← Chapters

ဘဝနေဝင်ချိန်

Vol. 161 Ch. 2405

ဘဝနေဝင်ချိန်

Vol. 161 Ch. 2405

တစ်ခဏချင်းမှာပင် ဆူဇီမိုသည် ပေတစ်ရာအကွာအဝေးကို ဖြတ်ကျော်ပြီး စတုတ္ထမြောက်ဗုံသံကို ကြားလိုက်ရ၏။

ဤတစ်ခေါက်မှာ သူသည် ခုခံဖို့အတွက် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ခဲ့ခြင်းမရှိပေ။

အကြောင်းမှာ ဆည်းဆာဗုံသံမှာပါဝင်သော ဓမ္မတာအိုက သူ၏ ခွန်အားထက် ကျော်လွန်နေသည်ကို သူကသိရှိထားသောကြောင့်ဖြစ်၏။

သူက ခုခံမည်ဆိုလျှင်တောင် အလကားပင်။

ဆူဇီမိုသည် သူ့ဘဝသက်တမ်းလျော့ကျနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။

နှစ်လေးသောင်းက တစ်ခဏချင်းမှာပင် ပျောက်ဆုံးသွား၏။

ပေလေးရာကို ဖြတ်ကျော်လာပြီးနောက် သူသည် ဘဝသက်တမ်းနှစ်တစ်သိန်းလုံးလုံးကို ဆုံးရှုံးခဲ့ရပြီးဖြစ်၏။

အဲဒါက လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်၏။

ဆူဇီမိုသည် အချိန်နတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်ကို ထိန်းချုပ်ထား၏။

သူသည် တစ်ခါက ထိုအန္တိမနတ်ဘုရားစွမ်းအားကို အသုံးချပြီး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ကာ ထိုသူ၏ ဘဝသက်တမ်း ချက်ချင်းယိုယွင်းပျက်စီးခြင်းကို မျက်မြင်ကိုယ်တွေ့ခဲ့၏။

သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ သူ့ကိုယ်ပိုင်ဘဝသက်တမ်း ချက်ချင်းလျော့ကျပျောက်ကွယ်ခြင်းကို သူက မတွေ့ကြုံဖူးခဲ့ပေ။

ဆည်းဆာဗုံသံသည် ခန်းမထဲမှာ ပဲ့တင်ထပ်နေ၏။

ဆူဇီမိုက ဆည်းဆာဗုံသံဆင်းသက်လာစဥ် ဗုံသံ၏ အနက်ပိုင်းထဲမှာပါဝင်သော တာအိုနှင့် ဓမ္မပညာရပ်များကို ဂရုတစိုက်နားလည်ဆင်ခြင်ကာ လူတစ်ယောက်၏ ဘဝသက်တမ်းကုန်ဆုံးခြင်း၏ ရက်စက်မှုကို တွေ့ကြုံခံစားနေ၏။

ဆူဇီမိုသည် ရှေ့ကိုဆက်တက်ဖို့ ရွေးချယ်ခဲ့သည်မှာ လောဘရမ္မက်ကြောင့် မဟုတ်ပေ။

အကြောင်းမှာ သူသည် ဆည်းဆာ​​ဗုံသံကို အသုံးချကာ သူ၏ တဒင်္ဂအခိုက်အတန့်ကို ဆက်လက်၍ ပြီးပြည့်စုံစေချင်သောကြောင့်ဖြစ်၏။

ဖြစ်နိုင်လျှင် သူသည် တဒင်္ဂအခိုက်အတန့်ကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်ပြီး အဟန့်အတားတချို့ကို ချိုးဖျက်ကာ နောက်ထပ်အထွတ်အထိပ်အမှတ်တစ်ခုထိ ရောက်ရှိလို၏။ တကယ်တော့ ထိုအပြုအမူသည် ကြီးမားသောအန္တရာယ်နှင့် ဒွန်တွဲနေ၏။

ဆူဇီမိုသည် ဆည်းဆာဗုံသံမှ ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိလျှင် သူသည် ဆုံးရှုံးသွားသော ဘဝသက်တမ်းကို ဘယ်တော့မှ ပြန်လည်ရရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း လောကမှာရှိသော အခွင့်အလမ်းများအားလုံးက အန္တရာယ်နှင့် တွဲဖက်နေ၏။

ဆည်းဆာဗုံသံကို နားလည်ဆင်ခြင်ဖို့ တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ အဲဒါကို ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ဖြစ်၏။

