လုပ်ကြံသတ်ဖြတ်ခြင်း
Vol. 161 Ch. 2401
“ဂါး…”
ထိုစဉ်မှာပင် နောက်ထပ် ကျယ်လောင်သော နဂါးဟိန်းသံက လင်းလော၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။ အဲဒါက သတ္တုများကို ထိုးဖောက်၍ ကျောက်သားများကို အက်ကွဲသွားစေပြီး နတ်နဂါးကိုးကောင်က သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ လေထုကို ဆုတ်ဖြဲလာခဲ့၏။
လင်းလော ဆင့်ခေါ်ခဲ့သည့် နဂါးကိုးကောင် ပုံရိပ်ယောင်သည် ရွှေရောင်ချပ်ဝတ်ဘီလူး ၁၂ကောင်ကြောင့် ဖျက်ဆီးခံခဲ့ရပြီဖြစ်၏။ ယခုအချိန်မှာ ထွက်ပေါ်လာသော နတ်နဂါးကိုးကောင်သည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကနေ ထွက်ပေါ်လာသော နတ်နဂါးကိုးကောင် ဖြစ်လေသည်။
ဆူဇီမိုသည် လင်းလောကို စွန့်ပယ်၍ ဗောဓိစေ့ကို အရယူဖို့ မပြုလုပ်ခဲ့ပေ။ ထိုအစား သူက ပြန်လည်ကူညီပေးဖို့ ရွေးချယ်လိုက်သည်။
နတ်နဂါးကိုးကောင်က ရွှေရောင်ချပ်ဝတ်ဘီလူး ၁၂ကောင်ထံသို့ ပြေးဝင်သွား၏။
တစ်ချိန်တည်းမှာပင် ဧရာမ လိပ်ကျောခွံတစ်ခုက ပေါ်ထွက်လာ၏။ ၎င်းပေါ်မှာ ရှိသော အကွက်အပြောက်များက ကျိန်းစပ်၍ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုနှင့်အတူ တောက်ပနေပြီး အဲဒါက လင်းလောကို ကာပေးလိုက်၏။
ဆူဇီမို၏ နောက်ထပ်ပင်ကိုနတ်ဘုရားစွမ်းအား၊ စိတ်ဝိညာဉ်လိပ်ဒိုင်းကာ။
ဘုန်း…
ခမ်းနားထည်ဝါသော နန်းတော်က ဆင်းသက်လာခဲ့ပြီး ကျယ်လောင်သော မြည်သံနှင့်အတူ လိပ်ကျောခွံကို ဖိချလိုက်၏။
လိပ်ကျောခွံက အဆက်မပြတ် တုန်ခါ၍ တဖျပ်ဖျပ်ဖြစ်လာကာ အဲဒါက တောင့်မခံနိုင်တော့သည်မှာ သိသာနေသည်။
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ လက်ထဲရှိ မီးတောက်နီရောင် ငှက်မွေးယပ်တောင်ကို ဝှေ့ယမ်းပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ထိုးသွင်းကာ ယင်ထျန်နှင့် လင်ချန်ချန် ရှိရာသို့ ခတ်ထုတ်လိုက်၏။
ဝှစ်…
ယပ်တောင်က ဆင်းသက်လာပြီး ချစ်ချစ်တောင် ပူလောင်သော မီးတောက်များက ပစ်လွင့်ထွက်ပေါ်လာ၏။ မီးတောက်များက ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်လာပြီး မီးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေကာ ယင်ထျန်နှင့် လင်ချန်ချန်ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
“ငြိမ်းသေလိုက်စမ်း”
ယင်ထျန်၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ ဘေးပတ်လည်မှာ ခရမ်းရောင်ချီများ ရစ်သိုင်းလာ၏။ သူက သူ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းပုတီးတစ်ကုံးကို ဖြုတ်ယူကာ သူ၏ လျှို့ဝှက်အတတ်ကို လှည့်ပတ်၍ အော်ပြောလိုက်၏။
