← Chapters

အခြေအနေကို ထိန်းချုပ်ခြင်း

Vol. 161 Ch. 2408

အခြေအနေကို ထိန်းချုပ်ခြင်း

Vol. 161 Ch. 2408

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ယင်ထျန်နှင့် လန်ချန်ချန်ကို တစ်ချက်မျှသာကြည့်ကာ လင်းလောဘက်ကို လှည့်ပြောလိုက်၏။

“ခင်ဗျားက နောက်ပြီး ရွှေငှက်မွေးနဲ့ တိုက်ခိုက်တဲ့အခါ သူ့ရဲ့ မျိုးဆက်သွေးနယ်မြေကို သတိထား”

ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်မှာ သန်မာသော မျိုးဆက်သွေး ရှိသည့်အပြင် သူတို့၏ လှုပ်ရှားမှု နည်းစနစ်ကလည်း အလွန်တရာ ပြောင်မြောက်လေသည်။

သို့သော်လည်း ဆူဇီမိုသည် လင်းလော၏ လှုပ်ရှားမှု နည်းစနစ်ကို အရင်က တွေ့မြင်ထားခဲ့ပြီး အဲဒါက ရှေးဟောင်းမျိုးဆက်တစ်ခုကနေ ဆင်းသက်လာခဲ့သည်မှာ သိသာနေသည်။ အဲဒါသည် ဒသမမြောက် ကပ်ဘေးအတွင်း သူတွေ့မြင်ခဲ့ရသော အနက်ရောင်ဝတ် အမျိုးသမီး၏ လှုပ်ရှားမှု နည်းစနစ်နှင့် အလွန်တရာ ဆင်တူပြီး အရမ်းကို လျှို့ဝှက်ဆန်းကြယ်နေ၏။

ထိုနေရာမှာ ခြေသုံးချောင်း ရွှေကျီးကန်းသည် မည်သည့် အသာစီးမှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

လင်းလောက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက မြေပြင်ကို ဆောင့်နင်းပြီး ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ခန်းမ၏ အလယ်မှာ ရှိသော ကျောက်စားပွဲထံ ပြေးထွက်သွား၏။

မည်သို့ပင်ဆိုစေ သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အရင်ဆုံး အရယူရပေမည်။

“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”

ယင်ထျန်၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်​ပြီး သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ ချက်ချင်းလှည့်ပတ်လိုက်၏။ တုန်လှုပ်စရာကောင်းသော အလျင်အဟုန်နှင့်အတူ သူက ဆူဇီမိုနောက်သို့ ပြေးလိုက်သွား၏။

အခြားတစ်ဖက်မှာ လန်ချန်ချန်သည် ပေါ့ပါးစွာ လျှောက်လှမ်းလာ၏။ သူမ၏ လှုပ်ရှားမှု နည်းစနစ်က ယင်ထျန်ထက်ပင် ပို၍မြန်ဆန်ပြီး ဆူဇီမိုနှင့် သူမအကြား အကွာအဝေးက လျင်မြန်စွာ တိုတောင်းလာခဲ့၏။

ခန်းမထဲမှာ ချိပ်စည်းတစ်ခု ရှိနေပြီး ဆူဇီမိုသည် ဧရာမ ရွှေငှက်တောင်ပံများကဲ့သို့ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်ပေ။ သူသည် ယင်ထျန်နှင့် လန်ချန်ချန်ထံကနေ လွတ်လွတ်ကျွတ်ကျွတ် ရုန်းမထွက်နိုင်ပေ။

ထိုချိပ်စည်း မရှိလျှင် ဆူဇီမိုသည် သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များ အားလုံးကို ထုတ်ဖော်လိုက်ပါက ယင်ထျန်နှင့် လန်ချန်ချန်ကို မပြောနှင့်၊ သာမန်ပကတိအင်မော်တယ်များပင်လျှင် သူ့ကို လိုက်မီလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ကျောက်စားပွဲနှင့် ပေတစ်ရာအကွာသို့ ရောက်ရှိသည့်အချိန်မှာ လန်ချန်ချန်က လိုက်မီလာခဲ့ပြီဖြစ်ပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တိုက်ခိုက်လိုက်၏။

