← Chapters

သေရေးရှင်ရေး

Vol. 161 Ch. 2410

သေရေးရှင်ရေး

Vol. 161 Ch. 2410

ဆူဇီမိုသည် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ ကြွက်သားများက ပြန့်ကားလာ၏။ သူက ကောင်းကင်ထက်နေ ကြီးမားသောစွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်လာပြီး သူ၏ လက်ထဲမှာ ဧရာမချိပ်စည်းတစ်ခုကို ဆုပ်ကိုင်ထားသည့်အလား လန်ချန်ချန်၏ မျက်နှာကို ပစ်ရိုက်ချလိုက်၏။

လန်ချန်ချန်က သူမ၏ ဦးခေါင်းထက်သို့ သူမ၏ လက်နှစ်ဖက်ကို မြောက်လိုက်၏။

ဘန်း....

ခပ်ထိုင်းထိုင်းအသံတစ်သံထွက်ပေါ်လာပြီး ဧရာမချိပ်စည်းက သူမ၏ လက်နှစ်ဖက်ကို ထိခတ်သွား၏။

“အင်း...”

လန်ချန်ချန်က ခပ်သဲ့သဲ့ညည်းတွားပြီး သူမ၏ လက်နှစ်ဖက်ထံမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ နောက်ခဏ၌ သူမသည် ထုံကျင်ကိုက်ခဲ၍ မည်သည့်ခွန်အားကိုမှ ထုတ်ဖော်လို့မရနိုင်တော့ပေ။

ဆူဇီမို၏ တိုက်ခိုက်မှုစွမ်းအားသည် ကြမ်းကြုတ်ခက်ထန်လွန်းပြီး သူမ၏ သွေးချီကို ​ပျက်ပြယ်သွားစေ၏။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ရပ်တန့်မသွားပေ။

သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး ရုတ်တရက်ကန်တက်ကာ လက်နှစ်ဖက်ဖြင့်လေထဲမှာ တစ်စုံတစ်ရာကို ဆုပ်ကိုင်ထား၏။

ထိုတိုက်ခိုက်မှုတစ်ခုတည်းက အလွန်တရာချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထွက်ပေါ်လာစေ၏။

‘သူက ငါ့ကိုသတ်ချင်နေတာပဲ’

လန်ချန်ချန်က ထိတ်လန့်သွား၏။

သူမ၏ လက်နှစ်ဖက်က ထုံကျင်၍ သူမ၏ သွေးချီက ကသောင်းကနင်းဖြစ်နေ၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမက မြေပြင်ပေါ်မှာ ခြေဖျားထောက်ကာ ပေါ့ပါးစွာယိမ်းနွဲ့လှုပ်ရှားပြီး ဆူဇီမိုထံမှ အကွာအဝေးတစ်ခု ခြားသွားဖို့အတွက် နောက်ဘက်သို့ လျင်မြန်စွာလွင့်မျောသွား၏။

ဆူဇီမို၏ တိုက်ခိုက်မှုသည် သူမကို နေရာမှာပင်သတ်ဖြတ်လိုနေသည်ဟု လန်ချန်ချန်က တွေးမိလိုက်၏။ သူမသည် လုံးဝထိန်ချန်ခြင်းမရှိဘဲ တစ်ခဏချင်းမှာပင် ပေသုံးလေးဆယ် အကွာအဝေးသို့ ဆုတ်ခွာသွား၏။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုက ယတိပြတ်ရပ်တန့်သွား၏။ သူက သူ၏ အလျင်အဟုန်ကို ရုတ်တရက်ရုပ်သိမ်းပြီး သူ့နောက်ဘက်စားပွဲပေါ်မှ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူဖို့အတွက် လှည့်ထွက်သွား၏။

မင်းသားနှင့် မင်းသမီးကို ဖိနှိမ်ဖို့က သူ၏ ရည်ရွယ်ချက်မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းဖြစ်၏။

