုး သည် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာသို့ပင် ရောက်ရှိနေသည်။
ဘုန်း ....။
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် တိုက်ခိုက်ချက်ကို အင်ပြည့်အားပြည့် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၏။ ပြန်လည်ရုတ်သိမ်းရန် ရည်ရွယ်ချက် တစ်ချက်ကလေးမှ မရှိချေ။ သူ၏ရှေ့တွင် ရှိနေသည့်သူသည် တကယ့်ကို ခန့်မှန်း၍ မရသည့် ရန်သူတစ်ယောက် ဖြစ်ကြောင်းကို သူက ကောင်းကောင်း သိရှိ၏။ ထို့ကြောင့် အားအင်ကို စမ်းသပ်သည့် ပုံပန်းသွင်ပြင်မျိုးနှင့် အားလျှော့ကာ တိုက်ခိုက်လိုက်မည်ဆိုပါက အင်ပါယာ မိုယွမ်ကဲ့သို့ တူညီသည့် ကံကြမ္မာကို ခံစားသွားရပေမည်။
“ဒီလောက်ပဲလား” မင်ကဲ့သို့သော ရထားလုံးကြီးဆီမှ တောက်ပလွန်းသည့် အမဲရောင်လေဝဲကြီး ထွက်လာခဲ့၏။
ဒွမ်
ဟူးလားလား .....။
ဖောင်း ဖောင်း ......။
အသံ ထွက်ပေါ်လာလာချင်းမှာပဲ ခရမ်းရောင်နက်နဲလောကကြီးဆီမှ အင်ပါယာ သုံးယောက်တို့သည် လှုပ်ရှား တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြပြီဖြစ်၏။ ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာ အပါအဝင် တည်နေရာလေးခု ဆီမှ အင်ပါယာလေးယောက်တို့သည် ဝိုင်းဝန်းကာ တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့၏ အားအကောင်းဆုံးသော နတ်ဘုရား နည်းစနစ်များကို ထုတ်ဖော်ကာဖြင့် ရထားလုံးကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။
အင်ပါယာလေးယောက်တို့သည် ကောင်းကင်ယံထက်တွင် လျင်မြန်စွာ ရွေ့ရှားသွားလာလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို တုန်ခါစေခဲ့၏။ အရာအားလုံးသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး အထဲတွင် ဖြစ်နေသည့်အရာများကို အားလုံးသောသူတို့က မမြင်ရတော့ချေ။
နိရယ အင်ပါယာသည် တကယ်ပင် မောက်မာလွန်းလှ၏။ သူ၏ အားအင်အဆင့်နှင့် တစ်လောကလုံးကို စိန်ခေါ်လျက် ရှိနေသည်။ ဤလုပ်ရပ်သည့် တကယ့်ကို ရူးကြောင်ကြောင်နိုင်သည်ဆိုသော်လည်း ဤလုပ်ရပ်သာ အောင်မြင်သွားမည်ဆိုလျှင် မြေအင်မော်တယ်လောကမှ လူများသည် ခရမ်းရောင်နက်နဲလောကကို ကျိန်းသေပေါက် လွှမ်းမိုးတော့မှာ သေချာ၏။
မည်သို့ပင်ဆိုစေကာမူ ရိုးသားပြီး အေးဆေးလှပါသည်ဆိုသော ယုန်ကလေးတစ်ကောင်ပင်လျှင် ထောင့်တစ်နေရာ သို့ တွန်းပို့ခံရသည်ဆိုပါက ကျိန်းသေပေါက် ပြန်ကိုက်မှာ သေချာ၏။ အင်ပါယာများဆိုလျှင် ပြောနေစရာပင် မလိုချေ။ မျက်စိတမှိတ်အတွင်း ၎င်းတို့အားလုံးသည် အလုံးစုံသော အားအင်များကို ထုတ်ဖော်ကာဖြင့် ပြန်လည်ကာ တိုက်ခိုက်လျက် ရှိနေကြသည်။
“စိတ်ဝင်စားစရာပဲ”
မင်ကဲ့သို့သော ရထားလုံးအတွင်းဆီမှ အသံသည် အေးစက်လျက် ရှိနေပြီး မည်သည့် ခံစားချက်မှ မရှိချေ။ ၎င်း၏ အကြည့်များသည် လေဟာနယ်တစ်ခုလုံးဆီသို့ လွှမ်းခြုံလျက် ရှိနေပြီး ရုတ်တရက် ဆိုသလိုပဲ ရထားလုံးကြီး၏ အနောက်၌ ဗလာဟင်းလင်း ဖြစ်နေသည့် အမဲရောင်လောကကြီးတစ်ခု ပေါ်ပေါက်လာ၏။
ပထမတုန်းက ဤလောကကြီးသည် ကြီးမားကျယ်ပြန့်လှသည် မဟုတ်ချေ။ အချင်းဝက် ကိုက်တစ်ထောင် နီးပါးခန့်သာ ရှိ၏။ သို့ပေမဲ့ မကြာခင်မှာပဲ ဤလောကကြီးသည် တဖြည်းဖြည်း ရူးရူးမူးမူးနှင့် ချဲ့ထွင်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကိုပင် ဝါးမျိုတော့မလိုပင်။ ရှိရှိသမျှသော အရာအားလုံးသည် ပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိကုန်၏။ ဤအရာသည် ပြန်လည်မွေးဖွားခြင်းစွမ်အင်များ၏ သင်္ကေတပင် ဖြစ်၏။ အမဲရောင်လောကကြီး ၏ အတွင်းဘက်မှာတော့ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောအသံများ ထွက်ပေါ်လျက် ရှိနေသည်။
“ဒါက”
ခပ်ဝေးဝေး ကောင်းကင်ယံထက်တွင်တော့ အင်ပါယာပိုင်လီ၏ မျက်လုံးဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ သူသည် အမဲရောင်လောကကြီးကို လှမ်းကာ ကြည့်ရှုရင်း သူ၏ ခန္ဓာကိုယ်အိုအိုကြီး သည် စတင်ကာ တုန်ယင်သွားခဲ့သည်။ သူက တီးတိုးရေရွတ်လိုက်၏။
“ဒါက အင်ပါရီယာလက်နက် စာရင်းမှာ ဒုတိယနေရာချိတ်တဲ့ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်နက်လား။”
“ဖြစ်နိုင်တယ်။ နိရယ အင်ပါယာ က လောကကြီးတစ်ခုကို သွေးစတေးမှု ပြုလုပ်ခဲ့ဖူးတယ်လေ။ အဲလောကကြီးကို သန့်စင်ပြီး ဒီအင်ပါရီယာ လက်နက်ကို သွန်းလုပ်ခဲ့တာပေါ့။ ဘယ်လောက် ရက်စက်လိုက်လဲ။ ဒီလက်နက်က အင်ပါရီယာလက်နက် စာရင်းရဲ့ ထိပ်ပိုင်း နေရာမှာ ရှိနေတာ အံ့အားသင့်စရာ မဟုတ်ဘူး”