ပုတီးကုံးက အဆက်မပြတ် လည်ပတ်၍ ရုတ်တရက် ကျယ်ပြောသော ဆူနာမီတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ဘေးပတ်လည်မှာ ရှိသော ဒေါသူပုန်ထနေသည့် မီးတောက်မုန်တိုင်းကို ရိုက်ခတ်ကာ အရာရာတိုင်းကို ကြီးမားသော မြူခိုးတစ်ခုအဖြစ် အငွေ့ပျံသွားစေ၏။
ယင်ထျန်၏ ပုတီးကုံးကို အင်မော်တယ် ဝေလငါး၏ အရိုးကနေ ပြုလုပ်ထားပြီး အဲဒါက တကယ့်ကို ထူးခြားအံ့မခန်းဖြစ်၏။ သူတို့သည် သမုဒ္ဒရာများနှင့် အင်မော်တယ် ဝေလငါးများအဖြစ်ပင် အသွင်ပြောင်းလဲနိုင်၏။
“စုဖွဲ့လိုက်စမ်း”
ယင်ထျန်က ထပ်မံ၍ အော်ပြောလိုက်၏။
ဒေါသူပုန်ထနေသော မီးတောက်မုန်တိုင်းက ဆူနာမီနှင့် ထိတွေ့ရိုက်ခတ်ပြီး ထွက်ပေါ်လာသော မြူခိုးများက အဆက်မပြတ် သိပ်သည်းကျစ်လျစ်လာခဲ့၏။ တစ်ခဏချင်းမှာပင် ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ သတ္တဝါတစ်ကောင်က လေထဲမှာ ပေါ်ထွက်လာ၏။
ထိုသတ္တဝါ၏ ခန္ဓာကိုယ်က အရမ်းကို ကြီးမားလွန်းပြီး နန်းတော်တစ်ခုလုံးကို ဖောက်ထွက်တော့မည့်မတတ် ဖြစ်သည်။
ဝေလငါးတစ်ကောင်က တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့ပြီး လင်းလောနှင့် ဆူဇီမိုထံသို့ ပြေးဝင်လာ၏။
ဆူဇီမိုသည် အလောတကြီးမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်၏ တစ်မူထူးခြားသော အမြုတေစိတ်ဝိညာဉ်စွမ်းအားကို သူ၏ လက်ထဲရှိ ယပ်တောင်ထဲသို့ ထိုးသွင်းလိုက်၏။
အဲဒါသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို ရရှိပြီးနောက် ယန်ယန်းအင်မော်တယ်နိုင်ငံကနေ ဆူဇီမို ရွေးချယ်ခဲ့သော ဓမ္မရတနာ အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင် ဖြစ်သည်။
ဤဓမ္မရတနာသည် အစက သန့်စင်ယန်ရတနာတစ်ခု ဖြစ်ခဲ့၏။ သို့သော်လည်း အဲဒါသည် အပြင်းအထန် ပျက်စီးထိခိုက်သွားပြီး ၎င်း၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းသွားခဲ့၏။
၎င်း၏ စွမ်းအားက အရင်တုန်းကနှင့် ဆက်လက်၍ မတူညီတော့ပေ။
ယန်ယန်းအင်မော်တယ်နိုင်ငံ၏ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမိုသည် နေကာသစ်ပင်ဝင်္ကပါ၏ စွမ်းအားကို အသုံးချကာ အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်ကို ပြန်လည်ပြင်ဆင်ခဲ့၏။