သူသည် အဲဒါကို ရရှိထားသည်နှင့်အမျှ သူက ရှေ့တိုးမလား၊ နောက်ဆုတ်မလား သို့မဟုတ် ဤနေရာကနေ ထွက်ခွာမလား အရာရာတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်မှာ ရှိလာပေလိမ့်မည်။

ယင်ထျန်နှင့် လန်ချန်ချန်ကို နောက်သို့ဆုတ်ခွာအောင် ဖိအားပေးပြီးနောက် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက သူနှင့်လက်တစ်ကမ်းအကွာအဝေးမှာ ရောက်ရှိလာခဲ့၏။

သူ၏ လက်နှစ်ဖက်က ဝါးစာလိပ်ပေါ်သို့ ဆင်းသက်တော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ စိတ်ထဲသို့ သတိပေးတစ်ခု ဖျတ်ခနဲဝင်ရောက်လာပြီး သူ့မျက်ဝန်းထောင့်ကနေ တဖျတ်ဖျတ်တလက်လက်ရွှေရောင်အလင်းတစ်ခုကို တွေ့မြင်သွား၏။

နောက်ခဏ၌ စွမ်းအားကြီးမားသော သေခြင်းအော်ရာတစ်ခုက သူ့ကိုလွှမ်းခြုံလာခဲ့၏။

“မဟန်တော့ဘူး”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

သူသည် သူ့နောက်ဘက်မှလာသည့် ရွှေရောင်အလင်းက ဘာဆိုတာကို မသိရှိသော်လည်း အဲဒါက သူ့အသက်ကို သေချာပေါက်ခြိမ်းခြောက်နိုင်ကြောင်း အာရုံခံမိနေ၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပြတ်သားစွာစွန့်လွှတ်ပြီး ဘေးတိုက်ရွေ့လျားကာ အခြားတစ်ဘက်သို့ ရှောင်တိမ်းလိုက်၏။

ရုတ်တရက်ဆိုသလို...

အခြားသောဦးတည်ဘက်ကနေ ကျိန်းစပ်နေသောအဖြူရောင်အလင်းတစ်ခုက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာ၏။ ချက်ချင်းပင်အဲဒါက ဆင်းသက်လာပြီး ဆူဇီမို၏ ထွက်လမ်းကို ပိတ်ဆို့ဖြတ်တောက်လိုက်၏။

အဖြူရောင်အလင်းပေါ်ထွက်လာသည့်ခဏမှာပင် ခန်းမထဲရှိအပူချိန်က သိသိသာသာ ထိုးဆင်းသွား၏။

ဟာ...

ဆူဇီမို၏ အမူအရာက သုန်မှုန်တည်တံ့သွား၏။

ဤခန်းမထဲမှာ သူသည် သူ၏ လှုပ်ရှားမှုနည်းစနစ် သို့မဟုတ် လျှို့ဝှက်အတတ်တို့ကို အသက်သွင်းဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အသုံးမပြုနိုင်ပေ။

သူ၏ ကိုယ်ကာယခွန်အားသက်သက်ဖြင့် ဤသတ်ဖြတ်ကွက်နှစ်ကွက်ကနေ ရုန်းထွက်နိုင်ဖို့ တကယ်ပင် မလွယ်ကူတော့ပေ။

အလင်းတန်းနှစ်ခုကနေ ထွက်ပေါ်လာသည့်စွမ်းအားသည် ကောင်းကင်အမြုတေနယ်ပယ်ကို သိသိသာသာကျော်လွန်နေ၏။

ဒါ့အပြင် ဒုတိယမြောက်အလင်း၏ တိုက်ခိုက်မှုက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ဆူဇီမို၏ ထွက်လမ်းများအားလုံးနီးပါးကို ပိတ်ဆို့လိုက်၏။

ရွှေရောင်အလင်းက တားဆီးမရနိုင်သောပုံစံဖြင့် နောက်ဘက်ကနေဆင်းသက်လာပြီး အဖြူရောင်အလင်းက သူ၏ ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့ထား၏။