လန်ချန်ချန်က သူမ၏ သေးသွယ်သော လက်ကို ဆန့်ထုတ်ပြီး ဆူဇီမို၏ နောက်ကျောကို ပစ်ရိုက်ချလိုက်၏။

ထိုလက်ဝါးက နုနယ်၍ အားနည်းသည့်ပုံပေါ်သော်လည်း လက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာသည့် စွမ်းအားက အလွန်တရာ တုန်လှုပ်စရာကောင်းနေ၏။ အဲဒါက တားဆီး၍ မရနိုင်သော အော်ရာတစ်ခုနှင့်အတူ ဧရာမ နန်းတော်တစ်ခုကဲ့သို့ ဖိခြေကျဆင်းလာ၏။

ဆူဇီမိုက သူ၏ နောက်ဘက်ရှိ စွမ်းအင်အတက်အကျကို အာရုံခံမိသောအခါ နောက်ပြန်လှည့်ကြည့်ခြင်း မရှိဘဲ လက်ပြန်ပစ်ရိုက်လိုက်၏။

လန်ချန်ချန်၏ လက်ဝါးနည်းစနစ်နှင့် မတူဘဲ ဆူဇီမို၏ လက်ဝါးရိုက်ချက်သည် ဧရာမ ကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ လှည့်ပတ်လာပြီး လေထုကို တွန့်လိမ်စေကာ အဆက်မပြတ် ဖိခြေကျဆင်းလာ၏။

မဟာကစဉ့်ကလျား အမြုတေလက်ဝါး…

ဘန်း…

လက်ဝါးနှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး ချက်ချင်းပြန်ခွာသွားကြ၏။

ဆူဇီမိုနှင့် လန်ချန်ချန်က တုန်ယင်သွားကြ၏။

လန်ချန်ချန်၏ မျက်လုံးထဲမှာ တုန်လှုပ်မှုနှင့် အံ့အားသင့်မှု အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာ၏။

သူမက သူမ၏ သွေးချီကို လှည့်ပတ်ပြီး သူမ၏ ဧကရာဇ်မျိုးဆက်မှ အန္တိမနည်းစနစ်၊ အဖြူရောင်ကျောက်စိမ်းမြို့တော်ကို ထုတ်ဖော်ခဲ့၏။ သူမ၏ လက်ဝါးရိုက်ချက်တစ်ချက်ချင်းစီက တားဆီးမရနိုင်သော ပုံစံဖြင့် အင်မော်တယ်မြို့တော်တစ်မြို့၏ ခမ်းနားထည်ဝါမှုကို စုဖွဲ့နိုင်၏။

သူမ၏ ဤတိုက်ခိုက်မှုသည် ဆူဇီမိုကို ဒဏ်ရာအပြင်းအထန် မရရှိစေရုံသာမက သူက လုံးလုံးလျားလျားပင် ထိခိုက်မှု ရှိလိမ့်မည် မဟုတ်ဟု လန်ချန်ချန်က ထင်မှတ်မထားခဲ့ပေ။

နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်ရိုက်ခတ်​ပြီး ညီတူမျှတူ ယှဉ်ပြိုင်နိုင်လိုက်ကြ၏။

အဲဒါထက် ဆူဇီမိုသည် လက်ဝါးနှစ်ဖက် ရိုက်ခတ်ခြင်းကနေ ထွက်ပေါ်လာသည့် အကြွင်းအကျန်စွမ်းအားကို အသုံးချကာ သူ၏ အလျင်အဟုန်ကို မြှင့်တင်လိုက်၏။ သူ၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်သွားပြီး သူက ကျောက်စားပွဲနှင့် ဆယ်ပေသာ ကွာဝေးတော့၏။

“ဟမ့်”

လန်ချန်ချန်၏ အမူအရာက သုန်မှုန်သွား၏။

ထိုအခိုက်အတန့်မှာ သူမသည် မင်းသမီးတစ်ပါးအဖြစ် သူမ၏ အရည်အချင်းကို စတင်ပြသလိုက်၏။

ထိုစက္ကန့်အပိုင်းအခြားအတွင်းမှာ အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် အချိန်မီ တုံ့ပြန်နိုင်မည် မဟုတ်ဘဲ ဆူဇီမို ထွက်ခွာသွားသည်ကို ကြည့်နေရပေလိမ့်မည်။