ဆည်းဆာဗုံသံ၏ ဆေးကြောသန့်စင်မှုကို ခံယူခြင်းကနေသာ အထဲမှာပါဝင်သော ဓမ္မတာအို၏ လေးနက်သိမ်မွေ့မှုကို တွေ့ကြုံခံစားကာ ၎င်းကို နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

“သူက.. ဆည်းဆာဗုံသံမှာပါတဲ့ ဓမ္မတာအိုကို နားလည်ဆင်ခြင်လိုနေတာလား”

လန်ချန်ချန်က ဆူဇီမို၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပုံရပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဟီးဟီး”

ယင်ထျန်က ရယ်မောလိုက်၏။

“သူက ဗုံသံဆယ်သံလောက်နဲ့ ဆည်းဆာဗုံသံရဲ့ ဓမ္မတာအိုကို နားလည်ဆင်ခြင်နိုင်မယ်ထင်နေရင်တော့ အိပ်မက်မက်နေတာပဲဖြစ်ရမယ်... နောက်ပြီးသူက အဲဒီဗုံသံဆယ်သံစလုံးကိုတောင်မှ ကြားရနိုင်မှာမဟုတ်ဘူး”

“အဲဒါမတိုင်ခင် သူ့ရဲ့ဘဝသက်တမ်းက ကုန်ဆုံးသွားလိမ့်မယ်”

လင်းလောက နားလည်သဘောပေါက်လာခဲ့၏။

ဆည်းဆာဗုံသံအတွက် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာချန်ထားခဲ့သောစမ်းသပ်ချက်သည် ကိုယ်ကာယသက်သက်ဖြင့် ရှေ့သို့တက်လှမ်းမည့် လူများအတွက် မဟုတ်ပေ။ ထိုအစား သူတို့သည် အခြေအနေကနေဖောက်ထွက်ပြီး အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို မရရှိနိုင်ခင် သူတို့သည် ဆည်းဆာဗုံသံမှာပါဝင်သော ဓမ္မတာအိုကို နားလည်ဆင်ခြင်ကာ အမွေဆက်ခံနိုင်ရမည်ဖြစ်၏။

ယင်ထျန်၊ လန်ချန်ချန်နှင့် ရွှေငှက်မွေးတို့ကလည်း အဲဒါကိုတွေးမိကြ၏။

သို့သော်လည်း ဆည်းဆာဗုံသံသည် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာချန်ထာခဲ့သည့် စမ်းသပ်ချက်တစ်ခုဖြစ်သည်ဆိုတာကို သူတို့သိထားလျှင်တောင် သူတို့လေးယောက်သည် ရှေ့ကိုဆက်တက်ဖို့ သတ္တိမရှိကြပေ။

အဲဒါက အရမ်းကို အန္တရာယ်များလွန်း၏။

ဗုံသံဆယ်သံအတွင်း ဆည်းဆာဗုံသံ၏ လျှို့ဝှက်ဆန်းကြယ်သော နက်နဲသိမ်မွေ့မှုများကို နားလည်ဆင်ခြင်နိုင်မည်ဟု ဘယ်သူက ယုံကြည်မှုရှိပါ့မလဲ။

ထိုစဥ်မှာပင် စတုတ္ထမြောက်ဗုံသံက လုံးလုံးလျားလျားပျက်ပြယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွား၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆူဇီမိုက ရှေ့ကိုဆက်လက်တက်လှမ်းလိုက်၏။

ဒုံ...

ပဉ္စမမြောက်ဗုံသံက ထွက်ပေါ်လာ၏။

ဘဝသက်တမ်း နှစ်ငါးသောင်းက ပျောက်ဆုံးသွား၏။

ဆူဇီမိုသည် ခရီးတစ်ဝက်ကိုသာရောက်ရှိသေးပြီး သူ၏ ဘဝသက်တမ်းနှစ်တစ်သိန်းငါးသောင်းလုံးလုံးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။

အဲဒါသည် စောစောက နီဟန်ကြုံတွေ့ခဲ့သော မြင်ကွင်းနှင့် တူညီသလောက်နီးပါးပင်။

ယင်ထျန်နှင့် အခြားသူများအတွက်တော့ ဆူဇီမိုသည် နီဟန်လျှောက်ခဲ့သည့်လမ်းကို ထပ်၍လျှောက်နေခြင်းဖြစ်ပုံရ၏။ ရလဒ်ကပင် ထပ်တူညီနေပေလိမ့်မည်။