အဲဒါသည် သန့်စင်ယန်စိတ်ဝိညာဉ်ရတနာတစ်ခု၏ အဆင့်သို့ မရောက်ရှိသေးသော်လည်း အဲဒါက ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်နေပြီဖြစ်၏။
အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်၏ စွမ်းအားကို ထုတ်ဖော်ဖို့အတွက် လူတစ်ယောက်သည် နတ်ဖီးနစ်မျိုးနွယ်၏ စွမ်းအားကို လိုအပ်ပေလိမ့်မည်။
ထို့ကြောင့် ဤဓမ္မရတနာမှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခု ရှိသော်လည်း ဆူဇီမိုမတိုင်ခင် မည်သူကမှ အဲဒါကို မရွေးချယ်ခဲ့ကြပေ။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်တစ်ဝက်က နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ် ဖြစ်၏။
သူထုတ်ဖော်နိုင်သော စွမ်းအားက နတ်ဖီးနစ်မျိုးနွယ်၏ စွမ်းအားထက်ပင် ပို၍ သန့်စင်ပြီး ပိုမိုသန်မာလေသည်။
ဆူဇီမိုသည် အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်ကို နောက်တစ်ဖန် ဝှေ့ယမ်းလိုက်၏။
“ဂီး…”
ယပ်တောင်က ဆင်းသက်လာသည့် ခဏမှာပင် ဖီးနစ်တစ်ကောင်၏ အော်သံက လေထဲကနေ ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်၏ အောက်မှာ မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဖီးနစ်တစ်ကောင်က ပျံသန်းလာပြီး လေထဲမှာ ရှိသော အင်မော်တယ် ဝေလငါးထံ ပြေးဝင်သွား၏။
မျိုးနွယ်စုတစ်သောင်းကြားမှ ထိပ်သီးသတ္တဝါနှစ်မျိုး၏ ထိတွေ့ရိုက်ခတ်မှုက ကမ္ဘာတုန်လောက်ဖွယ်ရာ ဖြစ်၏။
ဆူဇီမိုသည် ထိုဝှက်ဖဲများကို ထုတ်ဖော်စဉ် သူက သူ့လက်ထဲရှိ မြင်းမြီးကျာပွတ်ကို နောက်တစ်ဖန် လွှဲယမ်းလိုက်၏။
ချည်မျှင်သုံးထောင်က အလွန်တရာ အသိစိတ်ရှိနေပြီး လေထုအလွှာများကို ဆုတ်ဖြဲကာ အဆက်မပြတ် ဆန့်တန်းသွား၏။ တစ်ခဏချင်းမှာပင် သူတို့က ဗောဓိစေ့၏ ဘေးသို့ ရောက်ရှိသွားပြီး လာရာလမ်းအတိုင်း ပြန်လှည့်လာ၏။
သူက ဤနေရာကနေ မထွက်ခွာနိုင်သော်လည်း သူ့လက်ထဲရှိ ဓမ္မရတနာကို အသုံးချကာ ဗောဓိစေ့ကို လက်ဦးမှုရယူပြီး လုယူဖို့ အခွင့်အလမ်းကို ချိန်ဆလိုက်၏။
ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခု ဖျတ်ခနဲ ဝင်ရောက်လာ၏။
ရွှစ်…
အေးစက်အလင်းတစ်ခုက သူ၏ နောက်ဘက်မှာ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းနောက်ကို တိုးဝင်လာခဲ့၏။
ထိုအေးစက်အလင်းက ဆင်းသက်လာမည်ဆိုလျှင် အဲဒါသည် ဆူဇီမို၏ အသိစိတ်ကို ထိုးဖောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် သတ်ဖြတ်နိုင်မည်ဖြစ်၏။
ဤလူက တိုက်ခိုက်လိုက်သည့် ခဏမှာပင် အဲဒါက သေကွင်းသေကွက်ကို ချိန်ရွယ်သော သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်နေ၏။