သို့သော်လည်း လန်ချန်ချန်က သူမ၏ လက်ဝါးရိုက်ချက် မအောင်မြင်သည့်အခါ ခဏမျှသာ မှင်တက်သွားခဲ့၏။ ထို့နောက် ချက်ချင်းပင် သူမ၏ ကျယ်ပြန့်သော ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ကာ အဲဒါသည် စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ပေများစွာ ဆန့်ထွက်သွားပြီး ဆူဇီမိုထံ ရစ်ပတ်လာခဲ့၏။

“ဟမ်”

သူက ကျောက်စားပွဲသို့ ရောက်ရှိတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုသည် သူ၏ ခြေထောက်က တင်းကျပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူသည် အင်္ကျီလက်စဖြင့် ရစ်ပတ်ခံရပြီး ရှေ့သို့ ဆက်မတက်နိုင်တော့ပေ။ အဲဒါက အသိစိတ်ရှိသည့်အလား အင်္ကျီလက်စသည် ဆူဇီမို၏ ခြေထောက်ကို အဆက်မပြတ် ရစ်ပတ်ပြီး သူ၏ ခြေလက်များကိုပင် တုပ်နှောင်ချင်နေ၏။

“စုတ်ပြဲစမ်း”

ဆူဇီမို၏ အကြည့်က သိပ်သည်းကျစ်လျစ်လာပြီး သူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ နေနှင့်လကို ဝါးမျိုနေသော မြွေတစ်ကောင်ကဲ့သို့ သူက လုံးလုံးလျားလျား အသွင်ပြောင်းလဲသွား၏။ သူ၏ ဦးခေါင်းထက်မှာ ဦးချိုနှစ်ဖက်ပေါ်ထွက်လာပြီး သူက နတ်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။ သူ၏ အသားများက ဖောင်းပွ၍ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းပင် ပြန့်ကားလာခဲ့၏။

ဗျစ်… ဗျစ်… ဗျစ်…

သူ့ကို တုပ်နှောင်ထားသည့် အင်္ကျီလက်စက ချက်ချင်းပင် စုတ်ပြဲသွားပြီး အပိုင်းအစများအဖြစ် ပြောင်းလဲကာ မြေပေါ် ပြန့်ကျဲကျဆင်းသွား၏။

ဤကဲ့သို့သော နည်းလမ်းများက ဆူဇီမိုကို မခြိမ်းခြောက်နိုင်ပေ။

သို့သော်လည်း ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ ယင်ထျန်နှင့် လန်ချန်ချန်သည် တစ်ချိန်တည်းမှာ ရောက်ရှိလာပြီး ဆူဇီမို၏ ရှေ့မှာ ပိတ်ရပ်ကာ သူ့ကို တိုက်ခိုက်လိုက်ကြ၏။

ဆူဇီမိုသည် ယင်ထျန်နှင့် လန်ချန်ချန်၏ ခံစစ်ကို ထိုးဖောက်နိုင်မှသာ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရရှိနိုင်ပေမည်။

အခြားတစ်ဖက်မှာ ရွှေငှက်မွေးနှင့် လင်းလောကလည်း တိုက်ခိုက်နေကြပြီဖြစ်၏။

သူတို့နှစ်ယောက်ကြား တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ တကယ်ပင် မလွယ်ကူပေ။

ခွန်အားအရာမှာ ရွှေငှက်မွေးသည် တကယ်ပင် သာလွန်နေ၏။ သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ခြေနင်းကွက်နှင့်အတူ လင်းလောက ထပ်ဖန်တလဲလဲ ရှောင်တိမ်းနိုင်နေ၏။

ရွှေငှက်မွေးက ဘယ်လိုပင် တိုက်ခိုက်သည်ဖြစ်စေ… လင်းလောက အဲဒါကို အလွယ်တကူ ချေဖျက်နိုင်၏။

တကယ်တော့ လင်းလော၏ ခွန်အားအရ သူမအနေဖြင့်လည်း ရွှေငှက်မွေးကို ဖိနှိမ်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