ဗုံသံသည် ခဏကြာအောင် ပဲ့တင်ထပ်ပြီးနောက် ငြိမ်သက်သွား၏။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ့မှာ မည်သည့်စိတ်အာရုံပျက်ယွင်းမှုမှ မရှိပေ။ သူက ထိုအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပွားနေသည့် မသိမသာအပြောင်းအလဲများကို အာရုံခံရင်း ဆည်းဆာဗုံသံမှာ​ပါဝင်သည့် ဓမ္မတာအိုကို အပြည့်အဝ အာရုံစိုက်၍ စေ့စေ့စပ်စပ် နားလည်ဆင်ခြင်နေ၏။

သိပ်မကြာခင် ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ပြတ်သားသော အကြည့်နှင့်အတူ ရှေ့သို့ဆက်လက်တက်လှမ်းလိုက်၏။

ဒုံ...

ဆဋ္ဌမမြောက်ဗုံသံက ထွက်ပေါ်လာ၏။

ဘဝသက်တမ်းနှစ်​ခြောက်သောင်းက ပျောက်ဆုံးသွား၏။

ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ သူသည် ဤနေရာသို့ ရောက်ရှိလာသည့်အချိန်မှာ ဘဝသက်တမ်းနှစ် ၂၁၀၀၀၀လုံးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။

ဤနေရာသို့ နီဟန်ရောက်ရှိခဲ့သည့်အချိန်မှာ သူသည် ဆံဖြူအဖိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူ့ဘဝ၏ လမ်းဆုံးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ဆူဇီမိုကတော့ သူသည် ပို၍အိုစာလာသည့်ပုံပေါ်သော်လည်း သူ၏ အနက်​ရောင်ဆံပင်များက ရေတံခွန်တစ်ခုကဲ့သို့ ပြန့်ကျနေပြီး သူ၏ မျက်နှာက ဝင်းလက်နေ၏။ သူက သွေးချီဖြင့် ပြည့်နှက်နေပြီး သူ၏ အရွယ်ကောင်းတွင် ရှိနေသေးသည်မှာ သိသာလေသည်။

နီဟန်သည် အသက်နှစ်ရှစ်သောင်းကနေ စတင်ခဲ့သော်လည်း ဆူဇီမို၏ အသက်အမှန်က နှစ်တစ်သောင်းပင် မပြည့်သေးပေ။

ယခုအချိန်မှာတောင် သူ၏ အသက်က နှစ် ၂၁၀၀၀၀ မပြည့်သေးဘဲ သူက ကောင်းကင်အင်မော်တယ်နယ်ပယ်တွင် အရွယ်ကောင်းမှာရှိနေသေး၏။

“သူကတော်တော်ငယ်သေးတာပဲ”

အတွေးတစ်ချက်နှင့်အတူ ရွှေငှက်မွေးက ဆူဇီမို၏ အသက်အမှန်ကို ကောက်ချက်ချလိုက်နိုင်၏။

“အသက်နှစ်တစ်သောင်းမပြည့်ခင်မှာတင် သူက ဒီအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်ဆိုတော့... သူက တကယ့်ကိုအထင်ကြီးစရာပဲ”

လန်ချန်ချန်က ပြောလိုက်၏။

“ကံဆိုးတာကတော့ သူ့ရဲ့လက်ရှိအသက်ကို သက်လတ်ပိုင်းလို့တောင်မှ ဆက်ပြီးမခေါ်နိုင်တော့ဘူး.. သူက ရပ်တန့်လိုက်မယ်ဆိုရင်တောင် အနာဂတ်မှာ သူက ပကတိဧကနယ်ပယ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး တော်တော်နည်းသွားပြီ”

“တာအိုရောင်းရင်း... အခုနေရပ်တန့်မယ်ဆိုရင် နောက်မကျသေးပါဘူး”

စိုးရိမ်ပူပန်သောအမူအရာတစ်ခုနှင့်အတူ လင်းလောက ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး ရုတ်တရက်သတိပေးလိုက်၏။

“ရှင်က... ရှေ့ကိုဆက်တက်ပြီး သတ္တမမြောက်ဗုံသံကို ကြားရတဲ့အချိန်ကျရင် ရှင်က...”