အဲဒီမှာ မည်သည့်ထွက်ပေါက်မှ မရှိတော့ပေ။

တစ်ခဏချင်းမှာပင် အ​ခြေအနေကပြောင်းလဲသွားကြီး ဆူဇီမိုက ကြီးမားစွာ အန္တရာယ်ကျရောက်လာ၏။

အခြားတစ်ဘက်မှာ လင်းလောနှင့် ရွှေငှက်မွေးသည် စွမ်းအင်အတက်အကျများကို အာရုံခံမိသောအခါ သူတို့၏ လှုပ်ရှားမှုများကို အလိုလိုရပ်တန့်ပြီး တုန်လှုပ်နေသောအမူအရာများဖြင့် လှမ်းကြည့်လိုက်ကြ၏။

“ဟာ”

လင်းလောက ဆူဇီမို၏ အခြေအနေကို တွေ့မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်၏။

“ယင်ထျန်နှင့် လန်ချန်ချန်မှာ ဝှက်ဖဲတွေ တကယ်ကိုရှိနေတာပဲ”

ရွှေငှက်မွေးက သူ့ဘာသာသူတွေးလိုက်၏။

“မင်းသားနဲ့မင်းသမီးကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုလုပ်လွယ်ကူနိုင်ပါ့မလဲ”

တိုက်ပွဲနယ်မြေတွင်...။

သေရေးရှင်ရေးအခိုက်အတန့်မှာ မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထားသည့် အနက်ရောင်ဝတ်အမျိုးသမီး၏ ပုံရိပ်က ဆူဇီမို၏ စိတ်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာ၏။

ထိုခြေနင်းကွက်က အလွန်တရာလျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးနက်နဲမှုများဖြင့် ပြည့်နှက်နေ၏။

ဆူဇီမိုသည် အဲဒါကို တစ်ကြိမ်သာမြင်ဖူးခဲ့ပြီး အဲဒါကို ထုတ်ဖော်ဖို့နေနေသာ ထိုခြေနင်းကွက်၏ ရှုပ်ထွေးဆန်းကြယ်မှုကိုပင် နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း စောစောက လင်းလောသည် အဲဒါကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြသခဲ့၏။

သူ၏ စိတ်ထဲမှာ လင်းလောနှင့် အနက်ရောင်ဝတ်အမျိုးသမီး၏ ပုံရိပ်တို့က ထပ်သွားသည်ဟုထင်ရ၏။

ဆူဇီမိုသည် ဦးတည်ဘက်များထဲမှတစ်ဘက်သို့ သူ၏ ခြေလှမ်းကို ခပ်စောင်းစောင်းအနေအထားဖြင့် အလိုလိုလှမ်းပြီး အလွန်တရာတိကျစွာဖြင့် လေဟာနယ်ထဲရှိအမှတ်တစ်ခုပေါ် ဆင်းသက်လိုက်၏။

နတ်ဘုရားဆန်ဆန်အလင်းနှစ်ခု၏ လွှမ်းခြုံပိတ်ဆို့မှုက ဆူဇီမို၏ ထွက်လမ်းများအားလုံးနီးပါးကို ချိတ်ပိတ်ထား၏။

ယခုတင် ဆူဇီမိုလှမ်းထွက်လိုက်သောနေရာကတော့ အဲဒါသည် သူရှင်သန်ဖို့အတွက် တစ်ခုတည်းသောဟာကွက်ဖြစ်နေ၏။

ထိုခြေနင်းကွက်နှင့်အတူ ဆူဇီမိုသည် နတ်ဘုရားဆန်ဆန်အလင်းနှစ်ခု၏ ပိတ်ဆို့တိုက်ခိုက်မှုကနေ ရုန်းထွက်လာနိုင်ခဲ့၏။

“အာ...”

လင်းလော၏ မျက်လုံးက ဝင်းလက်သွားပြီး သူမ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုက ပေါ်ထွက်လာကာ တီးတိုးရေရွတ်လိုက်၏။

“သူက... ဘယ်လိုလုပ်ပြီး...”