တိုက်ခိုက်သူ၏ အချိန်ကိုက်လှုပ်ရှားမှုက တကယ့်ကို ပြောင်မြောက်လွန်း၏။
အဲဒါသည် ယင်ထျန်၊ လန်ချန်ချန်၊ ဆူဇီမိုနှင့် လင်းလောတို့ကြား တိုက်ပွဲ၏ အကြိတ်အနယ်ရှိလာသော အခိုက်အတန့်ဖြစ်၏။ နှစ်ဖက်စလုံးက နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များစွာကို ဆက်တိုက်ထုတ်ဖော်ထားခဲ့ကြ၏။ ယခုအချိန်မှာ သူတို့သည် အားအနည်းဆုံးအချိန်မှာ ရှိနေပြီး စိတ်အာရုံပျက်ယွင်းဖို့ မတတ်နိုင်ပေ။
ဆူဇီမိုက အံ့အားသင့်သွားခြင်း မရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။ သူက သူ့နောက်ဘက်ကနေ ဝင်ရောက်လာသည့် သတ်ဖြတ်လိုစိတ်ကို သတိမထားမိသည့်အလား ဗောဓိစေ့ကို ဆွဲယူရန် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ထိန်းချုပ်ထားဆဲဖြစ်၏။
“သတိထား”
လင်းလောသည် သူမ၏ မျက်ဝန်းထောင့်ကနေ ဖြစ်ပျက်နေသည့်အရာကို တွေ့မြင်သွားပြီး အလောတကြီး သတိပေးလိုက်၏။
သူမသည် လန်ချန်ချန်နှင့် တိုက်ခိုက်နေရပြီး လုံးဝ ထွက်ခွာနိုင်ခြင်း မရှိပေ။
လင်းလော၏ အသံက အနည်းငယ် နောက်ကျသွားဆဲဖြစ်၏။
သူမ သတိပေးလိုက်သည့် ခဏမှာပင် အေးစက်အလင်းက ဆူဇီမို၏ ဦးခေါင်းနောက်ဘက်သို့ ဆင်းသက်ရောက်ရှိသွားပြီဖြစ်သည်။
ချွမ်း…
အေးစက်အလင်းက ဆင်းသက်သွားသောအခါ အသွေးအသား၊ အရိုးနှင့် ဦးနှောက်ကို ထိုးဖောက်ရမည့်အစား သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် မလှမ်းမကမ်း လေဟာနယ်ထဲမှာ ဝဲဂယက်များ ပေါ်ထွက်လာ၏။
အရပ်ပုပုနှင့် ပိန်လှီသော အရိပ်တစ်ခုက ပေါ်ထွက်လာပြီး သူ၏ လက်ထဲမှာ ထက်ရှသော ဓားတစ်လက်ကို ကိုင်ဆွဲထား၏။
အဲဒါသည် သူတို့ ၉ယောက်ကြားမှာ ကျင့်ကြံမှု အနိမ့်ဆုံးဖြစ်သော အပြာရောင်ဝတ်ကောင်လေး ဖြစ်လေသည်။
သူတို့ ၉ယောက် ဤနေရာမှာ ပေါ်ထွက်လာခဲ့စဉ်က အပြာရောင်ဝတ်ကောင်လေးသည် အဆင့် ၁ ကောင်းကင်အင်မော်တယ်တစ်ဦးသာ ဖြစ်ခဲ့၏။ သူနှင့် အခြားသူများကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေပြီး မည်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ပေ။
အပြာရောင်ဝတ်ကောင်လေးသည် ရုတ်တရက် ပေါ်ထွက်လာပြီး ဆူဇီမိုကိုပင် တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
“သူက အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက် မဟုတ်ဘူးပဲ… သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်လား...”