လင်းလောသည် ရွှေငှက်မွေး၏ ဘေးမှာ လှည့်ပတ်နေပြီး မလှမ်းမကမ်းမှာ ရှိသော တိုက်ပွဲကို အာရုံစိုက်ကြည့်နေ၏။

ကျင့်ကြံမှုနယ်ပယ်တူမှာ မင်းသားနှင့် မင်းသမီး၏ ပူးပေါင်းတိုက်ခိုက်မှုကို မည်သူကမှ ခုခံနိုင်မည် မဟုတ်ကြောင်း သူမ ကောင်းကောင်းသိထား၏။

သို့သော်လည်း ခဏမျှ စောင့်ကြည့်ပြီးနောက် ထိုနေရာမှာ ဖြစ်ပွားနေသော အခြေအနေက သူမ တွေးထင်ထားသည်နှင့် တက်တက်စင်အောင် ကွာခြားနေသည်ကို သူမက နားလည်သိရှိလိုက်ရ၏။

ဆူဇီမိုသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အရေးနိမ့်ခြင်း မရှိပေ။ ထိုအစား သူက ယင်ထျန်နှင့် လန်ချန်ချန်ကို ရှေ့နောက် စုန်ချည်ဆန်ချည် ပြန်လည်တိုက်ခိုက်နေ၏။

ရွှေငှက်မွေးကလည်း အခွင့်အလမ်းကို ချိန်ဆပြီး တစ်ချက်ခိုးကြည့်လိုက်၏။

ထိုအကြည့်တစ်ချက်က သူ့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေလုနီးပါးပင်။

ယင်ထျန်နှင့် လန်ချန်ချန်သည် ပူးပေါင်းထားတာတောင် ယခုအချိန်ထိ ဆူဇီမိုကို မဖိနှိမ်နိုင်ပေ။

ထိုမျှသာမက အော်ရာချင်း ယှဉ်ရာမှာ ဆူဇီမိုက အသာစီးပင် ရရှိလာသည့်ပုံပင်။

“အမ်”

ရွှေငှက်မွေးနှင့် လင်းလောက တုန်လှုပ်သွားကြ၏။

အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုသည် မင်းသားနှင့် မင်းသမီးကို တကယ်ဖိနှိမ်နေတာလား။

ဤသတင်းကသာ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါက သေချာပေါက် ကြီးမားစွာ ဂယက်ရိုက်သွားပေလိမ့်မည်။

ဝေါ….

ယင်ထျန်နှင့် လန်ချန်ချန်က သူတို့၏ မျိုးဆက်သွေးများကို သူတို့၏ အကန့်အသတ်ထိ တွန်းတင်လိုက်ပြီဖြစ်ပြီး ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်အတူ သက်ဆိုင်ရာ ဧကရာဇ်မျိုးဆက်များ၏ တိုက်ခိုက်ရေးအတတ်များစွာကို ထုတ်ဖော်ပြသလိုက်၏။

ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို အသုံးမပြုသော်လည်း သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခွန်အားနှင့်အတူ အရေးနိမ့်ခြင်း မရှိဘဲ သူတို့နှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်၏။

သူက တစ်ယောက်တည်း ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရည်အတတ်များက အနီးကပ်တိုက်ခိုက်ခြင်းမှာ ပို၍ပင် ခက်ထန်ကြမ်းတမ်းနေ၏။

ယင်ထျန်နှင့် လန်ချန်ချန်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ မဟာအရိုင်းကမ္ဘာမှ ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားလာရ၏။ တစ်ခါတစ်ရံမှာ အဲဒါသည် နတ်နဂါးတစ်ကောင်၏ စွမ်းပကားနှင့်အတူ ဆင်းသက်လာတတ်၏။ တစ်ခါတစ်ရံမှာ အဲဒါသည် တောင်ပေါ်ကနေ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်ခက်ထန်နေ၏။ တစ်ခါတစ်ရံမှာ အဲဒါသည် မျောက်ဝံတစ်ကောင်ကဲ့သို့ ပေါ့ပါးပြီး တစ်ခါတစ်ရံမှာ အဲဒါသည် အနာကွန်ဒါတစ်ကောင်ကဲ့သို့ သိမ်မွေ့ညင်သာနေ၏။