ဆူဇီမိုက လွတ်မြောက်လာပြီးနောက် သူကချွေးပြန်လာခဲ့၏။

စောစောက သူ့အသက်ကို ကယ်တင်ခဲ့သည့် ထိုလျှို့ဝှက်ဆန်းကြယ်သော ခြေနင်းကွက်ကြောင့် မဟုတ်လျှင် သူသည် ဒဏ်ရာအပြင်းအထန်ရရှိဖို့များပြီး သို့မဟုတ် နေရာမှာပင် သေဆုံးသွားနိုင်လောက်၏။

ဆူဇီမိုက နောက်ပြန်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ယင်ထျန်၏ ရှေ့မှာ အရပ်အမောင်းမြင့်မားသော ရွှေရောင်ချပ်ဝတ်တန်ဆာဝတ် ဘီလူးတစ်ကောင်က အေးစက်နေသောအမူအရာဖြင့် မတ်တတ်ရပ်နေ၏။

သူက ဗြက်ကျယ်သော ရွှေရောင်ဧရာမဓားတစ်လက်ကို ကိုင်ဆွဲထား၏။

ရွှေရောင်ချပ်ဝတ်ဘီလူးသည် စောစောက ရွှေရောင်အလင်းထွက်ပေါ်လာအောင် ခုတ်ပိုင်းခဲ့သောသူဖြစ်၏။

“ရုပ်သေးရုပ်လား”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

ရုပ်သေးနည်းစနစ်ကို တစ်သီးပုဂ္ဂလအုပ်စုများက ပိုင်ဆိုင်ကြ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း ဤကဲ့သို့သော ဓမ္မတာအိုများရှိလေသည်။ သို့သော်လည်း ရွှေရောင်ချပ်ဝတ်ဘီလူးရုပ်သေး၏ စွမ်းအားက ကောင်းကင်အမြုတေနယ်ပယ်ကိုကျော်လွန်ပြီး ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။

ယင်ထျန်သည် ဤကဲ့သို့သော ရုပ်သေးရုပ်တစ်ရုပ်ကို သူနှင့်တစ်ချိန်လုံးလိုလိုဆောင်ထား၏။

ကောင်းကင်အင်မော်တယ်ပညာရှင်များကို မပြောနှင့် ပကတိအင်မော်တယ်များမှာပင် သူ့ကိုခြိမ်းခြောက်နိုင်သည့်သူ များစွာရှိမည် မဟုတ်ပေ။

အခြားတစ်ဘက်မှာ လန်ချန်ချန်၏ ရှေ့တွင် အဖြူရောင်ဝတ်ပုံရိပ်ယောင်တစ်ခုက မတ်တတ်ရပ်နေ၏။

သူက ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ထား၏။

ပုံရိပ်ယောင်၏ ခြေရင်းမှာ ပြန့်ကျဲနေသောအဆောင်အပိုင်းအစတချို့ပင်ရှိနေ၏။

ဒုတိယမြောက် အဖြူရောင်အလင်းသည် ထိုပုံရိပ်ယောင်ကနေ ထုတ်လွှတ်လိုက်သော သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်လောက်၏။

ယင်ထျန်၏ ရုပ်သေးရုပ်နှင့်မတူဘဲ ဤပုံရိပ်ယောင်က အဆောင်အမျိုးအစားတစ်ခုနှင့်တူလေသည်။

ဒါ့အပြင် အဖြူရောင်ဝတ်ပုံရိပ်ယောင်သည် ခွန်အားအရာမှာ ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။

သူထင်တာမမှားဘူးဆိုလျှင် ဤအရာများသည် ယင်ထျန်နှင့် လန်ချန်ချန်၏ နောက်ဆုံးဝှက်ဖဲများဖြစ်ပေလိမ့်မည်။

သူတို့နှစ်ယောက်သည် စစချင်း အဲဒါကိုမထုတ်ဖော်ခဲ့သည့်အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူတို့သည် အဲဒါကို လိုအပ်ခြင်းမရှိဟု ခံစားမိခဲ့သောကြောင့်ဖြစ်ပေမည်။