“ဟားဟားဟား...”

ယင်ထျန်က ဟားတိုက်ရယ်မောပြီး လင်းလော၏ စကားကို ဖြတ်ပြောလိုက်၏။

“မဆိုးဘူး... မဆိုးဘူး ဆူဇီမို... မင်းက ကြောက်နေလို့ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင်လဲ မြန်မြန်ပြန်လာခဲ့လေ.. မဆင်မခြင်မလုပ်နဲ့”

ယင်ထျန်၏ စကားလုံးများသည် ဆူဇီမိုကို စိတ်အနှောက်အယှက်ပေးလိုနေသည်မှာ သိသာ၏။

သတ္တမမြောက်ဗုံသံထွက်ပေါ်လာလျှင် ဆူဇီမိုသည် ဘဝသက်တမ်း နှစ်ခုနှစ်သောင်းကို ဆုံးရှုံးရပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူသည် ဘဝနေဝင်ချိန်နှစ်များသို့ ဝင်ရောက်သွားလိမ့်မည်ဖြစ်ပြီး အရာရာတိုင်းက နောက်ကျသွားပေလိမ့်မည်။

လင်းလောသည် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး အော်ပြောလိုက်၏။

“ယင်ထျန်... နင်တော်တော်ရက်စက်ယုတ်မာတာပဲ”

ယင်ထျန်က နှုတ်ခမ်းမဲ့ကာ လှောင်ရယ်လိုက်၏။

“ဒါကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာပဲလေ... အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ... ငါကသူ့ကို ဖိအားပေးနေတာ မဟုတ်ဘူး”

“နောက်ပြီး သူက ဒီလောက်ဝေးဝေးရောက်လာခဲ့ပြီ... အဲတော့ သူ့ရဲ့ယုံကြည်မှုကို ပိုမိုခိုင်မာလာအောင်လုပ်ပြီး သူစတင်ခဲ့တဲ့အရာကို အဆုံးသတ်ဖို့ ရှေ့ကိုဆက်ပြီးတက်လှမ်းရမှာပေါ့”

ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရှေ့သို့ဆက်တက်လိုက်၏။

ဒုံ...

သတ္တမမြောက်ဗုံသံက ထွက်ပေါ်လာ၏။

ဆူဇီမို၏ ခန္ဓာကိုယ်မှာ တုန်လှုပ်စရာကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာပြီး သူက လျင်မြန်စွာ အိုစာသွား၏။ သူ၏ မျက်နှာက ပါးရေနားရေများတွန့်သွားပြီး သူ၏ ဆံပင်က ဖြူဖွေးသွား၏။ သူ၏ အသားနှင့် သွေးတို့က ခန်းခြောက်သွားပြီး သူကဘဝနေဝင်ချိန်အော်ရာကို ထုတ်ဖော်ကာ သိသိသာသာအိုစာလာခဲ့၏။

ကောင်းကင်အင်မော််များမှာ ဘဝသက်တမ်းနှစ်သုံးသိန်းရှိပြီး ဆူဇီမိုက ယခုအခါ အသက်နှစ် ၂၉၀၀၀၀နီးပါး ဖြစ်သွားခဲ့လေပြီ။

“တာအိုရောင်းရင်း...”

ထိုသည်ကိုတွေ့မြင်သောအခါ လင်းလောက သူမ၏ မျက်လုံးထဲရှိ သနားဂရုဏာသက်မှုနှင့်အတူ အံ့အားတသင့်အော်ခေါ်လိုက်၏။

“ဟားဟားဟား...”

ယင်ထျန်က ဟားတိုက်ရယ်မော၍ ကျေနပ်သဘောကျနေ၏။

ဤလူသည် စောစောကတင် လင်းလောနှင့် ပူးပေါင်းပြီး သူနှင့် လန်ချန်ချန်ကို ကောင်းကောင်းဒုက္ခပေးခဲ့၏။ ဆူဇီမိုက ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိလာသည့်အခါ သူကဘယ်လိုလုပ် ဝမ်းမသာဘဲနေနိုင်ပါ့မလဲ။

ဆူဇီမိုသေဆုံးသွားသည့်အချိန်မှာပင် ယင်ထျန်က သူ၏ ပိုင်ဆိုင်မှုကို အရယူဖို့ဆုံးဖြတ်ထား၏။