သူတို့နှစ်ယောက်သည် အကျပ်တွေ့လာပြီး သူတို့၏ အမူအရာများက ပျက်ယွင်းလာကြ၏။

သူတို့ ကျင့်ကြံမှု၏ ဤအဆင့်ထိ သူတို့သည် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးပြီး ဤကဲ့သို့ ကြောက်စရာကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်နှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ သူတို့၏ အားသာချက်များ အားလုံးက ပျောက်ဆုံးသွားပုံရ၏။

သူတို့၏ နည်းစနစ်များက ပြောင်မြောက်နေစဉ် ဆူဇီမို၏ တိုက်ခိုက်ရည်အတတ်များက ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေ၏။

သူတို့၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်သော်လည်း ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ပို၍ပင် မာကြောနေ၏။

သူတို့သည် တိုက်ခိုက်ရာမှာ အညှာအတာ ကင်းမဲ့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ပို၍ပင် ရက်စက်ကြမ်းတမ်းနေ၏။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ နှစ်ဖက်စလုံးသည် အသက်ဆယ်ရှိုက်စာ မပြည့်ခင် တိုက်ကွက်တစ်ထောင်ကျော် ဖလှယ်ခဲ့ကြ​ပြီး သုံးယောက်စလုံးက ဒဏ်ရာများ ရရှိလာကြ၏။

အချိန်ကြာလာသည်နှင့်အမျှ ယင်ထျန်နှင့် လန်ချန်ချန်၏ သွေးချီက တဖြည်းဖြည်း အားပျော့လာပြီး သူတို့က စတင်အရေးနိမ့်လာ၏။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ပို၍ ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာ၏။

လက်ရှိအခြေအနေသည် ဆူဇီမို၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေ၏။

မည်သို့ပင်ဆိုစေ… သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ်နှစ်ခု ကွာဟနေ၏။ သူ၏ သွေးချီကို အသုံးပြုရခြင်း မရှိဘဲ ဆူဇီမိုအနေဖြင့် ယင်ထျန်နှင့် လန်ချန်ချန်ကို ဖိနှိမ်ဖို့ကလည်း တကယ်ပင် မလွယ်ကူပေ။

သို့သော်လည်း တိုက်ခိုက်နေစဉ်အတွင်း သူသည် တမင်ပင် ဒဏ်ရာအရခံကာ သူတို့နှစ်ယောက်ကိုလည်း ထိခိုက်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့၏။

နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဤခန်းမထဲမှာ အသုံးမပြုနိုင်ပေ။

သူတို့သည် သူတို့၏ ဒဏ်ရာများကို ကုသဖို့အတွက် သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ ကုသနိုင်စွမ်းအပေါ်သာ မှီခိုရမည်ဟု အဓိပ္ပာယ်ရနေသည်။

ကုသခြင်းနှင့် ပြန်လည်သက်သာခြင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မည်သည့်ကိုယ်ကာယကမှ ယှဉ်နိုင်မည် မဟုတ်ပေ။ ဧကရာဇ်များ၏ မျိုးဆက်သွေးပင်လျှင် မရနိုင်ပေ။

ထိုသို့ဖြင့် သူတို့ သုံးယောက်စလုံးက ဒဏ်ရာများ ပိုမိုရရှိလေ… ဆူဇီမိုအတွက် အနိုင်ရဖို့ အခွင့်အရေးက ပိုမိုကြီးမားလာလေ ဖြစ်၏။

တကယ်ပင် ၁၅မိနစ် မပြည့်ခင်မှာ သူတို့သုံးယောက်သည် စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ပြီးပြီဖြစ်၏။ ယင်ထျန်နှင့် လန်ချန်ချန်၏ သွေးချီက လျော့ကျလာပြီး သူတို့၏ ခွန်အားက တဖြည်းဖြည်း အားနည်းလာ၏။

ဆူဇီမိုကတော့ သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သက်ရောက်ခံရမှု မရှိသလောက်နီးပါးပင်။ ထို့ကြောင့်ပင် သူက ပို၍ ကြမ်းတမ်းသည်ထက် ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့ပြီး ယင်ထျန်နှင့် လန်ချန်ချန်အပေါ် အသာစီးရယူလာခဲ့၏။

All Chapters