ဘေးကနေ စောင့်ကြည့်နေသော ရွှေငှက်မွေးနှင့် နီဟန်သည် အပြာရောင်ဝတ်ကောင်လေး၏ ကျင့်ကြံမှုနယ်ပယ်ကို ထောက်လှမ်းမိသောအခါ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
အပြာရောင်ဝတ်ကောင်လေးသည် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဖုံးကွယ်ခြင်းနည်းစနစ်တွင် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသည်မှာ သိသာလေသည်။
အဆင့်-၇ ကောင်းကင်အင်မော်တယ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ သန်မာချင်မှ သန်မာမည်ဖြစ်သော်လည်း သူသည် အဆင့် ၈ သို့မဟုတ် အဆင့် ၉ ကောင်းကင်အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
အပြာရောင်ဝတ်ကောင်လေး၏ ဖုံးကွယ်ခြင်းနည်းစနစ်က တကယ်ပင် လူတိုင်းကို လှည့်စားနိုင်ခဲ့သည်ဟု ဆိုရပေမည်။
ဆူဇီမိုပင်လျှင် သူ့ကို သတိမထားမိခဲ့ပေ။
သို့သော်လည်း အပြာရောင်ဝတ်ကောင်လေးက သူ၏ ခြေရာကို ဘယ်လိုပင် ဖျောက်ဖျက်ထားသည်ဖြစ်စေ၊ သူသည် ဆူဇီမို၏ အာရုံခံသတိစိတ်ကနေ မပုန်းရှောင်နိုင်ပေ။
ဆူဇီမိုသည် ယင်ထျန်နှင့် တိုက်ခိုက်ဖလှယ်ခဲ့သည့် ခဏမှာပင် သူ့အပေါ် သိသိသာသာ ရန်လိုနေသော ကြောက်စရာကောင်းသည့် ပညာရှင်တစ်ဦး ဘေးနားပတ်လည်မှာ ပုန်းကွယ်နေသည်ကို သူက အာရုံခံမိခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဆူဇီမိုက သတိအနေအထားပြင်ထားခဲ့၏။
အပေါ်ယံမှာ သူသည် အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်ကိုသာ ကိုင်ဆွဲထား၏။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို တိတ်တဆိတ် ထုတ်ဖော်ပြီး မထင်မှတ်ထားသော မည်သည့်အခြေအနေကိုမဆို ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။
အပြာရောင်ဝတ်ကောင်လေးက တိုက်ခိုက်လိုက်သောအခါ ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကိုသာ သုံးပြီး ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို သူ၏ ဦးခေါင်းနောက်ဘက်မှာ ပေါ်ထွက်စေကာ အဝါရောင်သဲ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
အပြာရောင်ဝတ်ကောင်လေး၏ ဓားက ဘယ်လောက်ပင် ထက်ရှသည်ဖြစ်စေ၊ အဲဒါသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို မချိုးဖျက်နိုင်ပေ။
“စောစောက ခန်းမဆီကို ငါတို့ လာတဲ့လမ်းမှာ အဲဒီကောင်လေး နောက်ဆုတ်သွားတာ မြင်တော့ ငါက အဲဒါနဲ့ ပတ်သက်ပြီး သိပ်အများကြီး မစဉ်းစားမိခဲ့ဘူး… သူက ဟဲတန်နဲ့ ချီယွီတို့ကို သွားရှာတာဖြစ်မယ်လို့ ထင်ခဲ့တာ”
နီဟန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကြည့်ရတာတော့ ဟဲတန်နဲ့ ချီယွီက သူသတ်လို့ သေသွားလောက်ပြီနဲ့ တူတယ်”
အပြာရောင်ဝတ်ကောင်လေးက ဆူဇီမိုကို သတ်ဖြတ်ရာမှာ ကျရှုံးသွားပြီးနောက် အဝေးသို့ ထွက်ပြေးချင်လေသည်။
သို့သော်လည်း ဆူဇီမို၏ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်က ပြည့်နှက်နေပြီဖြစ်၏။
ဤကဲ့သို့သော အန္တရာယ်များသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို ရတနာသူတော်စင်နန်းတော်ထဲမှာ ထားမည်ဆိုလျှင် အဲဒါက ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုသည် ဤခြိမ်းခြောက်မှုကို အပြီးတိုင် သတ်ဖြတ်ဖို့အတွက် အခွင့်အလမ်းကို ချိန်ဆဖို့ ပြင်လိုက်၏။
“မင်းက ငါ့ကို လုပ်ကြံသတ်ဖြတ်ချင်တယ်ဆိုမှတော့ ထွက်မသွားနဲ့တော့”
ဆူဇီမိုက ပျောက်ကွယ်သွားတော့မည့် အပြာရောင်ဝတ်ကောင်လေး၏ ဝေဝါးနေသော ပုံရိပ်ကို လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။