တစ်ချိန်တည်းမှာပင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် သတိထားစောင့်ကြည့်နေခြင်းလည်း ဖြစ်ပေလိမ့်မည်။

သူတို့နှစ်ယောက်ကို တစ်ယောက်တည်းဖြင့်ရင်ဆိုင်ပြီး အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့ကို ဖိနှိမ်နိုင်လုနီးပါးဖြစ်သည့် တစ်စုံတစ်ယောက်က ပေါ်ထွက်လာလိမ့်မည်ဟု သူတို့နှစ်ယောက်က ထင်မှတ်မထားခဲ့သည့်ပုံပင်။

ယင်ထျန်သည် သူ၏ လက်တစ်ဖက်ကိုပင် ဆုံးရှုံးခဲ့ရ၏။

“ဆူဇီမို... မင်းက ငါ့ရဲ့ရွှေရောင်ချပ်ဝတ်ရုပ်သေးရဲ့ဓားချက်ကို ​ရှောင်တိမ်းနိုင်ခဲ့တာ ကံကောင်းတယ်”

ယင်ထျန်က အံကိုကြိတ်ကာအေးစက်စွာပြောလိုက်၏။

“ငါက... ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူပြီးရင် မင်းအသက်ကိုပါ ယူပြမယ်”

“သွား”

ယင်ထျန်က စိတ်ဖြင့်စေညွှန်လိုက်၏။

သူ့ရှေ့မှာရှိသော ရွှေရောင်ချပ်ဝတ်ဘီလူးက သူ၏ ဧရာမဓားကို တရွတ်တိုက်ဆွဲပြီး အလယ်မှာရှိသောကျောက်စားပွဲထံသို့ လျှောက်လှမ်းသွား၏။

ချွင်... ချွင်... ချွင်...

ရွှေရောင်ချပ်ဝတ်ဘီလူးက မြေပြင်ပေါ်မှာခြေတစ်လှမ်းလှမ်းတိုင်း သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

သူ၏ ဧရာမဓားက မြေပြင်ပေါ်မှာ ပွတ်တိုက်သွားသောအခါ မီးပွားများက စင်ထွက်လာ၏။

လန်ချန်ချန်ကလည်း သူမ၏ ခေါင်းကို အနည်းငယ်မော့လိုက်၏။

သူမ၏ ရှေ့မှာရှိသော အဖြူရောင်ဝတ်ပုံရိပ်ယောင်က တဖျတ်ဖျတ်လှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် ကျောက်စားပွဲပေါ်ရှိ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရှိရာသို့ ဦးတည်ထွက်ခွာသွား၏။

ထိုအခိုက်အတန့်မှာ မင်းသားနှင့် မင်းသမီးသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူလိုသည့်အတွက် မည်သည့်ထိန်ချန်မှုမှ မရှိတော့ဘဲ သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်လိုက်ကြ၏။

နောက်ဆုံးမှာတော့ ရွှေရောင်ချပ်ဝတ်ဘီလူးက ​ခြေတစ်လှမ်းနောက်ကျသွား၏။

အဖြူရောင်ဝတ်ပုံရိပ်ယောင်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူတော့မည့်ဆဲဆဲမှာပင် ရွှေရောင်ချပ်ဝတ်ဘီလူးက ရုတ်တရက် သူ၏ ဧရာမဓားကိုမြှောက်ပြီး ကျောက်စားပွဲကို ခုတ်ပိုင်းချလိုက်၏။

အဖြူရောင်ဝတ်ပုံရိပ်ယောင်က ဧရာမရွှေဓားထံ လက်ပြန်ခုတ်ပိုင်းချလိုက်၏။

ချွင်..

ဓားနှစ်လက်က စူးရှသောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားပြီး ကျိန်းစပ်နေသောအလင်းရောင်တစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

All Chapters