သူသည် ဆူဇီမို၏ အလောင်းကနေ ကောင်းကင်သတ်ဖြတ်ခြင့်နှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို ရရှိနိုင်မည်ဆိုလျှင် ပို၍ပြီးပြည့်စုံသွားပေလိမ့်မည်။

“ငါသိပြီ”

ဆူဇီမိုက နေရာမှာပင်မလှုပ်မယှက် ရပ်နေ၏။ သူ၏ မျက်နှာက အိုစာလာသော်လည်း သူ၏ မျက်လုံးများက အလွန်တရာရှင်းလင်းနေပြီး သူက တီးတိုးရေရွတ်လိုက်၏။

စောစောကမှ သူသည် ဆည်းဆာဗုံသံကို စတင်၍ နားလည်ဆင်ခြင်ခဲ့ရ၏။ သူက အသိအမြင်တချို့ ရရှိခဲ့သော်လည်း သူသည် ၎င်း၏ နောက်ကွယ်မှ အစစ်အမှန်သဘောတရားကို နားမလည်နိုင်ခဲ့ပေ။

ယခုအခါမှသာ သူက နားလည်သဘောပေါက်လာခဲ့၏။

လူတစ်ယောက်၏ ဘဝနေဝင်ချိန်နှစ်များမှာသာ သူတို့သည် ဆည်းဆာဗုံသံ၏ ဓမ္မတာအိုနှင့် အိုမင်းရင့်ရော်ခြင်း၏ ရက်စက်ကြမ်းကြုတ်မှုကို အမှန်တကယ်တွေ့ကြုံခံစားမိနိုင်ပေလိမ့်မည်။

တကယ်တော့... အဲဒါသည် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာချန်ထားခဲ့သည့် နောက်ထပ်စမ်းသပ်ချက်တစ်ခုလည်းဖြစ်၏။

နီဟန်သည် သူ့ဘဝ၏ နေဝင်ချိန်မှာ ဤနေရာသို့ ရောက်ရှိလာနိုင်ခဲ့သော်လည်း ထိုအချိန်မှာ သူက စိတ်ပိုင်းဆိုင်ရာလဲပြိုကျလုနီးပါးဖြစ်နေခဲ့၏။ သူ၏ တာအိုနှလုံးသားကပင် လှုပ်ခတ်လာခဲ့ပြီး သူက ဓမ္မတာအိုကို တည်ငြိမ်စွာဖြင့် နားလည်ဆင်ခြင်နိုင်စရာအကြောင်းမရှိတော့ပေ။

နီဟန်၏ တာအိုနှလုံးသားက လဲပြိုကျ၍ သူက မကျေမနပ်ဖြစ်နေခဲ့ပြီး သူ၏ ဘဝသက်တမ်းကုန်ဆုံးသွားပြီးနောက် သူက သေဆုံးသွားခဲ့ရ၏။

ဆူဇီမိုသည် ဤနေရာအရောက်တွင် ဤမျှအထိတည်ငြိမ်နေရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ၏ တာအိုနှလုံးသားက သန်မာသောကြောင့်ဖြစ်၏။

ဤတစ်ခေါက် သူ၏ အပြုအမူသည် ဆည်းဆာဗုံသံ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်ဖို့ ရည်ရွယ်ထားသောကြောင့်လည်းဖြစ်၏။

နောက်ထပ်အကြောင်းအရင်းမှာ သူသည် တစ်ခါက ဤကဲ့သို့သောဘဝနေဝင်ချိန်နှစ်များကို တွေ့ကြုံခဲ့ဖူးသောကြောင့်ဖြစ်၏။

အဲဒါသည် သူ့အတွက်ရင်းနှီးခဲ့ဖူးသော အခြေအနေတစ်ခုဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်၏ တာအိုအမွေအနှစ်ကုန်းမြေမှာ သိုင်းတာအိုကို သူတည်ထောင်ခဲ့စဥ်က သူသည် အဲ့ဒါကိုမအောင်မြင်ခင် သူ၏ ဘဝသက်တမ်းက ကုန်ဆုံးလုနီးပါးဖြစ်ခဲ့၏။

ထို့ကြောင့် သူ့ဘဝ၏ နောက်ဆုံးအချိန်မှာပင်လျှင် သူသည် ဆည်းဆာဗုံသံမှဓမ္မတာအို၏ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်ရင်း သူကဣန္ဒြေရ၍တည်ငြိမ်နေသေးခြင်းဖြစ်၏။

All Chapters